သရဲအိမ္ထဲမွ ဖူးစာရွင္

Від MayKingMK119

179K 36.4K 1.2K

Genre Action ,Adventure ,Comedy, Drama, Horror ,Mature ,Mystery, Psychological , Supernatural ,Tragedy Більше

သရဲအိမ္ထဲက ဖူးစာရွင္ (Description )
သရဲအိမ္ထဲက ဖူးစာရွင္ အက်ဥ္း
Chapter (1) သရဲအိမ္၏က်ဆုံးခန္း
Chapter (1-2) - သရဲအိမ္ Game Application
Chapter (2) - ထူးဆန္းေသာ ေန႔စဥ္မစ္ရွင္မ်ား
Chapter (3) - ခက္ခဲတဲ့မစ္ရွင္
Chapter (4) - အံ့အားသင့္စရာဆု- အေလာင္းမိတ္ကပ္လိမ္းျခယ္ျခင္း
Chapter (6) _ လူေသတစ္ေယာက္ရဲ႕ အလွတရား
Chapter (7) - မႈခင္းေက်ာင္းသားမ်ားနွင့္ တေစၦသတို႔သမီး
Chapter (8) - ၾကမၼာဆိုးဝင္သည့္ေသာႀကာေန႔
Chapter (9) - ထိတ္လန္႔မ်က္ရည္တို႔ ယိုစီးခ်ိန္
Chapter (10) - ေၾကးမံုျပင္၏ လွ်ိဳ႕ဝွက္ခ်က္
Chapter (11) - မင္း ညမွာ ဘယ္လိုအိပ္ေပ်ာ္ႏိုင္တာလဲ..?
Chapter (12) - ကံၾကမၼာဘီးလံုး
Chapter (13) - ကံေကာင္းျခင္းလား၊ က်ိန္စာလား
Chapter (14) လူေပ်ာက္ေၾကျငာ
Chapter (15) တိုက္ခန္းပိုင္ရွင္
Chapter (16) - ဒီမွာ ညမအိပ္နဲ႔
Chapter (17) - Fu An တိုက္ခန္း
Chapter (18) - Livestream - တိုက္႐ိုက္ထုတ္လႊင့္ျခင္း
Chapter (19) - လူႀကိဳက္မ်ားမႈ တိုးလာျခင္း
Chapter (20) - ရာဇဝတ္မႈျမင္ကြင္း
Chapter (21) - Party of more than one? တစ္ေယာက္ထက္ပိုတဲ့အဖြဲ႕
Chapter (22) - သန္းေခါင္ယံညမွ လူသတ္သမား
hapter (23) - Real Killer (လူသတ္သမားအစစ္)
Chapter (24) - လူသတ္သမားကို ဖမ္းမိၿပီ
Chapter (25) - ဇာတ္လမ္းသစ္ ပြင့္ေလၿပီ
Chapter (26) - ေဘာ့စ္.. ရွင္ TV ထဲမွာ ပါလာတယ္
Chapter (27) - ပစၥည္းအသစ္ ရရွိျခင္း
Chapter (28) - "မင္း ငါတို႔ကိုေျပာခဲ့တာနဲ႔ မတူပါလား.."
Chapter (29) - Xiao Wan - ေဒါက္တာအ႐ိုး၏ ေဆး႐ံုဂ်ဴတီဝတ္စံု
Chapter (30) - လူရွစ္ေယာက္
Chapter (31) - သူ.. ဘယ္သူလဲ..?
Chapter (32) - အ႐ုပ္မေတြ.. အ႐ုပ္မေတြ..
Chapter (33) - လူေပ်ာက္ေၾကျငာစာရြက္ကို မွန္ကန္စြာ အသံုးခ်ျခင္း
Chapter (34) - သရဲအိမ္၏နာမည္ေကာင္း (Zawgyi+Unicode)
Chapter (35) က်ိဳးပဲ့ေနေသာ ေၾကးမုံ
Chapter (36) - သရဲအိမ္ထဲက အႏၱရာယ္
Chapter (37) - သရဲအိမ္ကို တိုးခ်ဲ႕ျခင္း
Chapter (38) - ေျမေအာက္ကားပါကင္
Chapter (39) - တတိယထပ္မွ ေျခာက္ျခားစရာအသံမ်ား
Chapter (40) - ေနာက္ထပ္ ခက္ခဲေသာမစ္ရွင္
Chapter (41) - အသက္ေအာင့္ထားပါ
Chapter (42) - စကၠန္႔ ၆၀
Chapter (43) - မစ္ရွင္ ၿပီးဆံုးေအာင္ျမင္ၿပီ
Chapter (44) - ျပန္လည္သံုးသပ္ခ်က္
Chapter (45) - တစ္ေယာက္ေယာက္ ငါ့ကိုသတ္ဖို႔ ႀကိဳးစားေနတယ္
Chapter (46) - သံသယျဖစ္ဖြယ္လူသား
Chapter (47) - စိတ္ခံစားခ်က္ကင္းမဲ့တဲ့ လူသတ္သမား
Chapter (48) - "ငါ့ကိုလႊတ္ေပးပါ"
Chapter (49) - "ေရွာင္ခ်န္.. မင္း ဒဏ္ရာရသြားေသးလား"
Chapter (50) - ဂဏန္းမ်ား၏ အဓိပၸါယ္
Chapter (51+52) (Zawgyi+unicode )
Chapter (53+54+55) ( Zawgyi+unicode )
Chapter (56) - အမည္မရွိတဲ့ မိန္းကေလး (Zawgyi+Unicode)
Chapter (57+58) (Z+U)
Chapter (59+60)(Z+U)
Chapter (61) - က်န္းယာ့အတြက္ တရားမွ်တမႈ ရွာေပးျခင္း (z+U)
Chapter (62) - 4 Star Level Game (Zawgyi + Unicode)
Chapter (63) - အိမ္ထဲမွာ တစ္ေယာက္ေယာက္ရွိေနတယ္ (Zawgyi + Unicode)
မွန္ထဲက မေကာင္းဆိုးဝါးရဲ႕ နိဂံုး ဘယ္လိုျဖစ္မလဲ?
Chapter (64) - မွန္ထဲကမေကာင္းဆိုးဝါး အစားခံရျခင္း (Z+U)
Chapter (65+66)(zawgyi+unicode)
Chapter (67+68+69) (Z+U)
Chapter (70+71+72+73+74)(Z+U)
Chapter (75+76)(Z+U)
Chapter (77+78+89+80)
Chapter (81+82+83+84)(Z+U)
Chapter (85+86+87+88+89+90) (Z+U)
Chapter (91+92+93+94+95) - (Zawgyi)
Chapter (91+92+93+94+95)(Unicode)
Chapter (96+97)(Z+U)
Chapter (98+99+100+101)(z+u)
Chapter (102+103)(Z+U)
Chapter (104+105+106)(Z+U)
Chapter (107+108) (Z+U)
သရဲအိမ္ထဲက ဖူးစာရွင္ _Chapter (109+110)(U+Z)
Chapter (111+112) (Unicode+Zawgyi)
သရဲအိမ်ထဲက ဖူးစာရှင် /သရဲအိမ္ထဲက ဖူးစာရွင္ - Chapter (113+114)(U+Z)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (115+116) (unicode+Zawgy)
Chapter ( 117+118 )
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (119+120)
သရဲအိမ်မှဖူးစာရှင် /သရဲအိမ္မွဖူးစာရွင္- Chapter (121+122)
Chapter (123+124) - လွတ်မြောက်ခြင်း+အနီရောင်အငြိုးအတေး ဝိဉာဉ်
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (125+126)
သရဲအိမ်ထဲကဖူးစာရှင် - Chapter (127+128)
သရဲအိမ်ထဲကဖူးစာရှင်- Chapter (129+130)
သရဲအိမ်ထဲက ဖူးစာရှင် Chapter (131+132)
သရဲအိမ်ထဲမှ ဖူးစာရှင် - Chapter (133+134)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (135+136)
သရဲအိမ်ထဲက ဖူးစာရှင် - Chapter (137+138)
Chapter (139+140)
Chapter (141+142)
Chapter (143+144+145)
Chapter (146) _ Live-stream လွှင့်မယ့်အချိန် ကိုအတည်ပြုခြင်း
(U+Z) Chapter (147) _ ကြောင်ဖြူလေး၏ထောက်ခံချက်
(U+Z) Chapter (148) _ လူနာကိုးယောက်၊ အခန်းဆယ်ခန်း
(U+Z) Chapter (149) _အန္တရာယ်အရှိဆုံးလူနာ
( U+Z) Chapter (150) - ဒုတိယကံစမ်းမဲ
Chapter (151) - သေချာပေါက်သေမယ်
(U+Z) Chapter (152) - ထူးခြားသော ဆွဲဆောင်မှု
Chapter (153) - ကျုတ်ကျန်း စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာ
Chapter (154) - ခွေးလှောင်ချိုင့်လား..?
Chapter (155) - တစ်ဦးထက်ပိုသော လူများ
Chapter (156) - ဘယ်သူ ငါ့နောက် လိုက်နေတာလဲ..
Chapter (157) - သားကောင်များ
Chapter (158) - ရေဇလုံ ၂လုံး
Chapter (159) - လူနာနံပါတ် 8
Chapter (160) - ဒါလူ အစစ်ပဲ..!
Chapter (161)_ ကြောက်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု
Chapter (162)_ရွှီထုံ
Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်
Chapter (164) - မကောင်းဆိုးဝါးနှင့် အပေးအယူ လုပ်ခြင်း
Chapter (165)_ ဘယ်သူက ဆရာဝန်နေရာက ကစားတာလဲ။
Chapter (166)_ သူမ မသေဘူးလား။
Chapter (167) _ ဝတ်စုံ
Chapter (168) _ အခန်းသုံးထဲမှာ ရှိတဲ့ လူနာ
Chapter (169) - ပရလောကနှင့် ချိတ်ဆက်နေသည့် တံခါး!
Chapter (170)_ တစ်ခုတည်းသောဖြေရှင်းချက်
Chapter (171) - ချင်ကွမ်း တစ်ခုခုမှားနေပြီ
Chapter (172) - တံခါးနောက်ကွယ်က မကောင်းဆိုးဝါး
Chapter (173) _ သူ့ကိုနှိုးလိုက်...
Chapter (174) _ မကောင်းဆိုးဝါး ရဲ့ အားနည်းချက်
Chapter (175) - နောက်ဆုံးဝှက်ဖဲ
Chapter (176) - သတိရအောင် လုပ်ပါ....
Chapter (177) - သူက တံခါးအတွင်းမှာ ရှိနေတယ်....
Chapter (178) -မကောင်းဆိုးဝါးကို ကျန်းယာ့က လိုက်ဖမ်းခြင်း
Chapter (179) - အဓိကပုဂ္ဂိုလ်
Chapter (180) - သူ့မျက်စိက မြင်ရတဲ့ ကမ္ဘာကြီး
Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
Chapter (182) - ဒေါက်တာ ချန်
Chapter (183) - တံခါးအတွင်းမှ ပြန်ထွက်လာနိုင်ခြင်း
Chapter (184) - စိတ်ခံစားချက်ဖြင့် ထိန်းချုပ်နိုင်သည့် အဆင့်
Chapter (185) _ မင်းဦးနှောက်ထဲမှာ ခဲတွေနဲ့ ပြည့်နေလား။
Chapter (186) - ပြိုင်ဖက်အသစ်
Chapter (187) - ထျန်ထန် ဆေးကျောင်း
Chapter (188) _ တစ်ယောက်တည်းဆို လုံလောက်ပြီ
Chapter (189) - သရဲအိမ်ပိုင်ရှင်နှစ်ဦးကြားက ပြိုင်ဆိုင်မှု
Chapter (190) _ မကြောက်ပါနဲ့၊ ငါပါ...
Chapter (191) _ ဒီနေ့ မိတ်ကပ်လိမ်းဖို့ မေ့နေပြီလား
Chapter (192)_ မင်းက တကယ် သရဲလို လန့်စရာကောင်းသားပဲ.....
Chapter (193) _ စိတ်ဝင်စားဖွယ်ကောင်းလာခြင်း
Chapter (194+195+196)
Chapter (197) - ဧည့်သည်က အထဲမှာရှိသေးလား။
Chapter (198+199+200)
Chapter (201) - ရူးနေတဲ့ အမျိုးသမီး
Chapter (202+203+204)
Chapter (205) - သူမက ငါ့အမကြီးပါ
Chapter (206) _ သူမက ငါ့အမကြီးပါ-2
Chapter (207) _ အဖြူလား အနက်လား?
Chapter (208) _ အချစ်သီချင်း
Chapter (209) _ မင်းဘာလို့ဒီကိုထပ်ရောက်နေတာလဲ။
Chapter (210) - ရပ်တန့်ပြီး အနားယူပါ
Chapter (211+212) _ ကြောက်စရာကောင်းသော အရုပ်များ
Chapter (213+214) ဘော့စ်ချန်+ အနာဂါတ် ပန်းခြံ
Chapter (215+216) မျက်နှာမဲ့ သူနာပြုဝတ်စုံ+ ငါ့မှာ မကောင်းတဲ့ ခံစားချက်ရှိတယ်။
Chapter (217+218) -ဧည့်သည်များကို ဦးစွာဦးစားပေးခြင်း။
Chapter (219+220) အစစ်အမှန်နဲ့ တူလွန်းတယ်...

Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ

1.9K 398 8
Від MayKingMK119

Chapter (5) :မွန္ထဲကလူ ဘယ္သူလဲ

"ကၽြမ္းက်င္မႈနဲ႕ ပါရမီ၊ ၾကည့္ရတာ ခက္ခဲတဲ့ (Nightmare) Mission ကိုေအာင္ျမင္ရင္ေပးတဲ့ ဆုေတြက ထူးျခားမႈရွိျပီး ငါ့အေပၚမွာ တိုက္ရိုက္ အကိ်ဳးသက္ေရာက္တာ ျဖစ္မယ္။!"

အေရးႀကီးတဲ့အခ်က္ကို စိတ္ထဲေတြးလိုက္ရင္း Chen Ge ရဲ႕ရင္ထဲ ေမွ်ာ္လင့္ခ်က္ေလးေတြ ျပန္လည္ေတာက္ပလာခဲ့သည္။   မၾကာေသးခင္က သူက  အႏ ၱရာယ္၊ အေမွာင္၊ အေၾကာက္တရား၊ ေျခာက္ျခားဖြယ္ရာမ်ားျဖင့္ျပည့္ေနေသာ အျခားေလာကတစ္ခု  ရွိေနတာကို ျမင္ေတြ႕ခဲ့ရသည္။ အဲ့ဒီေလာကထဲမွာ သူ႔မိဘနွစ္ပါး ေပ်ာက္ကြြယ္သြားတာလည္း ျဖစ္နိုင္သည္။ လက္ရွိ သူ႔ အေျခအေနအရ  သူ႔ကိုယ္သူ အႏ ၱရာယ္ကေန လံုျခံဳမႈရွိေအာင္ ေနနုိင္တာက ေတာ္လွျပီ။  ဒါဆို ေနာင္မွာ သူ႕မိဘေတြကို သြားရွာလို႕ရျပီ။ အခု  သူ႔လက္ထဲမွာရွိတဲ့ အနက္ေရာင္ဖုန္းေၾကာင့္ ေရွ႔ဆက္သြားဖို႕ အခြင့္ေရးရွိေနတာကို    ေက်းဇူးတင္ရမည္။

"ဘာပဲျဖစ္ျဖစ္ ေရွ႕ဆက္ရမဲ့ ခရီးက အရွည္ၾကီးက်န္ေသးတယ္။ အခု ခ်ိန္မွာ ငါ သရဲအိမ္လုပ္ငန္း အေျခေနျပန္ေကာင္းလာျပီး ေငြေႀကး အႀကပ္တည္းကေန ရုန္းထြက္နုိင္ဖို႕ပဲ အာရံုစိုက္ထားဖို႔လိုတယ္။"

သူက အိတ္ထဲမွ ဖုန္းကို ဆြဲထုတ္လိုက္သည္။

 "ဒါက ပိတ္သြားျပန္ျပီ။ မေကာင္းတာ တစ္ခုခုျဖစ္ေတာ့မယ္လို႔ ငါ ခံစားေနရတယ္။ ခက္ခဲတဲ့ မစ္ရွင္ေတြက ေအာင္ျမင္ဖုိ႕ တကယ္မလြယ္ဘူး။ ေနာက္တခါ ဒါေတြကို ငါတစ္ေယာက္တည္း မလုပ္ တစ္ျခားေနရာ ကေန အကူအညီယူရင္ ပိုေကာင္းလိမ့္မယ္။"

သူက သူ႔ဖုန္းကို ဖြင့္ကာ နာမည္ၾကီး supernatural  ဖိုရမ္ထဲ ဝင္လိုက္ျပီး သူရိုက္ကူးထားတဲ့ ဗီဒိယိုကို တင္လိုက္သည္။

စကၠန္႔ အနည္းငယ္ၾကာေသာအခါ သူ႔ဗီဒီယိုကို  "မွန္ထဲက လူက ဘယ္သူလဲ။ " ဆုိျပီး နာမည္ေပးျပီး တင္လုိက္တယ္။

ထိုဗီဒီယိုက လ်င္ျမန္စြာျပန္႕နွံ႕သြားျပီး အခ်ိန္တိုအတြင္း ၾကည့္ရႈသူ နွင့္ တဆင့္ျပန္ရွယ္တဲ့လူ  အမ်ားႀကီးရွိလာသည္။ ၾကည့္ရတာ လူေတြက  သတင္းလိုင္းမ်ားနွင့္ အတင္းအျဖင္းေတြကို ျငီးေငြ႕လာလို႕  လိုင္းေျပာင္းျပီး စိတ္ဝင္စားလာႀကပံုေပၚသည္။ သူ႔ဗီဒီယိုက   ျမားတစ္စင္းလို တစ္ရွိန္ထိုး ပ်ံ႕နွံ႕သြားျပီး Chen Ge ေပ့ခ်္ကို တစ္ခါ Refresh လုပ္တိုင္း အနည္းဆံုး comment ဆယ္ခုေလာက္ တိုးတိုးလာသည္။

"25:14.- ငါ့ကို ေနာက္မွ ေက်းဇူးတင္ႀကရလိမ့္မယ္"

"ပို႔စ္တင္တဲ့သူက ရူးေနတာလား။ ဘယ္လိုလူက ဒီ အလုပ္ကို ညသန္းေခါင္ၾကီး  ထလုပ္ရတာလဲ။ "

"မွန္ေပၚမွာ အက္ေၾကာင္းေတြ ဘာေၾကာင့္သူ႔အလိုလိုေပၚလာတာလဲ။ ျပီးေတာ့ ဗီဒီယို အဆံုးနားမွာ မွန္အထဲကေန ထုရိုက္ေနတာက ဘာၾကီးလဲ။"

"အမ်ားအားျဖင့္ အခန္းတြင္းအပူခ်ိန္အတက္အက်ေၾကာင့္ မွန္ေတြမွာ အက္ေၾကာင္းေတြ ျဖစ္လာတတ္တယ္။"

"မဟုတ္ေသးဘူး။ မင္းတို႕ အားလံုးမွားေနၾကျပီ။ တာအိုသေဘာတရားအရ မွန္ေတြမွာ သန္႔စင္တဲ့ ယင္စြမ္းအင္ကို ပိုင္ဆိုင္ထားၾကတယ္။ ငါထင္တာေတာ့ ဒီဗီဒီယိုက္ုိ 'မွန္ထဲက ဘယ္သူလဲ'လို႔ ေခါင္းစဥ္တပ္ရမဲ့အစား 'မွန္ထဲက သရဲတစ္ေကာင္'လို႔ ေခါင္းစဥ္တပ္သင့္တယ္။"

"ဘုရားသခင္... ဘယ္လိုလူက ဒီလိုရူးေၾကာင္ေၾကာင္အလုပ္ကို ညသန္းေခါင္ၾကီး  လုပ္ရတာတုန္း။ ပို႕စ္ပိုင္ရွင္ရဲ႕ သတၱိကိုေတာ့ ငါ တကယ္ေလးစားသြားျပီ။"

"ဒီဗီဒီယုိက ေသခ်ာေပါက္ျပဳျပင္လုပ္ႀကံထားတဲ့ အတုပဲျဖစ္ရမယ္။ မဟုတ္ရင္ ငါ့ အေကာင့္ကို ဖ်က္လိုက္ျပီး  ကင္းျမီးေကာက္ေထာင္ျပီး ခ်ီးစားျပလိုက္မယ္။"

"ဒါကိုေတြ႕တာ ငါတစ္ေယာက္တည္းလား။  ပို႔စ္ပိုင္ရွင္က Jiu Jang ျမိဳ႕ အေနာက္ဘက္မွာရွိတဲ့ သရဲအိမ္ပိုင္ရွင္ပဲ။ နင္တို႔သိပ္ျပီး ေထြေထြထူးထူး စဥ္းစားမေနၾကနဲ႔ေတာ့။ ဒါက တမင္သက္သက္ လူစိတ္ဝင္စားေအာင္ ဆင္ထားတဲ့ ေၾကာ္ညာတစ္ခုပဲ။"

Chen Ge ရဲ႕ မက္ေဆ့ခ်္Boxထဲ ခ်က္ခ်င္း  သီးသန္႔ မက္ေဆ့ခ္်မ်ားျဖင့္ ျပည့္သြားသည္။ အခ်ိဳ႕က ေမးခြန္းေမးႀကျပီး အခ်ိဳ႕က  သံသယမ်ားရဲ႕ အေျဖကိုသိခ်င္ၾကျခင္းသည္။ ဒါေပမယ့္  သူ အားလံုးကို လ်စ္လ်ဴရႈထားလိုက္သည္။ ဒီဗီဒီယိုက အစစ္ျဖစ္တာကို သူကိုယ္တိုင္သိေနျပီး အျခားလူေတြကို  ရွင္းျပေနစရာမလိုဘူးလို႕ သူေတြးထားသည္။ ဒီဟာက တကယ္အစစ္အမွန္ဆိုတာကို သိထားတဲ့ လူတခ်ိဳ႕ကလည္း သူ႕ကို တမင္သတ္သတ္ခ်ိဳးဖဲ႕ခ်င္လို႕ ေျပာဆုိေနတာျဖစ္လုိ႕ သူတုိ႕လိုလူေတြအတြက္ ဘာေႀကာင့္ သူ႕အခ်ိန္ကို ဖဲ့ေပးေနရဦးမွာလဲ။

သူ႔ဗီဒီယို တစ္ရွိန္ထိုး လူႀကိဳက္မ်ားသြားတာကိုႀကည့္ျပီး   ဒီဟာရဲ႕ အစ ကနဦးက  သိပ္မဆိုးလို႕ Chen Ge ေတြးလိုက္ျပီး မူရင္းဗီဒီယိုက ေနာက္ဆံုး ၁၄စကၠန္႕စာကို ျဖတ္ယူလိုက္ျပိီး နိုင္ငံတြင္းမွ နာမည္အၾကီးဆံုး ဗီဒီယိုေတြကို ရွယ္ေပးတဲ့ video-sharing app Website မွာ သြားတင္လိုက္သည္။

အစားအစာ၊ အက၊ သီခ်င္းဗီြဒီယိုေတြကိုပဲ ရွယ္တဲ့ေနရာမွာ သရဲေျခာက္တဲ့ ဗီြဒီယုိေလးက ထူးျခားေနမွာေသခ်ာသည္။
ဆယ္စကၠန္႕မႀကာေသးတဲ့အခ်ိန္အတြင္းမွာ လူအမ်ားႀကီး သူ႔ေထာင္ေခ်ာက္ထဲ ဝင္လာႀကသည္။

 ဤေနရာမွာရွိ အသံုးျပဳသူမ်ား users ေတြက supernatural forums  ထဲက  users နွင့္ မတူၾကေပ။ သူတို႔က ဗီဒီယိုေအာက္တြင္ အေၾကာင္းမရွိဘဲ ေၾကာက္လန္႔ေနသည့္ comments မ်ား စတင္ေရးသားလာၾကသည္။

ဝမ္းနည္းစရာေကာင္းသည္က အင္တာနက္ေပၚမွာ ခ်ီးက်ဴးတဲ့ ဗြီဒီယုိေတြထက္ ေဝဖန္တိုက္ခိုက္တဲ့၊ အျငင္းပြားတဲ့ဗြီဒီယိုေတြက ႀကည့္ရႈသူပိုမ်ားေနတာပဲျဖစ္သည္။ သူက မွတ္ခ်က္ေတြကို လိုက္ဖတ္ႀကည့္ေတာ့သူ႕ကို ဦးတည္ျပီး  တုိက္ခုိက္ထားတဲ့ ေဝဖန္ခ်က္ေတြကိုေတြ႕လိုက္ေတာ့ ပုခံုးတြန္႕ျပီး ရယ္သာ ရယ္ေမာလိုက္သည္။

မွ်မွ်တတေျပာရမယ္ဆိုရင္ ဒီလူေတြ ဘာေႀကာင့္ သူ႕ကို ဒီလို တုန္႕ျပန္ရတယ္ဆုိတာ သူနားလည္ေပးနုိင္ပါသည္။ ၾကည့္ရႈသူ အမ်ားစုမွာဒီအခ်ိန္မွာ အိပ္ရာထဲ ေစာင္ျခံဳေကြးေနျပီး အိပ္ဖို႕ ျပင္ဆင္ေနၾကျပီး အိပ္ေပ်ာ္ေစဖို႕ ေပါ့ေပါ့ပါးပါးဗြီဒီယုိကို ႀကည့္ေနႀကမွာျဖစ္သည္။ ဒီအခ်ိန္ ဖေယာင္းတိုင္တစ္တိုင္ ထြန္းထားတဲ့ လူတစ္ေယာက္ရဲ႕ ေျခာက္ျခားဖြယ္ ဗီဒီယိုက သူတို႔ ေမွ်ာ္လင့္ထားတာနဲ႕ ေျပာင္းျပန္ျဖစ္သြားေစလိမ့္မည္။

ဗီဒီယို၏ အေရးအၾကီးဆံုးအပိုင္းမွာ ေနာက္ဆံုး ၁၄စကၠန္႔ စာအပိုင္းေလးပဲျဖစ္သည္။ ဘာျဖစ္သြားသလဲဆုိတာ သူတို႔မသိနိုင္ခင္မွာ ေၾကာက္စရာျဖစ္ရပ္က   ျဖစ္သြားျပီးျပီ။ မွန္က တစ္စစီကြဲသြားျပီး မွန္ထဲက တစ္စံုတစ္ရာက တိုးထြက္လာျပီး ဖုန္းမ်က္နွာျပင္ကတဆင့္ သူတို႕ဆီကို ဦးတည္ထြက္လာေတာ့မလို ထင္ရသည္။ 

ဒါ တကယ့္ကို ကြ်မ္းက်င္တဲ့ လုပ္ရပ္တစ္ခုျဖစ္သည္။

Comment အေျခအေနကိုၾကည့္ျပီး ဒီဗီဒီယိုေပၚျပဴလာျဖစ္တာ   တာ္ေတာ္နွင့္လည္း ျပန္က်သြားမည့္ပံုမေပၚေပ။ ဒီအခ်က္အရ လူတိုင္း သူ႔ ဗီဒီယိုက္ို ၾကိဳက္တယ္ဆိုတဲ့ အဓိပၸာယ္မဟုတ္ဘူးလား။ သူက အရွက္မဲ့စြာ  ကိုယ့္ကိုယ္ကို ေမးခြန္းထုတ္လိုက္သည္။

"အခုဆို ငါ့ Follower အေရအတြက္က  တစ္ရာေက်ာ္ေလာက္တိုးလာျပီ။ တကယ္လို႔ ငါ  ဒီအခြင့္အေရးကိုသံုးျပီး သရဲအိမ္ကို မေၾကာ္ျငာလိုက္ရင္ ငါ့ရဲ့ followerေတြနဲ႔ ဖန္အသစ္ေလးေတြ စိတ္ပ်က္ကုန္ေတာ့မွာပဲ။"

Chen Ge ဗီဒီယုိ ေခါင္းစဥ္ကို ျပန္ျပင္လိုက္ျပီး  user info section မွာ သရဲအိမ္ လိပ္စာနဲ႕ သူ႔နာမည္ ကို တြဲျပီးတင္ လိုက္သည္။ ျပီးေတာ့ ေဘးမွာ <လံုးဝေၾကာက္စရာမေကာင္းသည့္ သရဲအိမ္> ဆိုျပီး ထည့္လိုက္ေသးသည္။

Chen Ge သူေရးထားေသာ စာ ကိုၾကည့္ျပီး ေက်နပ္သြားသည္။ ဆက္တိုက္တက္လာေသာ comments ေတြကိုၾကည့္ရင္း သူ တျဖည္းျဖည္းအိပ္ေပ်ာ္သြားသည္။

Chen Ge သူ႔မ်က္နွာေပၚက်လာသည့္ ေနေရာင္ေၾကာင့္ နိုးလာခဲ့ျပီး  အေညာင္းဆန္႔လိုက္ရင္း အိမ္သာေထာင့္ကေန ထရပ္လိုက္သည္။

"ရွစ္နာရီေတာင္ခြဲသြားျပီပဲ"

သူက အဝတ္မ်ားကို ဖုန္ခါလိုက္ရင္း အရုပ္နွင့္ ဖုန္းတို႔ကို အိတ္ ထဲထည့္ျပီး အိမ္သာခန္းထဲမွထြက္လာခဲ့သည္၊။

အဲ့ဒီအခ်ိန္မွာ သန္႔စင္ခန္း သစ္သားတံခါးေပၚက လက္သည္းရာ ၾကီးမ်ားကို သူ သတိထားမိ လိုက္ရသည္။ ၿကည့္ရတာ တေကာင္ေကာင္က တံခါးကို အမွန္တကယ္ ႀကိတ္ဝါးခဲ့ပံုေပၚသည္။

"မေန႔ညက တံခါးအျပင္မွာရွိေနခဲ့တာ ဘာၾကီးလဲ။?" ထိုအရာမ်ားကိုၾကည့္ျပီး မေန႔ညက သူမွန္ေရွ႕က ခြာျပီး အျပင္ထြက္ မၾကည့္မိသည္ကိုပဲ ကိုယ့္ဖာသာ ေက်းဇူးတင္ လိုက္မိသည္။

"ခက္ခဲတဲ့ မစ္ရွင္ေတြက တကယ္ကို မေမွ်ာ္လင့္ထားတာေတြ ျဖစ္ေစတာပဲ။ ေနာက္ကို ပိုသတိထားမွျဖစ္မယ္။"

သရဲအိမ္ထဲတြင္ ဘာမွ မထူးျခားသည္ကို ေတြ႕ေတာ့  Chen Ge ေခါင္းထဲက အေတြးေတြကို ထုတ္လုိက္ျပီး တေန႕တာကို  စတင္ရန္ ျပင္ဆင္လိုက္သည္။

New Century ပန္းျခံက မနက္ ၉နာရီ တြင္ဖြင့္သည္။ မနက္ 8:45 တြင္ေက်ာပိုးအိတ္လြယ္ထားေသာ ပိန္ပိန္သြယ္သြယ္ ၊သူမ ကိုယ္လံုးနွင့္ မလိုက္ဖက္ေသာ ရင္သားၾကီးၾကီးေကာင္မေလးတစ္ေယာက္  Chen Ge ဆီ တည့္တည့္ ေလွ်ာက္လာခဲ့သည္။

"ေဘာ့စ္!"

ထိုမိန္းကေလးက နုနယ္ပ်ိဳျမစ္ျခင္း၏ အေငြ႕အသက္တို႔ ထုတ္လႊတ္ေနျပီး ေတာင့္တင္းေသာ သူမကိုယ္လံုးေလးက တင္းရင္းစိုေျပကာ ကိုက္စားခ်င္စရာ ပန္းသီးေလးတလံုးကဲ့သို႕  ေနေရာင္ေအာက္တြင္ ေတာက္ပေနသည္။

"Xiao Wan မင္းကေတာ့ တကယ္ကို အခ်ိန္တိက်တယ္။ ငါအခုေလးတင္  ငါတို႔ရဲ႕ ေဒတာေဘ့စ္ထဲမွာ ေနာက္ခံသီခ်င္း အသစ္တစ္ပုဒ္ ထည့္ထားတယ္။ အဲ့ဒါကို နားေထာင္ၾကည့္ျပီး  ဘယ္လိုထင္လဲ ငါ့ကို ေျပာျပဦး။"

 Chen Ge စကားမဆံုးေသးခင္ Xu Wan က သူ႕လကို  က်စ္က်စ္ပါေအာင္ဆုပ္လိုက္ေသာေၾကာင့္ သူ ေမးလိုက္သည္။

"မင္းဘာလုပ္ေနတာလဲ။ ‽"

"ကၽြန္မ အခုေလးတင္ ပန္းျခံအဝမွာ လူအုပ္ၾကီးတစ္အုပ္ေရာက္ေနျပီး သူတို႔က သရဲအိမ္အေၾကာင္းေဆြးေႏြးေနၾကတာ ေတြ႕ခဲ့တယ္။ သူတို႔က သရဲအိမ္ကို လာခဲ့ၾကတာတဲ့!"

 Xu Wanက စိတ္လႈပ္ရွားစြာ ရွင္းျပသည္။

 "ေဘာ့စ္ ၾကည့္ရတာ ကၽြန္မတို႕ သရဲအိမ္ကို လာဖို႔ ေစာင့္ေနတဲ့ ဧည့္သည္ေတြအမ်ားႀကီးရွိေနပံုေပၚတယ္"

"ဒီလိုမ်ုိဳးျဖစ္လာမယ္လို႔ မထင္ထားဖူးဘူးမလား။   မင္းက ဒီပန္းျခံမွာ  ပထမဆံုးအလုပ္လုပ္ဖူးတာလား"

Chen Geက ဘာမွမထူးဆန္း သလို ေျပာလုိက္သည္။

သူက ဖုန္းကို ထုတ္ကာ sharing app မွာ တင္ထားေသာ ဗီဒီယိုကို  ဝင္ၾကည့္လိုက္ေတာ့  သူ႔ followe အေရအတြက္က ငါးရာေက်ာ္သြားျပီး websiteရဲ႕  ထပ္ဆံုးဆယ္ေယာက္ထဲတြင္ ပါဝင္ေနျပီျဖစ္သည္။ Comments မ်ားကို  ၾကည့္လိုက္ေတာ့  XOXO သို႔မဟုတ္ '<3' လို commentsမ်ား ေတြကို ေတြ႕လိုက္ရျပီး  တခ်ိဳ႕ကေတာ့ ျပင္းျပင္းထန္ထန္ ေဝဖန္ဆဲဆုိ ျခိမ္းေျခာက္ထားတဲ့ commentေတြျဖစ္ေနသည္။ ထိုသူမ်ားထဲမွ အခ်ိဳ႕ဆိုလွ်င္ ဓားဆြဲျပီး သူ႕ကို သတ္ဖို႕ ဒီလိပ္စာအတုိင္း လာေနျပီလို႕ေတာင္ ေရးထားသည္။

"အာ ဒီဟာက တကယ္ကို ထိန္းရခက္မယ့္ပံုပဲ"

 Chen Ge ရံႈ႕မဲ့စြာ ေခ်ာင္းတစ္ခ်က္ဟန္္႕ျပီး Xu Wanကို ဆြဲလို႕ သရဲအိမ္ထဲဝင္ လိုက္သည္။

"ပန္းျခံမဖြင့္ခင္ ငါတို႔  ျပင္ဆင္ခ်န္  ဆယ့္ငါးမိနစ္ပဲရတယ္။ ဒီသရဲအိမ္ကို ကာကြယ္ဖို႕  မင္းနဲ႕ငါပဲရွိေတာ့မယ္။ ငါတို႕ မႀကာခင္ ေရာက္လာမယ့္  စစ္ပြဲကို ရင္ဆိုင္ဖို႔ ျပင္ဆင္ၾကတာေပါ့"
===================

Chapter (5) : မှန်ထဲကလူ ဘယ်သူလဲ

"ကျွမ်းကျင်မှုနဲ့ ပါရမီ၊ ကြည့်ရတာ ခက်ခဲတဲ့ (Nightmare) Mission ကိုအောင်မြင်ရင်ပေးတဲ့ ဆုတွေက ထူးခြားမှုရှိပြီး ငါ့အပေါ်မှာ တိုက်ရိုက် အကျိုးသက်ရောက်တာ ဖြစ်မယ်။!"

အရေးကြီးတဲ့အချက်ကို စိတ်ထဲတွေးလိုက်ရင်း Chen Ge ရဲ့ရင်ထဲ မျှော်လင့်ချက်လေးတွေ ပြန်လည်တောက်ပလာခဲ့သည်။   မကြာသေးခင်က သူက  အန ္တရာယ်၊ အမှောင်၊ အကြောက်တရား၊ ခြောက်ခြားဖွယ်ရာများဖြင့်ပြည့်နေသော အခြားလောကတစ်ခု  ရှိနေတာကို မြင်တွေ့ခဲ့ရသည်။ အဲ့ဒီလောကထဲမှာ သူ့မိဘနှစ်ပါး ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်သည်။ လက်ရှိ သူ့ အခြေအနေအရ  သူ့ကိုယ်သူ အန ္တရာယ်ကနေ လုံခြုံမှုရှိအောင် နေနိုင်တာက တော်လှပြီ။  ဒါဆို နောင်မှာ သူ့မိဘတွေကို သွားရှာလို့ရပြီ။ အခု  သူ့လက်ထဲမှာရှိတဲ့ အနက်ရောင်ဖုန်းကြောင့် ရှေ့ဆက်သွားဖို့ အခွင့်ရေးရှိနေတာကို    ကျေးဇူးတင်ရမည်။

"ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ရမဲ့ ခရီးက အရှည်ကြီးကျန်သေးတယ်။ အခု ချိန်မှာ ငါ သရဲအိမ်လုပ်ငန်း အခြေနေပြန်ကောင်းလာပြီး ငွေကြေး အကြပ်တည်းကနေ ရုန်းထွက်နိုင်ဖို့ပဲ အာရုံစိုက်ထားဖို့လိုတယ်။"

သူက အိတ်ထဲမှ ဖုန်းကို ဆွဲထုတ်လိုက်သည်။

 "ဒါက ပိတ်သွားပြန်ပြီ။ မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်။ ခက်ခဲတဲ့ မစ်ရှင်တွေက အောင်မြင်ဖို့ တကယ်မလွယ်ဘူး။ နောက်တခါ ဒါတွေကို ငါတစ်ယောက်တည်း မလုပ် တစ်ခြားနေရာ ကနေ အကူအညီယူရင် ပိုကောင်းလိမ့်မယ်။"

သူက သူ့ဖုန်းကို ဖွင့်ကာ နာမည်ကြီး supernatural  ဖိုရမ်ထဲ ဝင်လိုက်ပြီး သူရိုက်ကူးထားတဲ့ ဗီဒိယိုကို တင်လိုက်သည်။

စက္ကန့် အနည်းငယ်ကြာသောအခါ သူ့ဗီဒီယိုကို  "မှန်ထဲက လူက ဘယ်သူလဲ။ " ဆိုပြီး နာမည်ပေးပြီး တင်လိုက်တယ်။

ထိုဗီဒီယိုက လျင်မြန်စွာပြန့်နှံ့သွားပြီး အချိန်တိုအတွင်း ကြည့်ရှုသူ နှင့် တဆင့်ပြန်ရှယ်တဲ့လူ  အများကြီးရှိလာသည်။ ကြည့်ရတာ လူတွေက  သတင်းလိုင်းများနှင့် အတင်းအဖြင်းတွေကို ငြီးငွေ့လာလို့  လိုင်းပြောင်းပြီး စိတ်ဝင်စားလာကြပုံပေါ်သည်။ သူ့ဗီဒီယိုက   မြားတစ်စင်းလို တစ်ရှိန်ထိုး ပျံ့နှံ့သွားပြီး Chen Ge ပေ့ချ်ကို တစ်ခါ Refresh လုပ်တိုင်း အနည်းဆုံး comment ဆယ်ခုလောက် တိုးတိုးလာသည်။

"25:14.- ငါ့ကို နောက်မှ ကျေးဇူးတင်ကြရလိမ့်မယ်"

"ပို့စ်တင်တဲ့သူက ရူးနေတာလား။ ဘယ်လိုလူက ဒီ အလုပ်ကို ညသန်းခေါင်ကြီး  ထလုပ်ရတာလဲ။ "

"မှန်ပေါ်မှာ အက်ကြောင်းတွေ ဘာကြောင့်သူ့အလိုလိုပေါ်လာတာလဲ။ ပြီးတော့ ဗီဒီယို အဆုံးနားမှာ မှန်အထဲကနေ ထုရိုက်နေတာက ဘာကြီးလဲ။"

"အများအားဖြင့် အခန်းတွင်းအပူချိန်အတက်အကျကြောင့် မှန်တွေမှာ အက်ကြောင်းတွေ ဖြစ်လာတတ်တယ်။"

"မဟုတ်သေးဘူး။ မင်းတို့ အားလုံးမှားနေကြပြီ။ တာအိုသဘောတရားအရ မှန်တွေမှာ သန့်စင်တဲ့ ယင်စွမ်းအင်ကို ပိုင်ဆိုင်ထားကြတယ်။ ငါထင်တာတော့ ဒီဗီဒီယိုကို 'မှန်ထဲက ဘယ်သူလဲ'လို့ ခေါင်းစဉ်တပ်ရမဲ့အစား 'မှန်ထဲက သရဲတစ်ကောင်'လို့ ခေါင်းစဉ်တပ်သင့်တယ်။"

"ဘုရားသခင်... ဘယ်လိုလူက ဒီလိုရူးကြောင်ကြောင်အလုပ်ကို ညသန်းခေါင်ကြီး  လုပ်ရတာတုန်း။ ပို့စ်ပိုင်ရှင်ရဲ့ သတ္တိကိုတော့ ငါ တကယ်လေးစားသွားပြီ။"

"ဒီဗီဒီယိုက သေချာပေါက်ပြုပြင်လုပ်ကြံထားတဲ့ အတုပဲဖြစ်ရမယ်။ မဟုတ်ရင် ငါ့ အကောင့်ကို ဖျက်လိုက်ပြီး  ကင်းမြီးကောက်ထောင်ပြီး ချီးစားပြလိုက်မယ်။"

"ဒါကိုတွေ့တာ ငါတစ်ယောက်တည်းလား။  ပို့စ်ပိုင်ရှင်က Jiu Jang မြို့ အနောက်ဘက်မှာရှိတဲ့ သရဲအိမ်ပိုင်ရှင်ပဲ။ နင်တို့သိပ်ပြီး ထွေထွေထူးထူး စဉ်းစားမနေကြနဲ့တော့။ ဒါက တမင်သက်သက် လူစိတ်ဝင်စားအောင် ဆင်ထားတဲ့ ကြော်ညာတစ်ခုပဲ။"

Chen Ge ရဲ့ မက်ဆေ့ချ်Boxထဲ ချက်ချင်း  သီးသန့် မက်ဆေ့ခ်ျများဖြင့် ပြည့်သွားသည်။ အချို့က မေးခွန်းမေးကြပြီး အချို့က  သံသယများရဲ့ အဖြေကိုသိချင်ကြခြင်းသည်။ ဒါပေမယ့်  သူ အားလုံးကို လျစ်လျူရှုထားလိုက်သည်။ ဒီဗီဒီယိုက အစစ်ဖြစ်တာကို သူကိုယ်တိုင်သိနေပြီး အခြားလူတွေကို  ရှင်းပြနေစရာမလိုဘူးလို့ သူတွေးထားသည်။ ဒီဟာက တကယ်အစစ်အမှန်ဆိုတာကို သိထားတဲ့ လူတချို့ကလည်း သူ့ကို တမင်သတ်သတ်ချိုးဖဲ့ချင်လို့ ပြောဆိုနေတာဖြစ်လို့ သူတို့လိုလူတွေအတွက် ဘာကြောင့် သူ့အချိန်ကို ဖဲ့ပေးနေရဦးမှာလဲ။

သူ့ဗီဒီယို တစ်ရှိန်ထိုး လူကြိုက်များသွားတာကိုကြည့်ပြီး   ဒီဟာရဲ့ အစ ကနဦးက  သိပ်မဆိုးလို့ Chen Ge တွေးလိုက်ပြီး မူရင်းဗီဒီယိုက နောက်ဆုံး ၁၄စက္ကန့်စာကို ဖြတ်ယူလိုက်ပြီး နိုင်ငံတွင်းမှ နာမည်အကြီးဆုံး ဗီဒီယိုတွေကို ရှယ်ပေးတဲ့ video-sharing app Website မှာ သွားတင်လိုက်သည်။

အစားအစာ၊ အက၊ သီချင်းဗွီဒီယိုတွေကိုပဲ ရှယ်တဲ့နေရာမှာ သရဲခြောက်တဲ့ ဗွီဒီယိုလေးက ထူးခြားနေမှာသေချာသည်။
ဆယ်စက္ကန့်မကြာသေးတဲ့အချိန်အတွင်းမှာ လူအများကြီး သူ့ထောင်ချောက်ထဲ ဝင်လာကြသည်။

 ဤနေရာမှာရှိ အသုံးပြုသူများ users တွေက supernatural forums  ထဲက  users နှင့် မတူကြပေ။ သူတို့က ဗီဒီယိုအောက်တွင် အကြောင်းမရှိဘဲ ကြောက်လန့်နေသည့် comments များ စတင်ရေးသားလာကြသည်။

ဝမ်းနည်းစရာကောင်းသည်က အင်တာနက်ပေါ်မှာ ချီးကျူးတဲ့ ဗွီဒီယိုတွေထက် ဝေဖန်တိုက်ခိုက်တဲ့၊ အငြင်းပွားတဲ့ဗွီဒီယိုတွေက ကြည့်ရှုသူပိုများနေတာပဲဖြစ်သည်။ သူက မှတ်ချက်တွေကို လိုက်ဖတ်ကြည့်တော့သူ့ကို ဦးတည်ပြီး  တိုက်ခိုက်ထားတဲ့ ဝေဖန်ချက်တွေကိုတွေ့လိုက်တော့ ပုခုံးတွန့်ပြီး ရယ်သာ ရယ်မောလိုက်သည်။

မျှမျှတတပြောရမယ်ဆိုရင် ဒီလူတွေ ဘာကြောင့် သူ့ကို ဒီလို တုန့်ပြန်ရတယ်ဆိုတာ သူနားလည်ပေးနိုင်ပါသည်။ ကြည့်ရှုသူ အများစုမှာဒီအချိန်မှာ အိပ်ရာထဲ စောင်ခြုံကွေးနေပြီး အိပ်ဖို့ ပြင်ဆင်နေကြပြီး အိပ်ပျော်စေဖို့ ပေါ့ပေါ့ပါးပါးဗွီဒီယိုကို ကြည့်နေကြမှာဖြစ်သည်။ ဒီအချိန် ဖယောင်းတိုင်တစ်တိုင် ထွန်းထားတဲ့ လူတစ်ယောက်ရဲ့ ခြောက်ခြားဖွယ် ဗီဒီယိုက သူတို့ မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ဖြစ်သွားစေလိမ့်မည်။

ဗီဒီယို၏ အရေးအကြီးဆုံးအပိုင်းမှာ နောက်ဆုံး ၁၄စက္ကန့် စာအပိုင်းလေးပဲဖြစ်သည်။ ဘာဖြစ်သွားသလဲဆိုတာ သူတို့မသိနိုင်ခင်မှာ ကြောက်စရာဖြစ်ရပ်က   ဖြစ်သွားပြီးပြီ။ မှန်က တစ်စစီကွဲသွားပြီး မှန်ထဲက တစ်စုံတစ်ရာက တိုးထွက်လာပြီး ဖုန်းမျက်နှာပြင်ကတဆင့် သူတို့ဆီကို ဦးတည်ထွက်လာတော့မလို ထင်ရသည်။ 

ဒါ တကယ့်ကို ကျွမ်းကျင်တဲ့ လုပ်ရပ်တစ်ခုဖြစ်သည်။

Comment အခြေအနေကိုကြည့်ပြီး ဒီဗီဒီယိုပေါ်ပြူလာဖြစ်တာ   တာ်တော်နှင့်လည်း ပြန်ကျသွားမည့်ပုံမပေါ်ပေ။ ဒီအချက်အရ လူတိုင်း သူ့ ဗီဒီယိုကို ကြိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား။ သူက အရှက်မဲ့စွာ  ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်သည်။

"အခုဆို ငါ့ Follower အရေအတွက်က  တစ်ရာကျော်လောက်တိုးလာပြီ။ တကယ်လို့ ငါ  ဒီအခွင့်အရေးကိုသုံးပြီး သရဲအိမ်ကို မကြော်ငြာလိုက်ရင် ငါ့ရဲ့ followerတွေနဲ့ ဖန်အသစ်လေးတွေ စိတ်ပျက်ကုန်တော့မှာပဲ။"

Chen Ge ဗီဒီယို ခေါင်းစဉ်ကို ပြန်ပြင်လိုက်ပြီး  user info section မှာ သရဲအိမ် လိပ်စာနဲ့ သူ့နာမည် ကို တွဲပြီးတင် လိုက်သည်။ ပြီးတော့ ဘေးမှာ <လုံးဝကြောက်စရာမကောင်းသည့် သရဲအိမ်> ဆိုပြီး ထည့်လိုက်သေးသည်။

Chen Ge သူရေးထားသော စာ ကိုကြည့်ပြီး ကျေနပ်သွားသည်။ ဆက်တိုက်တက်လာသော comments တွေကိုကြည့်ရင်း သူ တဖြည်းဖြည်းအိပ်ပျော်သွားသည်။

Chen Ge သူ့မျက်နှာပေါ်ကျလာသည့် နေရောင်ကြောင့် နိုးလာခဲ့ပြီး  အညောင်းဆန့်လိုက်ရင်း အိမ်သာထောင့်ကနေ ထရပ်လိုက်သည်။

"ရှစ်နာရီတောင်ခွဲသွားပြီပဲ"

သူက အဝတ်များကို ဖုန်ခါလိုက်ရင်း အရုပ်နှင့် ဖုန်းတို့ကို အိတ် ထဲထည့်ပြီး အိမ်သာခန်းထဲမှထွက်လာခဲ့သည်၊။

အဲ့ဒီအချိန်မှာ သန့်စင်ခန်း သစ်သားတံခါးပေါ်က လက်သည်းရာ ကြီးများကို သူ သတိထားမိ လိုက်ရသည်။ ကြည့်ရတာ တကောင်ကောင်က တံခါးကို အမှန်တကယ် ကြိတ်ဝါးခဲ့ပုံပေါ်သည်။

"မနေ့ညက တံခါးအပြင်မှာရှိနေခဲ့တာ ဘာကြီးလဲ။?" ထိုအရာများကိုကြည့်ပြီး မနေ့ညက သူမှန်ရှေ့က ခွာပြီး အပြင်ထွက် မကြည့်မိသည်ကိုပဲ ကိုယ့်ဖာသာ ကျေးဇူးတင် လိုက်မိသည်။

"ခက်ခဲတဲ့ မစ်ရှင်တွေက တကယ်ကို မမျှော်လင့်ထားတာတွေ ဖြစ်စေတာပဲ။ နောက်ကို ပိုသတိထားမှဖြစ်မယ်။"

သရဲအိမ်ထဲတွင် ဘာမှ မထူးခြားသည်ကို တွေ့တော့  Chen Ge ခေါင်းထဲက အတွေးတွေကို ထုတ်လိုက်ပြီး တနေ့တာကို  စတင်ရန် ပြင်ဆင်လိုက်သည်။

New Century ပန်းခြံက မနက် ၉နာရီ တွင်ဖွင့်သည်။ မနက် 8:45 တွင်ကျောပိုးအိတ်လွယ်ထားသော ပိန်ပိန်သွယ်သွယ် ၊သူမ ကိုယ်လုံးနှင့် မလိုက်ဖက်သော ရင်သားကြီးကြီးကောင်မလေးတစ်ယောက်  Chen Ge ဆီ တည့်တည့် လျှောက်လာခဲ့သည်။

"ဘော့စ်!"

ထိုမိန်းကလေးက နုနယ်ပျိုမြစ်ခြင်း၏ အငွေ့အသက်တို့ ထုတ်လွှတ်နေပြီး တောင့်တင်းသော သူမကိုယ်လုံးလေးက တင်းရင်းစိုပြေကာ ကိုက်စားချင်စရာ ပန်းသီးလေးတလုံးကဲ့သို့  နေရောင်အောက်တွင် တောက်ပနေသည်။

"Xiao Wan မင်းကတော့ တကယ်ကို အချိန်တိကျတယ်။ ငါအခုလေးတင်  ငါတို့ရဲ့ ဒေတာဘေ့စ်ထဲမှာ နောက်ခံသီချင်း အသစ်တစ်ပုဒ် ထည့်ထားတယ်။ အဲ့ဒါကို နားထောင်ကြည့်ပြီး  ဘယ်လိုထင်လဲ ငါ့ကို ပြောပြဦး။"

 Chen Ge စကားမဆုံးသေးခင် Xu Wan က သူ့လကို  ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သောကြောင့် သူ မေးလိုက်သည်။

"မင်းဘာလုပ်နေတာလဲ။ ‽"

"ကျွန်မ အခုလေးတင် ပန်းခြံအဝမှာ လူအုပ်ကြီးတစ်အုပ်ရောက်နေပြီး သူတို့က သရဲအိမ်အကြောင်းဆွေးနွေးနေကြတာ တွေ့ခဲ့တယ်။ သူတို့က သရဲအိမ်ကို လာခဲ့ကြတာတဲ့!"

 Xu Wanက စိတ်လှုပ်ရှားစွာ ရှင်းပြသည်။

 "ဘော့စ် ကြည့်ရတာ ကျွန်မတို့ သရဲအိမ်ကို လာဖို့ စောင့်နေတဲ့ ဧည့်သည်တွေအများကြီးရှိနေပုံပေါ်တယ်"

"ဒီလိုမျိုးဖြစ်လာမယ်လို့ မထင်ထားဖူးဘူးမလား။   မင်းက ဒီပန်းခြံမှာ  ပထမဆုံးအလုပ်လုပ်ဖူးတာလား"

Chen Geက ဘာမှမထူးဆန်း သလို ပြောလိုက်သည်။

သူက ဖုန်းကို ထုတ်ကာ sharing app မှာ တင်ထားသော ဗီဒီယိုကို  ဝင်ကြည့်လိုက်တော့  သူ့ followe အရေအတွက်က ငါးရာကျော်သွားပြီး websiteရဲ့  ထပ်ဆုံးဆယ်ယောက်ထဲတွင် ပါဝင်နေပြီဖြစ်သည်။ Comments များကို  ကြည့်လိုက်တော့  XOXO သို့မဟုတ် '<3' လို commentsများ တွေကို တွေ့လိုက်ရပြီး  တချို့ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ဆဲဆို ခြိမ်းခြောက်ထားတဲ့ commentတွေဖြစ်နေသည်။ ထိုသူများထဲမှ အချို့ဆိုလျှင် ဓားဆွဲပြီး သူ့ကို သတ်ဖို့ ဒီလိပ်စာအတိုင်း လာနေပြီလို့တောင် ရေးထားသည်။

"အာ ဒီဟာက တကယ်ကို ထိန်းရခက်မယ့်ပုံပဲ"

 Chen Ge ရှုံ့မဲ့စွာ ချောင်းတစ်ချက်ဟန့််ပြီး Xu Wanကို ဆွဲလို့ သရဲအိမ်ထဲဝင် လိုက်သည်။

"ပန်းခြံမဖွင့်ခင် ငါတို့  ပြင်ဆင်ချန်  ဆယ့်ငါးမိနစ်ပဲရတယ်။ ဒီသရဲအိမ်ကို ကာကွယ်ဖို့  မင်းနဲ့ငါပဲရှိတော့မယ်။ ငါတို့ မကြာခင် ရောက်လာမယ့်  စစ်ပွဲကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြတာပေါ့"
===================

Продовжити читання

Вам також сподобається

265K 40.5K 33
Horror
105K 17K 103
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ အပိုင်း ၁၁၁ မှ အဆုံးထိ တင်သွားပါမည်။
232K 40.2K 102
[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ င...
274K 27.4K 27
"Daddy အတွက်ဒုတိယ ရတနာ လေးကိုယူလာပေးတာ ကျေးဇူးတင်တယ်နော် Angel " Lucas ''Daddy ကို အချစ်ဆုံး'' ...