ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၃ ( ၁၃ - ၁၈ )

7.7K 1K 70
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  33
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၃၊ အခန္း ၁၃ ။ ငါ့ဖင္ၾကီးပဲ သ၀န္တုိ

ရီ၀မ္၀မ္ ရွိမေနသည့္သံုးရက္တာအတြင္း ခ်ိဳင္းယံုရွန္းသည္ ရီ၀မ္၀မ္ ရထားသည့္လူအင္အား၊ ေငြအင္အားတုိ ့ကို လံုး၀ စုပ္ယူပစ္ေန၏ ။ အေကာင္းဆံုးေသာအရာသည္ကား ကုန္ရႊီနွင့္လ်ိဳခ်န္းကုိ အသံုးခ်ကာ လူစီယန္းအတြက္ အရာအားလံုး ပံုေအာေပးေနၿခင္းပင္ ၿဖစ္သည္ ။

ခ်ိဳင္းယံုရွန္းက မ်က္နွာသာၿပန္ေပးေနၿခင္းဟု ေၿပာဆုိေနေသာ္လည္း တကယ္တမး္တြင္ သူကသာ HQ ကေန အက်ိဳးအၿမတ္ေတာ္ေတာ္မ်ားမ်ား ကို ရရွိေနၿခင္းၿဖစ္၏ ။ သုိ ့ေသာ္ သူသည္ကား သူကသာ စြန္ ့ၾကဲေပးကမ္းေနၿခင္း ၿဖစ္သေယာင္ေယာင္ ေၿပာဆုိေနေလ၏ ။

ဒက္ဇလင္းသည္ အေၿပာင္းအလဲၿဖစ္ေနသည္ကုိ အားလံုး သိေနၾက၍ သူတို ့အတြက္သူတုိ ့ လမ္းတစ္ခုေဖာက္ဖုိ ့ ့ရွာေဖြလာၾကေတာ့၏ ။ အရင္တုန္းကေတာ့ ရီပုိင္၏အုပ္ခ်ဳပ္မႈေအာက္တြင္ အရည္အခ်င္းရွိသည့္ သရုပ္ေဆာင္တို ့သည္ သူတို ့ ့အရည္အခ်င္းရွိရင္ ရွိသေလာက္ အေပၚကုိ တက္လွမ္းနုိင္ၾက၏ ။ အခုတြင္ေတာ့ ထိုထုိအရည္အခ်င္းရွိၾကသည့္ သရုပ္ေဆာင္အားလံုးတုိ့ ့သည္ ဤလူသစ္ရွာေဖြေရးဌာန၏မန္ေနဂ်ာ အသစ္ထံက မ်က္နွာသာရဖုိ့ ့ရာ ဥာဏ္နီဥာဏ္နက္တုိ ့ ထုတ္ကုန္ၾက ရေလၿပီ ။

သံုးရက္အၾကာ ။

အင္ပါရီယာၿမိဳ့ေတာ္၏  “လံုး၀ခ်စ္မိသြားၿပီ” ရုိက္ကူးေရးတြင္ ။

ခ်ိဳင္းယံုရွန္းသည္ ေဒါက္ၿမင့္ဖိနပ္ တဂြပ္ဂြပ္နွင့္ အလွၾကီးလွေနသည့္ လူစီယန္း အား ေခၚခ်လာသည္ ။
သူမေနာက္တြင္မူ သူမ၏လက္ေထာက္၊ မိတ္ကပ္ပညာရွင္တစ္ေယာက္၊ စတုိင္လစ္တစ္ေယာက္နွင့္ ကိုယ္ရံေတာ္ ခုနစ္ေယာက္ရွစ္ေယာက္ေလာက္ ပါလာေသး၏ - လံုး၀ကုိ ကိန္းၾကီးခမ္းၾကီး နုိင္လွေခ်သည္တကား ။

ခ်ိဳင္းယံုရွန္းသည္ အထက္စီးဆန္ဆန္ေလသံၿဖင့္
ရီမူဖန္အား သတိေပးလာ၏ ။

“စတုိင္လစ္ေခါင္းေဆာင္ ဖီးလစ္…ဒါက ငါတုိ ့လူစီ ပထမဆံုး ပါရတဲ့ စြယ္စံုရရိႈးေနာ္ ။
မင္း စတုိင္ေကာင္းေကာင္း သေပးလုိက္ ။
ငါ မင္းကို အမ်ားၾကီးေမွ်ာ္မွန္းထားတာေနာ္”

အဟတ္…ဘာဖက္ရွင္အစည္းအရံုးရဲ့ဒုဥကၠဌ လဲ ။ ေနာက္ဆံုးေတာ့လည္း သူက ကမာ႓ရဲ့၀န္ထမ္းတစ္ေယာက္ သာသာပဲဟာကုိမ်ား ။

ရီမူဖန္နွင့္ရီ၀မ္၀မ္အၾကားက တရင္းတနွီးရွိသည့္ဆက္ဆံေရး ကုိ သိထားသၿဖင့္ ခ်ိဳင္းယံုရွန္းသည္ သူ ့အားလည္း အရာရာခက္ခဲေအာင္ ေတာက္ေလ်ွာက္လုပ္ေနၿခင္းၿဖစ္၏ - သူသည္ လာအပ္သမ်ွအလုပ္တုိ ့ကို ရီမူဖန္ကိုယ္စား ၿဖတ္ခ်ပစ္ခဲ့ၿပီး လူစီယန္းအတြက္ သီးသန့္ ့စတုိင္သေပးေစ ၿခင္း ၿဖစ္၏ ။

ရီမူဖန္သည္ မ်က္လံုးတုိ ့က်ဥ္းေၿမာင္းသြားၿပီး ဖုန္းေပၚကအခ်ိန္ကို တစ္ခ်က္ၾကည့္လုိက္၏ ။ ထုိ ့ေနာက္ ကိုယ့္ကုိယ္ကို တည္ၿငိမ္ေအာင္ လုပ္ယူလုိက္ကာ ။

၀မ္၀မ္…ညီမေလးဘက္မွာ ၿပီးေလာက္ေရာေပါ့…

လူစီယန္း၏မိတ္ကပ္ၿခယ္သၿခင္းတစ္ခုထဲနဲ ့ပင္ ေန့တစ္၀က္ ၾကာသြား၏ ။ ကုန္ရႊီနွင့္လ်ိဳခ်န္းတုိ ့၏အလွည့္ေရာက္လာခ်ိန္ တြင္ ၿပင္ဆင္ခ်ိန္ ဆယ္မိနစ္ ေလာက္သာ က်န္ေတာ့ေပ သည္ ။
ေတာ္ေသး၍ သူတုိ ့နွစ္ေယာက္သည္ အသားအေရလွၿပီး မိတ္ကပ္ပါးပါးေလးအုပ္လုိက္ရံုေလာက္နွင့္ ေတာက္ပလင္းထြန္းသြား၍သာ ။

“ဟုတ္ပါၿပီ၊ ဂုဏ္သေရရွိအမ်ိဳးသမီးမ်ားနွင့္ လူၾကီးမင္းတုိ ့…တက္လာၾကပါ။ အခု ဒီအပတ္ရဲ့အစီအစဥ္အေၾကာင္းကုိ က်ြန္ေတာ္ အက်ဥ္းခ်ံဳး ရွင္းၿပေပး ပါမယ္”

ဒါရုိက္တာက လမ္းေလ်ွာက္လာသည္ ။

ဤအစီအစဥ္မ်ိဳးသည္ လူေရွ ့တြင္ သရုပ္ေဆာင္ေတြ ပြင့္ပြင့္လင္းလင္း ေၿပာဆုိလုိ ့ရသည္မ်ိဳး ၿဖစ္ပါ၏ ။ သို ့ေသာ္ ၊ တကယ့္အမွန္တြင္ကား အစီအစဥ္တစ္ခုလံုးသည္ ဇာတ္ညႊန္းအတုိင္း သြားေနၿခင္းပင္ ၿဖစ္၏ ။ သူတုိ ့ ့ဘယ္လုိမ်ိဳး သရုပ္ေဆာင္ရမည္၊ ဘာေတြေၿပာၾကရမည္ ၊ ဘယ္လုိဟာသေနွာလုိက္ရမည္၊ ပထမ၊ ဒုတိယ၊ တတိယ ဆုပိုင္ရွင္တုိ့ ့မွာ မည္သူၿဖစ္ရမည္ကိုပင္ ဆံုးၿဖတ္ထားၾက ၿပီးသား ၿဖစ္၏ ။

ဒါရုိက္တာသည္ ၿပင္ဆင္္မႈုတို ့ လုပ္ၿပီးသြားသၿဖင့္
သူတို ့အား အုပ္စုဖြဲ ့ေပး ေတ့ာ၏ ။
ပထမအဖြဲ ့နွင့္ ေၿပာဆုိၿပီးသြားသည့္ေနာက္
လ်ိဳခ်န္း၊ ကုန္ရႊီနွင့္ တၿခားသူမ်ားဘက္ လွည့္လာသည္ ။

“လ်ိဳခ်န္း…မင္းက လူစီယန္းနဲ ့ တစ္ဖြဲ ့ဖြဲ ့လုိက္ ။
ကုန္ရႊီ…မင္းက ေရွာင္ယင္နဲ ့တစ္ဖြဲ ့။ ပရိသတ္ေတြစိတ္၀င္စားလာၾကေအာင္လုိ ့ စစခ်င္းမွာပဲ အၾကီးအက်ယ္စကားမ်ားၿပရမယ္ ။ ဇာတ္ညႊန္းအရ
လ်ိဳခ်န္းနဲ ့ကုန္ရႊီ…မင္းတုိ ့နွစ္ေယာက္စလံုးက လူစီယန္းကုိ လိုက္ပုိးရမယ္ ။ ဒါေပမယ့္ လူစီယန္းနဲ ့တစ္ဖြဲ ့တည္း က်မယ့္သူက လ်ိဳခ်န္းေနာ္ ။ အဲ့လုိ သိလိုက္ရတဲ့အခ်ိန္မွာ ကုန္ရႊီ…မင္းက သ၀န္တုိစိတ္ေတြ အမုန္းတရားေတြကို ထုတ္ၿပရမယ္…”

ကုန္ရႊီ ။  “…”

သြား . ေသ . ပါ . လား ။

ငါ့ဖင္ၾကီးပဲ သ၀န္တုိ ။

ဒါရုိက္တာက ဆက္ေၿပာလာသည္ ။
“ဇာတ္ညႊန္းအရဆုိ လ်ိဳခ်န္းနဲ့လူစီက ေနာက္ဆံုးမွာ ဆုရသြားတဲ့သူေတြ ၿဖစ္ရမယ္ ။ အဲ့ဒီေနာက္ လူစီယန္းက လ်ိဳခ်န္းကုိ ေၿပးဖက္ ၊ အဲ့လုိေၿပးဖက္ လုိက္တဲ့အခ်ိန္မွာ ကုန္ရႊီက ေဒါသအၾကီးအက်ယ္ေပါက္ကြဲသြားၿပီး လ်ိဳခ်န္းကို ေၿပးထုိးရမယ္…”

ကုန္ရႊီသည္ ခြက္ထုိးခြက္လန္ရယ္ေမာလာေတာ့သည္ ။
“ဘယ္လုိေသာက္က်ိဳးနဲ ဇာတ္ညႊန္းၾကီးလဲ ။ သခင္ငယ္ေလး (ငါ) က ဘာေၾကာင့္ အဲ့လုိလုပ္ရမွာလဲ ။ ငါလား အဲ့ဒီရုပ္ဆုိးမကို ၾကိဳက္မွာ ။ အဲ့ဟာမေၾကာင့္နဲ ့မ်ား ဘာလို ့ရန္ၿဖစ္ရမွာလဲ”

……………………………………………………

စာစဥ္ ၃၃ ၊ အခန္း ၁၄ ။ ပထမဆံုးေသာ အနမ္း

လူစီယန္း ေဒါသေထာင္းခနဲ ထြက္သြား၏ ။ သူမသည္ အနာက်င္ၾကီးနာက်င္ေၾကကြဲသြားသည့္ဟန္ လုပ္လုိက္၏ ။ သုိ ့ေသာ္၊ စိတ္ထဲတြင္မူူကား ေအးေအးစက္စက္ၾကီး ရယ္ေမာေနေလသည္ ။

သူကမ်ား ေၿပာရတယ္ရွိေသးတယ္ ။ သူ မရိုက္ခ်င္ရင္ေတာင္မွ ရိုရိုက်ိဳးက်ိဳးနဲ ့ ရုိက္ရမယ့္ဟာကိုမ်ား ။

ဒါရုိက္တာသည္ တုိးတုိးတိတ္တိတ္ ရယ္ေမာလာသည္ ။
“ဒီစကားမ်ိဳးက ေၿပာမယ့္ေၿပာ မိန္းကေလးဘက္က ေၿပာရမွာေလဗ်ာ ။ မင္းက အရြယ္ေရာက္ေနၿပီ…မိန္းကေလးဘက္က မင္းကို လာဖက္တယ္ ဆုိရင္ေတာင္မွ မင္းကသာ အၿမတ္ရတဲ့သူမဟုတ္ဘူးလား”

လ်ိဳခ်န္းသည္ ႏႈတ္ခမ္းတုိ့ကို ကုိက္လာမိ၏ ။
သူ ဆက္မေၿပာရေသးခင္ ခ်ိဳင္းယံုရွန္းက စိတ္မရွည္စြာၿဖင့္ ေလ်ွာက္လာေခ်ၿပီ ။

“မင္းတို ့နွစ္ေယာက္လံုး ဘာၿပသနာေတြ ရွာေနၾကၿပန္ၿပီလဲ ။ ဒါက အလုပ္ဆုိတာကို မသိဘူးလား ။ ဘာေတြၿဖစ္ေနၾက တာလဲ ။ ရီ ပုိင္က ေရႊတံဆိပ္ဆုရမန္ေနဂ်ာတစ္ေယာက္လုိ စြမ္းနုိင္တယ္မွတ္ေနတာ ။ ၾကည့္ရတာ ဘာမွမဟုတ္တဲ့ပံုပဲ - ဒီလုိအရည္အခ်င္းမ်ိဳးနဲ ့ သရုပ္ေဆာင္ ေတြကို ေလ့က်င့္ေပးထားရတယ္လုိ ့ကြာ”

သူ ့လက္ထဲတြင္ အာဏာအၿမင့္ ၾကီး ကိုင္ထားရသၿဖင့္ ခ်ိဳင္းယံုရွန္းသည္ ေအာက္စလြတ္သထက္လြတ္လာၿခင္းပင္ ၿဖစ္ေလသည္ ။

ရီပုိင္နွင့္ပတ္သက္ၿပီး ခ်ိဳင္းယံုရွန္း၏မထီေလးစား ရင့္ရင့္သီးသီး ေၿပာဆုိလာသည္ကုိ ၾကားလုိက္ရသၿဖင့္ လ်ိဳးခ်န္းသည္ ေၾကာင္အသြားရသလုိ ကုန္ရႊီ၏အမူအရာသည္လည္း ပ်က္ယြင္းသြားရ၏ ။ ကုန္ရႊီသည္ ခ်ိဳင္းယံုရွန္းဆီ ေၿပးတက္သြားေတာ့ၿပီး လည္ကုတ္ကေန ဆြဲကိုင္လုိက္ကာ ။
“မင္း ဘာေၿပာလုိက္တယ္ ။ မင္းအေဖ (ငါ) ေရွ ့မွာ ထပ္ေၿပာလုိက္စမ္း”

ခ်ိဳင္းယံုရွန္းသည္ မ်က္နွာဆူပုတ္ေနေလၿပီ ။
“အားယိုး…ဘာလဲ…မင္းကမ်ား ငါ့ကို ရုိက္ခ်င္လုိ ့လား ။
ကုန္ရႊီ…ငါ မင္းကုိ သတိမေပးဘူးဆုိၿပီး အၿပစ္မတင္နဲ ့။ ငါသာ မင္းကို ေမာင္းထုတ္ခ်င္တယ္ ဆုိရင္ စကားတစ္ခြန္း ထဲနဲ ့ ကုမၸဏီကေန ေမာင္းထုတ္ပစ္လုိက္လုိ ့ရတယ္ ။ ကမာ႓သာ မရွိရင္ မင္းလုိ ရုပ္ရည္ကလြဲၿပီး ဘာမွမရွိတဲ့ေကာင္က ေတေလဂ်ပုိးပဲ ၿဖစ္ေနဦးမွာပဲ ။
ဒီမွာ ၾကီးၾကီးက်ယ္က်ယ္ေတြ လာလုပ္ၿပေနရေအာင္ မင္းကိုယ္မင္း ဘယ္သူမွတ္ေနလဲ…ဟမ္”

ကုန္ရႊီသည္ ခ်က္ခ်င္းပင္ လက္သီးတုိ ့ကို က်စ္က်စ္ပါေအာင္ ဆုပ္လာသည္ ။

“မင္း…”

ခ်ိဳင္းယံုရွန္းသည္ အသက္ကို ခက္ခက္ခဲခဲရွဴေနရရင္းမွ
ကုန္ရႊီအား ၿမန္ၿမန္ဆန္ဆန္ ၿခိမ္းေၿခာက္လာေတာ့၏ ။
“လုပ္ေလ ။ ဆက္ၿပီးၾကီးၾကီးက်ယ္က်ယ္ေတြ လုပ္ေနစမ္းပါ ။ တစ္ခုခုၿဖစ္လုိ ့ကေတာ့ ရီပုိင္ တာ၀န္ယူရမယ္မွတ္ ။
ဒါဆုိ သူ ေၿဖရွင္းနုိင္ပါေတာ့မလား။ မငး္တုိ ့ရဲ့ဒါရုိက္တာ ရီ က ဒီအဆင့္ထိ ေရာက္လာဖို ့ကို ပင္ပင္ပန္းပန္း အားကုတ္အားခဲ ၾကိဳးစားထားခဲ့ရတာ ။ မင္းတုိ့နွစ္ေယာက္ ၿပသနာရွာေနဦးမယ္ဆုိရင္ေတာ့ သူ ့ရာထူးကို ဆက္ထိန္းထားနုိင္ပါေတ့ာမလားပဲ…ဟား ဟား ဟား…”

ကုန္ရႊီ၏လက္ေခ်ာင္းတုိ့သည္ မသိလုိက္မသိဘာသာပင္ ေၿပေလ်ာ့သြားရ ေတာ့သည္ - သူ ့ဆီမွာ ဘာပဲၿဖစ္လာပါေစ
သူ မမႈပါေခ် ။ သုိ ့ေသာ္၊ ရီပုိင္ကုိပါ ဆြဲထည့္မိမွာကိုေတာ့
သူ တကယ္စုိးေၾကာက္လွပါ၏ ။

ရီပုိင္သည္ သူ ့လုိမဟုတ္ပါေခ် ။
သူသည္ သရုပ္ေဆာင္ေလာကကို အေပ်ာ္လုိ ့မၿမင္ ။ ရီပုိင္သည္ ဤအလုပ္ကုိ ဘယ္ေလာက္ထိ တန္ဖုိး
ထားသည္ကုိ ကုန္ရႊီ ေကာင္းေကာင္းၾကီး သိထားပါ၏…

လ်ိဳခ်န္းသည္ အခ်ိန္အၾကာၾကီးၾကာေအာင္ တိတ္ဆိတ္သြား ၏ ။ ေနာက္ဆံုးတြင္မွ အသက္ကို ခပ္ၿပင္းၿပင္းရွဴရိႈက္လုိက္ ္ကာ  ။

“ငါ လုပ္မယ္”

ကုန္ရႊီ၏လက္ေခ်ာင္းတုိ ့သည္လည္း တၿဖညး္ၿဖည္းခ်င္း ေၿပေလ်ာ့လာၿပီး လႊတ္ေပးလုိက္၏…

ခ်ိဳင္းယံုရွန္း နွစ္ေထာင္းအားရၿဖစ္သြားရသည္ ။ သူ၏အက်ီၤေကာ္လံကို ပုတ္ခတ္လုိက္ၿပီး ေခ်ာင္းအသာအယာ ဟမ့္လာ၏ ။
“အဲ့လုိမွေပါ့ ။ မင္းတုိ ့ေတြ လိမ္လိမ္မာမာနဲ ့ ့စကားနားေထာင္ေနသေရြ ့ အားလံုးအတြက္ အဆင္ေၿပတယ္”

ထုိ ့ေနာက္ သူက ဒါရုိက္တာဘက္သို ့လွည့္လိုက္သည္ ။
“ဒါရုိက္တာ…ဆက္လုပ္ပါ ။ ကေလးေတြက ဒီလုိပဲ…ၿပသနာ သိပ္ရွာတတ္ၾကတယ္ ။ ဒါရုိက္တာ ေဗြမယူဖုိ ့ ့ေမ်ွာ္လင့္ပါတယ္ဗ်ာ”

“ရပါတယ္ဗ်ာ၊ ဘာမွမၿဖစ္ပါဘူး….”

ဒါရုိက္တာသည္ ခ်ိဳင္းယံုရွန္းဆီသုိ ့သြားလုိက္ၿပီး သူ ့အတြက္ ရိုရိုက်ိဳးက်ိဳးနွင့္ စီးကရက္မီးညွိေပးကာ တုိးတုိးေလးေၿပာလာ သည္ ။
“ဘယ္လုိလုပ္ရမလဲဆိုတာ ဒါရုိက္တာခ်ိဳင္းပဲ သိတယ္ဗ်ာ ။ ဒါရုိက္တာရဲ့အုပ္ထိန္းမႈေအာက္က သရုပ္ေဆာင္ေတြက ဒါရုိက္တာအေပၚမွာေတာ့ ေတာ္ေတာ္ေလးရုိက်ိဳးၾကတယ္ဗ်”

ခ်ိဳငး္ယံုရွန္းက ရယ္ေမာလာသည္ ။
“ရုိက်ိဳးရမွာေပ့ါဗ်ာ ။ သူတို ့ရထားသမွ်အားလံုးက ကမာ႓ကေနပဲေလ။ ကမာ႓က သူတုိ့ကို ေပးထားသမ်ွကို အခ်ိန္မေရြးၿပန္ယူပစ္လုိ ့ရမွေတာ့ သူတုိ ့ က်ြန္ေတာ့္ေရွ ့ ဦးက်ိဳးေနမွပဲရမွာေပါ့”

ေၿပာေနရင္းမွာပင္ ခ်ိဳင္းယံုရွန္း၏မ်က္လံုးတို ့ ၀င္းတက္လာသည္ ။
သူ ့မ်က္နွာေပၚတြင္ အဆီတ၀င္း၀င္းေၿပာင္ေနလ်က္ စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာခ်လာသည္ ။

“ေနဦး..ေနဦး ။ က်ြန္ေတာ့္မွာ အၾကံတစ္ခုရွိတယ္ - လူစီကုိ လ်ိဳခ်န္းကို ေၿပးဖက္ခုိင္းၿပီးရင္ ကုိယ့္ကိုယ္ကို စိတ္မထိန္းနုိင္သလုိမ်ိဳးနဲ ့ နမ္းခုိင္းလုိ္က္ရင္ေရာ ။ ဒါဆို ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္း မသြားဘူးလား။ ဒါရို္က္တာ… ဘယ္လုိထင္လဲ”

ဒါရုိက္တာသည္ ဤသည္ကို ၾကားလုိက္ရလ်ွင္
လံုး၀ကုိ သေဘာတူလာသည္သာ ။

“မဆုိးဘူး..မဆုိးဘူး ။ ဒါရုိက္တာ ခ်ိဳင္းရဲ့အၾကံက အလုပ္ၿဖစ္ေလာက္တယ္ ဗ် ။ စိတ္၀င္စားဖုိ ့ေကာင္းတယ္”

ဤသည္မွာ လ်ိဳခ်န္း၏ဖန္သားၿပင္ထက္ေပၚက ပထမဦးဆံုးေသာအနမ္း ၿဖစ္သည္ မဟုတ္ပါလား ။ ၾကည့္ရႈသူဦးေရမွာ ေသခ်ာေပါက္ကုိ မိုးပ်ံတက္သြားေတာ့ မည္ပင္ ။

………………………………………………………

စာစဥ္ ၃၃၊ အခန္း ၁၅ ။ က်ြန္ေတာ့္လူေတြကို လာေခၚတာ

သူတို့နွစ္ဦးသည္ လ်ိဳခ်န္း၏သေဘာထားကို ေမးၿမန္းၿခင္းပင္ မရွိၾက ။ ခ်က္ခ်င္းပင္ ဇာတ္ညႊန္းကို ေၿပာင္းပစ္လုိက္ၾက၏ ။

လ်ိဳခ်န္းသည္ လက္သီးကို တင္းေနေအာင္ဆုပ္ထား၏ ။

အနုပညာေလာကထဲတြင္ အလုပ္လုပ္ေနသူတစ္ေယာက္ အဖို ့ ဤကဲ့သုိ ့ကိစၥမ်ိဳးသည္ မထူးဆန္းပါေခ်၊ ဒီထက္ပိုဆိုးသည္တုိ့ကိုပင္ သူ ၿဖတ္ေက်ာ္လာခဲ့ရၿပီးၿပီ မဟုတ္ပါလား…

သို ့ေသာ္လည္း၊ သူ သရုပ္ေဆာင္ေလာကထဲ ၀င္လာခ်ိန္ကတည္းက အစ္ကို ရီ ၏ေကာင္းေကာင္း ကာကြယ္ေပးၿခင္းကို ခံခဲ့ရ၏ ။ အစ္ကုိ ရီ သည္ သူူ ့အား ဒီလုိအရာမ်ိဳးကိုု ဘယ္ေတာ့မွ လုပ္ခုိင္းၿခင္းမရွိပါေခ် ။
သူ လုပ္ရသည္မွာ အလုပ္ကိုၾကိဳးၾကိဳးစားစားလုပ္ၿပီး ေကာင္းေကာင္း သရုပ္ေဆာင္ရံုသာ ၿဖစ္၏…

ခ်ိဳင္းယံုရွန္းသည္ ကုန္ရႊီအား တီမထင္စြာၿဖင့္ ၾကည့္လာသည္ ။
“ဟုတ္သားပဲ….ကုန္ရႊီ ၊ မင္းက လူစီကို လ်ိဳခ်န္း နမ္းၿပီး သြားတာနဲ ့ ေၿပးထုိးရမယ္ေနာ္ ။ တကယ့္အတုိင္းတူေအာင္လုပ္…နားလည္လား ။
မင္းက ဒီလုိမ်ိဳးေတြမွာ အရမ္းက်ြမ္းတာပဲ မဟုတ္လား။ ဟားဟားဟား…”

ကုန္ရႊီ၏လက္သီးတို ့သည္လည္း က်စ္က်စ္ပါေအာင္ ဆုပ္ထားေနၿပီး အေၾကာတုိ ့ပင္ ထုိးထုိးေထာင္ေထာင္ ္ၿဖစ္ေနလ်က္ သူ၏မ်က္လံုးတုိ ့သည္ နီရဲခ်ိတ္လုိ ့ေနေလၿပီ…

ဒါရုိက္တာက စိတ္အားထက္သန္စြာၿဖင့္ လက္ခုပ္တေၿဖာင္းေၿဖာင္း တီးလိုက္၏ ။
“ကဲ..ကဲ...အားလံုးပဲ ကိုယ့္ေနရာကို ၿပန္ၿပီး ေနရာယူထားမယ္”

ဂိမ္းအစီအစဥ္သည္ ဇာတ္ညႊန္းအတုိင္းသြားေနခဲ့ၿပီး လူစီယန္းသည္ လ်ိဳခ်န္းဆီကေန ရသမ်ွသမေနေလသည္ ။ ကုန္ရႊီသည္ပင္ သည္းမခံနုိင္ေတာ့ေပ ။ သို ့ေသာ္ လ်ိဳခ်န္းသည္ကေတာ့ တည္ၿငိမ္မႈကို ဆက္ထိန္းထားၿပီး လံုး၀ေပါက္ကြဲမၿပပါေခ် ။

ဂိမ္းၿပီးသြားသည့္ေနာက္ အစီအစဥ္တင္ဆက္သူသည္ အံ့ၿသဘနန္းအမူအရာၿဖင့္ ေၿပာလာသည္ ။

“၀ုိး…အံ့ၿသစရာေကာင္းလုိက္တာဗ်ာ ။ လ်ိဳခ်န္းနဲ ့လူစီတုိ ့ ပထမဆုကို ရသြားတဲ့အတြက္ ဂုဏ္ယူပါတယ္ဗ်ာ ။ နတ္ဘုရားမေလး လူစီ အေနနဲ ့ လ်ိဳခ်န္းကို ေပြ ့ဖက္ၿပီး ဆုမခ်သင့္ဘူးလားဗ်ာ”

လူစီသည္ ရွက္ေသြးၿဖာစြာၿဖင့္ ေၿပာဆိုလာသည္ ။
“ဂိမ္းကစားတဲ့အခ်ိန္တုန္းက က်ြန္မကို ေစာင့္ေရွာက္ေပးတဲ့ အတြက္ ေက်းဇူးပါေနာ္ ။ လ်ိဳခ်န္း…က်ြန္မတုိ ့ ပထမဆု ရသြားတာ တကယ္ကို ၀မ္းသာလုိက္တာ ။ လ်ိဳခ်န္း…ေက်းဇူးေနာ္”

လူစီယန္းသည္ ေၿပာၿပီးသည္နွင့္ လ်ိဳခ်န္းဆီ ေလ်ွာက္လာ၏ ။ ဤရိႈးပြဲ ထုတ္လႊတ္ၿပီးသြားသည္နွင့္ ၾကည့္ရႈသူဦးေရသည္ ၿမင့္တက္လာေတာ့မည္…

လ်ိဳခ်န္းသည္ ေနရာတြင္ပင္ ရပ္ေန၏ ။ သူ၏ေနာက္ေက်ာသည္ ေတာင့္တင္းသြားသလုိ ကုန္ရႊီ၏မ်က္နွာသည္လည္း အလြန္အမင္း မည္းပုတ္သြားၿပီး ရီမူဖန္၏မ်က္နွာသည္လည္း စုိးရိမ္စိတ္တုိ ့ ၿပည့္လ်ွမ္းေနေလ ၿပီ ။

ဒါရုိက္တာ၏ဇာတ္ညႊန္းအတုိင္းသာ သူတို ့ ့တကယ္သရုပ္ေဆာင္လုိက္ပါက ကုန္ရႊီနွင့္လ်ိဳခ်န္းအေပၚ ထားၾကသည့္လူထုပရိသတ္၏အၿမင္မွာ လံုး၀ ပ်က္စီးသြားေပေတာ့မည္ ။ သူတို ့နွင့္ပတ္သက္ၿပီး ထြက္ထားသည့္ ေကာလဟလတို ့သည္ အမွန္လုိ ၿဖစ္သြားေပလိမ့္မည္ ။ ထုိ ့အၿပင္ လ်ိဳခ်န္းသည္ သူ၏ “စံၿပမင္းသား” ဆုိသည့္ပံုရိပ္အား အၿပီးတုိင္ ႏႈတ္ဆက္ရ ေပလိမ့္မည္…

လူစီယန္သည္ လ်ိဳခ်န္းဆီကို ေလွ်ာက္လာေနသည္ ။
ရွက္ရြံ ့ဟန္ေလး ေပၚလာလ်က္ သူ ့ဆီ တုိးကပ္လာသည္…

“ငါေခြးတဲ့မွ…” ရီမူဖန္ အေၾကာက္အလန္ ့ၿဖစ္ေနမိေလၿပီ ။

လူစီသည္ သူမလက္ကို ဆန္ ့ထုတ္လာၿပီး လ်ိဳခ်န္းအား ဖက္လုိက္၏ ။ ထုိ ့ေနာက္ အခြင့္အေရးယူကာ စိတ္ပါလက္ပါ နွင့္ သူမႏႈတ္ခမ္းကို သူ ့မ်က္နွာဆီ တည့္တည့္ၾကီးတုိးကပ္ လာေခ်ၿပီ ။

လူစီယန္း၏ႏႈတ္ခမ္းတုိ ့ လ်ိဳခ်န္းအား ထိလုထိခင္ ၿဖစ္လာခ်ိန္၊
“၀ွစ္ခ်္” ခနဲ အသံတစ္သံ ထြက္လာၿပီး လ်ိဳခ်န္း၏တစ္ကိုယ္လံုးအား ေဆာင့္ေၾကာင့္ဆြဲပစ္လုိက္၏

-----

လ်ိဳခ်န္းသည္ ရုတ္တရက္ၾကီး အေနာက္သို ့ဆြဲခ်ခံလုိက္ရၿပီး ေနာက္ တစ္ေယာက္ေယာက္ေပၚ လဲက်သြားေတာ့၏ ။
ထုိ ့ေနာက္ သူနွင့္ ရင္းနွီးက်ြမ္း၀င္ေနၿပီးသားအေငြ ့အသက္ တစ္ခုကို ခံစားလုိက္ရ၏….

လ်ိဳခ်န္းသည္ မယံုၾကည္နုိ္င္စြာၿဖင့္ လွည့္ၾကည့္လုိက္ခ်ိန္ ထုိလူကုိ ေတြ ့လုိက္ရၿပီး ပါးစပ္အေဟာင္းသား ၿဖစ္သြားရသည္ ။

“အစ္ကုိ….အစ္ကုိ ရီ…”

သူ ၿမင္ေနရသည္မွာ အက်ီၤအနားတုိ့တြင္ တရုတ္ခ်ည္မ်ွင္တို ့ ထုိးထားၿပီး စိမ္းေဖ်ာ့ေဖ်ာ့ေရာင္၀တ္ဆင္ထားသည့္ လူတစ္ေယာက္ ။ အက်ီၤလက္ကေန နွင္းလုိဥေနသည့္ လက္ၿဖဴၿဖဴေလးတို ့ ထုိးထြက္ေနၿပီး သူ၏လက္ေခ်ာင္းတုိ ့ သည္ ေက်ာက္စိမ္းအလားနွယ္ ၾကည္လင္ရွင္းသန္ ့မႈကို လွစ္ဟၿပေနသည္ ။ သူသည္ ေအးစက္သည့္အမူအရာ၊ တင္းမာသည့္ဟန္ထား၊ စိတ္ပ်က္သည့္ မ်က္၀န္းတုိ ့ၿဖင့္ ၾကည့္ေနၿပီး သူ၏ႏႈတ္ခမ္းေထာင့္စြန္းတုိ ့သည္ မသိမသာ ေလး ၿမင့္တက္လာ၏…

ေရွးေခတ္ကဆုိပါလ်ွင္ သူ ့အေရွ့က ဤေယာက်ား္သည္ ၿမင့္ၿမတ္သည္၊ ခန္ ့ညားသည္၊ တုႏိႈင္းလုိ ့မရသည့္ ေတာ္၀င္မင္းသားတစ္ပါးနွင့္ ခပ္ဆင္ဆင္…

အစ္ကုိ ရီ သည္ ဘယ္အခ်ိန္က ေပၚလာခဲ့မွန္း
သူတုိ ့မသိလုိက္ပါေခ် ။ လူစီယန္းသည္ လ်ိဳခ်န္းအား မထိရေသးခင္ သူသည္ လ်ိဳခ်န္းအား အေနာက္သို ့ ့ဆြဲပစ္လုိက္ၿပီး သူ့့အေရွ ့ကေန ဒုိင္းသဖြယ္ ကာဆီးေပး ေနသည္ ။

“အစ္ကုိ ရီ…အစ္ကုိ ၿပန္လာၿပီလား”

စိတ္လႈပ္ရွားစြာၿဖင့္ ေၿပာဆုိလာသည္ ကား ကုန္ ရႊီ ။

ကုန္ရႊီ၏အသံစာစာ ထြက္လာေတ့ာမွ ေနရာမွာရွိေနၾကသည့္လူတုိင္း အသိစိတ္တုိ ့ကပ္သြားၾကရ၏ ။

ရီ၀မ္၀မ္သည္ ရုတ္တရက္ၾကီးေပၚခ်လာၿပီး သူတုိ ့ ့ရုိက္ကူးေရးအား ၀င္ဖ်က္လုိက္သည္ကို ၿမင္လုိက္ရသၿဖင့္ ခ်ိဳင္းယံုရွန္း၏အမူအရာ ပ်က္ယြင္းသြားရ၏ ။
“ရီ ပုိင္…မင္းကိုယ္မင္း ဘာလုပ္ေနတယ္လုိ ့ထင္လဲ”

ရီ၀မ္၀မ္သည္ ေၿဖးေၿဖးခ်င္းပင္ ဘာမွမပါသည့္ အၿပံဳးတစ္ခုကို ထုတ္ၿပလာသည္ ။
သူမ၏အသံသည္ ေတာင္ကုန္းေပၚက တုိက္ခတ္ေနသည့္ ေလၿပည္ေလညင္းေလးပမာ ။
“ဘာမွမလုပ္ပါဘူး ။ က်ြန္ေတာ့္လူေတြကို ၿပန္လာေခၚရံုပါ”

…………………………………………………

စာစဥ္ ၃၃၊ အခန္း ၁၆ ။  ထြက္သြားၾကၿပီ

ဒီအခုိက္ အနားမွာရွိေနၾကသည့္ သရုပ္ေဆာင္အားလံုးနွင့္ ၀န္ထမ္းအားလံုးတုိ ့သည္ တုိးတုိးၿပဳလာကုန္ၾကသည္…

“၀ုိး…အရမ္း…အရမ္းကုိ ေခ်ာလုိက္တာ…အဲ့ဒါ ဘယ္သူလဲ”

“ဒါရုိက္တာ ခ်ိဳင္း က သူ ့ကို ရီပုိင္ လုိ ့ေခၚတာ ၾကားလုိက္တယ္… ကုန္ရႊီနဲ ့ လ်ိဳခ်န္းရဲ့မန္ေနဂ်ာနဲ ့တူတယ္ - ဒက္ဇလင္းက အသစ္တက္လာတဲ့ ဒုဥကၠဌ”

“၀ါး…နင္ တကယ္ၾကီးေၿပာေနတာလား ။ ဒီေလာက္ေခ်ာတဲ့ မန္ေနဂ်ာ တကယ္ရွိတယ္လား ။ မန္ေနဂ်ာေတြအားလံုးသာ ဒီလုိေခ်ာေနၾကမယ္ ဆုိလို ့ကေတာ့ သရုပ္ေဆာင္ေတြ အကုန္ သူတုိ ့အေပၚ ပစ္ေၾကြကုန္ၿပီးေလာက္ၿပီ..ဟဲဟဲ”

….

သူမအတြက္ နာမည္ၾကီးေၿပာစရာၿဖစ္ေစမည့္အခြင့္အေရးကုိ ၀င္ၿဖတ္ခံလုိက္ရသၿဖင့္ လူစီယန္းသည္ စိတ္ဓာတ္က်သြားၿပီး ခ်ိဳင္းယံုရွန္းအား အကူအညီေတာင္းသည့္ဟန္ၿဖင့္ ၾကည့္လာေတာ့၏ ။

ရီပုိင္သည္ လူေပါင္းမ်ားစြာေရွ ့တြင္ သူ ့အား စိန္ေခၚေနၿခင္း ၿဖစ္သၿဖင့္ ခ်ိဳင္းယံုရွန္း၏မ်က္နွာမွာ မည္းပုတ္ေနေလသည္ ။ အံကိုၾကိတ္လုိက္ၿပီး သူ ေၿပာလာသည္ ။

“ဒါက ဘာစကားလဲ - ဒီေနရာမွာ မင္းလူလုိ ့ေၿပာရေအာင္ မင္း ဘယ္သူ ့ကုိ ပိုင္လုိ ့လဲ ။ ကုန္ရႊီနဲ ့လ်ိဳခ်န္းက ကုမၸဏီက ပုိင္တဲ့သူေတြ ။ ငါတုိ ့ အခု အစီအစဥ္ရုိက္ေနတာကို နားမလည္ဘူးလားကြ”

ရီ၀မ္၀မ္သည္ ထူးမၿခားနားစြာၿဖင့္ ၿပန္ေၿပာလာသည္ ။
“အဲ့ဒီေတာ့…”

ခ်ိဳင္းယံုရွန္း၏လက္ထဲတြင္ ၀ွက္ဖဲရွိေနသည္မဟုတ္ပါလား ။ သူသည္ သူမအား မေထ့တေထ့ၿဖင့္ ၿခိမ္းေၿခာက္လာေတာ့ သည္ ။
“ရီပုိင္…မင္း ငါ့ကို မဆန္ ့က်င္ခင္ နွစ္ၾကိမ္ၿပန္စဥ္းစားထား တာ ပုိေကာင္းလိမ့္မယ္ ။ မင္းရဲ့ဒီေန ့လုပ္ရပ္ကုိသာ ဥကၠဌ ခ်ဴး သိသြားရင္ အက်ိဳးဆက္ကေတာ့…”

အစတုန္းက ဤေယာက်ာ္းအား မဖယ္ရွားပစ္နုိင္မည္ကုိ ခ်ိဳင္းယံုရွန္း စိတ္ပူခဲ့မိပါ၏ ။ သိုု့ေသာ္၊ အခုခ်ိန္တြင္ သူကုိယ္တုိင္ တကူးတက ေရာက္လာၿပီး ၿပသနာလာရွာေနၿခင္းၿဖစ္ေလရာ ခ်ိဳင္းယံုရွန္းအေနၿဖင့္ ဒီအခြင့္အေရးကို အသံုးခ်ၿပီး သူ ့အား နွိပ္ကြပ္ပစ္ရမည္၊
သူ ့ရာထူးအား ေလ်ွာ့ခ်ပစ္ရမည္သာပင္…

မဟုတ္ပါက ရီပုိင္သည္ သူ ့ရာထူးၿဖင့္ ၀င္ရႈပ္လာပါလ်ွင္ သူသည္သာ စိတ္မေပ်ာ္မရႊင္ၿဖစ္ရေပလိမ့္မည္ ။

“ေအာ္…အက်ိဳးဆက္လား”

ရီပုိင္သည္ မ်က္ခံုးတုိ ့ ပင့္တက္သြားၿပီး၊ ေနာက္ စာအိတ္ေလးတစ္အိတ္ကို ထုတ္ယူလုိက္၏ ။ ထုိစာအိတ္အား လက္ေခ်ာင္း ထဲ ထည့္လုိက္ရင္း
ေ၀ွ ့ယမ္းၿပကာ ။
“မင္း ေၿပာတာ…ဒါလား”

စာအိတ္ေပၚတြင္ ေရးထားသည္ကား ။
“ႏႈတ္ထြက္ၿခင္း”

စာအိတ္ေပၚတြင္ေရးထားသည့္စာလံုးကို ရွင္းရွင္းလင္းလင္း ၿမင္လုိက္ၿပီးသည့္ေနာက္ ခ်ိဳင္းယံုရွန္း၏မ်က္လံုးတုိ ့က်ဥ္းက်ံဳ ့သြားေတာ့ၿပီး မယံုၾကည္ႏိုင္စြာၿဖင့္ ရီပုိင္အား ၾကည့္လာသည္ ။
“မင္း…မင္းက ႏႈတ္ထြက္ခ်င္တယ္လား”

ရီပုိင္သည္ ႏႈတ္ထြက္စာတင္ရဲလိမ့္မည္ဟု
သူ ဘယ္တုန္းကမွ စိတ္ကူးထဲမေတြးၾကည့္မိဖူးေပ ။

အနုပညာေလာကဆုိသည္မွာ အလြန္တရာရႈပ္ေထြးၿပီး အသက္ရွင္ဖုိ ့ရာ ၾကမ္းတမ္းခက္ခဲသည့္ ခရီးလမ္းၿဖစ္၏ ။
သူ ့အသက္အရြယ္နွင့္ ဒုဥကၠဌ ဆုိသည့္ရာထူးကို ေရာက္ရွိလာဖုိ ့ဆုိသည္မွာ လူေတာ္ေတာ္မ်ားမ်ား အိပ္မက္ပင္မမက္၀ံ့သည့္အရာ ၿဖစ္ေခ်သည္ - ဤသည္ကုိ အခုေတာ့ သူက အရာအားလံုးကုိ စြန္ ့လႊတ္ပါမည္တဲ့လား ။

ရီ၀မ္၀မ္သည္ ႏႈတ္ထြက္စာအား ခ်ိဳင္းယံုရွန္း၏လက္ေထာက္ဆီ ပစ္ေပါက္ပစ္လုိက္ၿပီး ။
“ကိုယ့္ဘာသာကိုယ္ ၾကည့္ၾကည့္လုိက္”

ငါလေခြးတဲ့မွ…ဒီေကာင္စုတ္က တကယ္ၾကီးအလုပ္ထြက္ရဲတယ္လား ။

ခ်ိဳင္းယံုရွန္းက သူ ့အား ၾကည့္လုိက္သည္ ။
“ရီပုိင္…ေကာင္းကြာ၊ သိပ္ေကာင္းတယ္ ။ ေတာ္ေတာ္ကုိ သတိၱေကာင္း ေနတယ္ေပါ့ေလ…ဟမ္ ။ မင္းက အလုပ္ ထြက္ခ်င္တာလား ။ ရတယ္ေလ… အခုကစၿပီးေတာ့
မင္းနဲ ့ ဒက္ဇလင္းက ဘာမွမဆုိင္ေတာ့ဘူး ။
ကုန္ရႊီနဲ ့ လ်ိဳခ်န္းကိစၥထဲ ၀င္စြက္ဖက္ရေအာင္ မင္းကုိယ္မင္း ဘာမွတ္ေနလဲ”

ရီ၀မ္၀မ္သည္ လ်ိဳခ်န္းနွင့္ကုန္ရႊီအား ၾကည့္လုိက္သည္ ။ သူမ၏အၾကည့္တုိ ့သည္ သူရိန္ေနမင္းၾကီးအလား ေတာက္ပရႊန္းစားလွ၏ ။

“လိုက္မွာလား”

လ်ိဳခ်န္းနွင့္ကုန္ရႊီတုိ ့သည္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လုိက္ၾကၿပီး တြန္ ့ဆုတ္ၿခင္းအလ်ဥ္းမရွိဘဲ တစ္ၿပိဳင္တည္းေခါင္းညိတ္ၿပလာၾက၏ ။
လ်ိဳခ်န္း၏အၿမဲတေစထူးမၿခားနားရွိေနခဲ့သည့္ မ်က္၀န္းတုိ့ သည္ပင္
ခ်က္ခ်င္း အလင္းေရာင္တုိ့နွင့္ ၿပည့္လ်ွမ္းလာေတာ့ၿပီး သူ၏မ်က္နွာသည္ ခါတုိင္းနွင့္မတူေအာင္ အလြန္တရာပင္ တည္ၾကည္ေလးနက္လာ၏ ။

“အစ္ကုိ ရီ…အစ္ကုိ ဘယ္သြားသြား က်ြန္ေတာ္ လုိက္မယ္”

ကုန္ရႊီသည္လည္း စိတ္လႈပ္ရွားမႈတုိ ့ လ်ွံတက္လာေလၿပီ ။
“လခြမ္း…အစ္ကုိ ရီ…ေနာက္ဆံုးေတာ့ အစ္ကုိ ဒီစကားကို ေၿပာလာၿပီ - က်ြန္ေတာ့္မွာ ဒါကို ေစာင့္ေနတာ ဟုိးအၾကာၾကီး အၾကာၾကီး ရွိေနၿပီဗ်”

ဒက္ဇလင္း၏ပုိက္ဆံအရွာေပးနုိင္ဆံုး A စာရင္း၀င္ သရုပ္ေဆာင္နွစ္ေယာက္ သည္ ရီပုိင္နွင့္အတူ ထြက္သြားေတာ့မည္လုပ္ေနတာကို ၿမင္ေနရသၿဖင့္ ခ်ိဳင္းယံုရွန္းမွာ အနည္းငယ္ထိတ္လန္ ့လာမိေတာ့၏ ။ သူသည္ လူတုိင္း၏ အေရွ ့တြင္ ေအာ္ေငါက္လာေတာ့သည္ ။

“မင္း…မင္းတုိ ့ေတြ ။ မင္းတုိ ့ရူးကုန္ၿပီလားကြ ။
စာခ်ဳပ္ကုိ ဖ်က္လိုက္တာရဲ့ အက်ိဳးဆက္ကို သိၾကရဲ့လား ။ ကုန္ရႊီ…လ်ိဳခ်န္း ‘ဥာဏ္ရွိတဲ့သူတုိင္း အေၿခအေနကို စဥ္းစားတတ္တယ္’  - ရီပုိင္ဆီမွာ သူ ဘာအာဏာ၊ ဘာေနာက္ခံမွ မရွိဘူး ။ သူ ဒက္ဇလင္းကေန ထြက္သြားတာနဲ ့ သူက ဘာမွမဟုတ္ေတာ့ဘူး ။
သူ ့ေနာက္ကို လုိက္ရင္ မင္းတုိ ့နွစ္ေယာက္လံုး ကိုယ့္အနာဂတ္ကုိယ္ ဖ်က္ဆီးပစ္လုိက္တာနဲ ့အတူတူပဲေနာ္ ။ မင္းတုိ ့ ဆံုးၿဖတ္ခ်က္မခ်ခင္ ေသေသခ်ာခ်ာစဥ္းစားၾကဦး”

လ်ိဳခ်န္းသည္ ေနရာတြင္ ရပ္ေန၏ ။
သူသည္ စကားတစ္ခြန္းမွ မေၿပာ၊ သူ ့လက္ထဲက အစီအစဥ္၏နာမည္ကတ္ကိုသာ ၿဖဲစုတ္ပစ္လုိက္ေတာ့၏ ။

ကုန္ရႊီသည္လည္း ခ်က္ခ်င္းပင္ သူ ၀တ္ထားပါသည့္
အဖြဲ ့၀တ္စံုအား ခ်ြတ္ပစ္လုိက္ၿပီး ေၿမၾကီးေပၚ ေကာက္ေပါက္ပစ္လုိက္ကာ ခ်ိဳင္းယံုရွန္း ဆီသို ့ အေပၚပုိင္းကိုယ္လံုးတီးၿဖင့္ ေၿပးသြားၿပီး လက္ခလယ္ေထာင္ၿပ လုိက္ရင္း ။ 
“ဒါပဲရမယ္…အရူးေကာင္”

တစ္ခ်ိန္တည္းမွာပင္ ရီမူဖန္သည္ လူစီယန္း၏ ကုတ္အက်ီၤနွင့္အိတ္ကုိ သူမလက္ေထာက္၏လက္ထဲ ထုိးထည့္ေပးလုိက္ၿပီး သူ ့မ်က္နွာထက္က ေအးစက္စက္ေနမႈၾကီးကုိ ခြာခ်ပစ္လုိက္ေတာ့၏ ။
ထုိ ့ေနာက္ ေလတခ်ြန္ခ်ြန္ၿဖင့္ ေအာ္ေၿပာလာေတ့ာသည္ ။

“ေဟ့…ငါ့ကုိလည္း မေမ့ထားနဲ့ေလ”

“၀ိုး ၀ိုး…ငါတုိ့ေတြ လြတ္လပ္သြားၿပီကြ ။ အစ္ကုိ ရီ…က်ြန္ေတာ့္ကုိ အၿမင့္ေရာက္ေအာင္ လုပ္ေပးေနာ္ -----”

ကုန္ရႊီသည္ အေ၀းတေနရာတြင္ ေပ်ာ္ရႊင္အားရစြာ ခုန္ေပါက္ေနသည္ ။

သူရိန္ေနမင္းၾကီးေအာက္တြင္ ထြက္ခြာသြားၾကသည့္
သူတုိ ့၏ေနာက္ေက်ာၿပင္တုိ့သည္ ေနေရာင္ၿခည္အလား အလင္းေရာင္တုိ ့ၿဖာထြက္ေနၾကသည္…

သူတုိ့ရဲ့ဘ၀ခရီးလမ္း စရေတာ့ေပမည္…

သူတို ့ေလးဦးသားသည္ နဲနဲေလးမွ တြန္ ့ဆုတ္ၿခင္းမရွိဘဲ ထြက္သြားၾကသည္ကုိ ၾကည့္ေနမိရင္း ခ်ိဳင္းယံုရွန္း၊ လူစီယန္း၊ ဒါရိုက္တာနွင့္ အေနာက္မွာက်န္ခဲ့ၾကသည့္လူတုိင္း ပါးစပ္အေဟာင္းသား ၿဖစ္ေနၾက၏…

………………………………………………………

စာစဥ္ ၃၃၊ အခန္း ၁၇ ။ ယွဥ္ရခက္သည့္ၿပိဳင္ဘက္

သူတုိ ့သြားၾကၿပီ…

သူတုိ ့ တကယ္ၾကီး ဒီလုိထြက္သြားၾကၿပီလား…

တစ္ေယာက္သည္ ေသအံ့ဆဲဆဲအေၿခအေနကိုပင္ ၿမင့္တက္လာေအာင္ လုပ္ေပးနုိင္သည့္ ဒက္ဇလင္း၏ ေရႊမန္ေနဂ်ာ၊ ရီပုိင္ ။
က်န္တစ္ေယာက္ သည္ လက္နွင့္ထိ႐ံုႏွင့္ အလန္းစား ၿဖစ္သြားေအာင္ ဖန္တီးေပးနုိင္သည့္ နာမည္ေက်ာ္ ထိပ္တန္းဒီဇိုင္နာ၊ ဖီးလစ္ ။ က်န္ႏွစ္ေယာက္သည္ကား ဒက္ဇလင္း၏အသက္ကယ္ေဆးၿပား - နာမည္ေက်ာ္မင္းသားေလး ကုန္ရႊီ နွင့္ နာမည္ၾကီးေနသည့္သရုပ္ေဆာင္သစ္ လ်ိဳခ်န္း ။

ဤေလးေယာက္သည္ ဒက္ဇလင္းကေန တၿပိဳင္တည္း ဒီလုိမ်ိဳး ထြက္သြားၾကၿပီလား ။

ရိႈးပြဲအား ရုိက္ကူးေနၾကသည့္၀န္ထမ္းအားလံုးသည္ တခနေလာက္ ေၾကာင္အသြားမိၾကၿပီးေနာက္ ေ၀ါခနဲ ဆူညံလာေတာ့ကာ ခ်ိဳင္းယံုရွန္းအား သတိမထားမိဘဲ ၾကည့္မိကုန္ၾက၏ ။

“ေသာက္က်ိဳးနဲ…ရီပုိင္က တကယ္ကိုေထာင္လႊားတာပဲဟ ။ ခ်ိဳင္းယံုရွန္းကို ဒီလုိမ်ိဳး အရွက္ခြဲပစ္တယ္ ။ ဒက္ဇလင္းက နတ္ဘုရားေတြကုိေတာင္မွ မသြားလုိက္ေသးတယ္”

“အင္းေနာ္…ဒါ နဲနဲေတာ့ မလြန္ဘူးလား”

ဒီအခုိက္ ခေရေစ့တြင္းက်သိေနပါသည့္ တစ္စံုတစ္ေယာက္သည္ ေရွ့သို ့ထြက္လာသည္ ။
“နင္တုိ ့ဘာသိလုိ ့လဲ ။ ရီပုိင္ ေၾကာင့္သာမဟုတ္ရင္
အဲဒီ ‘အနုိင္က်င့္’ တယ္ဆုိတဲ့ကိစၥနဲ့ေၾကာင့္ ကုန္ရႊီ
လံုး၀ကို ဂြမ္းသြားေတာ့မွာဟ”

“ၿပီးေတာ့…ဖီးလစ္ဆုိတာက ရီပုိင္ကိုယ္တုိင္ ေခၚထားတဲ့သူ - စတုိင္သေပးဖုိ ့အတြက္ သူ ့ကို ေတာင္းပန္ခယေနၾကတဲ့ မီဂါစတားေတြမွ ေသာက္ေသာက္လဲ ေရလုိ ့ေတာင္မရဘူး ။
ဒါေပမယ့္ ခ်ိဳင္းယံုရွန္းက ဘာလုပ္လုိက္သလဲ ။
သူ ့ကို မၿဖစ္စေလာက္လက္ေထာက္ေလးလုိ ဆက္ဆံၿပီး
သူ ့အိတ္ေတြသယ္ခုိင္းရတာနဲ ့ အက်ီၤေတြ သယ္ခုိင္းရတာနဲ ့ ့။ လ်ိဳခ်န္းကိုေတာ့ ငါ ေၿပာၿပေနစရာေတာင္ မလုိေတာ့ဘူး ။ သူ ့ကို အစ္ကို ရီ တစ္ေယာက္ထဲနဲ ့ေၿမေတာင္ေၿမွာက္ေပး ထားခဲ့တာ…”

“ရီပုိင္ လူသစ္ရွာေဖြေရးဌာနရဲ့ဒါရုိက္တာ ၿဖစ္ေနတုန္းကဆုိ သရုပ္ေဆာင္သစ္ေတြကို ထုတ္ေပးနုိင္ခဲ့ၿပီးေတာ့ အရည္အခ်င္းရိွတဲ့ မန္ေနဂ်ာေတြအမ်ားၾကီးကိုပါ ေခၚထားနုိင္ခဲ့ေသးတယ္။ အခ်ိန္တုိေလး အတြင္းမွာ ဒက္ဇလင္းက ကမာၻရဲ့ပိုက္ဆံအနည္းဆံုးရွာနုိင္တဲ့ ကုမၸဏီခြဲ ေလးတစ္ခုကေန အနုပညာေလာကထဲက ထိပ္တန္းကုမၸဏီ ဆယ္ခုထဲ ၀င္လာနုိင္ခဲ့တယ္ - အဲ့ဒါဘယ္သူ ့ေၾကာင့္လဲ သိလား…ရီပုိင္ေၾကာင့္ေလ”

“ေနာက္ဆံုးက်ေတာ့ ခ်ိဳင္းယံုရွန္းက အားလံုးကို ဖ်က္ဆီးပစ္လုိက္တယ္ ။ ခ်ဴးဟြမ္ဂြမ္းရဲ့တူ ဆိုတဲ့အခ်က္ကို သံုးၿပီးေတာ့ အလုပ္၀င္တာ ရက္ပုိင္းပဲ ရွိေသးတယ္၊ ကုမၸၾကီးတစ္ခုလံုးကို ေမာင္ပုိင္စီးခ်င္ေနတာေလ ။
ရီပုိင္ကို ေမာင္းထုတ္ၿပီးေတာ့ ရီပုိင္ၾကိဳးစားထားသမ်ွကို ၿဖတ္ခုတ္ပစ္တာ ။ ရီပုိင္ ဘယ္လုိ ခံစားရမလဲ နင္တုိ ့ပဲ စဥ္းစားၾကည့္ေလ…”

လူတုိင္းသည္ ဒါကို ၾကားလုိက္ၾကၿပီး မဆံုးနုိင္ေသာသက္ၿပင္းတုိ ့ တဖြဖြခ်ကုန္ၾက၏…

“သာမန္လူသာဆိုရင္ ဘာပဲၿဖစ္ၿဖစ္ဆုိၿပီး
တြယ္ကပ္ေနမိၾကမွာပဲ ။ ၿပီးေတာ့ ခ်ိဳငး္ယံုရွန္းဆီမွာ ဒီေလာက္ေနာက္ခံအင္အားေတာင့္တာ ။ ဘယ္သူကမွ
သူ ့ကို ထိရဲၾကတာမဟုတ္ဘူး ။ ရီပုိင္ကို ၾကည့္ေလ - ဒီလုိအခ်ိန္မ်ိဳးမွာ ကုမၸဏီကေန လက္ဗလာနဲ ့ထြက္သြား တယ္၊ သူသာ အနုပညာေလာကထဲ ရွိေနဦးမယ္ဆုိရင္ ေနာက္တစ္ခါ ကမာၻရဲ့အရိုက္ခ် ခံရေတာ့မွာပဲ…”

“ခ်ိဳင္းယံုရွန္းကသာ ေခါင္းအၾကီးၾကီးစားေနရမယ့္သူဟ - သူက ရီပုိင္ ဆီကေန ရသမ်ွယူခ်င္ေနတာေလ ။ ရီပုိင္က ရင္ဆုိင္ရခက္တဲ့ၿပိဳင္ဘက္ တစ္ေယာက္ ၿဖစ္ေနမယ္လုိ ့
သူ ထင္ထားမိမွာ မဟုတ္ဘူး”

……

ဒီအခုိက္၊ အေစာက ရႊင္ၿမဴးကာ အာဏာၿပေနခဲ့သည့္ ခ်ိဳင္းယံုရွန္း သည္ အခုေတာ့ ထုိထြက္သြားၾကသည့္ပံုရိပ္အား မ်က္နွာေအာက္က်ကာ ၾကည့္ေနမိေလသည္ ။
သူ ့အား ထူးထူးဆန္းဆန္းၾကည့္ေနၾကသည့္ ၀န္ထမ္းတုိ့နွင့္ သရုပ္ေဆာင္တုိ ့အား ၾကည့္လုိက္မိရင္း ေသြးေရာင္မရွိ ၿဖစ္လာရေတာ့၏ ။

ငါ…ငါေတာ့ သြားၿပီ…

ငါ့ဦးေလးကုိ ဘယ္လုိရွင္းၿပရေတာ့မလဲ ။

လူစီယန္းသည္ သူမ၏ကံမေကာင္းၿခင္းအေပၚ တၿခားေသာ မိန္းကေလးသရုပ္ေဆာင္ေတြ ၿပံဳးၿပံဳးရႊင္ရႊင္ၿဖစ္ေနၾက သည္ကို သတိၿပဳမိၿပီး ေဒါသတုိ ့ေစြ ့ေစြ ့ခုန္လာေတ့ာသည္။
ကုန္ရႊီနွင့္ လ်ိဳခ်န္းသည္ တြန္ ့ဆုတ္ၿခင္းမရွိဘဲ ကုမၸဏီကေန တကယ္ထြက္သြားၾကေလရာ သူတို ့ သူမနွင့္အတူ အစီအစဥ္အား ဆက္ရုိက္ၾကမည္မဟုတ္ေတာ့ - ဤသည္မွာ သူမမ်က္နွာေပၚ ၿဖတ္ေလ်ွာက္သြားၿခင္းနွင့္ တူေပသည္ မဟုတ္လား ။

“အစ္ကုိ ရွန္း..သူတို ့ကို ၾကည့္ပါဦး ။ အရမ္းကုိ ေထာင္လႊားလြန္းတယ္ ။ အစ္ကုိ ရွန္း..အစ္ကုိ ညီမအတြက္ မ်ွတမႈရေအာင္ လုပ္ေပးရမယ္ေနာ္။ ဒီတစ္ပတ္အစီအစဥ္မွာ လ်ိဳခ်န္းနဲ ့ကုန္ရႊီတုိ့နဲ့အတူတူ ညီမ ရုိက္ေစရမယ္ လုိ ့ အစ္ကုိ ကတိေပးထား…”

“ေသာက္ပါးစပ္ပိတ္စမ္း”

ခ်ိဳင္းယံုရွန္းသည္ ေဒါသတၾကီး ေငါက္ငမ္းပစ္လုိက္၏ ။
ထုိ ့ေနာက္၊ သူ ့လက္ေထာက္လက္ထဲကေန ႏႈတ္ထြက္စာကို က်စ္က်စ္ပါေအာင္ ဆုပ္ထား၏ ။
သူ ့မ်က္နွာသည္ မည္းပုတ္လုိ ့ေနေခ်ၿပီ ။

လက္ေထာက္ငယ္ေလးသည္ စိုးရိမ္စိတ္ပူစြာၿဖင့္ ။
“ဒါရုိက္တာ ခ်ိဳင္း…အခု ဘယ္လုိလုပ္ၾကမလဲ…ဥကၠဌ ခ်ဴးကုိ ဘယ္လုိ ရွင္းၿပၾကမလဲ…”

ခ်ိဳင္းယံုရွန္းသည္ ေဒါသတုိ ့ေပါက္ကြဲလာေတာ့သည္ ။
“မင္းက ဘာေတြကို ေၾကာက္ေနတာလဲ။ သူတုိ ့က ငါ့ကို ေၿခာက္ၿပရံုပဲ - သူတုိ ့ တကယ္ၾကီး ထြက္ရဲမွာမဟုတ္ဘူး”

ရိႈးပြဲရုိက္ကူးၿခင္းသည္ လမ္းတစ္၀က္တြင္ ရပ္တန္ ့သြားရ၏ ။ ခ်ိဳင္းယံုရွန္းနွင့္တၿခားသူတုိ ့သည္လည္း ရံုးခန္းသို ့ ၿပန္ကုန္ၾကသည္ ။

သူတုိ ့လမ္းတြင္ရွိေသး ။ ခ်ိဳင္းယံုရွန္းသည္ ကမာၻ HQ ကေန ဖုန္းတစ္ေကာလ္ ၀င္လာေတာ့၏ ။

“ဒါရုိက္တာ ခ်ိဳင္း…လ်ိဳခ်န္းနဲ့ကုန္ရႊီတုိ ့ဒီေန့ ရိႈ္းအတြက္ သြားရုိက္ၾကတာမလား ။ ဘယ္လုိၿဖစ္ရတာလဲ” ခ်ဴးဟုန္ဂြမ္း၏လက္ေထာက္အသံသည္ ဖုန္းထဲကေန ထြက္လာသည္ ။

“ဘာၿဖစ္လုိ ့လဲ” ခ်ိဳင္းယံုရွန္း၏ရင္ထဲတြင္ မေကာင္းသည့္ခံစားခ်က္ကို ရေနေလၿပီ ။

“ဒုဥကၠဌ ရီ ႏႈတ္ထြက္စာတင္သြားတဲ့ကိစၥေလ ။
ကုန္ရႊီ၊ လ်ိဳခ်န္းနဲ ့ ဖီးလစ္ကို ပါ ေခၚသြားတယ္ဆုိ ။ ဒါရုိက္တာ ရံုးကို ၿမန္ၿမန္ၿပန္လာတာ ပိုေကာင္းမယ္ -
ဥကၠဌ ခ်ဴး ေသာင္းက်န္းေနတယ္”

………………………………………………....

စာစဥ္ ၃၃၊ အခန္း ၁၈ ။ ၾကိဳတင္ၾကံစည္ထားၿခင္း

ကမာၻ၏ HQ တြင္ ။

ခ်ဴဟုန္ဂြမ္း၏မ်က္နွာသည္ မည္းေမွာင္ေနသည္ ။
“ေၿပာပါဦး…ဘာေတြၿဖစ္ခဲ့တာလဲ”

ခ်ိဳင္းယံုရွန္းသည္ အလြန္ပင္ ေဒါသထြက္ေန၏ ။
သူ ထုတ္ေၿပာလာသည္ ။
“ဦးေလး…က်ြန္ေတာ္ ဘာမွမလုပ္ဘူး။ အဲ့ဒါ ရီပုိင္ ။
သူ ကုမၸဏီကုိ သစၥာ ေဖာက္သြားတာ။ ကုမၸဏီရဲ့သရုပ္ေဆာင္ေတြနဲ ့၀န္ထမး္ကိုပါ ေခၚသြားရဲတယ္ - သူ ဆန္ ့က်င္ေနတာ ဦးေလး”

ၿပီးခဲ့သည့္ရက္တုိ ့တြင္ ဘာေတြၿဖစ္ပ်က္ခဲ့သည္ကို ခ်ဴးဟုန္ဂြမ္ ဘယ္လုိလုပ္ မသိဘဲေနပါလိမ့္မည္နည္း ။ သူသည္ တမင္တကာ မၿမင္ခ်င္ေယာင္ေဆာင္ ေပးေနခဲ့ၿခင္းသာ ၿဖစ္၏ ။

ရီပုိင္သည္ အလြန္တရာလူအထင္ၾကီးခံေနရသၿဖင့္
သူသည္ ခ်ိဳင္းယံုရွန္းကုိ သံုးၿပီး တစ္ဖက္လွည့္နွင့္
သူ ့အား လွဲသိပ္ပစ္ခ်င္ရံုသာၿဖစ္၏ ။ သူသည္ ရီပုိင္၏ေနာက္ေၾကာင္းကုိ စစ္ေဆးထားၿပီးသားပင္ ၿဖစ္သည္ - ရီပုိင္သည္ သာမန္ရိုးရုိးမိသားစု တစ္စုတြင္ ေမြးဖြားလာၿခင္း ၿဖစ္ၿပီး ဘာၿသဇာ၊ ဘာအဆင့္အတန္း၊ ဘာလႊမ္းမိုးမႈမွ ရွိမေနေပ ။ သူ ့အေနၿဖင့္ ဤကဲ့သုိ ့ေသာ လူမ်ားစြာကို
ေတြ ့ၿမင္ဖူးပါ၏ ။ သူတုိ့ေတြသည္ အာဏာနည္းနည္း ေလာက္ ရလိုက္ၿပီဆုိသည္နွင့္ သူတုိ့တြင္ ရွိေနသည့္အရာကို လက္လႊတ္မခံ၀ံ့ၾကေတာ့သည္ခ်ည္းသာ ၿဖစ္ၾက၏ ။

သို ့ေသာ္၊ ဒီတစ္ေခါက္တြင္ သူ အမွားၾကီးမွားသြားခဲ့ေလ ၿပီလား…

ေနာက္ဆံုးတြင္ အလြန္တရာထံုအၿပီး အဆင္အၿခင္မရွိသည့္
သူ၏တူ ေၾကာင့္ အရာရာအဆံုးသတ္သြားခဲ့ရေလၿပီ ။

“ကိုယ့္အတုိင္းအတာကို ကို္ယ္ သိပါလုိ ့ ငါ မင္းကုိ ေၿပာထားတာ ဘယ္္နွေခါက္ရွိၿပီလဲကြ ။
ရီပုိင္နဲ့ ဆက္ဆံတဲ့အခ်ိန္မွာ သူ ့ကို နွိပ္ကြပ္လုိ ့ရတယ္ ၊ ဒါေပမယ့္ အတုိင္းအတာကိုမလြန္မိေစေနဲ ့လုိ ့
ငါ မင္းကို မေၿပာခ့ဲဘူးလား ။ အေရးၾကီးဆံုးက မင္း
သူတုိ ့ကို ေကာင္းေကာင္း အသံုးခ်လုိ ့ရရဲ့သားနဲ ့ ။ အခုေတာ့ ေကာင္းေရာကြာ - မင္းလက္ထဲမွာ ဒီေလာက္ေကာင္းတဲ့ကတ္ကို ကိုင္ထားရဲ့သားနဲ ့ အခုေတာ့ ရႈပ္ယွက္ခတ္ေအာင္ မင္း လုပ္ပစ္လုိက္တယ္”

ခ်ဴးဟုန္ဂြမ္းသည္  ေဒါသအလိပ္လိပ္ ထြက္ေနသည္ ။

ခ်ိ္ဳင္းယံုရွန္းသည္ ကိုယ့္ကိုယ္ကုိ အၿပစ္ရွိသေယာင္ ခံစားမိလာပံုေပၚ၏ ။ သိုိ ့ေသာ္၊ သူ၏အမူအရာသည္ကေတာ့ ၿမန္ၿမန္ဆန္ဆန္ပင္ ေဒါသေပါက္ ထြက္သြားေတာ့မည္နွယ္ ။ သူ ေၿပာဆုိလာသည္။

“ဦးေလး က်ြန္ေတာ့္ကုိ အၿပစ္တင္လုိ ့မရဘူးေလ ။
အခုက အဲ့ေကာင္ရဲ့ အမွား။ သူက ဒီေလာက္ေတာင္ ေက်းဇူးမသိတတ္တာ ။
က်ြန္ေတာ္က ဦးေလးရဲ့တူဆုိတာကို လူတုိင္းသိတယ္။
က်ြန္ေတာ္နဲ ့အံ၀င္ခြင္က်ၿဖစ္ေအာင္ အားလံုး ေနၾကတယ္ ။ အဲ့ေကာင္တစ္ေယာက္ထဲကပဲ က်ြန္ေတာ္သြားေနတဲ့ လမ္းေပၚ ၀င္၀င္ရႈ႔ပ္လာတာ”

“ဦးေလး မေတြ ့လုိက္လုိ ့ - ဒီေန့ ရုိက္ကူးေရးမွာ
သူ က်ြန္ေတာ့္ကို အရွက္ခြဲတာ ရစရာကို မရွိဘူး ။
အဲ့ေကာင္ ဘာေၿပာခဲ့လဲ ဦးေလး သိလား ။ သူ ့လူေတြကို လာေခၚတာတဲ့ ။ ၿပီးေတာ့ ကုန္ရႊီနဲ ့လ်ိဳခ်န္းကိုပါ သူ ့ေနာက္ လုိက္ဖို ့အားေပးအားေၿမွာက္လုပ္သြားေသးတယ္”

“ဦးေလး…သူက က်ြန္ေတ္ာ့ကုိတင္ မေလးမစားလုပ္တာ မဟုတ္ဘူး - ဦးေလးကုိပါ လံုး၀ကို မ်က္လံုးထဲမထည့္တာ ။ အဲ့လိုစိတ္ထားနဲ ့လူက ဆက္ေနမယ္ဆုိရင္ေတာင္မွ ကုမၸဏီအတြက္ ဘာအက်ိဳးရွိမွာလဲ”

ခ်ဴးဟုန္ဂြမ္းက ေငါက္ငမ္းလာသည္ ။
“လ်ိဳခ်န္းနဲ့ကုန္ရႊီက ဒက္ဇလင္းမွာ ပုိက္ဆံအရွာေပးနုိင္ဆံုးသူ နွစ္ေယာက္ပဲ - အခု
သူတုိ ့မရွိေတာ့ဘဲနဲ ့ မင္း ဘာလုပ္ေတာ့မလဲကြ”

ခ်ိဳင္းယံုရွန္းက မ်က္လံုးလွန္ၾကည့္လာသည္ ။ ၿပီးေနာက္ ေၿပာလာ၏ ။
“က်ြန္ေတာ္တုိ ့ ဖီးလစ္နဲ့ပတ္သက္ၿပီးေတာ့ ဘာမွလုပ္လုိ ့ ့မရဘူး ဆုိေပမယ့္ ကုန္ရႊီနဲ ့လ်ိဳခ်န္းက ကုမၸဏီနဲ ့ ့စာခ်ဳပ္ခ်ဳပ္ထားတုန္းပဲ ။ ဒီလုိထြက္သြားတယ္ ဆုိတာက စာခ်ဳပ္ကို ဖ်က္သြားတာပဲ - ဒီေတာ့ က်ြန္ေတာ္တို ့ေတြ သူတိ့ုကို အင့္သြားေအာင္လုိ ့ေလ်ာ္ေၾကးတနင့္တပုိးၾကီး ေတာင္းပစ္လုိ ့ရတယ္ ။ ကုန္ရႊီဆီမွာက
သူ ့မိသားစုရဲ့ေက်ာေထာက္ေနာက္ခံ ရွိေတာ့တာ မဟုတ္ဘူး၊ ၿပီးေတာ့ လ်ိဳခ်န္းက အခုတေလာကမွ နာမည္ၾကီးလာခဲ့တာ ။ သူတုိ ့ေတြ ဒဏ္ေၾကးေငြ ေပးနိုင္မွာမဟုတ္ဘူး”

ခ်ဴးဟုန္ဂြမ္းသည္ သူ ့တူၿဖစ္သူအား တစ္ခ်က္ၾကည့္လာသည္ ။ ရႈံ့ခ်ေၿပာဆိုလာသည္ ။
“ကုန္ရႊီရဲ့စာခ်ဳပ္က သူ့အတြက္ တမင္သက္သက္ကို မခ်ဳပ္ေပးထား ခဲ့ဘူး။ သူ ေပးရမယ္ဆုိ စာခ်ဳပ္ထဲမွာပါတဲ့ ေလ်ာ္ေၾကးေလာက္ပဲ ေပးရမွာ ။ လ်ိဳခ်န္းရဲ့ စာခ်ဳပ္က ေရွ ့လ ကတည္းက ငါးနွစ္သက္တမ္းၿပည့္ၿပီးလို ့ဒိတ္ကုန္သြားၿပီ ။ ဒါေၾကာင့္ သူ ့အတြက္ စာခ်ဳပ္အသစ္တစ္ခုကို ရီပုိင္ လုပ္ေပးထားတယ္ - အဲ့ဒီစာခ်ဳပ္က လံုး၀ကုိ အၿပစ္ရွာလို ့ ့မရဘူး”

ခ်ိဳင္းယံုရွန္းသည္ ဒါကို ၾကားလုိက္သည့္ေနာက္ ပါးစပ္အေဟာင္းသား ၿဖစ္သြားေတာ့ၿပီး ခ်က္ခ်င္းပင္ အံၾကိတ္လာေတာ့သည္ ။

သူ ့အေနၿဖင့္ ကုန္ရႊီသည္ ကုန္ မိသားစု၏သခင္ေလးဆုိသည့္ နာမည္ကို သံုးၿပီး အနုပညာေလာကထဲ ၀င္လာခဲ့ၿခင္းေၾကာင့္ ဘယ္သူကမွ သူ ့အား စာခ်ဳပ္မခ်ဳပ္ခုိင္းရဲခဲ့ၿခင္းကို ေမ့ေလ်ာ့ထားခဲ့မိေခ်သည္ ။ ထုိ ့ၿပင္၊ လ်ိဳခ်န္း၏ စာခ်ဳပ္ကိုမူ ရီပုိင္သည္ ဟုိးကတည္းက ေၿပာင္းထားၿပီးသား ၿဖစ္ေခ်သည္ …

“ဦးေလး…ဒါက ေသခ်ာေပါက္ကုိ ဟုိးကတည္းက ၾကိဳတင္ၾကံစည္ထား တာပဲ”

ခ်ိဳင္းယံုရွန္းသည္ ေဒါသဆူေ၀စြာၿဖင့္ ေၿပာဆုိလာသည္ ။

ခ်ဴးဟုန္ဂြမ္းသည္ မ်က္ခံုးနွစ္ဖက္အား နွိပ္နယ္ေနေလၿပီ။ သူ၏မ်က္နွာသည္ အပ်က္ယြင္းၾကီးပ်က္ယြင္းလာေလသည္ - လ်ိဳခ်န္းသည္ အခုခ်ိန္တြင္ အလြန္တရာနာမည္ၾကီးေနေလၿပီ ။ သူ၏စာခ်ဳပ္သက္တမ္း ကုန္ဆံုး သြားၿပီးသည့္ေနာက္ ရီပုိင္သည္ သူ ့အား ကုမၸဏီတြင္ ဆက္ေနေစဖုိ ့ရာ ဆုိၿပီး အခြင့္အေရးေကာင္းတစ္ခု ေပးခဲ့၏ ။ ထိုအေၾကာင္းနွင့္ပတ္သက္ၿပီး သံသယ၀င္စရာမရွိခဲ့သၿဖင့္ သူသည္ မကန္ ့ကြက္မိခဲ့ပါေခ် ။

သူ၏ဤတူသည္ ထုိမ်ွအၾကီးၾကီး ၿပသနာရွာပစ္လိမ့္မည္ဟု ဘယ္သူ သိပါမည္နည္း။

ခ်ိဳင္းယံုရွန္းသည္ ခ်ဴးဟုန္ဂြမ္းအား ေဒါသထြက္မိသြားေအာင္ လုပ္မိမည္ စုိးသၿဖင့္ ကပ်ာကယာေၿပာလာသည္ ။

“ဦးေလး….က်ြန္ေတာ္ရဲ့ကုမၸဏီက အၾကီးၾကီးပါဗ်ာ ။
သူတုိ ့မရွိလည္း က်ြန္ေတာ္တုိ ့ ေရွ့ဆက္လုိ ့ရပါတယ္။ စိတ္မပူနဲ ့….ဦးလး။ လူစီက အနုပညာေလာကထဲ ၀င္တာ လပိုင္းေလာက္ပဲ ရွိေသးတယ္ဆုိေပမ့ဲ အခုဆို ေတာ္ေတာ္ေလးနာမည္ရေနၿပီ ။ က်ြန္ေတာ္ ဦးေလးအတြက္
A စာရင္း၀င္ သရုပ္ေဆာင္ေတြ၊ စူးပါးစတားေတြအမ်ားၾကီး ကို ထုတ္ေပးမယ္”

………………………………………………………
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၃တစ္ခုလံုးကို တစ္ခါတည္းအၿပီးဖတ္လိုပါက ၅၀၀ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  33
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၃၊ အခန်း ၁၃ ။ ငါ့ဖင်ကြီးပဲ သဝန်တို

ရီဝမ်ဝမ် ရှိမနေသည့်သုံးရက်တာအတွင်း ချိုင်းယုံရှန်းသည် ရီဝမ်ဝမ် ရထားသည့်လူအင်အား၊ ငွေအင်အားတို့ကို လုံး၀ စုပ်ယူပစ်နေ၏ ။ အကောင်းဆုံးသောအရာသည်ကား ကုန်ရွှီနှင့်လျိုချန်းကို အသုံးချကာ လူစီယန်းအတွက် အရာအားလုံး ပုံအောပေးနေခြင်းပင် ဖြစ်သည် ။

ချိုင်းယုံရှန်းက မျက်နှာသာပြန်ပေးနေခြင်းဟု ပြောဆိုနေသော်လည်း တကယ်တမ်းတွင် သူကသာ HQ ကနေ အကျိုးအမြတ်တော်တော်များများ ကို ရရှိနေခြင်းဖြစ်၏ ။ သို့သော် သူသည်ကား သူကသာ စွန့်ကြဲပေးကမ်းနေခြင်း ဖြစ်သယောင်ယောင် ပြောဆိုနေလေ၏ ။

ဒက်ဇလင်းသည် အပြောင်းအလဲဖြစ်နေသည်ကို အားလုံး သိနေကြ၍ သူတို့အတွက်သူတို့ လမ်းတစ်ခုဖောက်ဖို့ရှာဖွေလာကြတော့၏ ။ အရင်တုန်းကတော့ ရီပိုင်၏အုပ်ချုပ်မှုအောက်တွင် အရည်အချင်းရှိသည့် သရုပ်ဆောင်တို့သည် သူတို့အရည်အချင်းရှိရင် ရှိသလောက် အပေါ်ကို တက်လှမ်းနိုင်ကြ၏ ။ အခုတွင်တော့ ထိုထိုအရည်အချင်းရှိကြသည့် သရုပ်ဆောင်အားလုံးတို့သည် ဤလူသစ်ရှာဖွေရေးဌာန၏မန်နေဂျာ အသစ်ထံက မျက်နှာသာရဖို့ရာ ဉာဏ်နီဉာဏ်နက်တို့ ထုတ်ကုန်ကြ ရလေပြီ ။

သုံးရက်အကြာ ။

အင်ပါရီယာမြို့တော်၏  “လုံးဝချစ်မိသွားပြီ” ရိုက်ကူးရေးတွင် ။

ချိုင်းယုံရှန်းသည် ဒေါက်မြင့်ဖိနပ် တဂွပ်ဂွပ်နှင့် အလှကြီးလှနေသည့် လူစီယန်း အား ခေါ်ချလာသည် ။
သူမနောက်တွင်မူ သူမ၏လက်ထောက်၊ မိတ်ကပ်ပညာရှင်တစ်ယောက်၊ စတိုင်လစ်တစ်ယောက်နှင့် ကိုယ်ရံတော် ခုနစ်ယောက်ရှစ်ယောက်လောက် ပါလာသေး၏ - လုံးဝကို ကိန်းကြီးခမ်းကြီး နိုင်လှချေသည်တကား ။

ချိုင်းယုံရှန်းသည် အထက်စီးဆန်ဆန်လေသံဖြင့်
ရီမူဖန်အား သတိပေးလာ၏ ။

“စတိုင်လစ်ခေါင်းဆောင် ဖီးလစ်…ဒါက ငါတို့လူစီ ပထမဆုံး ပါရတဲ့ စွယ်စုံရရှိုးနော် ။
မင်း စတိုင်ကောင်းကောင်း သပေးလိုက် ။
ငါ မင်းကို အများကြီးမျှော်မှန်းထားတာနော်”

အဟတ်…ဘာဖက်ရှင်အစည်းအရုံးရဲ့ဒုဥက္ကဌ လဲ ။ နောက်ဆုံးတော့လည်း သူက ကမ္ဘာရဲ့ဝန်ထမ်းတစ်ယောက် သာသာပဲဟာကိုများ ။

ရီမူဖန်နှင့်ရီဝမ်ဝမ်အကြားက တရင်းတနှီးရှိသည့်ဆက်ဆံရေး ကို သိထားသဖြင့် ချိုင်းယုံရှန်းသည် သူ့အားလည်း အရာရာခက်ခဲအောင် တောက်လျှောက်လုပ်နေခြင်းဖြစ်၏ - သူသည် လာအပ်သမျှအလုပ်တို့ကို ရီမူဖန်ကိုယ်စား ဖြတ်ချပစ်ခဲ့ပြီး လူစီယန်းအတွက် သီးသန့့်စတိုင်သပေးစေ ခြင်း ဖြစ်၏ ။

ရီမူဖန်သည် မျက်လုံးတို့ကျဉ်းမြောင်းသွားပြီး ဖုန်းပေါ်ကအချိန်ကို တစ်ချက်ကြည့်လိုက်၏ ။ ထို့နောက် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်ယူလိုက်ကာ ။

ဝမ်ဝမ်…ညီမလေးဘက်မှာ ပြီးလောက်ရောပေါ့…

လူစီယန်း၏မိတ်ကပ်ခြယ်သခြင်းတစ်ခုထဲနဲ့ပင် နေ့တစ်ဝက် ကြာသွား၏ ။ ကုန်ရွှီနှင့်လျိုချန်းတို့၏အလှည့်ရောက်လာချိန် တွင် ပြင်ဆင်ချိန် ဆယ်မိနစ် လောက်သာ ကျန်တော့ပေ သည် ။
တော်သေး၍ သူတို့နှစ်ယောက်သည် အသားအရေလှပြီး မိတ်ကပ်ပါးပါးလေးအုပ်လိုက်ရုံလောက်နှင့် တောက်ပလင်းထွန်းသွား၍သာ ။

“ဟုတ်ပါပြီ၊ ဂုဏ်သရေရှိအမျိုးသမီးများနှင့် လူကြီးမင်းတို့…တက်လာကြပါ။ အခု ဒီအပတ်ရဲ့အစီအစဉ်အကြောင်းကို ကျွန်တော် အကျဉ်းချုံး ရှင်းပြပေး ပါမယ်”

ဒါရိုက်တာက လမ်းလျှောက်လာသည် ။

ဤအစီအစဉ်မျိုးသည် လူရှေ့တွင် သရုပ်ဆောင်တွေ ပွင့်ပွင့်လင်းလင်း ပြောဆိုလို့ရသည်မျိုး ဖြစ်ပါ၏ ။ သို့သော် ၊ တကယ့်အမှန်တွင်ကား အစီအစဉ်တစ်ခုလုံးသည် ဇာတ်ညွှန်းအတိုင်း သွားနေခြင်းပင် ဖြစ်၏ ။ သူတို့ဘယ်လိုမျိုး သရုပ်ဆောင်ရမည်၊ ဘာတွေပြောကြရမည် ၊ ဘယ်လိုဟာသနှောလိုက်ရမည်၊ ပထမ၊ ဒုတိယ၊ တတိယ ဆုပိုင်ရှင်တို့မှာ မည်သူဖြစ်ရမည်ကိုပင် ဆုံးဖြတ်ထားကြ ပြီးသား ဖြစ်၏ ။

ဒါရိုက်တာသည် ပြင်ဆင်မှုုတို့ လုပ်ပြီးသွားသဖြင့်
သူတို့အား အုပ်စုဖွဲ့ပေး တေ့ာ၏ ။
ပထမအဖွဲ့နှင့် ပြောဆိုပြီးသွားသည့်နောက်
လျိုချန်း၊ ကုန်ရွှီနှင့် တခြားသူများဘက် လှည့်လာသည် ။

“လျိုချန်း…မင်းက လူစီယန်းနဲ့ တစ်ဖွဲ့ဖွဲ့လိုက် ။
ကုန်ရွှီ…မင်းက ရှောင်ယင်နဲ့တစ်ဖွဲ့။ ပရိသတ်တွေစိတ်ဝင်စားလာကြအောင်လို့ စစချင်းမှာပဲ အကြီးအကျယ်စကားများပြရမယ် ။ ဇာတ်ညွှန်းအရ
လျိုချန်းနဲ့ကုန်ရွှီ…မင်းတို့နှစ်ယောက်စလုံးက လူစီယန်းကို လိုက်ပိုးရမယ် ။ ဒါပေမယ့် လူစီယန်းနဲ့တစ်ဖွဲ့တည်း ကျမယ့်သူက လျိုချန်းနော် ။ အဲ့လို သိလိုက်ရတဲ့အချိန်မှာ ကုန်ရွှီ…မင်းက သဝန်တိုစိတ်တွေ အမုန်းတရားတွေကို ထုတ်ပြရမယ်…”

ကုန်ရွှီ ။  “…”

သွား . သေ . ပါ . လား ။

ငါ့ဖင်ကြီးပဲ သဝန်တို ။

ဒါရိုက်တာက ဆက်ပြောလာသည် ။
“ဇာတ်ညွှန်းအရဆို လျိုချန်းနဲ့လူစီက နောက်ဆုံးမှာ ဆုရသွားတဲ့သူတွေ ဖြစ်ရမယ် ။ အဲ့ဒီနောက် လူစီယန်းက လျိုချန်းကို ပြေးဖက် ၊ အဲ့လိုပြေးဖက် လိုက်တဲ့အချိန်မှာ ကုန်ရွှီက ဒေါသအကြီးအကျယ်ပေါက်ကွဲသွားပြီး လျိုချန်းကို ပြေးထိုးရမယ်…”

ကုန်ရွှီသည် ခွက်ထိုးခွက်လန်ရယ်မောလာတော့သည် ။
“ဘယ်လိုသောက်ကျိုးနဲ ဇာတ်ညွှန်းကြီးလဲ ။ သခင်ငယ်လေး (ငါ) က ဘာကြောင့် အဲ့လိုလုပ်ရမှာလဲ ။ ငါလား အဲ့ဒီရုပ်ဆိုးမကို ကြိုက်မှာ ။ အဲ့ဟာမကြောင့်နဲ့များ ဘာလို့ရန်ဖြစ်ရမှာလဲ”

……………………………………………………

စာစဉ် ၃၃ ၊ အခန်း ၁၄ ။ ပထမဆုံးသော အနမ်း

လူစီယန်း ဒေါသထောင်းခနဲ ထွက်သွား၏ ။ သူမသည် အနာကျင်ကြီးနာကျင်ကြေကွဲသွားသည့်ဟန် လုပ်လိုက်၏ ။ သို့သော်၊ စိတ်ထဲတွင်မူူကား အေးအေးစက်စက်ကြီး ရယ်မောနေလေသည် ။

သူကများ ပြောရတယ်ရှိသေးတယ် ။ သူ မရိုက်ချင်ရင်တောင်မှ ရိုရိုကျိုးကျိုးနဲ့ ရိုက်ရမယ့်ဟာကိုများ ။

ဒါရိုက်တာသည် တိုးတိုးတိတ်တိတ် ရယ်မောလာသည် ။
“ဒီစကားမျိုးက ပြောမယ့်ပြော မိန်းကလေးဘက်က ပြောရမှာလေဗျာ ။ မင်းက အရွယ်ရောက်နေပြီ…မိန်းကလေးဘက်က မင်းကို လာဖက်တယ် ဆိုရင်တောင်မှ မင်းကသာ အမြတ်ရတဲ့သူမဟုတ်ဘူးလား”

လျိုချန်းသည် နှုတ်ခမ်းတို့ကို ကိုက်လာမိ၏ ။
သူ ဆက်မပြောရသေးခင် ချိုင်းယုံရှန်းက စိတ်မရှည်စွာဖြင့် လျှောက်လာချေပြီ ။

“မင်းတို့နှစ်ယောက်လုံး ဘာပြသနာတွေ ရှာနေကြပြန်ပြီလဲ ။ ဒါက အလုပ်ဆိုတာကို မသိဘူးလား ။ ဘာတွေဖြစ်နေကြ တာလဲ ။ ရီ ပိုင်က ရွှေတံဆိပ်ဆုရမန်နေဂျာတစ်ယောက်လို စွမ်းနိုင်တယ်မှတ်နေတာ ။ ကြည့်ရတာ ဘာမှမဟုတ်တဲ့ပုံပဲ - ဒီလိုအရည်အချင်းမျိုးနဲ့ သရုပ်ဆောင် တွေကို လေ့ကျင့်ပေးထားရတယ်လို့ကွာ”

သူ့လက်ထဲတွင် အာဏာအမြင့် ကြီး ကိုင်ထားရသဖြင့် ချိုင်းယုံရှန်းသည် အောက်စလွတ်သထက်လွတ်လာခြင်းပင် ဖြစ်လေသည် ။

ရီပိုင်နှင့်ပတ်သက်ပြီး ချိုင်းယုံရှန်း၏မထီလေးစား ရင့်ရင့်သီးသီး ပြောဆိုလာသည်ကို ကြားလိုက်ရသဖြင့် လျိုးချန်းသည် ကြောင်အသွားရသလို ကုန်ရွှီ၏အမူအရာသည်လည်း ပျက်ယွင်းသွားရ၏ ။ ကုန်ရွှီသည် ချိုင်းယုံရှန်းဆီ ပြေးတက်သွားတော့ပြီး လည်ကုတ်ကနေ ဆွဲကိုင်လိုက်ကာ ။
“မင်း ဘာပြောလိုက်တယ် ။ မင်းအဖေ (ငါ) ရှေ့မှာ ထပ်ပြောလိုက်စမ်း”

ချိုင်းယုံရှန်းသည် မျက်နှာဆူပုတ်နေလေပြီ ။
“အားယိုး…ဘာလဲ…မင်းကများ ငါ့ကို ရိုက်ချင်လို့လား ။
ကုန်ရွှီ…ငါ မင်းကို သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့။ ငါသာ မင်းကို မောင်းထုတ်ချင်တယ် ဆိုရင် စကားတစ်ခွန်း ထဲနဲ့ ကုမ္ပဏီကနေ မောင်းထုတ်ပစ်လိုက်လို့ရတယ် ။ ကမ္ဘာသာ မရှိရင် မင်းလို ရုပ်ရည်ကလွဲပြီး ဘာမှမရှိတဲ့ကောင်က တေလေဂျပိုးပဲ ဖြစ်နေဦးမှာပဲ ။
ဒီမှာ ကြီးကြီးကျယ်ကျယ်တွေ လာလုပ်ပြနေရအောင် မင်းကိုယ်မင်း ဘယ်သူမှတ်နေလဲ…ဟမ်”

ကုန်ရွှီသည် ချက်ချင်းပင် လက်သီးတို့ကို ကျစ်ကျစ်ပါအောင် ဆုပ်လာသည် ။

“မင်း…”

ချိုင်းယုံရှန်းသည် အသက်ကို ခက်ခက်ခဲခဲရှူနေရရင်းမှ
ကုန်ရွှီအား မြန်မြန်ဆန်ဆန် ခြိမ်းခြောက်လာတော့၏ ။
“လုပ်လေ ။ ဆက်ပြီးကြီးကြီးကျယ်ကျယ်တွေ လုပ်နေစမ်းပါ ။ တစ်ခုခုဖြစ်လို့ကတော့ ရီပိုင် တာဝန်ယူရမယ်မှတ် ။
ဒါဆို သူ ဖြေရှင်းနိုင်ပါတော့မလား။ မင်းတို့ရဲ့ဒါရိုက်တာ ရီ က ဒီအဆင့်ထိ ရောက်လာဖို့ကို ပင်ပင်ပန်းပန်း အားကုတ်အားခဲ ကြိုးစားထားခဲ့ရတာ ။ မင်းတို့နှစ်ယောက် ပြသနာရှာနေဦးမယ်ဆိုရင်တော့ သူ့ရာထူးကို ဆက်ထိန်းထားနိုင်ပါတေ့ာမလားပဲ…ဟား ဟား ဟား…”

ကုန်ရွှီ၏လက်ချောင်းတို့သည် မသိလိုက်မသိဘာသာပင် ပြေလျော့သွားရ တော့သည် - သူ့ဆီမှာ ဘာပဲဖြစ်လာပါစေ
သူ မမှုပါချေ ။ သို့သော်၊ ရီပိုင်ကိုပါ ဆွဲထည့်မိမှာကိုတော့
သူ တကယ်စိုးကြောက်လှပါ၏ ။

ရီပိုင်သည် သူ့လိုမဟုတ်ပါချေ ။
သူသည် သရုပ်ဆောင်လောကကို အပျော်လို့မမြင် ။ ရီပိုင်သည် ဤအလုပ်ကို ဘယ်လောက်ထိ တန်ဖိုး
ထားသည်ကို ကုန်ရွှီ ကောင်းကောင်းကြီး သိထားပါ၏…

လျိုချန်းသည် အချိန်အကြာကြီးကြာအောင် တိတ်ဆိတ်သွား ၏ ။ နောက်ဆုံးတွင်မှ အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက် ်ကာ  ။

“ငါ လုပ်မယ်”

ကုန်ရွှီ၏လက်ချောင်းတို့သည်လည်း တဖြည်းဖြည်းချင်း ပြေလျော့လာပြီး လွှတ်ပေးလိုက်၏…

ချိုင်းယုံရှန်း နှစ်ထောင်းအားရဖြစ်သွားရသည် ။ သူ၏အကျီၤကော်လံကို ပုတ်ခတ်လိုက်ပြီး ချောင်းအသာအယာ ဟမ့်လာ၏ ။
“အဲ့လိုမှပေါ့ ။ မင်းတို့တွေ လိမ်လိမ်မာမာနဲ့စကားနားထောင်နေသရွေ့ အားလုံးအတွက် အဆင်ပြေတယ်”

ထို့နောက် သူက ဒါရိုက်တာဘက်သို့လှည့်လိုက်သည် ။
“ဒါရိုက်တာ…ဆက်လုပ်ပါ ။ ကလေးတွေက ဒီလိုပဲ…ပြသနာ သိပ်ရှာတတ်ကြတယ် ။ ဒါရိုက်တာ ဗွေမယူဖို့မျှော်လင့်ပါတယ်ဗျာ”

“ရပါတယ်ဗျာ၊ ဘာမှမဖြစ်ပါဘူး….”

ဒါရိုက်တာသည် ချိုင်းယုံရှန်းဆီသို့သွားလိုက်ပြီး သူ့အတွက် ရိုရိုကျိုးကျိုးနှင့် စီးကရက်မီးညှိပေးကာ တိုးတိုးလေးပြောလာ သည် ။
“ဘယ်လိုလုပ်ရမလဲဆိုတာ ဒါရိုက်တာချိုင်းပဲ သိတယ်ဗျာ ။ ဒါရိုက်တာရဲ့အုပ်ထိန်းမှုအောက်က သရုပ်ဆောင်တွေက ဒါရိုက်တာအပေါ်မှာတော့ တော်တော်လေးရိုကျိုးကြတယ်ဗျ”

ချိုင်းယုံရှန်းက ရယ်မောလာသည် ။
“ရိုကျိုးရမှာပေ့ါဗျာ ။ သူတို့ရထားသမျှအားလုံးက ကမ္ဘာကနေပဲလေ။ ကမ္ဘာက သူတို့ကို ပေးထားသမျှကို အချိန်မရွေးပြန်ယူပစ်လို့ရမှတော့ သူတို့ ကျွန်တော့်ရှေ့ ဦးကျိုးနေမှပဲရမှာပေါ့”

ပြောနေရင်းမှာပင် ချိုင်းယုံရှန်း၏မျက်လုံးတို့ ဝင်းတက်လာသည် ။
သူ့မျက်နှာပေါ်တွင် အဆီတဝင်းဝင်းပြောင်နေလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောချလာသည် ။

“နေဦး..နေဦး ။ ကျွန်တော့်မှာ အကြံတစ်ခုရှိတယ် - လူစီကို လျိုချန်းကို ပြေးဖက်ခိုင်းပြီးရင် ကိုယ့်ကိုယ်ကို စိတ်မထိန်းနိုင်သလိုမျိုးနဲ့ နမ်းခိုင်းလိုက်ရင်ရော ။ ဒါဆို ပိုပြီးစိတ်လှုပ်ရှားစရာကောင်း မသွားဘူးလား။ ဒါရိုက်တာ… ဘယ်လိုထင်လဲ”

ဒါရိုက်တာသည် ဤသည်ကို ကြားလိုက်ရလျှင်
လုံးဝကို သဘောတူလာသည်သာ ။

“မဆိုးဘူး..မဆိုးဘူး ။ ဒါရိုက်တာ ချိုင်းရဲ့အကြံက အလုပ်ဖြစ်လောက်တယ် ဗျ ။ စိတ်ဝင်စားဖို့ကောင်းတယ်”

ဤသည်မှာ လျိုချန်း၏ဖန်သားပြင်ထက်ပေါ်က ပထမဦးဆုံးသောအနမ်း ဖြစ်သည် မဟုတ်ပါလား ။ ကြည့်ရှုသူဦးရေမှာ သေချာပေါက်ကို မိုးပျံတက်သွားတော့ မည်ပင် ။

………………………………………………………

စာစဉ် ၃၃၊ အခန်း ၁၅ ။ ကျွန်တော့်လူတွေကို လာခေါ်တာ

သူတို့နှစ်ဦးသည် လျိုချန်း၏သဘောထားကို မေးမြန်းခြင်းပင် မရှိကြ ။ ချက်ချင်းပင် ဇာတ်ညွှန်းကို ပြောင်းပစ်လိုက်ကြ၏ ။

လျိုချန်းသည် လက်သီးကို တင်းနေအောင်ဆုပ်ထား၏ ။

အနုပညာလောကထဲတွင် အလုပ်လုပ်နေသူတစ်ယောက် အဖို့ ဤကဲ့သို့ကိစ္စမျိုးသည် မထူးဆန်းပါချေ၊ ဒီထက်ပိုဆိုးသည်တို့ကိုပင် သူ ဖြတ်ကျော်လာခဲ့ရပြီးပြီ မဟုတ်ပါလား…

သို့သော်လည်း၊ သူ သရုပ်ဆောင်လောကထဲ ဝင်လာချိန်ကတည်းက အစ်ကို ရီ ၏ကောင်းကောင်း ကာကွယ်ပေးခြင်းကို ခံခဲ့ရ၏ ။ အစ်ကို ရီ သည် သူူ့အား ဒီလိုအရာမျိုးကို ဘယ်တော့မှ လုပ်ခိုင်းခြင်းမရှိပါချေ ။
သူ လုပ်ရသည်မှာ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး ကောင်းကောင်း သရုပ်ဆောင်ရုံသာ ဖြစ်၏…

ချိုင်းယုံရှန်းသည် ကုန်ရွှီအား တီမထင်စွာဖြင့် ကြည့်လာသည် ။
“ဟုတ်သားပဲ….ကုန်ရွှီ ၊ မင်းက လူစီကို လျိုချန်း နမ်းပြီး သွားတာနဲ့ ပြေးထိုးရမယ်နော် ။ တကယ့်အတိုင်းတူအောင်လုပ်…နားလည်လား ။
မင်းက ဒီလိုမျိုးတွေမှာ အရမ်းကျွမ်းတာပဲ မဟုတ်လား။ ဟားဟားဟား…”

ကုန်ရွှီ၏လက်သီးတို့သည်လည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားနေပြီး အကြောတို့ပင် ထိုးထိုးထောင်ထောင် ်ဖြစ်နေလျက် သူ၏မျက်လုံးတို့သည် နီရဲချိတ်လို့နေလေပြီ…

ဒါရိုက်တာက စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တဖြောင်းဖြောင်း တီးလိုက်၏ ။
“ကဲ..ကဲ...အားလုံးပဲ ကိုယ့်နေရာကို ပြန်ပြီး နေရာယူထားမယ်”

ဂိမ်းအစီအစဉ်သည် ဇာတ်ညွှန်းအတိုင်းသွားနေခဲ့ပြီး လူစီယန်းသည် လျိုချန်းဆီကနေ ရသမျှသမနေလေသည် ။ ကုန်ရွှီသည်ပင် သည်းမခံနိုင်တော့ပေ ။ သို့သော် လျိုချန်းသည်ကတော့ တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး လုံးဝပေါက်ကွဲမပြပါချေ ။

ဂိမ်းပြီးသွားသည့်နောက် အစီအစဉ်တင်ဆက်သူသည် အံ့သြဘနန်းအမူအရာဖြင့် ပြောလာသည် ။

“ဝိုး…အံ့သြစရာကောင်းလိုက်တာဗျာ ။ လျိုချန်းနဲ့လူစီတို့ ပထမဆုကို ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ ။ နတ်ဘုရားမလေး လူစီ အနေနဲ့ လျိုချန်းကို ပွေ့ဖက်ပြီး ဆုမချသင့်ဘူးလားဗျာ”

လူစီသည် ရှက်သွေးဖြာစွာဖြင့် ပြောဆိုလာသည် ။
“ဂိမ်းကစားတဲ့အချိန်တုန်းက ကျွန်မကို စောင့်ရှောက်ပေးတဲ့ အတွက် ကျေးဇူးပါနော် ။ လျိုချန်း…ကျွန်မတို့ ပထမဆု ရသွားတာ တကယ်ကို ဝမ်းသာလိုက်တာ ။ လျိုချန်း…ကျေးဇူးနော်”

လူစီယန်းသည် ပြောပြီးသည်နှင့် လျိုချန်းဆီ လျှောက်လာ၏ ။ ဤရှိုးပွဲ ထုတ်လွှတ်ပြီးသွားသည်နှင့် ကြည့်ရှုသူဦးရေသည် မြင့်တက်လာတော့မည်…

လျိုချန်းသည် နေရာတွင်ပင် ရပ်နေ၏ ။ သူ၏နောက်ကျောသည် တောင့်တင်းသွားသလို ကုန်ရွှီ၏မျက်နှာသည်လည်း အလွန်အမင်း မည်းပုတ်သွားပြီး ရီမူဖန်၏မျက်နှာသည်လည်း စိုးရိမ်စိတ်တို့ ပြည့်လျှမ်းနေလေ ပြီ ။

ဒါရိုက်တာ၏ဇာတ်ညွှန်းအတိုင်းသာ သူတို့တကယ်သရုပ်ဆောင်လိုက်ပါက ကုန်ရွှီနှင့်လျိုချန်းအပေါ် ထားကြသည့်လူထုပရိသတ်၏အမြင်မှာ လုံး၀ ပျက်စီးသွားပေတော့မည် ။ သူတို့နှင့်ပတ်သက်ပြီး ထွက်ထားသည့် ကောလဟလတို့သည် အမှန်လို ဖြစ်သွားပေလိမ့်မည် ။ ထို့အပြင် လျိုချန်းသည် သူ၏ “စံပြမင်းသား” ဆိုသည့်ပုံရိပ်အား အပြီးတိုင် နှုတ်ဆက်ရ ပေလိမ့်မည်…

လူစီယန်သည် လျိုချန်းဆီကို လျှောက်လာနေသည် ။
ရှက်ရွံ့ဟန်လေး ပေါ်လာလျက် သူ့ဆီ တိုးကပ်လာသည်…

“ငါခွေးတဲ့မှ…” ရီမူဖန် အကြောက်အလန့်ဖြစ်နေမိလေပြီ ။

လူစီသည် သူမလက်ကို ဆန့်ထုတ်လာပြီး လျိုချန်းအား ဖက်လိုက်၏ ။ ထို့နောက် အခွင့်အရေးယူကာ စိတ်ပါလက်ပါ နှင့် သူမနှုတ်ခမ်းကို သူ့မျက်နှာဆီ တည့်တည့်ကြီးတိုးကပ် လာချေပြီ ။

လူစီယန်း၏နှုတ်ခမ်းတို့ လျိုချန်းအား ထိလုထိခင် ဖြစ်လာချိန်၊
“ဝှစ်ချ်” ခနဲ အသံတစ်သံ ထွက်လာပြီး လျိုချန်း၏တစ်ကိုယ်လုံးအား ဆောင့်ကြောင့်ဆွဲပစ်လိုက်၏

-----

လျိုချန်းသည် ရုတ်တရက်ကြီး အနောက်သို့ဆွဲချခံလိုက်ရပြီး နောက် တစ်ယောက်ယောက်ပေါ် လဲကျသွားတော့၏ ။
ထို့နောက် သူနှင့် ရင်းနှီးကျွမ်းဝင်နေပြီးသားအငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏….

လျိုချန်းသည် မယုံကြည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ချိန် ထိုလူကို တွေ့လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည် ။

“အစ်ကို….အစ်ကို ရီ…”

သူ မြင်နေရသည်မှာ အကျီၤအနားတို့တွင် တရုတ်ချည်မျှင်တို့ ထိုးထားပြီး စိမ်းဖျော့ဖျော့ရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက် ။ အကျီၤလက်ကနေ နှင်းလိုဥနေသည့် လက်ဖြူဖြူလေးတို့ ထိုးထွက်နေပြီး သူ၏လက်ချောင်းတို့ သည် ကျောက်စိမ်းအလားနှယ် ကြည်လင်ရှင်းသန့်မှုကို လှစ်ဟပြနေသည် ။ သူသည် အေးစက်သည့်အမူအရာ၊ တင်းမာသည့်ဟန်ထား၊ စိတ်ပျက်သည့် မျက်ဝန်းတို့ဖြင့် ကြည့်နေပြီး သူ၏နှုတ်ခမ်းထောင့်စွန်းတို့သည် မသိမသာ လေး မြင့်တက်လာ၏…

ရှေးခေတ်ကဆိုပါလျှင် သူ့အရှေ့က ဤယောကျာ်းသည် မြင့်မြတ်သည်၊ ခန့်ညားသည်၊ တုနှိုင်းလို့မရသည့် တော်ဝင်မင်းသားတစ်ပါးနှင့် ခပ်ဆင်ဆင်…

အစ်ကို ရီ သည် ဘယ်အချိန်က ပေါ်လာခဲ့မှန်း
သူတို့မသိလိုက်ပါချေ ။ လူစီယန်းသည် လျိုချန်းအား မထိရသေးခင် သူသည် လျိုချန်းအား အနောက်သို့ဆွဲပစ်လိုက်ပြီး သူ့အရှေ့ကနေ ဒိုင်းသဖွယ် ကာဆီးပေး နေသည် ။

“အစ်ကို ရီ…အစ်ကို ပြန်လာပြီလား”

စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလာသည် ကား ကုန် ရွှီ ။

ကုန်ရွှီ၏အသံစာစာ ထွက်လာတေ့ာမှ နေရာမှာရှိနေကြသည့်လူတိုင်း အသိစိတ်တို့ကပ်သွားကြရ၏ ။

ရီဝမ်ဝမ်သည် ရုတ်တရက်ကြီးပေါ်ချလာပြီး သူတို့ရိုက်ကူးရေးအား ဝင်ဖျက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ချိုင်းယုံရှန်း၏အမူအရာ ပျက်ယွင်းသွားရ၏ ။
“ရီ ပိုင်…မင်းကိုယ်မင်း ဘာလုပ်နေတယ်လို့ထင်လဲ”

ရီဝမ်ဝမ်သည် ဖြေးဖြေးချင်းပင် ဘာမှမပါသည့် အပြုံးတစ်ခုကို ထုတ်ပြလာသည် ။
သူမ၏အသံသည် တောင်ကုန်းပေါ်က တိုက်ခတ်နေသည့် လေပြည်လေညင်းလေးပမာ ။
“ဘာမှမလုပ်ပါဘူး ။ ကျွန်တော့်လူတွေကို ပြန်လာခေါ်ရုံပါ”

…………………………………………………

စာစဉ် ၃၃၊ အခန်း ၁၆ ။  ထွက်သွားကြပြီ

ဒီအခိုက် အနားမှာရှိနေကြသည့် သရုပ်ဆောင်အားလုံးနှင့် ဝန်ထမ်းအားလုံးတို့သည် တိုးတိုးပြုလာကုန်ကြသည်…

“ဝိုး…အရမ်း…အရမ်းကို ချောလိုက်တာ…အဲ့ဒါ ဘယ်သူလဲ”

“ဒါရိုက်တာ ချိုင်း က သူ့ကို ရီပိုင် လို့ခေါ်တာ ကြားလိုက်တယ်… ကုန်ရွှီနဲ့ လျိုချန်းရဲ့မန်နေဂျာနဲ့တူတယ် - ဒက်ဇလင်းက အသစ်တက်လာတဲ့ ဒုဥက္ကဌ”

“ဝါး…နင် တကယ်ကြီးပြောနေတာလား ။ ဒီလောက်ချောတဲ့ မန်နေဂျာ တကယ်ရှိတယ်လား ။ မန်နေဂျာတွေအားလုံးသာ ဒီလိုချောနေကြမယ် ဆိုလို့ကတော့ သရုပ်ဆောင်တွေ အကုန် သူတို့အပေါ် ပစ်ကြွေကုန်ပြီးလောက်ပြီ..ဟဲဟဲ”

….

သူမအတွက် နာမည်ကြီးပြောစရာဖြစ်စေမည့်အခွင့်အရေးကို ဝင်ဖြတ်ခံလိုက်ရသဖြင့် လူစီယန်းသည် စိတ်ဓာတ်ကျသွားပြီး ချိုင်းယုံရှန်းအား အကူအညီတောင်းသည့်ဟန်ဖြင့် ကြည့်လာတော့၏ ။

ရီပိုင်သည် လူပေါင်းများစွာရှေ့တွင် သူ့အား စိန်ခေါ်နေခြင်း ဖြစ်သဖြင့် ချိုင်းယုံရှန်း၏မျက်နှာမှာ မည်းပုတ်နေလေသည် ။ အံကိုကြိတ်လိုက်ပြီး သူ ပြောလာသည် ။

“ဒါက ဘာစကားလဲ - ဒီနေရာမှာ မင်းလူလို့ပြောရအောင် မင်း ဘယ်သူ့ကို ပိုင်လို့လဲ ။ ကုန်ရွှီနဲ့လျိုချန်းက ကုမ္ပဏီက ပိုင်တဲ့သူတွေ ။ ငါတို့ အခု အစီအစဉ်ရိုက်နေတာကို နားမလည်ဘူးလားကွ”

ရီဝမ်ဝမ်သည် ထူးမခြားနားစွာဖြင့် ပြန်ပြောလာသည် ။
“အဲ့ဒီတော့…”

ချိုင်းယုံရှန်း၏လက်ထဲတွင် ဝှက်ဖဲရှိနေသည်မဟုတ်ပါလား ။ သူသည် သူမအား မထေ့တထေ့ဖြင့် ခြိမ်းခြောက်လာတော့ သည် ။
“ရီပိုင်…မင်း ငါ့ကို မဆန့်ကျင်ခင် နှစ်ကြိမ်ပြန်စဉ်းစားထား တာ ပိုကောင်းလိမ့်မယ် ။ မင်းရဲ့ဒီနေ့လုပ်ရပ်ကိုသာ ဥက္ကဌ ချူး သိသွားရင် အကျိုးဆက်ကတော့…”

အစတုန်းက ဤယောကျာ်းအား မဖယ်ရှားပစ်နိုင်မည်ကို ချိုင်းယုံရှန်း စိတ်ပူခဲ့မိပါ၏ ။ သို့သော်၊ အခုချိန်တွင် သူကိုယ်တိုင် တကူးတက ရောက်လာပြီး ပြသနာလာရှာနေခြင်းဖြစ်လေရာ ချိုင်းယုံရှန်းအနေဖြင့် ဒီအခွင့်အရေးကို အသုံးချပြီး သူ့အား နှိပ်ကွပ်ပစ်ရမည်၊
သူ့ရာထူးအား လျှော့ချပစ်ရမည်သာပင်…

မဟုတ်ပါက ရီပိုင်သည် သူ့ရာထူးဖြင့် ဝင်ရှုပ်လာပါလျှင် သူသည်သာ စိတ်မပျော်မရွှင်ဖြစ်ရပေလိမ့်မည် ။

“အော်…အကျိုးဆက်လား”

ရီပိုင်သည် မျက်ခုံးတို့ ပင့်တက်သွားပြီး၊ နောက် စာအိတ်လေးတစ်အိတ်ကို ထုတ်ယူလိုက်၏ ။ ထိုစာအိတ်အား လက်ချောင်း ထဲ ထည့်လိုက်ရင်း
ဝှေ့ယမ်းပြကာ ။
“မင်း ပြောတာ…ဒါလား”

စာအိတ်ပေါ်တွင် ရေးထားသည်ကား ။
“နှုတ်ထွက်ခြင်း”

စာအိတ်ပေါ်တွင်ရေးထားသည့်စာလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးသည့်နောက် ချိုင်းယုံရှန်း၏မျက်လုံးတို့ကျဉ်းကျုံ့သွားတော့ပြီး မယုံကြည်နိုင်စွာဖြင့် ရီပိုင်အား ကြည့်လာသည် ။
“မင်း…မင်းက နှုတ်ထွက်ချင်တယ်လား”

ရီပိုင်သည် နှုတ်ထွက်စာတင်ရဲလိမ့်မည်ဟု
သူ ဘယ်တုန်းကမှ စိတ်ကူးထဲမတွေးကြည့်မိဖူးပေ ။

အနုပညာလောကဆိုသည်မှာ အလွန်တရာရှုပ်ထွေးပြီး အသက်ရှင်ဖို့ရာ ကြမ်းတမ်းခက်ခဲသည့် ခရီးလမ်းဖြစ်၏ ။
သူ့အသက်အရွယ်နှင့် ဒုဥက္ကဌ ဆိုသည့်ရာထူးကို ရောက်ရှိလာဖို့ဆိုသည်မှာ လူတော်တော်များများ အိပ်မက်ပင်မမက်ဝံ့သည့်အရာ ဖြစ်ချေသည် - ဤသည်ကို အခုတော့ သူက အရာအားလုံးကို စွန့်လွှတ်ပါမည်တဲ့လား ။

ရီဝမ်ဝမ်သည် နှုတ်ထွက်စာအား ချိုင်းယုံရှန်း၏လက်ထောက်ဆီ ပစ်ပေါက်ပစ်လိုက်ပြီး ။
“ကိုယ့်ဘာသာကိုယ် ကြည့်ကြည့်လိုက်”

ငါလခွေးတဲ့မှ…ဒီကောင်စုတ်က တကယ်ကြီးအလုပ်ထွက်ရဲတယ်လား ။

ချိုင်းယုံရှန်းက သူ့အား ကြည့်လိုက်သည် ။
“ရီပိုင်…ကောင်းကွာ၊ သိပ်ကောင်းတယ် ။ တော်တော်ကို သတ္တိကောင်း နေတယ်ပေါ့လေ…ဟမ် ။ မင်းက အလုပ် ထွက်ချင်တာလား ။ ရတယ်လေ… အခုကစပြီးတော့
မင်းနဲ့ ဒက်ဇလင်းက ဘာမှမဆိုင်တော့ဘူး ။
ကုန်ရွှီနဲ့ လျိုချန်းကိစ္စထဲ ဝင်စွက်ဖက်ရအောင် မင်းကိုယ်မင်း ဘာမှတ်နေလဲ”

ရီဝမ်ဝမ်သည် လျိုချန်းနှင့်ကုန်ရွှီအား ကြည့်လိုက်သည် ။ သူမ၏အကြည့်တို့သည် သူရိန်နေမင်းကြီးအလား တောက်ပရွှန်းစားလှ၏ ။

“လိုက်မှာလား”

လျိုချန်းနှင့်ကုန်ရွှီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ တစ်ပြိုင်တည်းခေါင်းညိတ်ပြလာကြ၏ ။
လျိုချန်း၏အမြဲတစေထူးမခြားနားရှိနေခဲ့သည့် မျက်ဝန်းတို့ သည်ပင်
ချက်ချင်း အလင်းရောင်တို့နှင့် ပြည့်လျှမ်းလာတော့ပြီး သူ၏မျက်နှာသည် ခါတိုင်းနှင့်မတူအောင် အလွန်တရာပင် တည်ကြည်လေးနက်လာ၏ ။

“အစ်ကို ရီ…အစ်ကို ဘယ်သွားသွား ကျွန်တော် လိုက်မယ်”

ကုန်ရွှီသည်လည်း စိတ်လှုပ်ရှားမှုတို့ လျှံတက်လာလေပြီ ။
“လခွမ်း…အစ်ကို ရီ…နောက်ဆုံးတော့ အစ်ကို ဒီစကားကို ပြောလာပြီ - ကျွန်တော့်မှာ ဒါကို စောင့်နေတာ ဟိုးအကြာကြီး အကြာကြီး ရှိနေပြီဗျ”

ဒက်ဇလင်း၏ပိုက်ဆံအရှာပေးနိုင်ဆုံး A စာရင်းဝင် သရုပ်ဆောင်နှစ်ယောက် သည် ရီပိုင်နှင့်အတူ ထွက်သွားတော့မည်လုပ်နေတာကို မြင်နေရသဖြင့် ချိုင်းယုံရှန်းမှာ အနည်းငယ်ထိတ်လန့်လာမိတော့၏ ။ သူသည် လူတိုင်း၏ အရှေ့တွင် အော်ငေါက်လာတော့သည် ။

“မင်း…မင်းတို့တွေ ။ မင်းတို့ရူးကုန်ပြီလားကွ ။
စာချုပ်ကို ဖျက်လိုက်တာရဲ့ အကျိုးဆက်ကို သိကြရဲ့လား ။ ကုန်ရွှီ…လျိုချန်း ‘ဉာဏ်ရှိတဲ့သူတိုင်း အခြေအနေကို စဉ်းစားတတ်တယ်’  - ရီပိုင်ဆီမှာ သူ ဘာအာဏာ၊ ဘာနောက်ခံမှ မရှိဘူး ။ သူ ဒက်ဇလင်းကနေ ထွက်သွားတာနဲ့ သူက ဘာမှမဟုတ်တော့ဘူး ။
သူ့နောက်ကို လိုက်ရင် မင်းတို့နှစ်ယောက်လုံး ကိုယ့်အနာဂတ်ကိုယ် ဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပဲနော် ။ မင်းတို့ ဆုံးဖြတ်ချက်မချခင် သေသေချာချာစဉ်းစားကြဦး”

လျိုချန်းသည် နေရာတွင် ရပ်နေ၏ ။
သူသည် စကားတစ်ခွန်းမှ မပြော၊ သူ့လက်ထဲက အစီအစဉ်၏နာမည်ကတ်ကိုသာ ဖြဲစုတ်ပစ်လိုက်တော့၏ ။

ကုန်ရွှီသည်လည်း ချက်ချင်းပင် သူ ဝတ်ထားပါသည့်
အဖွဲ့ဝတ်စုံအား ချွတ်ပစ်လိုက်ပြီး မြေကြီးပေါ် ကောက်ပေါက်ပစ်လိုက်ကာ ချိုင်းယုံရှန်း ဆီသို့ အပေါ်ပိုင်းကိုယ်လုံးတီးဖြင့် ပြေးသွားပြီး လက်ခလယ်ထောင်ပြ လိုက်ရင်း ။ 
“ဒါပဲရမယ်…အရူးကောင်”

တစ်ချိန်တည်းမှာပင် ရီမူဖန်သည် လူစီယန်း၏ ကုတ်အကျီၤနှင့်အိတ်ကို သူမလက်ထောက်၏လက်ထဲ ထိုးထည့်ပေးလိုက်ပြီး သူ့မျက်နှာထက်က အေးစက်စက်နေမှုကြီးကို ခွာချပစ်လိုက်တော့၏ ။
ထို့နောက် လေတချွန်ချွန်ဖြင့် အော်ပြောလာတေ့ာသည် ။

“ဟေ့…ငါ့ကိုလည်း မမေ့ထားနဲ့လေ”

“ဝိုး ဝိုး…ငါတို့တွေ လွတ်လပ်သွားပြီကွ ။ အစ်ကို ရီ…ကျွန်တော့်ကို အမြင့်ရောက်အောင် လုပ်ပေးနော် -----”

ကုန်ရွှီသည် အဝေးတနေရာတွင် ပျော်ရွှင်အားရစွာ ခုန်ပေါက်နေသည် ။

သူရိန်နေမင်းကြီးအောက်တွင် ထွက်ခွာသွားကြသည့်
သူတို့၏နောက်ကျောပြင်တို့သည် နေရောင်ခြည်အလား အလင်းရောင်တို့ဖြာထွက်နေကြသည်…

သူတို့ရဲ့ဘဝခရီးလမ်း စရတော့ပေမည်…

သူတို့လေးဦးသားသည် နဲနဲလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်သွားကြသည်ကို ကြည့်နေမိရင်း ချိုင်းယုံရှန်း၊ လူစီယန်း၊ ဒါရိုက်တာနှင့် အနောက်မှာကျန်ခဲ့ကြသည့်လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏…

………………………………………………………

စာစဉ် ၃၃၊ အခန်း ၁၇ ။ ယှဉ်ရခက်သည့်ပြိုင်ဘက်

သူတို့သွားကြပြီ…

သူတို့ တကယ်ကြီး ဒီလိုထွက်သွားကြပြီလား…

တစ်ယောက်သည် သေအံ့ဆဲဆဲအခြေအနေကိုပင် မြင့်တက်လာအောင် လုပ်ပေးနိုင်သည့် ဒက်ဇလင်း၏ ရွှေမန်နေဂျာ၊ ရီပိုင် ။
ကျန်တစ်ယောက် သည် လက်နှင့်ထိရုံနှင့် အလန်းစား ဖြစ်သွားအောင် ဖန်တီးပေးနိုင်သည့် နာမည်ကျော် ထိပ်တန်းဒီဇိုင်နာ၊ ဖီးလစ် ။ ကျန်နှစ်ယောက်သည်ကား ဒက်ဇလင်း၏အသက်ကယ်ဆေးပြား - နာမည်ကျော်မင်းသားလေး ကုန်ရွှီ နှင့် နာမည်ကြီးနေသည့်သရုပ်ဆောင်သစ် လျိုချန်း ။

ဤလေးယောက်သည် ဒက်ဇလင်းကနေ တပြိုင်တည်း ဒီလိုမျိုး ထွက်သွားကြပြီလား ။

ရှိုးပွဲအား ရိုက်ကူးနေကြသည့်ဝန်ထမ်းအားလုံးသည် တခနလောက် ကြောင်အသွားမိကြပြီးနောက် ဝေါခနဲ ဆူညံလာတော့ကာ ချိုင်းယုံရှန်းအား သတိမထားမိဘဲ ကြည့်မိကုန်ကြ၏ ။

“သောက်ကျိုးနဲ…ရီပိုင်က တကယ်ကိုထောင်လွှားတာပဲဟ ။ ချိုင်းယုံရှန်းကို ဒီလိုမျိုး အရှက်ခွဲပစ်တယ် ။ ဒက်ဇလင်းက နတ်ဘုရားတွေကိုတောင်မှ မသွားလိုက်သေးတယ်”

“အင်းနော်…ဒါ နဲနဲတော့ မလွန်ဘူးလား”

ဒီအခိုက် ခရေစေ့တွင်းကျသိနေပါသည့် တစ်စုံတစ်ယောက်သည် ရှေ့သို့ထွက်လာသည် ။
“နင်တို့ဘာသိလို့လဲ ။ ရီပိုင် ကြောင့်သာမဟုတ်ရင်
အဲဒီ ‘အနိုင်ကျင့်’ တယ်ဆိုတဲ့ကိစ္စနဲ့ကြောင့် ကုန်ရွှီ
လုံးဝကို ဂွမ်းသွားတော့မှာဟ”

“ပြီးတော့…ဖီးလစ်ဆိုတာက ရီပိုင်ကိုယ်တိုင် ခေါ်ထားတဲ့သူ - စတိုင်သပေးဖို့အတွက် သူ့ကို တောင်းပန်ခယနေကြတဲ့ မီဂါစတားတွေမှ သောက်သောက်လဲ ရေလို့တောင်မရဘူး ။
ဒါပေမယ့် ချိုင်းယုံရှန်းက ဘာလုပ်လိုက်သလဲ ။
သူ့ကို မဖြစ်စလောက်လက်ထောက်လေးလို ဆက်ဆံပြီး
သူ့အိတ်တွေသယ်ခိုင်းရတာနဲ့ အကျီၤတွေ သယ်ခိုင်းရတာနဲ့။ လျိုချန်းကိုတော့ ငါ ပြောပြနေစရာတောင် မလိုတော့ဘူး ။ သူ့ကို အစ်ကို ရီ တစ်ယောက်ထဲနဲ့မြေတောင်မြှောက်ပေး ထားခဲ့တာ…”

“ရီပိုင် လူသစ်ရှာဖွေရေးဌာနရဲ့ဒါရိုက်တာ ဖြစ်နေတုန်းကဆို သရုပ်ဆောင်သစ်တွေကို ထုတ်ပေးနိုင်ခဲ့ပြီးတော့ အရည်အချင်းရှိတဲ့ မန်နေဂျာတွေအများကြီးကိုပါ ခေါ်ထားနိုင်ခဲ့သေးတယ်။ အချိန်တိုလေး အတွင်းမှာ ဒက်ဇလင်းက ကမ္ဘာရဲ့ပိုက်ဆံအနည်းဆုံးရှာနိုင်တဲ့ ကုမ္ပဏီခွဲ လေးတစ်ခုကနေ အနုပညာလောကထဲက ထိပ်တန်းကုမ္ပဏီ ဆယ်ခုထဲ ဝင်လာနိုင်ခဲ့တယ် - အဲ့ဒါဘယ်သူ့ကြောင့်လဲ သိလား…ရီပိုင်ကြောင့်လေ”

“နောက်ဆုံးကျတော့ ချိုင်းယုံရှန်းက အားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။ ချူးဟွမ်ဂွမ်းရဲ့တူ ဆိုတဲ့အချက်ကို သုံးပြီးတော့ အလုပ်ဝင်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကုမ္ပကြီးတစ်ခုလုံးကို မောင်ပိုင်စီးချင်နေတာလေ ။
ရီပိုင်ကို မောင်းထုတ်ပြီးတော့ ရီပိုင်ကြိုးစားထားသမျှကို ဖြတ်ခုတ်ပစ်တာ ။ ရီပိုင် ဘယ်လို ခံစားရမလဲ နင်တို့ပဲ စဉ်းစားကြည့်လေ…”

လူတိုင်းသည် ဒါကို ကြားလိုက်ကြပြီး မဆုံးနိုင်သောသက်ပြင်းတို့ တဖွဖွချကုန်ကြ၏…

“သာမန်လူသာဆိုရင် ဘာပဲဖြစ်ဖြစ်ဆိုပြီး
တွယ်ကပ်နေမိကြမှာပဲ ။ ပြီးတော့ ချိုင်းယုံရှန်းဆီမှာ ဒီလောက်နောက်ခံအင်အားတောင့်တာ ။ ဘယ်သူကမှ
သူ့ကို ထိရဲကြတာမဟုတ်ဘူး ။ ရီပိုင်ကို ကြည့်လေ - ဒီလိုအချိန်မျိုးမှာ ကုမ္ပဏီကနေ လက်ဗလာနဲ့ထွက်သွား တယ်၊ သူသာ အနုပညာလောကထဲ ရှိနေဦးမယ်ဆိုရင် နောက်တစ်ခါ ကမ္ဘာရဲ့အရိုက်ချ ခံရတော့မှာပဲ…”

“ချိုင်းယုံရှန်းကသာ ခေါင်းအကြီးကြီးစားနေရမယ့်သူဟ - သူက ရီပိုင် ဆီကနေ ရသမျှယူချင်နေတာလေ ။ ရီပိုင်က ရင်ဆိုင်ရခက်တဲ့ပြိုင်ဘက် တစ်ယောက် ဖြစ်နေမယ်လို့
သူ ထင်ထားမိမှာ မဟုတ်ဘူး”

……

ဒီအခိုက်၊ အစောက ရွှင်မြူးကာ အာဏာပြနေခဲ့သည့် ချိုင်းယုံရှန်း သည် အခုတော့ ထိုထွက်သွားကြသည့်ပုံရိပ်အား မျက်နှာအောက်ကျကာ ကြည့်နေမိလေသည် ။
သူ့အား ထူးထူးဆန်းဆန်းကြည့်နေကြသည့် ဝန်ထမ်းတို့နှင့် သရုပ်ဆောင်တို့အား ကြည့်လိုက်မိရင်း သွေးရောင်မရှိ ဖြစ်လာရတော့၏ ။

ငါ…ငါတော့ သွားပြီ…

ငါ့ဦးလေးကို ဘယ်လိုရှင်းပြရတော့မလဲ ။

လူစီယန်းသည် သူမ၏ကံမကောင်းခြင်းအပေါ် တခြားသော မိန်းကလေးသရုပ်ဆောင်တွေ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေကြ သည်ကို သတိပြုမိပြီး ဒေါသတို့စွေ့စွေ့ခုန်လာတေ့ာသည်။
ကုန်ရွှီနှင့် လျိုချန်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ကုမ္ပဏီကနေ တကယ်ထွက်သွားကြလေရာ သူတို့ သူမနှင့်အတူ အစီအစဉ်အား ဆက်ရိုက်ကြမည်မဟုတ်တော့ - ဤသည်မှာ သူမမျက်နှာပေါ် ဖြတ်လျှောက်သွားခြင်းနှင့် တူပေသည် မဟုတ်လား ။

“အစ်ကို ရှန်း..သူတို့ကို ကြည့်ပါဦး ။ အရမ်းကို ထောင်လွှားလွန်းတယ် ။ အစ်ကို ရှန်း..အစ်ကို ညီမအတွက် မျှတမှုရအောင် လုပ်ပေးရမယ်နော်။ ဒီတစ်ပတ်အစီအစဉ်မှာ လျိုချန်းနဲ့ကုန်ရွှီတို့နဲ့အတူတူ ညီမ ရိုက်စေရမယ် လို့ အစ်ကို ကတိပေးထား…”

“သောက်ပါးစပ်ပိတ်စမ်း”

ချိုင်းယုံရှန်းသည် ဒေါသတကြီး ငေါက်ငမ်းပစ်လိုက်၏ ။
ထို့နောက်၊ သူ့လက်ထောက်လက်ထဲကနေ နှုတ်ထွက်စာကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏ ။
သူ့မျက်နှာသည် မည်းပုတ်လို့နေချေပြီ ။

လက်ထောက်ငယ်လေးသည် စိုးရိမ်စိတ်ပူစွာဖြင့် ။
“ဒါရိုက်တာ ချိုင်း…အခု ဘယ်လိုလုပ်ကြမလဲ…ဥက္ကဌ ချူးကို ဘယ်လို ရှင်းပြကြမလဲ…”

ချိုင်းယုံရှန်းသည် ဒေါသတို့ပေါက်ကွဲလာတော့သည် ။
“မင်းက ဘာတွေကို ကြောက်နေတာလဲ။ သူတို့က ငါ့ကို ခြောက်ပြရုံပဲ - သူတို့ တကယ်ကြီး ထွက်ရဲမှာမဟုတ်ဘူး”

ရှိုးပွဲရိုက်ကူးခြင်းသည် လမ်းတစ်ဝက်တွင် ရပ်တန့်သွားရ၏ ။ ချိုင်းယုံရှန်းနှင့်တခြားသူတို့သည်လည်း ရုံးခန်းသို့ ပြန်ကုန်ကြသည် ။

သူတို့လမ်းတွင်ရှိသေး ။ ချိုင်းယုံရှန်းသည် ကမ္ဘာ HQ ကနေ ဖုန်းတစ်ကောလ် ဝင်လာတော့၏ ။

“ဒါရိုက်တာ ချိုင်း…လျိုချန်းနဲ့ကုန်ရွှီတို့ဒီနေ့ ရှိုးအတွက် သွားရိုက်ကြတာမလား ။ ဘယ်လိုဖြစ်ရတာလဲ” ချူးဟုန်ဂွမ်း၏လက်ထောက်အသံသည် ဖုန်းထဲကနေ ထွက်လာသည် ။

“ဘာဖြစ်လို့လဲ” ချိုင်းယုံရှန်း၏ရင်ထဲတွင် မကောင်းသည့်ခံစားချက်ကို ရနေလေပြီ ။

“ဒုဥက္ကဌ ရီ နှုတ်ထွက်စာတင်သွားတဲ့ကိစ္စလေ ။
ကုန်ရွှီ၊ လျိုချန်းနဲ့ ဖီးလစ်ကို ပါ ခေါ်သွားတယ်ဆို ။ ဒါရိုက်တာ ရုံးကို မြန်မြန်ပြန်လာတာ ပိုကောင်းမယ် -
ဥက္ကဌ ချူး သောင်းကျန်းနေတယ်”

………………………………………………....

စာစဉ် ၃၃၊ အခန်း ၁၈ ။ ကြိုတင်ကြံစည်ထားခြင်း

ကမ္ဘာ၏ HQ တွင် ။

ချူဟုန်ဂွမ်း၏မျက်နှာသည် မည်းမှောင်နေသည် ။
“ပြောပါဦး…ဘာတွေဖြစ်ခဲ့တာလဲ”

ချိုင်းယုံရှန်းသည် အလွန်ပင် ဒေါသထွက်နေ၏ ။
သူ ထုတ်ပြောလာသည် ။
“ဦးလေး…ကျွန်တော် ဘာမှမလုပ်ဘူး။ အဲ့ဒါ ရီပိုင် ။
သူ ကုမ္ပဏီကို သစ္စာ ဖောက်သွားတာ။ ကုမ္ပဏီရဲ့သရုပ်ဆောင်တွေနဲ့ဝန်ထမ်းကိုပါ ခေါ်သွားရဲတယ် - သူ ဆန့်ကျင်နေတာ ဦးလေး”

ပြီးခဲ့သည့်ရက်တို့တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို ချူးဟုန်ဂွမ် ဘယ်လိုလုပ် မသိဘဲနေပါလိမ့်မည်နည်း ။ သူသည် တမင်တကာ မမြင်ချင်ယောင်ဆောင် ပေးနေခဲ့ခြင်းသာ ဖြစ်၏ ။

ရီပိုင်သည် အလွန်တရာလူအထင်ကြီးခံနေရသဖြင့်
သူသည် ချိုင်းယုံရှန်းကို သုံးပြီး တစ်ဖက်လှည့်နှင့်
သူ့အား လှဲသိပ်ပစ်ချင်ရုံသာဖြစ်၏ ။ သူသည် ရီပိုင်၏နောက်ကြောင်းကို စစ်ဆေးထားပြီးသားပင် ဖြစ်သည် - ရီပိုင်သည် သာမန်ရိုးရိုးမိသားစု တစ်စုတွင် မွေးဖွားလာခြင်း ဖြစ်ပြီး ဘာသြဇာ၊ ဘာအဆင့်အတန်း၊ ဘာလွှမ်းမိုးမှုမှ ရှိမနေပေ ။ သူ့အနေဖြင့် ဤကဲ့သို့သော လူများစွာကို
တွေ့မြင်ဖူးပါ၏ ။ သူတို့တွေသည် အာဏာနည်းနည်း လောက် ရလိုက်ပြီဆိုသည်နှင့် သူတို့တွင် ရှိနေသည့်အရာကို လက်လွှတ်မခံဝံ့ကြတော့သည်ချည်းသာ ဖြစ်ကြ၏ ။

သို့သော်၊ ဒီတစ်ခေါက်တွင် သူ အမှားကြီးမှားသွားခဲ့လေ ပြီလား…

နောက်ဆုံးတွင် အလွန်တရာထုံအပြီး အဆင်အခြင်မရှိသည့်
သူ၏တူ ကြောင့် အရာရာအဆုံးသတ်သွားခဲ့ရလေပြီ ။

“ကိုယ့်အတိုင်းအတာကို ကိုယ် သိပါလို့ ငါ မင်းကို ပြောထားတာ ဘယ်နှခေါက်ရှိပြီလဲကွ ။
ရီပိုင်နဲ့ ဆက်ဆံတဲ့အချိန်မှာ သူ့ကို နှိပ်ကွပ်လို့ရတယ် ၊ ဒါပေမယ့် အတိုင်းအတာကိုမလွန်မိစေနေဲ့လို့
ငါ မင်းကို မပြောခဲ့ဘူးလား ။ အရေးကြီးဆုံးက မင်း
သူတို့ကို ကောင်းကောင်း အသုံးချလို့ရရဲ့သားနဲ့ ။ အခုတော့ ကောင်းရောကွာ - မင်းလက်ထဲမှာ ဒီလောက်ကောင်းတဲ့ကတ်ကို ကိုင်ထားရဲ့သားနဲ့ အခုတော့ ရှုပ်ယှက်ခတ်အောင် မင်း လုပ်ပစ်လိုက်တယ်”

ချူးဟုန်ဂွမ်းသည်  ဒေါသအလိပ်လိပ် ထွက်နေသည် ။

ချိုင်းယုံရှန်းသည် ကိုယ့်ကိုယ်ကို အပြစ်ရှိသယောင် ခံစားမိလာပုံပေါ်၏ ။ သို့သော်၊ သူ၏အမူအရာသည်ကတော့ မြန်မြန်ဆန်ဆန်ပင် ဒေါသပေါက် ထွက်သွားတော့မည်နှယ် ။ သူ ပြောဆိုလာသည်။

“ဦးလေး ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ ။
အခုက အဲ့ကောင်ရဲ့ အမှား။ သူက ဒီလောက်တောင် ကျေးဇူးမသိတတ်တာ ။
ကျွန်တော်က ဦးလေးရဲ့တူဆိုတာကို လူတိုင်းသိတယ်။
ကျွန်တော်နဲ့အံဝင်ခွင်ကျဖြစ်အောင် အားလုံး နေကြတယ် ။ အဲ့ကောင်တစ်ယောက်ထဲကပဲ ကျွန်တော်သွားနေတဲ့ လမ်းပေါ် ဝင်ဝင်ရှု့ပ်လာတာ”

“ဦးလေး မတွေ့လိုက်လို့ - ဒီနေ့ ရိုက်ကူးရေးမှာ
သူ ကျွန်တော့်ကို အရှက်ခွဲတာ ရစရာကို မရှိဘူး ။
အဲ့ကောင် ဘာပြောခဲ့လဲ ဦးလေး သိလား ။ သူ့လူတွေကို လာခေါ်တာတဲ့ ။ ပြီးတော့ ကုန်ရွှီနဲ့လျိုချန်းကိုပါ သူ့နောက် လိုက်ဖို့အားပေးအားမြှောက်လုပ်သွားသေးတယ်”

“ဦးလေး…သူက ကျွန်တေ်ာ့ကိုတင် မလေးမစားလုပ်တာ မဟုတ်ဘူး - ဦးလေးကိုပါ လုံးဝကို မျက်လုံးထဲမထည့်တာ ။ အဲ့လိုစိတ်ထားနဲ့လူက ဆက်နေမယ်ဆိုရင်တောင်မှ ကုမ္ပဏီအတွက် ဘာအကျိုးရှိမှာလဲ”

ချူးဟုန်ဂွမ်းက ငေါက်ငမ်းလာသည် ။
“လျိုချန်းနဲ့ကုန်ရွှီက ဒက်ဇလင်းမှာ ပိုက်ဆံအရှာပေးနိုင်ဆုံးသူ နှစ်ယောက်ပဲ - အခု
သူတို့မရှိတော့ဘဲနဲ့ မင်း ဘာလုပ်တော့မလဲကွ”

ချိုင်းယုံရှန်းက မျက်လုံးလှန်ကြည့်လာသည် ။ ပြီးနောက် ပြောလာ၏ ။
“ကျွန်တော်တို့ ဖီးလစ်နဲ့ပတ်သက်ပြီးတော့ ဘာမှလုပ်လို့မရဘူး ဆိုပေမယ့် ကုန်ရွှီနဲ့လျိုချန်းက ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတုန်းပဲ ။ ဒီလိုထွက်သွားတယ် ဆိုတာက စာချုပ်ကို ဖျက်သွားတာပဲ - ဒီတော့ ကျွန်တော်တို့တွေ သူတိ့ုကို အင့်သွားအောင်လို့လျော်ကြေးတနင့်တပိုးကြီး တောင်းပစ်လို့ရတယ် ။ ကုန်ရွှီဆီမှာက
သူ့မိသားစုရဲ့ကျောထောက်နောက်ခံ ရှိတော့တာ မဟုတ်ဘူး၊ ပြီးတော့ လျိုချန်းက အခုတလောကမှ နာမည်ကြီးလာခဲ့တာ ။ သူတို့တွေ ဒဏ်ကြေးငွေ ပေးနိုင်မှာမဟုတ်ဘူး”

ချူးဟုန်ဂွမ်းသည် သူ့တူဖြစ်သူအား တစ်ချက်ကြည့်လာသည် ။ ရှုံ့ချပြောဆိုလာသည် ။
“ကုန်ရွှီရဲ့စာချုပ်က သူ့အတွက် တမင်သက်သက်ကို မချုပ်ပေးထား ခဲ့ဘူး။ သူ ပေးရမယ်ဆို စာချုပ်ထဲမှာပါတဲ့ လျော်ကြေးလောက်ပဲ ပေးရမှာ ။ လျိုချန်းရဲ့ စာချုပ်က ရှေ့လ ကတည်းက ငါးနှစ်သက်တမ်းပြည့်ပြီးလို့ဒိတ်ကုန်သွားပြီ ။ ဒါကြောင့် သူ့အတွက် စာချုပ်အသစ်တစ်ခုကို ရီပိုင် လုပ်ပေးထားတယ် - အဲ့ဒီစာချုပ်က လုံးဝကို အပြစ်ရှာလို့မရဘူး”

ချိုင်းယုံရှန်းသည် ဒါကို ကြားလိုက်သည့်နောက် ပါးစပ်အဟောင်းသား ဖြစ်သွားတော့ပြီး ချက်ချင်းပင် အံကြိတ်လာတော့သည် ။

သူ့အနေဖြင့် ကုန်ရွှီသည် ကုန် မိသားစု၏သခင်လေးဆိုသည့် နာမည်ကို သုံးပြီး အနုပညာလောကထဲ ဝင်လာခဲ့ခြင်းကြောင့် ဘယ်သူကမှ သူ့အား စာချုပ်မချုပ်ခိုင်းရဲခဲ့ခြင်းကို မေ့လျော့ထားခဲ့မိချေသည် ။ ထို့ပြင်၊ လျိုချန်း၏ စာချုပ်ကိုမူ ရီပိုင်သည် ဟိုးကတည်းက ပြောင်းထားပြီးသား ဖြစ်ချေသည် …

“ဦးလေး…ဒါက သေချာပေါက်ကို ဟိုးကတည်းက ကြိုတင်ကြံစည်ထား တာပဲ”

ချိုင်းယုံရှန်းသည် ဒေါသဆူဝေစွာဖြင့် ပြောဆိုလာသည် ။

ချူးဟုန်ဂွမ်းသည် မျက်ခုံးနှစ်ဖက်အား နှိပ်နယ်နေလေပြီ။ သူ၏မျက်နှာသည် အပျက်ယွင်းကြီးပျက်ယွင်းလာလေသည် - လျိုချန်းသည် အခုချိန်တွင် အလွန်တရာနာမည်ကြီးနေလေပြီ ။ သူ၏စာချုပ်သက်တမ်း ကုန်ဆုံး သွားပြီးသည့်နောက် ရီပိုင်သည် သူ့အား ကုမ္ပဏီတွင် ဆက်နေစေဖို့ရာ ဆိုပြီး အခွင့်အရေးကောင်းတစ်ခု ပေးခဲ့၏ ။ ထိုအကြောင်းနှင့်ပတ်သက်ပြီး သံသယဝင်စရာမရှိခဲ့သဖြင့် သူသည် မကန့်ကွက်မိခဲ့ပါချေ ။

သူ၏ဤတူသည် ထိုမျှအကြီးကြီး ပြသနာရှာပစ်လိမ့်မည်ဟု ဘယ်သူ သိပါမည်နည်း။

ချိုင်းယုံရှန်းသည် ချူးဟုန်ဂွမ်းအား ဒေါသထွက်မိသွားအောင် လုပ်မိမည် စိုးသဖြင့် ကပျာကယာပြောလာသည် ။

“ဦးလေး….ကျွန်တော်ရဲ့ကုမ္ပဏီက အကြီးကြီးပါဗျာ ။
သူတို့မရှိလည်း ကျွန်တော်တို့ ရှေ့ဆက်လို့ရပါတယ်။ စိတ်မပူနဲ့….ဦးလး။ လူစီက အနုပညာလောကထဲ ဝင်တာ လပိုင်းလောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ အခုဆို တော်တော်လေးနာမည်ရနေပြီ ။ ကျွန်တော် ဦးလေးအတွက်
A စာရင်းဝင် သရုပ်ဆောင်တွေ၊ စူးပါးစတားတွေအများကြီး ကို ထုတ်ပေးမယ်”

………………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၃တစ်ခုလုံးကို တစ်ခါတည်းအပြီးဖတ်လိုပါက ၅၀၀ ထဲနဲ့ ဖတ်လို့ရပါပြီ ။

Continue Reading

You'll Also Like

606K 58.8K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...