အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It...
By Zayarminhtut17
24.5K 1.9K 181
မထင်မှတ်ဘဲ လိုင်းပေါ်မှာတွေ့ခဲ့ကြပြီး ချစ်ကြိုက်သွားကြတဲ့ ဇေယျာနှင့် ဇာမဏီတို့ နှစ်ယောက်။ လိုင်းပေါ်ကနေ အပြင်... More
Author Note(ဖတ်ပေးကြပါ)
မိတ်ဆက်
မိတ်ဆက်
EP 1(Uni+Zaw)
EP 2(Uni+Zaw)
EP 3(Uni+Zaw)
Ep 5(Uni+Zaw)
Ep 6(Uni+Zaw)
Ep 7(Uni+Zaw)
Ep 8(Uni+Zaw)
Ep 9(Uni+Zaw)
Ep 10(Uni+Zaw)
Ep 11(Uni+Zaw)
Ep 12(Uni+Zaw)
သီပေါမြေမှ အလှတရားများ
Ep 13(Uni+Zaw)
Ep 14(Uni+Zaw)
Ep 15(Uni+Zaw)
Ep 16(Uni+Zaw)
Ep 17(Uni+Zaw)
Ep 18(Uni+Zaw)
Ep 19(Uni+Zaw)
Ep 20(Uni+Zaw)
Ep 21(Uni+Zaw)
Ep 22(Uni+Zaw)
Ep 23(Uni+Zaw)
Ep 24(Uni+Zaw)
Ep 25(Uni+Zaw)
Ep 26(Uni+Zaw)
Ep 27(Uni+Zaw)
Ep 28(Uni+Zaw)
Ep 29(Uni+Zaw)
Ep 30(Uni+Zaw)
Ep 31(Uni+Zaw)
Ep 32(Uni+Zaw)
Ep 33(Final)
ကျေးဇူးတင်လွှာ
Ep 4(Uni+Zaw)
852 98 6
By Zayarminhtut17
#Unicode#
ဇေယျာ သူငယ်ချင်းဖြစ်သူ နန်းရဲ့ မင်္ဂလာဆောင်ကနေ ချက်ချင်း ပြန်လာခဲ့လိုက်သည်။ သူငယ်ချင်း နန်းကိုလည်း နောက်မှဘဲ တောင်းပန်မယ်ဆိုပြီး ပြန်လာတာ ဖြစ်ချေသည်။ ဇေယျာ ထပ်ပြီး နေနေရင်လည်း ခံစားနေရမှာကို အလိုလို သိနေလို့ဘဲပေါ့။
ဇေယျာ နန်းရဲ့ မင်္ဂလာဆောင်ကနေ ပြန်လာပြီးကတည်းက laggageထဲ အ၀တ်တွေ ထည့်နေလေသည်။ စိတ်ပြေလက်ပျောက်နေဖို့ အချိန်လိုတာဘဲလေ... မဟုတ်ပါလား။ ဇေယျာ အ၀တ်အစားတွေ ထည့်နေချိန်မှာ ဖုန်းမြည်လာ‌ တော့သည်။ ဇေယျာ ကြည့်လိုက်သည်။ ကိုဟိဏ်းခေါ်တာ ဖြစ်တာ‌ကြောင့် ဇေယျာ မကိုင်ဘဲ ချက်ချင်း ချပစ်လိုက်သည်။
ဖုန်းချလိုက်ပြီး အ၀တ်ထပ်ထည့်နေချိန် ဖုန်းက ထပ်ပြီးမြည်လာပြန်လေသည်။ ဒါနဲ့ ဇေယျာ ဖုန်းကို ထပ်ပြီး ကြည့်လိုက်မိတော့သည်။ ဒီတစ်ခါလည်း ကိုဟိဏ်းဆိုတဲ့ contactနဲ့ ထပ်ခေါ်နေမယ်ဆိုရင် ဖုန်းပိတ်လိုက်တော့မည် ဆိုတဲ့ အတွေးနဲ့ ကြည့်လိုက်ခြင်း ဖြစ်သည်။ ဇေယျာ ထင်တာ မှားသွားခဲ့လေပြီ။ ဒီတစ်ခါတော့ အမေဆီ ဖုန်းဘဲ ဖြစ်သည်။ ဒါနဲ့ဘဲ ဇေယျာ ဖုန်းကို ကိုင်လိုက်ကာ speakerဖွင့်ထားလိုက်သည်။
"ဟယ်လို သား"
"အင်း ပြော အမေ"
"သား ဘာဖြစ်လို့လဲ.... ခဏက အမေ့ကို ခေါ်ထားတာ"
"အော် သားပြန်လာတော့မယ်လို့ ပြောမလို့ပါ"
"ဟင် ချက်ချင်းကြီးပါလား"
"အင်း အလုပ်က ပြီးပြီမလို့ပါ"
"ဟုတ်ပါပြီ အမေအခန်းရှင်းထားလိုက်မယ်လေ"
"ရတယ် အမေ....မရှင်းထားနဲ့ သားလာမှဘဲ ကြည့်ရှင်းလိုက်မယ်"
"‌ဟုတ်ပါပြီ"
"အစ်မကော ရောက်နေပြီလား"
"ရောက်ပြီ ညနေကရောက်လို့ ခုရေမိုးချိုးနေတယ်"
"အင်းပါ...သားအ၀တ်ထည့်နေလို့ ဖုန်းချလိုက်တော့မယ်နော်"
"အများကြီးလည်း ထည့်မနေနဲ့အုန်း ခဏဘဲလာမှာကို"
"ခဏလောက်တော့ ဖြစ်မယ်မထင်ဘူး ကြာမယ်ထင်တာပါဘဲ"
"ကြာမယ်ဆိုလည်း သိပ်မထည့်ပါနဲ့ အိမ်မှာလည်း သားအ၀တ်တွေ ရှိနေသေးတာဘဲ"
"အင်းပါ"
"အေအေ အဲ့တာဆိုလည်း ထည့်ထည့်....မနက်ဖြန် ထွက်လာရင်လည်း ဖုန်းဆက်အုန်းနော်"
"အင်းပါ"
အမေနဲ့ ဖုန်းပြောပြီးတော့ ဖုန်းကို airplane modeနှိပ်ထားပြီး အ၀တ်သာ ဆက်ထည့်နေလိုက်သည်။ သီချင်းလေးဖွင့်ထားရင်းနဲ့ပေါ့။ ဇေယျာ အ၀တ်လေးတွေ ထည့်နေရင်း ခဏရပ်ကာ တစ်ခုခုကို တွေးတောနေတော့သည်။
"ကိုဟိဏ်းက ပိန်သွားသလိုဘဲ၊ ဒါပေမယ့်လည်း ဘာလို့ကြည့်ကောင်းနေရတာလဲ"ဆိုပြီး တွေးကာ အ၀တ်နဲ့ မျက်နှာကိုအုပ်ထားကာ ရှက်သွေးဖြာနေလေသည်။
"မတွေးနဲ့ ဇေယျာ စိတ်ထိန်း၊ သူက ငါ့ကိုထားသွားခဲ့တာဘဲ
စိတ်ထိန်းစမ်း"ဆိုပြီး တစ်ယောက်ထဲ ပြောနေပြန်လေသည်။
ဇေယျာ တစ်ယောက် စိတ်ထိန်းလိုက်ကာ အ၀တ်ပြန်ထည့်လိုက်သည်။ ထည့်နေရင်းမှဘဲ
"ငါကိုဟိဏ်းကို မုန်းတယ်လို့ ပြောလိုက်မိပြီ.....ငါ သူ့ကို ဖုန်းဆက်သင့်လား"ဆိုပြီး တစ်ယောက်ထဲ တီးတိုးပြောကာ ဖုန်းကို ကောက်ယူလိုက်သည်။
ဖုန်းကို ယူလိုက်ပြီးတော့လည်း
"ကိုဟိဏ်းက ငါ့ကိုပစ်သွားတာဘဲ"ဆိုကာ ဖုန်းကိုပြန်ချထားလိုက်သည်။
ဒီလောက်တော့ ဇာမဏီဟိဏ်း ဆိုတဲ့သူ ခံယူသင့်ပါသည်။ ဘာကြောင့်ဆို ဇာမဏီဟိဏ်း ဇေယျာကို အဆက်အသွယ်ဖြတ်သွားခဲ့တာ သုံးနှစ်နီးပါးလောက်တောင် ရှိနေရော့ပေါ့။ ထိုသုံးနှစ်အတွင်းလဲ ရူးရူးမူးမူးလည်း ဖြစ်ခဲ့ဖူးပြီ။ ဇေယျာတစ်ယောက် ‌တွေးရင်း မျက်ရည်များ ဝဲလာတာကြောင့် အ၀တ်အစားတွေကို မြန်မြန်ထည့်ကာ အိပ်ဖို့ ပြင်လိုက်လေတော့သည်။
မနက်ခင်းရောက်တော့ ဇေယျာ lagageလေးဆွဲကာ ကားဂိတ်မှာ ကားအလာကို စောင့်နေလိုက်သည်။ ကားစောင့်နေရင်းမှ မိုးထက်ကို ဖုန်းဆက်လိုက်တော့၏။
"ဟယ်လို မိုးထက်လား"
"အင်း အကိုပြော"အိပ်ယာမထသေးတဲ့ အသံဖြစ်နေတာကြောင့် ဇေယျာ နဲနဲရီချင်သွားသည်။
"အိပ်ယာက မထသေးဘူးလား မိုးထက်"
"ခဏနေမှ ထမှာအကို .... အခုက ဘာပြောစရာရှိလို့လဲဟင်"
"အော် အကို မူဆယ်ကို ခဏပြန်မယ်ဆိုတဲ့ အကြောင်း ပြောမလို့ပါ"
"ဟင်"မိုးထက်တစ်ယောက် အိပ်ချင်မူးတူးဖြစ်နေရာကနေ လန့်သွားလေသည်။
"ခုသွားမလို့လား အကို"
"ဟုတ်တယ် ခုကားဂိတ်မှာ"
"ကျွန်တော်လာခဲ့ရမလား အကို"
"ရပါတယ် မလိုပါဘူး၊ ပြီးတော့ အကိုဆိုင်ခန်းသော့ကို အကို့တိုက်ခန်းပိုင်ရှင်ဆီမှာ ထားထားခဲ့တယ်နော်"
"အော် ဟုတ်ကဲ့"
"မိုးထက် ဆိုင်ဖွင့်ချင်ရင် ဖွင့်လို့ရအောင်လို့ပါ"
"ဟုတ်"
"မိုးထက်ရဲ့ လခကိုလဲ လွှဲပေးထားလိုက်တယ်နော်"
"အား....အကိုကလည်းအားနာစရာကြီး"
"အားနာရမှာက အကိုပါ ခုမှပြောမိလို့လေ။ ပြီးတော့ အကို မူဆယ်မှာ တော်တော်ကြာကြာ နေဖြစ်မယ်ထင်တာဘဲ"
"ဟုတ် စိတ်ချပါ ဆိုင်ကို ကျွန်တော့် တာ၀န်ထားလိုက်ပါ"
"အဲ့တာဆို ဒါဘဲနော် ကားလာနေပြီ" ဆိုကာ ‌
ဇေယျာ မိုးထက်နဲ့ ဖုန်းပြောပြီးသည်နှင့် ကားပေါ်တက်လိုက်လေသည်။
ကားက မနက်အစောကြီးထွက်တော့ လူသိပ်မရှိချေ။
ကားရှေ့က ဧည့်သည်ရယ် ကားဆရာရယ်နဲ့ ဇေယျာတို့ သုံးယောက်ဘဲရှိတာလေ။ ဇေယျာကတော့ နောက်ခန်းမှာ တစ်ယောက်ထဲ ဖြစ်လို့နေလေသည်။ ဒါနဲ့ဘဲ ဇေယျာ နားကြပ်လေးတပ်ကာ သီချင်း‌လေး နားထောင်နေလိုက်သည်။ ကားလေးကလည်း စတင် ရွေ့လျားလေပြီ။
ကားလေးက တစ်ဖြည်းဖြည်းနဲ့ မြို့ပြင်ဘက်ကို ရောက်လို့‌ နေလေပြီ။ တောင်တန်းလေးတွေကိုလည်း တစ်စတစ်စ မြင်နေရလေပြီ။ ဇေယျာ ကားရဲ့ပြတင်းပေါက်ကနေ အပြင်ဘက်က ရူခင်းတွေကို ငေးကြည့်နေမိသည်။ ရှုခင်းတွေကို ငေးနေရင်းမှ အရင်က ဇေယျာ ပထမနှစ်ကို ပထမနှစ်၀က်တက်ပြီး အိမ်ပြန်လာချိန်တုန်းက ခံစားချက်လေးကို ပြန်ရစေတော့သည်။
~~~~~
အရင်က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ပထမနှစ်ရဲ့ ပထမနှစ်၀က် စာမေးပွဲဖြေပြီးလို့ အိမ်ကို ပြန်လာ‌နေပြီဘဲ ဖြစ်သည်။ လေးလလောက် လားရှိုးမှာ ကျောင်းသွားတက်ရတော့ အိမ်ကိုပြန်ချင်နေတာ တစ်ပိုင်းသေကို ဖြစ်လို့နေလေပြီ။ ကားမစီးခင်ကလည်း မူဆယ်က သူငယ်ချင်းတွေနဲ့ အတူတူ လျှောက်လည်ဖို့ messengerမှာ ပြောထားသေးသည်။
ကားပေါ်မှာ လိုက်စီးလာတာကတော့ မရင့်ကျက်သေးတဲ့ ဆက်ကျော်သက် အရွယ် ဇေယျာထက်မြတ်ဘဲပေါ့။
ကားစီးလာတာ နှစ်နာရီလောက်ကြာတော့ မူဆယ်မြို့ရဲ့ အ၀င်ကို ရောက်ရှိလာပြီဘဲ ဖြစ်သည်။ အခုက လမ်းကောင်းတော့ မူဆယ်-လားရှိုးဆို နှစ်နာရီလောက်သာ ကားစီးရလေသည်။ အရင်တုန်းကဆိုရင် လေးနာရီလောက် ကြာအောင် ကားစီးရတာပေါ့။ တစ်ဆယ့်ငါးမိနစ်လောက် ထပ်မောင်းရင်ကို ‌ဇေယျာတို့ အိမ်ကို ရောက်တော့မှာဘဲ ဖြစ်သည်။
အိမ်ကိုရောက်တော့ ကားပေါ်က ပစ္စည်းလေးတွေကို ချလိုက်ကာ လာကြိုတဲ့ အမေကို ဇေယျာ ပြေးပြီးဖက်လိုက်သည်။ အစ်မကတော့ အိမ်က ထွက်လာပြီးတော့ ကပ်ဖဲ့သွားသေးသည်။
"အေ အမေ့ကို ကပ်ချွဲနေတဲ့ ကောင်လေး ရောက်ပြီလား" ဆိုပြီးတော့ပေါ့။
"ဟာ အစ်မကလည်း ခုမှရောက်တာကို ပြောဖို့ကြီးဘဲ"
"အေပါ ငါမှားပါတာနော်၊ ပစ္စည်းကူသယ်ပေးမယ်"
ဒီလို့နဲ့ ဇေယျာတို့ မိသားစုသုံးယောက် အိမ်ထဲ၀င်လိုက်ကြသည်။ ဇေယျာရဲ့အဖေက ဇေယျာ ငယ်ငယ်တုန်းက ဆုံးပါးသွားလေပြီ။ အခု အမေရယ်၊အစ်မရယ် ဇေယျာရယ်သုံးယောက်ဘဲ အိမ်ကို စောင့်ရှောက်နေရတာလေ။
ဇေယျာက ကျောင်းတက်ပြီး အစ်မက အလုပ်လုပ်နေရတာလေ။ ဇေယျာတို့ မိသားစုက အရမ်းကြီး မချမ်းသာပေမယ့်လည်း အသင့်အတင့်ရှိတဲ့ မိသားစုလို့ ပြောရမလားဘဲ။ အဖေက ဆုံးသွားပေမယ့်လည်း အဖေ့ညီ ဇေယျာတို့ဦးလေးက လုပ်ငန်းကို လွှဲယူပြီး လုပ်ငန်းကရတဲ့ အကျိုးအမြတ် တစ်၀က်ကို ဇေယျာတို့ အမေကို ခွဲပေးလေသည်။
အစ်မကလည်း အလုပ်လုပ်တယ်ဆိုတာ ဇေယျာကို ကျောင်းထောက်လို့ရအောင်ရယ် အပို၀င်ငွေလေး‌ရှိအောင်ပေါ့။
ဇေယျာ အိမ်ရောက်တော့ ‌ပင်ပန်းတာ‌တွေ ပျောက်အောင် အရင် ရေမိုးချိုးလိုက်သည်။ ပင်ပန်းလို့ထင်ပါရဲ့။ အမေတို့နဲ့ ညစာစားပြီးတာနဲ့ ဇေယျာ တစ်ယောက် တန်းပြီး အိပ်ပျော်သွားတော့သည်။
နောက်နေ့ မနက်ရောက်တော့ ဘာဖြစ်လို့မှန်းမသိ လူကတက်ကြွလို့နေလေသည်။ သူငယ်ချင်းတွေနဲ့ဘဲ သွားလည်ရမှာမလို့လားမသိပါဘူး။
"အ‌မလေး သားရယ် ထပ်အိပ်ပါအုန်း၊ အစောကြီးရှိသေးတာကို" ဆိုပြီး အမေကတောင် ပြောယူရသည်အထိ ဇေယျာ တစ်ယောက် အတက်အကြွ လွန်နေလေရဲ့။
"အား အမေကလည်း ထပ်မအိပ်ချင်တော့ပါဘူး"
"‌‌အေးပါ ဟုတ်ပါပြီ"
"မနက်စာ ဘာစားရမှာလဲ"
"‌ရှမ်းခေါ်က်ဆွဲပါတော် မောင်မင်းကြီးရေ" ဟု
အမေက မဖြေဘဲ အမက ကြားဖြတ်၀င်ဖြေသွားသည်။
"ရေး....ရှမ်းခေါ်ဆွဲဆို အပြီစားပြီလေ"
ဇေယျာတစ်ယောက် ညနေမှ သွားလည်ရမှာကို မနက်ကတည်းက တက်ကြွလို့ နေလေသည်။ မနက်ကတည်းက အခန်းသန့်ရှင်း‌ရေးလေး လုပ်လိုက်၊ စာဖတ်လိုက်နဲ့ အချိန်ကုန်စေတော့သည်။ သူငယ်ချင်းတွေနဲ့လည်း messengerမှာ စကားပြောပြီး သွားလည်ရင် ဘာစားကြမလဲဆိုပြီး‌တော့ မေးနေ‌သေးသည်။ 
ဇေယျာ ညနေသွားမလည်ခင် ဖုန်းသုံးနေတုန်း အကောင့်တစ်ခု လာအပ်တာကို သတိထားမိလိုက်သည်။ အကောင့်နာမည်က 'ဇာမဏီ ဟိဏ်း'ဆိုတော့ ထူးဆန်းတာနဲ့ ဇေယျာလည်း ချက်ချင်းဘဲ လက်ခံလိုက်တော့သည်။ လက်ခံပြီး မကြာပါဘူး ထိုအကောင့်ကနေပြီး messengerမှာ စာလေးပို့လာလေသည်။
"thz accept" ဆိုပြီး ပို့လာတော့သည်။
ဇေယျာ စာပို့မလို့လုပ်တုန်း အပြင်ကနေ ဟွန်းတီးသံကြားလိုက်ရသည်။ သူငယ်ချင်းတွေ လာခေါ်နေပြီဘဲ ဖြစ်သည်။ ဒါ‌ကြောင့်ဘဲ "no problem"ဆိုပြီး ပြန်ပို့လိုက်ကာ သူငယ်ချင်း ဆိုင်ကယ်တွေနဲ့ ‌ဇေယျာ လိုက်ပါသွားပါ‌တော့သည်။
သူငယ်ချင်း ဆိုင်ကယ် နောက်လိုက်စီးနေပေမယ့် ထိုထူးဆန်းတဲ့နာမည်ကို စိတ်ထဲမှာ အချိန်တိုင်း တွေးနေမိသည်။ ဒါနဲ့ဘဲ ဆိုင်ကယ်နောက်နားကနေ သေချာထိုင်ကာ ဖုန်းသုံးဖို့ လိုင်းပြန်ဖွင့်‌လိုက်သည်။ ဖွင့်ဖွင့်ချင်း နိုတီတက်လာလေသည်။ စာပို့ပြီး ဖျက်ထားတဲ့ဟာလေးရယ်၊ ပြီးတော့ စာပို့ထားတာလေးရယ်။
"အသက်ကဘယ်လောက်လဲ"
"မေးတာ"
"စာကမှားလို့"ဆိုပြီး တစ်ခုချင်း ပို့ထားတာဘဲ ဖြစ်သည်။
ဇေယျာလည်း စာပြန်မပို့ရင် မကောင်းတာကြောင့် ပြန်ပို့လိုက်သည်။
"၁၈ပါ"
"အော် အတော်ကွာတယ်၊ ကျွန်တော်က၂၅" ဆိုပြီး ချက်ချင်း စာပြန်လာတော့သည်။
"အင်း"
"စကားနည်းတယ်နော်"
"အား...မဟုတ်ပါဘူး သူငယ်ချင်း နောက်ကနေ ဆိုင်ကယ် လိုက်စီးနေလို့ပါ"
"အော် မမြင်ရဘူးလေနော် မသိလို့ပါ"
"အော် ရပါတယ်"
"Thz"
"ဘာကို thzပြန်တာလဲ"
"အော်...မသိဘဲ ရမ်းပြောတဲ့သူကို နားလည်ပေးလို့ thzတာပါ"
"အော် ရပါတယ် မလိုပါဘူး"
ဇေယျာ ပြောလို့ပြီးတော့ ဇေယျာတို့ မုန့်စားမယ့်ဆိုင်ကို ရောက်ရှိသွား‌လေပြီ။ ဒါနဲ့ဘဲ ဇေယျာလည်း လိုင်းပိတ်လိုက်ရသည်။ ဇေယျာ သူငယ်ချင်းတွေနဲ့ တွေ့ရတော့ ပျော်တာပေါ့။ဒါပေမယ့် စိတ်ထဲမှာတော့ ထိုထူးဆန်းတဲ့ နာမည်နဲ့သူကို
စကားပြောချင်နေမိတာ ခဏခဏပါဘဲ။
ဒါကြောင့် လိုင်းပြန်ဖွင့်လိုက်သည်။ စာပို့ထားခြင်းမရှိတာကြောင့် နိုတီတက်တဲ့ အသံက ထပ်မမြည်လာတော့ဘူးလေ။ ဒါနဲ့ ဇေယျာလည်း စကားပြောချင်နေတာနဲ့ စပြီး စာပို့လိုက်တော့တာပေါ့။
"အကိုက ဘယ်ကလဲ" ပို့လိုက်တော့ ချက်ချင်းပြန်ပို့လာတော့သည်။
"ရန်ကုန်က ညီ"
"အင်း ညီနဲ့ဆို အဝေးကြီးဘဲ"
"ဟုတ်တယ် ညီ"
"အင်း"
"ညီကမူဆယ်ကလား"
"ဟုတ်တယ် လားရှိုးမှာ ကျောင်းတတ်တာဆိုပါတော့"
"အော် အကိုလည်း လားရှိုးမှာ တစ်ခါတစ်လေလာနေတယ်"
"ဟုတ်လား ကောင်းတာပေါ့ အကို"
"အင်း"
"ဒါပေမယ့်လည်း အကိုခုရန်ကုန်မှာဆိုတော့ ညီနဲ့ဝေးတာဘဲလေ"
"အော်...ဝေးပေမယ့် တစ်နိုင်ငံထဲနေနေတာပါ"
"အင်း အကိုပြောတော့လည်း ဟုတ်သားဘဲနော်"
"ညီက ကလေးလိုဘဲနော်"
"ကလေးဘဲရှိသေးတာလေ ခုတောင် spyနှစ်လုံးနဲ့မူးနေပြီ"
"ဟား..ဟား...တစ်ကယ့်ကလေးဘဲ"
"ဟာ ကလေးပါဆိုမှ"
"ခုက အိမ်မှာလား"
"ဟုတ်ဘူး သူငယ်ချင်းတွေနဲ့ အပြင်မှာ"
"အော်် စကားပြောလို့ကော အဆင်ပြေလို့လား"
"ရမယ်ထင်ပါတယ်"
"အင်း သူငယ်ချင်းတွေနဲ့ ပျော်လိုက်အုန်းနော်"
"အင်း ခုကktvထပ်သွားမလို့"
"အော် ဂရုစိုက်သွားနော် ညီ"
"အင်း"
လို့ဖြေပြီး လိုင်းပိတ်လိုက်ပြန်သည်။ ဇေယျာ အံ့ဩမိသည်။အချိန်တိုအတွင်းမှာ ထိုသူနဲ့ပြောနေရတာကို ကျေနပ်နေမိတာကိုလေ။
Ktvသွားဖို့ ဆိုင်ကထွက်လာတော့ မှောင်မဲလို့နေပြီ။ မီးပျက်သွားလို့တဲ့လေ။ ပထမနှစ်၀က်ပြီးဆိုတော့ မိုးအစရာသီဖြစ်နေလေသည်။ ထို့ကြောင့် ကောင်းကင်မှာ‌ မဲမှောင်လို့နေသည်။
ဒါနဲ့ဘဲ ဇေယျာတို့ အိမ်ပြန်လာလိုက်ကြသည်။ ဇေယျာ ktvမသွားတော့ဘူးဆိုတာကို ထိုသူ့ကိုပြောပြချင်နေမိသည်။ ဒါကြောင့်ဘဲ  လိုင်းထပ်ဖွင့်လိုက်မိပြန်သည်။
"အကို ညီတို့ktvသွားတော့ဘူး" ဟု ဇေယျာ စာပို့လိုက်လျှင်ပင် ချက်ချင်း ပြန်စာရောက်လာလေသည်။
"ဘာလို့"
"မီးပျက်နေလို့လေ"
"ဟုတ်လား ကိုတို့မှာလည်း ပျက်နေတာ"
"ဟုတ်လား ခုညီတို့ဘက် မိုးရွာတော့မှာ"
"ဟုတ်လား ဖျားမယ်နော် ၊ထီးယူသွားလား ဂရုစိုက်အုန်း"
"ထီးတော့ မပါဘူး ခုချမ်းနေပြီ"
"ဟာ အိမ်ရောက်ရင် ဆေးသောက်ပြီးနွေးနွေးနေ‌နော်ညီ"
"အင်းပါ အိမ်ကလူတွေတောင် အကို့လောက်စိတ်မပူဘူး"
"ခင်တာကိုး ညီကလည်း"
"အင်းပါ"
"ခုက ktvသွားအုန်းမှာလား ညီ"
"သွားတော့ဘူးလေ ခုမီးပျက်နေတော့ အိမ်ကိုဘဲပြန်နေတာ"
"အင်း လိမ္မာ‌တယ်"
"အင်းလေ လိမ္မာရမှာပေါ့"
"အကိုလည်း ခဏလိုင်းပိတ်လိုက်အုန်းမယ်နော်"
"အင်း"
ထိုနေ့က ဇေယျာ ဇာမဏီဟိဏ်းဆိုတဲ့ အကိုနဲ့ စကားပြောနေရတာ ပျော်ရွှင်‌နေမိသည်။ အဲ့အကိုက လိုင်းပိတ်သွားတော့ ဇေယျာ လွမ်းရတော့မှာဘဲလေ။ ထိုညက ဇေယျာ ရင်ခုန်နေမိတာတော့ အမှန်ပင်။
~~~~~
"ညီ မူဆယ်ကို ၀င်လာပြီ ဘယ်နားရပ်ပေးရမလဲ"
ဇေယျာ စဉ်းစားနေသည်မှာ တော်တော်ကြာသွားသည် ထင်ပါရဲ့။ ကားဆရာပြောမှသာ မူဆယ်ကို ၀င်လာနေပြီမှန်း သိလိုက်ရသည်။ ပြီးတော့ နေ့လည်တောင် ရောက်နေလေပြီ။
"ကားဆရာ ရွှေသမင်ကျောင်းနားက သစ္စာကားပစ္စည်းဆိုင် လမ်းကြားကို ပို့ပေးပါ"
"ဟုတ်ပြီ ညီ"
ကားဆရာနဲ့ပြောလည်းပြီးရော ဖုန်းယူပြီး အမေတို့ကို ရောက်တော့မည့်အကြောင်း လှမ်းအကြောင်းကြားလိုက်သည်။
မကြာပါဘူး ကားရှေ့ခန်းက တစ်ယောက်ကို လိုက်ပို့ပြီး
ဇေယျာကို အိမ်ပြန်လိုက်ပို့လေသည်။ အိမ်ရောက်တော့
အမေက ထွက်ကြိုလေသည်။ ရောက်ရောက်ချင်းကို အမကတော့ ဆောက်နဲ့ထွင်းတော့တာပါဘဲ။
"ဘယ်လိုဖြစ်လို့ ဗြုန်းစားကြီးရောက်ချလာတာလဲ၊ ဘာလဲအသဲကွဲလာတာလား"
"ဟာ...အမကလည်း မဟုတ်ရပါဘူးနော် ဒီအတိုင်းအလည်လာတာကို"
"အေးပါ ပေးပေး ပစ္စည်းကူသယ်ပေးမယ်"
အစ်မက ဇေယျာရဲ့ အိတ်တွေယူပြီး အထဲကို ယူသွားလေ‌ တော့သည်။ အစ်မက အစက မူဆယ်မှာ အလုပ်လုပ်နေတာ
လေ။ ပြီးမှ ရန်ကုန်ကို ပြောင်းသွားတော့တာ။ အမက
ဇေယျာကို ပြောဖို့ကြီးဘဲ ဆိုပေမယ့် ချစ်တော့ ချစ်ရှာလေသည်။
"ရော့ ထားပြီးပြီ ဘာမှမလုပ်နဲ့ဆိုလို့ နင့်အခန်းကို ဘာမှ မလုပ်ထားဘူး"
"အင်းပါ"
"ပြီးရင် ရေမိုးချိုးပြီး ဆင်းလာခဲ့ နေ့လည်စာစားမယ်"
"ဟုတ်ကဲ့ပါ"
အမ အခန်းထဲက ထွက်သွားတော့ ဇေယျာ အခန်းကို သေချာကြည့်နေမိသည်။ ဘာလို့ဆို ဇေယျာကို ကိုဟိဏ်းထားသွားခဲ့တုန်းက အမှတ်တရပစ္စည်းတွေကို မူဆယ်အိမ်မှာ လာထားထားတာလေ။ ဇေယျာ စားပွဲအံဆွဲထဲက စာအုပ်ကို ယူကြည့်လိုက်သည်။ အရင်က အတိုင်းပါဘဲ‌ ရှိနေတာလေ။
ကိုဟိဏ်းနဲ့ ရည်းစားဖြစ်ခါစလား မသိတော့ပါဘူး မှတ်စုလေးတွေ ရေးထားတာလေ။ ကိုဟိဏ်း ဘာကြိုက်တယ်ဆိုတာကအစ မှတ်စုစာအုပ်ထဲမှာ ပါတာပေါ့လေ။ ရေမချိုးခင် အခန်းသန့်ရှင်း‌ရေးလေး လုပ်လိုက်သည်။ မနေတာကြာတော့ ဖုန်တောင်တက်နေပြီလေ။ သန့်ရှင်းပြီးတော့ ရေချိုးလိုက်သည်။
ရေချိုးပြီးတော့ နေ့လည်စာစားဖို့ အောက်ထပ်ကို ဆင်းသွားလိုက်သည်။ အမေ့လက်ရာကို မစားရတာကြာလို့ ထင်ရဲ့၊ ဇေယျာ အားရပါးရစားလိုက်မိသည်။ ထမင်းစားပြီးတော့ အမေက သွားနားလို့ ဆိုကာ ကိုယ့်အခန်းကို ပြန်လာပြီး ကုတင်ပေါ်လှဲလိုက်လေသည်။
မနက်အစောကြီး ထပြီးလာရလို့လား မသိပါဘူး၊ ဇေယျာ ခရီးပန်းကာ အိပ်ပျော်သွားလေသည်။ အိပ်ပျော်သွားတာ ဘယ်လောက်တောင် ကြာမှန်းမသိ ‌နိုးလာတော့ ည၇နာရီတောင် ရှိလို့‌နေပြီဘဲ ဖြစ်သည်။ ဇေယျာလည်း အိပ်ချင်မူးတူးဖြင့် အောက်ထပ်ဆင်းလာလိုက်သည်။ အောက်ထပ်ဆင်းလာတာနဲ့ တစ်ပြိုက်နက် ဘဲလ်တီးသံကို ကြားလိုက်ရလေသည်။ အမေတို့က မီးဖိုကနေ ဇေယျာ့ကို သွားကြည့်ဖို့ ပြောနေတော့သည်။
"သားရေ ဘယ်သူလာလဲ သွားကြည့်လိုက်ပါအုန်း"
ဒါနဲ့ ဇေယျာလည်း ခြံရှေ့ကို သွားကာ တံခါးဖွင့်လိုက်တော့သည်။ တံခါးဖွင့်ဖွင့်ခြင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဇေယျာ စိတ်တိုသွားသည်။
"ဟင်.....ခင်....ခင်ဗျား...ကိုဟိဏ်း" ဆိုပြီး ဇေယျာ ထစ်ထစ်ငေါ့ငေါ့‌ ပြောရင်း အံ့ဩနေလေသည်။ ကိုဟိဏ်းက
ဇေယျာတို့ အိမ်ရှေ့မှာ ရောက်နေတာတဲ့လေ။
"ဘယ်လိုလဲ အံ့ဩသွားလား ဇေယျာ"
              ××××××××××××××××××××
ဒါလေးကိုလဲ ဖတ်ပြီး ကြိုက်နှစ်သက်ရင် voteပေးဖို့ တောင်းဆိုပါတယ်။ အရမ်းကြီးလည်း စာမရေးတတ်တော့ အမှားပါရင် ခွင့်လွတ်ပေးကြပါနော်
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
"ဟယ်လို သား"
"အင်း ပြော အမေ"
"‌ဟုတ်ပါပြီ"
"အင်းပါ"
"အင်းပါ"
"ဟယ်လို မိုးထက်လား"
"ခုသွားမလို့လား အကို"
"ဟုတ်တယ် ခုကားဂိတ်မှာ"
"အော် ဟုတ်ကဲ့"
"ဟုတ်"
~~~~~
"‌‌အေးပါ ဟုတ်ပါပြီ"
"မနက်စာ ဘာစားရမှာလဲ"
"အသက်ကဘယ်လောက်လဲ"
"မေးတာ"
"၁၈ပါ"
"အင်း"
"စကားနည်းတယ်နော်"
"အော် ရပါတယ်"
"Thz"
"ဘာကို thzပြန်တာလဲ"
"အော် ရပါတယ် မလိုပါဘူး"
"ရန်ကုန်က ညီ"
"ဟုတ်တယ် ညီ"
"အင်း"
"ညီကမူဆယ်ကလား"
"အင်း"
"ညီက ကလေးလိုဘဲနော်"
"ဟား..ဟား...တစ်ကယ့်ကလေးဘဲ"
"ဟာ ကလေးပါဆိုမှ"
"ခုက အိမ်မှာလား"
"အော် စကားပြောလို့ကော အဆင်ပြေလို့လား"
"ရမယ်ထင်ပါတယ်"
"အင်း"
"ဘာလို့"
"မီးပျက်နေလို့လေ"
"ခင်တာကိုး ညီကလည်း"
"အင်းပါ"
"အင်း လိမ္မာ‌တယ်"
"အင်း"
~~~~~
"ဟုတ်ပြီ ညီ"
"အင်းပါ"
"ဟုတ်ကဲ့ပါ"
              ××××××××××××××××××××
Continue Reading
You'll Also Like
236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.1M 57.2K 48
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...