One Bite of Food Blogger Boy...

By HeatheryYM_9395

134K 16.6K 2.5K

How to get a foodie boyfriend ?? #Yoonmin # Namjin More

Intro
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]edited
[ 9 ]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[21]
[22]
[23]
[24]
[25]
[26]
[27]
[28]
[29]
[30] Final

[20]

3.8K 495 107
By HeatheryYM_9395

#U

ညခုနစ်နာရီကျော်ခန့်အချိန်.
မီးရောင်မှိန်မှိန်လေး သာလင်းနေသော
ကော်ဖီဆိုင် လေးရှေ့ တွင်ပြုံးရင်းရပ်နေသူ တစ်ဦး..

ဆိုင်လေးထဲမှ လူတစ်ယောက်ထွက်လာကာ
တံခါးဝရှိ Closed စာသားလေး အားချိတ်ဆွဲနေသည်ကို မြင်တော့ အနားသွားကာ
နှုတ်ဆက်စကားဆိုသည်။

**မတွေ့တာကြာပြီနော် Sejun hyung**

**oh! Yoongi ပဲ ဘယ်တုန်းကBusanကိုရောက်နေတာလဲ... Jiminကိုလာကြိုတာလား**

**ဟုတ်ကဲ့ Hyung**

**ဒါကြောင့်ကိုး... Jimin က ဒီနေ့နောက်ကျတဲ့အထိမပြန်ဘဲ အလုပ်တွေကြိုးစားနေတယ်ထင်တာ Yoongiကိုစောင့်နေတာလား**

**Jiminine က အလုပ်တွေကြိုးစားနေတာလား... လိမ္မာ လိုက်တာ **

**တော်ပြီ .. ငါ့ရှေ့မှာ လာroမနေနဲ့ အနောက်ကစတိုခန်း ထဲမှာ Jimin က မြန်မြန်ခေါ်ပြီးသာသွားကြတော့**

**Nae hyung... **

အတွဲတွေ အမြင်ကတ်လိုက်တာ
ဝေးဝေးသွားကြစမ်းဆိုတဲ့ Sejin hyungပုံစံကြောင့်
Yoongi ဘာမှဆက်မပြောတော့ဘဲ
Jimin ရှိရာသာ ထွက်လာခဲ့တော့သည်။

အမှန်တော့ Sejin hyungပြောသလို
Jimin က သူလာကြိုမည်မှန်းသိလို့
နောက်ကျတဲ့အလုပ်လုပ်နေခြင်းမဟုတ်ပေ။
သူလာမည်ကိုတောင် အသိမပေးထား... ။
Companyက အလုပ်ပြီးသည်နှင့်
ချက်ချင်း ကားမောင်းထွက်လာပြီးနောက်
ကျွန်တော်အိမ်ပြန်ရောက်ပြီနော် ဆိုတဲ့
ဖုန်းcallလေး မရသေးတာကြောင့်
Yoongiဆိုင်ကိုတန်းပြီးလာကြိုခြင်းဖြစ်သည်။

Yoongi စတိုခန်းထဲဝင်လာခဲ့တော့
တစ်ယောက်ထဲ ကော်ဖီစေ့အိတ်တွေရေတွက်လိုက်
စာရင်းကိုပြန်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေသော
Jiminလေးကို တွေ့ရသည်။

ရက်အတော်ကြာခွဲနေရပြီးနောက်
အရမ်းလွမ်းနေသည့်အချိန်ပြန်တွေ့ရလို့လား..

Jiminရဲ့ ဒီလိုလေးနက်နေတဲ့ပုံကို
ပထမဆုံး မြင်တွေ့လိုက်ရလို့လား. .. မသိ

Yoongiရဲ့အမြင်မှာ
ဖောင်တိန်တစ်ချောင်းကိုင်ရင်း စာရင်းမှတ်နေတဲ့
Jiminရဲ့ ပုံစံက တစ်ကယ်ကို
ဆွဲဆောင်မှု ရှိနေခဲ့သည်။

ဘယ်လောက်ကြာမှန်းမသိပေမဲ့
ဒီအတိုင်းလေးပဲ သူရပ်ကြည့်နေခဲ့မိသည်။

အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ
အရမ်းကို ကြည့်ကောင်းနေခဲ့တာမို့..... ။

ခဏအကြာမှာတော့
စာရင်းအကုန်ပြီးသွားပုံရတဲ့Jiminတစ်ယောက်
ခေါင်းမော့လာရင်း ပတ်ဝန်းကျင် ကို
သတိထားမိတော့သည်။

အပေါက်ဝမှာ တိတ်တဆိတ်ရပ်နေသောသူကို
မြင်လိုက်တဲ့ ခဏမှာ
ရုတ်တရက် အံ့သြသွားပုံရတဲ့ကောင်လေး....

ပါးစပ်လေးဝိုင်းသွားပုံ က တစ်ကယ့်ချစ်စရာလေး...

**Yoongi!!**

အသံကျယ်ကျယ်နှင့်အော်ခေါ်ရင်း
မျက်လုံးလေးတွေအလုံးစုံမှိတ်ကျသွားတဲ့အထိပြုံးသည်။

ဒီကောင်လေးရဲ့ အပြုံးလေးတစ်ချက်နဲ့တင်
ခြောက်နာရီနီးပါး ကားမောင်းလာရတဲ့ပင်ပန်းမှု
အကုန်ပျောက်ကွယ်သည်။

သိပ်မကြာလိုက်
သူ့ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ ခေါင်းလုံးလုံးလေး.... ။

မျက်နှာလေးကို ဆွဲမော့ရင်း
နဖူးပြင်ကို ငြင်သာစွာ အနမ်းခြွေတော့
ရှက်နေတဲ့ ကောင်ကလေးဆီက
တခစ်ခစ်ရယ်သံထွက်လာသည်။

**ဘယ်တုန်းကရောက်တာလဲ **

**ခုပဲ. မင်းကိုတန်းပြီးလာကြိုတာလေ.... ညနေစာရော စားပြီးပြီလား**

**ဟင့်အင်း.. စာရင်းတွေမပြတ်သေးလို့**

**ခုပြီးပြီလား**

**အင်း ပြီးပြီ **

**အာ့ဆို သွားမယ် Sejin hyung ကိုနှုတ်ဆက်ခဲ့ .. ညနေစာအရင်လိုက်ကျွေးမယ်**

**ဟုတ်**

.....

....

ညနေစာ ကို နှစ်ယောက်သား
Jimin စားချင်နေတဲ့ ငါးရှဥ့် ကင်သွားစားကြသည်။

ချစ်သူဖြစ်ဖြစ်.. သူငယ်ချင်းဖြစ်ဖြစ်..
သူတို့နှစ်ယောက်အတွက်ကတော့
သိပ်ပြီး ကွာခြားသည်မဟုတ်..

Yoongi ကလည်း အရင်တိုင်းပဲ
ဂရုစိုက်နေကျအတိုင်း ဂရုစိုက်ပေးနေဆဲ

နှစ်ယောက်သား
ခဏခဏစကားနိုင်လုကာရန်ဖြစ်တာတွေလျော့ပြီး
ချိုသာသွားသည်ကတော့ ခြွင်းချက်ပေါ့လေ။

သေချာနွှင်ထားသော ငါးကို
Jimin ထမင်းပန်းကန်ထဲထည့်ပေးရင်း
လေသံပျော့ပျော့လေးနှင့်ဆူနေတဲ့ Yoongi

**အလုပ်ဘယ်လောက်ပဲများများပေါ့ အစားလေးတော့မှန်အောင်စားရမယ်လေ .... အဆာခံပြီး လုပ်စရာလား.... ပူမယ်လေ ဖြည်းဖြည်းစား... သေချာညက်ညက်ဝါး...  အရိုးပါသွားရင်လည်းကျေသွားအောင်**

ရှေ့ကနေ တတွတ်တွတ်
ပေါက်ပေါက်ဖောက်နေတဲ့သူ့ရည်းစားကိုကြည့်ရင်း
Jimin လက်ထဲကဇွန်းကိုချသည်။

**ဘာလဲ... ဘာလို့ရပ်လိုက်တာ.. အရိုးလား... လာဒီကို.. လက်ထဲကို ထွေးထုတ်လိုက် **

သုံးနှစ်သားလေးလိုဆက်ဆံခံနေရတဲ့
Park Jimin တစ်ယောက်
သူ့ရှေ့ကလက်ကိုဆွဲယူရင်း
တူနဲ့ဇွန်း ကို ထည့်ပေးရသည်။

**Yoongi... ကိုယ့်ဘာသာလည်းစားပါဦး... ကားမောင်းပြီးလာရတာ ပင်ပန်းလာတယ်မလား ဗိုက်လည်းဆာနေရောပေါ့ **

တစ်ကယ့်ကိုတည်ငြိမ်တဲ့အသွင်နှင့်
လူကြီးလေးလို သူ့ကို ဆူနေတဲ့ကောင်လေး..
ချစ်လိုက်တာ....

**အင်းပါ စားပြီ .. မင်းလည်းစား**

**ကျွန်တော်ကတော်ပြီ... Yoongi ကိုဟင်းထည့်ပေးမယ်**

**ဟုတ်ပါပြီ .. လိမ္မာ လိုက်တာ ဘယ်သူ့ချစ်သူလေးပါလိမ့် **

**Yoongi ချစ်သူလေးပေါ့  **

နှစ်ယောက်လုံး ကိုယ့်ဘာသာပြောရင်း
သဘောကျကာ အကျယ်ကြီး အော်ရယ်မိကြပြန်သည်။

တော်သေးတာပေါ့
Private ခန်းမို့....
အပြင်မှာဆို တခြား သူတွေက ဆူညံလို့
ဝိုင်းကြည့်နေတော့မှာ... ။

Jiminအိမ်ကိုပြန်ရောက်တော့
ညနည်းနည်းနက်နေပြီ
နောက်ကျမည်ဟု ဖုန်းဆက်ထားခြင်းကြောင့်ဖြစ်မည်
လူကြီးတွေကစောင့်မနေတော့
အိပ်ရာဝင်သွားကြပြီ ။

**Yoongi ခြေလက်ဆေးပြီးရင် အိပ်နှင့်နော် ပင်ပန်းလာတာမလား**

ဘာမှပြန်ဖြေသံမကြား
အိပ်ပျော်နေပြီထင်ပါရဲ့.....

Jimin ရေချိုးခန်း ထဲက ပြန်ထွက်လာတော့
အိပ်ရာပေါ်မှာ ထိုင်နေတဲ့ Yoongi

**ဘာလဲ... မအိပ်သေးဘူးလား **

**မင်းကိုစောင့်နေတာ **

**အရင်အိပ်နှင့်ပါဆို**

**Jiminine ကိုဖက်အိပ်ချင်လို့လေ **

**အင်းပါ Jiminineလာပြီ **

........

........

ပင်လယ်ကမ်းစပ်တစ်နေရာ
လက်ချင်းတွဲရင်းလမ်းလျှောက်နေသော
ကောင်လေးနှစ်ယောက်...

သူတို့နှစ်ဦးနည်းတူ
ဟိုသည် လမ်းလျှောက် နေသော
စုံတွဲတချို့ကလွဲလို့ လူရှင်းနေတဲ့ကမ်းခြေ... ။

လူသေးသေးလေးစုံတွဲမှ
ပိုငယ်တဲ့ကောင်ငယ်လေးရဲ့ခေါ်သံ

** Hyung **

ဖြေဆိုသံမကြား။

**Yoongi hyung**

ထပ်ပြီး မဖြေ။

**Min Yoongi!!**

**ဟမ် .. ဟမ်.. Jiminine ကိုယ့်ကိုခေါ်တာလား**

**Yoongi က Hyung နာမည်မဟုတ်ဘူးလားပြော**

**ဟင့်အင်း မင်းက ယဥ်ယဥ်ကျေးကျေးခေါ်နေလို့...**

**ကျွန်တော်ခုကစပြီး Yoongiကို လေးလေးစားစားခေါ်တော့မယ်**

အံမယ် ဟုတ်လှချည်လား
စတွေ့တုန်းကဆို သေတောင်မခေါ်ဘူးနော်
အတန်းတူတော့ Yoongi ပဲဆိုပြီး ငြင်းခဲ့တဲ့သူက...

**ဘာလို့ **

**ဒီလိုလေ... အရင်ကတော့ သူငယ်ချင်းမို့ .. ခုတော့ Yoongi hyungက ကျွန်တော့်ချစ်သူဖြစ်လာပြီမလား... နောက်ဆိုရင်လည်း.. ကျွန်တော့်ခင်ပွန်း ဖြစ်လာမှာဆိုတော့ ရိုသေရမှာပေါ့.... ဟီးဟီး **

ဖြေဆိုသံ မကြားရပြန်။

**Min Yoongi !!! ပြန်မဖြေတာဘာသဘောလဲ.. ကျွန်တော့်ကိုတာဝန်မယူချင်ဘူးဆိုတဲ့သဘောလား.. **

**အမ်... မဟုတ်ပါဘူး... မဟုတ်ဘူး**

**အမလေး လောကကြီးရေ ... တစ်ကုတင်ထဲအတူတူအိပ်တာ ဘယ်နှစ်ခါတောင်ရှိနေပြီလဲ အဲ့ဒါကို  Min Yoongiက Jiminine ကို တာဝန်မယူဘူးတဲ့**

ပင်လယ်ဘက်ကိုမျက်နှာမူရင်း
Feel အပြည့်နှင့်အော်ဟစ်နေသော Jimin ...

သူfeelနေတာအကြောင်းမဟုတ်
တစ်ခြားအတွဲတွေကြည့်ကုန်ပြီဟ

**Jiminine မအော်နဲ့လေ ငါက.. အဲ.. Hyungကပေါ့.. မင်းပြောတာကြားပြီးပျော်သွားလို့ပါကွာ**

ဘာတွေလျှောက်အော်နေတာလဲ ကလေးစုတ်လေး...
အတူတူအိပ်တယ်ဆိုတာ
ဘုရားစူး လက်လေးပဲကိုင်ပြီးဖက်အိပ်ရတာပါနော်..

နှုတ်ခမ်းလေးတောင်
တစ်ကိုက်လောက်မြည်းခွင့်မရဘဲနဲ့
အထင်လွဲ ခံနေရပြီ...

ကယ်တင်ကြပါဦး🥴🥴🥴။

### ##






#Z


နှုတ်ဆက်စကားဆိုသည်။



**ဟုတ်ကဲ့ Hyung**




**Nae hyung... **



Jiminလေးကို တွေ့ရသည်။



Yoongiရဲ့အမြင်မှာ



ခဏအကြာမှာတော့
သတိထားမိတော့သည်။

မြင်လိုက်တဲ့ ခဏမှာ


**Yoongi!!**


အကုန်ပျောက်ကွယ်သည်။

သိပ်မကြာလိုက်


**ဘယ်တုန်းကရောက်တာလဲ **



**ခုပြီးပြီလား**

**အင်း ပြီးပြီ **


**ဟုတ်**

.....

....




နှစ်ယောက်သား



ရှေ့ကနေ တတွတ်တွတ်


Park Jimin တစ်ယောက်


ချစ်လိုက်တာ....




**Yoongi ချစ်သူလေးပေါ့  **


တော်သေးတာပေါ့
Private ခန်းမို့....

ညနည်းနည်းနက်နေပြီ
အိပ်ရာဝင်သွားကြပြီ ။


ဘာမှပြန်ဖြေသံမကြား


**ဘာလဲ... မအိပ်သေးဘူးလား **

**မင်းကိုစောင့်နေတာ **

**အရင်အိပ်နှင့်ပါဆို**


**အင်းပါ Jiminineလာပြီ **

........

........

ကောင်လေးနှစ်ယောက်...

သူတို့နှစ်ဦးနည်းတူ

လူသေးသေးလေးစုံတွဲမှ

** Hyung **

ဖြေဆိုသံမကြား။

**Yoongi hyung**

ထပ်ပြီး မဖြေ။

**Min Yoongi!!**





အံမယ် ဟုတ်လှချည်လား

**ဘာလို့ **


ဖြေဆိုသံ မကြားရပြန်။






**Jiminine မအော်နဲ့လေ **

အတူတူအိပ်တယ်ဆိုတာ

နှုတ်ခမ်းလေးတောင်
အထင်လွဲ ခံနေရပြီ...

ကယ်တင်ကြပါဦး🥴🥴🥴။

### ##



Continue Reading

You'll Also Like

462K 9.7K 73
๐ด ๐‘‡๐ด๐ธ๐พ๐‘‚๐‘‚๐พ ๐‘œ๐‘›๐‘’๐‘ โ„Ž๐‘œ๐‘ก๐‘  2. ๐‘Œ๐‘œ๐‘ข'๐‘™๐‘™ ๐‘“๐‘–๐‘›๐‘‘ ๐‘ก๐‘Ž๐‘’๐‘˜๐‘œ๐‘œ๐‘˜ ๐‘ ๐‘ก๐‘œ๐‘Ÿ๐‘–๐‘’๐‘  ๐‘กโ„Ž๐‘Ž๐‘ก ๐‘๐‘Ž๐‘š๐‘’ ๐‘“๐‘Ÿ๐‘œ๐‘š ๐‘š๐‘ฆ ๐‘š๐‘–๐‘›๐‘‘ ๐‘คโ„Ž๐‘–๐‘โ„Ž ๐‘– ๐‘๐‘œ๐‘ข๐‘™๏ฟฝ...
12.7K 264 22
Ahsoka and Mando meet once again to journey and rescue a friend of Ahsokas. Will they manage to rescue Ahsokas friend? As they get close on their jou...
14.6K 1.5K 100
แ€กแ€…แ€€แ€แ€ฑแ€ฌแ€ท One shortโ€Œแ€ฑแ€›แ€ธแ€™แ€œแ€ญแ€ฏแ€ทแ€•แ€ซแ€•แ€ฒ แ€’แ€ซแ€•แ€ฑแ€™แ€ฒ แ€›แ€ฑแ€ธแ€›แ€„แ€บแ€ธแ€”แ€ฒแ€ท Threeโ€Œ shortแ€–แ€…แ€บโ€Œแ€žแ€ฝแ€ฌแ€ธแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€‘แ€„แ€บแ€•แ€ซแ€แ€šแ€บแ‹ แ€กแ€ฒแ€ทแ€แ€ฌแ€€แ€ผแ€ฑแ€ฌแ€„แ€ทแ€บ Three short collectionแ€œแ€ญแ€ฏแ€ท แ€กแ€™แ€Šแ€บแ€•แ€ฑแ€ธแ€‘แ€ฌแ€ธแ€•แ€ซแ€แ€šแ€บแ‹ แ€กแ€™แ€พแ€ฑแ€ฌ...
25.4K 3.3K 41
แ€€แ€„แ€บแ€™แ€บแ€žแ€แ€„แ€บแ€œแ€ฑแ€ธแ€€...แ€”แ€ฑแ€ฌแ€€แ€บแ€แ€…แ€บแ€€แ€ผแ€ญแ€™แ€บแ€•แ€ผแ€”แ€บแ€™แ€ฝแ€ฑแ€ธแ€–แ€ฝแ€ฌแ€ธแ€œแ€ฌแ€•แ€ผแ€ฎแ€แ€ฒแ€ท~