ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ...
By god-dess11
933K 117K 8.1K
စာစဉ် ၂၅ မှ စဖတ်နိုင်သည် ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More
စာစဉ် ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဉ် ၂၅ ( ၅ - ၁၆ )
စာစဉ် ၂၅ ( ၁၇ - ၂၄ )
စာစဉ် ၂၆ ( ၁ - ၁၀ )
စာစဉ် ၂၆ ( ၁၁ - ၁၆ )
စာစဉ် ၂၆ ( ၁၇ - ၂၂ )
စာစဉ် ၂၆ ( ၂၃ - ၂၉ )
စာစဉ် ၂၇ ( ၁ - ၈ )
စာစဉ် ၂၇ ( ၉ - ၁၂ )
စာစဉ် ၂၇ ( ၁၃ - ၁၈ )
စာစဉ် ၂၇ ( ၁၉ - ၂၀ )
စာစဉ် ၂၇ ( ၂၁ - ၂၄ )
စာစဉ် ၂၇ ( ၂၅ - ၃၀ )
စာစဉ် ၂၈ ( ၁ - ၄ )
စာစဉ် ၂၈ ( ၅ - ၈ )
စာစဉ် ၂၈ ( ၉ - ၁၄ )
စာစဉ် ၂၈ ( ၁၅ - ၂၂ )
စာစဉ် ၂၈ ( ၂၃ - ၂၈ )
စာစဉ် ၂၉ ( ၁ - ၆ )
စာစဉ် ၂၉ ( ၇ - ၁၂ )
စာစဉ် ၂၉ ( ၁၃ - ၁၈ )
စာစဉ် ၂၉ ( ၁၉ - ၂၄)
စာစဉ် ၂၉ ( ၂၅ - ၂၈ )
စာစဉ် ၃၀ ( ၁ - ၆ )
စာစဉ် ၃၀ ( ၇ - ၁၀ )
စာစဉ် ၃၀ ( ၁၁ - ၁၅ )
စာစဉ် ၃၀ ( ၁၆ - ၂၁ )
စာစဉ် ၃၀ ( ၂၂ - ၂၇ )
စာစဉ် ၃၁ ( ၁ - ၆ )
စာစဉ် ၃၁ ( ၇ - ၁၂ )
စာစဉ် ၃၁ ( ၁၃ - ၁၈ )
စာစဉ် ၃၁ ( ၁၉ - ၂၄ )
စာစဉ် ၃၁ ( ၂၅ - ၂၈ )
စာစဉ် ၃၂ ( ၁ - ၆ )
စာစဉ် ၃၂ ( ၇ - ၁၂ )
စာစဉ် ၃၂ ( ၁၃ - ၁၈ )
စာစဉ် ၃၂ ( ၁၉ - ၂၄ )
စာစဉ် ၃၃ ( ၁ - ၆ )
စာစဉ် ၃၃ ( ၇ - ၁၂ )
စာစဉ် ၃၃ ( ၁၃ - ၁၈ )
စာစဉ် ၃၃ ( ၁၉ - ၂၂ )
စာစဉ် ၃၃ ( ၂၃ - ၂၆ )
စာစဉ် ၃၄ ( ၁ - ၆ )
စာစဉ် ၃၄ ( ၇ - ၁၂ )
စာစဉ် ၃၄ ( ၁၃ - ၁၈ )
စာစဉ် ၃၄ ( ၁၉ - ၂၅ )
စာစဉ် ၃၅ ( ၁ - ၆ )
စာစဉ် ၃၅ ( ၇ - ၁၂ )
စာစဉ် ၃၅ ( ၁၃ - ၁၈ )
စာစဉ် ၃၅ ( ၁၉ - ၂၅ )
စာစဉ် ၃၆ ( ၁ - ၆ )
စာစဉ် ၃၆ ( ၇ - ၁၂ )
စာစဉ် ၃၆ ( ၁၃ - ၁၈ )
စာစဉ် ၃၆ ( ၁၉ - ၂၆ )
စာစဉ် ၃၇ ( ၁ - ၆ )
စာစဉ် ၃၇ ( ၇ - ၁၂ )
စာစဉ် ၃၇ ( ၁၃ - ၁၈ )
စာစဉ် ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဉ် ၃၈ ( ၁ - ၈ )
စာစဉ် ၃၈ ( ၉ - ၁၆ )
စာစဉ် ၃၈ ( ၁၇ - ၂၀ )
စာစဉ် ၃၈ ( ၂၁ - ၂၈ )
စာစဉ် ၃၉ ( ၁ - ၈ )
စာစဉ် ၃၉ ( ၉ - ၁၆ )
စာစဉ် ၃၉ ( ၁၇ - ၂၅ )
စာစဉ် ၄၀ ( ၁ - ၆ )
စာစဉ် ၄၀ ( ၇ - ၁၀ )
စာစဉ် ၄၀ ( ၁၁ + ၁၈ )
စာစဉ် ၄၀ (၁၉-၂၂)
စာစဉ် ၄၀ (၂၃-၂၅) စာစဉ် ၄၁ (၁-၄)
စာစဉ် ၄၁ ( ၅ - ၁၀)
စာစဉ် ၄၁ (၁၁-၁၈)
စာစဉ် ၄၁ (၁၉-၂၂)
စာစဉ် ၄၁ (၂၃+၂၄+၂၅)
စာစဉ် ၄၂ (၁-၄)
စာစဉ် ၄၂ ( ၅-၁၂ )
စာစဉ် ၄၂ (၁၃-၁၈)
စာစဉ် ၄၂ (၁၉-၂၄)
စာစဉ် ၄၃ (၁-၆)
စာစဉ် ၄၃ (၇-၁၄)
စာစဉ် ၄၃ (၁၅-၁၈)
စာစဉ် ၄၃ (၁၉-၂၆)
စာစဉ် ၄၄ (၁-၆)
စာစဉ် ၄၄ (၇-၁၄)
စာစဉ် ၄၄ (၁၅+၁၆)
စာစဉ် ၄၄ (၁၇-၂၅)
စာစဉ် ၄၅ (၁-၈)
စာစဉ် ၄၅ (၉-၁၄)
စာစဉ် ၄၅ (၁၅-၁၈)
စာစဉ် ၄၅ (၁၉-၂၅)
စာစဉ် ၄၆ (၁-၁၄)
စာစဉ် ၄၆ (၁၅-၂၅)
စာစဉ် ၄၇ (၁-၁၀)
စာစဉ် ၄၇ (၁၁-၂၀)
စာစဉ် ၄၇ (၂၁-၂၄)
စာစဉ် ၄၈ (၁-၁၄)
စာစဉ် ၄၈ (၁၅-၂၅)
စာစဉ် ၄၉ (၁ - ၁၆)
စာစဉ် ၄၉ (၁၇-၂၅)
စာစဉ် ၅၀ (၁-၁၄)
စာစဉ် ၅၀ (၁၅-၂၆)
စာစဉ် ၅၁ (၁-၁၄)
စာစဉ် ၅၁ (၁၅ - ၃၀)
စာစဉ် ၅၂ (၁ - ၁၆ )
စာစဉ် ၅၂ ( ၁၇ - ၂၅ )
စာစဉ် ၅၃ ( ၁ - ၈ )
စာစဉ် ၅၃ ( ၉ - ၁၆ )
စာစဉ် ၅၃ ( ၁၇ - ၂၅ )
စာစဥျ ၅၄ (၁ - ၈)
စာစဥျ ၅၄ (၉-၁၆)
စာစဥျ ၅၄ (၁၇-၂၅)
စာစဥျ ၅၅ (၁-၈)
စာစဥျ ၅၅ (၉-၁၆)
စာစဥျ ၅၅ (၁၇ - ၂၅ )
စာစဥျ ၅၆ (၁-၈)
စာစဥျ ၅၆ (၉-၁၆)
စာစဥျ ၅၆ (၁၇ - ၂၅)
စာစဥျ ၅၇ (၁-၈)
စာစဥျ ၅၇ (၉-၁၆)
စာစဥျ ၅၇ (၁၇-၂၅)
စာစဥျ ၅၈ (၁-၈)
စာစဥျ ၅၈ (၉-၁၆)
စာစဥျ ၅၈ (၁၇-၂၅)
စာစဉ် ၅၉ (၁ - ၈)
စာစဉ် ၅၉ (၉-၁၆)
စာစဉ် ၅၉ (၁၇-၂၅)
စာစဉ် ၆၀ (၁-၁၂)
စာစဉ် ၆၀ (၁၃-၂၅)
စာစဉ် ၆၁ (၁-၁၂)
စာစဉ် ၆၁ (၁၃-၂၅)
စာစဉ် ၆၂ (၁-၁၂)
စာစဉ် ၆၂ (၁၃-၂၅)
စာစဉ် ၆၃ (၁-၁၀)
စာစဉ် ၆၃ (၁၁-၂၀)
စာစဉ် ၆၃ (၂၁-၃၀)
စာစဉ် ၆၄ (၁-၁၂)
စာစဉ် ၆၄ (၁၃-၂၆)
စာစဉ် ၆၅ (၁-၈)
စာစဉ် ၆၅ (၉-၁၆)
စာစဉ် ၆၅ (၁၇-၂၆)
စာစဉ် ၃၂ ( ၂၅ + ၂၆ )
7.8K 1K 98
By god-dess11
Book.              :  32
Chapter.          :  25 + 26
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••
ရီဝမ်ဝမ်သည် သူမ၏ခေါင်းလေးကို စီရီဟန်၏ရင်ခွင်ထဲ တိုးဝှေ့ ဝင်နေရင်း တောက်ပရွှန်းစားသည့်မျက်ဝန်းတို့ ဖြင့် ထိုချောမောလှသည့်ယောက်ျားအား မော့ကြည့်လာသည် ။
တောရိုင်းကောင်ကြီးသည် အသားပါသည့်အရိုးမှာ အသားကို ၀ိုက်စားသွားသလို၊ ရီဝမ်ဝမ်သည်လည်း သူ့ အကျီင်္တို့ ကို ဆွဲဆုတ်ပစ်ချင်နေသည့်အလား သူ့ အား ကြည့်လို့ နေ၏ ။
“ပြန်မယ်”
စီရီဟန် ။  “…”
စီရီဟန် ။  “…”
“သွား.အိပ်.တော့”
“၀ှစ်ခ်ျ…” ကောင်းကင်ကြီး ချာချာလည်သွားသလိုပင် ။
“ဟုတ်လား”
စီရီဟန် ။  “…”
“အိပ်တော့”
စီရီဟန် ။  “ပါးစပ်ပိတ်”
ရီဝမ်ဝမ် ။  “ပိတ်ပေး…အာ…”
………………………………………………………
“အာ၊ အလှလေး…မသွားနဲ့ လေ…”
“အားးးးးးးးးး”
“သောက်ကျိုးနဲ ။ သခင်မလေး ၀မ်ဝမ်လား”
“အအအ-အခု…ဘာလုပ်ကြမလဲ ။ ကပ္ပတိန်အကြီးအကဲ၊
“၀ှစ်ခ်ျ” ရီဝမ်ဝမ်သည် သစ်ပင်ပေါ်ကနေ ခုန်ချလာသည် ။
လူတိုင်း ။  “…”
“၀မ်ဝမ်”
“သခင်လေး ၉”
“အချောလေးပါလား”
“အင်း”
……………………………………………………
စာစဉ် ၃၂ ပြီးပါပြီ
........
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  32
Chapter.          :  25 + 26
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၃၂၊ အခန်း ၂၅ ။  အဓိပ္ပာယ်ရှိတာ တစ်ခုခုလုပ်ကြရအောင်
စီရီဟန်၏မျက်နှာကို မြင်လိုက်ပြီးသည့်နောက် ရီဝမ်ဝမ်၏သဘောထားမှာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားပြီး ကျားဖြူကြီးအား သူမခေါင်းထဲက နောက်ဘက်အကန့်ထဲ
ပို့ပစ်လိုက်တော့လေသည် ။
ကျားဖြူကြီးသည် ဒီအခွင့်အရေးကို အမိအရယူပြီး အမှောင်ထုထဲ လှစ်ခနဲ ထွက်ပြေးပျောက်ကွယ်သွားတော့၏ ။
ရီဝမ်ဝမ်သည် ကျားဖြူကြီးအား လွှတ်လိုက်ပြီး ပြေးလာနေသည်ကို မြင်လိုက်ရသဖြင့် စီရီဟန်၏အမူအရာမှာ နူးညံ့ပျော့ပျောင်းလာတော့သည် ။
ရီဝမ်ဝမ်သည် သူမ၏ခေါင်းလေးကို စီရီဟန်၏ရင်ခွင်ထဲ တိုးဝှေ့ဝင်နေရင်း တောက်ပရွှန်းစားသည့်မျက်ဝန်းတို့ဖြင့် ထိုချောမောလှသည့်ယောကျ်ားအား မော့ကြည့်လာသည် ။
ဝိုး…ဘေဘီက အရမ်းကို ချောတာပဲ…ဟီးဟီး ။
တောရိုင်းကောင်ကြီးသည် အသားပါသည့်အရိုးမှာ အသားကို ဝိုက်စားသွားသလို၊ ရီဝမ်ဝမ်သည်လည်း သူ့အကျီၤတို့ကို ဆွဲဆုတ်ပစ်ချင်နေသည့်အလား သူ့အား ကြည့်လို့နေ၏ ။
စီရီဟန်၏နှုတ်ခမ်းလွှာတို့ တွန့်ကွေးတက်သွားရသည် ။
“ပြန်မယ်”
“အင်း အင်း…” ရီဝမ်ဝမ်သည် နာနာခံခံရိုရိုကျိုးကျိုးလေး ခေါင်းညိတ်ပြလာပြီး သူ့နောက်က လိုက်ပါသွား၏ ။
အိမ်ထဲ ဝင်သွားပြီးသည့်နောက် စီရီဟန်သည် သူမအတွက် ပြင်ဆင်ထားသည့် စွပ်ပြုတ်ကို ရီဝမ်ဝမ်အား သောက်ခိုင်းလိုက်ပြီး၊
နောက် ရေမိုးချိုးခိုင်းကာ အိပ်ရာဝင်ခိုင်းတော့၏ ။
ရီဝမ်ဝမ်သည် အိပ်ရာထဲ ဝင်နေပြီဖြစ်သော်လည်း ငြိမ်ငြိမ်နေခြင်းမရှိ ။
အရက်ရှိန်သည် မြင့်သထက်မြင့်လာပြီး သူမ သောက်ထားသည့် စွပ်ပြုတ်မှာ လုံးဝအကျိုးအာနိသင်ရှိမနေချေ ။
ရီဝမ်ဝမ်သည် လက်ပေါ် ခေါင်းတင်ပြီး အိပ်ရာထဲတွင် စိတ်ရှုပ်ထွေးစွာ လှဲနေသည် ။
အခုချိန်တွင် စီရီဟန်သည် အဝတ်အစားချွတ်နေ၏ ။
ရီဝမ်ဝမ်သည် သူ့အား မျက်တောင်တစ်ချက်လေးမှ မခတ်ဘဲ စူးစူးရဲရဲ ကြည့်လို့နေသည် - သူ သွားရာနောက် သူမမျက်ဝန်းတို့က ထပ်ကြပ်မကွာ အနောက်ကတကောက်ကောက် လိုက်ကြည့်နေ၏ ။
စီရီဟန်သည် ညအိပ်ဝတ်စုံလဲဝတ်ပြီးသွား၍ ခေါင်းအုံးပေါ် ခေါင်းချလိုက်သည့်တခန ရီဝမ်ဝမ်သည် ချက်ချင်းပင် သားကောင်အား ခုန်အုပ်တော့မည့်ကြမ်းတမ်းရက်စက်သည့် တောရိုင်းကောင်ကြီးနှယ် အသွင်ပြောင်းသွားတော့သည် ။ သူမလေး ချက်ချင်းပင် ခုန်အုပ်ပစ်လိုက်ပြီး သူ့ကိုယ်အပေါ်ပိုင်းအား သူမကိုယ်နှင့် တက်ဖိထားပြီး သူ့အား တပ်မက်စွာ စူးစိုက်ကြည့်နေသည် ။
“အချောလေး…မင်းက အရမ်းချောလိုက်တာ ။ မင်း နာမည် ဘယ်လိုခေါ်လဲ”
စီရီဟန် ။  “…” ကြည့်ရတာ လုံးဝအသိစိတ်ပါ လွတ်နေတဲ့ပုံပဲ…
ရီဝမ်ဝမ် ။  “အချောလေး…မင်းကို နိမိတ်ဖတ်ကြည့်ပေးရမလား။
ကိုယ်က အရမ်းမှန်တယ်နော်”
စီရီဟန် ။  “…”
ရီဝမ်ဝမ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လာသည် ။
“အာ…အချောလေး၊ ဘာလို့ပြန်မဖြေတာလဲ ။ ဒီညက မလှလွန်းဘူးလား ။ အချိန်က အရမ်းအဖိုးတန်တယ် - တစ်နာရီရဲ့လေးပုံပုံတစ်ပုံကလည်း ရွှေတုံးတစ်ထောင်လောက်ထိ အဖိုးတန်တယ် ။ ကိုယ်တို့ရဲ့အချိန်တွေကို တန်ဖိုးရှိတာတစ်ခုခု လုပ်ကြရင်မကောင်းဘူးလား”
ရီဝမ်ဝမ်သည် ပြောရင်းဆိုရင်း သူ့နားသို့ တိုးကပ်လာတော့၏ ။ တစ်ယောက်နဲ့တစ်ယောက်၏ ထွက်သက်ဝင်သက်တို့ကို ခံစားမိလောက်အောင်ထိ နီးကပ်လို့လာခြင်းပင် ။ သူမလေး၏ပိတုန်းရောင်ဆံကေသာတို့မှာ သူ့ရင်ဘတ်ပေါ် ဝဲကျလာချိန်…
စီရီဟန် ။  “…”
စီရီဟန်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ထိုမိန်းကလေးက ဖက်ထားသည့် သူ့ကိုယ်အား တည်ငြိမ်အောင် လုပ်လိုက်ရင်း ။
“သွား.အိပ်.တော့”
ဒီအချိန်တွင် ရီဝမ်ဝမ်သည် အလွန်အမင်းပင် စိတ်ဓာတ်ပြင်းပြလို့နေလေရာ သွားအိပ်မည့်အကြောင်း လုံးဝရှိမနေပါချေ ။
“မအိပ်ချင်ဘူး ။ မင်းလေးနဲ့ပဲ အိပ်…ချင်…တာ”
“ဝှစ်ချ်…” ကောင်းကင်ကြီး ချာချာလည်သွားသလိုပင် ။
တစ်စက္ကန့်အတွင်းပင် ရီဝမ်ဝမ်အား လှဲဖိခံလိုက်ရ၏ ။
စီရီဟန်၏အသက်ရှူသံတို့သည် မြန်သထက်မြန်ဆန်လာပြီး အံတို့ကို ကြိတ်ကာ သူ့အောက်က မိန်းကလေးအား ကြည့်နေသည် ။
ရီဝမ်ဝမ်သည် ထိုဒေါသတို့ပြည့်နေသည့် အေးစက်စက်မျက်နှာအား စိုက်ကြည့်နေသည် ။ သူမသည် ပဟေဠိဖြစ်နေပြီး ခေါင်းကို စောင်းကာ စောင်းကာဖြင့် သူ့အား မေးခွန်းထုတ်လာသည် ။
“အာ…အချောလေး၊ မင်းကို ဘာလို့ အရမ်းရင်းနှီးနေတာပါလိမ့် ။
ငါတို့ တနေရာရာမှာ တွေ့ဖူးလား”
စီရီဟန်သည် ဒါကို ကြားလိုက်သည်နှင့်
မျက်လုံးတို့ ကျဉ်းကျုံ့လာတော့သည် ။
“ဟုတ်လား”
ရီဝမ်ဝမ်သည် အတည်ကြီးပင် ခေါင်းညိတ်ပြလာသည် ။
“ဟုတ်တယ်…အချောလေး၊ ရှင်က…ကျွန်မကလေးရဲ့အဖေနဲ့ တူနေတာပဲ”
စီရီဟန် ။  “…”
စီရီဟန်၏မျက်နှာမှာ အိုးဖင်အလား မည်းချိတ်သွားရသည် ။
သူမမှာ ဘယ်တုန်းကများ ကလေးရှိသွားတာလဲ ။
စီရီဟန်သည် စောင်တစ်ထည်ကို ယူလိုက်ပြီး ရီဝမ်ဝမ်အား ခေါင်းလေးပဲ ဖော်ကာ ကျပ်ထုပ်နေအောင် ပတ်ခြုံပေးလိုက်ပြီး အမိန့်ပေးလိုက်၏ ။
“အိပ်တော့”
ဖက်ထုပ်လို အထုပ်ခံလိုက်ရသည့် ရီဝမ်ဝမ် ။
“အာ…အချောလေး…ဘာလုပ်တာလဲ…။ ကျွန်မ တကယ်ကြီး ပြောနေတာ… ရှင် မယုံဘူးလား ။ ဒါဆို အခုပဲ ကလေးရအောင် လုပ်ကြမယ်ဆိုရင်ရော”
စီရီဟန် ။  “ပါးစပ်ပိတ်”
ရီဝမ်ဝမ် ။  “ပိတ်ပေး…အာ…”
စီရီဟန်အဖို့ ဘယ်လိုမှ ထပ်သည်းမခံနိုင်တော့ ။
သူမလေးကို စကားထပ်မပြောစေဖို့ရာအတွက် သူမပါးစပ်အား ပိတ်ပေးလိုက်ရ၏….
…………………………………………………
စာစဉ် ၃၂၊ အခန်း ၂၆ ။ သူများတွေကို ရန်မရှာရဘူး
စီရီဟန်သည် ရှိရှိသမျှအားနှင့် တောင့်ခံပြီး
အနမ်းကို လက်စသတ်လိုက်ရ၏ ။
“ကိုယ် စာကြည့်ခန်းထဲ သွားအိပ်လိုက်မယ်”
ဒီညတွင် သူမလေးနှင့် တစ်ကုတင်ထဲ သူ အိပ်နိုင်မည့်ပုံစံ လုံးဝမရှိပါချေ ။
“အာ၊ အလှလေး…မသွားနဲ့လေ…”
ရီဝမ်ဝမ်သည် သူမ၏အလှလေး အခန်းထဲက ထွက်သွားသည်ကို တမေ့တမော ကြည့်နေမိရင်း စိတ်ဓာတ်တို့ ခြုံးခြုံးကျသွားတော့၏ ။
လုံးဝကို အိပ်လို့မရတော့ဘဲ ကုတင်ပေါ် လူးလှိမ့်နေမိတော့သည် ။
ဆုံးဖြတ်ချက်ချစွာဖြင့် ထထိုင်လိုက်ပြီး တစ်ဖန် ပြတင်းပေါက်ကနေ ခုန်ချသွားပြန်သည်…
ကျင်းဥယျာဉ်၊ သိုသိပ်သောနေရာတွင် ။
အနက်ရောင်ကိုယ်ရံတော်တို့သည် သက်ပြင်းချမိနေကြသည်…
“ညသန်းခေါင်တောင် ရောက်နေပြီ - ကျွန်တော်တို့ ပြန်သွားလို့မရသေးဘူးလား”
“မသိဘူးလေ၊ ငါတို့ အိမ်တော်ထိန်း ရွှီ ကို ခေါ်ပြီးတော့ မေးကြည့်ကြမလား”
“ငါတို့တွေ ဒီလောက်ကြီးထိ လုပ်စရာမလိုလောက်ပါဘူး၊
အရင်တုန်းက ဒီတိုင်းကံဆိုးရုံသက်သက်ဖြစ်ချင်ဖြစ်မှာပါ…”
ထိုအုပ်စုသည် အကျေအလည် ဆွေးနွေးနေကြချိန် ရုတ်တရက်ကြီး သစ်ပင်ပေါ်ကနေ ခေါင်းတစ်ခေါင်း ဇောက်ထိုးကျလာချေသည် ။
“ဟိုင်း ~ မင်းတို့အားလုံး နေကောင်းကြတယ်မလား ~ ရေး…ငါလေး နောက်ဆုံးတော့ လူသားတွေကို ရှာတွေ့ပြီကွ”
တစ်စက္ကန့်လောက် လေထုကြီးသည် အတိတိတ်ဆိတ်သွားတော့သည် ။ သရဲတွေကို မြင်လိုက်ရသည့်အလားနှယ် စတင်မျက်ကလူးဆန်ကပြာ ဖြစ်ကုန်ကြတော့ပြီး ဝံပုလွေတွေကဲ့သို့ အော်ဟစ်ကုန်ကြတော့သည် ----
“အားးးးးးးးးး”
“သောက်ကျိုးနဲ ။ သခင်မလေး ဝမ်ဝမ်လား”
“ဘယ်လိုလုပ်ပြီးတော့ ပေါ်လာတာလဲ”
ရီဝမ်ဝမ်သည် သစ်ပင်ပေါ်ကနေ ရုတ်တရက်ကြီး ခေါင်းဇောက်ထိုးဖြင့် ပေါ်ထွက်လာခြင်းပင် ။ ပုန်းကွယ်နေကြသည့် အနက်ရောင်ကိုယ်ရံတော် အဖွဲ့တို့သည် သေမတတ် ကြောက်လန့်ကုန်ကြတော့သည် ။
တစ်ချိန်တည်းပင် လူတိုင်းသည် ခြေဆယ်လှမ်း နောက်ပြန်ဆုတ်ကုန်ကြပြီး ချွေးအေးတို့ တဖြိုက်ဖြိုက်ကျလျက် ရီဝမ်ဝမ်အား သတိကြီးကြီးဖြင့် စိုက်ကြည့်ကုန်ကြသည် ။
“သောက်ကျိုးနဲ…ဘာတွေ ဖြစ်ကုန်တာလဲ ။
ငါတို့ ဒီမှာ ပုန်းနေတာတောင် ရှာတွေ့သွားတယ်လားဟ”
“အအအ-အခု…ဘာလုပ်ကြမလဲ ။ ကပ္ပတိန်အကြီးအကဲ၊
ကပ္ပတိန် အီလဲဗင်း ၊ မြန်မြန်လေး တစ်ခုခုကြံကြပါဦး”
အီလဲဗင်းသည် တံတွေးတို့ မြိုချလာသည် ။
“ဝမ်…ဝမ်ဝမ် သခင်မလေး၊ ဘာလို့ ဒီရောက်လာတာလဲခင်ဗျာ ။
အခု အရမ်းညဉ့်နက်နေပြီ - ပြန်သွားပြီး အနားယူတော့နော်”
“ဝှစ်ချ်” ရီဝမ်ဝမ်သည် သစ်ပင်ပေါ်ကနေ ခုန်ချလာသည် ။
တစ်ဖွဲ့လုံးအား ဝေ့၀ဲကြည့်နေရင်း မျက်လုံးတို့ကျဉ်းကျုံ့လာသည် ။
“အော် လက်စသတ်တော့ မင်းတို့ကိုး - မင်းတို့က ဟိုတစ်ခေါက်တုန်းက ငါ့ကို ဆော်သွားကြတဲ့သူတွေမှတ်လား ။ ကဲ…ငါတို့ရဲ့မပြီးသေးတဲ့ပွဲကို ဆက်တိုက်ကြတာပေါ့”
လူတိုင်း ။  “…”
သူမ တကယ်ကို အမှတ်မှားနေတာပဲ ။
တကယ်ဆော်ပလော်တီး ခံခဲ့ရတဲ့သူတွေက ဘယ်သူတွေလဲ…ဟမ် ။
မင်း ရန်ဖြစ်ချင်တယ်ဆိုရင်တောင်မှ ဒီဆင်ခြေတော့ မသုံးပါနဲ့လားဗျာ ။
ဘယ်သူမှ ဘာမှမလုပ်ရသေးခင် ရီဝမ်ဝမ်သည် အလင်းလို လျင်မြန်သည့် နှုန်းထားဖြင့် သူတို့ဆီ ပြေးဝင်လာနေချေပြီ ။
ရီဝမ်ဝမ်သည် ဟိုးအစကတည်းက ကြောက်စရာကောင်းပြီးသားပင်၊
အခု မူးလာပြီးသည့်နောက်တွင် တာကျိုးသည့်ဆည်လို
သူမ ရှိသမျှအားအကုန်သည် ကျိုးကျထွက်ကျလာတော့သည် ။ ခနတွင်းချင်းပင် အသံပေါင်းစုံ ထွက်လာကုန်ကြ၏…
သေစမ်းကွာ ။ ငါတို့တွေ ဒီလောက် ပုန်းနေရဲသားနဲ့ကို
ရှာတွေ့ခံလိုက်ရတယ်လား…
“ဆ…ဆရာ…မချ…မချ…မချပါနဲ့တော့…” ဖန်ရွှမ်းယီသည် စကားထစ်အထစ်အဖြင့် သူမအား တားဆီးလာသည် ။
ရီဝမ်ဝမ် ဟူသည် သူမလမ်းရှေ့ ပိတ်ဝင်လာသည့် မည်သူကိုမဆို ရှင်းပစ်သည်ချည်းပင် ။
တခြားသူများ၏လက်ထဲတွင် သူတို့နှစ်ဦးသားသည် တိုက်ခိုက်နေခြင်း ဖြစ်၏ ။ သို့သော်၊ အမှောင်ထဲတွင် ရှိနေသည့် ဖန်ရွှမ်းယီ၏အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားချေသည်…
ဒီမိန်းမက ငါ့အားအပြည့်ထည့်ထားတဲ့သုံးကွက်ကို ခံနိုင်တယ်လား…
တိုက်ခိုက်နေခြင်းသည် မြင်သာထင်သာကြီးဖြစ်နေသဖြင့် ဖန်ရွှမ်းယီသည် သူမ၏ခွန်အားအား ဆက်မစမ်းသပ်နိုင်တော့ ။ အနောက်ကို ဆုတ်လိုက် မိချိန် အကန်ခံလိုက်ရသဖြင့် ပျံတက်သွားတော့၏ ။
ရီဝမ်ဝမ်သည် အတော်လေးစိတ်ပျော်ရွှင်လို့နေလေသည် ။ သို့သော် ရုတ်တရက်ကြီး သူမအနောက်ဘက်ဆီကနေ နက်ရှိုင်းပြီး သြရှသည့် အသံတစ်သံ ထွက်လာသည် -------
“ဝမ်ဝမ်”
ထိုရင်းနှီးသည့်အသံကို ကြားလိုက်ရသဖြင့် အနက်ရောင်အဖွဲ့ ကိုယ်ရံတော်တို့အားလုံး ထိုလူဘက် လှည့်ကြည့်ကုန်ကြသည် ။
“သခင်လေး ၉”
လက်ရှိအချိန်တွင် ရီဝမ်ဝမ်၏လက်တစ်ဖက်တွင် ကိုယ်ရံတော်တစ်ယောက် ကို ဖမ်းဆုပ်ထားပြီး ခြေထောက်အောက်တွင် ကိုယ်ရံတော်တစ်ယောက် ရှိနေ၏ ။ သူမထံ ထိုလူလာနေသည်ကို မြင်လိုက်သည်နှင့် သူမ၏မျက်လုံး တို့ ဝင်းပသွားတော့သည် ။
“အချောလေးပါလား”
စီရီဟန်သည် သူ နည်းနည်းလေးလောက် သတိမထားမိလိုက်တာနဲ့ လှစ်ခနဲ ပျောက်သွားတတ်သည့် ရီဝမ်ဝမ်အား မှုန်မှိုင်းစွာဖြင့် စူးစိုက် ကြည့်နေသည် ။  “ပြန်သွားအိပ်တော့”
ရီဝမ်ဝမ်ခမျာ စိတ်မပါလက်မပါဟန် ပေါက်လာပြီး နှုတ်ခမ်းတို့ ဆူလာချေသည် ။ “အင်းပါ..ဒါဆို ရှင် ကျွန်မကို အဖော်လုပ်ပေး”
နှစ်စက္ကန့်လောက် စီရီဟန် ငြိမ်သက်သွားပြီးနောက် သူ ပြောလာသည် ။
“အင်း”
ထားလိုက်ပါတော့ ။ တခြားသူတွေကို ပတ်ရန်မရှာစေချင်ဘူးဆိုရင် ငါ့ကိုယ်ငါပဲ စွန့်လွှတ်အနစ်နာခံရတော့မှာပဲ…
……………………………………………………
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and vote လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
စာစဉ် ၃၂ ပြီးပါပြီ
Continue Reading
You'll Also Like
92.6K 8.1K 22
Triangle LOVE ...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
266K 7.1K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
234K 22.9K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...