(Completed )The Transmigratio...

By Xiao_Yiii

1.3M 194K 3.1K

မနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(1.25)

11.3K 1.7K 17
By Xiao_Yiii

Unicode

Arc(1.25)

The Wild Dragon Proud Day

နန်းတွင်းကိုယ်ရံတော်တပ်မှုး၏ လျှောက်တင်ချက်အပြည့်အစုံကို ကြားပြီးနောက်ကျင်းချွန်းမိဖုရား၏ နှုတ်ခမ်းများကစတင်ပြီး တုန်ယင်လာခဲ့သည်။ သူမကနန်းတွင်းတပ်မှုးအား ပြတ်သားစွာကြည့်ရင်းဒေါသကို မထိန်းချုပ်နိုင်တော့သည့် အတွက်ဘေးမှာရှိသည့် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီးနန်းတွင်း ကိုယ်ရံတော်တပ်မှုး၏မျက်နှာ ဘေးနားကိုကောက်ပေါက် လိုက်သောကြောင့်သူ့ကို ထိလုနီးပါးပင်ဖြစ်သွားသည်။

"မင်းဘာပြောလိုက်တယ်?"

"မိဖုရားမယ်မယ်..ကျေးဇူးပြုပြီး ဒေါသလျှော့ပါခင်ဗျာ...မနေ့ညက ဒီငယ်သားဆုမုချန်ရှိတဲ့အခန်းထဲက အဲ့ဒီတာဝန်ကျတဲ့နန်းတွင်းစေခံ ကလွဲရင်တစ်ယောက်ယောက် ထွက်သွားတာကိုတကယ်ပဲမမြင်တာပါ... ဒါပေမဲ့အဲ့ဒီနန်းတွင်းအစေခံက မနက်မှာတွေတဲ့အိပ်ယာပေါ်မှာ လဲလျောင်းနေတဲ့အစေခံနဲ့ တစ်ရုပ်တည်းပါပဲ...ပုံရောမျက်နှာ သွင်ပြင်ရောကအမြစ်တစ်ခုတည်းက ထွင်းထုပြီးထွက်လာသလိုမျိုးကို အရမ်းတူနေတာပါ"

နန်းတွင်းကိုယ်ရံတော်တပ်မှုးက ကြမ်းပြင်တွင်ဒူးထောက်ရင်း ခေါင်းကိုငုံ့၍လျှောက်တင်လိုက်သည်။ တကယ်တော့သူ့မှာလည်း ပြောမပြတတ်လောက်အောင် ခါးသက်မှုကိုခံစားနေရတာဖြစ်သည်။ ဆုမုချန်းကဒီလိုအံ့အားသင့်ဖွယ် နည်းနဲ့တစ်စုံတစ်ဦးအဖြစ် အတိအကျတူအောင်အသွင် ပြောင်းနိုင်မယ်ဟုဘယ်သူက ထင်ခဲ့ပါ့မလဲ။အဲ့ဒါကရိုးရှင်းစွာပဲ လူတိုင်းကိုအနည်းငယ်မှားယွင်းမှု ကိုပင်မမြင်ရလောက်အောင်ဖြစ်စေသည်။

"ဒီငယ်သားကတစ်စုံတစ်ရာ မှားနေကြောင်းတွေရှိသွားပြီးပြီးချင်း လူတွေကိုချက်ချင်းလွှတ်ပြီး နန်းတော်ထဲမှာရှာခိုင်းထားပြီးပါပြီ"

ကျင်းချွန်းမိဖုရားကတုန်လှုပ်နေသည့် သူ့လက်များကိုစားပွဲလေးအား ဆုပ်ကိုင်ထားမိခြင်းမှလွှတ်လိုက်ပြီး သူ့မရဲ့အခန္တာကိုယ်အပေါ်ပိုင်းကလည်း အနည်းငယ်မြင့်တက်လာခဲ့သည်။ သူမကသူမရဲ့ဒေါသကိုနှလုံးသားထဲတွင် ခဏမျှဖိထားလိုက်ပြီးမှသူမရဲ့ဒေါသ ကိုငြိမ်သက်သွားစေရန်ထိန်းချုပ် နိုင်သည့်အချိန်တွင်ပြာနှမ်းနေသည့် မျက်နှာဖြင့်မြေပေါ်မှာဒူးထောက်နေသော နန်းတွင်းကိုယ်ရံတော်တပ်မှုးကို ကြည့်လိုက်ပြီးပြောလိုက်သည်။

"ဒါဆိုဘာကိုစောင့်နေတာလဲ... ပန်းဂွန်းရဲ့အမိန့်ကိုမြန်မြန်ပြောပြီး အဲ့ဒီလူကိုရှာကြလေ!နန်းတော်ထဲမှာရော ပီယန်မြို့ထဲမှာရော...နန်းတော်တစ်ခုလုံး ကိုမြေလှန်ရှာရမယ်ဆိုရင်တောင် သူ့ကိုငါ့ဆီပြန်ခေါ်လာခဲ့!"

ကျင်းချွန်းမိဖုရားကမျက်လုံးကို မှိတ်လိုက်ပြီးအံ့ကိုကြိတ်ကာ ဆက်ပြောလိုက်သည်။

"အဲ့ဒီနန်းတွင်းအစေခံနှစ်ယောက်ကို ဆွဲထုတ်ပြီးလှံနဲ့သေတဲ့အထိရိုက်... ပန်းဂွန်းကိုသူတို့မျက်နှာကို နောက်တစ်ခါမတွေ့ရစေနဲ့"

"မှန်လှပါ...ဒီငယ်သားချက်ချင်း လူတစ်ယောက်ကိုမြို့တံခါးကို ပိတ်ဖို့စေလွှတ်လိုက်ပါ့မယ်... ဆုမုချန်းကဒီနန်းတော်ထဲက အမြန်ထွက်သွားနိုင်မယ့် နည်းလမ်းမရှိဘူးလို့တော့ ယူဆထားပါတယ်"

ကျင်းချွန်းမိဖုရား၏နောက်ဆုံး စကားရဲ့အဖြစ်မှန်ကတော့သူ့ကို ကြားရန်ပြောလိုက်ခြင်းဖြစ်ကြောင်း သူနားလည်လိုက်သောကြောင့် နန်းတွင်းကိုယ်ရံတော်တပ်မှုးက သိပ်ပြီးတော့မပြောရဲတော့ပေ။ ထိုနန်းတွင်းစေခံလေးနှစ်ယောက်က ဒီအတိုင်းလူတိုင်းကိုသတိပေးလိုက် သည့်အပြစ်မဲ့သည့်တရားခံများသာ ဖြစ်ကြသည်။အကယ်၍သူနဲ့ ကျန်တဲ့သူ့လက်အောက်က နန်းတွင်းကိုယ်ရံတော်များသာ ဆုမုချန်းကိုပြန်ဖမ်းဆီးသည့်နေရာမှာ မအောင်မြင်ခဲ့ရင်ထိုနန်းတွင်းအစေခံနှ စ်ယောက်၏အဆုံးသတ်က သူတို့၏အဆုံးသတ်ဖြစ်လာမှာဖြစ်သည်။

..................

လီလျိုကနန်းတွင်းထဲမှထွက်လာ နိုင်သည်နှင့်သာမာန်ပြည်သူ တစ်ယောက်၏အိမ်သို့ချက်ချင်း ဝင်သွားပြီးသာမာန်လူများ ဝတ်လေ့ဝတ်ထရှိသောအဝတ် အစားများကိုခိုးယူလိုက်သည်။ ထို့နောက်သူသည်သူ့ရဲ့မူလ နန်းတွင်းအစေခံ၏အသွင်အပြင် မှသည်ယောကျာ်းလေးတစ်ယောက်၏ အသွင်သို့ချက်ချင်းပင်ပြန်ပြီး ပြောင်းလဲလိုက်၏။

ယူနီဗာဆယ်အသွင်ပြောင်းဆေးက နှစ်ဆယ့်လေးနာရီထိကြာအောင်ခံသည်။ ဆိုလိုသည်ကသင်သည်နှစ်ဆယ့်လေးနာရီ အတွင်းမည်သူ၏ပုံကိုမဆိုအလွယ်တကူ ဖုံးကွယ်ခြင်းမရှိပဲအကြိမ်ပေါင်းများစွာ အသွင်ပြောင်းနိုင်ခြင်းပင်ဖြစ်သည်။ ဒီတစ်ခေါက်သူ့ရဲ့အသွင်အပြင်ကတော့ မေးစေ့မှာမုတ်ဆိတ်မွှေးများစွာရှိနေသည့် ကြမ်းတမ်းသောယောကျာ်းတစ်ယောက် ပုံဖြစ်နေသည်။

လီလျိုကသူ့မေးစေ့မှမုတ်ဆိတ်မွှေးများကို ထိကြည့်လိုက်ပြီးကျေနပ်နှစ်သိမ့်စွာ ခေါင်းညိမ့်လိုက်မိတော့သည်။ အကယ်၍ချင်ယုအခုနေသူ့ရှေ့မှာ ရပ်နေရင်တောင်ဒီလူကလီလျိုဖြစ်ကြောင်းသူလည်းသတိပြုနိုင်မယ်လို့မထင်ပေ။

မနက်ပိုင်းခစားတဲ့နန်းတွင်းအစေခံ တစ်ယောက်လာတာနှင့်သူ ထွက်ပြေးသွားကြောင်းချက်ချင်း သိသွားကြမှာပဲဒါပေမဲ့သူအခုအချိန် လောက်နဲ့နန်းတွင်းကနေထွက်လာ နိုင်ပြီဆိုတာတော့သူတို့တွေ လုံးဝယုံကြည့်နိုင်ကြမှာမဟုတ်လောက်ဘူး

ဒါပေမဲ့လည်းသူ့ရဲ့အကာအကွယ် ကိုတော့မလျှော့ချနိုင်ဘူးလေ... သူဒီမနက်အစောပိုင်းထွက်တဲ့ လူတွေနဲ့အတူမြို့တံခါးဂိတ်ပေါက် ကနေထွက်ကိုထွက်သွားနိုင်မှဖြစ်မယ်... သူမြို့တံခါးအပြင်ကိုရောက်မှသာ ဘေးလွတ်လိမ့်မယ်...

....................

သူတစ်ညလုံးမအိပ်ရသေးသော်လည်း လီလျိုကငိုက်မြည်းခြင်းအလျင်းမရှိပေ။ သူသည်မြို့တံခါးနှင့်မနီးမဝေးတွင် ရှိသည့်လမ်းကြားငယ်လေးသို့ တည့်တည့်သွားလိုက်ပြီးမြို့တံခါး ဖွင့်မည့်အချိန်ကိုတိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။

အဖြူရောင်အလင်းသည် ကောင်းကင်၌ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ပီယန်မြို့တော် ထဲမှလူများ၏အသံသည်လည်း တစ်ဖြည်းဖြည်းနှင့်ဆူညံလာခဲ့လေ၏။ ကုန်သည်အများစုကမြို့တံခါးဝတွင် တစ်ဖြည်းဖြည်းနှင့်ပေါ်လာခဲ့ကြသည်။ တချို့ကစီးပွားရေးလုပ်ရန် သို့မဟုတ်အိမ်ဝယ်ရန်လိုအပ်သည့် ပစ္စည်းများကိုဝယ်ယူရန်မြို့ထဲသို့ သွားနေကြဖြင်းဖြစ်သည်။သို့သော် မနေ့ညကမြို့တံခါးပိတ်ချိန်ကို မမှီလိုက်သောကြောင့်သူတို့က ပီယန်မြို့ထဲမှာတစ်ညတာ နေလိုက်ကြရခြင်းဖြစ်သည်။

လီလျိုလည်းဤသာမန်လူများနှင့် ရောနှောပြီးမြို့တံခါးဝဖွင့်ရန် စောင့်နေခဲ့လိုက်သည်။

သူလူများနှင့်အတူထောင်ပေါင်းများ စွာမြင့်သည့်မြို့တံခါးမှထွက်ခွာနေသည့် အချိန်တွင်ရှောင်းချီ၏အသံအား ရုတ်တရက်ကြားလိုက်ရသည်။

【မြင့်မြတ်လှတဲ့hostရေကျေးဇူးပြုပြီး သတိထားပါ...အခုအချိန်မှာအသင့် နောက်ကမီတာ၆၀၀ကျော်လောက် ဝေးတဲ့နေရာမှာတစ်ဒါဇင်ကျော်တဲ့ မြင်းတွေကဒီနေရာကိုပြေးလာနေကြတယ်...hostရဲ့အခန်းအပြင်ဘက်ကအစောင့်တွေ ဝတ်ထားတဲ့အတိုင်းအဲ့ဒီလူတွေက ဝတ်ထားကြတာ】

လီလျိုကချက်ချင်းသတိစွဲလိုက်ပြီး လမ်းလျှောက်နေရင်းသူ့ဘေးပတ်ပတ် လည်မှာရှိသည့်အုပ်စုသုံးစုလေးစုအား ကြည့်လိုက်သည်။သူကချက်ချင်း တုံ့ပြန်မှုမလုပ်သော်လည်း ဖြည်းဖြည်းခြင်းဆီသူ့ဘေးမှာရှိသည့် တောင်စောင်းနေရာအားဖြည်းငြင်းစွာ ချည်းကပ်လိုက်လေသည်။လူတိုင်း သူ့ကိုသတိမပြုမိသည့်အချိန်မှာပဲ သူကလူတစ်ဦးအရပ်ထက်မြင့်သည့် ချုံပုတ်များကိုအကာအကွယ်ယူကာ လျင်မြန်စွာထွက်ပြေးလိုက်သည်။

လီလျိုချုံပုတ်ထဲမှာပုန်းအောင်းနေပြီး သိပ်မကြာခင်မှာပဲလမ်းမကြီးတစ်လျှောက် ဖုန်များထလာပြီးစက္ကန့်အနည်းငယ်အတွင်း ဒါဇင်ကျော်သောမြင်းစစ်သည်အုပ်စု တစ်စုပေါ်လာခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပဲ မြင်းတစ်ဒါဇင်ကျော်ကျော်ဟာ လမ်းလျှောက်နေသူတွေကို ပတ်ပတ်လည်ဝန်းရံနေလိုက်၏။

ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ လီလျို၏နှဖူးပြင်တွင်အေးစက်စက် ချွေးများထွက်လာတော့သည်။ အကယ်၍ရှောင်းချီ၏သတိပေးချက် ကြောင့်မဟုတ်ပါရင်သူထွက်ပြေး လွတ်မြောက်နိုင်ရန်ကြိုးစားခဲ့ရသည့် အားထုတ်မှုအားလုံးအလဟသ ဖြစ်သွားပြီးထိုနန်းတော်နေရာသို့ ပြန်သွားရနိင်ဖွယ်ရှိသည်။

လီလျိုကထိုမြင်းစစ်သည်အုပ်စုက သာမာန်ပြည်သူများကိုဝိုင်းရံပြီးမြို့ထဲသို့ ပြန်ပို့သည်ကိုကြည့်နေလိုက်ရင်း သူတို့အားလုံးမြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားမှသာချုံတော ထဲမှာအချိန်ကြာကြီးပုန်းရှောင်နေရာမှ သူ့ရဲ့ခရီးကိုဆက်လိုက်သည်။

သူကချင်ယုနောက်ထပ်တိုက်မည့် မြို့ဖြစ်သည့်ဆုရွှိုင်မြို့သို့သွားရမှာဖြစ်သည်။ အကယ်၍သူမြင်းစီးမယ်ဆိုရင် တစ်လလောက်ကြာမှာဖြစ်တာကြောင့် ခြေနှစ်ချောင်းနဲ့လျှောက်ရမယ် ဆိုရင်တော့ပြောမနေပါနဲ့တော့...

ကြည့်ရတာတော့သယ်ယူပို့ဆောင်ရေး အတွက်ကိရိယာတစ်ခုလောက်တော့ ဝယ်သင့်တဲ့ပုံပေါ်နေပြီပဲ။အနည်းဆုံးတော့ သူ့ကိုနည်းနည်းမြန်မြန်ခရီးသွားစေ နိုင်တာပေါ့။မြင်းဝယ်ဖို့အတွက်သူ့မှာ အနည်းဆုံးငွေစငါးရာ့နှစ်ဆယ်လိုအပ်မှာ။ သူစုဆောင်းထားတဲ့ရွှေချည်တွေကို လဲလှယ်ရင်လည်းငွေစဘယ်လောက် လောက်အတိအကျရနိုင်မယ်မှန်း အတိအကျမသိနိုင်တဲ့အပြင် သူရောင်းလိုက်ရင်လည်းမြင်းတစ်ကောင် ဝယ်နိုင်လောက်အောင်ထိလုံလောက်မလားဆိုတာမသိနိုင်ဘူးလေ..ပြီးတော့ဒီ ရွှေချည်တွေကလည်းသူ့မှာရှိသမျှ အကုန်ပဲဆိုတော့တစ်ခါတည်းနဲ့တော့ ပိုက်ဆံတွေအကုန်လုံးနဲ့မလဲလှယ်နိုင်ဘူး။ သူကအခုမြင်းစီးဖို့မတတ်နိုင်ဘူးဆိုတော့ စီးဖို့လားတစ်စီးပဲဝယ်လိုက်တော့မယ်။

လီလျိုကဆုံးဖြတ်ပြီးသည်နှင့် အနည်းငယ်သာယာဝပြောသော မြို့သို့ရောက်သောအခါသူသည် သူ၏ရွှေချည်အချို့ကိုငွေနှင့် လဲလှယ်ပြီးသယ်ယူပို့ဆောင်ရေးအတွက် လားတစ်ကောင်ကိုဝယ်ယူလိုက်သည်။

.................

လီလျိုကအဖြူရောင်လားကိုစီးရင်း ဆုရွှိုင်မြို့သို့သွားနေသည်။အခုချိန်မှာ သူ့မူလပုံစံကိုပြန်လည်ရရှိတာနဲ့သူ့မှာ အိပ်စက်နိုင်ရန်တောကိုသာချက်ချင်း ရွေးချယ်ရတော့သည်။

သူတစ်ခြားလူအဖြစ်အသွင် ပြောင်းနိုင်သည့်အခါရောက်ရင်တော့ တည်းခိုရန်နေရာတစ်ခုရှာပြီး နောက်ရက်များအတွက် အစာခြောက်များဝယ်ယူကာ သူ့ခရီးကိုဆက်သွားသည်။

အသုံးပြုသည့်အကြိမ်အရေအတွက် တိုးမြှင့်လာသောကြောင့်ယခုအခါတွင် ယူနီဗာဆယ်အသွင်ပြောင်းဆေး၏ ကြာချိန်ကခုနှစ်ရက်ထိကြာမြင့် လာခဲ့ပြီဖြစ်သည်။

လား၏အမြန်နှုန်းသည်မြင်းထက် အနည်းငယ်နှေးကွေးသောကြောင့် လီလျိုသည်လမ်း၏ ၉၅ ရာခိုင်နှုန်းကိုသွားရန်တစ်လ ခွဲကြာမြင့်ခဲ့သည်။

အခုတော့နောက်ထပ်နှစ်ရက်လောက် သာဆက်သွားပါကသူဆုရွှိုင်မြို့ကို တိုက်ရိုက်ရောက်တော့မှာဖြစ်သည်။

တကယ်တော့ထိုအချိန်တွင် ကျင်းချွန်းမိဖုရားကသူ့ကို ဖမ်းဆီးလိုက်သောကြောင့်ချင်ယု၏ နှလုံးသားကဒေါသနှင့်ပြည့်နေပြီး ဒေါသထွက်စရာနေရာမရှိသည့် အခါမှာတော့သူသည်သူ၏ဒေါသ အရှိန်ကိုစစ်မြေပြင်တွင်လွှတ်လိုက်ပြီး မူလကမြို့တော်ကိုလုံးဝသိမ်းပိုက်ရန် တစ်လကျော်ကြာခဲ့ရာကအခုတွင် ချင်ယု၏ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ၎င်းသည် အဲ့ဒီလောက်မခံတော့ပေ။ထို့ကြောင့် လွန်ခဲ့သည့်၁၀ရက်ကတည်းကကျဆုံးခဲ့ပြီး ယခုအချိန်တွင်ချင်ယုကစစ်တပ်ကိုပြန်လည်ဖွဲ့စည်းကာပီယန်မြို့တော်သို့ဦးတည် ချီတက်သွားပြီကိုလီလျိုမသိသေးပေ။

အကယ်၍လီလျိုကအခုချိန်မှာ ဆုရွှိုင်မြို့ကိုရောက်ရင်တောင် သူချင်ယုနှင့်ပူးပေါင်းနိုင်ရန် မဖြစ်နိုင်တော့ဘူးဖြစ်သည်။

.......................

T/N 

မြင်းမဝယ်နိုင်ရင်လားကိုစီးပါ

ပုံ - လီလျို

6.5.2020(8:36 PM)

......................
Zawgyi

Arc(1.25)

The Wild Dragon Proud Day


"မင်းဘာပြောလိုက်တယ်?"










..................






....................














.................








.......................

T/N 


ပုံ - လီလျို

6.5.2020(8:36 PM)

......................

Continue Reading

You'll Also Like

22.6K 2.7K 21
အကျဉ်းချုပ် : အိပ်စက်ခြင်းက အရင်ကလို လွယ်လွယ်ကူကူ မရောက်လာတော့ဘူး .. Bokutoက ဒါကို သိခဲ့တယ် ပြီးတော့ Akaashiလည်း အခု သိခဲ့ပြီ ဖြစ်တယ် အက်ဥ္းခ်ဳပ္...
325K 67.1K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature
596K 76.5K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
811K 16.5K 83
ကောင်မလေးကိုချစ်ပါသည်။