(Zawgyi)
"အဲ့တာဆို....ပါးပါးကိုေျပာလိုက္တဲ့သူက မင္းေပါ့..."
ေနေဝေသာ္၏မ်က္လံုးထဲ၌ ေဒါသအရိပ္အေယာင္အျပည့္ ေတြ႔လိုက္ရေသာေၾကာင့္ ေႏြးေနျခည္လန္႔သြားမိသည္။ သတိမထားမိဘဲ လႊတ္ကနဲေျပာထြက္သြားခဲ့သည့္ စကားတို႔အတြက္ သူမကိုယ္သူမ မိမိလ်ွာကိုမိမိျပန္ကိုက္၍ အျပစ္ေပးမိသည္။
"မင္းေၾကာင့္ ဘာေတြျဖစ္ကုန္လဲသိလား...
ငါ့မိဘေတြစိတ္ဆင္းရဲရၿပီး...ငါတို႔ႏွစ္ေယာက္လံုး အိမ္ေပၚကဆင္းသြားရတယ္...
အဆိုးဆံုးကေတာ့ ဘာမွအျပစ္မလုပ္ခဲ့တဲ့ ငါ့အစ္ကိုကို
သံသယေတြဝင္ၿပီး...စြပ္စြဲမိခဲ့တာပဲ..."
ထိုစဥ္ ေနေဝေသာ့္အေတြးထဲ၌ စကားသံအခ်ိဳ႕ ျပန္ၾကားေယာင္လာခဲ့သည္။
*အဲ့တာမင္းေမႊတဲ့ အက်ိဳးဆက္ပဲေလ...
အားကိုးလို႔မရလည္း ေနာက္ေက်ာေတာ့ဓားနဲ႔မထိုးနဲ႔ေပါ့ အစ္ကိုရာ...* တဲ့.....။
ဒီစကားေတြ... ငါအစ္ကို႔ကို ေျပာမိသြားတာတဲ့လား...။
သူ႔ူဘက္၌ အျမဲ႐ွိေနေပးခဲ့ေသာ အစ္ကို၊ သူ႔ေကာင္းက်ိဳးကိုသာ လိုလားတဲ့အစ္ကို၊ ဘာမဆိုရင္ဖြင့္တိုင္ပင္လို႔ရတဲ့အထိ ယံုၾကည္ခဲ့တဲ့ အစ္ကို႔ကိုမွ သူက စြပ္စြဲမိခဲ့ေလျခင္း...။
အဆံုးသတ္၌ ေနေဝေသာ္တစ္ေယာက္ သက္ျပင္း႐ွည္ႀကီးခ်မိသည္။
.
.
.
ေႏြးေနျခည္သည္ ေနေဝေသာ့္မ်က္လံုးအၾကည့္တို႔ကို မခံႏိုင္စြာ ေခါင္းငံု႔ေ႐ွာင္ရင္း မ်က္ရည္တို႔ ပိုတိုးက်လာေလသည္။
"စိတ္......စိတ္မဆိုးပါနဲ႔...oppaရယ္..
ေနျခည္ကoppaအတြက္ လုပ္ခဲ့မိတာပါ... oppaေနျခည့္ကို သေဘာမက်လည္း ရပါတယ္...ေနျခည္ လက္ခံႏိုင္ပါတယ္...
ဒါ...ဒါေပမယ့္..oppaကို.ေနျခည့္ထက္သာတဲ့သူနဲ႔ပဲ တြဲေစခ်င္ခဲ့တာ...ဘာ...ဘာလို႔...ကိစၥေတြက ေနျခည္ေမ်ွာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာတာလဲ..."
႐ိႈက္သံမ်ားေရာစြတ္ေနသည့္ စကားလံုးမ်ားကို ေနေဝေသာ္တစ္ေယာက္ ဆက္၍နားမေထာင္ႏိုင္ေတာ့ေပ...။
ေႏြးေနျခည္ကို ရင့္က်က္မႈမ႐ွိဘဲ ကေလးဆန္သည့္ ေကာင္မေလး တစ္ေယာက္အျဖစ္သာ သတ္မွတ္ခဲ့သည္က သူ႔အမွားပင္။
အခုေတာ့ ထိုေကာင္မေလး၏ စဥ္းစားဆင္ျခင္ႏိုင္စြမ္းမ႐ွိဘဲ လုပ္လိုက္သည့္ အျပဳအမူေတြေၾကာင့္ ေနေဝေသာ္ တန္ဖိုးထားရသူေတြအားလံုး ထိခိုက္သြားရေလၿပီ..။
ေနေဝေသာ္သည္ ေဒါသကုိလက္သီးဆုပ္ထဲတြင္ ထိန္းခ်ဳပ္ ထားလိုက္ရၿပီး...ေႏြးေနျခည္ကိုလည္း သူ႔ဘဝထဲသို႔ ထပ္မေရာက္လာေအာင္ အျပတ္ေျပာလိုက္သည္။
"မင္းေမ်ွာ္လင့္ထားတဲ့အတိုင္း ဘာလို႔ျဖစ္မလာလဲသိလား...
အခ်စ္ဆိုတဲ့အရာက မင္းစိတ္ထင္သလို လုပ္ယူလို႔ရတဲ့ အရာမဟုတ္လို႔ပဲ...
တစ္စံုတစ္ေယာက္ရဲ႕အခ်စ္ကိုလိုခ်င္ရင္ မင္းကလည္း အဲ့ဒီ့တစ္စံုတစ္ေယာက္အတြက္ ေပးဆပ္ရမယ္...ဒီေနရာမွာ ငါ့ရဲ႕ကူးေလးက မင္းထက္ အမ်ားႀကီးသာတာေပါ့...
သူကငါ့အတြက္ သူ႔ႏွလံုးသားကိုေတာင္ ဥေပကၡာျပဳၿပီး
ငါ့ဆီကေန ထြက္သြားဖို႔အထိ...လုပ္ႏိုင္တယ္...အဲ့တာ ငါ့ကို သူဘယ္ေလာက္ထိ ခ်စ္လဲဆိုတာ ျပႏိုင္တဲ့...သက္ေသပဲ...
မင္းမွာေတာ့ ငါနဲ႔ပတ္သတ္ၿပီး မင္းရဲ႕အတၱေတြပဲ႐ွိတယ္...
အတင္းအက်ပ္လုပ္ယူၿပီးမွ ရလာတာက အခ်စ္မျဖစ္ႏိုင္ဘဲ..
အမုန္းေတြပဲျဖစ္လိမ့္မယ္ ေႏြးေနျခည္...
အရင္ကေတာ့ငါမင္းကို ငါ့ရဲ႕ဂ်ဴနီယာ ညီမေလးတစ္ေယာက္အျဖစ္ သေဘာထားႏိုင္ေသးတယ္...
အခုမင္းက ငါ့အတြက္ ဘာမွမဟုတ္ေတာ့ဘူး...
ဘာမွကိုမဟုတ္ေတာ့တာ..."
ေႏြးေနျခည္သည္ သူမ၏ဝိုင္းစက္ေနေသာ မ်က္လံုးထဲမွ မ်က္ရည္ေတြ တရေဟာ စီးက်လာၿပီးေနာက္
"Oppaမေကာင္းဘူး....." ဟု ေအာ္ဟစ္ရင္း အေဝးသို႔ ထြက္ေျပးသြားေလၿပီ....။
ေနေဝေသာ္လည္း ေႏြးေနျခည္ထြက္သြားမွ သက္ျပင္းခ်ႏိုင္ကာ ကားထဲျမန္ျမန္ဝင္၍ တစ္ေနရာသို႔ ဦးတည္ေမာင္းလိုက္သည္။
.
.
.
.
.
.
Love Scent Companyဝင္းထဲ႐ွိ ကားပါကင္တစ္ေနရာတြင္ Honda Fitအနက္ေရာင္ေလးတစ္စီး ရပ္ထားသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္သည္။
ဖခင္ျဖစ္သူ၏ companyသည္ ေနေဝေသာ္အတြက္ တံခါးမ႐ွိ၊ဓားမ႐ွိ ဝင္ထြက္သြားလာခြင့္ရေနေသာ ေနရာျဖစ္ေသာ္လည္း ခပ္လွမ္းလွမ္း၌သာ ေငးေမ်ွာ္ၾကည့္ရင္း တစ္စံုတစ္ေယာက္ကို ဖုန္းေခၚဖို႔ရန္ ဟန္ျပင္ေနသည္။
ေနေဝေသာ္တစ္ေယာက္
သက္ျပင္းအႀကိမ္ႀကိမ္ခ်လ်ွက္ တြန္႔ဆုတ္ေနမိၿပီးမွ
မရည္ရြယ္ပါဘဲ မေတာ္တဆထိမိသြားေသာ ဖုန္းscreenကို အထိတ္အလန္႔ႏွင့္ ၾကည့္ေနမိစဥ္တြင္ တစ္ဖက္သို႔ ဖုန္းဝင္သြားၿပီျဖစ္သည္။
"အစ္ကိုလား....ငါပါ...ေနေဝေသာ္..."
ေၾကာင္ေတာင္ေတာင္စကားေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရျဖစ္မိေသာ္လည္း ကိုင္ပါ့မလား....
ကိုင္ပါ့မလားဟု ေတြးေနမိသည့္ ေနေဝေသာ့္အေတြးတို႔အတြက္ တည္တံ့သစၥာသည္ ဘယ္ေတာ့မွစိတ္မပ်က္ေစရ...။
"ေျပာေလ...ငါနားေထာင္ေနတယ္..."
"ငါအခု ကားပါကင္မွာ... ဟို.....မင္းအားရင္ ေအာက္ခဏဆင္းလာပါလားလို႔...မအားလည္းရပါတယ္..
ငါေစာင့္ေနမယ္ေလ..."
"အခုလာခဲ့မယ္...ခဏေစာင့္ေန...."
စိတ္ဆိုးေနပံုမရေသာ တည္တံ့သစၥာေၾကာင့္ ေနေဝေသာ္တစ္ေယာက္ ပို၍စိတ္မေကာင္းျဖစ္လာရသည္။
က်ြန္ေတာ့ကို စိတ္ဆိုးေဒါသျဖစ္ၿပီး ေအာ္ေငါက္လိုက္တာကမွ ေကာင္းဦးမယ္မလား...အခုဟာက ေနာင္တရတာထက္ ပိုဆိုးတဲ့ ခံစားခ်က္ႀကီးနဲ႔ရယ္...။
.
.
Love Scent Companyအတြင္း႐ွိ ရံုးခန္းတစ္ေနရာတြင္ အတူတူ႐ွိေနျကသည့္ တည္တံ့သစၥာႏွင့္ရည္မြန္...။
တစ္မနက္လံုး ပုပ္သိုးေနခဲ့သည့္ တည္တံ့သစၥာ၏မ်က္ႏွာသည္ ဖုန္းေျဖၿပီးၿပီးခ်င္း ခ်က္ခ်င္းဆိုသလို ဝင္းပသြားေသာေၾကာင့္ ရည္မြန္တစ္ေယာက္ ေမးခြန္းထုတ္မိသည္။
"ဘယ္သူလဲ...မ်က္ႏွာက ခ်က္ခ်င္းကို ေျပာင္းလဲသြားတာပဲ...ေကာင္မေလး တစ္ေယာက္ေယာက္လား..."
ရည္မြန္၏ေမးခြန္းေၾကာင့္ တည္တံ့သစၥာေအာ္ရယ္မိသည္။ သဝန္တိုေနပံုရသည့္ ရည္မြန္႔ပါးႏုႏုကို ခပ္ဖြဖြေလးညစ္ကာ ရယ္သံေႏွာ၍ ေျပာလိုက္ေလသည္။
"ကိုယ့္မွာ ဒီေကာင္မေလးတစ္ေယာက္ပဲ ႐ွိပါတယ္ကြာ..."
ျပံဳးစိစိျဖစ္သြားေသာ ရည္မြန္႔ကို အသည္းယားစြာႏွင့္ ေခါင္းေလးပုတ္ေပးရင္း...ခံုေပၚမွထလိုက္သည္.။
"အငယ္ေလးဖုန္းဆက္တာေလ...
ေအာက္မွာေစာင့္ေနတယ္တဲ့...အဲ့တာေၾကာင့္ အခုသြားမလို႔..."
"ကိုတို႔ညီအစ္ကိုေတြ ဒီရက္ပိုင္းထူးဆန္းေနတယ္ေနာ္...
ဘာေတြျဖစ္ေနၾကတာလဲ...ရည္မြန္စပ္စုတာေတာ့ မဟုတ္ပါဘူး...ကူညီေပးႏိုင္တာမ်ား ႐ွိမလားလို႔ပါ.."
ရည္မြန္႔စိတ္ကို တည္တံ့သစၥာနားလည္ေသာ္လည္း ညီအစ္ကိုႏွစ္ေယာက္ၾကားတြင္ လ်ွိဳ႕ဝွက္သင့္သည့္ အေၾကာင္းအရာတခ်ိဳ႕ကိုေတာ့ ရည္မြန္႔အား ေျပာမျပခ်င္...။ ထို႔ေၾကာင့္ သူ႔သတို႔သမီးေလာင္း၏ ကူညီခ်င္စိတ္ကို အသိအမွတ္ျပဳသည့္အေနႏွင့္ ရင္ခြင္ထဲထည့္၍သာ ဖက္ထားလိုက္ေတာ့သည္။
"ေက်းဇူးေနာ္ရည္မြန္...ဒါေပမယ့္ ကိုယ္တို႔ဘာမွမျဖစ္ပါဘူး...စိတ္မပူနဲ႔..."
မိမိရင္ဘတ္နား႐ွိ ပခံုးစြန္းေလးႏွစ္ဖက္ကို လက္ႏွင့္အုပ္မိုးဆုပ္ကိုင္ရင္း ႏွစ္ေယာက္သား ျပန္ခြာလိုက္ၾကသည္။ ႏႈတ္ခမ္းနီပန္းဆီေရာင္ေဖ်ာ့ေဖ်ာ့ ဆိုးထားသည့္ ႏႈတ္ခမ္းဖူးေလးအစား ႐ွင္းလင္းေနသည့္ နဖူးျပင္သို႔သာ အနမ္းေႁခြရသည္။
ရည္မြန္မွာ သူပိုင္ဆိုင္ရေတာ့မည့္မိန္းကေလး ျဖစ္ေသာ္ျငားလည္း တည္တံ့သစၥာကေတာ့ နဖူးကိုနမ္းသည္ႏွင့္ ဖက္ရံုေလာက္သာ ခ်စ္ျခင္းကိုျပမိသည္။ ဤသည္ကလည္း သူရည္မြန္႔ကို တန္ဖိုးထားလြန္း၍သာျဖစ္သည္။
သူ႔ေ႐ွ႕၌ရပ္ေနေသာ မိန္းမပ်ိဳေလးသည္လည္း ၾကည္ႏူးပီတိျဖာေဝသည့္ မ်က္လံုးမ်ားႏွင့္ သူ႔ကိုေငးၾကည့္ေနေလသည္။
ထို႔ေနာက္ ႏွစ္ေယာက္သား ရံုးခန္းထဲမွ အတူတူ ျပန္ထြက္ခဲ့ၾကၿပီး တည္တံ႔သစၥာကေတာ႔ ေနေဝေသာ္႐ွိရာဆီသို႔သာ ဦးတည္သြားလိုက္ပါေတာ့သည္။
တည္တံ့သစၥာသည္ ေနေဝေသာ္ကို သိပ္မ႐ွာလိုက္ရပါ..။ ေနေဝေသာ္ေမာင္းေနက် ကားအနက္ေလးကိုေတြ႔သည္ႏွင့္ ကားကိုမွီရပ္ေနသည့္ ေနေဝေသာ္ကိုလည္း ခ်က္ခ်င္းျမင္ရေလသည္။
မ်က္ႏွာခ်င္းဆိုင္ဆံုၿပီးၾကေသာ္လည္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္မၾကည့္ရဲၾကေပ...။ တည္တံ့သစၥာသည္ ေနေဝေသာ္ကိုျမင္သည္ႏွင့္ မေန႔ညကပံုရိပ္ကို ျပန္ေတြးမိလာသည္။ ေနေဝေသာ္သည္လည္း ထိုနည္းတူစြာပင္ျဖစ္သည္။
မေန့ညကမွျဖစ္ခဲ့ေသာ အျဖစ္အပ်က္ျဖစ္ေသာ္လည္း သူတို္႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးမွာ အခ်ိန္ၾကာျမင့္စြာ ျပတ္ေတာက္သြားရသကဲ့သို႔ပင္ ႐ိႈ႕တို႔႐ွန္းတန္းျဖစ္ေနရသည္။
သို႔ေသာ္လည္း တည္တံ့သစၥာကပင္ ေနေဝေသာ္ကို စကားစေျပာလိုက္ပါသည္။
"နႏၵေသြးမပါဘူးလား...."
"အင္း....ဟိုတယ္မွာက်န္ခဲ့တယ္...."
"တီႏုကိုသြားေတြ႔လိုက္ပါဦး...သူအရမ္းဝမ္းနည္းေနတယ္...
ၿပီးေတာ့ ေလးေလးေရာပဲ..."
"ငါအိမ္ကေနလာတာ...ေမေမနဲ႔စကားေျပာခဲ့တယ္...
ပါးပါးကိုေတာ့ ေနာက္မွပဲလာေတြ႔ေတာ့မယ္..."
"ေအာ္...ေအးပါ...မင္းသေဘာပဲေလ...."
အခုထက္ထိ ေတာင္းပန္စကားပင္ မေျပာရေသးေသာ ေနေဝေသာ္သည္ မိမိကိုယ္ကိုယ္မေက်နပ္စြာႏွင့္ စုတ္သတ္လိုက္ၿပီးေနာက္...
မသိေတာ့ဘူးကြာ...ဟုစိတ္ထဲမွ ေရရြတ္ရင္း တည္တံ့သစၥာကို သိုင္းဖက္လိုက္သည္။
.
.
.
.
.
"ငါမင္းကိုဘာလို႔ အထင္လြဲခဲ့လည္းမသိဘူး...အစ္ကိုရာ"
တည္တံ့သစၥာသည္ ႐ုတ္တရက္အဖက္ခံလိုက္ရ၍ လန္႔သြားေသာ္လည္း အေျခအေနကို သေဘာေပါက္သြားသည္ႏွင့္ ျပံဳးမိကာ ေနေဝေသာ္၏ေက်ာကုန္းကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။
"ငါ့ကိုဖက္ၿပီး ငိုေနရေအာင္မင္းက ကေလးလား..."
ေနေဝေသာ္တစ္ေယာက္ တကယ္ပင္ တ႐ႈတ္႐ႈတ္ႏွင့္ငိုေနခဲ့သည္။ ပါးစပ္ကလည္း ေတာင္းပန္ပါတယ္ဟုသာ.အထပ္ထပ္ေျပာေန
ေသာေၾကာင့္ တည္တံ့သစၥာကပင္ သူ႔စိတ္ထဲ၌ဘာမွမျဖစ္ေၾကာင္း ၊ ဤကဲ့သို႔ မ်က္ႏွာေလးလာျပ၍ ေတာင္းပန္ေသာေၾကာင့္ ေက်နပ္သြားၿပီျဖစ္ေၾကာင္း ေျပာျပလိုက္မွ ငိုတာရပ္သြားၿပီး ယခင္ကေနေဝေသာ္ပံုစံကဲ့သို႔ ျပန္ျဖစ္သြားသည္။
"ဘယ္လိုငိုမိသြားမွန္းမသိဘူး...႐ွက္စရာႀကီးကြာ..."
ေနေဝေသာ္သည္ျပံဳးတံု႔တံု႔ႏွင့္ ေျပာဆိုရင္း သူ၏မ်က္ရည္ေတြကို အလ်င္အျမန္ သုတ္လိုက္ေလသည္။
"ငါမင္းကိုစိတ္မဆိုးေပမယ့္ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိတယ္ အငယ္ေလး..."
"နည္းနည္းပဲျဖစ္တာလား...."
ေနေဝေသာ္ျပန္ေျပာလိုက္ေသာစကားတြင္ ေနာက္ေျပာင္မႈတစ္ခ်ိဳ႕ပါေနသည္မို႔ တည္တံ့သစၥာသည္ ေနေဝေသာ့္ရင္ဘတ္ကို ခပ္ဖြဖြထိုးရင္း
"ေအး...မင္းႀကီးေတာ္ကိုပဲ သြားေနာက္ေနလိုက္ေတာ့...
ငါအေကာင္းေျပာေနတာကို..."
ဟုေျပာၿပီးေနာက္တြင္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီး ရယ္ၾကေလသည္။
ထို႔ေနာက္ တည္တံသစၥာသည္ သူ႔စိတ္ထဲ၌ မ႐ွင္းမလင္းျဖစ္ေနေသာ ေမးခြန္းတစ္ခုကို ေမးလိုက္သည္။
"ဒါနဲ႔ ငါမဟုတ္ဘူးဆိုတာ မင္းယံုသြားၿပီဆိုေတာ့ ေလးေလးကို ဘယ္သူေျပာလိုက္တာလဲေရာ သိလား..."
"သိတာေပါ့....သိလို႔ ငါမင္းကိုလာေတာင္းပန္တာေလ..."
"ေျပာပါဦး..ဘယ္သူကငါတို႔ညီအစ္ကိုႏွစ္ေယာက္ကို ေသြးကြဲေစတာလဲ...သူလုပ္တာ ေတာ္ေတာ္ႀကီးတဲ့ ျပႆနာျဖစ္သြားတာကြ...အဲ့တစ္ေယာက္က တကယ့္ ငေမႊထိုးပဲျဖစ္ရမယ္..."
"ငေမႊထိုးမွ ကေလးဆန္တဲ့ငေမႊထိုးပါ အစ္ကိုရာ...
ထားလိုက္ပါေတာ့..အဲ့ကိစၥငါ႐ွင္းၿပီးၿပီ..."
ေနေဝေသာ္သည္ ေျပာရင္းဆိုရင္း နာရီၾကည့္မိေသာအခါ ကိုးနာရီခြဲဆိုေသာအခ်ိန္ကို ျပေနေသာေၾကာင့္ မ်က္လံုးျပဴးသြားမိသည္။
ေဒၚမိေဆြႏွင့္ေန႔လည္တစ္နာရီတြင္ ခ်ိန္းထားၿပီး သူမကိုေပးမည့္ပိုက္ဆံကိုလည္း ဘဏ္တြင္ ထုတ္ရမည္ကို သတိရသြား၍ျဖစ္သည္ ။ .ထို႔အျပင္.နႏၵေသြး၏ ေဆးေသာက္ခ်ိန္ ေက်ာ္မသြားေစရန္ ဟိုတယ္၌ ေဆးႏွင့္ပစၥည္းေတြ ဝင္ထားေပးရဦးမည္။
ဒီအလုပ္ေတြအားလံုးကို သူတစ္ေယာက္တည္းလုပ္ရန္ ဘယ္လိုမွမျဖစ္ႏိုု္င္။ ထို႔အတြက္ပင္ ေနေဝေသာ္သည္ သူ၏မ်က္စိေ႐ွ႕၌႐ွိေနေသာ တည္တံ့သစၥာကို မ်က္ႏွာခ်ိဳေသြးရင္း အကူအညီေတာင္းရျပန္သည္။
"အစ္ကို....ငါ့ကိုတစ္ခုကူညီပါဦးကြာ..."
"ေအး...လုပ္ျပန္ၿပီေနာ္...ျပန္အဆင္ေျပသြားတာနဲ႔ ခိုင္းတာစၿပီ...."
"လုပ္ပါကြာ....မင္းမဂၤလာေဆာင္က်ရင္ ငါလက္ဖြဲ႔ႀကီးႀကီးေပးမယ္ေလ..."
"မေပးလည္းလုပ္ေပးမွာပါ...လက္ဖြဲ႔ကိုမက္ၿပီး ကူညီတယ္လို႔ေတာ့ အထင္မခံႏိုင္ဘူး..."
တည္တံသစၥာ၏ မဲ့ရြဲ႔ေနေသာမ်က္ႏွာမွာ ေနေဝေသာ္ကို အူတက္ေစသည္မို႔ အားရပါးရရယ္ေမာၿပီးေနာက္ ကားထဲက ပစၥည္းေတြကို တည္တံ့သစၥာထံလႊဲေပးကာ နႏၵေသြးဆီ သြားခိုင္းလိုက္သည္။
ေနေဝေသာ္သည္ တည္တံသစၥာလာမည့္အေၾကာင္း နႏၵေသြးကို ဖုန္းဆက္ေျပာခ်င္ေသာ္လည္း နႏၵေသြးဖုန္းမွာ မနက္က သြားယူမွ ပါလာရသည္မို႔ ႀကိဳမေျပာျဖစ္ေတာ့ေပ...။
ဤသည္ကပင္ ေဒၚမိေဆြတို႔ထံမွ ပိုက္ဆံေပးၿပီး ျပန္ထြက္လာကာစ ေနေဝေသာ္ကို တည္တံ့သစၥာ ဖုန္းဆက္ရာမွအစျပဳ၍ စိတ္ပူေစသည့္ အေၾကာင္းျခင္းရာျဖစ္လာေစသည္။
>>>>>>>>>>>>>>>>>>>
ပိုက္ဆံထည့္လာသည့္အိတ္ကို စားပြဲေပၚအသံျမည္ေအာင္ ခ်ၿပီးခ်ိန္အထိ ေဒၚမိေဆြႏွင့္ဦးခင္ေမာင္တို႔၏ မ်က္လံုးမ်ားမွာ ထိုအထုပ္မွမခြာႏိုင္ေသး...။ ဦးခင္ေမာင္ဆိုလ်ွင္ ႂကြပ္ႂကြပ္အိတ္ကိုျဖည္ၿပီး ပိုက္ဆံေတြကို ကိုင္ၾကည့္ေနၿပီျဖစ္သည္။
"ဒါခင္ဗ်ားတို႔ပိုက္ဆံေတြပဲ...
အဲ့ေတာ့ကူးေလးက ခင္ဗ်ားတို႔နဲ႔ မဆိုင္တဲ့သူျဖစ္သြားၿပီေနာ္..."
ေနေဝေသာ္၏စကားကိုၾကားေတာ့မွ ေဒၚမိေဆြက မ်က္ႏွာငယ္၍ေျပာသည္။
"စိိတ္မေကာင္းစြာနဲ႔ပဲ အဲ့လိုလက္ခံရမွာေပါ့...
အေဒၚတို႔က ဆင္းရဲေတာ့...ငါ့တူေျပာတာကို ေခါင္းမညိတ္လို႔မွ မျဖစ္တာေလ...ဒါေပမယ့္နႏၵေသြးက ဘာလို႔လိုက္မလာတာလဲ..ေနာက္ဆံုးအေနနဲ႔ တစ္ခါေလာက္ေတာ့ ႏႈတ္ဆက္သင့္တာေပါ့..."
"ကြၽန္ေတာ့္ကို ငါ့တူငါ့တူနဲ႔ မေခၚနဲ႔...ကြၽန္ေတာ္ခင္ဗ်ားတူ မဟုတ္ဘူး...ၿပီးေတာ့ စဥ္းစားၾကည့္ဦးေလ..ခင္ဗ်ားတို႔က ႏႈတ္ဆက္သင့္စရာ ေကာင္းတဲ့လူေတြလားလို႔...
ဇာတ္လမ္းကၿပီးၿပီထင္ပါတယ္...ဒီပိုက္ဆံေတြကို ဘယ္လိုသံုးတယ္ဆိုတာေတာ့ ခင္ဗ်ားတို႔အပိုင္းပဲ...အက်ိဳးမ႐ွိတာေတြလုပ္ၿပီး ျမန္ျမန္ကုန္သြားရင္သာ...သူမ်ားကိုအပူမေပးမိေစနဲ႔...
အထူးသျဖင့္ကူးေလးဆီလာၿပီး ငိုမျပနဲ႔...
အဲ့ဒီ့အခါက် ကြၽန္ေတာ္ဘာလုပ္မိမလဲဆိုတာ မေျပာတတ္ဘူး...ခြင့္ျပဳပါဦးဗ်...ျပန္လိုက္ပါဦးမယ္..."
ေနေဝေသာ္သည္ သူ႔အား မိုက္ၾကည့္ၾကည့္ေနေသာ ဦးခင္ေမာင္ကိုပါ မဲ့ျပံဳးျပံဳးျပ၍ ခ်န္ထားရစ္ခဲ့သည္။ ထိုအိမ္ထဲမွ ျပန္ထြက္လာရသည့္ အခိုက္အတန္႔၌ လြတ္လပ္ေပါ့ပါးမႈကို ခံစားရသည္။
ေဒၚမိေဆြတို႔လင္မယားမွာ နႏၵေသြးႏွင့္ သက္ဆိုင္ေသာသူမ်ား ျဖစ္ေသာ္လည္း သူႏွင့္ပါ သက္ဆိုင္ေနသကဲ့သို႔ ေနေဝေသာ္ခံစားရသည္ပင္...။နႏၵေသြး၏ေပ်ာ္ရႊင္မႈေတြကို သူကိုယ္တိုင္ဖန္တီးေပးခ်င္ၿပီး နႏၵေသြး၏ျပႆနာေတြကိုလည္း သူကိုယ္တိုု္င္ ဖယ္႐ွားေပးခ်င္မိသည္။
သို႔ေသာ္ ေနေဝေသာ္၏အေပ်ာ္ေတြက ၾကာၾကာမခံဘဲ...
တည္တံသစၥာဖုန္းဆက္လာေသာအခါ ေပ်ာက္ပ်က္သြားရသည္။
အေၾကာင္းမွာေတာ့...တည္တံ့သစၥာသည္ ဟိုတယ္သို႔ ေရာက္သြားခဲ့ေသာ္လည္း နႏၵေသြး၏အရိပ္အေယာင္ကို လံုးဝမေတြ႔ရဟု ဆိုေသာေၾကာင့္ပင္...။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
AN/
ဒါEndingရဲ႕အစပါ...Ending(1)ကေန (2)မွာဆံုးႏိုင္သလို (3)အထိလည္း ျဖစ္သြားႏိုင္ပါတယ္...။ ဟန္မီသတ္မွတ္ထားတဲ့ ending plotက ထင္ထားတာထက္႐ွည္ေနပါတယ္..။ Endingကို အပိုင္း(၄၉)ဆိုၿပီးနံပါတ္မတပ္ခ်င္လို႔ ဒီလိုပဲ အပိုင္းခြဲလိုက္ပါမယ္...။
ၿပီးေတာ့ဟန္မီက စာဖတ္သူေတြကို ကလိကလိျဖစ္ေအာင္လည္းလုပ္ခ်င္လို႔ပါ...xd။
အေပၚပိုင္းေတြကို ယူနီကုတ္ေျပာင္းခိုင္းတဲ့စာဖတ္သူေတြအတြက္ ေျပာင္းေပးထားတာက...ေလာေလာဆယ္ေတာ့
draftအေနနဲ႔ ဟန္႔ဆီမွာ႐ွိေနပါတယ္...။ လံုးဝဇာတ္သိမ္းသြားတာနဲ႔ခ်က္ခ်င္း publishေပးပါမယ္...။
ဟန္မီ့wallထဲမွာလည္း ေျပာထားေပမယ့္ ဟန္မီ့ကို followမထားတဲ့သူေတြ မသိမွာစိုးလို႔ ထပ္ေျပာေပးတာပါ...။ အရင္အပိုင္းေတြမွာ အခုေနာက္ပိုင္းကလိုမ်ိဳး တစ္ပိုင္းတည္းမွာ ေဇာ္ဂ်ီ၊ယူနီဆိုျပီး အတူတူမထားေပးပါဘူး...။ ဘာလို႔ဆိုရွိျပီးသားအပိုင္းမွာ ထပ္ျပင္ရင္ errorတက္တာမ်ိဳး .ၾကံဳဖူးလို႔ပါ....။ အပိုင္းအသစ္အေနနဲ႔ သပ္သပ္တင္ေပးပါ့မယ္..။ ဖတ္ရတာေတာ့ ေဗ်ာက္ေသာက္ျဖစ္သြားမယ္ဆိုေပမယ့္ ဟန္မီ့အခက္အခဲကို နားလည္မယ္.ထင္ပါတယ္...။
မၾကာေတာ့ပါဘူးေနာ္....ဒါပဲခဏခဏေျပာရလို႔အားလည္းနာပါတယ္...ေစာင့္ေပးလို႔လည္းေက်းဇူးတင္ပါတယ္...။ ANခဏခဏထည့္ရတာလည္း ေျပာခ်င္တာေတြ မ်ားေနလို႔ပါ...။မ်က္စိမေနာက္ဖို႔ ေမ်ွာ္လင့္ပါတယ္...xd
Love you all😘
Han_Me
(6.5.2020)
>>>>>>>>>>>>>>>>>>>>>>>>>>>>
(Unicode)
"အဲ့တာဆို....ပါးပါးကိုပြောလိုက်တဲ့သူက မင်းပေါ့..."
နေဝေသော်၏မျက်လုံးထဲ၌ ဒေါသအရိပ်အယောင်အပြည့် တွေ့လိုက်ရသောကြောင့် နွေးနေခြည်လန့်သွားမိသည်။ သတိမထားမိဘဲ လွှတ်ကနဲပြောထွက်သွားခဲ့သည့် စကားတို့အတွက် သူမကိုယ်သူမ မိမိလျှာကိုမိမိပြန်ကိုက်၍ အပြစ်ပေးမိသည်။
"မင်းကြောင့် ဘာတွေဖြစ်ကုန်လဲသိလား...
ငါ့မိဘတွေစိတ်ဆင်းရဲရပြီး...ငါတို့နှစ်ယောက်လုံး အိမ်ပေါ်ကဆင်းသွားရတယ်...
အဆိုးဆုံးကတော့ ဘာမှအပြစ်မလုပ်ခဲ့တဲ့ ငါ့အစ်ကိုကို
သံသယတွေဝင်ပြီး...စွပ်စွဲမိခဲ့တာပဲ..."
ထိုစဉ် နေဝေသော့်အတွေးထဲ၌ စကားသံအချို့ ပြန်ကြားယောင်လာခဲ့သည်။
*အဲ့တာမင်းမွှေတဲ့ အကျိုးဆက်ပဲလေ...
အားကိုးလို့မရလည်း နောက်ကျောတော့ဓားနဲ့မထိုးနဲ့ပေါ့ အစ်ကိုရာ...* တဲ့.....။
ဒီစကားတွေ... ငါအစ်ကို့ကို ပြောမိသွားတာတဲ့လား...။
သူ့ူဘက်၌ အမြဲရှိနေပေးခဲ့သော အစ်ကို၊ သူ့ကောင်းကျိုးကိုသာ လိုလားတဲ့အစ်ကို၊ ဘာမဆိုရင်ဖွင့်တိုင်ပင်လို့ရတဲ့အထိ ယုံကြည်ခဲ့တဲ့ အစ်ကို့ကိုမှ သူက စွပ်စွဲမိခဲ့လေခြင်း...။
အဆုံးသတ်၌ နေဝေသော်တစ်ယောက် သက်ပြင်းရှည်ကြီးချမိသည်။
.
.
.
နွေးနေခြည်သည် နေဝေသော့်မျက်လုံးအကြည့်တို့ကို မခံနိုင်စွာ ခေါင်းငုံ့ရှောင်ရင်း မျက်ရည်တို့ ပိုတိုးကျလာလေသည်။
"စိတ်......စိတ်မဆိုးပါနဲ့...oppaရယ်..
နေခြည်ကoppaအတွက် လုပ်ခဲ့မိတာပါ... oppaနေခြည့်ကို သဘောမကျလည်း ရပါတယ်...နေခြည် လက်ခံနိုင်ပါတယ်...
ဒါ...ဒါပေမယ့်..oppaကို.နေခြည့်ထက်သာတဲ့သူနဲ့ပဲ တွဲစေချင်ခဲ့တာ...ဘာ...ဘာလို့...ကိစ္စတွေက နေခြည်မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာလဲ..."
ရှိုက်သံများရောစွတ်နေသည့် စကားလုံးများကို နေဝေသော်တစ်ယောက် ဆက်၍နားမထောင်နိုင်တော့ပေ...။
နွေးနေခြည်ကို ရင့်ကျက်မှုမရှိဘဲ ကလေးဆန်သည့် ကောင်မလေး တစ်ယောက်အဖြစ်သာ သတ်မှတ်ခဲ့သည်က သူ့အမှားပင်။
အခုတော့ ထိုကောင်မလေး၏ စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိဘဲ လုပ်လိုက်သည့် အပြုအမူတွေကြောင့် နေဝေသော် တန်ဖိုးထားရသူတွေအားလုံး ထိခိုက်သွားရလေပြီ..။
နေဝေသော်သည် ဒေါသကိုလက်သီးဆုပ်ထဲတွင် ထိန်းချုပ် ထားလိုက်ရပြီး...နွေးနေခြည်ကိုလည်း သူ့ဘဝထဲသို့ ထပ်မရောက်လာအောင် အပြတ်ပြောလိုက်သည်။
"မင်းမျှော်လင့်ထားတဲ့အတိုင်း ဘာလို့ဖြစ်မလာလဲသိလား...
အချစ်ဆိုတဲ့အရာက မင်းစိတ်ထင်သလို လုပ်ယူလို့ရတဲ့ အရာမဟုတ်လို့ပဲ...
တစ်စုံတစ်ယောက်ရဲ့အချစ်ကိုလိုချင်ရင် မင်းကလည်း အဲ့ဒီ့တစ်စုံတစ်ယောက်အတွက် ပေးဆပ်ရမယ်...ဒီနေရာမှာ ငါ့ရဲ့ကူးလေးက မင်းထက် အများကြီးသာတာပေါ့...
သူကငါ့အတွက် သူ့နှလုံးသားကိုတောင် ဥပေက္ခာပြုပြီး
ငါ့ဆီကနေ ထွက်သွားဖို့အထိ...လုပ်နိုင်တယ်...အဲ့တာ ငါ့ကို သူဘယ်လောက်ထိ ချစ်လဲဆိုတာ ပြနိုင်တဲ့...သက်သေပဲ...
မင်းမှာတော့ ငါနဲ့ပတ်သတ်ပြီး မင်းရဲ့အတ္တတွေပဲရှိတယ်...
အတင်းအကျပ်လုပ်ယူပြီးမှ ရလာတာက အချစ်မဖြစ်နိုင်ဘဲ..
အမုန်းတွေပဲဖြစ်လိမ့်မယ် နွေးနေခြည်...
အရင်ကတော့ငါမင်းကို ငါ့ရဲ့ဂျူနီယာ ညီမလေးတစ်ယောက်အဖြစ် သဘောထားနိုင်သေးတယ်...
အခုမင်းက ငါ့အတွက် ဘာမှမဟုတ်တော့ဘူး...
ဘာမှကိုမဟုတ်တော့တာ..."
နွေးနေခြည်သည် သူမ၏ဝိုင်းစက်နေသော မျက်လုံးထဲမှ မျက်ရည်တွေ တရဟော စီးကျလာပြီးနောက်
"Oppaမကောင်းဘူး....." ဟု အော်ဟစ်ရင်း အဝေးသို့ ထွက်ပြေးသွားလေပြီ....။
နေဝေသော်လည်း နွေးနေခြည်ထွက်သွားမှ သက်ပြင်းချနိုင်ကာ ကားထဲမြန်မြန်ဝင်၍ တစ်နေရာသို့ ဦးတည်မောင်းလိုက်သည်။
.
.
.
.
.
.
Love Scent Companyဝင်းထဲရှိ ကားပါကင်တစ်နေရာတွင် Honda Fitအနက်ရောင်လေးတစ်စီး ရပ်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ဖခင်ဖြစ်သူ၏ companyသည် နေဝေသော်အတွက် တံခါးမရှိ၊ဓားမရှိ ဝင်ထွက်သွားလာခွင့်ရနေသော နေရာဖြစ်သော်လည်း ခပ်လှမ်းလှမ်း၌သာ ငေးမျှော်ကြည့်ရင်း တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ဖို့ရန် ဟန်ပြင်နေသည်။
နေဝေသော်တစ်ယောက်
သက်ပြင်းအကြိမ်ကြိမ်ချလျှက် တွန့်ဆုတ်နေမိပြီးမှ
မရည်ရွယ်ပါဘဲ မတော်တဆထိမိသွားသော ဖုန်းscreenကို အထိတ်အလန့်နှင့် ကြည့်နေမိစဉ်တွင် တစ်ဖက်သို့ ဖုန်းဝင်သွားပြီဖြစ်သည်။
"အစ်ကိုလား....ငါပါ...နေဝေသော်..."
ကြောင်တောင်တောင်စကားကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်မိသော်လည်း ကိုင်ပါ့မလား....
ကိုင်ပါ့မလားဟု တွေးနေမိသည့် နေဝေသော့်အတွေးတို့အတွက် တည်တံ့သစ္စာသည် ဘယ်တော့မှစိတ်မပျက်စေရ...။
"ပြောလေ...ငါနားထောင်နေတယ်..."
"ငါအခု ကားပါကင်မှာ... ဟို.....မင်းအားရင် အောက်ခဏဆင်းလာပါလားလို့...မအားလည်းရပါတယ်..
ငါစောင့်နေမယ်လေ..."
"အခုလာခဲ့မယ်...ခဏစောင့်နေ...."
စိတ်ဆိုးနေပုံမရသော တည်တံ့သစ္စာကြောင့် နေဝေသော်တစ်ယောက် ပို၍စိတ်မကောင်းဖြစ်လာရသည်။
ကျွန်တော့ကို စိတ်ဆိုးဒေါသဖြစ်ပြီး အော်ငေါက်လိုက်တာကမှ ကောင်းဦးမယ်မလား...အခုဟာက နောင်တရတာထက် ပိုဆိုးတဲ့ ခံစားချက်ကြီးနဲ့ရယ်...။
.
.
Love Scent Companyအတွင်းရှိ ရုံးခန်းတစ်နေရာတွင် အတူတူရှိနေကြသည့် တည်တံ့သစ္စာနှင့်ရည်မွန်...။
တစ်မနက်လုံး ပုပ်သိုးနေခဲ့သည့် တည်တံ့သစ္စာ၏မျက်နှာသည် ဖုန်းဖြေပြီးပြီးချင်း ချက်ချင်းဆိုသလို ဝင်းပသွားသောကြောင့် ရည်မွန်တစ်ယောက် မေးခွန်းထုတ်မိသည်။
"ဘယ်သူလဲ...မျက်နှာက ချက်ချင်းကို ပြောင်းလဲသွားတာပဲ...ကောင်မလေး တစ်ယောက်ယောက်လား..."
ရည်မွန်၏မေးခွန်းကြောင့် တည်တံ့သစ္စာအော်ရယ်မိသည်။ သဝန်တိုနေပုံရသည့် ရည်မွန့်ပါးနုနုကို ခပ်ဖွဖွလေးညစ်ကာ ရယ်သံနှော၍ ပြောလိုက်လေသည်။
"ကိုယ့်မှာ ဒီကောင်မလေးတစ်ယောက်ပဲ ရှိပါတယ်ကွာ..."
ပြုံးစိစိဖြစ်သွားသော ရည်မွန့်ကို အသည်းယားစွာနှင့် ခေါင်းလေးပုတ်ပေးရင်း...ခုံပေါ်မှထလိုက်သည်.။
"အငယ်လေးဖုန်းဆက်တာလေ...
အောက်မှာစောင့်နေတယ်တဲ့...အဲ့တာကြောင့် အခုသွားမလို့..."
"ကိုတို့ညီအစ်ကိုတွေ ဒီရက်ပိုင်းထူးဆန်းနေတယ်နော်...
ဘာတွေဖြစ်နေကြတာလဲ...ရည်မွန်စပ်စုတာတော့ မဟုတ်ပါဘူး...ကူညီပေးနိုင်တာများ ရှိမလားလို့ပါ.."
ရည်မွန့်စိတ်ကို တည်တံ့သစ္စာနားလည်သော်လည်း ညီအစ်ကိုနှစ်ယောက်ကြားတွင် လျှို့ဝှက်သင့်သည့် အကြောင်းအရာတချို့ကိုတော့ ရည်မွန့်အား ပြောမပြချင်...။ ထို့ကြောင့် သူ့သတို့သမီးလောင်း၏ ကူညီချင်စိတ်ကို အသိအမှတ်ပြုသည့်အနေနှင့် ရင်ခွင်ထဲထည့်၍သာ ဖက်ထားလိုက်တော့သည်။
"ကျေးဇူးနော်ရည်မွန်...ဒါပေမယ့် ကိုယ်တို့ဘာမှမဖြစ်ပါဘူး...စိတ်မပူနဲ့..."
မိမိရင်ဘတ်နားရှိ ပခုံးစွန်းလေးနှစ်ဖက်ကို လက်နှင့်အုပ်မိုးဆုပ်ကိုင်ရင်း နှစ်ယောက်သား ပြန်ခွာလိုက်ကြသည်။ နှုတ်ခမ်းနီပန်းဆီရောင်ဖျော့ဖျော့ ဆိုးထားသည့် နှုတ်ခမ်းဖူးလေးအစား ရှင်းလင်းနေသည့် နဖူးပြင်သို့သာ အနမ်းခြွေရသည်။
ရည်မွန်မှာ သူပိုင်ဆိုင်ရတော့မည့်မိန်းကလေး ဖြစ်သော်ငြားလည်း တည်တံ့သစ္စာကတော့ နဖူးကိုနမ်းသည်နှင့် ဖက်ရုံလောက်သာ ချစ်ခြင်းကိုပြမိသည်။ ဤသည်ကလည်း သူရည်မွန့်ကို တန်ဖိုးထားလွန်း၍သာဖြစ်သည်။
သူ့ရှေ့၌ရပ်နေသော မိန်းမပျိုလေးသည်လည်း ကြည်နူးပီတိဖြာဝေသည့် မျက်လုံးများနှင့် သူ့ကိုငေးကြည့်နေလေသည်။
ထို့နောက် နှစ်ယောက်သား ရုံးခန်းထဲမှ အတူတူ ပြန်ထွက်ခဲ့ကြပြီး တည်တံ့သစ္စာကတော့ နေဝေသော်ရှိရာဆီသို့သာ ဦးတည်သွားလိုက်ပါတော့သည်။
တည်တံ့သစ္စာသည် နေဝေသော်ကို သိပ်မရှာလိုက်ရပါ..။ နေဝေသော်မောင်းနေကျ ကားအနက်လေးကိုတွေ့သည်နှင့် ကားကိုမှီရပ်နေသည့် နေဝေသော်ကိုလည်း ချက်ချင်းမြင်ရလေသည်။
မျက်နှာချင်းဆိုင်ဆုံပြီးကြသော်လည်း တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရဲကြပေ...။ တည်တံ့သစ္စာသည် နေဝေသော်ကိုမြင်သည်နှင့် မနေ့ညကပုံရိပ်ကို ပြန်တွေးမိလာသည်။ နေဝေသော်သည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
မနေ့ညကမှဖြစ်ခဲ့သော အဖြစ်အပျက်ဖြစ်သော်လည်း သူတို့်နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ အချိန်ကြာမြင့်စွာ ပြတ်တောက်သွားရသကဲ့သို့ပင် ရှို့တို့ရှန်းတန်းဖြစ်နေရသည်။
သို့သော်လည်း တည်တံ့သစ္စာကပင် နေဝေသော်ကို စကားစပြောလိုက်ပါသည်။
"နန္ဒသွေးမပါဘူးလား...."
"အင်း....ဟိုတယ်မှာကျန်ခဲ့တယ်...."
"တီနုကိုသွားတွေ့လိုက်ပါဦး...သူအရမ်းဝမ်းနည်းနေတယ်...
ပြီးတော့ လေးလေးရောပဲ..."
"ငါအိမ်ကနေလာတာ...မေမေနဲ့စကားပြောခဲ့တယ်...
ပါးပါးကိုတော့ နောက်မှပဲလာတွေ့တော့မယ်..."
"အော်...အေးပါ...မင်းသဘောပဲလေ...."
အခုထက်ထိ တောင်းပန်စကားပင် မပြောရသေးသော နေဝေသော်သည် မိမိကိုယ်ကိုယ်မကျေနပ်စွာနှင့် စုတ်သတ်လိုက်ပြီးနောက်...
မသိတော့ဘူးကွာ...ဟုစိတ်ထဲမှ ရေရွတ်ရင်း တည်တံ့သစ္စာကို သိုင်းဖက်လိုက်သည်။
.
.
.
.
.
"ငါမင်းကိုဘာလို့ အထင်လွဲခဲ့လည်းမသိဘူး...အစ်ကိုရာ"
တည်တံ့သစ္စာသည် ရုတ်တရက်အဖက်ခံလိုက်ရ၍ လန့်သွားသော်လည်း အခြေအနေကို သဘောပေါက်သွားသည်နှင့် ပြုံးမိကာ နေဝေသော်၏ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။
"ငါ့ကိုဖက်ပြီး ငိုနေရအောင်မင်းက ကလေးလား..."
နေဝေသော်တစ်ယောက် တကယ်ပင် တရှုတ်ရှုတ်နှင့်ငိုနေခဲ့သည်။ ပါးစပ်ကလည်း တောင်းပန်ပါတယ်ဟုသာ.အထပ်ထပ်ပြောနေ
သောကြောင့် တည်တံ့သစ္စာကပင် သူ့စိတ်ထဲ၌ဘာမှမဖြစ်ကြောင်း ၊ ဤကဲ့သို့ မျက်နှာလေးလာပြ၍ တောင်းပန်သောကြောင့် ကျေနပ်သွားပြီဖြစ်ကြောင်း ပြောပြလိုက်မှ ငိုတာရပ်သွားပြီး ယခင်ကနေဝေသော်ပုံစံကဲ့သို့ ပြန်ဖြစ်သွားသည်။
"ဘယ်လိုငိုမိသွားမှန်းမသိဘူး...ရှက်စရာကြီးကွာ..."
နေဝေသော်သည်ပြုံးတုံ့တုံ့နှင့် ပြောဆိုရင်း သူ၏မျက်ရည်တွေကို အလျင်အမြန် သုတ်လိုက်လေသည်။
"ငါမင်းကိုစိတ်မဆိုးပေမယ့် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ် အငယ်လေး..."
"နည်းနည်းပဲဖြစ်တာလား...."
နေဝေသော်ပြန်ပြောလိုက်သောစကားတွင် နောက်ပြောင်မှုတစ်ချို့ပါနေသည်မို့ တည်တံ့သစ္စာသည် နေဝေသော့်ရင်ဘတ်ကို ခပ်ဖွဖွထိုးရင်း
"အေး...မင်းကြီးတော်ကိုပဲ သွားနောက်နေလိုက်တော့...
ငါအကောင်းပြောနေတာကို..."
ဟုပြောပြီးနောက်တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကြလေသည်။
ထို့နောက် တည်တံသစ္စာသည် သူ့စိတ်ထဲ၌ မရှင်းမလင်းဖြစ်နေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ဒါနဲ့ ငါမဟုတ်ဘူးဆိုတာ မင်းယုံသွားပြီဆိုတော့ လေးလေးကို ဘယ်သူပြောလိုက်တာလဲရော သိလား..."
"သိတာပေါ့....သိလို့ ငါမင်းကိုလာတောင်းပန်တာလေ..."
"ပြောပါဦး..ဘယ်သူကငါတို့ညီအစ်ကိုနှစ်ယောက်ကို သွေးကွဲစေတာလဲ...သူလုပ်တာ တော်တော်ကြီးတဲ့ ပြဿနာဖြစ်သွားတာကွ...အဲ့တစ်ယောက်က တကယ့် ငမွှေထိုးပဲဖြစ်ရမယ်..."
"ငမွှေထိုးမှ ကလေးဆန်တဲ့ငမွှေထိုးပါ အစ်ကိုရာ...
ထားလိုက်ပါတော့..အဲ့ကိစ္စငါရှင်းပြီးပြီ..."
နေဝေသော်သည် ပြောရင်းဆိုရင်း နာရီကြည့်မိသောအခါ ကိုးနာရီခွဲဆိုသောအချိန်ကို ပြနေသောကြောင့် မျက်လုံးပြူးသွားမိသည်။
ဒေါ်မိဆွေနှင့်နေ့လည်တစ်နာရီတွင် ချိန်းထားပြီး သူမကိုပေးမည့်ပိုက်ဆံကိုလည်း ဘဏ်တွင် ထုတ်ရမည်ကို သတိရသွား၍ဖြစ်သည် ။ .ထို့အပြင်.နန္ဒသွေး၏ ဆေးသောက်ချိန် ကျော်မသွားစေရန် ဟိုတယ်၌ ဆေးနှင့်ပစ္စည်းတွေ ဝင်ထားပေးရဦးမည်။
ဒီအလုပ်တွေအားလုံးကို သူတစ်ယောက်တည်းလုပ်ရန် ဘယ်လိုမှမဖြစ်နိုု်င်။ ထို့အတွက်ပင် နေဝေသော်သည် သူ၏မျက်စိရှေ့၌ရှိနေသော တည်တံ့သစ္စာကို မျက်နှာချိုသွေးရင်း အကူအညီတောင်းရပြန်သည်။
"အစ်ကို....ငါ့ကိုတစ်ခုကူညီပါဦးကွာ..."
"အေး...လုပ်ပြန်ပြီနော်...ပြန်အဆင်ပြေသွားတာနဲ့ ခိုင်းတာစပြီ...."
"လုပ်ပါကွာ....မင်းမင်္ဂလာဆောင်ကျရင် ငါလက်ဖွဲ့ကြီးကြီးပေးမယ်လေ..."
"မပေးလည်းလုပ်ပေးမှာပါ...လက်ဖွဲ့ကိုမက်ပြီး ကူညီတယ်လို့တော့ အထင်မခံနိုင်ဘူး..."
တည်တံသစ္စာ၏ မဲ့ရွဲ့နေသောမျက်နှာမှာ နေဝေသော်ကို အူတက်စေသည်မို့ အားရပါးရရယ်မောပြီးနောက် ကားထဲက ပစ္စည်းတွေကို တည်တံ့သစ္စာထံလွှဲပေးကာ နန္ဒသွေးဆီ သွားခိုင်းလိုက်သည်။
နေဝေသော်သည် တည်တံသစ္စာလာမည့်အကြောင်း နန္ဒသွေးကို ဖုန်းဆက်ပြောချင်သော်လည်း နန္ဒသွေးဖုန်းမှာ မနက်က သွားယူမှ ပါလာရသည်မို့ ကြိုမပြောဖြစ်တော့ပေ...။
ဤသည်ကပင် ဒေါ်မိဆွေတို့ထံမှ ပိုက်ဆံပေးပြီး ပြန်ထွက်လာကာစ နေဝေသော်ကို တည်တံ့သစ္စာ ဖုန်းဆက်ရာမှအစပြု၍ စိတ်ပူစေသည့် အကြောင်းခြင်းရာဖြစ်လာစေသည်။
>>>>>>>>>>>>>>>>>>>
ပိုက်ဆံထည့်လာသည့်အိတ်ကို စားပွဲပေါ်အသံမြည်အောင် ချပြီးချိန်အထိ ဒေါ်မိဆွေနှင့်ဦးခင်မောင်တို့၏ မျက်လုံးများမှာ ထိုအထုပ်မှမခွာနိုင်သေး...။ ဦးခင်မောင်ဆိုလျှင် ကြွပ်ကြွပ်အိတ်ကိုဖြည်ပြီး ပိုက်ဆံတွေကို ကိုင်ကြည့်နေပြီဖြစ်သည်။
"ဒါခင်ဗျားတို့ပိုက်ဆံတွေပဲ...
အဲ့တော့ကူးလေးက ခင်ဗျားတို့နဲ့ မဆိုင်တဲ့သူဖြစ်သွားပြီနော်..."
နေဝေသော်၏စကားကိုကြားတော့မှ ဒေါ်မိဆွေက မျက်နှာငယ်၍ပြောသည်။
"စိိတ်မကောင်းစွာနဲ့ပဲ အဲ့လိုလက်ခံရမှာပေါ့...
အဒေါ်တို့က ဆင်းရဲတော့...ငါ့တူပြောတာကို ခေါင်းမညိတ်လို့မှ မဖြစ်တာလေ...ဒါပေမယ့်နန္ဒသွေးက ဘာလို့လိုက်မလာတာလဲ..နောက်ဆုံးအနေနဲ့ တစ်ခါလောက်တော့ နှုတ်ဆက်သင့်တာပေါ့..."
"ကျွန်တော့်ကို ငါ့တူငါ့တူနဲ့ မခေါ်နဲ့...ကျွန်တော်ခင်ဗျားတူ မဟုတ်ဘူး...ပြီးတော့ စဉ်းစားကြည့်ဦးလေ..ခင်ဗျားတို့က နှုတ်ဆက်သင့်စရာ ကောင်းတဲ့လူတွေလားလို့...
ဇာတ်လမ်းကပြီးပြီထင်ပါတယ်...ဒီပိုက်ဆံတွေကို ဘယ်လိုသုံးတယ်ဆိုတာတော့ ခင်ဗျားတို့အပိုင်းပဲ...အကျိုးမရှိတာတွေလုပ်ပြီး မြန်မြန်ကုန်သွားရင်သာ...သူများကိုအပူမပေးမိစေနဲ့...
အထူးသဖြင့်ကူးလေးဆီလာပြီး ငိုမပြနဲ့...
အဲ့ဒီ့အခါကျ ကျွန်တော်ဘာလုပ်မိမလဲဆိုတာ မပြောတတ်ဘူး...ခွင့်ပြုပါဦးဗျ...ပြန်လိုက်ပါဦးမယ်..."
နေဝေသော်သည် သူ့အား မိုက်ကြည့်ကြည့်နေသော ဦးခင်မောင်ကိုပါ မဲ့ပြုံးပြုံးပြ၍ ချန်ထားရစ်ခဲ့သည်။ ထိုအိမ်ထဲမှ ပြန်ထွက်လာရသည့် အခိုက်အတန့်၌ လွတ်လပ်ပေါ့ပါးမှုကို ခံစားရသည်။
ဒေါ်မိဆွေတို့လင်မယားမှာ နန္ဒသွေးနှင့် သက်ဆိုင်သောသူများ ဖြစ်သော်လည်း သူနှင့်ပါ သက်ဆိုင်နေသကဲ့သို့ နေဝေသော်ခံစားရသည်ပင်...။နန္ဒသွေး၏ပျော်ရွှင်မှုတွေကို သူကိုယ်တိုင်ဖန်တီးပေးချင်ပြီး နန္ဒသွေး၏ပြဿနာတွေကိုလည်း သူကိုယ်တိုု်င် ဖယ်ရှားပေးချင်မိသည်။
သို့သော် နေဝေသော်၏အပျော်တွေက ကြာကြာမခံဘဲ...
တည်တံသစ္စာဖုန်းဆက်လာသောအခါ ပျောက်ပျက်သွားရသည်။
အကြောင်းမှာတော့...တည်တံ့သစ္စာသည် ဟိုတယ်သို့ ရောက်သွားခဲ့သော်လည်း နန္ဒသွေး၏အရိပ်အယောင်ကို လုံးဝမတွေ့ရဟု ဆိုသောကြောင့်ပင်...။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
AN/
ဒါEndingရဲ့အစပါ...Ending(1)ကနေ (2)မှာဆုံးနိုင်သလို (3)အထိလည်း ဖြစ်သွားနိုင်ပါတယ်...။ ဟန်မီသတ်မှတ်ထားတဲ့ ending plotက ထင်ထားတာထက်ရှည်နေပါတယ်..။ Endingကို အပိုင်း(၄၉)ဆိုပြီးနံပါတ်မတပ်ချင်လို့ ဒီလိုပဲ အပိုင်းခွဲလိုက်ပါမယ်...။
ပြီးတော့ဟန်မီက စာဖတ်သူတွေကို ကလိကလိဖြစ်အောင်လည်းလုပ်ချင်လို့ပါ...xd။
အပေါ်ပိုင်းတွေကို ယူနီကုတ်ပြောင်းခိုင်းတဲ့စာဖတ်သူတွေအတွက် ပြောင်းပေးထားတာက...လောလောဆယ်တော့
draftအနေနဲ့ ဟန့်ဆီမှာရှိနေပါတယ်...။ လုံးဝဇာတ်သိမ်းသွားတာနဲ့ချက်ချင်း publishပေးပါမယ်...။
ဟန်မီ့wallထဲမှာလည်း ပြောထားပေမယ့် ဟန်မီ့ကို followမထားတဲ့သူတွေ မသိမှာစိုးလို့ ထပ်ပြောပေးတာပါ...။ အရင်အပိုင်းတွေမှာ အခုနောက်ပိုင်းကလိုမျိုး တစ်ပိုင်းတည်းမှာ ဇော်ဂျီ၊ယူနီဆိုပြီး အတူတူမထားပေးပါဘူး...။ ဘာလို့ဆိုရှိပြီးသားအပိုင်းမှာ ထပ်ပြင်ရင် errorတက်တာမျိုး .ကြုံဖူးလို့ပါ....။ အပိုင်းအသစ်အနေနဲ့ သပ်သပ်တင်ပေးပါ့မယ်..။ ဖတ်ရတာတော့ ဗျောက်သောက်ဖြစ်သွားမယ်ဆိုပေမယ့် ဟန်မီ့အခက်အခဲကို နားလည်မယ်.ထင်ပါတယ်...။
မကြာတော့ပါဘူးနော်....ဒါပဲခဏခဏပြောရလို့အားလည်းနာပါတယ်...စောင့်ပေးလို့လည်းကျေးဇူးတင်ပါတယ်...။ ANခဏခဏထည့်ရတာလည်း ပြောချင်တာတွေ များနေလို့ပါ...။မျက်စိမနောက်ဖို့ မျှော်လင့်ပါတယ်...xd
Love you all😘
Han_Me
(6.5.2020)