အပိုင်း(၄၆)
3.6K 398 31
(Zawgyi)
ဒေါ်မိဆွေပြောစကားအရ ဦးခင်မောင်၏ဖဲကြွေးမှာ ဆယ်သိန်းခန့်ပင်ရှိကြောင်း နန္ဒသွေးသိလိုက်ရသည်။ များပြားလွန်းသော ဒီငွေပမာဏမှာ နန္ဒသွေးကို မျက်ဖြူလန်စေသော်လည်း နေဝေသော်မှာတော့ ဒါကြောင့်မို့
ကုမ္ပဏီအထိ တကူးတကလာပြီး မျက်ရည်ခံထိုးတာပဲဆိုသည့် အတွေးနှင့် မဲ့ပြုံးပြုံးသည်။
ပထမတော့ နန္ဒသွေးသည် ဒေါ်မိဆွေတို့အကြွေးကို ကူဆပ်ပေးရန် ဆန္ဒရှိသော်လည်း ယခုအနေအထားမှာတော့ သူ့အနေဖြင့် လစာသုံးလစာလောက်ပေါင်းမှ ဆပ်ပေးနိုင်မည့်သဘောတွင် ရှိသဖြင့် စိတ်ရှုပ်နေသည်။ သူသည် နေဝေသော်ကို ဒီကိစ္စွနှင့်ပတ်သတ်၍ ပြဿနာမပေးချင်သော်လည်း နေဝေသော်ကတော့ သူ့ကြောင့်ပင် ဒီပြဿနာကြီးကို လိုလိုလားလား ဖြေရှင်းပေးဖို့ အသင့်ဖြစ်နေပုံရပါသည်။
တစ်ဖက်မှာလည်း အဘွားဖြစ်သူနှင့်အတူနေခဲ့သည့် အိမ်ကလေးကို ဆုံးရှုံးရမှာဖြစ်ပြီး တစ်ဖက်တွင်လည်း နေဝေသော်အပေါ် အားတုံ့အားနာစိတ်များနှင့် ဗျာများနေရသည့် နန္ဒသွေးသည် အတွေးပေါင်းများစွာနှင့် ဒေါ်မိဆွေတို့အိမ်ရောက်သည်အထိ ဆိတ်ဆိတ်ငြိမ်နေမိတော့သည်...။
ဒီရပ်ကွက်ထဲသို့ နောက်ဆုံးတစ်ခေါက်လာခဲ့စဉ်က နန္ဒသွေးကို ဒေါ်မိဆွေတို့လက်ထဲမှ အပြီးအပိုင်ဆွဲထုတ်သွားနိုင်ရန် နေဝေသော်တစ်ယောက် တွေးခဲ့ဖူးသည်။ သူပေးသည့်  ပိုက်ဆံတွေကို မသုံးမစွဲရက်ဘဲ သူများကိုသာ အကုန်ပေးပစ်သည့် နန္ဒသွေးကို စိတ်မဆိုးရက်နိုင်သလို တားလည်မတားခဲ့သော်လည်း ဒေါ်မိဆွေတို့က ပို၍လွန်လာသည်...။ ထို့ကြောင့် ဒီပြဿနာကို အဆုံးသတ်ရန် နန္ဒသွေးနှင့်အတူ နောက်ထပ်ခြေမချချင်သော နေအိမ်ထဲသို့ ပြန်ရောက်နေရပြီဖြစ်သည်။
အိမ်ထဲရောက်ရောက်ချင်း ရှုပ်ပွနေသောပစ္စည်းများ....အထူးသဖြင့် ဦးခင်မောင်သောက်ထားသော.အရက်ပုလင်းအခွံလွတ်များကို ဒေါ်မိဆွေက အလျင်အမြန်ကောက်သိမ်းသည်။ သူမသည် အလိုက်ကမ်းဆိုးနားမလည်ဘဲ ကြမ်းပြင်တွင် မှောက်မြဲမှောက်နေသည့် ယောက်ျားဖြစ်သူကို ဆဲဆိုပစ်လိုက်ချင်သော်လည်း အံကြိတ်လိုက်သည်။ နေဝေသော်ရှေ့တွင် ရိုင်းစိုင်းသည့်အပြုအမူမျိုး မလုပ်သင့်တော့မှန်း သူမနားလည်သည်။