အပိုင်း(၃၃)
4.1K 485 33
(Zawgyi)
ကူးလေးဆီကပြန်လာပြီး စိတ်ကူးထဲ၌ ကြိုစဉ်းစားလာသော စကားအချို့ကို မေမေ့အားပြောပြလိုက်သည်။
"ကျွန်တော် သူ့ကို ဒီမှာခေါ်ထားချင်တယ်...မေမေ...."
မေမေ့မျက်နှာအရိပ်အကဲကို ဖမ်းမိဖို့လွယ်ပါသည်။ အံ့သြသွားပုံရသော မျက်လုံးများနှင့် ခပ်ဟဟနှုတ်ခမ်းဖူးမှာ ပြန်ပြောရမည့်စကားလုံးများကို ကြိုတင်စီစဉ်ထားခြင်းမရှိပုံ..။
"သူ့အိမ်က ဘာဖြစ်လို့လဲ...."
မေမေက သိချင်စိတ်နှင့်မေးသောအခါ ကျွန်တော့ဘက်ကလည်း မကွယ်ဝှက်ဘဲ ပြန်ဖြေရန်ဆုံးဖြတ်ထားပါသည်။
"သူတို့အိမ်မှာက သူအပါအဝင်မိသားစု လေးယောက်ရှိတယ်မေမေရ...အခုဘွားဘွားဆုံးသွားတော့
သူ့အဒေါ်လင်မယားနဲ့အတူဆက်နေဖို့ ဘယ်လိုမှအဆင်မပြေဘူး....
အဒေါ်ဆိုပေမယ့် အဒေါ်တစ်ဝမ်းကွဲဆိုတော့ ဘွားဘွားရှိကတည်းက သူ့ကိုသိပ်ကြည်တာမဟုတ်ဘူး
ပြီးတော့ သူ့ယောက်ျားဆိုတာကလည်း တကယ့်အရက်သမား
ကူးလေးကိုဆိုရင် မြင်လိုက်တာနဲ့ကြည့်မရဖြစ်နေတာ မေမေရ.....
သူကတော့ ဘာမှမပြောပေမယ့်...ကျွန်တော်သူ့ကို အဲ့အိမ်မှာနေခိုင်းရမှာ တကယ်စိတ်မချလို့ ဒီမှာအတူနေစေချင်တာ..."
ကူးလေးရဲ့ရောဂါအကြောင်းနဲ့ပတ်သတ်တာကိုတော့ ဖွင့်မပြောဘဲ လျှိုထားလိုက်သည်။ အကယ်၍ ဒီအကြောင်းကိုသာ သိသွားလျှင် မေမေတို့ဘက်က ထပ်မံကန့်ကွက်လာမည်စိုး၍.....။ ကျွန်တော်နှင့် ပတ်သတ်လျှင် စိုးရိမ်လွယ်သောမေမေ့ကို ချည်ပြီးတုပ်ပြီးဖြစ်စေမည့် စကားမျိုး ထပ်ပြောလိုက်ရပြန်သည်။
"သူ့ကိုဒီမှာနေခိုင်းဖို့ မေမေတို့ခွင့်မပြုချင်လည်း ရပါတယ်...
ကျွန်တော်ကတော့ သူ့ကိုအဲ့အိမ်ကနေ ဆွဲထုတ်ဖို့ စဉ်းစားထားပြီးပြီ...ကျွန်တော်တို့နှစ်ယောက်တည်း အပြင်မှာနေရမယ်ဆိုလည်း အဆင်ပြေတယ်...
ကျွန်တော်က မေမေနဲ့ပါးပါးအတွက် ထည့်တွေးလို့
အပြင်မှာသီးသန့်နေမယ်ဆိုတဲ့အကြောင်း မပြောဘဲ
သူဒီမှာလာနေဖို့ ခွင့်ပြုချက်အရင်တောင်းတာ...