အိမ်ရှေ့တွင် taxiတစ်စီးရောက်လာသည်ကို တွေ့လိုက်ရသောအခါ ဘွားညွန့်ရော...၊ဒေါ်မိဆွေပါ ထွက်ကြည့်မိကြသည်။ ဧည့်သည်အဝင်အထွက် မရှိသည့်အိမ်မို့ ရပ်ထားသောကားဖြူဖြူလေးက နှစ်ယောက်လုံးအတွက် စပ်စုချင်စရာ....။
"မိဆွေ....ဘယ်ကကား
ငါတို့အိမ်ရှေ့လာရပ်ထားတာလဲ....""ဘယ်သိမလဲ အဒေါ်ရဲ့....."
ဒေါ်မိဆွေ၏ ခပ်မာမာပြန်ဖြေသံနောက်တွင် ကားထဲမှ အိတ်ကြီးအိတ်ငယ်ဆွဲ၍ ထွက်လာပါသော လူငယ်တစ်ယောက်။ ဘွားညွန့်သည် သူ၏မွဲပြာနေသော မျက်လုံးကျဉ်းကို ပို၍ကျဉ်းမြောင်းအောင်မှေး၍ ထိုသူအား အကဲခတ်ကြည့်တော့ မြေးဖြစ်သူမှန်းသိသွားသဖြင့် အိမ်ပြင်သို့ ကပျာကယာ ထွက်သွားလိုက်သည်။ ဘွားညွန့်နောက်မှ ပါလာသည်က ဒေါ်မိဆွေ။
"ကူးလေး....ဘယ်လိုဖြစ်ပြီး..အစောကြီးပြန်လာတာလဲ..."
အိမ်ကလူတွေကို အလုပ်အကြောင်းနှင့်ပတ်သတ်ပြီး ဘာမှမပြောရသေးတာကြောင့် အိမ်စောစော ပြန်ရောက်လာသော ကျွန်တော့ကိုတွေ့လိုက်ရသောအခါ ဘွားဘွားနှင့်အဒေါ်တို့ အံ့သြသွားမှာ အသေအချာ။
"အိမ်ထဲအရင်ဝင်ရအောင် ဘွားဘွား...
သားပြောစရာလည်းရှိတယ်..."ဘွားဘွားမှာ ကျွန်တော့လက်ထဲက အိတ်တွေကို မြင်သော်ငြားလည်း ကျွန်တော်ပြောမည်ဆိုသောစကားကိုသာ ပိုစိတ်ဝင်စားပုံရပါသည်။ သို့သော် အဒေါ်ကတော့ လက်ထဲကအိတ်တွေကိုသာ ခြံဝမှအိမ်ထဲသို့ ရောက်သည်အထိ တောက်လျှောက်ကြည့်လာသည်ကြောင့် အားနာစိတ်အနည်းငယ်က ကျွန်တော့ထံတွင် ခိုကပ်လာ၍ အိတ်တွေကို ကိုယ်နှင့်ကွယ်ထားမိသော်လည်း မလုံ။
အဒေါ်တို့အတွက် တစ်ခုခုဝယ်မလာမိသည်ကိုဘဲ နောင်တရမိလျှက်....။
"နင့်လက်ထဲက ဘာအိတ်တွေလဲ...."
ဘာတွေလည်းမမေးပါစေနဲ့ဟု ဆုတောင်းနေသော်ငြား တည့်တည့်ကြီးကို မေးချလိုက်သောကြောင့် မျက်နှာပူပူနှင့် ပြန်ဖြေမိသည်။
"အင်္ကျီတွေပါ....ကျွန်တော့အလုပ်ရှင်
ဝယ်ပေးလိုက်တာ....""ပြစမ်း....."
YOU ARE READING
Romance(Zawgyi) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... (Unicode) အမှောင်ဖုံးနေပြီလို့ ထင်ခဲ့တဲ့..... ကျွန်တော့ဘဝနေရာလွတ်လေးထဲ အလင်းရောင်လေးတစ်ပျ တဖြည်းဖြည်း ဝင်ရောက်လာသောအခါ.... Own...