ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၂ ( ၁၃ - ၁၈ )

8.3K 1K 50
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  32
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၂၊ အခန္း ၁၃။ ထူးကဲၿပီး ပါရမီပါတယ္

ရီ၀မ္၀မ္သည္ သူမ၏ေခါင္းကို ကိုင္လုိက္မိေတာ့၏ ။
ငါကေတာ့ေလ ၿပန္ေမြးဖြားလာၿပီးေနာက္ပုိင္းက်မွ ဘာလို့မ်ား ဒီလုိလူထူးလူဆန္းေတြနဲ ့ ေတာက္ေလွ်ာက္ေတြ ့ေနရသလဲ ဲမသိဘူး ။

သို့ေသာ္လည္း၊ သူမ ၿပန္လည္ေမြးဖြားလာၿပီဆုိကတည္းက သူမေလး၏စိတ္ဓာတ္သည္ အေတာ္ေလးမာခ်ာလာခဲ့ေလသည္ဆုိရမည္ ။ သူမေနရာမွာ တၿခားသူဆုိပါက ေခါင္းေနာက္ၿပီး ရူးခါပါသြားမလားပင္ ။

“မင္းမွာ WeChat မရွိလုိ ့လား ။ QQ ေရာ ရွိလား” ဆံၿဖဴေယာက်ာ္းသည္ သူ၏ QQ နံပတ္ကို ေအာ္ဖတ္ၿပၿပီး ေနေခ်ၿပီ ။

ရီ၀မ္၀မ္သည္ သူမ၏ဖုန္းကိုသာ ထုတ္လုိက္ၿပီး လက္ဖ်ားခါကာ သူ ့QQ ကုိ အပ္လုိက္ရ၏ ။

သူတို ့နွစ္ေယာက္ သူငယ္ခ်င္းအၿဖစ္ အၿပန္အလွန္ လက္ခံေပးလိုက္ၾက၏ ။ ဒီေနာက္မွ သူ ့နာမည္ေၿပာင္သည္  “အထီးက်န္ေနသည့္တစ္ကုိယ္တည္း သမားေလး” ဟု ေပးထားၿပီး
သူ ့ရဲ့ ပံုကုိ ပရိုဖုိင္လုပ္ထားၿခင္းကို ရီ၀မ္၀မ္ ၿမင္လုိက္ရ၏ ။
သူ ့ရုပ္ရည္အခံ ေၾကာင့္ မဟုတ္ဘူးဆုိလွ်င္ ထိုဆံၿဖဴေခါင္းေၾကာင့္
သူ ့အား ဂ်ေလဂ်ေပြဟု ထင္မိၿမင္မွာ မလြဲေပ ။

သူ၏အေၾကာင္းကို စကားလံုးအနည္းငယ္ၿဖင့္ ပံုေဖာ္ထားေသး၏ ။
“အထီးက်န္လုိက္တာ ။ တစ္ေယာက္ထဲ ေနရတာ အထီးက်န္တယ္၊ အေအးဒဏ္ကို တစ္ေယာက္ထဲ အေဖာ္ၿပဳေနရတာလည္း အထီးက်န္တယ္၊
ငါ အထီးက်န္ေနတာကို ဘယ္သူက လာနားလည္ေပးနုိင္ပါ့မလဲ”…

ရီ၀မ္၀မ္ ။  “…”

ရီ၀မ္၀မ္သည္ သူ ့အား စကားတစ္လံုးမွ ေၿပာမေနေတာ့ဘဲ
ေဒၚလာ ၁၀၀ သာ လႊဲေပးလုိက္ေတာ့၏ ။

ဆံၿဖဴေယာက်္ားသည္ ၿပံဳးၿဖီးၿဖီးၾကီးၿဖင့္ ပုိက္ဆံအား လက္ခံလုိက္ေလသည္ ။ ဒီေနာက္ ရုတ္တရက္ၾကီး
သူမအား စုိက္ၾကည့္ၿပီး ေၿပာလာသည္ ။
“မိန္းကေလး၊ အခုနက သုိင္းကြက္ေတြ ဘယ္သူ သင္ေပးထားတာလဲ”

ရီ၀မ္၀မ္သည္ သူ ့အား တစ္ခ်က္ၾကည့္လုိက္ၿပီး ၿပန္ေၿဖေပးလိုက္သည္ ။
“က်ြန္မဘာသာ သင္ထားတာေပါ့ ၊ ဘာၿဖစ္လုိ ့လဲ”

အခုတေလာတြင္ မ်ားစြာေသာသုိင္းကြက္ေတြနွင့္ မ်ားစြာေသာ နည္းဗ်ဴဟာေတြသည္ သူမေခါင္းထဲ ခနခန ေပၚထြက္လာတတ္သည္ ။

ဆံၿဖဴေယာက်္ားသည္ ဒါကုိ ၾကားလုိက္မိသည္နွင့္
မ်က္ခံုးတုိ ့ ပင့္တက္သြားေတာ့သည္ ။
“မင္းကုိ ရုပ္ေခ်ာၿပီး အံ့ၿသစရာေကာင္းတဲ့ပညာရွင္တစ္ေယာက္က သင္ေပးထားတာ မဟုတ္ဘူးလား”

ရီ၀မ္၀မ္ ။  “က်ြန္မက ထူးၿခားၿပီးေတာ့ ေမြးရာပါတတ္လာ တာ…”

ဆံၿဖဴေယာက်ာ္းခမ်ာ သီးသြားရသည္ ။
“မိန္းကေလး၊ ဒီေလာက္ထိ မႏွိမ့္ခ်ပါနဲ ့လား…”

ရီ၀မ္၀မ္ ။  “ တၿခားကိစၥ ရွိေသးလား ။ မရွိရင္
က်ြန္မ သြားေတာ့မယ္၊ ကားသြားၿပင္ရဦးမယ္”

“အာ…အခုမွ သတိရတယ္၊ ငါလည္း သြားေတြ ့စရာ လူရွိေသးတယ္ ။ အရင္ သြားနွင့္မယ္ေနာ္ ။ မိန္းကေလး က်ြန္ေတာ့္ကို တကယ္ေက်းဇူး တင္တယ္ဆုိ က်ြန္ေတာ့္ရဲ့ QQ လယ္ဗယ္ကုိ ကူၿမွင့္ေပးေပါ့ ။ နွစ္စဥ္ေၾကးနဲ ့”

ဆံၿဖဴေယာက်ာ္းသည္ သူမကားက အခ်ိဳင့္ရာၾကီးကို တစ္ခ်က္ၾကည့္ သြားေသး၏ ။ သူမေလး ေလ်ာ္ေၾကးေတာင္းလာၿပန္ဦးမည္ကုိ စုိးေၾကာက္ဟန္ ၿဖင့္ အၿမန္အဆန္ လက္ေ၀ွ ့ယမ္းၿပီး တစ္ခ်က္ၿပန္လွည့္မၾကည့္ဘဲ ေၿပးသြားေတာ့ေလသည္ ။

ရီ၀မ္၀မ္ ။  “…”

သူက ပညာရွင္တစ္ေယာက္အေနနဲ ့ သရုပ္ေဆာင္ေနတာ မဟုတ္ဘူးဆုိရင္ ဒီလုိေတြ လုပ္ေနစရာ လုိလုိ ့လား ။

သူက လံုး၀ကုိ ဘာအားမွစုိက္ထုတ္မသြားရဘူး…

ဒီေနရာတြင္ ၾကာၾကာေနဖို ့ရာ မသင့္ေတာ္သၿဖင့္ ဆံၿဖဴေယာက်ာ္း ထြက္သြားသည့္ေနာက္ ရီ၀မ္၀မ္သည္လည္း ထြက္သြားေတာ့၏ ။ ကားအင္ဂ်င္ ဘာမွၿဖစ္မသြားဘဲ ကားေမာင္းလုိ ့ရေနေသးသည္ကုိသာ
သူမ ေက်းဇူးတင္ရေပမည္ ။

ထုိတုိက္ခုိက္ေရးသမားတုိ ့၏ တုိက္ခုိက္သြားပံုအရ
သူတို ့တြင္ အင္အားၾကီးမားသည့္ေနာက္ခံ ရွိေနသည္မွန္း
ေၿပာလုိ ့ရနုိင္ေလသည္ ။

သုိ ့ေသာ္လည္း ဤလူေတြသည္ ေၾကာက္တတ္ဟန္ မရွိ၊
သူမအား ေပၚတင္ၾကီး တုိက္ရဲခုိက္ရဲၾကေလသည္ ။

ဘယ္အဖြဲ ့ကမ်ား ငါ့အသက္ကုိ လုိခ်င္ေနၾကတာပါလိမ့္…

ခ်င္းရူရွီ မဟုတ္ရင္ စီ မိသားစုထဲက အၾကီးအကဲေတြလား ။
ဒါမွမဟုတ္ နွစ္ဘ၀စလံုးမွာ ငါ မသိထားတဲ့ ေနာက္ကြယ္ကအင္အားၾကီးတစ္ခုခုလား။

သူမ၏အတိတ္ဘ၀တြင္ ဒီလိုလုပ္ၾကံမႈမ်ိဳး သူမ ရင္ဆုိင္ခဲ့ရ၏ ။ ထုိ ့ေနာက္ သူမ ေသဆံုးသြားခဲ့ရသည္ ။ ဘယ္လုိေသမွန္းပင္ သူမ မသိလုိက္ရေလရာ ဘာသဲလြန္စမွကုိ မရရွိခဲ့လုိက္ပါေပ ။

ရုတ္တရက္ၾကီး ေပၚလာခဲ့ၿပီး ရုတ္တရက္ၾကီး ေပ်ာက္သြားခဲ့သည့္ ထိုဆံၿဖဴေယာက်္ားကေရာ
ဘယ္က ေရာက္လာသည္နည္း ။
ဤသည္မွာ ပေဟဠိ ၿဖစ္စရာ ေကာင္းလွေပသည္…

ရီ၀မ္၀မ္၏စိတ္ထဲတြင္ အေတြးတုိ ့ သိုင္းယွက္ရႈပ္ေထြးေနရႈင္း
ကားကုိ ၿပန္လွည့္လုိက္ၿပီး ေဘက်င္းက ၿမိဳ့စြန္ကုိ တခါတည္း ေမာင္းခ်သြားလုိက္ေတာ့သည္ ။

ၿမန္မာၿပည္ကေန ေခၚေဆာင္လာခဲ့သည့္ ထုိေၾကးစားလူမိုက္တို ့အား တစ္ေနရာရာတြင္ ေနရာခ်ေပးဖုိ ့ရာ ဖန္ရႊမ္းယီအား သူမ ေၿပာထားၿပီး ေလၿပီ ။

သူမ၏လက္ရွိအေၿခအေနနွင့္ဆုိပါလ်ွင္
သူမ၏အဖြဲ ့ကို ဖြဲ ့စည္းရမည့္အခ်ိန္ပင္ ၿဖစ္သည္ ။

ရီ၀မ္၀မ္ ေရာက္သြားသည့္အခ်ိန္ ထိုလူတုိ ့သည္ စုကာရံုးကာၿဖင့္ သူတို ့၏ေဘာ့စ္အသစ္အေၾကာင္း ၿမိန္ရည္ယွက္ရည္ေၿပာဆုိေနၾက၏ ။

အရုပ္မေလးသည္ မ်က္နွာကို လက္နွင့္ေထာက္ထားလ်က္ ။
“အနက္ေရာင္မုဆုိးမက ဒီေလာက္ထိ ေခ်ာမယ္လုိ ့မထင္ထားမိဘူးဟာ ။ အဲ့ဒီေကာလဟလေတြထဲမွာ ေၿပာထားတာထက္ေတာင္ ပုိၿပီးေခ်ာ ေသးတယ္ေနာ္…”

၀တုတ္သည္ ေခါငး္ကုိ ခါယမ္းၿပလာသည္ ။
“ေခ်ာတာေပါ့ဟ - မင္းလုိ မိန္းကေလးငယ္ငယ္ေလးေတြရဲ့ ေသြးေတြကို ေသာက္ၿပီးေတာ့ အလွကုိ ထိန္းထားတာေလ…ဟမ္”

ဆံပင္ရွည္နွင့္ေယာက်ား္က ေၿပာသည္ ။
“အနက္ေရာင္မုဆိုးမက သရုပ္မွန္ကို ဖံုးကြယ္ၿပီးေတာ့
စီ မိသားစုထဲ ပုန္းေနတာကို မငး္တုိ ့ ဘယ္လုိထင္လဲ”

မုတ္ဆိတ္နွင့္ေယာက်ာ္းက သူ ့အား တစ္ခ်က္ၾကည့္လုိက္ၿပီး ေၿပာလာသည္ကား ။
“ေဘဘီကလည္း အလုိက္တာ - ေမးေနစရာေတာင္
လုိလုိ ့လား ။ ေယာက်ာ္းေၾကာင့္ပဲ ေနမွာေပါ့ ။ အနက္ေရာင္မုဆုိးမက ေယာက်္ားေခ်ာေခ်ာေလးေတြ ၾကိဳက္တာ အားလံုးအသိပဲဟာ ။ စီ မိသားစု ရဲ့သခင္ၾကီးက ၾကမ္းတမ္းၿပီး ရက္စက္တတ္တဲ့သူဆုိေပမယ့္လုိ့ ့အရမ္းၾကီး ကို ေခ်ာတယ္လုိ ့ေၿပာၾကတယ္မို ့လား ။ က်ြတ္စ္ က်ြတ္စ္ က်ြတ္စ္…. ေဘာ့စ္က စီ မိသားစုထဲကို ဖံုးကြယ္ၿပီးေတာ့ ၀င္ေနတာက - သူ နဲ့ အိပ္ဖုိ ့က လြဲရင္ တၿခားဘာရွိဦးမွာလဲ ၊ ဟမ္…”

တံခါး၀တြင္ မတ္တပ္ရပ္ေနသည့္ ရီ၀မ္၀မ္ ။  “…”

………………………………………………………

စာစဥ္ ၃၂၊ အခန္း ၁၄။  သူ ့ကို ၿမန္ၿမန္ သိမ္းပိုက္နုိင္ပါေစ

“ဘဘဘ-ေဘာ့စ္” ရီ၀မ္၀မ္ကို ၿမင္လုိက္သည္နွင့္ မ်က္နွာတုိ ့ၿဖဴေလ်ာ္ သြားၾကၿပီး အားလံုး ခ်က္ခ်င္းပင္ မတ္တပ္ထရပ္လာၾကသည္ ။

အသက္ၾကီးၾကီးေယာက်ာ္းက ၿမန္ၿမန္ဆန္ဆန္ပင္ ရွင္းၿပလာသည္ ။
“သခင္မ၊ သူတုိ ့နွစ္ေယာက္ေၿပာတာကို ေဗြမယူပါနဲ ့ - သူတို ့က ဘာသေဘာမွမရွိပါဘူး”

အရုပ္မေလးသည္ ေၾကာက္လန္ ့ကာ အထိတ္ထိတ္အလန့္လန့္ၿဖင့္ ေအာ္ငိုလာသည္ ။
“ အေမေရ…သမီး ေသြးစုပ္မခံခ်င္ေသးဘူးေနာ္..။
သမီး လူရုပ္ေသးရုပ္ မၿဖစ္ခ်င္ေသးဘူး….အီးဟီးဟီး…”

မုတ္ဆိတ္နွင့္ေယာက္်ား၏ ေၿခေထာက္တို ့သည္ တဆတ္ဆတ္ တုန္ရီေနသည္ ။
“ေဘာ့စ္၊ က်ြန္ေတာ္ မွားပါတယ္၊ က်ြန္ေတာ္ မွားပါတယ္ ။
ေနာက္ကို ပါးစပ္မသရမ္းေတာ့ပါဘူး”

ဆံရွည္နွင့္ေယာက်ာ္းသည္ ၿမန္ၿမန္ဆန္ဆန္ပင္ ရွင္းၿပလာသည္ ။
“ဟုတ္ပါတယ္ ဟုတ္ပါတယ္ ၊ ေဘာ့စ္ ။ အစ္ကုိ ခ်န္း ရဲ့ အဆင့္ထိ ကိုယ့္ကုိယ္ကို မေလ်ွာ့ခ်ပစ္ပါနဲ ့။ ေဘာ့စ္မွာက
စီ မိသားစုထဲမွာ ပုန္းကြယ္ေနတယ္ဆုိတာက အေရးၾကီးတဲ့တာ၀န္ၾကီတစ္ခု ရွိေနလုိ ့ပဲ ၿဖစ္ရမယ္ - က်ြန္ေတာ္တုိ့ သိပါတယ္၊ က်ြန္ေတာ္တုိ့ သေဘာေပါက္ ပါတယ္”

ရီ၀မ္၀မ္သည္ ေရွ ့ကို ဆက္ေလ်ွာက္သြားလုိက္ၿပီး အနက္ေရာင္ လယ္သာဆုိဖာေပၚ ပ်င္းတြဲတြဲၿဖင့္ ထုိင္ခ်ပစ္လုိက္၏ ။ ေၾကာက္လန့္ၿပီး တုန္ယင္ေနၾကသည့္လူေတြကို သူမ တစ္ခ်က္ၾကည့္လုိက္ၿပီး ။
“မဟုတ္ဘူး။ က်ြန္မ စီရီဟန္ကို အိပ္ရာထဲ ေခၚခ်င္ရံုပဲ”

သူမသည္ ရွင္းၿပဖုိ ့ရာအတြက္ အေၿပးအလႊား ေခါင္းသံုးစဥ္းစား ေနခဲ့ရ၏ ။ သိ့ုေသာ္ အခုေတာ့ အဆင္ေၿပသြားခဲ့ေခ်ၿပီ ။
သူတုိ ့ေၾကာင့္ သူမ၏၀န္ထုပ္ၾကီး ေလွ်ာ့က်သြားခဲ့ရေခ်ၿပီ ။

ေၾကးစားလူမုိက္ငါးေယာက္ခမ်ာ နင္သီးသြားမတတ္ ၿဖစ္ကုန္ၾကရ၏ ။
“…”

*အဟမ္း အဟမ္း အဟမ္း…* ဆံပင္ရွည္နွင့္ေယာက်္ားသည္ တံေတြးသီးလုိ ့ေနေခ်ၿပီ ။ အခ်ိန္အၾကာၾကီးၾကာေတာ့မွပင္
သူ စကားေၿပာထြက္လာနုိင္ေတာ့သည္ ။
“အမ္…ဒါ….ဒါဆုိ…ေဘာ့စ္…သူ ့ကို မၾကာခင္…သိမ္းပုိက္နုိင္ပါေစ…”

ဖက္တီးသည္လည္း အလုိက္သိတတ္စြာ ေၿပာဆိုလာသည္ ။
“ေဘာ့စ္၊ က်ြန္ေတာ္တုိ ့ အကူအညီ လိုေသးလား ။
ေဘာ့စ္ သူ ့ကို လုပ္ခ်င္သလုိလုပ္လုိ ့ရေအာင္ က်ြန္ေတာ့္မွာ ေဆးရွိတယ္ ။ သူ ဘယ္ေလာက္ပဲ ေခ်ာေခ်ာ ေဘာ့စ္ကုိပဲ ေၾကြသြားလိမ့္မယ္”

ရီ၀မ္၀မ္ ။  “…မလုိဘူး”

ဆံရွည္နွင့္ေယာက်ာ္းသည္ တုိးတုိးေလး၀င္ေၿပာလာသည္ ။
“ငတံုးေကာင္ ဖက္တီးရ၊ မင္း ဘာသိလို ့လဲ ။ အဲ့ဒါဆုိ လံုး၀ ေပ်ာ္စရာ မေကာင္းဘူးကြ ။ ေဘာ့စ္ရဲ့အရည္အခ်င္းနဲ ့ဆုိရင္ သူ ့ကို လုပ္ခ်င္တာ လုပ္လို ့ရဖုိ ့ဆုိတာက လြယ္လြယ္ေလး”

ဖက္တီးသည္ ခ်က္ခ်ငး္ပင္ ၿပန္ေၿပာလာသည္ ။
“အမွန္ပဲ၊ အမွန္ပဲ၊ က်ြန္ေတာ္ အသံုးမက်တာပါ”

ဒီအခုိက္အတန္ ့ အၾကီးအကဲက ေမးလာသည္ ။
“သခင္မ၊ အရမ္းညဥ့္နက္ေနၿပီ။ က်ြန္ေတာ္တုိ ့ကို တစ္ခုခု ေၿပာစရာရွိလုိ ့လား”

ရီ၀မ္၀မ္သည္ သူတုိ ့အား သတိေပးလုိက္ပါ၏ ။
“ဒီေန ့ကစၿပီးေတာ့ ရွင္တုိ ့ေတြ က်ြန္မေနာက္ လုိက္ရမယ္၊ ရွင္တုိ ့ရဲ့ သရုပ္မွန္ကိုလည္း ေၿပာင္းလဲပစ္ရမယ္ ။ ၿပီးေတာ့ ဘယ္သူ ့ေရွ ့မွာမွ က်ြန္မရဲ့သရုပ္မွန္ကုိ ထုတ္မေၿပာရဘူး၊ နားလည္လား”

“နားလည္ပါတယ္”

“ေက်းဇူးတင္ပါတယ္ ေဘာ့စ္”

ငါးေယာက္သားသည္ တစ္ခ်ိန္တည္း သံၿပိဳင္ရြတ္လာၾကသည္ ။

ရီ၀မ္၀မ္သည္ သူတုိ ့အား တာ၀န္အသီးသီး ခြဲၿပီးေတာ့မွ တုိက္ခန္းဆီသုိ ့ ၿပန္သြားလုိက္ေတာ့၏ ။

သူမ၏အေနာက္ဘက္တြင္ လူမုိက္ငါးေယာက္သည္
ရီ၀မ္၀မ္ ထြက္သြားသည္ကုိ ၾကည့္ေနၾကရင္း
စတင္ကာ တုိးတုိးတုိးတုိး လုပ္လာၾကေတာ့သည္ ။

“ဒီတစ္ေခါက္ ငါတုိ ့အားလံုး ပြဲသိမ္းဖုိ ့ နဲနဲေလးပဲ လုိေတာ့တာ ။ ေသၿခင္းတရား၏နွင္းဆီသာ ထြက္မလာလုိ ့ရွိရင္ ငါတုိ ့ေတြ ေသေနၾကေလာက္ၿပီ”
ဆံပင္ရွည္နွင့္ေယာက္်ားက သက္ၿပင္းတခ်ခ်နွင့္ ေၿပာဆိုသည္ ။

သူတို ့ေၿပးလႊားေနခဲ့ရသည့္ေန ့ရက္တုိ ့ကို ၿပန္ေတြးၾကည့္လုိက္မိရင္း သူတို ့၏က်ရႈံးသြားၾကသည့္ညီအစ္ကုိတုိ ့အတြက္ မ်က္နွာတုိ ့ မႈန္မိႈင္းလာ ၾကေတာ့သည္ ။

ဖက္တီးက ေၿပာလာသည္ ။
“ငါတုိ ့ အဖြဲ ့သစ္ဖြဲ ့လုိက္ၿပီ ။ ငါတုိ ့ကို ကယ္တင္ရက်ိဳး နပ္ေအာင္ ေဘာ့စ္အေပၚ ငါတုိ ့ေတြ ေက်းဇူးသိတတ္ရမယ္”

“ငါတုိ ့ ဘယ္လုိေက်းဇူးဆပ္မလဲ ။ ငါကေတာ့ အေမြးပြ၀က္၀ံရုပ္ၾကီးေတြ ၾကိဳက္တယ္ ။ သူတုိ ့က ခ်စ္စရာၾကီးေတြ” အရုပ္မေလးက ေမးလာသည္ ။

“လူၾကီးေတြ စကားေၿပာေနတယ္ ။ ကေလးေတြ ၀င္မပါစမ္းနဲ ့” ဖက္တီးသည္ အရုပ္မေလးအား ေဘးဖယ္ထုတ္လုိက္ၿပီး ဆံရွည္ေယာက်ာ္းနွင့္ မုတ္ဆိတ္ေယာက်ာ္းနား ကပ္သြားသည္ ။

“ေဘာ့စ္က စီ မိသားစု ရဲ့ သခင္ၾကီးကုိ မသိမ္းသြင္းနုိင္တာ ၾကာၿပီမို ့လား၊ ဒီေတာ့ သူမ ဆာေနေလာက္ၿပီ - ငါတို ့ေတြ ေယာက်ာ္းေခ်ာေခ်ာေလးေတြ ရွာေပးလုိက္ၾကရင္ေရာ”

“အၾကံမဆုိးဘူး…”

“အလုပ္ၿဖစ္ေလာက္တယ္”

ညဥ့္နက္ခ်ိန္တြင္ ရီ၀မ္၀မ္သည္ အိပ္မေပ်ာ္နုိင္ဘဲ အိပ္ရာေပၚတြင္ လူးလွိမ့္ေနမိ၏ - အခုရက္ပိုင္းတြင္ ကိစၥေတာ္ေတာ္မ်ားမ်ား ၿဖစ္ပြားထားခဲ့ေလသည္ ။

သူမ ဒီေန ့ ေတြ ့ခဲ့ရသည့္ ထုိဆံၿဖဴေယာက္်ားအေၾကာင္း ၿပန္စဥ္းစားမိ လုိက္ရင္း၊ ရီ၀မ္၀မ္သည္ သူမ၏ဖုန္းကို ေကာက္ကိုင္လုိက္ၿပီး QQ ထဲ ၀င္ၾကည့္လုိက္မိ၏ ။

ဘယ္လုိလ်ိဳ ့၀ွက္ပညာရွင္က သူတို ့ရဲ့ QQ နံပတ္ကို
တစ္ေယာက္ေယာက္နဲ ့ အလဲအလွယ္လုပ္ပါ့မလဲ ။
ဒါ တကယ့္ကို ထူးဆန္းတယ္ ။

ရီ၀မ္၀မ္ ေတြးေတာေနမိရင္း သတိၿပဳလုိက္မိသည္မွာ ထုိဆံၿဖဴေယာက်ာ္းသည္ တစ္နာရီအၾကာခန္ ့က သူ၏နာမည္ေၿပာင္ကုိ ေနာက္ခံအေၾကာင္းရင္းကို ေၿပာင္းလဲလုိက္ၿခင္းပင္ ။
“ငါ့ရဲ့ေဘးနားမွာ စုိးရိမ္ၿခင္းကင္းေသာ ေလး ရွိမေနတာထက္ ဘယ္ဟာကမ်ား ပိုၿပီးေတာ့ အထီးက်န္စရာေကာင္းပါ့မလဲ…အီးဟီးဟီး..”

စုိးရိမ္ၿခင္းကင္းေသာ…။

ရီ၀မ္၀မ္သည္ သူမ၏စခရင္မ္ေပၚက စကားလံုးတို ့ကို စူးစုိက္ၾကည့္ေနမိ၏ ။

ဒါက နာမည္လား၊ ဒါမွမဟုတ္ တစ္ခုခုလား ။

ေတာ္ေတာ္ေလး ရင္းနွီးေနသလုိပဲ…

………………………………………………………

စာစဥ္ ၃၂၊ အခန္း ၁၅။ ၿပန္ရမွၿဖစ္မယ္

ေနာက္တစ္ေန ့မနက္၊ ဒက္ဇလင္း မီဒီယာ ။

“ေနာက္ဆံုးေတာ့ ေပ်ာ္လုိ ့အားရလာခဲ့ၿပီေပါ့”
ရီမူဖန္ကား တဗ်စ္ေတာက္ေတာက္ေၿပာလာသည္ ။

ရီ၀မ္၀မ္သည္ ခုိုးခုိးခစ္ခစ္ရယ္လုိက္မိ၏ ။
“ေဖေဖ၊ ေမေမနဲ ့ကိုကုိ ့အတြက္ လက္ေဆာင္ေတြ ပါလာခဲ့တယ္”

ရီမူဖန္၏မ်က္နွာမွာ အနည္းငယ္ေၿပာင္းလဲသြားေတာ့ၿပီး
တုိးတုိးေလးေၿပာလာသည္ ။
“အနည္းဆံုးေတာ့ မင္းမွာ အသိဥာဏ္ရွိေသးသားပဲ”

“ညီမေလးတုိ ့ ဒီည အိမ္ေတာ္ၾကီးကုိ သြားေတြ ့ၾကမွာ မလား”
ရီ၀မ္၀မ္ ေမးလုိက္သည္ ။

“အင္း…” သူမ ဤကိစၥကုိ အစေဖာ္လုိက္သည္နွင့္
ရီမူဖန္၏မ်က္နွာမွာ မည္းပုတ္လာေတာ့သည္ ။
“ကုိကိုတုိ ့ မသြားလို ့မရဘူးလား ။ ကုိကိုတုိ ့နဲ ့ အဆင္ေၿပတာမွ မဟုတ္တာ။ ဘာလုိ ့ ၿပန္သြားၿပီး အနုိင္က်င့္ခံေနရဦးမွာလဲ”

ရီ၀မ္၀မ္သည္ သူ ့အား ၿဖန့္က်က္ၾကည့္လာေခ်ၿပီ။
သူမ၏အၾကည့္တုိ ့သည္ ေရခဲအလား ေအးစက္ေနသည္ ။
“ညီမေလး ေၿပာၿပီးၿပီေလ - ကုိကုိ ရီမိသားစုကုိ ၿပန္ရေအာင္
လုပ္ရမယ္ ။ ေမေမနဲ ့ေဖေဖကို သူတုိ ့ ဘယ္လုိဆက္ဆံ ခဲ့ၾကလဲ ကိုကို ေမ့သြားၿပီလား”

“အာ…” ရီ၀မ္၀မ္၏ေအးစက္ေနသည့္အၾကည့္ေၾကာင့္
ရီမူဖန္ ရွက္မိသြားၿပီး သူ ့ႏႈတ္ခမ္းကုိ ပြတ္သပ္လုိက္မိသည္ ။
“ကုိကိုလဲပဲ ရေအာင္လုပ္ခ်င္တာေပါ့ ။ ဒါေပမယ့္ ကိုကိုတုိ့ရဲ့ လက္ရွိ အစြမ္းအစနဲ ့ဆုိ ၿပီးေတာ့ ဘုိးဘုိးနဲ ့ဘြားဘြားတုိ ့က လည္း ကိုကိုတုိ ့ကုိ အထင္လြဲေနၾကေသးတာ၊ ကိုကိုတ့ုိအတြက္ ေကာင္းကင္ေပၚ ပ်ံတက္ ရသေလာက္ကို ခက္တယ္…”

ရီ၀မ္၀မ္သည္ သူ ့အား ၾကည့္လာသည္ ။
“သူတို ့အေပၚ ထားတဲ့ ဘုိးဘုိးနဲ ့ဘြားဘြားရဲ့ ယံုၾကည္မႈက
ဖ်က္ဆီးလုိ ့မရေလာက္ေအာင္ ခုိင္မာလြန္းတယ္လုိ ့မ်ား
ကိုကို ထင္ေနတာလား”

ညေနပိုင္း ရီ မိသားစုအိမ္ေတာ္တြင္ ။

အဘုိးအဘြားနွစ္ေယာက္သည္ ဇာတ္လမ္းထဲတြင္ ရီမူဖန္ ပါ၀င္ခဲ့ရၿပီး ဆုၾကီးေတြေၿမာက္ၿမားစြာ ဆြတ္ခူးခဲ့သည္ကုိ ၾကားသိထားၾကသလုိ ဖက္ရွင္အစည္းအရံုး၏ဒုဥကၠဌ ေနရာ ရထားမွန္းလဲ သိထားၾကသည္ ။

မဟုတ္ပါက ထုတ္ထားၿပီးသားစည္းကမ္းကို ခ်ိဳးေဖာက္ၿပီး
သူ ့အား ပထမဆံုးအၾကိမ္ ညစာဖိတ္ေက်ြးလိမ့္မည္ မဟုတ္ေခ်။

ယေန့သည္ ရီ မိသားစု ဆံုစည္းသည့္ေန ့ၿဖစ္သည္ ။ မ်ားစြာေသာအေပါင္းအသင္းတုိ ့နွင့္ ေဆြမ်ိဳးသဂၤဟတုိ ့ တက္ေရာက္လာၾကသည္ ။

ရီ၀မ္၀မ္နွင့္ရီမူဖန္တို့ ထြက္လာၾကသည္နွင့္တဒဂၤ အားလံုး၏စိတ္အာရံုတို ့ကို ဖမ္းစားပစ္လုိက္ၾကသည္ ။

သူတို ့၏ရုပ္ရည္ရူပကာေၾကာင့္ ဤေမာင္နွမနွစ္ေယာက္သည္ ေဘးခ်င္းကပ္ မတ္တပ္ရပ္ေနၾကစဥ္မွာ အလြန္အမင္းပင္ မ်က္စိပသာဒၿဖစ္စရာေကာင္းလွ ေခ်သည္ ။

ထိုမ်က္စိပသာဒၿဖစ္လြန္းလွသည့္ ေမာင္နွမနွစ္ေယာက္အား ၾကည့္ေနမိရင္း တန္ယိလန္၏အမူအရာမွာ ေႏြးေထြးလာ သည္ ။

“ဘြားဘြား” ရီ၀မ္၀မ္၏ဆိတ္ဆြဲလုိက္ၿခင္းေၾကာင့္ ရီမူဖန္မွာ အားအင္တုိ ့ စုစည္းလုိက္ၿပီး အဘိုးအဘြားနွစ္ေယာက္ထံ ေလ်ွာက္သြားလုိက္သည္ ။

“ဘြားဘြား…ဘြားဘြားနဲ ့ဘိုးဘုိးအတြက္ လက္ေဆာင္ပါလာတယ္ - ၾကိဳက္ရဲ့လားလုိ ့ ၾကည့္ၾကည့္ပါလား”

“ေၿမး ေရာက္လာတာနဲ ့ကို လံုေလာက္ေနပါၿပီကြယ္ ။
ဘာလို ့မ်ား တကူးတက လက္ေဆာင္ေတြ ယူလာေနရ တာလဲ”
တန္ယီလန္သည္ ထုိသုိ ့ပါးစပ္ကေန ေၿပာလုိက္ေသာ္ၿငား
စိတ္ထဲတြင္မူ အလြန္အမင္းနွစ္ေထာင္းအားရေနေခ်သည္ ။

ရီမူဖန္သည္ ခ်က္ခ်င္းပင္ တန္ယိလန္၏လက္ေမာင္းကို လွမ္းခ်ိတ္လုိက္၏ ။
“က်ြန္ေတာ္ရဲ့ပထမဆံုးရတဲ့လခ ဆုိေတာ့ ဘြားဘြားတုိ့ကို
လက္ေဆာင္ ၀ယ္လာေပးခ်င္လုိ ့ေပါ့ ဘြားဘြားရ…”

ထိုစကားကို ၾကားလုိက္ရသၿဖင့္ တန္ယိလန္သည္ စိတ္ေအးသြားေတာ့ၿပီး ေၿပာဆိုလာသည္ ။
“မူဖန္…ေၿမးေလး..အခုေတာ့ အသိ၀င္လာၿပီပဲ ။ အခုတေလာ ေၿမးရဲ့ လုပ္ေဆာင္ခ်က္ေတြက သိပ္မဆုိးလွဘူး။ ဘြားဘြား ဥကၠဌ မူ နဲ ့ မေတာ္တဆ
ေတြ ့မိတုန္းက သူ ေၿမးကိုေတာင္ ခ်ီးက်ဴးေနေသးတယ္”

“ဘြားဘြားဆီကေန ဗီဇေကာင္းေကာင္း ရထားတယ္ဆုိၿပီး ခ်ီးက်ဴးတာမို ့လား - ဖက္ရွင္အၿမင္ရွိတယ္ဆုိၿပီးေတာ့ေလ.. ဟဲဟဲ”

“ဟာ…ဒီကေလးကေတာ့…”

ရီမူဖန္သည္ အနားတြင္တြယ္ကပ္ေနသၿဖင့္
တန္ယိလန္မွာ အေပ်ာ္ၾကီးေပ်ာ္ေနေလခ်ိန္
လ်န္ေမးရႊမ္းသည္ကား အံတၾကိတ္ၾကိတ္ ၿဖစ္ေနေလၿပီ ။

လ်န္ေမးရႊမ္းက ေလ်ွာက္သြားလုိက္ၿပီး တုိးတုိးေၿပာလာသည္ ။
“ေမေမ…က်ြန္မ ၾကားတာေတာ့ မူဖန္က ကမာၻက လက္ေအာက္ခံကုမၸဏီ ေလးထဲက စတုိင္လစ္တစ္ေယာက္ၿဖစ္ေန တာဆုိ ။ က်ြန္မတုိ ့အင္ပါယာစကိုင္းက လူေတြက ဘယ္လုိလုပ္ၿပီးေတာ့ ကမာၻအတြက္ အလုပ္လုပ္ေပးနုိင္ရတာလဲ ။ ဒီသတင္းသာ ထြက္သြားရင္ လူေတြ ဘယ္လုိထင္ၾကမလဲ…”

ရီမူဖန္ ရႈံ ့ခ်ေၿပာဆိုလိုက္သည္ ။
“ေဒၚေလး ၂ နားလည္ထားသင့္တယ္ ။
‘နုိင္ငံၿခားသားဆီက ဆည္းပူးၿပီး ကိုယ့္ၿပည္သူေတြအတြက္ တုိးတက္ေအာင္အသံုးခ်ပါ’ တ့ဲ ။ က်ြန္ေတာ္တုိ့ကုိယ္က်ြန္ေတာ္တုိ ့နဲ ့ ရန္သူေတြအေၾကာင္းကို ေနာေက်ေအာင္ သိထားၾကမွ က်ြန္ေတာ္တုိ ့ေအာင္ၿမင္မႈ ရနုိင္မွာေပါ့ - က်ြန္ေတာ္ ကမာၻမွာ အလုပ္လုပ္ေနတယ္ ဆုိတာက သူတို ့အေၾကာင္း ခေရေစ့တြင္းက် နားလည္ၿပီး ေတာ့ သူတို ့လုပ္နည္းလုပ္ဟန္ေတြကို နားလည္ေအာင္လုိ့ ့သက္သက္ပဲ”

သူ၏အေနာက္ဘက္တြင္ ေလ်ွာက္လာေနသည့္ အဘုိး ရီ သည္ ေခါင္းတညိတ္ညိတ္လုပ္လာသည္ ။
“မူဖန္ ေၿပာသြားတာ အဓိပၸာယ္ရွိတယ္”

လ်န္ေမးရႊမ္းအဖုိ ့ ဘာမွ ေၿပာစရာစကားမရွိေတာ့ပါေပ ။
သူမ၏မ်က္နွာမွာ စိတ္အလုိမက်မႈတုိ ့သာ ဖံုးအုပ္ေနေခ်ၿပီ ။

သူမသည္ ဆက္သည္းခံနုိင္ၿခင္းမရွိေတာ့ဘဲ နဲနဲေလးၿဖစ္ၿဖစ္ ဆက္ၿပီးေၿပာပစ္လုိက္ခ်င္၏ ။ သို ့ေသာ္ လက္ေလးတစ္ဖက္သည္ သူမလက္ေမာင္းအား အသာေလးလာတြဲၿပီး ရပ္လုိက္ဖုိ ့ရာ အခ်က္ၿပလာသည္ ။

ရီယီယီသည္ လွပသည့္အၿပာနုနုညေနခင္း၀တ္စံုကို ၀တ္ဆင္ထားၿပီး တန္ယိလန္ ဆီသို ့ ေလ်ွာက္သြား၏ ။
“ဘြားဘြား…က်ြန္မမွာ သတင္းေကာင္းရွိတယ္ -
က်ြန္မတုိ ့ေတြ ဒီနွစ္ တီဗြီစီးရီးတစ္ခုအတြက္ ေတာက္ပေသာပန္းခ်ီကားေတြနဲ ့ ပူးေပါင္းခြင့္ ရသြားၿပီ….”

ဒါကုိ ၾကားလုိက္သည္နွင့္ တန္ယိလန္၏အာရံုအလံုးစံုသည္
ရီယီယီထံသုိ ့ ေရာက္သြားေတာ့သည္ ။  “တကယ္လား”

ေတာက္ပေသာပန္းခ်ီကားမ်ားသည္ တုိင္းၿပည္၏ပထမဆံုးေသာ ထိပ္တန္းရုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီ ၿဖစ္သည္ ။
နာမည္ၾကီး ဟု တင္စားလုိ ့ရနုိင္ေပသည္ ။

ရီမူဖန္သည္ ဒါကို ၾကားလုိက္သည္နွင့္ သူ၏မ်က္လံုးတုိ ့မွာ မႈန္မိႈင္းလုိ ့ လာေတာ့၏ ။ သူသည္ ကုမၸဏီခြဲ အေသးေလးတစ္ခုတြင္ ရုန္းကန္ေနရခ်ိန္ ရိယီယီသည္
သူ လက္လွမ္းမမွီနုိင္သည့္ ဟုိးတစ္ေနရာကို ေရာက္ထားၿပီးေလၿပီတဲ့လား…

………………………………………………………

စာစဥ္ ၃၂၊ အခန္း ၁၆ ။ နဲနဲမွ မရွက္ဘူးလား

လ်န္ေမးရႊမ္းသည္ ရီမူဖန္၏ညွိဳးက်သြားသည့္မ်က္နွာကုိ ၿမင္လုိက္ရ၍ တစ္ဖန္ၿပန္လည္ စိတ္ေပ်ာ္ရႊင္လာေတာ့သည္ ။
“အာ…က်ြန္မရဲ့ယီယီက ထူးခ်ြန္ထက္ၿမက္တာပဲေလ ။ ပညာတက္ၿပီး နွလံုးသားနဲ ့ ဥာဏ္ပညာကုိ ထိန္းကြပ္နုိင္စြမ္းရွိတယ္၊ ၿဖဴစင္သန္ ့ရွင္းတဲ့ နွလံုးသားရွိၿပီး စိတ္ထားလွတယ္လုိ ့လူတုိင္းက ေၿပာေနၾကတာပဲ ။  စမတ္က်ၿပီးေတာ့ အရာရာကို လုပ္နုိင္စြမ္းရွိတယ္လို ့
ဂူရြဲ ့က်ီရဲ့မိဘေတြ ကေတာင္ ခ်ီးက်ဴးေနၾကေသးတယ္ ။
ဂူ မိသားစုရဲ့ေဆြမ်ိဳးသားခ်င္းေတြ၊ မိတ္ေဆြေတြကေတာင္မွ ယီယီ ဆီမွာ အစ္မ ဒါမွမဟုတ္ ညီမ ရွိလားလုိ့ ့ေမးယူေနၾကတဲ့အထိပါပဲ ။ အဲ့လုိေမးလာတုိင္း
က်ြန္မလည္း ေအာင္သြယ္ေပးဖုိ ့အတြက္ ရီ၀မ္၀မ္ ကို ေၿပးေၿပးၿမင္မိတာခ်ညး္ပါပဲ၊ ဒါေပမယ့္လို ့…”

လ်န္ေမးရႊမ္းသည္ ဂူ မိသားစု အေၾကာင္း အစဆြဲထုတ္လာ ရင္း ရီယီယီ ကုိ ခ်ီးက်ဴးၿသဘာေပးေနသလို  သူမသည္ ထုတ္ေၿပာရဖုိ ့ရာ အခက္ေတြ ့ေနဟန္ ၿပဳၿပီး ရီ၀မ္၀မ္အား လူပံုအလယ္ အရွက္ခြဲေနၿခင္းပင္ ၿဖစ္သည္ ။
သူမ ေၿပာလုိသည္မွာ ရီယီယီ ထံတြင္ ၀မ္းကြဲအစ္မ တစ္ေယာက္ ရွိေနသည့္တုိင္ သူမသည္ တစ္မိသားစုလံုးကုိ မ်က္နွာပ်က္အရွက္ရေစမည္စုိးသၿဖင့္ သူမနွင့္ မမိတ္ဆက္ေပးရဲပါဟု ။

“လ်န္ေမးရႊမ္း…ဒါက ဘာအဓိပၸာယ္လဲ ။
ခင္ဗ်ား တစ္ေယာက္ေယာက္ကို မေကာင္းထင္ခံရေအာင္ လုပ္ေနတာလား ။ လက္ထပ္ပြဲက ဘယ္သူနဲ ့ အရင္ဆံုး စီစဥ္ေပးထားတာလဲဆုိတာ မေမ့လိုက္နဲ ့။ ခင္ဗ်ားကသာ ရီ၀မ္၀မ္ ပိုင္တဲ့အရာကို ခုိးယူသြားခဲ့တဲ့သူ၊ အဲ့ဒါကိုမ်ား
ဒီမွာ သေဘာေကာင္းသလုိလုိ လာလုပ္ေနေသးတယ္ - ခင္ဗ်ားဆီမွာ နဲနဲေလးမွ အရွက္မရွိေတာ့ဘူးလား”

ရီမူဖန္သည္ အေစာပိုင္းက စိတ္ကုိထိန္းထားခဲ့ၿပီး ဘာတစ္ခြန္းမွ ၀င္ေၿပာခဲ့ၿခင္း မရွိပါေခ် ။ သို့ေသာ္၊ ဒီထိတုိင္ေအာင္ နားေထာင္လာခဲ့ရၿပီးသည့္ ေနာက္တြင္မူ
သူ ့၏သည္းခံနုိင္စြမ္းကို ေက်ာ္လြန္သြားခဲ့ေခ်ၿပီ။

ရီ၀မ္၀မ္သည္ ရီမူဖန္အား တစ္ခ်က္ၾကည့္လုိက္၏ ။

သူမသာ အတိတ္ဘ၀တုန္းက ရီ၀မ္၀မ္ဆိုပါလ်ွင္
ဒီလုိတံု ့ၿပန္လာသည့္ ေနရာမွ ရီမူဖန္ထက္ပင္ ပိုၿပင္းထန္ခ်င္ၿပင္းထန္ေနေပလိမ့္ဦးမည္ ။

သူမ၏အတိတ္ဘ၀တြင္ ရီယီယီသည္ သေဘာထားၾကီး သေယာင္၊
ခန္ ့ထည္သေယာင္ေယာင္၊ အဆင့္အတန္းၿမင့္မားၿပီး အရည္အခ်င္း ရွိသေယာင္ေယာင္ၿပဳကာ ရသမ်ွနည္းနဲ ့ သူတုိ့မိသားစုအေပၚ တက္နင္းထားၿခင္းကို
သူမ မုန္းတီးရြံရွာခဲ့၏ ။

ရီယီယီသည္ သူမ၏ခင္ပြန္းေလာင္းၿဖစ္သူကုိ ခုိးယူသြားခဲ့သည္ဆုိေသာ အခ်က္ကို ေတြးၾကည့္မိရံုနွင့္ပင္ ရီယီယီ ပါးစပ္ဟလုိက္သည့္အခ်ိန္တိုင္း ရီ၀မ္၀မ္ခမ်ာ စိတ္မထိန္းနုိင္ခ်ည္း ၿဖစ္ခဲ့ရ၏ ။ ဒါ့အၿပင္ လ်န္းေမးရႊမ္းသည္ လည္း ေဘးနားကေန မီးပံုထဲ ေလာင္စာပစ္ပစ္ထည့္ေပးေနေသးသည္ မဟုတ္လား ။

သူတို ့ေတြ အိမ္ေတာ္ၾကီးဆီ သြားၾကသည့္အခ်ိန္တုိင္း
သူမသည္ ၿပသနာ၀ုန္းဒုိင္းၾကဲရွာခဲ့သည္ခ်ည္းသာ ။

အဘုိးအဘြားနွစ္ေယာက္သည္ သူမ၏အေမကို မၾကိဳက္နွစ္သက္ဘူးဆိုလ်ွင္ ေတာင္ သူမသည္ သူတို့၏ေၿမးမေလးပင္ မဟုတ္ပါလား ။ သူတို ့ သူမအား အိမ္ေတာ္ကေန ေမာင္းထုတ္ခဲ့ၾကသည္ဆုိၿခင္းမွာ သူမသည္ ရီ မိသားစုအား အၾကိမ္ေပါင္းေၿမာက္ၿမားစြာပင္ အတုိင္းထက္အလြန္ အရွက္ရေစခဲ့ၿပီး
ရီ မိသားစုနွင့္ ဆက္ဆံေရးၿဖတ္ေတာ့မည္ခ်ည္း အတင္းလုပ္ေနၿခင္းေၾကာင့္ ပင္ ။ အဘိုးအဘြားနွစ္ေယာက္သည္ သူမေလးအေပၚ သည္းခံနုိင္စိတ္တုိ ့ ကုန္လြန္သြားၿပီး သူမေလးလဲ ဒီအေၿခအေနထိ ေရာက္လာခဲ့ရၿခင္းပင္ ၿဖစ္သည္…

အခုလက္ရွိ ရီ၀မ္၀မ္သည္ကေတာ့ ထုိသို ့ရူးရူးမုိက္မုိက္အရာမ်ိဳးကုိ လံုး၀ကုိ လုပ္မည္မဟုတ္ေပ ။

ရီမူဖန္၏ေမးခြန္းထုတ္ခံလုိက္ရသၿဖင့္ လ်န္ေမးရႊမ္း အံ့အားသင့္သြား၏ ။
“မူဖန္…မင္း အဲ့ဒါက ဘာေၿပာခ်င္ေနတာလဲ ။ ေဒၚေလးက ၀မ္၀မ္အတြက္ ေအာင္သြယ္ေပးခ်င္ေနတာပါ၊ ဒါေပမယ့္လို ့ ၀မ္၀မ္က ေဒၚေလးကို ေနရာတကာပါလြန္းတယ္ဆုိၿပီးေတာ့ ေဒါသထြက္သြားမွာ စုိးရိမ္မိလုိ ့ - ေဒၚေလးက မေကာင္းထင္ခံရေအာင္ ဘယ္လုိမ်ား လုပ္မိလုိ ့လဲ”

“ဒါေပမယ့္ မင္း ေၿပာလုိက္တ့ဲစကားကို ေမးရပါဦးမယ္ - ၀မ္၀မ္ ပိုင္ထားတဲ့အရာကုိ ခုိးယူသြားတယ္ဆိုတာက ဘာအဓိပၸာယ္လဲ ။
ရြဲ ့က်ီက ၀မ္၀မ္နဲ ့လမ္းခြဲၿပီးမွ ေဒၚေလးတုိ ့ရဲ့ယီယီနဲ ့တြဲတာ ေလ ။ သူတို ့နွစ္ေယာက္ ခ်စ္ေနတာ ဒီေလာက္သိသိသာသာ ၾကီးပါ - မင္း
ဒီလုိမ်ိဳး စကားကို မဟုတ္တရုတ္ေတြ မေၿပာသင့္ဘူးေနာ္”

“၀မ္၀မ္က အရင္တုန္းက ဘယ္လုိပံုစံရွိလဲဆုိတာ အားလံုးအသိပဲ ။ အဲ့ဒီေနရာမွာ မင္းသာဆုိရင္ မင္း ဘယ္သူ ့ကို ေရြးခ်ယ္မလဲ ကုိယ့္ကိုယ္ကုိပဲ ၿပန္ေမးၾကည့္ပါဦး ။ အခ်စ္ဆုိတာက လုပ္ယူလုိ ့ရတဲ့အရာမွ မဟုတ္တာ”

အဟတ္…သူတုိ ့နွစ္ေယာက္ ခ်စ္ေနၾကတာ အသိသာၾကီးဆုိပဲ…။

ဒင္းက ဂူရြဲ ့က်ီ နဲ ့က်ိတ္ပုန္းခုတ္ေနရင္းမွ ငါ့ကို အပိုင္ခ်ည္ၿပီး ငါ့အေဖကို ၿခိမ္းေၿခာက္ၿပီးေတာ့ ငါတုိ ့မိသားစုကို လံုး၀ပ်က္စီးသြားေအာင္ ေၿဖးေၿဖးခ်င္း ဖ်က္ဆီးေနတာပါ ေနာ္…။

လ်န္ေမးရႊမး္သည္ ေၿပာလည္းေၿပာ ရီ၀မ္၀မ္နွင့္ရီမူဖန္တုိ ့၏အမူအရာ ကိုလည္း တည္တည္ၿငိမ္ၿငိမ္ၿဖင့္ တေစ့တေစာင္း အကဲခတ္ေနသည္ ။

ဤနွစ္ေယာက္ၿပသနာရွာလာမွာကို
သူမ တစ္စက္မွ မစုိးေၾကာက္မိပါေခ် ။ သူမအဖို ့ေတာ့
သူတို ့ထင္ရာစုိင္းၾကေလ အေကာင္းဆံုးၿဖစ္ေလပင္ - ဒါဆုိ စိတ္လႈပ္ရွားစရာေကာင္းသြားေပလိမ့္မည္။
အခုတေလာတြင္ အဘုိးအဘြားနွစ္ေယာက္သည္ စတင္ကာ သေဘာထား ႏူးညံ့လာသၿဖင့္ သူမ ေခါင္းခဲေနခဲ့ရသည္ မဟုတ္လား…။

ရီမူဖန္သည္ အလြန္အမင္း ေဒါသအၾကီးအက်ယ္ထြက္သြားၿပီး
လ်န္ေမးရႊမ္း ထံသုိ ့ ေၿပး၀င္သြားလုနီးနီး ၿဖစ္လာရေတာ့ၿပီ ။
“ခင္ဗ်ား…”

ဒီအခုိက္၊ စကားတစ္ခြန္းမွ ၀င္ေၿပာၿခင္းမရွိဘဲ ေအးေအးလူလူ ရွိေနခဲ့သည့္ ရီ၀မ္၀မ္သည္ ရီမူဖန္အား ၿပန္ဆြဲထားကာ အၿပံဳးၾကီးၿပံဳးၿပလုိက္ၿပီးေနာက္ လ်န္ေမးရႊမ္း၊ ရီယီယီနွင့္ အဘိုးအဘြားနွစ္ဦးထံ ေလ်ွာက္သြားေလသည္ ။ ၾကည္လဲ့ရွင္းသန္ ့သည့္မ်က္၀န္းတို ့ၿဖင့္
သူမေလး ေၿပာလာသည္ကား ။
“ကုိကုိ…ေဒၚေလး ၂ ကုိ အထင္လြဲေနတာ ၿဖစ္မွာပါ၊ ေဒၚေလးဆီမွာ ဘယ္လုိလုပ္ၿပီးေတာ့ ဒီလုိသေဘာမ်ိဳး ရွိပါ့မလဲ ။ ေဒၚေလး ၂ က အရင္က အစ္ကုိ ရြဲ ့က်ီကို တကယ္သေဘာက်ခဲ့တာ ။ အခုဆုိ ယီယီ နဲ ့တြဲေနၿပီ ဆုိေတာ့ ေဒၚေလး ၂ က ဒီတုိင္း တကယ္ေပ်ာ္ရႊင္ေနမိလုိ ့
ဂူ မိသားစုက ယီယီ ကို လုိက္ၾကဳိက္ေနသလုိမ်ိဳး ထုတ္ေၿပာမိရံုပါ”

………………………………………………………

စာစဥ္ ၃၂၊ အခန္း ၁၇။  ဘယ္ေတာ့မွ မခံစားေစရဘူး

“ၿပီးေတာ့လည္း မမ ယီယီက တကယ့္ကို ေတာ္တာ။ အခုဆုိ မမ ယီယီ က ညီမေလးရဲ့စံၿပပဲ၊
အစ္ကို ရြဲ ့က်ီ အတြက္ကေတာ့…အင္း သူက မမ ယီယီ နဲ ့အရမ္းလုိက္ဖက္တယ္ ။ ဒီေတာ့ ညီမေလးအေနနဲ ့ သူတို ့ကုိ ဆုေတာင္းေပးရံုပဲေပါ့ ။ သူတုိ့နွစ္ေယာက္လံုး ေသတပန္သက္တစ္ဆံုး ေပါင္းသြားရဖုိ ့
ညီမေလး ေမွ်ာ္လင့္ပါတယ္၊ မဟုတ္ရင္ အဲ့ဒီအခ်ိန္တုန္းက ဘုိးဘုိးရဲ့ေမြးေန ့ပြဲမွာ ညီမေလးဘက္က ေစ့စပ္ပြဲကုိ ဖ်က္ခဲ့ရတာ တန္မွာ မဟုတ္ဘူး ။ ညီမေလး ေစ့စပ္ပြဲကုိ ဖ်က္ခဲ့ရတာက မမ ယီယီ နဲ ့ အစ္ကုိ ရြဲ ့က်ီကုိ ညီမေလးေၾကာင့္ မခံစားရေစခ်င္လုိ ့ပါ”

“အတိတ္တုန္းက ညီမေလး မသိတတ္ခဲ့လြန္းလုိ ့
ဘိုးဘုိးနဲ ့ဘြားဘြားကို စိတ္ပူပန္ေစခဲ့ရၿပီ။ ေဒၚေလး ၂ နဲ ့ မမ ယီယီ တုိ ့ ဘုိးဘုိးတုိ ့ေဘးမွာ ရွိေနေပးၾကလုိ ့သာ ေတာ္ေသးတယ္…”

ရီ၀မ္၀မ္ ေၿပာလုိက္သည့္စကားေၾကာင့္ လ်န္ေမးရႊမ္းသည္ သရဲတစ္ေကာင္ ၿမင္လုိက္ရသလုိ ခံစားမိသြားရသလုိ ရီယီယီသည္လည္း မ်က္ေမွာင္တုိ ့ အၾကဳတ္ၾကီးၾကဳတ္ သြားရသည္ ။

ရီမူဖန္သည္လည္း အသိသာၾကီးကုိ ပါးစပ္အေဟာင္းသားၿဖစ္ေနေလသည္ ။

တန္ယိလန္သည္ သူမ၏ေၿမးမေလးအား ေစ့ေစ့စပ္စပ္ ၾကည့္လာသည္ - သူမေလးသည္ ၀တ္ပံုစားပံုကို ေၿပာင္းလဲပစ္လုိက္ရံုသာမက အေၿပာအဆုိ အၿပဳအမူုတုို့ပါ အေၿပာင္းလဲၾကီးေၿပာင္းလဲသြားေလၿပီ ။ မယံုသကၤာၿဖစ္ေနေသးဆဲ ၿဖစ္ေသာ္လည္း
သူမ ေၿပာေတာ့ေၿပာလုိက္၏ ။
“ေၿမး ဒီလုိ စဥ္းစားတတ္တာ သိပ္ေကာင္းတယ္”

ရီဟုန္းေ၀၏ေအးစက္ၿပီး ခ်ဥ္မဲ့ေနသည့္ မ်က္နွာသည္လည္း
အနည္းငယ္ ေႏြးပ်လာရသည္ ။
“ေၿမး ေနာက္ဆံုးေတာ့ လိမ္မာသြားၿပီကုိး”

ရီ၀မ္၀မ္သည္ လ်န္ေမးရႊမ္းထံ ေလ်ွာက္သြားလုိက္ၿပီး ဘူးေလးတစ္ဘူးကုိ ထုတ္ယူလုိက္၏ ။
သူမ ဖြင့္လုိက္ေလရာ အထဲတြင္ ရွိေနသည္ကား ေက်ာက္စိမ္းပုတီးလက္ေကာက္တစ္ကံုး ။
“ေဒၚေလး ၂…က်ြန္မ ၿမန္မာၿပည္ကို အားလပ္ရက္ခရီးထြက္တုန္းက ေဒၚေလးအတြက္ ေက်ာက္စိမ္းပုတီးလက္ေကာက္တစ္ကြင္း သက္သက္ ၀ယ္လာခဲ့တယ္ - ေစ်းသိပ္မၾကီးေပမယ့္လို ့ ေသေသခ်ာခ်ာေလး ေရြး၀ယ္ထားတာပါ ။
ေဒၚေလး ၾကိဳက္မယ္လုိ ့ ေမွ်ာ္လင့္ပါတယ္”

လ်န္ေမးရႊမး္သည္ ပါးစပ္အေဟာင္းသားၿဖစ္သြားၿပီး မယံုသကၤာၿဖစ္လာသည္ ။ * ဒီဟာမေလး…ရုတ္တရက္ၾကီး သေဘာထားေၿပာင္းသြားတာ၊ ဘာၾကံဦးမလုိ ့လဲ*

လ်န္ေမးရႊမး္သည္ ေၾကာင္အမင္သက္ေနသၿဖင့္
ရီ၀မ္၀မ္ခမ်ာ နာက်င္သြားသည့္ဟန္ ေပၚလာၿပီး  သူမရဲ့လက္ကုိ မသိမသာေလး ရုတ္သိမ္းလုိက္ရင္း ။
“က်ြန္မ ရုိင္းမိသြားတယ္၊ ေတာင္းပန္ပါတယ္ ။
ဒါက ဒီေလာက္ေစ်းေပါတာ ေဒၚေလး ၂ ရဲ့ အဆင့္အတန္းနဲ ့ လံုး၀ကုိမလုိက္ဖက္ပါဘူး…”

လ်န္ေမးရႊမး္သည္ သူမမ်က္၀န္းထဲက ေမွာင္မိုက္မႈတုိ ့ကုိ ဖုံးကြယ္လုိက္ၿပီး ကပ်ာကယာပင္ လက္ခံလုိက္ရသည္ ။ သူမ ၿပံဳးၿပကာေၿပာဆုိလာသည္ ။
“မဟုတ္တာ…၀မ္၀မ္က ဒီေလာက္ထိ သေဘာေကာင္းတာက ခပ္ရွားရွား ဥစၥာ ။ လက္ေကာက္ေလးကို ၾကိဳက္ပါတယ္ ။ ေက်းဇူးပဲေနာ္”

ဒါကို ၿမင္လုိက္ရ၍ အဘိုးသည္ ၀မ္းပန္းတသာၿဖစ္သြား ေတာ့သည္ ။ သူသည္ ေခါင္းညိတ္ၿပလာၿပီး တည္တည္ၾကည္ၾကည္ေလသံၿဖင့္ ေၿပာဆိုလာသည္ ။
“သိပ္ေကာငး္တယ္၊ ဒါကမွ မိသားစု တစ္ခု ၿဖစ္သင့္တဲ့အရာပဲ ။ ထပ္ၿပီးေတာ့ ရန္မၿဖစ္ၾကနဲ ့ေတာ့”

သူသည္ ယေန ့ ရီ၀မ္၀မ္၏လုပ္ေဆာင္သြားခ်က္အေပၚ အလြန္အမင္းပင္ စိတ္အားရေနသည္ပင္ ။

စကားနည္းနည္း လက္ဆံုက်ၿပီးသည့္ေနာက္
ရီမူဖန္သည္ ဘယ္လုိမွ ေအာင့္မထားနုိင္ေတာ့ ။
ရီ၀မ္၀မ္အား ေဘးသို ့ ဆြဲေခၚလုိက္၏ ။
“၀မ္၀မ္…မင္း လြတ္သြားၿပီလား ။ အဲ့ဒီမိန္းမကုိ ေကာင္းေကာင္းမြန္မြန္ ေၿပာေပးတာက ထားပါဦး၊
ဘာကိစၥ လက္ေဆာင္ထေပးရတာလဲ”

ရီ၀မ္၀မ္သည္ နွင္းဆီပန္းပြင့္ခ်ပ္ေလးကို တည္တည္ၿငိမ္ၿငိမ္ ထိလို့ေနသည္ ။
“ဒါဆုိ ကိုကို လုပ္သမ်ိဳး ညီမေလး လုပ္သင့္တာလား ။
ကိုကုိ ဒီေန ့ ၿပသနာ ရွာလုိက္လုိ ့ရွိရင္ ဘုိးဘုိးနဲ ့ဘြားဘြားရဲ့ ညီမေလးတုိ ့အေပၚ ရွိထားတဲ့ အၿမင္ေကာငး္ေတြက ပလံုခနဲ သြားေတာ့မွာေပါ့”

“ဒါေပမယ့္ ကိုကုိတုိ ့ အဲ့ေလာက္ထိ နွိမ့္နွိမ့္ခ်ခ်လုပ္ၿပေနစရာ မလုိဘူး ေလ…” ရီ၀မ္၀မ္သည္ သူမ၏မာန္မာနကို ၿမိဳသိပ္ၿပီး ကိုယ့္ကိုယ္ကို နွိမ့္ခ်ေနကာ သူ ့အတြက္နွင့္ အေစာ္ကားခံေနရသည္ကို ေတြးမိၿပီး ရီမူဖန္သည္ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိေနေလသည္ ။ သူသည္ အလြန္အမင္း မခံမရပ္နုိင္ေအာင္ ခံစားေနမိၿခင္းပင္ ။

သူ ့အေနၿဖင့္ သူမေလး၏ေၿမာက္ၾကြၾကြပံုစံကုိသာ
ၿပန္ေတြ ့လုိေပသည္ ။

“၀မ္၀မ္”

ရီမူဖန္သည္ ရီ၀မ္၀မ္အား စိတ္ဆံုးၿဖတ္ခ်က္ၿပတ္သားသည့္ အၾကည့္ၿဖင့္ ၾကည့္လုိက္သည္ ။
“ကုိကိုတုိ ့ ပိုင္ဆုိင္သမ်ွကို ကုိကို ၿပန္ရေအာင္ ယူၿပမယ္ ။
ကိုကို ညီမေလးကို ထပ္ၿပီးေတ့ာ မသိမ္ငယ္ေစရေတာ့ဘူး”

သူသည္ တည္ၾကည္ခုိင္မာစြာ ေၿပာဆုိေနသၿဖင့္
ရီ၀မ္၀မ္၏အမူအရာမွာ ႏူးညံ့ေပ်ာ့ေပ်ာင္းလာရေတာ့သည္ ။
“အင္း…ကိုကို ့ကို ညီမေလး ယံုတယ္”

သူတုိ ့၏အေနာက္ဘက္တြင္ လ်န္ေမးရႊမ္းသည္ ရုတ္တရက္ၾကီး ေရာက္ခ်လာသည္ ။
“က်ြတ္စ္ က်ြတ္စ္…ဖက္ရွင္အစည္းအရံုးရဲ့ဒုဥကၠဌ ၿဖစ္ရံုေလာက္နဲ ့
ဘ၀င္က ေခါင္ခုိက္ေအာင္ တက္ေနပါေပါ့လား ။
ငါတုိ ့ရဲ့ယီယီသာ မင္းလုိ စိတ္ထားမ်ိဳး ရွိမယ္ဆုိလုိ ့ကေတာ့ ေန ့တုိင္း မီးရွဴးမီးပန္းလႊတ္သလုိကို ဟိုးအေပၚကေန ၿပန္ဆင္းပါေတာ့မလားပဲ”

“မင္းကမ်ား ငါတုိ ့ယီယီဆီက ေယာက်ာ္းကို စႏႈိက္ေက်ာ္ခ်င္ေသးတယ္ေပါ့ေလ - ကိုယ့္ရုပ္ကိုယ္ပဲ
မွန္ထဲ ၿပန္ၾကည့္ၾကည့္လုိက္စမ္းပါဦးလား”

ရီမူဖန္ခမ်ာ ရီ၀မ္၀မ္ ေၿပာသြားသည္ကို အမွတ္ရမိသၿဖင့္ လ်န္ေမးရႊမ္းနွင့္ ဖက္ၿပိဳင္စကားမမ်ားလုိေတာ့ ။ သူမအား တစ္ခ်က္သာၾကည့္လုိက္ၿပီး သူ၏ေဒါသတုိ ့ကို ၿမိဳသိပ္ကာ သူမအား မသိက်ိဳးက်ြံ ၿပဳလုိက္၏ ။

………………………………………………………

စာစဥ္ ၃၂၊ အခန္း ၁၈ ။ လုပ္ေတာ့ဘာၿဖစ္လဲ

သူတုိ့နွစ္ဦးသားသည္ ၿပန္ေၿပာလာၿခင္းမရွိသၿဖင့္
ပိုလို ့ပင္ ေထာင္လႊားလာေတာ့သည့္ လ်န္ေမးရႊမ္း ။
သူမ နွာေခါင္းရံႈ ့လုိက္ကာ ဆက္ေၿပာလာသည္ ။
“လ်န္၀မ္က်ြင္း ၊ အဲ့ဒီေခြးမကေတာင္မွ ငါ့ကုိ မနုိင္ဘူး ။ 
မင္းတုိ့ ေခြးေပါက္စနွစ္ေကာင္ကမ်ား ငါ့နဲ ့လာၿပီး တုၿပိဳင္ခ်င္
တယ္ေပါ့ေလ…ဟမ္ ။ ေထာင္လႊားလြန္းလုိက္တာ…”

ေနာက္တစ္စကၠန္ ့မွာပင္ ေၿဖာင္းခနဲ ပါးရုိက္သံတစ္ခ်က္
အားပါးတရ ေပၚထြက္လာသည္ ။

ရီ၀မ္၀မ္သည္ အားကုန္သံုးကာ လ်န္ေမးရႊမ္း၏မ်က္နွာအား ၿဖတ္ရုိက္ပစ္လုိက္ၿခင္းပင္ ။

ေၿဖာင္းခနဲၿမည္ေအာင္ ပါးခ်ခံလုိက္ရသၿဖင့္ လ်န္ေမးရႊမး္၏ေခါင္းမွာ ခ်ာခ်ာလည္သြားရ၏ ။
သူမသည္ ပါးစပ္အေဟာင္းသား ၿဖစ္သြားၿပီး အခ်ိန္အၾကာၾကီးၾကာေတာ့မွ သတိၿပန္ကပ္သြားေတာ့ခ်ိန္ ။ လက္ငါးေခ်ာင္းရာ ထင္းေနသည့္မ်က္နွာအား အုပ္ကိုင္ထားၿပီး ေအာ္ဟစ္လာေတာ့သည္ ။
“ေခြးမေလး…မင္း ငါ့ကို ရုိက္တယ္၊ မင္းကမ်ား ငါ့ကို ရုိက္တယ္…”

*ေၿဖာင္း ------*

ရီ၀မ္၀မ္သည္ နွစ္ခါပင္ ၿပန္စဥ္းစားၿခင္းမရွိ။ ေနာက္ထပ္တစ္ဖန္ သူမအား ပါးခ်ပစ္လုိက္ၿပန္သည္ ။ ဒီေနာက္မွ သူမ၏အက်ီၤလက္ကို ပင့္တင္လုိက္ၿပီး မ်က္လံုးကုိ ပင့္ၾကည့္လုိက္ရင္း ။  “ဟုတ္တယ္၊ ရိုက္ေတာ့ ဘာၿဖစ္လဲ”

ဤပါးရိုက္ခ်က္သည္ ပုိလို ့ပင္ ၿပင္းေလရာ လ်န္ေမးရႊမ္း၏မ်က္နွာမွာ စတင္ကာ ေယာင္ကုိင္းနီရဲလာေတာ့သည္ ။

တခ်ိန္တည္း ပါးနွစ္ဆင့္ၿဖတ္ရုိက္ခံလုိက္ရသၿဖင့္ လ်န္ေမးရႊမ္းခမ်ာ
လံုး၀ကုိ မင္သက္မိန္းေမာေနမိေလသည္ ။

ရီမူဖန္သည္လည္း ပါးစပ္အေဟာင္းသားၿဖင့္ ေက်ာက္ရုပ္ၾကီးလုိ ရပ္ေနမိ၏ ။ သူ ့ညီမေလး၏ ရန္လုိၿပီး အထိန္းအကြပ္မဲ့စြာၿပဳမူလုိက္ၿခင္းေၾကာင့္ သူ လံုး၀ပင္ သတိမကပ္နုိင္ေတာ့ ။
အမ္၊ ငါတုိ ့ေတြ ထိန္းထိန္းသိမ္းသိမ္းေနမယ္လို ့ ခုနကပဲ သေဘာတူလုိက္တာ မဟုတ္ဘူးလား…

“ေမေမ ------” ရီယီယီ ေရာက္ခ်လာၿခင္း ။

လ်န္ေမးရႊမ္း၏မ်က္နွာေပၚက လက္ငါးေခ်ာင္းရာၾကီးကို ၿမင္လုိက္မိၿပီး ငိုခ်မတတ္ ေၿပာလာေတာ့သည္ ။
“၀မ္၀မ္…နင္ ဘယ္လိုလုပ္လုိက္တာလဲ ။ ဘာေၾကာင့္ ရုိက္ရတာလဲ”

ေရွ ့ဆင့္ေနာက္ဆင့္ပင္ ရီေရွာင္အန္းသည္လည္း ေရာက္ခ်လာသည္ ။
“ေခြးမေလး…မင္း ၿပန္စလာၿပန္ၿပီလား”

အံုးအံုးက်ြတ္က်ြတ္ၿဖစ္ေနမႈသည္ အဘိုးအဘြားနွစ္ေယာက္၏အာရုံကုိ ဖမ္းစားလုိက္ၿပီး ရီဟုန္းေ၀နွင့္ တန္ယိလန္တုိ ့သည္လည္း သူတုိ ့ဘက္ ေလ်ွာက္လာၾကေတာ့သည္ ။

လ်န္ေမးရႊမ္းသည္ မ်က္လံုးထဲတြင္ မည္းေမွာင္လုိ ့ေနရင္း သူမ၏နီရဲေရာင္ကုိင္းေနသည့္ပါးအား ကိုင္ထားသည္ ။
“ရီ၀မ္၀မ္…နင္ ေသခ်င္ေနတာလား”

“ဘာေတြၿဖစ္ေနတာလဲ”
အဘိုးအဘြားနွစ္ေယာက္ပါ ေရာက္ခ်လာေလၿပီ ။

လ်န္ေမးရႊမ္းသည္ စတင္ကာတုိင္ၾကားဖုိ ့ ၿပင္လုိက္၏ ။

သုိ့ေသာ္၊ တစ္စကၠန္ ့အတြင္းမွာပင္ အဘုိးအဘြားနွစ္ေယာက္ သူတုိ ့ဆီ ေရာက္ခ်မလာခင္ ရီ၀မ္၀မ္သည္ ရုတ္တရက္ၾကီး ေရွ ့ထြက္လုိက္ကာ သူမကုိယ္ကုိ ယိမ္းလုိက္ၿပီး လ်န္ေမးရႊမ္း၏ေၿခေထာက္နား လဲက်သြား ေတာ့၏ ။

သူမ မလဲက်ခင္ အေစာနက လ်န္ေမးရႊမ္း ဟန္ေဆာင္ပန္ေဆာင္နွင့္ လက္ေကာက္၀တ္တြင္ ၀တ္ဆင္ခဲ့သည့္ ေက်ာက္စိမ္းပုတီးလက္ေကာက္ ကို ဆြဲခ်သြားေလသည္ ။ ဆြဲခ်ြတ္ပစ္လုိက္ၿပီး ၾကမ္းၿပင္ေပၚ လႊတ္ပစ္လုိက္ရာ ။

ဘာၿဖစ္သြားသလဲကို လ်န္ေမးရႊမ္း လုိက္မမွီလုိက္ေပ ။
“မင္း…”

“၀မ္၀မ္ --------”

ရီ၀မ္၀မ္သည္ ရုတ္တရက္ၾကီး လဲက်သြားသၿဖင့္
ရီမူဖန္ အံ့ၿသမိသြားရၿပီး ခ်က္ခ်င္းပင္ သြားထူေပးလုိက္၏ ။

ရီ၀မ္၀မ္သည္ ရီမူဖန္၏လက္ကုိ ဆြဲကိုင္လုိက္ၿပီး
သူ ့လက္အား မသိမသာ ပုတ္ၿပလုိက္ေခ်သည္ ။

ရီမူဖန္ ေၾကာင္အမ္းသြားရ၏ ။
ညီမေလး...ဟန္ေဆာင္ေနတာလား ။

ရီဟုန္းေ၀နွင့္တန္ယိလန္တုိ ့သည္လည္း ခုေလးတင္ ေရာက္လာၾကၿပီး ၾကမ္းေပၚပစ္လဲက်ေနသည့္ ရီ၀မ္၀မ္ကုိ ၿမင္လုိက္ၾကၿပီး လ်န္ေမးရႊမး္ကုိ ေက်ာ္ကာ ရီ၀မ္၀မ္ဆီသုိ ့ ခပ္သုတ္သုတ္ သြားၾကေတာ့သည္ ။
“ဘာေတြၿဖစ္ေနတာလဲ”

“၀မ္၀မ္…ဘယ္လုိ ၿဖစ္တာလဲ”

ရီ၀မ္၀မ္၏မ်က္လံုးတုိ ့သည္ နီရဲလို့ေနသည္ ။
“ဘုိးဘုိး၊ ဘြားဘြား…သမီး အဆင္ေၿပပါတယ္…ဘာမွမၿဖစ္ပါဘူး…ဒါ ေဒၚေလး ၂ နဲ ့ ဘာမွမဆုိင္ပါဘူး…သမီးဟာသမီး မေတာ္တဆ လဲက်သြားတာပါ…”

ရီ၀မ္၀မ္ ေၿပာသည္ကို ၾကားလုိက္ရၿပီး အဘုိးအဘြားနွစ္ေယာက္သည္ လ်န္ေမးရႊမ္းဘက္သုိ ့ လွည့္ကုန္ၾကသည္ ။
“သမီးရဲ့ေဒၚေလး ၂ က တြန္းလုိက္တာလား”

လ်န္ေမးရႊမ္း အေၾကာက္အလန္ ့ၿဖစ္သြား၏ ။
“ေဖေဖ၊ ေမေမ၊ က်ြန္မ ဘာလုိ ့လုပ္ရမွာလဲ…”

ရီဟုန္းေ၀သည္ တင္းတင္းမာမာပင္ ေၿပာဆိုလာသည္ ။
“ဘာေတြေလာေနတာလဲ ။ ၀မ္၀မ္ကုိ အရင္ေၿပာပါေစဦး”

ရီ၀မ္၀မ္သည္ အနာက်င္ၾကီးနာက်င္ေနဟန္ၿဖင့္ ။
“အခုနက ေၿမး ဥယ်ာဥ္ေလးထဲ ပတ္ၾကည့္ေနတုန္း ေဒၚေလး ၂ နဲ ့ မမ ယီယီ ေၿပာတာကို ၾကားလုိက္တယ္….သူတုိ ့ ေၿပာတာက…”

“သူတို ့ ဘာေၿပာတာလဲ”
ရီဟုန္းေ၀သည္ ကပ်ာကယာပင္ ေမးခြန္းထုတ္လာသည္ ။

ရီ၀မ္၀မ္သည္ သူမ၏ႏႈတ္ခမ္းတုိ ့ကို ကိုက္ထားၿပီး ။
“ေဒၚေလး ၂က ကုိကုိ နဲ ့ သမီးကုိ ေခြးေပါက္စေတြလုိ ့ေခၚတယ္ ၿပီးေတာ့…ေဒၚေလး ေၿပာတာက သမီးတို ့က
မမ ယီယီ နဲ ့ မတူဘူး မတန္ဘူးတဲ့…ၿပီးေတာ့လည္း…ေဒၚေလးက ဒီမိသားစုထဲမွာ ေနာက္ဆံုး ဆံုးၿဖတ္ခ်က္ကို ခ်တဲ့သူတဲ့…သမီးတုိ ့ကို အိမ္ၿပန္လာခြင့္မရွိေစရဘူးတဲ့…သမီးတုိ ့က ဘုိးဘိုးနဲ ့ဘြားဘြားကုိ လြမ္းရံုသက္သက္ပဲ ၿပန္လာၾက တာပါ…ဒါကုိ ဘာလုိ ့…ဘာလုိ ့…ေဒၚေလး ၂ က ဒီလုိစကားမ်ိဳးေတြ ေၿပာေနရတာလဲ…”

………………………………………………………ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  32
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၂၊ အခန်း ၁၃။ ထူးကဲပြီး ပါရမီပါတယ်

ရီဝမ်ဝမ်သည် သူမ၏ခေါင်းကို ကိုင်လိုက်မိတော့၏ ။
ငါကတော့လေ ပြန်မွေးဖွားလာပြီးနောက်ပိုင်းကျမှ ဘာလို့များ ဒီလိုလူထူးလူဆန်းတွေနဲ့ တောက်လျှောက်တွေ့နေရသလဲ ဲမသိဘူး ။

သို့သော်လည်း၊ သူမ ပြန်လည်မွေးဖွားလာပြီဆိုကတည်းက သူမလေး၏စိတ်ဓာတ်သည် အတော်လေးမာချာလာခဲ့လေသည်ဆိုရမည် ။ သူမနေရာမှာ တခြားသူဆိုပါက ခေါင်းနောက်ပြီး ရူးခါပါသွားမလားပင် ။

“မင်းမှာ WeChat မရှိလို့လား ။ QQ ရော ရှိလား” ဆံဖြူယောကျာ်းသည် သူ၏ QQ နံပတ်ကို အော်ဖတ်ပြပြီး နေချေပြီ ။

ရီဝမ်ဝမ်သည် သူမ၏ဖုန်းကိုသာ ထုတ်လိုက်ပြီး လက်ဖျားခါကာ သူ့QQ ကို အပ်လိုက်ရ၏ ။

သူတို့နှစ်ယောက် သူငယ်ချင်းအဖြစ် အပြန်အလှန် လက်ခံပေးလိုက်ကြ၏ ။ ဒီနောက်မှ သူ့နာမည်ပြောင်သည်  “အထီးကျန်နေသည့်တစ်ကိုယ်တည်း သမားလေး” ဟု ပေးထားပြီး
သူ့ရဲ့ ပုံကို ပရိုဖိုင်လုပ်ထားခြင်းကို ရီဝမ်ဝမ် မြင်လိုက်ရ၏ ။
သူ့ရုပ်ရည်အခံ ကြောင့် မဟုတ်ဘူးဆိုလျှင် ထိုဆံဖြူခေါင်းကြောင့်
သူ့အား ဂျလေဂျပွေဟု ထင်မိမြင်မှာ မလွဲပေ ။

သူ၏အကြောင်းကို စကားလုံးအနည်းငယ်ဖြင့် ပုံဖော်ထားသေး၏ ။
“အထီးကျန်လိုက်တာ ။ တစ်ယောက်ထဲ နေရတာ အထီးကျန်တယ်၊ အအေးဒဏ်ကို တစ်ယောက်ထဲ အဖော်ပြုနေရတာလည်း အထီးကျန်တယ်၊
ငါ အထီးကျန်နေတာကို ဘယ်သူက လာနားလည်ပေးနိုင်ပါ့မလဲ”…

ရီဝမ်ဝမ် ။  “…”

ရီဝမ်ဝမ်သည် သူ့အား စကားတစ်လုံးမှ ပြောမနေတော့ဘဲ
ဒေါ်လာ ၁၀၀ သာ လွှဲပေးလိုက်တော့၏ ။

ဆံဖြူယောကျ်ားသည် ပြုံးဖြီးဖြီးကြီးဖြင့် ပိုက်ဆံအား လက်ခံလိုက်လေသည် ။ ဒီနောက် ရုတ်တရက်ကြီး
သူမအား စိုက်ကြည့်ပြီး ပြောလာသည် ။
“မိန်းကလေး၊ အခုနက သိုင်းကွက်တွေ ဘယ်သူ သင်ပေးထားတာလဲ”

ရီဝမ်ဝမ်သည် သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေပေးလိုက်သည် ။
“ကျွန်မဘာသာ သင်ထားတာပေါ့ ၊ ဘာဖြစ်လို့လဲ”

အခုတလောတွင် များစွာသောသိုင်းကွက်တွေနှင့် များစွာသော နည်းဗျူဟာတွေသည် သူမခေါင်းထဲ ခနခန ပေါ်ထွက်လာတတ်သည် ။

ဆံဖြူယောကျ်ားသည် ဒါကို ကြားလိုက်မိသည်နှင့်
မျက်ခုံးတို့ ပင့်တက်သွားတော့သည် ။
“မင်းကို ရုပ်ချောပြီး အံ့သြစရာကောင်းတဲ့ပညာရှင်တစ်ယောက်က သင်ပေးထားတာ မဟုတ်ဘူးလား”

ရီဝမ်ဝမ် ။  “ကျွန်မက ထူးခြားပြီးတော့ မွေးရာပါတတ်လာ တာ…”

ဆံဖြူယောကျာ်းခမျာ သီးသွားရသည် ။
“မိန်းကလေး၊ ဒီလောက်ထိ မနှိမ့်ချပါနဲ့လား…”

ရီဝမ်ဝမ် ။  “ တခြားကိစ္စ ရှိသေးလား ။ မရှိရင်
ကျွန်မ သွားတော့မယ်၊ ကားသွားပြင်ရဦးမယ်”

“အာ…အခုမှ သတိရတယ်၊ ငါလည်း သွားတွေ့စရာ လူရှိသေးတယ် ။ အရင် သွားနှင့်မယ်နော် ။ မိန်းကလေး ကျွန်တော့်ကို တကယ်ကျေးဇူး တင်တယ်ဆို ကျွန်တော့်ရဲ့ QQ လယ်ဗယ်ကို ကူမြှင့်ပေးပေါ့ ။ နှစ်စဉ်ကြေးနဲ့”

ဆံဖြူယောကျာ်းသည် သူမကားက အချိုင့်ရာကြီးကို တစ်ချက်ကြည့် သွားသေး၏ ။ သူမလေး လျော်ကြေးတောင်းလာပြန်ဦးမည်ကို စိုးကြောက်ဟန် ဖြင့် အမြန်အဆန် လက်ဝှေ့ယမ်းပြီး တစ်ချက်ပြန်လှည့်မကြည့်ဘဲ ပြေးသွားတော့လေသည် ။

ရီဝမ်ဝမ် ။  “…”

သူက ပညာရှင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်နေတာ မဟုတ်ဘူးဆိုရင် ဒီလိုတွေ လုပ်နေစရာ လိုလို့လား ။

သူက လုံးဝကို ဘာအားမှစိုက်ထုတ်မသွားရဘူး…

ဒီနေရာတွင် ကြာကြာနေဖို့ရာ မသင့်တော်သဖြင့် ဆံဖြူယောကျာ်း ထွက်သွားသည့်နောက် ရီဝမ်ဝမ်သည်လည်း ထွက်သွားတော့၏ ။ ကားအင်ဂျင် ဘာမှဖြစ်မသွားဘဲ ကားမောင်းလို့ရနေသေးသည်ကိုသာ
သူမ ကျေးဇူးတင်ရပေမည် ။

ထိုတိုက်ခိုက်ရေးသမားတို့၏ တိုက်ခိုက်သွားပုံအရ
သူတို့တွင် အင်အားကြီးမားသည့်နောက်ခံ ရှိနေသည်မှန်း
ပြောလို့ရနိုင်လေသည် ။

သို့သော်လည်း ဤလူတွေသည် ကြောက်တတ်ဟန် မရှိ၊
သူမအား ပေါ်တင်ကြီး တိုက်ရဲခိုက်ရဲကြလေသည် ။

ဘယ်အဖွဲ့ကများ ငါ့အသက်ကို လိုချင်နေကြတာပါလိမ့်…

ချင်းရူရှီ မဟုတ်ရင် စီ မိသားစုထဲက အကြီးအကဲတွေလား ။
ဒါမှမဟုတ် နှစ်ဘဝစလုံးမှာ ငါ မသိထားတဲ့ နောက်ကွယ်ကအင်အားကြီးတစ်ခုခုလား။

သူမ၏အတိတ်ဘဝတွင် ဒီလိုလုပ်ကြံမှုမျိုး သူမ ရင်ဆိုင်ခဲ့ရ၏ ။ ထို့နောက် သူမ သေဆုံးသွားခဲ့ရသည် ။ ဘယ်လိုသေမှန်းပင် သူမ မသိလိုက်ရလေရာ ဘာသဲလွန်စမှကို မရရှိခဲ့လိုက်ပါပေ ။

ရုတ်တရက်ကြီး ပေါ်လာခဲ့ပြီး ရုတ်တရက်ကြီး ပျောက်သွားခဲ့သည့် ထိုဆံဖြူယောကျ်ားကရော
ဘယ်က ရောက်လာသည်နည်း ။
ဤသည်မှာ ပဟေဠိ ဖြစ်စရာ ကောင်းလှပေသည်…

ရီဝမ်ဝမ်၏စိတ်ထဲတွင် အတွေးတို့ သိုင်းယှက်ရှုပ်ထွေးနေရှုင်း
ကားကို ပြန်လှည့်လိုက်ပြီး ဘေကျင်းက မြို့စွန်ကို တခါတည်း မောင်းချသွားလိုက်တော့သည် ။

မြန်မာပြည်ကနေ ခေါ်ဆောင်လာခဲ့သည့် ထိုကြေးစားလူမိုက်တို့အား တစ်နေရာရာတွင် နေရာချပေးဖို့ရာ ဖန်ရွှမ်းယီအား သူမ ပြောထားပြီး လေပြီ ။

သူမ၏လက်ရှိအခြေအနေနှင့်ဆိုပါလျှင်
သူမ၏အဖွဲ့ကို ဖွဲ့စည်းရမည့်အချိန်ပင် ဖြစ်သည် ။

ရီဝမ်ဝမ် ရောက်သွားသည့်အချိန် ထိုလူတို့သည် စုကာရုံးကာဖြင့် သူတို့၏ဘော့စ်အသစ်အကြောင်း မြိန်ရည်ယှက်ရည်ပြောဆိုနေကြ၏ ။

အရုပ်မလေးသည် မျက်နှာကို လက်နှင့်ထောက်ထားလျက် ။
“အနက်ရောင်မုဆိုးမက ဒီလောက်ထိ ချောမယ်လို့မထင်ထားမိဘူးဟာ ။ အဲ့ဒီကောလဟလတွေထဲမှာ ပြောထားတာထက်တောင် ပိုပြီးချော သေးတယ်နော်…”

ဝတုတ်သည် ခေါင်းကို ခါယမ်းပြလာသည် ။
“ချောတာပေါ့ဟ - မင်းလို မိန်းကလေးငယ်ငယ်လေးတွေရဲ့ သွေးတွေကို သောက်ပြီးတော့ အလှကို ထိန်းထားတာလေ…ဟမ်”

ဆံပင်ရှည်နှင့်ယောကျာ်းက ပြောသည် ။
“အနက်ရောင်မုဆိုးမက သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့
စီ မိသားစုထဲ ပုန်းနေတာကို မင်းတို့ ဘယ်လိုထင်လဲ”

မုတ်ဆိတ်နှင့်ယောကျာ်းက သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်ကား ။
“ဘေဘီကလည်း အလိုက်တာ - မေးနေစရာတောင်
လိုလို့လား ။ ယောကျာ်းကြောင့်ပဲ နေမှာပေါ့ ။ အနက်ရောင်မုဆိုးမက ယောကျ်ားချောချောလေးတွေ ကြိုက်တာ အားလုံးအသိပဲဟာ ။ စီ မိသားစု ရဲ့သခင်ကြီးက ကြမ်းတမ်းပြီး ရက်စက်တတ်တဲ့သူဆိုပေမယ့်လို့အရမ်းကြီး ကို ချောတယ်လို့ပြောကြတယ်မို့လား ။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်…. ဘော့စ်က စီ မိသားစုထဲကို ဖုံးကွယ်ပြီးတော့ ဝင်နေတာက - သူ နဲ့ အိပ်ဖို့က လွဲရင် တခြားဘာရှိဦးမှာလဲ ၊ ဟမ်…”

တံခါးဝတွင် မတ်တပ်ရပ်နေသည့် ရီဝမ်ဝမ် ။  “…”

………………………………………………………

စာစဉ် ၃၂၊ အခန်း ၁၄။  သူ့ကို မြန်မြန် သိမ်းပိုက်နိုင်ပါစေ

“ဘဘဘ-ဘော့စ်” ရီဝမ်ဝမ်ကို မြင်လိုက်သည်နှင့် မျက်နှာတို့ဖြူလျော် သွားကြပြီး အားလုံး ချက်ချင်းပင် မတ်တပ်ထရပ်လာကြသည် ။

အသက်ကြီးကြီးယောကျာ်းက မြန်မြန်ဆန်ဆန်ပင် ရှင်းပြလာသည် ။
“သခင်မ၊ သူတို့နှစ်ယောက်ပြောတာကို ဗွေမယူပါနဲ့ - သူတို့က ဘာသဘောမှမရှိပါဘူး”

အရုပ်မလေးသည် ကြောက်လန့်ကာ အထိတ်ထိတ်အလန့်လန့်ဖြင့် အော်ငိုလာသည် ။
“ အမေရေ…သမီး သွေးစုပ်မခံချင်သေးဘူးနော်..။
သမီး လူရုပ်သေးရုပ် မဖြစ်ချင်သေးဘူး….အီးဟီးဟီး…”

မုတ်ဆိတ်နှင့်ယောက်ျား၏ ခြေထောက်တို့သည် တဆတ်ဆတ် တုန်ရီနေသည် ။
“ဘော့စ်၊ ကျွန်တော် မှားပါတယ်၊ ကျွန်တော် မှားပါတယ် ။
နောက်ကို ပါးစပ်မသရမ်းတော့ပါဘူး”

ဆံရှည်နှင့်ယောကျာ်းသည် မြန်မြန်ဆန်ဆန်ပင် ရှင်းပြလာသည် ။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ဘော့စ် ။ အစ်ကို ချန်း ရဲ့ အဆင့်ထိ ကိုယ့်ကိုယ်ကို မလျှော့ချပစ်ပါနဲ့။ ဘော့စ်မှာက
စီ မိသားစုထဲမှာ ပုန်းကွယ်နေတယ်ဆိုတာက အရေးကြီးတဲ့တာဝန်ကြီတစ်ခု ရှိနေလို့ပဲ ဖြစ်ရမယ် - ကျွန်တော်တို့ သိပါတယ်၊ ကျွန်တော်တို့ သဘောပေါက် ပါတယ်”

ရီဝမ်ဝမ်သည် ရှေ့ကို ဆက်လျှောက်သွားလိုက်ပြီး အနက်ရောင် လယ်သာဆိုဖာပေါ် ပျင်းတွဲတွဲဖြင့် ထိုင်ချပစ်လိုက်၏ ။ ကြောက်လန့်ပြီး တုန်ယင်နေကြသည့်လူတွေကို သူမ တစ်ချက်ကြည့်လိုက်ပြီး ။
“မဟုတ်ဘူး။ ကျွန်မ စီရီဟန်ကို အိပ်ရာထဲ ခေါ်ချင်ရုံပဲ”

သူမသည် ရှင်းပြဖို့ရာအတွက် အပြေးအလွှား ခေါင်းသုံးစဉ်းစား နေခဲ့ရ၏ ။ သိ့ုသော် အခုတော့ အဆင်ပြေသွားခဲ့ချေပြီ ။
သူတို့ကြောင့် သူမ၏ဝန်ထုပ်ကြီး လျှော့ကျသွားခဲ့ရချေပြီ ။

ကြေးစားလူမိုက်ငါးယောက်ခမျာ နင်သီးသွားမတတ် ဖြစ်ကုန်ကြရ၏ ။
“…”

*အဟမ်း အဟမ်း အဟမ်း…* ဆံပင်ရှည်နှင့်ယောကျ်ားသည် တံတွေးသီးလို့နေချေပြီ ။ အချိန်အကြာကြီးကြာတော့မှပင်
သူ စကားပြောထွက်လာနိုင်တော့သည် ။
“အမ်…ဒါ….ဒါဆို…ဘော့စ်…သူ့ကို မကြာခင်…သိမ်းပိုက်နိုင်ပါစေ…”

ဖက်တီးသည်လည်း အလိုက်သိတတ်စွာ ပြောဆိုလာသည် ။
“ဘော့စ်၊ ကျွန်တော်တို့ အကူအညီ လိုသေးလား ။
ဘော့စ် သူ့ကို လုပ်ချင်သလိုလုပ်လို့ရအောင် ကျွန်တော့်မှာ ဆေးရှိတယ် ။ သူ ဘယ်လောက်ပဲ ချောချော ဘော့စ်ကိုပဲ ကြွေသွားလိမ့်မယ်”

ရီဝမ်ဝမ် ။  “…မလိုဘူး”

ဆံရှည်နှင့်ယောကျာ်းသည် တိုးတိုးလေးဝင်ပြောလာသည် ။
“ငတုံးကောင် ဖက်တီးရ၊ မင်း ဘာသိလို့လဲ ။ အဲ့ဒါဆို လုံး၀ ပျော်စရာ မကောင်းဘူးကွ ။ ဘော့စ်ရဲ့အရည်အချင်းနဲ့ဆိုရင် သူ့ကို လုပ်ချင်တာ လုပ်လို့ရဖို့ဆိုတာက လွယ်လွယ်လေး”

ဖက်တီးသည် ချက်ချင်းပင် ပြန်ပြောလာသည် ။
“အမှန်ပဲ၊ အမှန်ပဲ၊ ကျွန်တော် အသုံးမကျတာပါ”

ဒီအခိုက်အတန့် အကြီးအကဲက မေးလာသည် ။
“သခင်မ၊ အရမ်းညဉ့်နက်နေပြီ။ ကျွန်တော်တို့ကို တစ်ခုခု ပြောစရာရှိလို့လား”

ရီဝမ်ဝမ်သည် သူတို့အား သတိပေးလိုက်ပါ၏ ။
“ဒီနေ့ကစပြီးတော့ ရှင်တို့တွေ ကျွန်မနောက် လိုက်ရမယ်၊ ရှင်တို့ရဲ့ သရုပ်မှန်ကိုလည်း ပြောင်းလဲပစ်ရမယ် ။ ပြီးတော့ ဘယ်သူ့ရှေ့မှာမှ ကျွန်မရဲ့သရုပ်မှန်ကို ထုတ်မပြောရဘူး၊ နားလည်လား”

“နားလည်ပါတယ်”

“ကျေးဇူးတင်ပါတယ် ဘော့စ်”

ငါးယောက်သားသည် တစ်ချိန်တည်း သံပြိုင်ရွတ်လာကြသည် ။

ရီဝမ်ဝမ်သည် သူတို့အား တာဝန်အသီးသီး ခွဲပြီးတော့မှ တိုက်ခန်းဆီသို့ ပြန်သွားလိုက်တော့၏ ။

သူမ၏အနောက်ဘက်တွင် လူမိုက်ငါးယောက်သည်
ရီဝမ်ဝမ် ထွက်သွားသည်ကို ကြည့်နေကြရင်း
စတင်ကာ တိုးတိုးတိုးတိုး လုပ်လာကြတော့သည် ။

“ဒီတစ်ခေါက် ငါတို့အားလုံး ပွဲသိမ်းဖို့ နဲနဲလေးပဲ လိုတော့တာ ။ သေခြင်းတရား၏နှင်းဆီသာ ထွက်မလာလို့ရှိရင် ငါတို့တွေ သေနေကြလောက်ပြီ”
ဆံပင်ရှည်နှင့်ယောက်ျားက သက်ပြင်းတချချနှင့် ပြောဆိုသည် ။

သူတို့ပြေးလွှားနေခဲ့ရသည့်နေ့ရက်တို့ကို ပြန်တွေးကြည့်လိုက်မိရင်း သူတို့၏ကျရှုံးသွားကြသည့်ညီအစ်ကိုတို့အတွက် မျက်နှာတို့ မှုန်မှိုင်းလာ ကြတော့သည် ။

ဖက်တီးက ပြောလာသည် ။
“ငါတို့ အဖွဲ့သစ်ဖွဲ့လိုက်ပြီ ။ ငါတို့ကို ကယ်တင်ရကျိုး နပ်အောင် ဘော့စ်အပေါ် ငါတို့တွေ ကျေးဇူးသိတတ်ရမယ်”

“ငါတို့ ဘယ်လိုကျေးဇူးဆပ်မလဲ ။ ငါကတော့ အမွေးပွဝက်ဝံရုပ်ကြီးတွေ ကြိုက်တယ် ။ သူတို့က ချစ်စရာကြီးတွေ” အရုပ်မလေးက မေးလာသည် ။

“လူကြီးတွေ စကားပြောနေတယ် ။ ကလေးတွေ ဝင်မပါစမ်းနဲ့” ဖက်တီးသည် အရုပ်မလေးအား ဘေးဖယ်ထုတ်လိုက်ပြီး ဆံရှည်ယောကျာ်းနှင့် မုတ်ဆိတ်ယောကျာ်းနား ကပ်သွားသည် ။

“ဘော့စ်က စီ မိသားစု ရဲ့ သခင်ကြီးကို မသိမ်းသွင်းနိုင်တာ ကြာပြီမို့လား၊ ဒီတော့ သူမ ဆာနေလောက်ပြီ - ငါတို့တွေ ယောကျာ်းချောချောလေးတွေ ရှာပေးလိုက်ကြရင်ရော”

“အကြံမဆိုးဘူး…”

“အလုပ်ဖြစ်လောက်တယ်”

ညဉ့်နက်ချိန်တွင် ရီဝမ်ဝမ်သည် အိပ်မပျော်နိုင်ဘဲ အိပ်ရာပေါ်တွင် လူးလှိမ့်နေမိ၏ - အခုရက်ပိုင်းတွင် ကိစ္စတော်တော်များများ ဖြစ်ပွားထားခဲ့လေသည် ။

သူမ ဒီနေ့ တွေ့ခဲ့ရသည့် ထိုဆံဖြူယောက်ျားအကြောင်း ပြန်စဉ်းစားမိ လိုက်ရင်း၊ ရီဝမ်ဝမ်သည် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး QQ ထဲ ဝင်ကြည့်လိုက်မိ၏ ။

ဘယ်လိုလျို့ဝှက်ပညာရှင်က သူတို့ရဲ့ QQ နံပတ်ကို
တစ်ယောက်ယောက်နဲ့ အလဲအလှယ်လုပ်ပါ့မလဲ ။
ဒါ တကယ့်ကို ထူးဆန်းတယ် ။

ရီဝမ်ဝမ် တွေးတောနေမိရင်း သတိပြုလိုက်မိသည်မှာ ထိုဆံဖြူယောကျာ်းသည် တစ်နာရီအကြာခန့်က သူ၏နာမည်ပြောင်ကို နောက်ခံအကြောင်းရင်းကို ပြောင်းလဲလိုက်ခြင်းပင် ။
“ငါ့ရဲ့ဘေးနားမှာ စိုးရိမ်ခြင်းကင်းသော လေး ရှိမနေတာထက် ဘယ်ဟာကများ ပိုပြီးတော့ အထီးကျန်စရာကောင်းပါ့မလဲ…အီးဟီးဟီး..”

စိုးရိမ်ခြင်းကင်းသော…။

ရီဝမ်ဝမ်သည် သူမ၏စခရင်မ်ပေါ်က စကားလုံးတို့ကို စူးစိုက်ကြည့်နေမိ၏ ။

ဒါက နာမည်လား၊ ဒါမှမဟုတ် တစ်ခုခုလား ။

တော်တော်လေး ရင်းနှီးနေသလိုပဲ…

………………………………………………………

စာစဉ် ၃၂၊ အခန်း ၁၅။ ပြန်ရမှဖြစ်မယ်

နောက်တစ်နေ့မနက်၊ ဒက်ဇလင်း မီဒီယာ ။

“နောက်ဆုံးတော့ ပျော်လို့အားရလာခဲ့ပြီပေါ့”
ရီမူဖန်ကား တဗျစ်တောက်တောက်ပြောလာသည် ။

ရီဝမ်ဝမ်သည် ခိုးခိုးခစ်ခစ်ရယ်လိုက်မိ၏ ။
“ဖေဖေ၊ မေမေနဲ့ကိုကို့အတွက် လက်ဆောင်တွေ ပါလာခဲ့တယ်”

ရီမူဖန်၏မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားတော့ပြီး
တိုးတိုးလေးပြောလာသည် ။
“အနည်းဆုံးတော့ မင်းမှာ အသိဉာဏ်ရှိသေးသားပဲ”

“ညီမလေးတို့ ဒီည အိမ်တော်ကြီးကို သွားတွေ့ကြမှာ မလား”
ရီဝမ်ဝမ် မေးလိုက်သည် ။

“အင်း…” သူမ ဤကိစ္စကို အစဖော်လိုက်သည်နှင့်
ရီမူဖန်၏မျက်နှာမှာ မည်းပုတ်လာတော့သည် ။
“ကိုကိုတို့ မသွားလို့မရဘူးလား ။ ကိုကိုတို့နဲ့ အဆင်ပြေတာမှ မဟုတ်တာ။ ဘာလို့ ပြန်သွားပြီး အနိုင်ကျင့်ခံနေရဦးမှာလဲ”

ရီဝမ်ဝမ်သည် သူ့အား ဖြန့်ကျက်ကြည့်လာချေပြီ။
သူမ၏အကြည့်တို့သည် ရေခဲအလား အေးစက်နေသည် ။
“ညီမလေး ပြောပြီးပြီလေ - ကိုကို ရီမိသားစုကို ပြန်ရအောင်
လုပ်ရမယ် ။ မေမေနဲ့ဖေဖေကို သူတို့ ဘယ်လိုဆက်ဆံ ခဲ့ကြလဲ ကိုကို မေ့သွားပြီလား”

“အာ…” ရီဝမ်ဝမ်၏အေးစက်နေသည့်အကြည့်ကြောင့်
ရီမူဖန် ရှက်မိသွားပြီး သူ့နှုတ်ခမ်းကို ပွတ်သပ်လိုက်မိသည် ။
“ကိုကိုလဲပဲ ရအောင်လုပ်ချင်တာပေါ့ ။ ဒါပေမယ့် ကိုကိုတို့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆို ပြီးတော့ ဘိုးဘိုးနဲ့ဘွားဘွားတို့က လည်း ကိုကိုတို့ကို အထင်လွဲနေကြသေးတာ၊ ကိုကိုတ့ိုအတွက် ကောင်းကင်ပေါ် ပျံတက် ရသလောက်ကို ခက်တယ်…”

ရီဝမ်ဝမ်သည် သူ့အား ကြည့်လာသည် ။
“သူတို့အပေါ် ထားတဲ့ ဘိုးဘိုးနဲ့ဘွားဘွားရဲ့ ယုံကြည်မှုက
ဖျက်ဆီးလို့မရလောက်အောင် ခိုင်မာလွန်းတယ်လို့များ
ကိုကို ထင်နေတာလား”

ညနေပိုင်း ရီ မိသားစုအိမ်တော်တွင် ။

အဘိုးအဘွားနှစ်ယောက်သည် ဇာတ်လမ်းထဲတွင် ရီမူဖန် ပါဝင်ခဲ့ရပြီး ဆုကြီးတွေမြောက်မြားစွာ ဆွတ်ခူးခဲ့သည်ကို ကြားသိထားကြသလို ဖက်ရှင်အစည်းအရုံး၏ဒုဥက္ကဌ နေရာ ရထားမှန်းလဲ သိထားကြသည် ။

မဟုတ်ပါက ထုတ်ထားပြီးသားစည်းကမ်းကို ချိုးဖောက်ပြီး
သူ့အား ပထမဆုံးအကြိမ် ညစာဖိတ်ကျွေးလိမ့်မည် မဟုတ်ချေ။

ယနေ့သည် ရီ မိသားစု ဆုံစည်းသည့်နေ့ဖြစ်သည် ။ များစွာသောအပေါင်းအသင်းတို့နှင့် ဆွေမျိုးသင်္ဂဟတို့ တက်ရောက်လာကြသည် ။

ရီဝမ်ဝမ်နှင့်ရီမူဖန်တို့ ထွက်လာကြသည်နှင့်တဒင်္ဂ အားလုံး၏စိတ်အာရုံတို့ကို ဖမ်းစားပစ်လိုက်ကြသည် ။

သူတို့၏ရုပ်ရည်ရူပကာကြောင့် ဤမောင်နှမနှစ်ယောက်သည် ဘေးချင်းကပ် မတ်တပ်ရပ်နေကြစဉ်မှာ အလွန်အမင်းပင် မျက်စိပသာဒဖြစ်စရာကောင်းလှ ချေသည် ။

ထိုမျက်စိပသာဒဖြစ်လွန်းလှသည့် မောင်နှမနှစ်ယောက်အား ကြည့်နေမိရင်း တန်ယိလန်၏အမူအရာမှာ နွေးထွေးလာ သည် ။

“ဘွားဘွား” ရီဝမ်ဝမ်၏ဆိတ်ဆွဲလိုက်ခြင်းကြောင့် ရီမူဖန်မှာ အားအင်တို့ စုစည်းလိုက်ပြီး အဘိုးအဘွားနှစ်ယောက်ထံ လျှောက်သွားလိုက်သည် ။

“ဘွားဘွား…ဘွားဘွားနဲ့ဘိုးဘိုးအတွက် လက်ဆောင်ပါလာတယ် - ကြိုက်ရဲ့လားလို့ ကြည့်ကြည့်ပါလား”

“မြေး ရောက်လာတာနဲ့ကို လုံလောက်နေပါပြီကွယ် ။
ဘာလို့များ တကူးတက လက်ဆောင်တွေ ယူလာနေရ တာလဲ”
တန်ယီလန်သည် ထိုသို့ပါးစပ်ကနေ ပြောလိုက်သော်ငြား
စိတ်ထဲတွင်မူ အလွန်အမင်းနှစ်ထောင်းအားရနေချေသည် ။

ရီမူဖန်သည် ချက်ချင်းပင် တန်ယိလန်၏လက်မောင်းကို လှမ်းချိတ်လိုက်၏ ။
“ကျွန်တော်ရဲ့ပထမဆုံးရတဲ့လခ ဆိုတော့ ဘွားဘွားတို့ကို
လက်ဆောင် ဝယ်လာပေးချင်လို့ပေါ့ ဘွားဘွားရ…”

ထိုစကားကို ကြားလိုက်ရသဖြင့် တန်ယိလန်သည် စိတ်အေးသွားတော့ပြီး ပြောဆိုလာသည် ။
“မူဖန်…မြေးလေး..အခုတော့ အသိဝင်လာပြီပဲ ။ အခုတလော မြေးရဲ့ လုပ်ဆောင်ချက်တွေက သိပ်မဆိုးလှဘူး။ ဘွားဘွား ဥက္ကဌ မူ နဲ့ မတော်တဆ
တွေ့မိတုန်းက သူ မြေးကိုတောင် ချီးကျူးနေသေးတယ်”

“ဘွားဘွားဆီကနေ ဗီဇကောင်းကောင်း ရထားတယ်ဆိုပြီး ချီးကျူးတာမို့လား - ဖက်ရှင်အမြင်ရှိတယ်ဆိုပြီးတော့လေ.. ဟဲဟဲ”

“ဟာ…ဒီကလေးကတော့…”

ရီမူဖန်သည် အနားတွင်တွယ်ကပ်နေသဖြင့်
တန်ယိလန်မှာ အပျော်ကြီးပျော်နေလေချိန်
လျန်မေးရွှမ်းသည်ကား အံတကြိတ်ကြိတ် ဖြစ်နေလေပြီ ။

လျန်မေးရွှမ်းက လျှောက်သွားလိုက်ပြီး တိုးတိုးပြောလာသည် ။
“မေမေ…ကျွန်မ ကြားတာတော့ မူဖန်က ကမ္ဘာက လက်အောက်ခံကုမ္ပဏီ လေးထဲက စတိုင်လစ်တစ်ယောက်ဖြစ်နေ တာဆို ။ ကျွန်မတို့အင်ပါယာစကိုင်းက လူတွေက ဘယ်လိုလုပ်ပြီးတော့ ကမ္ဘာအတွက် အလုပ်လုပ်ပေးနိုင်ရတာလဲ ။ ဒီသတင်းသာ ထွက်သွားရင် လူတွေ ဘယ်လိုထင်ကြမလဲ…”

ရီမူဖန် ရှုံ့ချပြောဆိုလိုက်သည် ။
“ဒေါ်လေး ၂ နားလည်ထားသင့်တယ် ။
‘နိုင်ငံခြားသားဆီက ဆည်းပူးပြီး ကိုယ့်ပြည်သူတွေအတွက် တိုးတက်အောင်အသုံးချပါ’ တဲ့ ။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့နဲ့ ရန်သူတွေအကြောင်းကို နောကျေအောင် သိထားကြမှ ကျွန်တော်တို့အောင်မြင်မှု ရနိုင်မှာပေါ့ - ကျွန်တော် ကမ္ဘာမှာ အလုပ်လုပ်နေတယ် ဆိုတာက သူတို့အကြောင်း ခရေစေ့တွင်းကျ နားလည်ပြီး တော့ သူတို့လုပ်နည်းလုပ်ဟန်တွေကို နားလည်အောင်လို့သက်သက်ပဲ”

သူ၏အနောက်ဘက်တွင် လျှောက်လာနေသည့် အဘိုး ရီ သည် ခေါင်းတညိတ်ညိတ်လုပ်လာသည် ။
“မူဖန် ပြောသွားတာ အဓိပ္ပာယ်ရှိတယ်”

လျန်မေးရွှမ်းအဖို့ ဘာမှ ပြောစရာစကားမရှိတော့ပါပေ ။
သူမ၏မျက်နှာမှာ စိတ်အလိုမကျမှုတို့သာ ဖုံးအုပ်နေချေပြီ ။

သူမသည် ဆက်သည်းခံနိုင်ခြင်းမရှိတော့ဘဲ နဲနဲလေးဖြစ်ဖြစ် ဆက်ပြီးပြောပစ်လိုက်ချင်၏ ။ သို့သော် လက်လေးတစ်ဖက်သည် သူမလက်မောင်းအား အသာလေးလာတွဲပြီး ရပ်လိုက်ဖို့ရာ အချက်ပြလာသည် ။

ရီယီယီသည် လှပသည့်အပြာနုနုညနေခင်းဝတ်စုံကို ဝတ်ဆင်ထားပြီး တန်ယိလန် ဆီသို့ လျှောက်သွား၏ ။
“ဘွားဘွား…ကျွန်မမှာ သတင်းကောင်းရှိတယ် -
ကျွန်မတို့တွေ ဒီနှစ် တီဗွီစီးရီးတစ်ခုအတွက် တောက်ပသောပန်းချီကားတွေနဲ့ ပူးပေါင်းခွင့် ရသွားပြီ….”

ဒါကို ကြားလိုက်သည်နှင့် တန်ယိလန်၏အာရုံအလုံးစုံသည်
ရီယီယီထံသို့ ရောက်သွားတော့သည် ။  “တကယ်လား”

တောက်ပသောပန်းချီကားများသည် တိုင်းပြည်၏ပထမဆုံးသော ထိပ်တန်းရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည် ။
နာမည်ကြီး ဟု တင်စားလို့ရနိုင်ပေသည် ။

ရီမူဖန်သည် ဒါကို ကြားလိုက်သည်နှင့် သူ၏မျက်လုံးတို့မှာ မှုန်မှိုင်းလို့ လာတော့၏ ။ သူသည် ကုမ္ပဏီခွဲ အသေးလေးတစ်ခုတွင် ရုန်းကန်နေရချိန် ရိယီယီသည်
သူ လက်လှမ်းမမှီနိုင်သည့် ဟိုးတစ်နေရာကို ရောက်ထားပြီးလေပြီတဲ့လား…

………………………………………………………

စာစဉ် ၃၂၊ အခန်း ၁၆ ။ နဲနဲမှ မရှက်ဘူးလား

လျန်မေးရွှမ်းသည် ရီမူဖန်၏ညှိုးကျသွားသည့်မျက်နှာကို မြင်လိုက်ရ၍ တစ်ဖန်ပြန်လည် စိတ်ပျော်ရွှင်လာတော့သည် ။
“အာ…ကျွန်မရဲ့ယီယီက ထူးချွန်ထက်မြက်တာပဲလေ ။ ပညာတက်ပြီး နှလုံးသားနဲ့ ဉာဏ်ပညာကို ထိန်းကွပ်နိုင်စွမ်းရှိတယ်၊ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသားရှိပြီး စိတ်ထားလှတယ်လို့လူတိုင်းက ပြောနေကြတာပဲ ။  စမတ်ကျပြီးတော့ အရာရာကို လုပ်နိုင်စွမ်းရှိတယ်လို့
ဂူရွဲ့ကျီရဲ့မိဘတွေ ကတောင် ချီးကျူးနေကြသေးတယ် ။
ဂူ မိသားစုရဲ့ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေကတောင်မှ ယီယီ ဆီမှာ အစ်မ ဒါမှမဟုတ် ညီမ ရှိလားလို့မေးယူနေကြတဲ့အထိပါပဲ ။ အဲ့လိုမေးလာတိုင်း
ကျွန်မလည်း အောင်သွယ်ပေးဖို့အတွက် ရီဝမ်ဝမ် ကို ပြေးပြေးမြင်မိတာချည်းပါပဲ၊ ဒါပေမယ့်လို့…”

လျန်မေးရွှမ်းသည် ဂူ မိသားစု အကြောင်း အစဆွဲထုတ်လာ ရင်း ရီယီယီ ကို ချီးကျူးသြဘာပေးနေသလို  သူမသည် ထုတ်ပြောရဖို့ရာ အခက်တွေ့နေဟန် ပြုပြီး ရီဝမ်ဝမ်အား လူပုံအလယ် အရှက်ခွဲနေခြင်းပင် ဖြစ်သည် ။
သူမ ပြောလိုသည်မှာ ရီယီယီ ထံတွင် ဝမ်းကွဲအစ်မ တစ်ယောက် ရှိနေသည့်တိုင် သူမသည် တစ်မိသားစုလုံးကို မျက်နှာပျက်အရှက်ရစေမည်စိုးသဖြင့် သူမနှင့် မမိတ်ဆက်ပေးရဲပါဟု ။

“လျန်မေးရွှမ်း…ဒါက ဘာအဓိပ္ပာယ်လဲ ။
ခင်ဗျား တစ်ယောက်ယောက်ကို မကောင်းထင်ခံရအောင် လုပ်နေတာလား ။ လက်ထပ်ပွဲက ဘယ်သူနဲ့ အရင်ဆုံး စီစဉ်ပေးထားတာလဲဆိုတာ မမေ့လိုက်နဲ့။ ခင်ဗျားကသာ ရီဝမ်ဝမ် ပိုင်တဲ့အရာကို ခိုးယူသွားခဲ့တဲ့သူ၊ အဲ့ဒါကိုများ
ဒီမှာ သဘောကောင်းသလိုလို လာလုပ်နေသေးတယ် - ခင်ဗျားဆီမှာ နဲနဲလေးမှ အရှက်မရှိတော့ဘူးလား”

ရီမူဖန်သည် အစောပိုင်းက စိတ်ကိုထိန်းထားခဲ့ပြီး ဘာတစ်ခွန်းမှ ဝင်ပြောခဲ့ခြင်း မရှိပါချေ ။ သို့သော်၊ ဒီထိတိုင်အောင် နားထောင်လာခဲ့ရပြီးသည့် နောက်တွင်မူ
သူ့၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ချေပြီ။

ရီဝမ်ဝမ်သည် ရီမူဖန်အား တစ်ချက်ကြည့်လိုက်၏ ။

သူမသာ အတိတ်ဘဝတုန်းက ရီဝမ်ဝမ်ဆိုပါလျှင်
ဒီလိုတုံ့ပြန်လာသည့် နေရာမှ ရီမူဖန်ထက်ပင် ပိုပြင်းထန်ချင်ပြင်းထန်နေပေလိမ့်ဦးမည် ။

သူမ၏အတိတ်ဘဝတွင် ရီယီယီသည် သဘောထားကြီး သယောင်၊
ခန့်ထည်သယောင်ယောင်၊ အဆင့်အတန်းမြင့်မားပြီး အရည်အချင်း ရှိသယောင်ယောင်ပြုကာ ရသမျှနည်းနဲ့ သူတို့မိသားစုအပေါ် တက်နင်းထားခြင်းကို
သူမ မုန်းတီးရွံရှာခဲ့၏ ။

ရီယီယီသည် သူမ၏ခင်ပွန်းလောင်းဖြစ်သူကို ခိုးယူသွားခဲ့သည်ဆိုသော အချက်ကို တွေးကြည့်မိရုံနှင့်ပင် ရီယီယီ ပါးစပ်ဟလိုက်သည့်အချိန်တိုင်း ရီဝမ်ဝမ်ခမျာ စိတ်မထိန်းနိုင်ချည်း ဖြစ်ခဲ့ရ၏ ။ ဒါ့အပြင် လျန်းမေးရွှမ်းသည် လည်း ဘေးနားကနေ မီးပုံထဲ လောင်စာပစ်ပစ်ထည့်ပေးနေသေးသည် မဟုတ်လား ။

သူတို့တွေ အိမ်တော်ကြီးဆီ သွားကြသည့်အချိန်တိုင်း
သူမသည် ပြသနာဝုန်းဒိုင်းကြဲရှာခဲ့သည်ချည်းသာ ။

အဘိုးအဘွားနှစ်ယောက်သည် သူမ၏အမေကို မကြိုက်နှစ်သက်ဘူးဆိုလျှင် တောင် သူမသည် သူတို့၏မြေးမလေးပင် မဟုတ်ပါလား ။ သူတို့ သူမအား အိမ်တော်ကနေ မောင်းထုတ်ခဲ့ကြသည်ဆိုခြင်းမှာ သူမသည် ရီ မိသားစုအား အကြိမ်ပေါင်းမြောက်မြားစွာပင် အတိုင်းထက်အလွန် အရှက်ရစေခဲ့ပြီး
ရီ မိသားစုနှင့် ဆက်ဆံရေးဖြတ်တော့မည်ချည်း အတင်းလုပ်နေခြင်းကြောင့် ပင် ။ အဘိုးအဘွားနှစ်ယောက်သည် သူမလေးအပေါ် သည်းခံနိုင်စိတ်တို့ ကုန်လွန်သွားပြီး သူမလေးလဲ ဒီအခြေအနေထိ ရောက်လာခဲ့ရခြင်းပင် ဖြစ်သည်…

အခုလက်ရှိ ရီဝမ်ဝမ်သည်ကတော့ ထိုသို့ရူးရူးမိုက်မိုက်အရာမျိုးကို လုံးဝကို လုပ်မည်မဟုတ်ပေ ။

ရီမူဖန်၏မေးခွန်းထုတ်ခံလိုက်ရသဖြင့် လျန်မေးရွှမ်း အံ့အားသင့်သွား၏ ။
“မူဖန်…မင်း အဲ့ဒါက ဘာပြောချင်နေတာလဲ ။ ဒေါ်လေးက ဝမ်ဝမ်အတွက် အောင်သွယ်ပေးချင်နေတာပါ၊ ဒါပေမယ့်လို့ ဝမ်ဝမ်က ဒေါ်လေးကို နေရာတကာပါလွန်းတယ်ဆိုပြီးတော့ ဒေါသထွက်သွားမှာ စိုးရိမ်မိလို့ - ဒေါ်လေးက မကောင်းထင်ခံရအောင် ဘယ်လိုများ လုပ်မိလို့လဲ”

“ဒါပေမယ့် မင်း ပြောလိုက်တဲ့စကားကို မေးရပါဦးမယ် - ဝမ်ဝမ် ပိုင်ထားတဲ့အရာကို ခိုးယူသွားတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ ။
ရွဲ့ကျီက ဝမ်ဝမ်နဲ့လမ်းခွဲပြီးမှ ဒေါ်လေးတို့ရဲ့ယီယီနဲ့တွဲတာ လေ ။ သူတို့နှစ်ယောက် ချစ်နေတာ ဒီလောက်သိသိသာသာ ကြီးပါ - မင်း
ဒီလိုမျိုး စကားကို မဟုတ်တရုတ်တွေ မပြောသင့်ဘူးနော်”

“ဝမ်ဝမ်က အရင်တုန်းက ဘယ်လိုပုံစံရှိလဲဆိုတာ အားလုံးအသိပဲ ။ အဲ့ဒီနေရာမှာ မင်းသာဆိုရင် မင်း ဘယ်သူ့ကို ရွေးချယ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြန်မေးကြည့်ပါဦး ။ အချစ်ဆိုတာက လုပ်ယူလို့ရတဲ့အရာမှ မဟုတ်တာ”

အဟတ်…သူတို့နှစ်ယောက် ချစ်နေကြတာ အသိသာကြီးဆိုပဲ…။

ဒင်းက ဂူရွဲ့ကျီ နဲ့ကျိတ်ပုန်းခုတ်နေရင်းမှ ငါ့ကို အပိုင်ချည်ပြီး ငါ့အဖေကို ခြိမ်းခြောက်ပြီးတော့ ငါတို့မိသားစုကို လုံးဝပျက်စီးသွားအောင် ဖြေးဖြေးချင်း ဖျက်ဆီးနေတာပါ နော်…။

လျန်မေးရွှမ်းသည် ပြောလည်းပြော ရီဝမ်ဝမ်နှင့်ရီမူဖန်တို့၏အမူအရာ ကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့် တစေ့တစောင်း အကဲခတ်နေသည် ။

ဤနှစ်ယောက်ပြသနာရှာလာမှာကို
သူမ တစ်စက်မှ မစိုးကြောက်မိပါချေ ။ သူမအဖို့တော့
သူတို့ထင်ရာစိုင်းကြလေ အကောင်းဆုံးဖြစ်လေပင် - ဒါဆို စိတ်လှုပ်ရှားစရာကောင်းသွားပေလိမ့်မည်။
အခုတလောတွင် အဘိုးအဘွားနှစ်ယောက်သည် စတင်ကာ သဘောထား နူးညံ့လာသဖြင့် သူမ ခေါင်းခဲနေခဲ့ရသည် မဟုတ်လား…။

ရီမူဖန်သည် အလွန်အမင်း ဒေါသအကြီးအကျယ်ထွက်သွားပြီး
လျန်မေးရွှမ်း ထံသို့ ပြေးဝင်သွားလုနီးနီး ဖြစ်လာရတော့ပြီ ။
“ခင်ဗျား…”

ဒီအခိုက်၊ စကားတစ်ခွန်းမှ ဝင်ပြောခြင်းမရှိဘဲ အေးအေးလူလူ ရှိနေခဲ့သည့် ရီဝမ်ဝမ်သည် ရီမူဖန်အား ပြန်ဆွဲထားကာ အပြုံးကြီးပြုံးပြလိုက်ပြီးနောက် လျန်မေးရွှမ်း၊ ရီယီယီနှင့် အဘိုးအဘွားနှစ်ဦးထံ လျှောက်သွားလေသည် ။ ကြည်လဲ့ရှင်းသန့်သည့်မျက်ဝန်းတို့ဖြင့်
သူမလေး ပြောလာသည်ကား ။
“ကိုကို…ဒေါ်လေး ၂ ကို အထင်လွဲနေတာ ဖြစ်မှာပါ၊ ဒေါ်လေးဆီမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုသဘောမျိုး ရှိပါ့မလဲ ။ ဒေါ်လေး ၂ က အရင်က အစ်ကို ရွဲ့ကျီကို တကယ်သဘောကျခဲ့တာ ။ အခုဆို ယီယီ နဲ့တွဲနေပြီ ဆိုတော့ ဒေါ်လေး ၂ က ဒီတိုင်း တကယ်ပျော်ရွှင်နေမိလို့
ဂူ မိသားစုက ယီယီ ကို လိုက်ကြိုက်နေသလိုမျိုး ထုတ်ပြောမိရုံပါ”

………………………………………………………

စာစဉ် ၃၂၊ အခန်း ၁၇။  ဘယ်တော့မှ မခံစားစေရဘူး

“ပြီးတော့လည်း မမ ယီယီက တကယ့်ကို တော်တာ။ အခုဆို မမ ယီယီ က ညီမလေးရဲ့စံပြပဲ၊
အစ်ကို ရွဲ့ကျီ အတွက်ကတော့…အင်း သူက မမ ယီယီ နဲ့အရမ်းလိုက်ဖက်တယ် ။ ဒီတော့ ညီမလေးအနေနဲ့ သူတို့ကို ဆုတောင်းပေးရုံပဲပေါ့ ။ သူတို့နှစ်ယောက်လုံး သေတပန်သက်တစ်ဆုံး ပေါင်းသွားရဖို့
ညီမလေး မျှော်လင့်ပါတယ်၊ မဟုတ်ရင် အဲ့ဒီအချိန်တုန်းက ဘိုးဘိုးရဲ့မွေးနေ့ပွဲမှာ ညီမလေးဘက်က စေ့စပ်ပွဲကို ဖျက်ခဲ့ရတာ တန်မှာ မဟုတ်ဘူး ။ ညီမလေး စေ့စပ်ပွဲကို ဖျက်ခဲ့ရတာက မမ ယီယီ နဲ့ အစ်ကို ရွဲ့ကျီကို ညီမလေးကြောင့် မခံစားရစေချင်လို့ပါ”

“အတိတ်တုန်းက ညီမလေး မသိတတ်ခဲ့လွန်းလို့
ဘိုးဘိုးနဲ့ဘွားဘွားကို စိတ်ပူပန်စေခဲ့ရပြီ။ ဒေါ်လေး ၂ နဲ့ မမ ယီယီ တို့ ဘိုးဘိုးတို့ဘေးမှာ ရှိနေပေးကြလို့သာ တော်သေးတယ်…”

ရီဝမ်ဝမ် ပြောလိုက်သည့်စကားကြောင့် လျန်မေးရွှမ်းသည် သရဲတစ်ကောင် မြင်လိုက်ရသလို ခံစားမိသွားရသလို ရီယီယီသည်လည်း မျက်မှောင်တို့ အကြုတ်ကြီးကြုတ် သွားရသည် ။

ရီမူဖန်သည်လည်း အသိသာကြီးကို ပါးစပ်အဟောင်းသားဖြစ်နေလေသည် ။

တန်ယိလန်သည် သူမ၏မြေးမလေးအား စေ့စေ့စပ်စပ် ကြည့်လာသည် - သူမလေးသည် ဝတ်ပုံစားပုံကို ပြောင်းလဲပစ်လိုက်ရုံသာမက အပြောအဆို အပြုအမူုတို့ပါ အပြောင်းလဲကြီးပြောင်းလဲသွားလေပြီ ။ မယုံသင်္ကာဖြစ်နေသေးဆဲ ဖြစ်သော်လည်း
သူမ ပြောတော့ပြောလိုက်၏ ။
“မြေး ဒီလို စဉ်းစားတတ်တာ သိပ်ကောင်းတယ်”

ရီဟုန်းဝေ၏အေးစက်ပြီး ချဉ်မဲ့နေသည့် မျက်နှာသည်လည်း
အနည်းငယ် နွေးပျလာရသည် ။
“မြေး နောက်ဆုံးတော့ လိမ်မာသွားပြီကိုး”

ရီဝမ်ဝမ်သည် လျန်မေးရွှမ်းထံ လျှောက်သွားလိုက်ပြီး ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်၏ ။
သူမ ဖွင့်လိုက်လေရာ အထဲတွင် ရှိနေသည်ကား ကျောက်စိမ်းပုတီးလက်ကောက်တစ်ကုံး ။
“ဒေါ်လေး ၂…ကျွန်မ မြန်မာပြည်ကို အားလပ်ရက်ခရီးထွက်တုန်းက ဒေါ်လေးအတွက် ကျောက်စိမ်းပုတီးလက်ကောက်တစ်ကွင်း သက်သက် ဝယ်လာခဲ့တယ် - ဈေးသိပ်မကြီးပေမယ့်လို့ သေသေချာချာလေး ရွေးဝယ်ထားတာပါ ။
ဒေါ်လေး ကြိုက်မယ်လို့ မျှော်လင့်ပါတယ်”

လျန်မေးရွှမ်းသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မယုံသင်္ကာဖြစ်လာသည် ။ * ဒီဟာမလေး…ရုတ်တရက်ကြီး သဘောထားပြောင်းသွားတာ၊ ဘာကြံဦးမလို့လဲ*

လျန်မေးရွှမ်းသည် ကြောင်အမင်သက်နေသဖြင့်
ရီဝမ်ဝမ်ခမျာ နာကျင်သွားသည့်ဟန် ပေါ်လာပြီး  သူမရဲ့လက်ကို မသိမသာလေး ရုတ်သိမ်းလိုက်ရင်း ။
“ကျွန်မ ရိုင်းမိသွားတယ်၊ တောင်းပန်ပါတယ် ။
ဒါက ဒီလောက်ဈေးပေါတာ ဒေါ်လေး ၂ ရဲ့ အဆင့်အတန်းနဲ့ လုံးဝကိုမလိုက်ဖက်ပါဘူး…”

လျန်မေးရွှမ်းသည် သူမမျက်ဝန်းထဲက မှောင်မိုက်မှုတို့ကို ဖုံးကွယ်လိုက်ပြီး ကပျာကယာပင် လက်ခံလိုက်ရသည် ။ သူမ ပြုံးပြကာပြောဆိုလာသည် ။
“မဟုတ်တာ…ဝမ်ဝမ်က ဒီလောက်ထိ သဘောကောင်းတာက ခပ်ရှားရှား ဥစ္စာ ။ လက်ကောက်လေးကို ကြိုက်ပါတယ် ။ ကျေးဇူးပဲနော်”

ဒါကို မြင်လိုက်ရ၍ အဘိုးသည် ဝမ်းပန်းတသာဖြစ်သွား တော့သည် ။ သူသည် ခေါင်းညိတ်ပြလာပြီး တည်တည်ကြည်ကြည်လေသံဖြင့် ပြောဆိုလာသည် ။
“သိပ်ကောင်းတယ်၊ ဒါကမှ မိသားစု တစ်ခု ဖြစ်သင့်တဲ့အရာပဲ ။ ထပ်ပြီးတော့ ရန်မဖြစ်ကြနဲ့တော့”

သူသည် ယနေ့ ရီဝမ်ဝမ်၏လုပ်ဆောင်သွားချက်အပေါ် အလွန်အမင်းပင် စိတ်အားရနေသည်ပင် ။

စကားနည်းနည်း လက်ဆုံကျပြီးသည့်နောက်
ရီမူဖန်သည် ဘယ်လိုမှ အောင့်မထားနိုင်တော့ ။
ရီဝမ်ဝမ်အား ဘေးသို့ ဆွဲခေါ်လိုက်၏ ။
“ဝမ်ဝမ်…မင်း လွတ်သွားပြီလား ။ အဲ့ဒီမိန်းမကို ကောင်းကောင်းမွန်မွန် ပြောပေးတာက ထားပါဦး၊
ဘာကိစ္စ လက်ဆောင်ထပေးရတာလဲ”

ရီဝမ်ဝမ်သည် နှင်းဆီပန်းပွင့်ချပ်လေးကို တည်တည်ငြိမ်ငြိမ် ထိလို့နေသည် ။
“ဒါဆို ကိုကို လုပ်သမျိုး ညီမလေး လုပ်သင့်တာလား ။
ကိုကို ဒီနေ့ ပြသနာ ရှာလိုက်လို့ရှိရင် ဘိုးဘိုးနဲ့ဘွားဘွားရဲ့ ညီမလေးတို့အပေါ် ရှိထားတဲ့ အမြင်ကောင်းတွေက ပလုံခနဲ သွားတော့မှာပေါ့”

“ဒါပေမယ့် ကိုကိုတို့ အဲ့လောက်ထိ နှိမ့်နှိမ့်ချချလုပ်ပြနေစရာ မလိုဘူး လေ…” ရီဝမ်ဝမ်သည် သူမ၏မာန်မာနကို မြိုသိပ်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချနေကာ သူ့အတွက်နှင့် အစော်ကားခံနေရသည်ကို တွေးမိပြီး ရီမူဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိနေလေသည် ။ သူသည် အလွန်အမင်း မခံမရပ်နိုင်အောင် ခံစားနေမိခြင်းပင် ။

သူ့အနေဖြင့် သူမလေး၏မြောက်ကြွကြွပုံစံကိုသာ
ပြန်တွေ့လိုပေသည် ။

“ဝမ်ဝမ်”

ရီမူဖန်သည် ရီဝမ်ဝမ်အား စိတ်ဆုံးဖြတ်ချက်ပြတ်သားသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
“ကိုကိုတို့ ပိုင်ဆိုင်သမျှကို ကိုကို ပြန်ရအောင် ယူပြမယ် ။
ကိုကို ညီမလေးကို ထပ်ပြီးတေ့ာ မသိမ်ငယ်စေရတော့ဘူး”

သူသည် တည်ကြည်ခိုင်မာစွာ ပြောဆိုနေသဖြင့်
ရီဝမ်ဝမ်၏အမူအရာမှာ နူးညံ့ပျော့ပျောင်းလာရတော့သည် ။
“အင်း…ကိုကို့ကို ညီမလေး ယုံတယ်”

သူတို့၏အနောက်ဘက်တွင် လျန်မေးရွှမ်းသည် ရုတ်တရက်ကြီး ရောက်ချလာသည် ။
“ကျွတ်စ် ကျွတ်စ်…ဖက်ရှင်အစည်းအရုံးရဲ့ဒုဥက္ကဌ ဖြစ်ရုံလောက်နဲ့
ဘဝင်က ခေါင်ခိုက်အောင် တက်နေပါပေါ့လား ။
ငါတို့ရဲ့ယီယီသာ မင်းလို စိတ်ထားမျိုး ရှိမယ်ဆိုလို့ကတော့ နေ့တိုင်း မီးရှူးမီးပန်းလွှတ်သလိုကို ဟိုးအပေါ်ကနေ ပြန်ဆင်းပါတော့မလားပဲ”

“မင်းကများ ငါတို့ယီယီဆီက ယောကျာ်းကို စနှိုက်ကျော်ချင်သေးတယ်ပေါ့လေ - ကိုယ့်ရုပ်ကိုယ်ပဲ
မှန်ထဲ ပြန်ကြည့်ကြည့်လိုက်စမ်းပါဦးလား”

ရီမူဖန်ခမျာ ရီဝမ်ဝမ် ပြောသွားသည်ကို အမှတ်ရမိသဖြင့် လျန်မေးရွှမ်းနှင့် ဖက်ပြိုင်စကားမများလိုတော့ ။ သူမအား တစ်ချက်သာကြည့်လိုက်ပြီး သူ၏ဒေါသတို့ကို မြိုသိပ်ကာ သူမအား မသိကျိုးကျွံ ပြုလိုက်၏ ။

………………………………………………………

စာစဉ် ၃၂၊ အခန်း ၁၈ ။ လုပ်တော့ဘာဖြစ်လဲ

သူတို့နှစ်ဦးသားသည် ပြန်ပြောလာခြင်းမရှိသဖြင့်
ပိုလို့ပင် ထောင်လွှားလာတော့သည့် လျန်မေးရွှမ်း ။
သူမ နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြောလာသည် ။
“လျန်ဝမ်ကျွင်း ၊ အဲ့ဒီခွေးမကတောင်မှ ငါ့ကို မနိုင်ဘူး ။ 
မင်းတို့ ခွေးပေါက်စနှစ်ကောင်ကများ ငါ့နဲ့လာပြီး တုပြိုင်ချင်
တယ်ပေါ့လေ…ဟမ် ။ ထောင်လွှားလွန်းလိုက်တာ…”

နောက်တစ်စက္ကန့်မှာပင် ဖြောင်းခနဲ ပါးရိုက်သံတစ်ချက်
အားပါးတရ ပေါ်ထွက်လာသည် ။

ရီဝမ်ဝမ်သည် အားကုန်သုံးကာ လျန်မေးရွှမ်း၏မျက်နှာအား ဖြတ်ရိုက်ပစ်လိုက်ခြင်းပင် ။

ဖြောင်းခနဲမြည်အောင် ပါးချခံလိုက်ရသဖြင့် လျန်မေးရွှမ်း၏ခေါင်းမှာ ချာချာလည်သွားရ၏ ။
သူမသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အချိန်အကြာကြီးကြာတော့မှ သတိပြန်ကပ်သွားတော့ချိန် ။ လက်ငါးချောင်းရာ ထင်းနေသည့်မျက်နှာအား အုပ်ကိုင်ထားပြီး အော်ဟစ်လာတော့သည် ။
“ခွေးမလေး…မင်း ငါ့ကို ရိုက်တယ်၊ မင်းကများ ငါ့ကို ရိုက်တယ်…”

*ဖြောင်း ------*

ရီဝမ်ဝမ်သည် နှစ်ခါပင် ပြန်စဉ်းစားခြင်းမရှိ။ နောက်ထပ်တစ်ဖန် သူမအား ပါးချပစ်လိုက်ပြန်သည် ။ ဒီနောက်မှ သူမ၏အကျီၤလက်ကို ပင့်တင်လိုက်ပြီး မျက်လုံးကို ပင့်ကြည့်လိုက်ရင်း ။  “ဟုတ်တယ်၊ ရိုက်တော့ ဘာဖြစ်လဲ”

ဤပါးရိုက်ချက်သည် ပိုလို့ပင် ပြင်းလေရာ လျန်မေးရွှမ်း၏မျက်နှာမှာ စတင်ကာ ယောင်ကိုင်းနီရဲလာတော့သည် ။

တချိန်တည်း ပါးနှစ်ဆင့်ဖြတ်ရိုက်ခံလိုက်ရသဖြင့် လျန်မေးရွှမ်းခမျာ
လုံးဝကို မင်သက်မိန်းမောနေမိလေသည် ။

ရီမူဖန်သည်လည်း ပါးစပ်အဟောင်းသားဖြင့် ကျောက်ရုပ်ကြီးလို ရပ်နေမိ၏ ။ သူ့ညီမလေး၏ ရန်လိုပြီး အထိန်းအကွပ်မဲ့စွာပြုမူလိုက်ခြင်းကြောင့် သူ လုံးဝပင် သတိမကပ်နိုင်တော့ ။
အမ်၊ ငါတို့တွေ ထိန်းထိန်းသိမ်းသိမ်းနေမယ်လို့ ခုနကပဲ သဘောတူလိုက်တာ မဟုတ်ဘူးလား…

“မေမေ ------” ရီယီယီ ရောက်ချလာခြင်း ။

လျန်မေးရွှမ်း၏မျက်နှာပေါ်က လက်ငါးချောင်းရာကြီးကို မြင်လိုက်မိပြီး ငိုချမတတ် ပြောလာတော့သည် ။
“ဝမ်ဝမ်…နင် ဘယ်လိုလုပ်လိုက်တာလဲ ။ ဘာကြောင့် ရိုက်ရတာလဲ”

ရှေ့ဆင့်နောက်ဆင့်ပင် ရီရှောင်အန်းသည်လည်း ရောက်ချလာသည် ။
“ခွေးမလေး…မင်း ပြန်စလာပြန်ပြီလား”

အုံးအုံးကျွတ်ကျွတ်ဖြစ်နေမှုသည် အဘိုးအဘွားနှစ်ယောက်၏အာရုံကို ဖမ်းစားလိုက်ပြီး ရီဟုန်းဝေနှင့် တန်ယိလန်တို့သည်လည်း သူတို့ဘက် လျှောက်လာကြတော့သည် ။

လျန်မေးရွှမ်းသည် မျက်လုံးထဲတွင် မည်းမှောင်လို့နေရင်း သူမ၏နီရဲရောင်ကိုင်းနေသည့်ပါးအား ကိုင်ထားသည် ။
“ရီဝမ်ဝမ်…နင် သေချင်နေတာလား”

“ဘာတွေဖြစ်နေတာလဲ”
အဘိုးအဘွားနှစ်ယောက်ပါ ရောက်ချလာလေပြီ ။

လျန်မေးရွှမ်းသည် စတင်ကာတိုင်ကြားဖို့ ပြင်လိုက်၏ ။

သို့သော်၊ တစ်စက္ကန့်အတွင်းမှာပင် အဘိုးအဘွားနှစ်ယောက် သူတို့ဆီ ရောက်ချမလာခင် ရီဝမ်ဝမ်သည် ရုတ်တရက်ကြီး ရှေ့ထွက်လိုက်ကာ သူမကိုယ်ကို ယိမ်းလိုက်ပြီး လျန်မေးရွှမ်း၏ခြေထောက်နား လဲကျသွား တော့၏ ။

သူမ မလဲကျခင် အစောနက လျန်မေးရွှမ်း ဟန်ဆောင်ပန်ဆောင်နှင့် လက်ကောက်ဝတ်တွင် ဝတ်ဆင်ခဲ့သည့် ကျောက်စိမ်းပုတီးလက်ကောက် ကို ဆွဲချသွားလေသည် ။ ဆွဲချွတ်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ် လွှတ်ပစ်လိုက်ရာ ။

ဘာဖြစ်သွားသလဲကို လျန်မေးရွှမ်း လိုက်မမှီလိုက်ပေ ။
“မင်း…”

“ဝမ်ဝမ် --------”

ရီဝမ်ဝမ်သည် ရုတ်တရက်ကြီး လဲကျသွားသဖြင့်
ရီမူဖန် အံ့သြမိသွားရပြီး ချက်ချင်းပင် သွားထူပေးလိုက်၏ ။

ရီဝမ်ဝမ်သည် ရီမူဖန်၏လက်ကို ဆွဲကိုင်လိုက်ပြီး
သူ့လက်အား မသိမသာ ပုတ်ပြလိုက်ချေသည် ။

ရီမူဖန် ကြောင်အမ်းသွားရ၏ ။
ညီမလေး...ဟန်ဆောင်နေတာလား ။

ရီဟုန်းဝေနှင့်တန်ယိလန်တို့သည်လည်း ခုလေးတင် ရောက်လာကြပြီး ကြမ်းပေါ်ပစ်လဲကျနေသည့် ရီဝမ်ဝမ်ကို မြင်လိုက်ကြပြီး လျန်မေးရွှမ်းကို ကျော်ကာ ရီဝမ်ဝမ်ဆီသို့ ခပ်သုတ်သုတ် သွားကြတော့သည် ။
“ဘာတွေဖြစ်နေတာလဲ”

“ဝမ်ဝမ်…ဘယ်လို ဖြစ်တာလဲ”

ရီဝမ်ဝမ်၏မျက်လုံးတို့သည် နီရဲလို့နေသည် ။
“ဘိုးဘိုး၊ ဘွားဘွား…သမီး အဆင်ပြေပါတယ်…ဘာမှမဖြစ်ပါဘူး…ဒါ ဒေါ်လေး ၂ နဲ့ ဘာမှမဆိုင်ပါဘူး…သမီးဟာသမီး မတော်တဆ လဲကျသွားတာပါ…”

ရီဝမ်ဝမ် ပြောသည်ကို ကြားလိုက်ရပြီး အဘိုးအဘွားနှစ်ယောက်သည် လျန်မေးရွှမ်းဘက်သို့ လှည့်ကုန်ကြသည် ။
“သမီးရဲ့ဒေါ်လေး ၂ က တွန်းလိုက်တာလား”

လျန်မေးရွှမ်း အကြောက်အလန့်ဖြစ်သွား၏ ။
“ဖေဖေ၊ မေမေ၊ ကျွန်မ ဘာလို့လုပ်ရမှာလဲ…”

ရီဟုန်းဝေသည် တင်းတင်းမာမာပင် ပြောဆိုလာသည် ။
“ဘာတွေလောနေတာလဲ ။ ဝမ်ဝမ်ကို အရင်ပြောပါစေဦး”

ရီဝမ်ဝမ်သည် အနာကျင်ကြီးနာကျင်နေဟန်ဖြင့် ။
“အခုနက မြေး ဥယျာဉ်လေးထဲ ပတ်ကြည့်နေတုန်း ဒေါ်လေး ၂ နဲ့ မမ ယီယီ ပြောတာကို ကြားလိုက်တယ်….သူတို့ ပြောတာက…”

“သူတို့ ဘာပြောတာလဲ”
ရီဟုန်းဝေသည် ကပျာကယာပင် မေးခွန်းထုတ်လာသည် ။

ရီဝမ်ဝမ်သည် သူမ၏နှုတ်ခမ်းတို့ကို ကိုက်ထားပြီး ။
“ဒေါ်လေး ၂က ကိုကို နဲ့ သမီးကို ခွေးပေါက်စတွေလို့ခေါ်တယ် ပြီးတော့…ဒေါ်လေး ပြောတာက သမီးတို့က
မမ ယီယီ နဲ့ မတူဘူး မတန်ဘူးတဲ့…ပြီးတော့လည်း…ဒေါ်လေးက ဒီမိသားစုထဲမှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချတဲ့သူတဲ့…သမီးတို့ကို အိမ်ပြန်လာခွင့်မရှိစေရဘူးတဲ့…သမီးတို့က ဘိုးဘိုးနဲ့ဘွားဘွားကို လွမ်းရုံသက်သက်ပဲ ပြန်လာကြ တာပါ…ဒါကို ဘာလို့…ဘာလို့…ဒေါ်လေး ၂ က ဒီလိုစကားမျိုးတွေ ပြောနေရတာလဲ…”

………………………………………………………ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
519K 34.1K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...