Black Memory(U+Z)(Completed )
By naykyihtun
1.2M 76.2K 2.9K
ဘုန်းထွဋ်ခေါင်လျှံ နှိုင်းသုတလျှံ ဆောင်းရာသီတွေကုန်ဆုံးပြီးသွားရင် နွေရာသီကိုရောက်လာ မှာပဲ။ ငိုချင်နေရင်ငိုချလ... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခွငျး /အသိပေးခြင်း
Order Time
Author Heart
Hello
Extra 🛑
18.11 Day
10.6K 771 62
By naykyihtun
Unicode
ဆောင်းရာသီမှာစခဲ့တဲ့ဇာတ်လမ်းလေး နွေရာသီမှာ အဆုံးသတ်လို့မဖြစ်သေးပေ။ ရာသီတွေကူးပြောင်းလို့ ချစ်သက်တွေတောင်တိုးလာခဲ့ပြီ။ယခုမှမွေးနေ့တူ သုံးနှစ်ခြား ချစ်သူနှစ်ဦး တို့၏ အတူရှိသည့် မွေးနေ့လေး
စတင်ခဲ့သည်။
ဒီနေ့တော့ အိပ်ချင်ယောင်ဆောင်ပြီး ညဆယ်နှစ်ထိုးမှ မောင့်ကိုsupriseလုပ်မည်ဟူသောအတွေးဖြင့် နှိုင်းရင်ထဲကြိတ်ပျော်နေမိသည်။ မွေးနေ့တူပေမယ့် မွေးနေ့မတိုင်ခင်ကွဲကွာခဲ့ရပြီး မွေးနေ့ပြီးမှပြန်တွေ့ရတဲ့ အဖြစ်က တကယ်ရင်နာစရာ။
အသက်လေးမျှင်မျှင်ရှူပြီး အိပ်မောကျနေတဲ့ မောင်ကတော့ မွေးနေ့ကိုသတိမရတာလား စိတ်မဝင်စားတာလား...အပူအပင်ကင်းကင်းအိပ်နိုင်ရှာသည်။ ဒီကကောင်ကြီး
မှာသာ အချစ်ကြီးတော့မလွယ် ...အသေးအမွှားကအစ အမေအိုကြီးလိုလိုက်စိတ်ပူပြီး လိုက်လုပ်ပေးနေသမျှ
မောင်ကတစ်နေ့ထက်တစ်နေ့ သူမှမလုပ်ပေးရင် ထမင်းတောင်မစားပဲအငတ်နေတော့မည့်အတိုင်း။
ဆယ့်နှစ်နာရီထိုးဖို့ ၅မိနစ်သာလိုတော့သည် မို့ နှိုင်းရင် တွေခုန်လာပါ၏။အိပ်ပျော်နေလည်း မရရအောင်နှိုး ....BD wishလုပ်ပြီးမှပြန်အိပ်ခိုင်းမည် ဟူသော ကြည်နူးစရာအတွေးက ဖုန်းသံကြောင့်ပျက်တော့သည်။
Ring!!!
ဒီချိန်ကြီး ဘယ်ကဖုန်းလဲ။ ကောက်ကိုင်ဖို့ လုပ်တော့ နွေးနွေးငြိမ်းအောင် ဖြစ်နေသဖြင့်... သူ စိတ်ညစ်သွားကာ ကိုင်ဖို့ရန်တော်တော်ကြာအောင် စဉ်းစားနေရသည်။
"Ph လာနေတာလား "
"အင်.. "
ဆူညံသံကြောင့် နှိုးသွားသည်ထင်။ သိပ်တော့မကျေနပ်ချင်ပေမယ့် မောင့်လက်ထဲဖုန်းထည့်ပေးပြီး ခေါင်းမြီးခြုံကာ
အိပ်လိုက်တော့သည်။ဒီလိုမွေးနေ့လေးတော့ ကိုယ့်ချစ်သူကိုယ် ပထဆုံးHappybirthday လို့ ပြောမယ့်သူက ကိုယ်ကိုယ်တိုင်ပဲဖြစ်ချင်တာပေါ့။ ဆိုင်သူကိုယ်စီရှိနေ တာတောင် ဘာလို့များ အလွတ်မပေးကြသေးတာလဲ
တွေးမရ။ ပြောပြန်ရင်လည်း ဒီကကောင်က နားမလည် ပေးနိုင်တဲ့ သူကြီးဖြစ်ဦးမည်။ အကြီးဖြစ်ရတာ ဒီနေရာတွင်တကယ်ကောင်းကို မကောင်းပေ။
"Hello"
"....."
"အင် နိုးပြီ...အင်အင် "
အိပ်ချင်မူးတူးဖြင့် တအင်အင်လုပ်နေတဲ့မောင်စကားသံကို ကြားနေရသည်။ နွေးနွေးက bd wishလုပ်နေလို့ ဖြေနေတာနေမှာပေါ့။ ခဏနေတော့ ဖုန်းပြောသံရပ်သွားပြီး
မို့.. စိတ်ကလေးလျော့ပြီး ထဖို့ပြင်ကာမှ နောက်ထပ် ဝင်လာပြန်တဲ့ဖုန်း ။
"အေ.. ရဲဇော် "
အေ မင်းတို့ပဲ ချစ်နေလိုက်ကြတော့ ဟုတ်ပြီလား။စ်ိတ်က တိုလာပြန်ကာ စောင်ကိုခေါင်းမြီးခြုံခြင်းသို့ပြန်ရောက်သည်။
ချက်ချင်လိုပင် ဝဲတတ်လာသည့် မျက်ရည်လေးက အိပ်ယာပေါ်ပူကနဲကျဆင်းသည်။
ဘယ်ချိန်ထိ ဒီလိုတွေသည်းခံနေရဦးမည်လဲမသိ။ သံယောဇဉ် ရှိကြတာတော့သိပေမယ့်လည်း....တစ်ဆိတ်လွန်တယ်မထင်ကြဘူးလား။ လက်သီးလေးကို ဆုပ်ထားပြီး ဝမ်းနည်းစိတ်ကတစ်ရိပ်ရိပ်။ကိုယ့်ချစ်သူအတွက် ပထမဆုံးဆိုတဲ့အရာတွေကို သူဘယ်တော့မှပိုင်ဆိုင် ရမည်လဲ။ ရင်ဘတ်ထဲကအသဲနှလုံးကနာကျင်သလို အောင့်သက်သက်ဖြင့်မွန်းကျပ်လာသည်။ ဖြစ်နိုင်ရင် သူတို့တွေကို အော်ဟစ်ပြစ်လိုက်ချင်၏။ နေ့ထူးနေ့မြတ် လေးတော့ ငါ့အတွက်ချန်ထားပေးကြပါ ဟုသာ.....။
"နှိုင်း အိပ်ပျော်သွားပြီလား"
ဖုန်းပြောပြီးသွား၍ ထင်သည်... မောင်က ခေါင်းမြီးခြုံ၍ ကျောပေးအိပ်နေသော သူ့က်ိုအသာလှုပ်၍နှိုးနေ၏။ သို့သော် သူ မထချင် Bd wishလဲလုပ်ချင်စိတ်မရှိတော့
စိတ်ကြိုက်ပုံစံလေးလုပ်ထားသည့် ကိတ်လည်း မနက်ဖြန် ကျရင်အမိုက်ပုံးထဲပဲလွှင့်ပစ်လိုက်တော့မည်။
"နှိုင်း.... အိပ်မပျော်သေးဘူးမလား....."
ခေါင်လေးသည် နာရီကိုတစ်ချက်ကြည့်ပြီး ဆယ့်နှစ်ထိုး နေပြီကို ပြသည်မို့ နှိုင်း ကိုယ်လေးကို နောက်ကျောမှ တဖြေးဖြေးတိုး၍သိုင်းဖက်ကာ လက်ချောင်းလေးတွေကို
ဆုပ်ကိုင်စဉ် အေးစက်စက်အထိအတွေ့က်ိုခံစားလိုက်ရသည်။ တစ်ပြိုင်နက် နှိုင်းကိုယ်လေးတောင့်တောင့်လေး ဖြစ်သွား
သည်ကို သတိထားမိလျှင် ....
"နှိုင်း ငါးမိနစ်....မဟုတ်ဘူး....သုံးမိနစ်လောက်နေရင် အခန်းထဲကထွက်လာခဲ့နော်။ နှိုင်းအိပ်မပျော်ဘူးဆိုတာ မောင်သိတယ်။ထွက်မလာရင် မောင်တစ်ညလုံး အခန်းထဲပြန်ဝင်မလာဘူး"
သူကပဲ အပြစ်လုပ်သေးတယ် သူကပဲ ခြိမ်းခြောက် သွားသေးတယ်။သို့သော်လည်း နှိုင်းမနေနိုင်... မောင်ထွက်သွားသည်နှင့်ငုတ်တုတ်လေးထထိုင်မိသည်။ မသွားခင်နမ်းရှိုက်ကာဖွသွားသောဆံနွယ်တွေကိုဖိသပ်ချရင်း စိတ်ဆိုးရမည့်အကြောင်းအရင်းကိုမေ့လုလုဖြစ်သွားသည်။ ဒီကောင်လေးနဲ့ပတ်သတ်ရင်က်ို သူ့စိတ်က လွယ်နေတာ
ခက်သည်။
နာရီကိုတစ်ချက်ကြည့်ပြီး ပိုပို စိတ်လှုပ်ရှားလာသူကသူပါ။ မောင်ဘာလုပ်မလို့ ဆင်းလာခိုင်းပါလိမ့်...သိချင်ဇောက ကြီးလာလေပြီ။supriseလုပ်မလို့လား။မမျှော်လင့်ရဲ
သော်လည်း မျှော်လင့်မိသည်။ စိတ်က မျောက်စိတ်လို ဖြစ်နေလျက် နဲနဲလေးမှဂနာမငြိမ်။ အခုမှ သုံးမိနစ်က သုံးနှစ်လောက်ကြာနေသလို ရှိသည်။ မြန်မြန်ကုန် စမ်းပါဟ။ပထမဆုံးအကြိမ် အချိန်တွေကြာလွန်းလို့
အပြစ်တင်မိတဲ့သူဟာ...သုံးနှစ်သုံးမိုး စောင့်မျှော်ခဲ့သူ မဟုတ်သည့်အတိုင်းပင်။ ခက်တယ်မောင်ရယ်....... ။
ချပ်...ချပ်... ချပ်
နာရီသံတစ်ချပ်ချပ် ပြေးလွှားသွားပြီးနောက် ဆယ်နှစ်နာရီ သုံးမိနစ်ရောက်ချိန်တွင် အခန်းတံခါးကို ဆွဲဖွင့်ပြီး ပြေးထွက်ဖို့ လုပ်သည့်ခြေလှမ်းဟာ အပေါက်ဝမှာပင် ရပ်တန့်သွားသည်။ ပါးစပ်အဟောင်းသားလေးနှင့်
မျက်လုံးလေးတွေဝိုင်းစက်သွားရပြီး ...ရင်ခုန်သံတွေ ကဆုန်ပေါက်ပြေးလာတော့သည်။
"Happybirthday နှိုင်း... "
မွေးနေ့ကိတ်လေးကိုင်ပြီး ပြုံး၍ဆိုလာတဲ့မောင် ။ တစ်ခန်းလုံးမီးပိတ်ထားတာမို့တလက်လက်တောက်နေတဲ့ ဖယောင်မီးက
မောင့်ရဲ့ ခပ်ချောချော မျက်နှာကို
တရိပ်ရိပ်ထင်းသည်။ ရင်ထဲက လှိုင်းထလာတဲ့ အပျော်ရိပ်ကြောင့် မျက်လုံးထဲမျက်ရည်လေးကဝေ့ကနဲ...။
"မောင်မေ့နေတယ်လို့ ထင်နေတာ "
"မေ့စရာလား နှိုင်းရဲ့...မျက်လုံးမှိတ်ထား ဆုတောင်း ဖယောင်းတိုင်ကုန်တော့မယ်"
"အင် "
နှိုင်းက ခေါင်လေးပြောသလိုချက်ချင်း လက်အုပ်ကလေး ချီပြီးမျက်လုံးမှိတ်လိုက်စဉ် ခေါင်လေးက နှိုင်းရဲ့ အနုစိတ်လှပနိုင်လွန်သေား မျက်နှာလေးကိုမလွှတ်တမ်း
ငေးကြည့်သည်။ မျက်တောင်ရှည်လေးတွေကော့စင်း နေပြီး ပါပြင်မို့မို့နဲ့ခပ်ရဲရဲနှုတ်ခမ်းလေးတွေ...ချစ်ဖို့ကောင်းလွန်းလို့ ရင်ဘတ်အပြည့် ဘယ်နားထည့်ထား ရမည်မှန်းကိုမသိတော့ပေ။
"ဖူး"
ဆုတောင်းပြီးသည်နှင့် ဖယောင်းတိုင်တွေကိုမီးမှုတ်တော့ မောင်ကအခန်းမီးခလုတ်တွေကိုပြန်ဖွင့်ထားပြီဖြစ်ကာ နှိုင်းမျက်ဝန်းတွေထဲ အကြည့်မလွဲပဲနစ်နဲစွား စိုက်ကြည့် နေ၏။
"ကျွန်တော့်အတွက်ဖြစ်လာပေးလို့ နှိုင်းကို ကျေးဇူးတင် ပါတယ်။ကျွန်တော့်ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဆိုးသမျှသည်းခံပေးလို့ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အပေါ် နားလည်မူတွေအများကြီးပေးပြီး မဖြူစင်တဲ့ကောင်ကို မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီး ချစ်ပေးလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော် နှိုင်းကို အရမ်းချစ်တယ်။ ဒီနေ့ချစ်တာထက် မနက်ဖြန်ပိုချစ်လာ
မှာသေချာတယ်... ကျွန်တော့်ဘဝမှာ ဒီလိုအသက်နဲ့ ရင်းပြီးချစ်ရမဲ့လူမရှိလာတော့ဘူးလို့ ထင်ခဲ့ပေမယ့်။ နှိုင်းက ပထမဦးဆုံး ကျွန်တော့်အသက်နဲ့ရင်းပြီး ချစ်ရတဲ့သူဖြစ်လာတယ်။အရင်ကမွေးနေ့ရောက်တိုင်း
နှိုင်းအိမ်ရှေ့မှာ အကြာကြီးရပ်စောင့်ပြီး အိမ်ထဲထိဝင်မလာပဲ ..ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ 'မပြောခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်နှိုင်းရယ်။ နှိုင်း car accident ဖြစ်တာတောင်မသိပဲ သူများပြောစကားနဲ့အယုံလွယ်ပြီးနောက်ဆုတ်ခဲ့မိလို့ တောင်းပန်ပါတယ်နှိုင်းရယ်။နှိုင်းကို အကြာကြီးခံစားရအောင် လုပ်ခဲ့မိအတွက်...မောင် အကြာကြီး ဆက်ချစ်ပေးပါ့ မယ်နော်။ Happybirthday အချစ်...နှိုင်လိုချင်တဲ့ ဆုတောင်း မောင်ရအောင် ဖြည့်ဆည်းပေးမယ်"
ခေါင်လေးသည် ကိတ်မုန့်ကိုလက်တစ်ဖက်ဖြင့်သာပြောင်း ကိုင်လိုက်ပြီး နှိုင်း ပါးပြင်ပေါ်မျက်ရည်စီးကျလာသည့် မျက်ရည်ကို လက်မလေးဖြင့် ဖယ်သုတ်ပေး၏။
ဒီမောင်က နှိုင်းအတွက် အရာအာလုံးပုံအောပြီး ချစ်ခဲ့တာ ယုံစေချင်သည်။ တိတ်တိတ်လေး ငိုကျွေးဖို့ကြိုးစားနေသည် ထက် မကျေနပ်ကြောင်းပြောပြီး ရင်ကိုတဘုန်းဘုန်းထုလို့ ငိုကျွေးစေချင်၏။ အချစ်ကြီးချစ်ကြသူတွေမို့... ကိုယ်ချစ်ရသူအပေါ် စိတ်ဆင်းရဲမူတွေမပေးပဲ ဖြစ်သမျှ တစ်ယောက်တည်းသာခံစားချင်ကြတာကို သိပေမယ့်လည်း
ကိုယ်ကပဲဆိုးနေရသူမို့.. ကိုယ့်အပေါ်လဲ ပြန်ဆိုးစေချင်တာ အမှန်ပင်။
"မောင့်ကိုပဲ လိုချင်တယ်...မောင့်အချစ်တွေကို တစ်ယောက်တည်းပဲပိုင်ချင်တယ်...အတ္တကြီးတယ်လို့ ပြောလဲခံမယ်....ဘယ်သူဘာပြောပြောခံမယ်.....မောင့်အချစ်တွေသာရှိနေရင် .... ပြည့်စုံပြီ...ဘာမှမလိုချင်ဘူး... "
ခပ်တင်းတင်း ဖက်လာတဲ့လက်တွေနဲ့အတူ ရင်ခွင်ထဲ တိုးလာတဲ့ခေါင်းလုံးလုံးလေ။ငိုသံလေးစွတ်လို့ ပိုင်ဆိုင်ပြီး သား မောင့်အချစ်တွေကို ဘာလို့မပိုင်ဆိုင်သူလို့ တောင်းခံနေရတာလဲ။ ခေါင်လေးသည် နှိုင်းဆံနွယ်တွေထဲ
ခေါင်းနစ်ကာ... မငိုပါနဲ့လို့မတာရဲ။ လက်တစ်ဖက်က ကိုင်ထားတဲ့ကိတ်မုန့်လေးကြောင့် လက်တစ်ဖက်လုံး ညောင်းညာလာသည်ကိုပေတေခံကာ ရင်ခွင်ထဲက
နှိုင်းအငိုတိတ်အောင် နွေးထွေးမူပေးရသည်။
"မောင့်အချစ်တွေအားလုံးက နှိုင်းတစ်ယောက်တည်း အတွက်ပဲ "
ခပ်တိုးတိုးလေး သူပြောတော့ မော့ကြည့်လာတဲ့ နီရဲရဲ ပန်းသီးလုံးလေး မြတ်နိုးစွားဖြင့် နဖူးလေးကို မနာအောင် ဖွဖွတိုက်လို့ လက်လေးကိုဆွဲခေါ်ကာ မီးဖိုခန်းဘက်ခေါ်ခဲ့
သည်။
"မောင်... ဒါတွေက... !"
ဘယ်တုန်းက ပြင်လိုက်သည်လဲမသိ ။အခန်းထဲမှာ မိုးပျံပူပေါင်းလေးတွေရှိနေကာ နှစ်ယောက်စာ စားပွဲဝိုင်းလေးမှာ လှလှလေးပုံဖော်ထားသည့် အစားအသောက်တွေနဲ့ မပါမဖြစ်ဝိုင်ခွက်တို့ရှိနေသည်။
"ဘယ်တုန်းက လုပ်လိုက်တာလဲ မောင်က "
"မောင်လုပ်တာမဟုတ်ဘူး.... hotelကို မှာလိုက်တာ။ ကိုယ်တိုင်လုပ်ဖို့ ကြိုးစားသေးတယ်.. နှိုင်းမီးဖိုချောင်လေး
ပြာဖြစ်မဲ့ကိန်းမြင်သွားလို့... hotelကိုပဲမှာလိုက်ရတာ "
မဟုတ်သေး...သိချင်တာက သူလုံးဝမရိပ်မိအောင် မောင်ဘယ်လိုတောင်လုပ်တတ်တာလဲဆိုတာ။
"ဆယ့်တစ်နာရီလောက်က လာပြင်ပေးသွားတာထင်တယ်။ အသံမထွက်နဲ့ ကျွန်တော်တံခါးသော့မခက်ထားဘူး တိတ်တိတ်လေး လုပ်သွားပေးလို့မှာလိုက်တာ ...
နှိုင်းပျော်ပြီး အံ့ သြသွားအောင်လုပ်ချင်တာ...ဒါပေမယ့် နှိုင်း က ငိုနေတော့....... မောင်ကြိုပြောခဲ့သင့်တာကို"
ပြောပြနေရင်း အသံနိမ့်ဝင်ပြီး ခေါင်းငုံ့သွားတဲ့ကောင်ကလေး။ ကျွန်တော်ဘာဖြစ်နေတယ်..ဘာတွေခံစားနေရလဲ ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သိတဲ့ကောင်လေး ။
"မောင်... ငါ တောင်း..."
"ဟင့်အင်း မတောင်းပန်နဲ့... ကျွန်တော်တို့ တောင်းပန်စကား တွေ မပြောပဲနေကြရအောင်။ အဓိက မှားနေတာ ကျွန်တော်
ဆိုပေမယ့်... တောင်းပန်ရတာကို မုန်းလာပြီနှိုင်း... နှိုင်းတစ်ခါတောင်းပန်ရင် မောင့်ကိုယ်မောင် တစ်ခါ ပိုမုန်းတယ် "
နှိုင်းသည် ပျော်ရွှင်စရာမွေးနေ့လေးကို ဝမ်းနည်း စရာ ဖြစ်အောင်လုပ်မိသွား၍ စားပွဲတွင်မထိုင်သေးပဲ သူ ကျေနပ်အောင် ရှင်းပြနေသော ကောင်လေး၏ ခါးမှလက်လျ်ိုသွင်းလို့ ကျောပြင်ကျယ်၌ ပါးပြင်ကို
ကပ်ထားလိုက်သည်။အချစ်တို့ကတစ်ဦးကိုတစ်ဦး ပိုတိုးလို့စီးဆင်းသွားသည်ကိုသတိထားမိသည်။ ထို့ နောက် နှစ်ဦးကြားစကားသံတိတ်ဆိတ်သွားခဲ့ပြီး သိပ်မကြာ မောင့်ခန္ဓာကိုယ်လေး တသိမ့်သိမ့် တုန်လာတာ ကို နှိုင်း ခံစားမိလိုက်သည်။ ဒါကဘာလဲ ကျွန်တော်ကြောင့် မောင်ငိုတာလား.....။
"မောင်... "
"အင့် "
နှိုင်းတိုးတိုးလေး ခေါ်တော့ ခေါင်လေးတစ်ယောက် လက်ကိုကိုက်ပြီး ရှိုက်သံမထွက်အောင် ထိန်းထား သည့်ကြားက အသံထွက်ဖြစ်အောင်ထွက်သွားသေးသည်။
"မောင်... ငါ မငိုတော့ဘူးလေ...မောင်လည်းမငိုပါနဲ့နော်"
တောင်းပန်စကားဆိုချင်ပေမယ့်လည်း ကိုယ့်ကိုယ့်ကိုယ် ပိုမုန်းမည်ဟုဆိုသော ချစ်ရသူကြောင့် မဆိုရဲပေ။ နောက် ကျောမှဖက်ထားတာကိုလွှတ်ပြီး မျက်နှာကိုမရမက
လိုက်ကြည့်တော့ မျက်ရည်တွေကိုမမြင်စေချင်သည့်အလား ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်နေသည်။
"မောင်... ငါ မှားပါတယ်... ဝမ်းမနည်းတော့နဲ့နော်"
"အင့်... ဝမ်းနည်းတယ်... ဟင့်... ရွှတ် "
ထိန်းနေသည့်ကြားကမထိန်းနိုင်တော့၍ထင်..
မောင်က အမှန်တကယ်ပင်မျက်ရည်ပိုးပိုးပေါက်ပေါက် ကျလို့ငိုလေပြီ။
"မောင်ရယ်... ငါ တောင်း....ကျစ်....ငါ မောင်ကြိုတင် ပြင်ဆင်းထားသလိုပဲအရမ်းအံ့သြသွားတယ်လေး ပြီးတော့ အရမ်းပျော်တယ်... ငိုလဲမငိုတော့ဘူး...မောင်လည်း မငိုနဲ့တော့လေ "
ထိုအခါ ငိုနေရာမှ ခဏရပ်သွားပြီး သူ့မျက်နှာကိုကြည့်လျက် ထပ်ငိုပြန်ပါ၏။ မောင်ဘယ်တုန်းက ဒီလောက်ထိမျက်ရည်
လွယ်တတ်သွားတာလဲ မသိပေ။
"မောင်... "
"အင့်...မွေးနေ့တူတူပဲကို... သူ့ကိုကျတော့ Bd wishလဲ လုပ်ပေးပြီးပြီ... လက်ဆောင်တွေလဲပြင်ထားတယ်။ ညသန်ခေါင် မအိပ်ပဲ Dateလုပ်ဖို့ စီစဉ် ပေးထားတယ်။
သူကျတော့ သူကျတော့...Happybirthday လို့ တစ်ခွန်းမပြောဘူး... သူမှာပဲ စိတ်ရှိတာကျလို့။ သူပဲ အချစ်တွေလိုချင်နေတာကျလို့ ။ ဒီကောင်ကပဲ အသဲနှလုံးမရှိတဲ့သူလိုလို... ဘာလိုလိုနဲ့.....ပြောပြော ...
တစ်ယောက်တည်း ချစ်တတ်နေတာ
မပင်ပမ်းသေးဘူးလား.... ဘယ်တော့မှဒီကောင်ကို ချစ်တတ်ဖို့ အလှည့်ပေးမှာလဲ.... မတရားလိုက်တာ အီး...."
ဒလဟော ကျလာတဲ့မျက်ရည်တွေ။နှိုင်းမှာ ငိုရမည်လား ရယ်ရမည်လားမသိတော့... ကြည့်ပါဦး... ကျွန်တော့် အသဲနှလုံး လေးက ကျွန်တော့်ကြောင့် ငိုတာတဲ့လေ။
အသဲမာပြီးတော်ရုံမငိုတတ်တဲ့ ကျွန်တော့်အသဲနှလုံး လေးက ကျွန်တော် bd wishလုပ်မပေးလို့ိုတာတဲ့။ စကြာဝဋ္ဌာတစ်ခွင်ကို အော်ဟစ်ကာ ကြွားလိုက်ချင်သည်။ ကျွန်တော့်မောင်က ကျွန်တော့်ကို သိပ်ချစ်တာလို့...အဲ့ဒီစကားကို ရဲဇော်နှင့်နွေးနွေးငြိမ်းအောင် ကို အဓိကကြားစေချင်သည်ဆို ယုတ်မာရာ ကျမည်လား။ ကျချင်လဲကျပါစေတော့ တစ်နေ့နေ့တော့ မောင့်လက်ကို
ဆုပ်ကိုင်ပြီး ကြွားဖြစ်အောင်ကြွားလိုက်ဦးမည်။
နှိုင်းသည် ငိုနေသည့်မောင့်ကိုဘာမှမပြောပဲ ဘီရိုထဲ ဖွက်ထားသည့် ကိတ်မုန့်လေးကို ယူလိုက်ပြီး မီးညှိလိုက်၏။ သူလုပ်သမျှ လိုက်ကြည့်နေသည့်မောင်က ကိတ်မုန့်မြင်တော့ ချက်ချင်းအငိုတိတ်သည်။ တကယ့်
ခလေးဆိုးလေးလိုပင်။
"Happybirthday မောင်... ပထမဦးဆုံး
ပြောချင်ခဲ့ပေမယ့် ပထမဆုံးဖြစ်ခွင့်မရလို့ ဝမ်းနည်းပြီး ငိုမိတာကို ခွင့်လွှတ်ပေး...မျက်လုံးလေးမှိတ် ဆုတောင်းလိုက်မောင်.. မောင်ဖြစ်ချင်တာမှန်သမျှ နှိုင်း
ဖြည့်ဆည်းပေးမယ် "
ခေါင်လေးသည် မျက်နှာလေးမဲ့တဲ့တဲ့ဖြင့် မျက်လုံးလေး မှိတ်ပြီးလက်အုပ်လေးချီထားကာ....
"ကျွန်တော် နှိုင်းကိုအရမ်းချစ်ပါတယ် ။ဤမှန်သော သစ္စာစကားာကြောင့် နှိုင်းကျွန်တော့်အပေါ် ကလေး တစ်ယောက်လိုအပူအပင်မရှိ ပွင့်ပွင့်လင်းလင်း
စိတ်ဆိုးစိတ်ကောက် ချွဲနွှဲ့ပူဆာတတ်လာပါစေ"
ဆုတောင်းပြီး ခေါင်လေးက ဖယောင်းတိုင်တွေကို မှုတ်လိုက်သည်။ ပြီးနောက် နှိုင်းကိုဝမ်းနည်းစေသည့်အရာ အား ဖြေရှင်းဖို့ကြိုးစားလိုက်၏။
"နွေးနွေးနဲ့ရဲဇော်က အကျင့်ပါနေလို့ပါတဲ့။ မှတ်ထားတဲ့ရက်စွဲကိုမဖျက်မိသေးလို့...ဆက်လိုက်တာတဲ့ ဒီတစ်ခါ နောက်ဆုံးလို့....ပြောတယ်။ သူငယ်ချင်းနဲ့ မောင့်အပေါ်အနွံတာ ခံတဲ့သူ ဆိုပေမယ့်...နှိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေရင်... မောင်မဆက်သွယ်ပဲနေပါ့မယ်"
"မဆက်သွယ်ခိုင်းတာမဟုတ်ဘူးမောင်ရာ... ငါမင်းအတွက် ပထမဆုံး bd wishလုပ်ချင်ရုံလေး။ သူတို့ကိုမလုပ်နဲ့ လို့လဲမပြောဘူး... အနဲဆုံးတော့ မနက်လောက်မှဖြစ်ဖြစ်
လုပ်ပေါ့....အခုဟာက.. ငါ့ချစ်သူငါ Happybirthdayလို့ပြောချင်တာတောင် သူတို့ပြောတာက်ိုအရင်စောင့်ပေးနေရတယ်။ ငါသိပါတယ်... သူတို့က မောင့်အတွက်အရေးပါတာကို... ဒါပေမယ့်.. "
"အင်... သိပြီ... သိပြီ ရပြီ နားလည်သွားပြီ။ မဟုတ်တာတွေ မေ့လိုက်တော့... "
"နေဦး... မပြီးသေးဘူး"
"မရဘူး...ခဏလေ မောင့်ဆုတောင်းကို အခုမဖြည့်သေးနဲ့ ...နောက်မှဖြည့်... အခုချော့တတ်အောင်လေ့ကျင့်ရဦးမယ်"
စကားအရှည်ကြီးပြောလျက် နှိုင်းတကယ်ရစ်ဖို့ပြင်တော့ မျက်လုံးဟိုရွှေဒီရွှေ့နဲ့ မောင်က ချစ်စရာသိပ်ကောင်းသည်။ ညသန်ခေါင်ကြီးထပြီး bd wishမလုပ်ရလို့ စိတ်ကောက်တဲ့ကောင်လေးနဲ့ ငိုတဲ့ကောင်လေးကို
ကြည့်ပြီး ချမ်းအေးလွန်းတဲ့ဆောင်းမှာ လမင်းကြီးကတော့ တစ်ကိုယ်ထဲအထီးကျန်လို့နေ၏။
"အခုမှကြည့်မိတယ် နှိုင်းကိတ်နဲ့မောင့်ကိတ်က အတူတူပဲ "
"ဟုတ်သား... အသဲတစ်ခြမ်းတွေကြီးပဲ "
စိတ်ချင်းဆက်ကံကြမ္မာရေစက်ဆိုတာဒါမျိုးဖြစ်မည်။ နှစ်ယောက်ပေါင်းမှ အသဲတစ်ခုပြည့်သည်မို့...တစ်ခြမ်းပဲ့နေတဲ့အသဲတွေက်ိုဆက်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မဝစွာ ကြည့်မိကြသည်။
" အသဲတစ်ခြမ်းပေးပြီး ကျန်တဲ့ အသဲတစ်ခြမ်ကို နှိုင်းဆီက မွေးနေ့လက်ဆောင် တောင်းမယ်ဆိုတဲ့...စိတ်ကူးနဲ့ "
"တူတူပဲ မောင် "
နီးကပ်လွန်းသည့်အနေအထားမှာ ဝင်သက်ထွက်သက် တောင်ရိုက်ခတ်လို့နေပြီ။ ခေါင်လေးသည် ကိတ်ပေါ်မှ Creamကို လက်ညိုးလေးနှင့်တို့ပြီး နှိုင်းနှားခေါင်း လေးကို သုတ်လိုက်ပြီး ပိုးတုံးလုံးလေးအား အသဲယားကာ ရယ်လေသည်။ ထိုအခါ နှိုင်းကလည်း
အားကျမခံ creamတွေကို လက်ငါးခြောင်းအပြည့်တို့လျက် မောင့်မျက်နှာအနှံ့ကို သုတ်လိုက်၏။
"မလုပ်နဲ့လေ "
"သူကျတော့လုပ်ပြီး... မရပါဘူး "
"ဟားဟ ...မလုပ်နဲ့ဆို "
"အာ...မောင် "
ဒီလိုနှင့် သူသုတ်ကိုယ်သုတ်ဖြင့် နှစ်ယောက်လုံးရဲ့မျက်နှာတွေရော ဆံပင်တွေရော အကျႌတွေပါမကျန် cream အနီရောင်တွေပေပွကုန်၏။ အသဲပုံကိတ်
လေးမှာ သူတို့လက်ထဲရောက်မှဆော့စရာလား...စားစရာလားမသဲကွဲတော့။အချိန်အတော်ကြာပြီး....မောသွားကြမှ ခေါင်လေကနီရဲရဲလက်ဖဝါးဖြင့် နှိုင်းမျက်နှာလေးကို ကိုင်ကာ အနီးသို့ တိုးလာစေကာ...
"အရမ်းချစ်တယ် နှိုင်း... ကျွန်တော်ခင်ဗျားကို အရမ်း ချစ်တယ်...အချစ်လွန်ပြီး နှလုံးသားတောင် ပေါက်ထွက် တော့မလ်ိုပဲသိလား"
"မောင် ဒီနေ့ စကားအရမ်းများတယ်"
"မကျေနပ်ဘူး လား "
"မကျေနပ်ဘူး "
"အာ့ဆ်ို တစ်ညလုံးစကားထိုင်ပြောမယ် ဘာလုပ်ချင်လဲ ပြော! "
မေးလေးတငေါ့ငေါ့ ဖြင့်ရန်တွေ့နေပုံက ဖဲ့ကိုက်ဆွဲချင်စရာ ကောင်းနေသော်လည်း ပေနေတဲ့ creamတွေကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် နှိုင်းကအလိုမကျစွာ
မှုန်ကုပ်လိုက်သည်။ထိုအခါ ရန်တွေ့ကောင်းနေသည့် မောင်က ပြာပြာသလဲဖြစ်သွားပြီး.....
"နှိုင်း...ဘာ... ဘာဖြစ်လို့လဲဟင်"
"နမ်းချင်လို့... နမ်းခံဖို့စောင့်နေတာကြာပြီ... မနမ်းသေးလို့မူနေတာ... "
"သြော်... ဟုတ်လား... ပြန်မူပြပါဦး "
မျက်ခုံးလေးတွေတွန့် နှုတ်ခမ်းရဲရဲလေးဆူလို့
မှုန်ကုပ်ကုပ်ပုံစံထပ်လုပ်ပြတော့ အနီရောင်creamတွေနဲ့ နှိုင်းက ကြောင်ချီးရုပ်လေးအတိုင်း ။သို့ပေမယ့် ချစ်စရာကောင်းမူကနဲနဲမှပျောက်မသွားတာမို့ Creamတွေပေကျံနေသည့်လက်ဖြင့်ပင် ငါးပူတင်းမျက်နှာလေးကိုဆွဲယူပြီး မက်မောစွာ
နမ်းရှိုက်လိုက်၏။ ချိုစိမ့်နေတဲ့ creamအရသာကို အရင်ကသိပ်မကြိုက်လို့မစားဖြစ်ပေမယ့်... ဒီနေ့တော့ နှိုင်းမျက်နှာမှာပေးကျံနေတဲ့ နီနီရဲရဲတွေ မကုန်စင်မချင်း
သူအနမ်းတို့ဖြင့် နူးနူးညံ့ညံ့ ဖယ်ရှားပေးနေမိပါသည်။
.....................
Love you all💚💚💚💚
.................................................................
Zawgyi
စတင်ခဲ့သည်။
အဖြစ်က တကယ်ရင်နာစရာ။
Ring!!!
"Ph လာနေတာလား "
"အင်.. "
ကိုယ် ပထမဆုံး Happybirthday လို့ ပြောမယ့်သူက ကိုယ်ကိုယ်တိုင်ပဲဖြစ်ချင်တာပေါ့။ ဆိုင်သူကိုယ်စီရှိနေ
"Hello"
"....."
"အင် နိုးပြီ...အင်အင် "
ဝင်လာပြန်တဲ့ဖုန်း ။
"အေ.. ရဲဇော် "
အောင်သက်သက်ဖြင့်မွန်းကျပ်လာသည်။ ဖြစ်နိုင်ရင်
ကျောပေးအိပ်နေသော သူ့ကိုအသာလှုပ်၍နှိုးနေ၏။
ဆုပ်ကိုင်စဉ် အေးစက်စက်အထိအတွေ့ကိုခံစားလိုက်ရသည်။
သည်ကို သတိထားမိလျှင် ....
ခက်သည်။
ကြီးလာလေပြီ။supriseလုပ်မလို့လား။မမျှော်လင့်ရဲ
မဟုတ်သည့်အတိုင်းပင်။ ခက်တယ်မောင်ရယ်....... ။
ချပ်...ချပ်... ချပ်
တရိပ်ရိပ်ထင်းသည်။ ရင်ထဲက လှိုင်းထလာတဲ့
"အင် "
"ဖူး"
နေ၏။