ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၂ ( ၇ - ၁၂ )

7.9K 962 54
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 32
Chapter. : 7 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၂၊ အခန္း ၇။ မင္းကုိ ပိုၾကိဳက္တယ္

အထဲတြင္ တစ္စံုတစ္ခုၿဖစ္ပ်က္သြားမည္ကုိ
ရႊီရီ စိုးရိမ္ေနမိသၿဖင့္ အတြင္းေရးမွဴးမေလးအား အၿမန္ လုိက္ပုိ ့ေပးလုိက္ၿပီး ခ်က္ခ်င္း ေၿပးတက္လာေတာ့ခ်ိန္ ။

ဒီအခုိက္ သူ နားမီးေတာက္သြားရေတာ့သည္ ။
"က်ြန္မေနာက္ကြယ္မွာ ေနာက္မိန္းမတစ္ေယာက္နဲ ့
ရွင္ ေပြရႈပ္လုိ ့ကေတာ့ က်ြန္မလည္း ရွင့္ေနာက္ကြယ္မွာ တိတ္တိတ္ပုန္းသားတစ္ေယာက္ ေမြးပစ္ မယ္ မွတ္ထား"

ဒီတဒဂၤ၊ သူ ့ေခါင္းထဲ ခ်ာလပတ္ရမ္းသြားရေတာ့သည္...

ပြဲၾကမ္းကုန္ၿပီဟ...

ငါ အဲ့ဒီအတြင္းေရးမွဴးကိစၥ သြားရွင္းေနတာပဲ ေကာင္းမလား ။

....

"ဘာလို ့ ဒီေလာက္အေစာၾကီး ၿပန္လာတာလဲ ။ အေၿခအေန ဘယ္လုိလဲ" တစ္နာရီအတြင္း ၿပန္ေရာက္ရွိလာခဲ့သည့္ အတြင္းေရးမွဴးမေလးအား ေမးလာသူမွာ ရႊဲ ့လိ ၿဖစ္သည္ ။

အတြင္းေရးမွဴးမေလးက စိတ္လႈပ္ရွားစြာၿဖင့္ ၿပန္ေၿဖလာ သည္ ။
"အရမ္းကုိ ေခ်ာေခ်ာေမြ ့ေမြ ့ပါပဲ ။ သခင္ေလး ၉ က က်ြန္မ ထင္ထားသေလာက္ ေၾကာက္ဖို ့မေကာင္းဘူး၊ ၿပီးေတာ့ က်ြန္မကို တခါတည္း အစီရင္ခံစာတင္ၿပခြင့္ၿပဳတယ္ ။ စကားေၿပာေတာ့လဲ အရမး္ကုိ ႏူးညံ့တယ္ ။
က်ြန္မ သူနဲ့ အထဲမွာ ခနေလာက္ေလးပဲ ေနရေသးတယ္၊ အဲ့ဒီမိန္းမ ၿပန္ေရာက္ခ်လာလို့ေပါ့"

"လက္ေထာက္ဒါရုိက္တာ ရႊဲ ့...အဲ့ေနာက္ပိုင္း ဘာဆက္ၿဖစ္လဲသိလား ။ အဲ့ဒီမိန္းမကေလ တံခါးကို ကန္ဖြင့္ပစ္ၿပီးေတာ့ အခန္းထဲကို ၀ုန္းဒုိင္းၾကဲၿပီး ၀င္ခ်လာေတာ့တာပဲ ။ က်ြန္မတစ္သက္ ဒီေလာက္ေသြးဆူၿပီး ေၾကာက္ဖို ့ ေကာင္းတဲ့မိန္းမမ်ိဳး တစ္ခါမွ မေတြ ့ဖူးေသးဘူး - ဘီလူးမၾကီးအတုိင္းပဲ"

"သူမက ဘယ္ေလာက္ထိမ်ား ေဒါသကိုၿမဳိသိပ္ၿပီးေတာ့ ၾကိတ္မွိတ္သည္းခံ ေနမလဲ မွတ္တာ၊ ဒါေပမယ့္ လံုး၀ကုိ ေဒါသကို ၿမိဳသိပ္ထားတာမရွိဘူးရွင့္ ။ အခုေလာက္ဆုိ ေသခ်ာေပါက္ကို သခင္ေလး ၉ နဲ ့ ပြဲၾကမ္းေနေလာက္ၿပီ"

"က်ြန္မ ေယာက်္ားေလးေတြကုိ ေကာင္းေကာင္းသိတယ္ - အဲ့လိုၾကမ္းၿပ၊ ရမ္းၿပၿပီး မဆင္မၿခင္လုပ္တတ္တဲ့မိန္းမေတြဆုိ ေယာက္်ားေတြက အေသမုန္းၾကတာခ်ည္းပဲ ။ အထူးသၿဖင့္
သခင္ေလး ၉ လို ေယာက်ာ္းပဲ။ အဲ့ဒီမိန္းမေတာ့ ေရွ ့ေလ်ွာက္ လံုး၀ကို ေအးေအးခ်မ္းခ်မ္းေနရေတာ့မွာ မဟုတ္ဘူး"

ထိုအတြင္းေရးမွဴးမသည္ ယံဳၾကည္ခ်က္အခုိင္အမာနွင့္ ေၿပာဆိုေနသၿဖင့္ ရႊဲ ့လိခမ်ာ စိတ္ထဲအလံုးၾကီး ပလံုခနဲ ၿပဳတ္က်သြားရေတာ့ၿပီ ။
"မင္းသာ တကယ္လို ့ သခင္ေလး ၉ ရဲ့အခ်စ္ကုိ ရနုိင္မယ္ ဆုိရင္ မင္းကို အရင္ကေပးထားတာရဲ့နွစ္ဆ ေပးမယ္"

အတြင္းေရးမွဴးမေလးသည္ ခ်က္ခ်င္းပင္ မ်က္လံုးတို ့ ၀င္းပသြားေတာ့ၿပီး ၀မး္ထဲတြင္ စိတ္အလုိမက် ေမွာင္မိႈင္းသြားရသည္ ။

သခင္ေလး ၉ ရဲ့ အခ်စ္ကုိ ရမွေတာ့ အဲ့ေလာက္ပုိက္ဆံေလး က ငါ့အတြက္ ဘာဟုတ္ေတာ့မွာလဲ၊ အဟတ္...။

သူတုိ ့နွစ္ဦး ရည္းစားၿဖစ္မည့္အေရး ေတြးကာ အတြင္းေရးမွဴးမေလး ေပ်ာ္ရႊင္ၾကည္ႏူူးေနမိစဥ္ ၊
ရုတ္တရက္ ရႊဲ ့လိ၏ဖုန္း ၀င္လာ၏ ။

တစ္ဖက္လူ၏ ေၿပာစကားကို နားေထာင္ၿပီးသည့္ေနာက္
ရႊဲ ့လိ၏မ်က္နွာမွာ ရုတ္ၿခည္း မည္းပုတ္သြားေတာ့သည္ ။

တခနၾကာၿပီးသည့္ေနာက္ ရြဲ ့လိ ဖုန္းကို ခ်ပစ္လုိက္ၿပီး မည္းပုတ္ေနသည့္ အမူအရာၿဖင့္ အတြင္းေရးမွဴးမေလးဘက္ လွည့္လာသည္ ။
"မင္းေၿပာေတာ့ ေခ်ာေခ်ာေမြ ့ေမြ ့ပဲဆုိကြ...ဒါလား
ေခ်ာေမြ ့တာ"

ရႊဲ ့လိ၏မည္းေမွာင္ေနသည့္ အမူအရာကို ၿမင္လုိက္ၿပီး အတြင္းေရးမွဴးမေလး၏ မ်က္နွာထက္က အၿပံဳးၾကီးမွာ
တန္ ့ခဲသြားၿပီး ဂရုတစိုက္ သူမ ေၿပာလာေတာ့သည္ ။
"လက္ေထာက္ ဒါရုိက္တာ ရႊဲ ့...ဘာ...ဘာၿဖစ္လုိ ့လဲ"

ရႊဲ ့လိ ။ "မင္းကို အလုပ္ၿဖဳတ္လုိုက္ၿပီကြ"

"ဘ-ဘာေၿပာလုိက္တယ္ ။ မၿဖစ္နုိင္တာ..."

....

တစ္ခ်ိန္တည္းမွာပင္ တစ္စံုတစ္ေယာက္ေသာမေကာင္းဆုိး၀ါးၾကီးသည္
ထုိ"ၾကမ္းတမ္း" ၊ "ရမ္းကား" ၿပီး "ဆင္ဆင္ၿခင္ၿခင္မရွိသည့္"
မ်က္၀န္းထဲ မီး၀င္း၀င္းေတာက္ေနသည့္မိန္းကေလးအား ၾကည့္ေနေလသည္ ။

ေဒါသထြက္လြန္းအားၾကီးၿပီး ဘီလူးဆုိင္းတီးၿပသြားခဲ့သည့္ ရီ၀မ္၀မ္သည္ သူ ့အတြက္ေတာ့ အစြဲညွိဳ ့ၾကီး ညိွဳ ့ေနေလ သေယာင္ေယာင္ ။

"က်ြန္မ ကိတ္ေရာ..."

"ခနေန ကိုယ္ ယူလာေပးမယ္"

"ဘာလုိ ့ ခနေနမွလဲ"

"..." မင္း ေဒါသထြက္ေနတာေလးကို နဲနဲေလာက္ ဆက္ၾကည့္ေနခ်င္ေသးလုိ ့ေပါ့ ။

တခနၾကာၿပီးသည့္ေနာက္ စီရီဟန္သည္ ကိတ္ကို ယူလာေပး ေတာ့မွ ရီ၀မ္၀မ္၏ေဒါသထုၾကီးမွာ တိမ္ေတြလုိ ခ်က္ခ်င္း လြင့္ၿပယ္သြား ေတာ့သည္ ။

စီရီဟန္ လက္ဖ်ားခါမိသြားရ၏ ။

"စားေကာင္းလုိက္တာ"

ရီ၀မ္၀မ္ တစ္ကုိက္ကိုက္ၾကည့္လုိက္ၿပီးေနာက္ သူမ၏မ်က္၀န္းတုိ ့မွာ ရႊန္းေ၀လာေတာ့သည္ ။

သူမေလး စားေနပံုကို စီရီဟန္ ၾကည့္ေနၿပီး ေမးလာသည္ ။
"ရုတ္တရက္ၾကီး ဘာလို ့ စားခ်င္သြားရတာလဲ"

ရီ၀မ္၀မ္သည္ အကိုက္အၾကီးၾကီးတစ္ကိုက္ ကိုက္ခ်ပစ္လုိက္ၿပီး ေၿပာလာသည္ ။
"မသိဘူး။ အရင္တုန္းကေတာ့ က်ြန္မ အယ္မြန္ေတြကို တကယ္မုန္းတာ၊ ဘယ္လုိၿဖစ္သြားတာလဲမသိဘူး၊ အခုတေလာ အရမ္းကုိ ခံတြင္းေတြ ့ေနတယ္"

စီရွားသည္ ဤကိတ္မုန္ ့ကို ၾကိဳက္သည္ကုိ သူမ အမွတ္ရမိလုိက္သည္ ။ သူတုိ ့ ေက်ာင္းတက္တုန္းက မိန္းကေလးေတာ္ေတာ္မ်ားမ်ားသည္
သူ ့အား အယ္မြန္ကိတ္ေတြ လာလာပို ့ေပးၾက၏ ။

"အင္း..."
စီရီဟန္၏မ်က္၀န္းတုိ ့ အနည္းငယ္ ၀င္းပသြားၿပီး
လ်ိဳ ့၀ွက္ခ်က္ေလးတစ္ခု အထဲတြင္ လွစ္ခနဲ ၿပန္၀င္သြားေလသည္ ။

တခနတိတ္က်သြားၿပီးေနာက္ ပန္းရနံ ့ေၾကာင့္ ၀ဲလာၾကသည့္လိပ္ၿပာတစ္ေကာင္လုိ မိန္းကေလး၏ပိုလုိ့ ပိုလို ့ ဆြဲေဆာင္မႈရွိရွိလာသည့္ မ်က္နွာေလးအား စူးစူးရဲရဲ
သူ ၾကည့္ေနမိေလရင္း ေမးလာ၏ ။
"တၿခား ေၿပာင္းသြားတာေရာ ရွိေသးလား၊ အၾကိဳက္..၀ါသနာ...အက်င့္.."

ရီ၀မ္၀မ္သည္ ထုိအေၾကာင္းကုိ စဥ္းစားၾကည့္လုိက္၏ ။
"အၾကိဳက္၊ ၀ါသနာ၊ အက်င့္လား ။ ေသခ်ာသတိမထားမိဘူး..."

စီရီဟန္သည္ အလြန္အမင္း အေလးအနက္ၿဖစ္လာသည္ ။
"ေသေသခ်ာခ်ာေလးစဥ္းစားၾကည့္ပါဦး"

ရီ၀မ္၀မ္သည္ သူမ၏ေမးေစ့ကုိ ပြတ္ကာသပ္ကာၿဖင့္ ေသေသခ်ာခ်ာ ဂရုတစုိက္ ေတြးေနသည္ ။
"အဲ...က်ြန္မ ရွင့္ကုိ ပိုပိုၿပီး သေဘာက်လာၿပီ - အဲ့ဒါေကာ ထည့္တြက္ လုိ ့ရလား"

စီရီဟန္ ။ "...အင္း"

............................................................

စာစဥ္ ၃၂၊ အခန္း ၈။ တစ္ေယာက္ေယာက္ကို ေၾကြၿခင္း

ရီ၀မ္၀မ္သည္ အခ်ိန္အၾကာၾကီးၾကာေအာင္ အေ၀းေရာက္ေနခဲ့သၿဖင့္
သူမ မရွိေနစဥ္အေတာအတြင္း ဒက္ဇလင္းတြင္ လုပ္စရာအလုပ္တုိ ့ တစ္ပံုတထပ္ၾကီး ပံုေနခဲ့ေလၿပီ ။

ညအေတာ္နက္မွ သူမ က်င္းဥယ်ာဥ္ကေန ၿပန္လာခဲ့ေတာ့၏ ။

ကားဂုိေဒါင္ကုိ ေရာက္မိလ်ွင္ေရာက္မိခ်င္း မသိစိတ္၏ေစ့ေဆာ္ခ်က္အရ
သူမ ေနရာတစ္ခုလံုးအား ေ၀့၀ိုက္ၾကည့္လုိက္မိသည္ ။

ေရွ ့ဆင့္ေနာက္ဆင့္ပင္ မ်က္ေမွာင္တုိ ့ ၾကဳတ္မိသြားရ၏ - တစ္စံုတစ္ေယာက္သည္ သူမအား အေမွာင္ထဲကေန စူးစုိက္ၾကည့္ေနသလုိ မသိစိတ္ကေန ခံစားမိေနၿခင္းေၾကာင့္ပင္ ။

ခုရက္ပုိင္းအတြင္း အလုပ္ပင္ပန္းလြန္းေနၿခင္းေၾကာင့္ ထင္ေယာင္ထင္မွား ၿဖစ္ေနမိၿခင္းဟုသာ
ရီ၀မ္၀မ္ စိတ္ထဲေတြးယူလုိက္ပါ၏ ။

ကားတံခါးကို ဖြင့္လုိက္ၿပီး ေမာင္းခ်သြားလုိက္ေတာ့သည္ ။

တုိုက္ခန္းဆီသုိ့ အၿပန္လမ္းတြင္ ကားတံခါးကို ဖြင့္လုိက္ၿပီး
သူမကုိယ္သူမ သတိရွိဖုိ ့ အေကာင္းဆံုးၾကိဳးစားလုိက္၏ ။

ညမိုက္ကာ ညဥ့္နက္ေနေခ်ၿပီ ။
ေကာင္းကင္ၿပင္ထက္တြင္ လေရာင္တုိ ့ဆမ္းေနၿပီး
ညေလသည္ တသုန္ၿဖဴးၿဖဴး တုိက္ခတ္ေနသည္ ။
သူမ အေတာ္ေလး စိတ္လြတ္လပ္ေပါ့ပါးသြားရ၏ ။

မေရွးမေနွာင္းပင္ ကားကုိ အရွိန္ေလ်ွာ့ေမာင္းလုိက္ေတာ့၏ ။ တဆက္တည္းပင္ လမ္းညႊန္ဆုိင္းဘုတ္ၾကီးတစ္ခုေၾကာင့္ ေခါင္းအၾကီးၾကီး စားသြားရၿပီး ရီ၀မ္၀မ္ မ်က္ေမွာင္တုိ ့ ကုတ္လာမိေတာ့သည္ ။

ေရွ ့တြင္ ကားမၿဖတ္ရဆုိသည့္ ဆုိင္းဘုတ္ၾကီး ရွိေနၿခင္းပင္ ။

ရီ၀မ္၀မ္ ေရြးခ်ယ္စရာမရွိေတာ့ဘဲ ၿပန္ေကြ ့လုိက္ၿပီး
ဘယ္ဘက္လမး္ေၾကာကေန ကပ္ေမာင္းလုိက္၏ ။

ကားလမ္းသည္ သိပ္မဆုိးလွသလုိ သူမလမ္းဘက္တြင္ ကားမ်ားမ်ားစားစား မရွိသၿဖင့္ ရီ၀မ္၀မ္သည္ သီခ်င္းဖြင့္ လုိက္ၿပီး ကားကုိ အရွိန္တင္ေမာင္းလုိက္ေတာ့၏ -
စကၠန္ ့ပိုင္းအတြင္း သူမ ေပ်ာက္ကြယ္သြားေလၿပီ ။

"၀ွစ္ခ်္"

ရုတ္တရက္၊ အရိပ္တစ္ရိပ္သည္ ရီ၀မ္၀မ္၏မ်က္လံုးထဲ ဖ်တ္ခနဲ ၀င္ေရာက္လာသည္ ။

ဘာၿဖစ္သြားသလဲ ရီ၀မ္၀မ္ မသိလုိက္ - တစ္ခုခုၾကီးၾကီးမားမားၾကီး ၿဖစ္ပ်က္သြားသလို အသံအက်ယ္ၾကီးတစ္သံကုိ ၾကားလုိက္ရသည္ ။

အမွတ္တမဲ့နီးပါးပင္ ဘရိတ္ကုိ အုပ္ခ်ပစ္လုိက္ပါ၏ ။ ကားသည္ အနည္းငယ္ ယိုင္ထုိးသြားၿပီး အနက္ေရာင္အစင္းၿခစ္ေၾကာင္းၾကီးတုိ ့ က်န္ကာ ဆယ္မီတာေလာက္တြင္ တံု ့ခနဲ ရပ္တန့္သြားသည္ ။

ဒီအခုိက္ ရီ၀မ္၀မ္ သူမ၏တဒိန္းဒိန္းခုန္ေနသည့္ ရင္ဘတ္အား ဖိထားမိသည္ ။

အခုနက သူမ အရိပ္တစ္ခုခုကို ေတြ ့လုိက္မိသလုိပင္...ဒါဆုိ...သူမ တစ္ခုခုကုိ ၀င္တုိက္မိသြားတာလား...

"အက္...အက္စီးဒင့္..."
ရီ၀မ္၀မ္သည္ လံုး၀အသိၿပန္မကပ္ေသးေပ ။

သူမသည္ အရွိန္လံုး၀ ေလ်ွာ့မေမာင္းထားေလရာ အခုနက အၿမန္ႏႈန္းနွင့္ တုိက္လုိက္မိသည့္အရွိန္အရဆုိ သံမဏိေခါင္း ၊ သံမဏိကိုယ္ရွိသည့္ သူ ပင္လ်ွင္ ေသခ်ာေပါက္ က်ိဳးပဲ့ၿပဳတ္ထြက္သြားမည္ပင္...

ဆယ္စကၠန္ ့ေလာက္ ၾကာၿပီးသည့္ေနာက္၊ ရီ၀မ္၀မ္သည္ ကားတံခါးကို အေလာတၾကီး ဖြင့္လုိက္ၿပီး ကားေပၚက ၿမန္ၿမန္ဆင္းသြားလုိက္သည္ ။

ေရွ ့ကားမီးနွစ္လံုးသည္ မွိတ္တုတ္မွိတ္တုတ္ လင္းေနၿပီး
အေရွ ့ကို ေကာင္းေကာင္းၾကည့္လုိ ့မရေတာ့ ။

ဒီအခုိက္ သူမကားအေရွ ့ၿခမ္းသည္ အခ်ိဳင့္ၾကီးခ်ိဳင့္၀င္သြားၿပီ ၿဖစ္ေၾကာင္းကို သူမ သတိၿပဳမိသြား၏ ။

"ငါေတာ့ ေသၿပီ..." ရီ၀မ္၀မ္ ကတုန္ကယင္ၿဖစ္မိသြားၿပီး စိုးရိမ္စိတ္ပူစြာၿဖင့္ ပတ္ခ်ာလည္ကုိ ေ၀့၀ဲၾကည့္လုိက္ပါ၏ ။

ရီ၀မ္၀မ္သည္ အနား၀န္းက်င္ကို ေ၀့၀ုိက္ၾကည့္လုိက္ ္ေသာ္လည္း ထူးဆန္းစရာေကာင္းေလာက္ေအာင္
ဘာကိုမွ ရွာမေတြ ့ခဲ့ေပ ။

ကားအေရွ ့ကုိ ၿမန္ၿမန္ပင္ ေလ်ွာက္သြားလုိက္ၿပီး ဖုန္းမီး ဖြင့္ၾကည့္လုိက္သလုိ ကိုယ္ကုိ ကုိင္းၿပီး ကားေအာက္ကို ဂရုတစုိက္ငံု ့ၾကည့္လုိက္မိ၏ ။

သူမ မ်က္လံုးတို ့ကို ရဲရဲမဖြင့္ၾကည့္ရဲပါေခ်။
သူမကားေအာက္တြင္ ေသြးအလူးလူးနွင့္ၿဖစ္ေနမည့္ လူေသေကာင္တစ္ေယာက္ေယာက္အား ေတြ ့ရမည္ကုိ စုိးေၾကာက္ေနမိခဲ့သည္ ။

သို့ေသာ္လည္း ဓာတ္ေငြ ့အနည္းငယ္ ယိုစိမ့္ေနၿခင္းကလြဲ၍
သူမ ဘာမွ မေတြ ့ေပ ။

"ဟမ္..." ရီ၀မ္၀မ္သည္ ခါးကို ၿပန္ဆန့္လုိက္ရင္း ေတြးေနမိ၏ ။

ငါ ၀င္တုိက္မိတာ လူမဟုတ္တာမ်ားလား ။

သို ့ေသာ္ ထပ္စဥ္းစားမိလုိက္ၿပီး တစ္ခုခုေတာ့ လြဲေနသလုိ ရီ၀မ္၀မ္ ခံစားမိေန၏ ။ တကယ္ကုိ ဘာမွမရွိေနေခ်ရာ ကားသည္ ေလကုိ ၀င္တုိက္မိၿခင္းေပေလာ ။ သို့ေသာ္ ၊ သူမသည္ ေခြးတစ္ေကာင္၊ ေၾကာင္တစ္ေကာင္ ကို ၀င္တုိုက္မိၿခင္း ဆုိလ်ွင္ေတာင္ သူမကားသည္ ဒီေလာက္ထိ ရုပ္ပ်က္ဆင္းပ်က္ၾကီး ခ်ိဳင့္၀င္သြားစရာ အေၾကာင္းမရွိ မဟုတ္ပါလား ။

သူမသည္ ေခြးတစ္ေကာင္ ေၾကာင္တစ္ၿမီးကို ၀င္တုိက္မိၿခင္း ဆိုပါကလည္း လူေသအစား တစ္ခုခုေတာ့ ေတြ ့ရေပ လိမ့္မည္...

"ၿခေသၤ့တစ္ေကာင္ ဒါမွမဟုတ္ က်ားတစ္ေကာင္ေကာင္မ်ား
ငါ ၀င္တုိက္မိတာလား" ရီ၀မ္၀မ္သည္ ပတ္ပတ္လည္အား ေ၀့၀ဲၾကည့္လုိက္မိသည္ ။

ဆင္ေၿခဖုန္းေဒသတြင္ ၿဖစ္လင့္ကစား
သူမ ၀င္တုိက္ရေလာက္ေအာင္ ေတာရုိင္းသတၱ၀ါတုိ ့ ရွိမေနသင့္ဘူးမလား...။

ရီ၀မ္၀မ္သည္ ကားခ်ိဳင့္ရာၾကီးကို ဂရုတစိုက္ ၾကည့္လုိက္မိၿပန္သည္ ။ ဒီခ်ိဳင့္ခြက္ၾကီးအရဆုိ သူမ ၀င္တုိက္ခဲ့သည္မွာ ေသခ်ာေပါက္ကို လူသာ ၿဖစ္ရေပမည္ ။ အသက္ၾကီးၾကီးလူတစ္ေယာက္ဟန္တူသည့္ ဆံပင္တုိ ့ တစ္ေခ်ာင္းစနွစ္ေခ်ာင္းစ ၿဖဴေနသည့္လူတစ္ေယာက္ကို သူမ အေစာက ၿမင္မိခဲ့သလုိလုိပင္ ။

............................................................

စာစဥ္ ၃၂၊ အခန္း ၉ ။ လႈပ္ရွားေနသည့္ လူေသေကာင္

ရီ၀မ္၀မ္ တုန္လႈပ္သြားမိသည္ ။
သူမ အရင္က ၾကည့္ခဲ့ဖူးသည့္ သရဲကားအေၾကာင္း ၿပန္ေတြးမိလုိက္ၿပီး ေၾကာက္လန္ ့တုန္ရီလာေတာ့သည္ ။

သ...သရဲမ်ား ၿဖစ္ေနမလား ။

"မဟုတ္ေလာက္ပါဘူးေနာ္"

သူမ၏ေနာက္ေက်ာဘက္ကေန ေအးစက္စက္ေလကို ခံစားမိလုိက္ၿပီး ၾကက္ေသြးေမြးညင္းတုိ ့ ေထာင္တက္လာေတာ့သည္ ။

တစ္ရာမီတာအၿမန္ႏႈန္းၿဖင့္ ရီ၀မ္၀မ္သည္ ကားတံခါးကို အၿမန္ဖြင့္လုိက္ၿပီး ကားထဲ၀င္ထုိင္လုိက္၏ ။

ကိုယ့္ကုိယ္ကုိ တည္ၿငိမ္နုိင္ေအာင္ အစြမး္ကုန္ၾကိဳးစား လုိက္ၿပီး ဖုန္းကုိ ထုတ္ကာ စီရီဟန္ကုိ ေခၚဖုိ ့ ေတြးမိသြား၏။ သုိ့ေသာ္ သူ စုိးရိမ္မွာလဲ စိုးမိေလသည္...

ထုိစိတ္ေၾကာင့္ ရဲကုိေခၚၿပီး ေၿဖရွင္းလုိက္တာသာ ေကာင္းမည္ဟု ေတြးမိလုိက္ၿပန္သည္ ။

"ရဲ နံပတ္က ဘာပါလိမ့္...ဟမ္..." ရီ၀မ္၀မ္သည္ ေခါင္းကို ေမာ့ၿပီး သူမကုိယ္သူမ တုိးတုိးေလး ေရရြတ္ေနမိသည္ ။

"ရဲက ၁၁၀ ၿဖစ္ေလာက္တယ္"

ရုတ္တရက္ၾကီး ႏူးညံ့ၿပီး ခ်ိဳသာသည့္ အသံတစ္သံသည္ ကားထဲတြင္ တလူလူ ပ်ံ ့လြင့္လာသည္ ။

"အာ..၁၁၀ က ၿပည္သူ ့လံုၿခံဳေရး၀န္ၾကီးဌာနပါ...ရဲက..."

ရီ၀မ္၀မ္ စကားမဆံုးလုိက္ခင္ သူမ၏မ်က္လံုးတို့ ခ်က္ခ်င္းပင္ က်ဥ္းက်ဳံ ့သြား ေတာ့သည္။ ကားထဲတြင္ ေနရာအက်ယ္ၾကီး သာ ရွိမေနပါလွ်င္ သူမ ခုန္ခ်မိေလာက္ေပၿပီ ။

ေခ်ြးေအးတုိ ့ပုတီးလံုးေလာက္ၿကီး ရီ၀မ္၀မ္၏နဖူးထက္ကေန ၿဖိဳင္ၿဖိဳင္က်ေနေလၿပီ ။
ေနာက္ၾကည့္မွန္ကေနတဆင့္ ရီ၀မ္၀မ္ ၿမင္လုိက္ရသည္မွာ ကားေနာက္ခန္းထဲတြင္ ထုိင္ေနသည့္လူငယ္တစ္ေယာက္ ။

ထုိလူငယ္သည္ နွင္းလုိၿဖဴေသာဆံပင္ ရွိၿပီး
ခါးအထိ ၀ဲက်ေနသည္။ သူ၏မ်က္ခံုးေအာက္က ၿဖာထြက္ေနသည့္မ်က္၀န္းတုိ ့သည္ တစ္ေယာက္ေယာက္၏ ၀ိဥာဥ္ကို ဖမ္းဆုပ္ပစ္ေတာ့မည့္အလားနွယ္ ။ သူ၏မ်က္နွာသည္ ေက်ာက္စိမ္းလုိ ၾကည္လင္နုမြတ္ေနၿပီး မ်က္လံုးတို့သည္ ၾကယ္ပြင့္ေတြလုိ လင္းလက္ေနသည္။ ဒီအတုိင္း ၿငိမ္ၿငိမ္တိတ္တိတ္ေလး ထုိင္ေနၿခင္းကပင္လ်ွင္ အလြန္အမင္းခန္ ့ထည္ပံု ေပၚလွ၏ ။

သူ၏ခန့္ထည္လွသည့္မ်က္၀န္းတို ့သည္ ရီ၀မ္၀မ္ ေပၚ က်ေရာက္လာၿပီး အၿပံဳးေရးေရးေလး ၿပံဳးၿပလာသည္ ။

ဤလူသည္ ပန္းခ်ီကားထဲက ခုန္ထြက္လာသလား ေအာက္ေမ့ရသည္ - သူ ့အေရာင္အ၀ါတုိ ့သည္ ထူးၿခားဆန္းၾကယ္လွၿပီး သူ ့အား ခုခံခြင့္မၿပဳဘဲ တပါးသူ၏၀ိဥာဥ္တုိ ့ကို စိတ္ယူသြားေတာ့မလား မွတ္ရသည္ ။

သုိ့ေသာ္၊ ရီ၀မ္၀မ္အတြက္ သူ ့အား ခ်ီးမြမ္းေနရမည့္အခ်ိန္ မဟုတ္ပါေပ ။ သူမသည္ အေနာက္ခန္းထဲက ထုိလူအား သရဲတစ္ေကာင္လုိ ၾကည့္ေနမိ၏ ။

"မိန္းကေလး...မင္း...ခုနက က်ြန္ေတာ့္ကုိ ၀င္တိုက္လုိက္တယ္"

ထုိေယာက္်ားသည္ တိတ္ဆိတ္မႈကုိ ၿဖိဳခြင္းလုိက္ၿပီး ၀ိဥာဥ္ကုိ ဆြဲထုတ္သြားေတာ့မည့္ မ်က္၀န္းတစ္စံုၿဖင့္ ရီ၀မ္၀မ္အား ၾကည့္လာကာ ရယ္ပ်ပ်ေၿပာဆုိလာသည္ ။

သူ ေၿပာၿပီးသြားသည့္ေနာက္ ရီ၀မ္၀မ္နား အေရွ ့သို့ ကပ္လာသည္ ။

သို့ုေသာ္ ၊ ဒီအခိုုက္မွာပင္ ရီ၀မ္၀မ္သည္ သူမ၏ရွိရွိသမ်ွအားကုန္ ထုတ္သံုးလုိက္ၿပီး မသိလုိက္မိဘဲ ထုိေယာက္်ား၏ၿပစ္မ်ိဳးမွဲ့မထင္သည့္ မ်က္နွာအား ထုိးခ်ပစ္လုိက္၏ ။

အခုလက္ရွိတြင္ ရီ၀မ္၀မ္၏စိတ္တုိ ့သည္ ခ်ားရဟတ္လည္သလုိပင္ ခ်ာလပတ္ရမ္းေနေလၿပီ - သူမသည္ အခုနကတင္ အရွိန္ၿပင္းၿပင္းၿဖင့္ လူတစ္ေယာက္အား ၀င္တုိက္ထားခဲ့သည္ မဟုတ္ပါလား ။

ယုတိၱရွိရွိေၿပာရလ်ွင္ သာမန္လူတစ္ေယာက္သာဆုိ ဒီေလာက္ထိ ၀င္တုိက္ခံရၿပီးလ်ွင္ အစိတ္စိတ္အမႊာမႊာၿဖစ္ေနေလာက္ေပၿပီ ။ သို့တုိင္၊ ဤလူသည္ကေတာ့ ၿခစ္ရာတစ္ခုပင္ ထင္က်န္ေနၿခင္း မရွိေလရာ....။

စကားတစ္ခု ရီ၀မ္၀မ္၏ေခါင္းထဲ ပ်ံ ့န့ံွလာသည္ ။ လႈပ္ရွားေနေသာလူေသ ။

ရီ၀မ္၀မ္သည္ ကားတံခါးကို ဖြင့္ၿပီး ထြက္ေၿပးဖုိ ့လုပ္လုိက္မိ၏ ။
သုိ့ေသာ္ ထုိေယာက်ာ္းသည္ သူမအား ၿပန္ဆြဲထားေခ်သည္ ။

"အစ္ကိုၾကီး...က်ြန္မ တမင္သက္သက္ လုပ္ခဲ့တာမဟုတ္ပါဘူး" ရီ၀မ္၀မ္၏မ်က္နွာမွာ သိသိသာသာေၾကာက္လန္ ့တုန္လႈပ္ေနေလၿပီ ။

"ဟုတ္လား...ရပါတယ္၊ နာတာမွ မဟုတ္တဲ့ဟာ"
ေႏြးေႏြးေထြးေထြး ၿပံဳးၿပေၿပာဆိုလာသည္ ။

"ရွင္...ဘာမွ မၿဖစ္ဘူးလား"
ေနာက္ဆံုးတြင္မွ ရီ၀မ္၀မ္သည္ အသိစိတ္ၿပန္ကပ္သြားၿပီး
ဘာတစ္ခုမွ ၿဖစ္ဟန္မရသည့္ ထုိလူအား ၾကည့္လုိက္မိ၏ ။

သို့ေသာ္လည္း သူ ဘာဒဏ္ရာမွကို မရေနသၿဖင့္ သူမ ေသေလာက္ေအာင္ ေၾကာက္ေနမိၿခင္းပင္ မဟုတ္ပါလား ။

လူသာဆုိလ်ွင္ အခုေလာက္ဆို ေသေနေလာက္ၿပီေလ ။ မေသဘူးဆုိရင္လည္း ဒဏ္ရာၾကီးၾကီးမားမားၾကီး ရေနေလာက္ၿပီ ။ သုိ့ေသာ္၊ ဒီလူသည္ကေတာ့ လံုး၀ကုိ ဘာမွမၿဖစ္ဘူးတဲ့လား ။

"ဒါေပမယ့္လုိ ့ ေနာက္တစ္ခါ ကားေမာင္းရင္ ဂရုစိုက္ၿပီး ေမာင္းဦး ။ ငါ့ကို ၀င္တုိက္မိလုိ့ မင္း ကံေကာင္းသြားတယ္ ္မွတ္ - တၿခားလမး္သြားလမ္းလာ တစ္ေယာက္ေယာက္ကို မ်ား ၀င္တုိက္မိသြားရင္ ဘယ့္နွယ့္လုပ္မလဲ"

ထုိေယာက်ား္သည္ စီနီယာအစ္ကိုၾကီးတစ္ဦးသဖြယ္ တတြတ္တြတ္ဆံုးမ ေနသည္ ။

"ဟုတ္ကဲ့ပါ ဟုတ္ကဲ့ပါ...အစ္ကုိၾကီးေၿပာတာ မွန္ပါတယ္...
ဒါနဲ့ အစ္ကိုၾကီးက လူလား သရဲလားဟင္"
ရီ၀မ္၀မ္ ဂရုတစုိက္ ေမးၿမန္းလုိက္သည္ ။

ထုိေယာက္်ားသည္ သူမေမးခြန္းေၾကာင့္ အံ့အားသင့္သြား၏ ။
"မင္း...ငါ့ကုိ သတ္လုိက္မိၿပီလုိ ့ ထင္ေနတာလား"

ရီ၀မ္၀မ္ မ်က္ေမွာင္တုိ ့ တြန္ ့ၾကဳတ္သြားရသည္ ။
ကားတုိက္မိပါတယ္ဆို...မေသဘဲေနမွာလား၊ ဟမ္ ။

...............................................................

စာစဥ္ ၃၂ ၊ အခန္း ၁၀ ။ ကားအက္စီးဒင့္

ဒီအခုိက္ ခါးထိေအာင္ရွည္က်ေနသည့္ ဆံပင္ရွည္နွင့္
ဤေယာက်ာ္းအား သူမ ၾကည့္လုိက္မိသည္ ။
သူသည္ သူမ ထင္ထားသလုိၿဖစ္ေနဟန္မရွိ...

အေစာနက ရီ၀မ္၀မ္သည္ ေတာ္ေတာ္ေလးတုန္လႈပ္ေနမိသၿဖင့္ ေသေသခ်ာခ်ာစဥ္းစားနုိင္မိၿခင္းမရွိခဲ့ေပ...

"က်ြန္ေတာ္က လူပါဗ်ာ...သရဲမဟုတ္ဘူး"
ထိုေယာက်ာ္းသည္ တုိးတုိးေလးရယ္ေမာေၿပာသည္ ။

ရီ၀မ္၀မ္ အံ့အားသင့္သြားရ၏ ။
"က်ြန္မ ခုနက ရွင့္ကို ၀င္တုိက္မိတာ မဟုတ္ဘူးလား"

ရီ၀မ္၀မ္သည္ ထိုဆံၿဖဴေယာက်ာ္းအား စုိက္ၾကည့္ေနရင္း
ပုိလုိ ့ပင္ ပေဟဠိၿဖစ္လာရသည္ ။

ကားကေတာင္ ဒီေလာက္ထိ ခ်ိဳင့္၀င္သြားတဲ့ဟာ၊
သူက အသက္ရွင္ေနေသးတုန္းလား ။

"နဲနဲေတာ့ နာတယ္" ဆံပင္ၿဖဴနွင့္ေယာက်ာ္းသည္ ေခါင္းညိတ္ကာ အၿပစ္တင္ဟန္ေၿပာလာ၏ ။

"ရွင္...ရွင္ အဆင္ေၿပပါတယ္ေနာ္ ။
ရွင့္ကုိ ေဆးရံုလုိက္ပို ့ေပးရမလား"
ရီ၀မ္၀မ္သည္ မ်က္ေမွာင္တုိ ့ တြန္ ့ၾကဳတ္ေနသည္ ။

"ဘာမွမၿဖစ္ဘူး ၊ ရတယ္"
ဆံပင္ၿဖဴႏွင့္ေယာက်ာ္း ေၿပာလာသည္ကား ၿပံဳးစစ ။

"ဒါဆုိ ေကာင္းတာေပါ့"
ရီ၀မ္၀မ္ ေခါငး္ညိတ္ၿပလုိက္ၿပီး ေနာက္ ေၿပာလုိက္သည္ ။ "အခု က်ြန္မကို ေလ်ာ္ေပးရမယ့္အလွည့္"

ရီ၀မ္၀မ္ ေၿပာသည္ကုိၾကားလုိက္ၿပီး ဆံပင္ရွည္ေယာက်ာ္း သည္ ပါးစပ္အေဟာင္းသားၿဖစ္သြားရသည္ ။
"မင္းက ငါ့ကို ၀င္တုိက္ၿပီးေတာ့ ငါ့ကို ၿပန္ၿပီးေလ်ာ္ေၾကး ေတာင္းေနတယ္..."

"အင္းေလ ။ က်ြန္မက ရွင့္ကို ၀င္တုိက္လုိက္မိတာ ဆုိေပမယ့္လို ့
ရွင္က လံုး၀ကို အေကာင္းၾကီးရွိေနတာပဲဟာ၊ ဒါေပမယ့္ က်ြန္မကားကက်ေတာ့.. စုတ္ၿပတ္သတ္သြားၿပီေလ"

ရီ၀မ္၀မ္သည္ ကားတံခါးကို ဖြင့္လုိက္ၿပီး ထုိဆံၿဖဴေယာက်ာ္းအား ဆြဲထုတ္လုိက္၏ ။
ဒီေနာက္ သူမ၏ကားကုိ လက္ညွိဳးထိုးကာ ။
"ဒီမွာ ၾကည့္ - ရွင့္ေက်းဇူးေၾကာင့္ က်ြန္မကား စုတ္ၿပတ္သတ္သြားၿပီ။ ဒီေတာ့ ပုိက္ဆံမေပးဘဲနဲ ့ ထြက္သြားမယ္မၾကံနဲ ့"

"မိန္းကေလး၊ ပုိက္ဆံေတြ ေငြေတြဆုိတာက ၿဒပ္၀တၴဳ သက္သက္ပဲ ။ မင္း ေသသြားရင္ ယူသြားလုိ ့မရဘူး၊ ေလာဘမၾကီးစမ္းပါနဲ ့လား။
ၿပီးေတာ့ က်ြန္ေတာ့္ဆီမွာ တစ္ၿပားမွမရွိဘူး"
ဆံၿဖဴနွင့္ေယာက်ာ္းသည္ ေခါင္းခါယမ္းၿပလာသည္ ။

"ဂရုမစုိက္ဘူး ။ ရွင္က က်ြန္မကားကုိ စုတ္ၿပတ္သတ္သြား ေအာင္ ဖ်က္ဆီးလုိက္တယ္ - ဒီေတာ့ ရွင္ ေပးကိုေပးရ မယ္"
ရီ၀မ္၀မ္က အတင္းေၿပာဆိုလုိက္၏ ။

"ဒီလုိမဆီမေလ်ာ္လုပ္တတ္တာကို မင္း ဘယ္ကေန တတ္လာတာလဲ"
ဆံၿဖဴနွင့္ေယာက်္ားသည္ ေၿမၾကီးေပၚတြင္ ၿမဲၿမံစြာရပ္ေနလ်က္
ရီ၀မ္၀မ္အား မယံုသကၤာၿဖင့္ ၾကည့္ေနသည္ ။

ရီ၀မ္၀မ္ မေၿပာရေသးခင္ ထိုဆံၿဖဴေယာက်ာ္းသည္ ရုတ္တရက္ၾကီး ရီ၀မ္၀မ္၏ေၿခေထာက္နား လဲွခ်ပစ္လုိက္သည္ ။
"မင္း...မင္း ငါ့ကို ဒဏ္ရာရေအာင္လုပ္တယ္ ။
ငါ့ကုိ ေဆးဖုိး ေပး..."

"က်ြန္မ ရွင့္ကို ဘယ္တုန္းက ဘာလုပ္မိလုိ ့လဲ"
ရီ၀မ္၀မ္၊ အူေၾကာင္က်ားၿဖစ္သြားရသည္ ။

"အခုနကေလ၊ ကားထဲမွာ...မင္း ငါ့ကို ထုိးလုိက္တယ္...။
ၿမန္ၿမန္ေလး၊ ေဆးဖိုးေပး ။ ငါ မရေတာ့ဘူး..."
ဆံၿဖဴနွင့္ေယာက်္ားသည္ အလြန္အမင္းၾကီး နာက်င္နာသည့္ဟန္ပင္ ။

ရီ၀မ္၀မ္ ။ "..."

ကားထဲမွာတုန္းက ငါ့ လန့္ၿပီးေတာ့ သူ့ကုိ ထုိးလုိက္မိတာပါ။ အဲ့ဒါကလည္း ဟုိးနာရီ၀က္ေက်ာ္ေက်ာ္ေလာက္ကေလ ။ အဲ့ဒါကုိ အခုက်မွလာၿပီးေတာ့ နာလို ့လာေအာ္ေနတယ္လား - ဒါက နဲနဲေတာ့ မလြန္လြန္းဘူးလား...ဟမ္ ။

"ေတာ္ၿပီ၊ ဟန္ေဆာင္မေနနဲ့ေတာ့ ။
က်ြန္မကားအတြက္ ေလ်ာ္ေၾကးလည္း မေပးနဲ ့ေတာ့" ရီ၀မ္၀မ္ သက္ၿပင္းခ်ကာ ေၿပာလုိက္သည္ ။

"အာ...မင္း ထုိးခ်က္က သိပ္မၿပင္းတာကို ခုမွပဲ သတိရမိတယ္။ ငါ အခု သက္သာသြားၿပီ...ဟဲဟဲ"
ဆံၿဖဴနွင့္ေယာက်ား္သည္ ေၿဖးေၿဖးခ်င္း မတ္တပ္ထရပ္လာသည္ ။

"ေအာ္..." ရီ၀မ္၀မ္ ရယ္ခ်လုိက္မိ၏ ။
"ဒီေတာ့ ရွင္ ဟန္ေဆာင္ေနတာေပါ့ေလ ။
ရွင္ အပ်က္အစီးအတြက္ ေပးရမွာက ေပးရမွာပဲ"

"အား...နာတယ္...နာတယ္
မခံနုိင္ေတာ့ဘူး.. အရမ္းနာတယ္ ။ မင္း ငါ့ကို အားအၿပင္းၾကီးနဲ ့ ထုိးလုိက္တယ္နဲ ့တူတယ္...။ ၿမန္ၿမန္ေလး၊ င့ါေဆးဖုိး ေပး..."
ဆံၿဖဴနွင့္ေယာက်ာ္းသည္ အလြန္အမင္းနာက်င္လြန္းဟန္ၿဖင့္ ေၿမၾကီးေပၚ ထပ္လွဲခ်ပစ္လုိက္ၿပန္သည္ ။

ရီ၀မ္၀မ္ ။ "..." ငါ အခုနတုန္းက ေသသြားေအာင္ ၀င္တုိက္ပစ္လုိက္ရမွာ...

ေနာက္ဆံုးတြင္ေတာ့ ရီ၀မ္၀မ္ခမ်ာ တစ္ေယာက္နွင့္တစ္ေယာက္ ေငြမညွစ္ၾကေတာ့ဖုိ ့အတြက္ ဆံၿဖဴေယာက်ာ္းနွင့္ ညွိႏႈိင္းယူလုိက္ရေတာ့၏ ။

ဆံၿဖဴေယာက်ာ္း သေဘာတူၿပီး မတ္တပ္ထရပ္လာေတာ့သည္ ။

"ဘာမွမရွိေတာ့ရင္ က်ြန္မ သြားေတာ့မယ္"
ရီ၀မ္၀မ္သည္ ကားထဲသုိ ့ တက္မည္အၿပဳ ။

ဒီအခုိက္၊ ဆံၿဖဴေယာက်ာ္းသည္ ရီ၀မ္၀မ္အား ဆြဲတားပစ္လုိက္သည္ ။
"မင္း ငါ့ကုိ ေလ်ာ္ရဦးမယ္ေလ"

"ဘာရယ္..." ရီ၀မ္၀မ္ ေရွာ့ရသြားရသည္ ။

ငါတုိ ့ သေဘာတူထားၿပီးၿပီ မဟုတ္ဘူးလား။
ဘာကိစၥ ထပ္ၿပီးေတာ့ ပုိက္ဆံေတာင္းေနရၿပန္တာလဲ ။

"လက္သီးကိစၥ ေက်သြားၿပီမယ့္လို ့ ကားတုိက္မိတဲ့ကိစၥက
မၿပီးေသးဘူးေလ ။ မင္း ေပးရမွာက ေပးရမွာပဲ"
ထုိေယာက်ာ္းသည္ ခုိင္ခုိင္မာမာၿကီး ေၿပာဆုိေနသည္ ။

"ရွင္ပဲ ဘာမွမၿဖစ္ဘူးဆို"
ရီ၀မ္၀မ္၏ႏႈတ္ခမ္းေထာင့္စြန္းတုိ ့သည္ တြန္ ့တက္ေနေလၿပီ ။

"အား...ငါ မခံနုိင္ေတာ့ဘူး ။ ကားတုိက္မိလုိ ့ ေသေတာ့မလားပဲ...မင္း ငါ့ကို ဒီေန ့ ေလ်ာ္ေပးရမယ္..."
ထုိေယာက်ာ္းသည္ အနာက်င္ၾကီးနာက်င္ေနဟန္ ၿဖင့္ တတိယေၿမာက္အၾကိမ္ ေၿမၾကီးေပၚ ပစ္လွဲခ်ပစ္လုိက္ၿပန္ ္သည္ ။

.........................................................

စာစဥ္ ၃၂၊ အခန္း ၁၁။ အကူအညီလုိလား

သူမအေရွ ့တြင္ရွိေနသည့္ အံ့ၿသစရာေကာင္းေလာက္ေအာင္ ထူးခ်ြန္သည့္ သရုပ္ေဆာင္ရွင္ၾကီးအား ၾကည့္ေနမိရင္း ရီ၀မ္၀မ္သည္ ပါးစပ္အေဟာင္း သား ၿဖစ္ေနမိသလုိ
သူ ့အား နာနာေလး နားရင္းပိတ္တီးပစ္ရရင္ ေကာင္းသားဟု ဆုေတာင္းေနမိေလၿပီ ။

ရီ၀မ္၀မ္ စကားတစ္ခြန္းပင္ မေၿပာရေသးခင္ SUV ကားၾကီးတစ္စီး သည္ သူတုိ ့နွစ္ေယာက္ရွိရာဆီ အၿမန္ႏႈန္းၿဖင့္ ေမာင္းခ်လာသည္ ။

ရီ၀မ္၀မ္နွင့္ဆံၿဖဴေယာက်ာ္းသည္ လမ္းလယ္ေခါင္တြင္ ရပ္ေနၿခင္း ၿဖစ္သည့္ တုိင္ ထုိ SUV ကားၾကီးသည္ အရွိန္နည္းနည္းမွကုိ ေလ်ွာ့မည့္ဟန္မရွိဘဲ အရွိန္ၿမွင့္သထက္ၿမွင့္လာၿပီး ရီ၀မ္၀မ္ဆီ တည့္တည့္ၾကီး ေမာင္းခ်လာေန သည္ ။

ခ်က္ခ်င္းပင္ ရီ၀မ္၀မ္သည္ အလင္းလို လ်င္ၿမန္သည့္ႏႈန္းၿဖင့္ အေနာက္သို ့ ဆုတ္ေရွာင္လုိက္လ်ွင္ ။

"က္်ီ"

SUV ကားသည္ လ်ွပ္တစ္ၿပက္အတြင္းမွာပင္ ရီ၀မ္၀မ္အား မတုိက္မိလုိက္ဘဲ ေက်ာ္ခ်သြား၏ ။
အရွိန္လံုး၀ ေလ်ွာ့မထားသၿဖင့္ ေၿမၾကီးေပၚ လွဲအိပ္ေနသည့္ ထုိဆံၿဖဴေယာက်ာ္းအား ၀င္တုိက္မိလုမိခင္အၿဖစ္...။

ခ်က္ခ်င္းပင္ ဆံၿဖဴေယာက်္ားသည္ မတ္တပ္ထရပ္လုိက္ ္သည္။ သူ၏လႈပ္ရွားမႈမွာ အင္မတန္လ်င္ၿမန္လွ၏ -
သူသည္ ကားကုိ ကပ္သီကာ ေရွာင္ပစ္လုိက္နုိင္ေလသည္ ။

ေနာက္တစ္စကၠန္ ့တြင္ SUV ကားသည္ ရပ္တန္ ့သြားၿပီး ကားတံခါး ပြင့္လာသည္ - အနက္ေရာင္၀တ္စံုနွင့္ေယာက်ာ္းသံုးေယာက္သည္ ကားထဲကေန ထြက္လာၾကသည္ ။

အဖြဲ ့၏ ေခါင္းေဆာင္ၿဖစ္ဟန္တူသည့္ တစ္ေယာက္သည္ အသက္သံုးဆယ္ ၀န္းက်င္ ၿဖစ္ၿပီး အမူအရာကင္းမဲ့ေနသည္ ။

ရီ၀မ္၀မ္အား ၾကည့္ရံုသာတစ္ခ်က္ၾကည့္လုိက္ၿပီး
သူ ့အေနာက္က လူနွစ္ေယာက္အား လည္ၿဖတ္ၿပသည့္အမူအရာ လုပ္ၿပလုိက္၏ ။

ဒါကုိ ၿမင္လုိက္ၿပီး ရီ၀မ္၀မ္၏မ်က္ေမွာင္တုိ ့ တြန္ ့ခ်ိဳးသြား ေတာ့သည္ ။ အေစာကတည္းက သူမအေနာက္ကို တစ္ေယာက္ေယာက္လုိက္ေနသလို သူမ စိတ္မသက္မသာ ေလးေလးမိႈင္းမိႈင္းၾကီး ၿဖစ္ေနခဲ့၏ ။ မၾကာခင္မွာပင္ သူမအား သတ္ခ်င္ေနၾကသည့္ထုိလူေတြ ေပၚခ်လာေခ်ၿပီ ။

"ရွင္တုိ ့ကုိ ခ်င္းရူရွီ လႊတ္လုိက္တာလား"
ရီ၀မ္၀မ္ ေမးၾကည့္လုိက္သည္ ။

အနက္ေရာင္၀တ္ေယာက်ာ္းသံုးေယာက္မွာ ေၾကာင္တိေၾကာင္ေတာင္ ၿဖစ္ကုန္ၾကၿပီး
တစ္ေယာက္က လႊတ္ခနဲ ေၿပာထြက္လာသည္ကား ။
"ဘယ္က ခ်င္းရူရွီလဲ"

သူတုိ ့၏အမူအရာအရ ညာေနၿခင္းၿဖစ္ဟန္ မတူေပ ။

ခ်င္းရူရွီ မဟုတ္ဘူး...
ရီ၀မ္၀မ္ ကိုယ့္ကိုယ္ကုိ ၿပန္ေၿပာေနမိသည္ ။

ခ်င္းရူရွီနွင့္ပတ္သက္ၿပီး ရီ၀မ္၀မ္ ေနာေက်ထားသည့္အတုိင္းဆုိပါလ်ွင္ ခ်င္းရူရွီသည္ သတိၾကီးၾကီးထားတတ္ၿပီး ဒီလုိအေၿခအေနမ်ိဳးကုိ ေရြးခ်ယ္လုပ္ၾကံတတ္လိမ့္မည္မဟုတ္ ။ ၿပီးေတာ့ အခုခ်ိန္တြင္ သူမသည္ ခ်င္းရူရွီအတြက္ ရန္စြယ္ရန္ပြားတစ္ခု ဟုတ္မေနေသးေခ်ရာ သူမကုိ သတ္ဖုိ ့ လူလႊတ္လုိက္သည္ ဆုိသည္မွာ ခ်င္းရူရွီအတြက္ လားလားမွ ယုတၱိမတန္ေပ...

သုိ့ေသာ္ ခ်င္းရူရွီ မဟုတ္ပါက သူမအား လူလႊတ္သတ္ခုိင္းသည္မွာ မည္သူေလနည္း ။

ရီ၀မ္၀မ္၏စိတ္တုိ့သည္ အေၿပးအလႊားစဥ္းစားေတြးေတာေန မိသည့္တိုင္ သူမ ဘာသဲလြန္စမွ စဥ္းစားၾကည့္လုိ ့မရေပ ။

အစတြင္ ဖန္ယီပင္းနွင့္စီမင္းလီမ်ား ၿဖစ္ေလမလားဟု ေတြးမိလုိက္၏ ။

သုိ့ေသာ္ ေသေသခ်ာခ်ာ ေယဘုယ်က်က် စဥ္းစားၾကည့္လုိက္ပါက က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိေသး ။ သူမသည္ ၿမန္မာၿပည္တြင္ ရွိေနစဥ္က ထုိလူနွစ္ေယာက္နွင့္ ကြိဳင္တက္ထားခဲ့ၿပီး သူတုိ ့အား လံုးလံုးအရွက္ခြဲထားခဲ့၏ ။ ဒီလုိအခ်ိန္မ်ိဳးမွာသာ သူမ တစ္ခုခု ၿဖစ္သြားခဲ့ပါက သူတို့သည္ ပထမဆံုး သံသယ၀င္ခံရမည့္သူမ်ား ၿဖစ္ၾကေပမည္ကုိ ကေလးကအစ ေခြးအဆံုး သိၾကေပသည္ ။ စီမင္းလီနွင့္ဖန္ယီပင္းတုိ့၏ ဥာဏ္ရည္အရ ဒီေလာက္မိုက္ရူးရဲဆန္သည္မ်ိဳးကုိ ဘယ္ေတာ့မွ လုပ္ၾကလိမ့္မည္ မဟုတ္ေပ ။

ရီ၀မ္၀မ္ စဥ္းစားေနခ်ိန္မရွိလုိက္ ။
အနက္ေရာင္၀တ္ထားသည့္ ထုိလူသံုးေယာက္သည္
ေရွ ့သို ့တုိးလာၾကၿပီး သူမအား ၀ိုင္းရံလာၾကသည္ ။

မ်က္ေတာင္တစ္မွိတ္အတြင္းမွာပင္ လူသံုးေယာက္သည္
သူမအား တစ္ၿပိဳက္နက္တည္း ၀ုိင္းတုိက္ခုိက္လာၾကသည္ ။

"ၿမန္လုိက္တာ..."

ရီ၀မ္၀မ္ အနည္းငယ္ အံ့အားသင့္သြားမိသည္ ။

ရီ၀မ္၀မ္သည္ပင္ ဖိအားတစ္ခုကို ခံစားမိရေလာက္ေအာင္ထိ ထုိလူသံုးေယာက္သည္ ေတာ္ေတာ္ေလးတုိက္ရည္ခုိက္ရည္ ေကာင္းၾကေခ်သည္လား ။

ထုိသံုးေယာက္သည္ တစ္ၿပိဳင္တည္း၀င္တုိက္ၾကၿခင္း ၿဖစ္သလုိ တုိက္ကြက္တစ္ခုခ်င္းစီတုိင္းသည္ သူမကုိ သတ္ဖုိ ့ ဦးတည္ေနၾကၿပီး လူသတ္ေငြ ့တုိ ့ ၿဖာထြက္ေနသည္ ။

အခုခ်ိန္တြင္ ဆံၿဖဴေယာက်္ားသည္ အနားတြင္ ရပ္ေနၿပီး သူ၏ၾကည္လင္ရွင္းသန္ ့သည့္မ်က္လံုးနွစ္လံုးသည္ ရီ၀မ္၀မ္၏ ခုခံတုိက္ခုိက္ေနၿခင္းအေပၚတြင္သာ အာရံုအၿပည့္စူးစုိက္ထားေနရာမွ သူ ့မ်က္ခံုးတို ့ ပင့္တက္လာသည္ ။

ဒီေကာင္မေလးရဲ့သုိင္းကြက္ေတြက...

"မင္း အကူအညီလုိလား"
ခနတြင္းခ်င္းပင္ ဆံၿဖဴေယာက်္ားသည္ အေရွ ့သို့ ့တက္လာၿပီး ရီ၀မ္၀မ္နား ကပ္သြားသည္ ။

"လုိတယ္"

ရီ၀မ္၀မ္က တဲ့တဲ့ရွင္းရွင္းပင္ ေၿပာလုိက္သည္ ။

"လုိတယ္..."
ထုိဆံၿဖဴေယာက်္ားက ေခါင္းတညိတ္ညိတ္လုပ္လာရင္း ။
"ဒါဆုိ ပိုက္ဆံေပးေလ ။ ပိုက္ဆံေပးမယ္ဆုိ မင္းဘက္က ကူေပးမယ္ - ဒီကမာၻေပၚမွာ အလကားရတာ ဘာမွမရွိဘူး ။ သေဘာတူလား"

ရီ၀မ္၀မ္ခမ်ာ ဆြံ ့အသြားရ၏ ။
သူမ်က္လံုးထဲ ပိုက္ဆံပဲ ရွိတာလား၊ ဟမ္။

"၁ သိန္း။ ၁ သိန္း ေပးရင္ မင္းကုိ ကူညီေပးမယ္ ။ ဘယ္လုိလဲ" ဆံၿဖဴနွင့္ေယာက်ာ္းသည္ ရီ၀မ္၀မ္နား တေကာက္ေကာက္လုိက္ရင္း တတြတ္တြတ္ ေၿပာေနသည္ ။

"၅ ေသာင္းကြာ၊ ဒီထက္ပိုၿပီးေတာ့ မေလွ်ာ့နုိင္ေတာ့ဘူး ။ ဒါက အနဲဆံုးပဲ ။ ေဒၚလာ ၅ ေသာင္း ေပးတာနဲ ့ မင္းကို ကူညီေပးမယ္"
ထုိေယာက်္ားသည္ အလ်င္အၿမန္ပင္ ေၿပာဆိုလာသည္ ။

"ေဒၚလာ ၁ ရာ" ရီ၀မ္၀မ္သည္ တုိက္ေနရင္းကေန မ်က္ေမွာင္ၾကဳတ္လ်က္ ေၿပာလုိက္၏ ။

"ေဒၚလာ ၁ ရာထဲလား ။ မင္း ငါ့ကုိ သူေတာင္းစား ေမာင္းထုတ္သလုိ ေမာင္းထုတ္ဖုိ ့လုပ္ေနတာလား"

ဆံၿဖဴေယာက်ာ္းမွာ ရီ၀မ္၀မ္နွင့္ ေၿပာဆုိေနရမည့္အစား ထုိအနက္ေရာင္ေယာက်္ားသံုးေယာက္စီ လွည့္သြားေတာ့ သည္ ။
"မင္းတုိ ့ေတြ အကူအညီ လုိလား ။ ငါ့ကုိ ၁၀ သိန္းပဲ ေပး...
ငါ မင္းတုိ ့ကို ဒီကိစၥ ကူေၿဖရွင္းေပးမယ္"

............................................................

စာစဥ္ ၃၂၊ အခန္း ၁၂။ အရွက္မဲ့လြန္းတယ္

ရီ၀မ္၀မ္ ။ "..."

ဒီေလာက္အရွက္မဲ့သည့္လူမ်ိဳး သူမတစ္သက္မွာ တခါမွ မေတြ ့ဖူးပါေခ်...

ထိုအနက္ေရာင္၀တ္ေယာက်ာ္းတုိ ့သည္ လူထဲကလူ ၿဖစ္ၾကေလရာ၊ ဆံၿဖဴေယာက်ာ္း၏အေၿပာကုိ ၾကားလိုက္ၿပီး အံ့အားသင့္ကုန္ၾကသည္ ။

"ထြက္သြားစမ္း"
သူတုိ ့ထဲက တစ္ေယာက္က ၾကိမ္းေမာင္းလာသည္ ။

"ဟာ...မင္းတုိ ့ ေသခ်ာစဥ္းစားၾကေနာ္"

"ဖယ္စမ္း...မဖယ္ရင္ မင္းကိုပါ သတ္ပစ္မယ္"

"အာ...အင္းပါ အင္းပါ၊ ေစ်းေလ်ွာ့ေပးမယ္ - ၁ သိန္း...ဘယ္လုိလဲ"

"..."

"ေဒၚလာ ၅ ေသာင္းကြာ - ထပ္ၿပီးေတာ့ေတာ့ မေလ်ွာ့နုိင္ေတာ့ဘူး"

"မင္း ေသခ်င္ေနတာလားကြ"

အနက္ေရာင္ေယာက်ာ္းသံုးေယာက္သည္ ထပ္ကသည္းခံနုိင္ၿခင္းမရွိေတာ့ ။ တစ္ေယာက္တစ္ေယာက္ မ်က္စပစ္ၿပလုိက္ၿပီး လမး္မွာရွိေနသည့္ အမိႈက္စကို အရင္ရွင္းထုတ္ပစ္မည့္ဟန္ၿဖင့္ ဆံၿဖဴေယာက်ာ္းဘက္
ခ်က္ခ်င္း ေၿပးသြားၾကေတ့ာသည္ ။

ဆံၿဖဴေယာက်ာ္းသည္ အၿပံဳးေရးေရးေလး ၿပံဳးၿပလာသည္ ။
"ဟာ...သိပ္ၿပီးေတာ့ ေစ်းမမ်ားပါဘူးဗ်ာ - မင္းတုိ ့ေတြ အသက္သံုးေခ်ာင္းကုိ ေဒၚလာ ၅ ေသာင္းထဲနဲ ့ ၀ယ္လုိ့ ့ရမွာေနာ္...အဲ.."

ရီ၀မ္၀မ္သည္ ထုိေယာက်္ားအား စိုက္ၾကည့္ေနမိေလသည္ ။
တကယ္ပဲ သူ ဘယ္သူလဲ ။

သူမ၏ကားမွာ စုတ္ၿပတ္သတ္သြားသည့္တုိင္
သူကေတာ့ ပကတိေကာင္းမြန္ေနဆဲမဟုတ္လား ။

တုိင္းၿပည္ Z ထဲတြင္ သုိင္းမိသားစုတစ္ခုစနွစ္ခုစ ရွိေနတတ္ၿပီး သူတုိ ့၏ခႏၶာကိုယ္သည္ အၿပင္းအထန္ ေလ့က်င့္ထားရၿခင္းေၾကာင့္ ခံနုိင္ရည္အား တစ္ခုထိ ေရာက္ေနေပၿပီဟု ေၿပာလုိ ့ရနုိင္သည္ ။
သို ့ေသာ္ သူ၏အသားအေရကေတာ့ ကားနွင့္တုိက္မိသည္ေတာင္ ဘာမွမမႈရေလာက္ေအာင္ထိ သံမဏိအသားအေရ၊ သံမဏိေခါင္းကို ပိုင္ဆုိင္ထားၿပီး တုတ္ၿပီးဓားၿပီးသေယာင္ေယာင္ ၿဖစ္ေနေခ်သည္လား ။

ဒါ့အၿပင္ ဤလူသတ္သမားမ်ားနွင့္ ရင္ဆုိင္ေတြ ့ေနရသည္ ေတာင္မွ သူ၏အမူအရာမွာ တစ္ခ်က္ေလးပ်က္ယြင္းသြားၿခင္း မရွိပါလား ။

သူ၏တုိက္ရည္ခုိက္ရည္သည္ အမည္မရွိေသာနန္နွင့္
သူ ့အဖြဲ ့ထက္ပင္ သာခ်င္သာေနေလာက္ေပမည္...

ဒီဆန္းၾကယ္နက္နဲတဲ့လူကေရာ လ်ိဳ ့၀ွက္သုိင္းသမား ဒါမွမဟုတ္ သုိင္းပညာရွင္မ်ား...ၿဖစ္နုိင္မလား ။

အနက္ေရာင္၀တ္လူသံုးေယာက္သည္ ထုိဆံၿဖဴေယာက်ာ္းထံ ခုန္အပ္၀င္လုိက္ၾကသည့္အခ်ိန္ ။

ရီ၀မ္၀မ္၏ေမးရုိးတုိ ့ ၿပဳတ္က်သြားရ၏....

ခႏၶာကုိယ္ေပၚ လက္သီးတုိ ့ တဘုန္းဘုန္း
ေရွ ့ဆင့္ေနာက္ဆင့္ က်ေရာက္လာၿခင္းေၾကာင့္ပင္ - ဆံၿဖဴေယာက်ာ္းအား အနက္ေရာင္ေယာက်္ားသံုးေယာက္သည္ ၀ိုင္းထားၾကၿပီး
သူ ၿပန္မတုိက္ခုိက္နုိင္ေလာက္ေအာင္ ၀ုိင္းေဆာ္ေနၾကေလၿပီ ။

ရီ၀မ္၀မ္ ။ "အမ္..."

ၾကည့္ရတာ...ငါ သူ ့ကို အထင္ၾကီးလြန္မိသြားၿပီနဲ့ ့တူတယ္...။

ဒါဆုိ ဒီလူက သရုပ္ေဆာင္ေကာင္းရံုသက္သက္ပဲေပါ့ ။

ဒီအစြမ္းအစေလာက္နဲ ့ သူ ့ကိုယ္သူ ဒီထဲ ၀င္တုိက္ေပးဦးမယ္တဲ့လား ။ ေတြးရဲေသးတယ္...

ထိုဆံၿဖဴေယာက်္ားသည္ လံုး၀ ၿပန္တုိက္နုိင္စြမ္း မရွိေတာ့ၿပီဆုိမွ ထုိလူသံုးေယာက္သည္ ရီ၀မ္၀မ္ဘက္သုိ ့ လွည့္လာၾကေတာ့ၿပီ။

ရီ၀မ္၀မ္၏မ်က္လံုးတို ့ ၀င္းပသြားၿပီး ၿပန္တုိက္ခိုက္ဖုိ ့ရာ
အားတုိ ့ စုစည္းထားလုိက္၏ ။

သူမသည္ ထုိဆန္းၾကယ္သည့္ဆံၿဖဴေယာက်ာ္းနွင့္ ပတ္သက္ၿပီး အေတြးမွား သြားခဲ့ပါ၏ ။ သို ့ေသာ္၊ ဒီလူသံုးေယာက္နဲ့ပတ္သက္၍ေတာ့ မွန္ခဲ့ပါသည္ ။
သူတုိ ့ အခုနက တုိက္ခုိက္သြားၾကပံုအရ သူတုိ ့ထဲက တစ္ေယာက္ေလာက္ နွင့္ ရင္ဆုိင္တုိက္ခုိက္မိလွ်င္ပင္ အားကုန္ပင္ပန္းသြားရေပလိမ့္မည္၊ သူတုိ ့သံုးဦးစလံုးအား တစ္ၿပိဳင္တည္းတုိက္ခုိက္ရမည္ဆုိလ်ွင္ေတာ့ ဆုိဖြယ္ရာ မရွိေတာ့ ။

ဤေနရာသည္ကား လူသူကင္းရွင္းသည့္လမ္းလယ္ေခါင္ ၿဖစ္ေပသည္...

ဒီအခုိက္ ရီ၀မ္၀မ္၏စိတ္ထဲ အေတြးေပါင္းစံုတို ့
တဖ်တ္ဖ်တ္ လူးလြင့္လုိ ့လာေနသည္ ။

သို့ေသာ္၊ ထိုလူသံုးေယာက္နွင့္ ဘယ္လုိရင္ဆုိင္ရမလဲ
သူမ စဥ္းစားေနမိရံု ရွိေသး၊ ထိုုလူသံုးေယာက္သည္ ဘုန္းခနဲ တစ္ေယာက္ၿပီးတစ္ေယာက္ ေၿမၾကီးေပၚ အတုန္းအရံုး ပစ္လဲက်ကုန္ၾကေလသည္ ။

ရီ၀မ္၀မ္ မင္ေသသြားရ၏ ။

ဘာၿဖစ္သြားတာလဲ ။

ဒါ...ဆံၿဖဴေယာက်ာ္းေၾကာင့္လား ။

ဒါေပမယ့္ စကၠန္ ့ပိုင္းေလးအတြင္းမွာ လူသံုးေယာက္ရဲ့အသက္ကို ႏႈတ္ယူပစ္နုိင္တယ္လား ။
ဒါက ဘယ္လုိအရည္အခ်င္းလဲ ။

သုိ့ေသာ္လည္း၊ ေနာက္ဆံုးတြင္ ရီ၀မ္၀မ္သည္ ဆံၿဖဴနွင့္ေယာက်္ားအား ရွင္းရွင္းလင္းလင္း ၿမင္လုိက္ပါၿပီ ။ ထုိအနက္ေရာင္ေယာက်ာ္းတုိ ့၏ အေနာက္ဘက္တြင္ ဆံၿဖဴေယာက်ာ္းသည္ လူသတ္လက္နက္ၿဖစ္သည့္ ေသနတ္ကို လက္ထဲတြင္ ကိုင္ထားလ်က္သား ။

သူမ ၿမင္လုိက္ရသည္မွာ ထုိဆံၿဖဴေယာက်ာ္းသည္ ေသနတ္ကို မႈတ္လို ့ေနသည္ ။ သူ ့အက်ၤီကို ၿပန္ ့သြားေအာင္ လုပ္လုိက္ရင္း စိတ္ပ်က္စိတ္ရႈပ္စြာၿဖင့္ ေၿပာဆိုလာသည္ ။
"ဟာကြာ...ဘယ္ေခတ္ေရာက္ေနၿပီလဲ - လူေတြမ်ား ခက္တယ္၊ တုိက္ခုိုက္ေနၾကတုန္း ။ မင္းတုိ ့ေကာင္ေတြ ဘယ္ေခတ္က ေရာက္လာၾကတာလဲ"

ရီ၀မ္၀မ္ ။ "..."

သူမသည္ တကယ္ကို အေတြးလြန္ေနခဲ့ပါေရာလား...

ဆံၿဖဴေယာက်ာ္းသည္ ေၿပာဆုိိၿပီးသြားသည့္ေနာက္ ထုိေယာက်္ား သံုးေယာက္ေပၚ တက္နင္းၿပီး ရီ၀မ္၀မ္ဆီ ေလ်ွာက္လာသည္ ။ သူ၏ရွည္သြယ္သည့္လက္ေခ်ာင္းတုိ ့ကို ဆန္ ့ထုတ္လာၿပီး ေၿပာဆုိလာသည္ ။ "အခု လႊဲေတာ့"

"ဘ-ဘာကိုလဲ" ရီ၀မ္၀မ္သည္ ေၾကာင္အလုိ ့ေနမိဆဲ ။

ဆံၿဖဴေယာက်ာ္း ။
"ေဒၚလာ ၁၀၀ - မင္း ကတိေပးထားတယ္ေလ"

ရီ၀မ္၀မ္ ။ "..."

သူ သေဘာမတူဘူးလုိ ့ ငါထင္ေနတာ ။
ေဒၚလာ ၁၀၀ ေလးေတာင္ အလြတ္မေပးဘူးလား...

ဆံၿဖဴေယာက်ာ္း ။ "ဘာလဲ...ေငြသားမရွိဘူးလား ။
ဒါဆုိ WeChat ကေန ပို ့ေပးလုိ ့ရတယ္"

ရီ၀မ္၀မ္ ။ "..."

ဆန္းၾကယ္ၿပီး လ်ိဳ ့၀ွက္တဲ့ သုိင္းပညာရွင္တဲ့လား ၊ သြားေသလုိက္ေတာ့...

......................................................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and share လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

Goddess > စာစဥ္ ၃၂ တစ္ခုလံုးကို တစ္ခါတည္းအၿပီးဖတ္လိုပါက ၅၀၀ ထဲနဲ႔ ဖတ္လို႔ရပါၿပီ ။

........

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 32
Chapter. : 7 - 12
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၂၊ အခန်း ၇။ မင်းကို ပိုကြိုက်တယ်

အထဲတွင် တစ်စုံတစ်ခုဖြစ်ပျက်သွားမည်ကို
ရွှီရီ စိုးရိမ်နေမိသဖြင့် အတွင်းရေးမှူးမလေးအား အမြန် လိုက်ပို့ပေးလိုက်ပြီး ချက်ချင်း ပြေးတက်လာတော့ချိန် ။

ဒီအခိုက် သူ နားမီးတောက်သွားရတော့သည် ။
"ကျွန်မနောက်ကွယ်မှာ နောက်မိန်းမတစ်ယောက်နဲ့
ရှင် ပွေရှုပ်လို့ကတော့ ကျွန်မလည်း ရှင့်နောက်ကွယ်မှာ တိတ်တိတ်ပုန်းသားတစ်ယောက် မွေးပစ် မယ် မှတ်ထား"

ဒီတဒင်္ဂ၊ သူ့ခေါင်းထဲ ချာလပတ်ရမ်းသွားရတော့သည်...

ပွဲကြမ်းကုန်ပြီဟ...

ငါ အဲ့ဒီအတွင်းရေးမှူးကိစ္စ သွားရှင်းနေတာပဲ ကောင်းမလား ။

....

"ဘာလို့ ဒီလောက်အစောကြီး ပြန်လာတာလဲ ။ အခြေအနေ ဘယ်လိုလဲ" တစ်နာရီအတွင်း ပြန်ရောက်ရှိလာခဲ့သည့် အတွင်းရေးမှူးမလေးအား မေးလာသူမှာ ရွှဲ့လိ ဖြစ်သည် ။

အတွင်းရေးမှူးမလေးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလာ သည် ။
"အရမ်းကို ချောချောမွေ့မွေ့ပါပဲ ။ သခင်လေး ၉ က ကျွန်မ ထင်ထားသလောက် ကြောက်ဖို့မကောင်းဘူး၊ ပြီးတော့ ကျွန်မကို တခါတည်း အစီရင်ခံစာတင်ပြခွင့်ပြုတယ် ။ စကားပြောတော့လဲ အရမ်းကို နူးညံ့တယ် ။
ကျွန်မ သူနဲ့ အထဲမှာ ခနလောက်လေးပဲ နေရသေးတယ်၊ အဲ့ဒီမိန်းမ ပြန်ရောက်ချလာလို့ပေါ့"

"လက်ထောက်ဒါရိုက်တာ ရွှဲ့...အဲ့နောက်ပိုင်း ဘာဆက်ဖြစ်လဲသိလား ။ အဲ့ဒီမိန်းမကလေ တံခါးကို ကန်ဖွင့်ပစ်ပြီးတော့ အခန်းထဲကို ဝုန်းဒိုင်းကြဲပြီး ဝင်ချလာတော့တာပဲ ။ ကျွန်မတစ်သက် ဒီလောက်သွေးဆူပြီး ကြောက်ဖို့ ကောင်းတဲ့မိန်းမမျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး - ဘီလူးမကြီးအတိုင်းပဲ"

"သူမက ဘယ်လောက်ထိများ ဒေါသကိုမြိုသိပ်ပြီးတော့ ကြိတ်မှိတ်သည်းခံ နေမလဲ မှတ်တာ၊ ဒါပေမယ့် လုံးဝကို ဒေါသကို မြိုသိပ်ထားတာမရှိဘူးရှင့် ။ အခုလောက်ဆို သေချာပေါက်ကို သခင်လေး ၉ နဲ့ ပွဲကြမ်းနေလောက်ပြီ"

"ကျွန်မ ယောကျ်ားလေးတွေကို ကောင်းကောင်းသိတယ် - အဲ့လိုကြမ်းပြ၊ ရမ်းပြပြီး မဆင်မခြင်လုပ်တတ်တဲ့မိန်းမတွေဆို ယောက်ျားတွေက အသေမုန်းကြတာချည်းပဲ ။ အထူးသဖြင့်
သခင်လေး ၉ လို ယောကျာ်းပဲ။ အဲ့ဒီမိန်းမတော့ ရှေ့လျှောက် လုံးဝကို အေးအေးချမ်းချမ်းနေရတော့မှာ မဟုတ်ဘူး"

ထိုအတွင်းရေးမှူးမသည် ယုံကြည်ချက်အခိုင်အမာနှင့် ပြောဆိုနေသဖြင့် ရွှဲ့လိခမျာ စိတ်ထဲအလုံးကြီး ပလုံခနဲ ပြုတ်ကျသွားရတော့ပြီ ။
"မင်းသာ တကယ်လို့ သခင်လေး ၉ ရဲ့အချစ်ကို ရနိုင်မယ် ဆိုရင် မင်းကို အရင်ကပေးထားတာရဲ့နှစ်ဆ ပေးမယ်"

အတွင်းရေးမှူးမလေးသည် ချက်ချင်းပင် မျက်လုံးတို့ ဝင်းပသွားတော့ပြီး ဝမ်းထဲတွင် စိတ်အလိုမကျ မှောင်မှိုင်းသွားရသည် ။

သခင်လေး ၉ ရဲ့ အချစ်ကို ရမှတော့ အဲ့လောက်ပိုက်ဆံလေး က ငါ့အတွက် ဘာဟုတ်တော့မှာလဲ၊ အဟတ်...။

သူတို့နှစ်ဦး ရည်းစားဖြစ်မည့်အရေး တွေးကာ အတွင်းရေးမှူးမလေး ပျော်ရွှင်ကြည်နူူးနေမိစဉ် ၊
ရုတ်တရက် ရွှဲ့လိ၏ဖုန်း ဝင်လာ၏ ။

တစ်ဖက်လူ၏ ပြောစကားကို နားထောင်ပြီးသည့်နောက်
ရွှဲ့လိ၏မျက်နှာမှာ ရုတ်ခြည်း မည်းပုတ်သွားတော့သည် ။

တခနကြာပြီးသည့်နောက် ရွဲ့လိ ဖုန်းကို ချပစ်လိုက်ပြီး မည်းပုတ်နေသည့် အမူအရာဖြင့် အတွင်းရေးမှူးမလေးဘက် လှည့်လာသည် ။
"မင်းပြောတော့ ချောချောမွေ့မွေ့ပဲဆိုကွ...ဒါလား
ချောမွေ့တာ"

ရွှဲ့လိ၏မည်းမှောင်နေသည့် အမူအရာကို မြင်လိုက်ပြီး အတွင်းရေးမှူးမလေး၏ မျက်နှာထက်က အပြုံးကြီးမှာ
တန့်ခဲသွားပြီး ဂရုတစိုက် သူမ ပြောလာတော့သည် ။
"လက်ထောက် ဒါရိုက်တာ ရွှဲ့...ဘာ...ဘာဖြစ်လို့လဲ"

ရွှဲ့လိ ။ "မင်းကို အလုပ်ဖြုတ်လိုက်ပြီကွ"

"ဘ-ဘာပြောလိုက်တယ် ။ မဖြစ်နိုင်တာ..."

....

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်သောမကောင်းဆိုးဝါးကြီးသည်
ထို"ကြမ်းတမ်း" ၊ "ရမ်းကား" ပြီး "ဆင်ဆင်ခြင်ခြင်မရှိသည့်"
မျက်ဝန်းထဲ မီးဝင်းဝင်းတောက်နေသည့်မိန်းကလေးအား ကြည့်နေလေသည် ။

ဒေါသထွက်လွန်းအားကြီးပြီး ဘီလူးဆိုင်းတီးပြသွားခဲ့သည့် ရီဝမ်ဝမ်သည် သူ့အတွက်တော့ အစွဲညှို့ကြီး ညှို့နေလေ သယောင်ယောင် ။

"ကျွန်မ ကိတ်ရော..."

"ခနနေ ကိုယ် ယူလာပေးမယ်"

"ဘာလို့ ခနနေမှလဲ"

"..." မင်း ဒေါသထွက်နေတာလေးကို နဲနဲလောက် ဆက်ကြည့်နေချင်သေးလို့ပေါ့ ။

တခနကြာပြီးသည့်နောက် စီရီဟန်သည် ကိတ်ကို ယူလာပေး တော့မှ ရီဝမ်ဝမ်၏ဒေါသထုကြီးမှာ တိမ်တွေလို ချက်ချင်း လွင့်ပြယ်သွား တော့သည် ။

စီရီဟန် လက်ဖျားခါမိသွားရ၏ ။

"စားကောင်းလိုက်တာ"

ရီဝမ်ဝမ် တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်ဝန်းတို့မှာ ရွှန်းဝေလာတော့သည် ။

သူမလေး စားနေပုံကို စီရီဟန် ကြည့်နေပြီး မေးလာသည် ။
"ရုတ်တရက်ကြီး ဘာလို့ စားချင်သွားရတာလဲ"

ရီဝမ်ဝမ်သည် အကိုက်အကြီးကြီးတစ်ကိုက် ကိုက်ချပစ်လိုက်ပြီး ပြောလာသည် ။
"မသိဘူး။ အရင်တုန်းကတော့ ကျွန်မ အယ်မွန်တွေကို တကယ်မုန်းတာ၊ ဘယ်လိုဖြစ်သွားတာလဲမသိဘူး၊ အခုတလော အရမ်းကို ခံတွင်းတွေ့နေတယ်"

စီရှားသည် ဤကိတ်မုန့်ကို ကြိုက်သည်ကို သူမ အမှတ်ရမိလိုက်သည် ။ သူတို့ ကျောင်းတက်တုန်းက မိန်းကလေးတော်တော်များများသည်
သူ့အား အယ်မွန်ကိတ်တွေ လာလာပို့ပေးကြ၏ ။

"အင်း..."
စီရီဟန်၏မျက်ဝန်းတို့ အနည်းငယ် ဝင်းပသွားပြီး
လျို့ဝှက်ချက်လေးတစ်ခု အထဲတွင် လှစ်ခနဲ ပြန်ဝင်သွားလေသည် ။

တခနတိတ်ကျသွားပြီးနောက် ပန်းရနံ့ကြောင့် ဝဲလာကြသည့်လိပ်ပြာတစ်ကောင်လို မိန်းကလေး၏ပိုလို့ ပိုလို့ ဆွဲဆောင်မှုရှိရှိလာသည့် မျက်နှာလေးအား စူးစူးရဲရဲ
သူ ကြည့်နေမိလေရင်း မေးလာ၏ ။
"တခြား ပြောင်းသွားတာရော ရှိသေးလား၊ အကြိုက်..ဝါသနာ...အကျင့်.."

ရီဝမ်ဝမ်သည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်၏ ။
"အကြိုက်၊ ဝါသနာ၊ အကျင့်လား ။ သေချာသတိမထားမိဘူး..."

စီရီဟန်သည် အလွန်အမင်း အလေးအနက်ဖြစ်လာသည် ။
"သေသေချာချာလေးစဉ်းစားကြည့်ပါဦး"

ရီဝမ်ဝမ်သည် သူမ၏မေးစေ့ကို ပွတ်ကာသပ်ကာဖြင့် သေသေချာချာ ဂရုတစိုက် တွေးနေသည် ။
"အဲ...ကျွန်မ ရှင့်ကို ပိုပိုပြီး သဘောကျလာပြီ - အဲ့ဒါကော ထည့်တွက် လို့ရလား"

စီရီဟန် ။ "...အင်း"

............................................................

စာစဉ် ၃၂၊ အခန်း ၈။ တစ်ယောက်ယောက်ကို ကြွေခြင်း

ရီဝမ်ဝမ်သည် အချိန်အကြာကြီးကြာအောင် အဝေးရောက်နေခဲ့သဖြင့်
သူမ မရှိနေစဉ်အတောအတွင်း ဒက်ဇလင်းတွင် လုပ်စရာအလုပ်တို့ တစ်ပုံတထပ်ကြီး ပုံနေခဲ့လေပြီ ။

ညအတော်နက်မှ သူမ ကျင်းဥယျာဉ်ကနေ ပြန်လာခဲ့တော့၏ ။

ကားဂိုဒေါင်ကို ရောက်မိလျှင်ရောက်မိချင်း မသိစိတ်၏စေ့ဆော်ချက်အရ
သူမ နေရာတစ်ခုလုံးအား ဝေ့ဝိုက်ကြည့်လိုက်မိသည် ။

ရှေ့ဆင့်နောက်ဆင့်ပင် မျက်မှောင်တို့ ကြုတ်မိသွားရ၏ - တစ်စုံတစ်ယောက်သည် သူမအား အမှောင်ထဲကနေ စူးစိုက်ကြည့်နေသလို မသိစိတ်ကနေ ခံစားမိနေခြင်းကြောင့်ပင် ။

ခုရက်ပိုင်းအတွင်း အလုပ်ပင်ပန်းလွန်းနေခြင်းကြောင့် ထင်ယောင်ထင်မှား ဖြစ်နေမိခြင်းဟုသာ
ရီဝမ်ဝမ် စိတ်ထဲတွေးယူလိုက်ပါ၏ ။

ကားတံခါးကို ဖွင့်လိုက်ပြီး မောင်းချသွားလိုက်တော့သည် ။

တိုက်ခန်းဆီသို့ အပြန်လမ်းတွင် ကားတံခါးကို ဖွင့်လိုက်ပြီး
သူမကိုယ်သူမ သတိရှိဖို့ အကောင်းဆုံးကြိုးစားလိုက်၏ ။

ညမိုက်ကာ ညဉ့်နက်နေချေပြီ ။
ကောင်းကင်ပြင်ထက်တွင် လရောင်တို့ဆမ်းနေပြီး
ညလေသည် တသုန်ဖြူးဖြူး တိုက်ခတ်နေသည် ။
သူမ အတော်လေး စိတ်လွတ်လပ်ပေါ့ပါးသွားရ၏ ။

မရှေးမနှောင်းပင် ကားကို အရှိန်လျှော့မောင်းလိုက်တော့၏ ။ တဆက်တည်းပင် လမ်းညွှန်ဆိုင်းဘုတ်ကြီးတစ်ခုကြောင့် ခေါင်းအကြီးကြီး စားသွားရပြီး ရီဝမ်ဝမ် မျက်မှောင်တို့ ကုတ်လာမိတော့သည် ။

ရှေ့တွင် ကားမဖြတ်ရဆိုသည့် ဆိုင်းဘုတ်ကြီး ရှိနေခြင်းပင် ။

ရီဝမ်ဝမ် ရွေးချယ်စရာမရှိတော့ဘဲ ပြန်ကွေ့လိုက်ပြီး
ဘယ်ဘက်လမ်းကြောကနေ ကပ်မောင်းလိုက်၏ ။

ကားလမ်းသည် သိပ်မဆိုးလှသလို သူမလမ်းဘက်တွင် ကားများများစားစား မရှိသဖြင့် ရီဝမ်ဝမ်သည် သီချင်းဖွင့် လိုက်ပြီး ကားကို အရှိန်တင်မောင်းလိုက်တော့၏ -
စက္ကန့်ပိုင်းအတွင်း သူမ ပျောက်ကွယ်သွားလေပြီ ။

"ဝှစ်ချ်"

ရုတ်တရက်၊ အရိပ်တစ်ရိပ်သည် ရီဝမ်ဝမ်၏မျက်လုံးထဲ ဖျတ်ခနဲ ဝင်ရောက်လာသည် ။

ဘာဖြစ်သွားသလဲ ရီဝမ်ဝမ် မသိလိုက် - တစ်ခုခုကြီးကြီးမားမားကြီး ဖြစ်ပျက်သွားသလို အသံအကျယ်ကြီးတစ်သံကို ကြားလိုက်ရသည် ။

အမှတ်တမဲ့နီးပါးပင် ဘရိတ်ကို အုပ်ချပစ်လိုက်ပါ၏ ။ ကားသည် အနည်းငယ် ယိုင်ထိုးသွားပြီး အနက်ရောင်အစင်းခြစ်ကြောင်းကြီးတို့ ကျန်ကာ ဆယ်မီတာလောက်တွင် တုံ့ခနဲ ရပ်တန့်သွားသည် ။

ဒီအခိုက် ရီဝမ်ဝမ် သူမ၏တဒိန်းဒိန်းခုန်နေသည့် ရင်ဘတ်အား ဖိထားမိသည် ။

အခုနက သူမ အရိပ်တစ်ခုခုကို တွေ့လိုက်မိသလိုပင်...ဒါဆို...သူမ တစ်ခုခုကို ဝင်တိုက်မိသွားတာလား...

"အက်...အက်စီးဒင့်..."
ရီဝမ်ဝမ်သည် လုံးဝအသိပြန်မကပ်သေးပေ ။

သူမသည် အရှိန်လုံး၀ လျှော့မမောင်းထားလေရာ အခုနက အမြန်နှုန်းနှင့် တိုက်လိုက်မိသည့်အရှိန်အရဆို သံမဏိခေါင်း ၊ သံမဏိကိုယ်ရှိသည့် သူ ပင်လျှင် သေချာပေါက် ကျိုးပဲ့ပြုတ်ထွက်သွားမည်ပင်...

ဆယ်စက္ကန့်လောက် ကြာပြီးသည့်နောက်၊ ရီဝမ်ဝမ်သည် ကားတံခါးကို အလောတကြီး ဖွင့်လိုက်ပြီး ကားပေါ်က မြန်မြန်ဆင်းသွားလိုက်သည် ။

ရှေ့ကားမီးနှစ်လုံးသည် မှိတ်တုတ်မှိတ်တုတ် လင်းနေပြီး
အရှေ့ကို ကောင်းကောင်းကြည့်လို့မရတော့ ။

ဒီအခိုက် သူမကားအရှေ့ခြမ်းသည် အချိုင့်ကြီးချိုင့်ဝင်သွားပြီ ဖြစ်ကြောင်းကို သူမ သတိပြုမိသွား၏ ။

"ငါတော့ သေပြီ..." ရီဝမ်ဝမ် ကတုန်ကယင်ဖြစ်မိသွားပြီး စိုးရိမ်စိတ်ပူစွာဖြင့် ပတ်ချာလည်ကို ဝေ့၀ဲကြည့်လိုက်ပါ၏ ။

ရီဝမ်ဝမ်သည် အနားဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက် ်သော်လည်း ထူးဆန်းစရာကောင်းလောက်အောင်
ဘာကိုမှ ရှာမတွေ့ခဲ့ပေ ။

ကားအရှေ့ကို မြန်မြန်ပင် လျှောက်သွားလိုက်ပြီး ဖုန်းမီး ဖွင့်ကြည့်လိုက်သလို ကိုယ်ကို ကိုင်းပြီး ကားအောက်ကို ဂရုတစိုက်ငုံ့ကြည့်လိုက်မိ၏ ။

သူမ မျက်လုံးတို့ကို ရဲရဲမဖွင့်ကြည့်ရဲပါချေ။
သူမကားအောက်တွင် သွေးအလူးလူးနှင့်ဖြစ်နေမည့် လူသေကောင်တစ်ယောက်ယောက်အား တွေ့ရမည်ကို စိုးကြောက်နေမိခဲ့သည် ။

သို့သော်လည်း ဓာတ်ငွေ့အနည်းငယ် ယိုစိမ့်နေခြင်းကလွဲ၍
သူမ ဘာမှ မတွေ့ပေ ။

"ဟမ်..." ရီဝမ်ဝမ်သည် ခါးကို ပြန်ဆန့်လိုက်ရင်း တွေးနေမိ၏ ။

ငါ ဝင်တိုက်မိတာ လူမဟုတ်တာများလား ။

သို့သော် ထပ်စဉ်းစားမိလိုက်ပြီး တစ်ခုခုတော့ လွဲနေသလို ရီဝမ်ဝမ် ခံစားမိနေ၏ ။ တကယ်ကို ဘာမှမရှိနေချေရာ ကားသည် လေကို ဝင်တိုက်မိခြင်းပေလော ။ သို့သော် ၊ သူမသည် ခွေးတစ်ကောင်၊ ကြောင်တစ်ကောင် ကို ဝင်တိုက်မိခြင်း ဆိုလျှင်တောင် သူမကားသည် ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက်ကြီး ချိုင့်ဝင်သွားစရာ အကြောင်းမရှိ မဟုတ်ပါလား ။

သူမသည် ခွေးတစ်ကောင် ကြောင်တစ်မြီးကို ဝင်တိုက်မိခြင်း ဆိုပါကလည်း လူသေအစား တစ်ခုခုတော့ တွေ့ရပေ လိမ့်မည်...

"ခြင်္သေ့တစ်ကောင် ဒါမှမဟုတ် ကျားတစ်ကောင်ကောင်များ
ငါ ဝင်တိုက်မိတာလား" ရီဝမ်ဝမ်သည် ပတ်ပတ်လည်အား ဝေ့၀ဲကြည့်လိုက်မိသည် ။

ဆင်ခြေဖုန်းဒေသတွင် ဖြစ်လင့်ကစား
သူမ ဝင်တိုက်ရလောက်အောင် တောရိုင်းသတ္တဝါတို့ ရှိမနေသင့်ဘူးမလား...။

ရီဝမ်ဝမ်သည် ကားချိုင့်ရာကြီးကို ဂရုတစိုက် ကြည့်လိုက်မိပြန်သည် ။ ဒီချိုင့်ခွက်ကြီးအရဆို သူမ ဝင်တိုက်ခဲ့သည်မှာ သေချာပေါက်ကို လူသာ ဖြစ်ရပေမည် ။ အသက်ကြီးကြီးလူတစ်ယောက်ဟန်တူသည့် ဆံပင်တို့ တစ်ချောင်းစနှစ်ချောင်းစ ဖြူနေသည့်လူတစ်ယောက်ကို သူမ အစောက မြင်မိခဲ့သလိုလိုပင် ။

............................................................

စာစဉ် ၃၂၊ အခန်း ၉ ။ လှုပ်ရှားနေသည့် လူသေကောင်

ရီဝမ်ဝမ် တုန်လှုပ်သွားမိသည် ။
သူမ အရင်က ကြည့်ခဲ့ဖူးသည့် သရဲကားအကြောင်း ပြန်တွေးမိလိုက်ပြီး ကြောက်လန့်တုန်ရီလာတော့သည် ။

သ...သရဲများ ဖြစ်နေမလား ။

"မဟုတ်လောက်ပါဘူးနော်"

သူမ၏နောက်ကျောဘက်ကနေ အေးစက်စက်လေကို ခံစားမိလိုက်ပြီး ကြက်သွေးမွေးညင်းတို့ ထောင်တက်လာတော့သည် ။

တစ်ရာမီတာအမြန်နှုန်းဖြင့် ရီဝမ်ဝမ်သည် ကားတံခါးကို အမြန်ဖွင့်လိုက်ပြီး ကားထဲဝင်ထိုင်လိုက်၏ ။

ကိုယ့်ကိုယ်ကို တည်ငြိမ်နိုင်အောင် အစွမ်းကုန်ကြိုးစား လိုက်ပြီး ဖုန်းကို ထုတ်ကာ စီရီဟန်ကို ခေါ်ဖို့ တွေးမိသွား၏။ သို့သော် သူ စိုးရိမ်မှာလဲ စိုးမိလေသည်...

ထိုစိတ်ကြောင့် ရဲကိုခေါ်ပြီး ဖြေရှင်းလိုက်တာသာ ကောင်းမည်ဟု တွေးမိလိုက်ပြန်သည် ။

"ရဲ နံပတ်က ဘာပါလိမ့်...ဟမ်..." ရီဝမ်ဝမ်သည် ခေါင်းကို မော့ပြီး သူမကိုယ်သူမ တိုးတိုးလေး ရေရွတ်နေမိသည် ။

"ရဲက ၁၁၀ ဖြစ်လောက်တယ်"

ရုတ်တရက်ကြီး နူးညံ့ပြီး ချိုသာသည့် အသံတစ်သံသည် ကားထဲတွင် တလူလူ ပျံ့လွင့်လာသည် ။

"အာ..၁၁၀ က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနပါ...ရဲက..."

ရီဝမ်ဝမ် စကားမဆုံးလိုက်ခင် သူမ၏မျက်လုံးတို့ ချက်ချင်းပင် ကျဉ်းကျုံ့သွား တော့သည်။ ကားထဲတွင် နေရာအကျယ်ကြီး သာ ရှိမနေပါလျှင် သူမ ခုန်ချမိလောက်ပေပြီ ။

ချွေးအေးတို့ပုတီးလုံးလောက်ကြီး ရီဝမ်ဝမ်၏နဖူးထက်ကနေ ဖြိုင်ဖြိုင်ကျနေလေပြီ ။
နောက်ကြည့်မှန်ကနေတဆင့် ရီဝမ်ဝမ် မြင်လိုက်ရသည်မှာ ကားနောက်ခန်းထဲတွင် ထိုင်နေသည့်လူငယ်တစ်ယောက် ။

ထိုလူငယ်သည် နှင်းလိုဖြူသောဆံပင် ရှိပြီး
ခါးအထိ ဝဲကျနေသည်။ သူ၏မျက်ခုံးအောက်က ဖြာထွက်နေသည့်မျက်ဝန်းတို့သည် တစ်ယောက်ယောက်၏ ဝိဉာဉ်ကို ဖမ်းဆုပ်ပစ်တော့မည့်အလားနှယ် ။ သူ၏မျက်နှာသည် ကျောက်စိမ်းလို ကြည်လင်နုမွတ်နေပြီး မျက်လုံးတို့သည် ကြယ်ပွင့်တွေလို လင်းလက်နေသည်။ ဒီအတိုင်း ငြိမ်ငြိမ်တိတ်တိတ်လေး ထိုင်နေခြင်းကပင်လျှင် အလွန်အမင်းခန့်ထည်ပုံ ပေါ်လှ၏ ။

သူ၏ခန့်ထည်လှသည့်မျက်ဝန်းတို့သည် ရီဝမ်ဝမ် ပေါ် ကျရောက်လာပြီး အပြုံးရေးရေးလေး ပြုံးပြလာသည် ။

ဤလူသည် ပန်းချီကားထဲက ခုန်ထွက်လာသလား အောက်မေ့ရသည် - သူ့အရောင်အဝါတို့သည် ထူးခြားဆန်းကြယ်လှပြီး သူ့အား ခုခံခွင့်မပြုဘဲ တပါးသူ၏ဝိဉာဉ်တို့ကို စိတ်ယူသွားတော့မလား မှတ်ရသည် ။

သို့သော်၊ ရီဝမ်ဝမ်အတွက် သူ့အား ချီးမွမ်းနေရမည့်အချိန် မဟုတ်ပါပေ ။ သူမသည် အနောက်ခန်းထဲက ထိုလူအား သရဲတစ်ကောင်လို ကြည့်နေမိ၏ ။

"မိန်းကလေး...မင်း...ခုနက ကျွန်တော့်ကို ဝင်တိုက်လိုက်တယ်"

ထိုယောက်ျားသည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး ဝိဉာဉ်ကို ဆွဲထုတ်သွားတော့မည့် မျက်ဝန်းတစ်စုံဖြင့် ရီဝမ်ဝမ်အား ကြည့်လာကာ ရယ်ပျပျပြောဆိုလာသည် ။

သူ ပြောပြီးသွားသည့်နောက် ရီဝမ်ဝမ်နား အရှေ့သို့ ကပ်လာသည် ။

သို့သော် ၊ ဒီအခိုက်မှာပင် ရီဝမ်ဝမ်သည် သူမ၏ရှိရှိသမျှအားကုန် ထုတ်သုံးလိုက်ပြီး မသိလိုက်မိဘဲ ထိုယောက်ျား၏ပြစ်မျိုးမှဲ့မထင်သည့် မျက်နှာအား ထိုးချပစ်လိုက်၏ ။

အခုလက်ရှိတွင် ရီဝမ်ဝမ်၏စိတ်တို့သည် ချားရဟတ်လည်သလိုပင် ချာလပတ်ရမ်းနေလေပြီ - သူမသည် အခုနကတင် အရှိန်ပြင်းပြင်းဖြင့် လူတစ်ယောက်အား ဝင်တိုက်ထားခဲ့သည် မဟုတ်ပါလား ။

ယုတ္တိရှိရှိပြောရလျှင် သာမန်လူတစ်ယောက်သာဆို ဒီလောက်ထိ ဝင်တိုက်ခံရပြီးလျှင် အစိတ်စိတ်အမွှာမွှာဖြစ်နေလောက်ပေပြီ ။ သို့တိုင်၊ ဤလူသည်ကတော့ ခြစ်ရာတစ်ခုပင် ထင်ကျန်နေခြင်း မရှိလေရာ....။

စကားတစ်ခု ရီဝမ်ဝမ်၏ခေါင်းထဲ ပျံ့နံ့ှလာသည် ။ လှုပ်ရှားနေသောလူသေ ။

ရီဝမ်ဝမ်သည် ကားတံခါးကို ဖွင့်ပြီး ထွက်ပြေးဖို့လုပ်လိုက်မိ၏ ။
သို့သော် ထိုယောကျာ်းသည် သူမအား ပြန်ဆွဲထားချေသည် ။

"အစ်ကိုကြီး...ကျွန်မ တမင်သက်သက် လုပ်ခဲ့တာမဟုတ်ပါဘူး" ရီဝမ်ဝမ်၏မျက်နှာမှာ သိသိသာသာကြောက်လန့်တုန်လှုပ်နေလေပြီ ။

"ဟုတ်လား...ရပါတယ်၊ နာတာမှ မဟုတ်တဲ့ဟာ"
နွေးနွေးထွေးထွေး ပြုံးပြပြောဆိုလာသည် ။

"ရှင်...ဘာမှ မဖြစ်ဘူးလား"
နောက်ဆုံးတွင်မှ ရီဝမ်ဝမ်သည် အသိစိတ်ပြန်ကပ်သွားပြီး
ဘာတစ်ခုမှ ဖြစ်ဟန်မရသည့် ထိုလူအား ကြည့်လိုက်မိ၏ ။

သို့သော်လည်း သူ ဘာဒဏ်ရာမှကို မရနေသဖြင့် သူမ သေလောက်အောင် ကြောက်နေမိခြင်းပင် မဟုတ်ပါလား ။

လူသာဆိုလျှင် အခုလောက်ဆို သေနေလောက်ပြီလေ ။ မသေဘူးဆိုရင်လည်း ဒဏ်ရာကြီးကြီးမားမားကြီး ရနေလောက်ပြီ ။ သို့သော်၊ ဒီလူသည်ကတော့ လုံးဝကို ဘာမှမဖြစ်ဘူးတဲ့လား ။

"ဒါပေမယ့်လို့ နောက်တစ်ခါ ကားမောင်းရင် ဂရုစိုက်ပြီး မောင်းဦး ။ ငါ့ကို ဝင်တိုက်မိလို့ မင်း ကံကောင်းသွားတယ် ်မှတ် - တခြားလမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို များ ဝင်တိုက်မိသွားရင် ဘယ့်နှယ့်လုပ်မလဲ"

ထိုယောကျာ်းသည် စီနီယာအစ်ကိုကြီးတစ်ဦးသဖွယ် တတွတ်တွတ်ဆုံးမ နေသည် ။

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ...အစ်ကိုကြီးပြောတာ မှန်ပါတယ်...
ဒါနဲ့ အစ်ကိုကြီးက လူလား သရဲလားဟင်"
ရီဝမ်ဝမ် ဂရုတစိုက် မေးမြန်းလိုက်သည် ။

ထိုယောက်ျားသည် သူမမေးခွန်းကြောင့် အံ့အားသင့်သွား၏ ။
"မင်း...ငါ့ကို သတ်လိုက်မိပြီလို့ ထင်နေတာလား"

ရီဝမ်ဝမ် မျက်မှောင်တို့ တွန့်ကြုတ်သွားရသည် ။
ကားတိုက်မိပါတယ်ဆို...မသေဘဲနေမှာလား၊ ဟမ် ။

...............................................................

စာစဉ် ၃၂ ၊ အခန်း ၁၀ ။ ကားအက်စီးဒင့်

ဒီအခိုက် ခါးထိအောင်ရှည်ကျနေသည့် ဆံပင်ရှည်နှင့်
ဤယောကျာ်းအား သူမ ကြည့်လိုက်မိသည် ။
သူသည် သူမ ထင်ထားသလိုဖြစ်နေဟန်မရှိ...

အစောနက ရီဝမ်ဝမ်သည် တော်တော်လေးတုန်လှုပ်နေမိသဖြင့် သေသေချာချာစဉ်းစားနိုင်မိခြင်းမရှိခဲ့ပေ...

"ကျွန်တော်က လူပါဗျာ...သရဲမဟုတ်ဘူး"
ထိုယောကျာ်းသည် တိုးတိုးလေးရယ်မောပြောသည် ။

ရီဝမ်ဝမ် အံ့အားသင့်သွားရ၏ ။
"ကျွန်မ ခုနက ရှင့်ကို ဝင်တိုက်မိတာ မဟုတ်ဘူးလား"

ရီဝမ်ဝမ်သည် ထိုဆံဖြူယောကျာ်းအား စိုက်ကြည့်နေရင်း
ပိုလို့ပင် ပဟေဠိဖြစ်လာရသည် ။

ကားကတောင် ဒီလောက်ထိ ချိုင့်ဝင်သွားတဲ့ဟာ၊
သူက အသက်ရှင်နေသေးတုန်းလား ။

"နဲနဲတော့ နာတယ်" ဆံပင်ဖြူနှင့်ယောကျာ်းသည် ခေါင်းညိတ်ကာ အပြစ်တင်ဟန်ပြောလာ၏ ။

"ရှင်...ရှင် အဆင်ပြေပါတယ်နော် ။
ရှင့်ကို ဆေးရုံလိုက်ပို့ပေးရမလား"
ရီဝမ်ဝမ်သည် မျက်မှောင်တို့ တွန့်ကြုတ်နေသည် ။

"ဘာမှမဖြစ်ဘူး ၊ ရတယ်"
ဆံပင်ဖြူနှင့်ယောကျာ်း ပြောလာသည်ကား ပြုံးစစ ။

"ဒါဆို ကောင်းတာပေါ့"
ရီဝမ်ဝမ် ခေါင်းညိတ်ပြလိုက်ပြီး နောက် ပြောလိုက်သည် ။ "အခု ကျွန်မကို လျော်ပေးရမယ့်အလှည့်"

ရီဝမ်ဝမ် ပြောသည်ကိုကြားလိုက်ပြီး ဆံပင်ရှည်ယောကျာ်း သည် ပါးစပ်အဟောင်းသားဖြစ်သွားရသည် ။
"မင်းက ငါ့ကို ဝင်တိုက်ပြီးတော့ ငါ့ကို ပြန်ပြီးလျော်ကြေး တောင်းနေတယ်..."

"အင်းလေ ။ ကျွန်မက ရှင့်ကို ဝင်တိုက်လိုက်မိတာ ဆိုပေမယ့်လို့
ရှင်က လုံးဝကို အကောင်းကြီးရှိနေတာပဲဟာ၊ ဒါပေမယ့် ကျွန်မကားကကျတော့.. စုတ်ပြတ်သတ်သွားပြီလေ"

ရီဝမ်ဝမ်သည် ကားတံခါးကို ဖွင့်လိုက်ပြီး ထိုဆံဖြူယောကျာ်းအား ဆွဲထုတ်လိုက်၏ ။
ဒီနောက် သူမ၏ကားကို လက်ညှိုးထိုးကာ ။
"ဒီမှာ ကြည့် - ရှင့်ကျေးဇူးကြောင့် ကျွန်မကား စုတ်ပြတ်သတ်သွားပြီ။ ဒီတော့ ပိုက်ဆံမပေးဘဲနဲ့ ထွက်သွားမယ်မကြံနဲ့"

"မိန်းကလေး၊ ပိုက်ဆံတွေ ငွေတွေဆိုတာက ဒြပ်ဝတ္ထု သက်သက်ပဲ ။ မင်း သေသွားရင် ယူသွားလို့မရဘူး၊ လောဘမကြီးစမ်းပါနဲ့လား။
ပြီးတော့ ကျွန်တော့်ဆီမှာ တစ်ပြားမှမရှိဘူး"
ဆံဖြူနှင့်ယောကျာ်းသည် ခေါင်းခါယမ်းပြလာသည် ။

"ဂရုမစိုက်ဘူး ။ ရှင်က ကျွန်မကားကို စုတ်ပြတ်သတ်သွား အောင် ဖျက်ဆီးလိုက်တယ် - ဒီတော့ ရှင် ပေးကိုပေးရ မယ်"
ရီဝမ်ဝမ်က အတင်းပြောဆိုလိုက်၏ ။

"ဒီလိုမဆီမလျော်လုပ်တတ်တာကို မင်း ဘယ်ကနေ တတ်လာတာလဲ"
ဆံဖြူနှင့်ယောကျ်ားသည် မြေကြီးပေါ်တွင် မြဲမြံစွာရပ်နေလျက်
ရီဝမ်ဝမ်အား မယုံသင်္ကာဖြင့် ကြည့်နေသည် ။

ရီဝမ်ဝမ် မပြောရသေးခင် ထိုဆံဖြူယောကျာ်းသည် ရုတ်တရက်ကြီး ရီဝမ်ဝမ်၏ခြေထောက်နား လဲှချပစ်လိုက်သည် ။
"မင်း...မင်း ငါ့ကို ဒဏ်ရာရအောင်လုပ်တယ် ။
ငါ့ကို ဆေးဖိုး ပေး..."

"ကျွန်မ ရှင့်ကို ဘယ်တုန်းက ဘာလုပ်မိလို့လဲ"
ရီဝမ်ဝမ်၊ အူကြောင်ကျားဖြစ်သွားရသည် ။

"အခုနကလေ၊ ကားထဲမှာ...မင်း ငါ့ကို ထိုးလိုက်တယ်...။
မြန်မြန်လေး၊ ဆေးဖိုးပေး ။ ငါ မရတော့ဘူး..."
ဆံဖြူနှင့်ယောကျ်ားသည် အလွန်အမင်းကြီး နာကျင်နာသည့်ဟန်ပင် ။

ရီဝမ်ဝမ် ။ "..."

ကားထဲမှာတုန်းက ငါ့ လန့်ပြီးတော့ သူ့ကို ထိုးလိုက်မိတာပါ။ အဲ့ဒါကလည်း ဟိုးနာရီဝက်ကျော်ကျော်လောက်ကလေ ။ အဲ့ဒါကို အခုကျမှလာပြီးတော့ နာလို့လာအော်နေတယ်လား - ဒါက နဲနဲတော့ မလွန်လွန်းဘူးလား...ဟမ် ။

"တော်ပြီ၊ ဟန်ဆောင်မနေနဲ့တော့ ။
ကျွန်မကားအတွက် လျော်ကြေးလည်း မပေးနဲ့တော့" ရီဝမ်ဝမ် သက်ပြင်းချကာ ပြောလိုက်သည် ။

"အာ...မင်း ထိုးချက်က သိပ်မပြင်းတာကို ခုမှပဲ သတိရမိတယ်။ ငါ အခု သက်သာသွားပြီ...ဟဲဟဲ"
ဆံဖြူနှင့်ယောကျာ်းသည် ဖြေးဖြေးချင်း မတ်တပ်ထရပ်လာသည် ။

"အော်..." ရီဝမ်ဝမ် ရယ်ချလိုက်မိ၏ ။
"ဒီတော့ ရှင် ဟန်ဆောင်နေတာပေါ့လေ ။
ရှင် အပျက်အစီးအတွက် ပေးရမှာက ပေးရမှာပဲ"

"အား...နာတယ်...နာတယ်
မခံနိုင်တော့ဘူး.. အရမ်းနာတယ် ။ မင်း ငါ့ကို အားအပြင်းကြီးနဲ့ ထိုးလိုက်တယ်နဲ့တူတယ်...။ မြန်မြန်လေး၊ င့ါဆေးဖိုး ပေး..."
ဆံဖြူနှင့်ယောကျာ်းသည် အလွန်အမင်းနာကျင်လွန်းဟန်ဖြင့် မြေကြီးပေါ် ထပ်လှဲချပစ်လိုက်ပြန်သည် ။

ရီဝမ်ဝမ် ။ "..." ငါ အခုနတုန်းက သေသွားအောင် ဝင်တိုက်ပစ်လိုက်ရမှာ...

နောက်ဆုံးတွင်တော့ ရီဝမ်ဝမ်ခမျာ တစ်ယောက်နှင့်တစ်ယောက် ငွေမညှစ်ကြတော့ဖို့အတွက် ဆံဖြူယောကျာ်းနှင့် ညှိနှိုင်းယူလိုက်ရတော့၏ ။

ဆံဖြူယောကျာ်း သဘောတူပြီး မတ်တပ်ထရပ်လာတော့သည် ။

"ဘာမှမရှိတော့ရင် ကျွန်မ သွားတော့မယ်"
ရီဝမ်ဝမ်သည် ကားထဲသို့ တက်မည်အပြု ။

ဒီအခိုက်၊ ဆံဖြူယောကျာ်းသည် ရီဝမ်ဝမ်အား ဆွဲတားပစ်လိုက်သည် ။
"မင်း ငါ့ကို လျော်ရဦးမယ်လေ"

"ဘာရယ်..." ရီဝမ်ဝမ် ရှော့ရသွားရသည် ။

ငါတို့ သဘောတူထားပြီးပြီ မဟုတ်ဘူးလား။
ဘာကိစ္စ ထပ်ပြီးတော့ ပိုက်ဆံတောင်းနေရပြန်တာလဲ ။

"လက်သီးကိစ္စ ကျေသွားပြီမယ့်လို့ ကားတိုက်မိတဲ့ကိစ္စက
မပြီးသေးဘူးလေ ။ မင်း ပေးရမှာက ပေးရမှာပဲ"
ထိုယောကျာ်းသည် ခိုင်ခိုင်မာမာကြီး ပြောဆိုနေသည် ။

"ရှင်ပဲ ဘာမှမဖြစ်ဘူးဆို"
ရီဝမ်ဝမ်၏နှုတ်ခမ်းထောင့်စွန်းတို့သည် တွန့်တက်နေလေပြီ ။

"အား...ငါ မခံနိုင်တော့ဘူး ။ ကားတိုက်မိလို့ သေတော့မလားပဲ...မင်း ငါ့ကို ဒီနေ့ လျော်ပေးရမယ်..."
ထိုယောကျာ်းသည် အနာကျင်ကြီးနာကျင်နေဟန် ဖြင့် တတိယမြောက်အကြိမ် မြေကြီးပေါ် ပစ်လှဲချပစ်လိုက်ပြန် ်သည် ။

.........................................................

စာစဉ် ၃၂၊ အခန်း ၁၁။ အကူအညီလိုလား

သူမအရှေ့တွင်ရှိနေသည့် အံ့သြစရာကောင်းလောက်အောင် ထူးချွန်သည့် သရုပ်ဆောင်ရှင်ကြီးအား ကြည့်နေမိရင်း ရီဝမ်ဝမ်သည် ပါးစပ်အဟောင်း သား ဖြစ်နေမိသလို
သူ့အား နာနာလေး နားရင်းပိတ်တီးပစ်ရရင် ကောင်းသားဟု ဆုတောင်းနေမိလေပြီ ။

ရီဝမ်ဝမ် စကားတစ်ခွန်းပင် မပြောရသေးခင် SUV ကားကြီးတစ်စီး သည် သူတို့နှစ်ယောက်ရှိရာဆီ အမြန်နှုန်းဖြင့် မောင်းချလာသည် ။

ရီဝမ်ဝမ်နှင့်ဆံဖြူယောကျာ်းသည် လမ်းလယ်ခေါင်တွင် ရပ်နေခြင်း ဖြစ်သည့် တိုင် ထို SUV ကားကြီးသည် အရှိန်နည်းနည်းမှကို လျှော့မည့်ဟန်မရှိဘဲ အရှိန်မြှင့်သထက်မြှင့်လာပြီး ရီဝမ်ဝမ်ဆီ တည့်တည့်ကြီး မောင်းချလာနေ သည် ။

ချက်ချင်းပင် ရီဝမ်ဝမ်သည် အလင်းလို လျင်မြန်သည့်နှုန်းဖြင့် အနောက်သို့ ဆုတ်ရှောင်လိုက်လျှင် ။

"က်ျီ"

SUV ကားသည် လျှပ်တစ်ပြက်အတွင်းမှာပင် ရီဝမ်ဝမ်အား မတိုက်မိလိုက်ဘဲ ကျော်ချသွား၏ ။
အရှိန်လုံး၀ လျှော့မထားသဖြင့် မြေကြီးပေါ် လှဲအိပ်နေသည့် ထိုဆံဖြူယောကျာ်းအား ဝင်တိုက်မိလုမိခင်အဖြစ်...။

ချက်ချင်းပင် ဆံဖြူယောကျ်ားသည် မတ်တပ်ထရပ်လိုက် ်သည်။ သူ၏လှုပ်ရှားမှုမှာ အင်မတန်လျင်မြန်လှ၏ -
သူသည် ကားကို ကပ်သီကာ ရှောင်ပစ်လိုက်နိုင်လေသည် ။

နောက်တစ်စက္ကန့်တွင် SUV ကားသည် ရပ်တန့်သွားပြီး ကားတံခါး ပွင့်လာသည် - အနက်ရောင်ဝတ်စုံနှင့်ယောကျာ်းသုံးယောက်သည် ကားထဲကနေ ထွက်လာကြသည် ။

အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့် တစ်ယောက်သည် အသက်သုံးဆယ် ဝန်းကျင် ဖြစ်ပြီး အမူအရာကင်းမဲ့နေသည် ။

ရီဝမ်ဝမ်အား ကြည့်ရုံသာတစ်ချက်ကြည့်လိုက်ပြီး
သူ့အနောက်က လူနှစ်ယောက်အား လည်ဖြတ်ပြသည့်အမူအရာ လုပ်ပြလိုက်၏ ။

ဒါကို မြင်လိုက်ပြီး ရီဝမ်ဝမ်၏မျက်မှောင်တို့ တွန့်ချိုးသွား တော့သည် ။ အစောကတည်းက သူမအနောက်ကို တစ်ယောက်ယောက်လိုက်နေသလို သူမ စိတ်မသက်မသာ လေးလေးမှိုင်းမှိုင်းကြီး ဖြစ်နေခဲ့၏ ။ မကြာခင်မှာပင် သူမအား သတ်ချင်နေကြသည့်ထိုလူတွေ ပေါ်ချလာချေပြီ ။

"ရှင်တို့ကို ချင်းရူရှီ လွှတ်လိုက်တာလား"
ရီဝမ်ဝမ် မေးကြည့်လိုက်သည် ။

အနက်ရောင်ဝတ်ယောကျာ်းသုံးယောက်မှာ ကြောင်တိကြောင်တောင် ဖြစ်ကုန်ကြပြီး
တစ်ယောက်က လွှတ်ခနဲ ပြောထွက်လာသည်ကား ။
"ဘယ်က ချင်းရူရှီလဲ"

သူတို့၏အမူအရာအရ ညာနေခြင်းဖြစ်ဟန် မတူပေ ။

ချင်းရူရှီ မဟုတ်ဘူး...
ရီဝမ်ဝမ် ကိုယ့်ကိုယ်ကို ပြန်ပြောနေမိသည် ။

ချင်းရူရှီနှင့်ပတ်သက်ပြီး ရီဝမ်ဝမ် နောကျေထားသည့်အတိုင်းဆိုပါလျှင် ချင်းရူရှီသည် သတိကြီးကြီးထားတတ်ပြီး ဒီလိုအခြေအနေမျိုးကို ရွေးချယ်လုပ်ကြံတတ်လိမ့်မည်မဟုတ် ။ ပြီးတော့ အခုချိန်တွင် သူမသည် ချင်းရူရှီအတွက် ရန်စွယ်ရန်ပွားတစ်ခု ဟုတ်မနေသေးချေရာ သူမကို သတ်ဖို့ လူလွှတ်လိုက်သည် ဆိုသည်မှာ ချင်းရူရှီအတွက် လားလားမှ ယုတ္တိမတန်ပေ...

သို့သော် ချင်းရူရှီ မဟုတ်ပါက သူမအား လူလွှတ်သတ်ခိုင်းသည်မှာ မည်သူလေနည်း ။

ရီဝမ်ဝမ်၏စိတ်တို့သည် အပြေးအလွှားစဉ်းစားတွေးတောနေ မိသည့်တိုင် သူမ ဘာသဲလွန်စမှ စဉ်းစားကြည့်လို့မရပေ ။

အစတွင် ဖန်ယီပင်းနှင့်စီမင်းလီများ ဖြစ်လေမလားဟု တွေးမိလိုက်၏ ။

သို့သော် သေသေချာချာ ယေဘုယျကျကျ စဉ်းစားကြည့်လိုက်ပါက ကျိုးကြောင်းဆီလျော်မှုမရှိသေး ။ သူမသည် မြန်မာပြည်တွင် ရှိနေစဉ်က ထိုလူနှစ်ယောက်နှင့် ကွိုင်တက်ထားခဲ့ပြီး သူတို့အား လုံးလုံးအရှက်ခွဲထားခဲ့၏ ။ ဒီလိုအချိန်မျိုးမှာသာ သူမ တစ်ခုခု ဖြစ်သွားခဲ့ပါက သူတို့သည် ပထမဆုံး သံသယဝင်ခံရမည့်သူများ ဖြစ်ကြပေမည်ကို ကလေးကအစ ခွေးအဆုံး သိကြပေသည် ။ စီမင်းလီနှင့်ဖန်ယီပင်းတို့၏ ဉာဏ်ရည်အရ ဒီလောက်မိုက်ရူးရဲဆန်သည်မျိုးကို ဘယ်တော့မှ လုပ်ကြလိမ့်မည် မဟုတ်ပေ ။

ရီဝမ်ဝမ် စဉ်းစားနေချိန်မရှိလိုက် ။
အနက်ရောင်ဝတ်ထားသည့် ထိုလူသုံးယောက်သည်
ရှေ့သို့တိုးလာကြပြီး သူမအား ဝိုင်းရံလာကြသည် ။

မျက်တောင်တစ်မှိတ်အတွင်းမှာပင် လူသုံးယောက်သည်
သူမအား တစ်ပြိုက်နက်တည်း ဝိုင်းတိုက်ခိုက်လာကြသည် ။

"မြန်လိုက်တာ..."

ရီဝမ်ဝမ် အနည်းငယ် အံ့အားသင့်သွားမိသည် ။

ရီဝမ်ဝမ်သည်ပင် ဖိအားတစ်ခုကို ခံစားမိရလောက်အောင်ထိ ထိုလူသုံးယောက်သည် တော်တော်လေးတိုက်ရည်ခိုက်ရည် ကောင်းကြချေသည်လား ။

ထိုသုံးယောက်သည် တစ်ပြိုင်တည်းဝင်တိုက်ကြခြင်း ဖြစ်သလို တိုက်ကွက်တစ်ခုချင်းစီတိုင်းသည် သူမကို သတ်ဖို့ ဦးတည်နေကြပြီး လူသတ်ငွေ့တို့ ဖြာထွက်နေသည် ။

အခုချိန်တွင် ဆံဖြူယောကျ်ားသည် အနားတွင် ရပ်နေပြီး သူ၏ကြည်လင်ရှင်းသန့်သည့်မျက်လုံးနှစ်လုံးသည် ရီဝမ်ဝမ်၏ ခုခံတိုက်ခိုက်နေခြင်းအပေါ်တွင်သာ အာရုံအပြည့်စူးစိုက်ထားနေရာမှ သူ့မျက်ခုံးတို့ ပင့်တက်လာသည် ။

ဒီကောင်မလေးရဲ့သိုင်းကွက်တွေက...

"မင်း အကူအညီလိုလား"
ခနတွင်းချင်းပင် ဆံဖြူယောကျ်ားသည် အရှေ့သို့တက်လာပြီး ရီဝမ်ဝမ်နား ကပ်သွားသည် ။

"လိုတယ်"

ရီဝမ်ဝမ်က တဲ့တဲ့ရှင်းရှင်းပင် ပြောလိုက်သည် ။

"လိုတယ်..."
ထိုဆံဖြူယောကျ်ားက ခေါင်းတညိတ်ညိတ်လုပ်လာရင်း ။
"ဒါဆို ပိုက်ဆံပေးလေ ။ ပိုက်ဆံပေးမယ်ဆို မင်းဘက်က ကူပေးမယ် - ဒီကမ္ဘာပေါ်မှာ အလကားရတာ ဘာမှမရှိဘူး ။ သဘောတူလား"

ရီဝမ်ဝမ်ခမျာ ဆွံ့အသွားရ၏ ။
သူမျက်လုံးထဲ ပိုက်ဆံပဲ ရှိတာလား၊ ဟမ်။

"၁ သိန်း။ ၁ သိန်း ပေးရင် မင်းကို ကူညီပေးမယ် ။ ဘယ်လိုလဲ" ဆံဖြူနှင့်ယောကျာ်းသည် ရီဝမ်ဝမ်နား တကောက်ကောက်လိုက်ရင်း တတွတ်တွတ် ပြောနေသည် ။

"၅ သောင်းကွာ၊ ဒီထက်ပိုပြီးတော့ မလျှော့နိုင်တော့ဘူး ။ ဒါက အနဲဆုံးပဲ ။ ဒေါ်လာ ၅ သောင်း ပေးတာနဲ့ မင်းကို ကူညီပေးမယ်"
ထိုယောကျ်ားသည် အလျင်အမြန်ပင် ပြောဆိုလာသည် ။

"ဒေါ်လာ ၁ ရာ" ရီဝမ်ဝမ်သည် တိုက်နေရင်းကနေ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏ ။

"ဒေါ်လာ ၁ ရာထဲလား ။ မင်း ငါ့ကို သူတောင်းစား မောင်းထုတ်သလို မောင်းထုတ်ဖို့လုပ်နေတာလား"

ဆံဖြူယောကျာ်းမှာ ရီဝမ်ဝမ်နှင့် ပြောဆိုနေရမည့်အစား ထိုအနက်ရောင်ယောကျ်ားသုံးယောက်စီ လှည့်သွားတော့ သည် ။
"မင်းတို့တွေ အကူအညီ လိုလား ။ ငါ့ကို ၁၀ သိန်းပဲ ပေး...
ငါ မင်းတို့ကို ဒီကိစ္စ ကူဖြေရှင်းပေးမယ်"

............................................................

စာစဉ် ၃၂၊ အခန်း ၁၂။ အရှက်မဲ့လွန်းတယ်

ရီဝမ်ဝမ် ။ "..."

ဒီလောက်အရှက်မဲ့သည့်လူမျိုး သူမတစ်သက်မှာ တခါမှ မတွေ့ဖူးပါချေ...

ထိုအနက်ရောင်ဝတ်ယောကျာ်းတို့သည် လူထဲကလူ ဖြစ်ကြလေရာ၊ ဆံဖြူယောကျာ်း၏အပြောကို ကြားလိုက်ပြီး အံ့အားသင့်ကုန်ကြသည် ။

"ထွက်သွားစမ်း"
သူတို့ထဲက တစ်ယောက်က ကြိမ်းမောင်းလာသည် ။

"ဟာ...မင်းတို့ သေချာစဉ်းစားကြနော်"

"ဖယ်စမ်း...မဖယ်ရင် မင်းကိုပါ သတ်ပစ်မယ်"

"အာ...အင်းပါ အင်းပါ၊ ဈေးလျှော့ပေးမယ် - ၁ သိန်း...ဘယ်လိုလဲ"

"..."

"ဒေါ်လာ ၅ သောင်းကွာ - ထပ်ပြီးတော့တော့ မလျှော့နိုင်တော့ဘူး"

"မင်း သေချင်နေတာလားကွ"

အနက်ရောင်ယောကျာ်းသုံးယောက်သည် ထပ်ကသည်းခံနိုင်ခြင်းမရှိတော့ ။ တစ်ယောက်တစ်ယောက် မျက်စပစ်ပြလိုက်ပြီး လမ်းမှာရှိနေသည့် အမှိုက်စကို အရင်ရှင်းထုတ်ပစ်မည့်ဟန်ဖြင့် ဆံဖြူယောကျာ်းဘက်
ချက်ချင်း ပြေးသွားကြတေ့ာသည် ။

ဆံဖြူယောကျာ်းသည် အပြုံးရေးရေးလေး ပြုံးပြလာသည် ။
"ဟာ...သိပ်ပြီးတော့ ဈေးမများပါဘူးဗျာ - မင်းတို့တွေ အသက်သုံးချောင်းကို ဒေါ်လာ ၅ သောင်းထဲနဲ့ ဝယ်လို့ရမှာနော်...အဲ.."

ရီဝမ်ဝမ်သည် ထိုယောကျ်ားအား စိုက်ကြည့်နေမိလေသည် ။
တကယ်ပဲ သူ ဘယ်သူလဲ ။

သူမ၏ကားမှာ စုတ်ပြတ်သတ်သွားသည့်တိုင်
သူကတော့ ပကတိကောင်းမွန်နေဆဲမဟုတ်လား ။

တိုင်းပြည် Z ထဲတွင် သိုင်းမိသားစုတစ်ခုစနှစ်ခုစ ရှိနေတတ်ပြီး သူတို့၏ခန္ဓာကိုယ်သည် အပြင်းအထန် လေ့ကျင့်ထားရခြင်းကြောင့် ခံနိုင်ရည်အား တစ်ခုထိ ရောက်နေပေပြီဟု ပြောလို့ရနိုင်သည် ။
သို့သော် သူ၏အသားအရေကတော့ ကားနှင့်တိုက်မိသည်တောင် ဘာမှမမှုရလောက်အောင်ထိ သံမဏိအသားအရေ၊ သံမဏိခေါင်းကို ပိုင်ဆိုင်ထားပြီး တုတ်ပြီးဓားပြီးသယောင်ယောင် ဖြစ်နေချေသည်လား ။

ဒါ့အပြင် ဤလူသတ်သမားများနှင့် ရင်ဆိုင်တွေ့နေရသည် တောင်မှ သူ၏အမူအရာမှာ တစ်ချက်လေးပျက်ယွင်းသွားခြင်း မရှိပါလား ။

သူ၏တိုက်ရည်ခိုက်ရည်သည် အမည်မရှိသောနန်နှင့်
သူ့အဖွဲ့ထက်ပင် သာချင်သာနေလောက်ပေမည်...

ဒီဆန်းကြယ်နက်နဲတဲ့လူကရော လျို့ဝှက်သိုင်းသမား ဒါမှမဟုတ် သိုင်းပညာရှင်များ...ဖြစ်နိုင်မလား ။

အနက်ရောင်ဝတ်လူသုံးယောက်သည် ထိုဆံဖြူယောကျာ်းထံ ခုန်အပ်ဝင်လိုက်ကြသည့်အချိန် ။

ရီဝမ်ဝမ်၏မေးရိုးတို့ ပြုတ်ကျသွားရ၏....

ခန္ဓာကိုယ်ပေါ် လက်သီးတို့ တဘုန်းဘုန်း
ရှေ့ဆင့်နောက်ဆင့် ကျရောက်လာခြင်းကြောင့်ပင် - ဆံဖြူယောကျာ်းအား အနက်ရောင်ယောကျ်ားသုံးယောက်သည် ဝိုင်းထားကြပြီး
သူ ပြန်မတိုက်ခိုက်နိုင်လောက်အောင် ဝိုင်းဆော်နေကြလေပြီ ။

ရီဝမ်ဝမ် ။ "အမ်..."

ကြည့်ရတာ...ငါ သူ့ကို အထင်ကြီးလွန်မိသွားပြီနဲ့တူတယ်...။

ဒါဆို ဒီလူက သရုပ်ဆောင်ကောင်းရုံသက်သက်ပဲပေါ့ ။

ဒီအစွမ်းအစလောက်နဲ့ သူ့ကိုယ်သူ ဒီထဲ ဝင်တိုက်ပေးဦးမယ်တဲ့လား ။ တွေးရဲသေးတယ်...

ထိုဆံဖြူယောကျ်ားသည် လုံး၀ ပြန်တိုက်နိုင်စွမ်း မရှိတော့ပြီဆိုမှ ထိုလူသုံးယောက်သည် ရီဝမ်ဝမ်ဘက်သို့ လှည့်လာကြတော့ပြီ။

ရီဝမ်ဝမ်၏မျက်လုံးတို့ ဝင်းပသွားပြီး ပြန်တိုက်ခိုက်ဖို့ရာ
အားတို့ စုစည်းထားလိုက်၏ ။

သူမသည် ထိုဆန်းကြယ်သည့်ဆံဖြူယောကျာ်းနှင့် ပတ်သက်ပြီး အတွေးမှား သွားခဲ့ပါ၏ ။ သို့သော်၊ ဒီလူသုံးယောက်နဲ့ပတ်သက်၍တော့ မှန်ခဲ့ပါသည် ။
သူတို့ အခုနက တိုက်ခိုက်သွားကြပုံအရ သူတို့ထဲက တစ်ယောက်လောက် နှင့် ရင်ဆိုင်တိုက်ခိုက်မိလျှင်ပင် အားကုန်ပင်ပန်းသွားရပေလိမ့်မည်၊ သူတို့သုံးဦးစလုံးအား တစ်ပြိုင်တည်းတိုက်ခိုက်ရမည်ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ ။

ဤနေရာသည်ကား လူသူကင်းရှင်းသည့်လမ်းလယ်ခေါင် ဖြစ်ပေသည်...

ဒီအခိုက် ရီဝမ်ဝမ်၏စိတ်ထဲ အတွေးပေါင်းစုံတို့
တဖျတ်ဖျတ် လူးလွင့်လို့လာနေသည် ။

သို့သော်၊ ထိုလူသုံးယောက်နှင့် ဘယ်လိုရင်ဆိုင်ရမလဲ
သူမ စဉ်းစားနေမိရုံ ရှိသေး၊ ထိုလူသုံးယောက်သည် ဘုန်းခနဲ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် အတုန်းအရုံး ပစ်လဲကျကုန်ကြလေသည် ။

ရီဝမ်ဝမ် မင်သေသွားရ၏ ။

ဘာဖြစ်သွားတာလဲ ။

ဒါ...ဆံဖြူယောကျာ်းကြောင့်လား ။

ဒါပေမယ့် စက္ကန့်ပိုင်းလေးအတွင်းမှာ လူသုံးယောက်ရဲ့အသက်ကို နှုတ်ယူပစ်နိုင်တယ်လား ။
ဒါက ဘယ်လိုအရည်အချင်းလဲ ။

သို့သော်လည်း၊ နောက်ဆုံးတွင် ရီဝမ်ဝမ်သည် ဆံဖြူနှင့်ယောကျ်ားအား ရှင်းရှင်းလင်းလင်း မြင်လိုက်ပါပြီ ။ ထိုအနက်ရောင်ယောကျာ်းတို့၏ အနောက်ဘက်တွင် ဆံဖြူယောကျာ်းသည် လူသတ်လက်နက်ဖြစ်သည့် သေနတ်ကို လက်ထဲတွင် ကိုင်ထားလျက်သား ။

သူမ မြင်လိုက်ရသည်မှာ ထိုဆံဖြူယောကျာ်းသည် သေနတ်ကို မှုတ်လို့နေသည် ။ သူ့အင်္ကျီကို ပြန့်သွားအောင် လုပ်လိုက်ရင်း စိတ်ပျက်စိတ်ရှုပ်စွာဖြင့် ပြောဆိုလာသည် ။
"ဟာကွာ...ဘယ်ခေတ်ရောက်နေပြီလဲ - လူတွေများ ခက်တယ်၊ တိုက်ခိုက်နေကြတုန်း ။ မင်းတို့ကောင်တွေ ဘယ်ခေတ်က ရောက်လာကြတာလဲ"

ရီဝမ်ဝမ် ။ "..."

သူမသည် တကယ်ကို အတွေးလွန်နေခဲ့ပါရောလား...

ဆံဖြူယောကျာ်းသည် ပြောဆိုပြီးသွားသည့်နောက် ထိုယောကျ်ား သုံးယောက်ပေါ် တက်နင်းပြီး ရီဝမ်ဝမ်ဆီ လျှောက်လာသည် ။ သူ၏ရှည်သွယ်သည့်လက်ချောင်းတို့ကို ဆန့်ထုတ်လာပြီး ပြောဆိုလာသည် ။ "အခု လွှဲတော့"

"ဘ-ဘာကိုလဲ" ရီဝမ်ဝမ်သည် ကြောင်အလို့နေမိဆဲ ။

ဆံဖြူယောကျာ်း ။
"ဒေါ်လာ ၁၀၀ - မင်း ကတိပေးထားတယ်လေ"

ရီဝမ်ဝမ် ။ "..."

သူ သဘောမတူဘူးလို့ ငါထင်နေတာ ။
ဒေါ်လာ ၁၀၀ လေးတောင် အလွတ်မပေးဘူးလား...

ဆံဖြူယောကျာ်း ။ "ဘာလဲ...ငွေသားမရှိဘူးလား ။
ဒါဆို WeChat ကနေ ပို့ပေးလို့ရတယ်"

ရီဝမ်ဝမ် ။ "..."

ဆန်းကြယ်ပြီး လျို့ဝှက်တဲ့ သိုင်းပညာရှင်တဲ့လား ၊ သွားသေလိုက်တော့...

......................................................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Goddess > စာစဉ် ၃၂ တစ်ခုလုံးကို တစ်ခါတည်းအပြီးဖတ်လိုပါက ၅၀၀ ထဲနဲ့ ဖတ်လို့ရပါပြီ ။

Continue Reading

You'll Also Like

1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
373K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
514K 33.3K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary