Unicode
Arc(1.22)
The Wild Dragon Proud Day
လီလျိုကအခန်းအလယ်မှာရပ်ပြီးကျင်းချွန်းမိဖုရားနှင့်ချင်ယန်တို့ကအပြင်ဘက်မှာမတ်တပ်ရပ်နေခဲ့ကြတာဖြစ်သည်။နှစ်ဖက်လုံးကသူတို့၏အကြည့်များကိုတစ်နာရီလောက်ကြာအောင်ပိတ်သိမ်းထားပြီးနောက်မှာတော့ကျင်းချွန်းမိဖုရားနှင့်ချင်ယန်တို့ကဖြည်းညင်းစွာဖြင့်အတွင်းသို့ဝင်ရောက်လာကြ၏။
သူတို့အထဲရောက်သည့်အခါမှာတော့ကျင်းချွန်းမိဖုရားကလီလျိုအားလှောင်ပြောင်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးသူမ၏လှပသောမျက်လုံးများထဲတွင်စပ်ဆုပ်ရွံ့ရှာပြီးနာကျည်းနေသည့်အကြည့်များကိုဖော်ပြနေသည်။
"ပန်းဂွန်းဘယ်တုန်းကမှမမျှော်လင့်ခဲ့မိဘူး... ချင်ယုအဲ့ဒီကောင်စုတ်လေးကမင်းကိုဘာမှမဟုတ်သလိုမျိုးချက်ချင်းစွန့်ပစ်လိုက်မယ်လို့....ပန်းဂွန်းကပထမတော့ချင်ယုအဲ့ဒီကောင်စုတ်လေးကိုခြိမ်းခြောက်ဖို့မင်းကိုသုံးမလားလို့လုပ်ခဲ့တာပြီးတော့သူနဲ့လည်းနည်းနည်းလောက်ညှိနှိုင်းမှုလေးလုပ်ကြည့်မလို့ပေါ့ဒါပေမဲ့မမျှော်လင့်ပဲပန်းဂွန်းရဲ့ခန့်မှန်းချက်မှားခဲ့တယ်"
(T/N -ပန်းဂွန်း - တော်ဝင်မိသားစု၏အမျိုးသမီးများကသူတို့ကိုသူတို့ရည်ညွှန်းသည့်အခါသုံးသည်။)
ကျင်းချွန်းမိဖုရားကစကားပြောတာ ရပ်လိုက်ပြီးသူမရဲ့ခေါင်းကိုညွှတ်လိုက်ကာ အဖိုးတန်ကျောက်များဖြင့်ထွင်းထားသော လက်အိတ်များဖြင့်ဖုံးထားသည့် လက်ချောင်းများကိုဂရုတစိုက်ကြည့်နေပုံရသည်။ထို့နောက်သူမရဲ့တောက်ပတဲ့နှုတ်ခမ်းကအနည်းငယ်ပွင့်ဟလာပြီးဆက်ပြောလိုက်၏။
"အဲ့ဒီကောင်စုတ်လေးကမင်းရဲ့သေခြင်းရှင်ခြင်းကိုရိုးရိုးရှင်းရှင်းပဲလုံးဝကိုဂရုမစိုက်ဘူး...လွန်ခဲ့တဲ့ရက်အနည်းငယ်ကသူရုန်မြို့ကိုသိမ်းပိုက်လိုက်တယ်...သူသာမြို့တွေကိုဆက်ပြီးတိုက်ခိုက်နေသမျှကာလပတ်လုံးမကြာခင်ပီယန်မြို့တော်ကိုရောက်လာတော့မှာ"
လီလျိုမှာကျင်းချွန်းမိဖုရား၏စကားကိုဆက် ပြီးနားထောင်လေလေသူမရဲ့စကားများကို နားမလည်လာလေဖြစ်လာသည်။
ခဏလေးနေပါဦး!သူဒီစကားတွေကိုအရမ်းအကျွမ်းဝင်နေသလိုခံစားနေရပေမဲ့ဘာလို့သူတို့ပြောတာကိုနားမလည်ရတာလဲ?သူတို့ကသူ့ကိုဖမ်းလာတာဇာတ်လိုက်ကိုခြိမ်းခြောက်မလို့လား?သူမှားပြီးကြားတာမဟုတ်ပါဘူးနော်ဟုတ်လား?အတိအကျပြောရရင်သူကဒီအတိုင်းဇာတ်လိုက်ရဲ့အကိုသက်သက်ပဲလေ...ကျေးဇူးပြုပြီးသူ့ကိုအမျိုးသမီးဇာတ်လိုက်နဲ့တူညီတဲ့အခန်းကဏ္ဍရှိမယ်လို့မမျော်လင့်ပါနဲ့ဟ..okay?!
လီလျိုကသူမပြောတာကိုဘာစကားမှဝင်မပြောပဲတိတ်တဆိတ်သာနားထောင်နေသည်ကိုတွေ့သည့်အခါကျင်းချွန်းမိဖုရား၏စိတ်ပျက်ဖွယ်မျက်လုံးများထဲတွင်အမျိုးအမည်မသိနိုင်သည့်အကြည့်တစ်ချက်ဖြတ်ပြေးသွားတော့သည်။သူမကရုတ်တရက်သူမရဲ့မျက်လုံးများကိုမြှင့်လိုက်ပြီးလီလျိုကိုကြည့်လိုက်ကာသူမရဲ့ပါးစပ်ကိုလက်ဖြင့်ပိတ်၍တိတ်တဆိတ်ရယ်မောလိုက်၏။
"ဒါပေမဲ့လည်းအဲ့ဒီလိုဆိုရင်တောင်မင်းကအဲ့ဒီကောင်စုတ်လေးဘေးမှာနှစ်ပေါင်းများစွာနေခဲ့တာဆိုတော့သူ့ရှေ့တည့်တည့်မှာမင်းကိုကိုယ်တိုင်သတ်လိုက်မယ်ဆိုရင်သူ့ကိုနည်းနည်းလောက်တော့အသဲကွဲအောင်လုပ်လို့ရနိုင်လောက်ပါတယ်...ဟုတ်တယ်မှတ်လား?"
ချင်ယန်ကတော့ကျင်းချွန်းမိဖုရား၏ဘေးမှာသာရပ်ပြီးစကားတစ်လုံးမှဝင်မပြောပေ။အစကနေအဆုံးထိသူရှေ့မှလီလျိုကိုသာတစ်ကိုယ်လုံးခြုံကြည့်နေခဲ့သည်။လီလျိုကိုကြည့်နေသည့်သူ့ရဲ့မျက်လုံးအစုံကရက်စက်မှုများပြည့်နှက်နေပြီးအဆိပ်ပြင်းသောမြွေတစ်ကောင်နှင့်တူသောကြောင့်လီလျို၏တစ်ကိုယ်လုံးကိုမသက်မသာခံစားရစေသည်။
ကျင်းချွန်းမိဖုရားကလီလျိုကိုပြောလို့ပြီးသွားသည်နှင့်သူမရဲ့ဘေးမှာခေါင်းကိုငုံ့၍တိတ်တဆိတ်ရပ်နေသောနန်းတွင်းအစေခံနှစ်ယောက်အားလှည့်ကြည့်လိုက်သည်။
"သူ့လိုတာကိုစိတ်ကျေနပ်တဲ့အထိဂရုတစိုက်လုပ်ပေးလိုက်ဒါပေမဲ့မင်းတို့သူ့ကိုဒီအခန်းကထွက်သွားခွင့်ပြုလို့မရဘူး"
"ဟုတ်ကဲ့ဒီအစေခံတွေမှတ်မိပါပြီ" နန်းတွင်းအစေခံနှစ်ယောက်ကချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ကျင်းချွန်းမိဖုရားကနန်းတွင်းအစေခံနှစ်ယောက်အားထားခဲ့ပြီးချက်ချင်းပင်လှည့်ထွက်သွားတော့သည်။ချင်ယန်ကတော့လီလျိုကိုနောက်ဆုံးတစ်ချက်သာကြည့်လိုက်ပြီးကျင်းချွန်းမိဖုရားနောက်ကလိုက်ပြီးထွက်သွားတော့လေ၏။
သူတို့လီလျို၏အိမ်ဝင်းအတွင်းမှထွက်လာပြီးတော်တော်ဝေးဝေးသို့ရောက်မှသာတိတ်ဆိတ်နေသည့်ချင်ယန်ကရုတ်တရက်သူ့ပါးစပ်ကိုဖွင့်၍မေးလိုက်သည်။
"မယ်တော်...အဲ့ဒီကလေးကအသုံးမှမဝင်တော့တာဘာဖြစ်လို့သူ့ကိုဆက်ထိန်းသိမ်းထားနေသေးတာလဲ?"
ကျင်းချွန်းမိဖုရားကတော့သူမရဲ့နှုတ်ခမ်းများကိုသာအနည်းငယ်ကော့ညွှတ်၍ပြုံးလိုက်ပြီးသူမရဲ့မျက်လုံးများကိုကျဉ်းမြောင်းကာချင်ယန်အားစိုက်ကြည့်လိုက်သည်။
"သားတော်...မင်းကယောကျာ်းလေးတွေရဲ့စိတ်ကိုနားမလည်ဘူး...အဲ့ဒီချင်ယုဆိုတဲ့ကောင်စုတ်လေးရဲ့စိတ်ထားအရဆိုရင်သူကအပြင်ဘက်မှာအေးဆေးတည်ငြိမ်နေပေမယ့်သူ့ရဲ့စိတ်ထဲမှာတော့ဒီကောင်လေးကိုစိတ်အပူဆုံးပဲ ဖြစ်နေမှာ...အဲ့ဒါကိုသူ့ရဲ့အလောတကြီးလုပ်နေတဲ့လုပ်ရပ်တွေကနေမြင်နိုင်တယ်လေ...သူကငါတို့ကိုဒီကောင်လေးအပေါ်မှာမတော်တရားပြုမူရင်ငါတို့နာကျင်မှုနဲ့ပြန်ပေးဆပ်ရမယ်လို့တောင်ပြောနေတဲ့ဟာကို....ဟဟ..ဒီကောင်လေးကသူ့အတွက်ဘယ်လောက်တန်ဖိုးရှိလဲသိရအောင်နောက်ထပ်ဖိအားထပ်ပေးကြည့်ကြတာပေါ့"
"တကယ်လို့အခြေအနေကဒီလိုဆိုရင်...မယ်တော်...ဘာဖြစ်လို့အဲ့ဒီကောင်လေးကိုအဲ့ဒီလိုတွေပြောခဲ့ရတာလဲ?"
ချင်ယန်ကမျက်မှောင်ကြုံ့ပြီးနားမလည်နိုင်သည့်ပုံဖြင့်မေးလိုက်သည်။
ကျင်းချွန်းမိဖုရားကသူမရဲ့မေးစေ့ကိုအနည်းငယ်မြှင့်လိုက်ပြီးအားလျော့စွာဖြင့်ပြန်ဖြေလိုက်၏။
"အဲ့ဒါကသံသယမျိုးစေ့တစ်ခုချလိုက်တာပဲလေ...ဒီအချိန်ခဏလေးကစိတ်ထဲမှာအမှတ်အသားမဖြစ်ဘူးဆိုရင်တောင်နှစ်တွေကြာသွားရင်ပိုပိုပြီးအားကောင်းလာလိမ့်မယ်"
ကျင်းချွန်းမိဖုရား၏အင်္ကျီလက်များကယိမ်းနွဲ့နေပြီးလေကအောက်ခြေသို့ပုံကျလုမတတ်ဖြစ်နေသည့်ပိုးထည်ကိုအတူတကွစုရုံးနေစေသည်.သူမရဲ့မျက်နှာပေါ်တွင်တော့လိမ္မာပါးနပ်မှုကိုဖော်ပြနေ၏။
"သံသယမျိုးစေ့ဆိုတာပေါက်ဖွားလာတာနဲ့အမျှဖယ်ရှားဖို့ခက်ခဲတယ်..ကောင်စုတ်လေးချင်ယုကကောင်လေးကိုချောချောမွေ့မွေ့ကယ်တင်နိုင်ခဲ့တယ်ဆိုရင်တောင်ငါကသူတို့နှလုံးသားတွေကိုဝေးကွာစေခြင်တာ..ချင်ယုဆိုတဲ့ကောင်စုတ်လေးသူ့အတွက်ငါပြင်ဆင်ပေးတဲ့လက်ဆောင်ကိုနှစ်သက်မယ်လို့ယုံကြည်ပါတယ်"
သို့သော်လည်းသူတို့မသိသည့်အချက်ကလီလျိုကသူတို့တွေးသလိုမဟုတ်တာပဲဖြစ်သည်။သူကကျင်းချွန်းမိဖုရားသူ့ကိုပြောခဲ့တဲ့စကားကိုကြားပြီးတာနဲ့ချက်ချင်းပင်သူမဘာပြောခဲ့သလဲဆိုတာကိုမေ့သွားခဲ့လေပြီ။
သူကနန်းတွင်းအစေခံနှစ်ယောက်အားသူ့အတွက်အစားအစာပြင်ဆင်ခိုင်းလိုက်သည်။ပြီးနောက်သူဗိုက်ပြည့်သည်နှင့်ဒီနန်းတော်ထဲကဘယ်လိုလွတ်မြောက်အောင်လုပ်ရင်ကောင်းမလဲဟုသာသိခြင်နေမိတော့သည်။
သူသည်ဤစာအုပ်၏စာရေးဆရာဖြစ်သော်လည်းဒီဧကရာဇ်နန်းတော်မြေမျက်နှာသွင်ပြင်နှင့်ပတ်သတ်၍ဘာမှကိုမသိပေ။
နန်းတွင်းအစေခံနှစ်ယောက်အားသူ့အခန်းထဲမှထွက်သွားခိုင်းလိုက်ပြီးသည်နှင့်လီလျိုကချက်ချင်းပင်အခန်းထဲမှထိုင်ခုံတွင်ထိုင်လိုက်ပြီးသူလက်ရှိဖြစ်ပေါ်နေရသည့်အခြေအနေအားဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုစဉ်းစားနေလိုက်သည်။ထိုခဏလေးကသူကဒီအတိုင်းကိုယ်ခံပညာတစ်ခုမှမရှိသည့်သာမာန်လူတစ်ဦးမျှသာဖြစ်သည်။သူ့မှာအရင်ကကျွမ်းကျင်မှုရှိနေဆဲဆိုရင်တောင်အပြင်မှာစောင့်နေသည့်အင်ပါယာသက်တော်စောင့်များနဲ့ဆက်ဆံဖို့တော်တော်တော်လေးခက်ခဲမှာကိုကြောက်နေမိ၏။
လီလျိုကသူ့ရဲ့လက်ချောင်းများကိုအကြိမ်အနည်းငယ်ပွတ်တိုက်နေမိပြီးမှချက်ချင်းပင်သူ့အားဤလောကသို့ပို့ဆောင်ပေးလိုက်သည့် System ရှောင်းချီကိုမှတ်မိလိုက်တော့သည်။
သူအခုဖြစ်နေတဲ့အခြေအနေကိုကိုယ်တွယ်ဖြေရှင်းနိင်မယ့်နည်းလမ်းတစ်ခုမှရှာမတွေ့ရင်တောင်Systemကြည့်ရတာတော့နည်းပညာမြင့်ထုတ်ကုန်တစ်ခုဖြစ်နိုင်တယ်ဆိုတော့နည်းနည်းအသုံးဝင်တာတော့ရှိလောက်ပါတယ်..ဟုတ်တယ်မှတ်လား?
ထို့အပြင်သူကအခုလိုပြောင်းလဲသွားပုံရ သောဇာတ်လမ်းတွဲ၏အပိုင်းများကိုလည်း မေးမြန်းလိုခဲ့ပြီးသူ့အပေါ်ဆိုးကျိုးသက်ရောက်နိုင်မလားဆိုတာကိုလည်းသူသိဖြင်နေမိသည်။
သူကချင်ယုနဲ့အမြဲတမ်းအတူတူရှိခဲ့တာဆိုတော့ကိုယ်ပိုင်အချိန်သိပ်များများစားစားမရှိခဲ့ဘူးလေအဲ့ဒါကြောင့်ရှောင်းချီကိုမခေါ်တာတောင်တော်တော်လေးကြာခဲ့ပြီ...
လီလျိုကရှောင်းချီအားသူ့စိတ်ထဲတွင်ခေါ်ရန်ကြိုးစားလိုက်သည်။
ခဏမျှအကြာမှာတော့နူးညံ့သည့်ကလေးဆန်သောအသံလေးတစ်ခုကသူ့စိတ်ထဲတွင်ပေါ်လာခဲ့သည်။
【ကြီးမြတ်တဲ့ host ရေ..မတွေ့ရတာတောင်ကြာပြီနော် (づUど)~】
Japanese-style ခံစားချက်ပြသည့် Emoji များကသူ့ခေါင်းထဲတွင်ပတ်ပတ်လည်အချိန်တော်တော်များများဖြတ်သန်းသွားပြီးမှ ရှောင်းချီ၏အသံကိုနောက်တစ်ခါထပ်ကြားလိုက်ရသည်။
【host ရှောင်းချီကိုခေါ်တာဘာကိစ္စရှိလို့ပါလဲ? 】
လီလျိုကသူ့စိတ်ထဲမှာပဲတိုက်ရိုက်မေးလိုက်၏။
[ရှောင်းချီ...အခုကငါအင်ပါယာနန်းတော်ထဲရောက်နေတယ်ဒီဇာတ်ကြောင်းကဝတ္ထုထဲမှာမပါဘူးလေအဲ့ဒါငါအိမ်ပြန်နိုင်မယ့်လမ်းကိုတော့သက်ရောက်မှုမရှိလောက်ပါဘူးနော်ဟုတ်တယ်မှတ်လား?]
ရှောင်းချီကကျားတစ်ကောင်ကိုမျက်နှာနှင့်ထိတွေ့နေသော emojiလေးနှင့်ခေါင်းခါနေသည့် emojiကိုလီလျို၏စိတ်ထဲသို့ပို့ပေးလိုက်သည်။
【မဖြစ်ပါဘူး...hostအရမ်းစိတ်ပူစရာ မလိုဘူးဇာတ်လိုက်ရဲ့ကမ္ဘာကြီးကို လွှမ်းမိုးတဲ့ဇာတ်ကွက်အဆုံးသတ်ကို မပြောင်းလဲမခြင်းအဲ့ဒါကအဆင်ပြေလိမ့်မယ်(☆_☆)သိပ်မကြာခင်ကပဲတိုးတက်မှုဇယားကိုကြည့်လိုက်သေးတယ်ပြီးတော့အဲ့ဒါက ချောချောမွေ့မွေ့လုပ်ဆောင်နေတယ် ဒီလိုမျိုးဆက်လုပ်နေသရွေ့မကြာခင်မှာပဲ hostကိုယ့်ကမ္ဘာကိုပြန်လာနိုင်တော့မှာပါ】
လီလျိုကစိတ်သက်သာရာရာစွာဖြင့်သက်ပြင်းချပြီးထပ်မေးလိုက်သည်။
[မင်းမှာငါဒီနန်းတော်ထဲကလွတ်မြောက်နိုင်အောင်ကူညီနိုင်မယ့်နည်းလမ်းလေးများရှိလား?]
သူဒီအတိုင်းဒီမှာနေပြီးချင်ယုလာကယ်မှာကိုစောင့်မနေနိုင်ပေ...ပြီးတော့လည်းချင်ယုကဒီနေရာနဲ့တော်တော်ဝေးဝေးမှာရှိနေတာဖြစ်တာကြောင့်အဝေးကရေကအနီးကလောင်နေတဲ့မီးကိုမငြိမ်းနိုင်ဘူးလေ..
ချင်ယုကလည်းဒီကိုဘယ်အချိန်ကျမှရောက်လာနိုင်မလဲမသိသလိုဗီလိန်နှစ်ယောက်ဖြစ်တဲ့ချင်ယန်နဲ့ကျင်းချွန်းမိဖုရားတို့ကလည်းသူ့ကိုတိုက်ခိုက်နိုင်ဖို့ဘယ်လိုနည်းလမ်းမျိုးတွေသုံးလာမလဲဆိုတာမသိနိုင်ဘူး...
【ခဏစောင့်ပါ..ကျွန်တော်တစ်ချက်ကြည့်လိုက်ပါ့မယ်~】ရှောင်းချီကထိုစာကြောင်းအားပြောပြီးသည်နှင့်ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။
လီလျိုကလက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီးထိုလက်ဖက်ရည်ခွက်ကိုမြှောက်ကာရှောင်းချီထံမှလာမည့်သတင်းကိုစောင့်ရင်းအေးဆေးတည်ငြိမ်စွာဖြင့်သောက်နေလိုက်၏။
အပြင်ဘက်ကလူတွေအတွက်ကတော့သူကဒီအတိုင်းကွက်လပ်ကိုငေးကြောင်ပြီးစိုက်ကြည့်နေသလိုပဲဖြစ်မှာလေ..ဒါအကုန်ပဲ
အမွှေးတိုင်တစ်ခါထွန်းစာအချိန်လောက်တွင်ရှောင်းချီကနောက်တစ်ခါထပ်ပေါ်လာပြီးပြောလိုက်သည်။
【ကြီးမြတ်လှတဲ့host...ရှောင်းချီဒီအင်ပါယာနန်းတော်ရဲ့မြေပုံကိုရှာတွေ့လာတယ်.... မကြာသေးခင်ကပဲရှောင်းချီအကုန်လုံးကို ဖတ်လိုက်တဲ့အခါကျတော့ဒီအခန်းနဲ့ သိပ်မဝေးတဲ့ဥယျာဉ်ကြီးထဲမှာ နန်းတော်အပြင်ဘက်ကိုဦးတည်နေတဲ့ လျို့ဝှက်လှိုင်ခေါင်းတစ်ခုကိုတွေ့တယ် ~ ကြီးမြတ်လှတဲ့hostစိတ်ပူစရာမလိုဘူး.. ရှောင်းချီအဲ့ဒီလျို့ဝှက်လှိုင်ခေါင်းရှိတဲ့ နန်းတော်နေရာကိုလမ်းပြပေးနိုင်တယ် (づ ¯ 3 ¯) づ】
ရှောင်းချီရဲ့အသံကပိုပိုပြီးနူးညံ့သိမ်မွေ့လာကာဆိုးသွမ်းနေတဲ့ကလေးလေးလိုပဲ သူ့အောင်မြင်မှုအတွက်လီလျိုဆီက ချီးကျူးမှုကိုလိုခြင်သလိုမျိုး ချွဲနွဲ့ပြီးပြောနေတော့သည်။
လီလျိုကခေါင်းညိမ့်ပြလိုက်ပြီးသူ့စိတ်ထဲ တွင်စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်။
[ကျေးဇူးတင်ပါတယ်ရှောင်းချီ]
ရှောင်းချီကခဏမှရှက်ရွံ့နေပြီးမှပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
【.အဲ့ဒါကျွန်တော်ကပြောရမှာပါ】
လီလျိုကနောက်တစ်ခါထပ်ပြောလိုက်ပြန်သည်။
[မင်းငါ့ရဲ့စည်းတံဆိပ်ခတ်ခံထားရတဲ့ အစွမ်းတွေကိုပြန်ဖြေပေးလို့ရမလား]
ထိုခဏမှာသူကသာမာန်လူတစ်ယောက်ပဲဖြစ်တာကြောင့်သူဒီအခန်းထဲကချောချောမွေ့မွေ့ထွက်သွားနိုင်မည့်ယုံကြည်ချက်သိပ်မရှိပေ။
【......ဟင့်အင်းကျွန်တော်မလုပ်ပေးနိုင်ဘူး....ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအကြံပေးယုံကလွဲရင်ဒီလောကထဲမဝင်နိုင်ဘူး>_<......】
လီလျို၏မျက်နှာပေါ်တွင်အလွန်စိတ်ပျက်နေသည့်အမူအယာရှိနေ၏။
hostရဲ့မျက်နှာပေါ်ကစိတ်ပျက်လက်ပျက်ဖြစ်နေသည့်အမူအယာအားကြည့်ပြီးရှောင်းချီမှာသူကလုံးဝအသုံးမဝင်ဘူးဟုရုတ်တရက်ခံစားလိုက်ရတော့သည်။_ (: з) ∠) _.
ရှောင်းချီကခဏမျှနက်နက်ရှိုင်းရှိုင်းစဉ်းစားနေပြီးမှဂရုတစိုက်ဖြင့်ပြောလိုက်သည်။
【ဒါပေမဲ့ကျွန်တော့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ခန္တာကိုယ်တွေကိုScanဖတ်ပြီးသူတို့ရဲ့အခြေအနေတွေကိုပြောပြပေးနိုင်တယ်...အိုး! ပြီးတော့လည်းကျွန်တော်သူတို့ရဲ့အားနည်းချက်ကိုရှာပေးနိုင်တယ်...အဲ့ဒါကတော့အသုံးဝင်မှာပါနော်ဟုတ်တယ်မှတ်လား?】
.........................................
29.4.2020(3:34 PM)
.........................................
Zawgyi
Arc(1.22)
The Wild Dragon Proud Day
လီလ်ိဳကအခန္းအလယ္မွာရပ္ၿပီးက်င္းခၽြန္းမိဖုရားႏွင့္ခ်င္ယန္တို႔ကအျပင္ဘက္မွာမတ္တပ္ရပ္ေနခဲ့ၾကတာျဖစ္သည္။ႏွစ္ဖက္လံုးကသူတို႔၏အၾကည့္မ်ားကိုတစ္နာရီေလာက္ၾကာေအာင္ပိတ္သိမ္းထားၿပီးေနာက္မွာေတာ့က်င္းခၽြန္းမိဖုရားႏွင့္ခ်င္ယန္တို႔ကျဖည္းညင္းစြာျဖင့္အတြင္းသို႔ဝင္ေရာက္လာၾက၏။
သူတို႔အထဲေရာက္သည့္အခါမွာေတာ့က်င္းခၽြန္းမိဖုရားကလီလ်ိဳအားေလွာင္ေျပာင္သည့္အၾကည့္ျဖင့္ၾကည့္လိုက္ၿပီးသူမ၏လွပေသာမ်က္လံုးမ်ားထဲတြင္စပ္ဆုပ္ရြံ႔ရွာၿပီးနာက်ည္းေနသည့္အၾကည့္မ်ားကိုေဖာ္ျပေနသည္။
"ပန္းဂြန္းဘယ္တုန္းကမွမေမွ်ာ္လင့္ခဲ့မိဘူး... ခ်င္ယုအဲ့ဒီေကာင္စုတ္ေလးကမင္းကိုဘာမွမဟုတ္သလိုမ်ိဳးခ်က္ခ်င္းစြန္႔ပစ္လိုက္မယ္လို႔....ပန္းဂြန္းကပထမေတာ့ခ်င္ယုအဲ့ဒီေကာင္စုတ္ေလးကိုၿခိမ္းေျခာက္ဖို႔မင္းကိုသံုးမလားလို႔လုပ္ခဲ့တာၿပီးေတာ့သူနဲ႔လည္းနည္းနည္းေလာက္ၫွိႏွိုင္းမႈေလးလုပ္ၾကည့္မလို႔ေပါ့ဒါေပမဲ့မေမွ်ာ္လင့္ပဲပန္းဂြန္းရဲ႔ခန္႔မွန္းခ်က္မွားခဲ့တယ္"
(T/N -ပန္းဂြန္း - ေတာ္ဝင္မိသားစု၏အမ်ိဳးသမီးမ်ားကသူတို႔ကိုသူတို႔ရည္ၫႊန္းသည့္အခါသံုးသည္။)
က်င္းခၽြန္းမိဖုရားကစကားေျပာတာ ရပ္လိုက္ၿပီးသူမရဲ႔ေခါင္းကိုၫႊတ္လိုက္ကာ အဖိုးတန္ေက်ာက္မ်ားျဖင့္ထြင္းထားေသာ လက္အိတ္မ်ားျဖင့္ဖုံးထားသည့္ လက္ေခ်ာင္းမ်ားကိုဂ႐ုတစိုက္ၾကည့္ေနပုံရသည္။ထို႔ေနာက္သူမရဲ႔ေတာက္ပတဲ့ႏႈတ္ခမ္းကအနည္းငယ္ပြင့္ဟလာၿပီးဆက္ေျပာလိုက္၏။
"အဲ့ဒီေကာင္စုတ္ေလးကမင္းရဲ႔ေသျခင္းရွင္ျခင္းကို႐ိုး႐ိုးရွင္းရွင္းပဲလုံုးဝကိုဂ႐ုမစိုက္ဘူး...လြန္ခဲ့တဲ့ရက္အနည္းငယ္ကသူ႐ုန္ၿမိဳ႔ကိုသိမ္းပိုက္လိုက္တယ္...သူသာၿမိဳ႔ေတြကိုဆက္ၿပီးတိုက္ခိုက္ေနသမွ်ကာလပတ္လံုးမၾကာခင္ပီယန္ၿမိဳ႔ေတာ္ကိုေရာက္လာေတာ့မွာ"
လီလ်ိဳမွာက်င္းခၽြန္းမိဖုရား၏စကားကိုဆက္ ၿပီးနားေထာင္ေလေလသူမရဲ႔စကားမ်ားကို နားမလည္လာေလျဖစ္လာသည္။
ခဏေလးေနပါဦး!သူဒီစကားေတြကိုအရမ္းအကၽြမ္းဝင္ေနသလိုခံစားေနရေပမဲ့ဘာလို႔သူတို႔ေျပာတာကိုနားမလည္ရတာလဲ?သူတို႔ကသူ႔ကိုဖမ္းလာတာဇာတ္လိုက္ကိုၿခိမ္းေျခာက္မလို႔လား?သူမွားၿပီးၾကားတာမဟုတ္ပါဘူးေနာ္ဟုတ္လား?အတိအက်ေျပာရရင္သူကဒီအတိုင္းဇာတ္လိုက္ရဲ႔အကိုသက္သက္ပဲေလ...ေက်းဇူးျပဳၿပီးသူ႔ကိုအမ်ိဳးသမီးဇာတ္လိုက္နဲ႔တူညီတဲ့အခန္းက႑ရွိမယ္လို႔မေမ်ာ္လင့္ပါနဲ႔ဟ..okay?!
လီလ်ိဳကသူမေျပာတာကိုဘာစကားမွဝင္မေျပာပဲတိတ္တဆိတ္သာနားေထာင္ေနသည္ကိုေတြ႕သည့္အခါက်င္းခၽြန္းမိဖုရား၏စိတ္ပ်က္ဖြယ္မ်က္လံုးမ်ားထဲတြင္အမ်ိဳးအမည္မသိႏိုင္သည့္အၾကည့္တစ္ခ်က္ျဖတ္ေျပးသြားေတာ့သည္။သူမက႐ုတ္တရက္သူမရဲ႔မ်က္လံုးမ်ားကိုႁမွင့္လိုက္ၿပီးလီလ်ိဳကိုၾကည့္လိုက္ကာသူမရ႔ဲ႔ပါးစပ္ကိုလက္ျဖင့္ပိတ္၍တိတ္တဆိတ္ရယ္ေမာလိုက္၏။
"ဒါေပမဲ့လည္းအဲ့ဒီလိုဆိုရင္ေတာင္မင္းကအဲ့ဒီေကာင္စုတ္ေလးေဘးမွာႏွစ္ေပါင္းမ်ားစြာေနခဲ့တာဆိုေတာ့သူ႔ေရွ႕တည့္တည့္မွာမင္းကိုကိုယ္တိုင္သတ္လိုက္မယ္ဆိုရင္သူ႔ကိုနည္းနည္းေလာက္ေတာ့အသဲကြဲေအာင္လုပ္လို႔ရႏိုင္ေလာက္ပါတယ္...ဟုတ္တယ္မွတ္လား?"
ခ်င္ယန္ကေတာ့က်င္းခၽြန္းမိဖုရား၏ေဘးမွာသာရပ္ၿပီးစကားတစ္လံုးမွဝင္မေျပာေပ။အစကေနအဆံုးထိသူေရွ႕မွလီလ်ိဳကိုသာတစ္ကိုယ္လံုးျခံဳၾကည့္ေနခဲ့သည္။လီလ်ိဳကိုၾကည့္ေနသည့္သူ႔ရဲ႔မ်က္လံုးအစံုကရက္စက္မႈမ်ားျပည့္ႏွက္ေနၿပီးအဆိပ္ျပင္းေသာေႁမြတစ္ေကာင္ႏွင့္တူေသာေၾကာင့္လီလ်ိဳ၏တစ္ကိုယ္လံုးကိုမသက္မသာခံစားရေစသည္။
က်င္းခၽြန္းမိဖုရားကလီလ်ိဳကိုေျပာလို႔ၿပီးသြားသည္ႏွင့္သူမရဲ႔ေဘးမွာေခါင္းကိုငံု႔၍တိတ္တဆိတ္ရပ္ေနေသာနန္းတြင္းအေစခံႏွစ္ေယာက္အားလွည့္ၾကည့္လိုက္သည္။
"သူ႔လိုတာကိုစိတ္ေက်နပ္တဲ့အထိဂ႐ုတစိုက္လုပ္ေပးလိုက္ဒါေပမဲ့မင္းတို႔သူ႔ကိုဒီအခန္းကထြက္သြားခြင့္ျပဳလို႔မရဘူး"
"ဟုတ္ကဲ့ဒီအေစခံေတြမွတ္မိပါၿပီ" နန္းတြင္းအေစခံႏွစ္ေယာက္ကခ်က္ခ်င္းပင္ ျပန္ေျဖလိုက္သည္။
က်င္းခၽြန္းမိဖုရားကနန္းတြင္းအေစခံႏွစ္ေယာက္အားထားခဲ့ၿပီးခ်က္ခ်င္းပင္လွည့္ထြက္သြားေတာ့သည္။ခ်င္ယန္ကေတာ့လီလ်ိဳကိုေနာက္ဆံုးတစ္ခ်က္သာၾကည့္လိုက္ၿပီးက်င္းခၽြန္းမိဖုရားေနာက္ကလိုက္ၿပီးထြက္သြားေတာ့ေလ၏။
သူတို႔လီလ်ိဳ၏အိမ္ဝင္းအတြင္းမွထြက္လာၿပီးေတာ္ေတာ္ေဝးေဝးသို႔ေရာက္မွသာတိတ္ဆိတ္ေနသည့္ခ်င္ယန္က႐ုတ္တရက္သူ႔ပါးစပ္ကိုဖြင့္၍ေမးလိုက္သည္။
"မယ္ေတာ္...အဲ့ဒီကေလးကအသံုးမွမဝင္ေတာ့တာဘာျဖစ္လို႔သူ႔ကိုဆက္ထိန္းသိမ္းထားေနေသးတာလဲ?"
က်င္းခၽြန္းမိဖုရားကေတာ့သူမရဲ႔ႏႈတ္ခမ္းမ်ားကိုသာအနည္းငယ္ေကာ့ၫႊတ္၍ျပံဳးလိုက္ၿပီးသူမရဲ႔မ်က္လံုးမ်ားကိုက်ဥ္းေျမာင္းကာခ်င္ယန္အားစိုက္ၾကည့္လိုက္သည္။
"သားေတာ္...မင္းကေယာက်ာ္းေလးေတြရဲ႔စိတ္ကိုနားမလည္ဘူး...အဲ့ဒီခ်င္ယုဆိုတဲ့ေကာင္စုတ္ေလးရဲ႔စိတ္ထားအရဆိုရင္သူကအျပင္ဘက္မွာေအးေဆးတည္ၿငိမ္ေနေပမယ့္သူ႔ရဲ႔စိတ္ထဲမွာေတာ့ဒီေကာင္ေလးကိုစိတ္အပူဆံုးပဲ ျဖစ္ေနမွာ...အဲ့ဒါကိုသူ႔ရဲ႔အေလာတႀကီးလုပ္ေနတဲ့လုပ္ရပ္ေတြကေနျမင္ႏိုင္တယ္ေလ...သူကငါတို႔ကိုဒီေကာင္ေလးအေပၚမွာမေတာ္တရားျပဳမူရင္ငါတို႔နာက်င္မႈနဲ႔ျပန္ေပးဆပ္ရမယ္လို႔ေတာင္ေျပာေနတဲ့ဟာကို....ဟဟ..ဒီေကာင္ေလးကသူ႔အတြက္ဘယ္ေလာက္တန္ဖိုးရွိလဲသိရေအာင္ေနာက္ထပ္ဖိအားထပ္ေပးၾကည့္ၾကတာေပါ့"
"တကယ္လို႔အေျခအေနကဒီလိုဆိုရင္...မယ္ေတာ္...ဘာျဖစ္လို႔အဲ့ဒီေကာင္ေလးကိုအဲ့ဒီလိုေတြေျပာခဲ့ရတာလဲ?"
ခ်င္ယန္ကမ်က္ေမွာင္ၾကံဳ႔ၿပီးနားမလည္ႏိုင္သည့္ပံုျဖင့္ေမးလိုက္သည္။
က်င္းခၽြန္းမိဖုရားကသူမရဲ႔ေမးေစ့ကိုအနည္းငယ္ႁမွင့္လိုက္ၿပီးအားေလ်ာ့စြာျဖင့္ျပန္ေျဖလိုက္၏။
"အဲ့ဒါကသံသယမ်ိဳးေစ့တစ္ခုခ်လိုက္တာပဲေလ...ဒီအခ်ိန္ခဏေလးကစိတ္ထဲမွာအမွတ္အသားမျဖစ္ဘူးဆိုရင္ေတာင္ႏွစ္ေတြၾကာသြားရင္ပိုပိုၿပီးအားေကာင္းလာလိမ့္မယ္"
က်င္းခၽြန္းမိဖုရား၏အက်ႌလက္မ်ားကယိမ္းႏြဲ႔ေနၿပီးေလကေအာက္ေျခသို႔ပံုက်လုမတတ္ျဖစ္ေနသည့္ပိုးထည္ကိုအတူတကြစုရံုးေနေစသည္.သူမရဲ႔မ်က္ႏွာေပၚတြင္ေတာ့လိမၼာပါးနပ္မႈကိုေဖာ္ျပေန၏။
"သံသယမ်ိဳးေစ့ဆိုတာေပါက္ဖြားလာတာနဲ႔အမွ်ဖယ္ရွားဖို႔ခက္ခဲတယ္..ေကာင္စုတ္ေလးခ်င္ယုကေကာင္ေလးကိုေခ်ာေခ်ာေမြ႕ေမြ႕ကယ္တင္ႏိုင္ခဲ့တယ္ဆိုရင္ေတာင္ငါကသူတို႔ႏွလံုးသားေတြကိုေဝးကြာေစျခင္တာ..ခ်င္ယုဆိုတဲ့ေကာင္စုတ္ေလးသူ႔အတြက္ငါျပင္ဆင္ေပးတဲ့လက္ေဆာင္ကိုႏွစ္သက္မယ္လို႔ယံုၾကည္ပါတယ္"
သို႔ေသာ္လည္းသူတို႔မသိသည့္အခ်က္ကလီလ်ိဳကသူတို႔ေတြးသလိုမဟုတ္တာပဲျဖစ္သည္။သူကက်င္းခၽြန္းမိဖုရားသူ႔ကိုေျပာခဲ့တဲ့စကားကိုၾကားၿပီးတာနဲ႔ခ်က္ခ်င္းပင္သူမဘာေျပာခဲ့သလဲဆိုတာကိုေမ့သြားခဲ့ေလၿပီ။
သူကနန္းတြင္းအေစခံႏွစ္ေယာက္အားသူ႔အတြက္အစားအစာျပင္ဆင္ခိုင္းလိုက္သည္။ၿပီးေနာက္သူဗိုက္ျပည့္သည္ႏွင့္ဒီနန္းေတာ္ထဲကဘယ္လိုလြတ္ေျမာက္ေအာင္လုပ္ရင္ေကာင္းမလဲဟုသာသိျခင္ေနမိေတာ့သည္။
သူသည္ဤစာအုပ္၏စာေရးဆရာျဖစ္ေသာ္လည္းဒီဧကရာဇ္နန္းေတာ္ေျမမ်က္ႏွာသြင္ျပင္ႏွင့္ပတ္သတ္၍ဘာမွကိုမသိေပ။
နန္းတြင္းအေစခံႏွစ္ေယာက္အားသူ႔အခန္းထဲမွထြက္သြားခိုင္းလိုက္ၿပီးသည္ႏွင့္လီလ်ိဳကခ်က္ခ်င္းပင္အခန္းထဲမွထိုင္ခံုတြင္ထိုင္လိုက္ၿပီးသူလက္ရွိျဖစ္ေပၚေနရသည့္အေျခအေနအားဘယ္လိုကိုင္တြယ္ရမလဲဆိုတာကိုစဥ္းစားေနလိုက္သည္။ထိုခဏေလးကသူကဒီအတိုင္းကိုယ္ခံပညာတစ္ခုမွမရွိသည့္သာမာန္လူတစ္ဦးမွ်သာျဖစ္သည္။သူ႔မွာအရင္ကကၽြမ္းက်င္မွဳရွိေနဆဲဆိုရင္ေတာင္အျပင္မွာေစာင့္ေနသည့္အင္ပါယာသက္ေတာ္ေစာင့္မ်ားနဲ႔ဆက္ဆံဖို႔ေတာ္ေတာ္ေတာ္ေလးခက္ခဲမွာကိုေၾကာက္ေနမိ၏။
လီလ်ိဳကသူ႔ရဲ႔လက္ေခ်ာင္းမ်ားကိုအႀကိမ္အနည္းငယ္ပြတ္တိုက္ေနမိၿပီးမွခ်က္ခ်င္းပင္သူ႔အားဤေလာကသို႔ပို႔ေဆာင္ေပးလိုက္သည့္ System ေရွာင္းခ်ီကိုမွတ္မိလိုက္ေတာ့သည္။
သူအခုျဖစ္ေနတဲ့အေျခအေနကိုကိုယ္တြယ္ေျဖရွင္းနိင္မယ့္နည္းလမ္းတစ္ခုမွရွာမေတြ႕ရင္ေတာင္Systemၾကည့္ရတာေတာ့နည္းပညာျမင့္ထုတ္ကုန္တစ္ခုျဖစ္ႏိုင္တယ္ဆိုေတာ့နည္းနည္းအသံုးဝင္တာေတာ့ရွိေလာက္ပါတယ္..ဟုတ္တယ္မွတ္လား?
ထို႔အျပင္သူကအခုလိုေျပာင္းလဲသြားပုံရ ေသာဇာတ္လမ္းတြဲ၏အပိုင္းမ်ားကိုလည္း ေမးျမန္းလိုခဲ့ၿပီးသူ႔အေပၚဆိုးက်ိဳးသက္ေရာက္ႏိုင္မလားဆိုတာကိုလည္းသူသိျဖင္ေနမိသည္။
သူကခ်င္ယုနဲ႔အၿမဲတမ္းအတူတူရွိခဲ့တာဆိုေတာ့ကိုယ္ပိုင္အခ်ိန္သိပ္မ်ားမ်ားစားစားမရွိခဲ့ဘူးေလအဲ့ဒါေၾကာင့္ေရွာင္းခ်ီကိုမေခၚတာေတာင္ေတာ္ေတာ္ေလးၾကာခဲ့ၿပီ...
လီလ်ိဳကေရွာင္းခ်ီအားသူ႕စိတ္ထဲတြင္ေခၚရန္ႀကိဳးစားလိုက္သည္။
ခဏမွ်အၾကာမွာေတာ့ႏူးညံ့သည့္ကေလးဆန္ေသာအသံေလးတစ္ခုကသူ႔စိတ္ထဲတြင္ေပၚလာခဲ့သည္။
【ႀကီးျမတ္တဲ့ host ေရ..မေတြ႕ရတာေတာင္ၾကာၿပီေနာ္ (づUど)~】
Japanese-style ခံစားခ်က္ျပသည့္ Emoji မ်ားကသူ႔ေခါင္းထဲတြင္ပတ္ပတ္လည္အခ်ိန္ေတာ္ေတာ္မ်ားမ်ားျဖတ္သန္းသြားၿပီးမွ ေရွာင္းခ်ီ၏အသံကိုေနာက္တစ္ခါထပ္ၾကားလိုက္ရသည္။
【host ေရွာင္းခ်ီကိုေခၚတာဘာကိစၥရွိလို႔ပါလဲ? 】
လီလ်ိဳကသူ႔စိတ္ထဲမွာပဲတိုက္႐ိုက္ေမးလိုက္၏။
[ေရွာင္းခ်ီ...အခုကငါအင္ပါယာနန္းေတာ္ထဲေရာက္ေနတယ္ဒီဇာတ္ေၾကာင္းကဝတၳဳထဲမွာမပါဘူးေလအဲ့ဒါငါအိမ္ျပန္ႏိုင္မယ့္လမ္းကိုေတာ့သက္ေရာက္မႈမရွိေလာက္ပါဘူးေနာ္ဟုတ္တယ္မွတ္လား?]
ေရွာင္းခ်ီကက်ားတစ္ေကာင္ကိုမ်က္ႏွာႏွင့္ထိေတြ႕ေနေသာ emojiေလးႏွင့္ေခါင္းခါေနသည့္ emojiကိုလီလ်ိဳ၏စိတ္ထဲသို႔ပို႔ေပးလိုက္သည္။
【မျဖစ္ပါဘူး...hostအရမ္းစိတ္ပူစရာ မလိုဘူးဇာတ္လိုက္ရဲ႔ကမာၻႀကီးကို လႊမ္းမိုးတဲ့ဇာတ္ကြက္အဆံုးသတ္ကို မေျပာင္းလဲမျခင္းအဲ့ဒါကအဆင္ေျပလိမ့္မယ္(☆_☆)သိပ္မၾကာခင္ကပဲတိုးတက္မႈဇယားကိုၾကည့္လိုက္ေသးတယ္ၿပီးေတာ့အဲ့ဒါက ေခ်ာေခ်ာေမြ႕ေမြ႕လုပ္ေဆာင္ေနတယ္ ဒီလိုမ်ိဳးဆက္လုပ္ေနသေ႐ြ႕မၾကာခင္မွာပဲ hostကိုယ့္ကမာၻကိုျပန္လာႏိုင္ေတာ့မွာပါ】
လီလ်ိဳကစိတ္သက္သာရာရာစြာျဖင့္သက္ျပင္းခ်ၿပီးထပ္ေမးလိုက္သည္။
[မင္းမွာငါဒီနန္းေတာ္ထဲကလြတ္ေျမာက္ႏိုင္ေအာင္ကူညီႏိုင္မယ့္နည္းလမ္းေလးမ်ားရွိလား?]
သူဒီအတိုင္းဒီမွာေနၿပီးခ်င္ယုလာကယ္မွာကိုေစာင့္မေနႏိုင္ေပ...ၿပီးေတာ့လည္းခ်င္ယုကဒီေနရာနဲ႔ေတာ္ေတာ္ေဝးေဝးမွာရွိေနတာျဖစ္တာေၾကာင့္အေဝးကေရကအနီးကေလာင္ေနတဲ့မီးကိုမၿငိမ္းႏိုင္ဘူးေလ..
ခ်င္ယုကလည္းဒီကိုဘယ္အခ်ိန္က်မွေရာက္လာႏိုင္မလဲမသိသလိုဗီလိန္ႏွစ္ေယာက္ျဖစ္တဲ့ခ်င္ယန္နဲ႔က်င္းခၽြန္းမိဖုရားတို႔ကလည္းသူ႔ကိုတိုက္ခိုက္ႏိုင္ဖို႔ဘယ္လိုနည္းလမ္းမ်ိဳးေတြသံုးလာမလဲဆိုတာမသိႏိုင္ဘူး...
【ခဏေစာင့္ပါ..ကၽြန္ေတာ္တစ္ခ်က္ၾကည့္လိုက္ပါ့မယ္~】ေရွာင္းခ်ီကထိုစာေၾကာင္းအားေျပာၿပီးသည္ႏွင့္ခ်က္ခ်င္းပင္ေပ်ာက္ကြယ္သြားေတာ့သည္။
လီလ်ိဳကလက္ဖက္ရည္တစ္ခြက္ငွဲ႔လိုက္ၿပီးထိုလက္ဖက္ရည္ခြက္ကိုေႁမွာက္ကာေရွာင္းခ်ီထံမွလာမည့္သတင္းကိုေစာင့္ရင္းေအးေဆးတည္ၿငိမ္စြာျဖင့္ေသာက္ေနလိုက္၏။
အျပင္ဘက္ကလူေတြအတြက္ကေတာ့သူကဒီအတိုင္းကြက္လပ္ကိုေငးေၾကာင္ၿပီးစိုက္ၾကည့္ေနသလိုပဲျဖစ္မွာေလ..ဒါအကုန္ပဲ
အေမႊးတိုင္တစ္ခါထြန္းစာအခ်ိန္ေလာက္တြင္ေရွာင္းခ်ီကေနာက္တစ္ခါထပ္ေပၚလာၿပီးေျပာလိုက္သည္။
【ႀကီးျမတ္လွတဲ့host...ေရွာင္းခ်ီဒီအင္ပါယာနန္းေတာ္ရဲ႔ေျမပံုကိုရွာေတြ႕လာတယ္.... မၾကာေသးခင္ကပဲေရွာင္းခ်ီအကုန္လံုးကို ဖတ္လိုက္တဲ့အခါက်ေတာ့ဒီအခန္းနဲ႔ သိပ္မေဝးတဲ့ဥယ်ာဥ္ႀကီးထဲမွာ နန္းေတာ္အျပင္ဘက္ကိုဦးတည္ေနတဲ့ လ်ိဳ႔ဝွက္လွိုင္ေခါင္းတစ္ခုကိုေတြ႕တယ္ ~ ႀကီးျမတ္လွတဲ့hostစိတ္ပူစရာမလိုဘူး.. ေရွာင္းခ်ီအဲ့ဒီလ်ိဳ႔ဝွက္လႈိင္ေခါင္းရွိတဲ့ နန္းေတာ္ေနရာကိုလမ္းျပေပးႏိုင္တယ္ (づ ¯ 3 ¯) づ】
ေရွာင္းခ်ီရဲ႔အသံကပိုပိုၿပီးႏူးညံ့သိမ္ေမြ႕လာကာဆိုးသြမ္းေနတဲ့ကေလးေလးလိုပဲ သူ႔ေအာင္ျမင္မႈအတြက္လီလ်ိဳဆီက ခ်ီးက်ဴးမႈကိုလိုျခင္သလိုမ်ိဳး ခၽြဲႏြဲ႔ၿပီးေျပာေနေတာ့သည္။
လီလ်ိဳကေခါင္းညိမ့္ျပလိုက္ၿပီးသူ႔စိတ္ထဲ တြင္စိတ္ရင္းမွန္ျဖင့္ေျပာလိုက္သည္။
[ေက်းဇူးတင္ပါတယ္ေရွာင္းခ်ီ]
ေရွာင္းခ်ီကခဏမွရွက္ရြံ႔ေနၿပီးမွေပ်ာ္ရႊင္စြာျဖင့္ေျပာလိုက္သည္။
【.အဲ့ဒါကၽြန္ေတာ္ကေျပာရမွာပါ】
လီလ်ိဳကေနာက္တစ္ခါထပ္ေျပာလိုက္ျပန္သည္။
[မင္းငါ့ရဲ႕စည္းတံဆိပ္ခတ္ခံထားရတဲ့ အစြမ္းေတြကိုျပန္ေျဖေပးလို႔ရမလား]
ထိုခဏမွာသူကသာမာန္လူတစ္ေယာက္ပဲျဖစ္တာေၾကာင့္သူဒီအခန္းထဲကေခ်ာေခ်ာေမြ႕ေမြ႕ထြက္သြားႏိုင္မည့္ယံုၾကည္ခ်က္သိပ္မရွိေပ။
【......ဟင့္အင္းကၽြန္ေတာ္မလုပ္ေပးႏိုင္ဘူး....ဘာျဖစ္လို႔လဲဆိုေတာ့ကၽြန္ေတာ္ကအၾကံေပးယံုကလြဲရင္ဒီေလာကထဲမဝင္ႏိုင္ဘူး>_<......】
လီလ်ိဳ၏မ်က္ႏွာေပၚတြင္အလြန္စိတ္ပ်က္ေနသည့္အမူအယာရွိေန၏။
hostရဲ႔မ်က္ႏွာေပၚကစိတ္ပ်က္လက္ပ်က္ျဖစ္ေနသည့္အမူအယာအားၾကည့္ၿပီးေရွာင္းခ်ီမွာသူကလံုးဝအသံုးမဝင္ဘူးဟု႐ုတ္တရက္ခံစားလိုက္ရေတာ့သည္။_ (: з) ∠) _.
ေရွာင္းခ်ီကခဏမွ်နက္နက္႐ွိဳင္း႐ွိဳင္းစဥ္းစားေနၿပီးမွဂ႐ုတစိုက္ျဖင့္ေျပာလိုက္သည္။
【ဒါေပမဲ့ကၽြန္ေတာ့္ပတ္ဝန္းက်င္မွာရွိတဲ့လူေတြရဲ႔ခႏာၱကိုယ္ေတြကိုScanဖတ္ၿပီးသူတို႔ရဲ႔အေျခအေနေတြကိုေျပာျပေပးႏိုင္တယ္...အိုး! ၿပီးေတာ့လည္းကၽြန္ေတာ္သူတို႔ရဲ႔အားနည္းခ်က္ကိုရွာေပးႏိုင္တယ္...အဲ့ဒါကေတာ့အသံုးဝင္မွာပါေနာ္ဟုတ္တယ္မွတ္လား?】
.........................................
29.4.2020(3:34 PM)
.........................................