One Bite of Food Blogger Boy...

By HeatheryYM_9395

132K 16.6K 2.5K

How to get a foodie boyfriend ?? #Yoonmin # Namjin More

Intro
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]edited
[ 9 ]
[10]
[11]
[12]
[13]
[14]
[15]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25]
[26]
[27]
[28]
[29]
[30] Final

[16]

4K 540 80
By HeatheryYM_9395

#U

Jiminနှင့် Yoongi တို့
Busan ရောက်လာချိန်မှာ
Seokjnရဲ့ အလုပ်ကိစ္စ က ပြီးပြတ်သွားပြီဖြစ်သည်။

အစကတော့
Seokjin က သူ့အဒေါ်ဖြစ်သူJimin ommaအိမ်မှာနေပြီး
Namjoon က hotel မှာ နေရသည်ကို
မကျေနပ် ကျေနပ်နှင့် လက်ခံရပေမဲ့
Yoongi တို့ရောက်လာသောအခါ
Yoongi ကျတော့ Jimin အိမ်မှာတည်းရပြီး
သူကျတော့ hotelမှာတစ်ယောက်ထဲနေရလို့
ဆိုကာ သူ့ ချစ်သူကို
အကြီးကြီးစိတ်ကောက်တော့သည်။

ဒါပေမယ့်လည်း လေပြေလေးနဲ့ပဲ ချော့ ရတာပေါ့
တွဲတာမကြာသေးတဲ့ အသစ်စက်စက် ရည်းစား ကို အ‌ဒေါ် အိမ်ကို မျက်နှာပြောင်ပြောင်နှင့် ခေါ်လာဖို့
Kim Seokjin တို့ သတ္တိ မရှိသေးပါ။

**Namjoonine ကလည်း.. စိတ်မဆိုးပါနဲ့... Yoongiကကျတော့ မတူဘူးလေ သူတို့အရင်ထဲက သူငယ်ချင်းတွေလေ**

** ဒါဆိုလည်း ကျွန်တော်လည်း သူငယ်ချင်းလို့ပေရင်ရတာပဲ မမှန်တာလည်းမဟုတ်ဘူးလေ... သူငယ်ချင်းအသစ်လို့ပြောပေါ့**

**မရဘူး မရဘူး... မင်းမသိလို့ ငါ့အမေရော... အဒေါ်ရော က. စည်းကမ်းကြီးတယ်.... သူငယ်ချင်းတောင် သူတို့သိတဲ့သူမှ ပေါင်းရတာမျိုး... အာ့‌ေကြာင့်Jiminနဲ့ငါက  သူငယ်ချင်းနည်းပြီး ညီအစ်ပိုချင်း ရင်းနှီးကြတာပေါ့**

**မသိဘူး...တစ်ယောက်ထဲမနေချင်ဘူး**

ငါကောင်းကောင်းပြောပြနေတယ်လေ နော်
ကြက်ကြော်စားတာ ကို လာရစ်နေတဲ့ဒီကောင်တော့
စိတ်တိုလာပြီ။

**Yah!! Kim Namjoon .. ငါ့ကိုလာရစ်မနေနဲ့တော့...စိတ်တိုလာပြီ ကြက်ကြော်လည်းကောင်းကောင်းမစားရဘူး...ငါ့ကြက်ကြော်လေးတွေအေးကုန်တော့မှာပဲ ပြီးတော့  သေချာမဝါးရလို့ ငါအစာမကြေဖြစ်ရင်.... မင်းကို သတ်ပစ်မယ်!!**

**ပြီးတော့လည်းအိမ်လိုက်နေချင်ရင် မင်းYoongi လိုအဖြစ်ရှိ ပါလား.... ဟိုက Yoongi က Jiminနဲ့ စသိတည်းက အိမ်ကိုခဏခဏ လိုက်လာ.... လက်ဆောင်တွေအမြဲပါ... လူကြီးတွေသဘောကျအောင်နေ    Jiminရဲ့ ကျောင်းက Project တွေလည်း အမြဲလိုက်ကူပေး နေတာ လူကြီးတွေ သိ... လူကြီးတွေရှေ့ Jimin ကိုလည်းမတရားအလိုလိုက်ပြထားလို့  ဒေါ်လေးရော ဦးလေးရော..... Jiminညီ Park Jihyun ပါမကျန် သူ့ကို သဘောကျပြီးသား **

**Hyungကလည်း **

**ဘာဖြစ်လဲ ပြော.. ဘာထပ်ပြောချင်တာလဲ **

** အအေးဘူးဖောက်ပေးရမလားလို့ပါ**

**အေး ဖောက်လိုက်**

ဤသို့ဖြင့် Kim Namjoonတစ်ယောက်
အအေးဘူးဖောက်ပေးရင်းသာ
ကောက်နေတဲ့ စိတ်ကို
သူ့ဘာသာပြန်ဖြောင့်လိုက်ရတော့သည်။

.......

.......

မတွေ့ရတာကြာပြီဖြစ်တဲ့ Jimin နှင့်
Yoongiပါရောက်လာသောကြောင့်
Jimin appa နှင့်ommaကတော့ ဝမ်းသာနေတော့သည်။

**omma သားတို့ အပြင်သွားလိုက်ဦးမယ်နော်**

**မနက်ကမှရောက်တာလေ သားရဲ့ ခုအပြင်သွားမလို့လား မပင်ပန်းဘူးလား**

**မပင်ပန်းပါဘူး ommaရဲ့ **

**ဘယ်ပင်ပန်းမလဲ... ကားမောင်းလာရတာ ငါ့သားလေးYoongiလေ Park Jiminရဲ့ **

**ဟီးဟီး.... omma ညနေစာ မချက်ထားနဲ့နော် သားတို့အပြင်ကနေ ဟင်းချက်စရာ တခါထဲဝယ်ခဲ့ပြီး သားကိုယ်တိုင် ommaတို့ကို ဟင်းချက်ကျွေးမှာ**

**အပိုတွေ... ပြီးရင် Yoongi ပဲ ချက်ရမှာကို**

**ommaကလည်း**

**အေးပါ... ကောင်းကောင်းသွားနော် သားလေး... **

** ဟုတ် **

**Seokjinရေ ကားသေချာမောင်းဖို့ Yoongiလေးကိုပြောလိုက်ဦးနော် **

**ဟုတ်ကဲ့ ဒေါ်လေး**

Yoongi က ကားပေါ်အသင့်ရောက်နေပြီမို့
Jiminလည်းကားဆီ ခပ်သွက်သွက်သွားဖို့
ခြေလှမ်းပြင်နေစဥ်
Seokjin ရဲ့ လှမ်းဆွဲခြင်းကို ခံလိုက်ရသည်။

**Jiminnah.. Hyungနဲ့ ခဏလေးလိုက်ခဲ့**

**ဘာလဲ... Hyung... ဘာဖြစ်လို့လဲ**

**ပြစရာလေးရှိလို့ **

ဘာတွေ အရေးကြီးနေတာလဲ မေးခွန်း
မေးမလို့ပြင်နေစဥ်.... သူတို့အိမ်ရှေ့ က
အရာတစ်ခုကြောင့် Jimin အံ့သြသွားရသည်။

ထင်းခနဲမြင်သာစေသော
ပန်းရောင် အမိုးဖွင့်ကားလေး...
အသစ်စက်စက် မှန်းသိသာစွာ
ကားcushionတွေကပါ
တောက်ပြောင်နေလျက်... ။

**Hyung ကားအသစ်ဝယ်လိုက်တာလား... ကျွန်တော့်ကိုပြောနေတာမလား.. ဒီလိုကားလေးလိုချင်နေတယ်ဆိုပြီး.... ခုတော့ ဝယ်လိုက်ပြီပေါ့**

**ဟင့်အင်း.. မဝယ်ပါဘူး.. အလကားရလာတာ**

**wow.. ကြက်ကြော်ဆိုင်က ကံစမ်းမဲ ပေါက်တာလား**

**မဟုတ်ပါဘူး**

**ဒါဆို?**

**မင်း မရှိတုန်းက..  Namjoon က ငါ့ကို propose လုပ်တာ ဒီကားရယ်...  တုတ်ထိုးသကြားလုံး အခုတစ်ထောင်ပါတဲ့ ပန်းစည်းရယ်နဲ့**

**oh... မိုက်လိုက်တာ**

**အင်း... ငါအရမ်းသဘောကျတာပဲ.... သကြားလုံးပန်းစည်းကြီးကို ... ဟီးဟီး **

**ဒါဆို Hyungနဲ့ Namjoon hyung ကတွဲနေပြီ... **

သူသိချင်တာလေးမေးနေတုန်းပင်
တစ်နေရာကနေ ထွက်ပေါ်လာတဲ့
ကားဟွန်းသံ တတီတီကြောင့်
Jiminမှာ တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ရသည်။

**Hyung ရေ ဟိုမှာကြာလို့ သောင်းကျန်း နေပြီ..  မြန်မြန်သွားကြမယ် **

**အေးအေး... **

နှစ်ယောက်သား ကားပေါ်ရောက်တော့
ပွစိပွစိ အသံတွေကြားရမှာကြောက်သည်နှင့်
Namjoonနေတဲ့ Hotel လိပ်စာပြောပြီး
မြန်မြန်မောင်းခိုင်းလိုက်ရတော့သည်။
ဒါတောင် Seokjin hyung ဘာလို့ကြာနေတာလဲ
ပြောလိုက်သေး... ။
Park Jimin ကျ ခါးပတ် သေချာပတ်နော်တဲ့ ။

ကားပေါ်မှာ Jiminက Yoongiဘေးမှာထိုင်ပြီး
Seokjin က နောက်ခန်းမှာထိုင်သည်။

Seokjinက
သူ့ဆီမှာ အများကြီးရှိတဲ့ သကြားလုံးတခုကို
ထုတ်ပြီးမုန့်ရှာနေတဲ့ Jimin ကိုကျွေးသည်။

**Jiminine သကြားလုံးစားမလား**

**တော်ပြီ hyung ချောင်းဆိုးလိမ့်မယ်**

Park Jimin အစား သူ့ရဲ့ အတွင်းရေးမှူး Min မှ
ပြန်ဖြေကြားခြင်းဖြစ်သည်။

နောက်တော့
Jimin ကဘယ်ကရှာတွေ့မှန်းမသိတဲ့မုန့်တစ်ထုပ်
ကိုဖောက်စားနေသည်။

တော်တော်ကောင်းတဲ့ညီ..
အနောက်ကအစ်ကိုကိုကျလှည့်မကြည့်ဘူး
မစားပါဘူးဆိုတဲ့ Yoongiပဲ အတင်းခွံ့နေတယ် ။

ခဏနေတော့ Namjoon ရှိရာ ရောက်တော့
Seokjin က ငါသွားခေါ်လိုက်ဦးမယ်ဆိုကာ
ဆင်းသွားသည်။

**Yoongi ဒါလေးစား**

**မကြိုက်ဘူး ဆို..  မစားဘူး**

**ဒါ နောက်ဆုံးတစ်ခုပါဆို ရော့ စား **

ချိုချိုသာသာအသံလေးကနေ
နည်းနည်းအသံမာလာပြီမို့
Yoongi တို့ချက်ချင်း ပါးစပ်ဟပေးလိုက်ရသည်။

Jiminရဲ့ အကျင့်လေးတစ်ခုဟာဆိုရင်
ဘာမုန့်ပဲ စားစား....
သူလေးအရမ်းကြိုက်တဲ့မုန့်ဖြစ်ပါစေ
နောက်ဆုံးကျန်တဲ့တစ်ခုကို သူ့ကို
ကျွေးလေ့ရှိတယ်

နောက်ဆုံးကျန်တဲ့မုန့်ရဲ့
စိတ်ကူးယဉ် ဆန်တဲ့ အဓိပ္ပာယ် တွေဘာတွေတော့
ရှိတာတော့ Yoongi သိပေမဲ့...

Jiminစဥ်းစားတာလေးကျတော့
သူကစားရတာကို သဘောကျပြီးတော့
သူ့မုန့်လေးရဲ့ နောက်ဆုံးတစ်ကိုက်က
သူ့အတွက်အမြဲ အဖိုးတန် ပါတယ်တဲ့...
ဒါကြောင့်... နောက်ဆုံးတစ်ခုပဲကျန်တဲ့မုန့်လေးကို
သူ့ရဲ့ အရေးကြီးဆုံး သူ ကို ပေးပါတယ်တဲ့...

ဘယ်လိုတောင် ချစ်စရာကောင်းအောင်
တွေးတတ်တာလေးလဲ.....

ဒါကြောင့် Jiminineက
နောက်ဆုံးကျန်တဲ့မုန့်ပါလို့ပြောရင်
Yoongi မငြင်းဘဲ
ပျော်ပျော်ကြီး စားသည်။

Seokjin hyungကတော့
သူစားလို့မကုန်လို့ မင်းဆီအမှိုက်ပစ်တာတဲ့...
မနာလို လို့ပြောနေတာမှန်းသိနေတော့လည်း
ထားလိုက်ပါတယ်လေ ... ။

သူစားလိုက်မှ ကျေနပ်သွားပုံရတဲ့Jiminဟာ
မုန့်ခွံကို သေချာ ထားလိုက်ပြီး
သူ့ဖုန်းသူထုတ်ကာ အေးဆေးgameဆော့နေတော့သည်။

ဒီနေ့သူတို့သွားဖို့စီစဥ်ထားသည်က
ဘူဆန်မှာရှိတဲ့ အနုပညာ ပြတိုက်တစ်ခုဆီဖြစ်သည်။

ရောက်ရောက်ချင်းမှာပင် Jiminနှင့်Seokjinကတော့
ဓာတ်ပုံရိုက်ဖို့ တာဆူနေပြီ။

သူ့ကိုကျ တစ်ပုံပဲ ရိုက်ပေးပြီး
Seokjin ကိုပဲ တစ်ပုံပြီးတစ်ပုံရိုက်နေတဲ့
Namjoon ကို စိတ်ဆိုးလာပြီးနောက်
ခပ်လှမ်းလှမ်းကထိုင်ခုံမှာ ထိုင်နေတဲ့ Yoongi ဆီ
ရောက်လာသည်။

**Yoongi.. Yoongi... ဒီကိုကြည့်.. ကျွန်တော် ချောတယ်ဟုတ်**

Namjoonရိုက်ပေးထား တဲ့ Jiminပုံကို
Min Yoongiတို့ သေချာစိုက်ကြည့်ပြီး ပြောချလိုက်တာက
ဟင့်အင်း ရုပ် ဆိုးလိုက်တာတဲ့...

ကြားလိုက်ရတဲ့ပထမဆုံးစက္ကန့်မှာတော့
Jimin တစ်ယောက် မျက်နှာဆူပုတ်သွားပေမဲ့
နောက်တော့လည်း ဘယ်သောအခါမှအကောင်းမပြောတတ်တဲ့သူ့သူငယ်ချင်းအကြောင်းသိနေတာမို့
ရယ်သာနေတော့သည်။

တစ်ခုကတော့
ရုပ်ဆိုးလိုက်တာလို့ပြောနေပေမဲ့
ရုပ်ဆိုးလေးကိုပဲ တစ်ချက်မှအကြည့်မလွှဲနိုင်ဘဲ
တစ်ချိန်လုံးပြုံးပြုံးကြီးစိုက်ကြည့်နေတဲ့ Min Yoongi ကိုနားမလည်နိုင်ဘူးလား
သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေရဲ့ အထာ
ဟုသာမှတ်ပါလေ။




Jimin တစ်ယောက်ကတော့
အစပိုင်းမှာ Namjoonနားလာရင်း
ဟိုမေးသည်မေးလုပ်ကာ စိတ်ဝင်တစားလိုက်ကြည့်နေပေမဲ့ ခဏအကြာတော့ အာရုံကတခြားစီရောက်သွားသည်။
ပင်ပန်းတယ်ဆိုကာ ရုပ်ထုကြီးကြီးဘေးနားသွားထိုင်ရင်း မှီအိပ်နေတဲ့ Yoongi အနားသွားကာ ကြည့်ပြီး
ဟားလိုက် ဖုန်းကိုထုတ်
လက်နှစ်ချောင်းထောင်ရင်း အိပ်ငိုက်နေတဲ့သူနဲ့တွဲအပီအပြင် selca ရိုက်လိုက်
ဘေးနားမှာထိုင်ကြည့်ရင်း ရယ်လိုက် လုပ်နေလေရဲ့

Park Jiminအတွက်တော့ဖြင့်
ပြတိုက်ထဲက တန်ဖိုးကြီး အရာတွေထက်
အိပ်ငိုက်နေတဲ့ Yoongiကသာ အဆပေါင်းများစွာ
ပိုစိတ်ဝင်စားဖို့ကောင်းနေတဲ့ ပုံ ပေါ်သည်။
ဤအရာကိုလည်း နားမလည်နိုင်ဖြစ်မနေပါနှင့်
သိပ်ချစ်တဲ့ သူငယ်ချင်းများ၏ အထာဟုသာ မှတ်ပါလေ။

တစ်နာရီလောက်ကြာပြီးတော့
Seokjin နှင့် Jiminကတော့
ညောင်းလို့ဆိုကာထိုင်နေကြပြီ။
Namjoon ကတော့ သေချာစိတ်ဝင်တစား
လိုက်ကြည့်ရင်း တွေးလိုက် စာအုပ်တစ်အုပ်နှင့်ရေးခြစ်လိုက်နှင့် ရှိနေဆဲ.. ။

**Yoongi ရေဆာတယ် **

**ဒီမှာ ဘယ်လိုရေရှိမလဲ ရေဘူးက ကားထဲမှာ.. **

**သွားယူပေး**

**Aigoo.. Seokjin hyung ရေ မောလိုက်တာ ရေကလည်းဆာတယ် သောက်စရာလည်းမရှိ ရာသီဥတုကလည်းပူတော့ ချွေးတွေလည်းအရမ်းထွက်... အားလုံးဝမရှိတော့သလိုပဲ.. ပင်ပန်းနွမ်းနယ်နေတာပဲ... ကျွန်တော်တော့ မေ့လဲတော့မယ်ထင်တာပဲ.. အား.. ကျွန်တော့်ကို တွဲပေးပါဦး**

Min Yoongiကိုအသာထား
နဖူးပေါ်လက်တင်ပြီး dramaခင်းနေတဲ့သူ့ညီကိုကြည့်ပြီး Seokjin တို့တော်တော်စိတ်ညစ်နေပြီ။

နောက်ဆုံးတော့
Oscarဆုရမည့် သရုပ်ဆောင်မင်းသားကြီး အလိုကျ
Yoongi တို့ရေဘူးသွားယူပေးဖို့ထွက်သွားရပါတော့သည်။
မဟုတ်ရင် ဒီထက်ပိုဆိုးတဲ့
သရုပ်ဆောင်ကွက်တွေထွက်လာဦးမည်လေ... ။

**Seokjin Hyung ကျွန်တော်မေးစရာရှိလို့ **

**ဘာလဲ**

**hyung ကို Namjoon hyungက ဘယ်မှာ ဖွင့်ပြောခဲ့တာလဲ **

**အိမ်မှာ... ကြက်ကြော်စားနေရင်း **

**အာ.. မဟုတ်ဘူးလေ ကားပေးပြီးromanticဆန်ဆန်ဖွင့်ပြောတာဆို **

**ငါပြောတာ ပထမဆုံးတစ်ခေါက်လေ.. နောက်ဆုံးတခေါက်က နေထွက်ချိန်အတူကြည့်ဖို့ခေါ်သွားပေးရင်း ကမ်းခြေမှာ **

**wow... တစ်ကယ်စိတ်ကူးကောင်းတယ်**

**ဒါနဲ့ မင်းက ဘာလုပ်ဖို့လဲ **
.
.

**ကျွန်တော်လည်း တစ်ယောက်ယောက်ကို ဖွင့်ပြောမလို့ **

**တစ်ကယ်??? ဘယ်သူ့ကို??? **
.
.
.
.
.

**Yoongi ကို **

###

Suprise!😁



#Z


အစကတော့
ဆိုကာ သူ့ ချစ်သူကို




**မရဘူး မရဘူး... မင်းမသိလို့ ငါ့အမေရော... အဒေါ်ရော က. စည်းကမ်းကြီးတယ်.... သူငယ်ချင်းတောင် သူတို့သိတဲ့သူမှ ပေါင်းရတာမျိုး... အာ့‌ကြောင့်Jiminနဲ့ငါက  သူငယ်ချင်းနည်းပြီး ညီအစ်ပိုချင်း ရင်းနှီးကြတာပေါ့**


စိတ်တိုလာပြီ။



**Hyungကလည်း **



**အေး ဖောက်လိုက်**

ကောက်နေတဲ့ စိတ်ကို

.......

.......








**ommaကလည်း**


** ဟုတ် **


**ဟုတ်ကဲ့ ဒေါ်လေး**

ခြေလှမ်းပြင်နေစဉ်



**ပြစရာလေးရှိလို့ **


ထင်းခနဲမြင်သာစေသော
ကားcushionတွေကပါ
တောက်ပြောင်နေလျက်... ။




**မဟုတ်ပါဘူး**

**ဒါဆို?**


**oh... မိုက်လိုက်တာ**





**အေးအေး... **

ပြောလိုက်သေး... ။


Seokjinက




နောက်တော့
ကိုဖောက်စားနေသည်။

တော်တော်ကောင်းတဲ့ညီ..

ဆင်းသွားသည်။

**Yoongi ဒါလေးစား**




ဘာမုန့်ပဲ စားစား....
ကျွေးလေ့ရှိတယ်



တွေးတတ်တာလေးလဲ.....

ဒါကြောင့် Jiminineက
Yoongi မငြင်းဘဲ

Seokjin hyungကတော့
ထားလိုက်ပါတယ်လေ ... ။




ရောက်လာသည်။



ရယ်သာနေတော့သည်။

တစ်ခုကတော့
ဟုသာမှတ်ပါလေ။




Jimin တစ်ယောက်ကတော့



**Yoongi ရေဆာတယ် **


**သွားယူပေး**


Min Yoongiကိုအသာထား

နောက်ဆုံးတော့


**ဘာလဲ**






.
.


**တစ်ကယ်??? ဘယ်သူ့ကို??? **
.
.
.
.
.

**Yoongi ကို **

###

Suprise!😁

Continue Reading

You'll Also Like

112K 11.9K 18
𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻
3.2K 264 9
ကျွန်တော်ကHyungရဲ့လိုသုံးပါHyungကျွန်တော်ကိုဘယ်တော့မှလှည့်မကြည့်ပါနဲ့
1.3M 57.7K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
930K 21.4K 49
In wich a one night stand turns out to be a lot more than that.