Chapter (1) သရဲအိမ္၏က်ဆုံးခန္း
"ဒီလိုေၾကာက္စရာမေကာင္းတဲ့သရဲအိမ္ကို ငါ ပထမဆုံးလာဖူးတာပဲ"
"ဒီသရဲအိမ္ထဲက အျပင္အဆင္ေတြအားလုံးက အတုေတြမ်ားလြန္းတယ္။ ငါ နည္းနည္းေလးမွ ေၾကာက္တယ္လို႔ မခံစားခဲ့ရဘူး။ ဒီ သရဲအိမ္ထဲက ဟာေတြအားလုံးက ငါ့အတြက္ ဟာသလိုပဲခံစားရတယ္"
" ငါတို႔လို႐ုပ္ဝါဒီသမားေတြအတြက္ အစကတည္းက ဘာကိုမွ မေၾကာက္တတ္ပါဘူးကြ။ သရဲဆိုတာ ဘာမွ ေၾကာက္စရာ မေကာင္းပါဘူးကြာ။ "
"ငါေတာ့ မေျပာခ်င္ပဲ ေျပာရေတာ့မွာပဲ။ တကယ္ဆိုရင္ ငါတို႔ အေဆာင္မွာပဲ ေနသင့္တယ္ကြ။ ငါ့အြန္လိုင္းဂိမ္းက ေနာက္ထပ္ အဆင့္တစ္ခုတင္ရဖို႔ အရမ္းနီးစပ္ေနၿပီ"
ဂ်ဴးက်န္းၿမိဳ႕အေနာက္ပိုင္းရွိ သရဲအိမ္ေရွ႕တြင္ ေက်ာင္းသားအုပ္စုသည္ သူတို႔စက္ဘီးမ်ားျဖင့္ မထြက္ခြာမီ သရဲအိမ္က သူတို႔အတြက္ ထိတ္လန႔္ေၾကာက္႐ြံ႕ျခင္းကို မေပးႏိုင္တဲ့အတြက္ စိတ္ပ်က္လက္ပ်က္ေရ႐ြတ္ေျပာဆိုေနၾကသည္။ သရဲအိမ္လက္ကမ္းေၾကာ္ျငာမ်ားကို ကိုင္ေဆာင္ကာ လိုက္ေဝေနသည့္ Chen Ge သည္ ဒီျမင္ကြင္းကိုေတြ႕ေတာ့ စိတ္ပ်က္လက္ပ်က္ ေခါင္းယမ္းလိုက္သည္။
ေၾကာက္မက္ဖြယ္ေျခာက္လွန႔္ျခင္းဆိုတာ ကြၽမ္းက်င္မႈ အႏုပညာတစ္ခုျဖစ္ေပမယ့္ အခုေနာက္ပိုင္း သရဲကားေတြ အမ်ားႀကီး ႐ိုက္ကူးထုတ္လုပ္လာတဲ့အတြက္ ေခတ္သစ္လူ႔အဖြဲ႕စည္းက လူေတြအတြက္ သူတို႔ကို ေၾကာက္လန႔္ေအာင္ ေျခာက္လန႔္ဖို႔ဆိုတာ ေတာ္႐ုံနဲ႔ မရေတာ့ဘူး။ အခုဆိုရင္ သရဲအိမ္ကို လာလည္တဲ့အေတြ႕ႀကဳံက သူတို႔ၿခံဝင္းထဲ လမ္းေလွ်ာက္ေနရတာနဲ႔ ဘာမွ မထူးျခားသလို ျဖစ္ေနၿပီ။
"သူေဌး"
သူ႔ေတြးေနတုန္း အေနာက္ဘက္ကေန ၾကည္လင္တဲ့ အမ်ိဳးသမီးအသံတစ္ခုထြက္ေပၚလာသည္။ Chen Ge ေနာက္ကို လွည့္ၾကည့္လိုက္ေတာ့ သူရဲအိမ္ထဲကေန သူနာျပဳအဝတ္စားဝတ္ထားသည့္ ပိန္ပိန္ပါးပါး မိန္းကေလး ဖုတ္ေကာင္တစ္ေကာင္ ေဒါသအရွိန္ျဖင့္ထြက္လာကိုေတြ႕လိုက္ရသည္။
"ဘာျဖစ္လို႔လဲ ေရွာင္ဝမ္ "
ဖုတ္ေကာင္မေလး၏အမည္မွာ ႐ႊီဝမ္ ျဖစ္သည္။ သူမက သရဲအိမ္က ဌားရမ္းထားတဲ့ အခ်ိန္ပိုင္း သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ျဖစ္သည္။
"အေစာပိုင္းကဒီလူဆိုးေလးေတြက ကြၽန္မကို အခြင့္ေရးယူဖို႔ ႀကိဳးစားခဲ့တယ္။ "
ေကာင္မေလးက လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားၿပီး အံႀကိတ္ရင္း တိုးတိုးေျပာလိုက္သည္။ ေကာင္မေလးက ဒီစကားကို တိုင္ၾကား႐ုံသက္သက္သာ ေျပာလိုက္ျခင္းျဖစ္သည္။
"ဒါက တကယ့္ကို ဆိုးဝါးတာပဲ။ ေကာင္ဆိုးေလးေတြက ဖုတ္ေကာင္ကိုေတာင္ ေအးေအးေဆးေဆး မေနခိုင္းဘူးကိုး။ "
သူေဌးအေနျဖင့္ Chen Ge သည္ ေရွာင္ဝမ္ ဘက္ မွ ေနေပးခဲ့သည္။
"ေနာက္မွ ငါ စီစီတီဗီကင္မရာကေန အဲ့ဒီေကာင္ေတြကို ရွာေပးဖို႔ ပန္းၿခံမန္ေနဂ်ာကို ငါေျပာလိုက္ပါ့မယ္ "
"အဲလို လုပ္ဖို႔မလိုပါဘူး။ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ကို သိလိုက္လို႔ ကြၽန္မက ေကာင္ေလးေတြရဲ႕ မ်က္ႏွာတည့္တည့္ကို လက္သီးပ်ံေကြၽးလိုက္တယ္။ "
႐ႊီဝမ္က သူမရဲ႕အဝတ္အစားအစြန္းမွာစြန္းေန တဲ့ ေသြးေတြကို ျပၿပီး ဂုဏ္ယူစြာ ေျပာလိုက္သည္။
" ၾကည့္.... ဒီဟာေတြက ေသြးအတုမဟုတ္ဘူး"
"ေကာင္းတယ္၊ ေကာင္းတယ္၊ မိန္းကေလးတစ္ေယာက္က သူ႔ကိုယ္သူ ဘယ္လိုကာကြယ္ရမယ္ဆိုတာ သင္ယူသင့္တယ္။ "
Chen Geက သူ႔နဖူးက စိမ့္ထြက္လာတဲံ ေခြၽးေအးေတြကို တိတ္တိတ္ေလး သုတ္လိုက္သည္။ သူက ေနဝင္သြားတာကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
" ဒီေန႔ေတာ့ နားခ်ိန္ေရာက္ၿပီ။ ငါတို႔ သရဲအိမ္ကို ဧည့္သည္ေတြ ထပ္မလာေလာက္ေတာ့ဘူး။ ဒါေၾကာင့္ ဒီေန႔ေစာေစာစီးစီး အလုပ္ဆင္းလို႔ရတယ္လို႔ အျခားလူေတြကို မင္းေျပာေပးလိုက္ပါဦး။ "
သို႔ေသာ္ ဖုတ္ေကာင္မိတ္ကပ္ျခယ္သထားသည့္ မိန္းကေလးက ထြက္သြားမည့္ပုံမျပေသာေၾကာင့္ Chen Ge ေမးလိုက္သည္။
"အျခားေျပာစရာရွိေသးလား..."
"သူေဌး"
႐ႊီဝမ္က သူမအိတ္ကပ္ထဲမွက စာႏွစ္ေစာင္ကိုတြန႔္ဆုတ္စြာ ထုတ္လိုက္ၿပီး ေျပာလိုက္သည္။
"ဒါေတြဟာ ေထာင္မင္ နဲ႔ ေရွာင္ေဝ တို႔ရဲ႕ႏုတ္ထြက္စာပါ။ သူေဌးက သူတို႔အတြက္ အလုပ္ရွင္ေကာင္းတစ္ေယာက္ျဖစ္လို႔ အလုပ္ထြက္စာကို ကိုယ္တိုင္မေပးရဲလို႔ ကြၽန္မကို လူႀကဳံပါးလိုက္တာပါ။ "
"သူတို႔က အလုပ္ထြက္သြားၾကတာလား..."
Chen Ge က စာေတြကို လက္ခံလိုက္ၿပီး သိသာေနသည့္ အခ်က္ကို ေမးလိုက္ပီးေတာ့ ႐ႊီဝမ္ကို ေျပာလိုက္သည္။
"လူတိုင္းမွာ ကိုယ္ပိုင္ အိပ္မက္တစ္ခုစီရွိၾကတယ္။ ဒါေၾကာင့္ ဒီေနရာက ထြက္သြားတာပါပဲေလ။ ေရွာင္ဝမ္ မင္း လုပ္စရာမရွိရင္ သြားလို႔ရၿပီ။ "
"ေကာင္းပါၿပီ။ ကြၽန္မ မိတ္ကပ္သြားဖ်က္လိုက္ဦးမယ္။ "
ခ်စ္စရာေကာင္းေသာ ဖုတ္ေကာင္မေလး ထြက္သြားၿပီးေနာက္ Chen Ge သည္ စီးကရက္ကိုတိတ္တဆိတ္ မီးညႇိလိုသည္။ လြန္ခဲ့ေသာတစ္ႏွစ္ခြဲခန႔္က သူ႔မိဘမ်ားလွ်ိဳ႕ဝွက္ဆန္းၾကယ္စြာ ေပ်ာက္ဆုံးသြားသည့္အခါ သူ႔ကိုခ်န္ထားေပးခဲ့ေသာ တစ္ခုတည္းေသာအရာက ဒီသရဲအိမ္ျဖစ္သည္။ မိဘႏွစ္ပါးရဲ႕ စိတ္ကူးစိတ္သန္းေတြကို ဆက္လက္ထိန္းထားႏိုင္ဖို႔ Chen Chen သည္ သူ႔အလုပ္မွ ထြက္လိုက္ၿပီး သရဲအိမ္ကို စီမံခန႔္ခြဲမႈကို လုပ္ေဆာင္ခဲ့သည္။
အခ်ိန္ေတြကုန္သြားသည္ႏွင့္အမွ် အရာအားလုံးေျပာင္းလဲသြားခဲ့သည္။ သရဲအိမ္လုပ္ငန္းဆိုတာ အၿပိဳင္ဆိုင္မ်ားသလို လုပ္ပိုင္ခြင့္လည္း အကန႔္အသတ္ရွိသည့္ လုပ္ငန္းမ်ိဳးျဖစ္သည္။
ေၾကာက္မက္ဖြယ္ျမင္ကြင္းဆိုတာ ပထမဦးဆုံး ႀကဳံရလွ်င္သာ ေၾကာက္စရာေကာင္းမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ ႐ိုးသြားကာ ေျခာက္လွန႔္ႏိုင္ျခင္းမရွိေတာ့ေပ။ ဒါေၾကာင့္ လူေတြကို ဆြဲေဆာင္ဖို႔ အဆက္မျပတ္ ေၾကာက္စရာ အကြက္အသစ္အဆန္းေတြကို ဖန္တီးေပးေနဖို႔လိုအပ္သည္။ ဒီလိုလုပ္ဖို႔ဆိုတာ လိုအပ္သည့္ အရင္းအျမစ္ႏွင့္ ေငြေၾကးအေျမာက္အျမားလည္း လိုအပ္လ်က္ရွိသည္။
လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ကစၿပီး သရဲအိမ္လုပ္ငန္းက အႏူတ္ျပေနခဲ့သည္။ န႔စဥ္လက္မွတ္ေရာင္းရေငြက လွ်ပ္စစ္ႏွင့္ေရ ဖိုးေပးဖို႔ပင္ မလုံေလာက္ေတာ့ေပ။
" ဒါကို ငါ ဘယ္ေလာက္ၾကာၾကာ ဆက္ထိန္းထားႏိုင္မွာလဲ..."
သူ အေလးအနက္ စေတြးေနရၿပီျဖစ္သည္။ စီးကရက္ကိုၿငိမ္းသတ္ ၿပီးေနာက္ Chen Ge သည္ သရဲအိမ္သို႔ျပန္ရန္အဆင္သင့္ျဖစ္ခ်ိန္တြင္ New Century Park ဝန္ထမ္းယူနီေဖာင္းဝတ္ထားေသာ လူလတ္ပိုင္းအမ်ိဳးသားတစ္ဦးက သူ႔ဆီကို ဦးတည္ေလွ်ာက္လာခဲ့သည္။ သူ႔ကိုေတြ႕ေတာ့ Chen Ge က ေၾကာင္နားကို ကပ္သည့္ ႂကြက္ကေလးလို သူ႔နားကို တြန႔္ဆုတ္စြာ တိုးကပ္လာခဲ့သည္။
"မင္းငါ့ကို မျမင္သလို ဟန္ေဆာင္ႏိုင္လို႔ရမယ္ထင္ေနလား"
လူလတ္ပိုင္းအမ်ိဳးသားႀကီးသည္ Chen Ge ၏ပခုံးကို ဆုပ္ကိုင္ၿပီး ေျပာလိုက္သည္။
"ဒီေန႔ ငါတို႔က ဒီကိစၥကိုေသခ်ာေျပာဖို႔လိုေနတယ္။ မင္းငါ့ကို ႏွစ္လစာ ဌားရမ္းခ အေႂကြးတင္ေနၿပီ။ ငါ့အထက္လူႀကီးကလည္း ငါ့ကို လည္ပင္းညစ္ၿပီး အတင္းေတာင္းခိုင္းေနၿပီကြ။ ဒါေၾကာင့္ မင္း ဒီလခကို အခုခ်က္ခ်င္းေပးေတာ့... "
"ဦး ေလး ႐ႊီ ကြၽန္ေတာ္က ေနရာခကို မေပးခ်င္လို႔ မဟုတ္ပါဘူးဗ်ာ။ ကြၽန္ေတာ့္မွ ဦးေလးကို ေပးစရာ ရွိကို မရွိလို႔ပါ။ ဦးေလးကို ေနာက္လမွ ေပါင္းေပးလို႔ရမလား?"
"ဒီစကားကို ၿပီးခဲ့တဲ့လကပဲ မင္းေျပာခဲ့တာ မဟုတ္လား"
"ကြၽန္ေတာ္ ကတိေပးပါတယ္၊ ဒီဟာက ေနာက္ဆုံးအႀကိမ္ပါ"
Chen Ge သည္ သူ၏ရင္ဘတ္ကိုပုတ္ကာ ႐ိုးသားစြာကတိေပးလိုက္သည္။
" လူေတြက သရဲအိမ္ကို စိတ္မဝင္စားၾကေတာ့ဘူး။ သူတို႔အႀကိဳက္က အျခားဟာေတြဘက္ကို ေရာက္သြားၿပီ။ မင္း ေခါင္းမာမာနဲ႔ဒါကို ဖက္တြယ္မထားပါနဲ႔ေတာ့။ ငါ့စကားကို နားေထာင္ပါ Chen Ge "
Uncle Xu က Chen Ge လက္ထဲက ကိုင္ထားတဲ့ စာကို ေတြ႕ေတာ့ သူ႔ပုခုံးေပၚတင္ထားတဲ့ လက္ကို ဖယ္လိုက္ၿပီး ေစတနာျဖင့္ အႀကံေပးလိုက္သည္။
"မင္းက ငယ္ေသးတယ္၊ အျခားအသက္ေမြးဝမ္းေက်ာင္းမႈတစ္ခုနဲ႔ ဘဝကို အသစ္ေန ျပန္စႏိုင္တယ္ေလ။ မင္းဘာေၾကာင့္ ဒီလိုအလုပ္ကို ေပကတ္လုပ္ေနရတာလဲ "
"ဦး ေလး Xu ဦးေလးက ကြၽန္ေတာ့္အက်ိဳးကိုလိုလားလို႔ ေျပာေနတယ္ဆိုတာ နားလည္ပါတယ္။ ဒါေပမဲ့ဒီ သရဲအိမ္က ကြၽန္ေတာ့္အတြက္က ထူးျခားတဲ့ အဓိပၸာယ္ရွိတယ္။ ဒီဟာက ကြၽန္ေတာ့္မိဘေတြထားရစ္တဲ့ေနာက္ဆုံးအမွတ္တရေတြျဖစ္လို႔ ဒီဟာေတြကို ေပ်ာက္ကြယ္မသြားေစခ်င္တာပါ။"
Chen Ge က ဒီစကားေတြကို အျခားလူၾကားမွာစိုးသလို အသံကိုႏွိမ့္ၿပီး တီးတိုးေျပာလိုက္သည္။ သတ္လတ္ပိုင္း အပန္းေျဖမန္ေနဂ်ာလူႀကီးက Chen Ge ရဲ႕မိဘေတြေပ်ာက္ဆုံးသြားတဲ့ အျဖစ္ပ်က္ကို သိထားသျဖင့္ Chen Geရဲ႕ စကားကို ၾကားေတာ့ စာနာသြားမိသည္။ သူက ႐ုတ္တရက္ ဘာမွျပန္မေျပာပဲ ခဏစဥ္းစားၿပီးမွ သက္ျပင္းခ်ရင္း ေျပာလိုက္သည္။
" မင္း ခံစားခ်က္ကို ဦးေလး နားလည္ပါတယ္။ ငါ မင္းအတြက္ အထက္လူႀကီးေတြကို ေနာက္ထပ္ ရက္နည္းနည္းထပ္ေ႐ႊ႕ေပးဖို႔ ေျပာေပးပါ့မယ္။"
" ေက်းဇူးတင္ပါတယ္ ဦးေလး႐ႊီ။ "
" ငါ့ကို ေက်းဇူးမတင္ပါနဲ႔။ မင္းလည္း အတတ္ႏိုင္ဆုံး လက္မွတ္မ်ားမ်ား ေရာင္းထြက္ေအာင္ ႀကိဳးစားဦး။ မဟုတ္ရင္ အဆုံးသတ္ရလဒ္က အတူတူပဲျဖစ္လိမ့္မယ္ "
မန္ေနဂ်ာႀကီးထြက္သြားေတာ့ Chen Ge သည္ သရဲအိမ္ဘက္ကို ထြက္လာၿပီး ခါတိုင္းလုပ္ေနၾက စက္မ်ားျပဳျပင္စရာမ်ား၊ ရွင္းလင္းစရာမ်ားကို စတင္လုပ္ကိုင္ေတာ့သည္။
==================
Chapter (1) သရဲအိမ်၏ကျဆုံးခန်း
"ဒီလိုကြောက်စရာမကောင်းတဲ့သရဲအိမ်ကို ငါ ပထမဆုံးလာဖူးတာပဲ"
"ဒီသရဲအိမ်ထဲက အပြင်အဆင်တွေအားလုံးက အတုတွေများလွန်းတယ်။ ငါ နည်းနည်းလေးမှ ကြောက်တယ်လို့ မခံစားခဲ့ရဘူး။ ဒီ သရဲအိမ်ထဲက ဟာတွေအားလုံးက ငါ့အတွက် ဟာသလိုပဲခံစားရတယ်"
" ငါတို့လိုရုပ်ဝါဒီသမားတွေအတွက် အစကတည်းက ဘာကိုမှ မကြောက်တတ်ပါဘူးကွ။ သရဲဆိုတာ ဘာမှ ကြောက်စရာ မကောင်းပါဘူးကွာ။ "
"ငါတော့ မပြောချင်ပဲ ပြောရတော့မှာပဲ။ တကယ်ဆိုရင် ငါတို့ အဆောင်မှာပဲ နေသင့်တယ်ကွ။ ငါ့အွန်လိုင်းဂိမ်းက နောက်ထပ် အဆင့်တစ်ခုတင်ရဖို့ အရမ်းနီးစပ်နေပြီ"
ဂျူးကျန်းမြို့အနောက်ပိုင်းရှိ သရဲအိမ်ရှေ့တွင် ကျောင်းသားအုပ်စုသည် သူတို့စက်ဘီးများဖြင့် မထွက်ခွာမီ သရဲအိမ်က သူတို့အတွက် ထိတ်လန့်ကြောက်ရွံ့ခြင်းကို မပေးနိုင်တဲ့အတွက် စိတ်ပျက်လက်ပျက်ရေရွတ်ပြောဆိုနေကြသည်။ သရဲအိမ်လက်ကမ်းကြော်ငြာများကို ကိုင်ဆောင်ကာ လိုက်ဝေနေသည့် Chen Ge သည် ဒီမြင်ကွင်းကိုတွေ့တော့ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။
ကြောက်မက်ဖွယ်ခြောက်လှန့်ခြင်းဆိုတာ ကျွမ်းကျင်မှု အနုပညာတစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်း သရဲကားတွေ အများကြီး ရိုက်ကူးထုတ်လုပ်လာတဲ့အတွက် ခေတ်သစ်လူ့အဖွဲ့စည်းက လူတွေအတွက် သူတို့ကို ကြောက်လန့်အောင် ခြောက်လန့်ဖို့ဆိုတာ တော်ရုံနဲ့ မရတော့ဘူး။ အခုဆိုရင် သရဲအိမ်ကို လာလည်တဲ့အတွေ့ကြုံက သူတို့ခြံဝင်းထဲ လမ်းလျှောက်နေရတာနဲ့ ဘာမှ မထူးခြားသလို ဖြစ်နေပြီ။
"သူဌေး"
သူ့တွေးနေတုန်း အနောက်ဘက်ကနေ ကြည်လင်တဲ့ အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။ Chen Ge နောက်ကို လှည့်ကြည့်လိုက်တော့ သူရဲအိမ်ထဲကနေ သူနာပြုအဝတ်စားဝတ်ထားသည့် ပိန်ပိန်ပါးပါး မိန်းကလေး ဖုတ်ကောင်တစ်ကောင် ဒေါသအရှိန်ဖြင့်ထွက်လာကိုတွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ ရှောင်ဝမ် "
ဖုတ်ကောင်မလေး၏အမည်မှာ ရွှီဝမ် ဖြစ်သည်။ သူမက သရဲအိမ်က ဌားရမ်းထားတဲ့ အချိန်ပိုင်း သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်သည်။
"အစောပိုင်းကဒီလူဆိုးလေးတွေက ကျွန်မကို အခွင့်ရေးယူဖို့ ကြိုးစားခဲ့တယ်။ "
ကောင်မလေးက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အံကြိတ်ရင်း တိုးတိုးပြောလိုက်သည်။ ကောင်မလေးက ဒီစကားကို တိုင်ကြားရုံသက်သက်သာ ပြောလိုက်ခြင်းဖြစ်သည်။
"ဒါက တကယ့်ကို ဆိုးဝါးတာပဲ။ ကောင်ဆိုးလေးတွေက ဖုတ်ကောင်ကိုတောင် အေးအေးဆေးဆေး မနေခိုင်းဘူးကိုး။ "
သူဌေးအနေဖြင့် Chen Ge သည် ရှောင်ဝမ် ဘက် မှ နေပေးခဲ့သည်။
"နောက်မှ ငါ စီစီတီဗီကင်မရာကနေ အဲ့ဒီကောင်တွေကို ရှာပေးဖို့ ပန်းခြံမန်နေဂျာကို ငါပြောလိုက်ပါ့မယ် "
"အဲလို လုပ်ဖို့မလိုပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်ကို သိလိုက်လို့ ကျွန်မက ကောင်လေးတွေရဲ့ မျက်နှာတည့်တည့်ကို လက်သီးပျံကျွေးလိုက်တယ်။ "
ရွှီဝမ်က သူမရဲ့အဝတ်အစားအစွန်းမှာစွန်းနေ တဲ့ သွေးတွေကို ပြပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
" ကြည့်.... ဒီဟာတွေက သွေးအတုမဟုတ်ဘူး"
"ကောင်းတယ်၊ ကောင်းတယ်၊ မိန်းကလေးတစ်ယောက်က သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ယူသင့်တယ်။ "
Chen Geက သူ့နဖူးက စိမ့်ထွက်လာတဲံ ချွေးအေးတွေကို တိတ်တိတ်လေး သုတ်လိုက်သည်။ သူက နေဝင်သွားတာကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" ဒီနေ့တော့ နားချိန်ရောက်ပြီ။ ငါတို့ သရဲအိမ်ကို ဧည့်သည်တွေ ထပ်မလာလောက်တော့ဘူး။ ဒါကြောင့် ဒီနေ့စောစောစီးစီး အလုပ်ဆင်းလို့ရတယ်လို့ အခြားလူတွေကို မင်းပြောပေးလိုက်ပါဦး။ "
သို့သော် ဖုတ်ကောင်မိတ်ကပ်ခြယ်သထားသည့် မိန်းကလေးက ထွက်သွားမည့်ပုံမပြသောကြောင့် Chen Ge မေးလိုက်သည်။
"အခြားပြောစရာရှိသေးလား..."
"သူဌေး"
ရွှီဝမ်က သူမအိတ်ကပ်ထဲမှက စာနှစ်စောင်ကိုတွန့်ဆုတ်စွာ ထုတ်လိုက်ပြီး ပြောလိုက်သည်။
"ဒါတွေဟာ ထောင်မင် နဲ့ ရှောင်ဝေ တို့ရဲ့နုတ်ထွက်စာပါ။ သူဌေးက သူတို့အတွက် အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်လို့ အလုပ်ထွက်စာကို ကိုယ်တိုင်မပေးရဲလို့ ကျွန်မကို လူကြုံပါးလိုက်တာပါ။ "
"သူတို့က အလုပ်ထွက်သွားကြတာလား..."
Chen Ge က စာတွေကို လက်ခံလိုက်ပြီး သိသာနေသည့် အချက်ကို မေးလိုက်ပီးတော့ ရွှီဝမ်ကို ပြောလိုက်သည်။
"လူတိုင်းမှာ ကိုယ်ပိုင် အိပ်မက်တစ်ခုစီရှိကြတယ်။ ဒါကြောင့် ဒီနေရာက ထွက်သွားတာပါပဲလေ။ ရှောင်ဝမ် မင်း လုပ်စရာမရှိရင် သွားလို့ရပြီ။ "
"ကောင်းပါပြီ။ ကျွန်မ မိတ်ကပ်သွားဖျက်လိုက်ဦးမယ်။ "
ချစ်စရာကောင်းသော ဖုတ်ကောင်မလေး ထွက်သွားပြီးနောက် Chen Ge သည် စီးကရက်ကိုတိတ်တဆိတ် မီးညှိလိုသည်။ လွန်ခဲ့သောတစ်နှစ်ခွဲခန့်က သူ့မိဘများလျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားသည့်အခါ သူ့ကိုချန်ထားပေးခဲ့သော တစ်ခုတည်းသောအရာက ဒီသရဲအိမ်ဖြစ်သည်။ မိဘနှစ်ပါးရဲ့ စိတ်ကူးစိတ်သန်းတွေကို ဆက်လက်ထိန်းထားနိုင်ဖို့ Chen Chen သည် သူ့အလုပ်မှ ထွက်လိုက်ပြီး သရဲအိမ်ကို စီမံခန့်ခွဲမှုကို လုပ်ဆောင်ခဲ့သည်။
အချိန်တွေကုန်သွားသည်နှင့်အမျှ အရာအားလုံးပြောင်းလဲသွားခဲ့သည်။ သရဲအိမ်လုပ်ငန်းဆိုတာ အပြိုင်ဆိုင်များသလို လုပ်ပိုင်ခွင့်လည်း အကန့်အသတ်ရှိသည့် လုပ်ငန်းမျိုးဖြစ်သည်။
ကြောက်မက်ဖွယ်မြင်ကွင်းဆိုတာ ပထမဦးဆုံး ကြုံရလျှင်သာ ကြောက်စရာကောင်းမှာဖြစ်ပြီး နောက်ပိုင်းမှာ ရိုးသွားကာ ခြောက်လှန့်နိုင်ခြင်းမရှိတော့ပေ။ ဒါကြောင့် လူတွေကို ဆွဲဆောင်ဖို့ အဆက်မပြတ် ကြောက်စရာ အကွက်အသစ်အဆန်းတွေကို ဖန်တီးပေးနေဖို့လိုအပ်သည်။ ဒီလိုလုပ်ဖို့ဆိုတာ လိုအပ်သည့် အရင်းအမြစ်နှင့် ငွေကြေးအမြောက်အမြားလည်း လိုအပ်လျက်ရှိသည်။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကစပြီး သရဲအိမ်လုပ်ငန်းက အနူတ်ပြနေခဲ့သည်။ န့စဉ်လက်မှတ်ရောင်းရငွေက လျှပ်စစ်နှင့်ရေ ဖိုးပေးဖို့ပင် မလုံလောက်တော့ပေ။
" ဒါကို ငါ ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မှာလဲ..."
သူ အလေးအနက် စတွေးနေရပြီဖြစ်သည်။ စီးကရက်ကိုငြိမ်းသတ် ပြီးနောက် Chen Ge သည် သရဲအိမ်သို့ပြန်ရန်အဆင်သင့်ဖြစ်ချိန်တွင် New Century Park ဝန်ထမ်းယူနီဖောင်းဝတ်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက သူ့ဆီကို ဦးတည်လျှောက်လာခဲ့သည်။ သူ့ကိုတွေ့တော့ Chen Ge က ကြောင်နားကို ကပ်သည့် ကြွက်ကလေးလို သူ့နားကို တွန့်ဆုတ်စွာ တိုးကပ်လာခဲ့သည်။
"မင်းငါ့ကို မမြင်သလို ဟန်ဆောင်နိုင်လို့ရမယ်ထင်နေလား"
လူလတ်ပိုင်းအမျိုးသားကြီးသည် Chen Ge ၏ပခုံးကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"ဒီနေ့ ငါတို့က ဒီကိစ္စကိုသေချာပြောဖို့လိုနေတယ်။ မင်းငါ့ကို နှစ်လစာ ဌားရမ်းခ အကြွေးတင်နေပြီ။ ငါ့အထက်လူကြီးကလည်း ငါ့ကို လည်ပင်းညစ်ပြီး အတင်းတောင်းခိုင်းနေပြီကွ။ ဒါကြောင့် မင်း ဒီလခကို အခုချက်ချင်းပေးတော့... "
"ဦး လေး ရွှီ ကျွန်တော်က နေရာခကို မပေးချင်လို့ မဟုတ်ပါဘူးဗျာ။ ကျွန်တော့်မှ ဦးလေးကို ပေးစရာ ရှိကို မရှိလို့ပါ။ ဦးလေးကို နောက်လမှ ပေါင်းပေးလို့ရမလား?"
"ဒီစကားကို ပြီးခဲ့တဲ့လကပဲ မင်းပြောခဲ့တာ မဟုတ်လား"
"ကျွန်တော် ကတိပေးပါတယ်၊ ဒီဟာက နောက်ဆုံးအကြိမ်ပါ"
Chen Ge သည် သူ၏ရင်ဘတ်ကိုပုတ်ကာ ရိုးသားစွာကတိပေးလိုက်သည်။
" လူတွေက သရဲအိမ်ကို စိတ်မဝင်စားကြတော့ဘူး။ သူတို့အကြိုက်က အခြားဟာတွေဘက်ကို ရောက်သွားပြီ။ မင်း ခေါင်းမာမာနဲ့ဒါကို ဖက်တွယ်မထားပါနဲ့တော့။ ငါ့စကားကို နားထောင်ပါ Chen Ge "
Uncle Xu က Chen Ge လက်ထဲက ကိုင်ထားတဲ့ စာကို တွေ့တော့ သူ့ပုခုံးပေါ်တင်ထားတဲ့ လက်ကို ဖယ်လိုက်ပြီး စေတနာဖြင့် အကြံပေးလိုက်သည်။
"မင်းက ငယ်သေးတယ်၊ အခြားအသက်မွေးဝမ်းကျောင်းမှုတစ်ခုနဲ့ ဘဝကို အသစ်နေ ပြန်စနိုင်တယ်လေ။ မင်းဘာကြောင့် ဒီလိုအလုပ်ကို ပေကတ်လုပ်နေရတာလဲ "
"ဦး လေး Xu ဦးလေးက ကျွန်တော့်အကျိုးကိုလိုလားလို့ ပြောနေတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ဒီ သရဲအိမ်က ကျွန်တော့်အတွက်က ထူးခြားတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒီဟာက ကျွန်တော့်မိဘတွေထားရစ်တဲ့နောက်ဆုံးအမှတ်တရတွေဖြစ်လို့ ဒီဟာတွေကို ပျောက်ကွယ်မသွားစေချင်တာပါ။"
Chen Ge က ဒီစကားတွေကို အခြားလူကြားမှာစိုးသလို အသံကိုနှိမ့်ပြီး တီးတိုးပြောလိုက်သည်။ သတ်လတ်ပိုင်း အပန်းဖြေမန်နေဂျာလူကြီးက Chen Ge ရဲ့မိဘတွေပျောက်ဆုံးသွားတဲ့ အဖြစ်ပျက်ကို သိထားသဖြင့် Chen Geရဲ့ စကားကို ကြားတော့ စာနာသွားမိသည်။ သူက ရုတ်တရက် ဘာမှပြန်မပြောပဲ ခဏစဉ်းစားပြီးမှ သက်ပြင်းချရင်း ပြောလိုက်သည်။
" မင်း ခံစားချက်ကို ဦးလေး နားလည်ပါတယ်။ ငါ မင်းအတွက် အထက်လူကြီးတွေကို နောက်ထပ် ရက်နည်းနည်းထပ်ရွှေ့ပေးဖို့ ပြောပေးပါ့မယ်။"
" ကျေးဇူးတင်ပါတယ် ဦးလေးရွှီ။ "
" ငါ့ကို ကျေးဇူးမတင်ပါနဲ့။ မင်းလည်း အတတ်နိုင်ဆုံး လက်မှတ်များများ ရောင်းထွက်အောင် ကြိုးစားဦး။ မဟုတ်ရင် အဆုံးသတ်ရလဒ်က အတူတူပဲဖြစ်လိမ့်မယ် "
မန်နေဂျာကြီးထွက်သွားတော့ Chen Ge သည် သရဲအိမ်ဘက်ကို ထွက်လာပြီး ခါတိုင်းလုပ်နေကြ စက်များပြုပြင်စရာများ၊ ရှင်းလင်းစရာများကို စတင်လုပ်ကိုင်တော့သည်။
==================