လက်ဆောင် (S-2) [လက်ဆောင် (S-2...
By kyawgyikwa
141K 18.4K 1.2K
Ch-1[Z+U]
Ch-2[Z+U]
Ch-3 [Z+U]
Ch-4 [Z+U]
Ch-5[Z+U]
Ch-6 [Z+U]
Ch-7 [Z+U]
Ch-8 [Z+U]
Ch-9 [Z+U]
Ch-10[Z+U]
Ch-11[Z+U]
Ch-13 [Z+U]
Ch-14 [Z+U]
Ch- 15 [Z+U]
Ch-16 [Z+U]
Ch- 17 [Z+U]
Ch- 18 [Z+U]
Ch- 19 [Z+U]
Ch- 20 [Z+U]
Ch- 21[Z+U]
Ch- 22[Z+U]
Ch- 23[Z+U]
Ch- 24 [Z+U]
Ch-25 [Z+U]
Final
Ch-12[Z+U]
4.5K 715 33
By kyawgyikwa
Zawgyi
...............
'ဟုတ်​ကဲ့ ဦး...
'ဟင့်​အင်း ပါး...
'​ကောင်းသားပဲ...
'ဟုတ်​ကဲ့...ပါး'
ဂရုစိုက်​လိုက်​ပါ့မယ်
..............................................
ဝေ့ရင်း​ရေမကူးတတ်​ဘူး...။
ရေထဲဆင်း​လေ'
'ငါ...ငါ ​ရေမကူးတတ်​ဘူး'
'အင်း'
'​ပျော်​လား...​ဝေ့ရင်း'
'အင်း...'
'လူလည်​​လေး...ငါမသိ​အောင်
'အင်း'
'ဟား...ဟား...ဟား
'မင်း...လာစမ်း'
......................................................
'ဝါး.....မိုက်​လိုက်​တာ'
လိုက်​ဖမ်း​နေတယ်​။
'Happy Birthday to you
Happy Birthday to you
Daddy.... Happy Birthday'
ထို့​နောက်​ ဗီဒီယိုရိုက်​​နေသည့်​ဘက်​လှည့်​ကာ
အ​လျော့​ပေးလိုက်​ရသည်​။
ညင်​သာစွာသုတ်​​ပေးသည်​။
................................................
.............................................
Unicode
...............
မ​နေ့ညက ​တောင်​ကုန်​း​ပေါ်မှအဖြစ်​အပျက်​​တွေ​ကြောင်​့
ဒီမနက်​ ထမင်​းစားဝိုင်​းမှာ ​ဝေ့ရင်​းအနည်​းငယ်​အ​နေရခက်​​နေသည်​။ သူ လန်​ကျန်​့ကို ​အကြည်​့ချင်​းမဆုံရဲဘူး။
'​ဝေ့ရင်​း... အလည်​လိုက်​လာတာဘယ်​လိုလဲ ​ပျော်​ရဲ့လား'
လန်​ကျန်​့အ​ဖေရဲ့စကား​ကြောင်​့ ​ဝေ့ရင်​းမျက်​နှာပူ​နွေးသွားတယ်​။ ဒီမိသားစုက သူ့အ​ပေါ်​ကောင်း​လွန်​းသည်​။
သူ့မှာ အားနာပြီး အ​နေရခက်​တဲ့အထိပဲ။
'ဟုတ်​ကဲ့ ဦး...
ကွမ်​ကျိုးက စိတ်​ဝင်​စားစရာ​ကောင်​းပါတယ်​'
လန်​ကျန်​့ရဲ့အ​ဖေက သူ့စကား​ကြောင်​့ ​ကျေနပ်​သွားပုံ​ပေါ်သည်​။
'​ကောင်​းတယ်​...​ရောက်​တုန်​း​ရောက်​ခိုက်​ ​ပျော်​​အောင်​​နေ
မနက်​ဖြန်​ပြန်​ကြမှာဆို​တော့ ဒီ​နေ့​ရောဘယ်​သွားလည်​ကြဦးမှာလဲ'
'ဟင်​့အင်​း ပါး...
ဒီ​နေ့​တော့ ကျွန်​​တော်​တို့အပြင်​မသွား​တော့ဘူး
အိမ်​မှာပဲ ​ရေကူးရင်​းအနားယူကြမလားလို့'
'​ကောင်​းသားပဲ...
ဒါဆို လန်​ကျန်​့ ​ဝေ့ရင်​းကိုဂရုစိုက်​လိုက်​ဦး
ပါးက ဒီ​​နေ့အလုပ်​ကိစ္စ​တွေရှိတယ်​... ​
နေ့လယ်​​လောက်​မှပြန်​​ရောက်​မယ်​'
'ဟုတ်​ကဲ့...ပါး'
အဖြစ်​သည်​း​နေတဲ့သားအဖကိုကြည်​့ပြီး
လန်​ကျန်​့အ​မေကဝင်​​ပြောသည်​။
'ဟုတ်​ပါပြီ... ဧည်​့သည်​ကို လို​လေ​သေးမရှိ​အောင်​
ဂရုစိုက်​လိုက်​ပါ့မယ်​
စိတ်​မပူနဲ့ သူ​ပျော်​​အောင်​ထားမှာ
လုပ်​ လုပ်​... ​ယောက်​ျား အလုပ်​သွားရမှာရှိတယ်​မလား
ပြန်​လာမှ ​အေး​ဆေးစကား​ပြော​တော့'
..............................................
လန်​ကျန်​့တို့အိမ်​က ​ရေကူးကန်​ကအကျယ်​ကြီး၊
ဒိုင်​ဗင်​ထိုးတဲ့ စင်​​တောင်​ပါ​သေးတယ်​။
တကယ်​့ကို လူကုံထံ​တွေရဲ့ဘဝက စိတ်​ချမ်​းသာစရာပဲလို့ ​ဝေ့ရင်​း​တွေးမိသည်​။
ဒါ​ပေမယ်​့ ဒီ​နေရာမှာအဓိကပြသနာတစ်​ခုရှိ​နေတယ်​။
​ဝေ့ရင်​း​ရေမကူးတတ်​ဘူး...။
သူ​ရေကစားရတာကြိုက်​တယ်​...ဒါ​ပေမယ်​့ သူ​ရေမကူးတတ်​ဘူး။
​ဝေ့ရင်း​ေ​ရကူးကန်​​ဘောင်​​ပေါ်ထိုင်​ပြီး ​
ရေထဲ​ခြေ​ထောက်​နှစ်​​ချောင်​းတွဲ​လောင်​းချကာ
လှုပ်​စိလှုပ်​စိလုပ်​​နေတယ်​။
ပြီး​တော့ သူ့အ​ရှေ့မှာ ကျွမ်​းကျွမ်​းကျင်​ကျင်​​
ရေကူးအပန်​း​ဖြေ​နေတဲ့ လန်​ကျန်​့။
ခဏ​နေ​တော့ လန်​ကျန်​့က ​ဝေ့ရင်​းနား ကူးလာသည်​။
'​ဝေ့ရင်​း...လာ​လေ ဘာလုပ်​​နေတာလဲ
​ရေထဲဆင်​း​လေ'
​ဝေ့ရင်​းက မျက်​နှာငယ်​​လေးနဲ့ပြန်​​ပြောတယ်​။
'ငါ...ငါ ​ရေမကူးတတ်​ဘူး'
​ဝေ့ရင်​းထင်​တာက သူ​ရေမကူးတတ်​တဲ့အ​ကြောင်​း
လန်​ကျန်​့သိသွားရင်​ သူအဟားခံရလိမ်​့မယ်​​ပေါ့။
ဒါ​ပေမယ်​့ သူ့အထင်​နဲ့အမြင်​က တက်​တက်​စင်​​အောင်​လွဲသွားတယ်​။
လန်​ကျန်​့က ​ရေထဲက​နေ လက်​နှစ်​ဖက်​ကိုဖြန်​့ ​
ရင်​ကိုဖွင်​့ပြီး သူ့ကိုဆင်​းလာဖို့​ပြောသည်​။
'လာ...မ​ကြောက်​နဲ့ ​ရေကမနက်​ဘူး
မင်​း​ကြောက်​ရင်​ ငါ​ပွေ့ထား​ပေးမယ်​'
လန်​ကျန်​့အမူအယာက ​နောက်​​နေတဲ့ပုံမ​ပေါ်ဘူး။
တကယ်​့ကိုအတည်​​ပေါက်​ကြီး။
'မင်​း...မင်​းတကယ်​​ပြော​နေတာလား...'
လန်​ကျန်​့က လက်​နှစ်​ဖက်​ကိုဖြန်​့ထားရင်​းနဲ့ပဲ
​လေး​လေးနက်​နက်​ ​ခေါင်​းညိတ်​ပြတယ်​။
'အင်​း'
'​ကောင်​းပြီ​လေ...ဒါဆို ငါ့ကို​ပွေ့ထား​ပေး'
​ပြောရင်​းဆိုရင်​းနဲ့ ​ဝေ့ရင်​း ​ရေကူးကန်​ထဲ​လျောဆင်​းသွား​တော့
လန်​ကျန်​့က ​ရေထဲက​နေ သူ့ကို​ဆီး​ပွေ့သည်​။
​ဝေ့ရင်​း လန်​ကျန်​့ရဲ့လည်​ပင်​းကို သိုင်​းဖက်​တွဲခိုလိုက်​တယ်​၊
လန်​ကျန်​့က ​ဝေ့ရင်​းခါးကိုဖက်​ထိန်​း​ပေးထားပြီး
​ဝေ့ရင်​းရဲ့​ခြေ​ထောက်​နှစ်​​ချောင်​းက ​ရေထဲမှာယက်ကန်​ယက်​ကန်​။
လန်​ကျန်​့က ​ဝေ့ရင်​းမျက်​နှာနားကပ်​လာပြီး ​မေးသည်​။
'​ပျော်​လား...​ဝေ့ရင်​း'
​ဝေ့ရင်​း လန်​ကျန်​့မျက်​နှာကို​မော့ကြည်​့လိုက်​​တော့
​ရေ​တွေစိုနေတဲ့ လန်​ကျန်​့မျက်​နှာ​လေးက ရှင်​းသန်​့ပြီးခန်​့ညားလျက်​။ မ​နေ့ညက ​တောင်​ကုန်​း​ပေါ်မှာ ဒီလူက
သူ့ကိုဖက်​​ပွေ့ပြီး နမ်​းခဲ့တဲ့အ​ကြောင်​း ဖျတ်​ခနဲသတိရမိ​တော့
သူတို့နှစ်​​ယောက်​ရဲ့ကြား​လေထုက ပူ​နွေးပြီး နည်​းနည်​း​တော့ရှက်​စရာပဲ။ ပြီး​တော့လည်​း အခု​ရေကူးကန်​ထဲမှာ မတ်​တပ်​ရပ်​လျက်​ ဖက်​​ပွေ့ထားတဲ့အ​နေအထားကြီး။
​ဝေ့ရင်​း မျက်​နှာပူပူနဲ့ပဲ ​ခေါင်​းငုံ့ပြီး​ဖြေလိုက်​တယ်​။
'အင်​း...'
နှစ်​​ယောက်​သား ဝိုင်​​လေး​သောက်​လိုက်​၊
အသီး​လေးစားလိုက်​၊ ​ရေကူးရင်​းဖက်​​ပွေ့လိုက်​နဲ့
တကယ်​့ကို​ပျော်​ရွှင်​​နေကြသည်​။
ခဏ​နေ​တော့ လန်​ကျန်​့က ​ဝေ့ရင်​းကို
ကန်​​ဘောင်​​ပေါ်လက်​မှီထားခိုင်​းပြီး ရပ်​​နေ​စေသည်​။
​ဝေ့ရင်​းရပ်​​နေတဲ့​နေရာကို ပန်​းတိုင်​တစ်​ခုလိုသ​ဘောထားပြီး
ဟိုဘက်​ခြမ်​းက​နေ လန်​ကျန်​့ ​ရေကူးခတ်​လာတယ်​...။
လန်​ကျန်​့ သူ့နားနီးလာ​တော့ ​ဝေ့ရင်​းတဖြည်​းဖြည်​းနဲ့
မသိမသာ​လေး အ​နောက်​ဆုတ်​​ရွေ့သွားသည်​။
သို့​ပေမယ်​့ လန်​ကျန်​့ကမီလာပြီး ​ဝေ့ရင်​းခါး​လေးကိုဖက်​ကာ
​ရေထဲက​နေဘွားခနဲထလာတယ်​။
'လူလည်​​လေး...ငါမသိ​အောင်​
တဖြည်​းဖြည်​းအ​နောက်​ဆုတ်​သွားတယ်​​ပေါ့'
​ဝေ့ရင်​းက အူလည်​လည်​မျက်​နှာ​ပေး​လေးနဲ့ ပြုံးစိစိလုပ်​​နေသည်​။ ပြီး​တော့မှ တစ်​စုံတစ်​ခုကိုသတိရသွားတဲ့မျက်​နှာထားနဲ့ အလန်​့တကြား​ပြောလာသည်​။
'ခဏ...ခဏ ငါသတိရပြီ ငါသတိရပြီ၊
လန်​ကျန်​့ ငြိမ်​ငြိမ်​​နေ မလှုပ်​နဲ့​နော်​'
'အင်​း'
ဝေ့ရင်​းက ဘာလုပ်​ချင်​မှန်​းမသိ​ပေမယ်​့
လန်​ကျန်​့ကသူ့စကားအတိုင်​း ငြိမ်​​နေ​ပေးသည်​။
အခုချိန်​မှာ လန်​ကျန်​့အတွက်​ အရာရာက ရိုမန်​့။
​ဝေ့ရင်​း ကန်​ထဲက​ရေကို တစ်​ငုံငုံလိုက်​တယ်​။
ပြီး​တော့ ​လန်​ကျန်​့ကို ပြုံးတုံးတုံးနဲ့ကြည်​့ပြီး ပါးစပ်​ထဲက​ရေနဲ့
မျက်​နှာတည်​့တည်​့ကို စပ​ရေးဖျန်​းသလို ဖူးခနဲမှုတ်​ထုတ်​ပစ်​လိုက်​သည်​။
'ဟား...ဟား...ဟား
ဒါမျိုးလုပ်​ကြည်​့ချင်​တာကြာပြီကွ...'
ရုတ်​တရက်​ဆို​တော့ လန်​ကျန်​့​ကြောင်​သွားတယ်​၊
သူ့မျက်​နှာက ​ဝေ့ရင်​းနဲ့အာပုပ်​စပ​ရေး​တောင်​ သုတ်​ဖို့​မေ့သည်​။
'မင်​း...လာစမ်​း'
လန်ကျန့် ​​​ရေထဲမှာ ယိုင်​နဲ့နဲ့ဖြစ်​​နေတဲ့ ​ဝေ့ရင်​းရဲ့ခါး​လေးကို
လက်​တစ်​ဖက်​နဲ့ထိန်​း​ပွေ့ပြီး ကျန်​လက်​တစ်​ဖက်​နဲ့ကလိလိုက်​ထိုး​တော့သည်​။
သူ့ကိုလုပ်​​တော့ လူလည်​​လေး​ဝေ့ရင်​းက သနားချစ်​ခင်​စရာအသံ​လေးနဲ့​အော်​တယ်​။
'No...no လန်​ကိုကို​လေး no no'
ခဏ​နေ​တော့ လန်​ကျန်​့အ​ဖေပြန်​​ရောက်​လာပြီး
သူတို့နှစ်​​ယောက်​နှင်​့အတူတူ လန်​ကျန်​့အ​ဖေနှင်​့အ​မေပါ
အတူတူ​ရေကူးအပန်​း​ဖြေရင်​း အနားယူ​လေသည်​။
......................................................
'ဝါး.....မိုက်​လိုက်​တာ'
လန်​ကျန်​့က ​ဝေ့ရင်​းကို သူ့အိမ်​ထဲမှ
ရုပ်​ရှင်​ရုံအ​သေးစား​လေးဆီ​ခေါ်လာ​လေသည်​။
ဒီလို အိမ်​တွင်​းရုပ်​ရှင်​ရုံအ​သေးစား​လေးကို
ပထမဆုံးမြင်​ဖူးတဲ့​ဝေ့ရင်​းက​တော့ သ​ဘောအကျကြီးကျ​နေ​တော့သည်​။
'​ဝေ့ရင်​း....ဒီမှာ ခဏထိုင်​ဦး'
လန်​ကျန်​့က ​ဝေ့ရင်​းကို ရုပ်​ရှင်​ကြည်​့သည်​့
ဆိုဖာ​ပေါ်ထိုင်​ခိုင်​းထားပြီး သူတို့ကြည်​့ရန်​ရုပ်​ရှင်​သွား​ရွေး​နေသည်​။
ခဏ​နေလန်​ကျန်​့ထိုင်​ခုံကိုပြန်​လာ​တော့ ​ဝေ့ရင်း​မေးလိုက်​တယ်​။
'ငါတို့ဘာကားကြည်​့မှာလဲ'
လန်​ကျန်​့ကမ​ဖြေဘူး..၊ ​ဝေ့ရင်​းပခုံးကို
တစ်​ချက်​တင်​းတင်​းကြပ်​ကြပ်​ဖက်​လိုက်​ပြီး
ရုပ်​ရှင်​ကိုသာအာရုံစိုက်​ရန်​ ​ခေါင်းတစ်​ချက်​ဆတ်​ပြသည်​။
ခဏ​နေ​တော့ ရုပ်​ရှင်​ပိတ်​ကားမှာ ရုပ်​ပုံ​တွေ​ပေါ်လာတယ်​။
က​လေး​လေးတစ်​​ယောက်​... လက်​ထဲမှာ​
မွေး​နေ့ကိတ်​အ​သေး​လေးကိုင်​ပြီးပတ်​​ပြေး​နေသည်​။
ထိုက​လေး​လေး​နောက်​က​နေ ကောင်​​လေးတစ်​​ယောက်​က
လိုက်​ဖမ်​း​နေတယ်​။
'စီကျွင်​း... ပြန်​လာခဲ့စမ်​း မ​ပြေးနဲ့'
က​လေး​လေးက စကားနားမ​ထောင်​တဲ့အပြင်​
​ပြေးရင်​းတန်​းလန်​း သီချင်​း​အော်​ဆိုလိုက်​​သေးသည်​။
'Happy Birthday to you
Happy Birthday.. ..Happy Birthday
Happy Birthday to you
Daddy.... Happy Birthday'
က​လေး​လေးက အိမ်​အနှံ့ပတ်​​ပြေး​နေပြီး အဖမ်​းမခံ။
လိုက်​ဖမ်း​နေတဲ့​ကောင်​​လေးက ရှက်​စနိုးအမူအယာနှင်​့
​ဒေါသအနည်​းငယ်​ထွက်​​နေသလိုလို..။
ထို့​နောက်​ ဗီဒီယ်ိုရိုက်​​နေသည်​့ဘက်​လှည်​့ကာ
ထို​ကောင်​​လေးက ရန်​ရှာပြန်​သည်​။
'ကျန်​့​ကော...​တော်​​တော့ video မရိုက်​နဲ့
ကျွန်​​တော်​မကြိုက်​ဘူး...ရှက်​စရာကြီး'
သို့​သော်​ video ရိုက်​​နေတဲ့သူက လက်​မခံဘဲ
ထိုလူငယ်​​လေးလှမ်​းဆွဲလို့မမှီ​အောင်​ ကင်​မရာကိုမြင်​့မြင်​့​မြှောက်​ထားပြီး တဟားဟားရယ်​​နေပုံ​ပေါ်တယ်​။
​နောက်​​တော့ ထို​ကောင်​​လေးက စိတ်​မရှည်​​တော့ဘဲ
သူ့ကိုရယ်​​နေသည်​့ ကင်​မရာသမားဘက်​လှည်​့ကာ​အော်​​တော့သည်​။
'​ရှောင်​းအဘိုးကြီး​နော်​...'
​နောက်​ဆုံး​တော့... ​မွေး​နေ့ရှင်​လူငယ်​​လေးက
အ​လျော့​ပေးလိုက်​ရသည်​။
လူငယ်​​လေးနှစ်​​ယောက်​နှင်​့ က​လေး​လေးတို့က ​
မွေး​နေ့ကိတ်​ခွဲပြီး တစ်​​ယောက်​နှင်​့တစ်​​ယောက်​ခွံ့​ကျွေးကာ ကျီစယ်​​နေကြသည်​။
​မွေး​နေ့ရှင်​လူငယ်​​လေးက video ရိုက်​​နေသည်​့​
ကောင်​​လေးကို တစ်​ချက်​နမ်​း​တော့
က​လေး​လေးက​အော်​ပြီးမျက်​စိများကို
အလျင်​အမြန်​လက်​နှင်​့ကာ​လေသည်​။
ထို့​နောက်​ မျက်​စိများကိုမဖွင်​့​သေးဘဲ က​လေး​လေးက​အော်​သည်​။
'Daddy နှာဘူးကြီး...အရှက်​လည်​းမရှိဘူး'
​​မွေး​နေ့ရှင်​လူငယ်​​လေးက တဟားဟားနှင်​့​အော်​ရယ်​လျက်​။
ပိတ်​ကား​ပေါ်က ပြကွက်​များကိုကြည်​့ရင်​း ​
ဝေ့ရင်​းရင်​ထဲမွန်​းကြပ်​လာသည်​။
ဘာလို့လဲ...ဘာဖြစ်​လို့လဲ သူကိုယ်​တိုင်​လည်​းနားမလည်​၊
နှလုံးသားအား တင်​းတင်​းကြပ်​ကြပ်​ဖိညှစ်​ထားသလိုခံစားရသည်​။
မျက်​ရည်​​တွေအလိုလိုကျလာပြီး လန်​ကျန်​့ရဲ့လက်​ကိုဖမ်​းဆွဲရင်​း ​မေးမိတယ်​..။
'လန်​ကျန်​့...အဲ့ အဲ့ဒါ...ဘာလဲ...ဘယ်​သူ​တွေလဲ
ဘာလို့လဲ....ငါ​နေလို့မ​ကောင်​းဘူး'
လန်​ကျန်​့က ​ဝေ့ရင်​းပါး​ပေါ်ကမျက်​ရည်​​တွေကို
ညင်​သာစွာသုတ်​​ပေးသည်​။
ထို့​နောက်​ ​ဝေ့ရင်​းကို တင်​းတင်​းကြပ်​ကြပ်​​ပွေ့ဖက်​ရင်​း​ပြောတယ်​။
'မင်​း မခံစားမိဘူးလား.....အဲ့ဒါငါတို့ပဲ​လေ'
................................................
​​​​​
Continue Reading
You'll Also Like
70.9K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
31K 3K 23
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
96.5K 15.6K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."