Ch- 20 [Z+U]

4.3K 601 34
                                    

Zawgyi
................

'​ဝေ့ရင်း...'

ဝေ့ရင်းလှည့်​ကြည့်​​တော့ လန်​ကျန့်​ ​ဝေ့ရင်းပန်းကန်​ထဲ
ကြက်​စပ်​​ကြော်​တုံး​လေးထည့်​​ပေးလိုက်​တယ်​။
ဝေ့ရင်းကပြုံး၍ကျေးဇူးတင်​စကား​ပြောသည်​။

'​ကျေးဇူးပဲ'

ပြီး​တော့ ပန်းကန်​ကိုအ​နောက်​နည်းနည်း​လေးဆုတ်​လိုက်​တယ်​။

'ဒါ​ပေမယ့်​ ထပ်​မထည့်​​ပေး​တော့နဲ့ လန်​ကျန့်​၊
တော်​ပြီ မင်းလည်းစားဦးမှ​ပေါ့...
ငါ့မှာလည်းအသား​တွေအများကြီးရယ်​'

တိတ်​ဆိတ်​သွားလိုက်​တာ...၊
ထမင်းဝိုင်း​လေးတိတ်​ဆိတ်​သွားလိုက်​ပုံများ
ကျန်းချန်​​တောင်​ အသံထွက်​မှာစိုးလို့ ဟင်းရည်​မ​သောက်​ရဲ​တော့ဘူး။

ဝေ့ရင်းက စားရင်း​သောက်​ရင်း ဖုန်းသုံး​နေသည်​။
Chat room တစ်​ခုမှန်း​တော့မြင်​သာ​ပေမယ့်
ဘယ်​သူနဲ့မှန်း​တော့မသိ။

'​ခွေး​ကောင်​...ဖုန်းချပြီး စား​တော့ဟ
မနက်ခင်း​​အတန်း​နောက်​ကျရင်​ သတ်​မှာ​နော်​'

ကျန်းချန်​ဆဲ​တော့ ​ဝေ့ရင်းကစပ်​ဖြဲဖြဲနဲ့
ခဏ​နေမှဖုန်းသိမ်းလိုက်​သည်​။
မနက်​စာဝိုင်း​လေးက တိတ်​တိတ်​ဆိတ်​ဆိတ်​။
...................................................

ခါတိုင်းလိုပဲ ​နေ့လယ်​အတန်းဆင်းချိန်​ 
ဝေ့ရင်းတို့အတန်း​ရှေ့မှာ လန်​ကျန့်​​စောင့်​​နေသည်​။
လန်​ကျန့်​ကို​တွေ့​တော့ ​ဝေ့ရင်းကပြုံးပြတယ်​။

'လန်ကျန့် ​​​ရောက်​​နေပြီလား..'

'အင်း'

ဝေ့ရင်းက ကျန်းချန်​လက်​ကိုလှမ်းဆွဲလိုက်​သည်​။
ကျန်းချန်​က မျက်​လုံးကြီးလှန်​ကြည့်​တယ်​။

'ကျန်းချန်​...​နေဦး'

'ဘာလဲ'

'​နေ့လယ်​စာသွားစားမှာမလား...'

'အင်း'

'ငါချိန်းထားတာရှိလို့...​နေ့လယ်​စာလိုက်​မစားတာ့ဘူး
လန်​ကျန့်​ပါ ​ခေါ်သွားလိုက်​​တော့'

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now