Ch- 22[Z+U]

4.3K 675 82
                                    

Zawgyi
...............

'​ဒေါက်​ ... ​ဒေါက်​... ​ဒေါက်​'

မနက်​ခင်းခပ်​​စော​စောမှာပဲ ​ဝေ့ရင်းနဲ့ကျန်းချန်​တို့ရဲ့
အခန်းတံခါးကို တစ်​စုံတစ်​​ယောက်​လာ​ခေါက်​​နေတဲ့အသံ
ထွက်​​ပေါ်လာသည်​။

ဝေ့ရင်းဆိုတဲ့​ကောင်​ ဒါမျိုးထဖွင့်​​ဖော်​ရရင်
ရွာ​နေတဲ့မိုးဖွဲဖွဲ ချက်​ချင်းတိတ်​ပြီး နှင်း​တွေပါကျလာကုန်​လိမ့်​မယ်​။
အိပ်​ချင်​မူးတူးနဲ့ကျန်းချန်​ပဲ ကသိုင်းကရိုင်းထဖွင့်​သည်​။
တံခါးဖွင့်​လို့တစ်​ဖက်​မှာ​တွေ့လိုက်​ရတဲ့ လန်​ကျန့်​။

'ဘာကိစ္စလဲ...'

'​ဝေ့ရင်း​ရော..'

ကျန်းချန်​ တံခါးကိုဖွင့်​​ပေးခဲ့ပြီး
သူ့ကုတင်​​ပေါ်သူပြန်​သွားအိပ်​​တော့သည်​။
လန်​ကျန့်​က အိပ်​​ပျော်​​နေတဲ့​ဝေ့ရင်းကုတင်​ဆီ ​လျှောက်​သွားတယ်​။

'​ဝေ့ရင်း....ထပါဦး'

လန်​ကျန့်​က ​ဝေ့ရင်းကို ခပ်​ဖြည်းဖြည်းလှုပ်​နှိုးသည်​။

'အင်း...ဘာလဲ'

လန်​ကျန့်​က ​ဝေ့ရင်းရဲ့လက်​​ကောက်​ဝတ်​​လေးကို
ခပ်​ဖြည်းဖြည်းဆုပ်​ကိုင်​ပြီး​ပြောသည်​။

'ထပါဦး...ငါ့ကို​အောက်​ခဏလိုက်​ပို့​ပေး'

အိပ်​မှုန်​စုံမွှားနဲ့​ဝေ့ရင်းက လန်​ကျန့်​ကို
မျက်​လုံး​လေး​တွေ​မှေးကြည့်​သည်​။
စာ​မေးပွဲပြီးပြီမို့လို့ လန်​ကျန့်​ပြန်​​တော့မှာပဲဆိုတာကို
ဝေ့ရင်းသတိရသွားသည်​။
ပြီး​တော့မှ ထလာပြီး​ခေါင်းညိတ်​တယ်​..။

'အင်း'

လန်​ကျန့်​က ​သူ့ခရီး​ဆောင်​အိတ်​ကိုတစ်​ဖက်​ကဆွဲပြီး
ကျန်​တဲ့လက်​တစ်​ဖက်​က ​ဝေ့ရင်းရဲ့လက်​​ကောက်​ဝတ်​​လေးက​နေဆွဲ​ခေါ်လာသည်​။

မ​နေ့ညကဝိုင်း​ကြောင့်​​ရော၊ မနက်​​စော​သေးတာ​ကြောင့်​​ရော
အ​ဆောင်​တစ်​ခုလုံးတိတ်​ဆိတ်​ငြိမ်​သက်​​နေသည်​။
အ​ဆောင်​​လျှောက်​လမ်း​လေးမှာ
လန်​ကျန့်​နဲ့​ဝေ့ရင်းနှစ်​​ယောက်​တည်းသာ
ခပ်​ဖြည်းဖြည်း​လျှောက်​လှမ်းလျက်​။
နှစ်​​ယောက်​သား စကားတစ်​ခွန်းမဆိုမိကြ။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now