Ch- 24 [Z+U]

4.5K 711 55
                                    

Zawgyi
................

'အန်​တီရှု...မင်္ဂလာပါ...'

မနက်​အ​စော စက်​ဘီး​လေးနဲ့ သူ့ဆိုင်​​ရှေ့​ရောက်​လာတဲ့
ဝေ့ရင်း​လေးကို အန်​တီရှုကပြန်​နှုတ်​ဆက်​တယ်​။

'​အေး...​အေး မင်္ဂလာပါ... ​ဝေ့ရင်း​လေး လာပြီလား
သားအ​မေက ဒီ​နေ့ဘာ​တွေမှာလိုက်​တုန်း...'

စက်​ဘီး​ဒေါက်​​ထောက်​ရပ်​ပြီး ဆိုင်​ထဲ​ပြေးဝင်​လာတဲ့​ဝေ့ရင်းက
သူ့လက်​ထဲကစာရွက်​ကို အန်​တီရှုဆီလှမ်း​ပေးသည်​။

'အန်​တီရှု... မားက သူလိုချင်​တဲ့ဟာ​တွေကို
စာရင်း​ရေး​ပေးလိုက်​တယ်​...ဒီမှာပါ'

အန်​တီရှုက စာရွက်တွင်​​ရေးထား​သော ပစ္စည်းအမျိုးအစားများကိုဖတ်​ကြည့်​​နေသည်​။

'အာလူး...၊ ကြက်​သွန်​ဖြူ၊ ပန်း​ဂေါ်ဖီ....'

ထို့​နောက်​ ​ဝေ့ရင်းဘက်​လှည့်​ကာ ​ပြောလိုက်​သည်​။

'သား... အဲ့ဒီ့အ​ရှေ့ကခုံမှာ ခဏထိုင်​​နေလိုက်​ဦး၊
အန်​တီ ပစ္စည်း​တွေထည့်​​လိုက်​ဦးမယ်​'

'ဟုတ်​ကဲ့...အန်​တီရှု'

ဝေ့ရင်း ဆိုင်​​ရှေ့က ​ခွေး​ခြေခုံ​လေးတွင်​ထိုင်​လိုက်​ပြီး
သူ့အင်္ကျီအတွင်းအိတ်​​ထောင်​ထဲမှ ဖုန်း​လေးထုတ်​လိုက်​သည်​။
ဖုန်း​လေးကို အင်​တာနက်​လိုင်းဖွင့်​ပြီး
ဟိုကြည့်​ ဒီကြည့်​လုပ်​ရင်း အချိန်​ဖြုန်း​နေမိတယ်​။
သူဖုန်းကြည့်​​နေတုန်းမှာပဲ ကျန်းချန်​ဆီကစာဝင်​လာသည်​။

* ပျားရည်​စစ်​မစစ်​ ဘယ်​လိုခွဲရလဲ သိလား *

ဝေ့ရင်းရယ်​မိတယ်​...အကွက်​​ဟောင်းကြီးနဲ့ကွာ။
ဒါ​ပေမယ့်​ ကျန်းချန်​စိတ်​ချမ်းသာ​အောင်
သူ follow လိုက်​​ပေးဖို့ဆုံးဖြတ်​လိုက်​သည်​။

*မသိဘူး..*

ကျန်းချန်​စာပြန်​ပို့လာသည်​။

*​ခွေး​ကျွေးကြည့်​လိုက်​...​ပျားရည်​စစ်​ရင်​​ခွေးမစားဘူး*

ဝေ့ရင်းဟန်​​ဆောင်​ပန်​​ဆောင်​​လေးအံ့သြ​ပေးလိုက်​တယ်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now