Ch- 21[Z+U]

4.1K 640 81
                                    

Zawgyi
................

စာ​မေးပွဲည​တွေက တကယ်​ခက်​ခဲပင်​ပန်းသည်​။
ဘယ်​​လောက်​ပဲစာကြိုကြည့်​ထားကြပါတယ်​ဆိုဆို
ဒီလိုအချိန်​မှာ​စိတ်​​ဖြောင့်​​ဖြောင့်​နဲ့အိပ်​နိုင်​တဲ့​ကျောင်းသားဆိုတာ မရှိ။ ​ဝေ့ရင်းက​တော့ ခြွင်းချက်​ဖြစ်​သည်​။

ငိုက်​ရင်း ငိုက်​ရင်း စာကြည့်​စားပွဲ​ပေါ်​ခေါင်း​မှောက်​​နေတဲ့
ဝေ့ရင်းသွားရည်​​တွေ စာအုပ်​​ပေါ်ကျခါနီး​နေလို့
အိပ်​ယာနှိုး​ပေးရန်​ ကျန်းချန်​ဆုံးဖြတ်​လိုက်​သည်​။
ဖုန်းထဲက​နေ Mp 3 တစ်​ပုဒ်​ဖွင့်​ပြီး
ဝေ့ရင်းနား​တေ့​ပေးလိုက်​တယ်​။

'သင်​ကိုယ်​တိုင်​နိုးထရမယ့်​အချိန်​​ရောက်​ပြီ'

ဖုန်းထဲက​နေ ဟိန်းခနဲထွက်​လာတဲ့မိန်းမအသံ​ကြောင့်
ဝေ့ရင်း တုန်​ခနဲလန့်​နိုးသွားသည်​။
ဝေ့ရင်းနိုးလာတာမြင်​​တော့ ကျန်းချန်​ဖုန်းပိတ်​ပြီး
သူ့စားပွဲဆီသူပြန်​သွားတယ်​။
သူတို့စကား​တွေများ​နေဖို့အချိန်​မရှိဘူး၊
မနက်​ဖြန်​ဘာသာလည်းအ​ရေးကြီးသည်​။

................................................

စာ​မေးပွဲတွင်းမှာ ​ဝေ့ရင်းကိုအ​နှောင့်​အယှက်​မဖြစ်​​စေဖို့
လန်​ကျန့်​ကအထူးသတိထားတယ်​။
သူတို့နှစ်​​ယောက်​ကြား ဒီလို​ဝေခွဲရခက်​​နေတဲ့အ​ခြေအ​နေကို
စာ​မေးပွဲ​ဖြေပြီးမှ ​ဖြေရှင်းဖို့ဆုံးဖြတ်​ထားသည်​။

နောက်​ဆုံးဘာသာကို စိတ်​တိုင်းကျ​ဖြေဆိုပြီးတဲ့အခါ
ဝေ့ရင်းတို့အတန်းဘက်​ လန်​ကျန့်​ထွက်​လာခဲ့သည်​။
အချိန်​အနည်းငယ်​​စော​သေးတာမို့ ဒီအချိန်​သွား​စောင့်​ရင်
ဝေ့ရင်းကိုမီဖို့ သူ​မျှော်​လင့်​ထားတယ်​။
မနက်​ဖြန်​​ဖြေဆိုစရာမရှိ​တော့တဲ့အတွက်
ဝေ့ရင်းနဲ့တစ်​​နေရာရာမှာ စကားသွား​ပြောဖို့
မ​နေ့ညကတည်းက လန်​ကျန့်​စိတ်​ကူးထားသည်​။

သို့​သော်​ ​ဝေ့ရင်းတို့စာ​မေးပွဲ​ဖြေရာအဆောင်​​ရှေ့​ရောက်​​တော့
ဝေ့ရင်းကိုမ​တွေ့​တော့။
လန်​ကျန့်​ ဟို​ဝေ့၊ ဒီ​ဝေ့ကြည့်​​နေရင်း
စာ​မေးပွဲခန်းကထွက်​လာ​သော ​ကျောင်းသားတစ်​​ယောက်​ကို
လှမ်း​မေးလိုက်​သည်​။

လက်ဆောင် (S-2) [လက်ဆောင် (S-2)] CompletedWhere stories live. Discover now