(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(1.19)

11.8K 1.7K 20
By Xiao_Yiii

Unicode

Arc(1.19) 

The Wild Dragon Proud Day

ဂျင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာတော့နောက်ထပ်မြို့နှစ်မြို့သည်တိုက်ခိုက်ရန်ပိုမိုလွယ်ကူသည်။ထိုမြို့နေရာများမှာအလွန်အားနည်းချက်ရှိပြီးခုခံနိုင်စွမ်းမရှိသလောက်ဖြစ်လာသောကြောင့်၎င်းသည်တိုင်များမရှိသောအိမ်တစ်လုံးနှင့်ပင်တူလှသည်။

နောက်ထပ်မြို့နှစ်မြို့ကိုသိမ်းပိုက်နိုင်သမျှကာလပတ်လုံးချင်ယုသည်နန်ကုန်းအောင်နှင့်သူ့ရဲ့စပ်တပ်များနှင့်အတူတွေ့ဆုံနိုင်လိမ့်မည်။ပြီးရင်တော့သူတို့တွေအတူတကွချင်မြို့တော်၏အဓိကမြို့တော်ဖြစ်သောပီယန်မြို့တော်အားအတူတူဝိုင်းထားကြတော့မှာဖြစ်၏။

သူတို့တွေစစ်သားစုဆောင်းမှုစတင်ကတည်းကဆိုရင်အခုကကိုးလတောင်ကျော်သွားခဲ့ပြီဖြစ်ပြီးရာသီဥတုကလည်းဆောင်းဦးရာသီထဲသို့ပြန်ဝင်လာခဲ့ပြီဖြစ်သည်။

ရာသီဥတုကပိုမိုပြီးအေးစက်လာပြီဖြစ်ကာအရွက်များမှာလည်းယခင်အစိမ်းရောင်မှအခုချိန်မှာအဝါရောင်သို့ပင်ပြောင်းလာကြပြီဖြစ်သည်။ခြံဝင်းထဲမှာရှိတဲ့မေပယ်ပင်တွေရဲ့အရွက်တွေကလည်းအနီရောင်ဖြစ်လာပြီးအဝေးကနေကြေည့်ရင်လာင်ကျွမ်းနေတဲ့မီးပုံလိုဖြစ်လာခဲ့ပြီ..

ခြံဝင်းထဲမှာရှိတဲ့ကျောက်တုံးခုံတန်းမှာလီလျိုကသက်တောင့်သက်သာဖြင့်ထိုင်နေရင်းလက်ဖက်ရည်တစ်ခွက်သောက်လိုက်သည်။လက်ဖက်ရည်သောက်နေရင်းဖြင့်ပင်သူကစာပွဲပေါ်မှအချိုမုန့်အနည်းငယ်ကိုလည်းစားနေလိုက်၏။

သူတို့မြို့တစ်မြို့ကိုသိမ်းပိုက်ပြီးတိုင်းအချိန်ခဏမျှအနားယူကာစစ်တပ်ကိုပြန်လည်ဖွဲ့စည်းကြသည်။ထိုနေ့ရက်များကသူ့ရဲ့အဆင်ပြေဆုံးနေ့ရက်များဖြစ်သောကြောင့်လီလျိုကထိုသို့အနားယူရမည့်အခွင့်အရေးအားဘယ်တော့မှလက်လွှတ်ခံလေ့မရှိပေ။ဤအချိန်တွင်ချင်ယုနှင့်သူ၏အရာရှိများသည်သူတို့၏နောက်ခြေလှမ်းကိုဆွေးနွေးခြင်းတွင်သူတို့၏အချိန်အများစုကိုကုန်လွန်သွားသောကြောင့်သူ့အတွက်ကသိပ်ပြီးကိစ္စမရှိဘူးဖြစ်သည်။

အရင်တစ်ခေါက်ကရန်သူတွေရဲ့မြင်းတပ်တွေကိုအနှောင့်အယှက်ဖြစ်စေရန်ဆာလောင်နေသည့်မြင်းများကြားထဲသို့ပဲပုတ်ခြောက်များကိုပစ်ထုတ်ရင်အကြံပေးခဲ့သည်ကလီလျိုဖြစ်သော်လည်းချင်ယုကဒီလိုအချိန်မျိုးဆိုရင်တော့သူ့ကိုမနှောင့်ယှက်ပေ။သူအဲ့ဒီလိုကိစ္စမျိုးအတွက်ဦးနှောက်သုံးတိုင်းတော့ချင်ယုကသူ့သဘောအတိုင်းလိုက်လုပ်ပေးလေ့ရှိပြီးညခင်းအိပ်စက်ချိန်မှသာချင်ယုကသူတို့ရဲ့နောက်ထပ်အစီအစဉ်များကိုဖုံးကွယ်ထားခြင်းမရှိပဲသူ့အားပြောပြနေကြဖြစ်၏။တကယ်လို့သူ့မှာထင်မြင်ချက်တစ်ခုရှိရင်ချင်ယုကသူ့စကားကိုလေးလေးနက်နက်နားထောင်မှာဖြစ်ပြီးသူ့ရဲ့အဆိုပြုချက်ကဖြစ်နိုင်သမျှကာလပတ်လုံးချင်ယုကသူ့အကြံအစည်များကိုလိုက်နာမှာဖြစ်လေသည်။

လီလျိုကတော့ချင်ယုဘာဖြစ်လို့ဒီလောက်လုပ်ပေးနေလဲဆိုတာနားမလည်သော်လည်းသူကမျက်မှောက်ခေတ်မှာတောင်အပြင်ထွက်ခဲတဲ့otakuတစ်ယောက်ဖြစ်သည်လေ....တကယ်လို့သူထိုင်နေမယ်ဆိုရင်သူထမှာမဟုတ်သလိုသူလဲလျောင်းနေမယ်ဆိုရင်လည်းသူကထိုင်မှာမဟုတ်ပေ။သူလိုလူမျိုးကအပြင်ထွက်နေရတာထက်အထဲမှာတစ်နေ့လုံးနေရတာကိုပဲပိုပြီးနှစ်သက်သည်။သူအမုန်းဆုံးအရာကပြဿနာတက်မယ့်ကိစ္စတွေဖြစ်သည်။ထို့ကြောင့်သူကဦးနှောက်စားရမယ့်ကိစ္စမျိုးနဲ့တစ်ခြားသူတွေကိုကိစ္စတွေရှင်းပြပေးဖို့တောင်းဆိုရမယ့်ကိစ္စမျိုးကိုရှောင်ရှားတာကသူ့အတွက်ပိုကောင်းသည်။

နေရောင်ခြည်ခံနေသည့်ပျင်းရိနေသောကြောင်လေးတစ်ကောင်လိုပဲလီလျိုကသူ့ရဲ့မက်မွန်သီးသဏ္ဍာန်မျက်လုံးများကိုမှိတ်ထားရင်းသူ့ပါးစပ်ထဲကိုတော့အရသာရှိတဲ့အချိုမုန့်တွေကိုသွတ်သွင်းရင်းနဲ့အရသာခံနေလိုက်သည်။သူဘာမှမတတ်နိုင်ပဲနောက်ထပ်မုန့်တစ်ခုကိုသူ့ပါးစပ်ထဲထပ်ထည့်လိုက်ပြန်သည်။

သူနောက်ထပ်မုန့်တစ်ခုကိုကောက်တော့မယ့်အချိန်မှာပဲခရမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားသည့်ပါးလွှာသောသဏ္ဍာန်တစ်ခုကိုတွေ့လိုက်ရသည်။သူမကသူမရဲ့နောက်ကျောဘက်မှာလက်တစ်ဖက်ထားရင်းသူ့ဆီသို့ခုန်ပျံကျော်လွှားပြီးဆွဲဆောင်မှုရှိရှိရောက်ရှိလာသည်။ထိုလှပသည့်မျက်လုံးကြီးရွှဲကြီးများကသူ့ကိုမြင်လိုက်သည့်တစ်ခဏမှာပဲချက်ချင်းကိုမြင့်တက်သွားကာသူမရဲ့မူလကလှပသည့်မျက်နှာလေးကပိုလို့တောင်အံ့သြဖွယ်ကောင်းလှစွာခန်းနားထည်ဝါသွားသည်။

"ကိုကိုမုချန်!"

လှပသည့်မိန်းကလေးကခုန်ပျံပြီးလီလျို၏ရှေ့သို့ရောက်ရှိလာသည်။သူမရဲ့မျက်လုံးကြီးများကလီလျိုကိုကြည့်ရင်းတောက်ပနေကာသူမရဲ့ချယ်ရီပုံစံနှုတ်ခမ်းလေးကလှမ်းခေါ်လိုက်သည့်အခါမှာတော့ကြည့်ရတာအလွန်ကိုချစ်စရာကောင်းနေတော့သည်။

လီလျိုရဲ့otakuနှလုံးသားလေးကတော့အမျိုးသမီးဇာတ်လိုက်ရဲ့ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်မှာနောက်တစ်ခါရိုက်ခတ်မိသွားပြန်ပြီဖြစ်သည်။မူလကတော့သူအမျိုးသားဇာတ်လိုက်ရဲ့အမျိုးသမီးအကြောင်းရေးတိုင်းအဲ့ဒါကသူ့ရဲ့ကိုယ်ပိုင်ကြိုက်နှစ်သက်သည့်ပုံစံကိုထည့်ရေးထားခြင်းဖြစ်သည်။ထို့ကြောင့် အဲ့ဒီလိုအမျိုးသမီး version တစ်ခုကသူ့ရှေ့တည့်တည့်ရောက်လာတဲ့အခါမှာတော့သူဘာမှမတတ်နိုင်ပဲမသိလိုက်စွာမျက်နှာတစ်ခုလုံးရဲတက်သွားပြီးသူ့နှလုံးခုန်သံများလည်းမြန်လာရတော့သည်။

ဒါပေမဲ့လည်းချင်ယုအကြောင်းစဉ်းစားလိုက်မိတာနဲ့လီလျိုရဲ့နှလုံးခုန်သံကချက်ချင်းပင်အေးဆေးတည်ငြိမ်သွားရပြန်သည်။

ထိုစစ်အေးတိုက်ပွဲကသူ့စိတ်ထဲတွင်ကွက်ကွက်ကွင်းကွင်မြင်နေဆဲဖြစ်သည်။အခုချိန်ထိတောင်အဲ့ဒီနှစ်လအတွင်းချင်ယုဆီကရခဲ့တဲ့အေးစက်တဲ့အရှိန်အဝါကိုမှတ်မိနေဆဲပဲ...အဲ့ဒီလိုအရာမျိုးကိုသူဒုတိယအကြိမ်တော့မခံစားခြင်တော့ဘူးလေ....ဘယ်လိုပဲဖြစ်နေပါစေသူ့ရှေ့မှာဒီမိန်းကလေးရှိနေလို့မဖြစ်ဘူး..သူနောက်တစ်ခါချင်ယုကိုထပ်ပြီးဒေါသမထွက်စေခြင်းပါဘူး...

"ရိုယန်..ဘာကိစ္စရှိလို့လဲ?" လီလျိုကသူ့လက်ထဲကလက်ဖက်ရည်ခွက်အားစားပွဲပေါ်ချလိုက်ပြီးမေးလိုက်သည်။သူ့မျက်လုံးများကအောက်သို့အနည်းငယ်နိမ့်နေပြီးလင်ရိုယန်၏မျက်နှာကိုလုံးဝကိုမကြည့်ပေ။

လင်ရိုယန်၏ချိုသာသောအပြုံးမှာလီလျိုသူမကိုမြင်မြင်ခြင်းဖြစ်သွားသည့်စိတ်အားထက်သန်မှုမရှိသည့်ပုံစံကြောင့်ပျောက်ကွယ်သွားရတော့သည်။သူမရဲ့နှလုံးသားထဲကတော့မနေနိုင်ပဲအစည်းအဝေးခန်းထဲတွင်ရှိနေဆဲဖြစ်သည့်ချင်ယုကိုဆူနေမိတော့သည်။

တကယ်လို့အဲ့ဒီစိတ်ရှုပ်စရာကောင်းတဲ့လူသာကိုကိုမုချန်ကိုမတာင်းဆိုထားဘူးဆိုရင်သူငါ့ကိုဒီလိုမျိုးသေချာပေါက်ဆက်ဆံမှာမဟုတ်ဘူး...အရင်တုန်းကကိုကိုမုချန်ကငါ့ကိုဘယ်တုန်းကမှမရှောင်ဘူးဘူးအဲ့ဒါကြောင့်အဲ့ဒါကဟိုမုန်းစရာကောင်းတဲ့နတ်ဆိုးကောင်ကြောင့်ပဲဖြစ်ရမယ်...

သူမရဲ့တောက်ပသည့်မျက်လုံးများကခဏသာမှေးမှိန်သွားပြီးသူမကမျက်နှာကိုပြန်မော့လိုက်ကာပြုံးပြီးလမ်းကြောင်းပေးသည့်ပုံစံဖြင့်ပြောလိုက်သည်။

"ကိုကိုမုချန်...ဒီညမီးထွန်းပွဲတော်ရှိတယ်လို့ကြားတယ်ညီမနဲ့အတူတူလိုက်ပေးလို့ရမလား?"

အသက်(၂၀)ကျော်နေပြီဖြစ်သည့်Single man တစ်ယောက်အနေနဲ့ရော otaku တစ်ယောက်အနေနဲ့ပါသူဘယ်တုန်းကမှမိန်းကလေးတစ်ယောက်ရဲ့လက်ကိုမကိုင်ဘူးပေ။ထိုခဏမှာပင်သူ့အတွက်ဤရှားပါးသောအခွင့်အလမ်းကရောက်ရှိလာခဲ့ပြီးသူ့ရဲ့စိတ်ကူးထဲကနတ်ဘုရားမကသူ့ကိုDate လုပ်ဖို့ခေါ်နေခဲ့ပြီ...သူ့နှလုံးသားကပြင်းထန်စွာတုန်လှုပ်နေပေမဲ့လည်းချင်ယုကိုသူတွေးလိုက်မိသည်နှင့်ချက်ချင်းပင်သူ့နှလုံးသားကငြိမ်သက်သွားရတော့သည်။

လီလျိုကဝမ်းနည်းသည့်ပုံစံဖြင့်သူ့ခေါင်းကိုမော့လိုက်ပြီးလင်ရိုယန်ဘက်လှည့်ကာပြောလိုက်သည်။။

"ရိုယန်...တောင်းပန်ပါတယ်ငါမင်းနဲ့မလိုက်ပေးနိုင်ဘူး"

လင်ရိုယန်အပြုံးကချက်ချင်းပင်တစ်နည်းနည်းနဲ့အထီးကျန်သည့်ပုံစံဖြစ်သွားသည်။

"ချင်ယုကြောင့်လား?ဒါပေမဲ့ဒီနေ့ကညီမရဲ့မွေးနေ့လေခဏလောက်လေးတောင်ညီမနဲ့မလိုက်ခဲ့ပေးနိုင်ဘူးလား?"

လင်ရိုယန်ကသနားစရာစွန့်ပစ်ခံရသည့်ပုံဖြင့်အထီးကျန်နေသည့်ပုံအားတွေ့သည့်အခါမှာတော့သူတွန့်ဆုတ်သွားရတော့သည်။

ထိုပုံစံအားကြည့်ရင်းသူမကသူမရဲ့နောက်ဆုံးမျှော်လင့်ချက်အားဆုပ်ကိုင်လိုက်သကဲ့သို့လင်ရိုယန်ကရှေ့သို့နှစ်လှမ်းထပ်လှမ်းလိုက်ပြီးလီလျို၏ကျယ်ပြန့်သည့်အင်္ကျီလက်အားသူမရဲ့နူးညံ့သိမ်မွေ့ဖြူဖွေးသည့်လက်များဖြင့်ခိုင်မြဲစွာဆုပ်ကိုင်လိုက်သည်။သူမရဲ့ကြီးမားသည့်စိတ်ပူပန်နေသည့်မျက်လုံးများကလီလျိုအားကြည့်ကာမေးလိုက်ပြန်သည်။

"ကိုကိုမုချန်....ညီမရဲ့မွေးနေ့မှာတောင်ဒီလိုတောင်းဆိုချက်သေးသေးလေးကိုမဖြည့်စည်းပေးနိုင်ဘူးလား?"

တစ်ခုခုကိုတွေးနေသည့်ပုံအားတွေ့သောအခါလင်ရိုယန်ကသူမရဲ့ကြီးမားသည့်မျက်လုံးများကိုလှည့်လိုက်ပြီးနှုတ်ခမ်းဆူကာပြောလိုက်သည်။

"တကယ်လို့ကိုကိုမုချန်ကကိုကိုချင်ယုသိသွားမှာကိုကြောက်တယ်ဆိုရင်ကိုကိုစိတ်ပူစရာမလိုပါဘူး..လွန်ခဲ့တဲ့ခဏလေးကပဲနန်ကုန်းဦးလေးရောက်လာတာကိုယန်အာတွေ့လိုက်တယ်..အဲ့ဒါကြောင့်လေ့လာတဲ့အခန်းထဲမှာတော်တော်ကြာကြာနေကြဦးမှာသူတို့မပြီးခင်ပြန်လာမယ်ဆိုရင်သူသိမှာမဟုတ်ဘူးလေ"

လီလျိုကခဏမျှတိတ်ဆိတ်သွားပြီးမှသူ့ရင်ထဲတွင်သက်ပြင်းချလိုက်မိတော့သည်။တကယ်လို့ချင်ယုမသိဘူးဆိုရင်တောင်သူသွားလို့မရဘူးလေ...ဝမ်းနည်းစိတ်နဲ့အတူသူကလင်ရိုယန်ဘက်လှည့်ပြီးပြန်ပြောလိုက်တော့သည်။

"ရိုယန်..ငါတကယ်တောင်းပန်ပါတယ်"

လင်ရိုယန် ၏မျက်လုံးများမှမျက်ရည်များချက်ချင်းပင်စီးကျလာတော့သည်။သူမအခုချိန်မှာတကယ့်ကိုဝမ်နည်းမှုကိုခံစားနေရ၏။အရင်တုန်းကတော့သူကသူမကိုအရမ်းဂရုစိုက်ခဲ့သည်သို့သော်သူမသူတို့နဲ့လိုက်လာကတည်းကသူကတစ်ဖြည်းဖြည်းနဲ့ပိုပိုပြီးအေးစက်လာခဲ့လေသည်။

ပြီးတော့လည်းသူမသည်ဘဝတစ်လျှောက်လုံးတွင်အမြဲတမ်းအရာရာရရှိခဲ့သည့်မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပြီးတစ်လျှောက်လုံးဘယ်တုန်းအခါကမှလည်းဆုတ်ယုတ်မှုတွေမခံစားခဲ့ဖူးပေ။သို့သော်ယခုအချိန်တွင်သူမကြိုက်နှစ်သက်သောယောက်ျားကသူမကိုငြင်းပယ်ခဲ့သည်။ထို့ကြောင့်ဘယ်လိုများမကျေမနပ်မဖြစ်ပဲနေပါ့မလဲ?

လီလျိုကသူ့ရှေ့ကလင်ရိုယန်ကိုကြည့်လိုက်သည့်အခါမှာတော့သူမရဲ့မျက်ရည်တွေကအကျီတစ်ခုလုံးပေပွနေပြီဖြစ်ပြီးသူမရဲ့နှာခေါင်းမှာတော့လုံးဝကိုနီရဲနေပြီဖြစ်သည်ထို့ကြောင့်သူလည်းမနေနိုင်တော့ပဲသက်ပြင်းချလိုက်မိတော့သည်။အဆုံးမှာသူကစိတ်နှလုံးသားနူးညံ့တဲ့သူဖြစ်နေဆဲပဲလေ...

"ငါမင်းနဲ့မီးအိမ်ဝယ်ဖို့လိုက်ခဲ့ပေးမယ်ပြီးရင်တော့ဒီကိုပြန်လာရမယ်ဟုတ်ပြီလား?"

လင်ရိုယန်ကချက်ချင်းပင်ငိုနေတာရပ်သွားပြီးသူမရဲ့မျက်လုံးနီနီများဖြင့်လီလျိုအားခေါင်းညိမ့်ပြလိုက်သည်။

.......

သူတို့ကအိမ်တော်၏တံခါးပေါက်မှအတူတူထွက်လာကြပြီးအလုပ်များနေကြသောလမ်းများဆီသို့ထွက်လာခဲ့ကြသည်။သို့သော်သူတို့မသိလိုက်သည်ကသူတို့တံခါးကထွက်လာသည်နှင့်အမှောင်ထဲမှမျက်လုံးများကသူတို့ကိုစောင့်ကြည့်နေကြခြင်းဖြစ်၏။သူတို့ကသူတို့နောက်မှတိတ်တဆိတ်ပင်လိုက်လာကြပြီးလှုပ်ရှားဖို့အကောင်းဆုံးအချိန်ကိုစောင့်နေကြလေသည်။

ထိုလူအနည်းငယ်ကလီလျိုကိုဖမ်းဆီးရန်စေလွှတ်ထားသောဧကရာဇ်ဟောင်း၏မိဖုရားကျင်းချွန်းရဲ့လက်အောက်ငယ်သားများဖြစ်သည်။သူတို့ဟာသူမရဲ့လက်အောက်ကအင်အားအကြီးမားဆုံးသောကိုယ်ခံပညာရှင်များနှင့်လျှို့ဝှက်အစောင့်များဖြစ်ကြသည်။

သူတို့ကဖုန်းကွယ်ထားသည့်အတတ်တွင်အလွန်ကျွမ်းကျင်ကြပြီးအကွာအဝေးတစ်နေရာမှလိုက်လာကြခြင်းဖြစ်တာကြောင့်လီလျိုရောင်လင်ရိုယန်ရောကသူတို့ကိုသတိမထားမိလိုက်ပေ။

............................

23.4.2020(2:20 PM)

............................
Zawgyi

Arc(1.19) 

The Wild Dragon Proud Day

ဂ်င္ၿမိဳ႔ကိုတိုက္ခိုက္သိမ္းပိုက္ၿပီးေနာက္မွာေတာ့ေနာက္ထပ္ၿမိဳ႕ႏွစ္ၿမိဳ႕သည္တိုက္ခိုက္ရန္ပိုမိုလြယ္ကူသည္။ထိုၿမိဳ႔ေနရာမ်ားမွာအလြန္အားနည္းခ်က္ရွိၿပီးခုခံႏိုင္စြမ္းမရွိသေလာက္ျဖစ္လာေသာေၾကာင့္၎သည္တိုင္မ်ားမရွိေသာအိမ္တစ္လုံးႏွင့္ပင္တူလွသည္။

ေနာက္ထပ္ၿမိဳ႔ႏွစ္ၿမိဳ႔ကိုသိမ္းပိုက္ႏိုင္သမွ်ကာလပတ္လုံးခ်င္ယုသည္နန္ကုန္းေအာင္ႏွင့္သူ႔ရဲ႔စပ္တပ္မ်ားႏွင့္အတူေတြ႕ဆံုႏိုင္လိမ့္မည္။ၿပီးရင္ေတာ့သူတို႔ေတြအတူတကြခ်င္ၿမိဳ႔ေတာ္၏အဓိကၿမိဳ႔ေတာ္ျဖစ္ေသာပီယန္ၿမိဳ႔ေတာ္အားအတူတူဝိုင္းထားၾကေတာ့မွာျဖစ္၏။

သူတို႔ေတြစစ္သားစုေဆာင္းမႈစတင္ကတည္းကဆိုရင္အခုကကိုးလေတာင္ေက်ာ္သြားခဲ့ၿပီျဖစ္ၿပီးရာသီဥတုကလည္းေဆာင္းဦးရာသီထဲသို႔ျပန္ဝင္လာခဲ့ၿပီျဖစ္သည္။

ရာသီဥတုကပိုမိုၿပီးေအးစက္လာၿပီျဖစ္ကာအရြက္မ်ားမွာလည္းယခင္အစိမ္းေရာင္မွအခုခ်ိန္မွာအဝါေရာင္သို႔ပင္ေျပာင္းလာၾကၿပီျဖစ္သည္။ျခံဝင္းထဲမွာရွိတဲ့ေမပယ္ပင္ေတြရဲ႕အ႐ြက္ေတြကလည္းအနီေရာင္ျဖစ္လာၿပီးအေဝးကေနေၾကည့္ရင္လာင္ကြၽမ္းေနတဲ့မီးပုံလိုျဖစ္လာခဲ့ၿပီ..

ၿခံဝင္းထဲမွာရွိတဲ့ေက်ာက္တုံးခုံတန္းမွာလီလ်ိဳကသက္ေတာင့္သက္သာျဖင့္ထိုင္ေနရင္းလက္ဖက္ရည္တစ္ခြက္ေသာက္လိုက္သည္။လက္ဖက္ရည္ေသာက္ေနရင္းျဖင့္ပင္သူကစာပြဲေပၚမွအခ်ိဳမုန္႔အနည္းငယ္ကိုလည္းစားေနလိုက္၏။

သူတို႔ၿမိဳ႔တစ္ၿမိဳ႔ကိုသိမ္းပိုက္ၿပီးတိုင္းအခ်ိန္ခဏမွ်အနားယူကာစစ္တပ္ကိုျပန္လည္ဖြဲ႔စည္းၾကသည္။ထိုေန႔ရက္မ်ားကသူ႔ရဲ႔အဆင္ေျပဆုံးေန႔ရက္မ်ားျဖစ္ေသာေၾကာင့္လီလ်ိဳကထိုသို႔အနားယူရမည့္အခြင့္အေရးအားဘယ္ေတာ့မွလက္လႊတ္ခံေလ့မရွိေပ။ဤအခ်ိန္တြင္ခ်င္ယုႏွင့္သူ၏အရာရွိမ်ားသည္သူတို႔၏ေနာက္ေျခလွမ္းကိုေဆြးေႏြးျခင္းတြင္သူတို႔၏အခ်ိန္အမ်ားစုကိုကုန္လြန္သြားေသာေၾကာင့္သူ႔အတြက္ကသိပ္ၿပီးကိစၥမရွိဘူးျဖစ္သည္။

အရင္တစ္ေခါက္ကရန္သူေတြရဲ႔ျမင္းတပ္ေတြကိုအေႏွာင့္အယွက္ျဖစ္ေစရန္ဆာေလာင္ေနသည့္ျမင္းမ်ားၾကားထဲသို႔ပဲပုတ္ေျခာက္မ်ားကိုပစ္ထုတ္ရင္အၾကံေပးခဲ့သည္ကလီလ်ိဳျဖစ္ေသာ္လည္းခ်င္ယုကဒီလိုအခ်ိန္မ်ိဳးဆိုရင္ေတာ့သူ႔ကိုမေႏွာင့္ယွက္ေပ။သူအဲ့ဒီလိုကိစၥမ်ိဳးအတြက္ဦးေႏွာက္သံုးတိုင္းေတာ့ခ်င္ယုကသူ႔သေဘာအတိုင္းလုိက္လုပ္ေပးေလ့ရွိၿပီးညခင္းအိပ္စက္ခ်ိန္မွသာခ်င္ယုကသူတို႔ရဲ႔ေနာက္ထပ္အစီအစဥ္မ်ားကိုဖုံးကြယ္ထားျခင္းမရွိပဲသူ႔အားေျပာျပေနၾကျဖစ္၏။တကယ္လို႔သူ႔မွာထင္ျမင္ခ်က္တစ္ခုရွိရင္ခ်င္ယုကသူ႔စကားကိုေလးေလးနက္နက္နားေထာင္မွာျဖစ္ၿပီးသူ႔ရဲ႔အဆိုျပဳခ်က္ကျဖစ္ႏိုင္သမွ်ကာလပတ္လံုးခ်င္ယုကသူ႔အၾကံအစည္မ်ားကိုလိုက္နာမွာျဖစ္ေလသည္။

လီလ်ိဳကေတာ့ခ်င္ယုဘာျဖစ္လို႔ဒီေလာက္လုပ္ေပးေနလဲဆိုတာနားမလည္ေသာ္လည္းသူကမ်က္ေမွာက္ေခတ္မွာေတာင္အျပင္ထြက္ခဲတဲ့otakuတစ္ေယာက္ျဖစ္သည္ေလ....တကယ္လို႔သူထိုင္ေနမယ္ဆိုရင္သူထမွာမဟုတ္သလိုသူလဲေလ်ာင္းေနမယ္ဆိုရင္လည္းသူကထိုင္မွာမဟုတ္ေပ။သူလိုလူမ်ိဳးကအျပင္ထြက္ေနရတာထက္အထဲမွာတစ္ေန႔လံုးေနရတာကိုပဲပိုၿပီးႏွစ္သက္သည္။သူအမုန္းဆံုးအရာကျပႆနာတက္မယ့္ကိစၥေတြျဖစ္သည္။ထို႔ေၾကာင့္သူကဦးေႏွာက္စားရမယ့္ကိစၥမ်ိဳးနဲ႔တစ္ျခားသူေတြကိုကိစၥေတြရွင္းျပေပးဖို႔ေတာင္းဆိုရမယ့္ကိစၥမ်ိဳးကိုေရွာင္ရွားတာကသူ႔အတြက္ပိုေကာင္းသည္။

ေနေရာင္ျခည္ခံေနသည့္ပ်င္းရိေနေသာေၾကာင္ေလးတစ္ေကာင္လိုပဲလီလ်ိဳကသူ႔ရဲ႔မက္မြန္သီးသ႑ာန္မ်က္လံုးမ်ားကိုမွိတ္ထားရင္းသူ႔ပါးစပ္ထဲကိုေတာ့အရသာရွိတဲ့အခ်ိဳမုန္႔ေတြကိုသြတ္သြင္းရင္းနဲ႔အရသာခံေနလိုက္သည္။သူဘာမွမတတ္ႏိုင္ပဲေနာက္ထပ္မုန္႔တစ္ခုကိုသူ႔ပါးစပ္ထဲထပ္ထည့္လိုက္ျပန္သည္။

သူေနာက္ထပ္မုန္႔တစ္ခုကိုေကာက္ေတာ့မယ့္အခ်ိန္မွာပဲခရမ္းေရာင္ဝတ္ရံုရွည္ကိုဝတ္ဆင္ထားသည့္ပါးလႊာေသာသ႑ာန္တစ္ခုကိုေတြ႕လိုက္ရသည္။သူမကသူမရဲ႔ေနာက္ေက်ာဘက္မွာလက္တစ္ဖက္ထားရင္းသူ႔ဆီသို႔ခုန္ပ်ံေက်ာ္လႊားၿပီးဆြဲေဆာင္မွဳရွိရွိေရာက္ရွိလာသည္။ထိုလွပသည့္မ်က္လံုးႀကီးရႊဲႀကီးမ်ားကသူ႔ကိုျမင္လိုက္သည့္တစ္ခဏမွာပဲခ်က္ခ်င္းကိုျမင့္တက္သြားကာသူမရဲ႔မူလကလွပသည့္မ်က္ႏွာေလးကပိုလို႔ေတာင္အံ့ၾသဖြယ္ေကာင္းလွစြာခန္းနားထည္ဝါသြားသည္။

"ကိုကိုမုခ်န္!"

လွပသည့္မိန္းကေလးကခုန္ပ်ံၿပီးလီလ်ိဳ၏ေရွ႕သို႔ေရာက္ရွိလာသည္။သူမရဲ႔မ်က္လံုးႀကီးမ်ားကလီလ်ိဳကိုၾကည့္ရင္းေတာက္ပေနကာသူမရဲ႔ခ်ယ္ရီပံုစံႏႈတ္ခမ္းေလးကလွမ္းေခၚလိုက္သည့္အခါမွာေတာ့ၾကည့္ရတာအလြန္ကိုခ်စ္စရာေကာင္းေနေတာ့သည္။

လီလ်ိဳရဲ႔otakuႏွလံုးသားေလးကေတာ့အမ်ိဳးသမီးဇာတ္လိုက္ရဲ႔ဆြဲေဆာင္မႈရွိတဲ့အသြင္အျပင္မွာေနာက္တစ္ခါ႐ိုက္ခတ္မိသြားျပန္ၿပီျဖစ္သည္။မူလကေတာ့သူအမ်ိဳးသားဇာတ္လိုက္ရဲ႔အမ်ိဳးသမီးအေၾကာင္းေရးတိုင္းအဲ့ဒါကသူ႔ရဲ႔ကိုယ္ပိုင္ႀကိဳက္ႏွစ္သက္သည့္ပံုစံကိုထည့္ေရးထားျခင္းျဖစ္သည္။ထို႔ေၾကာင့္ အဲ့ဒီလိုအမ်ိဳးသမီး version တစ္ခုကသူ႔ေရွ႕တည့္တည့္ေရာက္လာတဲ့အခါမွာေတာ့သူဘာမွမတတ္ႏုိုင္ပဲမသိလိုက္စြာမ်က္ႏွာတစ္ခုလံုးရဲတက္သြားၿပီးသူ႔ႏွလံုးခုန္သံမ်ားလည္းျမန္လာရေတာ့သည္။

ဒါေပမဲ့လည္းခ်င္ယုအေၾကာင္းစဥ္းစားလိုက္မိတာနဲ႔လီလ်ိဳရဲ႔ႏွလံုးခုန္သံကခ်က္ခ်င္းပင္ေအးေဆးတည္ၿငိမ္သြားရျပန္သည္။

ထိုစစ္ေအးတိုက္ပြဲကသူ႔စိတ္ထဲတြင္ကြက္ကြက္ကြင္းကြင္ျမင္ေနဆဲျဖစ္သည္။အခုခ်ိန္ထိေတာင္အဲ့ဒီႏွစ္လအတြင္းခ်င္ယုဆီကရခဲ့တဲ့ေအးစက္တဲ့အရွိန္အဝါကိုမွတ္မိေနဆဲပဲ...အဲ့ဒီလိုအရာမ်ိဳးကိုသူဒုတိယအႀကိမ္ေတာ့မခံစားျခင္ေတာ့ဘူးေလ....ဘယ္လိုပဲျဖစ္ေနပါေစသူ႔ေရွ႕မွာဒီမိန္းကေလးရွိေနလို႔မျဖစ္ဘူး..သူေနာက္တစ္ခါခ်င္ယုကိုထပ္ၿပီးေဒါသမထြက္ေစျခင္းပါဘူး...

"႐ိုယန္..ဘာကိစၥရွိလို႔လဲ?" လီလ်ိဳကသူ႔လက္ထဲကလက္ဖက္ရည္ခြက္အားစားပြဲေပၚခ်လိုက္ၿပီးေမးလိုက္သည္။သူ႔မ်က္လံုးမ်ားကေအာက္သို႔အနည္းငယ္နိမ့္ေနၿပီးလင္႐ိုယန္၏မ်က္ႏွာကိုလံုးဝကိုမၾကည့္ေပ။

လင္႐ိုယန္၏ခ်ဳိသာေသာအျပံဳးမွာလီလ်ိဳသူမကိုျမင္ျမင္ျခင္းျဖစ္သြားသည့္စိတ္အားထက္သန္မႈမရွိသည့္ပံုစံေၾကာင့္ေပ်ာက္ကြယ္သြားရေတာ့သည္။သူမရဲ႔ႏွလံုးသားထဲကေတာ့မေနႏိုင္ပဲအစည္းအေဝးခန္းထဲတြင္ရွိေနဆဲျဖစ္သည့္ခ်င္ယုကိုဆူေနမိေတာ့သည္။

တကယ္လို႔အဲ့ဒီစိတ္ရႈပ္စရာေကာင္းတဲ့လူသာကိုကိုမုခ်န္ကိုမတာင္းဆိုထားဘူးဆိုရင္သူငါ့ကိုဒီလိုမ်ိဳးေသခ်ာေပါက္ဆက္ဆံမွာမဟုတ္ဘူး...အရင္တုန္းကကိုကိုမုခ်န္ကငါ့ကိုဘယ္တုန္းကမွမေရွာင္ဘူးဘူးအဲ့ဒါေၾကာင့္အဲ့ဒါကဟိုမုန္းစရာေကာင္းတဲ့နတ္ဆိုးေကာင္ေၾကာင့္ပဲျဖစ္ရမယ္...

သူမရဲ႔ေတာက္ပသည့္မ်က္လံုးမ်ားကခဏသာေမွးမွိန္သြားၿပီးသူမကမ်က္ႏွာကိုျပန္ေမာ့လိုက္ကာျပံဳးၿပီးလမ္းေၾကာင္းေပးသည့္ပံုစံျဖင့္ေျပာလိုက္သည္။

"ကိုကိုမုခ်န္...ဒီညမီးထြန္းပြဲေတာ္ရွိတယ္လို႔ၾကားတယ္ညီမနဲ႔အတူတူလိုက္ေပးလို႔ရမလား?"

အသက္(၂၀)ေက်ာ္ေနၿပီျဖစ္သည့္Single man တစ္ေယာက္အေနနဲ႔ေရာ otaku တစ္ေယာက္အေနနဲ႔ပါသူဘယ္တုန္းကမွမိန္းကေလးတစ္ေယာက္ရဲ႔လက္ကိုမကိုင္ဘူးေပ။ထိုခဏမွာပင္သူ႔အတြက္ဤရွားပါးေသာအခြင့္အလမ္းကေရာက္ရွိလာခဲ့ၿပီးသူ႔ရဲ႔စိတ္ကူးထဲကနတ္ဘုရားမကသူ႔ကိုDate လုပ္ဖို႔ေခၚေနခဲ့ၿပီ...သူ႔ႏွလံုးသားကျပင္းထန္စြာတုန္လႈပ္ေနေပမဲ့လည္းခ်င္ယုကိုသူေတြးလိုက္မိသည္ႏွင့္ခ်က္ခ်င္းပင္သူ႔ႏွလံုးသားကၿငိမ္သက္သြားရေတာ့သည္။

လီလ်ိဳကဝမ္းနည္းသည့္ပံုစံျဖင့္သူ႔ေခါင္းကိုေမာ့လိုက္ၿပီးလင္႐ိုယန္ဘက္လွည့္ကာေျပာလိုက္သည္။။

"႐ိုယန္...ေတာင္းပန္ပါတယ္ငါမင္းနဲ႔မလိုက္ေပးႏိုင္ဘူး"

လင္႐ိုယန္အျပံဳးကခ်က္ခ်င္းပင္တစ္နည္းနည္းနဲ႔အထီးက်န္သည့္ပံုစံျဖစ္သြားသည္။

"ခ်င္ယုေၾကာင့္လား?ဒါေပမဲ့ဒီေန႔ကညီမရဲ႔ေမြးေန႔ေလခဏေလာက္ေလးေတာင္ညီမနဲ႔မလိုက္ခဲ့ေပးႏိုင္ဘူးလား?"

လင္႐ိုယန္ကသနားစရာစြန္႔ပစ္ခံရသည့္ပံုျဖင့္အထီးက်န္ေနသည့္ပံုအားေတြ႕သည့္အခါမွာေတာ့သူတြန္႔ဆုတ္သြားရေတာ့သည္။

ထိုပံုစံအားၾကည့္ရင္းသူမကသူမရဲ႔ေနာက္ဆံုးေမွ်ာ္လင့္ခ်က္အားဆုပ္ကိုင္လိုက္သကဲ့သို႔လင္႐ိုယန္ကေရွ႕သို႔ႏွစ္လွမ္းထပ္လွမ္းလိုက္ၿပီးလီလ်ိဳ၏က်ယ္ျပန္႔သည့္အက်ႌလက္အားသူမရဲ႔ႏူးညံ့သိမ္ေမြ႕ျဖဴေဖြးသည့္လက္မ်ားျဖင့္ခိုင္ၿမဲစြာဆုပ္ကိုင္လိုက္သည္။သူမရဲ႔ႀကီးမားသည့္စိတ္ပူပန္ေနသည့္မ်က္လံုးမ်ားကလီလ်ိဳအားၾကည့္ကာေမးလိုက္ျပန္သည္။

"ကိုကိုမုခ်န္....ညီမရဲ႔ေမြးေန႔မွာေတာင္ဒီလိုေတာင္းဆိုခ်က္ေသးေသးေလးကိုမျဖည့္စည္းေပးႏိုင္ဘူးလား?"

တစ္ခုခုကိုေတြးေနသည့္ပံုအားေတြ႕ေသာအခါလင္႐ိုယန္ကသူမရဲ႔ႀကီးမားသည့္မ်က္လံုးမ်ားကိုလွည့္လိုက္ၿပီးႏွဳတ္ခမ္းဆူကာေျပာလိုက္သည္။

"တကယ္လို႔ကိုကိုမုခ်န္ကကိုကိုခ်င္ယုသိသြားမွာကိုေၾကာက္တယ္ဆိုရင္ကိုကိုစိတ္ပူစရာမလိုပါဘူး..လြန္ခဲ့တဲ့ခဏေလးကပဲနန္ကုန္းဦးေလးေရာက္လာတာကိုယန္အာေတြ႕လိုက္တယ္..အဲ့ဒါေၾကာင့္ေလ့လာတဲ့အခန္းထဲမွာေတာ္ေတာ္ၾကာၾကာေနၾကဦးမွာသူတို႔မၿပီးခင္ျပန္လာမယ္ဆိုရင္သူသိမွာမဟုတ္ဘူးေလ"

လီလ်ိဳကခဏမွ်တိတ္ဆိတ္သြားၿပီးမွသူ႔ရင္ထဲတြင္သက္ျပင္းခ်လိုက္မိေတာ့သည္။တကယ္လို႔ခ်င္ယုမသိဘူးဆိုရင္ေတာင္သူသြားလို႔မရဘူးေလ...ဝမ္းနည္းစိတ္နဲ႔အတူသူကလင္႐ိုယန္ဘက္လွည့္ၿပီးျပန္ေျပာလိုက္ေတာ့သည္။

"႐ိုယန္..ငါတကယ္ေတာင္းပန္ပါတယ္"

လင္႐ိုယန္ ၏မ်က္လုံးမ်ားမွမ်က္ရည္မ်ားခ်က္ခ်င္းပင္စီးက်လာေတာ့သည္။သူမအခုခ်ိန္မွာတကယ့္ကိုဝမ္နည္းမႈကိုခံစားေနရ၏။အရင္တုန္းကေတာ့သူကသူမကိုအရမ္းဂ႐ုစိုက္ခဲ့သည္သို႔ေသာ္သူမသူတို႔နဲ႔လိုက္လာကတည္းကသူကတစ္ျဖည္းျဖည္းနဲ႔ပိုပိုၿပီးေအးစက္လာခဲ့ေလသည္။

ၿပီးေတာ့လည္းသူမသည္ဘဝတစ္ေလွ်ာက္လံုးတြင္အၿမဲတမ္းအရာရာရရွိခဲ့သည့္မိန္းကေလးတစ္ေယာက္ျဖစ္ခဲ့ၿပီးတစ္ေလွ်ာက္လံုးဘယ္တုန္းအခါကမွလည္းဆုတ္ယုတ္မႈေတြမခံစားခဲ့ဖူးေပ။သို႔ေသာ္ယခုအခ်ိန္တြင္သူမႀကိဳက္ႏွစ္သက္ေသာေယာက္်ားကသူမကိုျငင္းပယ္ခဲ့သည္။ထို႔ေၾကာင့္ဘယ္လိုမ်ားမေက်မနပ္မျဖစ္ပဲေနပါ့မလဲ?

လီလ်ိဳကသူ႔ေရွ႕ကလင္႐ိုယန္ကိုၾကည့္လိုက္သည့္အခါမွာေတာ့သူမရဲ႔မ်က္ရည္ေတြကအက်ီတစ္ခုလံုးေပပြေနၿပီျဖစ္ၿပီးသူမရဲ႔ႏွာေခါင္းမွာေတာ့လံုးဝကိုနီရဲေနၿပီျဖစ္သည္ထို႔ေၾကာင့္သူလည္းမေနႏိုင္ေတာ့ပဲသက္ျပင္းခ်လိုက္မိေတာ့သည္။အဆံုးမွာသူကစိတ္ႏွလံုးသားႏူးညံ့တဲ့သူျဖစ္ေနဆဲပဲေလ...

"ငါမင္းနဲ႔မီးအိမ္ဝယ္ဖို႕လိုက္ခဲ့ေပးမယ္ၿပီးရင္ေတာ့ဒီကိုျပန္လာရမယ္ဟုတ္ၿပီလား?"

လင္႐ိုယန္ကခ်က္ခ်င္းပင္ငိုေနတာရပ္သြားၿပီးသူမရဲ႔မ်က္လံုးနီနီမ်ားျဖင့္လီလ်ိဳအားေခါင္းညိမ့္ျပလိုက္သည္။

.......

သူတို႔ကအိမ္ေတာ္၏တံခါးေပါက္မွအတူတူထြက္လာၾကၿပီးအလုပ္မ်ားေနၾကေသာလမ္းမ်ားဆီသို႔ထြက္လာခဲ့ၾကသည္။သို႔ေသာ္သူတို႔မသိလိုက္သည္ကသူတို႔တံခါးကထြက္လာသည္ႏွင့္အေမွာင္ထဲမွမ်က္လံုးမ်ားကသူတို႔ကိုေစာင့္ၾကည့္ေနၾကျခင္းျဖစ္၏။သူတို႔ကသူတို႔ေနာက္မွတိတ္တဆိတ္ပင္လိုက္လာၾကၿပီးလႈပ္ရွားဖို႔အေကာင္းဆံုးအခ်ိန္ကိုေစာင့္ေနၾကေလသည္။

ထိုလူအနည္းငယ္ကလီလ်ိဳကိုဖမ္းဆီးရန္ေစလႊတ္ထားေသာဧကရာဇ္ေဟာင္း၏မိဖုရားက်င္းခၽြန္းရဲ႔လက္ေအာက္ငယ္သားမ်ားျဖစ္သည္။သူတို႔ဟာသူမရဲ႔လက္ေအာက္ကအင္အားအႀကီးမားဆုံးေသာကိုယ္ခံပညာရွင္မ်ားႏွင့္လွ်ိဳ႕ဝွက္အေစာင့္မ်ားျဖစ္ၾကသည္။

သူတို႔ကဖုန္းကြယ္ထားသည့္အတတ္တြင္အလြန္ကၽြမ္းက်င္ၾကၿပီးအကြာအေဝးတစ္ေနရာမွလိုက္လာၾကျခင္းျဖစ္တာေၾကာင့္လီလ်ိဳေရာင္လင္႐ိုယန္ေရာကသူတို႔ကိုသတိမထားမိလိုက္ေပ။

............................

23.4.2020(2:20 PM)

............................

Continue Reading

You'll Also Like

24.7K 3.2K 89
Novel name - Spring Breeze in winter {ဆောင်းရာသီမှနွေဦးလေ‌‌ပြေလေး} ရေနှင့် မီးသည်ဘယ်သောအခါမှ၊ ပေါင်းစပ်နိုင်ခြင်းမရှိသလို မတူညီသည့်ဆုံချက်များ‌သည် မ...
80.4K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
1.9M 299K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...
80.9K 11.9K 13
Both Zawgyi and Unicode. Not my own story, JUST TRANSLATION. All credit goes to original Author and Translator. Cover photo credits to owner.