Black Memory(U+Z)(Completed )

By naykyihtun

1.2M 76.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-64

13.5K 1K 83
By naykyihtun

Unicode

"ဟင် location ပျောက်သွားပြီ သေစမ်း!!"

ရဲဇော်သည် ခေါင်လေး ဖုန်းတည်နေရာ ပျောက်သွားသဖြင့် သစ်ပင်ထူထပ်နေသည့် တောထဲ ဟိုသည်လှည့်ပတ် ကြည့်ကာ.. ရှာဖွေ စူးစမ်းလိုက်၏။ ခေါင့် နောက်
လိုက်လာကတည်းက သူ လိုက်နေတာ...မှီကို မမှီသေးပေ။

တစ်ချိန်လုံး ပြေးလွှားနေသဖြင့် လူကပူထူနေကာ ခေါင်းတွေပါခြောက်လျက် ဇော
ေချွး တွေပါ ပျံနေသည်။ ခေါင့် ထက်အရင် ခန့်ပိုင်ကို သူတွေ့ဖို့လိုသော်လည်း
ခြေထောက်တွေက စိတ်သွားသလောက်မလိုက်နိုင် ဖြစ်နေရသည်။

ထိုစဉ် GPS System မှ နှိုင်း၏ တည်နေရာလေး ပေါ်လာသည်ကို တွေ့လိုက်ရလျှင်...မတုံ့မဆိုင်းပဲ ချက်ချင်းပင် ထိုနေရာသို့ ပြေးထွက်သွားမိ၏။ သို့တိုင် ဘုန်းထွဋ်ခေါင်လျှံ တစ်ယောက် ထိုနေရာသို့ သူ့ထက်အရင်
ရောက်မနေစေဖို့ ဆုတောင်မိရသည်။ ရောက်နေခဲ့ရင်တောင် ခန့်ပိုင်ကို ဘာမှ မလုပ်ဖို့ရန် မျှော်လင့်မိသည်။ မင်းတို့ ညီအစ်ကိုတွေ.. ငါ့ကိုပဲ ဘာကြောင့် ဒုက္ခပေး နေကြတာလဲ.. ငါကိုယ်တိုင်ကရော ဘာကြောင့်များ
ဒုက္ခ အပေးခံနေရတာလဲ ဆိုတာကို...ငါ ကိုယ်တိုင်တောင် နားမလည်တော့ပေ။

သို့တိုင်သေချာသည်က သူ ခန့်ပိုင်ကို စိုးရိမ်နေသည် ထင်၏။

.............

"နှိုင်း! "

ခေါင်လေးသည် နှိုင်းကိုတွေ့လျှင် မျက်လုံးများ ဝင်းလက်၍ ပျော်ရွှင်သွားရပြီး တောင်းကုန်းကို ခြေလှမ်းကျဲများဖြင့် တဟုန်ထိုးပြေးတတ်လေသည်။

"မောင်!"

နှိုင်းသည်လည်း မောင်သူ့က်ို လိုက်ရှာနေသည်ဟူသော စိတ်ဖြင့် ဝမ်သာကြည်နူးမူတို့အတိုင်းအဆမဲ့နေကာ တောင်အောက်ကို ပြေးဆင်းစဉ်...ခန့်ပိုင်က အနောက်မှရောက်လာ၍ နှိုင်းလက်ကို လှမ်းဆွဲလိုက်
သဖြင့် တစ်ပတ်လှည့်ကာ ပြန်ပါသွားရတော့သည်။

"နေဦး... ခင်ဗျားကလည်း နဲနဲပါးပါး ဟန်ဆောင်ဦးမှပေါ့"

"ဟန်...ဟန်ဆောင်ရမယ်...ဘယ်လိုမျိုး"

မျက်လုံးများက တောင်အောက်ကိုရောက်နေရာမှ ခန့်ပိုင်ကို မော့ကြည့်လိုက် တောင်အောက်ကို ပြန်ကြည့်လိုက်ဖြင့် ဂနာမငြိမ်ဖြစ်ကာ စိတ်တွေလှုပ်ရှား နေလျက် နှလုံးခုန်သံတို့မြန်နေလေပြီ။ ခန့်ပိုင်ပြောသလိုဆို
မောင်က သူ့ကိုဒီချိန်ထိလိုက်ရှာနေတာ ချစ်၍
မဟုတ်လားလေ။

"မသိဘူး... တတ်သလိုလုပ်"

"ငါမှ မလုပ်တတ်တာ "

နှိုင်းမျက်နှာလေးက တကယ်ကို ဖြူစင်နေလျက် မူယာမာယာလဲ များတတ်ပုံမရသဖြင့်...ခန့်ပိုင် တစ်ယောက် ကိုယ့်ခေါင်းကိုယ်သာ ကုပ်မိသည်။ ထိုအချိန်...ကိုဘုန်းကပြေးလာနေကာ သူတို့အနားပင်ရောက်တော့မည်ဖြစ်၏။

"အာ...လာနေပြီ.. မျက်နှာကို တင်းထား"

"တင်းထား... ဒီလိုလား"

မျက်ခုံးလေးတွေ စုကြုံ့လျက်အတင်းအကျပ် တည်ထားသော မျက်နှာဟာ ငါးပူတင်းလေးလို ဖြစ်နေလျှင် သူတောင်ပါးလေးတွေကိုဖြစ်ညစ်ချင်စိတ်တွေ
ပေါက်လာသည်။အမှန်တကယ်ပင် ကိုဘုန်းက အကောင်းဆုံးနဲ့အလှဆုံးဆိုတာကို ရွေးထားတာဖြစ်၏။

"နှိုင်း !"

ခေါင်လေးသည် ခန့်ပိုင်၏ စွင့်စွင့်စားစားမျက်ဝန်းများနှင့် နှိုင်းလက်ကို ခန့်ပိုင်ကိုင်ထားခြင်းအား မနာလိုစွာ စိတ်လိုက်မာန်ပါဖြင့် နှိုင်းကို သူ့ဘက်ဆွဲလိုက်ပြီး
ခန့်ပိုင်ကို အရှိန်နှင့်တွန်းပစ်လိုက်လေသည်။

"မင်း ဘာလုပ်တာလဲ..."

နှိုင်းသည် ခေါင်လေးအား မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့်ကြည့်လျက် ခန့်ပိုင်ကိုပြေးထူးလေ၏။ ထိုအခါ ခေါင်လေးက ပိုစိတ်တိုသွားကာ..

"နှိုင်း ခင်ဗျား!"

"ဘာဖြစ်လဲ...ခင်ဗျား... ငါ့ဟာငါ မင်းနားမှာမနေချင်လို့ ခန့်ပိုင်နဲ့လိုက်လာတာလေ... ခန့်ပိုင်က ဘာအမှားလုပ်ထားလို့ မင်းကလုပ်ရတာလဲ...မင်းတစ်ယောက်တည်း ဒေါသ
ထွက်တတ်တယ်ထင်နေလား"

"ကျွန်တော့်နားမှာမနေချင်လို့!"

နှိုင်းမှာ ခန့်ပိုင်က ဟန်ဆောင်ရမည်ဆို၍ မျက်နှာတင်းထား ရသော်လည်း လေးသံတိုးတိုးဖြင့် မယုံနိင်သလို ရေရွတ်ပြီး
တုန်လှုပ်နေသော မောင့်မျက်နှာကိုမြင်ရလျှင် မခံစားနိုင်ပေ။

"ဟုတ်တယ်... မင်းကိုမုန်းလို့ ထွက်လာတာ..."

"မဟုတ်ဘူး...နှိုင်း လျှောက်ပြောနေတာမလား။ ခန့်ပိုင်းက အတင်းခေါ်လာလို့မလိုက်ချင်ပဲလိုက်ခဲ့ရတာမလား။ နှိုင်းက မောင့်ကိုအရမ်းချစ်တာလေ ဟုတ်တယ်မလား"

"ငါ မင်းကို မချစ်ဘူး...!!"

ဒီလိုစကားတွေ ပြောနေစဉ် နှိုင်းရင်နာရသလို့
မျက်ရည်တွေ ဝဲတတ်လျက် အသနားခံနေသော မောင့်မျက်ဝန်းတွေကို မကြည့်မိအောင် ထိန်းထားရလေသည်။မုန်းယောင်ဆောင်ရတာလဲ ခက်လိုက်တာ။

"နှိုင်း ညာနေတာမလားဟင်...မောင် ဘာအပြစ်လုပ်မိလို့လဲဟင်...အဲ့လိုကြီး မပြောပါနဲ့.. မောင်တောင်းပန်ပါတယ်နော်။
မောင် နှိုင်းကို အရမ်းချစ်တယ်။ နှိုင်းမရှိပဲ မောင်မနေနိုင်ဘူး"

ခေါင်လေးက ပြောရင်း ရှေ့တိုးလာကာလျှင် နှိုင်းက ခန့်ပိုင်ကို တွဲကာ...ဂရုမစိုက်သလိုဖြင့်...

"မင်း အဆင်ပြေရဲ့လား... "

"အင်.. အင်"

ခန့်ပိုင်က အခုထိပွဲကြည့်ပရိတ်သတ်လုပ်နေ၏။ခုနကတော့ ဟန်မဆောင်တတ်ဘူးဆိုပြီး...ကိုနှိုင်း အခုပြောနေပုံက တကယ်ကြီး ဖြစ်နေသလို လုံးဝကြီးမပတ်သတ်ချင်တော့
သလိုပြောနေသဖြင့် သူကတစ်ပြန်စိတ်ပူနေရသည်။

"နှိုင်း အဲ့ကောင်ကိုမတွဲနဲ့...သူ့ကိုတွန်းလို့ စိတ်ဆိုးတာ ဆိုရင်လည်း... .မောင်တောင်းပန်ပါတယ်နော်။ မောင် နှိုင်းကို အရမ်းစိတ်ပူပြီး လုပ်မိသွားတာပါ။ နော်...လွတ်လိုက်ပါ နှိုင်းရာ..နှိုင်းကိုသူများတွေထိတာ မောင်မကြိုက်ဘူး.....တွန်းလိုက်ရုံနဲ့အဲ့ကောင်ဘဝကြီး
အညွှန့်မတုံးသွားဘူး စိတ်မဆိုးနဲ့တော့နော်
လွှတ်လိုက်နော်... "

ခေါင်လေးတို့ဘဝမှာ ဘယ်သူကပဲ မုန်းတယ်ပြောပြော ချစ်တယ်ပြောပြော ထွေထွေထူးထူး ဂရုစိုက်ခဲ့သည်ဟူ၍
မရှိခဲ့ပေ။ နေချင်နေ သွားချင်သွား လိုက်တားရိုးထုံးစံမရှိခဲ့သလို ဘယ်သူ့ကိုမှလည်း ဒီလောက်ထိလိုက်မချော့ဘူးတာ
အမှန်ပင်။ သို့ပေမယ့် ဒီ လူကြီးလေးကျမှ...
နှလုံးသာက အရည်ပျော်ကျနေကာ ဖိတ်လျှံလို့ပင် နေလေပြီဖြစ်သည်။

"သြော် မင်းကျတော့ ငါ့ကိုသူများထိတာမကြိုက်ဘူး။မင်းကျတော့ဟိုလူနဲ့ဖက်လိုက်... ဒီလူနဲ့ဖက်လိုက် ငါကြိုက်တယ်များထင်နေလား...တော်ပြီ.. မင်းကိုငါစိတ်ကုန်နေပြီ.. "

"ဗျာ...ကျွန်တော်က ဘယ်သူနဲ့ဖက်လို့်လဲ...စိတ်ကုန်တဲ့စကားမပြောနဲ့... အဲ့ကောင်ကိုအခုလွှတ်မလား...ကျွန်တော် ကိုယ်တိုင်လာဖယ်ချရမလား"

ထိုအခါ ခန့်ပိုင်က နှိုင်းပုခုံးပေါ်တင်ထားသည့် လက်ကို ဖယ်ဖို့လုပ်လျှင် နှိုင်ကပြန်ဆွဲထားကာ.... မောင် ဘယ်လောက် ထိ သဝန်တိုနိုင်လဲ ကြည့်ချင်သဖြင့် မျက်နှာလေးကို
မဲ့ရွဲ့လို့...လုံးဝမဖယ်နိုင်ကြောင်းပြသည်။

"ကျွန်တော် သတိပေးပြီးသားနော်... နှိုင်း ဒီတစ်ခါ ခင်ဗျားစိတ်ဆိုးလဲကျွန်တော်ဂရုမစိုက်ဘူး..အဲ့ကောင်ကိုထိုးမှာနော်"

"မင်း ထိုးတိုင်း ငါက ငြိမ်ခံနေမယ်ထင်နေလို့လား...မင်းဟာလေ ကိုယ့်ကိုယ်ကိုယ် သောက်ရမ်း ဘဝင်မြင့်တဲ့ကောင်ပဲ...အခုကိုနှိုင်းက ငါ့လက်ထဲမှာ နော်..မင်း လေသံပြင်သင့်တယ်မထင်ဘူးလား"

ခန့်ပိုင်က ဝင်ပြောလိုက်လျှင် ...

"ပြင်စရာ ဘာအကြောင်းမှမရှိဘူး.. တစ်နှစ်သုံး ရေလို့မှ မင်းလက်နှိုင်းကိုယ်ပေါ်မှာ ဆက်ရှိနေသေးရင် မင်းလက်ငါဖြတ်မယ်...တစ် နှစ် သုံး"

ခေါင်လေးသည် သူတို့နှစ်ယောက်ပြင်ဆင်ချိန်တောင်မရလိုက်ခင် အမြန် ရေချလိုက်သဖြင့် ခန့်ပိုင်မှာ လက်ပဲလွှတ်ရ တော့မလို တင်ပဲထားရတော့မလိုဖြစ်သွားရသည်။
ထိုစဉ် ခေါင်လေးက နှိုင်းကို ပုခုံးပေါ်ထမ်းပြေးကာ တောင်ကုန်းပေါ် သို့ဆက်၍ ပြေးတတ်သွားလေတော့သည်။

နှိုင်းရဲ့ မကျေမနပ်အော်သံလေး ဆူညံ့စွာ ထွက်ပေါ်လာ သော်လည်းခန့်ပိုင်မှာ နှုတ်ခမ်းလေးတစ်ဖတ်ကော့တတ်လျက်ရယ်မိတော့သည်။ ကံကောင်းပါစေ ကိုနှိုင်းရေ။

"တအားပျော်နေတယ်ပေါ့...အဲ့လိုမျိုး အကုန်လုံးစိတ်ပူပြီး ဒုက္ခရောက်အောင်လုပ်လိုက်ရလို့ ကျေနပ်နေတယ်ပေါ့"

"ကိုနောင်"

ဘယ်ချိန်က ရောက်နေမှန်းမသ်ိသော ရဲဇော်ကို မြင်လိုက် ရလျှင် ခန့်ပိုင်က အကြည့်ချင်းခေတ္တဆုံပြီးနောက် မျက်နှာလွှဲလိုက်မိ၏။ ထိုအခါ ရဲဇော်က သူ့နားသို့လျှောက်လာပြီး
လက်ဖဝါးကိုဆွဲယူလျက် ဖြန့်ကြည့်လိုက်ပြီး.. သွေးစတစ်ချို့စွန်းထင်းကျန်နေသည်ကိုမြင်လျှင်...

"နာတယ်မလား... ခဏလေးနော် "

ဟုဆိုကာ...ဘေးနားကပေါင်းပင်တစ်ချို့ကို ဆွဲနုတ်လျက် လက်ဖဝါးအတွင်းဖိခြေလိုက်ပြီး ဒဏ်ရာသေးသေးလေး အပေါ် အရည်ညစ်ချလိုက်လေသည်။

"မင်းအစ်ကိုက ဒုစရိုက်လောကထဲမှာ ဘယ်နေ့ဘယ်သူ သတ်လို့သေမလဲမသိတဲ့ဘဝနဲ့ နေခဲ့ရလို့ အရမ်းရက်စက်တတ်တယ်။...ပြီးတော့ ဘုန်းထွဋ်ခေါင်လျှံ ရော သေနတ်ပေါ်
လက်တင်လိုက်တာနဲ့ အနဲဆုံးလူတစ်ယောက်တော့ သတ်ပြီးသား....မင်းအစ်ကိုနှစ်ယောက်ဘဝက အရမ်းကို ကြမ်းတမ်းခဲ့တာပါ...ပြီးတော့ ငါ့ဘဝရော သူများတွေအပေါ် ဖျံကျပြီးမှ ရှင်သန်ရတဲ့ဘဝပါ မင်းလို အပင်တွေစိုက်ပြီး ကလောင်ကိုင်တဲ့လက်မဟုတ်လို့
မသန့်ရှင်းကြဘူး...မင်းလို စာအုပ်တွေမဖတ်ခဲ့ကြလို့ မနူးညံ့ကြဘူး။ ခံစားတတ်ကြပေမယ့် မဖော်ပြတတ်ခဲ့ကြဘူး။ အဲ့တာကြောင့်မို့လို့... နှလုံးသားကြီးတဲ့ မင်းကပဲသဘောထားကြီးပေးပါကွာ... တောင်းဆိုပါတယ်"

ရဲဇော် ပြောသမျှနှင့် လုပ်သမျှကို ဘာမှမပြောပဲ ခန့်ပိုင်က မျက်ခုံးလေးတွေစုကြုံ့လို့ အားရုံစိုက်ကာ ကြည့်နေခဲ့ပါ၏။
ရဲဇော်သည် အနာပေါ် ပေါင်းပင်ရည်လေးတွေညစ်ချပြီး သည်နှင့် သက်ပြင်းလေးချကာ...မြေကြီးပေါ်ထိုင်ချလိုက်လေသည်။

"ပြီးတော့ မင်းနဲ့ငါ သဘောတူထားတဲ့ကိစ္စကိုလည်း ကတိတည်ချင်ဇောနဲ့ စိတ်ကိုအတင်းအကျပ်စေခိုင်း မနေပါနဲ့...မင်းအစ်ကိုက မိုးဇေနဲ့ဘုန်းထွဋ်ခေါင်လျှံ
ဖြစ်နေတာနဲ့တင်... လျှော်ပေးလို့ရပါတယ်။ တကယ်လို့ မင်းက မပေးရရင်စိတ်ထဲနေလို့မရဘူးဆိုလည်း မင်းအစ်ကိုတွေဆီကယူလိုက်မှာမလို့... မေ့လိုက်တော့"

ထိုအခါ ခန့်ပိုင်သည့် သူ့ဘေးတွင် ဝင်ထိုင်လျက်...ငြိမ်သက်စွာ ဆက်လက်ထိုင်နေပြန်၏။ပုံမှန် စကားများ သည့်ကောင်လေးဟာ ဒီနေ့အဖို့တော့ဝဇီပိတ်ကျင်နေဖို့
များ ဆုံးဖြတ်ထားသလားမသိပေ။

"မင်းငါ့ကို ဘာမှပြန်မပြောတော့ဘူးလား... "

"ခင်ဗျား စိတ်နဲ့ ခင်ဗျား ဆုံးဖြတ်ပြီးပြီပဲ ကျွန်တော်ဘာပြော စရာလိုသေးလို့လဲ"

ရဲဇော်သည် ခန့်ပိုင်စကားကြောင့် ဝမ်းနဲမိသွား၏။ သူတို့ညီအစ်ကိုတွေဟာ သူ့အပေါ်ဆိုလျှင် Sex လုပ်ဖို့ တစ်ခုအတွက်ပဲ အသုံးချချင်ပုံရကြပါသည်။

"အင်.... မင်းနဲ့ငါကြား...ဘာကတိမှမရှိတော့ဘူးပေါ့။ အားလုံးလည်း ပြီးသွားပြီဆိုတော့ ငါမနက်ဖြန် Lashio ပြန်တော့မယ်... "

"အင်.. ပြန်လေ"

အေးစက်စက်ထွက်လာတဲ့စကားသံဟာ ထပ်မံ၍ သူ့ကိုငိုချင်စိတ်ဖြစ်လာစေသည်။နဲနဲလေးတောင် တားဖို့စိတ်ကူးမရှိတာပါလား။သို့နှင့် ရဲဇော်သည် ခံစားချက်တွေနဲ့ဝေးရာကိုထွက်ပြေးနေကြအတိုင်း...

"မင်း ဒီမှာ ဆက်နေဦးမှာလား...ငါ တောင်အောက်ပြန်ဆင်းတော့မယ်"

"အင် "

ဒီတစ်ခါလည် ခန့်ပိုင်ဆီက အင်'သံတစ်လုံးသာ ထွက်သဖြင့် သူထိုနေရာတွင် ဆက်မနေဝံ့တော့ပဲ ထရပ်လိုက်မိ၏။ အသုံးတော်ခံဘဝနဲ့ပဲ ကျင်လည်နေခဲ့ရသော သူဟာ မိမိကိုယ်ကိုယ်အသားကျသွားပြီဟု ထင်ခဲ့သော်လည်း ခန့်ပိုင်၏ ဂရုစိုက်မူနဲနဲလေးကိုပင် ပျော်ဝင်ချင်ခဲ့မိသည်။

"ခင်ဗျား ဒီကိုလာတာ..ကျွန်တော့်ကို စိတ်ပူလို့လား ကိုဘုန်းကို စိတ်ပူလို့လား"

"ဟင်!"

ကျောခိုင်းမိသည့် သူ့ခြေလှမ်းဟာချက်ချင်းပြန်လှည့်မိသော် လည်း အဖြေရှိပြီးသား အမေးပုစာၦတစ်ခုအတွက် သူဖြေဖို့ရန် တွန့်ဆုတ်နေမိသည်။

"ကိုဘုန်းကို စိတ်ပူလို့ပဲမလား... "

ဘာမှတောင်မဖြေရသေးပဲ။သူ့မေးခွန်းသူပြန်ဖြေကာ ကောက်ချက်ချသွားသော ကောင်းလေးမျက်နှာမှာ ဝမ်းနည်းရိပ်တို့ထင်းနေခဲ့သည်။

"ကျွန်တော့်ကို စိတ်ပူမဲ့သူ တကယ် မရှိဘူးပဲ "

ခေါင်းလေးငုံ့ပြီး မြေကြီးကိုတွေတွေးလေးစိုက်ကြည့်လျက် အသံလေးကအဖျားခတ်တုန်ယင်နေခဲ့လျှင် ရဲဇော်မှာ ခြေလှမ်းတို့ ရှေ့မဆက်နိုင်ဘဲ ခန့်ပိုင်ဘေးသို့ ပြန်ရောက်သွားရပါ၏။

"ငါ စိတ်ပူတယ်.. မင်း ကို စိတ်ပူလို့ လိုက်လာတာ"

ထိုအခါ ခန့်ပိုင်သည် သူ့ဟာသူပြောပြီး မျက်နှာချင်း မဆိုင်ရဲပဲ မျက်နှာပူနေသော ကိုနောင်ကြောင့် မသိမသာလေး ပြုံးလိုက်မိ၏။

"ဒီနေ့ကို မင်းနဲ့ငါရဲ့ Sex partner ဖြစ်ခဲ့တဲ့
နောက်ဆုံးရက်အဖြစ်သတ်မှတ်ပြီး... ငါနဲ့အိပ်မလား"

ထိုစဉ် မထင်မှတ်ထားသေားစကားမို့ သူ ရဲဇော်ကို မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်ဖြင့် ကြည့်မိပြန်၏။

"မင်း စိတ်ညစ်နေတယ်ထင်လို့.. စိတ်ပြေသွားအောင် ပြောတာပါ...ငါ့ကို မလုပ်ချင်ဘူးလား"

အရဲစွန့်ကာ ပြောသော စကားဖြစ်သော်လည်း ခန့်ပိုင်က စိတ်ဝင်စားဟန်ရှိပုံမရပေ။ အင်လေ...အစ်ကိုတစ်ဝမ်းကွဲနဲ့ သာမက တော်တော်များများနဲ့ ပတ်သတ်ဖူးတဲ့ ငါ့ကို..
ဒီလို သန့်သန့်ပြန့်ပြန့် ရှိတဲ့ကောင်လေးက ဘယ် သတီပါ့တော့ မလဲ။

"Sorry ငါ က လူတိုင်းကို ဒီလိုပဲ လျှောက်ပြောနေကြ ဆိုတော့ အကျင့်ပါနေလို့... စိတ်ထဲမထားပါနဲ့...ငါ သွားတော့မယ်"

မျက်နှာ တစ်ခုလုံး ရှက်လွန်း၍ ပူထူနေကာရေထဲပြေးစိမ် ချင်စိတ်တွေပေါက်လာသဖြင့် သူရှောင်ပြေးဖို့ထပ်ကြိုးစားလျှင် ခန့်ပ်ိုင်က သူ့လက်ကိုဆွဲ၍ ပြန်ထိုင်စေလျက်..

"တောင်ပေါ်မှာ မဖွယ်မရာ လုပ်လို့မရဘူး။ စုန်းတွေ နတ်တွေကိုင်တတ်တယ်တဲ့ ..မကြားဖူးဘူးလား..."

"ဟင်.. "

"ဒါပေမယ့်နမ်းလို့တော့ရတယ်.. နမ်းကြမလား "

သူ ဘာမှမဖြေမိဘဲ ရီဝေဝေဖြင့်သာ ကြည့်နေမိလျှင် ခန့်ပိုင်က သူ့မျက်နှာနှင့်တဖြေးဖြေးနီးကပ်လာလျက် နှုတ်ခမ်းတို့ဆီရစ်ဝဲကာ ညှင်ညှင်သာသာ ထိကပ်ပြီးနောက် ပြန်ခွာ၍...

"ကျွန်တော့်အိမ်က အပေါင်ဆုံးတော့မှာ...ရှိတဲ့ကြံခင်း ကလည်း ရောင်းပြီးအကြွေးဆပ်ရဦးမယ်။ နေစရာလည်းမရှိ...စားစရာလည်းမရှိ တဲ့ ကျွန်တော့်ကို ခင်ဗျားဆီမှာ တစ်သက်တာ အဖော်ပြုပေးဖို့ လက်မခံချင်ဘူးလား
ဟင်... ကလောင်ကိုင်ပြီးအပင်စိုက်တဲ့လက်ဆိုပေမယ့် ခင်ဗျားအိမ်ကို စိုပြေအောင်တော့လုပ်ပေးနိုင်မှာပါ ခေါ်မထားချင်ဘူးလားဟင်"

သူ့ စကားလေးအဆုံးတွင် ရဲဇော်ဆီမှ ခေါ်ထားမည် မခေါ်ထားဘူးဟူသော တိကျပြတ်သားသည့်ဖြေသံများ
ထွက်ကျလာမည့်အစား နူးညံ့အိထွေးလှသော နှုတ်ခမ်းတစ်စုံဖြင့် ဖိကပ်နမ်းရှိုက်ကာ ငုံထွေးလာ လေလျှင် သူသည်လည်း တုံ့ပြန်အနမ်းကို အလိုအလျှောက် ပေးဆောင်နေမိပါတော့သည်။

........

"လွှတ်... ဖယ်...အောက်ကိုချပေး.. ဘုန်းထွဋ်ခေါင်လျှံ မင်းနော်! "

"မချပေးဘူး...ဘာလို့ ကျွန်တော့်က်ိုစိတ်ဆိုးနေတာလဲ ပြောပြ"

"ငါ မင်းကို စိတ်မဆိုးဘူး"

"စိတ်ဆိုးနေတာအသိသာကြီးကို စိတ်မဆိုးဘူး ဟုတ်လား"

ခေါင်လေးသည် နှိုင်းအား ပုခုံးပေါ်ထမ်းထားရာမှ ချ ပေးလျက် ဆူပုတ်ပုတ်မျက်နှာလေးကို မျက်လုံးများမှေးကျဉ်း၍ ကြည့်ကာ...

"ကျွန်တော် စိတ်အပူလွန်ပြီးလိုက်ရှာလို့ ရူးသွားမှ ကျေနပ်မှာလား... ခင်ဗျား ပျောက်သွားလို့ ဘယ်လောက် တောင်ပူထူသွားရလဲသိလား...အဲ့ဒါကို ခင်ဗျားက ခန့်ပိုင်နောက်ကို လိုက်ချင်လို့လိုက်သွားတယ်လို့ပြောတယ်။ရင်ဝကို ဆောင်ကန်ခံလိုက်ရသလိုပဲ နာတယ်သိရဲ့လား"

သူ ပြောတော့လဲ အဆူခံရသည့်ကလေးငယ်လို နှုတ်ခမ်းလေးက ဆူထွက်လို့နေသည်။ စိတ်ရှိလက်ရှိ သာဆို.. စိတ်ထင်တိုင်းထွက်သွားဦးမလား ဆိုပြီး အပြစ်ပေးမိမှာမှန်သော်လည်း ယခုချိန်၌ ပြဿနာ ၏ အရင်းအမြစ်ကိုသူသိချင်နေကာ.. ချစ်ရသော ချစ်သူလေး ငိုမှာကို သူမလိုလားပြန်ပေ။

"တောင်းပန်ပါတယ် နှိုင်းရယ် နော်။ နှိုင်းဘာကို စိတ်ဆိုးနေမှန်းမသိပေမယ့်... မောင်တောင်းပန်ပါတယ် နော်...နှိုင်းမောင့်ကိုအရမ်းချစ်တာမောင်သိပြီးသား ..အဲ့တာကြောင့် မုန်းယောင်မဆောင်ပါနဲ့... ကိုယ့်ကိုယ်ကိုယ်အတွေးတွေနဲ့ မနိုပ်စက်ပါနဲ့...နှိုင်း မကျေနပ်တာရှိရင် မောင့်ကိုပြော...မောင်အကုန်လုံး အမှန်အတိုင်း ပြောပြပေးမယ် ရှင်းပြပေးမယ်...."

သူ ထိုသို့ ချောမော့ပြောမှပင် နှိုင်းလေးဟာ မရဲတရဲ မျက်နှာလေးဖြင့် မျက်လုံးလေးလှန်ကာခိုးကြည့်လာ လျက်.......

"မင်း ပြောခိုင်းလို့ပြောတာနော်"

"အင် ပြောပါဆို"

ထိုအခါ နှိုင်းသည် မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်နေရင်း....

"မင်းက ငါ့ကို ပစ်ထားတာ။ ငါ့အသားကိုကျတော့သူများထိတာမကြိုက်ဘူးဆိုပြီး မင်းကျတော့ အရင် ရဲဇော်နဲ့ ဖက်တယ်။ ပြီးတော့ သူကအခုထိမင်းကို စိတ်ပြတ်သေးတာမဟုတ်ဘူး။... ပြီးတော့ နွေးနွေးက မင်းအကြောင်းကိုငါ့ထက်ပိုသိနေသလို မင်းကလည်း ငါ့ရှေ့တောင်မရှောင်ဘူး သူ့ကိုဆို အရမ်းဦးစားပေးတယ် ....မင်းတို့ သူငယ်ချင်းတွေဆိုတာငါသိပါတယ်။ငါလည်း ဒီလိုတွေ သဝန်မတိုချင်ပါဘူး။ ဒါပေမယ့်.....တခါတလေ.. အဲ့လိုပဲ ဖြစ်ဖြစ်လာတာ"

ခေါင်လေးသည် နှိုင်းစိတ်ဆိုးရသည့်အကြောင်းအရင်းကို သိသွားချိန်တွင် နားထင်လေးက်ို လက်ညိုးလေးဖြင့် ခပ်ဖွဖွခြစ်လို့ အောက်နှုတ်ခမ်လေးကိုက်ကာ
သဘောတကျ ရယ်လေသည်။တကယ်တော့ နှိုင်းစိတ်ဆိုးနေသည့် အကြောင်အရာတွေဟာ သူအမူမဲ့အမှတ်မဲ့ဖြင့် သတိမထားဘဲ လုပ်လိုက်မိတာတွေဖြစ်၏။

"ဖြစ်မှ ဖြစ်ရလေ နှိုင်းရယ်... ရဲဇော်ကိုဖက်တယ်ဆိုတာက ဟိုးတနေ့က နှိုင်းပဲပြောတယ်လေ.. ရဲဇော်ကမောင့်ကိုဆို အရမ်းသည်းခံပြီးကူညီပေးတာ ကြမ်ကြမ်းတမ်းတမ်း

ပြောနဲ့ဆို...ပြီးတော့ ရဲဇော်က တစ်ခုခုဆို အရမ်း ပြေးပုန်းတတ်လွန်းလို့.. မောင်က နောက်တစ်ခါမလုပ်ဖို့ တားချင်တာပါ...လက်သီးနဲ့ထိုးဖို့ရွယ်ပြီးမှ နှိုင်းပြောတာသတိရပြီး ဖက်လိုက်မိတာ...နှိုင်းမျက်စိရှေ့တင်ပဲ ဆိုပြီး...."

"ကြမ်းကြမ်းတမ်းတမ်းမပြောနဲ့ပဲပြောတာ...ဖက်ဖို့မပြောဘူး"

"ဟုတ်ပါပြီဗျာ...နောက်ဆိုမဖက်တော့ပါဘူး"

ခေါင်လေးသည် ပြောလည်းပြော နှိုင်းကို ရင်ခွင်ထဲ မြုပ်နေအောင်ဖတ်ထားလိုက်ကာ....

"ပြီးတော့ စိုင်လျန်နဲ့ နွေးနွေးကိုလည်း စိတ်ချပါနော်။ စိုင်လျန်က.. ကလေးစိတ်လေးပါ.. မောင့်ကိုအရင်က ချစ်တယ်ဆိုပေမယ့်.. အခုသူမောင့်ကို အစ်ကိုတစ်ယောက်လို

ွယ်တာနေတာ...ပစ်ပစ်ခါခါကြီးမပြောချပစ်ရက်ဘူး နှိုင်းရယ်.... ကလေးစိတ်မို့ နောက်ထပ်အမှားတွေ ကျူးလွန်မိမှာစိုးတယ်။ နွေးနဲ့ ကျွန်တော်ဆိုတာလေ
တစ်သက်လုံး သူငယ်ချင်းဆိုတဲ့စည်းကို ကျော်ဖို့ မဖြစ်နိုင်တဲ့သူတွေ...နောက်ဆို နှိုင်းရဲ့ ခယ်မလေး ဖြစ်လာတော့မှာ "

နှိုင်းသည် လွမ်းရသည့်ရင်ခွင်ကျယ်ထဲ ရှင်းပြနေသည်များကို အာရုံစိုက်နားထောင်နေရင်း မျက်နှာလေးမော့လာကာ...

"ခယ်မလေး.. ဖြစ်လာမှာ.. ဘာလို့လဲ"

"ဟော...ကြည့်.. အဲ့တာကြောင့် နှိုင်းကိုစိတ်မချတာ နှိုင်းရဲ့ ဦးနှောက်လေးကလေ...တကယ်သေးသေးလေး.."

"သေးတာမဟုတ်ပါဘူး မောင်ကိုချစ်တဲ့စိတ်နဲ့

ြည့်နေတာ "

"အင်းပါ...ဟုတ်ပါတယ်...မောင်ကပဲ မဟုတ်တာတွေ လျှောက်ပြောနေတာပါ။ လမင်းနဲ့နွေးနွေးက တွဲနေကြ ပြီထင်တယ်နှိုင်းရဲ့ "

"ဟုတ်လား"

"ဟုတ်ပါ့ဗျာ...အချစ်လေးရဲ့.. နောက်ဆို စိတ်ဆိုး စိတ်ကောက်ရင်... မောင့်ကိုဖြေရှင်းခွင့်လေးအရင်ပေးကွာ နော်...နောက်တစ်ခါ နှိုင်း အဲ့လိုထွက်သွားရင် မောင် တကယ် ရူးမှာ "

ခေါင်လေးသည် နှိုင်း ခေါင်းပေါ် မေ့စေ့လေးတင်ပြီး တောင်းတောင်းပန်ပန်ဆိုရှာ၏။ နဂိုကဖြင့်ပင် လွမ်းစိတ်ပိုကာ စိတ်ဆိုးပြေချင်နေပြီး ဖြစ်သော နှိုင်းကလည်း သူ့ခါးကို

တင်းတင်းကျပ်ကျပ် ပြန်ဖက်လာလေသည်။ 

"ငါလည်းတောင်းပန်ပါတယ်မောင်ရယ်... ဘာမဟုတ်တာ လေးကို လိုက်စိတ်ဆိုး မိတာ"

"မဟုတ်ပါဘူး နှိုင်း တောင်းပန်စရာမလိုဘူး ကျွန်တော်မှာ တာ...ကျွန်တော်ပဲ တောင်းပန်ပါတယ်"

"အရမ်း ချစ်တယ် "

"အင်... ချစ်လွန်းလို့ နှစ်ယောက်တစ်ကမ္ဘာလေးတည်ဆောက်ချင်နေပြီ"

ထိုအခါ နှိုင်းဆီက ရယ်သံလွှင့်လွှင့်လေး ထွက်လာပြီး အပြုံးပန်တို့ဝေဆာလာခဲ့ကာ သူ့မေးဖျားလေးကို ဖျက်ခနဲ နမ်းလာခဲ့ပါ၏။ မောင် သူ့ကို အရမ်းချစ်တာ သိသွားရပြီမို့

မောင်မသိစေချင်တဲ့ ကံကြမ္မာ ဆက်နွယ်မူဆိုသည်ကိုလည်း မပြောတော့ဖို့ပင်ဆုံးဖြတ်လိုက်ပါတော့သည်။

ခေါင်လေး သည် နှိုင်း၏ အနမ်းအားခံယူပြီးနောက် နဖူးလေးအား မြတ်နိုးစွာ စက္ကန့်များစွာ ကြာအောင် နမ်းရှိုက် လိုက်ပါ၏။မောင်တို့တွေ ထပ်မဝေးကြေးနော် နှိုင်း........။


...................

နောက်တစ်ပိုင်း ဇာတ်သိမ်းမယ်နော်။

Love you all💚💚💚

....................................

Zawgyi

"ဟင္ location ေပ်ာက္သြားၿပီ ေသစမ္း!!"

ရဲေဇာ္သည္ ေခါင္ေလး ဖုန္းတည္ေနရာ ေပ်ာက္သြားသျဖင့္
သစ္ပင္ထူထပ္ေနသည့္ ေတာထဲ ဟိုသည္လွည့္ပတ္
ၾကည့္ကာ.. ႐ွာေဖြ စူးစမ္းလိုက္၏။ ေခါင့္ ေနာက္
လိုက္လာကတည္းက သူ လိုက္ေနတာ...မွီကို မမွီေသးေပ။

တစ္ခ်ိန္လံုး ေျပးလႊားေနသျဖင့္ လူကပူထူေနကာ
ေခါင္းေတြပါေျခာက္လ်က္ ေဇာေခ်ြးေတြပါ ပ်ံေနသည္။
ေခါင့္ ထက္အရင္ ခန္႔ပိုင္ကို သူေတြ႔ဖို႔လိုေသာ္လည္း
ေျခေထာက္ေတြက စိတ္သြားသေလာက္မလိုက္ႏိုင္
ျဖစ္ေနရသည္။

ထိုစဥ္ GPS System မွ ႏိႈင္း၏ တည္ေနရာေလး
ေပၚလာသည္ကို ေတြ႔လိုက္ရလ်ွင္...မတံု႕မဆိုင္းပဲ
ခ်က္ခ်င္းပင္ ထိုေနရာသို႔ ေျပးထြက္သြားမိ၏။ သို႔တိုင္
ဘုန္းထြဋ္ေခါင္လ်ွံ တစ္ေယာက္ ထိုေနရာသို႔ သူ႔ထက္အရင္
ေရာက္မေနေစဖို႔ ဆုေတာင္မိရသည္။ ေရာက္ေနခဲ့ရင္ေတာင္ ခန္႔ပိုင္ကို ဘာမွ မလုပ္ဖို႔ရန္ ေမ်ွာ္လင့္မိသည္။
မင္းတို႔ ညီအစ္ကိုေတြ.. ငါ့ကိုပဲ ဘာေၾကာင့္ ဒုကၡေပး
ေနၾကတာလဲ.. ငါကိုယ္တိုင္ကေရာ ဘာေၾကာင့္မ်ား
ဒုကၡ အေပးခံေနရတာလဲ ဆိုတာကို...ငါ ကိုယ္တိုင္ေတာင္
နားမလည္ေတာ့ေပ။

သို႔တိုင္ေသခ်ာသည္က သူ ခန္႔ပိုင္ကို စိုးရိမ္ေနသည္ ထင္၏။

.............

"ႏိႈင္း! "

ေခါင္ေလးသည္ ႏိႈင္းကိုေတြ႔လ်ွင္ မ်က္လံုးမ်ား ဝင္းလက္၍
ေပ်ာ္ရႊင္သြားရၿပီး ေတာင္းကုန္းကို ေျခလွမ္းက်ဲမ်ားျဖင့္
တဟုန္ထိုးေျပးတတ္ေလသည္။

"ေမာင္!"

ႏိႈင္းသည္လည္း ေမာင္သူ႔က္ုိ လိုက္႐ွာေနသည္ဟူေသာ
စိတ္ျဖင့္ ဝမ္သာၾကည္ႏူးမူတို႔အတိုင္းအဆမဲ့ေနကာ
ေတာင္ေအာက္ကို ေျပးဆင္းစဥ္...ခန္႔ပိုင္က
အေနာက္မွေရာက္လာ၍ ႏိႈင္းလက္ကို လွမ္းဆြဲလိုက္
သျဖင့္ တစ္ပတ္လွည့္ကာ ျပန္ပါသြားရေတာ့သည္။

"ေနဦး... ခင္ဗ်ားကလည္း နဲနဲပါးပါး ဟန္ေဆာင္ဦးမွေပါ့"

"ဟန္...ဟန္ေဆာင္ရမယ္...ဘယ္လိုမ်ိဳး"

မ်က္လံုးမ်ားက ေတာင္ေအာက္ကိုေရာက္ေနရာမွ
ခန္႔ပိုင္ကို ေမာ့ၾကည့္လိုက္ ေတာင္ေအာက္ကို
ျပန္ၾကည့္လိုက္ျဖင့္ ဂနာမၿငိမ္ျဖစ္ကာ စိတ္ေတြလႈပ္႐ွား
ေနလ်က္ ႏွလံုးခုန္သံတို႔ျမန္ေနေလၿပီ။ ခန္႕ပိုင္ေျပာသလိုဆို
ေမာင္က သူ႔ကိုဒီခ်ိန္ထိလိုက္႐ွာေနတာ ခ်စ္၍
မဟုတ္လားေလ။

"မသိဘူး... တတ္သလိုလုပ္"

"ငါမွ မလုပ္တတ္တာ "

ႏိႈင္းမ်က္ႏွာေလးက တကယ္ကို ျဖဴစင္ေနလ်က္
မူယာမာယာလဲ မ်ားတတ္ပံုမရသျဖင့္...ခန္႔ပိုင္
တစ္ေယာက္ ကိုယ့္ေခါင္းကိုယ္သာ ကုပ္မိသည္။
ထိုအခ်ိန္...ကိုဘုန္းကေျပးလာေနကာ သူတို႔အနားပင္
ေရာက္ေတာ့မည္ျဖစ္၏။

"အာ...လာေနၿပီ.. မ်က္ႏွာကို တင္းထား"

"တင္းထား... ဒီလိုလား"

မ်က္ခံုးေလးေတြ စုၾကံဳ႕လ်က္ အတင္းအက်ပ္
တည္ထားေသာ မ်က္ႏွာဟာ ငါးပူတင္းေလးလို
ျဖစ္ေနလ်ွင္ သူေတာင္ပါးေလးေတြကိုျဖစ္ညစ္ခ်င္စိတ္ေတြ
ေပါက္လာသည္။အမွန္တကယ္ပင္ ကုိဘုန္းက အေကာင္းဆံုးနဲ႔အလွဆံုးဆိုတာကို ေရြးထားတာျဖစ္၏။

"ႏိႈင္း !"

ေခါင္ေလးသည္ ခန္႔ပိုင္၏ စြင့္စြင့္စားစားမ်က္ဝန္းမ်ားႏွင့္
ႏိႈင္းလက္ကို ခန္႔ပိုင္ကိုင္ထားျခင္းအား မနာလိုစြာ
စိတ္လိုက္မာန္ပါျဖင့္ ႏိႈင္းကို သူ႔ဘက္ဆြဲလိုက္ၿပီး
ခန္႔ပိုင္ကို အရိွန္ႏွင့္တြန္းပစ္လိုက္ေလသည္။

"မင္း ဘာလုပ္တာလဲ..."

ႏိႈင္းသည္ ေခါင္ေလးအား မီးဝင္းဝင္းေတာက္ေသာ
မ်က္လံုးမ်ားျဖင့္ၾကည့္လ်က္ ခန္႔ပိုင္ကိုေျပးထူးေလ၏။
ထိုအခါ ေခါင္ေလးက ပိုစိတ္တိုသြားကာ..

"ႏိႈင္း ခင္ဗ်ား!"

"ဘာျဖစ္လဲ...ခင္ဗ်ား... ငါ့ဟာငါ မင္းနားမွာမေနခ်င္လို႔
ခန္႔ပိုင္နဲ႔လိုက္လာတာေလ... ခန္႔ပိုင္က ဘာအမွားလုပ္ထား
လို႔ မင္းကလုပ္ရတာလဲ...မင္းတစ္ေယာက္တည္း ေဒါသ
ထြက္တတ္တယ္ထင္ေနလား"

"ကြၽန္ေတာ့္နားမွာမေနခ်င္လို႔!"

ႏိႈင္းမွာ ခန္႔ပိုင္က ဟန္ေဆာင္ရမည္ဆို၍ မ်က္ႏွာတင္းထား
ရေသာ္လည္း ေလးသံတိုးတိုးျဖင့္ မယံုနိင္သလို ေရရြတ္ၿပီး
တုန္လႈပ္ေနေသာ ေမာင့္မ်က္ႏွာကိုျမင္ရလ်ွင္ မခံစားႏိုင္ေပ။

"ဟုတ္တယ္... မင္းကိုမုန္းလို႔ ထြက္လာတာ..."

"မဟုတ္ဘူး...ႏိႈင္း ေလ်ွာက္ေျပာေနတာမလား။
ခန္႔ပိုင္းက အတင္းေခၚလာလို႔မလိုက္ခ်င္ပဲလိုက္ခဲ့ရတာ
မလား။ ႏိႈင္းက ေမာင့္ကိုအရမ္းခ်စ္တာေလ ဟုတ္တယ္
မလား"

"ငါ မင္းကို မခ်စ္ဘူး...!!"

ဒီလိုစကားေတြ ေျပာေနစဥ္ ႏိႈင္းရင္နာရသလို႔
မ်က္ရည္ေတြ ဝဲတတ္လ်က္ အသနားခံေနေသာ
ေမာင့္မ်က္ဝန္းေတြကို မၾကည့္မိေအာင္ ထိန္းထားရ
ေလသည္။မုန္းေယာင္ေဆာင္ရတာလဲ ခက္လိုက္တာ။

"ႏိႈင္း ညာေနတာမလားဟင္...ေမာင္ ဘာအျပစ္လုပ္မိလို႔လဲဟင္...အဲ့လိုႀကီး မေျပာပါနဲ႔.. ေမာင္ေတာင္းပန္ပါတယ္ေနာ္။
ေမာင္ ႏိႈင္းကို အရမ္းခ်စ္တယ္။ ႏိႈင္းမရိွပဲ ေမာင္မေနႏိုင္ဘူး"

ေခါင္ေလးက ေျပာရင္း ေ႐ွ႕တိုးလာကာလ်ွင္ ႏိႈင္းက
ခန္႔ပိုင္ကို တြဲကာ...ဂ႐ုမစိုက္သလိုျဖင့္...

"မင္း အဆင္ေျပရဲ႕လား... "

"အင္.. အင္"

ခန္႔ပိုင္က အခုထိပြဲၾကည့္ပရိတ္သတ္လုပ္ေန၏။ခုနကေတာ့
ဟန္မေဆာင္တတ္ဘူးဆိုၿပီး...ကိုနိွုင္း အခုေျပာေနပံုက
တကယ္ႂကီး ျဖစ္ေနသလို လံုးဝႀကီးမပတ္သတ္ခ်င္ေတာ့
သလိုေျပာေနသျဖင့္ သူကတစ္ျပန္စိတ္ပူေနရသည္။

"ႏိႈင္း အဲ့ေကာင္ကိုမတြဲနဲ႔...သူ႕ကိုတြန္းလို႔ စိတ္ဆိုးတာ
ဆိုရင္လည္း... .ေမာင္ေတာင္းပန္ပါတယ္ေနာ္။ ေမာင္
ႏိႈင္းကို အရမ္းစိတ္ပူၿပီး လုပ္မိသြားတာပါ။ ေနာ္...
လြတ္လိုက္ပါ ႏိႈင္းရာ..ႏိႈင္းကိုသူမ်ားေတြထိတာ
ေမာင္မႀကိဳက္ဘူး.....တြန္းလိုက္ရံုနဲ႔အဲ့ေကာင္ဘဝႀကီး
အၫႊန္႔မတံုးသြားဘူး စိတ္မဆိုးနဲ႔ေတာ့ေနာ္
လႊတ္လိုက္ေနာ္... "

ေခါင္ေလးတို႔ဘဝမွာ ဘယ္သူကပဲ မုန္းတယ္ေျပာေျပာ
ခ်စ္တယ္ေျပာေျပာ ေထြေထြထူးထူး ဂ႐ုစိုက္ခဲ့သည္ဟူ၍
မရိွခဲ့ေပ။ ေနခ်င္ေန သြားခ်င္သြား လိုက္တား႐ိုးထံုးစံမရိွခဲ့သလို ဘယ္သူ႔ကိုမွလည္း ဒီေလာက္ထိလိုက္မေခ်ာ့ဘူးတာ
အမွန္ပင္။ သို႔ေပမယ့္ ဒီ လူႀကီးေလးက်မွ...
ႏွလံုးသာက အရည္ေပ်ာ္က်ေနကာ ဖိတ္လ်ွံလို႔ပင္
ေနေလၿပီျဖစ္သည္။

"ေျသာ္ မင္းက်ေတာ့ ငါ့ကိုသူမ်ားထိတာမႀကိဳက္ဘူး။
မင္းက်ေတာ့ဟိုလူနဲ႔ဖက္လိုက္... ဒီလူနဲ႔ဖက္လိုက္
ငါႀကိဳက္တယ္မ်ားထင္ေနလား...ေတာ္ၿပီ.. မင္းကိုငါ
စိတ္ကုန္ေနၿပီ.. "

"ဗ်ာ...ကြၽန္ေတာ္က ဘယ္သူနဲ႔ဖက္လို္႔လဲ...စိတ္ကုန္တဲ့
စကားမေျပာနဲ႔... အဲ့ေကာင္ကိုအခုလႊတ္မလား...
ကြၽန္ေတာ္ ကိုယ္တိုင္လာဖယ္ခ်ရမလား"

ထိုအခါ ခန္႔ပိုင္က ႏိႈင္းပုခံုးေပၚတင္ထားသည့္ လက္ကို
ဖယ္ဖို႔လုပ္လ်ွင္ ႏိႈင္ကျပန္ဆြဲထားကာ.... ေမာင္ ဘယ္ေလာက္ ထိ သဝန္တိုႏိုင္လဲ ၾကည့္ခ်င္သျဖင့္ မ်က္ႏွာေလးကို
မဲ့ရြဲ႕လို႔...လံုးဝမဖယ္ႏိုင္ေၾကာင္းျပသည္။

"ကြၽန္ေတာ္ သတိေပးၿပီးသားေနာ္... ႏိႈင္း ဒီတစ္ခါ
ခင္ဗ်ားစိတ္ဆိုးလဲကြၽန္ေတာ္ဂ႐ုမစိုက္ဘူး..အဲ့ေကာင္ကို
ထိုးမွာေနာ္"

"မင္း ထိုးတိုင္း ငါက ၿငိမ္ခံေနမယ္ထင္ေနလို႔လား...
မင္းဟာေလ ကိုယ့္ကိုယ္ကိုယ္ ေသာက္ရမ္း ဘဝင္ျမင့္
တဲ့ေကာင္ပဲ...အခုကိုႏိႈင္းက ငါ့လက္ထဲမွာ ေနာ္..
မင္း ေလသံျပင္သင့္တယ္မထင္ဘူးလား"

ခန္႔ပိုင္က ဝင္ေျပာလိုက္လ်ွင္ ...

"ျပင္စရာ ဘာအေၾကာင္းမွမရိွဘူး.. တစ္ႏွစ္သံုး
ေရလို႔မွ မင္းလက္ႏိႈင္းကိုယ္ေပၚမွာ ဆက္ရိွေနေသးရင္
မင္းလက္ငါျဖတ္မယ္...တစ္ ႏွစ္ သံုး"

ေခါင္ေလးသည္ သူတို႔ႏွစ္ေယာက္ျပင္ဆင္ခ်ိန္ေတာင္မရ
လိုက္ခင္ အျမန္ ေရခ်လိုက္သျဖင့္ ခန္႔ပိုင္မွာ လက္ပဲလႊတ္ရ
ေတာ့မလို တင္ပဲထားရေတာ့မလိုျဖစ္သြားရသည္။ ထိုစဥ္
ေခါင္ေလးက ႏိႈင္းကို ပုခံုးေပၚထမ္းေျပးကာ ေတာင္ကုန္းေပၚ
သို႔ဆက္၍ ေျပးတတ္သြားေလေတာ့သည္။

ႏိႈင္းရဲ႕ မေက်မနပ္ေအာ္သံေလး ဆူညံ့စြာ ထြက္ေပၚလာ
ေသာ္လည္းခန္႔ပိုင္မွာ ႏႈတ္ခမ္းေလးတစ္ဖတ္ေကာ့တတ္လ်က္
ရယ္မိေတာ့သည္။ ကံေကာင္းပါေစ ကိုႏိႈင္းေရ။

"တအားေပ်ာ္ေနတယ္ေပါ့...အဲ့လိုမ်ိဳး အကုန္လံုးစိတ္ပူၿပီး
ဒုကၡေရာက္ေအာင္လုပ္လိုက္ရလို႔ ေက်နပ္ေနတယ္ေပါ့"

"ကိုေနာင္"

ဘယ္ခ်ိန္က ေရာက္ေနမွန္းမသ္ိေသာ ရဲေဇာ္ကို ျမင္လိုက္
ရလ်ွင္ ခန္႔ပိုင္က အၾကည့္ခ်င္းေခတၱဆံုၿပီးေနာက္ မ်က္ႏွာ
လႊဲလိုက္မိ၏။ ထိုအခါ ရဲေဇာ္က သူ႔နားသို႔ေလ်ွာက္လာၿပီး
လက္ဖဝါးကိုဆြဲယူလ်က္ ျဖန္႔ၾကည့္လိုက္ၿပီး.. ေသြးစတစ္ခ်ိဳ႕
စြန္းထင္းက်န္ေနသည္ကိုျမင္လ်ွင္...

"နာတယ္မလား... ခဏေလးေနာ္ "

ဟုဆိုကာ...ေဘးနားကေပါင္းပင္တစ္ခ်ိဳ႕ကို ဆြဲႏုတ္လ်က္
လက္ဖဝါးအတြင္းဖိေျခလိုက္ၿပီး ဒဏ္ရာေသးေသးေလး
အေပၚ အရည္ညစ္ခ်လိုက္ေလသည္။

"မင္းအစ္ကိုက ဒုစ႐ိုက္ေလာကထဲမွာ ဘယ္ေန႔ဘယ္သူ
သတ္လို႔ေသမလဲမသိတဲ့ဘဝနဲ႔ ေနခဲ့ရလို႔ အရမ္းရက္စက္တတ္တယ္။...ၿပီးေတာ့ ဘုန္းထြဋ္ေခါင္လ်ွံ ေရာ ေသနတ္ေပၚ
လက္တင္လိုက္တာနဲ႔ အနဲဆံုးလူတစ္ေယာက္ေတာ့
သတ္ၿပီးသား....မင္းအစ္ကိုႏွစ္ေယာက္ဘဝက
အရမ္းကို ၾကမ္းတမ္းခဲ့တာပါ...ျပီးေတာ့ ငါ့ဘဝေရာ
သူမ်ားေတြအေပၚ ဖ်ံက်ၿပီးမွ ႐ွင္သန္ရတဲ့ဘဝပါ
မင္းလို အပင္ေတြစိုက္ၿပီး ကေလာင္ကိုင္တဲ့လက္မဟုတ္လို႔
မသန္႔႐ွင္းၾကဘူး...မင္းလို စာအုပ္ေတြမဖတ္ခဲ့ၾကလို႔
မႏူးညံ့ၾကဘူး။ ခံစားတတ္ၾကေပမယ့္ မေဖာ္ျပတတ္ခဲ့ၾကဘူး။
အဲ့တာေၾကာင့္မို႔လို႔... ႏွလံုးသားႀကီးတဲ့ မင္းကပဲ
သေဘာထားႀကီးေပးပါကြာ... ေတာင္းဆိုပါတယ္"

ရဲေဇာ္ ေျပာသမ်ွႏွင့္ လုပ္သမ်ွကို ဘာမွမေျပာပဲ ခန္႔ပိုင္က
မ်က္ခံုးေလးေတြစုၾကံဳ႕လို႔ အားရံုစိုက္ကာ ၾကည့္ေနခဲ့ပါ၏။
ရဲေဇာ္သည္ အနာေပၚ ေပါင္းပင္ရည္ေလးေတြညစ္ခ်ၿပီး
သည္ႏွင့္ သက္ျပင္းေလးခ်ကာ...ေျမႀကီးေပၚထိုင္ခ်လိုက္ေလ
သည္။

"ၿပီးေတာ့ မင္းနဲ႔ငါ သေဘာတူထားတဲ့ကိစၥကိုလည္း
ကတိတည္ခ်င္ေဇာနဲ႔ စိတ္ကိုအတင္းအက်ပ္ေစခိုင္း
မေနပါနဲ႔...မင္းအစ္ကိုက မိုးေဇနဲ႔ဘုန္းထြ၌ေခါင္လ်ွံ
ျဖစ္ေနတာနဲ႔တင္... ေလ်ွာ္ေပးလို႔ရပါတယ္။ တကယ္လို႔
မင္းက မေပးရရင္စိတ္ထဲေနလို႔မရဘူးဆိုလည္း
မင္းအစ္ကိုေတြဆီကယူလိုက္မွာမလို႔... ေမ့လိုက္ေတာ့"

ထိုအခါ ခန္႔ပိုင္သည့္ သူ႔ေဘးတြင္ ဝင္ထိုင္လ်က္...
ၿငိမ္သက္စြာ ဆက္လက္ထိုင္ေနျပန္၏။ပံုမွန္ စကားမ်ား
သည့္ေကာင္ေလးဟာ ဒီေန႔အဖို႔ေတာ့ဝဇီပိတ္က်င္ေနဖို႔
မ်ား ဆံုးျဖတ္ထားသလားမသိေပ။

"မင္းငါ့ကို ဘာမွျပန္မေျပာေတာ့ဘူးလား... "

"ခင္ဗ်ား စိတ္နဲ႔ ခင္ဗ်ား ဆံုးျဖတ္ၿပီးၿပီပဲ ကြၽန္ေတာ္ဘာေျပာ
စရာလိုေသးလို႔လဲ"

ရဲေဇာ္သည္ ခန္႔ပိုင္စကားေၾကာင့္ ဝမ္းနဲမိသြား၏။
သူတို႔ညီအစ္ကိုေတြဟာ သူ႔အေပၚဆိုလ်ွင္ Sex လုပ္ဖို႔
တစ္ခုအတြက္ပဲ အသံုးခ်ခ်င္ပံုရၾကပါသည္။

"အင္.... မင္းနဲ႔ငါၾကား...ဘာကတိမွမရိွေတာ့ဘူးေပါ့။
အားလံုးလည္း ၿပီးသြားၿပီဆိုေတာ့ ငါမနက္ျဖန္ Lashio
ျပန္ေတာ့မယ္... "

"အင္.. ျပန္ေလ"

ေအးစက္စက္ထြက္လာတဲ့စကားသံဟာ ထပ္မံ၍
သူ႔ကိုငိုခ်င္စိတ္ျဖစ္လာေစသည္။နဲနဲေလးေတာင္
တားဖို႔စိတ္ကူးမရိွတာပါလား။သို႔ႏွင့္ ရဲေဇာ္သည္ ခံစားခ်က္
ေတြနဲ႔ေဝးရာကိုထြက္ေျပးေနၾကအတိုင္း...

"မင္း ဒီမွာ ဆက္ေနဦးမွာလား...ငါ ေတာင္ေအာက္ျပန္ဆင္း
ေတာ့မယ္"

"အင္ "

ဒီတစ္ခါလည္ ခန္႔ပိုင္ဆီက အင္'သံတစ္လံုးသာ
ထြက္သျဖင့္ သူထိုေနရာတြင္ ဆက္မေနဝံ့ေတာ့ပဲ
ထရပ္လိုက္မိ၏။ အသံုးေတာ္ခံဘဝနဲ႔ပဲ က်င္လည္ေနခဲ့ရ
ေသာ သူဟာ မိမိကိုယ္ကိုယ္အသားက်သြားၿပီဟု
ထင္ခဲ့ေသာ္လည္း ခန္႔ပိုင္၏ ဂ႐ုစိုက္မူနဲနဲေလးကိုပင္
ေပ်ာ္ဝင္ခ်င္ခဲ့မိသည္။

"ခင္ဗ်ား ဒီကိုလာတာ..ကြၽန္ေတာ့္ကို စိတ္ပူလို႔လား
ကိုဘုန္းကို စိတ္ပူလို႔လား"

"ဟင္!"

ေက်ာခိုင္းမိသည့္ သူ႔ေျခလွမ္းဟာခ်က္ခ်င္းျပန္လွည့္မိေသာ္
လည္း အေျဖရိွၿပီးသား အေမးပုစာၦတစ္ခုအတြက္
သူေျဖဖို႔ရန္ တြန္႔ဆုတ္ေနမိသည္။

"ကိုဘုန္းကို စိတ္ပူလို႔ပဲမလား... "

ဘာမွေတာင္မေျဖရေသးပဲ။သူ႔ေမးခြန္းသူျပန္ေျဖကာ
ေကာက္ခ်က္ခ်သြားေသာ ေကာင္းေလးမ်က္ႏွာမွာ
ဝမ္းနည္းရိပ္တို႔ထင္းေနခဲ့သည္။

"ကြၽန္ေတာ့္ကို စိတ္ပူမဲ့သူ တကယ္ မရိွဘူးပဲ "

ေခါင္းေလးငံု႔ၿပီး ေျမႀကီးကိုေတြေတြးေလးစိုက္ၾကည့္လ်က္
အသံေလးကအဖ်ားခတ္တုန္ယင္ေနခဲ့လ်ွင္ ရဲေဇာ္မွာ
ေျခလွမ္းတို႔ ေ႐ွ႕မဆက္ႏိုင္ဘဲ ခန္႔ပိုင္ေဘးသို႔
ျပန္ေရာက္သြားရပါ၏။

"ငါ စိတ္ပူတယ္.. မင္း ကို စိတ္ပူလို႔ လိုက္လာတာ"

ထိုအခါ ခန္႔ပိုင္သည္ သူ႔ဟာသူေျပာၿပီး မ်က္ႏွာခ်င္း
မဆိုင္ရဲပဲ မ်က္ႏွာပူေနေသာ ကိုေနာင္ေၾကာင့္ မသိမသာ
ေလး ျပံဳးလိုက္မိ၏။

"ဒီေန႔ကို မင္းနဲ႔ငါရဲ႕ Sex partner ျဖစ္ခဲ့တဲ့
ေနာက္ဆံုးရက္အျဖစ္သတ္မွတ္ၿပီး... ငါနဲ႔အိပ္မလား"

ထိုစဥ္ မထင္မွတ္ထားေသားစကားမို႔ သူ ရဲေဇာ္ကို
မ်က္ေတာင္ေလး ပုတ္ခပ္ပုတ္ခပ္ျဖင့္ ၾကည့္မိျပန္၏။

"မင္း စိတ္ညစ္ေနတယ္ထင္လို႔.. စိတ္ေျပသြားေအာင္
ေျပာတာပါ...ငါ့ကို မလုပ္ခ်င္ဘူးလား"

အရဲစြန္႔ကာ ေျပာေသာ စကားျဖစ္ေသာ္လည္း ခန္႔ပိုင္က
စိတ္ဝင္စားဟန္ရိွပံုမရေပ။ အင္ေလ...အစ္ကိုတစ္ဝမ္းကြဲနဲ႔
သာမက ေတာ္ေတာ္မ်ားမ်ားနဲ႕ ပတ္သတ္ဖူးတဲ့ ငါ့ကို..
ဒီလို သန္႔သန္႔ျပန္႔ျပန္႔ ရိွတဲ့ေကာင္ေလးက ဘယ္
သတီပါ့ေတာ့ မလဲ။

"Sorry ငါ က လူတိုင္းကို ဒီလိုပဲ ေလ်ွာက္ေျပာေနၾက
ဆိုေတာ့ အက်င့္ပါေနလို႔... စိတ္ထဲမထားပါနဲ႔...
ငါ သြားေတာ့မယ္"

မ်က္ႏွာ တစ္ခုလံုး ႐ွက္လြန္း၍ ပူထူေနကာေရထဲေျပးစိမ္
ခ်င္စိတ္ေတြေပါက္လာသျဖင့္ သူေ႐ွာင္ေျပးဖို႔ထပ္ႀကိဳးစား
လ်ွင္ ခန္႔ပ္ုိင္က သူ႔လက္ကိုဆြဲ၍ ျပန္ထိုင္ေစလ်က္..

"ေတာင္ေပၚမွာ မဖြယ္မရာ လုပ္လို႔မရဘူး။ စုန္းေတြ
နတ္ေတြကိုင္တတ္တယ္တဲ့ ..မျကားဖူးဘူးလား..."

"ဟင္.. "

"ဒါေပမယ့္နမ္းလို႔ေတာ့ရတယ္.. နမ္းၾကမလား "

သူ ဘာမွမေျဖမိဘဲ ရီေဝေဝျဖင့္သာ ၾကည့္ေနမိလ်ွင္
ခန္႔ပိုင္က သူ႔မ်က္ႏွာႏွင့္တေျဖးေျဖးနီးကပ္လာလ်က္
ႏႈတ္ခမ္းတို႔ဆီရစ္ဝဲကာ ညႇင္ညႇင္သာသာ ထိကပ္ၿပီးေနာက္
ျပန္ခြာ၍...

"ကြၽန္ေတာ့္အိမ္က အေပါင္ဆံုးေတာ့မွာ...ရိွတဲ့ၾကံခင္း
ကလည္း ေရာင္းၿပီးအေႂကြးဆပ္ရဦးမယ္။ ေနစရာလည္း
မရိွ...စားစရာလည္းမရိွ တဲ့ ကြၽန္ေတာ့္ကို ခင္ဗ်ားဆီမွာ
တစ္သက္တာ အေဖာ္ျပဳေပးဖို႔ လက္မခံခ်င္ဘူးလား
ဟင္... ကေလာင္ကိုင္ၿပီးအပင္စိုက္တဲ့လက္ဆိုေပမယ့္
ခင္ဗ်ားအိမ္ကို စိုေျပေအာင္ေတာ့လုပ္ေပးႏိုင္မွာပါ
ေခၚမထားခ်င္ဘူးလားဟင္"

သူ႔ စကားေလးအဆံုးတြင္ ရဲေဇာ္ဆီမွ ေခၚထားမည္
မေခၚထားဘူးဟူေသာ တိက်ျပတ္သားသည့္ေျဖသံမ်ား
ထြက္က်လာမည့္အစား ႏူးညံ့အိေထြးလွေသာ
ႏႈတ္ခမ္းတစ္စံုျဖင့္ ဖိကပ္နမ္းရိွဳက္ကာ ငံုေထြးလာ
ေလလ်ွင္ သူသည္လည္း တံု႔ျပန္အနမ္းကို အလိုအေလ်ွာက္
ေပးေဆာင္ေနမိပါေတာ့သည္။

........

"လႊတ္... ဖယ္...ေအာက္ကိုခ်ေပး.. ဘုန္းထြဋ္ေခါင္လွ်ံ
မင္းေနာ္! "

"မခ်ေပးဘူး...ဘာလို႔ ကြၽန္ေတာ့္ကိုစိတ္ဆိုးေနတာလဲ
ေျပာျပ"

"ငါ မင္းကို စိတ္မဆိုးဘူး"

"စိတ္ဆိုးေနတာအသိသာႀကီးကို စိတ္မဆိုးဘူး ဟုတ္လား"

ေခါင္ေလးသည္ ႏွိုင္းအား ပုခုံးေပၚထမ္းထားရာမွ ခ် ေပးလ်က္ ဆူပုတ္ပုတ္မ်က္ႏွာေလးကို မ်က္လုံးမ်ားေမွးက်ဥ္း၍ ၾကည့္ကာ...

"ကြၽန္ေတာ္ စိတ္အပူလြန္ၿပီးလိုက္ရွာလို႔ ႐ူးသြားမွ ေက်နပ္မွာလား... ခင္ဗ်ား ေပ်ာက္သြားလို႔ ဘယ္ေလာက္ ေတာင္ပူထူသြားရလဲသိလား...အဲ့ဒါကို ခင္ဗ်ားကခန႔္ပိုင္ေနာက္ကို လိုက္ခ်င္လို႔လိုက္သြားတယ္လို႔ေျပာတယ္။ရင္ဝကို ေဆာင္ကန္ခံလိုက္ရသလိုပဲ နာတယ္သိရဲ႕လား"

သူ ေျပာေတာ့လဲ အဆူခံရသည့္ကေလးငယ္လိုႏႈတ္ခမ္းေလးက ဆူထြက္လို႔ေနသည္။ စိတ္ရွိလက္ရွိ သာဆို.. စိတ္ထင္တိုင္းထြက္သြားဦးမလား ဆိုၿပီး အျပစ္ေပးမိမွာမွန္ေသာ္လည္း ယခုခ်ိန္၌ ျပႆနာ ၏ အရင္းအျမစ္ကိုသူသိခ်င္ေနကာ.. ခ်စ္ရေသာ ခ်စ္သူေလး ငိုမွာကို သူမလိုလားျပန္ေပ။

"ေတာင္းပန္ပါတယ္ ႏွိုင္းရယ္ ေနာ္။ ႏွိုင္းဘာကို စိတ္ဆိုးေနမွန္းမသိေပမယ့္... ေမာင္ေတာင္းပန္ပါတယ္ ေနာ္...ႏွိုင္းေမာင့္ကိုအရမ္းခ်စ္တာေမာင္သိၿပီးသား ..အဲ့တာေၾကာင့္ မုန္းေယာင္မေဆာင္ပါနဲ႕... ကိုယ့္ကိုယ္ကိုယ္အေတြးေတြနဲ႕ မနိုပ္စက္ပါနဲ႕...ႏွိုင္း မေက်နပ္တာရွိရင္ ေမာင့္ကိုေျပာ...ေမာင္အကုန္လုံး အမွန္အတိုင္း ေျပာျပေပးမယ္ ရွင္းျပေပးမယ္...."

သူ ထိုသို႔ ေခ်ာေမာ့ေျပာမွပင္ ႏွိုင္းေလးဟာ မရဲတရဲ မ်က္ႏွာေလးျဖင့္ မ်က္လုံးေလးလွန္ကာခိုးၾကည့္လာ လ်က္.......

"မင္း ေျပာခိုင္းလို႔ေျပာတာေနာ္"

"အင္ ေျပာပါဆို"

ထိုအခါ ႏွိုင္းသည္ မ်က္လုံးေလး ေပကလပ္ေပကလပ္ လုပ္ေနရင္း....

"မင္းက ငါ့ကို ပစ္ထားတာ။ ငါ့အသားကိုက်ေတာ့သူမ်ားထိတာမႀကိဳက္ဘူးဆိုၿပီး မင္းက်ေတာ့ အရင္ ရဲေဇာ္နဲ႕ ဖက္တယ္။ ၿပီးေတာ့ သူကအခုထိမင္းကိုစိတ္ျပတ္ေသးတာမဟုတ္ဘူး။... ၿပီးေတာ့ႏြေးႏြေးက မင္းအေၾကာင္းကိုငါ့ထက္ပိုသိေနသလို မင္းကလည္း ငါ့ေရွ႕ေတာင္မေရွာင္ဘူး သူ႕ကိုဆို အရမ္းဦးစားေပးတယ္ ....မင္းတို႔ သူငယ္ခ်င္းေတြဆိုတာငါသိပါတယ္။ငါလည္း ဒီလိုေတြ သဝန္မတိုခ်င္ပါဘူး။ ဒါေပမယ့္.....တခါတေလ.. အဲ့လိုပဲ ျဖစ္ျဖစ္လာတာ"

ေခါင္ေလးသည္ ႏွိုင္းစိတ္ဆိုးရသည့္အေၾကာင္းအရင္းကို သိသြားခ်ိန္တြင္ နားထင္ေလးကို  လက္ညိုးေလးျဖင့္ ခပ္ဖြဖြျခစ္လို႔ ေအာက္ႏႈတ္ခမ္ေလးကိုက္ကာ သေဘာတက် ရယ္ေလသည္။တကယ္ေတာ့ ႏွိုင္းစိတ္ဆိုးေနသည့္ အေၾကာင္အရာေတြဟာ သူအမူမဲ့အမွတ္မဲ့ျဖင့္သတိမထားဘဲ လုပ္လိုက္မိတာေတြျဖစ္၏။

"ျဖစ္မွ ျဖစ္ရေလ ႏွိုင္းရယ္... ရဲေဇာ္ကိုဖက္တယ္ဆိုတာက ဟိုးတေန႕က ႏွိုင္းပဲေျပာတယ္ေလ.. ရဲေဇာ္ကေမာင့္ကိုဆို အရမ္းသည္းခံၿပီးကူညီေပးတာ ၾကမ္ၾကမ္းတမ္းတမ္း
မေျပာနဲ႕ဆို...ၿပီးေတာ့ ရဲေဇာ္က တစ္ခုခုဆို အရမ္း ေျပးပုန္းတတ္လြန္းလို႔.. ေမာင္က ေနာက္တစ္ခါမလုပ္ဖို႔ တားခ်င္တာပါ...လက္သီးနဲ႕ထိုးဖို႔႐ြယ္ၿပီးမွ ႏွိုင္းေျပာတာသတိရၿပီး ဖက္လိုက္မိတာ...ႏွိုင္းမ်က္စိေရွ႕တင္ပဲ ဆိုၿပီး...."

"ၾကမ္းၾကမ္းတမ္းတမ္းမေျပာနဲ႕ပဲေျပာတာ...ဖက္ဖို႔မေျပာဘူး"

"ဟုတ္ပါၿပီဗ်ာ...ေနာက္ဆိုမဖက္ေတာ့ပါဘူး"

ေခါင္ေလးသည္ ေျပာလည္းေျပာ ႏွိုင္းကို ရင္ခြင္ထဲ ျမဳပ္ေနေအာင္ဖတ္ထားလိုက္ကာ....

"ၿပီးေတာ့ စိုင္လ်န္နဲ႕ ေႏြးေႏြး ကိုလည္း စိတ္ခ်ပါေနာ္။ စိုင္လ်န္က.. ကေလးစိတ္ေလးပါ.. ေမာင့္ကိုအရင္က ခ်စ္တယ္
ဆိုေပမယ့္.. အခုသူေမာင့္ကို အစ္ကိုတစ္ေယာက္လို
တြယ္တာေနတာ...ပစ္ပစ္ခါခါႀကီးမေျပာခ်ပစ္ရက္ဘူး
ႏွိုင္းရယ္.... ကေလးစိတ္မို႔ ေနာက္ထပ္အမွားေတြ
က်ဴးလြန္မိမွာစိုးတယ္။ ေႏြးနဲ႔ ကြၽန္ေတာ္ဆိုတာေလ
တစ္သက္လုံး သူငယ္ခ်င္းဆိုတဲ့စည္းကို ေက်ာ္ဖို႔ မျဖစ္နိုင္တဲ့သူေတြ...ေနာက္ဆို ႏွိုင္းရဲ႕ ခယ္မေလး ျဖစ္လာေတာ့မွာ "

ႏွိုင္းသည္ လြမ္းရသည့္ရင္ခြင္က်ယ္ထဲ ရွင္းျပေနသည္မ်ားကို အာ႐ုံစိုက္နားေထာင္ေနရင္း မ်က္ႏွာေလးေမာ့လာကာ...

"ခယ္မေလး.. ျဖစ္လာမွာ.. ဘာလို႔လဲ"

"ေဟာ...ၾကည့္.. အဲ့တာေၾကာင့္ ႏွိုင္းကိုစိတ္မခ်တာ ႏွိုင္းရဲ႕ ဦးႏွောက္ေလးကေလ...တကယ္ေသးေသးေလး.."

"ေသးတာမဟုတ္ပါဘူး ေမာင္ကိုခ်စ္တဲ့စိတ္နဲ႕
ျပည့္ေနတာ "

"အင္းပါ...ဟုတ္ပါတယ္...ေမာင္ကပဲ မဟုတ္တာေတြ ေလွ်ာက္ေျပာေနတာပါ။ လမင္းနဲ႕ႏြေးႏြေးက တြဲေနၾက ၿပီထင္တယ္ႏွိုင္းရဲ႕ "

"ဟုတ္လား"

"ဟုတ္ပါ့ဗ်ာ...အခ်စ္ေလးရဲ႕.. ေနာက္ဆို စိတ္ဆိုး
စိတ္ေကာက္ရင္... ေမာင့္ကိုေျဖရွင္းခြင့္ေလးအရင္ေပးကြာ
ေနာ္...ေနာက္တစ္ခါ ႏွိုင္း အဲ့လိုထြက္သြားရင္ ေမာင္တကယ္ ႐ူးမွာ "

ေခါင္ေလးသည္ ႏွိုင္း ေခါင္းေပၚ ေမ့ေစ့ေလးတင္ၿပီး ေတာင္းေတာင္းပန္ပန္ဆိုရွာ၏။ နဂိုကျဖင့္ပင္ လြမ္းစိတ္ပိုကာ စိတ္ဆိုးေျပခ်င္ေနၿပီး ျဖစ္ေသာ ႏွိုင္းကလည္း သူ႕ခါးကို
တင္းတင္းက်ပ္က်ပ္ ျပန္ဖက္လာေလသည္။

"ငါလည္းေတာင္းပန္ပါတယ္ေမာင္ရယ္... ဘာမဟုတ္တာ
ေလးကို လိုက္စိတ္ဆိုး မိတာ"

"မဟုတ္ပါဘူး ႏွိုင္း ေတာင္းပန္စရာမလိုဘူး ကြၽန္ေတာ္
မွား တာ...ကြၽန္ေတာ္ပဲ ေတာင္းပန္ပါတယ္"

"အရမ္း ခ်စ္တယ္ "

"အင္... ခ်စ္လြန္းလို႔ ႏွစ္ေယာက္တစ္ကမၻာေလးတျပ
ေဆာက္ခ်င္ေနၿပီ"

ထိုအခါ ႏွိုင္းဆီက ရယ္သံလႊင့္လႊင့္ေလး ထြက္လာၿပီး အၿပဳံး
ပန္တို႔ေဝဆာလာခဲ့ကာ သူ႕ေမးဖ်ားေလးကို ဖ်က္ခနဲ နမ္းလာခဲ့ပါ၏။ ေမာင္ သူ႕ကို အရမ္းခ်စ္တာ သိသြားရၿပီမို႔
ေမာင္မသိေစခ်င္တဲ့ ကံၾကမၼာ ဆက္ႏြယ္မူဆိုသည္ကိုလည္း မေျပာေတာ့ဖို႔ပင္ဆုံးျဖတ္လိုက္ပါေတာ့သည္။

ေခါင္ေလး သည္ ႏွိုင္း၏ အနမ္းအားခံယူၿပီးေနာက္နဖူးေလးအား ျမတ္နိုးစြာ စကၠန႔္မ်ားစြာ ၾကာေအာင္ နမ္းရွိုက္
လိုက္ပါ၏။ေမာင္တို႔ေတြ ထပ္မေဝးေၾကးေနာ္ ႏွိုင္း........။

...................

ေနာက္တစ္ပိုင္း ဇာတ္သိမ္းမယ္ေနာ္။

Love you all💚💚💚

Continue Reading

You'll Also Like

21.9K 1.1K 58
ျမတ္ႏိုးရေသာ ပန္းေလးတစ္ပြင့္အေၾကာင္း
7.8K 459 14
** Unicode ** နာရီပေါင်း တစ်ရာခြောက်ဆယ့်ရှစ်ကို ကျော်လွန်ပြီးနောက်မှာ ။ ** Zawgyi ** နာရီေပါင္း တစ္ရာေျခာက္ဆယ့္ရွစ္ကို ေက်ာ္လြန္ၿပီးေနာက္မွာ ။
236K 12.7K 34
ခင်မင်မှုထက်ပိုသော ချစ်ခြင်းတို့အကြောင်း
399K 17.6K 127
Cover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူ...