Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-63

12.5K 959 134
By naykyihtun

Unicode

နှိုင်း ဘယ်ရောက်သွားတာလဲ ခုနလေးတင် သူ့ဘေးမှာ ရှိနေတာမဟုတ်ဘူးလား။ နားရေးပြီးလို့ ပစ္စည်းတွေ သိမ်းကူ ရှင်းစရာရှိတာတွေရှင်းဆိုတော့ သူလည်း နှိုင်းကို ခဏလေး စိတ်လွှတ်သွားမိတာပါ။

"နှိုင်း! "

ခေါင်လေးသည် အိမ်ပေါ်တွေရော အိမ်အောက်တွေရောပြေးရှာကာ ဖုန်းလည်းအဆက်မပြတ်ခေါ်နေမိ၏။ သို့သော် ဖုန်းက စက်ပိတ်ထားသည်ဖြစ်ရာ..နှိုင်းဖုန်းရော..
ခန့်ပိုင်ဖုန်းရော လုံးဝခေါ်မရဖြစ်နေ
သည်။

"အာ...ဘယ်သွားနေတာလဲကွာ "

"ခန့်ပိုင်...ကျော်ခန့်ပိုင်!"

မိုးဇေက တကြော်ကြော် လိုက်ခေါ်နေပြီး.. ရဲဇော်ကတော့ ဖုန်းတွေကို ခြေရာခံကြည့်ဖို့ ကြိုးစားနေ၏။ နှိုင်းဖုန်းမှာ သူGPSဖွင့်ထား ပေးခဲ့ပြီးသားဖြစ်သည်။

"မရဘူးလား! "

"မရဘူး.. စက်ပိတ်ထားတာ...."

အဖြေက အားရစရာမရှိလျှင် ခေါင်လေးသည် ခေါင်းကို တဗျင်းဗျင်းကုပ်ပြီး စိတ်ကိုအေးအေးထားကာ ဘယ်သွား တာလဲ အဖြေရှာဖို့ကြိုးစားကြည့်သည်။ သို့သော်
နှိုင်းက သူ့ကိုချစ်ဖို့ကလွှဲ၍ ဘာမှမသိသလို ဘယ်မှသွားတတ်သူမဟုတ်ရကား ... သူ့ရင်တွေ ပူလောင် လာရသည်။

"ကိုနှိုင်းရေ.. "

စိုင်လျန်ကလည်း အသံစူးစူးလေးဖြင့် ပတ်ရှာနေသည်။ ကိုကိုချစ်တဲ့ ကိုနှိုင်း ပျောက်သွားလို့မရပါ။ ကိုနှိုင်းသာ မရှိတော့ရင် ကိုက်ိုဟာ အရင်ကအတိုင်း အေးစက်စက်နှင့်
ကြောက်စရာ ကောင်းသည့် ကိုကိုပြန်ဖြစ်သွားလိမ့်မည်။

သူတို့အားလုံး တစ်ရွာလုံးအနှံ့ပတ်ရှာကြည့်ကြ၏။ ခေါင်လေးသည် နှိုင်း Lashioများ ပြန်သွားသလားဟု တွေးကာ လမင်းဆီ ဖုန်းဆက်မေးကြည့်သော်လည်း မလာဘူးဟုဆို၏။သို့ဖြင့် အမျိုးတွေရှိတဲ့ မန္တလေးများသွားခဲ့သလား' ဟူ၍ စုံစမ်းပေးရန် အကူအညီတောင်းရသည်။ နှိုင်းက နွေးနွေးဆီတော့
မသွားလောက်ဘူးထင်၏။ ခက်သည် နှိုင်းက တစ်ယောက်တည်း ရွာထဲလျှောက်သွားတတ်မှာ မဟုတ်ပေ။ဒါဆိုရင်တော့ ခန့်ပိုင်ခေါ်သွားတာပဲ ဖြစ်လိမ့်မည်။

ခေါင်လေးသည် ဒီလောက်ပြသနာအရှုပ်ထုတ်တွေ များရသည့်ကြားထဲက ပြသနာမီးခွက်ထွန်းရှာသော ခန့်ပိုင်ကို ဒေါသထွက်လွန်းသဖြင့် မျက်နှာကို ခပ်ကြမ်းကြမ်း ပွတ်မိ၏။

"ရှာတွေ့ ခဲ့လား... "

အပြင်က ပြန်လာသော မိုးဇေတို့ကို မေးလျှင်.. ခေါင်းတွင်တွင်ယမ်းပြသောကြောင့် ခေါင်လေးသည် တစ်ရွာလုံးမြေလှန်ပြစ်ချင်စိတ်ကို ထိန်းမရဖြစ်လာသည်။

"ဘာလိုမတွေ့တာလဲ... ခဏလေးအတွင်း သူတို့ကဘယ်ကိုသွားနိုင်မှာမလို့လဲ...ခွေးကောင် ခန့်ပိုင် တွေ့လို့ကတော့ အသေသတ်ပစ်မယ်!!"

ြက်ိမ်းလျှင် ကြိမ်းသည့်အတိုင်း တကယ်လုပ်တော့မည်ကို ရိပ်မိသော မိုးဇေက.. ခန့်ပိုင်အတွက် စိုးရိမ်သွားကာ..

"ဟျောင့်!!!မင်း ခန့်ပိုင်ကို ဘာမှထိစရာမလိုဘူး...ဆွဲမထည့်နဲ့"

"ဘာ!!!! ခန့်ပိုင်က်ို ထိစရာမလိုဘူးဟုတ်လား.. ဟမ်!? နှိုင်းကို အဲ့သူတောင်းစား ခေါ်သွားတာကွ"

"အဲ့တာလဲ မင်းညီပဲလေ... စောက်လင်တရူးပြီး ကိုယ့်ညီက်ိုယ်မမြင်တော့ဘူးလား!!မင်း ငါ့ညီကိုသတ်ရင် မင်းလည်း အသက်ရှင်ရမယ် မထင်နဲ့!"

"ဘာ..လင်တရူးတယ်... ဟာ! ..ခုမှ သတိရပြီး
ငါ့ညီ ငါ့ညီ လို့ လာလာပြောမနေနဲ့ ရွံစရာကောင်းတယ်။ မင်းအမေမျက်နှာ မမြင်လိုက်ရမှာစိုးလို့ လူမုန်းခံပြီး တားပေးတဲ့ မျက်နှာကိုမှမထောက် ဘာ... လင်တရူးတယ်
အကြီးရောအငယ်ရော စောက်ကျေးဇူးကန်းတဲ့ကောင်တွေ.. စောက်စိတ်ဓာတ်တွေက ဟိုးအောက်ဆုံးမှာ....နှိုင်း တစ်ခုခုဖြစ်ကြည့်စမ်း.. အမျိုးတော်နေရင်တောင် မင်းတို့နဲ့တော်နေနဲ့သွေးတစ်ဝက်က်ိုဖောက်ထုတ်ပြီး
မင်းတို့အကုန်လုံးကို သတ်ပစ်မယ်"

ခေါင်လေးသည် စိတ်လိုက်မာန်ပါဖြင့်ပြောပြီးနောက် လူကပူထူနေကာ စကားတွေကို ပြောသင့်လားမပြောသင့် လား မစဉ်းစားနိုင်တော့ပေ။

ခန့်ပိုင်များ နှိုင်းကိုတစ်ခုခုလုပ်လိုက်ရင် ဟူသည့် အတွေးက စိတ်ကိုပို၍ ခြောက်ခြားလာစေ၏။ နာကျင် ရတာများနေပြီဖြစ်သော နှိုင်း စိတ်ခံစားချက်တွေကို သူအကြိမ်ပေါင်းများစွာ ကုစားပေးဖို့ကြိုးစားခဲ့သည်။
နွေးကို ဆက်ဟေး ခေါ်သွားပြီး အနိုင်ကျင့်တုန်းကလို နှိုင်း ဖြစ်သွားမှာ သူကြောက်နေသည်။တွေးမိရုံနဲ့တင် လူကဇောချွေးတို့ ပျံလာပြီး ဂနာမငြိမ်ဖြစ်လာ၏။

ကျွန်တော်မရှိရင် နှိုင်းကြောက်နေမှာ ...နှိုင်း က ကျွန်တော် မရှိပဲမနေတတ်ဘူး။ ဤကဲ့သို့စကားလုံးတွေကို သူအကြိမ်ကြိမ်ပြောနေခဲ့ပေမယ့် တကယ်တမ်း နှိုင်း မရှိပဲမနေနိုင်တာ ကျွန်တော်ဖြစ်ပြီး... နှိုင်းမရှိပဲ အသက်ရှင်နေထိုင်ရမည်ကို ကျွန်တော် ကြောက်သည်။
နှိုင်း ခန္ဓာ ကိုယ်ကို အလိုမတူပဲ တစ်ခြားသူ
ထိနေမှာကို ကြောက်သည်။

"ဘုန်းထွဋ်ခေါင်လျှံ... မင်း မမိုက်ရိုင်းနဲ့ "

"မိုက်ရိုင်းတော့ -ီ း ဖြစ်လား"

ခေါင်လေးသည် ဒေါသဆူလွယ်သည့်တိုင် စိတ်မထိန်းနိုင်တော့ပဲ မိုးဇေ ကို ထိုးဖို့လက်သီးရွယ်ပြီးမှ လေထဲမှာ တန့်သွားပြီး ချက်ချင်းပြန်ရုပ်လိုက်မိသည်။ မဖြစ်ဘူး
သူရန်ုဖြစ်လို့မရဘူး။ကျွန်တော်ရန်ဖြစ်ရင်
နာမယ့် သူက ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။မျက်လုံးများ သေလျက် ခြောက်ခြားနေသော သူ့ကို မိုးဇေက ထိုးဖို့ပြန်ရွယ်လာလျှင်... သူ အမြန်ရှောင်လိုက်ကာ
ဆောင့်ကြောင့်လေးထိုင်၍ လက်အုပ်လေးချီလိုက်မိပြီး...

"ငါ့ကို မထိုးနဲ့နော်... မလုပ်နဲ့ပါနဲ့... ငါတောင်းပန်ပါတယ် "

သူတို့အားလုံးဟာ ခေါင်လေး၏ အပြုအမူကြောင့် တအံ့တသြ ဖြစ်သွားကြသည်။

မိုးဇေနှင့် ဘုန်းထွ၌ခေါင်လျှံ ကို စိုင်းလျန်ရော ရဲဇော်ပါ ဝင်မဆွဲရဲပေ။ အသုဘပြီးသွား ချိန်မို့ အိမ်တွင်သူတို့ကို တားမည့်သူမရှိ။သို့တိုင် ဘယ်သောအခါမျှ တောင်းပန်
သည့်အလေ့အထမရှိသော
ဘုန်းထွဋ်ခေါင်လျှံဟာ အဘယ်ကြောင့်များ.....

"မင်း ..ဘာလုပ်တာလဲ"

မိုးဇေပင် ရွယ်ထားသည့်လက်ကို သတိမရ။တကယ်ဆို လက်ဝှေ့ပွဲတိုင်း အောင်ပွဲခံလာသော ဘုန်းထွဋ်ခေါင်လျှံဟာ သူ့ထက် လက်ရည်သာသည် မဟုတ်လားလေ။

"ခေါင် ""ကိုက်ို"

"မလုပ်ပါနဲ့..."

တုန်းယင်နေသော အသံဟာ သူထိခိုက်နာကျင်မှာကို ကြောက်ရွံ၍မဟုတ်... သူတစ်ခုခုဖြစ်လျှင် နှိုင်းပါ နာကျင်မည်ကို ကြောက်၍ ဖြစ်သည်။ သူ နဲ့နှိုင်း
ကံစပ်နေသည်ဟု အတိအကျသိလိုက်ရသည့် နေ့မှာ သူပျော်ရွှင်နေခဲ့သည်မဟုတ်ပေ။ စိတ်မြန်လက်မြန်နှင့် ရန်များလှသော သူဟာ... သူ့ကြောင့် နှိုင်း ဘယ်လောက် တောင်မှ ထိခိုက်နာကျင်ရပြီးပြီလဲ။နောက်ထပ်ရော
ဘယ်လောက်တောင် ထိခိုက်နာကျင်ဦးမည်လဲ ဆိုသည်ကို ပို၍စိုးထိတ်သဖြင့် ကံကြမ္မာဆက်နွယ်မူကို မုန်းနေခဲ့သည်။သူဘယ်လောက်ပဲ နာကျင်ရ နာကျင်ရ
ခံနိုင်ရည်ရှိ သည်ဆိုသော်ငြား ချစ်ရသူကိုတော့ နှင်းဆီဆူးလေးပင် အဆူးမခံနိုင်ပေ။

"ငါ့ကိုမထိုးပါနဲ့ တောင်းပန်ပါတယ်... ငါမပြောတော့ပါဘူး..."

"ငါ မင်းကို ဘာမှမလုပ်ဘူး....မလုပ်ဘူး"

မိုးဇေသည် လက်နှစ်ဖက်ကို မြောက်ပြပြီး အရှုံးပေးသလို ပြောလျှင် မျက်ရည် ရစ်သိုင်းနေသောသူဟာ ခေါင်းငုံ့ထားရာမှ မော့ကြည့်လျက် ချက်ချင်းပင်အပြင်သို့ပြေးထွက်၏။

"ကိုက်ို "

စိုင်လျန်က စိတ်ပူစွာ အော်လျက် လိုက်ပြေးဖို့ ကြံနေလျှင် မိုးဇေက လှမ်ဆွဲလိုက်ပြီး...

"ဒါ ကလေး ပါရမယ်ကိစ္စမဟုတ်ဘူး... ကိုယ်သိတယ်..ခန့်ပိုင်က စိတ်ပြေလက်ပျောက် ခဏထွက်သွားတာ... ပြန်လာမှာ... !"

"ဒါပေမယ့် ကိုနှိုင်း က "

"မပူပါနဲ့ ... ခန့်ပိုင်က စဉ်းစားတတ်မှာပါ"

မိုးဇေက အကျယ်အကျယ်တွေ ထပ်မဖြစ်ချင်သလို ဘုန်းထွဋ်ခေါင်လျှံ တွေ့အောင်လိုက်ရှာမည်ကို ယုံကြည်နေသဖြင့် အိမ်ကစောင့်နေဖို့သာ ဆုံးဖြတ်လိုက်
သည်။ ကိုယ့်ညီကိုယ် ပြန်သတ်ရလောက်အောင်ထိဘုန်းထွဋ်ခေါင်လျှံ က မိုက်ရူးရဲ မဆန်လောက်ဘူးဟုသာ...။

"ငါ လိုက်သွားမယ်... "

ထိုစဉ် ရဲဇော်က သူတို့နှစ်ယောက် ကိုပြောပြီး
ခေါင်လေးထွက်သွားသည့်နောက်... ပြေးလိုက်သွား၏။ တူညီသည့်အမှားမျိုး ထပ်ခါထပ်ခါ မကျူးလွန်မိဖို့
ကျွန်တော်တို့ ကြိုးစားရမည်။

........

စိမ်းလန်သော တောင်တန်းကြီးကို ဖောက်လုပ်ထားသည့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဂုတ်ထိပ်တံတားဟာ
နောင်ပိန်နှင့် နောင်ချို ကို ကူးသန်းသည့် ရထားလမ်း တစ်ခုဖြစ်သည်။ ခန့်ပိုင်သည် ဘယ်သွားလို့သွားရမည်မသိ သဖြင့် ရွာအနီးရှိ ဂုတ်ထိပ်တံတားကိုသာ နှိုင်းနှင့်အတူတူ
ခိုးထွက်ခဲ့လိုက်ကြသည်။

"ဝိုး...အရမ်းလှတာပဲ "

တံတားဟာ အရမ်းမြင့်လွန်းတာကြောင့် အမြင့်ကြောက် သူတွေသွားဖို့ရန်တော့မသင့်ပေ။ နှိုင်းသည် လေတဖြူးဖြူး
တ်ိုက်လျက် တလွှင့်လွှင့်ဖြစ်နေရခြင်းကို သဘောကျကာ တံတားပေါ် ပြေးသွား၍ လက်နှစ်ဖက်ကို ဆန့်တန်းပြီး
မျက်နှာလေးမော့လျက် မျက်လုံးတွေမှိတ်ထား၏။ ရှူရိုက်သွင်းလိုက်သည့် လေတွေဟာ စိမ်းလန်းပြီး တစ်ကိုယ်လုံးကို
ပေါ့ပါးလန်းဆန်းသွားစေသည်။

"Wow"

ခန့်ပိုင်က အသံကျယ်ကျယ် ဖြင့် ကုန်းအော်လျှင် တောင်တန်းများဆီက ပဲ့တင်ရိုက်သံပြန်ထွက်လာသည်။

"ဝါး...မိုက်တယ်...ငါလည်း အော်ကြည့်မယ်"

"အော်ကြည့်.. "

နှိုင်းသည် ခန့်ပိုင်နည်းတူ မျက်စိစုံမှိတ်ပြီး ရှိသမျှအသံ အသကုန် ခြစ်အော်လိုက်၏။

"Wow"

ထိုအခါ တောင်တန်းများဆီက ပဲ့တင်သဲထပ်မံထွက်ပေါ်လာလျှင် နှိုင်းက အပျော်ကြီးပျော်လျက် နှစ်ခြိုက်စွာ ရယ်လေသည်။

"ဘယ်လိုလဲ နေလို့ကောင်းသွားလား"

ခေါင်း ကို ဘယ်ညာရမ်းလို့ နှိုင်းက ပတ်ပတ်လည်ရှိ တောင်တန်းကြီးတွေကို ကြည့်ကာ...အသက်ဝဝရှူလျက်....

"ဘုန်းထွဋ်ခေါင်လျှံ... ငါ မင်းကို မုန်းတယ်..........မုန်းတယ်... မုန်းတယ်......!!!!!"

"ဟားဟား..."

ထိုအခါ ခန့်ပိုင်က အရယ်ရဆုံး ဟာသတစ်ခုလို အားရပါရ ကုန်းရယ်လျက် ရထားလမ်းကြီးပေါ်မှာ ပက်လက်လှဲချ လိုက်သည်။ ကြည်လင်သော ကောင်းကင်မှာ တိမ်မျှင်တို့
ရှိမနေပဲ အပြာရောင်ခြယ်နေခြင်းကို ကြည့်လျက် လက်လှမ်းလိုက်ပြီး...

"အမေ .. နောက်ဘဝမှာ မိသားစုအသစ်နဲ့ ပျော်ပါစေ... နှုတ်ဆတ်ပါတယ် အမေ..."

နှုတ်မှ တိုးတိုးလေး ရေရွတ်နေစဉ် နှိုင်းကလည်း သူ့နည်းတူလှဲချကာ ကောင်းကင်ကို လက်လှမ်းလိုက်ပြီး...

"2နာရီနဲ့ 3 စက္ကန့် "

"ဟင်.. အဲ့လောက်ပဲရှိသေးတာလား "

ခန့်ပိုင်က မယုံနိုင်စွာ နာရီးကို ကြည့်လိုက်လျှင် ညနေလေးနာရီ စွန်းစွန်းကို ရောက်နေပြီး ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် မျက်ခုံးများပင့်လျက်..

"နာရီတောင်မကြည့်တတ်ဘူးလား"

ထိုအခါ နှိုင်းက မျက်လုံးများမှိတ်ကာ နှုတ်ခမ်းတို့ ကော့ညွှတ်လျက် ပြုံး၍...

"မောင့် နားက ထွက်လာတာ နှစ်နာရီနှင့် ငါး စက္ကန့် ရှိသွားပြီ"

"အဟက်... အဲ့လောက်တောင် မုန်းလား"

"အဲ့ထက် ပိုမုန်းတယ်"

ခန့်ပိုင်သည် မနိုင်ဘူးဟူသော သဏ္႑န်ဖြင့် ခေါင်းယမ်းလျက် မျက်လုံးများမှိတ်လိုက်စဉ်...ရထားလာသည့်အသံကို ကြားရသဖြင့် နှစ်ယောက်သား ထပြေးကြတော့သည်။

"ကိုနှိုင်း... ထ...ထ"

"ပြေး ပြေး...ဟား...ဟ..မြန်မြန်ပြေ...ဟ"

"ပြေးနေတာပဲလေ....ရား"

တံတားကြီးပေါ် ပြေးလျက် ရယ်နေကြသော ကောင်လေး နှစ်ယောက်ဟာ အပူအပင်တွေနဲ့ ခေတ္တဝေးသွားကြလေ သည်။ ကျေးငှက်တို့ တောင်ပံဖြန့်ပျံသန်းနေကြပြီး
တံတား၏ အောက်ခြေတွင် ချောင်းသေးသေးလေးရှိလျက် တောင်ပေါ်မှ ရေတံခွန်သဖွယ် ရေကျသံတို့လည်း စည်းချက်ညီစွာ ထွက်ပေါ်လျက်ရှိနေသည်။ သဘာဝအတိုင်း
လှပလျက် ရှိသော ဤပန်းချီကားချက်ကြီးအား အချစ်နဲ့အတူတူ ခံစားခွင့် ရလျှင် ဘယ်လောက်တောင် သက်ဝင်လှုပ်ရှားနေလိမ့်မည်မသိ။

.....

"ဟင့်.... အင့် "

လှည့်ပတ်ရှာနေရင်း သူ ရူးချင်နေပေပြီ။ နေလုံးကြီးဟာ အနောက်ဘက်အရပ်သို့ တဖြည်းဖြည်း ဝင်ရောက်သွား
ခဲ့ပြီး မကြာမီ မှောင်ရိပ်သမ်းလာလျက် တစ်ခြမ်းပဲ့နေသော လမင်းကြီးဟာ အလင်ရောင်ခပ်သဲ့သဲ့ဖြင့် ကမ္ဘာမြေကို
အလင်းပေးဖို့ ကြိုးစားလာသည်။

"နှိုင်း ဖုန်းလေး ဖွင့်ပေးပါကွာ... မောင်တောင်းပန်ပါတယ်။ မောင် ရူးတော့မယ် "

"ခန့်ပိုင်က နှိုင်းကို ဘာလုပ်သေးလဲဟင်။ မကြောက်ရဘူး နော်... အဲ့ကောင်ကို ပြန်ချနော် "

"အာ.... နှိုင်း.. မောင် စိတ်တွေအရမ်းပူနေပြီ ။မောင့် စာတွေ တွေ့ရင် ဖုန်းပြန်ခေါ်ပါနှိုင်းရေ"

"ခင်ဗျား...ကျွန်တော့်စာတွေ မဖတ်ပဲ နေရဲတယ်ဟုတ်လား။ကျွန်တော်ကို ဘာမှလည်း မပြောပဲထွက်သွားသေးတယ်။ ခင်ဗျား...ဘယ်က သတ္တိတွေနဲ့လုပ်ရဲတာလဲ။ကျွန်တော်
မတွေ့အောင်ပုန်းနေ...ပြန်တွေ့လို့ကတော့...ပြန်တွေ့လို့ ကတော့... ... ဘယ်မှ ထွက်သွားလို့မရအောင် ဖက်ထားမှာ"

ခေါင်လေးသည် စာတွေတစ်စောင်ပြီးတစ်စောင်ပို့ပြီးနောက် လမ်းပျောက်နေသော ကလေးငယ်လို တောတွင်၌ ငိုကြွေးနေသည်။ ဘဝမှာ အချစ်ဆိုသည်ကို အယုံအကြည်
မရှိခဲ့သောသူဟာ... နှိုင်းကိုတော့ ရူးရူးမူးမူး ချစ်မိသည်။ အပြင်မှာ ဘယ်လောက်ပဲအခက်အခဲတွေရင်ဆိုင်ရ ရင်ဆိုင်ရ... နှိုင်းအနားရောက်လျှင် အရာအားလုံး
ငြိမ်းချမ်းသွားရပြီး လုံခြုံ စိတ်ချသွားသလို ခံစားရသည်။ နှိုင်းရင်ခွင်ထဲ ခေါင်းတိုးပြီး အိပ်လိုက်လျှင် စိတ်ပင်ပမ်းသမျှ
အကုန်ပြေပျောက်သွားရ၏။ နှိုင်း အပြုံးလေးတွေက စံပယ်ပွင့်လေးလို ဖြူစင်လျက် အေးချမ်းသည်မို့ အမြဲမြင်တွေ့ချင်နေသည်။ချစ်သည်... နှိုင်းရဲ့အရာရာတိုင်းကို ချစ်သည်မို့ သီးသန့်နာမည်လေးတစ်ခုနဲ့ပင် ကန့်သတ်
မထားနိုင်လောက်အောင် ဖြစ်နေခဲ့ရသည်။ ဒါကို အချစ်က ဘယ်သူတွေနဲ့ နာမည်မှားခေါ်တာလဲလို့ မေးတဲ့အချိန် သူ မဖြေတတ်ခဲ့ပါ။သူ ခန္ဓာကိုယ်တွင်းရှိ အူ၊အသည်း၊နှလုံးသား၊ ကျောက်ကပ်အားလုံးဟာ နှိုင်းဆိုသည့် ချစ်ရသော ပိုးတုံးလုံး လေးနှင့်သာ တည်ဆောက်ထားရပါ၏။

"နှိုင်း မောင့်ကို အကြာကြီးပစ်မထားပါနဲ့...
မောင်မနေတတ်လို့ ပြန်လာပါတော့နော် ..."

ခေါင်လေးသည် မျက်ရည်ကိုသုတ်လျက် လက်နိုပ်ဓာတ်မီး ကို ဖွင့်လို့ နှိုင်းကို ဆက်ရှာ၏။ မျက်ရည်မကျတတ်သော
သူဟာ ဒီလူသားကို ဆုံးရှုံးရမှာကြောက်သည့်စိတ်ဖြင့် အကြိမ်ပေါင်းမနဲ မျက်ရည်တွေ ကျတတ်နေခဲ့ပြီဖြစ်သည်။

နှိုင်း ပျောက်သွားတာတောင် မသိရကောင်းလားဟူ၍ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးချင်သော်လည်....သူ သွေးထွက် သည်ထက် နှိုင်းသွေးထွက်မည်ကို စိုးရိမ်ကာ..
စိတ်ထွက်ပေါက်အဖြစ် ဘာကိုမှသူမလုပ်ရဲပေ။ နှိုင်းသိရဲ့လား.. မောင်တောင် ဒီလောက်ထိစိုးရိမ်ပြီး ကြောက်နေရင် မောင့်ကိုအရမ်းချစ်တဲ့နှိုင်းသာဆို...။

ဟူး...။

ညရောက်လာပြီနှိုင်းရဲ့ မောင်တစ်ယောက်တည်း ဘယ်လိုအိပ်ရမှာလဲ ။ ကျေးဇူး ပြုပြီး....။

.......

ကြယ်တွေတောင် ထွက်လာခဲ့ပြီး ဖြစ်၏။ နွေရာသီ ဖြစ်သော်ငြား တောင်ပေါ်ကတော့ လေတဖြူးဖြူးနှင့်မို့ အေးသည်။ ခန့်ပိုင်နဲ့သူဟာ ကော်ဖီခွက်လေးတွေ ကိုယ်စီကိုင်ပြီး စကားလည်းမပြောဖြစ်ကြပဲ
အတွေးကိုယ်စီဖြင့် ငြိမ်သက်နေခဲ့သည်။

နှိုင်းသည် ကော်ဖီလေးကို သောက်လိုက်ပြီး
မောင့်ကို လွမ်းစိတ်ပိုလာသည်။ တရုတ်နယ်စပ်မှာတုန်းက မောင်တိုက်ခဲ့သည့် ကော်ဖီဟာ သောက်ဖူးသမျှ ကော်ဖီ တွေထဲမှာ အရသာအရှိဆုံးဖြစ်သည်။ မီးပုံနံဘေး
အတူတူထိုင်ရင်း ကျွန်တော့်လက်တွေကိုဆုပ်ကိုင် ထားပေသည့် မောင့်လက်ကို သတိရသည်။ ကြယ်တွေကို လက်ညိုးထိုးပြီး မိဘတွေ ဘဘောမတူရင် ကျွန်တော့်ရဲ့ အိမ်ထောင်ဦးစီး လုပ်ပြီး ပိုက်ဆံတွေ
သိမ်း မည်ဟုပြောသော မောင့်ပုံရိပ်တွေဟာ
အားရုံထဲမှာ တရိပ်ရိပ်ထင်းလာခဲ့သည်။အဲ့ဒီနေ့က ဆောင်းတွင်းကြီး အအေးလှိုင်းဖြတ်ခဲ့ပေမယ့် မောင်ရှိနေလို့နွေးထွေးနေခဲ့သည်။ အခုတော့ နွေရာသီရဲ့ တောင်ပေါ်လေ.. လေးကိုတောင် သူခံနိုင်ရည်မရှိတော့ပေ။
အေးစက်နေကာ... ဖက်ထားပေးမည့် လက်တစ်စုံက်ို လွမ်းသည့်စိတ်က ရင်ဘတ်နှင့်အပြည့် တင်းကျပ်လို့ လာခဲ့ပါ၏။

"ခင်ဗျား ငိုနေတာလား "

"မငိုပါဘူး "

"မင်ရော....ငိုနေတာလား"

"မငိုပါဘူး "

ကျွန်တော်တို့နှစ်ယောက်လုံးသည် မျက်ဝန်း၌ မျက်ရည်တွေ အပြည့်ဖြစ်သော်လည်း လိမ်ညာနေခဲ့ကြ၏။

ခန့်ပိုင်သည် တုတ်ကလေးနှင့် မြေကြီးပေါ် ပုံဆွဲရင်း အစ်ကိုဖြစ်သူရဲ့ ပုံရိပ်တွေကို တွေးနေခဲ့သည်။

"မင်းက ငါ့အစ်ကိုလား"

"ဟင်...ငါမသိဘူး"

အသံတွေကို ပြန်ကြားယောင်မိတိုင်း တစ်ခါပိုစိတ်တိုရသလို တစ်ခါပိုဝမ်းနည်းလာသဖြင့် ဆွဲနေမိသည့်ပုံက်ို တုတ်ဖြင့် ပြန်ခြစ်ပစ်လိုက်ပါ၏။ အလကား လူ...။

"ကျွန်တော် အိပ်တော့မယ်... ခင်ဗျားမအိပ်သေးဘူးလား"

"အင်.. မအိပ်သေးဘူး။ ခဏနေမှ အိပ်မယ်"

ခန့်ပိုင်သည် သက်ပြင်းချလျက် ရွက်ဖျင်တဲလေးထဲ ဝင်ခဲ့ပါ၏။ ဒီလောက်ထိ အချစ်ကြီးတဲ့လူ မတွေ့ဖူးပါဘူးဗျာ။ ရဲဇော် ဆိုသည့်လူကကော...အချစ်ရှိရဲ့လား..။ သူလည်း
ဘာထူးလို့လဲ... ကိုလေးနဲ့အတူတူပဲ... မုန်းစရာကြီး ။

........

"ကျွန်တော် ခင်ဗျားကို အရမ်းလွမ်းနေပြီ.... ဘယ်မှာလဲဗျာ ။ ကျွန်တော် အရမ်းဆိုးလို့ ဒဏ်ခတ်တယ်ဆိုရင် တစ်ခြားနည်းနဲ့ အပြစ်ပေးပါဗျာ...ကျွန်တော် အခုကစပြီး
လိမ္မာ ပါ့မယ်... တောင်းပန်ပါတယ်ဗျာ "

တဖြေးဖြေး နဲ့ ညည့်နက်လာခဲ့ပြီဖြစ်၏။ မှောင်ရိပ်ကြီးစိုးနေခြင်းက အချစ်ပျောက်ခြင်းလောက် ကြောက်စရာမကောင်းပေ။

"နှိုင်း ခင်ဗျား ဒီထက်ပိုပုန်းနေရင်.. ကျွန်တော် ခင်ဗျားနဲ့ လမ်းခွဲမှာနော်.... မဟုတ်ဘူး... မဟုတ်ဘူး...ကျွန်တော် ခင်ဗျားကို အရမ်းချစ်တယ် ...ကျွန်တော့်က်ို ထားပြီး ထွက်မသွားနဲ့နော်... ပြန်လာပေးပါတော့ ဗျာ"

ခေါ်လို့မရသည့် ဖုန်းကို ဆက်တိုက်ခေါ်ရင်း စာတွေအဆက်မပြတ် ပို့နေခဲ့သည်မို့ ဖုန်းအားပင် ကုန်၍ စက်ပိတ်သွားခဲ့လေပြီ။ မကြာခင်ဓာတ်ခဲအားကုန်တော့မည် ဖြစ်သော
လက်နိုပ်ဓာတ်မီးကိုကြည့်၍ .. အားပြတ်စွာ မြေကြီးပေါ် ထိုင်ချလိုက်၏။

"ကျေးဇူးပြုပြီး ကျွန်တော့်နှိုင်းကို... ကျွန်တော့်ဆီပြန်ပေးပါတော့ဗျာ....ကျွန်တော် အရမ်းလွမ်နေပြီ"

သူပြင်းပျစွာ ဆုတောင်းမိစဉ် တောင်ပေါ်မှ မီးလင်းနေသော ရွက်ဖျင်တဲလေးတစ်ခုကို လှမ်းမြင်လိုက်ရလေသည်။

.........

နှိုင်းသည်... ဟိုဘက်လှည့်လိုက် သည်ဘက်လှည့်လိုက်ဖြင့် အိပ်မပျော်ပဲရှိနေသည်။ အိပ်ယာဝင်တိုင်း မောင်က သူ့ကို ကျယ်ပြန့်သည့်ရင်ခွင်ထဲ လုံခြုံနွေးထွေးစွာ အိပ်စက်စေခဲ့သည်။မောင့်ရင်ဘတ်ပေါ် ခေါင်းလေးအုံးပြီး တစ်ညလုံး အိပ်နေသမျှ လေးတယ်ဆို၍ တစ်ခါမှဖယ်ချဖူးသည် မရှိပေ။ အိမ်မက်ဆိုးတွေ မမက်အောင် မောင်ရှိ တယ်နော်ဟူ၍ ပြောပေးတတ်သောမောင့်က်ို ကျွန်တော်ဟာ ဘာကြောင့်များ မချစ်ဘူးဟုထင်ခဲ့မိသည်
မသိ။ အရင်ကတော့ အနားမှာ ရှိနေပေးရင် ကျေနပ်ပြီ ဆိုပြီး နောက်တော့ လာဘကြီးလာမိကာ တစ်ယောက်တည်းပိုင်ဆိုင်ချင်လာသည်။ မင်းတစ်ယောက်တည်း
ပိုင်ချင်ရအောင် မောင်က ရုပ်သေးရုပ်မှမဟုတ်တာ။ မင်းက တကယ် လောဘကြီးတဲ့ကောင်ပဲ...။

နှိုင်းသည် အလွမ်းဒဏ်ကို မခံနိုင်တော့သည့်အဆုံး ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်ပြန်တင်မိကာ ထထိုင်လိုက်ပြီး စက်ပိတ်ထားသော ဖုန်းကို ဖွင့်လိုက်၏။ အနဲဆုံးတော့
ဓာတ်ပုံလေးကြည့်ပြီး အလွမ်ဖြေမည်ဟူသော စိတ်ကူးလေးနှင့်ဖြစ်သော်လည်း... ဖုန်းဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် စာတွေဟာ နှလုံးသားတစ်ခုလုံးကို တင်းကျပ်ဆို့နင့်စေလျက် ရူးကျုံးမရဖြစ်သွားရစေသည်။

ထို့အတူ မောင် ဒီချိန်ထိ သူ့ကိုရှာနေတုန်းလား... ဟူသည့်အတွေးက သူ့ကို ကြက်သီးထသွားစေ၏။ဒီလောက်
ညည့်နက်နေပြီကို သရဲကြောက်တတ်သည့်မောင်က...မဖြစ်နိုင်တာ။ နှိုင်းသည် စိုးရိမ်စိတ်တို့ဖြင့်မောင့်ဖုန်းကိုခေါ် လိုက်သော်လည်း စက်ပိတ်ထားသည်နှင့်သာတိုးသဖြင့် ဘာမှစဉ်းစားမနေနိုင်တော့ဘဲ ချက်ချင်းပင် တဲအပြင်သို့ ပြေးထွက် လိုက်၏။ ထိုစဉ်...တောင်ပေါ်သို့ ပြေးတတ်လာ သော် လူရိပ်သဏ္ဍန်ဟာ မောင်ဖြစ်နေခဲ့လျှင်....

"မောင့်! "

ခေါင်လေးသည် တောင်တတ််ရ၍ မောဟိုက်နေရာမှ တစ်ချိန်လုံးရှာဖွေနေခဲ့သော ချစ်သူအသံလေးကို ကြားလိုက်ရလျှင်...

"နှိုင်း !"

ဘယ်တော့မှ မလွတ်အောင်ဖတ်ထားကြေးနော် ချစ်သူရေ....။

............

Love you all💚💚💚

ဂုတၳိပၱံတား 🤗

............................................................

Zawgyi

နိႈင္း ဘယ္ေရာက္သြားတာလဲ ခုနေလးတင္ သူ႔ေဘးမွာ
ရိွေနတာမဟုတ္ဘူးလား။ နားေရးၿပီးလို႔ ပစၥည္းေတြ
သိမ္းကူ ႐ွင္းစရာရိွတာေတြ႐ွင္းဆိုေတာ့ သူလည္း
ႏိႈင္းကို ခဏေလး စိတ္လႊတ္သြားမိတာပါ။

"ႏိႈင္း! "

ေခါင္ေလးသည္ အိမ္ေပၚေတြေရာ အိမ္ေအာက္ေတြေရာ
ေျပး႐ွာကာ ဖုန္းလည္းအဆက္မျပတ္ေခၚေနမိ၏။
သို႔ေသာ္ ဖုန္းက စက္ပိတ္ထားသည္ျဖစ္ရာ..
ႏိႈင္းဖုန္းေရာ.. ခန္႔ပိုင္ဖုန္းေရာ လံုးဝေခၚမရျဖစ္ေန
သည္။

"အာ...ဘယ္သြားေနတာလဲကြာ "

"ခန္႔ပိုင္...ေက်ာ္ခန္႔ပိုင္!"

မိုးေဇက တေၾကာ္ေၾကာ္ လိုက္ေခၚေနၿပီး.. ရဲေဇာ္ကေတာ့
ဖုန္းေတြကို ေျခရာခံၾကည့္ဖို႔ ႀကိဳးစားေန၏။ ႏိႈင္းဖုန္းမွာ
သူGPSဖြင့္ထား ေပးခဲ့ၿပီးသားျဖစ္သည္။

"မရဘူးလား! "

"မရဘူး.. စက္ပိတ္ထားတာ...."

အေျဖက အားရစရာမရိွလ်ွင္ ေခါင္ေလးသည္ ေခါင္းကို
တဗ်င္းဗ်င္းကုပ္ၿပီး စိတ္ကိုေအးေအးထားကာ ဘယ္သြား
တာလဲ အေျဖ႐ွာဖို႔ႀကိဳးစားၾကည့္သည္။ သို႔ေသာ္
ႏိႈင္းက သူ႔ကိုခ်စ္ဖို႔ကလႊဲ၍ ဘာမွမသိသလို ဘယ္မွသြား
တတ္သူမဟုတ္ရကား ... သူ႔ရင္ေတြ ပူေလာင္ လာရသည္။

"ကိုႏိႈင္းေရ.. "

စိုင္လ်န္ကလည္း အသံစူးစူးေလးျဖင့္ ပတ္႐ွာေနသည္။
ကိုကိုခ်စ္တဲ့ ကိုႏိႈင္း ေပ်ာက္သြားလို႔မရပါ။ ကိုႏိႈင္းသာ
မရိွေတာ့ရင္ ကိုက္ုိဟာ အရင္ကအတိုင္း ေအးစက္စက္ႏွင့္
ေၾကာက္စရာ ေကာင္းသည့္ ကိုကိုျပန္ျဖစ္သြားလိမ့္မည္။

သူတို႔အားလံုး တစ္ရြာလံုးအႏွံ႕ပတ္႐ွာၾကည့္ၾက၏။
ေခါင္ေလးသည္ ႏိႈင္း Lashioမ်ား ျပန္သြားသလားဟု
ေတြးကာ လမင္းဆီ ဖုန္းဆက္ေမးၾကည့္ေသာ္လည္း
မလာဘူးဟုဆို၏။သို႔ျဖင့္ အမ်ိဳးေတြရိွတဲ့ မႏၱေလးမ်ားသြားခဲ့သလား' ဟူ၍ စံုစမ္းေပးရန္ အကူအညီေတာင္းရသည္။
ႏိႈင္းက ေႏြးေႏြးဆီေတာ့ မသြားေလာက္ဘူးထင္၏။ ခက္သည္ ႏိႈင္းက တစ္ေယာက္တည္း ရြာထဲေလ်ွာက္သြားတတ္မွာ
မဟုတ္ေပ။ဒါဆိုရင္ေတာ့ ခန္႔ပိုင္ေခၚသြားတာပဲ ျဖစ္လိမ့္
မည္။

ေခါင္ေလးသည္ ဒီေလာက္ျပသနာအ႐ႈပ္ထုတ္ေတြ
မ်ားရသည့္ၾကားထဲက ျပသနာမီးခြက္ထြန္း႐ွာေသာ
ခန္႔ပိုင္ကို ေဒါသထြက္လြန္းသျဖင့္ မ်က္ႏွာကို
ခပ္ၾကမ္းၾကမ္း ပြတ္မိ၏။

"႐ွာေတြ႔ ခဲ့လား... "

အျပင္က ျပန္လာေသာ မိုးေဇတို႔ကို ေမးလ်ွင္..
ေခါင္းတြင္တြင္ယမ္းျပေသာေၾကာင့္ ေခါင္ေလးသည္
တစ္ရြာလံုးေျမလွန္ျပစ္ခ်င္စိတ္ကို ထိန္းမရျဖစ္လာသည္။

"ဘာလိုမေတြ႔တာလဲ... ခဏေလးအတြင္း သူတို႔ကဘယ္ကိုသြားႏိုင္မွာမလို႔လဲ...ေခြးေကာင္ ခန္႔ပိုင္ ေတြ႔လို႔ကေတာ့
အေသသတ္ပစ္မယ္!!"

ၾက္ိမ္းလ်ွင္ ႀကိမ္းသည့္အတိုင္း တကယ္လုပ္ေတာ့မည္ကို
ရိပ္မိေသာ မိုးေဇက.. ခန္႔ပိုင္အတြက္ စိုးရိမ္သြားကာ..

"ေဟ်ာင့္!!!မင္း ခန္႔ပိုင္ကို ဘာမွထိစရာမလိုဘူး...
ဆြဲမထည့္နဲ႔"

"ဘာ!!!! ခန္႔ပိုင္က္ုိ ထိစရာမလိုဘူးဟုတ္လား.. ဟမ္!?
ႏိႈင္းကို အဲ့သူေတာင္းစား ေခၚသြားတာကြ"

"အဲ့တာလဲ မင္းညီပဲေလ... ေစာက္လင္တ႐ူးၿပီး
ကိုယ့္ညီက္ုိယ္မျမင္ေတာ့ဘူးလား!!မင္း ငါ့ညီကိုသတ္ရင္
မင္းလည္း အသက္႐ွင္ရမယ္ မထင္နဲ႔!"

"ဘာ..လင္တ႐ူးတယ္... ဟာ! ..ခုမွ သတိရၿပီး
ငါ့ညီ ငါ့ညီ လို႔ လာလာေျပာမေနနဲ႔ ရြံစရာေကာင္းတယ္။
မင္းအေမမ်က္ႏွာ မျမင္လိုက္ရမွာစိုးလို႔ လူမုန္းခံၿပီး
တားေပးတဲ့ မ်က္ႏွာကိုမွမေထာက္ ဘာ... လင္တ႐ူးတယ္
အႀကီးေရာအငယ္ေရာ ေစာက္ေက်းဇူးကန္းတဲ့ေကာင္ေတြ..
ေစာက္စိတ္ဓာတ္ေတြက ဟိုးေအာက္ဆံုးမွာ....ႏိႈင္း
တစ္ခုခုျဖစ္ၾကည့္စမ္း.. အမ်ိဳးေတာ္ေနရင္ေတာင္
မင္းတို႔နဲ႔ေတာ္ေနနဲ႔ေသြးတစ္ဝက္က္ုိေဖာက္ထုတ္ၿပီး
မင္းတို႔အကုန္လံုးကို သတ္ပစ္မယ္"

ေခါင္ေလးသည္ စိတ္လိုက္မာန္ပါျဖင့္ေျပာၿပီးေနာက္
လူကပူထူေနကာ စကားေတြကို ေျပာသင့္လားမေျပာသင့္
လား မစဥ္းစားႏိုင္ေတာ့ေပ။

ခန္႔ပိုင္မ်ား ႏိႈင္းကိုတစ္ခုခုလုပ္လိုက္ရင္ ဟူသည့္
အေတြးက စိတ္ကိုပို၍ ေျခာက္ျခားလာေစ၏။ နာက်င္
ရတာမ်ားေနၿပီျဖစ္ေသာ ႏိႈင္း စိတ္ခံစားခ်က္ေတြကို
သူအႀကိမ္ေပါင္းမ်ားစြာ ကုစားေပးဖို႔ႀကိဳးစားခဲ့သည္။
ေႏြးကို ဆက္ေဟး ေခၚသြားၿပီး အႏိုင္က်င့္တုန္းကလို
ႏိႈင္း ျဖစ္သြားမွာ သူေၾကာက္ေနသည္။ေတြးမိရံုနဲ႔တင္
လူကေဇာေခြၽးတို႔ ပ်ံလာၿပီး ဂနာမၿငိမ္ျဖစ္လာ၏။

ကြၽန္ေတာ္မရိွရင္ ႏိႈင္းေၾကာက္ေနမွာ ...ႏိႈင္း က ကြၽန္ေတာ္
မရိွပဲမေနတတ္ဘူး။ ဤကဲ့သို႔စကားလံုးေတြကို
သူအႀကိမ္ႀကိမ္ေျပာေနခဲ့ေပမယ့္ တကယ္တမ္း
ႏိႈင္း မရိွပဲမေနႏိုင္တာ ကြၽန္ေတာ္ျဖစ္ၿပီး... ႏိႈင္းမရိွပဲ
အသက္႐ွင္ေနထိုင္ရမည္ကို ကြၽန္ေတာ္ ေၾကာက္သည္။
ႏိႈင္း ခႏၶာ ကိုယ္ကို အလိုမတူပဲ တစ္ျခားသူ
ထိေနမွာကို ေၾကာက္သည္။

"ဘုန္းထြဋ္ေခါင္လ်ွံ... မင္း မမိုက္႐ိုင္းနဲ႔ "

"မိုက္႐ိုင္းေတာ့ -ီ း ျဖစ္လား"

ေခါင္ေလးသည္ ေဒါသဆူလြယ္သည့္တိုင္ စိတ္မထိန္းႏိုင္
ေတာ့ပဲ မိုးေဇ ကို ထိုးဖို႔လက္သီးရြယ္ၿပီးမွ ေလထဲမွာ
တန္႔သြားၿပီး ခ်က္ခ်င္းျပန္႐ုပ္လိုက္မိသည္။ မျဖစ္ဘူး
သူရႏ္ုျဖစ္လို႕မရဘူး။ကြၽန္ေတာ္ရန္ျဖစ္ရင္ နာမယ့္ သူက
ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ဘူး။မ်က္လံုးမ်ား
ေသလ်က္ ေျခာက္ျခားေနေသာ သူ႔ကို မိုးေဇက
ထိုးဖို႔ျပန္ရြယ္လာလ်ွင္... သူ အျမန္ေ႐ွာင္လိုက္ကာ
ေဆာင့္ေၾကာင့္ေလးထုိင္၍ လက္အုပ္ေလးခ်ီလိုက္မိၿပီး...

"ငါ့ကို မထိုးနဲ႔ေနာ္... မလုပ္နဲ႔ပါနဲ႔... ငါေတာင္းပန္ပါတယ္ "

သူတို႔အားလံုးဟာ ေခါင္ေလး၏ အျပဳအမူေၾကာင့္ တအံ့တျသ ျဖစ္သြားၾကသည္။

မိုးေဇႏွင့္ ဘုန္းထြဋ္ေခါင္လ်ွံ ကို စိုင္းလ်န္ေရာ ရဲေဇာ္ပါ
ဝင္မဆြဲရဲေပ။ အသုဘၿပီးသြား ခ်ိန္မို႔ အိမ္တြင္သူတို႔ကို
တားမည့္သူမရိွ။သို႔တိုင္ ဘယ္ေသာအခါမ်ွ ေတာင္းပန္
သည့္အေလ့အထမရိွေသာ ဘုန္းထြဋ္ေခါင္လ်ွံဟာ
အဘယ္ေၾကာင့္မ်ား.....

"မင္း ..ဘာလုပ္တာလဲ"

မိုးေဇပင္ ရြယ္ထားသည့္လက္ကို သတိမရ။တကယ္ဆို
လက္ေဝွ႕ပြဲတိုင္း ေအာင္ပြဲခံလာေသာ ဘုန္းထြဋ္ေခါင္လ်ွံ
ဟာ သူ႔ထက္ လက္ရည္သာသည္ မဟုတ္လားေလ။

"ေခါင္ ""ကိုက္ုိ"

"မလုပ္ပါနဲ႔..."

တုန္းယင္ေနေသာ အသံဟာ သူထိခိုက္နာက်င္မွာကို
ေၾကာက္ရြံ၍မဟုတ္... သူတစ္ခုခုျဖစ္လ်ွင္ ႏိႈင္းပါ
နာက်င္မည္ကို ေၾကာက္၍ ျဖစ္သည္။ သူ နဲ႔ႏိႈင္း
ကံစပ္ေနသည္ဟု အတိအက်သိလိုက္ရသည့္ ေန႔မွာ
သူေပ်ာ္ရႊင္ေနခဲ့သည္မဟုတ္ေပ။ စိတ္ျမန္လက္ျမန္ႏွင့္
ရန္မ်ားလွေသာ သူဟာ... သူ႔ေၾကာင့္ ႏိႈင္း ဘယ္ေလာက္
ေတာင္မွ ထိခိုက္နာက်င္ရၿပီးၿပီလဲ။ေနာက္ထပ္ေရာ
ဘယ္ေလာက္ေတာင္ ထိခိုက္နာက်င္ဦးမည္လဲ ဆိုသည္
ကို ပို၍စိုးထိတ္သျဖင့္ ကံၾကမၼာဆက္ႏြယ္မူကို
မုန္းေနခဲ့သည္။သူဘယ္ေလာက္ပဲ နာက်င္ရ နာက်င္ရ
ခံႏိုင္ရည္ရိွ သည္ဆိုေသာ္ျငား ခ်စ္ရသူကိုေတာ့
ႏွင္းဆီဆူးေလးပင္ အဆူးမခံႏိုင္ေပ။

"ငါ့ကိုမထိုးပါနဲ႔ ေတာင္းပန္ပါတယ္... ငါမေျပာေတာ့ပါဘူး..."

"ငါ မင္းကို ဘာမွမလုပ္ဘူး....မလုပ္ဘူး"

မိုးေဇသည္ လက္ႏွစ္ဖက္ကို ေျမာက္ျပၿပီး အ႐ွံုးေပးသလို
ေျပာလ်ွင္ မ်က္ရည္ ရစ္သိုင္းေနေသာသူဟာ
ေခါင္းငံု႔ထားရာမွ ေမာ့ၾကည့္လ်က္ ခ်က္ခ်င္းပင္
အျပင္သို႔ေျပးထြက္၏။

"ကိုက္ုိ "

စိုင္လ်န္က စိတ္ပူစြာ ေအာ္လ်က္ လိုက္ေျပးဖို႔ ၾကံေနလ်ွင္
မိုးေဇက လွမ္ဆြဲလိုက္ၿပီး...

"ဒါ ကေလး ပါရမယ္ကိစၥမဟုတ္ဘူး... ကိုယ္သိတယ္..
ခန္႔ပိုင္က စိတ္ေျပလက္ေပ်ာက္ ခဏထြက္သြားတာ
.... ျပန္လာမွာ... !"

"ဒါေပမယ့္ ကိုႏိႈင္း က "

"မပူပါနဲ႔ ... ခန္႔ပိုင္က စဥ္းစားတတ္မွာပါ"

မိုးေဇက အက်ယ္အက်ယ္ေတြ ထပ္မျဖစ္ခ်င္သလို
ဘုန္းထြဋ္ေခါင္လ်ွံ ေတြ႔ေအာင္လိုက္႐ွာမည္ကို
ယံုၾကည္ေနသျဖင့္ အိမ္ကေစာင့္ေနဖို႔သာ ဆံုးျဖတ္လိုက္
သည္။ ကိုယ့္ညီကိုယ္ ျပန္သတ္ရေလာက္ေအာင္ထိ
ဘုန္းထြဋ္ေခါင္လ်ွံ က မိုက္႐ူးရဲ မဆန္ေလာက္ဘူးဟုသာ...။

"ငါ လိုက္သြားမယ္... "

ထိုစဥ္ ရဲေဇာ္က သူတို႔ႏွစ္ေယာက္ ကိုေျပာၿပီး
ေခါင္ေလးထြက္သြားသည့္ေနာက္... ေျပးလိုက္သြား၏။
တူညီသည့္အမွားမ်ိဳး ထပ္ခါထပ္ခါ မက်ဴးလြန္မိဖို႔
ကြၽန္ေတာ္တို႔ ႀကိဳးစားရမည္။

........

စိမ္းလန္ေသာ ေတာင္တန္းႀကီးကို ေဖာက္လုပ္ထားသည့္
ကမာၻ႕သက္တမ္းအ႐ွည္ဆံုး ဂုတ္ထိပ္တံတားဟာ
ေနာင္ပိန္ႏွင့္ ေနာင္ခ်ိဳ ကို ကူးသန္းသည့္ ရထားလမ္း
တစ္ခုျဖစ္သည္။ ခန္႔ပိုင္သည္ ဘယ္သြားလို႔သြားရမည္မသိ
သျဖင့္ ရြာအနီးရိွ ဂုတ္ထိပ္တံတားကိုသာ ႏိႈင္းႏွင့္အတူတူ
ခိုးထြက္ခဲ့လိုက္ျကသည္။

"ဝိုး...အရမ္းလွတာပဲ "

တံတားဟာ အရမ္းျမင့္လြန္းတာေၾကာင့္ အျမင့္ေၾကာက္
သူေတြသြားဖို႔ရန္ေတာ့မသင့္ေပ။ ႏိႈင္းသည္ ေလတျဖဴးျဖဴး
တ္ုိက္လ်က္ တလႊင့္လႊင့္ျဖစ္ေနရျခင္းကို သေဘာက်ကာ
တံတားေပၚ ေျပးသြား၍ လက္ႏွစ္ဖက္ကို ဆန္႔တန္းၿပီး
မ်က္ႏွာေလးေမာ့လ်က္ မ်က္လံုးေတြမိွတ္ထား၏။ ႐ွဴ႐ိုက္သြင္းလိုက္သည့္ ေလေတြဟာ စိမ္းလန္းၿပီး တစ္ကိုယ္လံုးကို
ေပါ့ပါးလန္းဆန္းသြားေစသည္။

"Wow"

ခန္႔ပိုင္က အသံက်ယ္က်ယ္ ျဖင့္ ကုန္းေအာ္လ်ွင္
ေတာင္တန္းမ်ားဆီက ပဲ့တင္႐ိုက္သံျပန္ထြက္လာသည္။

"ဝါး...မိုက္တယ္...ငါလည္း ေအာ္ၾကည့္မယ္"

"ေအာ္ၾကည့္.. "

ႏိႈင္းသည္ ခန္႔ပိုင္နည္းတူ မ်က္စိစံုမွိတ္ၿပီး ရိွသမ်ွအသံ
အသကုန္ ျခစ္ေအာ္လိုက္၏။

"Wow"

ထိုအခါ ေတာင္တန္းမ်ားဆီက ပဲ့တင္သဲထပ္မံထြက္ေပၚ
လာလ်ွင္ ႏိႈင္းက အေပ်ာ္ႀကီးေပ်ာ္လ်က္ ႏွစ္ၿခိဳက္စြာ
ရယ္ေလသည္။

"ဘယ္လိုလဲ ေနလို႔ေကာင္းသြားလား"

ေခါင္း ကို ဘယ္ညာရမ္းလို႔ ႏိႈင္းက ပတ္ပတ္လည္ရိွ
ေတာင္တန္းႀကီးေတြကို ၾကည့္ကာ...အသက္ဝဝ႐ွဴ
လ်က္....

"ဘုန္းထြဋ္ေခါင္လ်ွံ... ငါ မင္းကို မုန္းတယ္..........
မုန္းတယ္... မုန္းတယ္......!!!!!"

"ဟားဟား..."

ထိုအခါ ခန္႔ပိုင္က အရယ္ရဆံုး ဟာသတစ္ခုလို အားရပါရ
ကုန္းရယ္လ်က္ ရထားလမ္းႀကီးေပၚမွာ ပက္လက္လွဲခ်
လိုက္သည္။ ၾကည္လင္ေသာ ေကာင္းကင္မွာ တိမ္မ်ွင္တို႔
ရိွမေနပဲ အျပာေရာင္ျခယ္ေနျခင္းကို ၾကည့္လ်က္
လက္လွမ္းလိုက္ၿပီး...

"အေမ .. ေနာက္ဘဝမွာ မိသားစုအသစ္နဲ႔ ေပ်ာ္ပါေစ...
ႏႈတ္ဆတ္ပါတယ္ အေမ..."

ႏႈတ္မွ တိုးတိုးေလး ေရရြတ္ေနစဥ္ ႏိႈင္းကလည္း
သူ႔နည္းတူလွဲခ်ကာ ေကာင္းကင္ကို လက္လွမ္းလိုက္ၿပီး...

"2နာရီနဲ႔ 3 စကၠန္႔ "

"ဟင္.. အဲ့ေလာက္ပဲရိွေသးတာလား "

ခန္႔ပိုင္က မယံုႏိုင္စြာ နာရီးကို ၾကည့္လိုက္လ်ွင္
ညေနေလးနာရီ စြန္းစြန္းကို ေရာက္ေနၿပီး ျဖစ္ေၾကာင္း
ေတြ႔လိုက္ရသျဖင့္ မ်က္ခံုးမ်ားပင့္လ်က္..

"နာရီေတာင္မၾကည့္တတ္ဘူးလား"

ထိုအခါ ႏိႈင္းက မ်က္လံုးမ်ားမွိတ္ကာ ႏႈတ္ခမ္းတို႔
ေကာ့ၫႊတ္လ်က္ ျပံဳး၍...

"ေမာင့္ နားက ထြက္လာတာ ႏွစ္နာရီႏွင့္ ငါး စကၠန္႔
ရိွသြားၿပီ"

"အဟက္... အဲ့ေလာက္ေတာင္ မုန္းလား"

"အဲ့ထက္ ပိုမုန္းတယ္"

ခန္႔ပိုင္သည္ မႏိုင္ဘူးဟူေသာ သ႑န္ျဖင့္ ေခါင္းယမ္းလ်က္
မ်က္လံုးမ်ားမွိတ္လိုက္စဥ္...ရထားလာသည့္အသံကို
ၾကားရသျဖင့္ ႏွစ္ေယာက္သား ထေျပးၾကေတာ့သည္။

"ကိုႏိႈင္း... ထ...ထ"

"ေျပး ေျပး...ဟား...ဟ..ျမန္ျမန္ေျပ...ဟ"

"ေျပးေနတာပဲေလ....ရား"

တံတားႀကီးေပၚ ေျပးလ်က္ ရယ္ေနၾကေသာ ေကာင္ေလး
ႏွစ္ေယာက္ဟာ အပူအပင္ေတြနဲ႔ ေခတၱေဝးသြားၾကေလ
သည္။ ေက်းငွက္တို႔ ေတာင္ပံျဖန္႔ပ်ံသန္းေနၾကၿပီး
တံတား၏ ေအာက္ေျခတြင္ ေခ်ာင္းေသးေသးေလးရိွလ်က္
ေတာင္ေပၚမွ ေရတံခြန္သဖြယ္ ေရက်သံတို႔လည္း
စည္းခ်က္ညီစြာ ထြက္ေပၚလ်က္ရိွေနသည္။ သဘာဝအတိုင္း
လွပလ်က္ ရိွေသာ ဤပန္းခ်ီကားခ်က္ႀကီးအား
အခ်စ္နဲ႔အတူတူ ခံစားခြင့္ ရလ်ွင္ ဘယ္ေလာက္ေတာင္
သက္ဝင္လႈပ္႐ွားေနလိမ့္မည္မသိ။

.....

"ဟင့္.... အင့္ "

လွည့္ပတ္႐ွာေနရင္း သူ ႐ူးခ်င္ေနေပၿပီ။ ေနလံုးႀကီးဟာ
အေနာက္ဘက္အရပ္သို႔ တျဖည္းျဖည္း ဝင္ေရာက္သြား
ခဲ့ၿပီး မၾကာမီ ေမွာင္ရိပ္သမ္းလာလ်က္ တစ္ျခမ္းပဲ့ေနေသာ
လမင္းႀကီးဟာ အလင္ေရာင္ခပ္သဲ့သဲ့ျဖင့္ ကမာၻေျမကို
အလင္းေပးဖို႔ ႀကိဳးစားလာသည္။

"ႏိႈင္း ဖုန္းေလး ဖြင့္ေပးပါကြာ... ေမာင္ေတာင္းပန္ပါတယ္။
ေမာင္ ႐ူးေတာ့မယ္ "

"ခန္႔ပိုင္က ႏိႈင္းကို ဘာလုပ္ေသးလဲဟင္။ မေၾကာက္ရဘူး
ေနာ္... အဲ့ေကာင္ကို ျပန္ခ်ေနာ္ "

"အာ.... ႏိႈင္း.. ေမာင္ စိတ္ေတြအရမ္းပူေနၿပီ ။ေမာင့္
စာေတြ ေတြ႕ရင္ ဖုန္းျပန္ေခၚပါႏိႈင္းေရ"

"ခင္ဗ်ား...ကြၽန္ေတာ့္စာေတြ မဖတ္ပဲ ေနရဲတယ္ဟုတ္လား။
ကြၽန္ေတာ္ကို ဘာမွလည္း မေျပာပဲထြက္သြားေသးတယ္။
ခင္ဗ်ား...ဘယ္က သတၱိေတြနဲ႔လုပ္ရဲတာလဲ။ကြၽန္ေတာ္
မေတြ႔ေအာင္ပုန္းေန...ျပန္ေတြ႕လို႔ကေတာ့...ျပန္ေတြ႔လို႔
ကေတာ့... ... ဘယ္မွ ထြက္သြားလို႔မရေအာင္
ဖတ္ထားမွာ"

ေခါင္ေလးသည္ စာေတြတစ္ေစာင္ၿပီးတစ္ေစာင္ပို႔ၿပီးေနာက္
လမ္းေပ်ာက္ေနေသာ ကေလးငယ္လို ေတာတြင္၌
ငိုေႂကြးေနသည္။ ဘဝမွာ အခ်စ္ဆိုသည္ကို အယံုအၾကည္
မရိွခဲ့ေသာသူဟာ... ႏိႈင္းကိုေတာ့ ႐ူး႐ူးမူးမူး ခ်စ္မိသည္။
အျပင္မွာ ဘယ္ေလာက္ပဲအခက္အခဲေတြရင္ဆိုင္ရ
ရင္ဆိုင္ရ... ႏိႈင္းအနားေရာက္လ်ွင္ အရာအားလုံး
ၿငိမ္းခ်မ္းသြားရၿပီး လံုျခံဳ စိတ္ခ်သြားသလို ခံစားရသည္။
ႏိႈင္းရင္ခြင္ထဲ ေခါင္းတိုးၿပီး အိပ္လိုက္လ်ွင္ စိတ္ပင္ပမ္းသမ်ွ
အကုန္ေျပေပ်ာက္သြားရ၏။ ႏိႈင္း အျပံဳးေလး
ေတြက စံပယ္ပြင့္ေလးလို ျဖဴစင္လ်က္ ေအးခ်မ္းသည္မို႔
အျမဲျမင္ေတြ႔ခ်င္ေနသည္။ခ်စ္သည္... ႏိႈင္းရဲ႕အရာရာတိုင္းကို ခ်စ္သည္မို႔ သီးသန္႔နာမည္ေလးတစ္ခုနဲ႔ပင္ ကန္႔သတ္
မထားႏိုင္ေလာက္ေအာင္ ျဖစ္ေနခဲ့ရသည္။ ဒါကို အခ်စ္က
ဘယ္သူေတြနဲ႔ နာမည္မွားေခၚတာလဲလို႔ ေမးတဲ့အခ်ိန္
သူ မေျဖတတ္ခဲ့ပါ။သူ ခႏၶာကိုယ္တြင္းရိွ အူ၊အသည္း၊ႏွလံုးသား၊ ေက်ာက္ကပ္အားလံုးဟာ ႏိႈင္းဆိုသည့္ ခ်စ္ရေသာ
ပိုးတံုးလံုး ေလးႏွင့္သာ တည္ေဆာက္ထားရပါ၏။

"ႏိႈင္း ေမာင့္ကို အၾကာႀကီးပစ္မထားပါနဲ႔...
ေမာင္မေနတတ္လို႔ ျပန္လာပါေတာ့ေနာ္ ..."

ေခါင္ေလးသည္ မ်က္ရည္ကိုသုတ္လ်က္ လက္ႏိုပ္ဓာတ္မီး
ကို ဖြင့္လို႔ ႏိႈင္းကို ဆက္႐ွာ၏။ မ်က္ရည္မက်တတ္ေသာ
သူဟာ ဒီလူသားကို ဆံုး႐ွံဳးရမွာေၾကာက္သည့္စိတ္ျဖင့္
အႀကိမ္ေပါင္းမနဲ မ်က္ရည္ေတြ က်တတ္ေနခဲ့ၿပီျဖစ္သည္။

ႏိႈင္း ေပ်ာက္သြားတာေတာင္ မသိရေကာင္းလားဟူ၍
ကိုယ့္ကိုယ္ကိုယ္ အျပစ္ေပးခ်င္ေသာ္လည္....သူ ေသြးထြက္
သည္ထက္ ႏိႈင္းေသြးထြက္မည္ကို စိုးရိမ္ကာ..
စိတ္ထြက္ေပါက္အျဖစ္ ဘာကိုမွသူမလုပ္ရဲေပ။
ႏိႈင္းသိရဲ႕လား.. ေမာင္ေတာင္ ဒီေလာက္ထိစိုးရိမ္ျပီး
ေၾကာက္ေနရင္ ေမာင့္ကိုအရမ္းခ်စ္တဲ့ႏိႈင္းသာဆို...။

ဟူး...။

ညေရာက္လာၿပီႏိႈင္းရဲ႕ ေမာင္တစ္ေယာက္တည္း
ဘယ္လိုအိပ္ရမွာလဲ ။ ေက်းဇူး ျပဳၿပီး....။

.......

ၾကယ္ေတြေတာင္ ထြက္လာခဲ့ၿပီး ျဖစ္၏။ ေႏြရာသီ
ျဖစ္ေသာ္ျငား ေတာင္ေပၚကေတာ့ ေလတျဖဴးျဖဴးႏွင့္မို႔
ေအးသည္။ ခန္႔ပိုင္နဲ႔သူဟာ ေကာ္ဖီခြက္ေလးေတြ
ကိုယ္စီကိုင္ၿပီး စကားလည္းမေျပာျဖစ္ၾကပဲ
အေတြးကိုယ္စီျဖင့္ ၿငိမ္သက္ေနခဲ့သည္။

ႏိႈင္းသည္ ေကာ္ဖီေလးကို ေသာက္လိုက္ၿပီး
ေမာင့္ကို လြမ္းစိတ္ပိုလာသည္။ တ႐ုတ္နယ္စပ္မွာတုန္းက
ေမာင္တိုက္ခဲ့သည့္ ေကာ္ဖီဟာ ေသာက္ဖူးသမ်ွ ေကာ္ဖီ
ေတြထဲမွာ အရသာအရိွဆံုးျဖစ္သည္။ မီးပံုနံေဘး
အတူတူထိုင္ရင္း ကြၽန္ေတာ့္လက္ေတြကိုဆုပ္ကိုင္
ထားေပသည့္ ေမာင့္လက္ကို သတိရသည္။
ၾကယ္ေတြကို လက္ညိဳးထိုးၿပီး မိဘေတြ ဘေဘာမတူရင္
ကြၽန္ေတာ့္ရဲ့ အိမ္ေထာင္ဦးစီး လုပ္ၿပီး ပိုက္ဆံေတြ
သိမ္း မည္ဟုေျပာေသာ ေမာင့္ပံုရိပ္ေတြဟာ
အားရံုထဲမွာ တရိပ္ရိပ္ထင္းလာခဲ့သည္။အဲ့ဒီေန႔က
ေဆာင္းတြင္းျကီး အေအးလိႈင္းျဖတ္ခဲ့ေပမယ့္ ေမာင္ရိွေနလို႔
ေႏြးေထြးေနခဲ့သည္။ အခုေတာ့ ေႏြရာသီရဲ႕
ေတာင္ေပၚေလ.. ေလးကိုေတာင္ သူခံႏိုင္ရည္မရိွေတာ့ေပ။
ေအးစက္ေနကာ... ဖက္ထားေပးမည့္ လက္တစ္စံုက္ုိ
လြမ္းသည့္စိတ္က ရင္ဘတ္ႏွင့္အျပည့္ တင္းက်ပ္လို႔
လာခဲ့ပါ။

"ခင္ဗ်ား ငိုေနတာလား "

"မငိုပါဘူး "

"မင္ေရာ....ငိုေနတာလား"

"မငိုပါဘူး "

ကြၽန္ေတာ္တို႔ႏွစ္ေယာက္လံုးသည္ မ်က္ဝန္း၌ မ်က္ရည္ေတြ
အျပည့္ျဖစ္ေသာ္လည္း လိမ္ညာေနခဲ့ၾက၏။

ခန္႔ပိုင္သည္ တုတ္ကေလးႏွင့္ ေျမႀကီးေပၚ ပံုဆြဲရင္း
အစ္ကိုျဖစ္သူရဲ႕ ပံုရိပ္ေတြကို ေတြးေနခဲ့သည္။

"မင္းက ငါ့အစ္ကိုလား"

"ဟင္...ငါမသိဘူး"

အသံေတြကို ျပန္ၾကားေယာင္မိတုိင္း တစ္ခါပိုစိတ္တိုရသလို
တစ္ခါပိုဝမ္းနည္းလာသျဖင့္ ဆြဲေနမိသည့္ပံုက္ုိ တုတ္ျဖင့္
ျပန္ျခစ္ပစ္လိုက္ပါ၏။ အလကား လူ...။

"ကြၽန္ေတာ္ အိပ္ေတာ့မယ္... ခင္ဗ်ားမအိပ္ေသးဘူးလား"

"အင္.. မအိပ္ေသးဘူး။ ခဏေနမွ အိပ္မယ္"

ခန္႔ပိုင္သည္ သက္ျပင္းခ်လ်က္ ရြက္ဖ်င္တဲေလးထဲ
ဝင္ခဲ့ပါ၏။ ဒီေလာက္ထိ အခ်စ္ႀကီးတဲ့လူ မေတြ႔ဖူးပါဘူးဗ်ာ။
ရဲေဇာ္ ဆိုသည့္လူကေကာ...အခ်စ္ရိွရဲ႕လား..။ သူလည္း
ဘာထူးလို႔လဲ... ကိုေလးနဲ႔အတူတူပဲ... မုန္းစရာႀကီး ။

........

"ကြၽန္ေတာ္ ခင္ဗ်ားကို အရမ္းလြမ္းေနၿပီ.... ဘယ္မွာလဲ
ဗ်ာ ။ ကြၽန္ေတာ္ အရမ္းဆိုးလို႔ ဒဏ္ခတ္တယ္ဆိုရင္
တစ္ျခားနည္းနဲ႔ အျပစ္ေပးပါဗ်ာ...ကြၽန္ေတာ္ အခုကစၿပီး
လိမၼာ ပါ့မယ္... ေတာင္းပန္ပါတယ္ဗ်ာ "

တေျဖးေျဖး နဲ႔ ညည့္နက္လာခဲ့ၿပီျဖစ္၏။ ေမွာင္ရိပ္ႀကီး
စိုးေနျခင္းက အခ်စ္ေပ်ာက္ျခင္းေလာက္ ေၾကာက္စရာ
မေကာင္းေပ။

"ႏိႈင္း ခင္ဗ်ား ဒီထက္ပိုပုန္းေနရင္.. ကြၽန္ေတာ္ ခင္ဗ်ားနဲ႔
လမ္းခြဲမွာေနာ္.... မဟုတ္ဘူး... မဟုတ္ဘူး...
ကြၽန္ေတာ္ ခင္ဗ်ားကို အရမ္းခ်စ္တယ္ ...
ကြၽန္ေတာ့္က္ုိ ထားၿပီး ထြက္မသြားနဲ႔ေနာ္... ျပန္လာေပးပါ
ေတာ့ ဗ်ာ"

ေခၚလို႔မရသည့္ ဖုန္းကို ဆက္တိုက္ေခၚရင္း စာေတြအဆက္မျပတ္ ပို႔ေနခဲ့သည္မို႔ ဖုန္းအားပင္ ကုန္၍ စက္ပိတ္သြား
ခဲ့ေလၿပီ။ မၾကာခင္ဓာတ္ခဲအားကုန္ေတာ့မည္ ျဖစ္ေသာ
လက္ႏိုပ္ဓာတ္မီးကိုၾကည့္၍ .. အားျပတ္စြာ ေျမႀကီးေပၚ
ထိုင္ခ်လိုက္၏။

"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ႏိႈင္းကို... ကြၽန္ေတာ့္ဆီျပန္ေပးပါ
ေတာ့ဗ်ာ....ကြၽန္ေတာ္ အရမ္းလြမ္ေနၿပီ"

သူျပင္းပ်စြာ ဆုေတာင္းမိစဥ္ ေတာင္ေပၚမွ မီးလင္းေနေသာ
ရြက္ဖ်င္တဲေလးတစ္ခုကို လွမ္းျမင္လိုက္ရေလသည္။

.........

ႏိႈင္းသည္... ဟိုဘက္လွည့္လိုက္ သည္ဘက္လွည့္လိုက္ျဖင့္
အိပ္မေပ်ာ္ပဲရိွေနသည္။ အိပ္ယာဝင္တိုင္း ေမာင္က သူ႔ကို
က်ယ္ျပန္႔သည့္ရင္ခြင္ထဲ လံုျခံဳေႏြးေထြးစြာ အိပ္စက္ေစခဲ့သည္။ေမာင့္ရင္ဘတ္ေပၚ ေခါင္းေလးအံုးၿပီး တစ္ညလံုး
အိပ္ေနသမ်ွ ေလးတယ္ဆို၍ တစ္ခါမွဖယ္ခ်ဖူးသည္
မရိွေပ။ အိမ္မက္ဆိုးေတြ မမက္ေအာင္ ေမာင္ရိွ
တယ္ေနာ္ဟူ၍ ေျပာေပးတတ္ေသာေမာင့္က္ို
ကြၽန္ေတာ္ဟာ ဘာေၾကာင့္မ်ား မခ်စ္ဘူးဟုထင္ခဲ့မိသည္
မသိ။ အရင္ကေတာ့ အနားမွာ ရိွေနေပးရင္ ေက်နပ္ၿပီ
ဆိုၿပီး ေနာက္ေတာ့ လာဘႀကီးလာမိကာ တစ္ေယာက္
တည္းပိုင္ဆိုင္ခ်င္လာသည္။ မင္းတစ္ေယာက္တည္း
ပိုင္ခ်င္ရေအာင္ ေမာင္က ႐ုပ္ေသး႐ုပ္မွမဟုတ္တာ။
မင္းက တကယ္ ေလာဘႀကီးတဲ့ေကာင္ပဲ...။

ႏိႈင္းသည္ အလြမ္းဒဏ္ကို မခံႏိုင္ေတာ့သည့္အဆံုး
ကိုယ့္ကိုယ္ကိုယ္ပင္ အျပစ္ျပန္တင္မိကာ ထထိုင္လိုက္ၿပီး
စက္ပိတ္ထားေသာ ဖုန္းကို ဖြင့္လိုက္၏။ အနဲဆံုးေတာ့
ဓာတ္ပံုေလးၾကည့္ၿပီး အလြမ္ေျဖမည္ဟူေသာ
စိတ္ကူးေလးႏွင့္ျဖစ္ေသာ္လည္း... ဖုန္းဖြင့္ဖြင့္ခ်င္း
ျမင္လိုက္ရသည့္ စာေတြဟာ ႏွလံုးသားတစ္ခုလံုးကို
တင္းက်ပ္ဆို႔နင့္ေစလ်က္ ႐ူးက်ံဳးမရျဖစ္သြားရေစသည္။

ထို႔အတူ ေမာင္ ဒီခ်ိန္ထိ သူ႔ကို႐ွာေနတုန္းလား...
ဟူသည့္အေတြးက သူ႔ကို ၾကက္သီးထသြားေစ၏။ဒီေလာက္
ညည့္နက္ေနၿပီကို သရဲေၾကာက္တတ္သည့္ေမာင္က...
မျဖစ္ႏိုင္တာ။ ႏိႈင္းသည္ စိုးရိမ္စိတ္တို႔ျဖင့္ေမာင့္ဖုန္းကိုေခၚ
လိုက္ေသာ္လည္း စက္ပိတ္ထားသည္ႏွင့္သာတိုးသျဖင့္
ဘာမွစဥ္းစားမေနႏိုင္ေတာ့ဘဲ ခ်က္ခ်င္းပင္ တဲအျပင္သို႔
ေျပးထြက္ လိုက္၏။ ထိုစဥ္...ေတာင္ေပၚသို႔ ေျပးတတ္လာ
ေသာ္ လူရိပ္သ႑န္ဟာ ေမာင္ျဖစ္ေနခဲ့လ်ွင္....

"ေမာင့္! "

ေခါင္ေလးသည္ ေတာင္တတ္္ရ၍ ေမာဟိုက္ေနရာမွ
တစ္ခ်ိန္လံုး႐ွာေဖြေနခဲ့ေသာ ခ်စ္သူအသံေလးကို
ၾကားလိုက္ရလ်ွင္...

"ႏိႈင္း !"

ဘယ္ေတာ့မွ မလြတ္ေအာင္ဖတ္ထားေၾကးေနာ္
ခ်စ္သူေရ....။

....................

Love you all💚

...........

ဂုတ္ထိပ္တံတား🤗


...........

Continue Reading

You'll Also Like

423K 25.9K 43
[ Zawgyi ] ---------------- မဆံုသင့္တဲ႔လူသားနွစ္ေယာက္ကိုဆံုေစခဲ႕တဲ႔ကံႀကမၼာဟာ ......... ဘာျဖစ္ေစခ်င္လို႔ပါသလဲ ??? မဆံုနိုင္ျခင္းတို႕ျခားနားထားတဲ႕လူ...
1.9M 131K 69
Under Editing !!! မှားယွင်းခဲ့တဲ့ ညတစ်ညအတွက် "တာဝန်ယူပါရစေ" ဆိုတဲ့စကားကို ကျန်ရှိနေတဲ့ ဘဝခရီးအတွက်လက်တွဲဖော် တစ်ယောက်အနေနဲ့ ဖြစ်ပေးပါ့မယ်လို့ ကျွန...
1.1M 66.4K 58
သူ႕နာမည္က ' ေတာ္၀င္မင္းခက္ထန္ ' တဲ့... ကြၽန္ေတာ့္ရဲ႕ ခက္ထန္ ၊ ကြၽန္ေတာ့္ကို မုန္းတဲ့ခက္ထန္ ၊ ကြၽန္ေတာ့္ကို ေျမႀကီးေပၚက သဲမႈန္႔ေလးလို စုပ္ေခ် ဖ်က္စီးပ...
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။