လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 6
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 7

1.7K 249 7
By Htoo-6

Unicode

Ah Mo, stay with me for a bit more...

အကြောင်းက ယခုလိုညလယ်ခေါင်ကြီးတွင် ​​ဆေးရုံမှာလူများများစားစားမရှိ။ ထပ်လောင်းပြောရလျှင် Su Yi Moက အထူးကြပ်မတ်ကုသဆောင်တစ်ခုလုံးကို  ကြိုတင်ယူထားသည်ဖြစ်ရာ တိတ်ပင်တိတ်ဆိတ်နေပေသေးသည်။ 

Su Yi Moက လမ်းလျှောက်နေရင်း စီးကရက်ရှာရန် သူ၏အိတ်များကိုလိုက်စမ်းသည်။ တစ်လိပ်ကိုဆွဲထုတ်၍ နှုတ်ခမ်းမှာတေ့လိုက်ကာ၊ ထို့နောက် ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး မီးခြစ်ကိုဆွဲထုတ်လိုက်သည်။ ဓာတ်လှေကားက မြန်မြန်ပဲရောက်လာ၏။ သူက အထဲသို့လှမ်းဝင်ပြီး အောက်ဆုံးထပ်ကားပါကင်သို့သွားဖို့ ခလုတ်နှိပ်လိုက်သည်။ 

မီးခြစ်မှ မီးလျှံသည် ထိုးထွက်လာပြီး မကြာခင်ငြိမ်းသွား၏။

Su Yi Moက စီးကရက်ကို ခင်ပြင်းပြင်းရှိုက်ကာ မီးခိုးလုံးများကို ဖြည်းဖြည်းချင်းမှုတ်ထုတ်သည်။ သူ၏ ပုံရိပ်ပင် မီးခိုးများကြား ဝေဝါးသွားရ၏။

Ran Feng Ge၏ ပြောစကားက ယခုထိအခြေအနေမကောင်းသေသော Jing Qiu Han ကိုသတိရသွားစေသည်။

အမှန်ပါပဲ...သေနတ်ထိမှန်ချိန်ကနေ အခုထိ လဝက်ရှိသွားပြီဖြစ်သော်လည်း ကိုမာဝင်နေဆဲဖြစ်သည်။

'Qiu Han...'

သူတို့တွင် ဘာဆိုဘာမှမပိုင်ဆိုင်ခဲ့စဥ်က သူ့ဘေးတွင် Jing Qiu Hanက အတူရှိခဲ့ပြီး အတူလျှောက်လှမ်းခဲ့ကြ သည်သာ။ ခက်ခဲသည့်ရက်များစွာတွင် တစ်ဦး​ကိုတစ်ဦးအားပေးခဲ့ကြသည်။ ဒါ့အပြင် သူ၏လုပ်ငန်းများ​ဖြစ်ထွန်းလာချိန်တွင် Jing Qiu Hanသည်လည်းကိုယ်စွမ်းကိုယ်စနဲ့ အောင်မြင်သည့်ကြယ်တစ်ပွင့်ဖြစ်လာခဲ့သည်။


Jing Qiu Han က သူ့ကုမ္ပဏီ၏ အရေးကြီးသောကြယ်တစ်ပွင့်ဖြစ်ရုံသာမက Su Yi Mo၏ အချစ်စစ်လည်းဖြစ်သည်။



ကားထဲတွင် ထိုင်ကာ Su Yi Moက တိတ်တဆိတ်ပဲ ဆေးလိပ်ကို ကုန်သည်အထိရှိုက်ဖွာ နေ၏။ ဆေးလိပ်ဖင်စီခံငုတ်တိုကို မီးငြိမ်းပြီးသည့်အခါတွင်တော့ သူ၏ မျက်နှာပေါ်ရှိ နာကျင်ခံစားရသည့် ဝေဒနာတို့ပျောက်ကွယ်သွားကာ ခိုင်ကြည်သည့်သန္နိ ဋ္ဌာန်တို့က အစားထိုးဝင်ရောက်လာသည်။

၄င်းတို့က မည်သူပဲဖြစ်ပါစေ ကိစ္စမရှိ ...Qiu Han ကို နာကျင်ထိခိုက်စေပြီးမှတော့ ထွက်ပြေးလွတ်မြောက်ဖို့ လမ်းကြောင်း မြင်ရမည်မဟုတ်။

ပြီးလျှင် Jing Qiu Hanကို နောက်ထပ် နာကျင်ထိခိုက်အောင် လုပ်ရန် အခွင့်အရေးမျိုးလည်း မည်သူ့ကိုမျှ ပေးမည်မဟုတ်။

အဲဒီလူစာထိုး....သူကတော့ ထိုလူတွေအာရုံကို ခဏတဖြုတ် ဆွဲထားနိုင်ကောင်းရဲ့... ထိုအချိန်အတောအတွင်း သူ့အားနည်းချက်ကို ဘယ်သူတွေပစ်မှတ်ထားနေလဲဆိုတာ ရှာဖွေနိုင်လိမ့်မည်။


လေထုပေါက်ကွဲသံနှင်အတူ အနောက်ရောင် Jaguarကားသည် ကားပါကင်မှ ဝူးခနဲမောင်းထွက်သွားသည်။ အေးစက်ပြီး လူတွေချဥ်းကပ်ရမှာကြောက်သည့် သူ၏ သခင်အတိုင်းပင်။



♦️


ပုံမှန်မဟုတ်သော အစားအသောက်တို့က မမြင်ရသောအန္တရာယ်အချို့ကို ချန်ထားခဲ့လေ့ရှိသည်။

ဂွမ်းကပ်အောက်တွင် ဗိုက်ကိုနှိပ်ရင်း Ran Feng Ge တိုးတိတ်စွာ ဆဲရေးလိုက်သည်။ သူ၏ မျက်ခုံးနှစ်ဖက် အနည်းငယ်ကျုံ့သွား၏။ သုံးရက်လောက် ငတ်မွတ်ခဲ့ရပြီးနောက် သူ မဆင်မခြင်စားသောက်ခဲ့သည်။ ရက်ရှည်နှိပ်စက်ခံခဲ့ရသည့်အစာအိမ်က အခုတော့ သူ့ကို တော်လှန်နေပြီ။


ရစ်ရစ်ပြီး နာကျင်မှုက နာ့ဗ်ကြောများအထိ ။ ခဲခဲယဥ်းယဥ်းအသက်ရှူနေရသည်။ နံဘေးဝဲယာစောင်းချင်သော်လည်း သူ့ကိုယ်တွင်တပ်ဆင်ထားသော ဆေးပိုက်အမျိုးမျိုးက ခွင့်မပြု။ သူတို့အကုန်လုံးကို ဖြုတ်ဖို့ရန် အများကြီးအားစိုက်ထုတ်ရဦးမည်။ ဆိုတော့ သူတစ်ခုမှ ဖြုတ်မနေတော့။ ဒါ့အပြင် စောင်းနေလိုက်သည်နှင့် နာကျင်မှုက အရှင်းပျောက်သွားမှာလည်းမဟုတ်​သောကြောင့်ပေ။ သူကိုယ်ပေါ်တွင် ဆေးအမြဲဆောင်ထားလေ့ရှိသော်လည်း ဆေးရုံအဝတ်အစားတို့လဲလှယ်စဥ်က ဆေးပုလင်းကို ပစ်ထုတ်လိုက်ပြီဖြစ်သည်။ သေမင်းချောက်ကမ်းပါးပေါ်က အပြင်းအထန်အနာရနေသူဟု သတ်မှတ်ခံထားရသူက လမ်းထလျှောက်ကာ ဆေးရှာနေ၍လည်း လုံးဝမဖြစ်နိုင်ပေ။



သေချာသည်က သူ့လို ငွေမက်သူတစ်ယောက်​အနေနဲ့ ကိုယ့်သေတွင်းကိုယ် တူးဖို့ လုပ်မည်မဟုတ်ပါ။ ဘယ်လိုအစားအသောက်မျိုးမို့လို့  စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်အတွက် နစ်နာကြေး တစ်သန်းနဲ့ ညီမျှရတာလဲကွာ...။တအားစျေးကြီးတာပဲ... စျေးကြီးလွန်းလို့ သူ့မှာ အ​စာတောင်မချေနိုင်တော့ဘူး။


ဟား......


Ran Feng Ge သက်ပြင်းချမိပြန်သည်။ မျက်ဝန်းတို့ကို မှိတ်ပြီး အတင်းအိပ်ဖို့လုပ်သည်။ အိပ်ပျော်သွားလျှင် နာကျင်တော့မည်မဟုတ်။

သို့သော် အိပ်ပျော်နေတုန်းမှာတောင် စူးအောင့်သည့်နာကျင်မှုဒုက္ခဆိုးကို တစ်ချိန်လုံး ခံစားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် သူ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရဘဲ ခေါင်းထဲမှာလည်း ကြင်လင်မှုမရှိပါ။


တံခါးဖွင့်သံကို ကြားသောအခါ
သူက မျက်လုံးကိုမှေးကြည့်လိုက်သည်။

Su Yi Moက စားစရာဘူးတစ်ခုနှင့်အတူ လူနာကုတင်ဆီ ခပ်​ဖြည်းဖြည်းလျှောက်လာသည်။

Ran Feng Ge၏ နှုတ်ခမ်းက မဲ့သွား၏။ မျက်လုံးများကို မှိတ်လိုက်သည်။ သူ ဘာကိုမျှ စားရန်မတတ်နိုင်။ စားလိုက်လို့ကတော့ ပိုဆိုးရွားသည့် အစာမကြေမှုကို ခံစားရနိုင်သည်။ အစာချေရည်ပမာဏ မြင့်တက်မှုကြောင့် သူ့အစာအိမ်က ပိုပြီး နာကျင်လာလိမ့်ဦးမည်၊ ရောင်ရမ်းလာလိမ့်ဦးမည်။



သူ စားစရာယူလာပါရဲ့နဲ့ Ran Feng Geပုံစံက ဘာကြောင့် အရမ်းကို စိတ်မဝင်စားပုံပေါ်နေရတာလဲ? Su Yi Moသည် စကားလုံးတို့ပျောက်ရှကာ ခေါင်းရမ်းမိသည်။ Ran Feng Ge၏ မျက်ဝန်းတို့ ပိတ်ထားဆဲ ဖြစ်တာမြင်ရလျှင် သူက အကူညီမဲ့စွာ ချောင်းတစ်ချက် ဟန့်လိုက်သည်။ ထို့နောက် ကုတင်ရှိရာသို့သွားကာ ထိုင်ချပြီး ဂွမ်းကပ်ထဲသို့ လက်သွင်း၍ တစ်ဖက်သူ၏ လက်ကိုရှာလိုက်သည်။ နိုးလာဖို့ အရိပ်အယောင်ပြသည့်အနေနှင့်  ဖွဖွညှစ်ပါ၏။



သူ ဆုပ်ကိုင်ထားသော Ran Feng Ge၏ လက်ချောင်းဆစ်များက ပုံပန်းမကျငေါထွက်နေပြီးလျှင် အတန်ငယ်အေးစက်လို့နေသည်။ Su Yi Moက မျက်လွှာပင့်၍  Jing Qiu Hanပိုင်သော ထိုမျက်နှာလေးကို ကြည့်လိုက်သည်။

ဖြူဖျော့နေသော အသားအရောင်၊ တွန့်ချိုးနေသော မျက်ခုံးများ.........
သတိမေ့မျောနေသည့်တိုင်အောင် နာကျင်မှုကြောင့် ဒုက္ခခံနေရဟန်တူသည်။ တစ်ဖက်သူ၏ ကျေနပ်ဖွယ်ကောင်းသော သရုပ်ဆောင်ချက်ကို Su Yi Mo တစ်ယောက်ရင်ထဲကချီးကျူးမိသည်။  တစ်ဖက်သူက ထိုကဲ့သို့ မျက်နှာထားမျိုး ဘာကြောင့် လုပ်နိုင်ရသည်လဲဆိုတာကိုတော့ သူ မသိနိုင် ။

နာကျင်သည့်မျက်နှာ၊ ဖြူဖျော့သည့်အသားအရေ၊ တွန့်ချိုးသည့်မျက်ခုံး၊ တစ်ဝက်တစ်ပျက်ဖွင့်လာ သည့် မျက်ဝန်းများ၊ ပါးလျသည့်အသက်ရှူဟန်နဲ့....... အခန်းပြင်ကလူအတွက်ဖြစ်စေ အခန်းတွင်းကလူအတွက်ဖြစ်စေ ကိစ္စမရှိပါ၊ Ran Feng Ge၏ ပုံစံက အပြင်းအထန်နာမကျန်းရာမှ ပြန်လည်နိုးထလာသည့် သူတစ်ယောက်နှင့် ချွတ်စွပ်ကို တူလှသည်။


"Ah Mo..."

Ran Feng Ge၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်က သေချာပေါက် အားကိုးခံနိုင်သည်။ ယခုအချိန်က သရုပ်ဆောင်ရမည့်အချိန်ဆိုသည်ကို သူသိပါ၏။ အက်ကွဲသောအသံနှင့် Su Yi Mo၏အမည်ကိုခေါ်လိုက်သည်။ မျက်တောင်ခတ်ပုံက အားမရှိ... မျက်ဝန်းတို့က ငူငူငေါင်ငေါင်.....

"ငါ ဘယ်ရောက်နေတာလဲ?"

Su Yi Moက တစ်ဖက်လူ၏ လက်ကိုဆုပ်ကိုင်ကာ သူ၏ပါးရှေ့သို့အပ်သည်။ သူ၏ အသံက အသင့်အတင့်တည်ငြိမ်ပါသော်လည်း စိတ်လှုပ်ရှားမှုတစ်စွန်းတစကို ထုတ်ချင်းပေါက်မြင်ရသည်။

"Xiao Han...ဒါက A မြို့တော်ပဲ၊ ပြည်တွင်းကိုပြန်ရောက်နေပြီလေ...စိတ်မပူနဲ့နော်...ငါ မင်းဘေးမှာရှိတယ်....ဒီလိုကိစ္စမျိုး အနာဂတ်မှာ နောက်ထပ်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ငါကတိပေးတယ်"

"မင်း ဘာမှမဖြစ်တာ အရမ်းကောင်းတာပဲ...."ဟုဆိုလာသော Ran Feng Ge၏ အပြုံးက အားမပါ။ ပြီးလျှင် လုံးဝကြေကွဲနေသည့်အသံနှင့်မေးလာသည်။

"ရိုက်ကူးရေးကရော...?"

"Bu Bu Jie Lang က ရိုက်ကူးရေးယာယီနားထားတယ်....ရိုက်ကူးရေးအဖွဲ့သားတွေက အဲဒါအစား အခြားဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးဖို့သွားကြတယ်။ သူတို့က မင်းသက်သာလာဖို့ကို မျှော်လင့်နေတာ...ဒီအတောတွင်း မင်းက ​ပြန်ပြီး နာလန်ထူနိုင်ဖို့ အာရုံစိုက်စေချင်တယ်...တခြားကိစ္စတွေအပေါ်မှာ အလဟဿလုံ့လထုတ်မနေနဲ့....အဲဒါတွေ ငါ နဲ့ လွှဲထားလိုက်...ဟုတ်လား"

"အင်း..."

"ငါ..မင်းကို စစ်ဆေးဖို့ ဆရာဝန်သွားခေါ်ဦးမယ်"ဟုပြောကာ
Su Yi Moက မတ်တပ်ထရပ်လိုက်သည်။

မမျှော်လင့်ဘဲ သူက Su Yi Mo၏လက်ကို ဆွဲထားသည်။သူ့အကြည့်က ငြိမ်းချမ်းလျက်...နက်ရှိုင်းသောချစ်ခြင်းတရားကိုဖြင့် အတွင်းမှာ သိုဝှက်ထားသည်။

"Ah Mo...ငါနဲ့ နည်းနည်းလောက်နေပါဦးနော်....."



>>>>>>>>>>>>

Happy Myanmar New Year ပါနော် ❤💛💚💙💜


Zawgyi


Ah Mo, stay with me for a bit more...

အေၾကာင္းက ယခုလိုညလယ္ေခါင္ႀကီးတြင္ ​​ေဆး႐ုံမွာလူမ်ားမ်ားစားစားမရွိ။ ထပ္ေလာင္းေျပာရလွ်င္ Su Yi Moက အထူးၾကပ္မတ္ကုသေဆာင္တစ္ခုလုံးကို  ႀကိဳတင္ယူထားသည္ျဖစ္ရာ တိတ္ပင္တိတ္ဆိတ္ေနေပေသးသည္။ 

Su Yi Moက လမ္းေလွ်ာက္ေနရင္း စီးကရက္ရွာရန္ သူ၏အိတ္မ်ားကိုလိုက္စမ္းသည္။ တစ္လိပ္ကိုဆြဲထုတ္၍ ႏႈတ္ခမ္းမွာေတ့လိုက္ကာ၊ ထို႔ေနာက္ ဓာတ္ေလွကားခလုတ္ကိုႏွိပ္ၿပီး မီးျခစ္ကိုဆြဲထုတ္လိုက္သည္။ ဓာတ္ေလွကားက ျမန္ျမန္ပဲေရာက္လာ၏။ သူက အထဲသို႔လွမ္းဝင္ၿပီး ေအာက္ဆုံးထပ္ကားပါကင္သို႔သြားဖို႔ ခလုတ္ႏွိပ္လိုက္သည္။ 

မီးျခစ္မွ မီးလွ်ံသည္ ထိုးထြက္လာၿပီး မၾကာခင္ၿငိမ္းသြား၏။

Su Yi Moက စီးကရက္ကို ခင္ျပင္းျပင္းရွိုက္ကာ မီးခိုးလုံးမ်ားကို ျဖည္းျဖည္းခ်င္းမႈတ္ထုတ္သည္။ သူ၏ ပုံရိပ္ပင္ မီးခိုးမ်ားၾကား ေဝဝါးသြားရ၏။

Ran Feng Ge၏ ေျပာစကားက ယခုထိအေျခအေနမေကာင္းေသေသာ Jing Qiu Han ကိုသတိရသြားေစသည္။

အမွန္ပါပဲ...ေသနတ္ထိမွန္ခ်ိန္ကေန အခုထိ လဝက္ရွိသြားၿပီျဖစ္ေသာ္လည္း ကိုမာဝင္ေနဆဲျဖစ္သည္။

'Qiu Han...'

သူတို႔တြင္ ဘာဆိုဘာမွမပိုင္ဆိုင္ခဲ့စဥ္က သူ႕ေဘးတြင္ Jing Qiu Hanက အတူရွိခဲ့ၿပီး အတူေလွ်ာက္လွမ္းခဲ့ၾက သည္သာ။ ခက္ခဲသည့္ရက္မ်ားစြာတြင္ တစ္ဦး​ကိုတစ္ဦးအားေပးခဲ့ၾကသည္။ ဒါ့အျပင္ သူ၏လုပ္ငန္းမ်ား​ျဖစ္ထြန္းလာခ်ိန္တြင္ Jing Qiu Hanသည္လည္းကိုယ္စြမ္းကိုယ္စနဲ႕ ေအာင္ျမင္သည့္ၾကယ္တစ္ပြင့္ျဖစ္လာခဲ့သည္။


Jing Qiu Han က သူ႕ကုမၸဏီ၏ အေရးႀကီးေသာၾကယ္တစ္ပြင့္ျဖစ္႐ုံသာမက Su Yi Mo၏ အခ်စ္စစ္လည္းျဖစ္သည္။



ကားထဲတြင္ ထိုင္ကာ Su Yi Moက တိတ္တဆိတ္ပဲ ေဆးလိပ္ကို ကုန္သည္အထိရွိုက္ဖြာ ေန၏။ ေဆးလိပ္ဖင္စီခံငုတ္တိုကို မီးၿငိမ္းၿပီးသည့္အခါတြင္ေတာ့ သူ၏ မ်က္ႏွာေပၚရွိ နာက်င္ခံစားရသည့္ ေဝဒနာတို႔ေပ်ာက္ကြယ္သြားကာ ခိုင္ၾကည္သည့္သႏၷိ ႒ာန္တို႔က အစားထိုးဝင္ေရာက္လာသည္။

၄င္းတို႔က မည္သူပဲျဖစ္ပါေစ ကိစၥမရွိ ...Qiu Han ကို နာက်င္ထိခိုက္ေစၿပီးမွေတာ့ ထြက္ေျပးလြတ္ေျမာက္ဖို႔ လမ္းေၾကာင္း ျမင္ရမည္မဟုတ္။

ၿပီးလွ်င္ Jing Qiu Hanကို ေနာက္ထပ္ နာက်င္ထိခိုက္ေအာင္ လုပ္ရန္ အခြင့္အေရးမ်ိဳးလည္း မည္သူ႕ကိုမွ် ေပးမည္မဟုတ္။

အဲဒီလူစာထိုး....သူကေတာ့ ထိုလူေတြအာ႐ုံကို ခဏတျဖဳတ္ ဆြဲထားနိုင္ေကာင္းရဲ႕... ထိုအခ်ိန္အေတာအတြင္း သူ႕အားနည္းခ်က္ကို ဘယ္သူေတြပစ္မွတ္ထားေနလဲဆိုတာ ရွာေဖြနိုင္လိမ့္မည္။


ေလထုေပါက္ကြဲသံႏွင္အတူ အေနာက္ေရာင္ Jaguarကားသည္ ကားပါကင္မွ ဝူးခနဲေမာင္းထြက္သြားသည္။ ေအးစက္ၿပီး လူေတြခ်ဥ္းကပ္ရမွာေၾကာက္သည့္ သူ၏ သခင္အတိုင္းပင္။



♦️


ပုံမွန္မဟုတ္ေသာ အစားအေသာက္တို႔က မျမင္ရေသာအႏၱရာယ္အခ်ိဳ႕ကို ခ်န္ထားခဲ့ေလ့ရွိသည္။

ဂြမ္းကပ္ေအာက္တြင္ ဗိုက္ကိုႏွိပ္ရင္း Ran Feng Ge တိုးတိတ္စြာ ဆဲေရးလိုက္သည္။ သူ၏ မ်က္ခုံးႏွစ္ဖက္ အနည္းငယ္က်ဳံ႕သြား၏။ သုံးရက္ေလာက္ ငတ္မြတ္ခဲ့ရၿပီးေနာက္ သူ မဆင္မျခင္စားေသာက္ခဲ့သည္။ ရက္ရွည္ႏွိပ္စက္ခံခဲ့ရသည့္အစာအိမ္က အခုေတာ့ သူ႕ကို ေတာ္လွန္ေနၿပီ။


ရစ္ရစ္ၿပီး နာက်င္မႈက နာ့ဗ္ေၾကာမ်ားအထိ ။ ခဲခဲယဥ္းယဥ္းအသက္ရႉေနရသည္။ နံေဘးဝဲယာေစာင္းခ်င္ေသာ္လည္း သူ႕ကိုယ္တြင္တပ္ဆင္ထားေသာ ေဆးပိုက္အမ်ိဳးမ်ိဳးက ခြင့္မျပဳ။ သူတို႔အကုန္လုံးကို ျဖဳတ္ဖို႔ရန္ အမ်ားႀကီးအားစိုက္ထုတ္ရဦးမည္။ ဆိုေတာ့ သူတစ္ခုမွ ျဖဳတ္မေနေတာ့။ ဒါ့အျပင္ ေစာင္းေနလိုက္သည္ႏွင့္ နာက်င္မႈက အရွင္းေပ်ာက္သြားမွာလည္းမဟုတ္​ေသာေၾကာင့္ေပ။ သူကိုယ္ေပၚတြင္ ေဆးအၿမဲေဆာင္ထားေလ့ရွိေသာ္လည္း ေဆး႐ုံအဝတ္အစားတို႔လဲလွယ္စဥ္က ေဆးပုလင္းကို ပစ္ထုတ္လိုက္ၿပီျဖစ္သည္။ ေသမင္းေခ်ာက္ကမ္းပါးေပၚက အျပင္းအထန္အနာရေနသူဟု သတ္မွတ္ခံထားရသူက လမ္းထေလွ်ာက္ကာ ေဆးရွာေန၍လည္း လုံးဝမျဖစ္နိုင္ေပ။



ေသခ်ာသည္က သူ႕လို ေငြမက္သူတစ္ေယာက္​အေနနဲ႕ ကိုယ့္ေသတြင္းကိုယ္ တူးဖို႔ လုပ္မည္မဟုတ္ပါ။ ဘယ္လိုအစားအေသာက္မ်ိဳးမို႔လို႔  စိတ္ပိုင္းဆိုင္ရာ ဒဏ္ရာဒဏ္ခ်က္အတြက္ နစ္နာေၾကး တစ္သန္းနဲ႕ ညီမွ်ရတာလဲကြာ...။တအားေစ်းႀကီးတာပဲ... ေစ်းႀကီးလြန္းလို႔ သူ႕မွာ အ​စာေတာင္မေခ်နိဳင္ေတာ့ဘူး။


ဟား......


Ran Feng Ge သက္ျပင္းခ်မိျပန္သည္။ မ်က္ဝန္းတို႔ကို မွိတ္ၿပီး အတင္းအိပ္ဖို႔လုပ္သည္။ အိပ္ေပ်ာ္သြားလွ်င္ နာက်င္ေတာ့မည္မဟုတ္။

သို႔ေသာ္ အိပ္ေပ်ာ္ေနတုန္းမွာေတာင္ စူးေအာင့္သည့္နာက်င္မႈဒုကၡဆိုးကို တစ္ခ်ိန္လုံး ခံစားေနရဆဲ ျဖစ္သည္။ ထို႔ေၾကာင့္ သူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္မအိပ္ရဘဲ ေခါင္းထဲမွာလည္း ၾကင္လင္မႈမရွိပါ။


တံခါးဖြင့္သံကို ၾကားေသာအခါ
သူက မ်က္လုံးကိုေမွးၾကည့္လိုက္သည္။

Su Yi Moက စားစရာဘူးတစ္ခုႏွင့္အတူ လူနာကုတင္ဆီ ခပ္​ျဖည္းျဖည္းေလွ်ာက္လာသည္။

Ran Feng Ge၏ ႏႈတ္ခမ္းက မဲ့သြား၏။ မ်က္လုံးမ်ားကို မွိတ္လိုက္သည္။ သူ ဘာကိုမွ် စားရန္မတတ္နိုင္။ စားလိုက္လို႔ကေတာ့ ပိုဆိုး႐ြားသည့္ အစာမေၾကမႈကို ခံစားရနိုင္သည္။ အစာေခ်ရည္ပမာဏ ျမင့္တက္မႈေၾကာင့္ သူ႕အစာအိမ္က ပိုၿပီး နာက်င္လာလိမ့္ဦးမည္၊ ေရာင္ရမ္းလာလိမ့္ဦးမည္။



သူ စားစရာယူလာပါရဲ႕နဲ႕ Ran Feng Geပုံစံက ဘာေၾကာင့္ အရမ္းကို စိတ္မဝင္စားပုံေပၚေနရတာလဲ? Su Yi Moသည္ စကားလုံးတို႔ေပ်ာက္ရွကာ ေခါင္းရမ္းမိသည္။ Ran Feng Ge၏ မ်က္ဝန္းတို႔ ပိတ္ထားဆဲ ျဖစ္တာျမင္ရလွ်င္ သူက အကူညီမဲ့စြာ ေခ်ာင္းတစ္ခ်က္ ဟန့္လိုက္သည္။ ထို႔ေနာက္ ကုတင္ရွိရာသို႔သြားကာ ထိုင္ခ်ၿပီး ဂြမ္းကပ္ထဲသို႔ လက္သြင္း၍ တစ္ဖက္သူ၏ လက္ကိုရွာလိုက္သည္။ နိုးလာဖို႔ အရိပ္အေယာင္ျပသည့္အေနႏွင့္  ဖြဖြညွစ္ပါ၏။



သူ ဆုပ္ကိုင္ထားေသာ Ran Feng Ge၏ လက္ေခ်ာင္းဆစ္မ်ားက ပုံပန္းမက်ေငါထြက္ေနၿပီးလွ်င္ အတန္ငယ္ေအးစက္လို႔ေနသည္။ Su Yi Moက မ်က္လႊာပင့္၍  Jing Qiu Hanပိုင္ေသာ ထိုမ်က္ႏွာေလးကို ၾကည့္လိုက္သည္။

ျဖဴေဖ်ာ့ေနေသာ အသားအေရာင္၊ တြန့္ခ်ိဳးေနေသာ မ်က္ခုံးမ်ား.........
သတိေမ့ေမ်ာေနသည့္တိုင္ေအာင္ နာက်င္မႈေၾကာင့္ ဒုကၡခံေနရဟန္တူသည္။ တစ္ဖက္သူ၏ ေက်နပ္ဖြယ္ေကာင္းေသာ သ႐ုပ္ေဆာင္ခ်က္ကို Su Yi Mo တစ္ေယာက္ရင္ထဲကခ်ီးက်ဴးမိသည္။  တစ္ဖက္သူက ထိုကဲ့သို႔ မ်က္ႏွာထားမ်ိဳး ဘာေၾကာင့္ လုပ္နိုင္ရသည္လဲဆိုတာကိုေတာ့ သူ မသိနိုင္ ။

နာက်င္သည့္မ်က္ႏွာ၊ ျဖဴေဖ်ာ့သည့္အသားအေရ၊ တြန့္ခ်ိဳးသည့္မ်က္ခုံး၊ တစ္ဝက္တစ္ပ်က္ဖြင့္လာ သည့္ မ်က္ဝန္းမ်ား၊ ပါးလ်သည့္အသက္ရႉဟန္နဲ႕....... အခန္းျပင္ကလူအတြက္ျဖစ္ေစ အခန္းတြင္းကလူအတြက္ျဖစ္ေစ ကိစၥမရွိပါ၊ Ran Feng Ge၏ ပုံစံက အျပင္းအထန္နာမက်န္းရာမွ ျပန္လည္နိုးထလာသည့္ သူတစ္ေယာက္ႏွင့္ ခြၽတ္စြပ္ကို တူလွသည္။


"Ah Mo..."

Ran Feng Ge၏ လုပ္ငန္းပိုင္းဆိုင္ရာ က်င့္ဝတ္က ေသခ်ာေပါက္ အားကိုးခံနိုင္သည္။ ယခုအခ်ိန္က သ႐ုပ္ေဆာင္ရမည့္အခ်ိန္ဆိုသည္ကို သူသိပါ၏။ အက္ကြဲေသာအသံႏွင့္ Su Yi Mo၏အမည္ကိုေခၚလိုက္သည္။ မ်က္ေတာင္ခတ္ပုံက အားမရွိ... မ်က္ဝန္းတို႔က ငူငူေငါင္ေငါင္.....

"ငါ ဘယ္ေရာက္ေနတာလဲ?"

Su Yi Moက တစ္ဖက္လူ၏ လက္ကိုဆုပ္ကိုင္ကာ သူ၏ပါးေရွ႕သို႔အပ္သည္။ သူ၏ အသံက အသင့္အတင့္တည္ၿငိမ္ပါေသာ္လည္း စိတ္လႈပ္ရွားမႈတစ္စြန္းတစကို ထုတ္ခ်င္းေပါက္ျမင္ရသည္။

"Xiao Han...ဒါက A ၿမိဳ႕ေတာ္ပဲ၊ ျပည္တြင္းကိုျပန္ေရာက္ေနၿပီေလ...စိတ္မပူနဲ႕ေနာ္...ငါ မင္းေဘးမွာရွိတယ္....ဒီလိုကိစၥမ်ိဳး အနာဂတ္မွာ ေနာက္ထပ္ဘယ္ေတာ့မွ မျဖစ္ေစရဘူးလို႔ ငါကတိေပးတယ္"

"မင္း ဘာမွမျဖစ္တာ အရမ္းေကာင္းတာပဲ...."ဟုဆိုလာေသာ Ran Feng Ge၏ အၿပဳံးက အားမပါ။ ၿပီးလွ်င္ လုံးဝေၾကကြဲေနသည့္အသံႏွင့္ေမးလာသည္။

"ရိုက္ကူးေရးကေရာ...?"

"Bu Bu Jie Lang က ရိုက္ကူးေရးယာယီနားထားတယ္....ရိုက္ကူးေရးအဖြဲ႕သားေတြက အဲဒါအစား အျခားဇာတ္လမ္းတြဲတစ္ခုကို ရိုက္ကူးဖို႔သြားၾကတယ္။ သူတို႔က မင္းသက္သာလာဖို႔ကို ေမွ်ာ္လင့္ေနတာ...ဒီအေတာတြင္း မင္းက ​ျပန္ၿပီး နာလန္ထူနိုင္ဖို႔ အာ႐ုံစိုက္ေစခ်င္တယ္...တျခားကိစၥေတြအေပၚမွာ အလဟႆလုံ႕လထုတ္မေနနဲ႕....အဲဒါေတြ ငါ နဲ႕ လႊဲထားလိုက္...ဟုတ္လား"

"အင္း..."

"ငါ..မင္းကို စစ္ေဆးဖို႔ ဆရာဝန္သြားေခၚဦးမယ္"ဟုေျပာကာ
Su Yi Moက မတ္တပ္ထရပ္လိုက္သည္။

မေမွ်ာ္လင့္ဘဲ သူက Su Yi Mo၏လက္ကို ဆြဲထားသည္။သူ႕အၾကည့္က ၿငိမ္းခ်မ္းလ်က္...နက္ရွိုင္းေသာခ်စ္ျခင္းတရားကိုျဖင့္ အတြင္းမွာ သိုဝွက္ထားသည္။

"Ah Mo...ငါနဲ႕ နည္းနည္းေလာက္ေနပါဦးေနာ္....."



>>>>>>>>>>>>

Happy Myanmar New Year ပါေနာ္ ❤💛💚💙💜

Continue Reading

You'll Also Like

1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
896K 101K 59
The contents of this fiction are purely the author's imagination.
707K 40.7K 26
Jk - Possessive type #Warning Cv_ Pinterest
294K 8.1K 53
ក្មេងក្រោមអាយុ18ឆ្នាំហាមចូលអាន តែបើចង់អានក៏ចូលអានទៅ សុំទោសចំពោះពាក្យណាដែលមិនសមរម្យ បើមិនពេញចិត្ត អូសរំលងចុះ ហាមខមិនអ្វីប៉ះពាល់ដល់អ្នកសរសេរ👌 ...