လူစားထိုး

By Htoo-6

87.9K 10.4K 707

Title: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher:... More

Description
Vol 1, Ch 1.1
Ch 1.2
Ch 2
Ch 3
Ch 4
Ch 5
Ch 7
Ch 8
Ch 9
Ch 10
Ch 11
Ch 12
Ch 13
Ch 14
Ch 15
Ch 16
Ch 17
Ch 18
Ch 19
Ch 20
Ch 21
Ch 22
Ch 23
Ch 24
Ch 25
Ch 26
Ch 27
Ch 28
Ch 29
Ch 30
Ch 31
Ch 32
Ch 33
Not An Update
Ch 34
Ch 35
Ch 36
Ch 37
Ch 38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Vol 1 complete, Ch 46+47
Ch 48
Ch 49
Ch 50
Ch 51
Ch 52,53,54
Ch 55,56
Ch 57
Ch 58

Ch 6

1.7K 276 2
By Htoo-6


Unicode

Don't worry, I would never in love with....

စားသောက်နေရင်း စကားစမြည်ပြောဆိုခြင်းက အလွယ်တကူ ဆို့နင်စေနိုင်သည်။ အထူးသဖြင့် Ran Feng Geလို အစားကို ခံတွင်းတစ်လုံးအပြည့် လျှံထွက်မတတ်ထည့်ကာ ညက်သည်မညက်သည် ဂရုမထားဘဲ တစ်ချက်နှစ်ချက်ဝါးကာ မျိုချလေ့ရှိသော လူမျိုးတွင်ဖြစ်သည်။ ရုတ်ချည်း သူ့ခန္ဓာကိုယ်က တောင့်တောင့်ကြီးဖြစ်သွားပါ၏။ လက်ထဲကတူတစ်စုံကို​ပစ်ချပြီးလျှင် လက်သီးဆုပ်နှင့် ရင်ဘတ်ကို တဒုန်းဒုန်းထုသည်။ လည်ချောင်းကိုဆန့်ပြီးလျှင် အားစိုက်မျိုသည်။ မျက်ခမ်း မျက်စပ်များပါ နီမြန်းလာ၏။

"စွပ်ပြုတ်ရည်နည်းနည်းသောက်လိုက် " ဟု Su Yi Moက သတိပေးသည်။


ရုတ်တရက် နားလည်သွားသည့် မျက်နှာနှင့် Ran Feng Geက သူ၏ဘယ်လက်ထဲတွင်ကိုင်ထားသော ကိုက်လတ်စ ဘန်းမုန့်ပေါင်းကို ခွက်အတွင်းသို့ ပြန်ထည့်လိုက်သည်။ ပြီးသည်နှင့် စွပ်ပြုတ်ခွက်ကို လက်နှစ်ဖက်နှင့်ကိုင်ကာ နှုတ်ခမ်းရှေ့သို့မြှောက်၍ အကြိမ်အနည်းငယ် လေနှင့်မှုတ်လိုက်ပြီး နည်းနည်းစမ်းသောက်ကြည့်သည်။ အရမ်းမပူ၊ ကြက်သီးနွေးရုံသာဖြစ်ကြောင်းကိုသိလျှင် တန်း​၍မော့လေတော့သည်။

Ran Feng Ge ၏ထိုကဲ့သို့ ဖုတ်ဝင်နေသူတစ်ယောက်ပမာ၊ စသည်မှအဆုံးထိ ဟားတိုက်ဖွယ်စားသောက်နေပုံကိုကြည့်ရင်း Su Yi Moသည် ကူရာမဲ့ကာ ခေါင်းရမ်းမိရသည်။ စွပ်ပြုတ်ကို ကုန်အောင်သောက်ပြီးမှ Ran Feng Ge လေတစ်ချက်တက်လိုက်သည်။ ယခုမှသာ အောင်အောင်မြင်မြင် ခဲခဲယဥ်းယဥ်းနှင့် မျိုချလိုက်နိုင်ခြင်းဖြစ်သည်။

"မင်းကို ကြည့်ရတာ သေ​လုမျောပါးနာမကျန်းတဲ့သူနဲ့လည်းမတူဘူး " ဟု Su Yi Moက  သတိကို လွှတ်ချကာ အသည်းအသန်စားသောက်နေသော Ran Feng Ge ကို ကြည့်ရင်းဆိုသည်။ ယခင်က အေးတိအေးစက်လူသားသည် ယခုတော့ တဖက်သူကို ရယ်သွမ်းသွေးရန် ထိုသို့သော တဗျစ်တောက်တောက်စကားကို ထုတ်ပြောလာ၏။

သူ့ဝမ်းကို ဖြည့်ပြီးချိန်မှသာ Ran Feng Geက မတ်တပ်ရပ်ကာ အိပ်ယာဆီလျှောက်လာသည်။ "တစ်ခါတလေ စိတ်လွတ်လက်လွတ်နေရတာက ကောင်းတယ်လေ။ ဒါနဲ့ ခင်ဗျား ဒီကိုမလာခင်က လိုအပ်တဲ့ပြင်ဆင်မှုတွေ မလုပ်ခဲ့လို့လား ?"

Su Yi Mo ပါးစပ်ပိတ်သွားသည်။ တကယ်လည်း ဒီလိုအချိန်မှာပါ ဟန်ဆောင်နေစရာ​တော့ မလိုအပ်ပါ။


Ran Feng Geက အိပ်ယာနားသို့ရောက်ကာမှ ရုတ်တရက်လှည့်ထွက်ကာ ရေချိုးခန်းဆီ ဦးတည်လိုက်သည်။ သူက လက်ကို ဘာရယ်မဟုတ်ရမ်းလိုက်ပြီး ပြောသည်။

"အား..sorry.. လိုအပ်တဲ့ပြင်ဆင်မှုမှန်သမျှ ခင်ဗျားလုပ်ပြီးနေမှတော့ ဘယ်သူက ကျွန်တော်တို့ကို ဖော်ကောင်လုပ်နိုင်မှာလဲ။ ရေချိုးခန်းသွားလိုက်ဦးမယ်။ နောက်ထပ် ဘယ်နှ​ရက်တောင် အဲ့အိပ်ယာပေါ်မှာ ဆန့်ဆန့်ကြီးလှဲနေရမယ်​မသိဘူး။ အလှဲလွန်ပြီး သေတာမျိုးတော့ မဖြစ်ပါရစေနဲ့ တကယ်"

"မင်းတို့ အလုပ်က လူတွေအကုန်က အဲသလိုအရေထူကြတာပဲလား?" ဟု Su Yi Mo က ဆက်လှောင်လိုက်သည်။

"ဒါက ရုပ်ပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်တစ်ခုဖြစ်ရုံပါ။ ဘောက်မဲ့ကြောင့် ခင်ဗျားမျက်လုံးက အရေထူတယ်လို့ ဘာသာပြန်ရတာတုန်း။ ဒီလိုဆို ခင်ဗျားရော သေးမပေါက် လို့လား?"

Ran Feng Ge က Su Yi Moကို အထင်သေးသလိုတစ်ချက်ကြည့်သည်။
ထို့နောက် ရေချိုးခန်းတံခါးကိုဖွင့်၍
ဘိုထိုင်၏ အဖုံးကို မတင်လိုက်သည်။ ထို့နောက် ဘာကိုမှဂရုမစိုက်ဘဲ သူ၏တစ်ခုသောအရာကို ဆွဲထုတ်လိုက်ပြီး ၄င်းကို အပေါက်ထဲသို့ချိန်၍ ​စတင်ပန်းတော့သည်။

Su Yi Mo က အေးစက်စွာပြောသည်။

"တံခါးကို ဘယ်လိုပိတ်ရမယ်ဆိုတာ မင်းမသိဘူးလား?"

"ခင်ဗျားမြင်သွားလည်း ကျွန်တော်စိတ်မရှိဘူး" ဟု Ran Feng Ge က ဖော်ရွေလှိုက်လှဲစွာ ခွန်းတုန့်ပြန်သည်။

"မင်းရဲ့ အဲဒီနေရာကို မြင်ရဖို့ ငါ စိတ်မဝင်စားမနေဘူး"

"ဒါပေမဲ့ စကတည်းက ခင်​ဗျားပဲ လိုက်​ကြည့်နေတာလေ" ဟုပြောရင်း ထိုအရာကို တည်ငြိမ်စွာခါလိုက်ကာ အထဲသို့ ပြန်သိပ်ထည့်ပြီးမှ လူကလှည့်လာသည်။ သူ၏ အပြာဖျော့ရောင် အပျော့သားဆေးရုံဘောင်းဘီကို ပြန့်ပြူးအောင်ခါလိုက်၍ လက်ဆေးရန်ဘေစင်ဆီသွား၏။ သို့သော်လည်း သူ၏အကြည့်က တစ်ချိန်လုံး Su Yi Mo၏အပေါ်တွင်သာ။

"ရေခဲတုံးလူ့မလိုင်တွေ အားလုံးကလည်း ခင်ဗျားလိုချည်းပဲလား? ခင်ဗျားပုံစံက တစ်ကမ္ဘာလုံး ခင်ဗျားဆီကနေ ပိုက်ဆံကြွေး၊ မဟုတ်ရင် တစ်ခုခုချေးငှားထားတဲ့ အတိုင်းလေ..."

ဖော်ပြရန်ပင်မလိုအပ်ပါချေ....Su Yi Moကဲ့သို့သော ရင်ထဲကစကားတွေကို ဘယ်တော့မှ အပြင်ထုတ်မပြတတ်သည့်၊ စိတ်အခန့်မသင့်လျှင် ကျွတ်ခနဲ စုတ်သပ်တတ်သည့်၊ အခြား​သော ချို့ယွင်းမှုအပြစ်အနာအဆာများ အနည်းငယ် ရှိသည့်သူက သေချာပေါက် ဒေါပွသွားမည်ဆိုတာကို။

နောက်ဆုံးတွင် Su Yo Moက ခေါင်းလှည့်လာကာ သွားကြားထဲကထွက်လာသည့် လေသံမျိုးနှင့်ပြောသည်။

"မင်းက အခုလက်ရှိဘယ်သူဘယ်ဝါဆိုတာ မမေ့ပါနဲ့"

'ဘယ်သူဘယ်ဝါ.. ?' Ran Feng Geက မှန်ထဲမှနေ သူ့ကိုစိုက်ကြည့်နေသော စိမ်းသက်နေသည့် သူ၏မျက်နှာကို ငေးကြည့်ရင်း အပြောကိုလက်သင့်ခံ ခေါင်းငြိမ့်လိုက်သည်။

"အိုး..မေ့တော့မလို့။ ခင်ဗျားနဲ့ ကျွန်တော်ရဲ့ဆက်ဆံရေးက အဲသည်လိုမျိုး....... ချစ်သူတွေဆိုတာ"

တစ်နည်းပြောရလျှင် သူ၏ မတော်တဆ အမူအရာများက တစ်ဖက်သူကို ကသိကအောက်ဖြစ်စေကာ ထိုသူ၏စိတ်ကို ဆွမိလုနီးပါးပင်။

ကောင်းပြီ..ဂရုမစိုက်မိတာ သူ့ရဲ့အမှားပါ။

"မင်း နည်းနည်းလောက် သဘာဝကျအောင်သရုပ်ဆောင်နိုင်မလား ? မင်းရဲ့မူလအသံနဲ့ ခဏလောက်မပြောပဲ သူ့ရဲ့အသံနဲ့ပြောလေ...မဟုတ်ရင် မင်းကို စရိုက်သွေဖည်တဲ့ ကစဥ့်ကလျားဖြစ်တဲ့ရောဂါ ရနေတယ်လို့ထင်မိ​တော့မယ်" Ran Feng Ge လို ပွင့်လင်းလွန်းတဲ့  လူမျိုးနဲ့ ရင်ဆိုင်ရတာ Su Yi Mo ပထမဦးဆုံးအကြိမ် ခေါင်းကိုက်သွားသည်။

(TN.ချစ်သူတွေလို့ပြောလိုက်လို့ ရှက်ရမ်းရမ်းနေတာ၊ ရုပ်ကQiu Han အသံက Ran Feng Ge မကိုက်ဘူးလို့အပြစ်ရှာ)

"ဒါ​တွေက ကျွန်တော့်အတွက် ရိုးနေပြီ။ ကျွန်တော်လည်းမတတ်နိုင်ဘူး။ ကျွန်တော်ရဲ့ အလုပ်မျိုးက ... ကျွန်တော်တို့အနေနဲ့ ကိုယ်အစားထိုးပေးရမယ့်ပုဂ္ဂိုလ်ရဲ့ အကြောင်းကို အူမချေးခါးသိဖို့လိုတယ် ဒါမှ ဘယ်အခြေအနေရောက်ရောက် အဲဒီလူလို သရုပ်ဆောင်နိုင်တော့မပေါ့"

(TN.သူကကျ ချစ်သူဆိုချစ်သူ ဆက်ဆံရေးကိုတိတိကျကျသိမှ သူသရုပ်ဆောင်ရင်အဆင်ပြေမှာလို့ပြောချင်တာ....နားမလည်မှာစိုးလို့ ဟဲ)

Ran Feng Ge က အိပ်ယာနားသို့လျှောက်လာပြီး Su Yi Moကို လေးလေးနက်နက်ကြည့်သည်။

"ခင်ဗျားလည်း ဒါမျိုး ကို အသားကျအောင်လုပ်ထားသင့်တယ်။ကျွန်တော်က တစ်နေ့လုံး မိနစ်တိုင်း စက္ကန့်တိုင်း သူ ဖြစ်မနေနိုင်ဘူးလေ။ အခု ဥပမာတစ်ခုပေးရရင်...ခင်ဗျားကဒါကို အသားကျအောင်မလုပ်နိုင်ဘူးဆိုရင်... ပြီးတော့ အဲဒီအစားကျွန်တော့်ကိုချစ်သွားရင်... ဒုက္ခရောက်ပီလေ။  ကျွန်တော်ကတော့ သရုပ်ဆောင်ချိန်ဆောင်၊ မဆောင်ချိန် မဆောင်၊ လုပ်ရမှာပဲ။ ကျွန်တော့်အပြစ်မှမဟုတ်တာ"

အာ.. ဒီကောင်ကတော့လုပ်ပြီ။ ငါတကောပဲ။

Ran Feng Ge က အကြောက်အရွံ့မဲ့ စကားအချို့ပင် ထပ်ထည့်လိုက်သေးသည်။ "ပြီးတော့လည်း ကျွန်တော်က gayတစ်ယောက်မဟုတ်ဘူးလေ"

"ဒါ မင်းစိုးရိမ်စရာမလိုဘူး။ ငါကလည်း လူစားထိုးတစ်ယောက်ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး" ဟု Su Yi Mo ပြောလိုက်သည့်လေသံတွင် စိတ်လှုပ်ရှားတာမျိုး လှိုင်းတွန့်တစ်ခုတောင်မပါပါချေ။

"အဲဒါဆို ကောင်းပါတယ်... မဟုတ်ရင် ကျွန်တော် အတော်လေး ​ဒုက္ခရောက်ရမှာ"
Ran Feng Geက ပြောရင်းခေါင်းကုတ်သည်။

"လူတစ်ယောက်ရဲ့ ချစ်သူအဖြစ်သရုပ်ဆောင်ရတာ အရမ်းဝန်တာကြီးတယ်။ ကျွန်တော်စျေးပိုလိုချင်တယ်။ ဒါက ခင်ဗျားရဲ့စစချင်းသတ်မှတ်အခြေအနေထဲမှာမပါဘူးလေ"

"ငါ့အမြင်တော့ မင်းရဲ့ဝန်ဆောင်ခက နဂိုတည်းက လုံလောက်အောင်မြင့်ပြီးနေပြီ"
သန်းသုံးဆယ်... သူရဲ့တောင်းစျေးက တကယ်ကိုများတာပါ။
Ran Feng Geကလည်း သူ့နယ်ပယ် မှာတော်တော်နာမည်ရတဲ့အတွက်ကြောင့်နဲ့ သူကလည်း Qiu Hanကို တော်တော်လေး စိတ်ပူတဲ့အတွက်ကြောင့်သာမဟုတ်ရင် ဒီလိုငှားခဲ့ဖြစ်မှာမဟုတ်။ ဒါ့အပြင် Ran Feng Geက အဲသလောက် အလုံးစုံလည်း စိတ်မချရ။ သူ့ရဲ့ အလေးအနက်မရှိတဲ့စရိုက်နဲ့ ပျော့ပျက်ပျက်နိုင်လွန်းတာနဲ့....
သူက ဘယ်လိုများ ကျော်ကြားပြီးကျွမ်းကျင်တဲ့ လူစားထိုးသရုပ်ဆောင်ဖြစ်လာတာလဲ?

"ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေအတွက် တစ်သန်းလောက်ထပ်ပိုပေး... ဘယ်လိုလဲ?"

တစ်ဖက်လူက သဘောတူလိမ့်မည်ဟု Ran Feng Ge ယုံတော့မယုံပါ။ ဒီလူ ကပ်စေးနှဲဆီက တစ်စုံတရာထပ်မိရရှိဖို့မဖြစ်နိုင်ကြောင်း သူကောင်းကောင်းသိသည်။ သူအခုပြောလိုက်တယ်ဆိုတာကလည်း အတည်ကြီးယူရမယ်လို့မဟုတ်။


"မင်းရဲ့ညလည်စာကို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ရဲ့ စာဖိုမှူးခေါင်းဆောင်က ပြင်ဆင်ပေးထားတာ။ အဲဒါက မင်းရဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်ခကိုလောက်ငရုံထက် ပို​တောင် များသေးတယ်"ဟုပြောပြီး

Su Yi Moက မတ်တပ်ရပ်လိုက်သည်။
"​တော်တော်နောက်ကျနေပြီ။ အိပ်တော့...မနက်ဖြန် ကိုမာကနေ နိုးလာပြီလို့ သရုပ်ဆောင်လို့ရပြီ။"

"သူရော ဘယ်လိုနေလဲ"

Ran Feng Ge က အိပ်ယာပေါ်တွင်​ခြေ ချိတ်ထိုင်လိုက်၏။ ​ခြေထောက်ကို လှုပ်ရင်း ဒဲ့တိုးမေးလိုက်သည်။

"ကောင်းကောင်းရော သတိရပြီလား?"

"ဒါက မင်းအလုပ်မဟုတ်ဘူးလေ..မင်းတာဝန်ယူရမယ့်အပိုင်းကိုသာ ကျေအောင်လုပ်စမ်းပါ" ဟုပြောကာ Su Yi Mo သည် နောက်ကိုတစ်ချက်လှည့်မကြည့်ဘဲ တံခါးပိတ်ပြီးထွက်သွားတော့သည်။

"ကောင်းပြီလေ...ငါတာဝန်ယူရမယ့်အပိုင်းပဲ..."

Ran Feng Ge က စိတ်မဝင်စားဟန်၊ ဂရုမစိုက်ဟန်နှင့် ပုခုံးကိုတွန့်လိုက်သည်။ ပြီးသည်နှင့် ရက်ပေါင်းများစွာမေ့မျောရာမှ ပြန်လည်သတိရလာသည့် ​အပြင်းအထန်နာမကျန်းလူနာပုံစံကို သူ၏ ဇာတ်ဝင်ပစ္စည်းများနှင့်သွက်လက်စွာရုပ်ဖျက်နေလေတော့သည်။


>>>>>>>>>>>>>

Unicode

Don't worry, I would never in love with....

စားေသာက္ေနရင္း စကားစျမည္ေျပာဆိုျခင္းက အလြယ္တကူ ဆို႔နင္ေစနိုင္သည္။ အထူးသျဖင့္ Ran Feng Geလို အစားကို ခံတြင္းတစ္လုံးအျပည့္ လွ်ံထြက္မတတ္ထည့္ကာ ညက္သည္မညက္သည္ ဂ႐ုမထားဘဲ တစ္ခ်က္ႏွစ္ခ်က္ဝါးကာ မ်ိဳခ်ေလ့ရွိေသာ လူမ်ိဳးတြင္ျဖစ္သည္။ ႐ုတ္ခ်ည္း သူ႕ခႏၶာကိုယ္က ေတာင့္ေတာင့္ႀကီးျဖစ္သြားပါ၏။ လက္ထဲကတူတစ္စုံကို​ပစ္ခ်ၿပီးလွ်င္ လက္သီးဆုပ္ႏွင့္ ရင္ဘတ္ကို တဒုန္းဒုန္းထုသည္။ လည္ေခ်ာင္းကိုဆန့္ၿပီးလွ်င္ အားစိုက္မ်ိဳသည္။ မ်က္ခမ္း မ်က္စပ္မ်ားပါ နီျမန္းလာ၏။

"စြပ္ျပဳတ္ရည္နည္းနည္းေသာက္လိုက္ " ဟု Su Yi Moက သတိေပးသည္။


႐ုတ္တရက္ နားလည္သြားသည့္ မ်က္ႏွာႏွင့္ Ran Feng Geက သူ၏ဘယ္လက္ထဲတြင္ကိုင္ထားေသာ ကိုက္လတ္စ ဘန္းမုန့္ေပါင္းကို ခြက္အတြင္းသို႔ ျပန္ထည့္လိုက္သည္။ ၿပီးသည္ႏွင့္ စြပ္ျပဳတ္ခြက္ကို လက္ႏွစ္ဖက္ႏွင့္ကိုင္ကာ ႏႈတ္ခမ္းေရွ႕သို႔ျမႇောက္၍ အႀကိမ္အနည္းငယ္ ေလႏွင့္မႈတ္လိုက္ၿပီး နည္းနည္းစမ္းေသာက္ၾကည့္သည္။ အရမ္းမပူ၊ ၾကက္သီးႏြေး႐ုံသာျဖစ္ေၾကာင္းကိုသိလွ်င္ တန္း​၍ေမာ့ေလေတာ့သည္။

Ran Feng Ge ၏ထိုကဲ့သို႔ ဖုတ္ဝင္ေနသူတစ္ေယာက္ပမာ၊ စသည္မွအဆုံးထိ ဟားတိုက္ဖြယ္စားေသာက္ေနပုံကိုၾကည့္ရင္း Su Yi Moသည္ ကူရာမဲ့ကာ ေခါင္းရမ္းမိရသည္။ စြပ္ျပဳတ္ကို ကုန္ေအာင္ေသာက္ၿပီးမွ Ran Feng Ge ေလတစ္ခ်က္တက္လိုက္သည္။ ယခုမွသာ ေအာင္ေအာင္ျမင္ျမင္ ခဲခဲယဥ္းယဥ္းႏွင့္ မ်ိဳခ်လိဳက္နိုင္ျခင္းျဖစ္သည္။

"မင္းကို ၾကည့္ရတာ ေသ​လုေမ်ာပါးနာမက်န္းတဲ့သူနဲ႕လည္းမတူဘူး " ဟု Su Yi Moက  သတိကို လႊတ္ခ်ကာ အသည္းအသန္စားေသာက္ေနေသာ Ran Feng Ge ကို ၾကည့္ရင္းဆိုသည္။ ယခင္က ေအးတိေအးစက္လူသားသည္ ယခုေတာ့ တဖက္သူကို ရယ္သြမ္းေသြးရန္ ထိုသို႔ေသာ တဗ်စ္ေတာက္ေတာက္စကားကို ထုတ္ေျပာလာ၏။

သူ႕ဝမ္းကို ျဖည့္ၿပီးခ်ိန္မွသာ Ran Feng Geက မတ္တပ္ရပ္ကာ အိပ္ယာဆီေလွ်ာက္လာသည္။ "တစ္ခါတေလ စိတ္လြတ္လက္လြတ္ေနရတာက ေကာင္းတယ္ေလ။ ဒါနဲ႕ ခင္ဗ်ား ဒီကိုမလာခင္က လိုအပ္တဲ့ျပင္ဆင္မႈေတြ မလုပ္ခဲ့လို႔လား ?"

Su Yi Mo ပါးစပ္ပိတ္သြားသည္။ တကယ္လည္း ဒီလိုအခ်ိန္မွာပါ ဟန္ေဆာင္ေနစရာ​ေတာ့ မလိုအပ္ပါ။


Ran Feng Geက အိပ္ယာနားသို႔ေရာက္ကာမွ ႐ုတ္တရက္လွည့္ထြက္ကာ ေရခ်ိဳးခန္းဆီ ဦးတည္လိုက္သည္။ သူက လက္ကို ဘာရယ္မဟုတ္ရမ္းလိုက္ၿပီး ေျပာသည္။

"အား..sorry.. လိုအပ္တဲ့ျပင္ဆင္မႈမွန္သမွ် ခင္ဗ်ားလုပ္ၿပီးေနမွေတာ့ ဘယ္သူက ကြၽန္ေတာ္တို႔ကို ေဖာ္ေကာင္လုပ္နိုင္မွာလဲ။ ေရခ်ိဳးခန္းသြားလိုက္ဦးမယ္။ ေနာက္ထပ္ ဘယ္ႏွ​ရက္ေတာင္ အဲ့အိပ္ယာေပၚမွာ ဆန့္ဆန့္ႀကီးလွဲေနရမယ္​မသိဘူး။ အလွဲလြန္ၿပီး ေသတာမ်ိဳးေတာ့ မျဖစ္ပါရေစနဲ႕ တကယ္"

"မင္းတို႔ အလုပ္က လူေတြအကုန္က အဲသလိုအေရထူၾကတာပဲလား?" ဟု Su Yi Mo က ဆက္ေလွာင္လိုက္သည္။

"ဒါက ႐ုပ္ပိုင္းဆိုင္ရာ အေျခခံလိုအပ္ခ်က္တစ္ခုျဖစ္႐ုံပါ။ ေဘာက္မဲ့ေၾကာင့္ ခင္ဗ်ားမ်က္လုံးက အေရထူတယ္လို႔ ဘာသာျပန္ရတာတုန္း။ ဒီလိုဆို ခင္ဗ်ားေရာ ေသးမေပါက္ လို႔လား?"

Ran Feng Ge က Su Yi Moကို အထင္ေသးသလိုတစ္ခ်က္ၾကည့္သည္။
ထို႔ေနာက္ ေရခ်ိဳးခန္းတံခါးကိုဖြင့္၍
ဘိုထိုင္၏ အဖုံးကို မတင္လိုက္သည္။ ထို႔ေနာက္ ဘာကိုမွဂ႐ုမစိုက္ဘဲ သူ၏တစ္ခုေသာအရာကို ဆြဲထုတ္လိုက္ၿပီး ၄င္းကို အေပါက္ထဲသို႔ခ်ိန္၍ ​စတင္ပန္းေတာ့သည္။

Su Yi Mo က ေအးစက္စြာေျပာသည္။

"တံခါးကို ဘယ္လိုပိတ္ရမယ္ဆိုတာ မင္းမသိဘူးလား?"

"ခင္ဗ်ားျမင္သြားလည္း ကြၽန္ေတာ္စိတ္မရွိဘူး" ဟု Ran Feng Ge က ေဖာ္ေ႐ြလွိုက္လွဲစြာ ခြန္းတုန့္ျပန္သည္။

"မင္းရဲ႕ အဲဒီေနရာကို ျမင္ရဖို႔ ငါ စိတ္မဝင္စားမေနဘူး"

"ဒါေပမဲ့ စကတည္းက ခင္​ဗ်ားပဲ လိုက္​ၾကည့္ေနတာေလ" ဟုေျပာရင္း ထိုအရာကို တည္ၿငိမ္စြာခါလိုက္ကာ အထဲသို႔ ျပန္သိပ္ထည့္ၿပီးမွ လူကလွည့္လာသည္။ သူ၏ အျပာေဖ်ာ့ေရာင္ အေပ်ာ့သားေဆး႐ုံေဘာင္းဘီကို ျပန့္ျပဴးေအာင္ခါလိုက္၍ လက္ေဆးရန္ေဘစင္ဆီသြား၏။ သို႔ေသာ္လည္း သူ၏အၾကည့္က တစ္ခ်ိန္လုံး Su Yi Mo၏အေပၚတြင္သာ။

"ေရခဲတုံးလူ႕မလိုင္ေတြ အားလုံးကလည္း ခင္ဗ်ားလိုခ်ည္းပဲလား? ခင္ဗ်ားပုံစံက တစ္ကမၻာလုံး ခင္ဗ်ားဆီကေန ပိုက္ဆံေႂကြး၊ မဟုတ္ရင္ တစ္ခုခုေခ်းငွားထားတဲ့ အတိုင္းေလ..."

ေဖာ္ျပရန္ပင္မလိုအပ္ပါေခ်....Su Yi Moကဲ့သို႔ေသာ ရင္ထဲကစကားေတြကို ဘယ္ေတာ့မွ အျပင္ထုတ္မျပတတ္သည့္၊ စိတ္အခန့္မသင့္လွ်င္ ကြၽတ္ခနဲ စုတ္သပ္တတ္သည့္၊ အျခား​ေသာ ခ်ိဳ႕ယြင္းမႈအျပစ္အနာအဆာမ်ား အနည္းငယ္ ရွိသည့္သူက ေသခ်ာေပါက္ ေဒါပြသြားမည္ဆိုတာကို။

ေနာက္ဆုံးတြင္ Su Yo Moက ေခါင္းလွည့္လာကာ သြားၾကားထဲကထြက္လာသည့္ ေလသံမ်ိဳးႏွင့္ေျပာသည္။

"မင္းက အခုလက္ရွိဘယ္သူဘယ္ဝါဆိုတာ မေမ့ပါနဲ႕"

'ဘယ္သူဘယ္ဝါ.. ?' Ran Feng Geက မွန္ထဲမွေန သူ႕ကိုစိုက္ၾကည့္ေနေသာ စိမ္းသက္ေနသည့္ သူ၏မ်က္ႏွာကို ေငးၾကည့္ရင္း အေျပာကိုလက္သင့္ခံ ေခါင္းၿငိမ့္လိုက္သည္။

"အိုး..ေမ့ေတာ့မလို႔။ ခင္ဗ်ားနဲ႕ ကြၽန္ေတာ္ရဲ႕ဆက္ဆံေရးက အဲသည္လိုမ်ိဳး....... ခ်စ္သူေတြဆိုတာ"

တစ္နည္းေျပာရလွ်င္ သူ၏ မေတာ္တဆ အမူအရာမ်ားက တစ္ဖက္သူကို ကသိကေအာက္ျဖစ္ေစကာ ထိုသူ၏စိတ္ကို ဆြမိလုနီးပါးပင္။

ေကာင္းၿပီ..ဂ႐ုမစိုက္မိတာ သူ႕ရဲ႕အမွားပါ။

"မင္း နည္းနည္းေလာက္ သဘာဝက်ေအာင္သ႐ုပ္ေဆာင္နိုင္မလား ? မင္းရဲ႕မူလအသံနဲ႕ ခဏေလာက္မေျပာပဲ သူ႕ရဲ႕အသံနဲ႕ေျပာေလ...မဟုတ္ရင္ မင္းကို စရိုက္ေသြဖည္တဲ့ ကစဥ့္ကလ်ားျဖစ္တဲ့ေရာဂါ ရေနတယ္လို႔ထင္မိ​ေတာ့မယ္" Ran Feng Ge လို ပြင့္လင္းလြန္းတဲ့  လူမ်ိဳးနဲ႕ ရင္ဆိုင္ရတာ Su Yi Mo ပထမဦးဆုံးအႀကိမ္ ေခါင္းကိုက္သြားသည္။

(TN.ခ်စ္သူေတြလို႔ေျပာလိုက္လို႔ ရွက္ရမ္းရမ္းေနတာ၊ ႐ုပ္ကQiu Han အသံက Ran Feng Ge မကိုက္ဘူးလို႔အျပစ္ရွာ)

"ဒါ​ေတြက ကြၽန္ေတာ့္အတြက္ ရိုးေနၿပီ။ ကြၽန္ေတာ္လည္းမတတ္နိုင္ဘူး။ ကြၽန္ေတာ္ရဲ႕ အလုပ္မ်ိဳးက ... ကြၽန္ေတာ္တို႔အေနနဲ႕ ကိုယ္အစားထိုးေပးရမယ့္ပုဂၢိုလ္ရဲ႕ အေၾကာင္းကို အူမေခ်းခါးသိဖို႔လိုတယ္ ဒါမွ ဘယ္အေျခအေနေရာက္ေရာက္ အဲဒီလူလို သ႐ုပ္ေဆာင္နိုင္ေတာ့မေပါ့"

(TN.သူကက် ခ်စ္သူဆိုခ်စ္သူ ဆက္ဆံေရးကိုတိတိက်က်သိမွ သူသ႐ုပ္ေဆာင္ရင္အဆင္ေျပမွာလို႔ေျပာခ်င္တာ....နားမလည္မွာစိုးလို႔ ဟဲ)

Ran Feng Ge က အိပ္ယာနားသို႔ေလွ်ာက္လာၿပီး Su Yi Moကို ေလးေလးနက္နက္ၾကည့္သည္။

"ခင္ဗ်ားလည္း ဒါမ်ိဳး ကို အသားက်ေအာင္လုပ္ထားသင့္တယ္။ကြၽန္ေတာ္က တစ္ေန႕လုံး မိနစ္တိုင္း စကၠန့္တိုင္း သူ ျဖစ္မေနနိုင္ဘူးေလ။ အခု ဥပမာတစ္ခုေပးရရင္...ခင္ဗ်ားကဒါကို အသားက်ေအာင္မလုပ္နိုင္ဘူးဆိုရင္... ၿပီးေတာ့ အဲဒီအစားကြၽန္ေတာ့္ကိုခ်စ္သြားရင္... ဒုကၡေရာက္ပီေလ။  ကြၽန္ေတာ္ကေတာ့ သ႐ုပ္ေဆာင္ခ်ိန္ေဆာင္၊ မေဆာင္ခ်ိန္ မေဆာင္၊ လုပ္ရမွာပဲ။ ကြၽန္ေတာ့္အျပစ္မွမဟုတ္တာ"

အာ.. ဒီေကာင္ကေတာ့လုပ္ၿပီ။ ငါတေကာပဲ။

Ran Feng Ge က အေၾကာက္အ႐ြံ႕မဲ့ စကားအခ်ိဳ႕ပင္ ထပ္ထည့္လိုက္ေသးသည္။ "ၿပီးေတာ့လည္း ကြၽန္ေတာ္က gayတစ္ေယာက္မဟုတ္ဘူးေလ"

"ဒါ မင္းစိုးရိမ္စရာမလိုဘူး။ ငါကလည္း လူစားထိုးတစ္ေယာက္ကို ဘယ္ေတာ့မွ ခ်စ္လာမွာမဟုတ္ဘူး" ဟု Su Yi Mo ေျပာလိုက္သည့္ေလသံတြင္ စိတ္လႈပ္ရွားတာမ်ိဳး လွိုင္းတြန့္တစ္ခုေတာင္မပါပါေခ်။

"အဲဒါဆို ေကာင္းပါတယ္... မဟုတ္ရင္ ကြၽန္ေတာ္ အေတာ္ေလး ​ဒုကၡေရာက္ရမွာ"
Ran Feng Geက ေျပာရင္းေခါင္းကုတ္သည္။

"လူတစ္ေယာက္ရဲ႕ ခ်စ္သူအျဖစ္သ႐ုပ္ေဆာင္ရတာ အရမ္းဝန္တာႀကီးတယ္။ ကြၽန္ေတာ္ေစ်းပိုလိုခ်င္တယ္။ ဒါက ခင္ဗ်ားရဲ႕စစခ်င္းသတ္မွတ္အေျခအေနထဲမွာမပါဘူးေလ"

"ငါ့အျမင္ေတာ့ မင္းရဲ႕ဝန္ေဆာင္ခက နဂိုတည္းက လုံေလာက္ေအာင္ျမင့္ၿပီးေနၿပီ"
သန္းသုံးဆယ္... သူရဲ႕ေတာင္းေစ်းက တကယ္ကိုမ်ားတာပါ။
Ran Feng Geကလည္း သူ႕နယ္ပယ္ မွာေတာ္ေတာ္နာမည္ရတဲ့အတြက္ေၾကာင့္နဲ႕ သူကလည္း Qiu Hanကို ေတာ္ေတာ္ေလး စိတ္ပူတဲ့အတြက္ေၾကာင့္သာမဟုတ္ရင္ ဒီလိုငွားခဲ့ျဖစ္မွာမဟုတ္။ ဒါ့အျပင္ Ran Feng Geက အဲသေလာက္ အလုံးစုံလည္း စိတ္မခ်ရ။ သူ႕ရဲ႕ အေလးအနက္မရွိတဲ့စရိုက္နဲ႕ ေပ်ာ့ပ်က္ပ်က္နိုင္လြန္းတာနဲ႕....
သူက ဘယ္လိုမ်ား ေက်ာ္ၾကားၿပီးကြၽမ္းက်င္တဲ့ လူစားထိုးသ႐ုပ္ေဆာင္ျဖစ္လာတာလဲ?

"ကြၽန္ေတာ့္ရဲ႕ စိတ္ပိုင္းဆိုင္ရာဒဏ္ရာဒဏ္ခ်က္ေတြအတြက္ တစ္သန္းေလာက္ထပ္ပိုေပး... ဘယ္လိုလဲ?"

တစ္ဖက္လူက သေဘာတူလိမ့္မည္ဟု Ran Feng Ge ယုံေတာ့မယုံပါ။ ဒီလူ ကပ္ေစးႏွဲဆီက တစ္စုံတရာထပ္မိရရွိဖို႔မျဖစ္နိုင္ေၾကာင္း သူေကာင္းေကာင္းသိသည္။ သူအခုေျပာလိုက္တယ္ဆိုတာကလည္း အတည္ႀကီးယူရမယ္လို႔မဟုတ္။


"မင္းရဲ႕ညလည္စာကို ၾကယ္ငါးပြင့္အဆင့္ရွိတဲ့ ဟိုတယ္ရဲ႕ စာဖိုမႉးေခါင္းေဆာင္က ျပင္ဆင္ေပးထားတာ။ အဲဒါက မင္းရဲ႕စိတ္ပိုင္းဆိုင္ရာဒဏ္ရာဒဏ္ခ်က္ခကိုေလာက္င႐ုံထက္ ပို​ေတာင္ မ်ားေသးတယ္"ဟုေျပာၿပီး

Su Yi Moက မတ္တပ္ရပ္လိုက္သည္။
"​ေတာ္ေတာ္ေနာက္က်ေနၿပီ။ အိပ္ေတာ့...မနက္ျဖန္ ကိုမာကေန နိုးလာၿပီလို႔ သ႐ုပ္ေဆာင္လို႔ရၿပီ။"

"သူေရာ ဘယ္လိုေနလဲ"

Ran Feng Ge က အိပ္ယာေပၚတြင္​ေျခ ခ်ိတ္ထိုင္လိုက္၏။ ​ေျခေထာက္ကို လႈပ္ရင္း ဒဲ့တိုးေမးလိုက္သည္။

"ေကာင္းေကာင္းေရာ သတိရၿပီလား?"

"ဒါက မင္းအလုပ္မဟုတ္ဘူးေလ..မင္းတာဝန္ယူရမယ့္အပိုင္းကိုသာ ေက်ေအာင္လုပ္စမ္းပါ" ဟုေျပာကာ Su Yi Mo သည္ ေနာက္ကိုတစ္ခ်က္လွည့္မၾကည့္ဘဲ တံခါးပိတ္ၿပီးထြက္သြားေတာ့သည္။

"ေကာင္းၿပီေလ...ငါတာဝန္ယူရမယ့္အပိုင္းပဲ..."

Ran Feng Ge က စိတ္မဝင္စားဟန္၊ ဂ႐ုမစိုက္ဟန္ႏွင့္ ပုခုံးကိုတြန့္လိုက္သည္။ ၿပီးသည္ႏွင့္ ရက္ေပါင္းမ်ားစြာေမ့ေမ်ာရာမွ ျပန္လည္သတိရလာသည့္ ​အျပင္းအထန္နာမက်န္းလူနာပုံစံကို သူ၏ ဇာတ္ဝင္ပစၥည္းမ်ားႏွင့္သြက္လက္စြာ႐ုပ္ဖ်က္ေနေလေတာ့သည္။


>>>>>>>>>>>>>

Continue Reading

You'll Also Like

718K 28.5K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
367K 67.9K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
197K 15.2K 34
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG