One Bite of Food Blogger Boy...

By HeatheryYM_9395

132K 16.6K 2.5K

How to get a foodie boyfriend ?? #Yoonmin # Namjin More

Intro
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]edited
[ 9 ]
[10]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25]
[26]
[27]
[28]
[29]
[30] Final

[11]

4K 544 41
By HeatheryYM_9395

#U

မူးနေသည့်အရှိန်ရော
တစ်နေ့လုံးYoongiသွားသည့်နောက်တစ်ကောက်ကောက်လျှောက်လိုက်လို့ ပင်ပန်းသွားတာကြောင့်ရော ပေါင်းကာ Jiminတစ်ယောက်တော့
အတော်ပင်ပန်းသွားပုံရသည်။

အိမ်ပြန်ရောက်သည်နှင့်
စောစောစီးစီး ပင် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်ခင်း
Yoongiရောက်လာတော့
ခါတိုင်းလို မီးဖိုချောင်ထဲက
ညီအစ်ကို နှစ်ယောက်ရန်ဖြစ်ပြီး မုန့်လုနေသံ မကြားရ။

**Jimin!! Seokjin hyung!!**

**Yoongi ဘာလဲ ဘာလဲ ဟ **

သူအော်လိုက်တာအသံနည်းနည်းကျယ်သွားကာ
Seokjin Hyung က နွားနို့ဘူးကြီးကိုင်ရင်း
အလန့်တကြား ပြေးထွက်လာသည်။

**ဟင့်အင်း ဒီအတိုင်း မတွေ့လို့**

**ဒီကောင်လေးကတော့ ဘာများလဲလို့ ငါ့ cereals တွေတောင် မှောက်ကျပြီးကျန်ခဲ့ပြီ **

**sorry .. မနက်စာစားဖို့လုပ်နေတာလား Jiminရော Hyung**

**မသိဘူး မနိုးသေးဘူး ထင်တယ် သူ့အခန်းထဲသွားကြည့်လေ **

ဖုန်းကြည့်နေရင်းမုန့်ပဲဆက်စားနေတဲ့ Seokjin
ကိုထားခဲ့ပြီး Jiminအခန်းထဲကိုဝင်လာခဲ့တယ်။

အခန်းကအေးလိုက်တာ ...

အိပ်ရာပေါ်လှမ်းကြည့်တော့
လူသေးသေးလေးက စောင်ပုံထဲမြုပ်နေလို့မမြင်ရ။

**Jimin .. **

စောင်ပုံထဲကကောင်လေးက လှုပ်ရှား လာသည်။

**နိုးနေတာလား**

**Hyung....ကျွန်တော်ဖျားနေပြီထင်တယ် **

လေသံတိုးတိုးလေးကိုYoongiကြားပြီးပြီးချင်း
Jiminရဲ့နဖူးပြင်ကို စိုးရိမ်တကြီး စမ်းမိတော့
အတော်ပူနေသည်။

**ဟုတ်တယ် ကိုယ်ပူနေတယ်**

လေအေးပေးစက်ကို ချက်ချင်းပိတ်
အေးစိမ့်နေတဲ့အခန်းကို
အလင်းရောင်ဝင်အောင်ရော
နွေးသွားအောင်ပါ ပြတင်းပေါက် တွေလိုက်ဖွင့်
ခန်းဆီးလိုက်ကာ တွေဆွဲဖွင့်ရင်း
အလုပ်များနေရင်းမှ Yoongiတစ်ယောက်
ဒေါသမဆိုသလောက်လေးကလည်းထွက်လာပြန်သည်။

Park Jiminကတော့
ဘယ်အရွယ်ရှိနေပြီလဲ
ကိုယ့်ကိုကိုယ် ဂရုမစိုက်တတ်ရအောင် ...
အခန်းကို ဒီလောက်အေးနေအောင်ထားရလား
ထပြီး အအေးလေးလျှော့ပါတော့လား
ခုတော့နေမကောင်းဖြစ်ရပြီ ....

မနေ့က သူ့နောက်တောက်လျှောက်လိုက်တော့
တစ်‌နေ့လုံး ရှပ်အင်္ကျီအပါးလေးနဲ့ပဲရယ်....
ဆင်တူဝတ်ထားတာပဲစိတ်ရောက်ပြီး
ပျော်နေမိတာကြောင့် အဝတ်ထူထူဝတ်ဖို့
သူလည်းသတိမပေးမိလိုက်..

ငါ့အမှားပဲလေ
ကလေးကို ဘာအပြစ်ပြောရမှာလဲ... ။

**ခေါင်းကိုက်နေလား .. ခဏလောက်လှဲနေလိုက်နော် အဖျားတိုင်းဖို့လုပ်လိုက်ဦးမယ်**

**အင်း Yoongi... ရေသောက်ချင်တယ် **

**ရေလား .. ခဏယူခဲ့ပေးမယ် **

အခန်းထဲကနေမြန်မြန်ထွက်လာခဲ့ပြီး
ရေယူဖို့ပြင်ရသည်။
ရေနွေးနွေးတစ်ခွက်အမြန်ပြင်ပြီးယူလာခဲ့ရင်း
ဧည့်ခန်းထဲရောက်တော့ Namjoonကိုထိုင်နေတာတွေ့သည်။
ဒီကောင်ရောက်နေပြန်ပြီ...
Concertရှိလို့အလုပ်များနေတာတောင်
ဒီပဲ ရောက်နေရအောင်
ဒီအိမ်မှာ concert ကျင်းပမှာလည်းမဟုတ်ဘဲ..
နေပါ သူ့ဘာသာ ဘာလုပ်လုပ်...

**Seokjin Hyung .. အဖျားတိုင်းတဲ့စက်ဘယ်နားမလဲ **

**ဟင် ဘာလုပ်ဖို့လဲ**

**Jimin ဖျားနေလို့.. ရှာထားပေးဦး. .. ရေသွားတိုက်လိုက်ဦးမယ်**

**အေးအေး **

မျက်နှာမကောင်းဖြစ်နေတဲ့ Namjoonကို
မသိချင်ယောင်ဆောင်လျစ်လျူရှုလိုက်ရင်း
အဖျားတိုင်းစက်ရှာဖို့ထသွားတဲ့ Seokjin...

Yoongiကမြန်မြန်ပြန်ထွက်လာကာ
စက်ရော အိမ်သုံးဆေးဘူးကြီးပါယူချသွားရင်း
ပြန်ပျောက်သွားပြန်သည်။

ဧည့်ခန်းထဲကတင်းမာနေတဲ့အခြေအနေတွေကိုတော့
Yoongi သတိမထားမိခဲ့... ။

Jiminကိုအဖျားတိုင်းတော့
အပူချိန်က အရမ်းကြီးတော့
မမြင့်တက်နေတာကြောင့် အဖျားကျဆေးပဲတိုက်ပြီး
မသက်သာမှ ဆေးခန်းသွားပြဖို့ဆုံးဖြတ်လိုက်သည်။

**Jimin... ဆေးသောက်မယ်... သြော် ခဏလေး ဘာမှမစားရသေးပဲ ဆေးမသောက်နဲ့ **

Yoongi တစ်ယောက် အခန်းထဲက
ခပ်သုတ်သုတ်ထွက်လာပြီး
ရေခဲသေတ္တာ သွားဖွင့်ရှာတော့
ကြက်ဥပူတင်းတစ်ဘူး တွေ့တာမို့
ယူလာကာ Jimin အခန်းထဲပြန်ဝင်သွားပြန်သည်။

ထွက်လာလိုက် ဝင်သွားလိုက်နှင့်သူ့ကို
Seokjin အတော်မျက်စိနောက်နေပြီဖြစ်သည်။

Namjoonကတော့
Hyung .. Jiminကိုဆေးတိုက်ပြီးရင်ခဏလောက်ထွက်လာခဲ့ပါဦးဟု လှမ်း အော်ရှာသည်။

ပူတင်းကိုအရင်စားခိုင်းပြီးကာမှ
အဖျားကြောင့် မျက်နှာနီရဲနေပြီဖြစ်တဲ့ကောင်လေးကို ဆေးတိုက်ရသည်။

စောင်ခြုံပေးကာ
အိပ်ခိုင်းဖို့လုပ်သည်ကို
ဖုန်းကောက်ကိုင်သော ကောင်လေးကြောင့် ဆူရပြန်သည်။

**ဖုန်းမကြည့်နဲ့လေ ... အိပ်လိုက်တော့**

**Yoongi... အခု internetမှာ Namjoon hyungရဲ့ dating news ပျံ့နေတယ် **

**Namjoon ??**

အဲ့တာကြောင့် အစောကNamjoonကတမျိုးဖြစ်နေသည်လား...
သူSeokjin hyungကို သဘောကျနေတာ
Yoongiသိသည်။

ဒါနဲ့ ဘယ်သူနဲ့များ....

**ပြီးတော့ သူနဲ့ သတင်းထွက်တာက Min Yoongi**

Jiminရဲ့စကားကြောင့်
သူ့ဦးနှောက်က ခဏလောက်အလုပ်မလုပ်တော့သလိုတောင်ဖြစ်သွားရသည်။

**Min Yoongi.... ဘာကြီး .. ငါလား???**

**ommm**

**အရေးမပါတာတွေ ကွာ တစ်ကယ်မဟုတ်မှန်းမင်းလည်းသိတယ်ဟုတ်**

**အင်း သိပါတယ်... ဒါပေမဲ့ ကျွန်တော်Yoongiကိုမေးချင်တာလေးရှိတယ်**

Jiminရဲ့မျက်ဝန်းထဲမှာပေါ်နေပြီးသားပင်
သူဘာမေးချင်လဲဆိုတာ...
မနေ့ကတည်းက
Seokjin hyungကအပြင်မထွက်ခင်လာပြောသွားခဲ့တာပြန်သတိရသည်။

Jiminက မင်း ဘယ်သူ့ကိုကြိုက်နေလဲဆိုတာသိချင်နေပုံရတယ်တဲ့....

အဲ့တာသိချင်တာကြောင့်
သူနောက်တနေကုန်လျှောက်လိုက်နေတာမှန်းလည်း
သူရိပ်မိပါသည်။
Companyမှာလည်း သူနဲ့ တွေ့သမျှ မိန်းကလေးတွေကို လိုက်ပြီး စူးစမ်းနေတာ သူသိသည်။

Park Jiminineရဲ့ ချစ်စရာကောင်းစွာသဝန်တိုမှုလေးကို ကြည့်ရင်း သူ့မှာ တပြုံးပြုံးဖြစ်နေခဲ့ရသေးသည်။

**မေး ကွာ မြန်မြန် ပြီးရင်တော့ အိပ်တော့**

**Yoongiမှာ ချစ်နေရတဲ့ကောင်မလေးရှိနေပြီလားဟင်**

**Jiminnah **

**ဗျာ**

**ငါက မိန်းကလေးတွေ စိတ်မဝင်စားဘူး ....... ယောကျ်ား လေး ကိုပဲ စိတ်ဝင်စားတာ အဲ့လိုဆိုပြီး သေချာပေါက် Namjoonနဲ့ကိစ္စကတော့ မဟုတ်ဘူးနော်**

သိပ်မထူးခြားသလို
လေသံခပ်အေးအေးနှင့်ပြောပြလိုက်ပေမဲ့
ဘယ်လောက် တုန်လှုပ်နေလဲတော့ သူကိုယ်တိုင်ပဲ
သိမည်....
ဒီလို ခေါင်းစဥ်နဲ့ပက်သက်ပြီး တခါမှJiminနဲ့မပြောဖြစ်ခဲ့ဖူးတာမို့....
သူကတမင် မပြောသည်လည်းပါသည်ပေါ့လေ ..
Jiminမကြိုက်မှာ
ကြောက်နေခဲ့သည်မို့....

ပြီးခဲ့သည့်နှစ်တွေအတွင်း
သူအပြင်းအထန်ကြိုးစားခဲ့သည်က
Jiminကို ဂရုစိုက်ပေးဖို့ ...
တခြားသူတွေထက်ပိုပြီး Jiminဆီက
တွယ်တာမှုတွေရဖို့....
တခြားသူတွေထက်ပိုပြီး Jiminဆီက
အာရုံစိုက်မှုတွေရဖို့.......
သူကလွဲပြီးJiminအနားမှာဘယ်သူမှရှိမနေဖို့တွေပဲ...

Jimin ဘက်က ဘယ်လိုတွေးမလဲဆိုတာ
သူတကယ်မသိဘူး ......... ။

အတန်ကြာ ငြိမ်သက်သွားပြီးကာမှ
ပြန်ပြောလာတဲ့ ကောင်ငယ်လေးရဲ့အဖြေက

သြော် ဟုတ်လား ကျွန်တော်ဘာလို့မသိခဲ့ပါလိမ့်.. တဲ့

**ဒါဆို Yoongiက Gayပေါ့နော် **

**အဲ့လိုပဲပြောရမှာပေါ့**

ငါချစ်ရတဲ့မင်းက ယောကျ်ား လေးကိုး
ဒါကတော့ သူရင်ထဲမှာဆက်ပြောဖြစ်လိုက်တဲ့စကားသာ.... ။

**Jiminine... မင်း မအံ့သြဘူးလား**

**အံ့သြတာပေါ့ **

**ဘာမှသိပ်မထူးခြားပဲ ငြိမ်နေလို့**

**ငြိမ်နေတာ ကျွန်တော်ခေါင်းမူးနေလို့ဗျ လှုပ်ရင်ပိုဆိုးသွားမှာကြောက်လို့**

Park Jiminရဲ့အဖြေက Yoongiကိုတစ်ကယ်ဆွံ့အသွားစေပါသည်။

အဲ့တော့ Jiminက ဘာဖြစ်ချင်တာလဲ
သူက ယောကျာ်းလေးချင်း ချစ်မိသွားတာမျိုးကို
လက်ခံတာလား လက်မခံတာလား????

ငြိမ်သက်နေတဲ့ Jiminရဲ့အတွေးက......

တကယ်ပါ ခေါင်းမူးနေလို့သာ မဟုတ်ရင်
Jimin.. သူတစ်ကယ်လှုပ်ရွပြီး ပျော်ရွှင်နေပြီ
Yoongi ကြိုက်နေတဲ့ကောင်မလေးမရှိဘူးတဲ့ကွ..... ။

...........

Park Jiminineရဲ့ အတွေးရထားကတော့
တမျိုးပဲနော် သူအာရုံစိုက်တာတွေက သူများနဲ့မတူ😂

Dating news ပြဿနာကို
နောက်အပိုင်းမှ ရှင်းမယ်နော်
ခုတော့ ဒီလောက်ပဲ ❤️❤️


#Z

မူးေနသည့္အရွိန္ေရာ
တစ္ေန႕လုံးYoongiသြားသည့္ေနာက္တစ္ေကာက္ေကာက္ေလွ်ာက္လိုက္လို႔ ပင္ပန္းသြားတာေၾကာင့္ေရာ ေပါင္းကာ Jiminတစ္ေယာက္ေတာ့
အေတာ္ပင္ပန္းသြားပုံရသည္။

အိမ္ျပန္ေရာက္သည္ႏွင့္
ေစာေစာစီးစီး ပင္ အိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ေန႕မနက္ခင္း
Yoongiေရာက္လာေတာ့
ခါတိုင္းလို မီးဖိုေခ်ာင္ထဲက
ညီအစ္ကို ႏွစ္ေယာက္ရန္ျဖစ္ၿပီး မုန့္လုေနသံ မၾကားရ။

**Jimin!! Seokjin hyung!!**

**Yoongi ဘာလဲ ဘာလဲ ဟ **

သူေအာ္လိုက္တာအသံနည္းနည္းက်ယ္သြားကာ
Seokjin Hyung က ႏြားနို႔ဘူးႀကီးကိုင္ရင္း
အလန့္တၾကား ေျပးထြက္လာသည္။

**ဟင့္အင္း ဒီအတိုင္း မေတြ႕လို႔**

**ဒီေကာင္ေလးကေတာ့ ဘာမ်ားလဲလို႔ ငါ့ cereals ေတြေတာင္ ေမွာက္က်ၿပီးက်န္ခဲ့ၿပီ **

**sorry .. မနက္စာစားဖို႔လုပ္ေနတာလား Jiminေရာ Hyung**

**မသိဘူး မနိုးေသးဘူး ထင္တယ္ သူ႕အခန္းထဲသြားၾကည့္ေလ **

ဖုန္းၾကည့္ေနရင္းမုန့္ပဲဆက္စားေနတဲ့ Seokjin
ကိုထားခဲ့ၿပီး Jiminအခန္းထဲကိုဝင္လာခဲ့တယ္။

အခန္းကေအးလိုက္တာ ...

အိပ္ရာေပၚလွမ္းၾကည့္ေတာ့
လူေသးေသးေလးက ေစာင္ပုံထဲျမဳပ္ေနလို႔မျမင္ရ။

**Jimin .. **

ေစာင္ပုံထဲကေကာင္ေလးက လႈပ္ရွား လာသည္။

**နိုးေနတာလား**

**Hyung....ကြၽန္ေတာ္ဖ်ားေနၿပီထင္တယ္ **

ေလသံတိုးတိုးေလးကိုYoongiၾကားၿပီးၿပီးခ်င္း
Jiminရဲ႕နဖူးျပင္ကို စိုးရိမ္တႀကီး စမ္းမိေတာ့
အေတာ္ပူေနသည္။

**ဟုတ္တယ္ ကိုယ္ပူေနတယ္**

ေလေအးေပးစက္ကို ခ်က္ခ်င္းပိတ္
ေအးစိမ့္ေနတဲ့အခန္းကို
အလင္းေရာင္ဝင္ေအာင္ေရာ
ေႏြးသြားေအာင္ပါ ျပတင္းေပါက္ ေတြလိုက္ဖြင့္
ခန္းဆီးလိုက္ကာ ေတြဆြဲဖြင့္ရင္း
အလုပ္မ်ားေနရင္းမွ Yoongiတစ္ေယာက္
ေဒါသမဆိုသေလာက္ေလးကလည္းထြက္လာျပန္သည္။

Park Jiminကေတာ့
ဘယ္အ႐ြယ္ရွိေနၿပီလဲ
ကိုယ့္ကိုကိုယ္ ဂ႐ုမစိုက္တတ္ရေအာင္ ...
အခန္းကို ဒီေလာက္ေအးေနေအာင္ထားရလား
ထၿပီး အေအးေလးေလွ်ာ့ပါေတာ့လား
ခုေတာ့ေနမေကာင္းျဖစ္ရၿပီ ....

မေန႕က သူ႕ေနာက္ေတာက္ေလွ်ာက္လိုက္ေတာ့
တစ္‌ေန႕လုံး ရွပ္အကၤ်ီအပါးေလးနဲ႕ပဲရယ္....
ဆင္တူဝတ္ထားတာပဲစိတ္ေရာက္ၿပီး
ေပ်ာ္ေနမိတာေၾကာင့္ အဝတ္ထူထူဝတ္ဖို႔
သူလည္းသတိမေပးမိလိုက္..

ငါ့အမွားပဲေလ
ကေလးကို ဘာအျပစ္ေျပာရမွာလဲ... ။

**ေခါင္းကိုက္ေနလား .. ခဏေလာက္လွဲေနလိုက္ေနာ္ အဖ်ားတိုင္းဖို႔လုပ္လိုက္ဦးမယ္**

**အင္း Yoongi... ေရေသာက္ခ်င္တယ္ **

**ေရလား .. ခဏယူခဲ့ေပးမယ္ **

အခန္းထဲကေနျမန္ျမန္ထြက္လာခဲ့ၿပီး
ေရယူဖို႔ျပင္ရသည္။
ေရေႏြးေႏြးတစ္ခြက္အျမန္ျပင္ၿပီးယူလာခဲ့ရင္း
ဧည့္ခန္းထဲေရာက္ေတာ့ Namjoonကိုထိုင္ေနတာေတြ႕သည္။
ဒီေကာင္ေရာက္ေနျပန္ၿပီ...
Concertရွိလို႔အလုပ္မ်ားေနတာေတာင္
ဒီပဲ ေရာက္ေနရေအာင္
ဒီအိမ္မွာ concert က်င္းပမွာလည္းမဟုတ္ဘဲ..
ေနပါ သူ႕ဘာသာ ဘာလုပ္လုပ္...

**Seokjin Hyung .. အဖ်ားတိုင္းတဲ့စက္ဘယ္နားမလဲ **

**ဟင္ ဘာလုပ္ဖို႔လဲ**

**Jimin ဖ်ားေနလို႔.. ရွာထားေပးဦး. .. ေရသြားတိုက္လိုက္ဦးမယ္**

**ေအးေအး **

မ်က္ႏွာမေကာင္းျဖစ္ေနတဲ့ Namjoonကို
မသိခ်င္ေယာင္ေဆာင္လ်စ္လ်ဴရႈလိုက္ရင္း
အဖ်ားတိုင္းစက္ရွာဖို႔ထသြားတဲ့ Seokjin...

Yoongiကျမန္ျမန္ျပန္ထြက္လာကာ
စက္ေရာ အိမ္သုံးေဆးဘူးႀကီးပါယူခ်သြားရင္း
ျပန္ေပ်ာက္သြားျပန္သည္။

ဧည့္ခန္းထဲကတင္းမာေနတဲ့အေျခအေနေတြကိုေတာ့
Yoongi သတိမထားမိခဲ့... ။

Jiminကိုအဖ်ားတိုင္းေတာ့
အပူခ်ိန္က အရမ္းႀကီးေတာ့
မျမင့္တက္ေနတာေၾကာင့္ အဖ်ားက်ေဆးပဲတိုက္ၿပီး
မသက္သာမွ ေဆးခန္းသြားျပဖို႔ဆုံးျဖတ္လိုက္သည္။

**Jimin... ေဆးေသာက္မယ္... ေၾသာ္ ခဏေလး ဘာမွမစားရေသးပဲ ေဆးမေသာက္နဲ႕ **

Yoongi တစ္ေယာက္ အခန္းထဲက
ခပ္သုတ္သုတ္ထြက္လာၿပီး
ေရခဲေသတၱာ သြားဖြင့္ရွာေတာ့
ၾကက္ဥပူတင္းတစ္ဘူး ေတြ႕တာမို႔
ယူလာကာ Jimin အခန္းထဲျပန္ဝင္သြားျပန္သည္။

ထြက္လာလိုက္ ဝင္သြားလိုက္ႏွင့္သူ႕ကို
Seokjin အေတာ္မ်က္စိေနာက္ေနၿပီျဖစ္သည္။

Namjoonကေတာ့
Hyung .. Jiminကိုေဆးတိုက္ၿပီးရင္ခဏေလာက္ထြက္လာခဲ့ပါဦးဟု လွမ္း ေအာ္ရွာသည္။

ပူတင္းကိုအရင္စားခိုင္းၿပီးကာမွ
အဖ်ားေၾကာင့္ မ်က္ႏွာနီရဲေနၿပီျဖစ္တဲ့ေကာင္ေလးကို ေဆးတိုက္ရသည္။

ေစာင္ၿခဳံေပးကာ
အိပ္ခိုင္းဖို႔လုပ္သည္ကို
ဖုန္းေကာက္ကိုင္ေသာ ေကာင္ေလးေၾကာင့္ ဆူရျပန္သည္။

**ဖုန္းမၾကည့္နဲ႕ေလ ... အိပ္လိုက္ေတာ့**

**Yoongi... အခု internetမွာ Namjoon hyungရဲ႕ dating news ပ်ံ့ေနတယ္ **

**Namjoon ??**

အဲ့တာေၾကာင့္ အေစာကNamjoonကတမ်ိဳးျဖစ္ေနသည္လား...
သူSeokjin hyungကို သေဘာက်ေနတာ
Yoongiသိသည္။

ဒါနဲ႕ ဘယ္သူနဲ႕မ်ား....

**ၿပီးေတာ့ သူနဲ႕ သတင္းထြက္တာက Min Yoongi**

Jiminရဲ႕စကားေၾကာင့္
သူ႕ဦးေႏွာက္က ခဏေလာက္အလုပ္မလုပ္ေတာ့သလိုေတာင္ျဖစ္သြားရသည္။

**Min Yoongi.... ဘာႀကီး .. ငါလား???**

**ommm**

**အေရးမပါတာေတြ ကြာ တစ္ကယ္မဟုတ္မွန္းမင္းလည္းသိတယ္ဟုတ္**

**အင္း သိပါတယ္... ဒါေပမဲ့ ကြၽန္ေတာ္Yoongiကိုေမးခ်င္တာေလးရွိတယ္**

Jiminရဲ႕မ်က္ဝန္းထဲမွာေပၚေနၿပီးသားပင္
သူဘာေမးခ်င္လဲဆိုတာ...
မေန႕ကတည္းက
Seokjin hyungကအျပင္မထြက္ခင္လာေျပာသြားခဲ့တာျပန္သတိရသည္။

Jiminက မင္း ဘယ္သူ႕ကိုႀကိဳက္ေနလဲဆိုတာသိခ်င္ေနပုံရတယ္တဲ့....

အဲ့တာသိခ်င္တာေၾကာင့္
သူေနာက္တေနကုန္ေလွ်ာက္လိုက္ေနတာမွန္းလည္း
သူရိပ္မိပါသည္။
Companyမွာလည္း သူနဲ႕ ေတြ႕သမွ် မိန္းကေလးေတြကို လိုက္ၿပီး စူးစမ္းေနတာ သူသိသည္။

Park Jiminineရဲ႕ ခ်စ္စရာေကာင္းစြာသဝန္တိုမႈေလးကို ၾကည့္ရင္း သူ႕မွာ တၿပဳံးၿပဳံးျဖစ္ေနခဲ့ရေသးသည္။

**ေမး ကြာ ျမန္ျမန္ ၿပီးရင္ေတာ့ အိပ္ေတာ့**

**Yoongiမွာ ခ်စ္ေနရတဲ့ေကာင္မေလးရွိေနၿပီလားဟင္**

**Jiminnah **

**ဗ်ာ**

**ငါက မိန္းကေလးေတြ စိတ္မဝင္စားဘူး ....... ေယာက်္ား ေလး ကိုပဲ စိတ္ဝင္စားတာ အဲ့လိုဆိုၿပီး ေသခ်ာေပါက္ Namjoonနဲ႕ကိစၥကေတာ့ မဟုတ္ဘူးေနာ္**

သိပ္မထူးျခားသလို
ေလသံခပ္ေအးေအးႏွင့္ေျပာျပလိုက္ေပမဲ့
ဘယ္ေလာက္ တုန္လႈပ္ေနလဲေတာ့ သူကိုယ္တိုင္ပဲ
သိမည္....
ဒီလို ေခါင္းစဥ္နဲ႕ပက္သက္ၿပီး တခါမွJiminနဲ႕မေျပာျဖစ္ခဲ့ဖူးတာမို႔....
သူကတမင္ မေျပာသည္လည္းပါသည္ေပါ့ေလ ..
Jiminမႀကိဳက္မွာ
ေၾကာက္ေနခဲ့သည္မို႔....

ၿပီးခဲ့သည့္ႏွစ္ေတြအတြင္း
သူအျပင္းအထန္ႀကိဳးစားခဲ့သည္က
Jiminကို ဂ႐ုစိုက္ေပးဖို႔ ...
တျခားသူေတြထက္ပိုၿပီး Jiminဆီက
တြယ္တာမႈေတြရဖို႔....
တျခားသူေတြထက္ပိုၿပီး Jiminဆီက
အာ႐ုံစိုက္မႈေတြရဖို႔.......
သူကလြဲၿပီးJiminအနားမွာဘယ္သူမွရွိမေနဖို႔ေတြပဲ...

Jimin ဘက္က ဘယ္လိုေတြးမလဲဆိုတာ
သူတကယ္မသိဘူး ......... ။

အတန္ၾကာ ၿငိမ္သက္သြားၿပီးကာမွ
ျပန္ေျပာလာတဲ့ ေကာင္ငယ္ေလးရဲ႕အေျဖက

ေၾသာ္ ဟုတ္လား ကြၽန္ေတာ္ဘာလို႔မသိခဲ့ပါလိမ့္.. တဲ့

**ဒါဆို Yoongiက Gayေပါ့ေနာ္ **

**အဲ့လိုပဲေျပာရမွာေပါ့**

ငါခ်စ္ရတဲ့မင္းက ေယာက်္ား ေလးကိုး
ဒါကေတာ့ သူရင္ထဲမွာဆက္ေျပာျဖစ္လိုက္တဲ့စကားသာ.... ။

**Jiminine... မင္း မအံ့ၾသဘူးလား**

**အံ့ၾသတာေပါ့ **

**ဘာမွသိပ္မထူးျခားပဲ ၿငိမ္ေနလို႔**

**ၿငိမ္ေနတာ ကြၽန္ေတာ္ေခါင္းမူးေနလို႔ဗ် လႈပ္ရင္ပိုဆိုးသြားမွာေၾကာက္လို႔**

Park Jiminရဲ႕အေျဖက Yoongiကိုတစ္ကယ္ဆြံ႕အသြားေစပါသည္။

အဲ့ေတာ့ Jiminက ဘာျဖစ္ခ်င္တာလဲ
သူက ေယာက်ာ္းေလးခ်င္း ခ်စ္မိသြားတာမ်ိဳးကို
လက္ခံတာလား လက္မခံတာလား????

ၿငိမ္သက္ေနတဲ့ Jiminရဲ႕အေတြးက......

တကယ္ပါ ေခါင္းမူးေနလို႔သာ မဟုတ္ရင္
Jimin.. သူတစ္ကယ္လႈပ္႐ြၿပီး ေပ်ာ္႐ႊင္ေနၿပီ
Yoongi ႀကိဳက္ေနတဲ့ေကာင္မေလးမရွိဘူးတဲ့ကြ..... ။

...........

Park Jiminineရဲ႕ အေတြးရထားကေတာ့
တမ်ိဳးပဲေနာ္ သူအာ႐ုံစိုက္တာေတြက သူမ်ားနဲ႕မတူ😂

Dating news ျပႆနာကို
ေနာက္အပိုင္းမွ ရွင္းမယ္ေနာ္
ခုေတာ့ ဒီေလာက္ပဲ ❤️❤️

Continue Reading

You'll Also Like

48.3K 2.4K 20
๐‘ผ๐’๐’“๐’†๐’’๐’–๐’Š๐’•๐’†๐’… ๐’๐’๐’—๐’† ๐’Š๐’” ๐’๐’Š๐’Œ๐’† ๐’‰๐’Š๐’•๐’•๐’Š๐’๐’ˆ ๐’š๐’๐’–๐’“ ๐’‰๐’†๐’‚๐’… ๐’‚๐’ˆ๐’‚๐’Š๐’๐’”๐’• ๐’‚ ๐’˜๐’‚๐’๐’ ๐’•๐’‰๐’‚๐’• ๐’Š๐’”๐’'๐’• ๐’•๐’‰๐’†๐’“๐’†. ๐‘บ๐’‰๐’‚๐’๐’๐’๏ฟฝ...
767K 28.4K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! ๐Ÿ˜‚๐Ÿ’œ my first fanfic...
567K 8.7K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
458K 31.3K 46
โ™ฎIdol au โ™ฎ"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...