(Completed )The Transmigratio...
By Xiao_Yiii
1.3M 194K 3.1K
မနက်ခင်းတစ်ခုတွင် system နှင့်ချည်နှောင်ခံရပြီးနောက် MC မှာလုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ပင် ML ဤဖမ်းဆီးခြင်း/တု... More
Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You
Arc(1.10)
15.3K 2.1K 63
By Xiao_Yiii
Unicode
Arc(1.10)
The Wild Dragon Proud Day
သေကြေပျက်စီးသည့်အသံများနှင့်ပေါက်ကွဲကြေမွသွားသည့်အသံများကနေရာတစ်ကာတွင်ကြားနေရသောကြောင့်ပတ်ဝန်းကျင်လေထုသည်ပြင်းထန်ပြီးအရေးတကြီးဖြစ်နေသည်။
သွေးများကနေရာတစ်ကာပျံ့နှံ့နေပြီးအဟောင်းတစ်ခုမခြောက်ခင်မှာပင်နောက်တစ်ခုကထပ်မံဖုံးလွှမ်းသွား၏။
ချင်ယု၏ကိုယ်ခံပညာကအင်အားကြီးမားသော်လည်းရန်သူအများအပြား၏တိုက်ခိုက်မှုအားအကြိမ်ကြိမ်ခံလာရသောကြောင့်သူ့ရဲ့လှုပ်ရှားမှုများမှာလည်းအကန့်အသတ်ရှိလာသည်။လီလျိုတဲထဲမှထွက်လာသည့်အခါမှာတော့သူကရန်သူစစ်တပ်နှစ်စု၏ဝိုင်းရံခြင်းအားခံနေရပြီဖြစ်ပြီးအကုန်လုံးကအတူတူတိုက်နေကြသည်။
လီလျို၏ကိုယ်ခံပညာကချင်ယုလောက်တော့ထူးခြားပြီးတော်လွန်းတာမဟုတ်သော်လည်းကိုယ်ခန္တာအရွယ်အစားမတူညီရင်တောင်တစ်ချို့စစ်သားလောက်တော့သူကိုယ်တွယ်နိုင်သေးသည်။သူကသူ့ကိုယ်သူကာကွယ်ဖို့နဲ့သူတို့ကိုသတ်ဖို့အတွက်လောက်ကတော့ဘာပြဿနာမှမရှိသော်လည်းတစ်ခါတစ်လေတော့အကုန်လုံးကိုရှင်းပစ်ရန်ကအချိန်တစ်ချို့ယူရန်လိုအပ်၏။
လီလျိုရဲ့ဓားဟာစစ်သားတစ်ယောက်ရဲ့ဒဏ်ရာရနေတဲ့ရင်ဘတ်ကိုထိုးဖောက်နိုင်ခဲ့ပြီးသူ့လက်တွေပေါ်ပူနွေးနေသည့်သွေးအနည်းငယ်ကျဆင်းသွားတာကိုခံစားရတဲ့အခါမှာတော့အနည်းငယ်တုန်လှုပ်စပြုလာသည်။သို့သော်လည်းသူ့ရဲ့ပထမဆုံးလူသတ်မှုနှင့်ယှဉ်ရင်တော့သူ့ရဲ့သေလောက်အောင်ဖြူဆုတ်နေသည့်အသားအရည်ကအနည်းငယ်ပိုကောင်းမွန်လာသည်။
လီလျိုသည်သူ၏ဓားကိုဆွဲထုတ်ပြီးချင်ယုအားရန်သူများဝိုင်းတိုက်ခိုက်နေကြသည့်ဝန်ထုပ်ဝန်ပိုးအနည်းငယ်ကိုကူထမ်းပေးရန်အရှေ့မှရပ်၍ဆက်တိုက်ပေးနေ၏။
တိုက်ပွဲအဆုံးသတ်ရန်တစ်နာရီကျော်မျှအချိန်ကြာမြင့်ခဲ့သည်။
စခန်းမှလင်မြို့သို့ပြန်ရန်လုပ်သည့်ကြိုတင်ပြင်ဆင်မှုတွင်ဖမ်းဆီးရမိသောစစ်သားအားလုံးသည်သူတို့၏လှုပ်ရှားမှုများကိုလျှော့ချရန်အတွက်အတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရသည့်သူများဖြစ်သည်။
ချင်ယုကသူ့ရဲ့သွေးစွန်းနေသည့်ဓားအားမြေပေါ်တွင်လဲကျနေသည့်စစ်သားတစ်ယောက်၏အလောင်းမှဆွဲထုတ်လိုက်သည်။သူကညင်သာစွာဝေ့ယမ်းလိုက်သည့်အခါဓားပေါ်မှသွေးများမှာအခုမှဓားအိမ်ထဲမှဆွဲထုတ်လိုက်သကဲ့သို့သဲလွန်စအနည်းငယ်ပင်မကျန်ပဲချက်ချင်းသန့်စင်သွားတော့၏။
အားလုံးပြီးဆုံးသွားသည့်အခါတော့မူလကကျယ်လောင်စွာမည်ဟီးနေခဲ့သည့်ပေါက်ကွဲသံများအားလုံးသည်အသက်ဝင်ပြီးပျော်ရွှင်နေကြသည့်အောင်ပွဲခံခရာသံဖြစ်လာခဲ့သည်။ထိုအချိန်မှာပဲလင်မြို့ထဲတွင်မီးတောက်ကြီးများရုတ်တရက်ပေါ်ပေါက်လာပြီးညအချိန်ဖြစ်နေခဲ့တာတောင်ကောင်းကင်တစ်ခုလုံးကိုဖုံလွှမ်းနေသောကြောင့်အလွန်ကိုလင်းထိန်နေခဲ့သည်။
မြို့လည်ခေါင်မှာတော့ကြောက်လန့်တကြားအော်ဟစ်သံများကိုကြားနေရပြီးမူလကတင်းတင်းကြပ်ကြပ်ပိတ်ထားသည့်မြို့တံခါးများမှာအခုချိန်မှာတော့အနည်းငယ်လျော့ကျလာခဲ့ပြီဖြစ်သည်။အဘယ်ကြောင့်ဆိုသောသူတို့ကချင်ယု၏စစ်တပ်နှင့်တွေ့ဆုံရင်ဆိုင်နေရပြီဖြစ်သောကြောင့်ဖွင့်ပေးရန်ဆုံးဖြတ်လိုက်သောကြောင့်ဖြစ်၏။
ထိုမြင်ကွင်းကိုကြည့်ရင်းချင်ယု၏နက်မှောင်ပြီးရှည်လျားကျဉ်းမြောင်းသည့်မျက်လုံးများမှာပျော်ရွှင်သွားသည့်သဲလွန်စတစ်ချက်ဖြတ်ပြေးသွားသည်။ယခုအချိန်တွင်လင်မြို့တော်တစ်ခုလုံးသူ့လက်အောက်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
ချင်ယု၏စစ်တပ်ဝတ်စုံများကိုဝတ်ဆင်ထားသည့်ရှန်ဘီစစ်သားများမှာလင်မြို့တော်ထဲသို့စစ်ချီတက်လာကြပြီးကျန်ရှိသည့်အစောင့်စစ်သားတစ်ချို့ကိုအပြီးသတ်တိုက်ခိုက်နေကြသည်။
အခြေအနေကအလျင်အမြန်ပင်အခြေကျခဲ့သည်။ရှုံးနိမ့်သည့်ဘက်ကလင်မြို့တော်ဖြစ်ကာစစ်သားတစ်ချို့သာအသက်ရှင်ရက်ကျန်ရစ်ခဲ့သည်ပြီးအောင်ပွဲအတွက်မျှော်လင့်ချက်မရှိကြောင်းသူတို့ကအစောကြီးကတည်းကသိထားကြသောကြောင့်အစောင့်တပ်များသည်သူတို့၏တိုက်ခိုက်ရေးစိတ်ဓာတ်ကိုကြာမြင့်စွာကတည်းကဆုံးရှုံးခဲ့ရပြီးသားဖြစ်သည်၊ ထို့ကြောင့်လည်းသူတို့သည်ရှန်ဘီစစ်တပ်ထံချဉ်းကပ်ကာလက်နက်ချအညံ့ခံခဲ့ကြခြင်းဖြစ်၏။
တစ်ခြားတစ်ဖက်မှာတော့လင်မြို့တော်၏အုပ်ချုပ်ရေးမှုးကကြောက်လန့်တုန်လှုပ်စွာဖြင့်သူ့ရဲ့တရားဝင်အိမ်တော်ကြီးထဲတွင်ပုန်းအောင်းနေခဲ့သည်။သို့သော်လည်းစစ်သားများမှာနောက်ဆုံးတော့အိမ်တော်ဆီသို့ပြေးဝင်လာကြပြီးသူပုန်းခိုသည့်နေရာသို့ရောက်သည့်အခါမှာတော့သူ့ကိုဖမ်းဆီး၍ခြံထဲသို့ထုတ်လိုက်လေတော့သည်။
ချင်ယုကသူတို့ဆီသို့ပုံမှန်ခြေလှမ်းများဖြင့်သာရောက်ရှိလာသည်။သူ့ရဲ့ချောမောသည့်မျက်နှာမှအောက်ဘက်လိုင်းများမှာနောက်ခံမီးအလင်းရောင်များကြောင့်ရှင်းရှင်းလင်းလင်းမြင်တေ့နေရပြီးသူ့ရဲ့နက်ရှိုင်းသည့်မျက်ဝန်းများ၏အလည်မှာတော့နက်မှောင်သည့်တွင်းမှလွဲ၍ဖုန်းကွယ်ထားတာဘာမှမတွေ့ရသည့်အပြင်အလင်းရောင်တစ်စက်မှပင်ရှိမနေပေ။
အုပ်ချုပ်ရေးမှုးကခြေပေါ်တွင်ဒူးထောက်နေခဲ့ပြီးသူ့တစ်ကိုယ်လုံးမှာတော့တုန်ယင်နေခဲ့သည်။သူကသူ့ရှေ့မှာရှိသည့်ချင်ယုကိုကြည့်ဖို့ကိုပင်အလွန်ကိုကြောက်ရွံ့နေမိပြီဖြစ်၏။
လီလျိုကချင်ယု၏နောက်မှကပ်လိုက်လာခဲ့ပြီးမြေပေါ်တွင်ဒူးထောက်နေသည့်သူအားကြည့်လိုက်သောအခါသူ့ရဲ့အမူအယာရှုပ်ထွေးသွားတော့သည်။
ထိုလူကသူဖန်တီးထားသည့်ဝတ္ထုထဲမှဇာတ်ကောင်တစ်ကောင်ဖြစ်နေပေမဲ့လည်းသူကအကြိမ်တစ်ထောင်မကသေသင့်သည်ဟုခံစားနေရသည်။သူကတရားမဝင်ငွေစုဆောင်းခြင်းကိုနှစ်သက်ရုံသာမကအပြစ်မဲ့သည့်အမျိုးသမီးများကိုပါဖမ်းဆီးပြီးမုဒိမ်းကျင့်ရခြင်းကိုနှစ်သက်သောသူတစ်ယောက်ဖြစ်သည်။
ရိုးရှင်းစွာပင်အရှက်မရှိလွန်းသောသူဖြစ်သည်။သူလိုဘက်စုံတော်တဲ့သူတစ်ယောက်ကအခုချိန်ထိလူပျိုလေးဖြစ်နေသေးသော်လည်းထိုလူလိုမျိုးအမှိုက်လိုကောင်ကဘယ်လောက်တောင်မှန်းမသိနိုင်တော့သည့်ငယ်ရွယ်ပြီးလှပသည့်အမျိုးသမီးလေးများကိုညစ်နွမ်းစေခဲ့ပြီးသွားပြီ.....
ဒါပေမဲ့သူနဲ့ယှဉ်ရင်တော့ဒီဇာတ်ကောင်ကအနည်းဆုံးတစ်စုံတစ်ခုမှာတော့အနိုင်ရခဲ့ပြီးမျှော်လင့်ချက်ရှိနေဆဲပဲလေ....
လီလျိုကအုပ်ချုပ်ရေးမှုကိုကြည့်နေဆဲဖြစ်သော်လည်းသူ့ရဲ့အတွေးရထားကြီးမှာစွန်လိုမျိုးမျောလွင့်နေရင်းဝေးသထက်ဝေးသွားပြီးပြန်ကိုမလာတော့ပေ။
ချင်ယုသာချင်တိုင်းပြည်ကိုသိမ်းပိုက်ပြီးလို့ဧကရာဇ်ဖြစ်သွားရင်သူငါ့ကိုအခုထက်ပိုတဲ့ရာထူးတစ်ခုခုတော့ပေးမှာပဲ..ပြီးရင်တော့ငါဘီယန်စီးပွားရေးမြို့တော်ကိုသွားပြီးစိတ်ကျေနပ်စရာကောင်းတဲ့နေရာတစ်ခုခုမှာရွှေတွေသုံးပြီးငါ့ရဲ့ပထမဆုံးအတွေ့အကြုံ့ကိုခံစားရမယ်အဲ့ဒါဆိုရင်တော့ငါ့ရဲ့သနားစရာကောင်းတဲ့လူပျိုဘဝလေးကိုအဆုံးသတ်လိုက်လို့ရပြီ
လီလျိုမှာစဉ်းစားနေစဉ်မှာပင်ဝက်ကိုသတ်သကဲ့သို့စိတ်ညစ်ညူးအော်ဟစ်နေသံများကိုကြားလိုက်ရပြီးတုန်လှုပ်သွားကာသူ့အတွေးရထားထဲမှချက်ချင်းပင်ပြန်ထွက်လာမိတော့သည်။
သူအသိပြန်ဝင်လာသည့်တစ်ပြိုင်နက်သူမြင်လိုက်သည့်အရာမှာမကြာသေးခင်လေးကမှတုန်လှုပ်နေသည့်အုပ်ချုပ်ရေးမှုးကသူ့ရဲ့သွေးထွက်နေသည့်ကိုယ်အောက်ပိုင်းကိုဖိကိုင်ကာသူ့ရဲ့အသားအရည်မှာအစိမ်းရောင်မှအဖြူရောင်သို့ပင်ပြောင်းနေပြီဖြစ်သည်။သူ့မျက်နှာကပြင်းပြင်းထန်ထန်ခံစားနေရပြီးသူကမြေပေါ်မှာလူးလိမ့်နေသည်။
အိ! ခဏနေပါဦး...သူဒီလိုမြင်ကွင်းမျိုးဝတ္ထုထဲမှာထည့်ရေးမိလို့လား?
လီလျိုကသူ့ရှေ့မှမြင်ကွင်းကိုဗလာအကြည့်ဖြင့်ကြည့်နေမိပြီးဘာလို့သူ့အောက်ပိုင်းကတစ်နည်းနည်းနဲ့အေးသလိုခံစားနေရသလဲဆိုတာကိုသူမသိပေ။
ချင်ယု၏မျက်နှာကတော့ထောင်စုနှစ်လောက်ရှိသည့်လေအေးများဖြင့်အေးစက်နေခဲ့ပြီးသူ့ရဲ့ထူးဆန်းသည်မျက်လုံးများကသူ့ကိုလှည့်ကာကြည့်နေ၏။
"မင်းအခုဘာပြောလိုက်တယ်?ငါသေချာမကြားလိုက်လို့!"
သေပြီ! ငါအဲ့ဒီလိုညစ်ညမ်းတဲ့နေရာကိုအနာဂတ်မှာသွားရဲပါဦးမလား?သူဒါမျိုးတွေးလို့မဖြစ်ဘူးလေ..သူသရဖူရလာတဲ့အချိန်ရောက်ရင်ငါ့ကိုသူ့သီးသန့်ခန်းတွေထဲသော့ခတ်ထားပြီးအိပ်ယာပေါ်မှာသုံးရက်နဲ့သုံးညလောက်ပစ်ထားတော့မှာပဲ....
လီလျိုမှာတံတွေးကိုသာမျိုချလိုက်မိတော့သည်။အခုမှသာသူ့အတွေးများအပြင်ဘက်သို့ပြောထွက်မိသွားသည်ကိုသတိထားလိုက်မိတော့၏။ချင်ယု၏အေးစက်သည့်အကြည့်ဖြင့်ရင်ဆိုင်လိုက်ရသည့်အခါထိုအကြည့်ကလူတစ်ယောက်ကိုအေးခဲပြီးရေခဲချောင်းဖြစ်သွားစေလောက်သောကြောင့်လီလျုမှာမနေနိုင်တော့ပဲအကြိမ်အနည်းငယ်မျှတုန်လှုပ်သွားမိတော့သည်။သူ့မျက်နှာသည်ပင်ကျားတစ်ကောင်၏အကြည့်ကိုခံနေရသည့်ယုန်တစ်ကောင်ကဲ့သို့တင်းကြပ်လာတော့လေ၏။သူကချက်ချင်းပင်ခေါင်းခါပြလိုက်ကာ
"မဟုတ်ဘူး...ဘာမှမဟုတ်ပါဘူး..မင်းမှားကြားတာ!"
ချင်ယုကသူ့ကိုခဏမျှလှည့်ကြည့်နေပြီးမှတစ်ဖက်သို့ပြန်လှည့်သွားသည်။သူကသူ့ဓားကိုဆွဲထုတ်လိုက်ကာရွှံကိုဖြတ်သကဲ့သို့အုပ်ချုပ်ရေးမှုး၏ခေါင်းကိုဖြတ်လိုက်ပြီးသူ့ဘဝကိုအဆုံးသတ်ပေးလိုက်တော့လေသည်။
ချင်ယု၏ထိထိရောက်ရောက်နှင့်တိုက်ရိုက်ကျသည့်လုပ်ဆောင်ချက်ကိုကြည့်ပြီးလီလျိုမှာမနေနိုင်တော့ပဲသူ့ရဲ့ကိုယ်ပိုင်လည်ပင်းလေးကိုထိလိုက်မိတော့သည်။ချင်ယုကသူမြင်အောင်တမင်တကာလုပ်နေသည်ဟုခံစားလိုက်ရလေ၏။
ညအချိန်တွင်လီလျိုအားချင်ယု၏အုပ်ချုပ်ရေးအိမ်တော်ရှိ အိပ်ခန်းကျယ်ထဲသို့ခေါ်ဆောင်သွားသည်။သူတို့ကတူညီသည့်အခန်းထဲကတူညီသည့်ကုတင်ပေါ်တွင်အတူတူအိပ်နေကြသော်လည်းချင်ယုကသူ့ကိုစကားတစ်ခွန်းမှမပြောပေ။သူ့ရဲ့ထက်ရှသည့်ချောမောသောမျက်နှာကအမူအယာမဲ့နေပြီးအခန်းထဲရှိလေထုကိုအင်မတန်စိတ်ဓာတ်ကျစေသည်။
လီလျိုကအိပ်ယာပေါ်တွင်ကျောပေးပြီးလဲလျောင်းနေသည်။အခန်းထဲမှာဖိအားတွေများလွန်းသောကြောင့်သူ့နှလုံးသားတစ်ခုလုံးမြင်းအကောင်တစ်သောင်းလောက်ခုန်ပေါက်ပြေးလွှားနေသလိုပင်ခံစားနေရသည်။
အာ...အာ...အာ..
သူကဒီအတိုင်းသာမာန်ယောကျာ်းလေးတိုင်းတွေးတတ်တဲ့အတွေးမျိုးပဲတွေးလိုက်မိတာကိုအဲ့ဒီတော့အဆုံးသတ်မှာသူဘယ်နားကများမှားသွားလို့လဲ?ပြီးတော့လည်းနေ့တိုင်းမနက်ရောညရောတုန့်ပြန်မှုတွေဖြစ်နေတာကဘယ်သူလဲ?ပြီးတော့ငါ့ကိုကူညီပေးခိုင်းလွန်းလို့ငါ့လက်တွေတောင်ကျိုးတော့မယ်!
အဲ့ဒီလိုမတွေးဘူူးတဲ့သူရောရှိလု့ိလား?ဒီလိုပြဿနာတွေတက်နေတဲ့နှစ်မှာသာမာန်လူတွေမှာမီးအိမ်တစ်ခုတောင်မရှိတဲ့အချိန်မှာသူကတော့စစ်သားတွေကိုမီးရှို့ခိုင်းတယ်! သူလည်းရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိနေတဲ့သာမာန်ယောကျာ်းတစ်ယောက်ပါဟနားလည်ရဲ့လား?
လီလျိုကသူ့မျက်နှာကိုပွတ်လိုက်ပြီးသူ့နှလုံးသားမှာတော့နာရီပေါင်းများစွာထဲကစိတ်လှုပ်ရှားတုန်လှုပ်နေမိသည်။ချင်ယုဆီကနာရီပေါင်းများစွာအတွင်းမည်သည့်တုန့်ပြန်မှုကိုမှမရရှိသောကြောင့်မနေနိုင်တော့ပဲသူ့လက်ညှိုးဖြင့်ချင်ယု၏မာကျောနေသောကျောကုန်းအားထိုးကြည့်လိုက်ကာ..
"ယု...ယု...မင်းအိပ်မပျော်သေးဘူးလား?"
ဘယ်လိုပဲဖြစ်ဖြစ်သူကဒီကမ္ဘာမှာချင်ယုထက်သုံးနှစ်ကြီးတယ်လေပြီးတော့သူ့ရဲ့တကယ့်ကမ္ဘာမှာရှိတဲ့ဘဝတိုတိုလေးကိုပါပေါင်းလိုက်မယ်ဆိုရင်သူ့အသက်ကချင်ယုရဲ့အသက်ထက်နှစ်ဆလောက်ရှိနေလောက်ပြီ....အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ဒီကြီးမားတဲ့ကောင်လေးနဲ့အတူတူလိုက်စိတ်ကောက်နေတာထက်လိုက်လျောလိုက်တာကကောင်းပါတယ်လေ....
........................
Translator's Note - ချင်ယုကအုပ်ချုပ်ရေးမှုကိုပထမဘယ်နေရာကိုဖြတ်လိုက်လဲသိပါတယ်နော်
........................
Zawgyi
Arc(1.10)
The Wild Dragon Proud Day
သေကြေပျက်စီးသည့်အသံများနှင့်ပေါက်ကွဲပျက်စီးသည့်အသံများကနေရာတစ်ကာတွင်ကြားနေရသောကြောင့်ပတ်ဝန်းကျင်လေထုသည်ပြင်းထန်ပြီးအရေးတကြီးဖြစ်နေသည်။
လီလျိုသည်သူ၏ဓားကိုဆွဲထုတ်ပြီးချင်ယုအားရန်သူများဝိုင်းတိုက်ခိုက်နေကြသည့်ဝန်ထုပ်ဝန်ပိုးအနည်းငယ်ကိုကူထမ်းပေးရန်အရှေ့မှရပ်၍ဆက်တိုက်ပေးနေသည်။