Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-58

10.6K 876 65
By naykyihtun

Unicode

နွေးသည် ခေါင်လေးနှင့် ဖုန်းပြောပြီး၍ အထဲပြန်ဝင်လာသော အခါ မေကြီးကိုမတွေ့ရတော့သဖြင့်.. ဝန်ထမ်းကောင်မလေးကိုမေးလိုက်၏။

"မေကြီး ဘယ်ရောက်သွားတာလဲ"

"ပြန်သွားပြီ မမ"

"ဟုတ်လား "

"ဟုတ်တယ် မမ ခုလေးတင်ပဲ သွားခဲ့တာ"

"အော်!"

သူမအသံက တစ်ဝက်တပျက်။ အမေကြီးလည်း အမှန်တရားကို ကြားရဖို့ ကြောက်နေမှာပဲ လို့ အတွေးဝင်ပြီး ခေါင်လေးကို ပြောရမလားလို့ စိတ်ကူးမိသေးသည်။သို့သော် မိသားစု အတွင်းရေကိစ္စတွေအထိ လိုက်မစွက်ဖက် သင့်ပါဘူးလေဟုပဲ ဆုံးဖြတ်ကာ counterမှာပင် ပြန်ထိုင်လိုက်စဉ် ပါဆယ်ဘူးလေးတစ်ခုကို တွေ့လိုက် ရသဖြင့် သူမပြုံးလိုက်မိပါသည်။

လမင်း တစ်ယောက် လာရှိုး ပြန်သွားပြီးကတည်​းကသူမဆီ နေ့တိုင်း စာပို့နေပါ၏။Romantic ဆန်ဆန်ရည်းစားစာတွေပို့နေခြင်း မဟုတ်ပါပဲ သူ့အကြောင်းတွေကို တစ်ရက်ပြီးတစ်ရက် ပိုတွေးလာနိုင်စေရန်ဟုဆိုသည့် သူ့ ရည်ရွယ်ချက် က ကြီးမားလှသည်။ အင်... ဒီကောင်လေး လည်း နဲနဲတော့ အူကြောင်ကြောင်နိုင်သည် ဆိုသော်ငြား
စာရောက်လာတိုင်း သူမ မဖွင့်ဖတ်ပဲ မနေနိုင်ခဲ့ပါလေ။

"ကောင်းသောနေ့ပါ နွေး။ ဘယ်သူမှမရှိပဲ အလုပ်တွေ လုပ်နေရတော့ ပင်ပမ်းတယ်ဟ ။ အလုပ်သမားတွေက တစ်မျိုး customer တွေက တစ်မျိုး သောင်းကျန်နေကြ
တယ်။ငါအခု မနက်လား ညလားတောင်မခွဲတတ်တော့ဘူး ကိုနှိုင်းလည်း ငဘုန်းနားပဲကပ်နေတာ ပြန်လာဖို့အစီအစဉ် မရှိဘူးလားမသိဘူး။ ဒါပေမယ့် နင့်ကို သတိရဖို့တော့ ငါ
နဲနဲမှမပျက်ကွက်ပါဘူး"

နွေး သည် စာဖတ်ရင်း မျက်နှာလေးက ပြုံးနေ၏။ ကမ္ဘာ ပေါ်မှာ မိမိကို အချိန်တိုင်း သတိတရရှိနေပေးသည့် လူတစ်ယောက် ရှိနေခြင်းက သိပ်ကို ကြည်နူးစရာ ကောင်းသည်။

"ဒီနေ့တော့ ငါ့အကြောင်း မပြောပြတော့ပါဘူး။ငါဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်အကြောင်းပြောပြမယ်။ တစ်ခါတုန်းက
ဗာရာဏသီပြည်မှာ ဗြဟ္မာဒဏ်မင်းကြီး စိုးစံစဉ်အခါက သန်းကြွယ် သူဌေး ကြီးတစ်ဦးမှာ အလွန်လှပတဲ့ သမီးလေး တစ်ယောက် ရှိသတဲ့။ အဲ့ဒီသမီးလေး အရွယ်ရောက်တဲ့အခါ
ချစ်သူကြိုက်သူ ပေါများလွန်းလှတာကြာင့် ဘုရင်ကြီးက သမီးတော်လေးကို ချစ်ခင်စုံမက်ရင် အလွန်တရာမှ ရက်စက်ကြမ်းကြုတ်တဲ့ တောရိုင်းခြင်္သေ့ တစ်ကောင်ကို ဆက်သရမယ်လို့ ဆိုသတဲ့.... ဟာ သွားပြီ...Barဖွင့်ချိန် ရောက်သွားပြန်ပြီ။ ငါနောက်နေ့မှ ဆက်ပြောပြမယ်။
ဒီပုံပြင်လေးဆုံးတဲ့နေ့ကြရင် နင့် ကို ငါ မေးခွန်းတစ်ခု မေးမယ် ။ဖြေနိုင်ရင် နင် ငါနဲ့တွဲရမယ်။မဖြေနိုင်ရင် ငါ ချစ်ခွင့်ပန်တာကို နင်လက်ခံရမယ် ...."

ဟွန့် ကိုယ့်ဘက်ကိုယ်ယက်ကြီး။ နွေးက နှုတ်ခမ်းလေးမဲ့ကာ စာရွက်လေးကို တယုတယဖြန့်လျက် စာအုပ်ကြားထဲ
ညှပ်လိုက်၏။ ဘူးခွံလေးကိုတော့ အရင်ပို့ထားသည့် ဘူးခွံလေးတွေဘေးမှာဆက်စီထားလိုက်ပါသည်။ ဘာလိုလို နဲ့ လမင်း သူမ ဆီစာပို့နေတာ လေးစောင်ရှိသွားခဲ့လေပြီ။
ငါ နင့်စာတွေ လက်ခံရရှိကြောင်း စာပြန်ပို့သင့်လားတော့ မသိပေမယ့်... နေ့တိုင်းဒီလိုစာလေးတွေ ဖတ်နေရတာကို
တော့ ကြိုက်မိတော့မယ်ထင်ရဲ့။

.........

"မေကြီး... မေကြီးလို့ ...ငါ ဗိုက်ဆာပြီ"

အပြင်ကပြန်လာပြီးကတည်းကပင် အခန်းထဲဝင်အိပ်နေသော မိန်းမ ဖြစ်သူကြောင့် ဘကြီးတစ်ယောက် စိုးရိမ်မူ့ပိုကာ
နှိုးမိသည်။

"အင့်!"

ဘေးတစ်စောင်း အိပ်နေသော သူမ ထံမှ
ပင့်သက်ရှိုက်သံလေး ကြားရစဉ်... သူရင်ပူသွားလျက်..

"မိန်းမ!"

အလန့်တကြား ခေါ်တော့ ကိုယ်လေးပင် တုန်လို့ သူမက အသံတိတ် ငိုကြွေးပါလေရော။

"ဟင့်..."

"ဘာလို့ ငိုနေတာလဲ.. မင်း ကိုဘယ်သူငိုအောင်လုပ်တာလဲ"

ကွယ်ထားသည့် မျက်နှာကို ဇွတ်တရွတ်ပင် လိုက်ကြည့်ရင်း မေးပါလျှင် သူမက ကျောခိုင်းမြဲ ခိုင်းထားစဲဖြစ်၏။ ဒီမိန်းမတော့ အသက်က ကြီးနေပြီ ငယ်ငယ်ကအကျင့်ကို
မပျောက်ဘူးကွာ။

"မင်း င်ိုတာ ရပ်ပြီး ဘာဖြစ်တာလဲဆက်ပြောမလား ငါ ဒေါသထွက်ပြီး သောင်းကျန်းတာကိုကြည့်မလား"

အနဲငယ် ခြိမ်းခြောက်တော့ ချစ်ရသော အဖွားလေးက ငေါက်ခနဲထကာ မီးဖိုခန်းဘက်ထွက်သွားလေသဖြင့် သူ ဆက်လိုက်ကာ မေးရပြန်သည်။

"မိန်းမရာ ပြေားစမ်းပါဟ... မင်း မပြောရင် ငါထမင်းမစား ဘူးနော်"

သို့တိုင် သူမက ဘာမှပြန်မဖြေပဲ ဟင်တွေနွှေး ထမင်းတွေ ခူးခပ်ပေးကာ စားပွဲတွင် ဝင်ထိုင်နေတော့၏။

"စားချင်စိတ်ကို မရှိဘူးကွာ ငါ စားပွဲကြီးလှန်လောပစ်လိုက်ရ!"

"လောပစ်လိုက်... အကုန်မှောက်ပစ်လိုက်!!"

ထိုအခါမှ မျက်ရည်များကျကာ ပြန်အော်လာသော မေကြီးကြောင့် သူ စားပွဲကို တကယ်ပင် လှန်လှောပစ်လိုက်ပါသည်။

"ဝုန်း".."ခလွမ်း..."

စားပွဲပေါ်က ထမင်းဟင်းတွေနဲ့ပန်းကန်ကွဲတွေဟာ ကြမ်းပြင် ပေါ်တစစီ ပြန့်ကျဲလို့ ကျလာသည်။

"ရှင်!!"

"မင်း ကို ငါ သတိပေးပြီးသား မဟုတ်လား။ ငါ့ဒေါသကို မဆွနဲ့"

"အမလေး ကျေးဇူးရှင်ကြီးရဲ့ ရှင် တစ်ယောက်ပဲ စိတ်ရှိတာ....ကျွန်မက ဘာမှ မသိတဲ့ငတုံးမ"

"မင်း မဆိုင်တာတွေ မပြောနဲ့... မင်းကို မျက်ရည်မကျနဲ့လို့ ငါပြောနေတယ်နော် "

ငယ်ငယ်ကပင် စိတ်ကြီးသည့်သူဟာ ချစ်ရသော မိန်းမ မျက်ရည်ကျပါလျှင် တစ်လောကလုံးကို အမှောင်ချပစ်ချင်
သည်အထိ ဒေါသထွက်သည်။ ဒါကို ဒီမိန်းမ မသိတာလည်း မဟုတ်ပဲ အမြဲတမ်းမျက်ရည်လွယ်လွန်းနေတတ်တာ
ခက်သည်။

"လူပဲ မျက်ရည် ကျတာဆန်းလို့လား... ရှင့်လို ဘာမှ မခံစားတတ်တဲ့လူကတော့ ဘယ်ကျပါ့မလဲ"

"ဟ....မင်းကဘာဖြစ်လို့ဖြစ်မှန်းမသိ ငိုနေတဲ့ကိစ္စကို ငါကလိုက်ငိုပေးနေရမှာလား... "

"သိတယ်... ရှင် က သားငယ်ပျောက်တုန်းကတောင်မျက်ရည် တစ်စက်မှမကျတာ "

"မင်းသားက ပျောက်တာမဟုတ်ဘူး ခြေစုံကန်ပြီး ထွက်သွားတာလေ... ငါ့က လွမ်းလိုက်တာဟ ဆိုပြီး ရင်ဘတ်စည်တီး ငိုပေးရမှာလား... ဟမ်"

"အီ......"

"အေ... ငို... မသေမချင်းငို"

ဘကြီးသည် အသက်အရွယ် နှင့်မှမလိုက် ဖျတ်လက်ကာ အရွယ်တင်ဆဲဖြစ်လျက် မာန်မာနကြီး၏။သို့သော် မေကြီးကို သူသာလျှင် နိုင်လို့ရသည် တစ်ခြားတစ်စုံတစ်ယောက်က မေကြီးကို စကားလုံးလေးဖြင့်ပင် ထိခိုက်ပြောဆိုခြင်း
ကိုတော့ တစ်စက်လေးမှပင်ကြိုက်သူမဟုတ်ပါချေ။

"ရှင်ပဲ ကျုပ်ကို သားငယ်ကိစ္စ စီစဉ်ခိုင်းပြီးတော့ ။ ကျွန်မငိုတာကို ဘာလို့ဒေါသထွက်နေတာလဲ "

"ဟမ်!!"

မီးဖိုခန်းထဲက ထွက်မဲ့ခြေလှမ်းဟာ ရှေ့မဆက်နိုင်ပဲ ပြန်လှည့်ရသည့်အခြေအနေရောက်သွားရသည်။

"ဟာ....မိန်းမရာ... အဲ့တာ ဘာဖြစ်လို့တုန်း ။
ဘယ်နားကနေ ငိုစရာပါသွားလို့တုန်း"

"ပါတာပေါ့... သားငယ်က တကယ်အဲ့ကောင်လေးကို ကြိုက်နေတာဆိုရင် ကျွန်မလက်ခံရမှာမလားလက်မခံရဘူးလား။ လက်ခံလိုက်လို့ရှင်က မကြိုက်ရင်ဘယ်လိုလုပ်မလဲ။
တကယ်လို့ လက်မခံလိုက်ပြန်ရင်လည်း ရှင်က ကျုပ်ကိုအပြစ်ရှာပြန်ဦးမယ်"

ဘကြီးသည် သူ့အား အစဉ်အမြဲ ဦးစားပေးတတ်သော မေကြီးကြောင့် စိတ်တွင်း၌ ကြိတ်ပြုံးပါ၏။သို့တိုင် အပြင် ၌တော့ မျက်နှာသွင်ပြင်ဟာ တည်တံ့နေဆဲဖြစ်သည်။

"ငါက အပြစ်ရှာတာမဟုတ်ဘူးလေကွာ.. ငါ ဒီလိုပဲ လျှောက်ပြောတတ်တယ်ဆိုတာ မသိဘူးလား။ဝသီကွ ဖျောက်ရခက်တယ်။ လာ ငိုမနေနဲ့။ ဖိုးခေါင်ကိစ္စလဲ မင်းမစီစဉ်နဲ့တော့.. ငါ့ဟာငါ ပဲ စီစဉ်တော့မယ်"

သူ့အသံနဲနဲပျော့သွားလျှင် မေကြီးက ထိုင်ငိုနေရာမှ ထပြီး ပြန်ကျဲနေတာတွေ သိမ်းဖို့ပြင်ကာ..

"ကျုပ်သားကို စိတ်ဆင်းရဲအောင် မလုပ်နဲ့နော်....သားငယ် အိမ်ပေါ်က ဆင်းရင် ကျွန်မပါ လိုက်သွားမှာ"

"ငါ မွေးထားတဲ့သားအကြောင်း ငါ သိပါတယ် မိန်းမရာ။ ဒီကောင် အဲ့ဒီကလေးကို ရွေးချယ်ပြီး အိမ်ပေါ်ခေါ်တင်
လာတယ်ဆိုကတည်းကငါ စိတ်ကျေနပ်လောက်အောင် ပေးနိုင်မယ့် အကြောင်းပြချက်ကောင်း ရှိလို့နေမှာပေါ့"

သားသမီးတွေထဲတွင် အငယ်ကောင် တစ်ယောက်သာ သူ့စိတ် သူ့စရိုက်တွေ အကုန်ရသည်။ထို့ကြောင့် ယုံသည်။ ထို့ကြောင့် အိမ်ကထွက်သွားသည့် ကာလတစ်လျှောက်လုံး သူ ယောကျာ်ချင်းကြိုက်နှစ်သက်သော သဘာဝကို တတ်နိုင်သလောက်ရှာဖွေ ဖတ်ရှူ့ကြည့်သည်။ ထို့ကြောင့် နှိုင်းသုတလျှံဆိုသည့်ကလေးနှင့် အရောတဝင်
စကားပြောကြည့်ခဲ့သည်။ထို့ကြောင့်ပင်.....

"ငါ့သားမှန်ရင် ငါ လက်ခံလာအောင် လုပ်နိုင်စွမ်းရှိရမယ်။ ငါလက်ခံလာ အောင် မလုပ်နိုင်ရင် မင်းပါမကလို့ တစ်အိမ်လုံးထွက်သွားကြရင်တောင် ငါတားမယ်မထင်နဲ့!"

ဒါနောက်ဆုံး သူ့ ဆုံးဖြတ်ချက်စကားဖြစ်၏။ အမေကြီးဆို သည်ကဘကြီး၏ စကားကို ဘယ်တုန်းကမျှလွန်ဆန်နိုင်သူ မဟုတ်ရကာ ထမင်းစားပွဲကိုသာ သိမ်းလျက် အသစ်
တစ်ဖန် ပြန်ပြင်ပေးရ၏။ ဒီယောကျာ်းကို ဘာလိုများ သူမ ယူခဲ့မိပါလိမ့်ဟု တစ်သက်လုံးစဉ်းစားလာခဲ့ပေမယ့် ဒီယောကျာ်းကို ယူလိုက်ရ၍ နောင်တရသည့်ရက်ဟူ၍
သူမ တွင် မရှိခဲ့တာတော့ သေချာပါသည်။

.......

ခွမ်း!!!!!

"ဘာဖြစ်တာတုန်း စိုင်လျန်"

ဖန်ခွက် ကွဲကျသံ ကြားသဖြင့် ခေါင်းမူး၍ အိပ်နေရာမှ သူ ချက်ချင်းထပြီး ပြေးကြည့်လိုက်၏။

"မသိဘူး ကိုကြီး ဒီတိုင်းလွှတ်ကျသွားတာ"

စိုင်လျန်လေးကလည်း မသိနားမလည်သလို စူးစူးစမ်းစမ်း ဖြစ်နေရှာသည်။ဒါဟာ အယူအဆတစ်ခုအဖြစ် မှတ်ယူ ပါလျှင် နိမိတ်မကောင်းခြင်းကို ဖော်ပြနေသည်။

"ကိုကြီး ကိုကို နေကောင်းရဲ့လားမသိဘူး။ ကျွန်တော် အရင်ကဖြစ်ဖူးတယ်... သိပ်မကြာဘူး ကိုကို ဆေးရုံ တတ်ရတယ်... အခုလည်း ထပ်ဖြစ်ပြန်ပြီ.. "

"ဘာမှမဖြစ်လောက်ပါဘူးကွာ... ကိုယ်တို့အပြင်ထွက်တာ အရမ်းများပြီး ပင်ပမ်းနေကြတာနေမှာပါ"

ပြောသာပြောရသည် သူ့စိတ်တွင်လည်း လေးလံလို့နေ၏။

"ဟုတ်ပါပြီကွာ မင်းကိုကို ကို ဖုန်းဆက်ပေးမယ်ဟုတ်ပြီလား"

"ဟုတ်"

မျက်နှာမကောင်းသောကလေးဟာ သူထို့သို့ပြောမှ တတ်တတ်ကြွကြွလေးဖြင့် ခေါင်းငြိမ့်ရှာသည်။သံယောဇဉ် ဆိုတာကလည်း ဖြတ်တောက်ရခက်သားလား။ ထို့နောက်သူ
ဘုန်းထွဋ်ခေါင်လျှံ ဆီသို့ ဖုန်းဆက်ရန် ရည်ရွယ်လိုက်ရာ ဖုန်းနံပါတ်ကို မသိသဖြင့် ရဲဇော်ကိုသာ ဖုန်းဆက်လိုက်ရ၏။

"ဟယ်လို အေ ရဲဇော် မင်း ဘာမှမဖြစ်ဘူးမလား"

"ငါကဘာဖြစ်ရမှာလဲ "

ရဲဇော်မှာ သူ့ကိုထားခဲ့ပြီး အကုန်ထွက်သွားကြသဖြင့် နဲနဲလေးမကျေမနပ်ဖြစ်နေကာ စကားကို ဘောက်ဆတ်ဆတ်
ပင် ပြန်ဖြေသည်။

"မင်း ဘာမှမဖြစ်ရင် ဘုန်ထွဋ်ခေါင်လျှံ အဆင်ပြေရဲ့လား ဆက်ကြည့်စမ်းကွာ။ ဘာမှမရှိပဲ ငါက မြေကြီးက်ိုခလုတ်
တိုက်တယ်။ စိုင်လျန်ကဖန်ခွက်ကျကွဲတယ်... စိတ်ထဲ မကောင်းလို့ကွ။ ငါတို့မှာလဲ ရင်းနှီးတာဆိုလို့ မင်းတို့ပဲ ရှိတာ"

မိုးဇေ စကားကြောင့် ရဲဇော် ခေတ္တ တွေဝေသွားသည်။ ဒါပေမယ့် ခေါင်က သူ့ကိုတောင် အားကောင်းမောင်းသန် ရန်တွေ့ပြီး ထွက်သွားခဲ့တာပဲ ဘာဖြစ်မှာမို့လို့လဲ။

"ခေါင် ဘာမှမဖြစ်ဘူး ခုနကပဲ.. ငါ့ကို ဒုက္ခပေးပြီး ပြန်သွားတာ"

"ဒါဆို ဘုန်းထွဋ်ခေါင်လျှံ က Lashioမှာလား"

"မဟုတ်ဘူး ရွာမှာ "

"ဟမ် ဘယ်ရွာလဲ"

"သူ့ရွာပေါ့ကွာ...ထားတော့ ပြောရရင်ရှုပ်တယ်။ မင်းနဲ့စိုင်လျန်က အခုအတူတူရှိနေတာလား။ပြောလိုက်စမ်း ငါ့ကို စကားမပြောချင်လောက်အောင် ဒင်းက ဘာဖင်ကျယ်
နေတာလဲလို့"

ထိုအခါ စိုင်လျန်က ပြာပြာသလဲ..

"မဟုတ်ပါဘူး ကိုကြီးရဲဇော်ကလည်း ကျွန်တော် မပြောရဲလို့ "

"ကြောက်ချင်ယောင်ဆောင်နေတာ မလား"

"မဟုတ်ပါဘူးဆို "

"လာလိမ်နေသေးတယ် မင်းငါ့ကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ "

"ကျွန်တော် ရဲသင်တန်းကျတယ် အရပ်ပုလို့ လက်မခံဘူးတဲ့ အဲ့တာအခု ကိုကြီးမိုးဇေနဲ့တွေ့ပြီး စိတ်ပြေလက်ပျောက်
ခရီးထွက်နေတာ ။ကျွန်တော် ကိုကြီးရဲဇော်နား ပြန်လာနေလို့ ရလား။ သား လျှောက်သွားနေရတာပျင်းလာပြီ"

စိုင်လျန့် အသံလေးက တကယ့်ကိုလွမ်းနေတဲ့အသံ။ ရဲဇော်သည် သက်ငွေ့ကို တိတ်တဆိတ်ချလျက်...

"ငါ့အိမ်က မင်းတို့အတွက်ဆို အမြဲတံခါးဖွင့်ပြီးသားပါ"

"သား ပြန်လာမယ်နော် "

"အင် "

ကလေးငိုသံလေးက ခပ်တိုးတိုးဖြင့် ဝေးကွားသွားကာ မိုးဇေ၏ ချော့မြူးသံသဲ့သဲ့ကိုကြားရသည်။ ဖုန်းကိုင်ထားသော
သူ့လက်ဟာလည်း တဖြေးဖြေးချမိလျက် မျက်ရည်တို့ဖြင့် မှုန်းဝါးလာတာကြောင့် မျက်တောင်တို့ဖြင့်ပုတ်ခတ်သိမ်း
ဆည်းလိုက်မိသည်။ ခုတလော သူ မျက်ရည်လွယ်တတ်နေပါ၏။

"မနက်ဖြန် စာစီစာကုံး ရေးခဲ့နော်...ခေါင်းစဉ်က 'ကျွန်ု၏ မိသားစု' ...တစ်ယောက်နဲ့တစ်ယောက် ကူးမချရဘူးနော် ။တူနေရင် ထိုင်ထလုပ်ရမယ်"

"ဟုတ်ကဲ့ပါဆရာ"

"အေ... လူငယ်ဆိုတာ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားအားထုတ်ရတယ်။သူများကို မှီခိုနေသရွေ့တော့
ဘယ်တော့မှ အောက်ခြေသိမ်းဘဝက လွှတ်မှာမဟုတ်ဘူး။ အောင်မြင်တိုးတတ်ချင်တဲ့လူတစ်ယောက်အတွက် တစ်စက္ကန့် တစ်မိနစ်ကအစ အရေးကြီးတယ်။အချိန်ရှိခိုက်လုံးလစိုက်ကြ...အသက်တွေ ကြီးပြီး ပန်ရံတွေ လုပ်... လယ်တွေထွန်..ကောက်စိုက်နေရမှ
ငါငယ်ငယ်က စာကြိုးစားခဲ့ရမှာဆိုတဲ့အတွေးနဲ့ နောင်တရမနေနဲ့.. နောင်တစ်ချိန်မှရတဲ့နောင်တဆိုတာအလကားပဲ... ဘာမှပြန်ပြင်လို့မရတော့ဘူး ကြားလား ကလေးတွေ"

"ဟုတ်ကဲ့ပါ ဆရာ"

"အေအေ.. ပေးလိုက်တဲ့ အိမ်စာတွေ သေချာလုပ်ရမယ်နော်"

ကလေးတွေကို ဆုံးမ သြဝါဒချွေရင်း စားသင်ပေးနေသည့် ခန့်ပိုင်အား ဖုန်းပြောပြီးနောက် သူငေးနေခဲ့သည်။ ပထမဦးဆုံး သူစတွေ့စဉ်က အထင်သေးမိခဲ့သော
ထိုကောင်လေးဟာ လူအများလေးစားရသော ပုဂ္ဂိုလ် တစ်ယောက် အမှန်တကယ်ဖြစ်နေခဲ့သဖြင့် ပြောဆိုခဲ့မိ သည့်အတွက် အားနာမိတာတော့အမှန်ပင်။

"ကိုနောင် ဘာရပ်လုပ်နေတာလဲ"

"အင် အိမ်ထဲမှာ ပျင်းလို့"

"အမေ မနိုးသေးဘူးလား "

"မနိုးသေးဘူး"

"ဗိုက်ဆာနေပြီလား "

"အင်နဲနဲ"

"ဒါဆို ခဏစောင့်လေ ကျွန်တော် ကလေးတွေက်ို စားပေးထားတယ် ပြီးတော့မှာပါ"

"အင် အင် "

ခန့်ပ်ိုင်က သူ ခေါင်းညိမ့်ဖြေသည့်နောက် ကလေးတွေရှိရာဆီ ပြန်ထွက်သွားသဖြင့် သူလည်း အိမ်ပေါ်ပြန်တတ်ခဲ့ပါသည်။
ခေါင်နှင့် ခန့်ပိုင်ဟာ အပြင်ပန်းကြည့်လျှင် ဆင်တူသည်ဟု ထင်ရသော်ငြား တကယ်တမ်းတော့မတူပါချေ။ ခေါင်က
အတွင်းစိတ် နူညံ့ပေမယ့်အပြင်ပန်းက ကြမ်းတမ်း၏။ ခန့်ပိုင်ကတော့ အပြင်ပန်းနူးညံ့ကာ အတွင်းစိတ်က အနည်းငယ် ကြမ်းတမ်းလေသည်။

"အ "

အိမ်ပေါ် ရောက်ခါးနီး နောက်ဆုံးသော လှေကားထစ်တွင် သူ ခလုတ်တိုက်မိသွားသည်။ ရုတ်တရက် ကြီး ဘာထဖြစ်
တာလဲ....သူ အတွေးလွန်သွားလို့လား ဟု ထင်မိသော်လည်း မိုးဇေ စကားက နားထဲဝင်လာသဖြင့် ခေါင့် ဖုန်းနံပါတ် ကို
အလျင်အမြန်ခေါ်မိလျက်သားဖြစ်သွားလေသည်။ သို့တိုင် ပြန်ဖြေသူမရှိသော ဖုန်းဟာ အချိန်ကြာမြင့်စွာ မြည်နေလျှင်
သူ အိမ်အောက်သို့အမြန်ပြေးဆင်းလျက် ...

"ခန့်ပိုင်! ခန့်ပိုင်!"

"ဟင်း!!"

"ငါ့ကို ဘုန်းထွဋ်ခေါင်လျှံ အိမ် လိုက်ပို့ပေး"

"ဘာလို့ပို့ပေးရမှာလဲ... ပတ်သတ်စရာမရှိတော့ဘူးဆို "

"အရေးကြီးလို့ပါဆိုကွာ... မပို့ချင်လဲနေ ငါ့ဟာငါ သွားရှာမယ်"

ဟု ဆိုကာ ရဲဇော် ပြေးထွက်ခဲ့ပါလျှင် ခန့်ပိုင်လည်းမနေနိုင်ပဲ အပြေးလိုက်ခဲ့မိပါတော့သည်။

......

"အမေ ပန်းကန်တွေက ဘာလို့ကွဲနေတာလဲ"

သားသမီး ငါးယောက်ရှိသည့်အနက် တတိယသမီးက အိမ်သို့အစောကြီးပြန်ရောက်လာကာ ပန်ကန်ကွဲများကို မြင်ပြီးမေးလေသည်။

"နင့်တို့အဖေခွဲထားတာ"

"အဖေက ဘာလို့ခွဲတာလဲ"

"အဖေနဲ့အမေရန်ဖြစ်ပြန်ပြီလား"

တတိယသမီးက မေးနေစဉ် ဒုတိယသားက
အိမ်ပြန်ရောက်ကာ ...မျက်မှောင်ကြုတ်ကာ မေးလာပြန်၏။ ဒီကလေးတွေ ပြသနာ ဖြစ်ထားသည့်နေ့ဆိုအစောကြီး ပြန်ရောက်လာတတ်တာဘာအကျင့်မှန်းမသိပေ။

"ထုံးစံပဲ မေးမနေကြနဲ့"

သားသမီတွေစားဖို့ဟင်းမလောက်မည်စိုး၍ ပဲသီးထပ် ကြော်ရန် ပဲတောင့်ရှည် သင် ရင်း သူမ ဖြေလျှင်အကြီးကောင် ရောက်လာပြန်ကာ... အငယ်ကောင် အခန်းတံခါးကို တွန်းဖွင့်လျက်...

"အမေ့သား ဘယ်သွားလဲ "

"ညွှန့်ညွှန့်အိမ်သွားတယ်"

"ဗျာ..ဘာသွားလုပ်တာလဲ။ ပြန်လာတည်းက အိပ်နေတာ ကောင်းကောင်းကိုစကားမပြောရသေးဘူး။နိုးလာပြန်တော့ လျှောက်သွားနေပြန်ပြီ...ဒီကောင်တော့ သတ်ရင်သေဦးမယ်"

သားတွေက ဖအေတူတွေမို့ သူမ ဘာမှကိုပြောချင်စိတ်မရှိ...ပဲသီးသာ ဆက်သင်နေတော့သည်။ ဒီဖအေကမွေးတဲ့ကလေး
ဒီလေသံထွက်တာ ဆန်းတော့လည်း မဆန်းပေ။ ထိုစဉ်စတုတ္ထသား ရောက်လာပြန်ကာ အကြီးကောင်နည်းတူ အငယ်ကောင်အခန်းကြည့်ပြီးမှ...

"အမေ့သား "

"အေ့ ငါ့သားဟေ့ ငါ့သား မင်းတို့နဲ့ ဘာမှမတော်ဘူး ဟုတ်ပြီလား။မင်းတို့ ပထွေးနဲ့ရတဲ့ငါ့သား"

"အမေကလည်း "

ဟု ဆိုကာ အကုန်လုံး ကိုယ့်အခန်းကိုယ်ဝင်သွားကြ၏။ ဘယ့်နှယ့် ဒီနေ့မှ တိုက်များထားကြသလား စောစောစီးစီး ပြန်လာကြတာ။

"အကုန် ပြန်ရောက် ကြပြီလား ထွက် လာကြ.. မေကြီးရောလာ"

ဘကြီးက ဧည့်ခန်းထိပ်မှာ ထိုင်လျက် ခေါ်လိုက်လျှင် အကုန်လုံး အခန်းကိုယ်စီမှ ပြန်ထွက်လာကြပြီးဘကြီးရှေ့တွင် ရိုရိုကျိုးကျိုးလေး ထိုင်လိုက်ကြပါ၏။

"ဖိုးခေါင်နဲ့ပတ်သတ်ပြီး ငါပြောစရာရှိတယ်"

"မောင်လေးက ဘာဖြစ်လို့လဲဘကြီးရဲ့ "

တတိယသမီးက ဝင်ထောက်လျှင်..

"တိတ်တိတ်နေ ငါစကားပြောရင် ဝင်ဝင်မထောက်နဲ့"

ကိုယ့်အဖေအကြောင်း ကိုယ်သိသော်လည်း
ဝင်လျှာရည်မိသော သူမ က ကိုယ်ပါးစပ်လေးကိုယ်ပိတ်ကာ ဇတ်ကလေးပုသွားရပါ၏။ အစ်ကိုတွေကလည်း အနေအထိုင် မတတ်ရန်ကော ဟူသည့်မျက်လုံးများဖြင့်
ဝေ့ကြည့်လာကြသေးသည်။

"မင်းတို့ညီက အခုသူနဲ့ အတူတူလိုက်လာတဲ့ကောင်လေးနဲ့ ကြိုက်နေသလား မသိဘူး"

"ဟာ ဘကြီး ဒါ မဖြစ်သင့်ဘူးနော်""ဗျာ""ဟင်"
"မေကြီး တကယ်ကြီးလား"

"မင်းတို့က်ို တိတ်တိတ်နေလို့ ငါမပြောထားဘူးလား"

တစ်ယောက် တစ်ပေါက် ဖြစ်နေကြသော ကလေးတွေဟ အော်သံတစ်ချက်မှာ ချက်ချင်းငြိမ်ကျသွားလျှင် ဘကြီးက
စကားဆက်၏။

"အေ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖိုးခေါင်က ဟုတ်ပါတယ်ကျွန်တော်တို့ တွဲနေတာပါဆ်ိုရင် မင်းတို့အားလုံး ဖိုးခေါင်ကို ဘာမှလုပ်ပိုင်ခွင့်မရှိဘူး။ ငါပဲဆုံးဖြတ်မယ်။ ငါပြောတဲ့အတိုင်းအကုန်နာခံရမယ်။ ငါ့စကားနားမထောင်ပဲ
ငါ့ညီငါ လုပ်ချင်တာလုပ်မယ်ဆိုလို့ကတော့
ငါ့အရိပ်မှာ မနေကြနဲ့တော့ ရှင်းလား"

ကလေးတွေက အင်းမလုပ်အဲမလုပ်သေးပေ။ ထိုစဉ် ခေါင်လေးနှင့် နှိုင်းတို့ အိမ်ပြန်ရောက်လာကြ၏။ ခေါင်လေးသည် ဧည့်ခန်းထဲတွင် လူစုံနေသည်ကို မြင်လျှင် တွန့်ဆုတ်လျက် ကြောက်နေဟန်ရှိသော
နှိုင်းဘက်လှည့်၍...

"နှိုင်း အပြင်မှာ စံပယ်ပန်းတွေ အများကြီးပွင့်နေတယ် သွားခူးပါလား"

"ဟင်း!! အင် "

တမင်သက်သက် နှင်ထုတ်သည်ကို သိသော်လည်း နှိုင်း မောင့်မိသားစုကိုရင်မဆိုင်ရဲသေးသဖြင့်စံပယ်ရုံဆီသို့သာ ထွက်လာခဲ့လိုက်ပါသည်။

ခေါင်လေးသည် ဘကြီး၊မေကြီးနှင့် အစ်ကိုအစ်မများရှေ့ ဒူးလေး တုပ်ကာ ထိုင်ချလျက်...

"ကျွန်တော် နဲ့ နှိုင်းကို သဘောတူပေးပါ"

မျှော်လင့်ထားပြီးသား ဆိုပေမယ့်လည်း
တကယ်တမ်းကြားလိုက်ရတော့ သူတို့အကုန်လုံး လက်မခံချင်ကြပြန်ပေ။ ခေါင်လေးသည် မေကြီး လက်ထဲ
တွင် ကိုင်ထားသော ပဲသီးခြင်းထဲမှ ဓားကိုမြင်လျှင် ရုတ်ချည် ဆွဲယူ လိုက်ပြီး အံ့ကြိတ်ကာ လက်ဖျံကို ဓားဖြင့် လှီးလိုက်၏။

"သားငယ်"

"ဖိုးခေါင်"

ခေါင်လေးလက်မှ သွေးတွေ စီကျလာစဉ် ခဏ အပြင်ဘက်မှ...

"ကိုနှိုင်း!"

ရဲဇော်၏ ခပ်စူးစူးအော်သံလေး ထွက်လာခဲ့၏။ ကျွန်တော်သေရင် ခင်ဗျားသေမယ်။ ခင်းဗျာသေရင် ကျွန်တော်ပါသေမှာ။ မောင် တောင်းပန်ပါတယ်နှိုင်း မောင့်ကြောင့် နှိုင်း နာကျင်ရပြန်ပြီ။

..................................

Love you all💚💚💚

.......................................................

Zawgyi

ေႏြးသည္ ေခါင္ေလးႏွင့္ ဖုန္းေျပာၿပီး၍ အထဲျပန္ဝင္လာေသာ
အခါ ေမႀကီးကိုမေတြ႔ရေတာ့သျဖင့္.. ဝန္ထမ္းေကာင္မေလးကိုေမးလိုက္၏။

"ေမႀကီး ဘယ္ေရာက္သြားတာလဲ"

"ျပန္သြားၿပီ မမ"

"ဟုတ္လား "

"ဟုတ္တယ္ မမ ခုေလးတင္ပဲ သြားခဲ့တာ"

"ေအာ္!"

သူမအသံက တစ္ဝက္တပ်က္။ အေမႀကီးလည္း
အမွန္တရားကို ၾကားရဖို႔ ေၾကာက္ေနမွာပဲ လို႔ အေတြးဝင္ၿပီး
ေခါင္ေလးကို ေျပာရမလားလို႔ စိတ္ကူးမိေသးသည္။သို႔ေသာ္ မိသားစု အတြင္းေရကိစၥေတြအထိ လိုက္မစြက္ဖက္
သင့္ပါဘူးေလဟုပဲ ဆံုးျဖတ္ကာ counterမွာပင္
ျပန္ထိုင္လိုက္စဥ္ ပါဆယ္ဘူးေလးတစ္ခုကို ေတြ႔လိုက္
ရသျဖင့္ သူမျပံဳးလိုက္မိပါသည္။

လမင္း တစ္ေယာက္ လာရိွဳး ျပန္သြားျပီးကတည္​းက
သူမဆီ ေန႕တိုင္း စာပို႔ေနပါ၏။Romantic ဆန္ဆန္
ရည္းစားစာေတြပို႔ေနျခင္း မဟုတ္ပါပဲ သူ႔အေၾကာင္းေတြကို တစ္ရက္ၿပီးတစ္ရက္ ပိုေတြးလာႏိုင္ေစရန္ဟုဆိုသည့္ သူ႕
ရည္ရြယ္ခ်က္ က ႀကီးမားလွသည္။ အင္... ဒီေကာင္ေလး
လည္း နဲနဲေတာ့ အူေၾကာင္ေၾကာင္ႏိုင္သည္ ဆိုေသာ္ျငား
စာေရာက္လာတိုင္း သူမ မဖြင့္ဖတ္ပဲ မေနႏိုင္ခဲ့ပါေလ။

"ေကာင္းေသာေန႔ပါ ေႏြး။ ဘယ္သူမွမရိွပဲ အလုပ္ေတြ
လုပ္ေနရေတာ့ ပင္ပမ္းတယ္ဟ ။ အလုပ္သမားေတြက
တစ္မ်ိဳး customer ေတြက တစ္မ်ိဳး ေသာင္းက်န္ေနၾက
တယ္။ငါအခု မနက္လား ညလားေတာင္မခြဲတတ္ေတာ့ဘူး
ကိုႏိႈင္းလည္း ငဘုန္းနားပဲကပ္ေနတာ ျပန္လာဖို႔အစီအစဥ္
မရိွဘူးလားမသိဘူး။ ဒါေပမယ့္ နင့္ကို သတိရဖို႔ေတာ့ ငါ
နဲနဲမွမပ်က္ကြက္ပါဘူး"

ေႏြး သည္ စာဖတ္ရင္း မ်က္ႏွာေလးက ျပံဳးေန၏။
ကမာၻ ေပၚမွာ မိမိကို အခ်ိန္တိုင္း သတိတရရိွေနေပးသည့္
လူတစ္ေယာက္ ရိွေနျခင္းက သိပ္ကို ၾကည္ႏူးစရာ
ေကာင္းသည္။

"ဒီေန႔ေတာ့ ငါ့အေၾကာင္း မေျပာျပေတာ့ပါဘူး။ငါဖတ္ဖူးတဲ့
ပံုျပင္ေလးတစ္ပုဒ္အေၾကာင္းေျပာျပမယ္။ တစ္ခါတုန္းက
ဗာရာဏသီျပည္မွာ ျဗဟၼာဒဏ္မင္းႀကီး စိုးစံစဥ္အခါက
သန္းႂကြယ္ သူေ႒းႀကီးတစ္ဦးမွာ အလြန္လွပတဲ့ သမီးေလး
တစ္ေယာက္ ရိွသတဲ့။ အဲ့ဒီသမီးေလး အရြယ္ေရာက္တဲ့အခါ
ခ်စ္သူႀကိဳက္သူ ေပါမ်ားလြန္းလွတာၾကာင့္ ဘုရင္ႀကီးက
သမီးေတာ္ေလးကို ခ်စ္ခင္စံုမက္ရင္ အလြန္တရာမွ
ရင္စက္ၾကမ္းၾကဳတ္တဲ့ ေတာ႐ိုင္းျခေသၤ့တစ္ေကာင္ကို
ဆက္သရမယ္လို႔ ဆုိသတဲ့.... ဟာ သြားၿပီ...Barဖြင့္ခ်ိန္
ေရာက္သြားျပန္ၿပီ။ ငါေနာက္ေန႔မွ ဆက္ေျပာျပမယ္။
ဒီပံုျပင္ေလးဆံုးတဲ့ေန႔ၾကရင္ နင့္ ကို ငါ ေမးခြန္းတစ္ခု
ေမးမယ္ ။ေျဖႏိုင္ရင္ နင္ ငါနဲ႔တြဲရမယ္။မေျဖႏိုင္ရင္
ငါ ခ်စ္ခြင့္ပန္တာကို နင္လက္ခံရမယ္ ...."

ဟြန္႔ ကိုယ့္ဘက္ကိုယ္ယက္ႀကီး။ ေႏြးက ႏႈတ္ခမ္းေလးမဲ့ကာ
စာရြက္ေလးကို တယုတယျဖန္႔လ်က္ စာအုပ္ၾကားထဲ
ညႇပ္လိုက္၏။ ဘူးခြံေလးကိုေတာ့ အရင္ပို႔ထားသည့္
ဘူးခြံေလးေတြေဘးမွာဆက္စီထားလိုက္ပါသည္။ ဘာလိုလို
နဲ႔ လမင္း သူမ ဆီစာပို႔ေနတာ ေလးေစာင္ရိွသြားခဲ့ေလၿပီ။
ငါ နင့္စာေတြ လက္ခံရရိွေၾကာင္း စာျပန္ပို႔သင့္လားေတာ့
မသိေပမယ့္... ေန႔တိုင္းဒီလိုစာေလးေတြ ဖတ္ေနရတာကို
ေတာ့ ႀကိဳက္မိေတာ့မယ္ထင္ရဲ႕။

.........

"ေမႀကီး... ေမႀကီးလို႔ ...ငါ ဗိုက္ဆာၿပီ"

အျပင္ကျပန္လာၿပီးကတည္းကပင္ အခန္းထဲဝင္အိပ္ေနေသာ
မိန္းမ ျဖစ္သူေၾကာင့္ ဘႀကီးတစ္ေယာက္ စိုးရိမ္မူ႔ပိုကာ
ႏိႈးမိသည္။

"အင့္!"

ေဘးတစ္ေစာင္း အိပ္ေနေသာ သူမ ထံမွ
ပင့္သက္ရိွဳက္သံေလး ၾကားရစဥ္... သူရင္ပူသြားလ်က္..

"မိန္းမ!"

အလန္႔တၾကား ေခၚေတာ့ ကိုယ္ေလးပင္ တုန္လို႔ သူမက
အသံတိတ္ ငိုေႂကြးပါေလေရာ။

"ဟင့္..."

"ဘာလို႔ ငိုေနတာလဲ.. မင္း ကိုဘယ္သူငိုေအာင္လုပ္တာလဲ"

ကြယ္ထားသည့္ မ်က္ႏွာကို ဇြတ္တရြတ္ပင္ လိုက္ၾကည့္ရင္း
ေမးပါလ်ွင္ သူမက ေက်ာခိုင္းျမဲ ခိုင္းထားစဲျဖစ္၏။
ဒီမိန္းမေတာ့ အသက္က ႀကီးေနၿပီ ငယ္ငယ္ကအက်င့္ကို
မေပ်ာက္ဘူးကြာ။

"မင္း င္ိုတာ ရပ္ၿပီး ဘာျဖစ္တာလဲဆက္ေျပာမလား
ငါ ေဒါသထြက္ၿပီး ေသာင္းက်န္းတာကိုၾကည့္မလား"

အနဲငယ္ ၿခိမ္းေျခာက္ေတာ့ ခ်စ္ရေသာ အဖြားေလးက
ေငါက္ခနဲထကာ မီးဖိုခန္းဘက္ထြက္သြားေလသျဖင့္
သူ ဆက္လိုက္ကာ ေမးရျပန္သည္။

"မိန္းမရာ ေျပားစမ္းပါဟ... မင္း မေျပာရင္ ငါထမင္းမစား
ဘူးေနာ္"

သို႔တိုင္ သူမက ဘာမွျပန္မေျဖပဲ ဟင္ေတြေႏႊး ထမင္းေတြ
ခူးခပ္ေပးကာ စားပြဲတြင္ ဝင္ထိုင္ေနေတာ့၏။

"စားခ်င္စိတ္ကို မရိွဘူးကြာ ငါ စားပြဲႀကီးလွန္ေလာ
ပစ္လိုက္ရ!"

"ေလာပစ္လိုက္... အကုန္ေမွာက္ပစ္လိုက္!!"

ထိုအခါမွ မ်က္ရည္မ်ားက်ကာ ျပန္ေအာ္လာေသာ
ေမႀကီးေၾကာင့္ သူ စားပြဲကို တကယ္ပင္ လွန္ေလွာပစ္လိုက္
ပါသည္။

"ဝုန္း".."ခလြမ္း..."

စားပြဲေပၚက ထမင္းဟင္းေတြနဲ႔ပန္းကန္ကြဲေတြဟာ ၾကမ္းျပင္
ေပၚတစစီ ျပန္႔က်ဲလို႔ က်လာသည္။

"႐ွင္!!"

"မင္း ကို ငါ သတိေပးၿပီးသား မဟုတ္လား။ ငါ့ေဒါသကို
မဆြနဲ႔"

"အမေလး ေက်းဇူး႐ွင္ႀကီးရဲ႕ ႐ွင္ တစ္ေယာက္ပဲ
စိတ္ရိွတာ....ကြၽန္မက ဘာမွ မသိတဲ့ငတံုးမ"

"မင္း မဆိုင္တာေတြ မေျပာနဲ႔... မင္းကို မ်က္ရည္မက်နဲ႔လို႔
ငါေျပာေနတယ္ေနာ္ "

ငယ္ငယ္ကပင္ စိတ္ႀကီးသည့္သူဟာ ခ်စ္ရေသာ မိန္းမ
မ်င္ရည္က်ပါလ်ွင္ တစ္ေလာကလံုးကို အေမွာင္ခ်ပစ္ခ်င္
သည္အထိ ေဒါသထြက္သည္။ ဒါကို ဒီမိန္းမ မသိတာလည္း
မဟုတ္ပဲ အျမဲတမ္းမ်က္ရည္လြယ္လြန္းေနတတ္တာ
ခက္သည္။

"လူပဲ မ်က္ရည္ က်တာဆန္းလို႔လား... ႐ွင့္လို ဘာမွ
မခံစားတတ္တဲ့လူကေတာ့ ဘယ္က်ပါ့မလဲ"

"ဟ....မင္းကဘာျဖစ္လို႔ျဖစ္မွန္းမသိ ငိုေနတဲ့ကိစၥကို
ငါကလိုက္ငိုေပးေနရမွာလား... "

"သိတယ္... ႐ွင္ က သားငယ္ေပ်ာက္တုန္းကေတာင္
မ်က္ရည္ တစ္စက္မွမက်တာ "

"မင္းသားက ေပ်ာက္တာမဟုတ္ဘူး ေျခစံုကန္ၿပီး
ထြက္သြားတာေလ... ငါ့က လြမ္းလိုက္တာဟ ဆိုၿပီး
ရင္ဘတ္စည္တီး ငိုေပးရမွာလား... ဟမ္"

"အီ......"

"ေအ... ငို... မေသမခ်င္းငို"

ဘႀကီးသည္ အသက္အရြယ္ ႏွင့္မွမလိုက္ ဖ်တ္လက္ကာ
အရြယ္တင္ဆဲျဖစ္လ်က္ မာန္မာနႀကီး၏။သို႔ေသာ္
ေမႀကီးကို သူသာလ်ွင္ ႏိုင္လို႔ရသည္ တစ္ျခားတစ္စံုတစ္ေယာက္က ေမႀကီးကို စကားလံုးေလးျဖင့္ပင္ ထိခိုက္ေျပာဆိုျခင္း
ကိုေတာ့ တစ္စက္ေလးမွပင္ႀကိဳက္သူမဟုတ္ပါေခ်။

"႐ွင္ပဲ က်ဳပ္ကို သားငယ္ကိစၥ စီစဥ္ခိုင္းၿပီးေတာ့ ။
ကြၽန္မငိုတာကို ဘာလို႔ေဒါသထြက္ေနတာလဲ "

"ဟမ္!!"

မီးဖိုခန္းထဲက ထြက္မဲ့ေျခလွမ္းဟာ ေ႐ွ႕မဆက္ႏိုင္ပဲ
ျပန္လွည့္ရသည့္အေျခအေနေရာက္သြားရသည္။

"ဟာ....မိန္းမရာ... အဲ့တာ ဘာျဖစ္လို႔တုန္း ။
ဘယ္နားကေန ငိုစရာပါသြားလို႔တုန္း"

"ပါတာေပါ့... သားငယ္က တကယ္အဲ့ေကာင္ေလးကို
ႀကိဳက္ေနတာဆိုရင္ ကြၽန္မလက္ခံရမွာမလားလက္မခံရဘူး
လား။ လက္ခံလိုက္လို႔႐ွင္က မႀကိဳက္ရင္ဘယ္လိုလုပ္မလဲ။
တကယ္လို႕ လက္မခံလိုက္ျပန္ရင္လည္း ႐ွင္က က်ဳပ္ကို
အျပစ္႐ွာျပန္ဦးမယ္"

ဘႀကီးသည္ သူ႔အား အစဥ္အျမဲ ဦးစားေပးတတ္ေသာ
ေမႀကီးေၾကာင့္ စိတ္တြင္း၌ ႀကိတ္ျပံဳးပါ၏။သို႔တိုင္ အျပင္
၌ေတာ့ မ်က္ႏွာသြင္ျပင္ဟာ တည္တံ့ေနဆဲျဖစ္သည္။

"ငါက အျပစ္႐ွာတာမဟုတ္ဘူးေလကြာ.. ငါ ဒီလိုပဲ
ေလ်ွာက္ေျပာတတ္တယ္ဆိုတာ မသိဘူးလား။ဝသီကြ
ေဖ်ာက္ရခက္တယ္။ လာ ငိုမေနနဲ႔။ ဖိုးေခါင္ကိစၥလဲ
မင္းမစီစဥ္နဲ႔ေတာ့.. ငါ့ဟာငါ ပဲ စီစဥ္ေတာ့မယ္"

သူ႔အသံနဲနဲေပ်ာ့သြားလ်ွင္ ေမႀကီးက ထိုင္ငိုေနရာမွ
ထၿပီး ျပန္က်ဲေနတာေတြ သိမ္းဖို႔ျပင္ကာ..

"က်ဳပ္သားကို စိတ္ဆင္းရဲေအာင္ မလုပ္နဲ႔ေနာ္....
သားငယ္ အိမ္ေပၚက ဆင္းရင္ ကြၽန္မပါ လိုက္သြားမွာ"

"ငါ ေမြးထားတဲ့သားအေၾကာင္း ငါ သိပါတယ္ မိန္းမရာ။
ဒီေကာင္ အဲ့ဒီကေလးကို ေရြးခ်ယ္ၿပီး အိမ္ေပၚေခၚတင္
လာတယ္ဆိုကတည္းကငါ စိတ္ေက်နပ္ေလာက္ေအာင္
ေပးႏိုင္မယ့္ အေၾကာင္းျပခ်က္ေကာင္း ရိွလို႔ေနမွာေပါ့"

သားသမီးေတြထဲတြင္ အငယ္ေကာင္ တစ္ေယာက္သာ
သူ႔စိတ္ သူ႔စ႐ိုက္ေတြ အကုန္ရသည္။ထို႔ေၾကာင့္ ယံုသည္။ ထို႔ေၾကာင့္ အိမ္ကထြက္သြားသည့္ ကာလတစ္ေလ်ွာက္လံုး သူ ေယာက်ာ္ခ်င္းႀကိဳက္နွစ္သက္ေသာ သဘာဝကို
တတ္ႏိုင္သေလာက္ရွာေဖြ ဖတ္႐ွဴ႕ၾကည့္သည္။ ထို႔ေၾကာင့္
ႏိႈင္းသုတလ်ံွဆိုသည့္ကေလးႏွင့္ အေရာတဝင္
စကားေျပာၾကည့္ခဲ့သည္။ထို႔ေၾကာင့္ပင္.....

"ငါ့သားမွန္ရင္ ငါ လက္ခံလာေအာင္ လုပ္ႏိုင္စြမ္း
ရိွရမယ္။ ငါလက္ခံလာ ေအာင္ မလုပ္ႏိုင္ရင္ မင္းပါမကလို႔
တစ္အိမ္လံုးထြက္သြားၾကရင္ေတာင္ ငါတားမယ္မထင္နဲ႔!"

ဒါေနာက္ဆံုး သူ႔ ဆံုးျဖတ္ခ်က္စကားျဖစ္၏။ အေမႀကီးဆို
သည္ကဘႀကီး၏ စကားကို ဘယ္တုန္းကမ်ွလြန္ဆန္ႏိုင္သူ
မဟုတ္ရကာ ထမင္းစားပြဲကိုသာ သိမ္းလ်က္ အသစ္
တစ္ဖန္ ျပန္ျပင္ေပးရ၏။ ဒီေယာက်ာ္းကို ဘာလိုမ်ား သူမ
ယူခဲ့မိပါလိမ့္ဟု တစ္သက္လံုးစဥ္းစားလာခဲ့ေပမယ့္
ဒီေယာက်ာ္းကို ယူလိုက္ရ၍ ေနာင္တရသည့္ရက္ဟူ၍
သူမ တြင္ မရိွခဲ့တာေတာ့ ေသခ်ာပါသည္။

.......

ခြမ္း!!!!!

"ဘာျဖစ္တာတုန္း စုိင္လ်န္"

ဖန္ခြက္ ကြဲက်သံ ၾကားသျဖင့္ ေခါင္းမူး၍ အိပ္ေနရာမွ
သူ ခ်က္ခ်င္းထၿပီး ေျပးၾကည့္လိုက္၏။

"မသိဘူး ကိုႀကီး ဒီတိုင္းလႊတ္က်သြားတာ"

စိုင္လ်န္ေလးကလည္း မသိနားမလည္သလို စူးစူးစမ္းစမ္း
ျဖစ္ေန႐ွာသည္။ဒါဟာ အယူအဆတစ္ခုအျဖစ္ မွတ္ယူ
ပါလ်ွင္ နိမိတ္မေကာင္းျခင္းကို ေဖာ္ျပေနသည္။

"ကိုႀကီး ကိုကို ေနေကာင္းရဲ႕လားမသိဘူး။ ကြၽန္ေတာ္
အရင္ကျဖစ္ဖူးတယ္... သိပ္မၾကာဘူး ကိုကို ေဆးရံု
တတ္ရတယ္... အခုလည္း ထပ္ျဖစ္ျပန္ၿပီ.. "

"ဘာမွမျဖစ္ေလာက္ပါဘူးကြာ... ကိုယ္တို႔အျပင္ထြက္တာ
အရမ္းမ်ားၿပီး ပင္ပမ္းေနၾကတာေနမွာပါ"

ေျပာသာေျပာရသည္ သူ႔စိတ္တြင္လည္း ေလးလံလို႔ေန၏။

"ဟုတ္ပါၿပီကြာ မင္းကိုကို ကို ဖုန္းဆက္ေပးမယ္
ဟုတ္ၿပီလား"

"ဟုတ္"

မ်က္ႏွာမေကာင္းေသာကေလးဟာ သူထို႔သို႔ေျပာမွ
တတ္တတ္ႂကြႂကြေလးျဖင့္ ေခါင္းၿငိမ့္႐ွာသည္။သံေယာဇဥ္
ဆိုတာကလည္း ျဖတ္ေတာက္ရခက္သားလား။ ထို႔ေနာက္သူ
ႉဘုန္းထြဋ္ေခါင္လ်ွံ ဆီသို႔ ဖုန္းဆက္ရန္ ရည္ရြယ္လိုက္ရာ
ဖုန္းနံပါတ္ကို မသိသျဖင့္ ရဲေဇာ္ကိုသာ ဖုန္းဆက္လိုက္ရ၏။

"ဟယ္လို ေအ ရဲေဇာ္ မင္း ဘာမွမျဖစ္ဘူးမလား"

"ငါကဘာျဖစ္ရမွာလဲ "

ရဲေဇာ္မွာ သူ႔ကိုထားခဲ့ၿပီး အကုန္ထြက္သြားၾကသျဖင့္
နဲနဲေလးမေက်မနပ္ျဖစ္ေနကာ စကားကို ေဘာက္ဆတ္ဆတ္
ပင္ ျပန္ေျဖသည္။

"မင္း ဘာမွမျဖစ္ရင္ ဘုန္ထြဋ္ေခါင္လ်ွံ အဆင္ေျပရဲ႕လား
ဆက္ၾကည့္စမ္းကြာ။ ဘာမွမရိွပဲ ငါက ေျမႀကီးက္ုိခလုတ္
တိုက္တယ္။ စိုင္လ်န္ကဖန္ခြက္က်ကြဲတယ္... စိတ္ထဲ
မေကာင္းလို႔ကြ။ ငါတို႔မွာလဲ ရင္းႏွီးတာဆိုလို႔ မင္းတို႔ပဲ
ရိွတာ"

မိုးေဇ စကားေၾကာင့္ ရဲေဇာ္ ေခတၱ ေတြေဝသြားသည္။
ဒါေပမယ့္ ေခါင္က သူ႔ကိုေတာင္ အားေကာင္းေမာင္းသန္
ရန္ေတြ႔ၿပီး ထြက္သြားခဲ့တာပဲ ဘာျဖစ္မွာမို႔လို႔လဲ။

"ေခါင္ ဘာမွမျဖစ္ဘူး ခုနကပဲ.. ငါ့ကို ဒုကၡေပးၿပီး
ျပန္သြားတာ"

"ဒါဆို ဘုန္းထြဋ္ေခါင္လ်ွံ က Lashioမွာလား"

"မဟုတ္ဘူး ရြာမွာ "

"ဟမ္ ဘယ္ရြာလဲ"

"သူ႔ရြာေပါ့ကြာ...ထားေတာ့ ေျပာရရင္႐ႈပ္တယ္။
မင္းနဲ႔စိုင္လ်န္က အခုအတူတူရိွေနတာလား။ေျပာလိုက္စမ္း
ငါ့ကို စကားမေျပာခ်င္ေလာက္ေအာင္ ဒင္းက ဘာဖင္က်ယ္
ေနတာလဲလို႔"

ထိုအခါ စိုင္လ်န္က ျပာျပာသလဲ..

"မဟုတ္ပါဘူး ကိုႀကီးရဲေဇာ္ကလည္း ကြၽန္ေတာ္
မေျပာရဲလို႔ "

"ေၾကာက္ခ်င္ေယာင္ေဆာင္ေနတာ မလား"

"မဟုတ္ပါဘူးဆို "

"လာလိမ္ေနေသးတယ္ မင္းငါ့ကို ဘယ္တုန္းက
ေၾကာက္ဖူးလို႔လဲ "

"ကြၽန္ေတာ္ ရဲသင္တန္းက်တယ္ အရပ္ပုလို႔ လက္မခံဘူးတဲ့
အဲ့တာအခု ကိုႀကီးမိုးေဇနဲ႔ေတြ႔ၿပီး စိတ္ေျပလက္ေပ်ာက္
ခရီးထြက္ေနတာ ။ကြၽန္ေတာ္ ကိုႀကီးရဲေဇာ္နား
ျပန္လာေနလို႔ ရလား။ သား ေလွ်ာက္သြားေနရတာ
ပ်င္းလာၿပီ"

စိုင္လ်န္႔ အသံေလးက တကယ့္ကိုလြမ္းေနတဲ့အသံ။
ရဲေဇာ္သည္ သက္ေငြ႔ကို တိတ္တဆိတ္ခ်လ်က္...

"ငါ့အိမ္က မင္းတို႔အတြက္ဆို အျမဲတံခါးဖြင့္ၿပီးသားပါ"

"သား ျပန္လာမယ္ေနာ္ "

"အင္ "

ကေလးငိုသံေလးက ခပ္တိုးတိုးျဖင့္ ေဝးကြားသြားကာ
မိုးေဇ၏ ေခ်ာ့ျမဴးသံသဲ့သဲ့ကိုၾကားရသည္။ ဖုန္းကိုင္ထားေသာ
သူ႔လက္ဟာလည္း တေျဖးေျဖးခ်မိလ်က္ မ်က္ရည္တို႔ျဖင့္
မႈန္းဝါးလာတာေၾကာင့္ မ်က္ေတာင္တို႔ျဖင့္ပုတ္ခတ္သိမ္း
ဆည္းလိုက္မိသည္။ ခုတေလာ သူ မ်က္ရည္လြယ္တတ္ေနပါ၏။

"မနက္ျဖန္ စာစီစာကံုး ေရးခဲ့ေနာ္...ေခါင္းစဥ္က
'ကြၽႏ္ု၏ မိသားစု' ...တစ္ေယာက္နဲ႔တစ္ေယာက္
ကူးမခ်ရဘူးေနာ္ ။တူေနရင္ ထိုင္ထလုပ္ရမယ္"

"ဟုတ္ကဲ့ပါဆရာ"

"ေအ... လူငယ္ဆိုတာ ကိုယ္စြမ္းဉာဏ္စြမ္း ရိွသေလာက္
ႀကိဳးစားအားထုတ္ရတယ္။သူမ်ားကို မွီခိုေနသေရြ႕ေတာ့
ဘယ္ေတာ့မွ ေအာက္ေျခသိမ္းဘဝက လႊတ္မွာမဟုတ္ဘူး။
ေအာင္ျမင္တိုးတတ္ခ်င္တဲ့လူတစ္ေယာက္အတြက္
တစ္စကၠန္႔ တစ္မိနစ္ကအစ အေရးႀကီးတယ္။
အခ်ိန္ရိွခိုက္လံုးလစိုက္ၾက...အသက္ေတြ ႀကီးၿပီး
ပန္ရံေတြ လုပ္... လယ္ေတြထြန္..ေကာက္စိုက္ေနရမွ
ငါငယ္ငယ္က စာႀကိဳးစားခဲ့ရမွာဆိုတဲ့အေတြးနဲ႔
ေနာင္တရမေနနဲ႔.. ေနာင္တစ္ခ်ိန္မွရတဲ့ေနာင္တ
ဆိုတာအလကားပဲ... ဘာမွျပန္ျပင္လို႔မရေတာ့ဘူး
ၾကားလား ကေလးေတြ"

"ဟုတ္ကဲ့ပါ ဆရာ"

"ေအေအ.. ေပးလိုက္တဲ့ အိမ္စာေတြ ေသခ်ာလုပ္ရမယ္ေနာ္"

ကေလးေတြကို ဆံုးမ ျသဝါဒေခြၽရင္း စားသင္ေပးေနသည့္ ခန္႔ပိုင္အား ဖုန္းေျပာၿပီးေနာက္ သူေငးေနခဲ့သည္။
ပထမဦးဆုံး သူစေတြ႔စဥ္က အထင္ေသးမိခဲ့ေသာ
ထိုေကာင္ေလးဟာ လူအမ်ားေလးစားရေသာ ပုဂၢိဳလ္
တစ္ေယာက္ အမွန္တကယ္ျဖစ္ေနခဲ့သျဖင့္ ေျပာဆိုခဲ့မိ
သည့္အတြက္ အားနာမိတာေတာ့အမွန္ပင္။

"ကိုေနာင္ ဘာရပ္လုပ္ေနတာလဲ"

"အင္ အိမ္ထဲမွာ ပ်င္းလို႔"

"အေမ မႏိုးေသးဘူးလား "

"မႏိုးေသးဘူး"

"ဗိုက္ဆာေနၿပီလား "

"အင္နဲနဲ"

"ဒါဆို ခဏေစာင့္ေလ ကြၽန္ေတာ္ ကေလးေတြက္ုိ
စားေပးထားတယ္ ၿပီးေတာ့မွာပါ"

"အင္ အင္ "

ခန္႔ပ္ုိင္က သူ ေခါင္းညိမ့္ေျဖသည့္ေနာက္ ကေလးေတြရိွရာဆီ
ျပန္ထြက္သြားသျဖင့္ သူလည္း အိမ္ေပၚျပန္တတ္ခဲ့ပါသည္။
ေခါင္ႏွင့္ ခန္႔ပိုင္ဟာ အျပင္ပန္းၾကည့္လ်ွင္ ဆင္တူသည္ဟု
ထင္ရေသာ္ျငား တကယ္တမ္းေတာ့မတူပါေခ်။ ေခါင္က
အတြင္းစိတ္ ႏူညံ့ေပမယ့္အျပင္ပန္းက ၾကမ္းတမ္း၏။
ခန္႔ပိုင္ကေတာ့ အျပင္ပန္းႏူးညံ့ကာ အတြင္းစိတ္က
အနည္းငယ္ ၾကမ္းတမ္းေလသည္။

"အ "

အိမ္ေပၚ ေရာက္ခါးနီး ေနာက္ဆံုးေသာ ေလွကားထစ္တြင္
သူ ခလုတ္တိုက္မိသြားသည္။ ႐ုတ္တရက္ ႀကီး ဘာထျဖစ္
တာလဲ....သူ အေတြးလြန္သြားလို႔လား ဟု ထင္မိေသာ္လည္း
မိုးေဇ စကားက နားထဲဝင္လာသျဖင့္ ေခါင့္ ဖုန္းနံပါတ္ ကို
အလ်င္အျမန္ေခၚမိလ်က္သားျဖစ္သြားေလသည္။ သို႔တိုင္
ျပန္ေျဖသူမရိွေသာ ဖုန္းဟာ အခ်ိန္ၾကာျမင့္စြာ ျမည္ေနလ်ွင္
သူ အိမ္ေအာက္သို႔အျမန္ေျပးဆင္းလ်က္ ...

"ခန္႔ပိုင္! ခန္႔ပိုင္!"

"ဟင္း!!"

"ငါ့ကို ဘုန္းထြဋ္ေခါင္လ်ွံ အိမ္ လိုက္ပို႔ေပး"

"ဘာလို႔ပို႔ေပးရမွာလဲ... ပတ္သတ္စရာမရိွေတာ့ဘူးဆို "

"အေရးႀကီးလို႔ပါဆိုကြာ... မပို႔ခ်င္လဲေန ငါ့ဟာငါ
သြား႐ွာမယ္"

ဟု ဆိုကာ ရဲေဇာ္ ေျပးထြက္ခဲ့ပါလ်ွင္ ခန္႔ပိုင္လည္း
မေနႏိုင္ပဲ အေျပးလိုက္ခဲ့မိပါေတာ့သည္။

......

"အေမ ပန္းကန္ေတြက ဘာလို႔ကြဲေနတာလဲ"

သားသမီး ငါးေယာက္ရိွသည့္အနက္ တတိယသမီးက
အိမ္သို႔အေစာႀကီးျပန္ေရာက္လာကာ ပန္ကန္ကြဲမ်ားကို
ျမင္ၿပီးေမးေလသည္။

"နင့္တို႔အေဖခြဲထားတာ"

"အေဖက ဘာလို႔ခြဲတာလဲ"

"အေဖနဲ႔အေမရန္ျဖစ္ျပန္ၿပီလား"

တတိယသမီးက ေမးေနစဥ္ ဒုတိယသားက
အိမ္ျပန္ေရာက္ကာ ...မ်က္ေမွာင္ၾကဳတ္ကာ ေမးလာျပန္၏။
ဒီကေလးေတြ ျပသနာ ျဖစ္ထားသည့္ေန႔ဆိုအေစာႀကီး
ျပန္ေရာက္လာတတ္တာဘာအက်င့္မွန္းမသိေပ။

"ထံုးစံပဲ ေမးမေနၾကနဲ႔"

သားသမီေတြစားဖို႔ဟင္းမေလာက္မည္စိုး၍ ပဲသီးထပ္
ေၾကာ္ရန္ ပဲေတာင့္႐ွည္ သင္ ရင္း သူမ ေျဖလ်ွင္
အႀကီးေကာင္ ေရာက္လာျပန္ကာ... အငယ္ေကာင္
အခန္းတံခါးကို တြန္းဖြင့္လ်က္...

"အေမ့သား ဘယ္သြားလဲ "

"ၫႊန္႔ၫႊန္႔အိမ္သြားတယ္"

"ဗ်ာ..ဘာသြားလုပ္တာလဲ။ ျပန္လာတည္းက အိပ္ေနတာ
ေကာင္းေကာင္းကိုစကားမေျပာရေသးဘူး။ႏိုးလာျပန္ေတာ့
ေလ်ွာက္သြားေနျပန္ၿပီ...ဒီေကာင္ေတာ့ သတ္ရင္ေသဦးမယ္"

သားေတြက ဖေအတူေတြမို႔ သူမ ဘာမွကိုေျပာခ်င္စိတ္မရိွ...
ပဲသီးသာ ဆက္သင္ေနေတာ့သည္။ ဒီဖေအကေမြးတဲ့ကေလး
ဒီေလသံထြက္တာ ဆန္းေတာ့လည္း မဆန္းေပ။ ထိုစဥ္
စတုတၳသား ေရာက္လာျပန္ကာ အႀကီးေကာင္နည္းတူ
အငယ္ေကာင္အခန္းၾကည့္ၿပီးမွ...

"အေမ့သား "

"ေအ့ ငါ့သားေဟ့ ငါ့သား မင္းတို႔နဲ႔ ဘာမွမေတာ္ဘူး
ဟုတ္ၿပီလား။မင္းတို႔ ပေထြးနဲ႔ရတဲ့ငါ့သား"

"အေမကလည္း "

ဟု ဆိုကာ အကုန္လံုး ကိုယ့္အခန္းကိုယ္ဝင္သြားၾက၏။
ဘယ့္ႏွယ့္ ဒီေန႔မွ တိုက္မ်ားထားၾကသလား ေစာေစာစီးစီး
ျပန္လာၾကတာ။

"အကုန္ ျပန္ေရာက္ ၾကၿပီလား ထြက္ လာၾက..
ေမႀကီးေရာလာ"

ဘႀကီးက ဧည့္ခန္းထိပ္မွာ ထိုင္လ်က္ ေခၚလိုက္လ်ွင္
အကုန္လံုး အခန္းကိုယ္စီမွ ျပန္ထြက္လာၾကၿပီး
ဘႀကီးေ႐ွ႕တြင္ ႐ို႐ိုက်ိဳးက်ိဳးေလး ထိုင္လိုက္ၾကပါ၏။

"ဖိုးေခါင္နဲ႔ပတ္သတ္ၿပီး ငါေျပာစရာရိွတယ္"

"ေမာင္ေလးက ဘာျဖစ္လို႔လဲဘႀကီးရဲ႕ "

တတိယသမီးက ဝင္ေထာက္လ်ွင္..

"တိတ္တိတ္ေန ငါစကားေျပာရင္ ဝင္ဝင္မေထာက္နဲ႔"

ကိုယ့္အေဖအေၾကာင္း ကိုယ္သိေသာ္လည္း
ဝင္လ်ွာရည္မိေသာ သူမ က ကိုယ္ပါးစပ္ေလးကိုယ္ပိတ္ကာ
ဇတ္ကေလးပုသြားရပါ၏။ အစ္ကိုေတြကလည္း
အေနအထိုင္ မတတ္ရန္ေကာ ဟူသည့္မ်က္လံုးမ်ားျဖင့္
ေဝ့ၾကည့္လာၾကေသးသည္။

"မင္းတို႔ညီက အခုသူနဲ႔ အတူတူလိုက္လာတဲ့ေကာင္ေလးနဲ႔
ႀကိဳက္ေနသလား မသိဘူး"

"ဟာ ဘႀကီး ဒါ မျဖစ္သင့္ဘူးေနာ္""ဗ်ာ""ဟင္"
"ေမႀကီး တကယ္ႀကီးလား"

"မင္းတို႔က္ုိ တိတ္တိတ္ေနလို႔ ငါမေျပာထားဘူးလား"

တစ္ေယာက္ တစ္ေပါက္ ျဖစ္ေနၾကေသာ ကေလးေတြဟ
ေအာ္သံတစ္ခ်က္မွာ ခ်က္ခ်င္းၿငိမ္က်သြားလ်ွင္ ဘႀကီးက
စကားဆက္၏။

"ေအ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ဖိုးေခါင္က ဟုတ္ပါတယ္
ကြၽန္ေတာ္တို႔ တြဲေနတာပါဆ္ုိရင္ မင္းတို႔အားလံုး
ဖိုးေခါင္ကို ဘာမွလုပ္ပိုင္ခြင့္မရိွဘူး။ ငါပဲဆံုးျဖတ္မယ္။
ငါေျပာတဲ့အတိုင္းအကုန္နာခံရမယ္။ ငါ့စကားနားမေထာင္ပဲ
ငါ့ညီငါ လုပ္ခ်င္တာလုပ္မယ္ဆိုလို႔ကေတာ့
ငါ့အရိပ္မွာ မေနၾကနဲ႔ေတာ့ ႐ွင္းလား"

ကေလးေတြက အင္းမလုပ္အဲမလုပ္ေသးေပ။ ထိုစဥ္
ေခါင္ေလးႏွင့္ ႏိႈင္းတို႔ အိမ္ျပန္ေရာက္လာၾက၏။
ေခါင္ေလးသည္ ဧည့္ခန္းထဲတြင္ လူစံုေနသည္ကို
ျမင္လ်ွင္ တြန္႔ဆုတ္လ်က္ ေၾကာက္ေနဟန္ရိွေသာ
ႏိႈင္းဘက္လွည့္၍...

"ႏိႈင္း အျပင္မွာ စံပယ္ပန္းေတြ အမ်ားႀကီးပြင့္ေနတယ္
သြားခူးပါလား"

"ဟင္း!! အင္ "

တမင္သက္သက္ ႏွင္ထုတ္သည္ကို သိေသာ္လည္း
ႏိႈင္း ေမာင့္မိသားစုကိုရင္မဆိုင္ရဲေသးသျဖင့္
စံပယ္ရံုဆီသို႔သာ ထြက္လာခဲ့လိုက္ပါသည္။

ေခါင္ေလးသည္ ဘႀကီး၊ေမႀကီးႏွင့္ အစ္ကိုအစ္မမ်ားေ႐ွ႕
ဒူးေလး တုပ္ကာ ထိုင္ခ်လ်က္...

"ကြၽန္ေတာ္ နဲ႔ ႏိႈင္းကို သေဘာတူေပးပါ"

ေမ်ွာ္လင့္ထားၿပီးသား ဆိုေပမယ့္လည္း
တကယ္တမ္းၾကားလိုက္ရေတာ့ သူတို႔အကုန္လံုး
လက္မခံခ်င္ၾကျပန္ေပ။ ေခါင္ေလးသည္ ေမႀကီး လက္ထဲ
တြင္ ကိုင္ထားေသာ ပဲသီးျခင္းထဲမွ ဓားကိုျမင္လ်ွင္
႐ုတ္ခ်ည္ ဆြဲယူ လိုက္ၿပီး အံ့ႀကိတ္ကာ လက္ဖ်ံကို ဓားျဖင့္
လွီးလိုက္၏။

"သားငယ္"

"ဖိုးေခါင္"

ေခါင္ေလးလက္မွ ေသြးေတြ စီက်လာစဥ္ ခဏ
အျပင္ဘက္မွ...

"ကိုႏိႈင္း!"

ရဲေဇာ္၏ ခပ္စူးစူးေအာ္သံေလး ထြက္လာခဲ့၏။
ကြၽန္ေတာ္ေသရင္ ခင္ဗ်ားေသမယ္။ ခင္းဗ်ာေသရင္
ကြၽန္ေတာ္ပါေသမယ္။ ေမာင္ ေတာင္းပန္ပါတယ္ႏိႈင္း
ေမာင့္ေၾကာင့္ ႏိႈင္း နာက်င္ရျပန္ၿပီ။

..................................

Love you all💚💚💚

Continue Reading

You'll Also Like

710K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...
142K 7.9K 42
Cover by _ nong_thelea ❤ မႈိင္းညိႇဳ႕သြင္ ရွင္း
740K 41.8K 26
Jk - Possessive type #Warning Cv_ Pinterest
6.2K 470 10
တမ္​းခ်င္​းမ်ားသို႔ .... ဦးတည္​ျခင္​း ယံုၾကည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​တစ္​ခုမွာ မ်က္​၀န္​းျပာမ​ေလး​ေတြကိုရင္​မခုန္​ပါနဲ႔ဆိုတဲ့ သ၀န္တိုစာ​ေလး​ေတာ...