Black Memory(U+Z)(Completed )

By naykyihtun

1.2M 76.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part- 51
Part-52
Part -53
Part-54
Part-55
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part-56

11.4K 861 43
By naykyihtun

Unicode

"ဒါမှမဟုတ်... ခင်ဗျား ဘယ်လိုဖြစ်ချင်လဲ"

ရဲဇော် ဘာဖြေရမည်မသိပါ။ စိတ်လွတ်ကိုယ်လွတ် ခဏလောက်အဝေးကိုထွက်သွားသင့်ရဲ့လားသူမသိ။ နယ်မြေအသစ်က သူ့ကိုအတွးသစ်အမြင်သစ်တွေပေးနိုင်မည်လား သူမသိ ။

"အကူအညီတောင်းတာပါ။ ကျွန်တော့်အမေကို နောက်ဆုံးချိန်လေးမှာ စိတ်ချမ်းသာသွားစေချင်တယ်။ အဲ့ဒီအတွက် ကျွန်တော့်မှာ ရှိသမျှပေးပါ့မယ်"

"မင်း ဘာလို့ ဘာမှမမေးတာလဲ "

"မသိချင်ဘူး... ဒီလောကကြီးထဲမှာမရှိတော့လို့ မပြန်လာတာဆိုရင် ရပြီ "

ရဲဇော်သည် သူ မသိချင်ဘူးဆိုသည့်တိုင် သိထားဖို့ လိုအပ်သည်ထင်၍ ပြောရမည့် ဝတ္တရားရှိသည့်အတိုင်း...

"ကားတိုက်ခံရတာ... မိဘမဲ့ကျောင်းကနေအိမ်ပြန်ချင်လို့ ထွက်ပြေးရင်းနဲ့ !!"

ခန့်ပိုင်၏ နှုတ်ခမ်းသားတို့ သည် အတွင်းမှဖိကိုက်ထား မူကြောင့် သိသိသာသာ တုန်ယင်လာခဲ့၏။ ကိုလေး ၏ တီတီတာတာစကားသံကို ကိုဘုန်းနဲ့သူ အတူတူ နားထောင်ခဲ့ကြသည့်နေ့တွေကို သတိရသည်။ အမေက အလှူအတွက် ပရိက္ခရာ သွားဝယ်မည်ဆိုတော့ ကိုလေးကို မေမေနဲ့လိုက်သွားဖို့အတင်းတိုက်တွန်းခဲ့တာ သူဖြစ်ပြီး... ကိုဘုန်းက မလိုက်သွားဖို့ တားရင်းအော်ငို နေခဲ့၏။ အဲ့ဒီကစ၍ထင်သည်... ကိုဘုန်းနဲ့သူဟာ
တစ်ယောက်နှင့်တစ်ယောက် ခေါ်ပြောမူ့နဲသွားကာ တွေ့လိုက်လျှင် ကိုက်နေကြတော့သည်။ သူ့ဘက်က မှားသည်ဆိုဦးတော့ တမင်ရည်ရွယ်ခဲ့သည်မှမဟုတ်ပဲလေ
တောင်ပန်ရမည်တဲ့လား။ ...ကျွန်တော်ဆိုတဲ့ကောင်က မှားမှားမှန်မှန် ဘယ်သူ့ကိုမှ ခယပြီးအောက်ကျို့တောင်းပန်မည် မဟုတ်ပေ။

"ကျွန်တော် ပြောတာလုပ်ပေးမှာလား"

ရဲဇော်သည် ပြောသင့်တာပြောလိုက်ပြီးသည့်နောက် ဒီထက်ပို၍ ဒီကောင်လေးအကြောင်းကို သိချင်လာသဖြင့်..

"မင်းအစ်ကိုအဖြစ်ဟန်ဆောင်ပေးရမှာ နော်။ဖြစ်ပါ့မလား...ငါ့ပုံစံက မင်းအစ်ကိုနဲ့ တူလို့လား"

ထိုအခါ ခန့်ပ်ိုင်က သူ့ကိုခြေစခေါင်းစဆုံးသေချာကြည့်၏။ ရဲဇော် အရပ်သည် ခန့်ပိုင်ထက်ပုကာ 5'8"ကျော်ကျော် လောက်ထိ ရှိသော်လည်း ကိုလေးအစစ်ဆိုရင်တော့
အနဲဆုံး ခြောက်ပေလောက်ရှိပေလိမ့်မည်။

"မဆိုးပါဘူး အသက်ကအတူတူလောက်ပါပဲ...ကျွန်တော်တို့အမျိုးက အရပ်ရှည်ကြတယ်ဆိုပေမယ့်.. ရပါပြီ ဒီလောက်အရပ်ဆို... "

ခေါင်းကိုလာပုတ်ပြီး ပြောသဖြင့် ရဲဇော်က ခန့်ပိုင်လက်ကို လိမ်ချိုးပစ်ကာ...

"မကိုင်နဲ့ မင်းအစ်ကိုကို ရိုသေ"

"အဟက်ဟက်... တရားဝင်မဟုတ်ဘူနော် ။အမေ့ကို စိတ်ချမ်းသာစေချင်လို့ ခဏပဲ!"

"ငါကလည်း တစ်သက်လုံး ဟန်ဆောင်နေမယ်လို့ ပြောလို့လား....တစ်ပတ်ပဲရမယ်။ ငါ့အတွက်အချိန်တိုင်းက ပိုက်ဆံပဲ နားလည်လား"

မီးခိုးရောင်ဆံပင်တွေဟာ လေအဝှေ့မှာ တလွှင့်လွှင့် ရှိသလို မျက်နှာအချိုးအစားက အနီးကပ်မြင်ရလေ ပိုနှစ်သက်ဖွယ်ကောင်းလေဖြစ်သဖြင့် ခန့်ပိုင်က နာသွားသည့်လက်ကို ခါထုတ်ရင်း ရဲဇော် ၏ နဖူးကို
လေဖြင့် အားပြင်းပြင်းမှုတ်လိုက်လေသည်။

ဖူး!!

နဖူးပေါ်ကျနေတဲ့ဆံပင်တွေအကုန်လွှင့်သွားသည့်အခါနဖူးပြင်ကျယ်ကျယ်လေးပေါ်လာသဖြင့် ခန့်ပိုင်က နှုတ်ခမ်းတစ်ဖက်ကော့တတ်ကာပြုံးလိုက်သည်။

"အမေက နေမကောင်းတာ ကြာပြီ....ကိုလေးမရှိတော့ ကတည်းက ခြူချာနေတာ.. အရင်အပတ်ကဆရာဝန်ဆီ သွားပြတော့ ဆရာဝန်ကပြောလိုက်တယ်။မရတော့ဘူးတဲ့
အလွန်ဆုံးနေရ သုံးလဝန်းကျင်ပဲတဲ့။အမေမရှိပဲနေရမယ့် ရက်တွေအတွက် ကျုပ်အဆင်သင့်မဖြစ်သေးဘူး။ ဒါပေမယ့် အမေမထွက်သွားခင် အမေ့စိတ်ထဲမှာရှိနေတဲ့
အရာတွေ..အပြစ်တစ်ခုလို့ထင်မြင်နေခဲ့တာတွေကို ဖြေဖျောက်ပေးချင်တယ်။ ကျေးဇူးပြုပြီး.... ခင်ဗျားက..
တစ်ပတ်ဆိုလည်းတစ်ပတ်ပေါ့ဗျာ... ဂရုစိုက်ပေးပါနော်။ ကျုပ်အတွက် ကျုပ်အမေကအရေးကြီးလို့ပါ!"

ရဲဇော်သည် လွှင့်ခါသွားတဲ့ဆံပင်ကို ပြန်ဖိချပြီး...

"ကောင်းပြီလေ... ငါ ကူညီမယ်။ ကတိတစ်ခုတော့ ပေးရမယ်"

"အင် ဘာကတိလဲ"

"မင်း ငါ့ကိစ္စတွေမှာ ဘာအကြောင်းကြောင့်နဲ့မှဝင်မရှုပ်ရဘူး။ ငါ့အပေါ်မှာ ဘာခံစားချက်မှ မရှိရဘူး။ငါတို့ကြားမှာ Sex partnerဆိုတဲ့ ဆက်နွယ်မူမျိုးပဲရှိရမယ်"

ခန့်ပိုင်သည် ခတ္တငြိမ်ကာ စဉ်းစားသွားလျက် ရဲဇော်၏ ခပ်တည်တည် မျက်နှာထားကိုအကဲခတ်လိုက်သည်။ ထို့နောက်....

"အင် ကတိပေးတယ်။ ကျွန်တော်လဲ ကတိတစ်ခုတောင်း စရာရ်ှိတယ်"

"အင် ဘာလဲ"

"ခင်ဗျားနားမှာ ကျွန်တော် Sex Partner အဖြစ်ရှိနေ သရွေ့....ခင်ဗျား တစ်ခြားဘယ်သူနဲ့မှsexလုပ်ခွင့်မရှိဘူး"

"ကောင်းပြီလေ... ငါသဘောတူပါတယ်"

သူတွေဝေခြင်း မရှိ အဖြေပေးလိုက်လျှင်.. ခန့်ပိုင်က...

" ဒါဆို အခုကစပြီး ခင်ဗျားက ကျွန်တော့်အစ်ကိုဖြစ်သွားပြီ။ ခင်ဗျားကို...အကုန်လုံးက ကိုလေးလို့ခေါ်ကြလိမ့်မယ်။ ကျွန်တော်လည်း အဲ့လိုပဲခေါ်မှာ...ကိုလေးက
ငယ်ငယ်ကတည်းကပျောက်သွားတာမို့ အိမ်ရောက်တဲ့အခါ ခင်ဗျားကဘယ်သူ့ကိုမှမမှတ်မိချင်ယောင်ဆောင်လိုက်ရင်
ဖြစ်တယ်"

"အင်... ငါ ဒီပုံစံအတိုင်း တကယ်ဖြစ်တာနော်"

ရဲဇော်က သူ့ကိုယ်သူမလုံသလိုပြောလျှင်...ခန့်ပိုင်က ဆံနွယ်ခပ်အုပ်အုပ်ကို ထိကာ...

"အမဲရောင်ဆိုးပြီး တိုတိုလေးညှပ်ပေး...လူတွေကို သိပ်စိတ်မဝင်စားနဲ့။မစပ်စုနဲ့။ ဘယ်သူ့ကိုမှဂရုမစိုက်တဲ့ အထာနဲ့ယုံကြည်မူရှိရှိိုကိုယ့်အထာနဲ့ကိုယ်နေ"

ရဲဇော်သည် ရုပ်ချည်ပင် ကိုလေးဆိုသည့်လူအသက်ရှင်လျက် ရှိ နေသေးရင်တော်တော်မိုက်မှာပဲဟုတွေးမိသွားသည်။
အထူးသဖြင့် ဒီစရိုက်က ဘာကြောင့်ဒီလိုလူတွေဆီမှာပဲ ရှိနေရတာလဲဆိုတာ...

"မင်းမှာ မိသားစုဘယ်နှစ်ယောက်ရှိလဲ"

"အမေနဲ့ကျွန်တော် နှစ်ယောက်ပဲရှိတယ်။ကိုလေးပါရင်တော့ သုံးယောက်ပေါ့"

"သြော်..."

ခေါင် က အိမ်မှာအငယ်ဆုံးဆိုတော့သူ့မှာလည်း ညီရှိမည် မဟုတ်။ ခန့်ပိုင်တို့ကလည်း နှစ်ယောင်ထဲဆိုတော့... မဖြစ်နိုင်ပါဘူး...ငါအတွေးလွန်နေတာပဲဖြစ်မှာပါ။

ဤသို့နှယ် သူဟာ ကောက်ချက်မျိုးစုံချလျက် ချက်ချင်းပင် ဆံပင်စတိုင်တွေပြောင်း... အဝတ်အစားတွေထည့်ကာ
..လိုအပ်တာတွေပြင်ဆင်လျက်... ခန့်ပိုင်တို့ အိမ်သို့ လိုက်ပါခဲ့လိုက်ပါတော့သည်။

........

"ကိုကြီး မိုးဇေ!"

ကျောပိုးအိတ်လေးတစ်လုံးကို လွယ်လျက် ကျိုက်ထီးရိုးက စိတ်ဝင်စားဖွယ် ဝါးသေနတ်လေးကို ကိုင်ကြည့်နေသည့် မိုးဇေသည် စိုင်လျန့်ခေါ်သံကြောင့် လှည့်ကြည့်လာလျှင်
စိုင်လျန်က လျက်တစ်ပြက် ဓာတ်ပုံရိုက်လိုက်၏။

"တစ်ချိန်လုံးရိုက်လို့ကိုမပြီးတော့ဘူး"

"ကိုကြီးကလည်း သားအခုမှရောက်ဖူးတာက်ို"

"အဲ့တာဆိုလည်း အမှတ်တရကိုယ့်ပုံကိုယ်ရိုက်လေ ဘာလို့ ငါ့ပုံပဲလာလာရိုက်နေတာလဲ"

ပြောနေဆဲပင် စိုင်လျန်က cameraချိန်ကာ ဓာတ်ပုံ ထပ်မံ၍ ရိုက်လိုက်ပါသဖြင့်...

"လာလာ အပေါ်ဆက်တတ်မယ် ။ ခုထိဘုရားပေါ်ရောက် သေးတာမဟုတ်ဘူး"

"ကျွန်တော်မလျှောက်နိုင်တော့ဘူး"

ထိုအခါမိုးဇေက မကျေနပ်စွာ ခါးထောက်လျက်...

"ကားနဲ့သွားမယ်ဆိုတာကို လျှာရှည်ပြီး ခြေထောက်နဲ့ တတ်ချင်တာမင်းလေ...လျှောက်.. လျှောက်နိုင်နိုင်
မနိုင်နိုင် ကိုယ့်ဟာကိုယ်လျှောက်!"

"ကိုကြီး ကလည်းဗျာ အလိုလိုက်မယ်ဆိုပြီး အလိုလည်း မလိုက်ဘူး။ကိုက်ိုဆို သားကို ကျောပိုးပေးမှာ"

မိုးဇေသည် စိတ်ထဲမှ ကြိတ်၍ တောက်ခေါက်ကာ ဘုန်းထွဋ် ခေါင်လျှံကိုသာ ပြေးထိုးချင်တော့၏။ ပြောတော့ မချစ်သလိုလို
နဲ့ အစစအရာရာ ဂရုစိုက်ပေးထားတာ ချစ်တယ်ဆိုတဲ့ သူ့ထက်တောင်သာသည်။

"လာလာ ကုန်းပိုးပေးမယ်"

ပြောရရင် သူလည်း မနေနိုင်ပါ။ ကလေးလေးကို စိတ်မငြိုး စေချင်သလို အမြဲတမ်းစိတ်ချမ်သာနေစေချင်သည်။သူ ခွင့်ပြုသည်နှင် စိုင်လျန်က သူ့ပေါ်ပြေးတတ်လာကာ
အပျော်ကြီးပျော်နေတော့၏။ သူတို့နှစ်ယောက် သည် ဘယ်ကို သွားပြီး ဘာလုပ်ရမည်ကို ရေရေရာရာ တွေးတော့ထားခြင်းမရှိသေးပဲ စိတ်အေးချမ်းသာစွာပင်
မြန်မာ့အထင်ကရနေရာများသို့ ခရီးထွက် လျက်ရှိနေပါသည်။

.........................

"ဒါ... ဒါ...မေမေ့သားလေး ဟုတ်လား "

ရဲဇော်၏ မျက်နှာကို ချစ်ခင်နှစ်သက်ဝမ်းသာသောမျက်လုံး များဖြင့်ကြည့်လျက် မေမေက မယုံရဲအောင်ဖြစ်နေတော့သည်။

"ဟုတ်တယ် မေမေ အဲ့ဒါ ကိုလေး "

"ကိုလေး... အဟွတ်...သား လေး"

အန်တီကြီးသည် ခံတွင်းတွေခြောက်လို့ ချောင်းဆိုးနေသည့် ကြားက ဝမ်းသာလုံးဆိုကာ မျက်ရည်တွေကျနေလျှင်
ရဲဇော်စိတ်မလုံသလို ခံစား နေရတော့သည်။ ငါ လိမ်တာ မှားများ သွားပြီလားဟုတွေးမိတာအကြိမ်ကြိမ်ပင်။

"မေမေ... "

မိဘမဲ့ဖြစ်သည့် သူ့အတွက် ဒီစကားလုံးက ထွက်လာရန် ခက်ခဲလှသည်။ သား ဟူသည့်နွေးထွေးသည့်အသံကြားချိန်
သူ့ရင်ထဲ၌ အမှန်တကယ်ပင် ထိရှနာကျင်ရပါသည်လေ။

"သားလေး.... မေမေ့သားလေ "

ဆေးနံ့တွေနှင့် ရောဂါဖြစ်နေသူ သူမဟာ သန့်သန့်ပြန့်ပြန့်ဖြစ်နေသည့် ရဲဇော်ကို မပွေ့ဖက်ရဲသလို အပြစ်ရှိသူတစ်ဦးနှယ် ကြောက်ကြောက်ရွံ့ရွံ့ရှိလှသည်။ ရဲဇော်သည်စိတ်ထဲမကောင်းမူတွေများပြားလာကာ ခန့်ပိုင်၏ မလှုပ်မယှက် နာကျင်နေသည့်အမူအယာကြောင့်...အန်တီကြီးနား ကပ်သွားလျက် ရင်ခွင်ထဲတိုးဝင် ဖတ်တွယ်
ပေးမိလေသည်။

"မေမေ... ကျွန်တော် ပြန်လာတာနောက်ကျသွားလို့ တောင်းပန်ပါတယ် ရွှတ်!!"

"ဟင်...အင့်...သားလေး မေမေ့သားလေး။ချစ်တယ်နော်။ မေမေချစ်တယ်နော်။ မေမေသားကိုအရမ်းချစ်တယ်"

"သားလည်း ချစ်တယ် "

အိမ်လေးက နဲနဲ အိုဟောင်းနေတယ်ဆိုပေမယ့် ကမ်းလက်ကနွေးထွေးလွန်သည်။ ပိန်လှီနေသောအန်တီကြီး၏ အရေပြားတွေကိုကိုင်ကြည့်ရင်း သူ စိတ်မကောင်းဖြစ်မိရသည်။ အခုနေများ အန်တီကြီး
နေပြန်ကောင်းမယ်ဆိုရင် ပိုက်ဆံတွေအပုံလိုက် သူထုတ်ပေးမိမှာအမှန်ပင်။

"ကိုလေး တကယ်ပဲလားဟင် "

ကြီးမေ သည် ညီမဖြစ်သူနှင့် သူစိမ်းကောင်လေးကိုကြည့်ကာ မယုံသင်္ကာဖြင့် ခန့်ပိုင်ကိုမေးတော့၏။ မျိုးရ်ိုအရကြည့်လျှင်
ရဲဇော်၏ မျက်နှာသွင်ပြင်ဟာ ကိုလေးနှင့် နဲနဲလေးမှမတူပေ။

"ကြီးမေကို မှတ်မိလား"

ရဲဇော်သည် ထိုအမေးကို ထိတ်လန့်ခြင်းမရှိ...ချက်ချင်း ဖြေပေးလေသည်။

"ကျွန်တော် ဘယ်သူ့ကိုမှမမှတ်မိဘူး အန်တီ ။ အခုတောင်ဖိုးကျော်က ကျွန်တော့်ကိုလိုက်ရှာရင်း မှတ်မိသွားခဲ့တာပါ။ ကျွန်တော် အရင်ကအကြောင်းတွေ ဘာတစ်ခုမှ သတိမရတော့ဘူး...တောင်းပန်ပါတယ် မေမေ...သား မေမေ့ကို မေ့သွားခဲ့မိလို့ နီနီးလေးရှိနေတာကို
လာမတွေ့မိတာပါ ...သားတောင်းပန်ပါတယ်"

ဒီလို အပြုအမူအတွက် ရဲဇော်က ကျင့်သားရပြီးသား ဖြစ်ကာ ဘယ်လိုရှောင်တိမ်းရမည်လဲ သိသည်။ သူများတွေက်ိုလှိမ့်ပတ်လှည့်စားခဲ့သမျှ ဒီတစ်ကြိမ်တော့
စေတနာ ဗရပွဖြင့် ကူညီပေးနေခြင်းဖြစ်ပါသည်။

"တောင်းပန်ရမဲ့သူက အမေပါ သားရယ်...ဟင့် "

ခန့်ပိုင်သည် ရဲဇော်အား တစ်ချိန်လုံး ထိုကြည့်နေခဲ့ပြီး..

"မေမေ ရယ် မငိုပါနဲ့တော့ အခုကစပြီး ကိုလေးက အမေ့နားမှာ နေပေးတော့မှာပါ...အမေ နေကောင်းအောင်
နေရမယ်နော် "

"သားငယ်လေး.. သားကိုလည်း မေမေချစ်တယ်နော်"

"အင်းပါ အမေရယ် သိပါတယ်ဗျာ "

ကြီးမေးသည် သားအမိသုံးယောက်ကိုကြည့်ရင်း သက်ပြင်းတမမသာ ချရတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုလေး ပြန်လာသည်ဆိုတာက ကောင်းတဲ့အချက်ပါပဲလေ။

သို့နှင့် သူမသည် အလွမ်းသယ်နေသည့်သားအမိတွေကို ကြည့်မနေတော့ပဲ အိမ်သို့ပြန်လာခဲ့လိုက်တော့သည်။

"ဖေကြီးရေ.. ဖေကြိီး"

"ဟေ့. မေကြီး ဘာဖြစ်လာတာတုန်းကွ... အလောတကြီးနဲ့ မင်းညီမ သေ သွားလို့လား"

"တော်ကတော့ ပြောရော့မယ်"

"မသိဘူးလေ မင်းက အိမ်ထဲတောင်မဝင်နိုင်ပဲအော်နေတာကို"

အဖေနဲ့အမေ့အသံက ကျယ်သဖြင့် အခန်းအောင်းနေသည့် ခေါင်လေးသည် အပြင်ထွက်လာပြီး...

"ဘာဖြစ်လို့လဲ မေကြီး"

"ဖိုးကျော်လေ...က်ိုလေးကို ပြန်တွေ့တယ် ဆိုပြီလူတစ်ယောက် ခေါ်လာလို့!!!"

"ဘာ '"

မေကြီး စကားပင်မဆုံးသေး ခေါင်လေးသည် အိမ်ကနေပြေး ထွက်သွားတော့သည်။

"ဟဲ့ ဟဲ့ နေဦးလေ"

"တားမနေနဲ့ ဆက်ပြော... ဘယ်လိုတွေ့တာလဲတဲ့"

"မသိဘူးတော်ရဲ့ ...ကျုပ်လဲ ဘာမှမမေးရသေးဘူး။ အလွမ်းသယ်ပြီးငိုနေကြလို့ပြန်ခဲ့ရတယ်"

"မင်းသား ပြန်လာရင်တော့ သေချာသိရမှာ..."

အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်ရင်း လင်မယားနှစ်ယောက်လုံး စိတ်မအေးနိုင်သေးပေ။ ထိုစဉ် နှိုင်းကလည်း ရုတ်ချည် ပြေးထွက်သွားသော မောင့်ကြောင့်...

"ဖိုးခေါင်က ဘယ်သွားတာလဲ မေကြီး "

"အေးကွယ် ဟိုဘက်အိမ်သွားတယ်... "

"ဟုတ်လား... ဒါဆို ကျွန်တော်လိုက်သွားဦးမယ်"

နှိုင်းကလည်း ပြောပြီးချက်ချင်းပင် အိမ်ထဲမှပြေးထွက်သွား လေ သဖြင့် ဘကြီးက မျက်မှောင်ကြုတ်ကာ...

"မေကြီး အဲ့ကလေးက ဒီမှာ ဘယ်နေ့ထိနေမှာလဲ"

"ဘယ်သိမတုန်း... "

"အလကား လျှောက်လက်ခံထားနေနော်!!
ငါ့စိတ်ထဲတစ်ခုခုပဲ အစကသဘောကျပေမယ့် အခု သဘောမကျဘူး မင်းသားနားအရမ်းကပ်လွန်းတယ်။ သူ့မိဘတွေက ပြန်မခေါ်ကြဘူးလား !"

"သူငယ်ချင်းတွေ ဒီလိုပဲကပ်ကြတာနေမှာပါ တော်ကလည်း တစ်ခုခုဆိုအပြစ်မြင်ဖို့ပဲတတ်တယ်"

"ငါအပြစ်တင်နေတာ မဟုတ်ဘူး။ မမှတ်မိဘူးလား နွေးနွေ ကိုသွားတောင်းတုန်းက မင့်သားက ယောကျာ်း ကြိုက်တာဆို ..ပြောလွှတ်လိုက်တယ်မလား... မင်းက မှတ်သားမူကိုမရှိဘူး"

မေကြီးသည် ရေနွေးပန်ကန်လေးကို ကိုင်ရင်း
ထိုအခါမှတွေတွေကလေး ဖြစ်သွားမိတော့သည်။

"ကျွန်မတို့်သားနဲ့ အဲ့ကလေး ကကြိုက်နေတယ်ဆိုရင် ကျုပ်တို့်ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုလုပ်ရမို့လဲ... ခွဲပြန်ရင်လည်း မိဘဆိုးဖြစ်ဦးမယ်။ မခွဲဘဲ လက်ခံပြန်ရင်လည်း အတင်းဆိုးပြောခံရဦးမယ်။ မင်းသဘောပဲ... မင်းသားကိုမင်းပဲ ကြည့်စီစဉ်"

ရိုးသားသော တောင်သူမျိုးဆက်ပေါက်ဖွား သူမဟာ နဲနဲဉာဏ်တုံးသည်ဟု ပြောလျှင်လည်းခံရမည်သာ။ စိတ်တွင်း၌ ယောကျာ်း နှင့်သားသမီးတွေအပေါ် အနစ်နာခံဖို့သာ တွေးတတ်သောသူမသည်ဟိုဟိုဒီဒီ အသစ်အဆန်းတွေကိုတော့ဖြင့်
ရှည်ရှည်ဝေးဝေး မတွေးတတ်ပါချေ။

.............

"မေမေ ငိုရတာမောနေပြီ အိပ်ပြီးအနားယူလိုက်ဦးနော်။ သား စောင့်ပေးမယ်"

ရဲဇော်သည် ထွန်းရွှေဝါဖြင့် အန်တီကြီး၏ ခြေထောက်တွေ လက်တွေကို ဆေးလိမ်းပေးကာ နိုပ်နယ်ပေးရင်း အနားယူဖို့ပြောလိုက်ပါ၏။ ခန့်ပိုင်ကတော့ ခုနကတည်းကပင် မီးဖိုချောင်ထဲဝင်သွားကာ ဘာတွေလုပ်နေသည်လည်း မသိ။

"သာဓု သာဓု သာဓု ကွယ် ငါ့သားလေး ကျန်းမာချမ်းသာ ပါစေ"

"ဟုတ်ကဲ့ မေမေ အိပ်တော့နော်"

"အင်အင် "

အန်တီကြီးသည် သူ့လက်ကိုမလွှတ်ပေးပဲ ပြုံးပြုံးလေးဖြင့် မျက်လုံးတို့မှိတ်သွားလေသည်။ သိပ်မကြာ သက်ငွေ့ မျှင်မျှင်လေး ရှူသံထွက်လာပြီး အိပ်ပျော်သွားတော့သည်။

ထိုစဉ် အိမ်ပေါ်သို့ ခြေသံပြင်းပြင်းနင်းလျက် လူတစ်ယောက် တတ်လာသံကို ကြားလိုက်ရသဖြင့် သူလှည့်ကြည့်မိလျှင်
မျက်လုံးတို့အဆမတန်ပြူးကျယ်သွားရပြီး အန်တီကြီး၏ လက်ထဲမှသူ့လက်ကို ဆွဲထုတ်ကာ မတ်တပ်ရပ်မိလျက်သား ဖြစ်သွားတော့သည်။

"ဘယ်လိုဖြစ်ပြီး.. မင်း!!"

"ခေါင်... ငါ!!"

ဖြေရှင်းဖို့ ဟန်ပြင်နေသည့် ရဲဇော်ကြောင့် ခေါင်လေး တစ်စုံတစ်ခု ကို ချက်ချင်း သဘောပေါက်သွားပါ၏။

"တောက်စ်!! ကျော်ခန့်ပိုင်.. ဘယ်မှာလဲ အဲ့ကောင်"

ဒေါသတို့လွှမ်းလျက် ခေါင်လေးကမေးလျှင် ရဲဇော် ကြောက်နေမိ၏။ ထိုစဉ် မီးဖိုခန်းဘက်မှ ခန့်ပိုင်ထွက်လာပြီး ဒေါသထွက်၍ပင်....

"ဘာလဲ..ဘာလာအော်နေတာလဲမင်းက "

ခေါင်လေးသည် ဘာအပြစ်မှမရှိသူလို လာအော်နေသော ခန့်ပိုင်ကြောင့် ဆွဲထိုးချင်စိတ်ကတားမရဆီးမရ။ သို့သော်
ကြီးညွှန့် အိပ်ပျော်နေသည်ကိုမြင်လျှင် အတတ်နိုင်ဆုံး စိတ်လျော့ချလျက် ရဲဇော်ဘက်လက်ည်ိုးထိုးပြီး...

"ငါ့နောက်လိုက်လာခဲ့"

ပြောပြီး ခန့်ပိုင်းကို မျက်ထောက်နီဖြင့်ကြည့်ကာ အိမ်ပေါ်မှပြန်ဆင်းသွားသဖြင့် ရဲဇော် ချက်ချင်းလိုက်သွားဖို့ လုပ်လျှင်...

"ဘာလို့လိုက်သွားမှာလဲ ခင်ဗျားက။ နေ!!!ကျုပ်ကိစ္စ ကျုပ်သွားရှင်းမယ်"

ရဲဇော်သည် ခန့်ပိုင်ဆွဲထားသည့်လက်ကို အားဖြင့် ဆောင့်တွန်းဖယ်ချလိုက်ပြီး...

"မင်းကိစ္စ မဟုတ်ဘူး။အဲ့ဒါ ငါ့ကိစ္စ... အစောကြီးကတည်းက ရိပ်မိပြီး မလိုက်ပဲနေခဲ့ရမှာကို!ကျစ်!"

"ခင်ဗျား ဘာပြောတာလဲ"

"ဖယ်စမ်းပါ ငါ သွားရှင်းမှရမယ် "

"မသွားရဘူး "

ခန့်ပိုင်က တံခါးမကြီးတွင်မဖယ်ပေးပဲ ပိတ်ရပ်ထားသောအခါ ရဲဇော် ဒေါသထွက်လာလျက် အံကြိတ်သံထွက်စေကာ...

" အရင်က ငါ့ရဲ့ sex partnerဆိုတာ သူ ပဲ!"

ထိုအခါ ခန့်ပိုင်တစ်ယောက် မှင်သက်သွားမိတော့သည်။ သူ့ကိုတွန်းတိုက်ပြီး ထွက်သွားသော ရဲဇော်ကို ထပ်တားချင်ပေမယ့် လက်လှမ်းမမီတော့သဖြင့် ဆက်၍သာ
ကြည့်နေ မိစဉ် ခြံထဲသို့ သူယောင်ထီးလေးပြေးဝင်လာတာ တွေ့လိုက်ရသည်။ သူကကော ကိုဘုန်းနဲ့ဘယ်လိုပတ်သတ် နေခဲ့တာလဲ။

..............................

Love you all💚💚💚

................................................................

Zawgyi

"ဒါမွမဟုတ္... ခင္ဗ်ား ဘယ္လိုျဖစ္ခ်င္လဲ"

ရဲေဇာ္ ဘာေျဖရမည္မသိပါ။ စိတ္လြတ္ကိုယ္လြတ္
ခဏေလာက္အေဝးကိုထြက္သြားသင့္ရဲ႕လားသူမသိ။
နယ္ေျမအသစ္က သူ႔ကိုအတြးသစ္အျမင္သစ္ေတြေပး
ႏိုင္မည္လား သူမသိ ။

"အကူအညီေတာင္းတာပါ။ ကြၽန္ေတာ့္အေမကို
ေနာက္ဆံုးခ်ိန္ေလးမွာ စိတ္ခ်မ္းသာသြားေစခ်င္တယ္။
အဲ့ဒီအတြက္ ကြၽန္ေတာ့္မွာ ရိွသမ်ွေပးပါ့မယ္"

"မင္း ဘာလို႔ ဘာမွမေမးတာလဲ "

"မသိခ်င္ဘူး... ဒီေလာကႀကီးထဲမွာမရိွေတာ့လို႔
မျပန္လာတာဆိုရင္ ရၿပီ "

ရဲေဇာ္သည္ သူ မသိခ်င္ဘူးဆိုသည့္တိုင္ သိထားဖို႕
လိုအပ္သည္ထင္၍ ေျပာရမည္႔ ဝတၱရားရိွသည့္အတိုင္း...

"ကားတိုက္ခံရတာ... မိဘမဲ့ေက်ာင္းကေနအိမ္ျပန္ခ်င္လို႔
ထြက္ေျပးရင္းနဲ႔ !!"

ခန္႔ပိုင္၏ ႏႈတ္ခမ္းသားတို႔ သည္ အတြင္းမွဖိကိုက္ထား
မူေၾကာင့္ သိသိသာသာ တုန္ယင္လာခဲ့၏။ ကိုေလး ၏
တီတီတာတာစကားသံကို ကိုဘုန္းနဲ႔သူ အတူတူ
နားေထာင္ခဲ့ၾကသည့္ေန႔ေတြကို သတိရသည္။
အေမက အလွဴအတြက္ ပရိကၡရာ သြားဝယ္မည္ဆိုေတာ့
ကိုေလးကို ေမေမနဲ႔လိုက္သြားဖို႔အတင္းတိုက္တြန္းခဲ့တာ
သူျဖစ္ၿပီး... ကိုဘုန္းက မလိုက္သြားဖို႔ တားရင္းေအာ္ငို
ေနခဲ့၏။ အဲ့ဒီကစ၍ထင္သည္... ကိုဘုန္းနဲ႔သူဟာ
တစ္ေယာက္ႏွင့္တစ္ေယာက္ ေခၚေျပာမူ႕နဲသြားကာ
ေတြ႔လိုက္လ်ွင္ ကိုက္ေနၾကေတာ့သည္။ သူ႔ဘက္က
မွားသည္ဆိုဦးေတာ့ တမင္ရည္ရြယ္ခဲ့သည္မွမဟုတ္ပဲေလ
ေတာင္ပန္ရမည္တဲ့လား။ ...ကြၽန္ေတာ္ဆိုတဲ့ေကာင္က
မွားမွားမွန္မွန္ ဘယ္သူ႔ကိုမွ ခယၿပီးေအာက္က်ိဳ႕ေတာင္းပန္
မည္ မဟုတ္ေပ။

"ကြၽန္ေတာ္ ေျပာတာလုပ္ေပးမွာလား"

ရဲေဇာ္သည္ ေျပာသင့္တာေျပာလိုက္ၿပီးသည့္ေနာက္
ဒီထက္ပို၍ ဒီေကာင္ေလးအေၾကာင္းကို သိခ်င္လာသျဖင့္..

"မင္းအစ္ကိုအျဖစ္ဟန္ေဆာင္ေပးရမွာ ေနာ္။ျဖစ္ပါ့မလား..
ငါ့ပံုစံက မင္းအစ္ကိုနဲ႔ တူလို႔လား"

ထိုအခါ ခန္႔ပ္ုိင္က သူ႔ကိုေျခစေခါင္းစဆံုးေသခ်ာၾကည့္၏။
ရဲေဇာ္ အရပ္သည္ ခန္႕ပိုင္ထက္ပုကာ 5'8"ေက်ာ္ေက်ာ္
ေလာက္ထိ ရိွေသာ္လည္း ကိုေလးအစစ္ဆိုရင္ေတာ့
အနဲဆံုး ေျခာက္ေပေလာက္ရိွေပလိမ့္မည္။

"မဆိုးပါဘူး အသက္ကအတူတူေလာက္ပါပဲ...
ကြၽန္ေတာ္တို႔အမ်ိဳးက အရပ္႐ွည္ၾကတယ္ဆိုေပမယ့္..
ရပါၿပီ ဒီေလာက္အရပ္ဆို... "

ေခါင္းကိုလာပုတ္ၿပီး ေျပာသျဖင့္ ရဲေဇာ္က ခန္႔ပိုင္လက္ကို
လိမ္ခ်ိဳးပစ္ကာ...

"မကိုင္နဲ႔ မင္းအစ္ကိုကို ႐ိုေသ"

"အဟက္ဟက္... တရားဝင္မဟုတ္ဘူေနာ္ ။အေမ့ကို
စိတ္ခ်မ္းသာေစခ်င္လို႔ ခဏပဲ!"

"ငါကလည္း တစ္သက္လံုး ဟန္ေဆာင္ေနမယ္လို႔
ေျပာလို႔လား....တစ္ပတ္ပဲရမယ္။ ငါ့အတြက္အခ်ိန္တိုင္းက
ပိုက္ဆံပဲ နားလည္လား"

မီးခိုးေရာင္ဆံပင္ေတြဟာ ေလအေဝွ႕မွာ တလႊင့္လႊင့္
ရိွသလို မ်က္ႏွာအခ်ိဳးအစားက အနီးကပ္ျမင္ရေလ
ပိုႏွစ္သက္ဖြယ္ေကာင္းေလျဖစ္သျဖင့္ ခန္႔ပိုင္က
နာသြားသည့္လက္ကို ခါထုတ္ရင္း ရဲေဇာ္ ၏ နဖူးကို
ေလျဖင့္ အားျပင္းျပင္းမႈတ္လိုက္ေလသည္။

ဖူး!!

နဖူးေပၚက်ေနတဲ့ဆံပင္ေတြအကုန္လႊင့္သြားသည့္အခါ
နဖူးျပင္က်ယ္က်ယ္ေလးေပၚလာသျဖင့္ ခန္႔ပိုင္က
ႏႈတ္ခမ္းတစ္ဖက္ေကာ့တတ္ကာျပံဳးလိုက္သည္။

"အေမက ေနမေကာင္းတာ ၾကာၿပီ....ကိုေလးမရိွေတာ့
ကတည္းက ျခဴခ်ာေနတာ.. အရင္အပတ္ကဆရာဝန္ဆီ
သြားျပေတာ့ ဆရာဝန္ကေျပာလိုက္တယ္။မရေတာ့ဘူးတဲ့
အလြန္ဆံုးေနရ သံုးလဝန္းက်င္ပဲတဲ့။အေမမရိွပဲေနရမယ့္
ရက္ေတြအတြက္ က်ဳပ္အဆင္သင့္မျဖစ္ေသးဘူး။
ဒါေပမယ့္ အေမမထြက္သြားခင္ အေမ့စိတ္ထဲမွာရိွေနတဲ့
အရာေတြ..အျပစ္တစ္ခုလို႔ထင္ျမင္ေနခဲ့တာေတြကို
ေျဖေဖ်ာက္ေပးခ်င္တယ္။ ေက်းဇူးျပဳၿပီး.... ခင္ဗ်ားက..
တစ္ပတ္ဆိုလည္းတစ္ပတ္ေပါ့ဗ်ာ... ဂ႐ုစိုက္ေပးပါေနာ္။
က်ဳပ္အတြက္ က်ဳပ္အေမကအေရးႀကီးလို႔ပါ!"

ရဲေဇာ္သည္ လႊင့္ခါသြားတဲ့ဆံပင္ကို ျပန္ဖိခ်ၿပီး...

"ေကာင္းၿပီေလ... ငါ ကူညီမယ္။ ကတိတစ္ခုေတာ့
ေပးရမယ္"

"အင္ ဘာကတိလဲ"

"မင္း ငါ့ကိစၥေတြမွာ ဘာအေၾကာင္းေၾကာင့္နဲ႔မွဝင္မ႐ႈပ္ရဘူး။
ငါ့အေပၚမွာ ဘာခံစားခ်က္မွ မရိွရဘူး။ငါတို႔ၾကားမွာ
Sex partnerဆိုတဲ့ ဆက္ႏြယ္မူမ်ိဳးပဲရိွရမယ္"

ခန္႔ပိုင္သည္ ခတၱၿငိမ္ကာ စဥ္းစားသြားလ်က္ ရဲေဇာ္၏
ခပ္တည္တည္ မ်က္ႏွာထားကိုအကဲခတ္လိုက္သည္။
ထို႔ေနာက္....

"အင္ ကတိေပးတယ္။ ကြၽန္ေတာ္လဲ ကတိတစ္ခုေတာင္း
စရာရ္ိွတယ္"

"အင္ ဘာလဲ"

"ခင္ဗ်ားနားမွာ ကြၽန္ေတာ္ Sex Partner အျဖစ္ရိွေန
သေရြ႕....ခင္ဗ်ား တစ္ျခားဘယ္သူနဲ႔မွsexလုပ္ခြင့္မရိွဘူး"

"ေကာင္းၿပီေလ... ငါသေဘာတူပါတယ္"

သူေတြေဝျခင္း မရိွ အေျဖေပးလိုက္လ်ွင္.. ခန္႔ပိုင္က...

" ဒါဆို အခုကစၿပီး ခင္ဗ်ားက ကြၽန္ေတာ့္အစ္ကိုျဖစ္သြားၿပီ။
ခင္ဗ်ားကို...အကုုန္လံုးက ကိုေလးလို႔ေခၚၾကလိမ့္မယ္။
ကြၽန္ေတာ္လည္း အဲ့လိုပဲေခၚမွာ...ကိုေလးက
ငယ္ငယ္ကတည္းကေပ်ာက္သြားတာမို႔ အိမ္ေရာက္တဲ့အခါ
ခင္ဗ်ားကဘယ္သူ႔ကိုမွမမွတ္မိခ်င္ေယာင္ေဆာင္လိုက္ရင္
ျဖစ္တယ္"

"အင္... ငါ ဒီပံုစံအတိုင္း တကယ္ျဖစ္တာေနာ္"

ရဲေဇာ္က သူ႔ကိုယ္သူမလံုသလိုေျပာလ်ွင္...ခန္႕ပိုင္က
ဆံႏြယ္ခပ္အုပ္အုပ္ကို ထိကာ...

"အမဲေရာင္ဆိုးၿပီး တိုတိုေလးညႇပ္ေပး...လူေတြကို
သိပ္စိတ္မဝင္စားနဲ႔။မစပ္စုနဲ႔။ ဘယ္သူ႔ကိုမွဂ႐ုမစိုက္တဲ့
အထာနဲ႔ယံုၾကည္မူရိွရိွိုကိုယ့္အထာနဲ႔ကိုယ္ေန"

ရဲေဇာ္သည္ ႐ုပ္ခ်ည္ပင္ ကိုေလးဆိုသည့္လူအသက္႐ွင္လ်က္
ရိွ ေနေသးရင္ေတာ္ေတာ္မိုက္မွာပဲဟုေတြးမိသြားသည္။
အထူးသျဖင့္ ဒီစ႐ိုက္က ဘာေၾကာင့္ဒီလိုလူေတြဆီမွာပဲ
ရိွေနရတာလဲဆိုတာ...

"မင္းမွာ မိသားစုဘယ္ႏွစ္ေယာက္ရိွလဲ"

"အေမနဲ႔ကြၽန္ေတာ္ ႏွစ္ေယာက္ပဲရိွတယ္။ကိုေလးပါရင္ေတာ့
သံုးေယာက္ေပါ့"

"ေျသာ္..."

ေခါင္ က အိမ္မွာအငယ္ဆံုးဆိုေတာ့သူ႔မွာလည္း ညီရိွမည္
မဟုတ္။ ခန္႔ပိုင္တို႔ကလည္း ႏွစ္ေယာင္ထဲဆိုေတာ့...
မျဖစ္ႏိုင္ပါဘူး...ငါအေတြးလြန္ေနတာပဲျဖစ္မွာပါ။

ဤသို႔ႏွယ္ သူဟာ ေကာက္ခ်က္မ်ိဳးစံုခ်လ်က္ ခ်က္ခ်င္းပင္
ဆံပင္စတိုင္ေတြေျပာင္း... အဝတ္အစားေတြထည့္ကာ
..လိုအပ္တာေတြျပင္ဆင္လ်က္... ခန္႔ပိုင္တို႔ အိမ္သို႔
လိုက္ပါခဲ့လိုက္ပါေတာ့သည္။

........

"ကိုႀကီး မိုးေဇ!"

ေက်ာပိုးအိတ္ေလးတစ္လံုးကို လြယ္လ်က္ က်ိဳက္ထီး႐ိုးက
စိတ္ဝင္စားဖြယ္ ဝါးေသနတ္ေလးကို ကိုင္ၾကည့္ေနသည့္
မိုးေဇသည္ စိုင္လ်န္႔ေခၚသံေၾကာင့္ လွည့္ၾကည့္လာလ်ွင္
စိုင္လ်န္က လ်က္တစ္ျပက္ ဓာတ္ပံု႐ိုက္လိုက္၏။

"တစ္ခ်ိန္လံုး႐ိုက္လို႔ကိုမၿပီးေတာ့ဘူး"

"ကိုႀကီးကလည္း သားအခုမွေရာက္ဖူးတာက္ုိ"

"အဲ့တာဆိုလည္း အမွတ္တရကိုယ့္ပံုကိုယ္႐ိုက္ေလ
ဘာလို႔ ငါ့ပံုပဲလာလာ႐ိုက္ေနတာလဲ"

ေျပာေနဆဲပင္ စိုင္လ်န္က cameraခ်ိန္ကာ ဓာတ္ပံု
ထပ္မံ၍ ႐ိုက္လိုက္ပါသျဖင့္...

"လာလာ အေပၚဆက္တတ္မယ္ ။ ခုထိဘုရားေပၚေရာက္
ေသးတာမဟုတ္ဘူး"

"ကြၽန္ေတာ္မေလ်ွာက္ႏိုင္ေတာ့ဘူး"

ထိုအခါမိုးေဇက မေက်နပ္စြာ ခါးေထာက္လ်က္...

"ကားနဲ႔သြားမယ္ဆိုတာကို လ်ွာ႐ွည္ၿပီး ေျခေထာက္နဲ႔
တတ္ခ်င္တာမင္းေလ...ေလ်ွာက္.. ေလ်ွာက္ႏိုင္ႏိုင္
မႏိုင္ႏိုင္ ကိုယ့္ဟာကိုယ္ေလ်ွာက္!"

"ကိုႀကီး ကလည္းဗ်ာ အလိုလိုက္မယ္ဆိုၿပီး အလိုလည္း
မလိုက္ဘူး။ကိုက္ုိဆို သားကို ေက်ာပိုးေပးမွာ"

မိုးေဇသည္ စိတ္ထဲမွ ႀကိတ္၍ ေတာက္ေခါက္ကာ ဘုန္းထြဋ္
ေခါင္လ်ွံကိုသာ ေျပးထိုးခ်င္ေတာ့၏။ ေျပာေတာ့ မခ်စ္သလိုလို
နဲ႔ အစစအရာရာ ဂ႐ုစိုက္ေပးထားတာ ခ်စ္တယ္ဆိုတဲ့
သူ႔ထက္ေတာင္သာသည္။

"လာလာ ကုန္းပိုးေပးမယ္"

ေျပာရရင္ သူလည္း မေနႏိုင္ပါ။ ကေလးေလးကို စိတ္မၿငိဳး
ေစခ်င္သလို အျမဲတမ္းစိတ္ခ်မ္သာေနေစခ်င္သည္။
သူ ခြင့္ျပဳသည္ႏွင္ စိုင္လ်န္က သူ႔ေပၚေျပးတတ္လာကာ
အေပ်ာ္ႀကီးေပ်ာ္ေနေတာ့၏။ သူတို႔ႏွစ္ေယာက္ သည္
ဘယ္ကို သြားၿပီး ဘာလုပ္ရမည္ကို ေရေရရာရာ
ေတြးေတာ့ထားျခင္းမရိွေသးပဲ စိတ္ေအးခ်မ္းသာစြာပင္
ျမန္မာ့အထင္ကရေနရာမ်ားသို႔ ခရီးထြက္ လ်က္ရိွေနပါသည္။

.........................

"ဒါ... ဒါ...ေမေမ့သားေလး ဟုတ္လား "

ရဲေဇာ္၏ မ်က္ႏွာကို ခ်စ္ခင္ႏွစ္သက္ဝမ္းသာေသာမ်က္လံုး
မ်ားျဖင့္ၾကည့္လ်က္ ေမေမက မယံုရဲေအာင္ျဖစ္ေနေတာ့သည္။

"ဟုတ္တယ္ ေမေမ အဲ့ဒါ ကိုေလး "

"ကိုေလး... အဟြတ္...သား ေလး"

အန္တီႀကီးသည္ ခံတြင္းေတြေျခာက္လို႔ ေခ်ာင္းဆိုးေနသည့္
ၾကားက ဝမ္းသာလံုးဆိုကာ မ်က္ရည္ေတြက်ေနလ်ွင္
ရဲေဇာ္စိတ္မလံုသလို ခံစား ေနရေတာ့သည္။ ငါ လိမ္တာ
မွားမ်ား သြားၿပီလားဟုေတြးမိတာအႀကိမ္ႀကိမ္ပင္။

"ေမေမ... "

မိဘမဲ့ျဖစ္သည့္ သူ႔အတြက္ ဒီစကားလံုးက ထြက္လာရန္
ခက္ခဲလွသည္။ သား ဟူသည့္ေႏြးေထြးသည့္အသံၾကားခ်ိန္
သူ႔ရင္ထဲ၌ အမွန္တကယ္ပင္ ထိ႐ွနာက်င္ရပါသည္ေလ။

"သားေလး.... ေမေမ့သားေလ "

ေဆးနံ႕ေတြႏွင့္ ေရာဂါျဖစ္ေနသူ သူမဟာ သန္႕သန္႕ျပန္႕ျပန္႕ျဖစ္ေနသည့္ ရဲေဇာ္ကို မေပြ႔ဖက္ရဲသလို အျပစ္ရိွသူတစ္ဦးႏွယ္ ေၾကာက္ေၾကာက္ရြံ႕ရြံ႕ရိွလွသည္။ ရဲေဇာ္သည္
စိတ္ထဲမေကာင္းမူေတြမ်ားျပားလာကာ ခန္႔ပိုင္၏
မလႈပ္မယွက္ နာက်င္ေနသည့္အမူအယာေၾကာင့္...
အန္တီႀကီးနား ကပ္သြားလ်က္ ရင္ခြင္ထဲတိုးဝင္ ဖတ္တြယ္
ေပးမိေလသည္။

"ေမေမ... ကြၽန္ေတာ္ ျပန္လာတာေနာက္က်သြားလို႔
ေတာင္းပန္ပါတယ္ ရႊတ္!!"

"ဟင္...အင့္...သားေလး ေမေမ့သားေလး။ခ်စ္တယ္ေနာ္။
ေမေမခ်စ္တယ္ေနာ္။ ေမေမသားကိုအရမ္းခ်စ္တယ္"

"သားလည္း ခ်စ္တယ္ "

အိမ္ေလးက နဲနဲ အိုေဟာင္းေနတယ္ဆိုေပမယ့္
ကမ္းလက္ကေႏြးေထြးလြန္သည္။ ပိန္လွီေနေသာ
အန္တီႀကီး၏ အေရျပားေတြကိုကိုင္ၾကည့္ရင္း
သူ စိတ္မေကာင္းျဖစ္မိရသည္။ အခုေနမ်ား အန္တီႀကီး
ေနျပန္ေကာင္းမယ္ဆိုရင္ ပိုက္ဆံေတြအပံုလိုက္
သူထုတ္ေပးမိမွာအမွန္ပင္။

"ကိုေလး တကယ္ပဲလားဟင္ "

ႀကီးေမ သည္ ညီမျဖစ္သူႏွင့္ သူစိမ္းေကာင္ေလးကိုၾကည့္ကာ
မယံုသကၤာျဖင့္ ခန္႔ပိုင္ကိုေမးေတာ့၏။ မ်ိဳးရ္ုိအရၾကည့္လ်ွင္
ရဲေဇာ္၏ မ်က္ႏွာသြင္ျပင္ဟာ ကိုေလးႏွင့္ နဲနဲေလးမွမတူေပ။

"ႀကီးေမကို မွတ္မိလား"

ရဲေဇာ္သည္ ထိုအေမးကို ထိတ္လန္႔ျခင္းမရိွ...ခ်က္ခ်င္း
ေျဖေပးေလသည္။

"ကြၽန္ေတာ္ ဘယ္သူ႔ကိုမွမမွတ္မိဘူး အန္တီ ။
အခုေတာင္ဖိုးေက်ာ္က ကြၽန္ေတာ့္ကိုလိုက္႐ွာရင္း
မွတ္မိသြားခဲ့တာပါ။ ကြၽန္ေတာ္ အရင္ကအေၾကာင္းေတြ
ဘာတစ္ခုမွ သတိမရေတာ့ဘူး...ေတာင္းပန္ပါတယ္
ေမေမ...သား ေမေမ့ကို ေမ့သြားခဲ့မိလို႔ နီနီးေလးရိွေနတာကို
လာမေတြ႔မိတာပါ ...သားေတာင္းပန္ပါတယ္"

ဒီလို အျပဳအမူအတြက္ ရဲေဇာ္က က်င့္သားရၿပီးသား
ျဖစ္ကာ ဘယ္လိုေ႐ွာင္တိမ္းရမည္လဲ သိသည္။
သူမ်ားေတြက္ုိလွိမ့္ပတ္လွည့္စားခဲ့သမ်ွ ဒီတစ္ႀကိမ္ေတာ့
ေစတနာ ဗရပြျဖင့္ ကူညီေပးေနျခင္းျဖစ္ပါသည္။

"ေတာင္းပန္ရမဲ့သူက အေမပါ သားရယ္...ဟင့္ "

ခန္႔ပိုင္သည္ ရဲေဇာ္အား တစ္ခ်ိန္လံုး ထိုၾကည့္ေနခဲ့ၿပီး..

"ေမေမ ရယ္ မငိုပါနဲ႔ေတာ့ အခုကစၿပီး ကိုေလးက
အေမ့နားမွာ ေနေပးေတာ့မွာပါ...အေမ ေနေကာင္းေအာင္
ေနရမယ္ေနာ္ "

"သားငယ္ေလး.. သားကိုလည္း ေမေမခ်စ္တယ္ေနာ္"

"အင္းပါ အေမရယ္ သိပါတယ္ဗ်ာ "

ႀကီးေမးသည္ သားအမိသံုးေယာက္ကိုၾကည့္ရင္း
သက္ျပင္းတမမသာ ခ်ရေတာ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္
ကိုေလး ျပန္လာသည္ဆိုတာက ေကာင္းတဲ့အခ်က္ပါပဲေလ။

သို႔ႏွင့္ သူမသည္ အလြမ္းသယ္ေနသည့္သားအမိေတြကို
ၾကည့္မေနေတာ့ပဲ အိမ္သို႔ျပန္လာခဲ့လိုက္ေတာ့သည္။

"ေဖႀကီးေရ.. ေဖႀကိီး"

"ေဟ့. ေမႀကီး ဘာျဖစ္လာတာတုန္းကြ... အေလာတႀကီးနဲ႔
မင္းညီမ ေသ သြားလို႔လား"

"ေတာ္ကေတာ့ ေျပာေရာ့မယ္"

"မသိဘူးေလ မင္းက အိမ္ထဲေတာင္မဝင္ႏိုင္ပဲေအာ္ေနတာကို"

အေဖနဲ႔အေမ့အသံက က်ယ္သျဖင့္ အခန္းေအာင္းေနသည့္
ေခါင္ေလးသည္ အျပင္ထြက္လာၿပီး...

"ဘာျဖစ္လို႔လဲ ေမႀကီး"

"ဖိုးေက်ာ္ေလ...က္ုိေလးကို ျပန္ေတြ႔တယ္ ဆိုၿပီ
လူတစ္ေယာက္ ေခၚလာလို႔!!!"

"ဘာ '"

ေမႀကီး စကားပင္မဆံုးေသး ေခါင္ေလးသည္ အိမ္ကေနေျပး
ထြက္သြားေတာ့သည္။

"ဟဲ့ ဟဲ့ ေနဦးေလ"

"တားမေနနဲ႔ ဆက္ေျပာ... ဘယ္လိုေတြ႔တာလဲတဲ့"

"မသိဘူးေတာ္ရဲ႕ ...က်ဳပ္လဲ ဘာမွမေမးရေသးဘူး။
အလြမ္းသယ္ၿပီးငိုေနၾကလို႔ျပန္ခဲ့ရတယ္"

"မင္းသား ျပန္လာရင္ေတာ့ ေသခ်ာသိရမွာ..."

အိမ္ေ႐ွ႕ဧည့္ခန္းတြင္ ထိုင္ရင္း လင္မယားႏွစ္ေယာက္လံုး
စိတ္မေအးႏိုင္ေသးေပ။ ထိုစဥ္ ႏိႈင္းကလည္း ႐ုတ္ခ်ည္
ေျပးထြက္သြားေသာ ေမာင့္ေၾကာင့္...

"ဖိုးေခါင္က ဘယ္သြားတာလဲ ေမႀကီး "

"ေအးကြယ္ ဟိုဘက္အိမ္သြားတယ္... "

"ဟုတ္လား... ဒါဆို ကြၽန္ေတာ္လိုက္သြားဦးမယ္"

ႏိႈင္းကလည္း ေျပာၿပီးခ်က္ခ်င္းပင္ အိမ္ထဲမွေျပးထြက္သြား
ေလ သျဖင့္ ဘႀကီးက မ်က္ေမွာင္ၾကဳတ္ကာ...

"ေမႀကီး အဲ့ကေလးက ဒီမွာ ဘယ္ေန႔ထိေနမွာလဲ"

"ဘယ္သိမတုန္း... "

"အလကား ေလ်ွာက္လက္ခံထားေနေနာ္!!
ငါ့စိတ္ထဲတစ္ခုခုပဲ အစကသေဘာက်ေပမယ့္ အခု
သေဘာမက်ဘူး မင္းသားနားအရမ္းကပ္လြန္းတယ္။
သူ႔မိဘေတြက ျပန္မေခၚၾကဘူးလား !"

"သူငယ္ခ်င္းေတြ ဒီလိုပဲကပ္ၾကတာေနမွာပါ ေတာ္ကလည္း
တစ္ခုခုဆိုအျပစ္ျမင္ဖို႔ပဲတတ္တယ္"

"ငါအျပစ္တင္ေနတာ မဟုတ္ဘူး။ မမွတ္မိဘူးလား
ေႏြးေႏြ ကိုသြားေတာင္းတုန္းက မင့္သားက ေယာက်ာ္း
ႀကိဳက္တာဆို ..ေျပာလႊတ္လိုက္တယ္မလား...
မင္းက မွတ္သားမူကိုမရိွဘူး"

ေမႀကီးသည္ ေရေႏြးပန္ကန္ေလးကို ကိုင္ရင္း
ထိုအခါမွေတြေတြကေလး ျဖစ္သြားမိေတာ့သည္။

"ကြၽန္မတို္႔သားနဲ႔ အဲ့ကေလး ကႀကိဳက္ေနတယ္ဆိုရင္
က်ဳပ္တို္႔ဘယ္လိုလုပ္ၾကမလဲ"

"ဘယ္လိုလုပ္ရမို႔လဲ... ခြဲျပန္ရင္လည္း မိဘဆိုးျဖစ္ဦးမယ္။
မခြဲဘဲ လက္ခံျပန္ရင္လည္း အတင္းဆိုးေျပာခံရဦးမယ္။
မင္းသေဘာပဲ... မင္းသားကိုမင္းပဲ ၾကည့္စီစဥ္"

႐ိုးသားေသာ ေတာင္သူမ်ိဳးဆက္ေပါက္ဖြား သူမဟာ
နဲနဲဥာဏ္တံုးသည္ဟု ေျပာလ်ွင္လည္းခံရမည္သာ။
စိတ္တြင္း၌ ေယာက်ာ္း ႏွင့္သားသမီးေတြအေပၚ
အနစ္နာခံဖို႔သာ ေတြးတတ္ေသာသူမသည္
ဟိုဟိုဒီဒီ အသစ္အဆန္းေတြကိုေတာ့ျဖင့္
႐ွည္႐ွည္ေဝးေဝး မေတြးတတ္ပါေခ်။

.............

"ေမေမ ငိုရတာေမာေနၿပီ အိပ္ၿပီးအနားယူလိုက္ဦးေနာ္။
သား ေစာင့္ေပးမယ္"

ရဲေဇာ္သည္ ထြန္းေရႊဝါျဖင့္ အန္တီႀကီး၏ ေျခေထာက္ေတြ
လက္ေတြကို ေဆးလိမ္းေပးကာ ႏိုပ္နယ္ေပးရင္း
အနားယူဖို႔ေျပာလိုက္ပါ၏။ ခန္႔ပိုင္ကေတာ့ ခုနကတည္းကပင္ မီးဖိုေခ်ာင္ထဲဝင္သြားကာ ဘာေတြလုပ္ေနသည္လည္း
မသိ။

"သာဓု သာဓု သာဓု ကြယ္ ငါ့သားေလး က်န္းမာခ်မ္းသာ
ပါေစ"

"ဟုတ္ကဲ့ ေမေမ အိပ္ေတာ့ေနာ္"

"အင္အင္ "

အန္တီႀကီးသည္ သူ႔လက္ကိုမလႊတ္ေပးပဲ ျပံဳးျပံဳးေလးျဖင့္
မ်က္လံုးတို႔မိွတ္သြားေလသည္။ သိပ္မၾကာ သက္ေငြ႔
မ်ွင္မ်ွင္ေလး ႐ွဴသံထြက္လာၿပီး အိပ္ေပ်ာ္သြားေတာ့သည္။

ထိုစဥ္ အိမ္ေပၚသို႔ ေျခသံျပင္းျပင္းနင္းလ်က္ လူတစ္ေယာက္
တတ္လာသံကို ၾကားလိုက္ရသျဖင့္ သူလွည့္ၾကည့္မိလ်ွင္
မ်က္လံုးတို႔အဆမတန္ျပဴးက်ယ္သြားရၿပီး အန္တီႀကီး၏
လက္ထဲမွသူ႔လက္ကို ဆြဲထုတ္ကာ မတ္တပ္ရပ္မိလ်က္သား
ျဖစ္သြားေတာ့သည္။

"ဘယ္လိုျဖစ္ၿပီး.. မင္း!!"

"ေခါင္... ငါ!!"

ေျဖ႐ွင္းဖို႔ ဟန္ျပင္ေနသည့္ ရဲေဇာ္ေၾကာင့္ ေခါင္ေလး
တစ္စံုတစ္ခု ကို ခ်က္ခ်င္း သေဘာေပါက္သြားပါ၏။

"ေတာက္စ္!! ေက်ာ္ခန္႔ပိုင္.. ဘယ္မွာလဲ အဲ့ေကာင္"

ေဒါသတို႔လႊမ္းလ်က္ ေခါင္ေလးကေမးလ်ွင္ ရဲေဇာ္
ေၾကာက္ေနမိ၏။ ထိုစဥ္ မီးဖိုခန္းဘက္မွ ခန္႔ပိုင္ထြက္လာၿပီး
ေဒါသထြက္၍ပင္....

"ဘာလဲ..ဘာလာေအာ္ေနတာလဲမင္းက "

ေခါင္ေလးသည္ ဘာအျပစ္မွမရိွသူလို လာေအာ္ေနေသာ
ခန္႔ပိုင္ေၾကာင့္ ဆြဲထိုးခ်င္စိတ္ကတားမရဆီးမရ။ သို႔ေသာ္
ႀကီးၫႊန္႔ အိပ္ေပ်ာ္ေနသည္ကိုျမင္လ်ွင္ အတတ္နိုင္ဆုံး
စိတ္ေလ်ာ့ခ်လ်က္ ရဲေဇာ္ဘက္လက္ည္ိုးထိုးၿပီး...

"ငါ့ေနာက္လိုက္လာခဲ့"

ေျပာၿပီး ခန္႔ပိုင္းကို မ်က္ေထာက္နီျဖင့္ၾကည့္ကာ
အိမ္ေပၚမွျပန္ဆင္းသြားသျဖင့္ ရဲေဇာ္ ခ်က္ခ်င္းလိုက္သြားဖို႔
လုပ္လ်ွင္...

"ဘာလို႔လိုက္သြားမွာလဲ ခင္ဗ်ားက။ ေန!!!က်ဳပ္ကိစၥ
က်ဳပ္သြား႐ွင္းမယ္"

ရဲေဇာ္သည္ ခန္႔ပိုင္ဆြဲထားသည့္လက္ကို အားျဖင့္
ေဆာင့္တြန္းဖယ္ခ်လိုက္ၿပီး...

"မင္းကိစၥ မဟုတ္ဘူး။အဲ့ဒါ ငါ့ကိစၥ... အေစာႀကီးကတည္းက ရိပ္မိၿပီး မလိုက္ပဲေနခဲ့ရမွာကို!က်စ္!"

"ခင္ဗ်ား ဘာေျပာတာလဲ"

"ဖယ္စမ္းပါ ငါ သြား႐ွင္းမွရမယ္ "

"မသြားရဘူး "

ခန္႔ပိုင္က တံခါးမႀကီးတြင္မဖယ္ေပးပဲ ပိတ္ရပ္ထားေသာအခါ
ရဲေဇာ္ ေဒါသထြက္လာလ်က္ အံႀကိတ္သံထြက္ေစကာ...

" အရင္က ငါ့ရဲ႕ sex partnerဆိုတာ သူ ပဲ!"

ထိုအခါ ခန္႔ပိုင္တစ္ေယာက္ မွင္သက္သြားမိေတာ့သည္။
သူ႔ကိုတြန္းတိုက္ၿပီး ထြက္သြားေသာ ရဲေဇာ္ကို
ထပ္တားခ်င္ေပမယ့္ လက္လွမ္းမမီေတာ့သျဖင့္ ဆက္၍သာ
ၾကည့္ေန မိစဥ္ ျခံထဲသို႔ သူေယာင္ထီးေလးေျပးဝင္လာတာ
ေတြ႔လိုက္ရသည္။ သူကေကာ ကိုဘုန္းနဲ႔ဘယ္လိုပတ္သတ္
ေနခဲ့တာလဲ။

..............................

Love you all💚💚💚

Continue Reading

You'll Also Like

16.6K 437 12
ဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တ...
2.1M 108K 51
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
30.7K 1.1K 72
{စောအက္ခရာ...မင်းကလူသားတစ်ယောက်မဟုတ်ဘူး။ မင်းက..တိတ်ဆိတ်နေတဲ့ငါ့ဘဝထဲရုတ်တရပ်တိုးဝင်လာတဲ့သံစဥ်လှလှလေးတစ်ခုပဲ..} Start Date:5.7.2022