ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၃ - ၁၈ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၃၀ ( ၇ - ၁၀ )

7.7K 855 19
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   30
Chapter.          :  7 - 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၃၀၊ အခန္း ၇။ မယံုနုိင္စရာ ရလဒ္

“ဒင္းကို ေသေအာင္ရုိက္ၾကစမ္း” သက္လတ္ပုိင္းေယာက်ာ္းၾကီးသည္ ပထမဆံုး အသိၿပန္၀င္သြားၿပီး ခ်က္ခ်င္းေအာ္ဟစ္လုိက္ၿခင္း ၿဖစ္သည္။

ထိုအမိန္ ့သံကုိ ၾကားလုိက္သည္နွင့္ ဒါဇင္ေသာလူငယ္တုိ့မွာ ေရွ့သို့ ေၿပးတက္လာၾကၿပီး ရီ၀မ္၀မ္အား ၀ုိင္းထားလုိက္ၾက သည္ ။

ရီ၀မ္၀မ္သည္ကေတာ့ စုိးရိမ္ထိတ္လန့္သြားသည့္ အၾကည့္ေလးတစ္ခ်က္ ပင္ ရွိမေန၊ သူမအနားက ၀ုိင္းထားၾကသည့္လူတုိ့အား ၾကည့္လို့ေနပံုမွာ ေအးေအးစက္စက္သာ ။

“သတ္ၾက”

မိန္းမၾကီးသည္ ေယာင္ကုိင္းေနသည့္ပါးနွစ္ဖက္ကုိ ကုိင္ထားၿပီး ေအာ္ဟစ္လုိက္၏ ။

ဒင္းကမ်ား ငါ့ကို ရုိက္ရဲတယ္ ။
ဒီအခုိက္၊ ထိုမေကာင္းဆုိး၀ါးတု့ိနွင့္ မြန္းစတားတုိ့မွာ ရီ၀မ္၀မ္ထံသုိ့ ေၿပး၀င္လာကုန္ၾကၿပီ ။

သုိ့ေသာ္၊ သူတုိ့၏လက္ သူမေပၚ မက်ေရာက္လာခင္
ဒါဇင္ေသာလူရိပ္တုိ့ ရုတ္တရက္ အခန္းထဲေၿပး၀င္လာ ၾကသည္ ။

အီလဲဗင္း၊ ဖန္ရႊမ္းယီနွင့္ အနက္ေရာင္အဖြဲ ့ကိုယ္ရံေတာ္ ဆယ္ေယာက္ေက်ာ္ အခန္းထဲေၿပး၀င္လာၾကၿခင္းၿဖစ္ၿပီး
ရီ၀မ္၀မ္အား ၀ိုင္းထားၾကသည့္လူေတြကုိ ၾကည့္လုိက္ၾက၏ ။

အီလဲဗင္း၏မ်က္နွာမွာ မည္းပုတ္လာေခ်ၿပီ ။ သူ၏အခန္းသည္ ရီ၀မ္၀မ္အခန္းနွင့္ ေဘးခ်င္းကပ္ရပ္ၿဖစ္ၿပီး အေစာနက ရုန္းရင္းဆန္ခတ္ အသံတုိ့ကို ၾကားလုိက္ရသၿဖင့္ တစ္ခုခုၿဖစ္ေနၿပီဟု ခံစားမိၿပီး သူ့လူေတြကုိ ေခၚကာ အေၿပးေရာက္ခ်လာခဲ့ၿခင္း ၿဖစ္သည္ ။ သိုု့ေသာ္၊
သူ မေမွ်ာ္လင့္ ထားမိခဲ့သည္မွာ…ဒီတစ္ေခါက္တြင္ ေနာက္လုိက္တုိ့ ေခၚလာပါသည့္သူမွာ ေလယာဥ္ေပၚတုန္းက ထိုစိတ္ပ်က္စရာ လင္မယားၿဖစ္ေနလိမ့္မည္ဟု ။

အီလဲဗင္း၊ ေအာ္ေငါက္လုိက္သည္ ။
“မင္းတုိ့ေကာင္းေတြ ေသခ်င္ေနၾကတာလားကြ”

ေယာက်ာ္းၾကီးသည္ အခန္းထဲ ေၿပး၀င္လာၾကသည့္ ထုိလူတစ္သုိက္ကို ၿမင္လုိက္ရေသာ္လည္း ေၾကာက္လန့္ၿခင္း အလ်ဥ္းမရွိ…. ဟတ္ခနဲသာ ရယ္ခ်လာသည္ ။

“ေသခ်င္လို့လားဆိုပဲ…။ မင္းတုိ့မေလာက္ေလးမေလာက္စားေတြကသာ ေသခ်င္ေနၾကတဲ့သူေတြလုိ့ ငါေတာ့ ထင္တယ္ - ဒါက ၿမန္မာၿပည္ရဲ့ H ၿမိဳ့ေတာ္….ငါ့ရဲ့ပိုင္နက္ ။ မင္းတုိ့ကိုယ္မင္းတုိ့ ဘာေကာင္ေတြ ထင္ေနၾကတာလဲ ။ မင္းတို့က နဂါးၿဖစ္ေနရင္ေတာင္ ငါ့ဆီ လာဦးက်ိဳးရမွာပဲ ။ က်ားဆုိရင္လည္း ငါ့ေရွ့ လာ၀ပ္ဆင္းေပးရမွာပဲ”

ထုိေယာက္်ားၾကီး ေခၚလာခဲ့သည့္လူငယ္တုိ့သည္ အီလဲဗင္းနွင့္ တၿခားသူတုိ့အား ၾကည့္လုိက္ၾကၿပီး
က်ိတ္ရႈံ ့ခ်ေနၾကသည္ ။

ဒီတုိင္းတပါးအရူးေတြ…ဒီလူၾကီးက ဘာဆုိတာကို အခုထိ သေဘာမေပါက္ၾကေသးဘူး - သူ့ကုိ တုိင္းၿပည္ Z ရဲ့ စီမိသားစုရဲ့ အိမ္ေတာ္ထိန္း ရႊီရီ က စပိုင္အၿဖစ္နဲ့ ၿမန္မာၿပည္ H ၿမိဳ ့ေတာ္ထဲ လႊတ္ထားတဲ့သူလုိ့ ေၿပာလုိ့ရတယ္။ သူက H ၿမိဳ့ေတာ္မွာ ေတာ္ေတာ္ေလးကို ၿသဇာေညာင္းတဲ့သူ…။

ဒီနုိင္ငံၿခားသားအဖြဲ ့ေတာ့ က်ားေရွ ့ပက္လက္ေမွာက္တာပဲ ။ ဒီလူၾကီးကုိ ရန္စရဲၾကတာ…သူတုိ့ေတြ ေသမင္းနဲ ့ စစ္ခင္းခ်င္ေနၾကတာလား…။

အီလဲဗင္း၊ မ်က္လံုးတို ့ က်ဥ္းေၿမာင္းလာသည္ ။ ေမာက္မာေထာင္လႊားသည့္ လူလတ္ပုိင္းလူၾကီးကုိ ၾကည့္ရင္း သူ၏အမူအရာမွာ မည္းေမွာင္လာသည္ ။

“သူတုိ့ကို ရုိက္ပစ္ၾကစမ္း”

အီလဲဗင္းသည္ အနက္ေရာင္အဖြဲ ့ကုိယ္ရံေတာ္တုိ့ကို ေခၚယူလာစဥ္က ဘာကိုမွ သတိမထားမိခဲ့….တၿခားအဖြဲ ့ထံသုိ့ ေၿပး၀င္သြားလုိက္သည္ ။

ဤအနက္ေရာင္အဖြဲ ့ကုိယ္ရံေတာ္တုိ့မွာ ထရိန္နင္ဆင္းထား ၾကသူမ်ားၿဖစ္ၿပီး တဖက္က ဂိုဏ္းစတားတုိ့သည္ကား သာမန္လူမုိက္တုိ့မ်ွသာ…သူတုိ့သည္ အနက္ေရာင္အဖြဲ ့ကုိယ္ရံေတာ္တုိ့အား လံုး၀ ယွဥ္တုိက္နုိင္ၿခင္းမရွိၾက ။

မိနစ္၀က္ေလးအတြင္းမွာပင္၊ ထိုလူငယ္ဂိုဏ္းစတားတုိ့ခမ်ာ ေၿမၾကီးေပၚ လဲက်ကုန္ၾကၿပီး နာက်င္ၿခင္းၾကီးစြာၿဖင့္ ေအာ္ဟစ္ေနၾကသည္ ။ အခုခ်ိန္တြင္ သူတုိ့ထံ၌ ေမာက္မာေထာင္လႊားမႈ တစုိးတစိပင္မရွိေတာ့ ။

ဒါဇင္ေသာလူတုိ ့ မ်က္ေတာင္တစ္မွိတ္အတြင္း အကုန္လဲက်ကုန္သည္ကုိ ၿမင္လုိက္ရသၿဖင့္ ထုိလင္မယားၾကီး၏မ်က္နွာေပၚက ေပ်ာ္ရႊင္မႈအၿပည့္နွင့္ အၿပံဳးတုိ့မွာ ခ်က္ခ်င္းပင္တုံ့ခဲသြားၿပီး က်ိဳးေက်သြားရသည္ ။

“သူတုိ့အားလံုးက ထရိန္နင္ဆင္းထားၾကတာလား…”

သက္လတ္ပိုင္းေယာက်္ားၾကီးမွာ ပါးစပ္အေဟာင္းသား ၿဖစ္ေနသည္။ သူတို့ေတြသည္ လူငယ္ဂုိဏ္းစတားေလး
တစ္ဖြဲ ့ကို ေခၚခ်လာခ်ိန္တြင္ တဖက္ရန္သူတစ္ေယာက္ခ်င္းစီတုိ္င္းသည္ က်ြမ္းက်င္သည့္ တိုက္ခုိက္္ေရးသမားမ်ား ၿဖစ္ေနၾကသည္တဲ့လား ။ လက္ေခ်ာင္းေလးတစ္ေခ်ာင္းနွင့္ပင္ သူတု့ိအားလံုး ေၿမၾကီးေပၚ ၿပားၿပား၀ပ္ကုန္ၾကၿပီး ၿပန္တုိက္ခုိက္နုိင္ဖုိ့ေ၀းလုိ့ ခုပင္ခုခံနုိင္ၿခင္းမရွိၾက…

ထိုအခုိက္၊ မိန္းမၾကီးသည္ အသံစူးစူးရွရွနွင့္ ၾကိမ္းေမာင္း
လာသည္ ။
“နင္တုိ့ေတြ မ်က္စိကန္းေနၾကတာလား ။ ငါတုိ့ေတြက တုိင္းၿပည္ Z က စီ မိသားစုက လူေတြ…ငါတုိ့ကို ထိရဲရင္ ထိၾကည့္စမ္း”

ထိုမိန္းမၾကီး၏အသံ ထြက္ေပၚလာသည့္အခုိက္…

အီလဲဗင္းနွင့္တၿခားသူတုိ့ ပါးစပ္အေဟာင္းသား ၿဖစ္ကုန္ၾက သည္ ။

တုိင္းၿပည္ Z…

စီ မိသားစု…။

စီ မိသားစု၏နာမည္ေၾကာင့္ အီလဲဗင္းနွင့္တၿခားသူေတြမွာ တိတ္ဆိတ္သြားၾကၿခင္းဟု မိန္းမၾကီး ထင္သြားၿပီး ခ်က္ခ်င္းပင္၊ ေပ်ာ္ရႊင္အားရစြာၿဖင့္ ေယာက်ာ္းၿဖစ္သူဘက္ ေမးေငါ့ၿပလုိက္လ်ွင္ ။

ေယာက်ာ္းၿဖစ္သူသည္ အေစာနက ေမာက္မာေထာင္လႊားမႈ တုိ့ ၿပန္လည္ရရွိသြားၿပီး အီလဲဗင္းအား ရႈံ ့ခ်ေၿပာဆုိလာေတာ့ သည္ ။

“မင္းတုိ့ေကာင္ေတြ ဘယ္သူပဲၿဖစ္ၿဖစ္ ငါ ေသာက္ဂရု
မစုိက္ဘူး။ မင္းတုိ့ ငါ့ကို ရန္စေနသေရြ ့ မင္းတုိ့အတြက္ ဘာမွေကာင္းတာရွိလာမွာ မဟုတ္ဘူး”

သု့ိေသာ္၊ အီလဲဗင္းနွင့္တၿခားသူတုိ့သည္ ပုိလုိ့ပင္ ထူးထူးဆန္းဆန္း အမူအရာၿဖင့္ ထုိလင္မယားအား ၾကည့္လာၾကေတာ့ေလၿပီ ။

ရီ၀မ္၀မ္သည္လည္း တဖက္လူ၏ထုတ္ေၿပာလုိက္သည့္စကား ေၾကာင့္ အံ့ၿသသြားရသည္တည့္ ။

                       💖💖💖💖💖💖

စာစဥ္ ၃၀ ၊ အခန္း ၈။ အိမ္ေတာ္ရွင္သခင္မ

သို့ေသာ္၊ အီလဲဗင္းနွင့္တၿခားသူတုိ့ စကားမေၿပာနုိင္ခင္၊
မားပင္ ၿပန္ေရာက္လာေခ်သည္ ။

ေဟာ္တယ္အခန္းထဲသို့ မားပင္ ေၿခလွမ္းလုိက္သည့္အခုိက္၊ အရုိက္နွက္ခံထားရသည့္ေယာက်ာ္းေလးေတြ ေၿမၾကီးေပၚလဲ ေနၾကသည္ကို ၿမင္လုိက္မိၿပီး မ်က္နွာမည္းခနဲ ၿဖစ္သြားသည္ ။ ဒီေနာက္၊ ေခါင္းေမာ့ၾကည့္လိုက္ရာ ေအာင္နုိင္သည့္ဟန္ၿဖင့္ အားရေက်နပ္ေနသည့္ ထုိလင္မယားအား ၿမင္လုိက္ၿပီး သူ့မ်က္နွာမွာ မည္းသထက္ မညး္လာရၿပီ ။

“က်ိဳးခ်န္၊ ေကာင္ေလး၊ မင္းက ေတာ္ေတာ္ထူးၿခားတာပဲ - ဒီလုိအဖြဲ ့ၾကီးကို ေခၚခ်လာတယ္..”

မားပင္၊ လူလတ္ပိုင္းအမ်ိဳးသားၾကီးဘက္ လွည့္လုိက္ၿပီး ခနဲ့တဲ့တဲ့ ေၿပာဆုိလုိက္သည္ ။

လူလတ္ပုိင္းလင္မယားမွာ မားပင္ကို ၿမင္လုိက္သည္နွင့္ အံ့ၿသသြားၾက၏။ သူတုိ့မ်က္နွာထက္က ေအာင္နုိင္သူအၿပံဳးၾကီးတုိ့မွာ ခ်က္ခ်င္းဆုိသလို ပါးလ်သည့္ေလထုထဲ တုိး၀င္ေပ်ာက္ကြယ္သြားသည္ ။
ဤမားပင္သည္ H ၿမိဳ့ေတာ္တြင္ အာဏာၾကီးၾကီးကို ပိုင္ဆုိင္ထားသူ၊ ၿပီးေတာ့ သူတုိ့၏ေဘာ့စ္ၿဖစ္သူ ရႊီရီ၏ မိတ္ရင္းေဆြရင္းၾကီး….။

ဒါေပမယ့္ ဒီမားပင္က ဒီကုိ ဘာလုိ့ေရာက္လာတာလဲ ။

မားပင္နဲ ့ဒီလူေတြၾကားမွာ ပတ္သက္မႈရွိေနလို့မ်ား ၿဖစ္ေနမလား…

“အာ…အစ္ကို မား” သက္လတ္ပုိင္းေယာက်ာ္းမွာ  စဥ္းစားေနခ်ိန္မရွိေတာ့ ။ ၿပံဳးၿပလုိက္ၿပီး သူ ့အိပ္ကပ္ထဲက စီးကရက္တစ္လိပ္ကို ထုတ္ယူလုိက္ကာ အေရွ့သို့ ၿမန္ၿမန္ဆန္ဆန္ တက္သြားလုိက္သည္ ။

“ဟားဟား”

စီးကရက္ကမ္းေပးလာသည့္ ထုိလူၾကီးအား ၾကည့္ရင္း၊
မားပင္၊ ေခါင္းတုိ့ခါယမ္းလာကာ ခနဲ ့တဲ့တဲ့ရြဲ ့တဲ့တဲ့ ေၿပာဆုိလာသည္ ။

“လက္မခံ၀ံ့ပါဘူးဗ်ာ။ လက္မခံ၀ံ့ပါဘူး။ အစ္ကုိၾကီးရဲ့ ဂုဏ္သိကၡာက အခုဆုိ အရမ္းကုိ ၿမင့္မားလြန္းပါတယ္။ က်ြန္ေတာ္ ဘယ္လုိလုပ္ၿပီးေတာ့ ခင္ဗ်ားရဲ့ စီးကရက္ကို လက္ခံ၀ံ့ပါ့မလဲ”

“အစ္ကုိ မား…ဘာေတြေၿပာေနတာလဲ…တစ္ခုခုကို နားလည္မႈ လြဲေနတာလား…အစ္ကုိၾကီး ဒီလူေတြကုိ သိလို့လား”

မားပင္ သရုပ္ေဆာင္ေနပံုကို ၾကည့္ေနရင္း၊ တစ္ခုခုမူမမွန္ေတာ့သည္ကုိ ထိုေယာက္်ား အာရံုခံမိလာၿခင္း ပင္ ။ သူသည္ အရင္တုန္းက မားပင္နွင့္ မ်ားမ်ားစားစား ပတ္သက္ဆက္ႏြယ္မႈ မရွိခဲ့ပါေသာ္လည္း အရင္က သူနွင့္ အၾကိမ္အနည္းငယ္ဆံုဖူးခဲ့ပါ၏။ မားပင္သည္ သူ့အား ဘယ္တုန္ုးကမွ ဒီလုိသေဘာထားမ်ိဳးနွင့္ မဆက္ဆံခဲ့ဖူး ။

“မင္းက ရႊီရီအတြက္ အလုပ္လုပ္ေပးေနတာမဟုတ္ဘူး
လား ။ ဒါၿဖင့္ရင္…ဒီအမ်ိဳးသမီးက ဘယ္သူလဲဆိုတာကို မသိဘူးလားကြ” မားပင္၊ ေငါက္ငမ္းေၿပာဆုိလာသည္ ။

“အာ…ဒါက…”

ထုိေယာက္်ားၾကီး၏နွလံုးအိမ္ကား ဒုန္းခနဲ၊
အၾကမ္းပတမ္း လႈပ္ခတ္သြားရသည္ ။
ရီ၀မ္၀မ္အား သံသယစိတ္၊ စိုးရိမ္စိတ္တုိ့ၿဖင့္ စိုက္ၾကည့္လုိက္မိခ်ိန္ ။

“က်ိဳးၾကီးရာ၊ မင္းရဲ့ေဘာ့စ္ ရႊီရီ က ဘယ္လုိလူစားလဲ ဆုိတာကိုေတာ့ မင္း သိထားမွာပါ၊ ဟုတ္တယ္မလား”
မားပင္သည္ ထိုလူၾကီးအား ေစာင္းင့ဲၾကည့္ေပးလုိက္သည္ ။

“သိပါတယ္…က်ြန္ေတ္ာ သိပါတယ္…ေဘာ့စ္က တုိင္းၿပည္ Z က စီ မိသားစုရဲ့လူပါ - က်ြန္ေတ္ာ ဘယ္လုိလုပ္ၿပီး မသိဘဲေနပါ့မလဲ…” သက္လတ္ပုိင္းေယာက်ာ္းၾကီးသည္ သတိၾကီးစြာၿဖင့္ ၿပန္ေၿဖလာသည္ ။

“မင္း သိေနတယ္ဆုိရင္ အခု ဘာေသာက္အလုပ္ေတြ လုပ္ေနတာလဲကြ”

ပိတ္ေဟာက္ပစ္လုိက္ေတာ့သည့္ မားပင္ ။ ဒီေနာက္၊ ရီ၀မ္၀မ္အား ၾကည့္လုိက္ၿပီး၊ တစ္ဖန္ ထုိေယာက်ာ္းအား ေၿပာလုိက္ၿပန္သည္ ။
“မင္းအေရွ့က ဒီအမ်ိဳးသမီးက စီ မိသားစုရဲ့…အိမ္ေတာ္သခင္မပဲ…”

“ဘာ..”
ထုိေယာက်္ားၾကီးမွာ ပါးစပ္အေဟာင္းသားၿဖစ္သြားရေတာ့ၿပီး ေၿမၾကီးေပၚတြင္ တုပ္တုပ္မလႈပ္ေတာ့ၿပီ ။

သူ အသိၿပန္၀င္သြားသည့္ေနာက္၊ သူ့အေရွ့တြင္ ရွိေနသည့္ ေအးစက္ၿပီး အမူအရာပ်က္ၿခင္းမရွိသည့္ရီ၀မ္၀မ္အား စုိက္ၾကည့္လုိက္မိၿပီး ခ်က္ခ်င္းပင္ မ်က္လံုးအိမ္တုိ့
က်ံဳ ့သြားမိေတာ့သည္ ။

မားပင္ အခုနက ေၿပာလုိက္တာက…

ဒီမိန္းမက…စီ မိသားစုရဲ့…အိမ္ေတာ္ၾကီးသခင္မ…။

ဒီအခုိက္၊ သက္လတ္ပုိင္းေယာက်္ားၾကီးမွာ လံုး၀အတိ ဗလာဟင္းလငး္ ၿဖစ္သြားရေတာ့ၿပီ။ ကမာၻၾကီးတစ္ခုလံုး ခ်ာလပတ္ရမ္းသြားၿပီး သူ၏ခႏၶာကုိ္ယ္မွာ ေၿမၾကီးနွင့္ မထိေတာ့သလုိ ခံစားမိလာေတာ့သည္ ။

…..

မားပင္ ေၿပာသြားတာ အမွန္ဆုိရင္ ဒီမိန္းမက အိမ္ေတာ္ၾကီးရဲ့ သခင္မေပါ့ ။ ဒါဆုိ ဒီလူေတြက…စီ မိသားစုရဲ့ အနက္ေရာင္ အဖြဲ ့ကို္ယ္ရံေတာ္ေတြ…

သူတို့တစ္ေယာက္ခ်င္းစီတိုင္းက ဒီေလာက္ထိ အတုိက္အခုိက္က်ြမ္းၿပီး ငါတုိ့ရဲ့ဂုိဏ္းစတားဒါဇင္ကို ၿပန္ေတာင္တုိက္ခြင့္မေပးဘဲ စကၠန့္ပိုင္းအတြင္း ၿပားၿပား၀ပ္သြားေအာင္ လုပ္နုိင္တာ မဆန္းေတာ့ဘူး ။

သက္လတ္ပုိင္းေယာက်္ားၾကီး ခံစားေနမိသည္မွာ သူ၏ေခ်ြးေအးတုိ့သည္ သူ့အေရၿပားေပၚတြင္ ေအးစက္သထက္ေအးစက္လာသည္ကို ။
သူ့အေနၿဖင့္ စီ မိသားစု၏ သခင္မသည္ ၿမန္မာနုိင္ငံ၏
H  ၿမိဳ့ေတာ္ဆီ ဘာေၾကာင့္ ဆင္းခ်လာသလဲ မသိသလုိ၊  ရႊီရီဆီကေန ဘာသတင္းမွ ၾကိဳတင္ရထားၿခင္း မရွိခဲ့ပါေခ်….

ဒါ့အၿပင္၊ အိမ္ေတာ္ၾကီး၏သခင္မတစ္ပါးအေနနဲ ့ ၿမန္မာၿပည္ကို တကယ္ဆင္းခ်လာမည္ဆုိလ်ွင္ေတာင္ ေလယာဥ္စင္းလံုးငွားၿပီး လာခဲ့သင့္သည္မဟုတ္ပါလား…

သူမက ဘာလုိ့ ငါတုိ့နဲ့ ေလယာဥ္တစ္ခုထဲမွာ လာစီးရတာလဲ ။

“ဘာကို စီ မိသားစုရဲ့သခင္မလဲ ။ မားပင္၊
ရွင္ ေၿပာတာကို က်ြန္မတုိ့က ဘာလုိ့ ယံုရမွာလဲ”

သက္လတ္ပိုင္းမိန္းမၾကီးသည္ အလန့္တၾကား ေအာ္ေၿပာလာေတာ့သည္ ။

“ေသာက္က်က္သတံုးမ…”
မားပင္၊ သူမအား စူးစူးရဲရဲ တစ္ခ်က္ၾကည့္လုိက္ၿပီး
ခ်က္ခ်င္းပင္ မ်က္နွာေပၚ ေၿဖာင္းခနဲရုိက္ခ်ပစ္လုိက္ေတာ့၏ ။

ဤရုိက္ခ်က္ေၾကာင့္ မိန္းမၾကီးမွာ ေၿမၾကီးေပၚ လူးလိမ့္သြားရ ေတာ့သည္ ။

                 💖💖💖💖💖💖💖

စာစဥ္ ၃၀၊ အခန္း ၉။ အင္အား တည္ေဆာက္ၿခင္း

သူမ၏ေယာက်ာ္းလုပ္သူသည္ ငူငူေငါင္ေငါင္ၾကီးနွင့္ ပါးစပ္အေဟာင္းသား ၿဖစ္ေနဆဲၿဖစ္ေၾကာင္း ၿမင္လုိက္ရရာ၊ မိန္းမၾကီးသည္ သူ့အား လႈပ္ယမ္းပစ္လုိက္၏ ။

“ရွင္ ေယာက်္ားမွဟုတ္ေသးရဲ့လား။ ရွင့္ရဲ့ဇနီးက အရုိက္ခံေန ရတာရွင့္ - ဘာေၾကာင့္ ရပ္ၾကည့္ေနေသးတာလဲ”

“မင္း…ေခြးမ”

ထုိေယာက္်ားၾကီးမွာ အသိၿပန္၀င္သြားၿပီး သူမကုိ ဆဲဆိုပစ္လုိက္ၿပီးေနာက္ ထိုးၾကိတ္ပစ္လုိက္ၿပန္သည္ ။

“ဟားဟား…”
မားပင္သည္ ထုိေယာက်ာ္းအား စုိက္ၾကည့္လုိ့ေနရာမွ ။
“က်ိဳးၾကီးရာ၊ မင္းက တကယ္အ့ံၿသဖုိ့ေကာင္းတာပဲ ။
ဒီလုိအရာမ်ိဳးကုိ လုပ္ရဲကိုင္ရဲတယ္၊ အဟတ္။
အခုဆို မင္းမွာ အိမ္ေတာ္သခင္မ၊ သခင္မေလး ရီ ကိုေတာင္ ရန္စရဲေနပါေပါ့လား။ ေနာင္ဆုိရင္ မင္းက ငါ့ရဲ့ အစ္ကိုၾကီး ၿဖစ္လာမလားပဲ… ငါကေတာ့ မင္းရဲ့ဘာမွမဟုတ္တဲ့ညီေလး ေပါ့…မင္းက ငါ့ကို အမိန့္ေပးေပါ့ဗ်ာ - ဘယ္လိုလဲ…. ေပ်ာ္စရာမေကာင္းဘူးလား”

ဒါကုိ ၾကားလုိက္သည့္အခ်ိန္၊ ထုိေယာက္်ားၾကီးမွာ ေခ်ြးၿပိဳက္ၿပိဳက္ က်လာေတာ့သည္ ။ ဒီမိန္းမသည္
စီ မိသားစုရဲ့အိမ္ေတာ္သခင္မ ၿဖစ္ေနလိမ့္မည္ဟု
သူ မေမ်ွာ္လင့္ထားမိခဲ့ပါ ။

သူသာ သိထားခဲ့ပါလ်ွင္ သတိၱတစ္ရာရွိေနရင္ေတာင္မွ
သူမအား ရန္စ၀ံ့မည္မဟုုတ္ပါေခ် ။

“သခင္မေလး ရီ ။ သခင္မေလး ရီ၊ က်ြန္ေတာ္ မသိခဲ့လုိ့ပါ…သခင္မေလး ရီ၊ သခင္မေလးက သေဘာထားၾကီးၿပီး ခြင့္လႊတ္ေပးတတ္ပါတယ္ ။ က်ြန္ေတ္ာ သခင္မေလးရဲ့ဇာတိ အမွန္ကို သိထားမိခဲ့ရင္ က်ြန္ေတ္ာ့ကို သတၱိတစ္သိန္း ေပးရင္ေတာင္မွ က်ြန္ေတာ္ မလုပ္ရဲပါဘူး…”

ထိတ္လန့္ေၾကာက္ရြံ  ့လ်က္၊ သက္လတ္ပိုင္းေယာက်ာ္းၾကီး သည္ ေၿမၾကီးေပၚ ပံုက်သြားၿပီး ဒူးေထာက္က်သြားေတာ့ သည္ ။ သူ၊ ရီ၀မ္၀မ္ရွိရာဆီ တြားသြားလုိက္ၿပီး စကားထစ္စြာၿဖင့္ ေၿပာေနသည္ ။

“ထြက္သြားစမ္း”

အနက္ေရာင္အဖြဲ ့ ကိုယ္ရံေတာ္ထဲကတစ္ေယာက္သည္ သူ့ကို ေဘးသို့ ကန္ထုတ္ပစ္လုိက္ၿခင္း ၿဖစ္သည္ ။

“မင္းကမ်ား စီ မိသားစုရဲ့နာမည္ကုိ သံုးၿပီးေတာ့ ငါတုိ့အားလံုးကုိ ေခ်မႈန္းဖုိ့ၾကိဳးစားရဲတယ္။
သခင္မေလး ရီ ရဲ့တံခါးကို ကန္ပစ္ရဲရေလာက္ေအာင္ ေတာ္ေတာ္ေလးသတိၱေကာင္းေနတယ္ေပါ့ေလ၊ ဟမ္”

ေနာက္ထပ္ေသာအနက္ေရာင္အဖြဲ ့ကိုယ္ရံေတာ္သည္ ထုိေယာက္်ားအား ေငါက္ငမ္းေၿပာဆုိလာသည္ ။

“က်ြန္ေတာ္တုိ့ ဒီလုိလုပ္ၾကမလား…ဒီလူနဲ့ ဒီမေလာက္ေလး မေလာက္စားအဖြဲ ့ကို က်ြန္ေတ္ာ ကုိင္တြယ္လုိက္ပါမယ္”

မားပင္သည္၊ ေဆာင္းရာသီ ပုိးေကာင္ေတြလုိ တိတ္ဆိတ္လုိ့ ေနၾကသည့္ ဒါဇင္ေသာလူငယ္ဂုိ္ဏ္းစတားတုိ့ကုိ ၿဖန့္က်က္ ၾကည့္ရင္း ေၿပာလာသည္ ။

“ဒါဆုိ ရွင့္ကိုပဲ ထပ္ၿပီးအေနွာင့္အယွက္ေပးရေတာ့မယ္”

ရီ၀မ္၀မ္၊ စိတ္ထဲတြင္မူ ရယ္ရမလား၊ ငိုရမလား မသိေတာ့၊ ေခါင္းသာအသာညိတ္ၿပလုိက္မိ၏ ။

H ၿမိဳ ့ေတာ္တြင္ ဒီလုိအရာမ်ိဳး ၾကံဳေတြ ့ရလိမ့္မည္ဟု ရီ၀မ္၀မ္၊ မေမွ်ာ္လင့္ထားမိခဲ့ ။
ရႊီရီေအာက္က တစ္ေယာက္ေယာက္နွင့္ ဒီလုိသြားၾကံဳရ လိမ့္ဖုိ့ကား ပိုဆုိးပင္…

“သခင္မေလး ရီ၊ ရပါတယ္ဗ်ာ။
အေစာကတည္းက သတိမၿပဳမိတဲ့ က်ြန္ေတာ့္ရဲ့အမွားပါ”

မားပင္၊ သက္ၿပင္းခ်လုိက္ၿပီး တံခါး၀ဆီသုိ့ လက္ေ၀ွ့ယမ္းၿပ လုိက္၏ ။

အနက္ေရာင္၀တ္စံုနွင့္ လူဆယ္ေယာက္ေက်ာ္သည္ အခန္းထဲ ခပ္သုတ္သုတ္ ၀င္လာၾကၿပီး ထုိလူငယ္ေတြနဲ့ လင္မယားအား အခန္းထဲကေန ဆြဲထုတ္သြားၾကသည္ ။

ထုိလင္မယားကုိ အခန္းထဲက ဆြဲထုတ္ေနခ်ိန္ထိ
သူတုိ့ေတြသည္ ခြင့္လႊတ္ေပးပါရန္ တစာစာအသနားခံ ေနၾကဆဲ ။

သို့ေသာ္၊ သူတိ့ု ေ၀းသထက္ေ၀းသြားၾကသည္နွင့္
ထုိအသံတုိ့မွာ တၿဖည္းၿဖည္းခ်င္း ေပ်ာက္ကြယ္သြား ၾကရသည္ ။

ထုိစကၠဴက်ားသာသာ ခရိုနီတုိ့နွင့္ ေၿဖရွင္းၿပီးသြား သည့္ေနာက္၊ မားပင္၊ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္အတြက္ အခန္းသစ္တစ္ခန္း ေတာင္းလုိက္ၿပီး ေဟာ္တယ္မန္ေနဂ်ာ အား တင္းတင္းမာမာ သတိေပးလုိက္ေတာ့သည္ ။

သက္လတ္ပုိင္းေယာက်္ားသည္ ရီ၀မ္၀မ္၏အခန္းကို ေနရာခံမိသည္ဆုိၿခင္းမွာေဟာ္တယ္ကတစ္ေယာက္ေယာက္ဆီက သတင္းရခဲ့လုိ့သာ ။ ဤေဟာ္တယ္မန္ေနဂ်ာသည္ ဒီလုိဆက္ၿပီး အဆင္ၿခင္မဲ့ေနဦးမည္ဆိုပါက….။

အားလံုး ေၿဖရွင္းၿပီးသြားသည့္အခ်ိန္၊
ဤၿဖစ္ရပ္သည္ ၿပီးဆံုးသြားခဲ့ၿပီ ။

သူမ၏အခန္းသစ္ထဲတြင္၊ H ၿမိဳ့ေတာ္အား ၿပတင္းေပါက္ကေန ရီ၀မ္၀မ္ လွမ္းေမွ်ာ္ၾကည့္ရႈလုိ့ေနသည္ ။

သူမမွာသာ ကိုယ္ပုိင္အင္အားရွိခဲ့ရင္…

ရုတ္တရက္၊ တစ္ခုခုကို စဥ္းစားသြားမိၿပီး ရီ၀မ္၀မ္၏မ်က္လံုးတို့ ၀င္းပသြားသည္ ။

သူမ မွတ္မိသေလာက္ဆုိ သူမ၏အတိတ္ဘ၀တုန္းက ၿမန္မာၿပည္၏ H ၿမိဳ ့ေတာ္ကို သူမ ေရာက္လာခ်ိန္တြင္ သူမသည္ တစ္ေယာက္တည္း အၿပင္ထြက္ေလ့မရွိ ေသာ္လည္း အနက္ေရာင္အဖြဲ ့ကိုယ္ရံေတာ္ ေတြဆီကေန H ၿမိဳ့ေတာ္အေၾကာင္း သတင္းတုိ့ကို ၾကားေနခဲ့ရပါ၏ ။

သူမ၏အတိတ္ဘ၀တြင္ ဂိုဏ္းတစ္ဂုိဏ္းသည္
ၿပည္တြင္းအဖြဲ ့တစ္ဖြဲ ့နွင့္ H ၿမိဳ့ေတာ္အၿပင္ဘက္တြင္ တုိက္ခုိက္မႈအၾကီးၾကီး ၿဖစ္ခဲ့ၿပီး လူတုိင္းမွာ ပြဲခ်င္းၿပီး အသတ္ခံခဲ့ၾကရသည္တဲ့ ။

သူမသာ သူမ၏ကိုယ္ပုိင္အဖြဲ ့တစ္ခုကို တည္ေဆာက္လုိပါ က ဒါသည္ အစေကာင္းတစ္ခုပင္ - ထိုတုိက္ခုိက္ေရးသမား တုိ့အား သူမအတြက္ ကယ္တင္နုိင္ခဲ့မည္ဆိုပါက…

ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ မသိမသာရႊန္းပသြားရသည္ ။ ဒီေနာက္၊ ခ်က္ခ်င္းပင္ သူမဖုန္းထဲက နာမည္စာရင္းတုိ့ကုိ ၾကည့္လုိက္ၿပီး တစ္စံုတစ္ေယာက္အား ဖုန္းေခၚလုိက္၏ ။

                    💖💖💖💖💖💖💖

စာစဥ္ ၃၀၊ အခန္း ၁၀ ။  ငါးေယာက္အုပ္စုကို ငွားရမ္းၿခင္း

အုတ္သယ္သည့္နုိင္ငံၿခားသား ။  “ဟယ္လုိ၊ ဘယ္သူလဲ။ အုတ္သယ္ဖုိ့ လူလုိလို့လား”

ရီ၀မ္၀မ္ ။  “…” အုတ္သယ္ဖုိ့…။

“ေက်ာ္ၾကားေသာ ရီ ပါ”
ရီ၀မ္၀မ္၊ မ်က္ခံုးတို့အား နွိပ္နယ္ေနမိေလသည္ ။
အရမ္းကုိ ထူးဆန္းလုိက္တာ…

“အဲေလ…ေဘာ့စ္ ရီ အလုပ္ေၿပာင္းသြားၿပီလား။
က်ြန္ေတာ့္ကို အုတ္သယ္ေပးေစခ်င္လုိ့လားဗ်”

အုတ္သယ္သမားေလး နိုင္ငံၿခားသားမွာ ခပ္သြက္သြက္ေၿပာခ်လာ ေတာ့သည္ ။

“မဟုတ္--မဟုတ္ဘူး ။ ဒါက ရွင့္ဖုန္းနံပတ္လား…”

ရီ၀မ္၀မ္၊ သက္ၿပင္းခ်လုိက္မိ၏ - သူမသည္ သူေတာ္စင္ကို ဖုန္းဆက္ေနၿခင္း မဟုတ္ပါလား ။

“အာ…ဒါ က်ြန္ေတ္ာ့ဖုန္း မဟုတ္ပါဘူးး”
အုတ္သယ္သည့္နုိင္ငံၿခားသား ေအာ္ေၿပာလုိက္သည္ ။
“နတ္ဘုရားလက္ကိုင္တုတ္…မင္းဖုန္း လာေနတယ္”

“မင္းေမၾကီးမို့လားကြ။ ငါ့ဖုန္းကို ဘာလုပ္ဖုိ့ကိုင္ေနတာလဲ ။ င့ါဆီကို နိမိတ္ဖတ္ခ်င္တဲ့သူ ေရာက္လာတဲ့အခ်ိန္ ငါ့မွာ ဖုန္းရွာမေတြ ့ၿဖစ္ေနရင္ ဘယ္လုိလုပ္မလဲကြ ။ လူတစ္ေယာက္ေလ်ာ့သြားတာက မင္း တစ္လစာ အုတ္သယ္ရတာနဲ့ညီတယ္ သိလား- မင္း တတ္နုိင္လုိ့လား၊ ဟမ္”

“ဟယ္လုိ၊ နွိမ့္ခ်တတ္တဲ့ သူေတာ္စင္ ေၿပာေနပါတယ္။ ေၿမၾကီးေပၚမွာ ေတာင္းစားေပးရမွာလား….ဒါမွမဟုတ္ နိမိတ္ဖတ္ေပးရမွာလား… လာၾကိဳမွာလား…ဒါမွမဟုတ္ က်ြန္ေတာ္ လာခဲ့ေပးရမွာလား ။ က်ြန္ေတ္ာ လာခဲ့ေပးရမယ္ ဆုိရင္ေတာ့ အပုိေၾကးေပးရပါမယ္”

သူေတာ္စင္သည္ ဖုန္းကုိ စြက္ကနဲယူလုိက္ၿပီး စကားေတြတသီၾကီး ထုတ္ေၿပာလုိက္သည္။

ရီ၀မ္၀မ္၊ ဘာသိဘာသာ ဆြံ ့အသြားရ၏ ။
သို့ေသာ္၊ သူမ စိတ္ကိုၿငိမ္ၿငိမ္ထားနုိင္ဆဲပါ ။
“ေတာင္းစားဖုိ့လဲ မဟုတ္ဘူး၊ နိမိတ္ဖတ္ဖုိ့လည္း မဟုတ္ဘူး”

နွိမ့္ခ်တတ္သည့္ သူေတာ္စင္ ။  “မင္း ရူးေနတာလားကြ။ ဒါဆုိ ငါ့ကို ဘာလုိ့ ဖုန္းဆက္တာလဲ”

ရီ၀မ္၀မ္၊ က်ိတ္ကာ သက္ၿပင္းၾကီးခ်လုိက္မိၿပီး ၿပန္ေၿဖလုိက္သည္ ။ “ေက်ာ္ၾကားေသာ ရီ ပါ”

“အာ၊ အစ္မ ေက်ာ္ၾကားေသာ လား”
ခ်က္ခ်င္းပင္၊ သူေတာ္စင္မွာ ေလသံေၿပာင္းသြားေလၿပီ ။

“ေဘာ့စ္ ရီ၊ က်ြန္ေတ္ာ ဘာမ်ားလုပ္ေပးရမလဲ”

သူေတာ္စင္သည္ အရင္က ရုိက္ကူးေရးတြင္ ေက်ာ္ၾကားေသာ ရီ ၏ ကူညီေစာင္မေပးခဲ့ၿခင္းေၾကာင့္ သရုပ္ေဆာင္ရုံနဲ ့ ေငြဘတ္တစ္ရာ ရွာနုိင္ခဲ့သည္ မဟုတ္ေလာ - လ်င္လ်င္ၿမန္ၿမန္ လြယ္လြယ္ေလးနွင့္ ေငြရခဲ့သည္ပင္။

သူမသည္ သူ့အား ဖုန္းထပ္ေခၚေနသည္ေၾကာင့္ အလုပ္ကိစၥပဲ ၿဖစ္ရမည္ဟု သူ တထစ္ခ်ေတြးမိလုိက္ၿခင္း ၿဖစ္သည္ ။

ရီ၀မ္၀မ္၊ တေသာေသာရယ္ေမာခ်လုိက္မိသည္ ။
“အဲ့ဒီမွာ အားလံုးရွိၾကလား”

“ရွိပါတယ္ ရွိပါတယ္ ရွိပါတယ္ ။ ေဘာ့စ္ ရီ…စိတ္မပူပါနဲ့ ။ က်ြန္ေတာ္တုိ့ အတူတူရွိမေနရင္ေတာင္မွ ေဘာ့စ္အတြက္ဆုိ အတူရွိေပးမွာပါ။ ဒီတစ္ေခါက္ က်ြန္ေတာ္တုိ့ ကပၸတိန္ ေတာင္မွ အားေနတယ္။ ဘယ္လုိသရုပ္ေဆာင္ေပးရမလဲဆုိတာသာ ေၿပာလုိက္ပါ။ ဒီတစ္ေခါက္ေကာ အစားအေသာက္ပါဦးမယ္မလား…”

“အင္း…”

ရီ၀မ္၀မ္၊ တခနေလာက္ ေတြးၾကည့္လုိက္ၿပီးေနာက္ ေၿပာလာသည္။
“တကယ္ေတာ့ အလုပ္တစ္ခု ရွိတယ္။ ရွင္တုိ့အားလံုး လာနုိင္မယ္ဆုိရင္ သိပ္ေကာင္းတယ္။ ဒါေပမယ့္ ရွင္တု့ိေတြ နုိင္ငံၿခားကို လာဖုိ့လုိလိမ့္မယ္”

“နုိင္ငံၿခားလား”
သူေတာ္စင္ခမ်ာ စြံ ့အသြားမိၿပီး၊ ဒီေနာက္ လွမ္းေအာ္လုိက္၏ ။
“ေဘာ့စ္ ရီ က ငါတုိ့အတြက္ အလုပ္ရွိတယ္တဲ့…နုိင္ငံၿခား ကုိ သြားရမယ္ - ငါတုိ့ လုပ္ၾကမလား….မလုပ္ၾကဘူးလား”

ဖုန္းထဲကေန ဆူဆူညံညံ ၀ူး၀ူး၀ါး၀ါးအသံတုိ့ကို ၾကားၿပီးသည့္ေနာက္၊ သူေတာ္စင္ ေၿဖလာသည္ ။
“ေဘာ့စ္ ရီ၊ ဘယ္နုိင္ငံလဲ ။ ရုိက္ကူးေရးက အဲ့ေလာက္အေ၀းၾကီးမွာ သြားရုိက္ရတာလား”

“အဲ့လုိပံုစံမ်ိဳးပဲ…ၿမန္မာၿပည္ရဲ့ H ၿမိဳ့ေတာ္…ရွင္တုိ့အားလံုး လာနုိင္မလာနုိင္ ေၿပာပါဦး”

ရီ၀မ္၀မ္ ၊ ေၿပာလုိက္သည္ ။

“ၿမန္မာၿပည္တဲ့…ကပၸတိန္ - က်ြန္ေတ္ာတုိ့ သြားၾကမလား၊ မသြားၾကဘူးလား”

တခနၾကာၿပီးသည့္ေနာက္၊ သူေတာ္စင္ ေၿပာလာသည္ ။
“ေဘာ့စ္ ရီ၊ ဒါက ဒီလုိပါ။ က်ြန္ေတာ္တုိ့က ေဘာ့စ္ရဲ့အလုပ္ကုိ လက္ခံခ်င္ေပမယ့္လည္း က်ြန္ေတာ္တုိ့ဆီမွာ ေလယာဥ္စီးဖုိ့ ပိုက္ဆံမရွိဘူး။ အသြားအၿပန္ဆုိ ေဒၚလာ ၃၀၀၀ ေလာက္ က်မွာ။ က်ြန္ေတာ္တုိ့ ငါးေယာက္ ဆုိရင္ ေဒၚလာ ၁၅၀၀၀ ထိဆုိေတာ့…”

“က်ြန္မ ရွင္တုိ့ကုိ ၿပန္ေပးမယ္”
ရီ၀မ္၀မ္၊ ၿပန္ေၿဖလုိက္သည္ ။

“ၿပန္ေပးတာ မေပးတာက အေၾကာင္းမဟုတ္ဘူး…က်ြန္ေတာ္တု့ိမွာ ေလယာဥ္စီးဖုိ့ ပုိက္ဆံတစ္က်ပ္မွကို ရွိမေနတာ… ဒီလုိလုပ္ရင္ေရာ ။ ေဘာ့စ္အရင္္ဆံုး
ေဒၚလာ ၁၅၀၀၀ လႊဲေပးလုိက္…မိန္းကေလး ရီ.. စိတ္ခ်။ က်ြန္ေတ္ာတုိ့ေတြ တစ္ေယာက္ကိုတစ္ေယာက္ သိလာၾက တာ အခ်ိန္ဒီေလာက္ထိ ရွိလာၿပီပဲ ။ က်ြန္ေတ္ာတုိ့ ေဘာ့စ္ကို မညာပါဘူး”

သူေတာ္စင္သည္ သူ ့ရင္ဘတ္ကို ပုတ္ၿပၿပီး သူမအား ကတိအထပ္ထပ္ ေပးလုိ့ေန၏ ။

ရီ၀မ္၀မ္သည္ အလြန္ပင္ စိတ္ၿမန္လက္ၿမန္သူ ၿဖစ္သည္ ။
သူေတာ္စင္၏ ဘဏ္အေကာင့္နံပတ္ကို ယူၿပီး ေလယာဥ္ခ ကို ခ်က္ခ်င္းပင္ လဲႊေပးလုိက္၏။

“ခနေလး…ေဘာ့စ္ ရီ၊ က်ြန္ေတာ္တုိ့ ဒီခရီးစဥ္အတြက္ နည္းနည္းေတာ့ ပိုေတာင္းဖုိ့လိုတယ္။ ေလယာဥ္လက္မွတ္ဖုိး အၿပင္ကို က်ြန္ေတာ္တုိ့ရဲ့ စားစရိတ္နဲ့ တည္းခုိစရိတ္ကိုပါ ေပးမွရမယ္ဗ်။ ၿပီးေတာ့လည္း လူတစ္ေယာက္ကုိ အနည္းဆံုး ေဒၚလာ ၁၀၀၀ လုိအပ္တယ္။ မဟုတ္လုိ့ရွိရင္ က်ြန္ေတာ္တုိ့ မသြားဘူး”

သူေတာ္စင္သည္ သူမွန္သည္ဆုိသည့္အထာနွင့္ အလြန္အမင္း ယံုၾကည္ခ်က္ရွိရွိ ေၿပာဆိုေနသည္ ။

ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ့ တြန္ ့ေကြးတက္သြားရသည္ ။ “…”

ငါ ေလယာဥ္ခ လႊဲၿပီးသြားေတာ့မွ ထပ္ၿပီး ေစ်းၿမွင့္ေခၚရဲတယ္ ။
ေကာင္းေရာ…ငါ့မွာ ေရြးစရာမရွိေတာ့ဘူး…

                   💖💖💖💖💖💖💖

ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   30
Chapter.          :  7 - 10
Original novel : Perfect Secret Love
Translator.       :  Goddess
••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၀၊ အခန်း ၇။ မယုံနိုင်စရာ ရလဒ်

“ဒင်းကို သေအောင်ရိုက်ကြစမ်း” သက်လတ်ပိုင်းယောကျာ်းကြီးသည် ပထမဆုံး အသိပြန်ဝင်သွားပြီး ချက်ချင်းအော်ဟစ်လိုက်ခြင်း ဖြစ်သည်။

ထိုအမိန့်သံကို ကြားလိုက်သည်နှင့် ဒါဇင်သောလူငယ်တို့မှာ ရှေ့သို့ ပြေးတက်လာကြပြီး ရီဝမ်ဝမ်အား ဝိုင်းထားလိုက်ကြ သည် ။

ရီဝမ်ဝမ်သည်ကတော့ စိုးရိမ်ထိတ်လန့်သွားသည့် အကြည့်လေးတစ်ချက် ပင် ရှိမနေ၊ သူမအနားက ဝိုင်းထားကြသည့်လူတို့အား ကြည့်လို့နေပုံမှာ အေးအေးစက်စက်သာ ။

“သတ်ကြ”

မိန်းမကြီးသည် ယောင်ကိုင်းနေသည့်ပါးနှစ်ဖက်ကို ကိုင်ထားပြီး အော်ဟစ်လိုက်၏ ။

ဒင်းကများ ငါ့ကို ရိုက်ရဲတယ် ။
ဒီအခိုက်၊ ထိုမကောင်းဆိုးဝါးတု့ိနှင့် မွန်းစတားတို့မှာ ရီဝမ်ဝမ်ထံသို့ ပြေးဝင်လာကုန်ကြပြီ ။

သို့သော်၊ သူတို့၏လက် သူမပေါ် မကျရောက်လာခင်
ဒါဇင်သောလူရိပ်တို့ ရုတ်တရက် အခန်းထဲပြေးဝင်လာ ကြသည် ။

အီလဲဗင်း၊ ဖန်ရွှမ်းယီနှင့် အနက်ရောင်အဖွဲ့ကိုယ်ရံတော် ဆယ်ယောက်ကျော် အခန်းထဲပြေးဝင်လာကြခြင်းဖြစ်ပြီး
ရီဝမ်ဝမ်အား ဝိုင်းထားကြသည့်လူတွေကို ကြည့်လိုက်ကြ၏ ။

အီလဲဗင်း၏မျက်နှာမှာ မည်းပုတ်လာချေပြီ ။ သူ၏အခန်းသည် ရီဝမ်ဝမ်အခန်းနှင့် ဘေးချင်းကပ်ရပ်ဖြစ်ပြီး အစောနက ရုန်းရင်းဆန်ခတ် အသံတို့ကို ကြားလိုက်ရသဖြင့် တစ်ခုခုဖြစ်နေပြီဟု ခံစားမိပြီး သူ့လူတွေကို ခေါ်ကာ အပြေးရောက်ချလာခဲ့ခြင်း ဖြစ်သည် ။ သို့သော်၊
သူ မမျှော်လင့် ထားမိခဲ့သည်မှာ…ဒီတစ်ခေါက်တွင် နောက်လိုက်တို့ ခေါ်လာပါသည့်သူမှာ လေယာဉ်ပေါ်တုန်းက ထိုစိတ်ပျက်စရာ လင်မယားဖြစ်နေလိမ့်မည်ဟု ။

အီလဲဗင်း၊ အော်ငေါက်လိုက်သည် ။
“မင်းတို့ကောင်းတွေ သေချင်နေကြတာလားကွ”

ယောကျာ်းကြီးသည် အခန်းထဲ ပြေးဝင်လာကြသည့် ထိုလူတစ်သိုက်ကို မြင်လိုက်ရသော်လည်း ကြောက်လန့်ခြင်း အလျဉ်းမရှိ…. ဟတ်ခနဲသာ ရယ်ချလာသည် ။

“သေချင်လို့လားဆိုပဲ…။ မင်းတို့မလောက်လေးမလောက်စားတွေကသာ သေချင်နေကြတဲ့သူတွေလို့ ငါတော့ ထင်တယ် - ဒါက မြန်မာပြည်ရဲ့ H မြို့တော်….ငါ့ရဲ့ပိုင်နက် ။ မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေ ထင်နေကြတာလဲ ။ မင်းတို့က နဂါးဖြစ်နေရင်တောင် ငါ့ဆီ လာဦးကျိုးရမှာပဲ ။ ကျားဆိုရင်လည်း ငါ့ရှေ့ လာဝပ်ဆင်းပေးရမှာပဲ”

ထိုယောက်ျားကြီး ခေါ်လာခဲ့သည့်လူငယ်တို့သည် အီလဲဗင်းနှင့် တခြားသူတို့အား ကြည့်လိုက်ကြပြီး
ကျိတ်ရှုံ့ချနေကြသည် ။

ဒီတိုင်းတပါးအရူးတွေ…ဒီလူကြီးက ဘာဆိုတာကို အခုထိ သဘောမပေါက်ကြသေးဘူး - သူ့ကို တိုင်းပြည် Z ရဲ့ စီမိသားစုရဲ့ အိမ်တော်ထိန်း ရွှီရီ က စပိုင်အဖြစ်နဲ့ မြန်မာပြည် H မြို့တော်ထဲ လွှတ်ထားတဲ့သူလို့ ပြောလို့ရတယ်။ သူက H မြို့တော်မှာ တော်တော်လေးကို သြဇာညောင်းတဲ့သူ…။

ဒီနိုင်ငံခြားသားအဖွဲ့တော့ ကျားရှေ့ပက်လက်မှောက်တာပဲ ။ ဒီလူကြီးကို ရန်စရဲကြတာ…သူတို့တွေ သေမင်းနဲ့ စစ်ခင်းချင်နေကြတာလား…။

အီလဲဗင်း၊ မျက်လုံးတို့ ကျဉ်းမြောင်းလာသည် ။ မောက်မာထောင်လွှားသည့် လူလတ်ပိုင်းလူကြီးကို ကြည့်ရင်း သူ၏အမူအရာမှာ မည်းမှောင်လာသည် ။

“သူတို့ကို ရိုက်ပစ်ကြစမ်း”

အီလဲဗင်းသည် အနက်ရောင်အဖွဲ့ကိုယ်ရံတော်တို့ကို ခေါ်ယူလာစဉ်က ဘာကိုမှ သတိမထားမိခဲ့….တခြားအဖွဲ့ထံသို့ ပြေးဝင်သွားလိုက်သည် ။

ဤအနက်ရောင်အဖွဲ့ကိုယ်ရံတော်တို့မှာ ထရိန်နင်ဆင်းထား ကြသူများဖြစ်ပြီး တဖက်က ဂိုဏ်းစတားတို့သည်ကား သာမန်လူမိုက်တို့မျှသာ…သူတို့သည် အနက်ရောင်အဖွဲ့ကိုယ်ရံတော်တို့အား လုံး၀ ယှဉ်တိုက်နိုင်ခြင်းမရှိကြ ။

မိနစ်ဝက်လေးအတွင်းမှာပင်၊ ထိုလူငယ်ဂိုဏ်းစတားတို့ခမျာ မြေကြီးပေါ် လဲကျကုန်ကြပြီး နာကျင်ခြင်းကြီးစွာဖြင့် အော်ဟစ်နေကြသည် ။ အခုချိန်တွင် သူတို့ထံ၌ မောက်မာထောင်လွှားမှု တစိုးတစိပင်မရှိတော့ ။

ဒါဇင်သောလူတို့ မျက်တောင်တစ်မှိတ်အတွင်း အကုန်လဲကျကုန်သည်ကို မြင်လိုက်ရသဖြင့် ထိုလင်မယားကြီး၏မျက်နှာပေါ်က ပျော်ရွှင်မှုအပြည့်နှင့် အပြုံးတို့မှာ ချက်ချင်းပင်တုံ့ခဲသွားပြီး ကျိုးကျေသွားရသည် ။

“သူတို့အားလုံးက ထရိန်နင်ဆင်းထားကြတာလား…”

သက်လတ်ပိုင်းယောကျ်ားကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူတို့တွေသည် လူငယ်ဂိုဏ်းစတားလေး
တစ်ဖွဲ့ကို ခေါ်ချလာချိန်တွင် တဖက်ရန်သူတစ်ယောက်ချင်းစီတိုင်းသည် ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားများ ဖြစ်နေကြသည်တဲ့လား ။ လက်ချောင်းလေးတစ်ချောင်းနှင့်ပင် သူတု့ိအားလုံး မြေကြီးပေါ် ပြားပြားဝပ်ကုန်ကြပြီး ပြန်တိုက်ခိုက်နိုင်ဖို့ဝေးလို့ ခုပင်ခုခံနိုင်ခြင်းမရှိကြ…

ထိုအခိုက်၊ မိန်းမကြီးသည် အသံစူးစူးရှရှနှင့် ကြိမ်းမောင်း
လာသည် ။
“နင်တို့တွေ မျက်စိကန်းနေကြတာလား ။ ငါတို့တွေက တိုင်းပြည် Z က စီ မိသားစုက လူတွေ…ငါတို့ကို ထိရဲရင် ထိကြည့်စမ်း”

ထိုမိန်းမကြီး၏အသံ ထွက်ပေါ်လာသည့်အခိုက်…

အီလဲဗင်းနှင့်တခြားသူတို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ သည် ။

တိုင်းပြည် Z…

စီ မိသားစု…။

စီ မိသားစု၏နာမည်ကြောင့် အီလဲဗင်းနှင့်တခြားသူတွေမှာ တိတ်ဆိတ်သွားကြခြင်းဟု မိန်းမကြီး ထင်သွားပြီး ချက်ချင်းပင်၊ ပျော်ရွှင်အားရစွာဖြင့် ယောကျာ်းဖြစ်သူဘက် မေးငေါ့ပြလိုက်လျှင် ။

ယောကျာ်းဖြစ်သူသည် အစောနက မောက်မာထောင်လွှားမှု တို့ ပြန်လည်ရရှိသွားပြီး အီလဲဗင်းအား ရှုံ့ချပြောဆိုလာတော့ သည် ။

“မင်းတို့ကောင်တွေ ဘယ်သူပဲဖြစ်ဖြစ် ငါ သောက်ဂရု
မစိုက်ဘူး။ မင်းတို့ ငါ့ကို ရန်စနေသရွေ့ မင်းတို့အတွက် ဘာမှကောင်းတာရှိလာမှာ မဟုတ်ဘူး”

သု့ိသော်၊ အီလဲဗင်းနှင့်တခြားသူတို့သည် ပိုလို့ပင် ထူးထူးဆန်းဆန်း အမူအရာဖြင့် ထိုလင်မယားအား ကြည့်လာကြတော့လေပြီ ။

ရီဝမ်ဝမ်သည်လည်း တဖက်လူ၏ထုတ်ပြောလိုက်သည့်စကား ကြောင့် အံ့သြသွားရသည်တည့် ။

                       💖💖💖💖💖💖

စာစဉ် ၃၀ ၊ အခန်း ၈။ အိမ်တော်ရှင်သခင်မ

သို့သော်၊ အီလဲဗင်းနှင့်တခြားသူတို့ စကားမပြောနိုင်ခင်၊
မားပင် ပြန်ရောက်လာချေသည် ။

ဟော်တယ်အခန်းထဲသို့ မားပင် ခြေလှမ်းလိုက်သည့်အခိုက်၊ အရိုက်နှက်ခံထားရသည့်ယောကျာ်းလေးတွေ မြေကြီးပေါ်လဲ နေကြသည်ကို မြင်လိုက်မိပြီး မျက်နှာမည်းခနဲ ဖြစ်သွားသည် ။ ဒီနောက်၊ ခေါင်းမော့ကြည့်လိုက်ရာ အောင်နိုင်သည့်ဟန်ဖြင့် အားရကျေနပ်နေသည့် ထိုလင်မယားအား မြင်လိုက်ပြီး သူ့မျက်နှာမှာ မည်းသထက် မည်းလာရပြီ ။

“ကျိုးချန်၊ ကောင်လေး၊ မင်းက တော်တော်ထူးခြားတာပဲ - ဒီလိုအဖွဲ့ကြီးကို ခေါ်ချလာတယ်..”

မားပင်၊ လူလတ်ပိုင်းအမျိုးသားကြီးဘက် လှည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည် ။

လူလတ်ပိုင်းလင်မယားမှာ မားပင်ကို မြင်လိုက်သည်နှင့် အံ့သြသွားကြ၏။ သူတို့မျက်နှာထက်က အောင်နိုင်သူအပြုံးကြီးတို့မှာ ချက်ချင်းဆိုသလို ပါးလျသည့်လေထုထဲ တိုးဝင်ပျောက်ကွယ်သွားသည် ။
ဤမားပင်သည် H မြို့တော်တွင် အာဏာကြီးကြီးကို ပိုင်ဆိုင်ထားသူ၊ ပြီးတော့ သူတို့၏ဘော့စ်ဖြစ်သူ ရွှီရီ၏ မိတ်ရင်းဆွေရင်းကြီး….။

ဒါပေမယ့် ဒီမားပင်က ဒီကို ဘာလို့ရောက်လာတာလဲ ။

မားပင်နဲ့ဒီလူတွေကြားမှာ ပတ်သက်မှုရှိနေလို့များ ဖြစ်နေမလား…

“အာ…အစ်ကို မား” သက်လတ်ပိုင်းယောကျာ်းမှာ  စဉ်းစားနေချိန်မရှိတော့ ။ ပြုံးပြလိုက်ပြီး သူ့အိပ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ကာ အရှေ့သို့ မြန်မြန်ဆန်ဆန် တက်သွားလိုက်သည် ။

“ဟားဟား”

စီးကရက်ကမ်းပေးလာသည့် ထိုလူကြီးအား ကြည့်ရင်း၊
မားပင်၊ ခေါင်းတို့ခါယမ်းလာကာ ခနဲ့တဲ့တဲ့ရွဲ့တဲ့တဲ့ ပြောဆိုလာသည် ။

“လက်မခံဝံ့ပါဘူးဗျာ။ လက်မခံဝံ့ပါဘူး။ အစ်ကိုကြီးရဲ့ ဂုဏ်သိက္ခာက အခုဆို အရမ်းကို မြင့်မားလွန်းပါတယ်။ ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ ခင်ဗျားရဲ့ စီးကရက်ကို လက်ခံဝံ့ပါ့မလဲ”

“အစ်ကို မား…ဘာတွေပြောနေတာလဲ…တစ်ခုခုကို နားလည်မှု လွဲနေတာလား…အစ်ကိုကြီး ဒီလူတွေကို သိလို့လား”

မားပင် သရုပ်ဆောင်နေပုံကို ကြည့်နေရင်း၊ တစ်ခုခုမူမမှန်တော့သည်ကို ထိုယောက်ျား အာရုံခံမိလာခြင်း ပင် ။ သူသည် အရင်တုန်းက မားပင်နှင့် များများစားစား ပတ်သက်ဆက်နွယ်မှု မရှိခဲ့ပါသော်လည်း အရင်က သူနှင့် အကြိမ်အနည်းငယ်ဆုံဖူးခဲ့ပါ၏။ မားပင်သည် သူ့အား ဘယ်တုန်ုးကမှ ဒီလိုသဘောထားမျိုးနှင့် မဆက်ဆံခဲ့ဖူး ။

“မင်းက ရွှီရီအတွက် အလုပ်လုပ်ပေးနေတာမဟုတ်ဘူး
လား ။ ဒါဖြင့်ရင်…ဒီအမျိုးသမီးက ဘယ်သူလဲဆိုတာကို မသိဘူးလားကွ” မားပင်၊ ငေါက်ငမ်းပြောဆိုလာသည် ။

“အာ…ဒါက…”

ထိုယောက်ျားကြီး၏နှလုံးအိမ်ကား ဒုန်းခနဲ၊
အကြမ်းပတမ်း လှုပ်ခတ်သွားရသည် ။
ရီဝမ်ဝမ်အား သံသယစိတ်၊ စိုးရိမ်စိတ်တို့ဖြင့် စိုက်ကြည့်လိုက်မိချိန် ။

“ကျိုးကြီးရာ၊ မင်းရဲ့ဘော့စ် ရွှီရီ က ဘယ်လိုလူစားလဲ ဆိုတာကိုတော့ မင်း သိထားမှာပါ၊ ဟုတ်တယ်မလား”
မားပင်သည် ထိုလူကြီးအား စောင်းငဲ့ကြည့်ပေးလိုက်သည် ။

“သိပါတယ်…ကျွန်တေ်ာ သိပါတယ်…ဘော့စ်က တိုင်းပြည် Z က စီ မိသားစုရဲ့လူပါ - ကျွန်တေ်ာ ဘယ်လိုလုပ်ပြီး မသိဘဲနေပါ့မလဲ…” သက်လတ်ပိုင်းယောကျာ်းကြီးသည် သတိကြီးစွာဖြင့် ပြန်ဖြေလာသည် ။

“မင်း သိနေတယ်ဆိုရင် အခု ဘာသောက်အလုပ်တွေ လုပ်နေတာလဲကွ”

ပိတ်ဟောက်ပစ်လိုက်တော့သည့် မားပင် ။ ဒီနောက်၊ ရီဝမ်ဝမ်အား ကြည့်လိုက်ပြီး၊ တစ်ဖန် ထိုယောကျာ်းအား ပြောလိုက်ပြန်သည် ။
“မင်းအရှေ့က ဒီအမျိုးသမီးက စီ မိသားစုရဲ့…အိမ်တော်သခင်မပဲ…”

“ဘာ..”
ထိုယောကျ်ားကြီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားရတော့ပြီး မြေကြီးပေါ်တွင် တုပ်တုပ်မလှုပ်တော့ပြီ ။

သူ အသိပြန်ဝင်သွားသည့်နောက်၊ သူ့အရှေ့တွင် ရှိနေသည့် အေးစက်ပြီး အမူအရာပျက်ခြင်းမရှိသည့်ရီဝမ်ဝမ်အား စိုက်ကြည့်လိုက်မိပြီး ချက်ချင်းပင် မျက်လုံးအိမ်တို့
ကျုံ့သွားမိတော့သည် ။

မားပင် အခုနက ပြောလိုက်တာက…

ဒီမိန်းမက…စီ မိသားစုရဲ့…အိမ်တော်ကြီးသခင်မ…။

ဒီအခိုက်၊ သက်လတ်ပိုင်းယောကျ်ားကြီးမှာ လုံးဝအတိ ဗလာဟင်းလင်း ဖြစ်သွားရတော့ပြီ။ ကမ္ဘာကြီးတစ်ခုလုံး ချာလပတ်ရမ်းသွားပြီး သူ၏ခန္ဓာကိုယ်မှာ မြေကြီးနှင့် မထိတော့သလို ခံစားမိလာတော့သည် ။

…..

မားပင် ပြောသွားတာ အမှန်ဆိုရင် ဒီမိန်းမက အိမ်တော်ကြီးရဲ့ သခင်မပေါ့ ။ ဒါဆို ဒီလူတွေက…စီ မိသားစုရဲ့ အနက်ရောင် အဖွဲ့ကိုယ်ရံတော်တွေ…

သူတို့တစ်ယောက်ချင်းစီတိုင်းက ဒီလောက်ထိ အတိုက်အခိုက်ကျွမ်းပြီး ငါတို့ရဲ့ဂိုဏ်းစတားဒါဇင်ကို ပြန်တောင်တိုက်ခွင့်မပေးဘဲ စက္ကန့်ပိုင်းအတွင်း ပြားပြားဝပ်သွားအောင် လုပ်နိုင်တာ မဆန်းတော့ဘူး ။

သက်လတ်ပိုင်းယောကျ်ားကြီး ခံစားနေမိသည်မှာ သူ၏ချွေးအေးတို့သည် သူ့အရေပြားပေါ်တွင် အေးစက်သထက်အေးစက်လာသည်ကို ။
သူ့အနေဖြင့် စီ မိသားစု၏ သခင်မသည် မြန်မာနိုင်ငံ၏
H  မြို့တော်ဆီ ဘာကြောင့် ဆင်းချလာသလဲ မသိသလို၊  ရွှီရီဆီကနေ ဘာသတင်းမှ ကြိုတင်ရထားခြင်း မရှိခဲ့ပါချေ….

ဒါ့အပြင်၊ အိမ်တော်ကြီး၏သခင်မတစ်ပါးအနေနဲ့ မြန်မာပြည်ကို တကယ်ဆင်းချလာမည်ဆိုလျှင်တောင် လေယာဉ်စင်းလုံးငှားပြီး လာခဲ့သင့်သည်မဟုတ်ပါလား…

သူမက ဘာလို့ ငါတို့နဲ့ လေယာဉ်တစ်ခုထဲမှာ လာစီးရတာလဲ ။

“ဘာကို စီ မိသားစုရဲ့သခင်မလဲ ။ မားပင်၊
ရှင် ပြောတာကို ကျွန်မတို့က ဘာလို့ ယုံရမှာလဲ”

သက်လတ်ပိုင်းမိန်းမကြီးသည် အလန့်တကြား အော်ပြောလာတော့သည် ။

“သောက်ကျက်သတုံးမ…”
မားပင်၊ သူမအား စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်ပြီး
ချက်ချင်းပင် မျက်နှာပေါ် ဖြောင်းခနဲရိုက်ချပစ်လိုက်တော့၏ ။

ဤရိုက်ချက်ကြောင့် မိန်းမကြီးမှာ မြေကြီးပေါ် လူးလိမ့်သွားရ တော့သည် ။

                 💖💖💖💖💖💖💖

စာစဉ် ၃၀၊ အခန်း ၉။ အင်အား တည်ဆောက်ခြင်း

သူမ၏ယောကျာ်းလုပ်သူသည် ငူငူငေါင်ငေါင်ကြီးနှင့် ပါးစပ်အဟောင်းသား ဖြစ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရရာ၊ မိန်းမကြီးသည် သူ့အား လှုပ်ယမ်းပစ်လိုက်၏ ။

“ရှင် ယောကျ်ားမှဟုတ်သေးရဲ့လား။ ရှင့်ရဲ့ဇနီးက အရိုက်ခံနေ ရတာရှင့် - ဘာကြောင့် ရပ်ကြည့်နေသေးတာလဲ”

“မင်း…ခွေးမ”

ထိုယောက်ျားကြီးမှာ အသိပြန်ဝင်သွားပြီး သူမကို ဆဲဆိုပစ်လိုက်ပြီးနောက် ထိုးကြိတ်ပစ်လိုက်ပြန်သည် ။

“ဟားဟား…”
မားပင်သည် ထိုယောကျာ်းအား စိုက်ကြည့်လို့နေရာမှ ။
“ကျိုးကြီးရာ၊ မင်းက တကယ်အံ့သြဖို့ကောင်းတာပဲ ။
ဒီလိုအရာမျိုးကို လုပ်ရဲကိုင်ရဲတယ်၊ အဟတ်။
အခုဆို မင်းမှာ အိမ်တော်သခင်မ၊ သခင်မလေး ရီ ကိုတောင် ရန်စရဲနေပါပေါ့လား။ နောင်ဆိုရင် မင်းက ငါ့ရဲ့ အစ်ကိုကြီး ဖြစ်လာမလားပဲ… ငါကတော့ မင်းရဲ့ဘာမှမဟုတ်တဲ့ညီလေး ပေါ့…မင်းက ငါ့ကို အမိန့်ပေးပေါ့ဗျာ - ဘယ်လိုလဲ…. ပျော်စရာမကောင်းဘူးလား”

ဒါကို ကြားလိုက်သည့်အချိန်၊ ထိုယောက်ျားကြီးမှာ ချွေးပြိုက်ပြိုက် ကျလာတော့သည် ။ ဒီမိန်းမသည်
စီ မိသားစုရဲ့အိမ်တော်သခင်မ ဖြစ်နေလိမ့်မည်ဟု
သူ မမျှော်လင့်ထားမိခဲ့ပါ ။

သူသာ သိထားခဲ့ပါလျှင် သတ္တိတစ်ရာရှိနေရင်တောင်မှ
သူမအား ရန်စဝံ့မည်မဟုတ်ပါချေ ။

“သခင်မလေး ရီ ။ သခင်မလေး ရီ၊ ကျွန်တော် မသိခဲ့လို့ပါ…သခင်မလေး ရီ၊ သခင်မလေးက သဘောထားကြီးပြီး ခွင့်လွှတ်ပေးတတ်ပါတယ် ။ ကျွန်တေ်ာ သခင်မလေးရဲ့ဇာတိ အမှန်ကို သိထားမိခဲ့ရင် ကျွန်တေ်ာ့ကို သတ္တိတစ်သိန်း ပေးရင်တောင်မှ ကျွန်တော် မလုပ်ရဲပါဘူး…”

ထိတ်လန့်ကြောက်ရွံ ့လျက်၊ သက်လတ်ပိုင်းယောကျာ်းကြီး သည် မြေကြီးပေါ် ပုံကျသွားပြီး ဒူးထောက်ကျသွားတော့ သည် ။ သူ၊ ရီဝမ်ဝမ်ရှိရာဆီ တွားသွားလိုက်ပြီး စကားထစ်စွာဖြင့် ပြောနေသည် ။

“ထွက်သွားစမ်း”

အနက်ရောင်အဖွဲ့ ကိုယ်ရံတော်ထဲကတစ်ယောက်သည် သူ့ကို ဘေးသို့ ကန်ထုတ်ပစ်လိုက်ခြင်း ဖြစ်သည် ။

“မင်းကများ စီ မိသားစုရဲ့နာမည်ကို သုံးပြီးတော့ ငါတို့အားလုံးကို ချေမှုန်းဖို့ကြိုးစားရဲတယ်။
သခင်မလေး ရီ ရဲ့တံခါးကို ကန်ပစ်ရဲရလောက်အောင် တော်တော်လေးသတ္တိကောင်းနေတယ်ပေါ့လေ၊ ဟမ်”

နောက်ထပ်သောအနက်ရောင်အဖွဲ့ကိုယ်ရံတော်သည် ထိုယောက်ျားအား ငေါက်ငမ်းပြောဆိုလာသည် ။

“ကျွန်တော်တို့ ဒီလိုလုပ်ကြမလား…ဒီလူနဲ့ ဒီမလောက်လေး မလောက်စားအဖွဲ့ကို ကျွန်တေ်ာ ကိုင်တွယ်လိုက်ပါမယ်”

မားပင်သည်၊ ဆောင်းရာသီ ပိုးကောင်တွေလို တိတ်ဆိတ်လို့ နေကြသည့် ဒါဇင်သောလူငယ်ဂိုဏ်းစတားတို့ကို ဖြန့်ကျက် ကြည့်ရင်း ပြောလာသည် ။

“ဒါဆို ရှင့်ကိုပဲ ထပ်ပြီးအနှောင့်အယှက်ပေးရတော့မယ်”

ရီဝမ်ဝမ်၊ စိတ်ထဲတွင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့၊ ခေါင်းသာအသာညိတ်ပြလိုက်မိ၏ ။

H မြို့တော်တွင် ဒီလိုအရာမျိုး ကြုံတွေ့ရလိမ့်မည်ဟု ရီဝမ်ဝမ်၊ မမျှော်လင့်ထားမိခဲ့ ။
ရွှီရီအောက်က တစ်ယောက်ယောက်နှင့် ဒီလိုသွားကြုံရ လိမ့်ဖို့ကား ပိုဆိုးပင်…

“သခင်မလေး ရီ၊ ရပါတယ်ဗျာ။
အစောကတည်းက သတိမပြုမိတဲ့ ကျွန်တော့်ရဲ့အမှားပါ”

မားပင်၊ သက်ပြင်းချလိုက်ပြီး တံခါးဝဆီသို့ လက်ဝှေ့ယမ်းပြ လိုက်၏ ။

အနက်ရောင်ဝတ်စုံနှင့် လူဆယ်ယောက်ကျော်သည် အခန်းထဲ ခပ်သုတ်သုတ် ဝင်လာကြပြီး ထိုလူငယ်တွေနဲ့ လင်မယားအား အခန်းထဲကနေ ဆွဲထုတ်သွားကြသည် ။

ထိုလင်မယားကို အခန်းထဲက ဆွဲထုတ်နေချိန်ထိ
သူတို့တွေသည် ခွင့်လွှတ်ပေးပါရန် တစာစာအသနားခံ နေကြဆဲ ။

သို့သော်၊ သူတိ့ု ဝေးသထက်ဝေးသွားကြသည်နှင့်
ထိုအသံတို့မှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား ကြရသည် ။

ထိုစက္ကူကျားသာသာ ခရိုနီတို့နှင့် ဖြေရှင်းပြီးသွား သည့်နောက်၊ မားပင်၊ ချက်ချင်းပင် ရီဝမ်ဝမ်အတွက် အခန်းသစ်တစ်ခန်း တောင်းလိုက်ပြီး ဟော်တယ်မန်နေဂျာ အား တင်းတင်းမာမာ သတိပေးလိုက်တော့သည် ။

သက်လတ်ပိုင်းယောကျ်ားသည် ရီဝမ်ဝမ်၏အခန်းကို နေရာခံမိသည်ဆိုခြင်းမှာဟော်တယ်ကတစ်ယောက်ယောက်ဆီက သတင်းရခဲ့လို့သာ ။ ဤဟော်တယ်မန်နေဂျာသည် ဒီလိုဆက်ပြီး အဆင်ခြင်မဲ့နေဦးမည်ဆိုပါက….။

အားလုံး ဖြေရှင်းပြီးသွားသည့်အချိန်၊
ဤဖြစ်ရပ်သည် ပြီးဆုံးသွားခဲ့ပြီ ။

သူမ၏အခန်းသစ်ထဲတွင်၊ H မြို့တော်အား ပြတင်းပေါက်ကနေ ရီဝမ်ဝမ် လှမ်းမျှော်ကြည့်ရှုလို့နေသည် ။

သူမမှာသာ ကိုယ်ပိုင်အင်အားရှိခဲ့ရင်…

ရုတ်တရက်၊ တစ်ခုခုကို စဉ်းစားသွားမိပြီး ရီဝမ်ဝမ်၏မျက်လုံးတို့ ဝင်းပသွားသည် ။

သူမ မှတ်မိသလောက်ဆို သူမ၏အတိတ်ဘဝတုန်းက မြန်မာပြည်၏ H မြို့တော်ကို သူမ ရောက်လာချိန်တွင် သူမသည် တစ်ယောက်တည်း အပြင်ထွက်လေ့မရှိ သော်လည်း အနက်ရောင်အဖွဲ့ကိုယ်ရံတော် တွေဆီကနေ H မြို့တော်အကြောင်း သတင်းတို့ကို ကြားနေခဲ့ရပါ၏ ။

သူမ၏အတိတ်ဘဝတွင် ဂိုဏ်းတစ်ဂိုဏ်းသည်
ပြည်တွင်းအဖွဲ့တစ်ဖွဲ့နှင့် H မြို့တော်အပြင်ဘက်တွင် တိုက်ခိုက်မှုအကြီးကြီး ဖြစ်ခဲ့ပြီး လူတိုင်းမှာ ပွဲချင်းပြီး အသတ်ခံခဲ့ကြရသည်တဲ့ ။

သူမသာ သူမ၏ကိုယ်ပိုင်အဖွဲ့တစ်ခုကို တည်ဆောက်လိုပါ က ဒါသည် အစကောင်းတစ်ခုပင် - ထိုတိုက်ခိုက်ရေးသမား တို့အား သူမအတွက် ကယ်တင်နိုင်ခဲ့မည်ဆိုပါက…

ရီဝမ်ဝမ်၏မျက်ဝန်းတို့ မသိမသာရွှန်းပသွားရသည် ။ ဒီနောက်၊ ချက်ချင်းပင် သူမဖုန်းထဲက နာမည်စာရင်းတို့ကို ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်အား ဖုန်းခေါ်လိုက်၏ ။

                    💖💖💖💖💖💖💖

စာစဉ် ၃၀၊ အခန်း ၁၀ ။  ငါးယောက်အုပ်စုကို ငှားရမ်းခြင်း

အုတ်သယ်သည့်နိုင်ငံခြားသား ။  “ဟယ်လို၊ ဘယ်သူလဲ။ အုတ်သယ်ဖို့ လူလိုလို့လား”

ရီဝမ်ဝမ် ။  “…” အုတ်သယ်ဖို့…။

“ကျော်ကြားသော ရီ ပါ”
ရီဝမ်ဝမ်၊ မျက်ခုံးတို့အား နှိပ်နယ်နေမိလေသည် ။
အရမ်းကို ထူးဆန်းလိုက်တာ…

“အဲလေ…ဘော့စ် ရီ အလုပ်ပြောင်းသွားပြီလား။
ကျွန်တော့်ကို အုတ်သယ်ပေးစေချင်လို့လားဗျ”

အုတ်သယ်သမားလေး နိုင်ငံခြားသားမှာ ခပ်သွက်သွက်ပြောချလာ တော့သည် ။

“မဟုတ်--မဟုတ်ဘူး ။ ဒါက ရှင့်ဖုန်းနံပတ်လား…”

ရီဝမ်ဝမ်၊ သက်ပြင်းချလိုက်မိ၏ - သူမသည် သူတော်စင်ကို ဖုန်းဆက်နေခြင်း မဟုတ်ပါလား ။

“အာ…ဒါ ကျွန်တေ်ာ့ဖုန်း မဟုတ်ပါဘူးး”
အုတ်သယ်သည့်နိုင်ငံခြားသား အော်ပြောလိုက်သည် ။
“နတ်ဘုရားလက်ကိုင်တုတ်…မင်းဖုန်း လာနေတယ်”

“မင်းမေကြီးမို့လားကွ။ ငါ့ဖုန်းကို ဘာလုပ်ဖို့ကိုင်နေတာလဲ ။ င့ါဆီကို နိမိတ်ဖတ်ချင်တဲ့သူ ရောက်လာတဲ့အချိန် ငါ့မှာ ဖုန်းရှာမတွေ့ဖြစ်နေရင် ဘယ်လိုလုပ်မလဲကွ ။ လူတစ်ယောက်လျော့သွားတာက မင်း တစ်လစာ အုတ်သယ်ရတာနဲ့ညီတယ် သိလား- မင်း တတ်နိုင်လို့လား၊ ဟမ်”

“ဟယ်လို၊ နှိမ့်ချတတ်တဲ့ သူတော်စင် ပြောနေပါတယ်။ မြေကြီးပေါ်မှာ တောင်းစားပေးရမှာလား….ဒါမှမဟုတ် နိမိတ်ဖတ်ပေးရမှာလား… လာကြိုမှာလား…ဒါမှမဟုတ် ကျွန်တော် လာခဲ့ပေးရမှာလား ။ ကျွန်တေ်ာ လာခဲ့ပေးရမယ် ဆိုရင်တော့ အပိုကြေးပေးရပါမယ်”

သူတော်စင်သည် ဖုန်းကို စွက်ကနဲယူလိုက်ပြီး စကားတွေတသီကြီး ထုတ်ပြောလိုက်သည်။

ရီဝမ်ဝမ်၊ ဘာသိဘာသာ ဆွံ့အသွားရ၏ ။
သို့သော်၊ သူမ စိတ်ကိုငြိမ်ငြိမ်ထားနိုင်ဆဲပါ ။
“တောင်းစားဖို့လဲ မဟုတ်ဘူး၊ နိမိတ်ဖတ်ဖို့လည်း မဟုတ်ဘူး”

နှိမ့်ချတတ်သည့် သူတော်စင် ။  “မင်း ရူးနေတာလားကွ။ ဒါဆို ငါ့ကို ဘာလို့ ဖုန်းဆက်တာလဲ”

ရီဝမ်ဝမ်၊ ကျိတ်ကာ သက်ပြင်းကြီးချလိုက်မိပြီး ပြန်ဖြေလိုက်သည် ။ “ကျော်ကြားသော ရီ ပါ”

“အာ၊ အစ်မ ကျော်ကြားသော လား”
ချက်ချင်းပင်၊ သူတော်စင်မှာ လေသံပြောင်းသွားလေပြီ ။

“ဘော့စ် ရီ၊ ကျွန်တေ်ာ ဘာများလုပ်ပေးရမလဲ”

သူတော်စင်သည် အရင်က ရိုက်ကူးရေးတွင် ကျော်ကြားသော ရီ ၏ ကူညီစောင်မပေးခဲ့ခြင်းကြောင့် သရုပ်ဆောင်ရုံနဲ့ ငွေဘတ်တစ်ရာ ရှာနိုင်ခဲ့သည် မဟုတ်လော - လျင်လျင်မြန်မြန် လွယ်လွယ်လေးနှင့် ငွေရခဲ့သည်ပင်။

သူမသည် သူ့အား ဖုန်းထပ်ခေါ်နေသည်ကြောင့် အလုပ်ကိစ္စပဲ ဖြစ်ရမည်ဟု သူ တထစ်ချတွေးမိလိုက်ခြင်း ဖြစ်သည် ။

ရီဝမ်ဝမ်၊ တသောသောရယ်မောချလိုက်မိသည် ။
“အဲ့ဒီမှာ အားလုံးရှိကြလား”

“ရှိပါတယ် ရှိပါတယ် ရှိပါတယ် ။ ဘော့စ် ရီ…စိတ်မပူပါနဲ့ ။ ကျွန်တော်တို့ အတူတူရှိမနေရင်တောင်မှ ဘော့စ်အတွက်ဆို အတူရှိပေးမှာပါ။ ဒီတစ်ခေါက် ကျွန်တော်တို့ ကပ္ပတိန် တောင်မှ အားနေတယ်။ ဘယ်လိုသရုပ်ဆောင်ပေးရမလဲဆိုတာသာ ပြောလိုက်ပါ။ ဒီတစ်ခေါက်ကော အစားအသောက်ပါဦးမယ်မလား…”

“အင်း…”

ရီဝမ်ဝမ်၊ တခနလောက် တွေးကြည့်လိုက်ပြီးနောက် ပြောလာသည်။
“တကယ်တော့ အလုပ်တစ်ခု ရှိတယ်။ ရှင်တို့အားလုံး လာနိုင်မယ်ဆိုရင် သိပ်ကောင်းတယ်။ ဒါပေမယ့် ရှင်တု့ိတွေ နိုင်ငံခြားကို လာဖို့လိုလိမ့်မယ်”

“နိုင်ငံခြားလား”
သူတော်စင်ခမျာ စွံ့အသွားမိပြီး၊ ဒီနောက် လှမ်းအော်လိုက်၏ ။
“ဘော့စ် ရီ က ငါတို့အတွက် အလုပ်ရှိတယ်တဲ့…နိုင်ငံခြား ကို သွားရမယ် - ငါတို့ လုပ်ကြမလား….မလုပ်ကြဘူးလား”

ဖုန်းထဲကနေ ဆူဆူညံညံ ဝူးဝူးဝါးဝါးအသံတို့ကို ကြားပြီးသည့်နောက်၊ သူတော်စင် ဖြေလာသည် ။
“ဘော့စ် ရီ၊ ဘယ်နိုင်ငံလဲ ။ ရိုက်ကူးရေးက အဲ့လောက်အဝေးကြီးမှာ သွားရိုက်ရတာလား”

“အဲ့လိုပုံစံမျိုးပဲ…မြန်မာပြည်ရဲ့ H မြို့တော်…ရှင်တို့အားလုံး လာနိုင်မလာနိုင် ပြောပါဦး”

ရီဝမ်ဝမ် ၊ ပြောလိုက်သည် ။

“မြန်မာပြည်တဲ့…ကပ္ပတိန် - ကျွန်တေ်ာတို့ သွားကြမလား၊ မသွားကြဘူးလား”

တခနကြာပြီးသည့်နောက်၊ သူတော်စင် ပြောလာသည် ။
“ဘော့စ် ရီ၊ ဒါက ဒီလိုပါ။ ကျွန်တော်တို့က ဘော့စ်ရဲ့အလုပ်ကို လက်ခံချင်ပေမယ့်လည်း ကျွန်တော်တို့ဆီမှာ လေယာဉ်စီးဖို့ ပိုက်ဆံမရှိဘူး။ အသွားအပြန်ဆို ဒေါ်လာ ၃၀၀၀ လောက် ကျမှာ။ ကျွန်တော်တို့ ငါးယောက် ဆိုရင် ဒေါ်လာ ၁၅၀၀၀ ထိဆိုတော့…”

“ကျွန်မ ရှင်တို့ကို ပြန်ပေးမယ်”
ရီဝမ်ဝမ်၊ ပြန်ဖြေလိုက်သည် ။

“ပြန်ပေးတာ မပေးတာက အကြောင်းမဟုတ်ဘူး…ကျွန်တော်တု့ိမှာ လေယာဉ်စီးဖို့ ပိုက်ဆံတစ်ကျပ်မှကို ရှိမနေတာ… ဒီလိုလုပ်ရင်ရော ။ ဘော့စ်အရင်ဆုံး
ဒေါ်လာ ၁၅၀၀၀ လွှဲပေးလိုက်…မိန်းကလေး ရီ.. စိတ်ချ။ ကျွန်တေ်ာတို့တွေ တစ်ယောက်ကိုတစ်ယောက် သိလာကြ တာ အချိန်ဒီလောက်ထိ ရှိလာပြီပဲ ။ ကျွန်တေ်ာတို့ ဘော့စ်ကို မညာပါဘူး”

သူတော်စင်သည် သူ့ရင်ဘတ်ကို ပုတ်ပြပြီး သူမအား ကတိအထပ်ထပ် ပေးလို့နေ၏ ။

ရီဝမ်ဝမ်သည် အလွန်ပင် စိတ်မြန်လက်မြန်သူ ဖြစ်သည် ။
သူတော်စင်၏ ဘဏ်အကောင့်နံပတ်ကို ယူပြီး လေယာဉ်ခ ကို ချက်ချင်းပင် လွဲှပေးလိုက်၏။

“ခနလေး…ဘော့စ် ရီ၊ ကျွန်တော်တို့ ဒီခရီးစဉ်အတွက် နည်းနည်းတော့ ပိုတောင်းဖို့လိုတယ်။ လေယာဉ်လက်မှတ်ဖိုး အပြင်ကို ကျွန်တော်တို့ရဲ့ စားစရိတ်နဲ့ တည်းခိုစရိတ်ကိုပါ ပေးမှရမယ်ဗျ။ ပြီးတော့လည်း လူတစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၁၀၀၀ လိုအပ်တယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့ မသွားဘူး”

သူတော်စင်သည် သူမှန်သည်ဆိုသည့်အထာနှင့် အလွန်အမင်း ယုံကြည်ချက်ရှိရှိ ပြောဆိုနေသည် ။

ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားရသည် ။ “…”

ငါ လေယာဉ်ခ လွှဲပြီးသွားတော့မှ ထပ်ပြီး ဈေးမြှင့်ခေါ်ရဲတယ် ။
ကောင်းရော…ငါ့မှာ ရွေးစရာမရှိတော့ဘူး…

                   💖💖💖💖💖💖💖

ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

1.2M 89.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.4M 59.5K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...