(Completed )The Transmigratio...

By Xiao_Yiii

1.3M 195K 3.1K

မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တု... More

Description
Arc(1.1) - The Wild Dragon proud day
Arc(1.2)
Arc(1.3)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)
Arc(1.10)
Arc(1.11 - 1)
Arc(1.11 - 2)
Arc(1.12)
Arc(1.13 - 1)
Arc(1.13 - 2)
Arc(1.14)
Arc(1.15)
Arc(1.16)
Arc(1.17)
Arc(1.18)
Arc(1.19)
Arc(1.20)
Arc(1.21)
Arc(1.22)
Arc(1.23)
Arc(1.24)
Arc(1.25)
Arc(1.26)
Arc(1.27)
Arc(1.28)
Arc(1.29)
Arc(1.30)
Arc(1.31)
Arc(1.32)
Arc(1.33)
Arc(1.34)
Arc(1.35)
Arc(1.36 -> 1~2~3)
Arc(1.36 -> 4~5)
Real World
Real World-2
Arc(2.1) - Saint Magus
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)
Arc(2.9)
Arc(2.10)
Arc(2.11)
Arc(2.12)
Arc(2.13)
Arc(2.14)
Arc(2.15)
Arc(2.16)
Arc(2.17)
Arc(2.18)
Arc(2.19 - 1)
Arc(2.19 - 2)
Arc(2.20)
Arc(2.21)
Arc(2.22 - 1)
Arc(2.22-2)
Arc(2.23)
Arc(2.24)
Arc(2.25)
Arc(2.26)
Arc(2.27)
Arc(2.28)
Arc(2.29)
Arc(2.30)
Arc(2.31)
Arc(2.32)
Arc(2.33)
Arc (2.34)
Arc(2.35)
Arc(2.36)
Arc(2.37)
Arc(2.38)
Arc(2.39)
Arc(2.40)
Arc(2.41)
Arc(2.42)
Arc(2.43)
Arc(2.44)
Arc(2.45)
Arc(2.46)
Arc(2.47)
Arc(2.48)
Back to Real World (1)
Back to Real World (2)
Arc(3) - 'Immortal Path of Devil Lord'
Arc(3.1)
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)
Arc(3.14)
Arc(3.15)
Arc(3.16)
Arc(3.17)
Arc(3.18)
Arc(3.19)
Arc(3.20)
Arc(3.21)
Arc(3.22)
Return to the University (1)
Return to the University (2)
Return to the University (3)
Return to the University (4)
Return to the University (5)
Return to the University (6)
Return to the University (7)
Return to the University (8)
Return Arc(3.23)
Arc(3.24)
Arc(3.25)
Arc(3.26)
Arc(3.27)
Arc(3.28)
Arc(3.29)
Arc(3.30)
Arc(3.31)
Arc(3.32)
Arc(3.33)
Arc(3.34)
Arc(3.35)
Arc(3.36)
Arc(3.37)
Arc(3.38)
Extra; {မိုးတိမ်ကကြီးမားတဲ့လှေကြီးကိုကျော်သွားတယ်}
Extra; the New Emperor and Empress
Thank You

Arc(1.4)

18.4K 2.4K 7
By Xiao_Yiii

Unicode

Arc(1.4)
The Wild Dragon Proud Days

လီလျိုနှင့်ချင်ယုတို့ကျန်းနန်မှထွက်ခွာခဲ့တုန်းကမြက်ပင်ရှည်များ၊အရောင်စုံအမျိုးစုံငှက်ကလေးများ၊အနီရောင်ပန်းကလေးများနှင့်အစိမ်းရောင်မိုးမခပင်များဖြင့်ပြည့်နေသောနေရာများဖြစ်နေခဲ့သေးသည်။သို့သော်လည်းသူတို့၏ခရီးလမ်းရှည်ကြာလာပြီးမြောက်ဘက်နှင့်နီးလာလေလေရာသီဥတုကပိုပြီးအေးလာလေလေဖြစ်လာခဲ့သည်။

သူတို့မြောက်ဘက်၏အကြီးဆုံးမြို့ဖြစ်သောရှီရုန်မြို့သို့ရောက်သည့်အခါမှာတော့ကောင်းကင်တစ်ခုလုံးနှင်းများဖြင့်ပြည့်နှက်နေခဲ့ပြီဖြစ်၏။

ချင်ယုအမေဘက်မှအဖိုးနန်ကုန်းအောင်၏နေအိမ်သည်ယခုနေရာတွင်တည်ရှိနေခြင်းဖြစ်သည်။

လီလျိုကမြင်းဇာတ်ကြိုးအားတင်းတင်းဆုပ်လိုက်ကာမြင်း၏ဝမ်းဗိုက်အားခြေတစ်ချက်တို့၍မြင်း၏အရှိန်အားရပ်တန့်လိုက်တော့သည်။

မြို့တံခါး၏ရှေ့တွင်တော့တစ်ဖက်တစ်ချက်ဆီရပ်တန့်နေကြသောစစ်သားများရှိနေပြီးထိုစစ်သားများကြားမှစစ်သားတစ်ချို့ကရှေ့ထွက်လာကြကာလီလျိုလည်းမြင်းပေါ်မှဆင်းလိုက်လေ၏။

ချင်ယုလည်းနောက်ကလိုက်လာပြီးမြင်းဇာတ်ကြိုးအားဆွဲလိုက်ကာလီလျို၏ဘေးတွင်ရပ်လိုက်သည်။

မြို့စောင့်များ၏စစ်ဆေးမေးမြင်းမှုအောက်တွင်စကားအနည်းငယ်ပြောပြီးနောက်သူတို့နှစ်ယောက်လုံးရှီရုန်မြို့ထဲသို့ချောချောမွေ့မွေ့ဝင်လာနိုင်ခဲ့သည်။

ကောင်းကင်ကမှောင်မိုက်နေပြီဖြစ်သောကြောင့်လမ်းပေါ်တွင်လမ်းလျှောက်နေကြသူများမှာပုံမှန်ထက်ကိုပိုနည်းနေပြီးအနည်းငယ်သာရှိနေသည်။လီလျိူကသူ့ဘေးမှအလောတကြီးဖြတ်သွားသောလူလတ်ပိုင်းအရွယ်လူတစ်ယောက်အားလှမ်းဆွဲလိုက်၍မေးလိုက်၏။

"ဦးလေး....စစ်သူကြီးနန်ကုန်းရဲ့အိမ်တော်ကဘယ်အရပ်မှာလဲသိပါသလား?"

ထိုလူလတ်ပိုင်းလူကသူ့ပုခုံးအားနောက်ပြန်ဆုတ်လိုက်ပြီးခေါင်းကိုမော့လိုက်ကာပိန်ပါးသည့်လီလျို၏မျက်နှာအားအကဲခတ်ကြည့်လိုက်ပြီးသူ့နှာခမ်းမွှေးကအနည်းငယ်လှုပ်ရှားသွားသည်။

"ငါသိခြင်တာက.....မင်းငါ့ကိုပိုက်ဆံပေးမှာလား?"

လီလျိုမှာချက်ချင်းပင်ချောင်းဆိုးသွားတော့လေ၏။

"ဘာလဲဗျ....ကျွန်တော်ကဒီအတိုင်းဦးတည်ရာကိုပဲမေးတာလေအဲ့ဒါတောင်ကျွန်တော်တို့ကိုပိုက်ဆံတောင်းခြင်သေးတာလား?ဦးလေး....ခင်ဗျားရဲ့ကိုယ်ကျင့်တရားကနည်းနည်းလေးခေတ်နောက်ကျမနေဘူးလား?"

"ဘာလဲ?မင်းတို့ကြည့်ရတာလဲချမ်းသာတဲ့ပုံပါဒီလောက်ပိုက်ဆံနည်းနည်းလေးကိုမတတ်နိုင်ဘူးလား?"

နှုတ်ခမ်းမွှေးအပြည့်ဖြင့်ထိုလူလတ်ပိုင်းလူမှာလီလျိူအားမထီမဲ့မြင်ပြုသည့်ပုံစံဖြင့်ပြောလိုက်သည်။

လီလျို : : "............." သူတကယ်အဲ့ဒီလူကိုရိုက်ပစ်ခြင်လိုက်တာနော်

ချင်ယုကလီလျိုပြန်ပြောမည်အားမစောင့်တော့ပဲထိုနှတ်ခမ်းမွှေးနှင့်လူလက်ထဲသို့ငွေပြားအနည်းငယ်ထည့်ပေးလိုက်တော့၏။

ထိုအချိန်မှာပဲထိုနှတ်ခမ်းမွှေးနှင့်လူ၏မျက်လုံးများမှာတောက်ပသွားပြီးငွေပြားများအားပါးစပ်နှင့်ကိုက်ကြည့်လိုက်ကာရင်ခွင်ထဲသို့အမြတ်တနိုးထည့်လိုက်တော့သည်။

"ဆရာနှစ်ယောက်ခင်ဗျာ...စစ်သူကြီးနန်ကုန်းရဲ့အိမ်တော်ကိုသွားခြင်တယ်ဆိုရင်ဒီလမ်းအတိုင်းအနောက်ဘက်စူးစူးကိုသာဆက်သွားပြီးဘယ်ဘက်ကိုနှစ်ခါလှည့်ချိုးပါ"

ပြောလို့ပြီးသွားသည်နှင့်ထိုလူကပျော်ရွှင်စွာဖြင့်လှည့်ကာထွက်သွားတော့သည်။

"ချင်ယု..မင်းဘာလို့ဒီလူဆိုးကိုပိုက်ဆံတကယ်ပေးပစ်လိုက်တာလဲ?တကယ်လို့သူငါတို့ကိုမပြောခြင်ဘူးဆိုရင်ဒီအတိုင်းနောက်ပြန်လှည့်ပြီးတံခါးစောင့်တွေကိုမေးလို့ရတာပဲကိုဘာဖြစ်လို့ဒီလောက်အများကြီးပေးလိုက်ရတာလဲ?"

"အဲ့ဒါကဒီအတိုင်းပိုက်ဆံနည်းနည်းလေးပါ.....မုချန်ငါတို့ဆက်သွားရအောင်"

ချင်ယုကမြင်းဇာတ်ကြိုးအားဆွဲလိုက်ပြီးထိုနှုတ်ခမ်းမွှေးနှင့်လူညွှန်ပြသည့်ဦးတည်ချက်အတိုင်းရှေ့ကလျှောက်သွားတော့သည်။

လီလျို : : "........."

ငါတို့အခန်းငှားတဲ့အချိန်ကျတော့မင်းမှာပိုက်ဆံအများကြီးမရှိဘူးဆိုပြီးပြောခဲ့တာမဟုတ်ဘူးလား?အခုတော့ကိုယ့်စကားကိုယ်ပြန်စားလိုက်ပြီလားဟ?

စိတ်ဓာတ်ကျနေသည့်အတွေးတွေထဲနစ်မြှုပ်နေသည့်လီလျိုမှာသူ့ဘေးမှာလျှောက်နေသည့်ချင်ယုကထိုနှုတ်ခမ်းမွှေးနှင့်လူထွက်သွားသည့်လမ်းကြောင်းအားခေါင်းလှည့်ကြည့်လိုက်ပြီးသူ့မျက်လုံးများကလူများအားအေးခဲသွားသည်ဟုခံစားရစေလောက်သည်အထိမှောင်မိုက်သွားသည်ကိုမတွေ့လိုက်ပေ။

"ဒီးဒီး~~ဒီး~~~...အဲ့ဒီလူချမ်းသာနှစ်ယောက်လည်းတော်တော်တုံးတာပဲ"

နှတ်ခမ်းမွှေးနှင့်ထိုလူလတ်ပိုင်းလူကြီးမှာပုံမှန်သွားနေကြလမ်းကြောင်းအားသွားနေရာမှနောက်လှည့်ကြည့်လိုက်ပြီးသူ့မျက်လုံးများအားမှေးကျဉ်းလိုက်ကာလီလျိုနှင့်ချင်ယုတို့ဖြတ်သွားသည့်ထောင့်တစ်နေရာသို့ဝင်ရောက်ပျောက်ကွယ်သွားသည်။သူ့နှုတ်ခမ်းပေါ်မှာရှိသည့်နှုတ်ခမ်းမွှေးမှာတော့မြင့်တက်သွားပြီးသူ့မျက်လုံးသေးသေးလေးများမှာလည်းဂုဏ်ယူမှုများပြည့်နှက်နေ၏။

ထို့နောက်သူ့ရင်ဘက်ထဲမှာငွေပြားများအားထုတ်ယူလိုက်ကာပါးစပ်ထဲထည့်၍ကိုက်ကြည့်လိုက်သည်ထို့နောက်သီချင်းတိုးတိုးလေးညည်းလိုက်ပြီးထိုလမ်းကြားလေးထဲသို့ဆက်လျှောက်လှမ်းသွားလိုက်သည်။

သူ၏ပုံရိပ်သည်လမ်းကြား၏အရိပ်တစ်နေရာထဲသို့ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်ရုတ်တရက်လက်နှစ်ဘက်သည်အရိပ်မှထွက်လာပြီးသူ့ကိုဆွဲခေါ်သွားတော့လေ၏။။

မကြာခင်ပဲပြင်းထန်သည့်အရေပြားအားကန်နေသည့်အသံတစ်ခုနှင့်ပျော်ရွှင်မှုမရှိသည့်အသံတစ်ခုထွက်ပေါ်လာကာမေးလိုက်သည်။

".......ဒါအကုန်ပဲလား?"

နှာခေါင်းမှာသွေးများထွက်နေပြီးဖူးယောင်နေသည့်မျက်နှာနှင့်အတူမျက်ရည်များပြည့်နေသည့်မျက်လုံးများဖြင့်ထိုနှုတ်ခမ်းမွှေးလူကြီးကပြောလိုက်သည်။

"တကယ်ပါ....တကယ်ပါဒါအကုန်ပါပဲ........အားယိုး....မလုပ်ပါနဲ့......မလုပ်ပါနဲ့.....ထပ်မရိုက်ပါနဲ့တော့......"

သူကဒီနေ့လစာနှစ်လစာသုံးလစာလောက်ပိုလိမ်လည်ခဲ့ပြီးအခုလည်းငွေပြားထပ်ရသောကြောင့့်သူရဲ့ကံကောင်းတဲ့နေ့ဟုထင်ထားသော်လည်းဒီလိုကိစ္စမျိုးကြုံတွေ့ရမယ်လို့ဘယ်သူကထင်ထားမိမှာလဲ?ငွေပြားတွေပါသွားယုံသာမကဘူးသူ့အိတ်ထဲကကြွေးပြားတစ်ဒါဇင်ပါယူသွားခဲ့ပြီ.....

အိမ်ပြန်ရောက်သည့်အချိန်တွင်ကြုံတွေ့ရမည့်သူ့ဇနီး၏ဆူပူမေးမြန်းမှုများအားသူပြန်စဉ်းစားမိသောအခါသူ့မျက်နှာ၏အမူအယာမှာပို၍ပင်ဝမ်းနည်းသည့်ပုံစံဖြစ်လာတော့သည်။ဒီနေ့ကဘယ်လိုများသူ့ရဲ့ကံကောင်းတဲ့နေ့ဖြစ်နိုင်ပါ့မလဲ?ဒါကသေချာပေါက်ကောင်းကင်ကကျလာတဲ့ကံဆိုးမှုကြီးပဲဟာကို.....

...............

လီလျိုနှင့်ချင်ယုတို့သည်သူတို့အားညွှန်ပြပေးခဲ့သည့်လမ်းညွှန်ချက်အတိုင်းလျှောက်လာကြပြီးသူတို့၏မြင်းများအားလမ်းမီးများတစ်လျှောက်ဆွဲလာခဲ့ကာကြီးမားသည့်အိမ်တော်ကြီးတစ်ခု၏တံခါးအရောက်တွင်တော့ရပ်တန့်လိုက်ကြလေသည်။

မီးခိုးရောင်နံရံကြီးသည်လမ်းတစ်ဝက်ကိုဝိုင်းရံထားပြီးရွှေရောင်အနက်ရောင်အက္ခရာများပါသည့်ဆိုင်းဘုတ်ပြားတစ်ခုအားတံခါးပေါက်အထက်တွင်ချိတ်ဆွဲထားသည်။ထိုဆိုင်းဘုတ်တွင်နန်ကုန်းဟူသည့်စကားနှစ်လုံးအားခမ်းနားစွာရေးထွင်းထားသည်။ထူထဲသည့်အနားကွပ်များကလည်းဆိုင်းဘုတ်ပြားအားဖောက်ထွက်မတတ်ပင်တည်ရှိနေလေသည်။

အိမ်တော်ကြီး၏တံခါးနှစ်ဖက်တွင်သံချပ်ကာများဝတ်ဆင်ထားသောစစ်သားများစောင့်ကြပ်နေပြီးမြို့တံခါးမှာရှိသည့်အစောင့်တပ်ထက်ပင်ပို၍တင်းကြပ်နေသေးတော့သည်။

လီလျိုနှင့်ချင်ယုတို့ချည်းကပ်လာသည်ကိုတွေ့သည်နှင့်ဘေးတစ်ဖက်တစ်ချက်မှစစ်သားများမှာချက်ချင်းပင်သတိအနေအထားဖြစ်သွားကြလေ၏။

"ဒါစစ်သူကြီးရဲ့အိမ်တော်ပါတကယ်လို့မင်းတို့မှာဘာကိစ္စမှမရှိဘူးဆိုရင်ကျေးဇူးပြုပြီးထွက်သွားကြပါ"

ချင်ယုကကျယ်လောင်စွာပင်ပြောလိုက်သည်။

"ငါကစစ်သူကြီးဟောင်းနန်ကုန်းဆီလာလည်တာပါ"

စစ်သားများမှာတစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီးသူတို့ထဲကတစ်ယောက်ကချင်ယုဆီသို့လျှောက်လာ၍မေးလိုက်သည်။

"ကိုယ်စားပြစရာရှိပါသလား?"

"ဒါပေါ့" ချင်ယုကအနည်းငယ်ခေါင်းညိမ့်ပြလိုက်ကာပြောလိုက်သည်။.

ထို့နောက်ရွှေပိုးချည်မျှင်ဖြင့်ရက်လုပ်ထားသောငွေအိတ်တစ်အိတ်အားပေးလိုက်သည်။

"ကောင်းပါပြီခဏလောက်စောင့်ပေးပါ"

ထိုစစ်သားကရွှေပိုးချည်ငွေအိတ်အားကြည့်လိုက်ကာသူ့လက်ထဲသို့ထည့်လိုက်ပြီးအထဲသို့ဝင်သွားလိုက်တော့သည်။

..............

လှပစွာအလှဆင်ထားသည့်ခန်းမကြီးတစ်ခုထဲတွင်တော့အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ထိုင်နေကြသည်။အလယ်ထိုင်ခုံတွင်တော့ဆံပင်အဖြူရောင်များဖြင့်အဘိုးကြီးတစ်ယောက်ထိုင်နေ၏။သူ့မျက်နှာကအရေးအကြောင်းများဖြင့်ပြည့်နေသော်လည်းကြည့်ရသည်မှာစွမ်းအင်ပြည့်ဝနေသည်။သူ့နောက်ကျောကဖြောင့်မတ်နေပြီးတိကျပုံပေါ်သည့်မျက်လုံးအစုံမှာတော့တောက်ပနေသည်မှာ60နီးပါးဖြစ်နေသောအဘိုးကြီးတစ်ယောက်ပုံနှင့်လုံးဝတူမနေပေ။

"ဒီနှစ်အနည်းငယ်အတွင်းမှာချင်ယန်ပိုပိုပြီးအထက်ကိုရောက်လာတယ်ငါတို့ရဲ့ခန့်မှန်းချက်အရတော့ချင်ပြည်နယ်ကြီးကဒီသစ္စာဖောက်ရဲ့လက်ထဲမှာပျက်စီးတော့မှာပဲ!ကံမကောင်းလိုက်တဲ့ငါ့မြေးကောင်းလေး.....ငါ့သမီးလေး......"

ထိုစကားအားပြောပြီးသည်နှင့်အဘိုးအို၏အသံမှာခဏမျှဆို့နစ်နေပြီးသူ့မျက်လုံးများကပိုပြီးဖောက်ထွင်းကြည့်လာကာအေးစက်မှုတစ်ခုထွက်ပေါ်လာခဲ့သည်။သူကသူ့လက်မောင်းအားလက်ဖဝါးဖြင့်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာသစ်သားပြားတစ်ချပ်အားဆွဲထုတ်လိုက်သည်။

"အဖေ...ညီမလေးယွဲ့အာ....ထွက်သွားတာနှစ်အများကြီးကြာခဲ့ပြီလေပြီးတော့သူမထွက်သွားပြီးသွားပြီဆိုရင်တောင်အဖေထပ်ပြီးနာကျင်နေရတာကိုကြည့်ရက်မှာမဟုတ်ဘူး"

အကြီးအကဲများ၏ဘယ်ဘက်တွင်ထိုင်နေသောလင်ရိုယန်မှာလည်းဝမ်းနည်းပူဆွေးမှုများထဲတွင်နစ်မြှုပ်နေပြီးသူမမျက်လုံးထဲမှပူပန်ခြင်းများအားဖုန်းကွယ်ရန်ခက်ခဲနေသည်။သူမကအသက်ပြင်းပြင်းရှုလိုက်ပြီးနှစ်သိမ့်မှုပေးလိုက်သည်။သူမတွင်နှစ်သက်ဖွယ်ကောင်းသည့်မျက်နှာရှိပြီးခရမ်းရောင်အလင်းဖျော့ဖျော့ဝတ်စုံအားဝတ်ဆင်ထား၏။သူမရဲ့အချိုးကျလှသောမျက်ခုံးများမှာတွန့်ချိုးနေပြီးသူမရဲ့နှစ်လိုဖွယ်ဗာဒန်စေ့သဖွယ်မျက်လုံးအစုံမှာတော့ပင်ပန်းနေပုံပေါ်ကာမြူများဆိုင်းနေခဲ့သည်။

သူမသည်အသက်၁၄နှစ်သာရှိသေးသော်လည်းနှစ်အနည်းငယ်အတွင်းကောင်းကင်ဘုံကိုပင်ထိတ်လန့်စေနိုင်လောက်သည့်အလှမျိုးဖြစ်လာမည်ကိုမြင်နိုင်နေပြီဖြစ်သည်။

"ဟုတ်ပါတယ်ဒေါ်လေးယွဲ့ကလည်းဘိုးလေးဒီလိုဝမ်းနည်းနေတာကိုတွေ့ခြင်မှာမဟုတ်ပါဘူး"

နန်ကုန်းအောင်ကသူရဲ့ညာဘက်အားလှမ်းကြည့်လိုက်သည်။သူမနှင့်နန်ကုန်းယွဲ့နှင့်ကတစ်ယောက်နှင့်တစ်ယောက်အတော်လေးဆင်တူသော်လည်းလင်ရိုယန်၏သွင်ပြင်လက္ခဏာမှာပို၍ထူးခြားပုံပေါ်သည်။

နန်ကုန်းအောင်လည်းမနေနိုင်တော့ပဲသူမရဲ့ကျောကုန်းကိုပုတ်ပေးလိုက်မိ၏။

"တကယ်လို့ယွဲ့အာသာသက်ရှိထင်ရှားရှိနေသေးရင်ငါသေချာပေါက်မင်းတို့နှစ်ယောက်ကိုမိတ်ဆက်ပေးမိလိမ့်မယ်..ယွဲ့အာကမင်းကိုတကယ်ချစ်မှာ"

ထိုအချိန်မှာပဲတစ်စုံတစ်ယောက်သည်ရုတ်တရက်အပြင်မှတံခါးကိုလာခေါက်သည်။

နန်ကုန်းအောင်၏ပုံစံသည်ချက်ချင်းပြောင်းလဲသွားတော့၏။သူ့ရဲ့ဝမ်းနည်းမှုတွေအားလုံးပျောက်ကွယ်သွားကာသူ့နှုတ်ခမ်းများကတင်းကြပ်စွာစေ့ပိတ်ထားပြီးသူ့ရဲ့ချွန်ထက်နေသည့်မျက်ဝန်းများကတံခါးအားကြည့်ကာပြောလိုက်သည်။

"ဝင်လာခဲ့"

"စစ်သူကြီး..အစောင့်တစ်ယောက်သတင်းပို့လာပါတယ်တစ်စုံတစ်ယောက်ကသခင်ကြီးကိုတွေ့ခြင်လို့ပါတဲ့...ဒါကကိုယ်စားပြုပစ္စည်းပါဒီငယ်သားသေချာစစ်ဆေးပြီးပါပြီးဘာပြဿနာမှမရှိပါဘူး....ဒါပေမဲ့....."

ဆံပင်ဖြူနှင့်အပြာရောင်အကျီၤအားဝတ်ဆင်ထားသောသူကတံခါးအားတွန်းဖွင့်ဝင်လာကာသူ့ရဲ့မြူစိုင်းနေသောမျက်ဝန်းများကတောက်ပနေ၏။

.............

ထိုအဘိုးကြီးအားကြည့်လိုက်ပြီးနောက်နန်ကုန်းအောင်၏ခံစားချက်များချက်ခြင်းပင်လျော့ကျသွားတော့သည်။

"ရိဖန်.....မင်းပဲ" သူကခဏမျှရပ်လိုက်ပြီးနောက်အနည်းငယ်စိတ်လှုပ်ရှားနေသည့်အမူအယာဖြင့်ထိုအဘိုးကြီးအားကြည့်လိုက်ကာသံသယတစ်စုံတစ်ရာမရှိပဲပြောလိုက်သည်။

"ဘာကိစ္စရှိလို့လဲ?"

"စစ်သူကြီး..." အဘိုးအိုကအသက်ပြင်းပြင်းရှုလိုက်ကာဘေးပတ်ဝန်းကျင်ကိုဘယ်သူမှမရှိတာသေချာအောင်လှည့်ပတ်စစ်ဆေးလိုက်ပြီးနောက်အခန်းထဲသို့ဘေးမှပတ်ဝင်လာ၍နန်ကုန်းအောင်၏ဘေးတွင်ထိုင်နေသောလင်ရိုယန်အားကြည့်လိုက်သည်။သူ့မျက်လုံးများမှအကြည့်ကအနည်းငယ်တွန့်ဆုတ်နေပုံပေါ်၏။

နန်ကုန်းအောင်ကအဘိုးကြီး၏အကြည့်နောက်လိုက်ပြီးလင်ရိုယန်အားတွေ့သောအခါသူ့လက်အားခါယမ်းပြလိုက်ပြီးပြောလိုက်သည်။

"စိတ်မပူနဲ့တည့်တည့်ပဲပြော..ဒီမှာရှိတဲ့သူအကုန်ငါ့လူတွေကြီးပဲ"

3.4.2020(11:40)

............................
Zawgyi

Arc(1.4)
The Wild Dragon Proud Days

လီလ်ိဳနွင့္ခ်င္ယုတို႔က်န္းနန္မွထြက္ခြာခဲ့တုန္းကျမက္ပင္ရွည္မ်ား၊အေရာင္စံုအမ်ိဳးစံုငွက္ကေလးမ်ား၊အနီေရာင္ပန္းကေလးမ်ားနွင့္အစိမ္းေရာင္မိုးမခပင္မ်ားျဖင့္ျပည့္ေနေသာေနရာမ်ားျဖစ္ေနခဲ့ေသးသည္။သို႔ေသာ္လည္းသူတို႔၏ခရီးလမ္းရွည္ၾကာလာျပီးေျမာက္ဘက္နွင့္နီးလာေလေလရာသီဥတုကပိုျပီးေအးလာေလေလျဖစ္လာခဲ့သည္။

သူတို႔ေျမာက္ဘက္၏အၾကီးဆံုးျမိဳ႔ျဖစ္ေသာရွီရုန္ျမိဳ႔သို႔ေရာက္သည့္အခါမွာေတာ့ေကာင္းကင္တစ္ခုလံုးနွင္းမ်ားျဖင့္ျပည့္နွက္ေနခဲ့ျပီျဖစ္၏။

ခ်င္ယုအေမဘက္မွအဖိုးနန္ကုန္းေအာင္၏ေနအိမ္သည္ယခုေနရာတြင္တည္ရွိေနျခင္းျဖစ္သည္။

လီလ်ိဳကျမင္းဇာတ္ၾကိဳးအားတင္းတင္္းဆုပ္လိုက္ကာျမင္း၏ဝမ္းဗိုက္အားေျခတစ္ခ်က္တို႔၍ျမင္း၏အရွိန္အားရပ္တန္႔လိုက္ေတာ့သည္။

ျမိဳ႔တံခါး၏ေရွ႔တြင္ေတာ့တစ္ဖက္တစ္ခ်က္ဆီရပ္တန္႔ေနၾကေသာစစ္သားမ်ားရွိေနၿပီးထိုစစ္သားမ်ားၾကားမွစစ္သားတစ္ခ်ိဳ႔ကေရွ႔ထြက္လာၾကကာလီလ်ိဳလည္းျမင္းေပၚမွဆင္းလိုက္ေလ၏။

ခ်င္ယုလည္းေနာက္ကလိုက္လာျပီးျမင္းဇာတ္ၾကိဳးအားဆြဲလိုက္ကာလီလ်ိဳ၏ေဘးတြင္ရပ္လုိက္သည္။

ျမိဳ႔ေစာင့္မ်ား၏စစ္ေဆးေမးျမင္းမွဳေအာက္တြင္စကားအနည္းငယ္ေျပာျပီးေနာက္သူတို႔နွစ္ေယာက္လံုးရွီရုန္ျမိဳ႔ထဲသို႔ေခ်ာေခ်ာေမြ႔ေမြ႔ဝင္လာနုိင္ခဲ့သည္။

ေကာင္းကင္ကေမွာင္မိုက္ေနျပီျဖစ္ေသာေၾကာင့္လမ္းေပၚတြင္လမ္းေလွ်ာက္ေနၾကသူမ်ားမွာပံုမွန္ထက္ကိုပိုနည္းေနျပီးအနည္းငယ္သာရွိေနသည္။လီလ်ိဴကသူ႔ေဘးမွအေလာတၾကီးျဖတ္သြားေသာလူလတ္ပိုင္းအရြယ္လူတစ္ေယာက္အားလွမ္းဆြဲလိုက္၍ေမးလိုက္၏။

"ဦးေလး....စစ္သူၾကီးနန္ကုန္းရဲ႔အိမ္ေတာ္ကဘယ္အရပ္မွာလဲသိပါသလား?"

ထိုလူလတ္ပိုင္းလူကသူ႔ပုခံုးအားေနာက္ျပန္ဆုတ္လုိက္ျပီးေခါင္းကိုေမာ့လုိက္ကာပိန္ပါးသည့္လီလ်ိဳ၏မ်က္နွာအားအကဲခတ္ၾကည့္လုိက္ျပီးသူ႔နွာခမ္းေမႊးကအနည္းငယ္လွုပ္ရွားသြားသည္။

"ငါသိျခင္တာက.....မင္းငါ့ကိုပိုက္ဆံေပးမွာလား?"

လီလ်ိဳမွာခ်က္ခ်င္းပင္ေခ်ာင္းဆိုးသြားေတာ့ေလ၏။

"ဘာလဲဗ်....က်ြန္ေတာ္ကဒီအတိုင္းဦးတည္ရာကိုပဲေမးတာေလအဲ့ဒါေတာင္က်ြန္ေတာ္တို႔ကိုပိုက္ဆံေတာင္းျခင္ေသးတာလား?ဦးေလး....ခင္ဗ်ားရဲ႔ကိုယ္က်င့္တရားကနည္းနည္းေလးေခတ္ေနာက္က်မေနဘူးလား?"

"ဘာလဲ?မင္းတို႔ၾကည့္ရတာလဲခ်မ္းသာတဲ့ပံုပါဒီေလာက္ပိုက္ဆံနည္းနည္းေလးကိုမတတ္နုိင္ဘူးလား?"

နွုတ္ခမ္းေမႊးအျပည့္ျဖင့္ထိုလူလတ္ပိုင္းလူမွာလီလ်ိဴအားမထီမဲ့ျမင္ျပဳသည့္ပံုစံျဖင့္ေျပာလုိက္သည္။

လီလ်ိဳ : : "............." သူတကယ္အဲ့ဒီလူကိုရိုက္ပစ္ျခင္လုိက္တာေနာ္

ခ်င္ယုကလီလ်ိဳျပန္ေျပာမည္အားမေစာင့္ေတာ့ပဲထိုနွတ္ခမ္းေမႊးနွင့္လူလက္ထဲသို႔ေငြျပားအနည္းငယ္ထည့္ေပးလိုက္ေတာ့၏။

ထိုအခ်ိန္မွာပဲထိုနွတ္ခမ္းေမႊးနွင့္လူ၏မ်က္လံုးမ်ားမွာေတာက္ပသြားျပီးေငြျပားမ်ားအားပါးစပ္နွင့္ကိုက္ၾကည့္လုိက္ကာရင္ခြင္ထဲသို႔အျမတ္တနို္းထည့္လိုက္ေတာ့သည္။

"ဆရာနွစ္ေယာက္ခင္ဗ်ာ...စစ္သူၾကီးနန္ကုန္းရဲ႔အိမ္ေတာ္ကိုသြားျခင္တယ္ဆိုရင္ဒီလမ္းအတုိင္းအေနာက္ဘက္စူးစူးကိုသာဆက္သြားျပီးဘယ္ဘက္ကိုနွစ္ခါလွည့္ခ်ိဳးပါ"

ေျပာလို႔ျပီးသြားသည္နွင့္ထိုလူကေပ်ာ္ရႊင္စြြာျဖင့္လွည့္ကာထြက္သြားေတာ့သည္။

"ခ်င္ယု..မင္းဘာလို႔ဒီလူဆိုးကိုပိုက္ဆံတကယ္ေပးပစ္လုိက္တာလဲ?တကယ္လို႔သူငါတို႔ကိုမေျပာျခင္ဘူးဆိုရင္ဒီအတိုင္းေနာက္ျပန္လွည့္ျပီးတံခါးေစာင့္ေတြကိုေမးလုိ႔ရတာပဲကိုဘာျဖစ္လို႔ဒီေလာက္အမ်ားၾကီးေပးလုိက္ရတာလဲ?"

"အဲ့ဒါကဒီအတိုင္းပိုက္ဆံနည္းနည္းေလးပါ.....မုခ်န္ငါတို႔ဆက္သြားရေအာင္"

ခ်င္ယုကျမင္းဇာတ္ၾကိဳးအားဆြဲလုိက္ျပီးထိုနွဳတ္ခမ္းေမႊးနွင့္လူညႊန္ျပသည့္ဦးတည္ခ်က္အတိုင္းေရွ႔ကေလွ်ာက္သြားေတာ့သည္။

လီလ်ိဳ : : "........."

ငါတို႔အခန္းငွားတဲ့အခ်ိန္က်ေတာ့မင္းမွာပိုက္ဆံအမ်ားၾကီးမရွိဘူးဆိုျပီးေျပာခဲ့တာမဟုတ္ဘူးလား?အခုေတာ့ကိုယ့္စကားကိုယ္ျပန္စားလိုက္ျပီလားဟ?

စိတ္ဓာတ္က်ေနသည့္အေတြးေတြထဲနစ္ျမွဳပ္ေနသည့္လီလ်ိဳမွာသူ႔ေဘးမွာေလွ်ာက္ေနသည့္ခ်င္ယုကထိုနွဳတ္ခမ္းေမႊးနွင့္လူထြက္သြားသည့္လမ္းေၾကာင္းအားေခါင္းလွည့္ၾကည့္လိုက္ၿပီးသူ႔မ်က္လံုးမ်ားကလူမ်ားအားေအးခဲသြားသည္ဟုခံစားရေစေလာက္သည္အထိေမွာင္မိုက္သြားသည္ကိုမေတြ႔လိုက္ေပ။

"ဒီးဒီး~~ဒီး~~~...အဲ့ဒီလူခ်မ္းသာနွစ္ေယာက္လည္းေတာ္ေတာ္တံုးတာပဲ"

နွတ္ခမ္းေမႊးနွင့္ထိုလူလတ္ပိုင္းလူၾကီးမွာပံုမွန္သြားေနၾကလမ္းေၾကာင္းအားသြားေနရာမွေနာက္လွည့္ၾကည့္လိုက္ျပီးသူ႔မ်က္လံုးမ်ားအားေမွးက်ဥ္းလိုက္ကာလီလ်ိဳနွင့္ခ်င္ယုတို႔ျဖတ္သြားသည့္ေထာင့္တစ္ေနရာသို႔ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။သူ႔နွဳတ္ခမ္းေပၚမွာရွိသည့္နွဳတ္ခမ္းေမႊးမွာေတာ့ျမင့္တက္သြားျပီးသူ႔မ်က္လံုးေသးေသးေလးမ်ားမွာလည္းဂုဏ္ယူမွုမ်ားျပည့္နွက္ေန၏။

ထို႔ေနာက္သူ႔ရင္ဘက္ထဲမွာေငြျပားမ်ားအားထုတ္ယူလိုက္ကာပါးစပ္ထဲထည့္၍ကိုက္ၾကည့္လုိက္သည္ထို႔ေနာက္သီခ်င္းတိုးတိုးေလးညည္းလိုက္ျပီးထိုလမ္းၾကားေလးထဲသို႔ဆက္ေလ်ွာက္လွမ္းသြားလိုက္သည္။

သူ၏ပုံရိပ္သည္လမ္းၾကား၏အရိပ္တစ္ေနရာထဲသို႔၀င္ေရာက္လာသည္ႏွင့္တစ္ျပိဳင္နက္႐ုတ္တရက္လက္ႏွစ္ဘက္သည္အရိပ္မွထြက္လာၿပီးသူ႔ကိုဆြဲေခၚသြားေတာ့ေလ၏။။

မၾကာခင္ပဲျပင္းထန္သည့္အေရျပားအားကန္ေနသည့္အသံတစ္ခုနွင့္ေပ်ာ္ရႊင္မွဳမရွိသည့္အသံတစ္ခုထြက္ေပၚလာကာေမးလုိက္သည္။

".......ဒါအကုန္ပဲလား?"

နွာေခါင္းမွာေသြးမ်ားထြက္ေနျပီးဖူးေယာင္ေနသည့္မ်က္နွာနွင့္အတူမ်က္ရည္မ်ားျပည့္ေနသည့္မ်က္လံုးမ်ားျဖင့္ထိုနွုတ္ခမ္းေမႊးလူၾကီးကေျပာလိုက္သည္။

"တကယ္ပါ....တကယ္ပါဒါအကုန္ပါပဲ........အားယိုး....မလုပ္ပါနဲ႔......မလုပ္ပါနဲ႔.....ထပ္မရိုက္ပါနဲ႔ေတာ့......"

သူကဒီေန႔လစာနွစ္လစာသံုးလစာေလာက္ပိုလိမ္လည္ခဲ့ျပီးအခုလည္းေငြျပားထပ္ရေသာေၾကာင့္႔သူရဲ႔ကံေကာင္းတဲ့ေန႔ဟုထင္ထားေသာ္လည္းဒီလိုကိစၥမ်ိဳးၾကံဳေတြ႔ရမယ္လို႔ဘယ္သူကထင္ထားမိမွာလဲ?ေငြျပားေတြပါသြားယံုသာမကဘူးသူ႔အိတ္ထဲကေၾကြးျပားတစ္ဒါဇင္ပါယူသြားခဲ့ျပီ.....

အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ၾကံဳေတြ႔ရမည့္သူ႔ဇနီး၏ဆူပူေမးျမန္းမွဳမ်ားအားသူျပန္စဥ္းစားမိေသာအခါသူ႔မ်က္နွာ၏အမူအယာမွာပို၍ပင္ဝမ္းနည္းသည့္ပံုစံျဖစ္လာေတာ့သည္။ဒီေန႔ကဘယ္လိုမ်ားသူ႔ရဲ႔ကံေကာင္းတဲ့ေန႔ျဖစ္နိုင္ပါ့မလဲ?ဒါကေသခ်ာေပါက္ေကာင္းကင္ကက်လာတဲ့ကံဆိုးမွဳၾကီးပဲဟာကို.....

...............

လီလ်ိဳနွင့္ခ်င္ယုတို႔သည္သူတို႔အားညႊန္ျပေပးခဲ့သည့္လမ္းညႊန္ခ်က္အတိုင္းေလွ်ာက္လာၾကျပီးသူတို႔၏ျမင္းမ်ားအားလမ္းမီးမ်ားတစ္ေလွ်ာက္ဆြဲလာခဲ့ကာၾကီးမားသည့္အိမ္ေတာ္ၾကီးတစ္ခု၏တံခါးအေရာက္တြင္ေတာ့ရပ္တန္႔လိုက္ၾကေလသည္။

မီးခိုးေရာင္နံရံၾကီးသည္လမ္းတစ္ဝက္ကိုဝိုင္းရံထားၿပီးေ႐ႊေရာင္အနက္ေရာင္အကၡရာမ်ားပါသည့္ဆိုင္းဘုတ္ျပားတစ္ခုအားတံခါးေပါက္အထက္တြင္ခ်ိတ္ဆြဲထားသည္။ထိုဆိုင္းဘုတ္တြင္နန္ကုန္းဟူသည့္စကားနွစ္လံုးအားခမ္းနားစြာေရးထြင္းထားသည္။ထူထဲသည့္အနားကြပ္မ်ားကလည္းဆိုင္းဘုတ္ျပားအားေဖာက္ထြက္မတတ္ပင္တည္ရွိေနေလသည္။

အိမ္ေတာ္ၾကီး၏တံခါးနွစ္ဖက္တြင္သံခ်ပ္ကာမ်ားဝတ္ဆင္ထားေသာစစ္သားမ်ားေစာင့္ၾကပ္ေနျပီးျမိဳ႔တံခါးမွာရွိသည့္အေစာင့္တပ္ထက္ပင္ပို၍တင္းၾကပ္ေနေသးေတာ့သည္။

လီလ်ိဳနွင့္ခ်င္ယုတို႔ခ်ည္းကပ္လာသည္ကိုေတြ႔သည္နွင့္ေဘးတစ္ဖက္တစ္ခ်က္မွစစ္သားမ်ားမွာခ်က္ခ်င္းပင္သတိအေနအထားျဖစ္သြားၾကေလ၏။

"ဒါစစ္သူၾကီးရဲ႔အိမ္ေတာ္ပါတကယ္လုိ႔မင္းတို႔မွာဘာကိစၥမွမရွိဘူးဆိုရင္ေက်းဇူးျပဳျပီးထြက္သြားၾကပါ"

ခ်င္ယုကက်ယ္ေလာင္စြာပင္ေျပာလိုက္သည္။

"ငါကစစ္သူၾကီးေဟာင္းနန္ကုန္းဆီလာလည္တာပါ"

စစ္သားမ်ားမွာတစ္ေယာက္နွင့္တစ္ေယာက္ၾကည့္လုိက္ၾကျပီးသူတို႔ထဲကတစ္ေယာက္ကခ်င္ယုဆီသို႔ေလွ်ာက္လာ၍ေမးလိုက္သည္။

"ကိုယ္စားျပစရာရွိပါသလား?"

"ဒါေပါ့" ခ်င္ယုကအနည္းငယ္ေခါင္းညိမ့္ျပလုိက္ကာေျပာလုိက္သည္။.

ထို႔ေနာက္ေရႊပိုးခ်ည္မွ်င္ျဖင့္ရက္လုပ္ထားေသာေငြအိတ္တစ္အိတ္အားေပးလုိက္သည္။

"ေကာင္းပါျပီခဏေလာက္ေစာင့္ေပးပါ"

ထိုစစ္သားကေရႊပိုးခ်ည္ေငြအိတ္အားၾကည့္လုိက္ကာသူ႔လက္ထဲသို႔ထည့္လုိက္ျပီးအထဲသို႔ဝင္သြားလိုက္ေတာ့သည္။

..............

လွပစြာအလွဆင္ထားသည့္ခန္းမၾကီးတစ္ခုထဲတြင္ေတာ့အမ်ိဳးသားနွစ္ဦးနွင့္အမ်ိဳးသမီးတစ္ဦးတုိ႔ထိုင္ေနၾကသည္။အလယ္ထိုင္ခံုတြင္ေတာ့ဆံပင္အျဖဴေရာင္မ်ားျဖင့္အဘိုးၾကီးတစ္ေယာက္ထိုင္ေန၏။သူ႔မ်က္နွာကအေရးအေၾကာင္းမ်ားျဖင့္ျပည့္ေနေသာ္လည္းၾကည့္ရသည္မွာစြမ္းအင္ျပည့္ဝေနသည္။သူ႔ေနာက္ေက်ာကေျဖာင့္မတ္ေနျပီးတိက်ပံုေပၚသည့္မ်က္လံုးအစံုမွာေတာ့ေတာက္ပေနသည္မွာ60နီးပါးျဖစ္ေနေသာအဘိုးၾကီးတစ္ေယာက္ပံုနွင့္လံုးဝတူမေနေပ။

"ဒီနွစ္အနည္းငယ္အတြင္းမွာခ်င္ယန္ပိုပိုျပီးအထက္ကိုေရာက္လာတယ္ငါတို႔ရဲ႔ခန္႔မွန္းခ်က္အရေတာ့ခ်င္ျပည္နယ္ၾကီးကဒီသစၥာေဖာက္ရဲ႔လက္ထဲမွာပ်က္စီးေတာ့မွာပဲ!ကံမေကာင္းလုိက္တဲ့ငါ့ေျမးေကာင္းေလး.....ငါ့သမီးေလး......"

ထိုစကားအားေျပာျပီးသည္နွင့္အဘိုးအို၏အသံမွာခဏမွ်ဆို႔နစ္ေနျပီးသူ႔မ်က္လံုးမ်ားကပိုျပီးေဖာက္ထြင္းၾကည့္လာကာေအးစက္မွုတစ္ခုထြက္ေပၚလာခဲ့သည္။သူကသူ႔လက္ေမာင္းအားလက္ဖဝါးျဖင့္တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လုိက္ကာသစ္သားျပားတစ္ခ်ပ္အားဆြဲထုတ္လုိက္သည္။

"အေဖ...ညီမေလးယြဲ႔အာ....ထြက္သြားတာနွစ္အမ်ားၾကီးၾကာခဲ့ျပီေလျပီးေတာ့သူမထြက္သြားျပီးသြားျပီဆိုရင္ေတာင္အေဖထပ္ျပီးနာက်င္ေနရတာကိုၾကည့္ရက္မွာမဟုတ္ဘူး"

အၾကီးအကဲမ်ား၏ဘယ္ဘက္တြင္ထိုင္ေနေသာလင္ရိုယန္မွာလည္းဝမ္းနည္းပူေဆြးမွဳမ်ားထဲတြင္နစ္ျမွဳပ္ေနျပီးသူမမ်က္လံုးထဲမွပူပန္ျခင္းမ်ားအားဖုန္းကြယ္ရန္ခက္ခဲေနသည္။သူမကအသက္ျပင္းျပင္းရွဳလိုက္ျပီးနွစ္သိမ့္မွဳေပးလုိက္သည္။သူမတြင္နွစ္သက္ဖြယ္ေကာင္းသည့္မ်က္နွာရွိျပီးခရမ္းေရာင္အလင္းေဖ်ာ့ေဖ်ာ့ဝတ္စံုအားဝတ္ဆင္ထား၏။သူမရဲ႔အခ်ိဳးက်လွေသာမ်က္ခံုးမ်ားမွာတြန္႔ခ်ိဳးေနျပီးသူမရဲ႔နွစ္လိုဖြယ္ဗာဒန္ေစ့သဖြယ္မ်က္လံုးအစံုမွာေတာ့ပင္ပန္းေနပံုေပၚကာျမဴမ်ားဆိုင္းေနခဲ့သည္။

သူမသည္အသက္၁၄နွစ္သာရွိေသးေသာ္လည္းနွစ္အနည္းငယ္အတြင္းေကာင္းကင္ဘံုကိုပင္ထိတ္လန္႔ေစနိုင္ေလာက္သည့္အလွမ်ိဳးျဖစ္လာမည္ကိုျမင္နိုင္ေနျပီျဖစ္သည္။

"ဟုတ္ပါတယ္ေဒၚေလးယြဲ႔ကလည္းဘိုးေလးဒီလိုဝမ္းနည္းေနတာကိုေတြ႔ျခင္မွာမဟုတ္ပါဘူး"

နန္ကုန္းေအာင္ကသူရဲ႔ညာဘက္အားလွမ္းၾကည့္လုိက္သည္။သူမနွင့္နန္ကုန္းယြဲ႔နွင့္ကတစ္္ေယာက္နွင့္တစ္ေယာက္အေတာ္ေလးဆင္တူေသာ္လည္းလင္ရိုယန္၏သြင္ျပင္လကၡဏာမွာပို၍ထူးျခားပံုေပၚသည္။

နန္ကုန္းေအာင္လည္းမေနနိုင္ေတာ့ပဲသူမရဲ႔ေက်ာကုန္းကိုပုတ္ေပးလိုက္မိ၏။

"တကယ္လို႔ယြဲ႔အာသာသက္ရွိထင္ရွားရွိေနေသးရင္ငါေသခ်ာေပါက္မင္းတို႔နွစ္ေယာက္ကိုမိတ္ဆက္ေပးမိလိမ့္မယ္..ယြဲ႔အာကမင္းကိုတကယ္ခ်စ္မွာ"

ထုိအခ်ိန္မွာပဲတစ္စံုတစ္ေယာက္သည္ရုတ္တရက္အျပင္မွတံခါးကိုလာေခါက္သည္။

နန္ကုန္းေအာင္၏ပံုစံသည္ခ်က္ခ်င္းေျပာင္းလဲသြားေတာ့၏။သူ႔ရဲ႔ဝမ္းနည္းမွုေတြအားလံုးေပ်ာက္ကြယ္သြားကာသူ႔နွဳတ္ခမ္းမ်ားကတင္းၾကပ္စြာေစ့ပိတ္ထားျပီးသူ႔ရဲ႔ခ်ြန္ထက္ေနသည့္မ်က္ဝန္းမ်ားကတံခါးအားၾကည့္ကာေျပာလိုက္သည္။

"ဝင္လာခဲ့"

"စစ္သူၾကီး..အေစာင့္တစ္ေယာက္သတင္းပို႔လာပါတယ္တစ္စံုတစ္ေယာက္ကသခင္ၾကီးကိုေတြ႔ျခင္လို႔ပါတဲ့...ဒါကကိုယ္စားျပဳပစၥည္းပါဒီငယ္သားေသခ်ာစစ္ေဆးျပီးပါျပီးဘာျပႆနာမွမရွိပါဘူး....ဒါေပမဲ့....."

ဆံပင္ျဖဴနွင့္အျပာေရာင္အက်ီၤအားဝတ္ဆင္ထားေသာသူကတံခါးအားတြန္းဖြင့္ဝင္လာကာသူ႔ရဲ႔ျမဴစိုင္းေနေသာမ်က္ဝန္းမ်ားကေတာက္ပေန၏။

.............

ထိုအဘိုးၾကီးအားၾကည့္လိုုက္ျပီးေနာက္နန္ကုန္းေအာင္၏ခံစားခ်က္မ်ားခ်က္ျခင္းပင္ေလ်ာ့က်သြားေတာ့သည္။

"ရိဖန္.....မင္းပဲ" သူကခဏမွ်ရပ္လုိက္ျပီးေနာက္အနည္းငယ္စိတ္လွဳပ္ရွားေနသည့္အမူအယာျဖင့္ထိုအဘိုးၾကီးအားၾကည့္လိုက္ကာသံသယတစ္စံုတစ္ရာမရွိပဲေျပာလိုက္သည္။

"ဘာကိစၥရွိလို႔လဲ?"

"စစ္သူၾကီး..." အဘိုးအိုကအသက္ျပင္းျပင္းရွဳလုိက္ကာေဘးပတ္ဝန္းက်င္ကိုဘယ္သူမွမရွိတာေသခ်ာေအာင္လွည့္ပတ္စစ္ေဆးလိုက္ျပီးေနာက္အခန္းထဲသို႔ေဘးမွပတ္ဝင္လာ၍နန္ကုန္းေအာင္၏ေဘးတြင္ထုိင္ေနေသာလင္ရိုယန္အားၾကည့္လုိက္သည္။သူ႔မ်က္လံုးမ်ားမွအၾကည့္ကအနည္းငယ္တြန္႔ဆုတ္ေနပံုေပၚ၏။

နန္ကုန္းေအာင္ကအဘိုးၾကီး၏အၾကည့္ေနာက္လုိက္ျပီးလင္ရိုယန္အားေတြ႔ေသာအခါသူ႔လက္အားခါယမ္းျပလုိက္ျပီးေျပာလုိက္သည္။

"စိတ္မပူနဲ႔တည့္တည့္ပဲေျပာ..ဒီမွာရွိတဲ့သူအကုန္ငါ့လူေတြၾကီးပဲ"

3.4.2020(11:40)

............................

Continue Reading

You'll Also Like

79.9K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
435K 53.9K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
98.8K 12.3K 105
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...