ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး(အတြဲ...

By god-dess11

933K 117K 8.1K

စာစဥ္ ၂၅ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၂၅ မှ စပြီး ဖတ်နိုင်ပါသည်။ More

စာစဥ္ ၂၅ ( ၁ + ၂ + ၃ + ၄ )
စာစဥ္ ၂၅ ( ၅ - ၁၆ )
စာစဥ္ ၂၅ ( ၁၇ - ၂၄ )
စာစဥ္ ၂၆ ( ၁ - ၁၀ )
စာစဥ္ ၂၆ ( ၁၁ - ၁၆ )
စာစဥ္ ၂၆ ( ၁၇ - ၂၂ )
စာစဥ္ ၂၆ ( ၂၃ - ၂၉ )
စာစဥ္ ၂၇ ( ၁ - ၈ )
စာစဥ္ ၂၇ ( ၉ - ၁၂ )
စာစဥ္ ၂၇ ( ၁၃ - ၁၈ )
စာစဥ္ ၂၇ ( ၁၉ - ၂၀ )
စာစဥ္ ၂၇ ( ၂၁ - ၂၄ )
စာစဥ္ ၂၇ ( ၂၅ - ၃၀ )
စာစဥ္ ၂၈ ( ၁ - ၄ )
စာစဥ္ ၂၈ ( ၅ - ၈ )
စာစဥ္ ၂၈ ( ၉ - ၁၄ )
စာစဥ္ ၂၈ ( ၁၅ - ၂၂ )
စာစဥ္ ၂၈ ( ၂၃ - ၂၈ )
စာစဥ္ ၂၉ ( ၁ - ၆ )
စာစဥ္ ၂၉ ( ၇ - ၁၂ )
စာစဥ္ ၂၉ ( ၁၉ - ၂၄)
စာစဥ္ ၂၉ ( ၂၅ - ၂၈ )
စာစဥ္ ၃၀ ( ၁ - ၆ )
စာစဥ္ ၃၀ ( ၇ - ၁၀ )
စာစဥ္ ၃၀ ( ၁၁ - ၁၅ )
စာစဥ္ ၃၀ ( ၁၆ - ၂၁ )
စာစဥ္ ၃၀ ( ၂၂ - ၂၇ )
စာစဥ္ ၃၁ ( ၁ - ၆ )
စာစဥ္ ၃၁ ( ၇ - ၁၂ )
စာစဥ္ ၃၁ ( ၁၃ - ၁၈ )
စာစဥ္ ၃၁ ( ၁၉ - ၂၄ )
စာစဥ္ ၃၁ ( ၂၅ - ၂၈ )
စာစဥ္ ၃၂ ( ၁ - ၆ )
စာစဥ္ ၃၂ ( ၇ - ၁၂ )
စာစဥ္ ၃၂ ( ၁၃ - ၁၈ )
စာစဥ္ ၃၂ ( ၁၉ - ၂၄ )
စာစဥ္ ၃၂ ( ၂၅ + ၂၆ )
စာစဥ္ ၃၃ ( ၁ - ၆ )
စာစဥ္ ၃၃ ( ၇ - ၁၂ )
စာစဥ္ ၃၃ ( ၁၃ - ၁၈ )
စာစဥ္ ၃၃ ( ၁၉ - ၂၂ )
စာစဥ္ ၃၃ ( ၂၃ - ၂၆ )
စာစဥ္ ၃၄ ( ၁ - ၆ )
စာစဥ္ ၃၄ ( ၇ - ၁၂ )
စာစဥ္ ၃၄ ( ၁၃ - ၁၈ )
စာစဥ္ ၃၄ ( ၁၉ - ၂၅ )
စာစဥ္ ၃၅ ( ၁ - ၆ )
စာစဥ္ ၃၅ ( ၇ - ၁၂ )
စာစဥ္ ၃၅ ( ၁၃ - ၁၈ )
စာစဥ္ ၃၅ ( ၁၉ - ၂၅ )
စာစဥ္ ၃၆ ( ၁ - ၆ )
စာစဥ္ ၃၆ ( ၇ - ၁၂ )
စာစဥ္ ၃၆ ( ၁၃ - ၁၈ )
စာစဥ္ ၃၆ ( ၁၉ - ၂၆ )
စာစဥ္ ၃၇ ( ၁ - ၆ )
စာစဥ္ ၃၇ ( ၇ - ၁၂ )
စာစဥ္ ၃၇ ( ၁၃ - ၁၈ )
စာစဥ္ ၃၇ ( ၁၉ - ၂၂ )
Announcement !!!
စာစဥ္ ၃၈ ( ၁ - ၈ )
စာစဥ္ ၃၈ ( ၉ - ၁၆ )
စာစဥ္ ၃၈ ( ၁၇ - ၂၀ )
စာစဥ္ ၃၈ ( ၂၁ - ၂၈ )
စာစဥ္ ၃၉ ( ၁ - ၈ )
စာစဥ္ ၃၉ ( ၉ - ၁၆ )
စာစဥ္ ၃၉ ( ၁၇ - ၂၅ )
စာစဥ္ ၄၀ ( ၁ - ၆ )
စာစဥ္ ၄၀ ( ၇ - ၁၀ )
စာစဥ္ ၄၀ ( ၁၁ + ၁၈ )
စာစဥ္ ၄၀ (၁၉-၂၂)
စာစဥ္ ၄၀ (၂၃-၂၅) စာစဥ္ ၄၁ (၁-၄)
စာစဥ္ ၄၁ ( ၅ - ၁၀)
စာစဥ္ ၄၁ (၁၁-၁၈)
စာစဥ္ ၄၁ (၁၉-၂၂)
စာစဥ္ ၄၁ (၂၃+၂၄+၂၅)
စာစဥ္ ၄၂ (၁-၄)
စာစဥ္ ၄၂ ( ၅-၁၂ )
စာစဥ္ ၄၂ (၁၃-၁၈)
စာစဥ္ ၄၂ (၁၉-၂၄)
စာစဥ္ ၄၃ (၁-၆)
စာစဥ္ ၄၃ (၇-၁၄)
စာစဥ္ ၄၃ (၁၅-၁၈)
စာစဥ္ ၄၃ (၁၉-၂၆)
စာစဥ္ ၄၄ (၁-၆)
စာစဥ္ ၄၄ (၇-၁၄)
စာစဥ္ ၄၄ (၁၅+၁၆)
စာစဥ္ ၄၄ (၁၇-၂၅)
စာစဥ္ ၄၅ (၁-၈)
စာစဥ္ ၄၅ (၉-၁၄)
စာစဥ္ ၄၅ (၁၅-၁၈)
စာစဥ္ ၄၅ (၁၉-၂၅)
စာစဥ္ ၄၆ (၁-၁၄)
စာစဥ္ ၄၆ (၁၅-၂၅)
စာစဥ္ ၄၇ (၁-၁၀)
စာစဥ္ ၄၇ (၁၁-၂၀)
စာစဥ္ ၄၇ (၂၁-၂၄)
စာစဥ္ ၄၈ (၁-၁၄)
စာစဥ္ ၄၈ (၁၅-၂၅)
စာစဥ္ ၄၉ (၁ - ၁၆)
စာစဥ္ ၄၉ (၁၇-၂၅)
စာစဥ္ ၅၀ (၁-၁၄)
စာစဥ္ ၅၀ (၁၅-၂၆)
စာစဥ္ ၅၁ (၁-၁၄)
စာစဥ္ ၅၁ (၁၅ - ၃၀)
စာစဥ္ ၅၂ (၁ - ၁၆ )
စာစဥ္ ၅၂ ( ၁၇ - ၂၅ )
စာစဥ္ ၅၃ ( ၁ - ၈ )
စာစဥ္ ၅၃ ( ၉ - ၁၆ )
စာစဥ္ ၅၃ ( ၁၇ - ၂၅ )
စာစဥ် ၅၄ (၁ - ၈)
စာစဥ် ၅၄ (၉-၁၆)
စာစဥ် ၅၄ (၁၇-၂၅)
စာစဥ် ၅၅ (၁-၈)
စာစဥ် ၅၅ (၉-၁၆)
စာစဥ် ၅၅ (၁၇ - ၂၅ )
စာစဥ် ၅၆ (၁-၈)
စာစဥ် ၅၆ (၉-၁၆)
စာစဥ် ၅၆ (၁၇ - ၂၅)
စာစဥ် ၅၇ (၁-၈)
စာစဥ် ၅၇ (၉-၁၆)
စာစဥ် ၅၇ (၁၇-၂၅)
စာစဥ် ၅၈ (၁-၈)
စာစဥ် ၅၈ (၉-၁၆)
စာစဥ် ၅၈ (၁၇-၂၅)
စာစဥ္ ၅၉ (၁ - ၈)
စာစဥ္ ၅၉ (၉-၁၆)
စာစဥ္ ၅၉ (၁၇-၂၅)
စာစဥ္ ၆၀ (၁-၁၂)
စာစဥ္ ၆၀ (၁၃-၂၅)
စာစဥ္ ၆၁ (၁-၁၂)
စာစဥ္ ၆၁ (၁၃-၂၅)
စာစဥ္ ၆၂ (၁-၁၂)
စာစဥ္ ၆၂ (၁၃-၂၅)
စာစဥ္ ၆၃ (၁-၁၀)
စာစဥ္ ၆၃ (၁၁-၂၀)
စာစဥ္ ၆၃ (၂၁-၃၀)
စာစဥ္ ၆၄ (၁-၁၂)
စာစဥ္ ၆၄ (၁၃-၂၆)
စာစဥ္ ၆၅ (၁-၈)
စာစဥ္ ၆၅ (၉-၁၆)
စာစဥ္ ၆၅ (၁၇-၂၆)

စာစဥ္ ၂၉ ( ၁၃ - ၁၈ )

8.4K 917 16
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :   29
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၂၉၊ အခန္း ၁၃။ သူ့ကုိယ္သူ ဘာထင္ေနတာလဲ

ၾကယ္ပြင့္မ်ားအင္တာတိန္းမန့္တြင္၊ လူတုိင္းသည္ ေဟာက်ြင္းခ်န္နား ၀ိုင္းအံုေနၾကလ်က္ ဂုဏ္ၿပဳစကား ဆိုေနၾက၏ ။

“စတုိင္လစ္ေခါင္းေဆာင္ ေဟာ၊ ဂုဏ္ယူပါတယ္ဗ်ာ”

“တကယ့္ကို အစြမ္းအစဆုိတာက သက္ေသၿပစရာကို မလုိတာပါဗ်ာ။ အဲ့ဒီဘာမဟုတ္တဲ့ မေလာက္ေလးမေလာက္စားေတာသားေတြကမ်ား ဖက္ရွင္အေၾကာင္းကို ဂဃနဏမသိဘဲ က်ြန္ေတာ္တုိ့ရဲ့ေဘာ့စ္က သူဖန္တီးထားတာေတြကို ခုိးယူထားတာပါေလး ဘာေလးနဲ့ဗ်ာ”

“ဟုတ္ပရွင္။ ပန္းပြင့္တရားရုပ္ရွင္ဆုက ဘယ္ေလာက္ေတာင္ အၿပိဳင္အဆုိင္ မ်ားလုိက္သလဲလုိ့ ။ အင္ပါယာစကုိင္းက ေခ်ဇယ္ ေတာင္မွ ဆုရစာရင္းထဲ ပါမလာဘူး”

ေဟာက်ြင္းခ်န္ ပါ၀င္ခဲ့သည့္ေရွးေခတ္သုိင္းကားသည္ ပန္းပြင့္တစ္ရာဆုတြင္ ဇကာတင္ထဲပါ၀င္ခဲ့ပါ၏ ။ ဇာတ္လမ္းသည္ စာရင္းထဲ၀င္ရံုသာ၀င္ခဲ့ၿပီး သူသည္ ဆုမရရွိခဲ့ေသာ္လည္း ဇကာတင္ထဲ ၀င္လာၾကသူမ်ားမွာ ထိပ္တန္းပညာရွင္တုိ့သာလ်ွင္ ၿဖစ္ၾကသည္မုိ့ ဤသည္ကပင္ ၿပည္တြင္းရုပ္ရွင္ေလာကထဲက တန္ဖိုးအရွိေနဆံုးေသာဆု ၿဖစ္ေန၏ ။

ပန္းပြင့္တစ္ရာဆုအတြက္ ဇကာတင္ထဲ၀င္သြားခဲ့သည့္ ဤသိုင္းဇာတ္လမ္းမွာ ရီမူဖန္ မထြက္သြားခင္ လႊဲေပးထားခဲ့ၿခင္းၿဖစ္သည္ ။ ထိုအရာတုိ့ ၿဖစ္ပ်က္ သြားခဲ့ၿပီးသည့္ေနာက္ သူ၏အလုပ္တန္းလန္းကုိ လက္စၿဖတ္ရရံုသာ က်န္ေတာ့၏ ။ ပထမေတာ့ ေဟာက်ြင္းခ်န္သည္ ရီမူဖန္အား ၿပန္လာၿပီး အလုပ္လုပ္ေပးဖုိ့ ၾကိဳးစားၿပီးေၿဖာင္းဖ်ခဲ့ပါ၏ ။ သု့ိေသာ္၊ ထုိအမိႈက္ထုပ္သည္ ဘယ္ဟာက သူ့အတြက္ ေကာင္းတယ္ဆိုတာကုိ မသိတတ္လိမ့္မည္ကို ဘယ္သူ ေမ်ွာ္လင့္မိပါလိမ့္မည္နည္း ။ သူ့ေၾကာင့္၊ ေဟာက်ြင္းခ်န္သည္ ဒီဇိုင္းကို လတ္စသတ္ဖုိ့ရာ အတြက္ ေနာက္ဆံုးအခ်ိန္မွာ အလုအယက္ အဖြဲ ့တစ္ဖြဲ ့
ဖြဲ ့ခဲ့ရ၏ ။

ကံေကာင္းေထာက္မစြာၿဖင့္၊ ဒီနွစ္နွစ္အတြင္းမွာ
သူ လုပ္ခဲ့ရသမ်ွအရာ အားလံုးမွာ ဖက္ရွင္ေလာကထဲ ေၿခကုတ္ရသြားခဲ့ေလၿပီ ။ သူ၏အရင့္အရင္က ေအာင္ၿမင္မႈတုိ့အေပၚ မွီခုိေနစရာပင္ မလုိေတာ့ေခ် ။

“အင္း၊ ‘ၾကြယ္၀ခ်မ္းသာေသာနို္င္ငံေတာ္’  ရုတ္တရက္ၾကီး ေပၚလာတာ နွေမ်ာစရာေကာင္းသြားတယ္။ မဟုတ္လုိ့ကေတာ့၊ ဆုက ေသခ်ာေပါက္ က်ြန္ေတာ္တုိ့ရဲ ့စတိုင္လစ္ေခါင္းေဆာင္ ေဟာ ဆီ တန္းတန္းၾကီး ေရာက္လာမွာ”

လူတစ္ေယာက္သည္ လူအုပ္ထဲကေန ေၾကကြဲစြာၿဖင့္ တုိးတုိးေၿပာလာ၏ ။

သို့ုေသာ္လည္း၊ ေနာက္ထပ္တစ္ေယာက္သည္ ခ်က္ခ်င္းဆုိသလုိပင္ ေဟာက်ြင္းခ်န္ဆီ သြားၿပီး အသားကုန္ပင့္တင္ေတာ့သည္ ။
“ ‘ခ်မ္းသာၾကြယ္၀ေသာ နုိင္ငံေတာ္’ က ကမာၻရဲ ့ပင္မထုတ္လုပ္ေရးၾကီး ၿဖစ္ေနတာက သိပ္ဆုိးသြားတာပါဗ်ာ။ က်ြန္ေတာ္တုိ့အေနနဲ့ သူတုိ့ရဲ့ေငြအား၊ လူအင္အားအတုိင္း လုိက္မသံုးနုိင္လုိ့ပါ။ ၿပီးေတာ့လည္း၊ ဆုရသြားခဲ့တဲ့ အဲ့ဒီ ဒီဇုိင္နာကုိ ဒက္ဇလင္းက ငွားထားတာတဲ့ ။
သူ့ဆီမွာ အဆက္အသြယ္ေတြ ရွိထားမွာ က်ိန္းေသတယ္။
သူ ဆုရတယ္ဆိုတာက ေမ်ွာ္လင့္ထားမိပါတယ္ဗ်ာ။ ဒါေပမယ့္ က်ြန္ေတာ္တုိ့ရဲ့ စတိုင္လစ္ေခါင္းေဆာင္ ေဟာ ကေတာ့ ကိုယ္ထူကုိယ္ထၾကိဳးစားလာခဲ့တဲ့သူေလ - ေခါင္းေဆာင္ကမွ ေဖာ္ၿပလုိ့ မရနုိင္တဲ့ တကယ့္ ဆုရသူစစ္စစ္ပဲ”

“ဟုတ္တယ္၊ ဟုတ္တယ္။ က်ြန္မ ၾကားမိတာေတာ့ ဒီတစ္ေခါက္ ဂရန္းဖက္ရွင္အခမ္းအနားကို တက္ေပးဖုိ့ စတုိင္လစ္ေခါင္းေဆာင္ေဟာ ကို ဖက္ရွင္အစည္းအရံုး ရဲ့ဥကၠဌ၊ မူ၀မ္ခ်င္းကိုယ္တုိင္ ဖိတ္ခဲ့တာဆုိ။ အရင္တုန္းကလည္း သတင္းေထာက္ေတြရဲ့အေရွ့မွာ စတုိင္လစ္ ေခါင္းေဆာင္ ေဟာ ရဲ့လက္ရာေတြကို ခ်ီးက်ဴးေၿပာခဲ့ေသးတယ္”

သူ့အား ေခ်မြပစ္ခ့ဲပါသည့္ “ခ်မ္းသာၾကြယ္၀ေသာ နုိင္ငံေတာ္” သုိင္းဇာတ္လမ္းတြဲအေၾကာင္း အစေဖာ္လာၾက ခ်ိန္တြင္
ေဟာက်ြင္းခ်န္၊ စိတ္မသက္မသာၿဖစ္ခဲ့ရ၏ ။ သု့ိေသာ္၊
ဒီလုိမ်ိဳး ယွဥ္ၿပိဳင္ဘက္တစ္ေယာက္ ကို ရႈံးနိမ့္ရၿခင္းကား သူ့အဖို့ အရွက္ရစရာမရွိေန ။ တကယ္ေတာ့ ဂုဏ္ယူစရာပင္ ၿဖစ္ေနေသး၏ ။

သူ့ပတ္ပတ္လည္က ခ်ီးက်ဴးပင့္မ စကားတုိ့ကို ၾကားေနရသည့္အခါ၊ ေဟာက်ြင္းခ်န္၊ အားရေက်နပ္စြာ ၿပန္ေၿဖလာေတာ့သည္ ။
“က်ြန္ေတာ္ ဥကၠဌ မူ ရဲ့ မ်က္နွာသာေပးခံရတာက ကံေကာင္းသြားရံု သက္သက္ပါဗ်ာ”

လူတုိင္း၊ ၿမန္ၿမန္ဆန္ဆန္ပင္ သူ့ဆီက မ်က္နွာသာရဖုိ့ ထပ္ၾကိဳးစားလာၾကၿပီ။
“စတုိင္လစ္ေခါင္းေဆာင္ ေဟာ က အရမ္းကို နွိမ့္ခ်လြန္းေနပါၿပီ။ ဒီနွစ္နွစ္အတြင္းမွာ ေခါင္းေဆာင္က ဆုေတြအမ်ားၾကီး ရထားခဲ့ၿပီးေတာ့ ကုမၸဏီအတြက္ ဒီေလာက္သရုပ္ေဆာင္ေတြအမ်ားၾကီးကို ပ်ိဳးေထာင္ေပး ခဲ့တဲ့ဟာ - ဘယ္လုိလုပ္ၿပီးေတာ့ ကံေကာင္းရံုုသက္သက္ပဲ ၿဖစ္မွာလဲ ။ ေခါင္းေဆာင္ ဒီေန့ ဒီေနရာကို ေရာက္လာရတာ က ေခါင္းေဆာင္ရဲ့ အရည္အခ်င္းနဲ့ ၾကံ့ခုိင္မႈေၾကာင့္ပါရွင္”

ေဟာက်ြင္းခ်န္သည္ လူတုိင္းထံမွခ်ီးက်ဴးစကားတုိ့ကို သိမ္းက်ံဳးယူၿပီးသည့္ ေနာက္၊ လံုး၀အတိ စိတ္ေပ်ာ္ရႊင္အားရလ်က္ ရွန္းမန္ခ်ီအား သြားၾကိဳေတာ့၏။

ကားထဲတြင္၊ ဒီဇုိင္နာဘရန္းတုိ့ကို ၀တ္ဆင္ထားသည့္ ေဟာက်ြင္းခ်န္၊ ေအာင္ၿမင္မႈေၾကာင့္ ေၿမာက္ၾကြေၿမာက္ၾကြၿဖစ္လုိ့ေနလ်က္ ။
“မန္ခ်ီ၊ ဘယ္လုိထင္လဲ။ ဘာၿပသနာမွ ရွိမွာမဟုတ္ဘူးလုိ့
ကိုယ္ ေၿပာသားပဲ။ အဲ့ေကာင္က သူ့ကုိယ္သူ ဘ၀င္ေလဟပ္ ေနတာ ။ သူကမ်ား အစားထုိးလုိ့မရတဲ့သူလုိ့ ထင္ေနေသး တယ္ ၊ အဟတ္”

ရွန္းမန္ခ်ီ၏မ်က္နွာမွာ အမ်ားၾကီးႏူးညံ့ေပ်ာ့ေပ်ာင္း
လာခဲ့ေသာ္လည္း၊ သူမသည္ စိတ္မေပ်ာ္ရႊင္နုိင္ဆဲ၊ မႈန္ကုတ္ေနဆဲပင္ ။
“ေနာက္လအတြက္ က်ြန္မရဲ့ နုိင္ငံတကာဖက္ရွင္အပတ္စဥ္
၀တ္စံုကေရာ ဘယ္လုိလဲ။ က်ြန္မ ရွင့္ကုိ စိတ္ခ်လုိ့ရမွာလား”

ေဟာက်ြင္းခ်န္၏မ်က္လံုးတုိ့ ၀င္းပသြားသည္။
“ကိုယ္ စဥ္းစားၿပီးသြားပါၿပီကြာ ။ ဒီည ဂရန္းဖက္ရွင္ အခမ္းအနားမွာ အသစ္ခန့္အပ္ခံလုိက္ရတဲ့ ဒုဥကၠဌ ဖီးလစ္လည္းပဲ ေရာက္လာလိမ့္မယ္။ ကုိယ္တုိ့ သူ့ကုိ လက္ေဆာင္နည္းနည္းေလာက္ေပးၿပီး စကားစၿမည္ ေၿပာၾကရင္းနဲ့ မင္းအတြက္ ဒီဇိုင္းဖန္တီးေပးဖုိ့ ငွားၾကည့္ၾကမယ္”

ရွန္းမန္ခ်ီ၊ သူ့အား စိတ္ရႈပ္စြာၿဖင့္ မ်က္လံုးလွန္ၾကည့္လာသည္ ။
“သူက ကမာၻရဲ့ေရႊတံဆိပ္ဆုရ စတုိင္လစ္တစ္ေယာက္၊
မူ၀မ္ခ်င္းရဲ့ ဧည့္သည္၊ ဖက္ရွင္အစည္းအရံုးၾကီးရဲ့ ဒုဥကၠဌ -
က်ြန္မအတြက္ သူ့ကုိ ငွားဖုိ့ အဲ့ေလာက္လြယ္ကူမွာတဲ့လား၊ ဟမ္”

                       💖💖💖💖💖💖💖

စာစဥ္ ၂၉၊ အခန္း ၁၄။ သူ့ကုိ ငွားရမယ္

အသက္တက္လာသည့္ ေရႊတံဆိပ္ဆုရွင္ စတိုင္လစ္၊
နတ္ဘုရား ဖီးလစ္မွာ ကံေကာင္းလြန္းပံုမရေခ် ။

ရီမူဖန္သည္ တုိက္ခန္းကေန ထြက္လာခ်ိန္တြင္ အၿပတ္ရႊိဳင္းထားၿပီး ေတာက္ပခန့္ညားလုိ့ေန၏ ။ သူ၏ဆံပင္တုိ့အား အလြန္တရာပင္ သပ္သပ္ရပ္ရပ္ ္ၿဖီးသထားသည္ ။ ေပ်ာ္ရႊင္မႈတုိ့ ၿဖာထြက္ေနလ်က္၊ ဂရန္းဖက္ရွင္အခမ္းအနားသို့ သူ၏အနီေရာင္ Pagani ၿပိဳင္ကားကုိ ေမာင္းခ်သြားေလသည္ ။

အခမ္းအနားသည္ ေပက်င္း၏ၿမိဳ ့စြန္က အထက္တန္းစား စံအိမ္ၾကီးတစ္ခုတြင္ က်င္းပၿခင္းၿဖစ္၏ ။

ၿပီးခဲ့တဲ့ရက္အနည္းငယ္တြင္ မုိးေတာက္ေလ်ွာက္ရြာေနၿပီး
ရာသီဥတု သိပ္မသာယာေသာ္ၿငား သူ၏ရႊင္ၿမဴးေနသည့္စိတ္ ကုိ လံုး၀ ဖ်က္ဆီးပစ္နုိင္ပံုမရ ။

ကားၿပတင္းေပါက္ကုိ တစ္၀က္ဖြင့္ခ်ထားၿပီး ေလရူးတုိ့မွာ သူ့မ်က္နွာအား တသုန္သုန္တုိက္ခတ္လုိ့ေနသည္ ။
သုိ့တုိင္၊ သူကား လံုး၀အတိ စိတ္လက္ ေပါ့ပါးကာ ရႊင္လန္းတက္ၾကြေနဆဲ ။ လမ္းမေပၚတြင္ လူအမ်ားၾကီး မရွိၾက သည္မုိ့ ရီမူဖန္၊ အရွိန္ၿမွင့္တင္လုိက္ေတာ့၏ ။

သုိ့ေသာ္၊ လမ္းတစ္၀က္အေရာက္တြင္ အၿပာေရာင္ကားေလးတစ္စီးသည္ ကာဆီးကာဆီးနွင့္ သူ့အေရွ့တြင္ ယုိင္ထိုးယုိင္နဲ့ ၿဖတ္၀င္ခ်လာေလသည္  ။

*ေဘာပဲ* ရီမူဖန္၊ ဘရိတ္ကို နင္းခ်ပစ္လုိက္ေတာ့ၿပီး
ထုိကားကို ေရွာင္ကြင္းဖုိ့ရာ ၀ုိက္ေမာင္းလုိက္ေတာ့၏ ။

သူ ေမာင္းေနသည့္အရွိန္မွာ ၿမန္ဆန္လြန္းလွသည္မို့
အနီေရာင္ Pagani ကားသည္ Buick ကားအား ေက်ာ္တက္နုိင္ရံုရွိေသး၊ အနီးနားက သစ္ပင္ၾကီးတစ္ပင္ကို ၀င္က်ံဳးမိၿပီး ေနာက္ဆံုးတြင္ ကားရပ္သြားေတာ့၏။

ေက်းဇူးတင္စရာေကာင္းစြာၿဖင့္၊ သူ ကားကို ေရွာင္လုိက္နုိင္ၿပီး ဘာၾကီးၾကီးမားမားမွ မၿဖစ္ပ်က္ခဲ့ ။

အခုနက မိုးတေၿဗာင္းေၿဗာင္းရြာခ်ထားခဲ့သည္မုိ့ သစ္ပင္ၾကီးနားတြင္ ဗြက္အုိင္ထလို့ေနေလသည္ ။ ရီမူဖန္၊ ေနာက္ဆံုးတြင္ သူ့ကားထဲမွ ထြက္လာသည့္အခ်ိန္၊ သူ၏ပံုပန္းသြင္ၿပင္တစ္ခုလံုးမွာ ပ်က္စီးၿခင္းအတိ။

သူ ့ရဲ့ဆံပင္တုိ့မွာ ဖရုိဖရဲ၊ သူ ့ခႏၶာကုိယ္မွာ ရႊံ ့အလူးလူး၊
သူ၏ Pagani ကားေခါင္းမွာ အခြက္ၾကီးခြက္လုိ့ သြား၏ ။

“ေသာက္က်ိဳးနဲ…”

ငါေတာ့ ေသၿပီ ။

ဟင္းအုိးထဲ ပုရြက္ဆိတ္တစ္ေကာင္ ေရာက္ေနသလုိ၊
ရီမူဖန္၊ ေနမထိထိုင္မသာ ၿဖစ္လုိ့ေနလ်က္၊ ေခါင္းကို တဗ်င္းဗ်င္း ကုတ္လုိက္မိေတာ့၏ ။ သူ၏ပထမဆံုးေသာ တံု့ၿပန္မႈသည္ကား ။

ငါေတာ့ ေသၿပီ။ ငါေတာ့ ေသၿပီ။ ငါ တုိက္ခန္းက ထြက္မလာခင္ ကားကုိ ေၿဖးေၿဖးေမာင္းဖုိ့ ၀မ္၀မ္ ငါ့ကို အတန္တန္မွာထားခဲ့တယ္။ အခုေတာ့ ၊ ကားကုိ က်ံဳးပစ္မိသြားၿပီ ။

ဒါကို ၀မ္၀မ္သာ သိသြားလုိ့ကေတာ့ ငါ့ကို အရွင္လတ္လတ္ အေရခြံႏႊာေတာ့မွာပဲ ။

“ေသာက္က်ိဳးနဲ၊ ေဟ်ာင့္၊ မင္း ကားမေမာင္းတတ္ဘူး လားကြ”

အၿပာေရာင္ကားထဲက ကားေမာင္းသူသည္ ကားထဲကေန ဆင္းလာၿပီး ခ်က္ခ်င္းပင္ ရီမူဖန္အား စတင္ေငါက္ငမ္းေတ့ာ ့၏ ။

ရီမူဖန္၊ ေၾကာင္အသြားရသည္ ။
ဟမ္၊ သူကမွ လမ္းစည္းကမ္းေဖာက္တဲ့သူၾကီးပါ၊ ဟုတ္ပီလား။
“သူခုိးက လူၿပန္ဟစ္” လုိ့ ေၿပာၾကတာကုိ အခုမွပဲ နားလည္ေတာ့တယ္။

တဖက္လူထံတြင္ အရက္နံ ့တုိ့သည္ကား တေထာင္းေထာင္း။
အရက္မူးရင္း ကားေမာင္းေနၿခင္းမွာ သိသာလွ၏ ။

ေကာင္းကြာ၊ ငါ ခု ရဲပဲေခၚလုိက္ေတာ့မယ္။ အမူးသမားနဲ့ ဖက္ၿပိဳင္ေၿပာေနလုိ့လည္း ဘာမွအေၾကာင္းမထူးဘူး ။

ရီမူဖန္အဖို့ ဂရန္းဖက္ရွင္အခမ္းအနားသို့ အၿမန္သြားဖုိ့ လုိေနသည္မုိ့ ရဲကို တုိက္ရုိက္သာဖုန္းေခၚလုိက္ေတာ့ၿပီး ဒီကိုလာေၿဖရွင္းေပးဖုိ့အတြက္ သူ၏လက္ေထာက္ကို ဖုန္းေခၚလုိက္၏ ။

တစ္ခ်ိန္တည္းမွာပင္၊ ေဟာက်ြင္းခ်န္နွင့္ရွန္းမန္ခ်ီတုိ့သည္ ဂရန္းဖက္ရွင္အခမ္းအနား၀င္ေပါက္သို့ ေရာက္ရွိလာၾကၿပီ ။

သူတုိ့နွစ္ဦးသား၊ ေရႊေရာင္နွင့္ဒီဇိုင္းေဖာ္ထားသည့္ သတၱဳၿပားဖိတ္ၾကားလႊာ ကုိ အပ္လုိက္ၿပီး ၀င္သြားၾက၏ ။

ခန္းမၾကီးသည္ ေမႊးပ်ံ ့သည့္၀တ္စံုမ်ား၊ ခန့္ထည္၀ါသည့္ဆံပင္ဒီဇုိ္င္းတုိ့ၿဖင့္ ၿပည့္လ်ွမ္းေန၏ ။ ထုိေနရာမွာေရာက္ေနၾကသည့္လူတုိင္းသည္ ဖက္ရွင္ ေလာကတြင္ နာမည္ၾကီးၾကသူမ်ား၊ နာမည္ေက်ာ္အနုပညာရွင္မ်ား ၿဖစ္ၾကေလသည္ ။

သူတုိ့နွစ္ဦးသား ၀င္သြားၾကသည္နွင့္ လူတစ္ေယာက္စနွစ္ေယာက္စသည္ သူတု့ိအား လာေရာက္ႏႈတ္ခြန္းဆက္သၾက၏ ။

“စတုိင္လစ္ေခါင္းေဆာင္ ေဟာ၊ ဇကာတင္ထဲ ပါသြားတာ ဂုဏ္ယူူပါတယ္ရွင္”

ေဟာက်ြင္းခ်န္၊ ေက်းဇူးတင္စြာၿဖင့္ သူ့လက္နွစ္ဖက္ကို ယွက္လုိက္ၿပီး ။
“ေက်းဇူးတင္ပါတယ္၊ ေက်းဇူးတင္ပါတယ္”

ႏႈတ္ခြန္းဆက္ၿခင္း ၿပီးသြားသည့္ေနာက္၊ ရွန္းမန္ခ်ီ၊
စိုးရိမ္စြာၿဖင့္ လူအုပ္ၾကီးအား ေ၀့၀ိုက္ၾကည့္လုိက္၏ ။
“ရွင္ ေၿပာတဲ့ ဖီးလစ္က ေရာက္ေနၿပီလား”

ေဟာက်ြင္းခ်န္ ။ “မေရာက္ေသးသလုိပဲ…”

“ေဟာက်ြင္းခ်န္၊ က်ြန္မကို အေၿဖတစ္ခု တိတိက်က် ေပးစမ္းပါ - အဲ့ဒီလူကို ရွင္ ငွားနုိင္မွာ က်ိန္းေသလား”
ရွန္းမန္ခ်ီ၊ စိုးရိမ္ေၾကာင့္ၾကစြာၿဖင့္ ေနာက္တစ္ခါေမးလုိက္၏ ။

ေဟာက်ြင္းခ်န္၊ မေသခ်ာသည္မုိ့ ၿပန္ေၿဖလာသည္မွာ
တြန္ ့ဆုတ္တြန္ ့ဆုတ္။
“မန္ခ်ီ၊ မင္း ဖီးလစ္ကို ငွားရမွကို ၿဖစ္မွာလား”

ရွန္းမန္ခ်ီ၊ သူ့အား ေစြၾကည့္လာသည္ ။
“ငွားမွၿဖစ္မွာေပါ့ ။ ဒါက က်ြန္မရဲ့ ပထမဆံုး နုိင္ငံတကာပြဲ ။
နည္းနည္းေလးမွ အတိမ္းေစာင္းခံလုိ့မရဘူး”

ဒီေနာက္ပိုင္းတြင္ သူမ၏စတုိင္တုိ့မွာ ဆုိးရြားလာေနခဲ့ၿပီး သူမ၏ဖက္ရွင္ဂုရုဆိုသည့္ဘြဲ ့မွာ ေရတိမ္နစ္လာေခ်ၿပီ။

သူမ ဘယ္လုိလုပ္ စိတ္မပူပဲ ေနနုိင္မွာလဲ ။

ဘယ္ေလာက္ပဲ ေစ်းေပးရပါေစ၊
သူမအေနၿဖင့္ သူ့အား ငွားရမ္းရမည္ပင္ ။

ေဟာက်ြင္းခ်န္သာ ပိုၿပီးေတာ့ စိတ္ခ်ရမယ္ဆုိရင္
သူမ ဒီေလာက္ထိ အားထုတ္ေနစရာမလုိဘူး၊ ဟမ့္ ။

ရီမူဖန္အတြက္ကေတာ့ သူက ပိုေတာင္မွ သံုးစားမရေသး တယ္။ အခုခ်ိန္ဆို တစ္ေခ်ာင္ေခ်ာင္မွာ သြားသေ၀ထိုးေန ေလာက္ၿပီ ။

                     💖💖💖💖💖💖💖💖

💖စာစဥ္ ၆ ခုစာ ၀ယ္ယူ႐ံု ( ဖုန္းေဘ ၃၀၀၀ တန္ တစ္ကတ္ထဲ ) နဲ႔
စာစဥ္ ၁၁ ခုစာ ( စာစဥ္ ၅ ခု အခမဲ့ ) ရမယ့္ အခြင့္အေရးေလးျဖစ္တဲ့ ပ႐ိုမိုးရွင္းအစီအစဥ္ေလးကိုလည္း ၀င္လို႔ရပါၿပီ ။

စာစဥ္ ၂၉၊ အခန္း ၁၅။ ကံေပၚမွာ မူတည္တယ္

ေဟာက်ြင္းခ်န္၊ အက်ပ္ရုိက္လုိ့ေနေလၿပီ ။
“မန္ခ်ီ၊ မင္း အမ်ားၾကီးေမ်ွာ္လင့္မထားတာေကာင္းမယ္။ ဒီအသစ္တက္လာတဲ့ ဒုဥကၠဌရဲ့ စရုိက္က ဆန္းၾကယ္တယ္ - သူက ဒက္ဇလင္းမီဒီယာက သရုပ္ေဆာင္ေတြကုိ စတုိင္သေပးတဲ့ေနရာမွာ တစ္ၿပားမွမယူေပမယ့္ ဒက္ဇလင္းမီဒီယာက မဟုတ္တဲ့သူေတြဆုိရင္ ကမာၻကလူေတြအပါအ၀င္၊ အားလံုးက သူ ့စိတ္ေပၚမူတည္ တယ္ ။ သူ စိတ္မၾကည့္ရင္ ေစ်းကို ဟုိးအၿမင့္ၾကီးထိ ေတာင္းပစ္တာတဲ့”

“အဲ့ဒါေတာင္မွ သူ့ကုိ တန္းစီေစာင့္ေနၾကတဲ့သူေတြက ဒုနဲ့ေဒးပဲ။ သူက ဆက္ဆံရအရမ္းၾကီးခက္လြန္းတယ္။ ဖက္ရွင္အစည္းအရံုးက ဒါရုိက္တာ က်န္း ကုိ ကိုယ္ သိတယ္။ ကုိယ္တုိ့ကို သူနဲ့ ခ်ိတ္ေပးဖို့ သူ့ကုိ ေၿပာၾကည့္ ၾကတာေပါ့။ ဒါေပမယ့္ သူ ့ကို ငွားနုိင္မနုိင္ ဆုိတာကေတာ့ ကံေပၚမူတည္…”

ရွန္းမန္ခ်ီ၊ မ်က္ေမွာင္တို့ တြန္ ့ခ်ိဳးလာေတာ့သည္ ။
“သူက စတုိင္လစ္တစ္ေယာက္ပဲဟာ - အဲ့ေလာက္ထိ ေထာင္လႊားေနစရာ လိုလို့လား…”

ၾကယ္ပြင့္မ်ားမွာ စတုိင္လစ္တစ္ေယာက္သည္ သူမေၿပာတာကို ၾကားလုိက္သည္နွင့္  ၿမန္ၿမန္၀င္ေၿပာလာေတာ့သည္ ။
“သခင္မေလး၊ စတုိင္လစ္တစ္ေယာက္ရဲ့အေရးပါမႈကို အထင္မေသး လုိက္နဲ့။ အနုပညာေလာကထဲမွာ သရုပ္ေဆာင္တစ္ေယာက္ရဲ့ စတုိင္နဲ့ အသြင္အၿပင္က သူတုိ့အတြက္ေတာ့ ေသေရာရွင္ေရာပဲ။ ဒီေလာကထဲမွာ စတုိင္လစ္ေကာင္းေကာင္းတစ္ေယာက္ ရွာေတြ ့ဖုိ့က သိပ္ခက္တာဗ်။ အပုပ္အသိုးေတြကို အဆန္းတၾကယ္ ၿဖစ္သြားေအာင္ ေမွာ္ဆန္ဆန္ ေၿပာငး္လဲပစ္နုိင္တဲ့ ဖီးလစ္လုိပညာရွင္ဆုိရင္ေတာ့ ပုိဆုိးပဲ။
သူက အခု အရမ္းေဟာ့ေနတာ - စူပါးစတားေတြနဲ့
A စာရင္း၀င္ ေတြေတာင္မွ သူ့ေရွ့ေရာက္ရင္ ရိုရုိက်ဳိးက်ိဳး ေနရတယ္ခင္ဗ်”

ေဟာက်ြင္းခ်န္၊ သေဘာတူစြာ ေခါင္းတညိမ့္ညိမ့္လုပ္လာ သည္ ။
“ဟုတ္တယ္၊ အဲ့လုိ ကြက္တိပဲ…”

ဒီအခုိက္၊ အနီးနားတြင္ အသံတုိ့ညံလာေခ်သည္ ။
ဖက္ရွင္အစည္းအရံုးမွ ဒါရုိက္တာ က်န္း ေရာက္လာၿခင္းပင္ ။

“မန္ခ်ီ၊ ဒါရုိက္တာ က်န္း ေရာက္လာၿပီ ။ ၿမန္ၿမန္ေလး”

ေဟာက်ြင္းခ်န္၊ အၾကာၾကီးၾကာေအာင္ ေစာင့္ေနလုိက္ၿပီး၊ ေနာက္ဆံုးတြင္မွ လူအုပ္ထဲ တုိး၀င္ကာ ရွန္းမန္ခ်ီအား သူနွင့္ မိတ္ဆက္ေပးလုိက္သည္ ။

“ဒါရုိက္တာ က်န္း၊ မဂၤလာပါ၊ မဂၤလာပါ။
က်ြန္ေတာ္က ၾကယ္ပြင့္မ်ားအင္တာတိန္းမန့္က ေဟာက်ြင္းခ်န္ပါ။ က်ြန္ေတာ္တုိ့ အရင္က ေတြ ့ဖူး တယ္ေလ”

ဒါရုိက္တာ က်န္းသည္ ေခါင္းအသာအယာ ညိတ္ၿပလာကာ၊ လက္တစ္ဖက္ၿဖင့္ ဖန္ခြက္ကို ေၿမွာက္လုိက္ရင္း ။
“စတုိင္လစ္ေခါင္းေဆာင္ ေဟာ၊ ခင္ဗ်ား ဒီတစ္ေခါက္ ပန္းပြင့္တစ္ရာဆုထဲ ဇကာတင္၀င္ခ့ဲတာကို ဂုဏ္မၿပဳရ ေသးဘူး။ ခင္ဗ်ားရဲ့လက္ရာက ၿသခ်ရ ေလာက္ပါတယ္ဗ်ာ။ ဥကၠဌကိုယ္တုိင္ေတာင္မွ ခင္ဗ်ားရဲ့အနုပညာကို ခ်ီးက်ဴးေန တာဗ်”

“ေက်းဇူးပါ၊ ေက်းဇူးပါဗ်ာ၊ ဒါရုိက္တာ က်န္း။ ေက်းဇူးအရမ္းတင္ပါတယ္”
ေဟာက်ြင္းခ်န္၊ ၿပံဳးၿပံဳးၾကီး ၿပံဳးလုိ့ေနလ်က္၊ အၿပန္အလွန္အလာပသလာပ စကား ေၿပာၿပီးသြားမွ
အလုပ္ကိစၥဘက္ ေရႊ ့သြားေတာ့သည္ ။
“ဒါရိုက္တာ က်န္း…ဒုဥကၠဌက ဒီမွာ ေရာက္ေနၿပီလား မသိဘူး။ က်ြန္ေတာ္ ဒါရိုက္တာကို အရင္က ေၿပာခဲ့ဖူးတာ ေလ - ဘယ္လုိထင္လဲ ။ သူ့ကို က်ြန္ေတာ္နဲ့ မိတ္ဆက္ေပး လုိ့ရမလား”

ဒါရုိက္တာ က်န္း၊ ေခါင္းကို ခါယမ္းလာသည္ ။
“ဖီးလစ္ကို ေၿပာတာလား။ ေနာက္လမွာ ေလာ္ရိန္းမွာ လုပ္မယ့္ ဖက္စဥ္အပတ္စဥ္ဖြင့္ပြဲ ရွိလာမွာမုိ့ သူ့ကုိ ရွာေနၾကတာ လူတုိင္းလုိုလုိပဲဗ်ာ - ဒက္ဇလင္းမီဒီယာက သရုပ္ေဆာင္ဆုိရင္ေတာ့ လြယ္လိမ့္မယ္၊ ဒါေပမယ့္ တၿခားကုမၸဏီေတြကဆုိရင္ေတာ့…”

ဤသည္ကို လူတုိင္းပင္ သိထားၾကသလုိမ်ိဳး အမူအရာကို
ဒါရုိက္တာ က်န္း ေပးလာၿပီး ေဟာက်ြင္းခ်န္၏ပုခံုးအား ဖြဖြပုတ္ေပးလာေခ်ရင္း ။
“သူ့ကုိ ဒီည စကားအခြန္းနဲနဲေလာက္နဲ့ ဆြယ္နုိင္မလား ဆုိတာကေတာ့ ကံေပၚပဲမူတည္တယ္ဗ်ာ ။ အခ်ိန္ခနေတာ့ ေပးပါဦး”

ေဟာက်ြင္းခ်န္၊ ၿမန္ၿမန္ဆန္ဆန္ပင္ ေၿပာဆုိလုိက္သည္ ။
“ဟုတ္ကဲ့ ဟုတ္ကဲ့ ဟုတ္ကဲ့ပါ။ က်ြန္ေတာ္တုိ့ ေစာင့္ရတာကို ဘယ္လုိမွ သေဘာမထားပါဘူး။ ေနာက္ပုိင္းက် က်ြန္ေတ္ာတုိ့ေကာငး္တာေလးေတြ ထည့္ေၿပာေပးပါေနာ္…”

ဒါရုိက္တာ က်န္း၊ စကားေၿပာေတာ့မည္ရွိေသး။
သူ၏ဖုန္း ၿမည္လာကာ၊ သူသည္ အလြန္အမင္းပင္ ရုိက်ိဳးသြား
ေတာ့ၿပီး ေဘးသုိ့ဖယ္ကာ ၿမန္ၿမန္ဖုန္းကိုင္လိုက္ေတာ့၏ ။

“ဟယ္လုိ၊ ဒုဥကၠဌ ေရာက္လာၿပီလား ။ ဘာရယ္…ဘယ္လုိၿဖစ္တာလဲ ။ အရမ္းဆုိးလား….ဒုဥကၠဌ အဆင္ေၿပရ့ဲလား ။ အာ….ေကာင္းပါတယ္၊ ေကာင္းပါတယ္။ ဒုဥကၠဌ အဆင္ေၿပေနရင္ ရပါတယ္။ အ၀တ္အစားေတြက ၿပသနာမဟုတ္ပါဘူးဗ်ာ။ က်ြန္ေတာ္ကိုယ္တုိင္ ၿပင္ေပးပါ့မယ္…ရတာေပါ့ ရတာေပါ့ ရတာေပါ့…”

ဖုန္းေၿပာၿပီးသြားသည္နွင့္ ခ်က္ခ်င္းပင္၊ ဒါရိုက္တာ က်န္းသည္ ေဟာက်ြင္းခ်န္နွင့္ တၿခားသူတုိ့ဘက္ လွည့္လာ၏ ။
“အားလံုးပဲ၊ က်ြန္ေတ္ာ အခုခ်က္ခ်င္း လုပ္စရာေလး ေပၚလာလုိ့ပါ။ က်ြန္ေတာ္ အရင္ သြားလုိက္ပါဦးမယ္”

“ရတာေပါ့၊ ရတာေပါ့ရွင္ ။ သြားလုပ္ပါ”
လူတုိင္း၊ သူ့အား လမ္းဖယ္ေပးလုိက္ၾက၏ ။

ဒါရုိက္တာ က်န္း ထြက္သြားသည္နွင့္ လူတိုင္းသည္
ကိုယ့္အဖြဲ ့နွင့္ကို္ယ္ အတင္းတုိ့ဆိုလာၾကေတာ့သည္ ။

“ဒါရိုက္တာ က်န္း ေစာနက ဖုန္းေၿပာတာ ဒုဥကၠဌ မလား။
တစ္ခုခုမ်ား ၿဖစ္လုိ့လား”

“ၾကည့္ရတာေတာ့ ဒီကိုလာတဲ့လမ္းမွာ တစ္ခုခုၿဖစ္ခဲ့ပံုပဲ…”

“ဒါနဲ့ စကားမစပ္၊ အဲ့ဒီ ဖီးလစ္က ဘယ္ကေန ေရာက္လာတာလဲ။ သူက အရမ္းေတာ္တဲ့ဟာကုိ ဘယ္လုိ့မ်ား ကုမၸဏီအၾကီးၾကီးထဲ မ၀င္ရတာလဲ။ ဘာလုိ့မ်ား ဒက္ဇလင္းလုိ အေသးအနုပ္ေလးမွာ ေက်ာက္ခ်ေနေနရတာ လဲ”

“သိပ္ေတာ့မသိဘူး။ သူ့ကုိ ဒက္ဇလင္းရဲ့ လူသစ္ငွားရမ္းေရး ဒါရုိက္တာက ေခၚထားတာတဲ့…ၿပီးေတာ့ ဒက္ဇလင္းက လည္း အခုေတာ္ေတာ္ၾကီးကုိ အေၿခအေနေကာင္းေနတယ္ ။ ၾကည့္ရသေလာက္ေတာ့ သူတို့က ေတာ္ေတာ္ေလးကို ဆန္းၾကယ္ပါတယ္ဟယ္”

                     💖💖💖💖💖💖💖💖

စာစဥ္ ၂၉၊ အခန္း ၁၆။ ေတာ္ေတ္ာေလး အဆင္ေၿပေနတာပဲ

လူအုပ္ၾကီးသည္ကား တတိတြတ္တြတ္ ေၿပာဆုိေနၾကသည္ ။ ဂရန္းဖက္ရွင္အခမ္းအနားသည္စတင္ေတာ့ေပမည္ ။
သို့ေသာ္၊ ဖီးလစ္ကား ေရာက္မလာေသး ။

ဒီညတြင္ လူအမ်ားၾကီး ေရာက္လာၾကရၿခင္းမွာ သူ့ေၾကာင့္ ၿဖစ္ၾက၏။ ဒီအခုိက္တြင္ လူတုိင္းမွာ သူ့ေရာက္လာဖုိ့ကို စုိးတထိတ္ထိတ္ၿဖင့္ ေစာင့္ေနၾကရၿပီဟု ေၿပာလုိ့ရနုိင္ေပ သည္ ။

ရွန္းမန္ခ်ီသည္ သရုပ္ေဆာင္အနည္းငယ္နွင့္ ဖက္ရွင္အေၾကာင္း၊ အလွအပတန္ဆာတုိ့အေၾကာင္း ေၿပာဆိုလုိ့ေနရင္း ပ်င္းေၾကာဆန့္ေနမိ၏ ။ ဒီအခ်ိန္၊ ေဟာက်ြင္းခ်န္သည္ စတုိင္လစ္အနည္းငယ္နွင့္ ကရားေရရြတ္ ေၿပာဆုိလုိ့ေန၏ ။

ဒီအခုိက္၊ ေဟာက်ြင္းခ်န္၏မ်က္နွာခ်င္းဆုိင္တြင္ မတ္တပ္ရပ္ေနပါသည့္ ဆံပင္နိမ့္နိမ့္စည္းထားသည့္ စတုိင္လစ္တစ္ေယာက္သည္ ရုတ္တရက္ၾကီး လွည့္လာကာ မႈန္သုန္ေနသည့္အမူအရာၿဖင့္ ေၿပာဆိုလာသည္။
“အမေလးေလး၊ ရွားေတာင့္ရွားခဲၿမင္ေနရတာပါလား။
ငါ ခုနက ဘယ္သူ ့ကို ၿမင္လုိက္တယ္ထင္လဲ”

“ဘယ္သူလဲ။ လာၿပီးေတာ့ တူူတူပုန္ုးတမ္းေဆ့ာမေနနဲ့။ ဖီးလစ္မလား”

“ဖြီ ။ ငါ့ရဲ့ဆြဲေဆာင္မႈရွိတဲ့မင္းသားေလးကုိ မေစာ္ကားစမး္ပါနဲ့ ဟယ္။ အင္ပါယာစကုိင္းအင္တာတိန္းမန့္ရဲ့အိမ္ေရွ့စံမငး္သား၊ ရီ မိသားစုရဲ့ အသံုးမက်တဲ့သခင္ငယ္ေလးဟဲ့”

“အင္ပါယာစကိုင္းရဲ့အိမ္ေရွ့စံ ။ နင္ ေၿပာေနတာ…ရီမူဖန္လား”

“သူ့အေဖလုပ္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ ရီမူဖန္ရဲ့မိသားစုတစ္ခုလံုး ေမာင္းထုတ္ခံထားရတယ္ မဟုတ္ဘူးလား။ ဒီလုိဂုဏ္သေရ ရွိတဲ့ ပြဲၾကီးေတြမွာ သူ ေပၚမလာတာ ေတာ္ေတာ္ေတာင္ၾကာ ေနေပါ့”

“ေအးေလဟာ…သူက ဒီမွာ ဘာလာလုပ္မွာလဲ။
နင္ မွားၿမင္တာမ်ားလား”

လူအုပ္ၾကီးသည္ အတင္းေၿပာဆုိေနၾကစဥ္ ဆံပင္ရွည္နွင့္ေယာက်ာ္း ေၿပာသည့္ဘက္ လွည့္ၾကည့္ကုန္ၾက သည္။ အၾကည့္တစ္ခ်က္ထဲနဲ့ပင္ သူသည္ ထုိဘာမဟုတ္တဲ့ သခင္ငယ္ေလးနဲ့ တကယ္ၾကီးတူေနေလ၏ ။

အတင္းအဖ်င္းစကားတုိ့ကို ၾကားလုိက္တာနဲ့ ေဟာက်ြငး္ခ်န္သည္လည္း လွည့္ၾကည့္လာေတာ့သည္ ။ ေမ်ွာ္လင့္ထားသည့္အတုိင္းပါပင္၊ လူအုပ္ၾကီးအား ကြင္းေရွာင္ကာ ခန္းမထဲသို့ ၀င္လာေနသူကား…ရီ.မူ.ဖန္ ။

“ဖလူူူးးးးး----သူက ဘာလုိ့ ဒီလုိပံုစံၾကီးနဲ့ ေရာက္လာရတာ လဲ။ ဒီအိမ္ေရွ့စံမင္းသားေလးက လံုး၀ကုိ အရွက္တရား မရွိေတာ့ဘူးလား”

လူတုိင္း သိထားၾကသည္ကား၊ အတိတ္တုန္းက ရီမူဖန္သည္ သူ ့ရဲ့၀တ္စားဆင္ယင္မႈအေပၚ ဘယ္ေလာက္ထိ ဂရုစိုက္တတ္ေၾကာင္း၊ အရင္တုန္းက လူတိုင္းရဲ့အေရွ့ကုိ ဒီလုိစုတ္စုတ္ၿပတ္ၿပတ္မ်ိဳးနဲ့ ဘယ္တုန္းကမွ ေပၚမလာ တတ္ဖူးေၾကာင္း ။

အတိတ္တုန္းက ရီမူဖန္သည္ အလြန္တရာ ဂုဏ္ေမာက္လွသည္မုိ့ ဘယ္သူကမွ သူ့အား ၾကည့္မရခဲ့ၾက ။ ထုိ့ေၾကာင့္၊ သူသည္ ဤသို့ အနုတ္စုတ္ဂုတ္စုတ္၊ ကူကယ္ရာမဲ့ ေအာက္ကိုထုိးက်ေနခ်ိန္တြင္ သူ့ကုိ ၿမင္လုိက္တာနဲ့ ၿမိန္ရည္ယွက္ရည္တ၀ၾကီး ေၿပာဆိုလာၾကေတာ့သည္ ။

“ဘာအိမ္ေရွ့စံမင္းသားလဲ၊ ဟဟပဲ ။ ရီ မိသားစုက အရင္
ရီ မိသားစု မဟုတ္ေတာ့ဘူး။ အခုခ်ိန္မွာ ဒုတိယသား ရီေရွာင္အန္းကမွ အဓိကပဲ။ ရီ ယီယီ ကလည္း ဂူ မိသားစုရဲ့ အိမ္ေတာ္သခင္မ ၿဖစ္လာေတာ့မွာ။
သူတုိ့က မိတ္ေဆြအရင္းၾကီးေတြ ၿဖစ္ေနၾကၿပီဟ။ သူ့အတြက္ ဘာေနရာရွိဦးမွာလဲ”

ရီ မိသားစုထဲက သံုးပြင့္ဆုိင္ကိစၥအား အနုပညာေလာက ထဲက လူတုိင္းပင္လ်ွင္ သိေနၾကၿခင္းၿဖစ္သည္ ။

ဒီမင္းသားေလး ရီမူဖန္သည္ ဟုိးပေ၀သဏီထဲက စြန့္ပစ္ခံထားရၿပီး အခုခ်ိန္တြင္ လမ္းေဘးကေလက၀ေခြး၀ဲစားတစ္ေကာင္ၿဖစ္ေနၿပီကုိ ဘယ္သူ မသိဘဲေနပါမည္နည္း ။

ေမးေစ့ကားကားနွင့္ ဒီဇိုင္နာတစ္ေယာက္သည္ ေဟာက်ြင္းခ်န္းနား ကပ္လာၿပီး အတင္းတုပ္လာသည္ ။
“က်ြန္ေတ္ာ ၾကားတာကေတာ့ အရင္က ၾကယ္ပြင့္မ်ား အင္တာတိန္းမန့္မွာ ေအာက္ေၿခသိမ္းအလုပ္ေတြ
သူ လုပ္ခဲ့တယ္ဆို။ သူ့ကုိ ဖိတ္ၾကားလႊာေပးခဲ့တာ ခင္ဗ်ားတုိ့လား”

ဆံပင္ရွည္နွင့္ေယာက်ာ္းသည္ ခ်က္ခ်င္းပင္ ရႈံ့ခ်လာေတာ့ သည္။
“ဘာရယ္။ သူ့ကို အလုပ္ၿဖဳတ္လုိက္တာၿဖင့္ အၾကာၾကီး ၾကာလွေပါ့။ အဲ့ဒီသံုးစားမရတဲ့အမိႈက္ေကာင္မ်ား…..ငါတုိ့ရဲ့သခင္မေလးနဲ့ စတုိင္လစ္ေခါင္းေဆာင္ ေဟာ တုိ့က ၾကင္နာတတ္လုိ့သာ
သူ့ကို အလုပ္ေပးထားခဲ့တာပါဟ”

ရီမူဖန္သည္ ၀တ္စံုလဲဖုိ့ရာအတြက္ ဒါရုိက္တာ က်န္းကို သြားရွာေတာ့မည္ ၿပဳလုိက္၏ ။ သို့ေသာ္၊ ရုတ္တရက္ၾကီး၊ တစ္စံုတစ္ေယာက္သည္ သူ့လမ္းကို ကာပိတ္ထားေခ်သည္ ။

“ေဟာဗ်ာ၊ ငါတုိ့ၾကယ္ပြင့္မ်ားရဲ့ စတုိင္လစ္ၾကီး ရီ ပါလား။
ၾကည့္ရတာ၊ ၾကယ္ပြင့္မ်ားကေန ေၿခစံုကန္ထြက္သြားၿပီး တဲ့ေနာက္မွ…အင္း ေတာ္ေတာ္ေလး ေကာင္းစားေနတဲ့ပံုပဲ၊ ဟဟ။ မင္းကမ်ား ဂရန္းဖက္ရွင္အခမ္းအနားကို လာတက္ ္တယ္လား”

ရီမူဖန္အဖို့ ၿဖစ္ပ်က္သြားခဲ့ပံုအား ၀မ္၀မ္ကို ဘယ္လုိရွင္းၿပရမလဲသာ ေတြးရင္း ထူပူေနခ်ိန္မို့ ေဒါသတုိ့ေထာင္းခနဲ ၿဖစ္သြားရေတာ့သည္ ။ သူ၏ေအးစက္စက္မ်က္၀န္းတုိ့သည္
ေဟာက်ြင္းခ်န္ဦးစီးသည့္ စတိုင္လစ္အဖြဲ ့အား ၿဖန့္က်က္ၾကည့္လုိက္ၿပီး၊ သူတို့နဲ့ အာရံုစားမခံေနလုိေတာ့ ။
“ေခြးေကာင္းေတြက လမ္းပိတ္မေဟာင္တတ္ဘူး”

ယေန့တြင္ စိတ္၀င္စားစရာ ပြဲၾကီးပြဲေကာင္းတစ္ပြဲနဲ့
ၾကံဳရလိမ့္မည္ဟု ေဟာက်ြင္းခ်န္၊ ေမ်ွာ္လင့္မထားမိ။
သူ၊ ေပါ့ပါးေအးေဆးစြာပင္ ေလ်ွာက္သြားလုိက္ၿပီး ။
“သခင္ငယ္ေလး ရီပါလား။ က်ြန္ေတာ္တုိ့ေတြ ေနာက္ဆံုးေတြ ့ခဲ့ၾကၿပီးကတည္းက သခင္ေလး ေတာ္ေတ္ာၾကီးအဆင္ေၿပေနတယ္လုိ့ ထင္ေနတာ”

သိပ္မေ၀းသည့္ေနရာဆီတြင္၊ ရွန္းမန္ခ်ီ ၊ အေၿခအေနအား သတိၿပဳမိသည္နွင့္ ။ သူမ၏အၾကည့္မွာ စက္ဆုပ္ရြံရွာၿခင္းတုိ့ ၿပည့္စက္လာၿပီး ရီမူဖန္အား ၾကည့္ေနမိသည္မွာ မသတီစြာ ။

ဒီေကာင္က ဒီမွာ ဘာလာလုပ္တာလဲ ။
သူ ငါ့အေပၚမွာ မေကာင္းတဲ့စိတ္ ထားေနတုန္းမ်ားလား ။

ထုိအေတြးၿဖင့္၊ ရွန္းမန္ခ်ီ၊ ခ်က္ခ်င္းပင္ ရြံရွာသြားရေတာ့သည္ ။ သူမ၊ သူ့အား တစ္ခ်က္ပင္ ၾကည့္လုိက္ၿပီး စိတ္မ၀င္စားစြာ ၿဖင့္ ၿမန္ၿမန္ဆန္ဆန္ အၾကည့္လႊဲလုိက္ေတာ့၏ ။

                         💖💖💖💖💖💖💖

💖စာစဥ္ ၆ ခုစာ ၀ယ္ယူ႐ံု ( ဖုန္းေဘ ၃၀၀၀ တန္ တစ္ကတ္ထဲ ) နဲ႔
စာစဥ္ ၁၁ ခုစာ ( စာစဥ္ ၅ ခု အခမဲ့ ) ရမယ့္ အခြင့္အေရးေလးျဖစ္တဲ့ ပ႐ိုမိုးရွင္းအစီအစဥ္ေလးကိုလည္း ၀င္လို႔ရပါၿပီ ။

စာစဥ္ ၂၉၊ အခန္း ၁၇။ အလွဆံုး

ေဟာက်ြင္းခ်န္၊ ရီမူဖန္ဆီ ေလွ်ာက္သြားလုိက္ၿပီး အသံကို နွိမ့္ကာ ေနာင္တရေၾကကြဲသည့္အသံၿဖင့္ ။
“အာ၊ မင္း ဘာလုိ့မ်ား ဒီလမ္းကို ေလ်ွာက္တာလဲကြာ။
အရင္က ငါ သေဘာထားၾကီးၾကီးနဲ့  ငါတုိ့ဆီ အလုပ္လာ လုပ္ဖုိ့ မင္းကို ကမ္းလွမ္းခဲ့တယ္။ ဘယ္ဟာက မင္းအတြက္ ေကာင္းတယ္ဆုိတာကုိ မင္း မသိေသးပါလား…”

ေဟာက်ြင္းခ်န္၊ ရပ္လုိက္၏ ။
သူ၏မ်က္လံုးတို့သည္ကား ေပ်ာ္ရႊင္အားရမႈတု့ိ ၿပည့္လ်ွံလုိ့ေန လ်က္ ။“အခုေတာ့၊ မင္း ငါ့ကို ေၿခသလံုးဖက္ေတာင္းပန္ ရင္ေတာင္မွ ဒီေလာက္ မလြယ္ကူေတာ့မွာစုိးတယ္…”

ရီမူဖန္၊ ထြက္သြားဖို့ကုိ မေလာေနေတာ့။
မ်က္ခံုးတုိ့ အသာပင့္ၾကည့္လုိက္ၿပီး ။
“ခင္ဗ်ားကို ေတာင္းပန္ရမယ္”

ေဟာက်ြင္းခ်န္၊ ရီမူဖန္၏သခ်ိၤဳင္းတြင္ ခ်ည္တုပ္ၿပီး ပစ္သြားခဲ့သည္ကို ၿပန္အမွတ္ရမိလုိက္ၿပီး သူ့မ်က္နွာမွာ မည္းပုတ္လာေတာ့သည္ ။
“အားလံုးရဲ့ေရွ့မွာ ဒူးေထာက္ၿပီးေတာ့ ငါ့ကုိ သံုးၾကိမ္တိတိ ဦးခုိက္မယ္ ဆုိရင္ေတာ့ မင္းကုိ ေနာက္ထပ္အခြင့္အေရး ေပးဖုိ့ ငါ စဥ္းစားေပးနုိင္ေလာက္ပါတယ္…”

ရီမူဖန္၊ စကားၿပန္ေၿပာမည္အၿပဳ…ဖုန္း၀င္လာသည္ ။
ရီ၀မ္၀မ္ဆီကပင္ ။

ရီမူဖန္၊ တစ္ခ်က္ၾကည့္လုိက္မိၿပီး ခ်က္ခ်င္းပင္ အၿပစ္ရွိသေယာင္ ခံစားသြားရေတာ့၏ ။ ၿပန္တုဖက္ေၿပာေနဖုိ့ရာ အာရံုလည္း မရွိေတာ့။ ဘယ္သူမွရွိမေနသည့္ ေထာင့္တစ္ေထာင့္ဆီ သြားလုိက္ၿပီး ဖုန္းကိုင္လုိက္၏…

ရီမူဖန္သည္ ဘယ္ေလာက္ထိ ထိတ္လန့္သြားတာကုိ ၿမင္လုိက္ၾက သည္နွင့္ လူတုိင္း၊ ခ်က္ခ်င္းပင္ သူ့အား သေရာ္လာၾကေတာ့သည္။
“ဒီေကာင္ကို ၾကယ္ပြင့္မ်ားကေန ကန္ထုတ္လုိက္ၿပီဆို ။
အခု ဒီမွာ ဘာေတြ လာရႈ႔ပ္ေနတာလဲ”

“သူခုိးလုိ လုပ္ေနတဲ့သူ့ပံုစံကုိ ၾကည့္လုိက္ပါဦး - သူ ခုိး၀င္လာတာပဲ ၿဖစ္ရမယ္။ ဒီသခင္ေလးက ဘယ္ေနရာမွသာ မေတာ္တာ။ ခုိးေၾကာင္ခုိး၀ွက္လုပ္တဲ့ေနရာမွာေတာ့ ၿသခ်ရ ေလာက္ပါရဲ့ရွင္”

“လံုၿခံဳေရးေတြ ဘယ္ေရာက္ေနလဲ ။
သူတုိ့အလုပ္ကုိ ေကာင္းေကာင္းမလုပ္တတ္ၾကဘူးလား”

ေဟာက်ြင္းခ်န္သည္ အလြန္ပင္ သေဘာထားၾကီးခ်င္ေယာင္
ေဆာင္ေပးၿပီး တဖက္လူ၏ပုခံုးတို့အား ဖြဖြပုတ္ေပးလာသည္ ။“ခနေန အခမ္းအနားကစေတာ့မွာ။ အားလံုးက ၿပင္ၾကဆင္ၾကနဲ့ အလုပ္ရႈပ္ေနၾကေတာ့ မ်က္စိလြတ္မိသြား တာၿဖစ္မွာပါ”

သူ့လုိအမိႈက္ထုပ္နွင့္ဖက္ၿပိဳင္ေၿပာေနၿခင္းက အခ်ိန္ကုန္ၿခင္း သက္သက္သာ…

စင္ၿမင့္ထက္တြင္၊ အစီအစဥ္တင္ဆက္သူသည္ စိတ္အားထက္သန္စြာၿဖင့္ ေၿပာဆုိလာသည္ ------

“မဂၤလာညေနခင္းေလးပါ၊ ဂုဏ္သေရရွိ ဧည့္သည္ေတာ္တုိ့။
လူၾကီးမင္းတုိ့ ၾကြေရာက္လာေပးတဲ့အတြက္ ေက်းဇူးတင္မိပါ တယ္ရွင္။ ၁၃ ၾကိမ္ေၿမာက္ ဂရန္းဖက္ရွင္အခမ္းအနားၾကီး တရား၀င္စ.တင္.ပါ.ၿပီ…”

အနုပညာေလာကထဲက လူေတြနွင့္ အခ်ိတ္အဆက္ရဖုိ့ရာ အၿပင္ကို ဒီအခမ္းအနား၏အဓိကအခ်က္မွာ သူတုိ့အားရေက်နပ္ခဲ့ၾကဆံုးေသာ အနုပညာလက္ရာတုိ့ကို ေသြးၿပနုိင္ခဲ့သည့္ နာမည္ၾကီးစတုိင္လစ္မ်ားစြာ
နွင့္ ခ်ိတ္ဆက္နုိင္ဖုိ့ပင္ ။

ပရိသတ္ထဲတြင္၊ ရွန္းမန္ခ်ီသည္ သူမနံေဘးတြင္ ထုိင္ေနသည့္ ေဟာက်ြင္းခ်န္အား တစ္ခ်က္ၾကည့္လုိက္ၿပီး ။
“ရီမူဖန္ ဒီည ေပၚလာတာက က်ြန္မတုိ့ကို ၿပသနာရွာဖုိ့ မ်ားလား”

ေဟာက်ြင္းခ်န္သည္ ရီမူဖန္၏ဒီဇိုင္းတုိ့ကုိ အသံုးခ်ေနၿပီး ပြဲထြက္ေနၿခင္း မဟုတ္ေလာ ။ ရီမူဖန္အေနၿဖင့္ ဒါကို ဘယ္လုိလုပ္ လႊတ္ေပးထားနုိင္ပါ မည္နည္း ။

ေဟာက်ြင္းခ်န္၊ သူမ ေၿပာသည္ကို ၾကားလုိက္ေပသိ ။
လံုး၀အတိ အေၾကာက္အလန့္မရွိေပ။ ရႈံ ့မဲ့ကာ ေၿပာဆိုလာ သည္ ။
“ဟာ၊ မန္ခ်ီရာ။ မင္းက အဲ့ဒီအမိႈက္ထုပ္ကို အထင္ၾကီးလြန္း ေနတာပဲ။ သူ့အေၾကာင္း မေၿပာၾကရေအာင္ ။ အဲ့ဒီငတုံးသာ ယမမင္းဆီသြားတဲ့လမ္းကို ေလ်ွာက္ရဲလုိ့ကေတာ့ ၿပသနာ ရွာဖုိ့က အခ်ိန္ေကာင္းပါပဲ - ကုိယ္လည္း သူ့ကို ဒီေလာက ထဲမွာ ဆက္ေနလုိ့မရေတာ့ေအာင္ လုပ္ပစ္လိုက္မွာေပါ့”

ရွန္းမန္ခ်ီသည္လည္း သူမ အစိုးရိမ္ေနတာပါဟု ေတြးေန မိၿခင္းပင္ ။
သူမ၊ ပုခံုးတုိ့ တြန့္ၿပလိုက္ၿပီး စကားထပ္ေၿပာမလာေတာ့ ။
“က်ြန္မ စင္ေနာက္ဘက္ကို သြားၿပင္လုိက္ဦးမယ္”

“သြားပါ - ေဘဘီက ဒီည ေသခ်ာေပါက္ကို အလွဆံုးၿဖစ္ေန မွာပဲ”

……

ဂီတသံတုိ့ စတင္ကာ ပ်ံ ့လြင့္လာသည္ ။ စင္ၿမင့္ထက္တြင္၊ စတုိင္လစ္အသီးသီး၏နာမည္ေက်ာ္လက္ရာတုိ့မွာ တစ္ေယာက္ၿပီးတစ္ေယာက္ ၿပသလုိ့ေနေလၿပီ ။ ေမာ္ဒယ္တုိ့သည္ ဖက္ရွင္ေလာကတြင္ ဖူးပြင့္ခဲ့ၾကသည့္ ပန္းေပါင္းတစ္ရာအသြင္ကို ေဖာ္ထုတ္လာၿပီး သူတုိ့၏အလွတုိ့ကို လွစ္ဟၿပလုိ့လာၾကေလၿပီ ။

အေရွ့ဆံုးအတန္းမွ အလယ္ခံုတြင္၊ ဖက္ရွင္အစည္းအရံုးု၏ဥကၠဌမွာ ေနရာယူၿပီးေခ်ၿပီ။ သူ၏ညာဘက္တြင္ ဒါရုိက္တာ က်န္း ၿဖစ္ၿပီး ဘယ္ဘက္တြင္မူ လစ္လပ္လုိ့ေန၏ ။

ဒီအခုိက္အတန့္၊ အသက္ ၅၀ ေက်ာ္ၿပီၿဖစ္သည့္ အေနာက္တုိင္း၀တ္စံုကို ၀တ္ဆင္ထားသည့္ မူ၀မ္ခ်င္း ။ သူသည္ လူတုိင္း၏ဖန္တီးမႈလက္ရာတုိ့ကို အာရံုစိုက္ၾကည့္လုိ့္ေနရင္းမွ စင္ၿမင့္ထက္တြင္ ရွန္းမန္ခ်ီ ထြက္လာသည္ကုိ ၿမင္လုိက္သည့္အခုိက္ သူ၏မ်က္လံုးတြင္ အံ့ၿသမႈတစ္ရပ္ အသိသာၾကီး ၿဖတ္ေၿပးသြားေတာ့သည္ ။

“မဆုိးဘူး”

ဒါရုိက္တာ က်န္းသည္ ၿမန္ၿမန္ဆန္ဆန္ပင္ ၀င္ေၿပာလာသည္ ။
“ဟုတ္ပါတယ္၊ မဆုိးဘူး။ ဒါနဲ့၊ ဥကၠဌ မူ၊ ေဟာက်ြင္းခ်န္ရဲ့ဒီဇုိင္းက က်ြန္ေတာ္တုိ့ ဒုဥကၠဌရဲ့ လုပ္နည္း လုပ္ဟန္ေတြနဲ့ ေတာ္ေတာ္ေလး ဆင္ေနသလားလုိ့၊ ဟမ္”

                          💖💖💖💖💖💖💖

စာစဥ္ ၂၉၊ အခန္း ၁၈။ အရည္အခ်င္းမရွိဘူး

မူ၀မ္ခ်င္း၊ ေခါင္းကို ခါယမ္းလုိက္၏။
“မူဖန္နဲ့ယွဥ္လုိက္ရင္ေတာ့ အမ်ားၾကီးကြာေနပါေသး တယ္…”

ဤဥကၠဌသည္ အသစ္တက္လာသည့္ ဒုဥကၠဌအား ေတာ္ေတာ္ေလး ခ်ီးက်ဴးေၿမွာက္စားထားတာကုိ ဒါရုိက္တာ က်န္း သိေနသည္မုိ့၊ ျမန္ၿမန္ပင္ ေၿပာလုိက္၏ ။
“ဟုတ္တာေပါ့။ သူတို့က စတုိင္ဆင္ေပမယ့္လုိ့ ေဟာက်ြင္းခ်န္ရဲ့လက္ရာေတြမွာ အရည္အခ်င္းေတြ လုိေနေသးသလုိ ၿဖစ္ေနတယ္”

မူ၀မ္ခ်င္း၊ သူ့နံေဘးက ထုိင္ခံုအလြတ္ဘက္ လွည့္ၾကည့္ လုိက္၏ ။
“မူဖန္ ဘယ္မွာလဲ။ သူ ဘာလုိ့ ေရာက္မလာေသးတာလဲ”

“သူ လမ္းမွာ အက္စီးဒင့္ၿဖစ္ခဲ့လုိ့ အခု အဲ့ဒီကိစၥကုိ ရွင္းေနပါတယ္။ ဒီကုိ ေနာက္က်မွေရာက္လာလိမ့္မယ္တဲ့”

“ဘာ ။ အက္စီးဒင့္…”
မူ၀မ္ခ်င္း၊ မ်က္ေမွာင္တုိ့ တြန့္ခ်ိဳးလာေခ်ၿပီ ။

ဒါရုိက္တာ က်န္း၊ ၿမန္ၿမန္ဆန္ဆန္ပင္ ရွင္းၿပလုိက္ရ၏ ။
“ဥကၠဌ၊ မတုန္လႈပ္သြားပါနဲ့ ။ သူ အဆင္ေၿပပါတယ္။
ဒါေပမယ့္လုိ့ သူ့ရဲ့ကားကေတာ့ နည္းနည္းေလး ပ်က္စီးသြားတယ္။ က်ြန္ေတာ္ အခုခ်က္ခ်င္းပဲ သူ့ကုိ အ၀င္၀မွာ သြားၾကိဳလိုက္မယ္”

…..

ဒါရုိက္တာ က်န္း၏ခနေလာက္လွစ္ထြက္သြားၿခင္းသည္ကား ဘာမွပြက္ေလာရုိက္သြားၿခင္း မရွိလုိက္ ။

ရွန္းမန္ခ်ီ၊ စင္ၿမင့္ေပၚ တက္လာသည့္တစ္စကၠန့္၊ ခ်ီးက်ဴးေထာပနာစကားတုိ့ ေနရာတုိင္းတြင္ ၾကားေနရၿပီး လက္ခံုသံတုိ့ အံုးအံုးက်ြတ္က်ြတ္ ညံလာေတာ့သည္ ။
“တကယ့္ကိုစတုိင္လစ္ေခါင္းေဆာင္ရဲ့အေကာင္းဆံုးလက္ရာလုိ့ ဆုိထုိက္ပါတယ္ဗ်ာ ။ တကယ့္ကုိ အံ့ၿသစရာေကာင္းလွပါ တယ္”

“ဒီဖန္တီးမႈ၊ ဒီစိတ္ကူးစိတ္သန္း - ဘယ္လုိသာမန္ပုဂၢိဳလ္မ်ိဳး ကမွ ဒီလုိစိတ္ကူးမ်ိဳး ထြက္လာနုိင္မွာမဟုတ္ဘူး”

“ဥကၠဌ မူ ေတာင္မွ အေစာနက ေခါင္းညိတ္ၿပီး အသိအမွတ္ၿပဳၿပလုိက္တယ္ဟ”

ေဟာက်ြင္းခ်န္သည္ ဒီေၿမွာက္ပင့္ခ်ီးက်ဴးစကားအားလံုးကို ၀မ္းေၿမာက္၀မ္းသာ သိမ္းက်ံဳးယူလုိ့ေန၏ ။
“အားလံုးပဲ က်ြန္ေတ္ာ့ကို ေၿမွာက္ေၿပာေနၾကပါၿပီ။
ဒါက ေၿပာဖုိ့ေတာင္ မထုိက္တန္တဲ့လက္ရာေသးေလးပါဗ်ာ”

ဒီအခိုက္…

ခ်ီးက်ဴးေနမႈမ်ား၏အလယ္၊ ရုတ္တရက္ဆန္ဆန္ အသံတစ္သံ ထြက္လာသည္ -----

“က်ြတ္စ္၊ ဘယ္အခ်ိန္ကစၿပီးေတာ့ ဖက္ရွင္အစည္းအရံုးရဲ့ အဆင့္အတန္းက ဒီေလာက္ထိနိမ့္ပါးသြားရတာလဲ။ ဒီအရွက္မရွိတဲ့လူရဲ့ ခုိးယူထားတဲ့လက္ရာကိုေတာင္ ေၿပာင္ေၿပာင္တင္းတင္း စင္ေပၚၿပသနုိင္ၿပီးေတာ့
လူတုိင္းရဲ့ ခ်ီးက်ဴးၿသဘာကို ရၾကတယ္္ဆုိေတာ့..”

အနွီေယာက္်ား၏အသံသည္ အနည္းငယ္နား၀င္ခါးၿပီး ေငါ့လုံုးတို့သည္ကား အၿပည့္အေမာက္ ။

ေဟာက်ြင္းခ်န္၏ၿပံဳးၿဖီးၿဖီးၿဖစ္ေနခဲ့သည့္ အမူအရာမွာ ခ်က္ခ်င္းပဲ ေအးခဲသြားရေတာ့၏ ။ ေဘးဘက္သို့ လွည့္ၾကည့္လုိက္သည္နွင့္ သူ၏အမူအရာမွာ မည္းပုတ္လာ ေတာ့သည္ -----

သူ ၿမင္လုိက္သည္ကား ။

ဆံပင္တုိ့ ဘုတ္သိုက္…
အက်ီၤတုိ့ တြန့္ေၾကေနလ်က္…
မတ္တပ္ရပ္လုိ့ေနသည့္ ရီ မူ ဖန္။

ရီမူဖန္သည္ ႏႈတ္ခမ္းတုိ့ မဆုိစေလာက္ကေလး တြန့္ေကြးလ်က္ တည္ၿငိမ္စြာ ေနရာတြင္ ရပ္လုိ့ေန၏။

ရီ မူ ဖန္ ။
မင္းကမ်ား ဒီမွာ လာၿပသနာရွာရဲတယ္ !!!

ေကာင္းတယ္၊ သိပ္ေကာငး္တယ္…

ေဟာက်ြင္းခ်န္၊ လံုး၀ပင္ မေၿပာလုိက္ရေပ - တစ္စံုတစ္ေယာက္သည္ သ့ူကုိယ္စား ေအာ္ဟစ္ၿပီးနွင့္ေခ်ၿပီ ။

“ဒီစိတ္ပ်က္စရာ သူေတာင္းစားပံုနဲ့ ဘယ္ကေန ထြက္လာတာလဲကြာ ။ ဖက္ရွင္အစည္းအရံုးရဲ့နာမည္ကို ဆြဲခ်ပစ္ရဲရတယ္လုိ့။ သူကမ်ား ငါတုိ့ရဲ့လက္ရာေတြက ခုိးထားသေလးဘာေလးနဲ့ စြပ္စြပ္စြဲစြဲ…ေတာက္”

ဖီးလစ္၏မ်က္နွာအား ၿမင္ဖူးသူ သိပ္မရွိၾကပါေခ်။ ရီမူဖန္၏ညစ္ေပေရေနသည့္ပံုစံကုိ ၿမင္လုိက္ၾကရၿပီး
ဘယ္သူကမွ သူ့ကုိ ေလးစားၾကၿခင္းမရွိၾကေတာ့ ။

“သူက ဘယ္သူလဲ။ ဘာလုိ့ ဒီေလာက္ထိရင္းနွီးေနရ တာပါလိမ့္”

“နင္ မသိဘူးလား။ သူက အင္ပါယာစကုိင္းအင္တာတိန္းမန့္ ရဲ့ အိမ္ေရွ့စံမင္းသားေလး၊ ရီ အုပ္စုရဲ့သခင္ငယ္ေလး -
ရီ မူ ဖန္ ေလ”

“အမယ္ေလး ။ အဲ့ဒီမသိတတ္တဲ့ဟာေလးလား ။
သူက ဒီမွာ ဘာလာလုပ္ေနတာလဲ”

“ငါ ၾကားတာကေတာ့ ေဟာက်ြင္းခ်န္အတြက္ ေတာက္တုိမယ္ရေတြ လုပ္ေပးၿပီးေတာ့ အလုပ္ၿဖဳတ္ခံလုိက္ ရၿပီတဲ့ - သူ ဒီကုိ ေရာက္လာတာ ၿပသနာရွာဖုိ့ ၿဖစ္ေလာက္ တယ္”

“အဓိပၸာယ္မရွိလုိက္တာဟာ”

လူတုိင္းသည္ ရီမူဖန္အား ၿပစ္တင္ေ၀ဖန္ေၿပာဆုိၿပီး လုနီးနီးတြင္မွ ေဟာက်ြင္းခ်န္၊ မတ္တပ္ထရပ္လာၿပီး ေပါ့ေပါ့ပါးပါး ေၿပာဆုိလာသည္။
“သခင္ငယ္ေလး ရီ၊ မင္းက အိမ္ကေန ေမာင္းထုတ္ခံ ထားရၿပီးေတာ့ အရင္က လမ္းေဘးမွာပဲ ေနေနရတာမို့ ငါတုိ့သခင္မေလးက မင္းကုိ သနားညွာတာၿပီးေတာ့ ေခၚထားေပးခဲ့တာ။ က်ြန္ေတာ့္ဆီမွာ အလုပ္လုပ္ခြင့္ေပး ခဲ့တာ”

“ဒါေပမယ့္၊ မင္းဆီမွာက ဘာအရည္အခ်င္းမွ ရွိမေနတဲ့အၿပင္ ကို အလုပ္ကုိ ေကာင္းေကာင္းမြန္မြန္မလုပ္ခ်င္လုိ့ က်ြန္ေတာ့္မွာ ေရြးခ်ယ္စရာ မရွိေတာ့ဘဲ မင္းကုိ ေမာင္းထုတ္ ္ပစ္လုိက္ရတယ္။ ဘာပဲေၿပာေၿပာ၊ ကုမၸဏီက ပုိက္ဆံရွာဖုိ့ လုိအပ္ေသးတယ္ေလ။ က်ြန္ေတာ္တုိ့က အလွဴခံဇရပ္ မဟုတ္ဘူးေလဗ်ာ”

“မသိထားမိဘူးဗ်ာ။ မင္းက ေက်းဇူးမသိတတ္ရံုတင္မဟုတ္ဘူး။ ဒီကိုလာၿပီးေတာ့ က်ြန္ေတာ့္ကိုပါ ေစာ္ကားေနေသးတယ္၊ အာ…”

ေဟာက်ြင္းခ်န္သည္ ရင္ကြဲနာက်သလုိ ဟန္ေဆာင္ေနခ်ိန္၊
ရီမူဖန္သည္ကား တိတ္တိတ္ဆိတ္ဆိတ္ ။
သူသည္ ေနရာတြင္ပင္ မတ္တပ္ရပ္ေနၿပီး
သရုပ္ေဆာင္္ေနသည္ကုိ ၾကည့္လုိ့ေနေလသည္ ။

“ေအာ္ ။ က်ြန္ေတ္ာ့မွာ အရည္အခ်င္းမရွိဘူးတဲ့လား။
ဒါၿဖင့္ ဘယ္သူ့မွာ ရွိတာလဲ ။ ဟမ္…ခင္ဗ်ားလား..စတုိင္လစ္ၾကီး ေဟာ ။ တၿခားသူရဲ့လက္ရာကို ခုိ္းခ်ဖုိ့ပဲ တတ္တဲ့သူကလား…”

ေဟာက်ြင္းခ်န္သည္ ဒီစကားကို ေစာင့္ဆုိင္းေနၿခင္းပင္ ။
သူ ခ်က္ခ်င္း၊ တေသာေသာရယ္ခ်လာေတာ့သည္ ။
“သခင္ငယ္ေလး ရီ ရာ၊ မင္းက က်ြန္ေတာ့္ကို…တၿခားတစ္ေယာက္ရဲ့ လက္ရာကို ခုိးယူထားတယ္လုိ့ စြပ္စြဲေနတယ္ ။ ဘယ္သူ့ဟာကုိ က်ြန္ေတာ္ ခုိးထားလဲ ဆုိတာကို ေၿပာၿပပါဦးလား”

                         💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ vote and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘

.......

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :   29
Chapter.          :  13 - 18
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၂၉၊ အခန်း ၁၃။ သူ့ကိုယ်သူ ဘာထင်နေတာလဲ

ကြယ်ပွင့်များအင်တာတိန်းမန့်တွင်၊ လူတိုင်းသည် ဟောကျွင်းချန်နား ဝိုင်းအုံနေကြလျက် ဂုဏ်ပြုစကား ဆိုနေကြ၏ ။

“စတိုင်လစ်ခေါင်းဆောင် ဟော၊ ဂုဏ်ယူပါတယ်ဗျာ”

“တကယ့်ကို အစွမ်းအစဆိုတာက သက်သေပြစရာကို မလိုတာပါဗျာ။ အဲ့ဒီဘာမဟုတ်တဲ့ မလောက်လေးမလောက်စားတောသားတွေကများ ဖက်ရှင်အကြောင်းကို ဂဃနဏမသိဘဲ ကျွန်တော်တို့ရဲ့ဘော့စ်က သူဖန်တီးထားတာတွေကို ခိုးယူထားတာပါလေး ဘာလေးနဲ့ဗျာ”

“ဟုတ်ပရှင်။ ပန်းပွင့်တရားရုပ်ရှင်ဆုက ဘယ်လောက်တောင် အပြိုင်အဆိုင် များလိုက်သလဲလို့ ။ အင်ပါယာစကိုင်းက ချေဇယ် တောင်မှ ဆုရစာရင်းထဲ ပါမလာဘူး”

ဟောကျွင်းချန် ပါဝင်ခဲ့သည့်ရှေးခေတ်သိုင်းကားသည် ပန်းပွင့်တစ်ရာဆုတွင် ဇကာတင်ထဲပါဝင်ခဲ့ပါ၏ ။ ဇာတ်လမ်းသည် စာရင်းထဲဝင်ရုံသာဝင်ခဲ့ပြီး သူသည် ဆုမရရှိခဲ့သော်လည်း ဇကာတင်ထဲ ဝင်လာကြသူများမှာ ထိပ်တန်းပညာရှင်တို့သာလျှင် ဖြစ်ကြသည်မို့ ဤသည်ကပင် ပြည်တွင်းရုပ်ရှင်လောကထဲက တန်ဖိုးအရှိနေဆုံးသောဆု ဖြစ်နေ၏ ။

ပန်းပွင့်တစ်ရာဆုအတွက် ဇကာတင်ထဲဝင်သွားခဲ့သည့် ဤသိုင်းဇာတ်လမ်းမှာ ရီမူဖန် မထွက်သွားခင် လွှဲပေးထားခဲ့ခြင်းဖြစ်သည် ။ ထိုအရာတို့ ဖြစ်ပျက် သွားခဲ့ပြီးသည့်နောက် သူ၏အလုပ်တန်းလန်းကို လက်စဖြတ်ရရုံသာ ကျန်တော့၏ ။ ပထမတော့ ဟောကျွင်းချန်သည် ရီမူဖန်အား ပြန်လာပြီး အလုပ်လုပ်ပေးဖို့ ကြိုးစားပြီးဖြောင်းဖျခဲ့ပါ၏ ။ သု့ိသော်၊ ထိုအမှိုက်ထုပ်သည် ဘယ်ဟာက သူ့အတွက် ကောင်းတယ်ဆိုတာကို မသိတတ်လိမ့်မည်ကို ဘယ်သူ မျှော်လင့်မိပါလိမ့်မည်နည်း ။ သူ့ကြောင့်၊ ဟောကျွင်းချန်သည် ဒီဇိုင်းကို လတ်စသတ်ဖို့ရာ အတွက် နောက်ဆုံးအချိန်မှာ အလုအယက် အဖွဲ့တစ်ဖွဲ့
ဖွဲ့ခဲ့ရ၏ ။

ကံကောင်းထောက်မစွာဖြင့်၊ ဒီနှစ်နှစ်အတွင်းမှာ
သူ လုပ်ခဲ့ရသမျှအရာ အားလုံးမှာ ဖက်ရှင်လောကထဲ ခြေကုတ်ရသွားခဲ့လေပြီ ။ သူ၏အရင့်အရင်က အောင်မြင်မှုတို့အပေါ် မှီခိုနေစရာပင် မလိုတော့ချေ ။

“အင်း၊ ‘ကြွယ်ဝချမ်းသာသောနိုင်ငံတော်’  ရုတ်တရက်ကြီး ပေါ်လာတာ နှမျောစရာကောင်းသွားတယ်။ မဟုတ်လို့ကတော့၊ ဆုက သေချာပေါက် ကျွန်တော်တို့ရဲ့စတိုင်လစ်ခေါင်းဆောင် ဟော ဆီ တန်းတန်းကြီး ရောက်လာမှာ”

လူတစ်ယောက်သည် လူအုပ်ထဲကနေ ကြေကွဲစွာဖြင့် တိုးတိုးပြောလာ၏ ။

သို့သော်လည်း၊ နောက်ထပ်တစ်ယောက်သည် ချက်ချင်းဆိုသလိုပင် ဟောကျွင်းချန်ဆီ သွားပြီး အသားကုန်ပင့်တင်တော့သည် ။
“ ‘ချမ်းသာကြွယ်ဝသော နိုင်ငံတော်’ က ကမ္ဘာရဲ့ပင်မထုတ်လုပ်ရေးကြီး ဖြစ်နေတာက သိပ်ဆိုးသွားတာပါဗျာ။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ငွေအား၊ လူအင်အားအတိုင်း လိုက်မသုံးနိုင်လို့ပါ။ ပြီးတော့လည်း၊ ဆုရသွားခဲ့တဲ့ အဲ့ဒီ ဒီဇိုင်နာကို ဒက်ဇလင်းက ငှားထားတာတဲ့ ။
သူ့ဆီမှာ အဆက်အသွယ်တွေ ရှိထားမှာ ကျိန်းသေတယ်။
သူ ဆုရတယ်ဆိုတာက မျှော်လင့်ထားမိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စတိုင်လစ်ခေါင်းဆောင် ဟော ကတော့ ကိုယ်ထူကိုယ်ထကြိုးစားလာခဲ့တဲ့သူလေ - ခေါင်းဆောင်ကမှ ဖော်ပြလို့ မရနိုင်တဲ့ တကယ့် ဆုရသူစစ်စစ်ပဲ”

“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မ ကြားမိတာတော့ ဒီတစ်ခေါက် ဂရန်းဖက်ရှင်အခမ်းအနားကို တက်ပေးဖို့ စတိုင်လစ်ခေါင်းဆောင်ဟော ကို ဖက်ရှင်အစည်းအရုံး ရဲ့ဥက္ကဌ၊ မူဝမ်ချင်းကိုယ်တိုင် ဖိတ်ခဲ့တာဆို။ အရင်တုန်းကလည်း သတင်းထောက်တွေရဲ့အရှေ့မှာ စတိုင်လစ် ခေါင်းဆောင် ဟော ရဲ့လက်ရာတွေကို ချီးကျူးပြောခဲ့သေးတယ်”

သူ့အား ချေမွပစ်ခဲ့ပါသည့် “ချမ်းသာကြွယ်ဝသော နိုင်ငံတော်” သိုင်းဇာတ်လမ်းတွဲအကြောင်း အစဖော်လာကြ ချိန်တွင်
ဟောကျွင်းချန်၊ စိတ်မသက်မသာဖြစ်ခဲ့ရ၏ ။ သု့ိသော်၊
ဒီလိုမျိုး ယှဉ်ပြိုင်ဘက်တစ်ယောက် ကို ရှုံးနိမ့်ရခြင်းကား သူ့အဖို့ အရှက်ရစရာမရှိနေ ။ တကယ်တော့ ဂုဏ်ယူစရာပင် ဖြစ်နေသေး၏ ။

သူ့ပတ်ပတ်လည်က ချီးကျူးပင့်မ စကားတို့ကို ကြားနေရသည့်အခါ၊ ဟောကျွင်းချန်၊ အားရကျေနပ်စွာ ပြန်ဖြေလာတော့သည် ။
“ကျွန်တော် ဥက္ကဌ မူ ရဲ့ မျက်နှာသာပေးခံရတာက ကံကောင်းသွားရုံ သက်သက်ပါဗျာ”

လူတိုင်း၊ မြန်မြန်ဆန်ဆန်ပင် သူ့ဆီက မျက်နှာသာရဖို့ ထပ်ကြိုးစားလာကြပြီ။
“စတိုင်လစ်ခေါင်းဆောင် ဟော က အရမ်းကို နှိမ့်ချလွန်းနေပါပြီ။ ဒီနှစ်နှစ်အတွင်းမှာ ခေါင်းဆောင်က ဆုတွေအများကြီး ရထားခဲ့ပြီးတော့ ကုမ္ပဏီအတွက် ဒီလောက်သရုပ်ဆောင်တွေအများကြီးကို ပျိုးထောင်ပေး ခဲ့တဲ့ဟာ - ဘယ်လိုလုပ်ပြီးတော့ ကံကောင်းရုံသက်သက်ပဲ ဖြစ်မှာလဲ ။ ခေါင်းဆောင် ဒီနေ့ ဒီနေရာကို ရောက်လာရတာ က ခေါင်းဆောင်ရဲ့ အရည်အချင်းနဲ့ ကြံ့ခိုင်မှုကြောင့်ပါရှင်”

ဟောကျွင်းချန်သည် လူတိုင်းထံမှချီးကျူးစကားတို့ကို သိမ်းကျုံးယူပြီးသည့် နောက်၊ လုံးဝအတိ စိတ်ပျော်ရွှင်အားရလျက် ရှန်းမန်ချီအား သွားကြိုတော့၏။

ကားထဲတွင်၊ ဒီဇိုင်နာဘရန်းတို့ကို ဝတ်ဆင်ထားသည့် ဟောကျွင်းချန်၊ အောင်မြင်မှုကြောင့် မြောက်ကြွမြောက်ကြွဖြစ်လို့နေလျက် ။
“မန်ချီ၊ ဘယ်လိုထင်လဲ။ ဘာပြသနာမှ ရှိမှာမဟုတ်ဘူးလို့
ကိုယ် ပြောသားပဲ။ အဲ့ကောင်က သူ့ကိုယ်သူ ဘဝင်လေဟပ် နေတာ ။ သူကများ အစားထိုးလို့မရတဲ့သူလို့ ထင်နေသေး တယ် ၊ အဟတ်”

ရှန်းမန်ချီ၏မျက်နှာမှာ အများကြီးနူးညံ့ပျော့ပျောင်း
လာခဲ့သော်လည်း၊ သူမသည် စိတ်မပျော်ရွှင်နိုင်ဆဲ၊ မှုန်ကုတ်နေဆဲပင် ။
“နောက်လအတွက် ကျွန်မရဲ့ နိုင်ငံတကာဖက်ရှင်အပတ်စဉ်
ဝတ်စုံကရော ဘယ်လိုလဲ။ ကျွန်မ ရှင့်ကို စိတ်ချလို့ရမှာလား”

ဟောကျွင်းချန်၏မျက်လုံးတို့ ဝင်းပသွားသည်။
“ကိုယ် စဉ်းစားပြီးသွားပါပြီကွာ ။ ဒီည ဂရန်းဖက်ရှင် အခမ်းအနားမှာ အသစ်ခန့်အပ်ခံလိုက်ရတဲ့ ဒုဥက္ကဌ ဖီးလစ်လည်းပဲ ရောက်လာလိမ့်မယ်။ ကိုယ်တို့ သူ့ကို လက်ဆောင်နည်းနည်းလောက်ပေးပြီး စကားစမြည် ပြောကြရင်းနဲ့ မင်းအတွက် ဒီဇိုင်းဖန်တီးပေးဖို့ ငှားကြည့်ကြမယ်”

ရှန်းမန်ချီ၊ သူ့အား စိတ်ရှုပ်စွာဖြင့် မျက်လုံးလှန်ကြည့်လာသည် ။
“သူက ကမ္ဘာရဲ့ရွှေတံဆိပ်ဆုရ စတိုင်လစ်တစ်ယောက်၊
မူဝမ်ချင်းရဲ့ ဧည့်သည်၊ ဖက်ရှင်အစည်းအရုံးကြီးရဲ့ ဒုဥက္ကဌ -
ကျွန်မအတွက် သူ့ကို ငှားဖို့ အဲ့လောက်လွယ်ကူမှာတဲ့လား၊ ဟမ်”

                       💖💖💖💖💖💖💖

စာစဉ် ၂၉၊ အခန်း ၁၄။ သူ့ကို ငှားရမယ်

အသက်တက်လာသည့် ရွှေတံဆိပ်ဆုရှင် စတိုင်လစ်၊
နတ်ဘုရား ဖီးလစ်မှာ ကံကောင်းလွန်းပုံမရချေ ။

ရီမူဖန်သည် တိုက်ခန်းကနေ ထွက်လာချိန်တွင် အပြတ်ရွှိုင်းထားပြီး တောက်ပခန့်ညားလို့နေ၏ ။ သူ၏ဆံပင်တို့အား အလွန်တရာပင် သပ်သပ်ရပ်ရပ် ်ဖြီးသထားသည် ။ ပျော်ရွှင်မှုတို့ ဖြာထွက်နေလျက်၊ ဂရန်းဖက်ရှင်အခမ်းအနားသို့ သူ၏အနီရောင် Pagani ပြိုင်ကားကို မောင်းချသွားလေသည် ။

အခမ်းအနားသည် ပေကျင်း၏မြို့စွန်က အထက်တန်းစား စံအိမ်ကြီးတစ်ခုတွင် ကျင်းပခြင်းဖြစ်၏ ။

ပြီးခဲ့တဲ့ရက်အနည်းငယ်တွင် မိုးတောက်လျှောက်ရွာနေပြီး
ရာသီဥတု သိပ်မသာယာသော်ငြား သူ၏ရွှင်မြူးနေသည့်စိတ် ကို လုံး၀ ဖျက်ဆီးပစ်နိုင်ပုံမရ ။

ကားပြတင်းပေါက်ကို တစ်ဝက်ဖွင့်ချထားပြီး လေရူးတို့မှာ သူ့မျက်နှာအား တသုန်သုန်တိုက်ခတ်လို့နေသည် ။
သို့တိုင်၊ သူကား လုံးဝအတိ စိတ်လက် ပေါ့ပါးကာ ရွှင်လန်းတက်ကြွနေဆဲ ။ လမ်းမပေါ်တွင် လူအများကြီး မရှိကြ သည်မို့ ရီမူဖန်၊ အရှိန်မြှင့်တင်လိုက်တော့၏ ။

သို့သော်၊ လမ်းတစ်ဝက်အရောက်တွင် အပြာရောင်ကားလေးတစ်စီးသည် ကာဆီးကာဆီးနှင့် သူ့အရှေ့တွင် ယိုင်ထိုးယိုင်နဲ့ ဖြတ်ဝင်ချလာလေသည်  ။

*ဘောပဲ* ရီမူဖန်၊ ဘရိတ်ကို နင်းချပစ်လိုက်တော့ပြီး
ထိုကားကို ရှောင်ကွင်းဖို့ရာ ဝိုက်မောင်းလိုက်တော့၏ ။

သူ မောင်းနေသည့်အရှိန်မှာ မြန်ဆန်လွန်းလှသည်မို့
အနီရောင် Pagani ကားသည် Buick ကားအား ကျော်တက်နိုင်ရုံရှိသေး၊ အနီးနားက သစ်ပင်ကြီးတစ်ပင်ကို ဝင်ကျုံးမိပြီး နောက်ဆုံးတွင် ကားရပ်သွားတော့၏။

ကျေးဇူးတင်စရာကောင်းစွာဖြင့်၊ သူ ကားကို ရှောင်လိုက်နိုင်ပြီး ဘာကြီးကြီးမားမားမှ မဖြစ်ပျက်ခဲ့ ။

အခုနက မိုးတဗြောင်းဗြောင်းရွာချထားခဲ့သည်မို့ သစ်ပင်ကြီးနားတွင် ဗွက်အိုင်ထလို့နေလေသည် ။ ရီမူဖန်၊ နောက်ဆုံးတွင် သူ့ကားထဲမှ ထွက်လာသည့်အချိန်၊ သူ၏ပုံပန်းသွင်ပြင်တစ်ခုလုံးမှာ ပျက်စီးခြင်းအတိ။

သူ့ရဲ့ဆံပင်တို့မှာ ဖရိုဖရဲ၊ သူ့ခန္ဓာကိုယ်မှာ ရွှံ့အလူးလူး၊
သူ၏ Pagani ကားခေါင်းမှာ အခွက်ကြီးခွက်လို့ သွား၏ ။

“သောက်ကျိုးနဲ…”

ငါတော့ သေပြီ ။

ဟင်းအိုးထဲ ပုရွက်ဆိတ်တစ်ကောင် ရောက်နေသလို၊
ရီမူဖန်၊ နေမထိထိုင်မသာ ဖြစ်လို့နေလျက်၊ ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်မိတော့၏ ။ သူ၏ပထမဆုံးသော တုံ့ပြန်မှုသည်ကား ။

ငါတော့ သေပြီ။ ငါတော့ သေပြီ။ ငါ တိုက်ခန်းက ထွက်မလာခင် ကားကို ဖြေးဖြေးမောင်းဖို့ ဝမ်ဝမ် ငါ့ကို အတန်တန်မှာထားခဲ့တယ်။ အခုတော့ ၊ ကားကို ကျုံးပစ်မိသွားပြီ ။

ဒါကို ဝမ်ဝမ်သာ သိသွားလို့ကတော့ ငါ့ကို အရှင်လတ်လတ် အရေခွံနွှာတော့မှာပဲ ။

“သောက်ကျိုးနဲ၊ ဟျောင့်၊ မင်း ကားမမောင်းတတ်ဘူး လားကွ”

အပြာရောင်ကားထဲက ကားမောင်းသူသည် ကားထဲကနေ ဆင်းလာပြီး ချက်ချင်းပင် ရီမူဖန်အား စတင်ငေါက်ငမ်းတေ့ာ့၏ ။

ရီမူဖန်၊ ကြောင်အသွားရသည် ။
ဟမ်၊ သူကမှ လမ်းစည်းကမ်းဖောက်တဲ့သူကြီးပါ၊ ဟုတ်ပီလား။
“သူခိုးက လူပြန်ဟစ်” လို့ ပြောကြတာကို အခုမှပဲ နားလည်တော့တယ်။

တဖက်လူထံတွင် အရက်နံ့တို့သည်ကား တထောင်းထောင်း။
အရက်မူးရင်း ကားမောင်းနေခြင်းမှာ သိသာလှ၏ ။

ကောင်းကွာ၊ ငါ ခု ရဲပဲခေါ်လိုက်တော့မယ်။ အမူးသမားနဲ့ ဖက်ပြိုင်ပြောနေလို့လည်း ဘာမှအကြောင်းမထူးဘူး ။

ရီမူဖန်အဖို့ ဂရန်းဖက်ရှင်အခမ်းအနားသို့ အမြန်သွားဖို့ လိုနေသည်မို့ ရဲကို တိုက်ရိုက်သာဖုန်းခေါ်လိုက်တော့ပြီး ဒီကိုလာဖြေရှင်းပေးဖို့အတွက် သူ၏လက်ထောက်ကို ဖုန်းခေါ်လိုက်၏ ။

တစ်ချိန်တည်းမှာပင်၊ ဟောကျွင်းချန်နှင့်ရှန်းမန်ချီတို့သည် ဂရန်းဖက်ရှင်အခမ်းအနားဝင်ပေါက်သို့ ရောက်ရှိလာကြပြီ ။

သူတို့နှစ်ဦးသား၊ ရွှေရောင်နှင့်ဒီဇိုင်းဖော်ထားသည့် သတ္တုပြားဖိတ်ကြားလွှာ ကို အပ်လိုက်ပြီး ဝင်သွားကြ၏ ။

ခန်းမကြီးသည် မွှေးပျံ့သည့်ဝတ်စုံများ၊ ခန့်ထည်ဝါသည့်ဆံပင်ဒီဇိုင်းတို့ဖြင့် ပြည့်လျှမ်းနေ၏ ။ ထိုနေရာမှာရောက်နေကြသည့်လူတိုင်းသည် ဖက်ရှင် လောကတွင် နာမည်ကြီးကြသူများ၊ နာမည်ကျော်အနုပညာရှင်များ ဖြစ်ကြလေသည် ။

သူတို့နှစ်ဦးသား ဝင်သွားကြသည်နှင့် လူတစ်ယောက်စနှစ်ယောက်စသည် သူတု့ိအား လာရောက်နှုတ်ခွန်းဆက်သကြ၏ ။

“စတိုင်လစ်ခေါင်းဆောင် ဟော၊ ဇကာတင်ထဲ ပါသွားတာ ဂုဏ်ယူူပါတယ်ရှင်”

ဟောကျွင်းချန်၊ ကျေးဇူးတင်စွာဖြင့် သူ့လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

နှုတ်ခွန်းဆက်ခြင်း ပြီးသွားသည့်နောက်၊ ရှန်းမန်ချီ၊
စိုးရိမ်စွာဖြင့် လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်လိုက်၏ ။
“ရှင် ပြောတဲ့ ဖီးလစ်က ရောက်နေပြီလား”

ဟောကျွင်းချန် ။ “မရောက်သေးသလိုပဲ…”

“ဟောကျွင်းချန်၊ ကျွန်မကို အဖြေတစ်ခု တိတိကျကျ ပေးစမ်းပါ - အဲ့ဒီလူကို ရှင် ငှားနိုင်မှာ ကျိန်းသေလား”
ရှန်းမန်ချီ၊ စိုးရိမ်ကြောင့်ကြစွာဖြင့် နောက်တစ်ခါမေးလိုက်၏ ။

ဟောကျွင်းချန်၊ မသေချာသည်မို့ ပြန်ဖြေလာသည်မှာ
တွန့်ဆုတ်တွန့်ဆုတ်။
“မန်ချီ၊ မင်း ဖီးလစ်ကို ငှားရမှကို ဖြစ်မှာလား”

ရှန်းမန်ချီ၊ သူ့အား စွေကြည့်လာသည် ။
“ငှားမှဖြစ်မှာပေါ့ ။ ဒါက ကျွန်မရဲ့ ပထမဆုံး နိုင်ငံတကာပွဲ ။
နည်းနည်းလေးမှ အတိမ်းစောင်းခံလို့မရဘူး”

ဒီနောက်ပိုင်းတွင် သူမ၏စတိုင်တို့မှာ ဆိုးရွားလာနေခဲ့ပြီး သူမ၏ဖက်ရှင်ဂုရုဆိုသည့်ဘွဲ့မှာ ရေတိမ်နစ်လာချေပြီ။

သူမ ဘယ်လိုလုပ် စိတ်မပူပဲ နေနိုင်မှာလဲ ။

ဘယ်လောက်ပဲ ဈေးပေးရပါစေ၊
သူမအနေဖြင့် သူ့အား ငှားရမ်းရမည်ပင် ။

ဟောကျွင်းချန်သာ ပိုပြီးတော့ စိတ်ချရမယ်ဆိုရင်
သူမ ဒီလောက်ထိ အားထုတ်နေစရာမလိုဘူး၊ ဟမ့် ။

ရီမူဖန်အတွက်ကတော့ သူက ပိုတောင်မှ သုံးစားမရသေး တယ်။ အခုချိန်ဆို တစ်ချောင်ချောင်မှာ သွားသဝေထိုးနေ လောက်ပြီ ။

                     💖💖💖💖💖💖💖💖

💖စာစဉ် ၆ ခုစာ ဝယ်ယူရုံ ( ဖုန်းဘေ ၃၀၀၀ တန် တစ်ကတ်ထဲ ) နဲ့
စာစဉ် ၁၁ ခုစာ ( စာစဉ် ၅ ခု အခမဲ့ ) ရမယ့် အခွင့်အရေးလေးဖြစ်တဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကိုလည်း ဝင်လို့ရပါပြီ ။

စာစဉ် ၂၉၊ အခန်း ၁၅။ ကံပေါ်မှာ မူတည်တယ်

ဟောကျွင်းချန်၊ အကျပ်ရိုက်လို့နေလေပြီ ။
“မန်ချီ၊ မင်း အများကြီးမျှော်လင့်မထားတာကောင်းမယ်။ ဒီအသစ်တက်လာတဲ့ ဒုဥက္ကဌရဲ့ စရိုက်က ဆန်းကြယ်တယ် - သူက ဒက်ဇလင်းမီဒီယာက သရုပ်ဆောင်တွေကို စတိုင်သပေးတဲ့နေရာမှာ တစ်ပြားမှမယူပေမယ့် ဒက်ဇလင်းမီဒီယာက မဟုတ်တဲ့သူတွေဆိုရင် ကမ္ဘာကလူတွေအပါအဝင်၊ အားလုံးက သူ့စိတ်ပေါ်မူတည် တယ် ။ သူ စိတ်မကြည့်ရင် ဈေးကို ဟိုးအမြင့်ကြီးထိ တောင်းပစ်တာတဲ့”

“အဲ့ဒါတောင်မှ သူ့ကို တန်းစီစောင့်နေကြတဲ့သူတွေက ဒုနဲ့ဒေးပဲ။ သူက ဆက်ဆံရအရမ်းကြီးခက်လွန်းတယ်။ ဖက်ရှင်အစည်းအရုံးက ဒါရိုက်တာ ကျန်း ကို ကိုယ် သိတယ်။ ကိုယ်တို့ကို သူနဲ့ ချိတ်ပေးဖို့ သူ့ကို ပြောကြည့် ကြတာပေါ့။ ဒါပေမယ့် သူ့ကို ငှားနိုင်မနိုင် ဆိုတာကတော့ ကံပေါ်မူတည်…”

ရှန်းမန်ချီ၊ မျက်မှောင်တို့ တွန့်ချိုးလာတော့သည် ။
“သူက စတိုင်လစ်တစ်ယောက်ပဲဟာ - အဲ့လောက်ထိ ထောင်လွှားနေစရာ လိုလို့လား…”

ကြယ်ပွင့်များမှာ စတိုင်လစ်တစ်ယောက်သည် သူမပြောတာကို ကြားလိုက်သည်နှင့်  မြန်မြန်ဝင်ပြောလာတော့သည် ။
“သခင်မလေး၊ စတိုင်လစ်တစ်ယောက်ရဲ့အရေးပါမှုကို အထင်မသေး လိုက်နဲ့။ အနုပညာလောကထဲမှာ သရုပ်ဆောင်တစ်ယောက်ရဲ့ စတိုင်နဲ့ အသွင်အပြင်က သူတို့အတွက်တော့ သေရောရှင်ရောပဲ။ ဒီလောကထဲမှာ စတိုင်လစ်ကောင်းကောင်းတစ်ယောက် ရှာတွေ့ဖို့က သိပ်ခက်တာဗျ။ အပုပ်အသိုးတွေကို အဆန်းတကြယ် ဖြစ်သွားအောင် မှော်ဆန်ဆန် ပြောင်းလဲပစ်နိုင်တဲ့ ဖီးလစ်လိုပညာရှင်ဆိုရင်တော့ ပိုဆိုးပဲ။
သူက အခု အရမ်းဟော့နေတာ - စူပါးစတားတွေနဲ့
A စာရင်းဝင် တွေတောင်မှ သူ့ရှေ့ရောက်ရင် ရိုရိုကျိုးကျိုး နေရတယ်ခင်ဗျ”

ဟောကျွင်းချန်၊ သဘောတူစွာ ခေါင်းတညိမ့်ညိမ့်လုပ်လာ သည် ။
“ဟုတ်တယ်၊ အဲ့လို ကွက်တိပဲ…”

ဒီအခိုက်၊ အနီးနားတွင် အသံတို့ညံလာချေသည် ။
ဖက်ရှင်အစည်းအရုံးမှ ဒါရိုက်တာ ကျန်း ရောက်လာခြင်းပင် ။

“မန်ချီ၊ ဒါရိုက်တာ ကျန်း ရောက်လာပြီ ။ မြန်မြန်လေး”

ဟောကျွင်းချန်၊ အကြာကြီးကြာအောင် စောင့်နေလိုက်ပြီး၊ နောက်ဆုံးတွင်မှ လူအုပ်ထဲ တိုးဝင်ကာ ရှန်းမန်ချီအား သူနှင့် မိတ်ဆက်ပေးလိုက်သည် ။

“ဒါရိုက်တာ ကျန်း၊ မင်္ဂလာပါ၊ မင်္ဂလာပါ။
ကျွန်တော်က ကြယ်ပွင့်များအင်တာတိန်းမန့်က ဟောကျွင်းချန်ပါ။ ကျွန်တော်တို့ အရင်က တွေ့ဖူး တယ်လေ”

ဒါရိုက်တာ ကျန်းသည် ခေါင်းအသာအယာ ညိတ်ပြလာကာ၊ လက်တစ်ဖက်ဖြင့် ဖန်ခွက်ကို မြှောက်လိုက်ရင်း ။
“စတိုင်လစ်ခေါင်းဆောင် ဟော၊ ခင်ဗျား ဒီတစ်ခေါက် ပန်းပွင့်တစ်ရာဆုထဲ ဇကာတင်ဝင်ခဲ့တာကို ဂုဏ်မပြုရ သေးဘူး။ ခင်ဗျားရဲ့လက်ရာက သြချရ လောက်ပါတယ်ဗျာ။ ဥက္ကဌကိုယ်တိုင်တောင်မှ ခင်ဗျားရဲ့အနုပညာကို ချီးကျူးနေ တာဗျ”

“ကျေးဇူးပါ၊ ကျေးဇူးပါဗျာ၊ ဒါရိုက်တာ ကျန်း။ ကျေးဇူးအရမ်းတင်ပါတယ်”
ဟောကျွင်းချန်၊ ပြုံးပြုံးကြီး ပြုံးလို့နေလျက်၊ အပြန်အလှန်အလာပသလာပ စကား ပြောပြီးသွားမှ
အလုပ်ကိစ္စဘက် ရွှေ့သွားတော့သည် ။
“ဒါရိုက်တာ ကျန်း…ဒုဥက္ကဌက ဒီမှာ ရောက်နေပြီလား မသိဘူး။ ကျွန်တော် ဒါရိုက်တာကို အရင်က ပြောခဲ့ဖူးတာ လေ - ဘယ်လိုထင်လဲ ။ သူ့ကို ကျွန်တော်နဲ့ မိတ်ဆက်ပေး လို့ရမလား”

ဒါရိုက်တာ ကျန်း၊ ခေါင်းကို ခါယမ်းလာသည် ။
“ဖီးလစ်ကို ပြောတာလား။ နောက်လမှာ လော်ရိန်းမှာ လုပ်မယ့် ဖက်စဉ်အပတ်စဉ်ဖွင့်ပွဲ ရှိလာမှာမို့ သူ့ကို ရှာနေကြတာ လူတိုင်းလိုလိုပဲဗျာ - ဒက်ဇလင်းမီဒီယာက သရုပ်ဆောင်ဆိုရင်တော့ လွယ်လိမ့်မယ်၊ ဒါပေမယ့် တခြားကုမ္ပဏီတွေကဆိုရင်တော့…”

ဤသည်ကို လူတိုင်းပင် သိထားကြသလိုမျိုး အမူအရာကို
ဒါရိုက်တာ ကျန်း ပေးလာပြီး ဟောကျွင်းချန်၏ပုခုံးအား ဖွဖွပုတ်ပေးလာချေရင်း ။
“သူ့ကို ဒီည စကားအခွန်းနဲနဲလောက်နဲ့ ဆွယ်နိုင်မလား ဆိုတာကတော့ ကံပေါ်ပဲမူတည်တယ်ဗျာ ။ အချိန်ခနတော့ ပေးပါဦး”

ဟောကျွင်းချန်၊ မြန်မြန်ဆန်ဆန်ပင် ပြောဆိုလိုက်သည် ။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ စောင့်ရတာကို ဘယ်လိုမှ သဘောမထားပါဘူး။ နောက်ပိုင်းကျ ကျွန်တေ်ာတို့ကောင်းတာလေးတွေ ထည့်ပြောပေးပါနော်…”

ဒါရိုက်တာ ကျန်း၊ စကားပြောတော့မည်ရှိသေး။
သူ၏ဖုန်း မြည်လာကာ၊ သူသည် အလွန်အမင်းပင် ရိုကျိုးသွား
တော့ပြီး ဘေးသို့ဖယ်ကာ မြန်မြန်ဖုန်းကိုင်လိုက်တော့၏ ။

“ဟယ်လို၊ ဒုဥက္ကဌ ရောက်လာပြီလား ။ ဘာရယ်…ဘယ်လိုဖြစ်တာလဲ ။ အရမ်းဆိုးလား….ဒုဥက္ကဌ အဆင်ပြေရဲ့လား ။ အာ….ကောင်းပါတယ်၊ ကောင်းပါတယ်။ ဒုဥက္ကဌ အဆင်ပြေနေရင် ရပါတယ်။ အဝတ်အစားတွေက ပြသနာမဟုတ်ပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် ပြင်ပေးပါ့မယ်…ရတာပေါ့ ရတာပေါ့ ရတာပေါ့…”

ဖုန်းပြောပြီးသွားသည်နှင့် ချက်ချင်းပင်၊ ဒါရိုက်တာ ကျန်းသည် ဟောကျွင်းချန်နှင့် တခြားသူတို့ဘက် လှည့်လာ၏ ။
“အားလုံးပဲ၊ ကျွန်တေ်ာ အခုချက်ချင်း လုပ်စရာလေး ပေါ်လာလို့ပါ။ ကျွန်တော် အရင် သွားလိုက်ပါဦးမယ်”

“ရတာပေါ့၊ ရတာပေါ့ရှင် ။ သွားလုပ်ပါ”
လူတိုင်း၊ သူ့အား လမ်းဖယ်ပေးလိုက်ကြ၏ ။

ဒါရိုက်တာ ကျန်း ထွက်သွားသည်နှင့် လူတိုင်းသည်
ကိုယ့်အဖွဲ့နှင့်ကိုယ် အတင်းတို့ဆိုလာကြတော့သည် ။

“ဒါရိုက်တာ ကျန်း စောနက ဖုန်းပြောတာ ဒုဥက္ကဌ မလား။
တစ်ခုခုများ ဖြစ်လို့လား”

“ကြည့်ရတာတော့ ဒီကိုလာတဲ့လမ်းမှာ တစ်ခုခုဖြစ်ခဲ့ပုံပဲ…”

“ဒါနဲ့ စကားမစပ်၊ အဲ့ဒီ ဖီးလစ်က ဘယ်ကနေ ရောက်လာတာလဲ။ သူက အရမ်းတော်တဲ့ဟာကို ဘယ်လို့များ ကုမ္ပဏီအကြီးကြီးထဲ မဝင်ရတာလဲ။ ဘာလို့များ ဒက်ဇလင်းလို အသေးအနုပ်လေးမှာ ကျောက်ချနေနေရတာ လဲ”

“သိပ်တော့မသိဘူး။ သူ့ကို ဒက်ဇလင်းရဲ့ လူသစ်ငှားရမ်းရေး ဒါရိုက်တာက ခေါ်ထားတာတဲ့…ပြီးတော့ ဒက်ဇလင်းက လည်း အခုတော်တော်ကြီးကို အခြေအနေကောင်းနေတယ် ။ ကြည့်ရသလောက်တော့ သူတို့က တော်တော်လေးကို ဆန်းကြယ်ပါတယ်ဟယ်”

                     💖💖💖💖💖💖💖💖

စာစဉ် ၂၉၊ အခန်း ၁၆။ တော်တေ်ာလေး အဆင်ပြေနေတာပဲ

လူအုပ်ကြီးသည်ကား တတိတွတ်တွတ် ပြောဆိုနေကြသည် ။ ဂရန်းဖက်ရှင်အခမ်းအနားသည်စတင်တော့ပေမည် ။
သို့သော်၊ ဖီးလစ်ကား ရောက်မလာသေး ။

ဒီညတွင် လူအများကြီး ရောက်လာကြရခြင်းမှာ သူ့ကြောင့် ဖြစ်ကြ၏။ ဒီအခိုက်တွင် လူတိုင်းမှာ သူ့ရောက်လာဖို့ကို စိုးတထိတ်ထိတ်ဖြင့် စောင့်နေကြရပြီဟု ပြောလို့ရနိုင်ပေ သည် ။

ရှန်းမန်ချီသည် သရုပ်ဆောင်အနည်းငယ်နှင့် ဖက်ရှင်အကြောင်း၊ အလှအပတန်ဆာတို့အကြောင်း ပြောဆိုလို့နေရင်း ပျင်းကြောဆန့်နေမိ၏ ။ ဒီအချိန်၊ ဟောကျွင်းချန်သည် စတိုင်လစ်အနည်းငယ်နှင့် ကရားရေရွတ် ပြောဆိုလို့နေ၏ ။

ဒီအခိုက်၊ ဟောကျွင်းချန်၏မျက်နှာချင်းဆိုင်တွင် မတ်တပ်ရပ်နေပါသည့် ဆံပင်နိမ့်နိမ့်စည်းထားသည့် စတိုင်လစ်တစ်ယောက်သည် ရုတ်တရက်ကြီး လှည့်လာကာ မှုန်သုန်နေသည့်အမူအရာဖြင့် ပြောဆိုလာသည်။
“အမလေးလေး၊ ရှားတောင့်ရှားခဲမြင်နေရတာပါလား။
ငါ ခုနက ဘယ်သူ့ကို မြင်လိုက်တယ်ထင်လဲ”

“ဘယ်သူလဲ။ လာပြီးတော့ တူူတူပုန်ုးတမ်းဆေ့ာမနေနဲ့။ ဖီးလစ်မလား”

“ဖွီ ။ ငါ့ရဲ့ဆွဲဆောင်မှုရှိတဲ့မင်းသားလေးကို မစော်ကားစမ်းပါနဲ့ ဟယ်။ အင်ပါယာစကိုင်းအင်တာတိန်းမန့်ရဲ့အိမ်ရှေ့စံမင်းသား၊ ရီ မိသားစုရဲ့ အသုံးမကျတဲ့သခင်ငယ်လေးဟဲ့”

“အင်ပါယာစကိုင်းရဲ့အိမ်ရှေ့စံ ။ နင် ပြောနေတာ…ရီမူဖန်လား”

“သူ့အဖေလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် ရီမူဖန်ရဲ့မိသားစုတစ်ခုလုံး မောင်းထုတ်ခံထားရတယ် မဟုတ်ဘူးလား။ ဒီလိုဂုဏ်သရေ ရှိတဲ့ ပွဲကြီးတွေမှာ သူ ပေါ်မလာတာ တော်တော်တောင်ကြာ နေပေါ့”

“အေးလေဟာ…သူက ဒီမှာ ဘာလာလုပ်မှာလဲ။
နင် မှားမြင်တာများလား”

လူအုပ်ကြီးသည် အတင်းပြောဆိုနေကြစဉ် ဆံပင်ရှည်နှင့်ယောကျာ်း ပြောသည့်ဘက် လှည့်ကြည့်ကုန်ကြ သည်။ အကြည့်တစ်ချက်ထဲနဲ့ပင် သူသည် ထိုဘာမဟုတ်တဲ့ သခင်ငယ်လေးနဲ့ တကယ်ကြီးတူနေလေ၏ ။

အတင်းအဖျင်းစကားတို့ကို ကြားလိုက်တာနဲ့ ဟောကျွင်းချန်သည်လည်း လှည့်ကြည့်လာတော့သည် ။ မျှော်လင့်ထားသည့်အတိုင်းပါပင်၊ လူအုပ်ကြီးအား ကွင်းရှောင်ကာ ခန်းမထဲသို့ ဝင်လာနေသူကား…ရီ.မူ.ဖန် ။

“ဖလူူူးးးးး----သူက ဘာလို့ ဒီလိုပုံစံကြီးနဲ့ ရောက်လာရတာ လဲ။ ဒီအိမ်ရှေ့စံမင်းသားလေးက လုံးဝကို အရှက်တရား မရှိတော့ဘူးလား”

လူတိုင်း သိထားကြသည်ကား၊ အတိတ်တုန်းက ရီမူဖန်သည် သူ့ရဲ့ဝတ်စားဆင်ယင်မှုအပေါ် ဘယ်လောက်ထိ ဂရုစိုက်တတ်ကြောင်း၊ အရင်တုန်းက လူတိုင်းရဲ့အရှေ့ကို ဒီလိုစုတ်စုတ်ပြတ်ပြတ်မျိုးနဲ့ ဘယ်တုန်းကမှ ပေါ်မလာ တတ်ဖူးကြောင်း ။

အတိတ်တုန်းက ရီမူဖန်သည် အလွန်တရာ ဂုဏ်မောက်လှသည်မို့ ဘယ်သူကမှ သူ့အား ကြည့်မရခဲ့ကြ ။ ထို့ကြောင့်၊ သူသည် ဤသို့ အနုတ်စုတ်ဂုတ်စုတ်၊ ကူကယ်ရာမဲ့ အောက်ကိုထိုးကျနေချိန်တွင် သူ့ကို မြင်လိုက်တာနဲ့ မြိန်ရည်ယှက်ရည်တဝကြီး ပြောဆိုလာကြတော့သည် ။

“ဘာအိမ်ရှေ့စံမင်းသားလဲ၊ ဟဟပဲ ။ ရီ မိသားစုက အရင်
ရီ မိသားစု မဟုတ်တော့ဘူး။ အခုချိန်မှာ ဒုတိယသား ရီရှောင်အန်းကမှ အဓိကပဲ။ ရီ ယီယီ ကလည်း ဂူ မိသားစုရဲ့ အိမ်တော်သခင်မ ဖြစ်လာတော့မှာ။
သူတို့က မိတ်ဆွေအရင်းကြီးတွေ ဖြစ်နေကြပြီဟ။ သူ့အတွက် ဘာနေရာရှိဦးမှာလဲ”

ရီ မိသားစုထဲက သုံးပွင့်ဆိုင်ကိစ္စအား အနုပညာလောက ထဲက လူတိုင်းပင်လျှင် သိနေကြခြင်းဖြစ်သည် ။

ဒီမင်းသားလေး ရီမူဖန်သည် ဟိုးပဝေသဏီထဲက စွန့်ပစ်ခံထားရပြီး အခုချိန်တွင် လမ်းဘေးကလေကဝခွေးဝဲစားတစ်ကောင်ဖြစ်နေပြီကို ဘယ်သူ မသိဘဲနေပါမည်နည်း ။

မေးစေ့ကားကားနှင့် ဒီဇိုင်နာတစ်ယောက်သည် ဟောကျွင်းချန်းနား ကပ်လာပြီး အတင်းတုပ်လာသည် ။
“ကျွန်တေ်ာ ကြားတာကတော့ အရင်က ကြယ်ပွင့်များ အင်တာတိန်းမန့်မှာ အောက်ခြေသိမ်းအလုပ်တွေ
သူ လုပ်ခဲ့တယ်ဆို။ သူ့ကို ဖိတ်ကြားလွှာပေးခဲ့တာ ခင်ဗျားတို့လား”

ဆံပင်ရှည်နှင့်ယောကျာ်းသည် ချက်ချင်းပင် ရှုံ့ချလာတော့ သည်။
“ဘာရယ်။ သူ့ကို အလုပ်ဖြုတ်လိုက်တာဖြင့် အကြာကြီး ကြာလှပေါ့။ အဲ့ဒီသုံးစားမရတဲ့အမှိုက်ကောင်များ…..ငါတို့ရဲ့သခင်မလေးနဲ့ စတိုင်လစ်ခေါင်းဆောင် ဟော တို့က ကြင်နာတတ်လို့သာ
သူ့ကို အလုပ်ပေးထားခဲ့တာပါဟ”

ရီမူဖန်သည် ဝတ်စုံလဲဖို့ရာအတွက် ဒါရိုက်တာ ကျန်းကို သွားရှာတော့မည် ပြုလိုက်၏ ။ သို့သော်၊ ရုတ်တရက်ကြီး၊ တစ်စုံတစ်ယောက်သည် သူ့လမ်းကို ကာပိတ်ထားချေသည် ။

“ဟောဗျာ၊ ငါတို့ကြယ်ပွင့်များရဲ့ စတိုင်လစ်ကြီး ရီ ပါလား။
ကြည့်ရတာ၊ ကြယ်ပွင့်များကနေ ခြေစုံကန်ထွက်သွားပြီး တဲ့နောက်မှ…အင်း တော်တော်လေး ကောင်းစားနေတဲ့ပုံပဲ၊ ဟဟ။ မင်းကများ ဂရန်းဖက်ရှင်အခမ်းအနားကို လာတက် ်တယ်လား”

ရီမူဖန်အဖို့ ဖြစ်ပျက်သွားခဲ့ပုံအား ဝမ်ဝမ်ကို ဘယ်လိုရှင်းပြရမလဲသာ တွေးရင်း ထူပူနေချိန်မို့ ဒေါသတို့ထောင်းခနဲ ဖြစ်သွားရတော့သည် ။ သူ၏အေးစက်စက်မျက်ဝန်းတို့သည်
ဟောကျွင်းချန်ဦးစီးသည့် စတိုင်လစ်အဖွဲ့အား ဖြန့်ကျက်ကြည့်လိုက်ပြီး၊ သူတို့နဲ့ အာရုံစားမခံနေလိုတော့ ။
“ခွေးကောင်းတွေက လမ်းပိတ်မဟောင်တတ်ဘူး”

ယနေ့တွင် စိတ်ဝင်စားစရာ ပွဲကြီးပွဲကောင်းတစ်ပွဲနဲ့
ကြုံရလိမ့်မည်ဟု ဟောကျွင်းချန်၊ မျှော်လင့်မထားမိ။
သူ၊ ပေါ့ပါးအေးဆေးစွာပင် လျှောက်သွားလိုက်ပြီး ။
“သခင်ငယ်လေး ရီပါလား။ ကျွန်တော်တို့တွေ နောက်ဆုံးတွေ့ခဲ့ကြပြီးကတည်းက သခင်လေး တော်တေ်ာကြီးအဆင်ပြေနေတယ်လို့ ထင်နေတာ”

သိပ်မဝေးသည့်နေရာဆီတွင်၊ ရှန်းမန်ချီ ၊ အခြေအနေအား သတိပြုမိသည်နှင့် ။ သူမ၏အကြည့်မှာ စက်ဆုပ်ရွံရှာခြင်းတို့ ပြည့်စက်လာပြီး ရီမူဖန်အား ကြည့်နေမိသည်မှာ မသတီစွာ ။

ဒီကောင်က ဒီမှာ ဘာလာလုပ်တာလဲ ။
သူ ငါ့အပေါ်မှာ မကောင်းတဲ့စိတ် ထားနေတုန်းများလား ။

ထိုအတွေးဖြင့်၊ ရှန်းမန်ချီ၊ ချက်ချင်းပင် ရွံရှာသွားရတော့သည် ။ သူမ၊ သူ့အား တစ်ချက်ပင် ကြည့်လိုက်ပြီး စိတ်မဝင်စားစွာ ဖြင့် မြန်မြန်ဆန်ဆန် အကြည့်လွှဲလိုက်တော့၏ ။

                         💖💖💖💖💖💖💖

💖စာစဉ် ၆ ခုစာ ဝယ်ယူရုံ ( ဖုန်းဘေ ၃၀၀၀ တန် တစ်ကတ်ထဲ ) နဲ့
စာစဉ် ၁၁ ခုစာ ( စာစဉ် ၅ ခု အခမဲ့ ) ရမယ့် အခွင့်အရေးလေးဖြစ်တဲ့ ပရိုမိုးရှင်းအစီအစဉ်လေးကိုလည်း ဝင်လို့ရပါပြီ ။

စာစဉ် ၂၉၊ အခန်း ၁၇။ အလှဆုံး

ဟောကျွင်းချန်၊ ရီမူဖန်ဆီ လျှောက်သွားလိုက်ပြီး အသံကို နှိမ့်ကာ နောင်တရကြေကွဲသည့်အသံဖြင့် ။
“အာ၊ မင်း ဘာလို့များ ဒီလမ်းကို လျှောက်တာလဲကွာ။
အရင်က ငါ သဘောထားကြီးကြီးနဲ့  ငါတို့ဆီ အလုပ်လာ လုပ်ဖို့ မင်းကို ကမ်းလှမ်းခဲ့တယ်။ ဘယ်ဟာက မင်းအတွက် ကောင်းတယ်ဆိုတာကို မင်း မသိသေးပါလား…”

ဟောကျွင်းချန်၊ ရပ်လိုက်၏ ။
သူ၏မျက်လုံးတို့သည်ကား ပျော်ရွှင်အားရမှုတု့ိ ပြည့်လျှံလို့နေ လျက် ။“အခုတော့၊ မင်း ငါ့ကို ခြေသလုံးဖက်တောင်းပန် ရင်တောင်မှ ဒီလောက် မလွယ်ကူတော့မှာစိုးတယ်…”

ရီမူဖန်၊ ထွက်သွားဖို့ကို မလောနေတော့။
မျက်ခုံးတို့ အသာပင့်ကြည့်လိုက်ပြီး ။
“ခင်ဗျားကို တောင်းပန်ရမယ်”

ဟောကျွင်းချန်၊ ရီမူဖန်၏သချိၤုင်းတွင် ချည်တုပ်ပြီး ပစ်သွားခဲ့သည်ကို ပြန်အမှတ်ရမိလိုက်ပြီး သူ့မျက်နှာမှာ မည်းပုတ်လာတော့သည် ။
“အားလုံးရဲ့ရှေ့မှာ ဒူးထောက်ပြီးတော့ ငါ့ကို သုံးကြိမ်တိတိ ဦးခိုက်မယ် ဆိုရင်တော့ မင်းကို နောက်ထပ်အခွင့်အရေး ပေးဖို့ ငါ စဉ်းစားပေးနိုင်လောက်ပါတယ်…”

ရီမူဖန်၊ စကားပြန်ပြောမည်အပြု…ဖုန်းဝင်လာသည် ။
ရီဝမ်ဝမ်ဆီကပင် ။

ရီမူဖန်၊ တစ်ချက်ကြည့်လိုက်မိပြီး ချက်ချင်းပင် အပြစ်ရှိသယောင် ခံစားသွားရတော့၏ ။ ပြန်တုဖက်ပြောနေဖို့ရာ အာရုံလည်း မရှိတော့။ ဘယ်သူမှရှိမနေသည့် ထောင့်တစ်ထောင့်ဆီ သွားလိုက်ပြီး ဖုန်းကိုင်လိုက်၏…

ရီမူဖန်သည် ဘယ်လောက်ထိ ထိတ်လန့်သွားတာကို မြင်လိုက်ကြ သည်နှင့် လူတိုင်း၊ ချက်ချင်းပင် သူ့အား သရော်လာကြတော့သည်။
“ဒီကောင်ကို ကြယ်ပွင့်များကနေ ကန်ထုတ်လိုက်ပြီဆို ။
အခု ဒီမှာ ဘာတွေ လာရှု့ပ်နေတာလဲ”

“သူခိုးလို လုပ်နေတဲ့သူ့ပုံစံကို ကြည့်လိုက်ပါဦး - သူ ခိုးဝင်လာတာပဲ ဖြစ်ရမယ်။ ဒီသခင်လေးက ဘယ်နေရာမှသာ မတော်တာ။ ခိုးကြောင်ခိုးဝှက်လုပ်တဲ့နေရာမှာတော့ သြချရ လောက်ပါရဲ့ရှင်”

“လုံခြုံရေးတွေ ဘယ်ရောက်နေလဲ ။
သူတို့အလုပ်ကို ကောင်းကောင်းမလုပ်တတ်ကြဘူးလား”

ဟောကျွင်းချန်သည် အလွန်ပင် သဘောထားကြီးချင်ယောင်
ဆောင်ပေးပြီး တဖက်လူ၏ပုခုံးတို့အား ဖွဖွပုတ်ပေးလာသည် ။“ခနနေ အခမ်းအနားကစတော့မှာ။ အားလုံးက ပြင်ကြဆင်ကြနဲ့ အလုပ်ရှုပ်နေကြတော့ မျက်စိလွတ်မိသွား တာဖြစ်မှာပါ”

သူ့လိုအမှိုက်ထုပ်နှင့်ဖက်ပြိုင်ပြောနေခြင်းက အချိန်ကုန်ခြင်း သက်သက်သာ…

စင်မြင့်ထက်တွင်၊ အစီအစဉ်တင်ဆက်သူသည် စိတ်အားထက်သန်စွာဖြင့် ပြောဆိုလာသည် ------

“မင်္ဂလာညနေခင်းလေးပါ၊ ဂုဏ်သရေရှိ ဧည့်သည်တော်တို့။
လူကြီးမင်းတို့ ကြွရောက်လာပေးတဲ့အတွက် ကျေးဇူးတင်မိပါ တယ်ရှင်။ ၁၃ ကြိမ်မြောက် ဂရန်းဖက်ရှင်အခမ်းအနားကြီး တရားဝင်စ.တင်.ပါ.ပြီ…”

အနုပညာလောကထဲက လူတွေနှင့် အချိတ်အဆက်ရဖို့ရာ အပြင်ကို ဒီအခမ်းအနား၏အဓိကအချက်မှာ သူတို့အားရကျေနပ်ခဲ့ကြဆုံးသော အနုပညာလက်ရာတို့ကို သွေးပြနိုင်ခဲ့သည့် နာမည်ကြီးစတိုင်လစ်များစွာ
နှင့် ချိတ်ဆက်နိုင်ဖို့ပင် ။

ပရိသတ်ထဲတွင်၊ ရှန်းမန်ချီသည် သူမနံဘေးတွင် ထိုင်နေသည့် ဟောကျွင်းချန်အား တစ်ချက်ကြည့်လိုက်ပြီး ။
“ရီမူဖန် ဒီည ပေါ်လာတာက ကျွန်မတို့ကို ပြသနာရှာဖို့ များလား”

ဟောကျွင်းချန်သည် ရီမူဖန်၏ဒီဇိုင်းတို့ကို အသုံးချနေပြီး ပွဲထွက်နေခြင်း မဟုတ်လော ။ ရီမူဖန်အနေဖြင့် ဒါကို ဘယ်လိုလုပ် လွှတ်ပေးထားနိုင်ပါ မည်နည်း ။

ဟောကျွင်းချန်၊ သူမ ပြောသည်ကို ကြားလိုက်ပေသိ ။
လုံးဝအတိ အကြောက်အလန့်မရှိပေ။ ရှုံ့မဲ့ကာ ပြောဆိုလာ သည် ။
“ဟာ၊ မန်ချီရာ။ မင်းက အဲ့ဒီအမှိုက်ထုပ်ကို အထင်ကြီးလွန်း နေတာပဲ။ သူ့အကြောင်း မပြောကြရအောင် ။ အဲ့ဒီငတုံးသာ ယမမင်းဆီသွားတဲ့လမ်းကို လျှောက်ရဲလို့ကတော့ ပြသနာ ရှာဖို့က အချိန်ကောင်းပါပဲ - ကိုယ်လည်း သူ့ကို ဒီလောက ထဲမှာ ဆက်နေလို့မရတော့အောင် လုပ်ပစ်လိုက်မှာပေါ့”

ရှန်းမန်ချီသည်လည်း သူမ အစိုးရိမ်နေတာပါဟု တွေးနေ မိခြင်းပင် ။
သူမ၊ ပုခုံးတို့ တွန့်ပြလိုက်ပြီး စကားထပ်ပြောမလာတော့ ။
“ကျွန်မ စင်နောက်ဘက်ကို သွားပြင်လိုက်ဦးမယ်”

“သွားပါ - ဘေဘီက ဒီည သေချာပေါက်ကို အလှဆုံးဖြစ်နေ မှာပဲ”

……

ဂီတသံတို့ စတင်ကာ ပျံ့လွင့်လာသည် ။ စင်မြင့်ထက်တွင်၊ စတိုင်လစ်အသီးသီး၏နာမည်ကျော်လက်ရာတို့မှာ တစ်ယောက်ပြီးတစ်ယောက် ပြသလို့နေလေပြီ ။ မော်ဒယ်တို့သည် ဖက်ရှင်လောကတွင် ဖူးပွင့်ခဲ့ကြသည့် ပန်းပေါင်းတစ်ရာအသွင်ကို ဖော်ထုတ်လာပြီး သူတို့၏အလှတို့ကို လှစ်ဟပြလို့လာကြလေပြီ ။

အရှေ့ဆုံးအတန်းမှ အလယ်ခုံတွင်၊ ဖက်ရှင်အစည်းအရုံးု၏ဥက္ကဌမှာ နေရာယူပြီးချေပြီ။ သူ၏ညာဘက်တွင် ဒါရိုက်တာ ကျန်း ဖြစ်ပြီး ဘယ်ဘက်တွင်မူ လစ်လပ်လို့နေ၏ ။

ဒီအခိုက်အတန့်၊ အသက် ၅၀ ကျော်ပြီဖြစ်သည့် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မူဝမ်ချင်း ။ သူသည် လူတိုင်း၏ဖန်တီးမှုလက်ရာတို့ကို အာရုံစိုက်ကြည့်လို့်နေရင်းမှ စင်မြင့်ထက်တွင် ရှန်းမန်ချီ ထွက်လာသည်ကို မြင်လိုက်သည့်အခိုက် သူ၏မျက်လုံးတွင် အံ့သြမှုတစ်ရပ် အသိသာကြီး ဖြတ်ပြေးသွားတော့သည် ။

“မဆိုးဘူး”

ဒါရိုက်တာ ကျန်းသည် မြန်မြန်ဆန်ဆန်ပင် ဝင်ပြောလာသည် ။
“ဟုတ်ပါတယ်၊ မဆိုးဘူး။ ဒါနဲ့၊ ဥက္ကဌ မူ၊ ဟောကျွင်းချန်ရဲ့ဒီဇိုင်းက ကျွန်တော်တို့ ဒုဥက္ကဌရဲ့ လုပ်နည်း လုပ်ဟန်တွေနဲ့ တော်တော်လေး ဆင်နေသလားလို့၊ ဟမ်”

                          💖💖💖💖💖💖💖

စာစဉ် ၂၉၊ အခန်း ၁၈။ အရည်အချင်းမရှိဘူး

မူဝမ်ချင်း၊ ခေါင်းကို ခါယမ်းလိုက်၏။
“မူဖန်နဲ့ယှဉ်လိုက်ရင်တော့ အများကြီးကွာနေပါသေး တယ်…”

ဤဥက္ကဌသည် အသစ်တက်လာသည့် ဒုဥက္ကဌအား တော်တော်လေး ချီးကျူးမြှောက်စားထားတာကို ဒါရိုက်တာ ကျန်း သိနေသည်မို့၊ မြန်မြန်ပင် ပြောလိုက်၏ ။
“ဟုတ်တာပေါ့။ သူတို့က စတိုင်ဆင်ပေမယ့်လို့ ဟောကျွင်းချန်ရဲ့လက်ရာတွေမှာ အရည်အချင်းတွေ လိုနေသေးသလို ဖြစ်နေတယ်”

မူဝမ်ချင်း၊ သူ့နံဘေးက ထိုင်ခုံအလွတ်ဘက် လှည့်ကြည့် လိုက်၏ ။
“မူဖန် ဘယ်မှာလဲ။ သူ ဘာလို့ ရောက်မလာသေးတာလဲ”

“သူ လမ်းမှာ အက်စီးဒင့်ဖြစ်ခဲ့လို့ အခု အဲ့ဒီကိစ္စကို ရှင်းနေပါတယ်။ ဒီကို နောက်ကျမှရောက်လာလိမ့်မယ်တဲ့”

“ဘာ ။ အက်စီးဒင့်…”
မူဝမ်ချင်း၊ မျက်မှောင်တို့ တွန့်ချိုးလာချေပြီ ။

ဒါရိုက်တာ ကျန်း၊ မြန်မြန်ဆန်ဆန်ပင် ရှင်းပြလိုက်ရ၏ ။
“ဥက္ကဌ၊ မတုန်လှုပ်သွားပါနဲ့ ။ သူ အဆင်ပြေပါတယ်။
ဒါပေမယ့်လို့ သူ့ရဲ့ကားကတော့ နည်းနည်းလေး ပျက်စီးသွားတယ်။ ကျွန်တော် အခုချက်ချင်းပဲ သူ့ကို အဝင်ဝမှာ သွားကြိုလိုက်မယ်”

…..

ဒါရိုက်တာ ကျန်း၏ခနလောက်လှစ်ထွက်သွားခြင်းသည်ကား ဘာမှပွက်လောရိုက်သွားခြင်း မရှိလိုက် ။

ရှန်းမန်ချီ၊ စင်မြင့်ပေါ် တက်လာသည့်တစ်စက္ကန့်၊ ချီးကျူးထောပနာစကားတို့ နေရာတိုင်းတွင် ကြားနေရပြီး လက်ခုံသံတို့ အုံးအုံးကျွတ်ကျွတ် ညံလာတော့သည် ။
“တကယ့်ကိုစတိုင်လစ်ခေါင်းဆောင်ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုထိုက်ပါတယ်ဗျာ ။ တကယ့်ကို အံ့သြစရာကောင်းလှပါ တယ်”

“ဒီဖန်တီးမှု၊ ဒီစိတ်ကူးစိတ်သန်း - ဘယ်လိုသာမန်ပုဂ္ဂိုလ်မျိုး ကမှ ဒီလိုစိတ်ကူးမျိုး ထွက်လာနိုင်မှာမဟုတ်ဘူး”

“ဥက္ကဌ မူ တောင်မှ အစောနက ခေါင်းညိတ်ပြီး အသိအမှတ်ပြုပြလိုက်တယ်ဟ”

ဟောကျွင်းချန်သည် ဒီမြှောက်ပင့်ချီးကျူးစကားအားလုံးကို ဝမ်းမြောက်ဝမ်းသာ သိမ်းကျုံးယူလို့နေ၏ ။
“အားလုံးပဲ ကျွန်တေ်ာ့ကို မြှောက်ပြောနေကြပါပြီ။
ဒါက ပြောဖို့တောင် မထိုက်တန်တဲ့လက်ရာသေးလေးပါဗျာ”

ဒီအခိုက်…

ချီးကျူးနေမှုများ၏အလယ်၊ ရုတ်တရက်ဆန်ဆန် အသံတစ်သံ ထွက်လာသည် -----

“ကျွတ်စ်၊ ဘယ်အချိန်ကစပြီးတော့ ဖက်ရှင်အစည်းအရုံးရဲ့ အဆင့်အတန်းက ဒီလောက်ထိနိမ့်ပါးသွားရတာလဲ။ ဒီအရှက်မရှိတဲ့လူရဲ့ ခိုးယူထားတဲ့လက်ရာကိုတောင် ပြောင်ပြောင်တင်းတင်း စင်ပေါ်ပြသနိုင်ပြီးတော့
လူတိုင်းရဲ့ ချီးကျူးသြဘာကို ရကြတယ်ဆိုတော့..”

အနှီယောက်ျား၏အသံသည် အနည်းငယ်နားဝင်ခါးပြီး ငေါ့လုံးတို့သည်ကား အပြည့်အမောက် ။

ဟောကျွင်းချန်၏ပြုံးဖြီးဖြီးဖြစ်နေခဲ့သည့် အမူအရာမှာ ချက်ချင်းပဲ အေးခဲသွားရတော့၏ ။ ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် သူ၏အမူအရာမှာ မည်းပုတ်လာ တော့သည် -----

သူ မြင်လိုက်သည်ကား ။

ဆံပင်တို့ ဘုတ်သိုက်…
အကျီၤတို့ တွန့်ကြေနေလျက်…
မတ်တပ်ရပ်လို့နေသည့် ရီ မူ ဖန်။

ရီမူဖန်သည် နှုတ်ခမ်းတို့ မဆိုစလောက်ကလေး တွန့်ကွေးလျက် တည်ငြိမ်စွာ နေရာတွင် ရပ်လို့နေ၏။

ရီ မူ ဖန် ။
မင်းကများ ဒီမှာ လာပြသနာရှာရဲတယ် !!!

ကောင်းတယ်၊ သိပ်ကောင်းတယ်…

ဟောကျွင်းချန်၊ လုံးဝပင် မပြောလိုက်ရပေ - တစ်စုံတစ်ယောက်သည် သ့ူကိုယ်စား အော်ဟစ်ပြီးနှင့်ချေပြီ ။

“ဒီစိတ်ပျက်စရာ သူတောင်းစားပုံနဲ့ ဘယ်ကနေ ထွက်လာတာလဲကွာ ။ ဖက်ရှင်အစည်းအရုံးရဲ့နာမည်ကို ဆွဲချပစ်ရဲရတယ်လို့။ သူကများ ငါတို့ရဲ့လက်ရာတွေက ခိုးထားသလေးဘာလေးနဲ့ စွပ်စွပ်စွဲစွဲ…တောက်”

ဖီးလစ်၏မျက်နှာအား မြင်ဖူးသူ သိပ်မရှိကြပါချေ။ ရီမူဖန်၏ညစ်ပေရေနေသည့်ပုံစံကို မြင်လိုက်ကြရပြီး
ဘယ်သူကမှ သူ့ကို လေးစားကြခြင်းမရှိကြတော့ ။

“သူက ဘယ်သူလဲ။ ဘာလို့ ဒီလောက်ထိရင်းနှီးနေရ တာပါလိမ့်”

“နင် မသိဘူးလား။ သူက အင်ပါယာစကိုင်းအင်တာတိန်းမန့် ရဲ့ အိမ်ရှေ့စံမင်းသားလေး၊ ရီ အုပ်စုရဲ့သခင်ငယ်လေး -
ရီ မူ ဖန် လေ”

“အမယ်လေး ။ အဲ့ဒီမသိတတ်တဲ့ဟာလေးလား ။
သူက ဒီမှာ ဘာလာလုပ်နေတာလဲ”

“ငါ ကြားတာကတော့ ဟောကျွင်းချန်အတွက် တောက်တိုမယ်ရတွေ လုပ်ပေးပြီးတော့ အလုပ်ဖြုတ်ခံလိုက် ရပြီတဲ့ - သူ ဒီကို ရောက်လာတာ ပြသနာရှာဖို့ ဖြစ်လောက် တယ်”

“အဓိပ္ပာယ်မရှိလိုက်တာဟာ”

လူတိုင်းသည် ရီမူဖန်အား ပြစ်တင်ဝေဖန်ပြောဆိုပြီး လုနီးနီးတွင်မှ ဟောကျွင်းချန်၊ မတ်တပ်ထရပ်လာပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလာသည်။
“သခင်ငယ်လေး ရီ၊ မင်းက အိမ်ကနေ မောင်းထုတ်ခံ ထားရပြီးတော့ အရင်က လမ်းဘေးမှာပဲ နေနေရတာမို့ ငါတို့သခင်မလေးက မင်းကို သနားညှာတာပြီးတော့ ခေါ်ထားပေးခဲ့တာ။ ကျွန်တော့်ဆီမှာ အလုပ်လုပ်ခွင့်ပေး ခဲ့တာ”

“ဒါပေမယ့်၊ မင်းဆီမှာက ဘာအရည်အချင်းမှ ရှိမနေတဲ့အပြင် ကို အလုပ်ကို ကောင်းကောင်းမွန်မွန်မလုပ်ချင်လို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘဲ မင်းကို မောင်းထုတ် ်ပစ်လိုက်ရတယ်။ ဘာပဲပြောပြော၊ ကုမ္ပဏီက ပိုက်ဆံရှာဖို့ လိုအပ်သေးတယ်လေ။ ကျွန်တော်တို့က အလှူခံဇရပ် မဟုတ်ဘူးလေဗျာ”

“မသိထားမိဘူးဗျာ။ မင်းက ကျေးဇူးမသိတတ်ရုံတင်မဟုတ်ဘူး။ ဒီကိုလာပြီးတော့ ကျွန်တော့်ကိုပါ စော်ကားနေသေးတယ်၊ အာ…”

ဟောကျွင်းချန်သည် ရင်ကွဲနာကျသလို ဟန်ဆောင်နေချိန်၊
ရီမူဖန်သည်ကား တိတ်တိတ်ဆိတ်ဆိတ် ။
သူသည် နေရာတွင်ပင် မတ်တပ်ရပ်နေပြီး
သရုပ်ဆောင်နေသည်ကို ကြည့်လို့နေလေသည် ။

“အော် ။ ကျွန်တေ်ာ့မှာ အရည်အချင်းမရှိဘူးတဲ့လား။
ဒါဖြင့် ဘယ်သူ့မှာ ရှိတာလဲ ။ ဟမ်…ခင်ဗျားလား..စတိုင်လစ်ကြီး ဟော ။ တခြားသူရဲ့လက်ရာကို ခိုးချဖို့ပဲ တတ်တဲ့သူကလား…”

ဟောကျွင်းချန်သည် ဒီစကားကို စောင့်ဆိုင်းနေခြင်းပင် ။
သူ ချက်ချင်း၊ တသောသောရယ်ချလာတော့သည် ။
“သခင်ငယ်လေး ရီ ရာ၊ မင်းက ကျွန်တော့်ကို…တခြားတစ်ယောက်ရဲ့ လက်ရာကို ခိုးယူထားတယ်လို့ စွပ်စွဲနေတယ် ။ ဘယ်သူ့ဟာကို ကျွန်တော် ခိုးထားလဲ ဆိုတာကို ပြောပြပါဦးလား”

                         💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် vote and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘

Continue Reading

You'll Also Like

157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
1.3M 44.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...