#Unicode#
"ခလေး"
"အင်း..... ပြော ကိုဟိဏ်း"
"ကို့ကို ချစ်လား"
"ပြောနေစရာမှ မလိုတာ.....ချစ်တာပေါ့လို့"
"အဲ့တာဆို အာဘွားပေးလေ"
"ဟာ ကိုဟိဏ်းကလည်း ရှက်စရာကြီးကို"
"ခလေးကလည်းကွာ ဘာရှက်စရာရှိလို့လဲ.....ကိုတို့ နှစ်ယောက်ထဲဘဲ ရှိတဲ့ဟာကို"
"ရှက်ပါတယ်ဆိုမှ ကိုဟိဏ်းနော်"
"ပေးပါနော်..... နော်.....နော်လို့"
"ဟာ လူဆိုးကြီး" လို့ ရေရွတ်ရင်း လိမ့်လိုက်တော့ ဇေယျာ တစ်ယောက် ခုတင်ပေါ်က လှိမ့်ကျသွားလေသည်။
"အား....." ဆိုသည့် အသံလေးထွက်လာပြီး ဇေယျာမှာ အထိနာသွားသော ကျောကုန်းလေးကို အသာလေး ပွတ်သပ်လိုက်၏။
"ဟင် ငါ ကိုဟိဏ်းကို အိမ်မက်ပြန်ပြီလား...."ဆိုပြီး ခေါင်းလေးကုတ်ကာ ကိုယ့်ကိုယ်ကို တစ်ယောက်တည်း တွေးပြီး ရှက်သွေးဖြာနေလေသည်။
တစ်ယောက်တည်း တွေးပြီး ပြုံးနေရင်း ရေမိုးချိုးဖို့ ပြင်လိုက်သည်။ ရေမိုးချိုးပြီးတော့ နွေးနွေးထွေးထွေးလေး ၀တ်ကာ ဇေယျာ မနက်စာ၀ယ်ဖို့ အတွက် cafeကို ထွက်လာခဲ့လိုက်သည်။ နောက်ထပ်များ မနေ့က ကြားခဲ့ရတဲ့ အသံပိုင်ရှင်ကို ထပ်တွေ့ရလေမလားဆိုသည့် အထင်နှင့် "Meet U" cafeကိုဘဲ သွားတာ ဖြစ်သည်။
ထုံးစံအတိုင်း ဇာမဏီဟိဏ်းနဲ့ တွေ့ရင် မှာနေကြအတိုင်း
Cappuccino တစ်ခွက်နဲ့ sandwichမှာထားလိုက်၏။ ပြီးနောက် စားပွဲခုံလေးမှာ ထိုင်စောင့်နေပြီးတော့ ဘေးဘီကို ကြည့်နေမိသည်မှာ ခဏခဏပင်။
ပြီးတော့လည်း "တိုက်ဆိုင်တာလား၊ ဒါမှမဟုတ် ကိုဟိဏ်းလား" ဆိုပြီး ဇေယျာ တစ်ယောက် စဉ်းစားနေလေ၏။
မှာထားတာတွေ လာပေးတော့ ပိုက်ဆံရှင်းပြီး ကိုယ့်ဆိုင်ဖွင့်ဖို့ အတွက် cafeဆိုင်ထဲက ပြန်ထွက်လာခဲ့လိုက်ရသည်။ အသံပိုင်ရှင်ကို ထပ်မတွေ့ရရုံဘဲ ရှိတာပေါ့။
ဆိုင်ရှေ့ကို ရောက်တော့ မိုးထက်က စောပြီး ရောက်နေပြန်လေပြီ။ ဇေယျာလည်း အားနာတာကြောင့် ဆိုင်တံခါးကို အမြန်ဖွင့်လိုက်ရသည်။ မိုးထက်ကတော့ ဆိုင်ထဲ၀င်ပြီး အပြင်မှာထားရမယ့် ပစ္စည်းတွေကို ရွေ့လိုက်၊ အထဲ၀င်လိုက် ထွက်လိုက် လုပ်နေလေသည်။ ဇေယျာလည်း ပန်းလေးတွေကို ရေဖြန်းနေလိုက်သည်။ မိုးထက်ကလည်း ပစ္စည်းတွေကို အပြင်ထုတ်လို့ပြီးသွားပြီလေ။ ဒါနဲ့ ဇေယျာလည်း မနေ့က ပန်းခြင်းလာမှာတဲ့ အကြောင်း မေးဖို့ မိုးထက်ကို လှမ်းခေါ်လိုက်သည်။
"မိုးထက်"
"ဟုတ်ကဲ့ အကို"
"မနေ့ကလေ name cardပေးပြီး ပန်းခြင်းမှာတာလေ မှတ်မိလား"
"အင်း.... မှတ်မိတယ်လေ"
"အဲ့တာ ဘယ်သူလာမှာတာလဲ"
"ယောကျာ်ကြီးတစ်ယောက်ဘဲ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့"
"သူ့အသံကဘယ်လိုမျိုးလဲ"
"သူ့အသံက တစ်မျိုးဘဲ"
" အသံကဩလား"
"ဟာ အကိုကလည်း အဲ့လိုတော့ မသိဘူးလေ"
"ဟုတ်လား"
"အကိုက ဘာလုပ်မလို့လဲ"
"ဘာမှ မဟုတ်ပါဘူး ဒီအတိုင်း မေးကြည့်တာပါဘဲ"
"ဟုတ်လို့လား"
"ဟုတ်တယ်"လို့သာ ပြန်ဖြေပြီး ကော်ဖီသောက်နေလိုက်သည်။ ကော်ဖီသောက်နေရင်း ဖုန်းလာတာကိုတောင် မကြားမိလိုက်။ မိုးထက်က ဖုန်းလာနေတယ်ပြောမှသာ ဇေယျာ သတသိထားမိတော့သည်။ ဒါနဲ့ ကော်ဖီသောက်တာ ခဏရပ်ပြီး
ဖုန်းကိုင်လိုက်တော့သည်။
"ဟယ်လို"
ဇေယျာ ပြောအပြီး တစ်ဖက်က ပြန်ဖြေလာလေသည်။
"ဟယ်လို"
ထိုအသံဘဲ။ ဇေယျာ နှစ်ခေါက်တောင် ကြားလိုက်ရတဲ့ အသံကို ထပ်ကြားနေရပြန်လေပြီ။ ဇေယျာ ထိုအသံကို ကြားကြားပြီးချင်း ဘာပြောရမှန်း မသိဖြစ်နေချိန် မိုးထက်က နေပြီး ပြန်ပြောဖို့ကို လက်ဟန်ခြေဟန်ဖြင့် သတိပေးတော့သည်။
"အကို ပြန်ပြောလိုက်အုန်းလေ" ဆိုပြီးတော့ပေါ့။
"အော် ဟုတ်ကဲ့ "Butterfly" floral serviceကပါ.......ဘာများ ကူညီပေးရမလဲ ခင်ဗျ"
"မနေ့က ပန်းခြင်းလေးရလိုက်တယ်.....အဲ့တာကျေးဇူးတင်စကားလှမ်းပြောတာပါ"
"မဟုတ်တာ ကျွန်တော်က ကျေးဇူးတင်ရမှာပါ.... အခုလို ကျွန်တော်တို့ ဆိုင်ကို မှာယူတဲ့ အတွက် ကျေးဇူးပါဘဲ"
"ကောင်းပါပြီဗျာ"
"ဒါနဲ့လေ ဟို....."
"အလုပ်ကိစ္စရှိလို့ ချလိုက်တော့မယ်နော်"
ဆိုပြီး ပြောကာ တစ်ဖက်က အရင် ဖုန်းချသွားတော့သည်။
ဇေယျာမှာ ဖုန်းကိုင်ရင်း ခဏလောက် ငိုင်ငိုင်ကြီး ဖြစ်လို့နေလေသည်။ အသံက ဇေယျာ မှတ်မိနေသည့် ဇာမဏီဟိဏ်း အသံမှ အသံစစ်စစ် ဖြစ်ချေသည်။ ဘယ်လိုမှ မမှားနိုင်ပါ။ ဇေယျာမှာ ငေးငေးငိုင်ငိုင် ဖြစ်နေတာကြောင့် ဘေးက မိုးထက်ပင် စိတ်ပူလာပါလေသည်။
"ဘာတဲ့လဲ အကို" ဆိုကာ မိုးထက်မှ ဇေယျာကို တိုးတိုးလေး မေးလိုက်တော့၏။
သို့ပေမယ့် ဇေယျာ ပြန်မဖြေပါ။ ဒါကြောင့် မိုးခက်ကနေမှ ထပ်ပြီး ခေါ်လေသည်။
"အကို"
"အကို"
"အကိုလို့" ဆိုပြီး ဆက်တိုက်ခေါ်နေမှဘဲ ဇေယျာ မိုးထက်ကို ပြန်ဖြေလိုက်သည်။
"အင်း"
"ဘာတဲ့လဲ ပန်းမှာတာလား"
"မဟုတ်ပါဘူး ဖုန်းမှားဆက်တာတဲ့"
လို့ပြောပြီး ထိုင်ခုံလေးမှာ ထိုင်ကာ ဇေယျာ တစ်ယောက် စဉ်းစားခန်း ဖွင့်နေလေသည်။
နေ့လည်လောက်ရောက်တော့ အော်ဒါလက်ခံထားတဲ့ ပန်းလေးတွေနဲ့ မုန့်ပန်းစည်းလေးတွေကို ထုတ်ပေးနေရလေသည်။ ဇေယျာမှာ ပန်းစည်းကို ထုပ်ပေးနေရသည်ဆိုပေမယ့်လည်း စိတ်ကတော့ စဉ်းစားမြဲ စဉ်းစားနေလေ၏။ ပန်းစည်းထုပ်ရင်း စိတ်တိုင်းမကျတော့ စက္ကူရွက်တွေကို ချေပြီး လွင့်ပစ်နေသည်မှာ ခဏခဏပါဘဲ။ ဘေးက ကြည့်နေတဲ့
မိုးထက်ကတော့ ဇေယျာ လက်ထဲက ပန်းစည်းကို ယူဖို့ ကြိုးစားတော့သည်။
"အကို ကျွန်တော့်ကို ပေးလိုက်လေနော်.....ကျွန်တော်ဘဲ ဆက်လုပ်လိုက်မယ်..... အစ်ကိုကတော့ ခဏ နားလိုက်လေ"
"အင်း"လို့ ဇေယျာ ပြန်ဖြေပြီး ကောင်တာက ထိုင်ခုံလေးမှာ ထိုင်ကာ မျက်စိကို မှိတ်ထားရင်း ခဏလောက် အနားယူနေလိုက်သည်။
အနားယူနေတယ်သာပြောပေမယ့် စိတ်ကတော့ ထိုအသံကိုသာ ပြန်ကြားမြင်နေရတော့သည်။ ဇေယျာရဲ့အဖြစ်မှာလည်း ကလေးပျောက်သွားတာကို ရှာနေရင်း ရုတ်တရက် ခဏလေးသာ တွေ့လိုက်ရတာကြောင့် အပူမိနေတဲ့ မိခင် တစ်ယောက်လိုပင် ဖြစ်လို့နေသည်။ မသေချာမှာလည်းဆိုး၊ တစ်ကယ်ဖြစ်ပါစေလို့လည်း ဆုတောင်းရင်းပေါ့။
စဉ်းစားနေရင်း ဖုန်းလာသံကို ထပ်ကြားလိုက်ရသည်။
နောက်တစ်ခေါက်များ ပြန်ဆက်လာတာလား ဆိုသည့် အထင်နှင့် ဇေယျာ ၀မ်းသာသွားရကာ ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်ပါလေသည်။
"ဟယ်လို အမိန့်ရှိပါ" ဆိုပြီး ရွင်ပျပျလေးဖြင့် ပြောလိုက်သည်။
"ဟယ်လို သူငယ်ချင်း"တစ်ဖက်က အသံက ကိုယ်စောင့်မျှော်နေတဲ့ အသံမဟုတ်တော့ ဇေယျာရဲ့ မျက်နှာမှာ ခဏကလိုတုန်မှုန်သွားလေသည်။
"အင်း နန်းပြောလေ"
"အော် ပန်းလာဆင်ပေးဖို့ သတိလှမ်းပေးတာပါနော်"
"အင်း ငါလည်း ခုလာခဲ့မလို့ဘဲ လိုအပ်တာလေးတွေ လုပ်နေရတာမလို့ပါ"
"အင်းပါ သူငယ်ချင်း ငါ့ကို အံဩသွားအောင် လုပ်ပေးရမယ်နော်"
"အင်းပါ ခုဘဲ မင်္ဂလာခန်းမကို သွားဖို့ ပြင်ဆင်နေပါပြီနော်"
"အင်း ဒါဆိုလဲ ဒါဘဲလေနော် မနက်ဖြန်တွေ့ကြမယ်နော် သူငယ်ချင်း"
"အင်း မနက်ဖြန် တွေ့မယ်လေ နန်း..... ဒါဘဲနော်" လို့ ပြောကာ ဇေယျာ ဖုန်းချလိုက်သည်။ ပြီးနောက် မိုးစက်ကို လှမ်းခေါ်လိုက်သည်။
"မိုးထက် ပန်းစည်းထုပ်လို့ပြီးပြီလား"
"ဟုတ် ပြီးပြီ"
"အဲ့တာဆို မင်္ဂလာခန်းမပြင်ဖို့သွားကြမယ်လေ"
"အခု ပန်းစည်းတွေကရော"
"သွားရင်း လမ်းမှာ၀င်ပေးလိုက်ကြမယ်လေ"
"ဟုတ်အကို"
ဇေယျာမှာ မနက်က ကားမယူလာခဲ့တာကြောင့် မိုးထက်ကို ခဏစောင့်ခိုင်းထားပြီး ကားပြန်ပြေးယူရသည်။ ပြီးမှသာ နှစ်ယောက်သား မင်္ဂလာခန်းမပြင်ဖို့ ဆိုင်ကနေ ထွက်လာကြလေသည်။ မင်္ဂလာခန်းမ ပြင်ဖို့အသွား နေ့လည်က Anniversary အတွက် လာအပ်ထားတဲ့ ပန်းစည်းကိုလည်း လမ်းကြုံလို့ ၀င်ပေးလိုက်ကြသည်။ ပြီးတော့ မင်္ဂလာခန်းမကို တန်းသွားလိုက်ကြလေသည်။
အခုဆိုလျှင် ဇေယျာနှင့် မိုးထက်တို့ နှစ်ယောက် မင်္ဂလာခန်းမကို ရောက်နေကြပြီဘဲ ဖြစ်သည်။ အခင်ဆုံး သူငယ်ချင်းရဲ့ မင်္ဂလာပွဲ ဖြစ်တာကြောင့် ဇေယျာမှာလည်း လှလှလေး ဆင်ပေးဖို့သာ အာရုံစိုက်ထားလိုက်တော့သည်။
"မိုးထက် တိုင်လေးတွေယူလာပြီး လျှောက်လမ်းမှာ စီထားလိုက်အုန်းနော်.....ဒီဟာလုပ်ပြီးရင် တိုင်တွေမှာ ပန်းလေးတွေ စီထည့်မလို့"
"ဟုတ် အကို"
"ကျန်တာတော့ ထားလိုက်တော့.... မိုးထက်က ကားပေါ်က ပစ္စည်းလေးတွေ လိုတာ ထပ်ယူလာပေးရင် ရပြီ"
လို့ပြောပြီး ဇေယျာမှာ ပန်းလေးတွေကို စီစီရီရီဖြင့် အလှဆင်နေလေသည်။
အပြင်ဘက်မှာလည်း သူငယ်ချင်းနဲ့ သူ့ရည်းစားဓာတ်ပုံလေးရဲ့ ဘောင်အနားကို ပန်းလေးနဲ့ အလှဆင်ထားပေးလိုက်သည်။ ပြီးတော့ မီးလေးတွေနဲ့ ပန်းလေးတွေကိုရောပြီး ဓာတ်ပုံရိုက်ဖို့ နေရာလေး ထပ်လုပ်ပေးလိုက်တော့သည်။
မင်္ဂလာခန်းမမှာ အားလုံးပြင်ဆင်ပြီးတော့ မိုးစက်နဲ့ အတူတူပြန်လာခဲ့လိုက်သည်။ မိုးထက် အိမ်နားကို ရောက်တော့
မိုးထက်ကို မနက်ဖြန် ဆိုင်မလာဖို့ မှာရသေးသည်။
"မိုးထက်ရေ မနက်ဖြန် ဆိုင်ကို မလာနဲ့တော့နော်...... အကို မင်္ဂလာဆောင်မှာ ရှိနေမှာမလို့"
"ဟုတ် အကို"
"အဲ့တာဆို သွားပြီနော်"
"ဟုတ်ပြီ"
ကားလေး အနည်းငယ် မောင်းပြီးတော့ အိမ်ရှေ့တောင် ရောက်လာချေပြီ။ ထုံးစံအတိုင်း အမြဲတမ်း တွေးတောရင်း လွမ်းရင်း အိပ်စက်ရတော့မှာဘဲလေ။ ထိုနေ့က ဇေယျာ တစ်ယောက် ပင်ပန်းလို့ထင်လေရဲ့။ အိမ်ရောက်တာနဲ့ ခြေလက်မျက်နှာ ဆေးကြောပြီး အိပ်ယာပေါ် လှဲလျောင်းလိုက်တာနဲ့ တန်းပြီး အိပ်ပျော်သွားချေတော့သည်။
မနက်ရောက်တော့ ဇေယျာမှာ စောစောလေး ထပြီး မင်္ဂလာဆောင် သွားဖို့အတွက် ပြင်ဆင်ရလေသည်။
ပြီးတော့ ဆိုင်ကို ခဏသွားပြီး သူငယ်ချင်းအတွက် လက်ကိုင်ပန်းစည်းလေးလည်း သွားလုပ်ပေးရသေးသည်။ ဒီတော့ မင်္ဂလာဆောင်ကို ကိုးနာရီခွဲလောက်မှ ရောက်သွား တော့သည်။ မင်္ဂလာဆောင်ကို ရောက်တော့ သတို့သမီး အခန်းကို တန်းတန်းမတ်မတ် သွားလိုက်သည်။
"နန်း"
"ဟယ် ဇေယျာ"
"ရော့ ပန်းစည်းလေး လက်မှာကိုင်ထားဖို့"
"အမလေးနော် ကျေးဇူးပါဘဲဟဲ့"
"ဘယ်လိုလဲ အပြင်အဆင်က သဘောကျရဲ့လား နန်း"
"ကြိုက်လွန်းလို့.......ဘယ်လိုလုပ်ရမလဲ ဖြစ်နေတာ"
"အမယ် နန်း သူငယ်ချင်းလာတော့ ပျော်နေတာလား"
ဆိုပြီး သတို့သားက ၀င်လာလေသည်။
နန်းချစ်သူရဲ့အမျိုးတွေက ကမ္ဘောဒီးယား အနွယ် နဲနဲစပ်တယ်လေ။ ဒါကြောင့် စကားဝဲတာပေါ့။
"ပျော်တာပေါ့ အခင်ဆုံး သူငယ်ချင်းဘဲကို"
"Congrat နန်း နဲ့ congrat ကိုကောင်း"
"ကျေးဇူးပါဘဲ ဇေယျာရေ"ဆိုပြီး ကိုကောင်းက အသံဝဲဝဲလေးဖြင့် ပြောကာအပြင် ပြန်ထွက်သွားလေသည်။
ကိုကောင်း အပြင် ထွက်ထွက်ချင်းမှာ "Congraz ကိုကွန်"ဆိုပြီး ကိုကောင်းကို စကားပြောနေတဲ့ အသံကို အထင်းသား ကြားနေရလေသည်။
"သတို့သမီးကိုပြပါအုန်း"ဆိုပြီး ပြောသံတွေလည်း ကြားနေရသည်။ ဒါနဲ့ ဇေယျာလည်း သူငယ်ချင်းဖြစ်သူ နန်းကို ပြုံးပြုံးကြီး ကြည့်နေမိတော့သည်။
ခဏနေတော့ တံခါးဖွင့်လာပြီး ကိုကောင်းက
"နန်း" ဆိုပြီး ခေါ်တော့ ဇေယျာကော နန်းပါ အတူတူ တံခါးပေါက်၀ကို ကြည့်လိုက်ကြသည်။ ဇေယျာကော နန်းပါအံ့ဩမှင်သက်သွားရလေတော့သည်။ ကိုကောင်းကတော့ ဘာမှမသိရှာပါ။ နန်းကို မိတ်ဆက်ပေးနေလေသည်။
"နန်း ဒါ ကို့ရဲ့ အကို၀မ်းကွဲ ခွန်နစ်တဲ့။ ကိုတို့ကတော့ ကိုနစ်လို့ခေါ်တယ်....ပြီးတော့ လားရှိုးမှာcar showroom ဖွင့်ထားတယ်လေ"
ကိုကောင်းလည်း ပြောပြီးတော့ ဇေယျာတစ်ယောက် ပါးစပ်ကနေ "ကို.......ကို.......ကိုဟိဏ်း" လို့ရေရွတ်ကာ မျက်ရည်များ အလိုလို ကျလာလေတော့သည်။
အရမ်းကို တိုက်ဆိုင်လွန်းပါသည်။ တွေ့ချင်တော့လည်း ဘာမှတောင် မရှာလိုက်ရဘဲ သူငယ်ချင်း ချစ်သူရဲ့ အကို၀မ်းကွဲ အနေနဲ့ လာတွေ့ရပါလား။ ဇေယျာ မျက်ရည်များကို သုတ်လိုက်သည်။ ကိုယ်ရှာနေတဲ့ သူကို တွေ့လို့ ပျော်ပေမယ့် ကိုယ့်ကို ဘာမှမပြောဘဲ အဆက်အသွယ်ဖြတ်သွားခဲ့တာကြောင့် ဇေယျာ အမြင်မကြည်ဖြစ်လို့နေသေးသည်။
ဇေယျာလည်း ဇာမဏီဟိဏ်းကို တွေ့ရတာပျော်ပေမယ့်လို့ ခွင့်မလွတ်နိုင်သေးတာကြောင့် မင်္ဂလာဆောင်မှာ ထပ်မနေ တော့ဖို့ ဆုံးဖြတ်လိုက်ရသည်။ ဒါနဲ့ ဇေယျာ ချက်ချင်းဘဲ သူငယ်ချင်း ဖြစ်သူကို အကြောင်းပြချက်လေး ပေးကာအခန်းကနေ ထွက်လာခဲ့လိုက်သည်။
နန်းကတော့ ကိုကောင်းအနား သွားပြီး တိုးတိုးလေး ပြောတော့သည်။ ဇာမဏီမှာတော့ ငြိမ်လျက်သား ရပ်နေတော့၏။
"ကို သူက ကို့ရဲ့အကို၀မ်းကွဲကော တစ်ကယ် ဟုတ်ရဲ့လား"
"ဟုတ်တယ်လေ.... ဘာဖြစ်လို့လဲ သိနေကြတာလား"
"ကို့ရဲ့ အကို၀မ်းကွဲက ဇေယျာရဲ့ ကိုဟိဏ်းနဲ့တူသလိုဘဲ"
"ဟုတ်လို့လား....နန်းကလည်း "လို့ ပြောလာတော့ နန်းကား ကိုကောင်းကို ဇေယျာနဲ့ကိုဟိဏ်းတို့ အတူတူရိုက်ထားတဲ့ပုံအား ပြလိုက်တော့ ကိုကောင်းလည်း အံဩသွားလေသည်။
ဇေယျာ ထွက်သွားတော့ ဇာမဏီမှာလည်း ကိုကောင်းနှင့် နန်းတို့ဘက်လှည့်ကာ
"အပြင်သွားအုန်းမယ် ကိုကွန်"လို့ ပြောပြီး ဇေယျာနောက် လိုက်သွားလေသည်။
ဇေယျာ ပြောဖို့ တစ်ချက်မေ့သွားသည်။ ဇာမဏီဟိဏ်းသည်ကမ္ဘောဒီးယား အမျိုးစပ်တယ်ဆိုတာဘဲပေါ့။ ပြီးတော့ အခု
ခုလည်း ဇာမဏီဟိဏ်းကို တစ်ခြားနာမည်နဲ့ ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ မဟုတ်ပေဘူးလား။ ဇေယျာလည်း အတူတူဘဲပေါ့။
"ဇေယျာ ခလေး နေပါအုန်း" ဆိုပြီး ဇာမဏီမှာ ဇေယျာရဲ့ လက်ကလေးကို ဖမ်းဆွဲလိုက်လေတော့သည်။
"ဇေယျာ ကိုဟိဏ်းကို ပြောစရာစကားမရှိဘူး"
"ခဏပါဘဲ..... ခဏဘဲ နားထောင်ပေးပါနော် ဇေယျာ"
"ဘာမှ နားထောင်စရာမလိုပါဘူး..... ကိုဟိဏ်းမချစ်တော့လို့ ဇေယျာ့ကို ပစ်ထားခဲ့တာဘဲ"
"ဟာ ဇေယျာကလည်း......အဲ့လို မဟုတ်ရပါဘူး.... ကိုပြောပါရစေအုန်း"
"မပြောနဲ့ ဆက်ပြီးပြောစရာလည်း မရှိတော့ဘူး၊ ခင်ဗျားကြီးကို မုန်းတယ်" ဆိုကာ ဇေယျာ အော်ပြောပြီး မျက်ရည်များ အပြည့်ဖြင့် ထွက်သွားလေသည်။
ဇာမဏီမှာတော့ မျက်ရည်ဝဲလျက် တစ်ယောက်ထဲ ကျန်ခဲ့လေတော့၏။
×××××××××××××××××
နောက်ကျသွားလို့ sorry ပါနော်
အားပေးကြပါအုန်းလို့
•••••••••••••••••••••••••••••••••••••••••••••••••
#Zawgyi#
"ခေလး"
"အင္း..... ေျပာ ကိုဟိဏ္း"
"ကို႔ကို ခ်စ္လား"
"ေျပာေနစရာမွ မလိုတာ.....ခ်စ္တာေပါ့လို႔"
"အဲ့တာဆို အာဘြားေပးေလ"
"ဟာ ကိုဟိဏ္းကလည္း ရွက္စရာႀကီးကို"
"ခေလးကလည္းကြာ ဘာရွက္စရာရွိလို႔လဲ.....ကိုတို႔ ႏွစ္ေယာက္ထဲဘဲ ရွိတဲ့ဟာကို"
"ရွက္ပါတယ္ဆိုမွ ကိုဟိဏ္းေနာ္"
"ေပးပါေနာ္..... ေနာ္.....ေနာ္လို႔"
"ဟာ လူဆိုးႀကီး" လို႔ ေရ႐ြတ္ရင္း လိမ့္လိုက္ေတာ့ ေဇယ်ာ တစ္ေယာက္ ခုတင္ေပၚက လွိမ့္က်သြားေလသည္။
"အား....." ဆိုသည့္ အသံေလးထြက္လာၿပီး ေဇယ်ာမွာ အထိနာသြားေသာ ေက်ာကုန္းေလးကို အသာေလး ပြတ္သပ္လိုက္၏။
"ဟင္ ငါ ကိုဟိဏ္းကို အိမ္မက္ျပန္ၿပီလား...."ဆိုၿပီး ေခါင္းေလးကုတ္ကာ ကိုယ့္ကိုယ္ကို တစ္ေယာက္တည္း ေတြးၿပီး ရွက္ေသြးျဖာေနေလသည္။
တစ္ေယာက္တည္း ေတြးၿပီး ၿပဳံးေနရင္း ေရမိုးခ်ိဳးဖို႔ ျပင္လိုက္သည္။ ေရမိုးခ်ိဳးၿပီးေတာ့ ေႏြးေႏြးေထြးေထြးေလး ၀တ္ကာ ေဇယ်ာ မနက္စာ၀ယ္ဖို႔ အတြက္ cafeကို ထြက္လာခဲ့လိုက္သည္။ ေနာက္ထပ္မ်ား မေန႔က ၾကားခဲ့ရတဲ့ အသံပိုင္ရွင္ကို ထပ္ေတြ႕ရေလမလားဆိုသည့္ အထင္ႏွင့္ "Meet U" cafeကိုဘဲ သြားတာ ျဖစ္သည္။
ထုံးစံအတိုင္း ဇာမဏီဟိဏ္းနဲ႔ ေတြ႕ရင္ မွာေနၾကအတိုင္း
Cappuccino တစ္ခြက္နဲ႔ sandwichမွာထားလိုက္၏။ ၿပီးေနာက္ စားပြဲခုံေလးမွာ ထိုင္ေစာင့္ေနၿပီးေတာ့ ေဘးဘီကို ၾကည့္ေနမိသည္မွာ ခဏခဏပင္။
ၿပီးေတာ့လည္း "တိုက္ဆိုင္တာလား၊ ဒါမွမဟုတ္ ကိုဟိဏ္းလား" ဆိုၿပီး ေဇယ်ာ တစ္ေယာက္ စဥ္းစားေနေလ၏။
မွာထားတာေတြ လာေပးေတာ့ ပိုက္ဆံရွင္းၿပီး ကိုယ့္ဆိုင္ဖြင့္ဖို႔ အတြက္ cafeဆိုင္ထဲက ျပန္ထြက္လာခဲ့လိုက္ရသည္။ အသံပိုင္ရွင္ကို ထပ္မေတြ႕ရ႐ုံဘဲ ရွိတာေပါ့။
ဆိုင္ေရွ႕ကို ေရာက္ေတာ့ မိုးထက္က ေစာၿပီး ေရာက္ေနျပန္ေလၿပီ။ ေဇယ်ာလည္း အားနာတာေၾကာင့္ ဆိုင္တံခါးကို အျမန္ဖြင့္လိုက္ရသည္။ မိုးထက္ကေတာ့ ဆိုင္ထဲ၀င္ၿပီး အျပင္မွာထားရမယ့္ ပစၥည္းေတြကို ေ႐ြ႕လိုက္၊ အထဲ၀င္လိုက္ ထြက္လိုက္ လုပ္ေနေလသည္။ ေဇယ်ာလည္း ပန္းေလးေတြကို ေရျဖန္းေနလိုက္သည္။ မိုးထက္ကလည္း ပစၥည္းေတြကို အျပင္ထုတ္လို႔ၿပီးသြားၿပီေလ။ ဒါနဲ႔ ေဇယ်ာလည္း မေန႔က ပန္းျခင္းလာမွာတဲ့ အေၾကာင္း ေမးဖို႔ မိုးထက္ကို လွမ္းေခၚလိုက္သည္။
"မိုးထက္"
"ဟုတ္ကဲ့ အကို"
"မေန႔ကေလ name cardေပးၿပီး ပန္းျခင္းမွာတာေလ မွတ္မိလား"
"အင္း.... မွတ္မိတယ္ေလ"
"အဲ့တာ ဘယ္သူလာမွာတာလဲ"
"ေယာက်ာ္ႀကီးတစ္ေယာက္ဘဲ အသားျဖဴျဖဴ အရပ္ျမင့္ျမင့္နဲ႔"
"သူ႔အသံကဘယ္လိုမ်ိဳးလဲ"
"သူ႔အသံက တစ္မ်ိဳးဘဲ"
" အသံကဩလား"
"ဟာ အကိုကလည္း အဲ့လိုေတာ့ မသိဘူးေလ"
"ဟုတ္လား"
"အကိုက ဘာလုပ္မလို႔လဲ"
"ဘာမွ မဟုတ္ပါဘူး ဒီအတိုင္း ေမးၾကည့္တာပါဘဲ"
"ဟုတ္လို႔လား"
"ဟုတ္တယ္"လို႔သာ ျပန္ေျဖၿပီး ေကာ္ဖီေသာက္ေနလိုက္သည္။ ေကာ္ဖီေသာက္ေနရင္း ဖုန္းလာတာကိုေတာင္ မၾကားမိလိုက္။ မိုးထက္က ဖုန္းလာေနတယ္ေျပာမွသာ ေဇယ်ာ သတသိထားမိေတာ့သည္။ ဒါနဲ႔ ေကာ္ဖီေသာက္တာ ခဏရပ္ၿပီး
ဖုန္းကိုင္လိုက္ေတာ့သည္။
"ဟယ္လို"
ေဇယ်ာ ေျပာအၿပီး တစ္ဖက္က ျပန္ေျဖလာေလသည္။
"ဟယ္လို"
ထိုအသံဘဲ။ ေဇယ်ာ ႏွစ္ေခါက္ေတာင္ ၾကားလိုက္ရတဲ့ အသံကို ထပ္ၾကားေနရျပန္ေလၿပီ။ ေဇယ်ာ ထိုအသံကို ၾကားၾကားၿပီးခ်င္း ဘာေျပာရမွန္း မသိျဖစ္ေနခ်ိန္ မိုးထက္က ေနၿပီး ျပန္ေျပာဖို႔ကို လက္ဟန္ေျခဟန္ျဖင့္ သတိေပးေတာ့သည္။
"အကို ျပန္ေျပာလိုက္အုန္းေလ" ဆိုၿပီးေတာ့ေပါ့။
"ေအာ္ ဟုတ္ကဲ့ "Butterfly" floral serviceကပါ.......ဘာမ်ား ကူညီေပးရမလဲ ခင္ဗ်"
"မေန႔က ပန္းျခင္းေလးရလိုက္တယ္.....အဲ့တာေက်းဇူးတင္စကားလွမ္းေျပာတာပါ"
"မဟုတ္တာ ကြၽန္ေတာ္က ေက်းဇူးတင္ရမွာပါ.... အခုလို ကြၽန္ေတာ္တို႔ ဆိုင္ကို မွာယူတဲ့ အတြက္ ေက်းဇူးပါဘဲ"
"ေကာင္းပါၿပီဗ်ာ"
"ဒါနဲ႔ေလ ဟို....."
"အလုပ္ကိစၥရွိလို႔ ခ်လိုက္ေတာ့မယ္ေနာ္"
ဆိုၿပီး ေျပာကာ တစ္ဖက္က အရင္ ဖုန္းခ်သြားေတာ့သည္။
ေဇယ်ာမွာ ဖုန္းကိုင္ရင္း ခဏေလာက္ ငိုင္ငိုင္ႀကီး ျဖစ္လို႔ေနေလသည္။ အသံက ေဇယ်ာ မွတ္မိေနသည့္ ဇာမဏီဟိဏ္း အသံမွ အသံစစ္စစ္ ျဖစ္ေခ်သည္။ ဘယ္လိုမွ မမွားႏိုင္ပါ။ ေဇယ်ာမွာ ေငးေငးငိုင္ငိုင္ ျဖစ္ေနတာေၾကာင့္ ေဘးက မိုးထက္ပင္ စိတ္ပူလာပါေလသည္။
"ဘာတဲ့လဲ အကို" ဆိုကာ မိုးထက္မွ ေဇယ်ာကို တိုးတိုးေလး ေမးလိုက္ေတာ့၏။
သို႔ေပမယ့္ ေဇယ်ာ ျပန္မေျဖပါ။ ဒါေၾကာင့္ မိုးခက္ကေနမွ ထပ္ၿပီး ေခၚေလသည္။
"အကို"
"အကို"
"အကိုလို႔" ဆိုၿပီး ဆက္တိုက္ေခၚေနမွဘဲ ေဇယ်ာ မိုးထက္ကို ျပန္ေျဖလိုက္သည္။
"အင္း"
"ဘာတဲ့လဲ ပန္းမွာတာလား"
"မဟုတ္ပါဘူး ဖုန္းမွားဆက္တာတဲ့"
လို႔ေျပာၿပီး ထိုင္ခုံေလးမွာ ထိုင္ကာ ေဇယ်ာ တစ္ေယာက္ စဥ္းစားခန္း ဖြင့္ေနေလသည္။
ေန႔လည္ေလာက္ေရာက္ေတာ့ ေအာ္ဒါလက္ခံထားတဲ့ ပန္းေလးေတြနဲ႔ မုန႔္ပန္းစည္းေလးေတြကို ထုတ္ေပးေနရေလသည္။ ေဇယ်ာမွာ ပန္းစည္းကို ထုပ္ေပးေနရသည္ဆိုေပမယ့္လည္း စိတ္ကေတာ့ စဥ္းစားၿမဲ စဥ္းစားေနေလ၏။ ပန္းစည္းထုပ္ရင္း စိတ္တိုင္းမက်ေတာ့ စကၠဴ႐ြက္ေတြကို ေခ်ၿပီး လြင့္ပစ္ေနသည္မွာ ခဏခဏပါဘဲ။ ေဘးက ၾကည့္ေနတဲ့
မိုးထက္ကေတာ့ ေဇယ်ာ လက္ထဲက ပန္းစည္းကို ယူဖို႔ ႀကိဳးစားေတာ့သည္။
"အကို ကြၽန္ေတာ့္ကို ေပးလိုက္ေလေနာ္.....ကြၽန္ေတာ္ဘဲ ဆက္လုပ္လိုက္မယ္..... အစ္ကိုကေတာ့ ခဏ နားလိုက္ေလ"
"အင္း"လို႔ ေဇယ်ာ ျပန္ေျဖၿပီး ေကာင္တာက ထိုင္ခုံေလးမွာ ထိုင္ကာ မ်က္စိကို မွိတ္ထားရင္း ခဏေလာက္ အနားယူေနလိုက္သည္။
အနားယူေနတယ္သာေျပာေပမယ့္ စိတ္ကေတာ့ ထိုအသံကိုသာ ျပန္ၾကားျမင္ေနရေတာ့သည္။ ေဇယ်ာရဲ႕အျဖစ္မွာလည္း ကေလးေပ်ာက္သြားတာကို ရွာေနရင္း ႐ုတ္တရက္ ခဏေလးသာ ေတြ႕လိုက္ရတာေၾကာင့္ အပူမိေနတဲ့ မိခင္ တစ္ေယာက္လိုပင္ ျဖစ္လို႔ေနသည္။ မေသခ်ာမွာလည္းဆိုး၊ တစ္ကယ္ျဖစ္ပါေစလို႔လည္း ဆုေတာင္းရင္းေပါ့။
စဥ္းစားေနရင္း ဖုန္းလာသံကို ထပ္ၾကားလိုက္ရသည္။
ေနာက္တစ္ေခါက္မ်ား ျပန္ဆက္လာတာလား ဆိုသည့္ အထင္ႏွင့္ ေဇယ်ာ ၀မ္းသာသြားရကာ ဖုန္းကို ခ်က္ခ်င္းေကာက္ကိုင္လိုက္ပါေလသည္။
"ဟယ္လို အမိန႔္ရွိပါ" ဆိုၿပီး ႐ြင္ပ်ပ်ေလးျဖင့္ ေျပာလိုက္သည္။
"ဟယ္လို သူငယ္ခ်င္း"တစ္ဖက္က အသံက ကိုယ္ေစာင့္ေမွ်ာ္ေနတဲ့ အသံမဟုတ္ေတာ့ ေဇယ်ာရဲ႕ မ်က္ႏွာမွာ ခဏကလိုတုန္မႈန္သြားေလသည္။
"အင္း နန္းေျပာေလ"
"ေအာ္ ပန္းလာဆင္ေပးဖို႔ သတိလွမ္းေပးတာပါေနာ္"
"အင္း ငါလည္း ခုလာခဲ့မလို႔ဘဲ လိုအပ္တာေလးေတြ လုပ္ေနရတာမလို႔ပါ"
"အင္းပါ သူငယ္ခ်င္း ငါ့ကို အံဩသြားေအာင္ လုပ္ေပးရမယ္ေနာ္"
"အင္းပါ ခုဘဲ မဂၤလာခန္းမကို သြားဖို႔ ျပင္ဆင္ေနပါၿပီေနာ္"
"အင္း ဒါဆိုလဲ ဒါဘဲေလေနာ္ မနက္ျဖန္ေတြ႕ၾကမယ္ေနာ္ သူငယ္ခ်င္း"
"အင္း မနက္ျဖန္ ေတြ႕မယ္ေလ နန္း..... ဒါဘဲေနာ္" လို႔ ေျပာကာ ေဇယ်ာ ဖုန္းခ်လိုက္သည္။ ၿပီးေနာက္ မိုးစက္ကို လွမ္းေခၚလိုက္သည္။
"မိုးထက္ ပန္းစည္းထုပ္လို႔ၿပီးၿပီလား"
"ဟုတ္ ၿပီးၿပီ"
"အဲ့တာဆို မဂၤလာခန္းမျပင္ဖို႔သြားၾကမယ္ေလ"
"အခု ပန္းစည္းေတြကေရာ"
"သြားရင္း လမ္းမွာ၀င္ေပးလိုက္ၾကမယ္ေလ"
"ဟုတ္အကို"
ေဇယ်ာမွာ မနက္က ကားမယူလာခဲ့တာေၾကာင့္ မိုးထက္ကို ခဏေစာင့္ခိုင္းထားၿပီး ကားျပန္ေျပးယူရသည္။ ၿပီးမွသာ ႏွစ္ေယာက္သား မဂၤလာခန္းမျပင္ဖို႔ ဆိုင္ကေန ထြက္လာၾကေလသည္။ မဂၤလာခန္းမ ျပင္ဖို႔အသြား ေန႔လည္က Anniversary အတြက္ လာအပ္ထားတဲ့ ပန္းစည္းကိုလည္း လမ္းႀကဳံလို႔ ၀င္ေပးလိုက္ၾကသည္။ ၿပီးေတာ့ မဂၤလာခန္းမကို တန္းသြားလိုက္ၾကေလသည္။
အခုဆိုလွ်င္ ေဇယ်ာႏွင့္ မိုးထက္တို႔ ႏွစ္ေယာက္ မဂၤလာခန္းမကို ေရာက္ေနၾကၿပီဘဲ ျဖစ္သည္။ အခင္ဆုံး သူငယ္ခ်င္းရဲ႕ မဂၤလာပြဲ ျဖစ္တာေၾကာင့္ ေဇယ်ာမွာလည္း လွလွေလး ဆင္ေပးဖို႔သာ အာ႐ုံစိုက္ထားလိုက္ေတာ့သည္။
"မိုးထက္ တိုင္ေလးေတြယူလာၿပီး ေလွ်ာက္လမ္းမွာ စီထားလိုက္အုန္းေနာ္.....ဒီဟာလုပ္ၿပီးရင္ တိုင္ေတြမွာ ပန္းေလးေတြ စီထည့္မလို႔"
"ဟုတ္ အကို"
"က်န္တာေတာ့ ထားလိုက္ေတာ့.... မိုးထက္က ကားေပၚက ပစၥည္းေလးေတြ လိုတာ ထပ္ယူလာေပးရင္ ရၿပီ"
လို႔ေျပာၿပီး ေဇယ်ာမွာ ပန္းေလးေတြကို စီစီရီရီျဖင့္ အလွဆင္ေနေလသည္။
အျပင္ဘက္မွာလည္း သူငယ္ခ်င္းနဲ႔ သူ႔ရည္းစားဓာတ္ပုံေလးရဲ႕ ေဘာင္အနားကို ပန္းေလးနဲ႔ အလွဆင္ထားေပးလိုက္သည္။ ၿပီးေတာ့ မီးေလးေတြနဲ႔ ပန္းေလးေတြကိုေရာၿပီး ဓာတ္ပုံ႐ိုက္ဖို႔ ေနရာေလး ထပ္လုပ္ေပးလိုက္ေတာ့သည္။
မဂၤလာခန္းမမွာ အားလုံးျပင္ဆင္ၿပီးေတာ့ မိုးစက္နဲ႔ အတူတူျပန္လာခဲ့လိုက္သည္။ မိုးထက္ အိမ္နားကို ေရာက္ေတာ့
မိုးထက္ကို မနက္ျဖန္ ဆိုင္မလာဖို႔ မွာရေသးသည္။
"မိုးထက္ေရ မနက္ျဖန္ ဆိုင္ကို မလာနဲ႔ေတာ့ေနာ္...... အကို မဂၤလာေဆာင္မွာ ရွိေနမွာမလို႔"
"ဟုတ္ အကို"
"အဲ့တာဆို သြားၿပီေနာ္"
"ဟုတ္ၿပီ"
ကားေလး အနည္းငယ္ ေမာင္းၿပီးေတာ့ အိမ္ေရွ႕ေတာင္ ေရာက္လာေခ်ၿပီ။ ထုံးစံအတိုင္း အၿမဲတမ္း ေတြးေတာရင္း လြမ္းရင္း အိပ္စက္ရေတာ့မွာဘဲေလ။ ထိုေန႔က ေဇယ်ာ တစ္ေယာက္ ပင္ပန္းလို႔ထင္ေလရဲ႕။ အိမ္ေရာက္တာနဲ႔ ေျခလက္မ်က္ႏွာ ေဆးေၾကာၿပီး အိပ္ယာေပၚ လွဲေလ်ာင္းလိုက္တာနဲ႔ တန္းၿပီး အိပ္ေပ်ာ္သြားေခ်ေတာ့သည္။
မနက္ေရာက္ေတာ့ ေဇယ်ာမွာ ေစာေစာေလး ထၿပီး မဂၤလာေဆာင္ သြားဖို႔အတြက္ ျပင္ဆင္ရေလသည္။
ၿပီးေတာ့ ဆိုင္ကို ခဏသြားၿပီး သူငယ္ခ်င္းအတြက္ လက္ကိုင္ပန္းစည္းေလးလည္း သြားလုပ္ေပးရေသးသည္။ ဒီေတာ့ မဂၤလာေဆာင္ကို ကိုးနာရီခြဲေလာက္မွ ေရာက္သြား ေတာ့သည္။ မဂၤလာေဆာင္ကို ေရာက္ေတာ့ သတို႔သမီး အခန္းကို တန္းတန္းမတ္မတ္ သြားလိုက္သည္။
"နန္း"
"ဟယ္ ေဇယ်ာ"
"ေရာ့ ပန္းစည္းေလး လက္မွာကိုင္ထားဖို႔"
"အမေလးေနာ္ ေက်းဇူးပါဘဲဟဲ့"
"ဘယ္လိုလဲ အျပင္အဆင္က သေဘာက်ရဲ႕လား နန္း"
"ႀကိဳက္လြန္းလို႔.......ဘယ္လိုလုပ္ရမလဲ ျဖစ္ေနတာ"
"အမယ္ နန္း သူငယ္ခ်င္းလာေတာ့ ေပ်ာ္ေနတာလား"
ဆိုၿပီး သတို႔သားက ၀င္လာေလသည္။
နန္းခ်စ္သူရဲ႕အမ်ိဳးေတြက ကေမာၻဒီးယား အႏြယ္ နဲနဲစပ္တယ္ေလ။ ဒါေၾကာင့္ စကားဝဲတာေပါ့။
"ေပ်ာ္တာေပါ့ အခင္ဆုံး သူငယ္ခ်င္းဘဲကို"
"Congrat နန္း နဲ႔ congrat ကိုေကာင္း"
"ေက်းဇူးပါဘဲ ေဇယ်ာေရ"ဆိုၿပီး ကိုေကာင္းက အသံဝဲဝဲေလးျဖင့္ ေျပာကာအျပင္ ျပန္ထြက္သြားေလသည္။
ကိုေကာင္း အျပင္ ထြက္ထြက္ခ်င္းမွာ "Congraz ကိုကြန္"ဆိုၿပီး ကိုေကာင္းကို စကားေျပာေနတဲ့ အသံကို အထင္းသား ၾကားေနရေလသည္။
"သတို႔သမီးကိုျပပါအုန္း"ဆိုၿပီး ေျပာသံေတြလည္း ၾကားေနရသည္။ ဒါနဲ႔ ေဇယ်ာလည္း သူငယ္ခ်င္းျဖစ္သူ နန္းကို ၿပဳံးၿပဳံးႀကီး ၾကည့္ေနမိေတာ့သည္။
ခဏေနေတာ့ တံခါးဖြင့္လာၿပီး ကိုေကာင္းက
"နန္း" ဆိုၿပီး ေခၚေတာ့ ေဇယ်ာေကာ နန္းပါ အတူတူ တံခါးေပါက္၀ကို ၾကည့္လိုက္ၾကသည္။ ေဇယ်ာေကာ နန္းပါအံ့ဩမွင္သက္သြားရေလေတာ့သည္။ ကိုေကာင္းကေတာ့ ဘာမွမသိရွာပါ။ နန္းကို မိတ္ဆက္ေပးေနေလသည္။
"နန္း ဒါ ကို႔ရဲ႕ အကို၀မ္းကြဲ ခြန္နစ္တဲ့။ ကိုတို႔ကေတာ့ ကိုနစ္လို႔ေခၚတယ္....ၿပီးေတာ့ လားရႈိးမွာcar showroom ဖြင့္ထားတယ္ေလ"
ကိုေကာင္းလည္း ေျပာၿပီးေတာ့ ေဇယ်ာတစ္ေယာက္ ပါးစပ္ကေန "ကို.......ကို.......ကိုဟိဏ္း" လို႔ေရ႐ြတ္ကာ မ်က္ရည္မ်ား အလိုလို က်လာေလေတာ့သည္။
အရမ္းကို တိုက္ဆိုင္လြန္းပါသည္။ ေတြ႕ခ်င္ေတာ့လည္း ဘာမွေတာင္ မရွာလိုက္ရဘဲ သူငယ္ခ်င္း ခ်စ္သူရဲ႕ အကို၀မ္းကြဲ အေနနဲ႔ လာေတြ႕ရပါလား။ ေဇယ်ာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။ ကိုယ္ရွာေနတဲ့ သူကို ေတြ႕လို႔ ေပ်ာ္ေပမယ့္ ကိုယ့္ကို ဘာမွမေျပာဘဲ အဆက္အသြယ္ျဖတ္သြားခဲ့တာေၾကာင့္ ေဇယ်ာ အျမင္မၾကည္ျဖစ္လို႔ေနေသးသည္။
ေဇယ်ာလည္း ဇာမဏီဟိဏ္းကို ေတြ႕ရတာေပ်ာ္ေပမယ့္လို႔ ခြင့္မလြတ္ႏိုင္ေသးတာေၾကာင့္ မဂၤလာေဆာင္မွာ ထပ္မေန ေတာ့ဖို႔ ဆုံးျဖတ္လိုက္ရသည္။ ဒါနဲ႔ ေဇယ်ာ ခ်က္ခ်င္းဘဲ သူငယ္ခ်င္း ျဖစ္သူကို အေၾကာင္းျပခ်က္ေလး ေပးကာအခန္းကေန ထြက္လာခဲ့လိုက္သည္။
နန္းကေတာ့ ကိုေကာင္းအနား သြားၿပီး တိုးတိုးေလး ေျပာေတာ့သည္။ ဇာမဏီမွာေတာ့ ၿငိမ္လ်က္သား ရပ္ေနေတာ့၏။
"ကို သူက ကို႔ရဲ႕အကို၀မ္းကြဲေကာ တစ္ကယ္ ဟုတ္ရဲ႕လား"
"ဟုတ္တယ္ေလ.... ဘာျဖစ္လို႔လဲ သိေနၾကတာလား"
"ကို႔ရဲ႕ အကို၀မ္းကြဲက ေဇယ်ာရဲ႕ ကိုဟိဏ္းနဲ႔တူသလိုဘဲ"
"ဟုတ္လို႔လား....နန္းကလည္း "လို႔ ေျပာလာေတာ့ နန္းကား ကိုေကာင္းကို ေဇယ်ာနဲ႔ကိုဟိဏ္းတို႔ အတူတူ႐ိုက္ထားတဲ့ပုံအား ျပလိုက္ေတာ့ ကိုေကာင္းလည္း အံဩသြားေလသည္။
ေဇယ်ာ ထြက္သြားေတာ့ ဇာမဏီမွာလည္း ကိုေကာင္းႏွင့္ နန္းတို႔ဘက္လွည့္ကာ
"အျပင္သြားအုန္းမယ္ ကိုကြန္"လို႔ ေျပာၿပီး ေဇယ်ာေနာက္ လိုက္သြားေလသည္။
ေဇယ်ာ ေျပာဖို႔ တစ္ခ်က္ေမ့သြားသည္။ ဇာမဏီဟိဏ္းသည္ကေမာၻဒီးယား အမ်ိဳးစပ္တယ္ဆိုတာဘဲေပါ့။ ၿပီးေတာ့ အခု
ခုလည္း ဇာမဏီဟိဏ္းကို တစ္ျခားနာမည္နဲ႔ ျဖစ္ေနမယ္လို႔ ဘယ္သူက ထင္ထားမိမွာလဲ မဟုတ္ေပဘူးလား။ ေဇယ်ာလည္း အတူတူဘဲေပါ့။
"ေဇယ်ာ ခေလး ေနပါအုန္း" ဆိုၿပီး ဇာမဏီမွာ ေဇယ်ာရဲ႕ လက္ကေလးကို ဖမ္းဆြဲလိုက္ေလေတာ့သည္။
"ေဇယ်ာ ကိုဟိဏ္းကို ေျပာစရာစကားမရွိဘူး"
"ခဏပါဘဲ..... ခဏဘဲ နားေထာင္ေပးပါေနာ္ ေဇယ်ာ"
"ဘာမွ နားေထာင္စရာမလိုပါဘူး..... ကိုဟိဏ္းမခ်စ္ေတာ့လို႔ ေဇယ်ာ့ကို ပစ္ထားခဲ့တာဘဲ"
"ဟာ ေဇယ်ာကလည္း......အဲ့လို မဟုတ္ရပါဘူး.... ကိုေျပာပါရေစအုန္း"
"မေျပာနဲ႔ ဆက္ၿပီးေျပာစရာလည္း မရွိေတာ့ဘူး၊ ခင္ဗ်ားႀကီးကို မုန္းတယ္" ဆိုကာ ေဇယ်ာ ေအာ္ေျပာၿပီး မ်က္ရည္မ်ား အျပည့္ျဖင့္ ထြက္သြားေလသည္။
ဇာမဏီမွာေတာ့ မ်က္ရည္ဝဲလ်က္ တစ္ေယာက္ထဲ က်န္ခဲ့ေလေတာ့၏။
×××××××××××××××××
ေနာက္က်သြားလို႔ sorry ပါေနာ္
အားေပးၾကပါအုန္းလို႔