Imperfection (Season 1) [Comp...
By Nway_YY
245K 23.2K 3K
စောင့်ဆိုင်းတယ်ဆိုတဲ့ စကားလေးက အရမ်းနွေးထွေးလို့ ကျွန်တော့်ကိုကိုက အရမ်းသဘောကျတာပဲတဲ့လေ။ ဒါဆို ကျွန်တော်က မျှ... More
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20 ( Final )
New story
Chapter 7
11.5K 1.2K 124
By Nway_YY
ကျွန်တော် ဆေးရုံရှေ့ရောက်ရောက်ချင်း Lan Yang ဆီက ဖုန်းဝင်လာတာမို့ အမြန်ကောက်ကိုင်လိုက်မိတယ်...
" Yibo..မင်းရဲ့ကော သတိရလာပြီ...မင်း ဘယ်မှာလဲ မြန်မြန်လာခဲ့ဦး..."
ပြန်တောင် မဖြေနိုင်တော့ဘဲ...အရှိန်နဲ့ကို ပြေးလာမိတာ...
" ကော..."
မျက်လုံးလေး တဖြေးဖြေးပွင့်ကျလာတဲ့ ကော...
ကျွန်တော်လေ ကောသတိရခြင်းမှာ ၀မ်းသာလွန်းလို့ မျက်ရည်တွေ အလိုလို ဖြိုးဖြိုးဖျောက်ဖျောက်ကျလာမိတယ်...
" သတိရလာပေးလို့ ... ကျေးဇူးပါ ကောရာ..."
ကောက ဘာမှမပြောနိုင် ငြိမ်သက်စွာ မျက်စိမှိန်းကာ အသက်ကို ခက်ခက်ခဲခဲရှုနေရဆဲ...
Professor တွေ၀င်ရောက်လာပြီး ကောကို စစ်ဆေးစမ်းသပ်ပေးရင်း...
" အစိုးရိမ်ရဆုံး အခြေနေတွေ ကျော်ဖြတ်နိုင်ခဲ့ပြီ Dr.Wang...တကယ့်ကို ကံသီပေလို့ လူနာသတိရလာတာပဲ..."
" ကော...ဘယ်လိုနေသေးလဲ...ကျွန်တော် တောင်းပန်ပါတယ်...တကယ်တောင်းပန်ပါတယ်နော်..."
" Dr Wang...လူနာကို ချက်ချင်းကြီး စိတ်ရှုပ်စရာတွေ ပြောမနေနဲ့ဦး...။ စိတ်လည်းချရပြီဆိုတော့ ဆရာနဲ့ ခဏလိုက်ခဲ့...ပြောချင်တာလေးတွေ ရှိလို့..."
" ဟုတ်...။ Lan Yang ခဏလေး ကောနား ထပ်နေပေးဦးနော်..."
" အင်း..စိတ်ချလက်ချသာ ထားခဲ့...."
ကျွန်တော် ကောကို အပ်ခဲ့ပြီး Prof ခန်းထဲ လိုက်လာခဲ့လိုက်သည်...
" Dr.Wang ကို လူနာနဲ့ ပက်သက်ပြီး ပြောချင်တာလေးတွေရှိသေးလို့ ..."
" ဟုတ်...ဆရာ..."
" ရှေ့ရက်က ပြောခဲ့သလိုပဲ...လူနာနဲ့ Dr. Wang ရဲ့ အတွင်းရေးကို ဝင်မစွက်ဖက်ချင်တာမို့...ဆရာ သူ့ရောဂါနဲ့ပက်သက်ပြီးပဲ ပြောတော့မယ်....
လူနာက နောက်တစ်ခေါက် အခုလို Heart attack ထပ်ရလို့ လုံးဝမရတော့ဘူးဆိုတာ သတိပေးချင်တယ်...နောက်တစ်ခါဆို on the spot ဖြစ်မှာ သေချာသလောက်နီးပါးပဲ..။ ခုတောင် ကံသီပေလို့...ဒါပေမယ့် ကံဆိုတာ အကြိမ်ကြိမ် မကောင်းနိုင်ဘူးဆိုဝာာ မမေ့ပါနဲ့..."
" ဟုတ် ...ကျွန်တော် သူ့ကို ခုလို ထပ်မဖြစ်အောင် တကယ် ဂရုစိုက်မှာပါ..."
" အင်း...ယုံလိုက်မယ်...။ စစ်ဆေးချက် ရလဒ်တွေအရ...လူနာက သူ့ကျန်းမာရေးကို တော်တော်လေး ဂရုစိုက်ပုံရတယ်...။ ဆေးလည်း မှန်မှန်သောက်တဲ့ပုံပဲ...။ သူ့ရောဂါမျိုးက စိတ်ညစ်စရာတွေ သိပ်ဖြစ်လို့ မရဘူးဆိုတာ နားလည်ပြီးသားပါနော်.."
" ဟုတ်...။ ဒါနဲ့ ကျွန်တော် မေးချင်တာရှိလို့...သူ့ရောဂါက နှလုံးအစားထိုးကုလို့မရဘူးဆို..."
" အင်း...မွေးရာပါ နှလုံးရောဂါသည်တွေကို ဒီလိုမျိုး လုပ်တာမရှိဖူးသေးဘူး...။ လုပ်လို့မရတာတော့ မဟုတ်ဘူး..လုပ်လို့ရတယ်...ဒါ‌ပေမယ့် အောင်မြင်နိုင်ချေ %က အရမ်းနည်းတယ်...။ ဒါမျိုးက တတ်နိုင်သလောက် တစ်သက်လုံး ဆေးနဲ့ ရသလောက်ထိန်းသွားရမှာပဲ...။ သိပ်လည်း စိတ်မပူပါနဲ့ လူနာကို ကြည့်ရတာ စိတ်မာပုံပါ...Dr.Wang လို တော်တဲ့ ဆရာဝန် အနားမှာ ရှိနေပြီးမှ...ခုလိုမျိုးဖြစ်တာမျိုးသာ မဖြစ်သင့်တာ...."
" တောင်းပန်ပါတယ်အပြင် ပြောစရာမရှိတော့ပါဘူးဗျာ..."
" ဟက်..ဟုတ်ပါပြီ...။ တောင်းပန်တာက ဆရာ့ကို ပြောရမှာ မဟုတ်ဘူး...သူ့ကို ပြောရမယ့်ပုံပဲ...လူနာကိုသာ သေချာဂရုစိုက်ပေတော့..."
___
ကျွန်တော် အခန်းထဲ ပြန်ဝင်လာတော့ Lan Yangက ကောကို စကားတွေပြောနေပုံပင်...။ ကျွန်တော် မမကိစ္စတွေ သိလိုက်ရတာရော သူသတိရလာတော့မှ စိတ်ကို လျှော့လိုက်နိုင်တာကြောင့်‌ရောလားမသိ...အခန်းထဲ ဝင်ဝင်ချင်းကို ခွေကျသွားတာ...
" ဟာ...Yibo... Yibo..."
" Dr. သူ ဘာဖြစ်သွားတာလဲ..." ကျွန်တော် ရုတ်တရက် ထလိုက်မိတော့ ရင်ဘတ်က ဆစ်ကနဲ...
" Zhan Ge..မထနဲ့ဦး...ခင်ဗျား နှလုံးက stable မဖြစ်သေးဘူး..။ ဖြည်းဖြည်းချင်း ပြန်လှဲနေလိုက်နော်...ကျွန်တော့်သူငယ်ချင်းက အားနည်းပြီး မူးလဲသွားတာနေမယ်..."
ကျွန်တော် လုံးဝ သတိလစ်သွားတာမျိုးမဟုတ်ဘဲ...ခေါင်းထဲရိပ်ခနဲ ဖြစ်သွားရုံမို့...သူတို့နှစ်ယောက်ပြောနေတာတွေ ကြားနေရသည်..။ Lan Yang ကျွန်တော့်ကို ပွေ့လိုက်ပြီး..ဘေးက ကုတင်ပေါ် ချပေးလိုက်တယ်...
ကော ကျွန်တော့်ကို စိုးရိမ်သွားပုံရတယ်လို့ ထင်လိုက်မိတာကြောင့် ကျွန်တော် သတိလစ်ချင်ယောင်ပဲ ဆက်ဆောင်နေလိုက်သည်...
" Dr ..သူ အဆင်ပြေရဲ့လား..."
" ဟုတ်...သွေးပေါင်ကျသွားတာ...။ သူက Zhan Ge ကို ခြောက်ရက်လုံး မအိပ်မစားပဲ ပြုစုနေတော့ ဘယ်ခံနိုင်ပါ့မလဲ..."
" အော်...သူက ပြုစုတယ်..."
" ဟုတ်တယ်...သူ့ duty တွေတောင် ကျွန်တော်ပဲ ဝင်ပေးနေရတာ..."
ပြုံးချင်တာကို မနည်းအောင့်ထားရတယ်...။ ချစ်ဖို့ကောင်းလိုက်တဲ့ သူငယ်ချင်း‌လေး...။ အားကိုးရတယ်...
" ဒီတိုင်းထားမှာလား သူ့ကို ..ဒါဆို တစ်ခုခုလုပ်ပေးပါဦး..."
" စိတ်ချ စိတ်ချ... ကျွန်တော် သူ့ကို အားဆေးချိတ်ပေးလိုက်မယ်..."
အယ်...။ ဒီကောင် ချီးကျူးလို့မှ မဆုံး‌သေးဘူး...ယုတ်မာပြီ...
" ဟုတ်...မြန်မြန်ချိတ်ပေးလိုက်ပါ..."
မျက်လုံးကို အသာခိုးပြီး ဖွင့်ကြည့်လိုက်တော့...Lan Yang ဆေးထိုးအပ် ကိုင်လာပြီး ကျွန်တော့်နားပြန်လျှောက်လာတာမို့..အမြန်ထထိုင်လိုက်ရတော့တယ်...
" ဟင်...မင်း သတိရသွားပြီလား မြန်လိုက်တာ.."
ဆတ်ခနဲ ထိုင်လိုက်တာမို့ လူက ရိပ်ခနဲ ဖြစ်သွားပြီး ပြန်လဲကျသွားသည်...
" ဟေ့ကောင်..မလုပ်နဲ့နော်...ငါ့ကို ဓာတ်ဆားပဲ ဖျော်ပေး...အဲ့ဒါသောက်ရင် ရပြီ..."
" ဟက်..ငါက မြန်မြန်ပျောက်အောင်လို့ပါ...မျက်လုံးမှိတ်ထားလိုက် ..ခဏပဲ..."
ပြောပြီး ဆတ်ခနဲ ထိုးလိုက်တာမို့...
" အား....အား....အောင်မလေး....သေပါပြီ...နာလိုက်တာ...ကော... ကယ်ပါ..."
ဘေးက နေမကောင်းတဲ့လူကိုပါ စစ်ကူထခေါ်မိသွားတယ်...။ ကျွန်တော်က သူများကိုပဲ ဆေးပတ်ထိုးနေတာ...ကိုယ်တိုင်တော့ ဆေးထိုးဘယ်တော့မှ မခံ....။ ဟောက်စ် စဆင်းတုန်းကဆို  သူများကို ဆေးထိုးတာမျိုးတွေတို့... ‌သူများ သွေးတွေမြင်ပြီး...မူးလဲတာတွေ ခဏခဏ...။ Lan Yang ဆို အဲ့တုန်းက ကျွန်တော့်ကို အမြဲထိုင်ရယ်နေတတ်တာ...။ အခုလည်း သူ ကျွန်တော်ကြောက်မှန်းသိရက်နဲ့ ကောရှေ့ အရှက်တော့ကွဲပါပြီ...
Yibo တငိုငို တရယ်ရယ် ဆေးသွင်းခံနေရတာကို
ကျွန်တော် ဘေးကသာ ငေးရင်း ဒီဆရာ၀န်လေး လူနာတွေကို ဆေးသာပတ်ထိုးနေတာ သူ့ဆေးထိုးတော့ ပြဲပြဲလန် အော်နေလိုက်တာများ Duty coat နဲ့မှ မလိုက်...
သူ့အသားနာမှာတော့ တော်တော်ကြောက်တတ်ပြီး ကျွန်တော့်ကိုကျ မညှာမတာ နှိပ်စက်တဲ့ ကောင်လေးမို့ ကြည့်မနေတော့ဘဲ...တခြားဖက်ပဲ ပြန်စောင်းအိပ်နေလိုက်တော့တယ်...
ဟက်...အမြင်ကတ်စရာပဲ...
____
ကျွန်တော် ဆေးချိတ်တာ ကုန်ပြီး ပြန်ထလာတဲ့အထိ ကော အိပ်ပျော်နေတုန်းမို့ သူ့ကုတင်ဘေး ပြန်လာထိုင်စောင့်နေလိုက်မိသည်...။ ကော ကျွန်တော့်ကို တော်တော်စိတ်နာနေပုံပင်...
ခဏအကြာ ကော မျက်လုံးတွေ ပွင့်လာတာမို့...ကျွန်တော် ပြုံးပြလိုက်မိပြီး...
" ကော...ဘယ်လိုနေသေးလဲ..."
"...."
" ကော...ကျွန်တော် တကယ်တောင်းပန်ပါတယ်နော်...ပြီးတော့ ကောကို ချစ်တယ်...အရမ်းချစ်တာ...အများကြီးချစ်ဝာာ...."
သူ တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သေးသည်...
" ဘယ်သူမှလည်း မရှိဘဲ ဘာလို့ ဟန်ဆောင်နေတာလဲ..."
" ဟန်ဆောင်နေတာ မဟုတ်ပါဘူး...တကယ်ပြောတာပါ...မမသေတာ ကောကြောင့် မဟုတ်ဘူးဆိုတာ ကျွန်တော် သိသွားပြီ..."
" ငါပြောသားပဲ..မင်းမှမယုံဘဲ...။ ဒါဆို ငါ့ကြောင့် မဟုတ်မှန်းသိပြီဆိုရင် ပြန်ကွာရှင်းပေးတော့...။ ငါ နစ်နာခဲ့ရပေမယ့်...မင်းအပေါ် ဝဋ်ကြွေးရှိလို့ ပေးဆပ်ခဲ့ရတယ်ပဲ သဘောထားလိုက်မယ်...။ ငါ မင်းမျက်နှာကို ထပ်မမြင်ချင်တော့ဘူး..."
" ကော..."
" ငါ အတည်ပြောနေတာ...။ ငါ့ကို ခုမှအားနာပြီး စောင့်ပေးနေစရာလည်း မလိုဘူး...။ မင်းလည်း မင်းအလုပ် မင်းသွားလုပ်တော့...နောက်ဆို မသိတဲ့သူတွေလိုပဲ နေကြရအောင်..။ မင်းကို Yan Yan မျက်နှာကြောင့် ငါ ဘာမှပြန်မလုပ်တော့တာ...မဟုတ်ရင် မင်းကို လုံးဝ ခွင့်မလွှတ်နိုင်ဘူး..."
" ကော အရမ်းစိတ်မလှုပ်ရှားပါနဲ့ဦးနော်...။ ကျွန်တော် မှားတာ သိပါတယ်...‌ဒါပေမယ့် ကောကို ပြန်ကွာရှင်းမပေးနိုင်ဘူးနော်...တစ်သက်လုံး ကျွန်တော့်ဘေးနားထားပြီး စောင့်ရှောက်ပေးမှာ..."
" မလိုဘူး...မင်းလို ကလေးတစ်ယောက်က စောင့်ရှောက်တာလည်း မခံချင်ဘူး..."
" အဲ့ဒါပဲ...ဘာလို့ ကျွန်တော့်ကို ကလေးလို့ မြင်နေတာလဲ...ကျွန်တော် ကောထက်လည်း နှစ်နှစ်ပဲ ငယ်တာပါ..။ အဲ့တုန်းကလည်း ကလေးလို့ ပြောလိုက်လို့ ခုလိုတွေ ဖြစ်ကုန်ရတာ...ကျွန်တော့်ကို ကလေးလို့ မပြောနဲ့ မကြိုက်ဘူး..."
" ဟက်..."
" ပြီးတော့ ကျွန်တော်တို့ တရားဝင်လက်ထက်ပြီးသား..ခုလို လွယ်လွယ် ကွာရှင်းလို့မရဘူး..."
" မင်း ယူတုန်းကလည်း လွယ်လွယ်ယူခဲ့တာပဲလေ..."
သူက တကယ့်ကို ကပ်ဖဲ့ပြီးပြောတာကို ကြိုက်မှန်း သိပေမယ့် ခုလို အိပ်ရာထဲကနေတောင် တစ်ခွန်းမကျန် ပြန်ပြောနေတာမို့...ကြည့်ရင်း ကြည့်ရင်း အသည်းယားလာမိတယ်...
" ကောရာ..ရန်တွေ့ချင်လည်း နေ‌ကောင်းမှ ရန်တွေ့တော့နော်...။ အဲ့ကျမှ ကျွန်တော့်ကို လုပ်ချင်တာ ပြန်လုပ်..."
ကျွန်တော် သူ့လက်ကို လှမ်းကိုင်လိုက်တော့ ချက်ချင်းပြန်ရိုက်ထုတ်ပစ်တာ...။ ဒီလိုပုံစံနဲ့များ ကျွန်တော့်ထက် ကြီးချင်သေးတယ်...သူ အရင်က တော်တော်စွာမယ့်ပုံပဲ...
ကျွန်တော်လည်း လွယ်လွယ်နဲ့တော့ လက်လျှော့တတ်တဲ့သူ မဟုတ်...။ အတင်းကို ပုတ်ပုတ်ထုတ်နေတဲ့ကြားက မရရအောင် ဆွဲကိုင်လိုက်ရတယ်..
" ကော ငြိမ်ငြိမ်နေပါ...လက်လေးပဲ ကိုင်ရုံပါ...ဆေးပိုက်တွေ ပြုတ်ကုန်မယ်...။ ကောလည်း တွေ့ရဲ့သားနဲ့ ကျွန်တော်လည်း ခုနက မူးတောင်လဲထားတာကိုး..."
" အဲ့လောက်လေးနဲ့ မသေပါဘူး..."
" ဟက်..ဟုတ်ပြီ ဟုတ်ပြီ...ကျွန်တော်ပြောတာ ခဏနားထောင်ဦးနော်...။ ‌ကော နောက်နေ့လောက်ဆို ဆေးရုံဆင်းလို့ရပြီ...နှာခေါင်းက oxygen ပိုက်တော့ တပ်ထားရဦးမယ်နော်...။ အိမ်ပြန်ရောက်မှ..."
" မင်းအိမ်မလိုက်ဘူးနော်...ငါ့အိမ်ငါပြန်တော့မယ်..."
" တကယ်စိတ်ကြီးတာပဲ...။ ကော ဒီအတိုင်းကြီး ပြန်သွားရင် ကောနစ်နာတာပေါ့...။ ကျွန်တော် လုပ်ခဲ့တဲ့ အမှားတွေအတွက် ပြန်အပြစ်ပေးသင့်တယ် မထင်ဘူးလား...။ ဒါမှ နောက်ဆို ကျွန်တော် အခုလို ရှေ့မကြည့်နောက်မကြည့် မလုပ်ရဲတော့မှာလေ...။ ကောပြောသလိုပဲ ကျွန်တော်က ကလေးပဲ ထားပါတော့...အရိုင်းအစိုင်းလေးလည်း ဖြစ်နေတာမို့...ကောက ကျွန်တော့်ကို မပြုပြင်ပေးချင်ဘူးလား...။ ကော ဆုံးမတာကို နားထောင်မယ်လေနော်..."
"..."
" တကယ်ပြောတာပါ...အခုမှ ကောကို အရင်ထဲက ချစ်ခဲ့တာပါလို့ ပြောရတာ မျက်နှာပြောင်တိုက်ရာ ကျမှန်းသိပေမယ့်...အဲ့ဒါတကယ်ပါ...
ကောအတွက်ဆို ကျွန်တော် ဘာမဆို လိုက်လျောပေးပါ့မယ်...။ ကျွန်တော် ကောနဲ့အတူ ကမ္ဘာအဆုံးထိ သွားချင်တာ...။ တစ်ချိန်မှာ ကျွန်တော့်အတွက် ဖြစ်တည်လာမယ့် ကောရဲ့ နှလုံးခုန်သံကို နားထောင်မယ်..။ ကျွန်တော် ကောကို ပွေ့ဖက်ထားချင်တယ်...
အခုလို အသည်းအသန်ဖြစ်သွားတော့မှ ကောက ကျွန်တော့်အတွက် သိပ်အရေးပါတဲ့သူမှန်း သိလိုက်ရတာ...။ ဒါကြောင့် အခုကစပြီး ကောနှင်ထုတ်နေလည်း ကျွန်တော် ကောအနားမှာပဲ မိနစ်တိုင်း စက္ကန့်တိုင်း တူတူနေသွားမှာ...ကောက ကျွန်တော့်ဘဝအတွက် အရေးပါဆုံးသူ...။ ဒါကြောင့် တစ်ခါပဲလေ...တစ်ခါလောက်ပဲ ကျွန်တော့်ကို အခွင့်အရေးပြန်ပေးပါနော်...
ကျွန်တော့်အချစ်က ‌ဗိုလ်မှူးယွမ်ထက် သာတယ်လို့ မပြောရဲ..မပြောနိုင်သေးမယ့်...သေချာပေါက် သူ့လောက် မဟုတ်ရင်တောင် သူ့ထက် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ကျွန်တော် ကောကို ချစ်ပေးချင်တယ်..ဂရုစိုက်ပေးချင်တာမို့ ကျွန်တော့်ကို အဝေးတွန်းမလွှတ်ပါနဲ့နော်..."
သူ ဘာမှပြန်မပြောဘဲ မျက်လုံးတွေပဲမှိတ်ထားတယ်...
" ကောမအိပ်သေးဘူးဆိုတာ ကျွန်တော်သိတယ်နော်...။ ကျွန်တော်ပြောတာတွေ ကြားတယ်မလား...။ ‌‌ အခုပြောတာတွေ မှတ်ထားပေးရင် ရပြီ...ဆေးရုံဆင်းရရင် ကျွန်တော့်ကို ဘယ်လိုပြန်နှိပ်စက်ချင်လဲပဲ စဉ်းစားထားနော်..."
"..."
" ကော...ကော...ကျွန်တော့်ကို ဘာမှမပြောချင်တာလား...။ မျက်လုံးခဏဖွင့်ပါဦး...ကျွန်တော် အခု duty ပြန်ဝင်ရတော့မှာမို့ သွားလိုက်ဦးမယ်နော်...duty ပြီးတာနဲ့ ပြန်လာခဲ့မယ်..ခုန မားကို ကျွန်တော် ဖုန်းဆက်ခေါ်ထားတယ်...မားရောက်ခါနီးပြီ..."
မျက်လုံးလည်း ဖွင့်မကြည့်ဘဲ ခေါင်းပဲ ညိတ်ပြတာမို့ သူ့လက်ကို ခပ်ဖွဖွလေး ကောက်နမ်းလိုက်ပြီး..စောင်အောက်ထဲ လက်ကိုပါ ပြန်ထည့်ပေးထားလိုက်ကာ အခန်းပြင်ထွက်လာလိုက်တော့သည်...
သူ့ တံခါးပိတ်သံကြားမှ မျက်လုံးဖွင့်ကြည့်လိုက်သည်...။ သူပြောတာတွေ ကြားလိုက်ပေမယ့် ယုံချင်စရာတော့မရှိ...။ သတ်မယ် နှိပ်စက်မယ်ပြောထားတာ လုပ်ထားတာ ဘယ်လောက်ကြာသေးလို့ ဗြောင်လိမ်ဗြောင်စား လာလုပ်နေတာပါလိမ့်...
ကြည့်ရတာ အိမ်ကို လိမ်ခေါ်ပြီး ထပ်နှိပ်စက်ဖို့ ကြံနေတာများလားပဲ...။ အခုနေ သူ့မားကို အကူအညီတောင်းပြီး မြန်မြန်ထွက်ပြေးလိုက်ရင် ကောင်းမလား...
ဟာ..စိတ်ရှူပ်လိုက်တာ...
" Yan Yan ..နင့်မောင်က ကျပ်မပြည့်တာများလား..."
______
📱 " အင်း Yibo ပြော..."
" ငါ့ကို လူတစ်ယောက်အကြောင်း စုံစမ်းပေးပါလား...ငါ အမြန်ဆုံး သူ့အကြောင်း အားလုံးသိချင်တယ်...မင်း ကူညီပေးဦး..."
" Xiaozhan အကြောင်းပဲလား...ငါ သိသလောက် မင်းကို ပို့ပေးထားတယ်လေ..."
" မဟုတ်ဘူး...သူတို့ ပန်းချီဆရာတွေထဲကပဲ ချန်မင်းဆိုတဲ့ ပန်းချီဆရာအကြောင်း စုံစမ်းပေး..."
" လာပြန်ပြီ...တစ်ယောက်ပြီး တစ်ယောက် စုံစမ်းပြီး မင်းဘာ‌‌တွေလုပ်နေတာလဲ..."
" နောက်တွေ့မှပြောပြမယ်...။ ငါက အဲ့ဖက်နဲ့ အလှမ်းဝေးလို့ မင်းကိုပဲ အကူအညီတောင်းနေရတာ...အားနာပေမယ့် မြန်မြန်လေးနော်...သူ့မိသားစုအကြောင်းရော အကုန်လုံးပဲ..."
" အေး..အေး...ငါသိရတာနဲ့ ပို့ပေးလိုက်မယ် ဟုတ်ပြီလား..."
"အင်း..."
ချန်မင်း...ချန်မင်း...မင်းရဲ့ လူမဆန်တဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ဖို့သာ ပြင်ထားတော့...
ဟက် မမက ဒီကောင့်ကို ကျွန်တော်သတ်မှာကြောက်ပြီး ဖုံးထားခဲ့တော့....ကျွန်တော် ချစ်တဲ့သူကို ကျွန်တော့်လက်နဲ့ သတ်မိဖို့ နည်းနည်းပဲလိုသွားတာ မမ သိရဲ့လား....
___________________________________________
Zawgyi...
" ကော..."
" ဟုတ်...ဆရာ..."
___
" ဟာ...Yibo... Yibo..."
" Dr ..သူ အဆင်ပြေရဲ့လား..."
" အော်...သူက ပြုစုတယ်..."
ဟက်...အမြင်ကတ်စရာပဲ...
____
" ကော...ဘယ်လိုနေသေးလဲ..."
"...."
" ကော..."
" ဟက်..."
"..."
"..."
ဟာ..စိတ်ရှူပ်လိုက်တာ...
______
📱 " အင်း Yibo ပြော..."
"အင်း..."
___________________________________________
Continue Reading
You'll Also Like
223K 25.7K 25
အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ပူပူနွေးနွေး hot chocolate တစ်ခွက်လို့ဖြေမယ်...ချိုမြိန်တယ်...နွေးထွေးတယ်...ထာဝရရိုးမသွားဘူး။ အချစ်ဆိုတာဘာလဲလို့မေးလာခဲ...
29.2K 4.5K 33
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
104K 18K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
86.5K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]