Chapter 8

11.3K 1.1K 82
                                    


" မား...ကော အပေါ်မှာလား...ညစာ‌ရော စားရဲ့လား..."

" စားတော့စားတယ် နည်းနည်းပဲ...။ ခုနကပဲ တက်သွားတာ..."

ဒီနေ့ ကောကို မားတို့နဲ့ပဲ ဆေးရုံပေးဆင်းလိုက်သည်...။ ကျွန်တော် duty ပြီးပြီးချင်း ထွက်လာတာမို့ Lan Yang တောင် ခုမှ သည်းသည်းလှုပ်ဖြစ်ပြ‌နေတာဆိုပြီး ကျွန်တော့်ကို သိပ်ကြည့်မရတော့...။ တစ်ခါတလေ အဲ့လို FA ကောင်တွေနဲ့ စကားပြောရတာလည်း လက်ပေါက်ကပ်ချက်ပဲ...

ကောက ဆိုဖာပေါ်မှာ မှီပြီးမှိန်းနေပုံပင်...။ ကျွန်တော် ခြေသံဖွဖွလေးနင်းပြီး ကောနားလျှောက်လာလိုက်ကာ ဆိုဖာရှေ့က စားပွဲပေါ်မှာပဲထိုင်လိုက်တော့တယ်...

အိပ်ပျော်နေတာလား မသိတာမို့ ဒီတိုင်းပဲ ထိုင်ကြည့်နေ‌လိုက်တာ...။ ဆေးရုံက ဆင်းရပေမယ့် နှားခေါင်းမှာ oxygen ပိုက်တော့တပ်ထားရတုန်းပင်...

ဆွယ်တာအဖြူလေးဝတ်ပြီး လက်လေးကိုပိုက် ခေါင်းလေးစောင်းပြီး အိပ်ပျော်နေတဲ့ ကောက ဘယ်လိုမှ ကျွန်တော့်ထက် ကြီးတယ်လို့ ထင်စရာမရှိ...။ သူကမှ ကလေးအစစ်...

ကောကို စတွေ့ထဲက သတိထားမိတာ...တော်တော်ချောတဲ့ ကောင်လေးတစ်ယောက်ပါလားလို့...ဒါပေမယ့် ကောရဲ့ အလှက တကယ့်ကို ဖျော့တော့တော့ပင်...။ တောင်ပေါ်မှာ စတွေ့ထဲက လူမမာ တစ်ယောက်လို စတွေ့ခဲ့ရလို့လားမသိ...အမြဲတမ်း ဖြူဖျော့နေတတ်တဲ့ ဒီကောင်လေးကရော...ကျွန်တော့်နားမှာ အကြာကြီးနေနိုင်ပါ့မလား...

နောက်တစ်ခေါက် ကော အရေးပေါ်ထပ်ဖြစ်မှာကို ကျွန်တော် တကယ်လန့်နေမိပြီ...။ ကျွန်တော့်ကြောင့် ဒီလိုထပ်မဖြစ်စေရဘူး အာမခံနိုင်ပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာက မမလိုပဲ သူ့ကို ကျွန်တော့်အနားက ဆွဲထုတ်သွားတာကို မတားလိုက်နိုင်မှာပဲ ကြောက်နေမိတာ...

တွေးမိတာနဲ့တင် ရင်ထဲနင့်ကနဲပါပဲ...။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းတွေ ကျွန်တော့်ရှေ့က ထုတ်သွားတာ နေ့တိုင်းနီးပါး မြင်နေရသော်လည်း ကျွန်တော်ချစ်ရတဲ့သူတွေအတွက်တော့  ခုထိ အဆင့်သင့်မဖြစ်သေး...။ အတ္တကြီးတာလား မရင့်ကျက်တာလားပဲ...ဘယ်လိုစကားလုံးနဲ့ပဲ သတ်မှတ်သတ်မှတ် ဒါ ကျွန်တော့်ရင်ထဲက ခံစားချက်အစစ်အမှန်ပင်...

Imperfection (Season 1) [Completed]Where stories live. Discover now