Chapter 2

12.3K 1.2K 126
                                    

Xiaozhan  <POV>

ဒီနေ့ထိ  Yan Yan မရှိတော့တဲ့ ဖြစ်ပျက်သွားသမျှကို ကိုယ့်ကိုကိုယ် မယုံနိုင်လောက်အောင် သွေးပျက်နေဆဲ...။ ကျွန်တော့်အပေါ် ဆိုးတူကောင်းဖက် နားလည်ပေးနိုင်လွန်းတဲ့
သူငယ်ချင်း ပန်းချီဆရာမလေးကို လွမ်းဆွတ်တမ်းတတဲ့ စိတ်နဲ့ သူနဲ့ တစ်ခါတလေ အတူတူ သွားနေကျ မြို့အစွန်က ဆိတ်ငြိမ်လွန်းတဲ့ တောင်ပေါ်သို့ ပန်းချီဆွဲဖို့ တက်လာခဲ့လိုက်တယ်....

ဒီတောင်ပေါ်ကို လာလည်သူတိုင်းအတွက် အပန်းဖြေ အနားယူဖို့ ကားလမ်းပေါက်တဲ့ သစ်သားအိမ် သေးသေးလေး တစ်လုံးလည်းရှိတယ်...။ အလှအပ ရှုခင်းတွေကို ဓါတ်ပုံလာရိုက်သူတွေလည်းရှိကြတယ်...။ တောင်ခြေမှာတော့ Café  & Restaurant တချို့ရှိတယ်...

တောင်ပေါ်က နေ၀င်ဆည်းဆာပုံလေး ရေးဆွဲချင်တာကြောင့် နေ၀င်ချိန်ကို စောင့်ဆိုင်းရင်း နားကြပ်လေးတပ် သီချင်းနားထောင်နေလိုက်ပြီး
နေ၀င်ခါနီးကျမှ ပန်းချီကားကို စတင်ရေးဆွဲလိုက်တယ်...။   လွမ်းဆွတ်တမ်းတ ၀မ်းနည်းခြင်း အပြည့်နဲ့ပေါ့....

" လွမ်းတယ်....ကောရယ်...။ အဆက်အသွယ်တွေ ဖြတ်ခဲ့ပေမဲ့...ကျွန်တော် ကောကိုပဲ ချစ်တာ...။ ကျွန်တော့်ဘ၀က အခုဆွဲနေတဲ့ နေ၀င်ဆည်းဆာ ပန်းချီကားလိုပါပဲ...။ ၀မ်းနည်း နာကျင်မှုတွေပဲ ပေးလာမိမယ့် ဘ၀ထဲ မလာခဲ့စေချင်လို့ ဒီလိုတွေ လုပ်လိုက်မိတာပါ..."

၀င်သွားပြီဖြစ်တဲ့ Yan Yan ဆိုတဲ့ နေတစ်စင်းကိုလည်း သတိရတယ်...

" နင်ကတော့ ဘ၀သစ်တစ်ခုမှာ ပျော်နေမလားပဲ...ငါကတော့ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ငိုနေဆဲပါပဲဟာ..."

မျက်ရည်စက်လက်နဲ့ ဆွဲနေမိတဲ့ ပန်းချီကားကို အပြီးသတ်ချင်ပေမဲ့...ရုတ်တရက် အချိန်အခါမဟုတ် မိုးဖွဲလေး‌တွေ ကျလာတာမို့ အဆုံးမသတ်နိုင်တော့...။ ပစ္စည်းတွေကို မြန်မြန်ကောက်ထည့်ပြီး တောင်အောက်က ကားဆီသို့ မြန်မြန်ပြန်ဖို့ လုပ်လိုက်ရတော့သည်....



ဒီညနေ Duty ဆင်းတာနဲ့ Xiaozhan အိမ်ဖက်ထွက်လာလိုက်သော်လည်း ကျွန်တော် သူ့ခြံရှေ့ အရောက် သူက ပန်းချီပစ္စည်းတွေ ကား‌ပေါ်တင်ပြီး မောင်းထွက်သွားတာမို့  သူသွားရာနောက်ကိုသာ အသာလေးလိုက်‌မောင်းလာခဲ့လိုက်တယ်...

Imperfection (Season 1) [Completed]Where stories live. Discover now