Chapter 11

10.3K 1K 165
                                    


‌ချန်မင်းပြောသွားတဲ့ စကားတွေကို ဒေါသထွက်တာရော...လူနာတွေနဲ့ တစ်နေကုန်လုံး အလုပ်ရှုပ်ပြီး ပင်ပန်းနေရတာ‌ရောအပြင် ပါးနဲ့မားက London မှာ အသစ်ဖွင့်မယ့် Company အတွက် ဒီ‌နေ့ပဲ ခရီးထွက်သွားတယ် ဖုန်းဆက်လာတာမို့ အိမ်မှာ ကောတစ်ယောက်ထဲ ကျန်နေမှာ စိတ်မချတာနဲ့ Lan Yang ကိုDuty အစားထိုးချိန်းခိုင်းပြီး စောပြန်လာလိုက်တယ်....။ စိတ်ရောလူရော ပင်ပန်းလွန်းလို့လားမသိ...လူက နေလို့တော်တော်မကောင်းတော့...

အိမ်ရောက်တော့ ကောက ခြံထဲမှာ ပန်းချီဆွဲနေဆဲ...။ လူက နေသိပ်မကောင်းတာ‌ရော ကောပန်းချီဆွဲတာ မနှောင့်ယှက်ချင်တာ‌ရောကြောင့် ကောကို ပြန်ရောက်ကြောင်း လှမ်းနှုတ်ဆက်ပြီး အခန်းထဲ၀င် အိပ်ရာထဲပဲ ၀င်ခွေနေလိုက်တယ်...





ပန်းချီဆွဲနေရင်း ကောင်လေး စောပြန်လာတာ မြင်တော့ အံ့သြသွားမိတာ...အန်တီတို့ ခရီးသွားတယ်ဆိုလို့ စောပြန်လာတာထင်သည်...

စောပြန်လာပုံထောက်ရင် အိမ်တိုင်ရာရောက်လည်း ဆေးသွားမကုခဲ့ပုံပဲ ...။ ဘာပဲဖြစ်ဖြစ် ကျွန်တော် တစ်ယောက်ထဲ အိမ်မှာရှိနေချိန် သူစောပြန်လာတော့ စိတ်ထဲ ကြိတ်ပျော်မိသွားတာ...

ညနေစောင်းတော့ ပန်းချီကားကို မြန်မြန် လက်စသတ်ပြီး အိပ်ခန်းထဲ၀င်လာလိုက်တယ်...။
စောင်ခြုံထဲ တဆတ်ဆတ်တုန်ပြီး ကွေးနေတဲ့ သူ့ကြောင့် လန့်သွားတာမို့ နဖူးကို စမ်းကြည့်လိုက်တော့...ကိုယ်တွေ ကျစ်ကျစ်တောက်ပူနေတာပါလား.."

အမြန်လှုပ်နိုးလိုက်ရင်း....

" ဟေ့ Wang Yibo ထဦး မင်းကိုယ်တွေ အရမ်းပူနေတယ် ဆေးထသောက်ဦး..."

"အင်း... သောက်ထားတယ်....။ ကော..အိပ်တော့မှာလား ကျွန်တော်ဖယ်ပေးမယ်နော်..."

ဖျားနေတာတောင် ကျွန်တော်မအိပ်ခိုင်းခဲ့လို့ ဆိုဖာပေါ် သွားအိပ်မယ့် ကောင်လေးကို အတင်းပြန်ဖိချပေးရင်း...

" မသွားနဲ့ ဒီကုတင်ပေါ်မှာပဲ အိပ်တော့..."

" အင်း....ကော..."

" ကိုယ်တွေ ဒီလောက်ပူနေတာ...ဆေးသောက်လည်း အဖျားမကျဘူးဆို‌တော့ ကော ရေပတ်တိုက်ပေးမယ်..."

Imperfection (Season 1) [Completed]Onde histórias criam vida. Descubra agora