Chapter 9

11K 1.1K 150
                                    


အပြန်လမ်းမှာ ဆိုင်ကယ်‌မောင်းနေတုန်း ကောက  ကျွန်တော့်‌ကျောပေါ်  တစ်ချက်တစ်ချက် ငိုက်ကျလာပုံပင်...

" ကော အိပ်ချင်နေပြီလား..."

" အင်း..."

" အိမ်ရောက်တော့မယ်နော် ခဏပဲ...။ ပြုတ်ကျနေမှာ စိုးလို့ ကျွန်တော့်ခါးကို သေချာလေး ဖက်ထားပါလား..."

ခါးကို သိုင်းဖက်လာတဲ့ ကောလက်‌တွေကို ကျွန်တော့်လက်တစ်ဖက်နဲ့ ပြန်ဆုပ်ကိုင်ထားလိုက်တယ်...။  ကော လက်တွေ တော်တော် အေးနေပါလား...

" ကော လက်တွေအေးစက်‌နေတာပဲ...။ ကျွန်တော့်အိတ်ကပ်ထဲ လက်ထည့်ထား...ရာသီဥတုက ပိုအေးလာတာနေမှာ..."

" အင်း..."
ကောအသံ နားထောင်ရတာ အိပ်ငိုက်နေပုံမို့ အိမ်ကိုပဲ မြန်မြန်သာမောင်းချလာလိုက်တယ်...။ ကျွန်တော့်ခါးကို ဖက်ထားတဲ့ သူ့လက်တွေ တစ်ချက်တစ်ချက် ပိုပိုတင်းသွားတာ သတိထားလိုက်မိတယ်...။ ကြည့်ရတာ လေတိုးတဲ့ ဒဏ်ကို သူမခံနိုင်တော့တာထင်သည်....




ဆိုင်ကယ်ပေါ်က အဆင်း အပြန်လမ်းအစတည်းက အောင့်စပြုလာတဲ့ နှလုံးက ပိုပိုအောင့်တက်လာတယ်...။ Yibo စိတ်ပူနေမှာစိုးလို့ မပြောဘဲ အားတင်းပြီး လိုက်လာရပေမယ့် ဒူးက ညွှတ်ချင်နေပြီ...

ယိုင်တိုင်တိုင်ဖြစ်နေတဲ့ ကောကို လှမ်းထိန်းရင်း
အမြန် ကောက်ပွေ့လိုက်တယ်...

" ဘာလုပ်တာလဲ ပြန်ချပေး... "

" ကော...ဒီလောက်လဲကျမလို ဖြစ်နေတာကို လမ်းလျှောက်ချင်မနေနဲ့တော့ ငြိမ်ငြိမ်လေးနေ...။ လူကို ဘယ်တော့မှ အကောင်းမမြင်တဲ့အပြင် ကလေးကျနေတာပဲ စွာဖို့များ မွေးလာလား အောက်မေ့ရတယ်..."

အသက်ရှုမ၀တာရော...ရင်ဘတ်က စူးပြီးအောင့်နေတာရောအပြင် တစ်အိမ်လုံးလည်း အိပ်နေကြပြီမို့ အပြိုင်ပြောမနေ‌တော့ဘဲ သူ့ရင်ခွင်ထဲ ငြိမ်ငြိမ်လေးသာ နေနေလိုက်တော့တယ်...

" ကော...ကျွန်တော် အတည်ပြောတာနော်...။ ကော အစားကို သေချာဝင်အောင်စားဦး...ကောက အရမ်းပေါ့တာပဲ...။ နောက်ဆို မားကို သေချာပြောပြီး ကျွေးခိုင်းမှ ဖြစ်တော့မယ်..."

Imperfection (Season 1) [Completed]Wo Geschichten leben. Entdecke jetzt