Black Memory(U+Z)(Completed )

By naykyihtun

1.1M 75.2K 2.9K

ဘုန္းထြဋ္ေခါင္လ်ွံ ႏိႈင္းသုတလ်ွံ ေဆာင္းရာသီေတြကုန္ဆံုးျပီးသြားရင္ ေႏြရာသီကိုေရာက္လာ မွာပဲ။ ငိုခ်င္ေနရင္ငိုခ်လ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
part-11
part-12
Part-13
Trailer
Part-14
part-15
Part-16
Part-17
Part-18
part-19
part- 20
part-21
Part-22
Part-23
part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48(Ending)
Part-49
Part-50
Part-52
Part -53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65(The End)
Bonus Part( Only Zawgyi)
Bonus Part( Only Unicode )
18.11 Day
18.11 Day..end
For Extra
Interviews Part-1
Interview Part-2
Interview part-3(end)
အသိပေးခြင်း /အသိေပးျခင္း
Order Time
Author Heart
Hello
Extra 🛑

Part- 51

11.9K 879 45
By naykyihtun

Unicode

လွန်ခဲ့သော သုံးနှစ်ကျော်... စာမေးပွဲပြီး၍ ခေါင်လေးတို့ ရွာပြန်လာသော အချိန်။

ကြံခင်း အစပ်တွင် ခေါင်လေးနှင့်
ဖိုးကျော် တို့ တောရနံ့ကို လေးညှင်း ခံကြရင်း...ခေါင်လေးက ဆေးလိပ်ကိုမီးညှိကာ
ဖွာလိုက်ပါ၏။

"တကယ်လို့ကွာ ဘဝမှာ အချစ်နဲ့လက်တွဲဖော် မတူညီကြဘူးဆိုရင်.... မင်းဘယ်လို လုပ်မလဲ"

ဖွီး!!

ထိုအခါ ကျော်ခန့်ပိုင်က ကွမ်းတံတွေးကိုမာန်ပါပါထွေး လိုက်ပြီးခေါင်လေး လက်ထဲမှဆေးလိပ်ကို ဆတ်ခနဲ ယူလိုက်ကာ မီးသေအောင် မြေကြီးပေါ်ထိုးချလိုက်၏။

"ဆေးလိပ် လာ သောက်မနေနဲ့ ကိုဘုန်း!! ငါ့ ကြံခင်း မီးလောင်ရင် ကိုဘုန်း တို့ကြံခင်းလဲ ပြာချပစ်မှာ!"

ခေါင်လေးသည် စိတ်မဆိုးပါပဲ  ခပ်ပါးပါး ရယ်လျက် သဘာဝ မြက်ခင်းပေါ် လှဲချလိုက်ကာ တိမ်အနဲငယ်သာရှိသော
ကောင်းကင်ပြာကိုငေးကြည့်နေလိုက်သည်။ ကျော်ခန့်ပိုင် ဆိုသည်က ပြောလျှင်ပြောသည့်အတိုင်း တကယ်လုပ်မည့်
ကောင်မို့ သူ အရွဲ့တိုက်ပြီး နောက်တစ်လိပ်
သောက်လို့မဖြစ်ပေ။ ဒီကောင်က နဲနဲတော့ဇပြင်းသည်။ တစ်ခါတစ်လေ ဘယ်သူကအကြီးမှန်းတောင်မသိ ကမ္ဘာ ပေါ်မှာ သူပဲ အလိမ္မာဆုံး လူသားလိုလို ဆရာကြီး လုပ်တတ်သေးသည်။ ဘုန်းထွဋ်ခေါင်လျှံ
ဆိုသည်ကလည်း မိမိအား တစ်စက်လေးမျှပင်သေးသေးတင်ခံချင်သူမဟုတ်ရကာ
နှစ်ယောက်သား တည့်သည့်အခါက ရှားလွန်းသည်။

"အချစ်ဆိုတာ သိပ်ဆန်းကျယ်တယ်တဲ့ ..ကဗျာဆရာတွေ သီးချင်းရေးဆရာတွေ...တော်တော်များများကဖွဲ့နွှဲ့ပြီး
ဆိုခဲ့ကြတယ်။ ငါ့အတွက်တော့ အချစ်က ကွမ်းယာလိုပဲ...မစားပဲလည်း မနေနိုင်ဘူး စားနေတုန်း နေသာထိုင်သာ ရှိပေမယ့် စားပြီးသွားရင် သွားတွေ လျှာတွေနီပြီးကျန်ခဲ့ရော။
တစ်ခါတလေ ထုံးမကောင်းရင် ထုံးပေါက်တဲ့ဒဏ်က ခံရသေးတာ။ ဒါပေမယ့် ငါ ကွမ်းယားကိုဆက်စားနေတုန်းပဲ"

ကွမ်းစားပြီး သေလိုက်တော့ ။

ခေါင်လေးက စိတ်ထဲမှ ကြိမ်ဆဲကာ အပြင်မှာတော့ မသိနားမလည်သလို စိတ်ဝင်စားဟန်ဆောင်ထားပါသည်။ အဲ့ဒါထက်ငါ့ဆေးလိပ် တစ်လိပ် က ဘယ်လောက်တန်ဖိုးကြီးလဲမင်းသိဖို့ကောင်းတယ်။

ဖိုးကျော်သည် စကားဆက်ရင်း ကွမ်းဝါးပြီးသားတွေကို ထွေးထုတ်လိုက်ကာ ရေသန့်ဘူးဖွင့်၍ ပလုတ်ကျင်းလိုက်၏။ ထို့နောက် သူပြောသမျှ ငြိမ်ပြီးနားထောင်နေသော ခေါင်လေးကို ကြည့်လျက် ကြံခင်းဘက်သို့ ပြန်လှည့်သွားတော့သည်။ပျိုးတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဆိုသည့်အကိုကြီးက
တောင်သူအလုပ်ဆို ယောင်လို့တောင် လှည့်ကြည့်သည်မဟုတ်ပါပဲ အခုမှဘာစိတ်ကူးပေါက်ပြီး ရောက်ချလာသည် မသိပေ။

" ငါ ကွမ်းယာမစားတော့တဲ့နေ့ဆိုတာ... ရှိလာမှာမဟုတ်ဘူး။ ရှိလာခဲ့ရင် အဲ့ဒီနေ့က ငါသေတဲ့နေ့ပဲ ဖြစ်မှာ။ ဘာလို့ဆို ငါက ကွမ်းယာကိုချစ်တယ်လေ"

ခေါင်လေးသည် အချစ်ဆိုသည်က်ို နားမခံနိုင်စွာ ရုတ်တရက် ပင်  ကျော်ခန့်ပိုင်ပုခုံးကို ဖိနိုပ်ချ၍ မတ်တပ်ရပ် လိုက်ပါလျှင် ကျော်ခန့်ပိုင်က...သင်္ကာမကင်းဖြင့်....

"သွားတော့မှာလားဗျ... "

"အင်... နွေးနွေးဆီ  သွားမလို့"

စိတ်တွေလေးနေတာကြောင့် ဘယ်သူမှမရှိတဲ့ တောစပ်မှာ သူ လာပုန်းနေမိသည်။ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင် ခဏလေး အတွင်းမှာ သူ နှိုင်းကို စူးနစ်စွာ ချစ်နေခဲ့ပြီမှန်း
နားလည်လိုက်ပါသည်။ သို့ပေမယ့် အချစ်ရယ် ခင်ဗျားနဲ့ကျွန်တော်က ကွမ်းယာကိုချစ်သလိုမျိုး မရိုးရှင်းဘူးလေ။ ဆုတောင်းကောင်းရဲ့လားမသိပေမယ့် ဒီ မင်္ဂလာပွဲ ပျက်ခဲ့ရင် အချစ်အနား မောင်အရောက်လာခဲ့မှာပါ။

" သတို့သားရဲ့ အီးမှန်ထားတဲ့မျက်နှာ ကို ကြည့်ပြီး သံဝေဂတောင်ရတယ်... ကွမ်းယာလေး ငါမင်းကိုပဲ ဆက်ချစ်မယ်။ လူတွေရဲ့အချစ်က ထုံးထက် အန္တရာယ်များတယ်ကွ!"

ကျော်ခန့်ပိုင်သည် ဆရာကြီးအထာဖြင့် ပြောချင်ရာပြောပြီး ဓါးမကို ခါးကြား ထိုးကာ တောတွင်းသို့ဝင်၍ သစ်ကိုင်း တစ်ချို့ကိုခုတ်ထွင် ရှင်းလင်း၍ ထင်းအဖြစ်သို့ပြောင်းလဲ လိုက်သည်။မီးသွေးတွေက ဈေးကြီးသည်။ အမေ့အခန်းလေး
နွေးနေဖို့ ထင်းမီးဖို ပြောင်းလုပ်ပေးရတော့မည်။သို့တိုင် စိတ်ထဲ စနိုးစနှောင့်ဖြင့် တစ်ခုခုဖြစ်တော့မည်ကို စိတ်ကအလိုလိုသိနေသည်။ ဘာဖြစ်မည်ကိုတော့ ခန့်မှန်း၍မရပေ။

ခေါင်လေးသည် လေပြေလေညှင်းရဲ့တိုးဝှေးမူ့ကြောင့် တလွင့်လွင့် ရမ်းခါကာ ရှုပ်ပွလာတဲ့ဆံပင်ရှည်တွေကိုမရှင်းလင်းပဲ အတွေးများစွာဖြင့် ယိမ်းနွှဲ့နေတဲ့ ကြံပင် တွေက်ိုကြည့်ကာ အသက်ရှူဖို့ပင် မေ့နေတော့သည်။
အချစ်ကိုပဲ ရွေးရမလား... အချစ်ကိုရွေးသင့်သလား။အတွေးတ်ို့က များစွာ...။

မင်းတို့ တွေ သိပ်လှကြတာပဲ...

စိမ်းစိုနေသော ကြံပင်တွေဟာ မျက်လုံးထဲ တော်တော်ကြီးကို ကန့်လန့်ဖြစ်နေသဖြင့် သူ တီးတိုးရွတ်လိုက်သေး၏။ ထို့နောက် ညည်ဆိုးတစ်ခုပေါ်လာကာ....ယုတ်မာစွာဖြင့်
ခပ်လွင့်လွင့်ပြုံးလျက် ပြန်လာခဲ့လိုက်ပါတော့သည်။

အကုန်မီးရှို့ပြစ်လိုက်တာပဲ ကောင်မယ်!!!!!

.......................

"နှိုင်း!!"

"ဟင်"

"နေခဲ့မလားဟင် ကျွန်တော်ခန့်ပိုင် ကို လိုက်ရှာပေးလိုက်ဦးမယ်"

"အင်... ငါ စောင့်နေမယ် "

"မြန်မြန် ပြန်လာခဲ့မယ် "

ခေါင်လေး က ပြောပြီး ထွက်သွားလျှင် နှိုင်းက ရင်မောစွာ ကျန်ခဲ့ရပြန်သည်။ နာရီသံတစ်ချပ်ချပ်စတင်လည်ပတ် လာခြင်းကို ဥပေက္ခာ ပြုဖို့ကြိုးစားရင် အချိန်တွေမရေတွက်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမရသည်။ ထို့နောက် အလောတကြီး ထွက်သွားကြသည်မို့ ရှုပ်ပွနေသည်တို့ကို သိမ်းဆည်းလိုက်ပါ၏။

"ဟေ့... လုပ်မနေနဲ့ ထားလိုက် ။ ဒီအခန်းက
ဖိုးခေါင်အခန်းပဲ ဝင်နား!"

ဘကြီးရဲ့ အသံက ခုနကလို ကြောက်ဖွယ်မကောင်းပေမယ့် သြဇာ ညောင်းနေဆဲ ဖြစ်သည်။

"ဟုတ် လက်စနဲ့ဆေးလိုက်တော့မယ်ဗျ!"

"ဒါဆိုလည်း လက်စနဲ့ ဘဘအတွက် ရေနွေးတည်ပြီး ယူလာခဲ့... စကားပြောရအောင်"

"ဟုတ်...ဟုတ်ကဲ့"

စကားပြောမယ်တဲ့။ နှိုင်း ရင်တွေတဒိတ်ဒိတ်ခုန်လာတော့သည်။ ဘကြီးက ဘာတွေမေးမည်မသိ။သူကရော ဘာတွေပြန်ဖြေရမည်မသိ။ ပန်ကန်တွေဆေးပြီး ပန်းကန်စင်ပေါ်ထပ်ပြီးနောက် ရေနွေးဆို၍ ရေနွေးအိုး
လိုက်ရှာကာ တည်ရသည်။ ထို့နောက် လင်ဗန်းထဲတွင် ဓာတ်ဘူးနှင့်ရေနွေး ပန်းကန်တို့ ထည့်ထားသည်ကို တွေ့သဖြင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်ပြီး
ဆူပွက်လာသည့်ရေနွေးကိုဓာတ်ဘူးထဲ ထည့်လိုက်ကာ အားလုံးပြီးသွားပြီ ဆိုမှ လင်ဗန်းမ၍ အိမ်ရှေ့ထွက်လာ ခဲ့သည်။ ပြီးနောက် ယောက္ခကြီး မျက်နှာကြည်ဖို့ အရေးကြီးသည်မို့ ဧည့်ခန်းထဲ သတင်းစာထိုင်ဖတ်နေသည့် ဘကြီးရှေ့ရိုရိုသေသေချပေးရသေး၏။

"မင်းက ဘယ်ကလဲ"

ဘကြီးသည် သတင်းစာ ဖတ်နေရင်း သူ့ကို မော့ပင်မကြည့်ပဲ ရုတ်တရက်မေးလာသဖြင့် နှိုင်း လန့်သွားကာ...

"ဟို...လားရှိုးကပါ ဘကြီး"

နှိုင်းဖြေလျှင် ဘကြီးက အင် အဲ ပင်မလုပ် သတင်းစာထဲသာ ခေါင်းနစ်နေသဖြင့် နှိုင်းတစ်ယောက်  ဆက်ပဲထိုင်နေရ မလိုလို ထပဲသွားရတော့မလိုလိုယောင်လည်လည်ဖြစ် နေတော့သည်။

"ထိုင်... ထိုင်... ထမင်းစားပြီးရင် အချိုတည်းရတယ်ကွ။ထန်းလျက်လေးနဲနဲစား ရေနွေးလေးသောက် အစာကြေတယ်!"

"ဟုတ်ကဲ့ "

အသံက ပြန်တိတ်သွားပြန်သည်။ ဘကြီးက သတင်းစာ ဖတ်ရသည်ကို ကြိုက်ဟန်တူ၏။ တော်တော်ကြီးကို စိတ်ဝင်တစားဖတ်နေလေသည်။

"ဘာသတင်းတွေထူးလို့လဲ ဘဘ"

နှိုင်း မရဲတရဲ မေးလ်ိုက်လျှင် ဘကြီးက...

"မထူးပါဘူးကွာ... သတင်းစာဖတ်တော့ လူတွင်ကျယ် လုပ်လို့ရတာပေါ့။ တ်ို့ဘက်ကလူတွေက တော်ရုံမှ စာမဖတ်ကျပဲ...အဲ့တော့ စာဖတ်ပြီး ဗဟုသုတကြွယ်တဲ့သူဆို
ဆရာ... ဆရာနဲ့အထင်ကြီးခံရတော့တာပဲ"

ဒီလိုကျတော့ ဘကြီးက သဘောကောင်းသည့်ပုံပေါက်ကာ စကားပြောရအဆင်ပြေသည့်ပုံရှိသည်။ နှိုင်းလည်း စိုးရိမ်စိတ်
မရှိတော့ပဲ ဘကြီးဖတ်နေသည့် သတင်းစာကို စိတ်ဝင်စား သွားတော့သည်။

"တိုင်းရေးပြည်ရေးလည်း မငြိမ်းချမ်းဘူးနော် ဘကြီး။အခုတလော ကြားနေရတာ ပြည်တွင်းစစ်တွေ ဖြစ်လို့ဆို"

ရှေးလူကြီးတွေက သမိုင်းကို စိတ်ဝင်စားကြသည်။နှိုင်းက အစဖော်တော့ ဘဘကြီးက သတင်းစာကို ချလိုက်ပြီး ခေါင်းတညိမ့်ညိမ့်ဖြင့်...

"ဒါပေါ့ကွာ...ငါတို့ငယ်ငယ်တုန်းကဆိုရင်.......

ဟူ၍ အစချီကာ ငယ်ငယ်ကအကြောင်းတွေ ပြောပါတော့ သည်။ မြန်မာ့ရေးရာ ကမ္ဘာ့ရေးရာကို အနဲငယ်စိတ်ဝင်စားသော နှိုင်းနဲ့ ဘကြီးကတော့ လေပေးဖြောင့်ကာ
အချိန်တွေလင့်လာတာကိုပင် သတိမပြုကြဖြစ်သွားကြတော့သည်။

..............

"ညွှန့်ညွှန့်ရယ် နင့်သားက ကိစ္စ ရှိလို့သွားတာနေမှာပေါ့။ မနက်ကျပြန်လာမှာပါ... မငိုနဲ့...
မငိုနဲ့"

"ပြောရက်တာ မကြီးရယ် ကျွန်မမှာလေ သားကြီးလည်းမရှိ တော့ဘူး.... သာငယ်ပါမရှိတော့ရင် ကျွန်မသေမှာသိလား ကျွန်မသေမှာ...."

သားပျောက်၍ ရင်ဘတ်စည်တီး ငိုကြွေးသည် ဆိုသည်ကဤကဲ့သို့ဖြစ်မည်။ ဒေါ်ညွှန့်ညွှန့်မှာ နာတာရှည်ရောဂါဖြင့်
အိပ်ယာထဲ လှဲနေရတာ ကြာပြီဖြစ်၏။ ကျန်းမာရေး ကနေ့လား ညလား ဖြစ်နေစဉ် သားတော်မောင်ကို ရှာမတွေ့၍ သူမမှာ
အမော့ပင်ဆို့လာနေလေပြီ။

"ဆရာ က သဘောကောင်းတဲ့သူပါ... ရန်သူလည်းမရှိဘူး။ လုပ်စရာရှိလို့ပဲနေမှာပါ....ကြံ ဈေးသွားစပ်တာလားမှမသိတာ"

ကလေးမလေးတစ်ယောက်က ဝင်ပြောလျှင်...

"မဟုတ်ပါဘူး... သားငယ်က ဘယ်တုန်းကမှ ဒီချိန်ထိ မနေဖူးဘူး....မေ့သားလေး ဘာမှမဖြစ်ပါစေနဲ့...ဟင့်...တစ်သက်လုံး ရောဂါသည်အမေက်ို အပင်ပမ်းအဆင်းရဲခံပြီး လုပ်ကျွေးလာတာ...သူတော်ကောင်းလေးကို..ဒုက္ခမပေးကြပါနဲ့။ အမလေး... သားရေ... မေ့သားလေးရေ..Ahhhmmmm!!"

ဘယ်သူမှလည်း ချော့မရပြုမရဖြင့် ကျော်ခန့်ပိုင်အမေက အော်ဟစ်ငိုယိုလို့နေသည်။ ခေါင်လေးသည် စိတ်ရှုပ်စွာ ဖြင့်...ငိုယိုနေသည့် ဒေါ်ညွှန်းနားကပ်ကာ...

"ကြီးညွှန့်... ဖိုးကျော် ဖုန်းနံပါတ်မရှိဘူးလား"

သူ့အသံကြားတော့ ဒေါ်ညွန့်မျက်လုံးများက စူးစူးစမ်းစမ်း ရှိလာကာ... သူ့ကိုမြင်တော့မှ...ကုပ်တွယ်ဖက်လာလျက်..

"ဖိုးခေါင်.. ဖိုးခေါင် လုပ်ပါဦး... ဖိုးကျော် ..မရှိတော့ဘူး အခုထိလည်း ပြန်မလာဘူး.. ငါ့သားလေး! "

"ကျွန်တော်ရှာပေးပါ့မယ် ကြီးညွှန့်ရယ် ။ ဖိုးခေါင်က လူလည်ပါဗျာ... ကျွန်တော့်ညီအကြောင်း ကျွန်တော် သိတယ်။ စိတ်ချ ဘာမှမဖြစ်ဘူး... အခုလိုငိုနေတော့ မောနေမယ်... မငိုနဲ့ နော် ။ ဖိုးကျော်ဖုန်းနံပါတ်ရှိလား...
ပေး!!!ကျွန်တော်ခေါ်ကြည့်ပေးမယ်"

တတ်နိုင်သလောက်စိတ်ရှည်ရှည်ထားကာ ချော့လိုက်မှ ကြီးညွှန်က သူ့ကိုလွှတ်ပေးပြီး မျက်လုံးတွေကစားလျက်..

"ဖုန်းနံပါတ် ....မရှိဘူး... ပေးတော့ပေးထားတယ်။ ငါမှမခေါ်တတ်တာ... ဘယ်နားရောက်သွားလဲမသိဘူး"

"ဟောဗျာ...ဒါဆို...ကျွန်တော် အပြင်မှာသွားရှာကြည့်ဦးမယ်"

ခေါင်လေးသည် ဘာမှဆက်မေးမနေတော့ပဲ အိမ်ပြင်ပြန်ထွက်လာကာ ဖိုးကျော်ဘယ်သွားတတ်လဲ စဉ်းစားကြည့်၏။ ရွာထဲက သူငယ်ချင်းတစ်ယောက်ယောက်ဆီမှာတော့
ဖုန်းနံပါတ် ရှိလောက်မည်ထင်သည်။ သ်ု့ိနှင့်
ဖိုးကျော်သူငယ်ချင်း အိမ်ကို ခန့်မှန်းကာ သွားလိုက်ပြီး..

"မျိုးသိန်း.. မျိုးသိန်း ရှိလား"

အိမ်ရှေ့မှ အော်လိုက်လျှင် ခပ်လတ်လတ်အရွယ် လူတစ်ဦး ပုဆိုးမနိုင့်တနိုင်ဖြင့် ထွက်လာလေသည်။

"ဟာ.. ကိုဖိုးခေါင် ဘယ်တုန်းက ပြန်ရောက်တာလဲ"

"ခုပဲကွ...ရောက်ရောက်ချင်းဖိုးကျော်ပျောက်နေတယ်ဆိုလို့ လိုက်ရှာနေတာ.... မင်းဆီမလာဘူးလား"

"ဟုတ်လား... မလာဘူးပဲ ။မနက်ကတော့ ကြံခင်းဘက်မှာတွေ့လိုက်သေးတယ်"

"အေ့ကွာ...ခုထိပြန်မလာလို့တဲ့။ မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား"

"ရှိတယ်..ရှိတယ် ကိုဖိုးခေါင်ခဏ "

ထိုလူလေးမှာ အိမ်ပေါ်ပြေးတတ်ပြီး ခဏအကြာ ဖုန်းယူ၍ ပြန်ထွက်လာပါ၏။ ထို့နောက် ဖုန်းနံပါတ်ပေး ရာ..ခေါင်လေးက ယူ၍ ဆက်လိုက်ပါသည်။ သို့သော်ဖုန်းက ဝင်သွားသည့်တိုင် အတန်ကြာသည်အထိ မကိုင်
သဖြင့် စိတ်ကတိုလာရပြန်သည်။ ဒီ သူတောင်းစားတော့လားသေဦးမယ်။

"မကိုင်ဘူးလား... "

"အေ...မကိုင်ဘူးကွာ.. သွားလိုက်ဦးမယ်။ ကျေးဇူးပဲ မျိုးသိန်း"

"အေအေ ဒါနဲ့ ကိုဖိုးခေါင် ပြန်လာရဲတယ်နော်...ပြီးတော့ ဖိုးကျော်ကိုလည်း ရှာရဲသေးတယ်"

"ဟက်!!"

ခေါင်လေးသည် ခြောက်ကပ်ကပ် ရယ်လျက်
မျိုးသိန်း ရှေ့က ထွက်လာခဲ့သည်။ ကြံခင်းထဲ ဆေးလိပ်မီး ပစ်ထည့်ပေးခဲ့ရုံပဲကို ဘာလို့ ပြန်မလာရဲရမှာလဲ အံ့သြစရာကြီး!!!!!

.................

"ဒီလောက်နမ်းတတ်ရင် ခင်ဗျားနဲ့အိပ်လို့ရပြီလား"

ရဲဇော်သည် သတိလက်လွှတ်ဖြစ်မိသွားရာက ကျော်ခန့်ပိုင်အား တွန်းဖယ်လိုက်ပြီး...

"မင်း တစ်ခါလောက်အိပ်ပေးရုံနဲ့... မင်းအစ်ကိုကိုရှာလို့မရဘူး"

ပျော့ညံ့ချင်သွားသော စိတ်ကိုတင်းခံကာ သူ Night Bar အတွင်းမှ ထွက်လိုက်ပါ၏။ ဧည့်သည်အဖြစ်ဝင်ရောက်လာ
မဲ့ လူတွေက်ို ဝေးဝေးရှောင်ရမည့် အကြောင်း အကြိမ်ကြိမ် သတိပေးနေခဲ့ပါရဲ့ ဘာကြောင့် မေ့မေ့သွားချင်ရလဲမသိပါပေ။

"ရူးပြီ.. မင်းတော့ ရူးပြီ"

ဆံပင်တွေကိုသပ်တင်ရင်း ကိုယ့်ကိုယ်ကို ပြောကာ ကားထဲသို့ ဝင်ထိုင်လိုက်၏။ ထိုစဉ်ချက်ချင်းပင် တစ်ဖက်မှတံခါးကို အလျင်စလိုဆွဲဖွင့်၍ ဝင်လာပြန်သော
ထိုကောင်လေးကို တွေ့လိုက်ရသဖြင့် သူ စိတ်အချဉ်ပေါက်လာတော့သည်။

"ဘယ်နှစ်ခါ အိပ်ပေးရမှာလဲ... ဘယ်လောက်အိပ်ပေးရင် ကျေမှာလဲ"

ဒီလောက်ထိ ဇွဲကြီးတဲ့ကောင်ကို မမြင်ဖူးပေ။ ရဲဇော်သည်မှင်သေသေနှင့်ပင် ထိုကောင်လေး မျက်နှာအား စူးစိုက်
ကြည့်ပေးလျက်... မဖြစ်နိုင်တာ တစ်ခုကို တောင်းဆို လိုက်ပါသည်။

"တစ်သက်လုံး! "

"ဗျာ... များလှပါလား "

ထင်သည့်အတိုင်း ဒီကောင်လေးလည်း ထွက်သွားမှာပါပဲ။

"မလုပ်ချင် ဆင်းသွားလိုက်"

"နေပါဦး!! ခင်ဗျားကလည်း စိတ်ကြီးပဲ...ကျုပ်စဉ်းစာနေတယ်လေ။ တစ်သက်လုံးဆို ခင်ဗျားနဲ့ကျုပ်ယူသလိုကြီး
ဖြစ်သွားမှာပေါ့.... "

တကယ့်ကို ခက်ခက်ခဲခဲ စဉ်းစားနေသည့်ဟန်ရှိသည်။အေ့လေ ဘယ်သူကရော သူနဲ့တစ်သက်လုံးနေချင်မှာတဲ့လဲ။
ရဲဇော်သည် မလွယ်သည့်ကိစ္စ ပြောမိသည်မှန်သော်လည်း မရှိမဲ့ ရှိမဲ့ မျှော်လင့်ချက်သေးသေးလေး ကျန်ရှိနေသေးသဖြင့် ငိုချင်လာတော့သည်။ ဒီနေ့မှသူ့စိတ်တွေ
ဆတ်ဆတ်ထိမခံ ဖြစ်လွန်းနေပါ၏။

"Sorry ငါ လျှောက်ပြောနေတာ.... မင်းအစ်ကို ဓာတ်ပုံနဲ့ ဘယ်အရွယ်က ဘယ်နားမှာပျောက်သွားတာလဲ ဆိုတာ သိလား"

"ဗျာ...သိတယ်"

ကောင်လေးက မျက်လုံးပြူးလေးဖြင့် ဖြေလျှင် ရဲဇော်သည် အမြဲလိုလိုဆောင်ထားဖြစ်သည့် စာရွက်ပေါ်သူ့ဖုန်းနံပါတ် ချရေးလိုက်ပြီး ကျော်ခန့်ပိုင်လက်ထဲ ထိုးပေးလိုက်၏။

"အဲ့ဒီဖုန်းထဲ massageပို့လိုက်... ငါမင်းအစ်ကိုကို ပြန်တွေ့ရင် အကြောင်းကြားပေးမယ်။ ဆင်းတော့ကားပေါ်က ငါ နားချင်ပြီ!"

ခန့်ပိုင်မှာ ရုတ်ချည်ပြောင်းလဲသွားသော ရဲဇော်အမူအယာကြောင့် မျက်မှောင်တွေကြုတ်ကာ... ဝေခွဲမရစွာဖြင့်
စာရွက်ကိုမယူဘဲ စိုက်ကြည့်နေပါ၏။

"ဆင်းလို့ ငါပြောနေတယ်လေ"

ရဲဇော်သည် ရှိသမျှ စိတ်တွေအကုန်ဆွဲဆန့်ထားပြီးပြီးမို့ ခပ်မာမာဖြင့်ပင် ပိတ်အော်ပစ်လိုက်တော့သည်။ သို့တိုင်နဲနဲမှ မဖြုန်သော ကောင်ကြောင့် ကိုယ်ကပဲ ပြန်ကြောက်
ရတော့မလိုလ်ို ဖြစ်သွားရသည်။

"ခင်ဗျားနဲ့ လိုက်အိပ်ပေးရမယ်မလား။ဘာလို့ဆင်းရမှာလဲ"

"မလိုတော့ဘူး။ ပိုက်ဆံ လည်း ပေးစရာမလိုဘူး။ မင်းပြောသလိုပဲ ငါက မင်းကို ကူညီတာ "

ပြောပြီးသည့်တိုင် အလိုမကျစွာ ကြည့်နေသည့် ကောင်လေးကြောင့် ရဲဇော် ခြေရောလက်ရောပင် လှန်ပစ်ချင်တော့သည်။
ပေကပ်ကပ်နဲ့ ေ-ဋ္ဌိုး လေး။

"ကျစ်... အဲ့လောက်မဆင်းချင်ဖြစ်နေရင်လည်း နေခဲ့လိုက်တော့... ငါ ဆင်းပြီ"

တော်သင့်ပြီ ။ စိတ်ရှုပ်စရာတွေ ဘဝထဲဆွဲမသွင်းချင်တော့ဘူး။ မျှော်လင့်ချက်လဲ မထားတတ်ဖို့ အမြဲတမ်းသတိပေးနေပြီးသားမို့။ ခဏလေးပဲ.. ပြီးရင်...အရာအားလုံး အဆင်ပြေသွားမှာပါ။

"အဟက်... စိတ်ကောက်တာလား ခင်ဗျားက !"

ဘော..ကို ကောက်ရမှာလား ။ ခနဲ့တဲ့တဲ့ အသံလိုလို လှောင်နေတာလိုလို... ဒေါသက အမြီးအမှောက်မတည့် ထွက်လာရပြီး မို့ ထိန်းကာ ဥပေက္ခာ ပြုဖို့ ဆက်ကြိုးစားစဉ်။

"မာနတွေဇွတ်ကြီးပြမနေနဲ့ ကျုပ်ကလည်း ခင်ဗျားလိုလူနဲ့ အိပ်ချင်လွန်းလို့မဟုတ်ဘူး...တန်ရာတန်ကြေး အနေနဲ့..."

မရတော့ပေ။ ရန်လည်း မဖြစ်တတ်တဲ့ကိုယ်ဟာ လူမိုက်ခေါင်းဆောင်ဖြစ်နေသည့်တိုင် လက်သီးတောင် ဘယ်လိုသုံးရလဲ မသိတာကြာခဲ့ပေပြီ။

"အဲ့တာကြောင့် မအိပ်နဲ့တော့လို့!!!မအိပ်နဲ့လို့ ငါ ပြောနေတယ်လေ။ ငါ့လိုမကောင်းတဲ့ကောင်နဲ့ လာမပတ်သတ်နဲ့.... မင်းတို့ကောင်တွေ သိပ်ဖြူစင်ကြတယ် မလား ။ ဖြူစင်တဲ့လူအချင်းချင်းပဲ သွားပတ်သတ်ကြ
ငါ့ကို လွှတ်ပေးထားကြစမ်းပါ။ ငါဆိုတဲ့ကောင်က ဘယ်သူ့အချစ်နဲ့မှ မထိုက်တန်တဲ့ကောင်။ ဘယ်အမျိုးက ပေါက်လာမှန်းမသိ.. ဒီလောက် အောက်တန်းကျပြီး ကလိန်ကကျစ်ကျတဲ့ကောင်ကို မင်းတို့...မင်းတ်ု့ိပဲ
ပစ်ထားလိုက်ကြပါတော့.... လာမပတ်သတ်ကြပါနဲ့တော့ တောင်းပန်ပါတယ်.... ငါ.. ငါက....မကောင်းတဲ့ကောင်။ မယူတော့ပါဘူး...တန်ရာတန်ကြေးလည်း မပေးပါနဲ့တော့
အကူအညီပေးတယ်လို့ပဲ သဘောထား "

ကျော်ခန့်ပိုင်သည် စကားများစွာ အော်ဟစ်ပြီး မျက်ရည်တွေကို ထိန်ချန်နေကာ မိမိကိုယ်​ ကို အပြစ်တင်နေသည့် ရဲဇော်အား အံ့သြတကြီးပင် မှင်သက်၍ကြည့်နေမိ၏။
ဒီကိုမလာခင် ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်၏ သတင်းပေးမူဖြင့် ရဲဇော်အကြောင်း တစ်ချို့တော့ ကြားခဲ့ရသည်။ အလုပ်လုပ်တဲ့နေရာမှာ သူများတွေထက်
ပိုက်ဆံနှစ်ဆလောက်ယူတတ်သည်။ သို့တိုင်မကျေနပ်ကြ သော်လည်း အလုပ်ကိုတိတိကျကျလုပ်တတ်သဖြင့်
သူ့ဆီသာ သွားကြရတာ ဟုဆ်ိုသည်။ ယောကျာ်းတွေကို ကြိုက်သည့်သူဖြစ်ကြောင်း သိခဲ့ရပြီး မကောင်းသတင်း
ခပ်များများသာ ကြားခဲ့ရသည်။

တကယ်တမ်း အပြင်မှာတွေ့တော့လည်း သူ အဲ့ဒီလိုသာ ဆက်ထင်နေမိသေးသည်။ သို့ပေမယ့် မျက်စိရှေ့မှာ ငိုကြွေးချင်ပါရဲ့ ထိန်းချုပ်နေသည့် နာကျင်ဖွယ်ဤလူသားကို
တွေ့ရသည်အခါ သူ့စိတ်တ်ု့ိပြောင်းလဲလာခဲ့သည်။ ဒဏ်ရာတွေ သိပ်များနေသော်လည်း ဖေးမပေးမည့်သူ ပျောက်ဆုံးသွားသလို ရူးသွပ်နေတဲ့ ဒီလူ။ အနားမှာတစ်စုံတစ်ယောက်ကို ရှိနေပေးစေချင်သည့် အသွင် သဏ္ဍာ န်မျိုး။

" ငါ့ မှာ ပိုက်ဆံကလွဲရင် ဘာမှမရှိဘူး။ဂုဏ်သိက္ခာဆိုတာလည်း မရှိဘူး။ အဲ့ဒါကြောင့် မင်း ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတော့။ ပိုက်ဆံလိုချင်နေသေးရင်လည်း
ငါပေးပါမယ့် ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်းပါ!"

မဟုတ်သေးဘူး တစ်ခုခုတော့လွဲနေပြီ။

ကျော်ခန့်ပိုင်သည် ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းခဲ့ပြီး အပေါ်ထပ်အကျီ ကို ချွတ်ကာ ရဲဇော်၏ ခေါင်းပေါ်မှ လွှမ်းခြုံလိုက်ပါ၏။ ဘယ်သူက ခင်ဗျားကို ဒဏ်ရာတွေ ပေးခဲ့လို့လဲဆိုတာမသိပေမယ့် ကျုပ်နှလုံးသားနဲ့ ခဏဖြစ်ဖြစ် ငြိမ်းချမ်းသွားရင် ကောင်လိမ့်မည်။

"ဘာလုပ်တာလဲ မင်း!!!"

ရဲဇော်က ရုန်းဖို့ ကြိုးစားလျှင် ခန့်ပိုင်က လက်တွေကို ချုပ်ထား လျက်...

"ဘယ်သူမှမမြင်ဘူး ငိုလိုက်.... "

"မငိုဘူး ဖယ်စမ်း!!"

"ငိုလိုက်စမ်းပါဗျာ"

ထိုအခါ လက်တွေ အားလျော့သွားလျက် ငြိမ်သက်သွားသော ကိုယ်လေးဆီမှ အင့်ခနဲ ရှိုက်သံ ထွက်လာသည်။ ခန့်ပိုင် သည် ကျောလေးကို ခပ်ဖွဖွပုတ်ပေးလျက် နှစ်သိမ့်လျှင်
ရဲဇော်က ရင်ခွင်ထဲပိုတိုး နှစ်ဝင်လို့ ဖွင့်ဟငိုကြွေးလာသဖြင့် သူ့မှာ အယောင်ယောင်အမှားမှားပင် ပြန်ဖတ်ထားရတော့
မလိုလို....အင် ...ဖတ်ပဲထားရတော့မလိုလို.....။

ကျွန်တော်တော့ကွမ်းယာထဲ နွပ္ဆေးတွေအများကြီး ထည့်မိပြီထင်တယ်။

................

Love you all💚💚💚

............................................................. ......

Zawgyi

လြန္ခဲ့ေသာ သံုးႏွစ္ေက်ာ္... စာေမးပြဲၿပီး၍ ေခါင္ေလးတို႔
ရြာျပန္လာေသာ အခ်ိန္။

ၾကံခင္း အစပ္တြင္ ေခါင္ေလးႏွင့္
ဖိုးေက်ာ္ တို႔ ေတာရနံ႕ကို ေလးညႇင္း ခံၾကရင္း..
ေခါင္ေလးက ေဆးလိပ္ကိုမီးညိွကာ ဖြာလိုက္ပါ၏။

"တကယ္လို႔ကြာ ဘဝမွာ အခ်စ္နဲ႔လက္တြဲေဖာ္ မတူညီျကဘူး
ဆိုရင္.... မင္းဘယ္လို လုပ္မလဲ"

ဖြီး!!

ထိုအခါ ေက်ာ္ခန္႔ပိုင္က ကြမ္းတံေတြးကိုမာန္ပါပါေထြး
လိုက္ၿပီးေခါင္ေလး လက္ထဲမွေဆးလိပ္ကို ဆတ္ခနဲ
ယူလိုက္ကာ မီးေသေအာင္ ေျမႀကီးေပၚထိုးခ်လိုက္၏။

"ေဆးလိပ္ လာ ေသာက္မေနနဲ႔ ကိုဘုန္း!! ငါ့ ၾကံခင္း
မီးေလာင္ရင္ ကိုဘုန္း တို႕ျကံခင္းလဲ ျပာခ်ပစ္မွာ!"

ေခါင္ေလးသည္ စိတ္မဆိုးပါပဲ  ခပ္ပါးပါး ရယ္လ်က္ သဘာဝ
ျမက္ခင္းေပၚ လွဲခ်လိုက္ကာ တိမ္အနဲငယ္သာရိွေသာ
ေကာင္းကင္ျပာကိုေငးၾကည့္ေနလိုက္သည္။ ေက်ာ္ခန္႔ပိုင္
ဆိုသည္က ေျပာလ်ွင္ေျပာသည့္အတိုင္း တကယ္လုပ္မည့္
ေကာင္မို႔ သူ အရြဲ႕တိုက္ၿပီး ေနာက္တစ္လိပ္
ေသာက္လို႕မျဖစ္ေပ။ ဒီေကာင္က နဲနဲေတာ့ဇျပင္းသည္။
တစ္ခါတစ္ေလ ဘယ္သူကအႀကီးမွန္းေတာင္မသိ
ကမာၻ ေပၚမွာ သူပဲ အလိမၼာဆံုး လူသားလိုလို
ဆရာႀကီး လုပ္တတ္ေသးသည္။ ဘုန္းထြဋ္ေခါင္လ်ွံ
ဆိုသည္ကလည္း မိမိအား တစ္စက္ေလးမ်ွပင္ေသးေသး
တင္ခံခ်င္သူမဟုတ္ရကာ ႏွစ္ေယာက္သား တည့္သည့္အခါက ႐ွားလြန္းသည္။

"အခ်စ္ဆိုတာ သိပ္ဆန္းက်ယ္တယ္တဲ့ ..ကဗ်ာဆရာေတြ
သီးခ်င္းေရးဆရာေတြ...ေတာ္ေတာ္မ်ားမ်ားကဖြဲ႕ႏႊဲ႕ၿပီး
ဆိုခဲ့ၾကတယ္။ ငါ့အတြက္ေတာ့ အခ်စ္က ကြမ္းယာလိုပဲ..
မစားပဲလည္း မေနႏိုင္ဘူး စားေနတုန္း ေနသာထိုင္သာ
ရိွေပမယ့္ စားၿပီးသြားရင္ သြားေတြ လ်ွာေတြနီၿပီးက်န္ခဲ့ေရာ။
တစ္ခါတေလ ထံုးမေကာင္းရင္ ထံုးေပါက္တဲ့ဒဏ္က
ခံရေသးတာ။ ဒါေပမယ့္ ငါ ကြမ္းယားကိုဆက္စားေနတုန္းပဲ"

ကြမ္းစားၿပီး ေသလိုက္ေတာ့ ။

ေခါင္ေလးက စိတ္ထဲမွ ႀကိမ္ဆဲကာ အျပင္မွာေတာ့
မသိနားမလည္သလို စိတ္ဝင္စားဟန္ေဆာင္ထားပါသည္။
အဲ့ဒါထက္ငါ့ေဆးလိပ္ တစ္လိပ္ က ဘယ္ေလာက္တန္ဖိုးႀကီးလဲမင္းသိဖို႔ေကာင္းတယ္။

ဖိုးေက်ာ္သည္ စကားဆက္ရင္း ကြမ္းဝါးၿပီးသားေတြကို
ေထြးထုတ္လိုက္ကာ ေရသန္႔ဘူးဖြင့္၍ ပလုတ္က်င္းလိုက္၏။ ထို႔ေနာက္ သူေျပာသမ်ွ ၿငိမ္ၿပီးနားေထာင္ေနေသာ ေခါင္ေလးကို ျကည့္လ်က္ ၾကံခင္းဘက္သို႔ု ျပန္လွည့္သြားေတာ့သည္။
ပ်ိဳးတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ ဆိုသည့္အကိုႀကီးက
ေတာင္သူအလုပ္ဆို ေယာင္လို႔ေတာင္ လွည့္ၾကည့္သည္
မဟုတ္ပါပဲ အခုမွဘာစိတ္ကူးေပါက္ျပီး ေရာက္ခ်လာသည္
မသိေပ။

" ငါ ကြမ္းယာမစားေတာ့တဲ့ေန႔ဆိုတာ... ရိွလာမွာမဟုတ္ဘူး။
ရိွလာခဲ့ရင္ အဲ့ဒီေန႔က ငါေသတဲ့ေန႔ပဲ ျဖစ္မွာ။ ဘာလို႔ဆို
ငါက ကြမ္းယာကိုခ်စ္တယ္ေလ"

ေခါင္ေလးသည္ အခ်စ္ဆိုသည္က္ုိ နားမခံႏိုင္စြာ
႐ုတ္တရက္ ပင္  ေက်ာ္ခန္႔ပိုင္ပုခံုးကို ဖိႏိုပ္ခ်၍ မတ္တပ္ရပ္
လိုက္ပါလ်ွင္ ေက်ာ္ခန္႔ပိုင္က...သကၤာမကင္းျဖင့္....

"သြားေတာ့မွာလားဗ်... "

"အင္... ေႏြးေႏြးဆီ  သြားမလို႔"

စိတ္ေတြေလးေနတာေၾကာင့္ ဘယ္သူမွမရိွတဲ့ ေတာစပ္မွာ
သူ လာပုန္းေနမိသည္။ ကိုယ့္ကိုယ္ကိုယ္ မသိလိုက္ခင္
ခဏေလး အတြင္းမွာ သူ ႏိႈင္းကို စူးနစ္စြာ ခ်စ္ေနခဲ့ၿပီမွန္း
နားလည္လိုက္ပါသည္။ သို႔ေပမယ့္ အခ်စ္ရယ္
ခင္ဗ်ားနဲ႔ကြၽန္ေတာ္က ကြမ္းယာကိုခ်စ္သလိုမ်ိဳး
မ႐ိုး႐ွင္းဘူးေလ။ ဆုေတာင္းေကာင္းရဲ႕လားမသိေပမယ့္
ဒီ မဂၤလာပြဲ ပ်က္ခဲ့ရင္ အခ်စ္အနား ေမာင္အေရာက္
လာခဲ့မွာပါ။

" သတို႔သားရဲ႕ အီးမွန္ထားတဲ့မ်က္ႏွာ ကို ၾကည့္ၿပီး
သံေဝဂေတာင္ရတယ္... ကြမ္းယာေလး ငါမင္းကိုပဲ
ဆက္ခ်စ္မယ္။ လူေတြရဲ႕အခ်စ္က ထံုးထက္
အႏၱရာယ္မ်ားတယ္ကြ!"

ေက်ာ္ခန္႔ပိုင္သည္ ဆရာႀကီးအထာျဖင့္ ေျပာခ်င္ရာေျပာၿပီး
ဓါးမကို ခါးၾကား ထိုးကာ ေတာတြင္းသို႔ဝင္၍ သစ္ကိုင္း
တစ္ခ်ိဳ႕ကိုခုတ္ထြင္ ႐ွင္းလင္း၍ ထင္းအျဖစ္သို႔ေျပာင္းလဲ
လိုက္သည္။မီးေသြးေတြက ေစ်းႀကီးသည္။ အေမ့အခန္းေလး
ေႏြးေနဖို႔ ထင္းမီးဖို ေျပာင္းလုပ္ေပးရေတာ့မည္။
သို႔တိုင္ စိတ္ထဲ စႏိုးစေႏွာင့္ျဖင့္ တစ္ခုခုျဖစ္ေတာ့မည္ကို
စိတ္ကအလိုလိုသိေနသည္။ ဘာျဖစ္မည္ကိုေတာ့
ခန္႔မွန္း၍မရေပ။

ေခါင္ေလးသည္ ေလေျပေလညႇင္းရဲ႕တိုးေဝွးမူ႔ေၾကာင့္
တလြင့္လြင့္ ရမ္းခါကာ ႐ႈပ္ပြလာတဲ့ဆံပင္႐ွည္ေတြကို
မ႐ွင္းလင္းပဲ အေတြးမ်ားစြာျဖင့္ ယိမ္းႏႊ႕ဲေနတဲ့ ၾကံပင္
ေတြက္ုိၾကည့္ကာ အသက္႐ွဴဖို႔ပင္ ေမ့ေနေတာ့သည္။
အခ်စ္ကိုပဲ ေရြးရမလား... အခ်စ္ကိုေရြးသင့္သလား။
အေတြးတ္ု႔ိက မ်ားစြာ...။

မင္းတို႔ ေတြ သိပ္လွၾကတာပဲ...

စိမ္းစိုေနေသာ ၾကံပင္ေတြဟာ မ်က္လံုးထဲ ေတာ္ေတာ္ႀကီးကို
ကန္႔လန္႔ျဖစ္ေနသျဖင့္ သူ တီးတိုးရြတ္လိုက္ေသး၏။
ထို႔ေနာက္ ညည္ဆိုးတစ္ခုေပၚလာကာ....ယုတ္မာစြာျဖင့္
ခပ္လြင့္လြင့္ျပံဳးလ်က္ ျပန္လာခဲ့လိုက္ပါေတာ့သည္။

အကုန္မီးရိွဳ႕ျပစ္လိုက္တာပဲ ေကာင္မယ္!!!!!

...................

"ႏိႈင္း!!"

"ဟင္"

"ေနခဲ့မလားဟင္ ကြၽန္ေတာ္ခန္႕ပိုင္ ကို လိုက္႐ွာေပးလိုက္
ဦးမယ္"

"အင္... ငါ ေစာင့္ေနမယ္ "

"ျမန္ျမန္ ျပန္လာခဲ့မယ္ "

ေခါင္ေလး က ေျပာၿပီး ထြက္သြားလ်ွင္ ႏိႈင္းက ရင္ေမာစြာ
က်န္ခဲ့ရျပန္သည္။ နာရီသံတစ္ခ်ပ္ခ်ပ္စတင္လည္ပတ္
လာျခင္းကို ဥေပကၡာ ျပဳဖို႔ႀကိဳးစားရင္ အခ်ိန္ေတြ
မေရတြက္ဖို႔ ကိုယ့္ကိုယ္ကို ဆံုးမရသည္။ ထို႔ေနာက္
အေလာတႀကီး ထြက္သြားၾကသည္မို႔ ႐ႈပ္ပြေနသည္တို႔ကို
သိမ္းဆည္းလိုက္ပါ၏။

"ေဟ့... လုပ္မေနနဲ႔ ထားလိုက္ ။ ဒီအခန္းက
ဖိုးေခါင္အခန္းပဲ ဝင္နား!"

ဘႀကီးရဲ႕ အသံက ခုနကလို ေၾကာက္ဖြယ္မေကာင္းေပမယ့္
ျသဇာ ေညာင္းေနဆဲ ျဖစ္သည္။

"ဟုတ္ လက္စနဲ႔ေဆးလိုက္ေတာ့မယ္ဗ်!"

"ဒါဆိုလည္း လက္စနဲ႔ ဘဘအတြက္ ေရေႏြးတည္ၿပီး
ယူလာခဲ့... စကားေျပာရေအာင္"

"ဟုတ္...ဟုတ္ကဲ့"

စကားေျပာမယ္တဲ့။ ႏိႈင္း ရင္ေတြတဒိတ္ဒိတ္ခုန္လာေတာ့
သည္။ ဘႀကီးက ဘာေတြေမးမည္မသိ။သူကေရာ
ဘာေတြျပန္ေျဖရမည္မသိ။ ပန္ကန္ေတြေဆးၿပီး
ပန္းကန္စင္ေပၚထပ္ၿပီးေနာက္ ေရေႏြးဆို၍ ေရေႏြးအိုး
လိုက္႐ွာကာ တည္ရသည္။ ထို႔ေနာက္ လင္ဗန္းထဲတြင္
ဓာတ္ဘူးႏွင့္ေရေႏြး ပန္းကန္တို႔ ထည့္ထားသည္ကို
ေတြ႔သျဖင့္ သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပန္လုပ္လိုက္ၿပီး
ဆူပြက္လာသည့္ေရေႏြးကိုဓာတ္ဘူးထဲ ထည့္လိုက္ကာ
အားလံုးၿပီးသြားၿပီ ဆိုမွ လင္ဗန္းမ၍ အိမ္ေ႐ွ႕ထြက္လာ
ခဲ့သည္။ ၿပီးေနာက္ ေယာကၡႀကီး မ်က္ႏွာၾကည္ဖို႔
အေရးႀကီးသည္မို႔ ဧည့္ခန္းထဲ သတင္းစာထိုင္ဖတ္ေနသည့္ ဘႀကီးေ႐ွ႕ရို႐ိုေသေသခ်ေပးရေသး၏။

"မင္းက ဘယ္ကလဲ"

ဘႀကီးသည္ သတင္းစာ ဖတ္ေနရင္း သူ႔ကို ေမာ့ပင္မၾကည့္ပဲ
ရုတ္တရက္ေမးလာသျဖင့္ ႏိႈင္း လန္႔သြားကာ...

"ဟို...လားရိွဳးကပါ ဘႀကီး"

ႏိႈင္းေျဖလ်ွင္ ဘႀကီးက အင္ အဲ ပင္မလုပ္ သတင္းစာထဲသာ
ေခါင္းနစ္ေနသျဖင့္ ႏိႈင္းတစ္ေယာက္  ဆက္ပဲထိုင္ေနရ
မလိုလို ထပဲသြားရေတာ့မလိုလို ေယာင္လည္လည္ျဖစ္
ေနေတာ့သည္။

"ထိုင္... ထိုင္... ထမင္းစားၿပီးရင္ အခ်ိဳတည္းရတယ္ကြ။
ထန္းလ်က္ေလးနဲနဲစား ေရေႏြးေလးေသာက္ အစာေၾက
တယ္!"

"ဟုတ္ကဲ့ "

အသံက ျပန္တိတ္သြားျပန္သည္။ ဘႀကီးက သတင္းစာ
ဖတ္ရသည္ကို ႀကိဳက္ဟန္တူ၏။ ေတာ္ေတာ္ႀကီးကို
စိတ္ဝင္တစားဖတ္ေနေလသည္။

"ဘာသတင္းေတြထူးလို႔လဲ ဘဘ"

ႏိႈင္း မရဲတရဲ ေမးလ္ိုက္လ်ွင္ ဘႀကီးက...

"မထူးပါဘူးကြာ... သတင္းစာဖတ္ေတာ့ လူတြင္က်ယ္
လုပ္လို႔ရတာေပါ့။ တ္ို႔ဘက္ကလူေတြက ေတာ္ရံုမွ
စာမဖတ္က်ပဲ...အဲ့ေတာ့ စာဖတ္ၿပီး ဗဟုသုတႂကြယ္တဲ့သူဆို
ဆရာ... ဆရာနဲ႔အထင္ႀကီးခံရေတာ့တာပဲ"

ဒီလိုက်ေတာ့ ဘႀကီးက သေဘာေကာင္းသည့္ပံုေပါက္ကာ
စကားေျပာရအဆင္ေျပသည့္ပံုရိွသည္။ ႏိႈင္းလည္း စိုးရိမ္စိတ္
မရိွေတာ့ပဲ ဘႀကီးဖတ္ေနသည့္ သတင္းစာကို စိတ္ဝင္စား
သြားေတာ့သည္။

"တိုင္းေရးျပည္ေရးလည္း မၿငိမ္းခ်မ္းဘူးေနာ္ ဘႀကီး။
အခုတေလာ ၾကားေနရတာ ျပည္တြင္းစစ္ေတြ ျဖစ္လို႔ဆို"

ေ႐ွးလူႀကီးေတြက သမိုင္းကို စိတ္ဝင္စားၾကသည္။
ႏိႈင္းက အစေဖာ္ေတာ့ ဘဘႀကီးက သတင္းစာကို
ခ်လိုက္ၿပီး ေခါင္းတညိမ့္ညိမ့္ျဖင့္...

"ဒါေပါ့ကြာ...ငါတို႔ငယ္ငယ္တုန္းကဆိုရင္.......

ဟူ၍ အစခ်ီကာ ငယ္ငယ္ကအေၾကာင္းေတြ ေျပာပါေတာ့
သည္။ ျမန္မာ့ေရးရာ ကမာၻ႕ေရးရာကို အနဲငယ္စိတ္ဝင္စားေသာ ႏိႈင္းနဲ႔ ဘႀကီးကေတာ့ ေလေပးေျဖာင့္ကာ
အခ်ိန္ေတြလင့္လာတာကိုပင္ သတိမျပဳၾကျဖစ္သြားၾကေတာ့
သည္။

..............

"ၫႊန္႔ၫႊန္႔ရယ္ နင့္သားက ကိစၥ ရိွလို႔သြားတာေနမွာေပါ့။
မနက္က်ျပန္လာမွာပါ... မငိုနဲ႔... မငိုနဲ႔"

"ေျပာရက္တာ မႀကီးရယ္ ကြၽန္မမွာေလ သားႀကီးလည္းမရိွ
ေတာ့ဘူး.... သာငယ္ပါမရိွေတာ့ရင္ ကြၽန္မေသမွာသိလား
ကြၽန္မေသမွာ...."

သားေပ်ာက္၍ ရင္ဘတ္စည္တီး ငိုေႂကြးသည္ ဆိုသည္က
ဤကဲ့သို႔ျဖစ္မည္။ ေဒၚၫႊန္႔ၫႊန္႔မွာ နာတာ႐ွည္ေရာဂါျဖင့္
အိပ္ယာထဲ လွဲေနရတာ ၾကာၿပီျဖစ္၏။ က်န္းမာေရး က
ေန႔လား ညလား ျဖစ္ေနစဥ္ သားေတာ္ေမာင္ကို ႐ွာမေတြ႔
၍ သူမမွာ အေမာ့ပင္ဆို႔လာေနေလၿပီ။

"ဆရာ က သေဘာေကာင္းတဲ့သူပါ... ရန္သူလည္းမရိွဘူး။
လုပ္စရာရိွလို႔ပဲေနမွာပါ....ၾကံ ေစ်းသြားစပ္တာလားမွမသိတာ"

ကေလးမေလးတစ္ေယာက္က ဝင္ေျပာလ်ွင္...

"မဟုတ္ပါဘူး... သားငယ္က ဘယ္တုန္းကမွ ဒီခ်ိန္ထိ
မေနဖူးဘူး....ေမ့သားေလး ဘာမွမျဖစ္ပါေစနဲ႔...ဟင္႔...
တစ္သက္လံုး ေရာဂါသည္အေမက္ုိ အပင္ပမ္းအဆင္းရဲခံၿပီး လုပ္ေကြၽးလာတာ...သူေတာ္ေကာင္းေလးကို..
ဒုကၡမေပးၾကပါနဲ႔။ အမေလး... သားေရ... ေမ့သားေလးေရ
...Ahhhmmmm!!"

ဘယ္သူမွလည္း ေခ်ာ့မရျပဳမရျဖင့္ ေက်ာ္ခန္႔ပိုင္အေမက
ေအာ္ဟစ္ငိုယိုလို႔ေနသည္။ ေခါင္ေလးသည္ စိတ္႐ႈပ္စြာ
ျဖင့္...ငိုယိုေနသည့္ ေဒၚၫႊန္းနားကပ္ကာ...

"ႀကီးၫႊန္႔... ဖိုးေက်ာ္ ဖုန္းနံပါတ္မရိွဘူးလား"

သူ႕အသံၾကားေတာ့ ေဒၚၫြန္႔မ်က္လံုးမ်ားက စူးစူးစမ္းစမ္း
ရိွလာကာ... သူ႔ကိုျမင္ေတာ့မွ...ကုပ္တြယ္ဖက္လာလ်က္..

"ဖိုးေခါင္.. ဖိုးေခါင္ လုပ္ပါဦး... ဖိုးေက်ာ္ ..မရိွေတာ့ဘူး
အခုထိလည္း ျပန္မလာဘူး.. ငါ့သားေလး! "

"ကြၽန္ေတာ္႐ွာေပးပါ့မယ္ ႀကီးၫႊန္႔ရယ္ ။ ဖိုးေခါင္က
လူလည္ပါဗ်ာ... ကြၽန္ေတာ့္ညီအေၾကာင္း ကြၽန္ေတာ္
သိတယ္။ စိတ္ခ် ဘာမွမျဖစ္ဘူး... အခုလိုငိုေနေတာ့
ေမာေနမယ္... မငိုနဲ႔ ေနာ္ ။ ဖိုးေက်ာ္ဖုန္းနံပါတ္ရိွလား...
ေပး!!!ကြၽန္ေတာ္ေခၚၾကည့္ေပးမယ္"

တတ္ႏိုင္သေလာက္စိတ္႐ွည္႐ွည္ထားကာ ေခ်ာ့လိုက္မွ
ႀကီးၫႊန္က သူ႔ကိုလႊတ္ေပးၿပီး မ်က္လံုးေတြကစားလ်က္..

"ဖုန္းနံပါတ္ ....မရိွဘူး... ေပးေတာ့ေပးထားတယ္။
ငါမွမေခၚတတ္တာ... ဘယ္နားေရာက္သြားလဲမသိဘူး"

"ေဟာဗ်ာ...ဒါဆို...ကြၽန္ေတာ္ အျပင္မွာသြား႐ွာၾကည့္
ဦးမယ္"

ေခါင္ေလးသည္ ဘာမွဆက္ေမးမေနေတာ့ပဲ အိမ္ျပင္ျပန္
ထြက္လာကာ ဖိုးေက်ာ္ဘယ္သြားတတ္လဲ စဥ္းစားၾကည့္၏။
ရြာထဲက သူငယ္ခ်င္းတစ္ေယာက္ေယာက္ဆီမွာေတာ့
ဖုန္းနံပါတ္ ရိွေလာက္မည္ထင္သည္။ သ္ု႔ိႏွင့္
ဖိုးေက်ာ္သူငယ္ခ်င္း အိမ္ကို ခန္႔မွန္းကာ သြားလိုက္ၿပီး..

"မ်ိဳးသိန္း.. မ်ိဳးသိန္း ရိွလား"

အိမ္ေ႐ွ႕မွ ေအာ္လိုက္လ်ွင္ ခပ္လတ္လတ္အရြယ္ လူတစ္ဦး
ပုဆိုးမႏိုင့္တႏိုင္ျဖင့္ ထြက္လာေလသည္။

"ဟာ.. ကိုဖိုးေခါင္ ဘယ္တုန္းက ျပန္ေရာက္တာလဲ"

"ခုပဲကြ...ေရာက္ေရာက္ခ်င္းဖိုးေက်ာ္ေပ်ာက္ေနတယ္ဆိုလို႔
လိုက္႐ွာေနတာ.... မင္းဆီမလာဘူးလား"

"ဟုတ္လား... မလာဘူးပဲ ။မနက္ကေတာ့ ၾကံခင္းဘက္မွာ
ေတြ႔လိုက္ေသးတယ္"

"ေအ့ကြာ...ခုထိျပန္မလာလို႔တဲ့။ မင္းမွာ သူ႔ဖုန္းနံပါတ္ရိွလား"

"ရိွတယ္..ရိွတယ္ ကိုဖိုးေခါင္ခဏ "

ထိုလူေလးမွာ အိမ္ေပၚေျပးတတ္ၿပီး ခဏအၾကာ ဖုန္းယူ၍
ျပန္ထြက္လာပါ၏။ ထို႔ေနာက္ ဖုန္းနံပါတ္ေပး ရာ..
ေခါင္ေလးက ယူ၍ ဆက္လိုက္ပါသည္။ သို႔ေသာ္
ဖုန္းက ဝင္သြားသည့္တိုင္ အတန္ၾကာသည္အထိ မကိုင္
သျဖင့္ စိတ္ကတိုလာရျပန္သည္။ ဒီ သူေတာင္းစားေတာ့လား
ေသဦးမယ္။

"မကိုင္ဘူးလား... "

"ေအ...မကိုင္ဘူးကြာ.. သြားလိုက္ဦးမယ္။ ေက်းဇူးပဲ
မ်ိဳးသိန္း"

"ေအေအ ဒါနဲ႔ ကိုဖိုးေခါင္ ျပန္လာရဲတယ္ေနာ္...ၿပီးေတာ့
ဖိုးေက်ာ္ကိုလည္း ႐ွာရဲေသးတယ္"

"ဟက္!!"

ေခါင္ေလးသည္ ေျခာက္ကပ္ကပ္ ရယ္လ်က္
မ်ိဳးသိန္း ေ႐ွ႕က ထြက္လာခဲ့သည္။ ၾကံခင္းထဲ ေဆးလိပ္မီး
ပစ္ထည့္ေပးခဲ့ရံုပဲကို ဘာလို႔ ျပန္မလာရဲရမွာလဲ
အံ့ျသစရာႀကီး!!!!!

.................

"ဒီေလာက္နမ္းတတ္ရင္ ခင္ဗ်ားနဲ႔အိပ္လို႔ရၿပီလား"

ရဲေဇာ္သည္ သတိလက္လႊတ္ျဖစ္မိသြားရာက ေက်ာ္ခန္႔ပိုင္
အား တြန္းဖယ္လိုက္ၿပီး...

"မင္း တစ္ခါေလာက္အိပ္ေပးရံုနဲ႔... မင္းအစ္ကိုကို႐ွာလို႔မရဘူး"

ေပ်ာ့ညံ့ခ်င္သြားေသာ စိတ္ကိုတင္းခံကာ သူ Night Bar
အတြင္းမွ ထြက္လိုက္ပါ၏။ ဧည့္သည္အျဖစ္ဝင္ေရာက္လာ
မဲ့ လူေတြက္ုိ ေဝးေဝးေ႐ွာင္ရမည့္ အေၾကာင္း အႀကိမ္ႀကိမ္
သတိေပးေနခဲ့ပါရဲ႕ ဘာေၾကာင့္ ေမ့ေမ့သြားခ်င္ရလဲ
မသိပါေပ။

"႐ူးၿပီ.. မင္းေတာ့ ႐ူးၿပီ"

ဆံပင္ေတြကိုသပ္တင္ရင္း ကိုယ့္ကိုယ္ကို ေျပာကာ
ကားထဲသို႔ ဝင္ထိုင္လိုက္၏။ ထိုစဥ္ခ်က္ခ်င္းပင္ တစ္ဖက္မွတံခါးကို အလ်င္စလိုဆြဲဖြင့္၍ ဝင္လာျပန္ေသာ
ထိုေကာင္ေလးကို ေတြ႔လိုက္ရသျဖင့္ သူ စိတ္အခ်ဥ္
ေပါက္လာေတာ့သည္။

"ဘယ္ႏွစ္ခါ အိပ္ေပးရမွာလဲ... ဘယ္ေလာက္အိပ္ေပးရင္
ေက်မွာလဲ"

ဒီေလာက္ထိ ဇဲြႀကီးတဲ့ေကာင္ကို မျမင္ဖူးေပ။ ရဲေဇာ္သည္
မွင္ေသေသႏွင့္ပင္ ထိုေကာင္ေလး မ်က္ႏွာအား စူးစိုက္
ၾကည့္ေပးလ်က္... မျဖစ္ႏိုင္တာ တစ္ခုကို ေတာင္းဆို
လိုက္ပါသည္။

"တစ္သက္လံုး! "

"ဗ်ာ... မ်ားလွပါလား "

ထင္သည့္အတိုင္း ဒီေကာင္ေလးလည္း ထြက္သြားမွာပါပဲ။

"မလုပ္ခ်င္ ဆင္းသြားလိုက္"

"ေနပါဦး!! ခင္ဗ်ားကလည္း စိတ္ႀကီးပဲ...က်ဳပ္စဥ္းစာေန
တယ္ေလ။ တစ္သက္လံုးဆို ခင္ဗ်ားနဲ႔က်ဳပ္ယူသလိုႀကီး
ျဖစ္သြားမွာေပါ့.... "

တကယ့္ကို ခက္ခက္ခဲခဲ စဥ္းစားေနသည့္ဟန္ရိွသည္။
ေအ့ေလ ဘယ္သူကေရာ သူနဲ႔တစ္သက္လံုးေနခ်င္မွာတဲ့လဲ။
ရဲေဇာ္သည္ မလြယ္သည့္ကိစၥ ေျပာမိသည္မွန္ေသာ္လည္း
မရိွမဲ့ ရိွမဲ့ ေမ်ွာ္လင့္ခ်က္ေသးေသးေလး က်န္ရိွေနေသး
သျဖင့္ ငိုခ်င္လာေတာ့သည္။ ဒီေန႔မွသူ႔စိတ္ေတြ
ဆတ္ဆတ္ထိမခံ ျဖစ္လြန္းေနပါ၏။

"Sorry ငါ ေလွ်ာက္ေျပာေနတာ.... မင္းအစ္ကို
ဓာတ္ပံုနဲ႔ ဘယ္အရြယ္က ဘယ္နားမွာေပ်ာက္သြားတာလဲ
ဆိုတာ သိလား"

"ဗ်ာ...သိတယ္"

ေကာင္ေလးက မ်က္လံုးျပဴးေလးျဖင့္ ေျဖလ်ွင္ ရဲေဇာ္သည္
အျမဲလိုလိုေဆာင္ထားျဖစ္သည့္ စာရြက္ေပၚ
သူ႔ဖုန္းနံပါတ္ ခ်ေရးလိုက္ၿပီး ေက်ာ္ခန္႔ပိုင္လက္ထဲ
ထိုးေပးလိုက္၏။

"အဲ့ဒီဖုန္းထဲ massageပို႔လိုက္... ငါမင္းအစ္ကိုကို
ျပန္ေတြ႕ရင္ အေၾကာင္းၾကားေပးမယ္။ ဆင္းေတာ့ကားေပၚက
ငါ နားခ်င္ၿပီ!"

ခန္႔ပိုင္မွာ ႐ုတ္ခ်ည္ေျပာင္းလဲသြားေသာ ရဲေဇာ္အမူအယာ
ေၾကာင့္ မ်က္ေမွာင္ေတြၾကဳတ္ကာ... ေဝခြဲမရစြာျဖင့္
စာရြက္ကိုမယူဘဲ စိုက္ၾကည့္ေနပါ၏။

"ဆင္းလို႔ ငါေျပာေနတယ္ေလ"

ရဲေဇာ္သည္ ရိွသမ်ွ စိတ္ေတြအကုန္ဆြဲဆန္႔ထားၿပီးၿပီးမို႔
ခပ္မာမာျဖင့္ပင္ ပိတ္ေအာ္ပစ္လိုက္ေတာ့သည္။ သို႔တိုင္
နဲနဲမွ မျဖဳန္ေသာ ေကာင္ေၾကာင့္ ကိုယ္ကပဲ ျပန္ေၾကာက္
ရေတာ့မလိုလ္ုိ ျဖစ္သြားရသည္။

"ခင္ဗ်ားနဲ႔ လိုက္အိပ္ေပးရမယ္မလား။ဘာလို႔ဆင္းရမွာလဲ"

"မလိုေတာ့ဘူး။ ပိုက္ဆံ လည္း ေပးစရာမလိုဘူး။
မင္းေျပာသလိုပဲ ငါက မင္းကို ကူညီတာ "

ေျပာၿပီးသည့္တိုင္ အလိုမက်စြာ ၾကည့္ေနသည့္ ေကာင္ေလး
ေၾကာင့္ ရဲေဇာ္ ေျခေရာလက္ေရာပင္ လွန္ပစ္ခ်င္ေတာ့သည္။
ေပကပ္ကပ္နဲ႔ ေ-႒ိဳး ေလး။

"က်စ္... အဲ့ေလာက္မဆင္းခ်င္ျဖစ္ေနရင္လည္း
ေနခဲ့လိုက္ေတာ့... ငါ ဆင္းၿပီ"

ေတာ္သင့္ၿပီ ။ စိတ္႐ႈပ္စရာေတြ ဘဝထဲဆြဲမသြင္းခ်င္ေတာ့ဘူး။ ေမ်ွာ္လင့္ခ်က္လဲ မထားတတ္ဖို႔ အျမဲတမ္း
သတိေပးေနၿပီးသားမို႔။ ခဏေလးပဲ.. ၿပီးရင္...
အရာအားလံုး အဆင္ေျပသြားမွာပါ။

"အဟက္... စိတ္ေကာက္တာလား ခင္ဗ်ားက !"

ေဘာ..ကို ေကာက္ရမွာလား ။ ခနဲ႔တဲ့တဲ့ အသံလိုလို
ေလွာင္ေနတာလိုလို... ေဒါသက အၿမီးအေမွာက္မတည့္
ထြက္လာရၿပီး မို႔ ထိန္းကာ ဥေပကၡာ ျပဳဖို႔ ဆက္ႀကိဳးစားစဥ္။

"မာနေတြဇြတ္ႀကီးျပမေနနဲ႔ က်ဳပ္ကလည္း ခင္ဗ်ားလိုလူနဲ႔
အိပ္ခ်င္လြန္းလို႔မဟုတ္ဘူး...တန္ရာတန္ေၾကး အေနနဲ႔..."

မရေတာ့ေပ။ ရန္လည္း မျဖစ္တတ္တဲ့ကိုယ္ဟာ
လူမိုက္ေခါင္းေဆာင္ျဖစ္ေနသည့္တိုင္ လက္သီးေတာင္
ဘယ္လိုသံုးရလဲ မသိတာၾကာခဲ့ေပၿပီ။

"အဲ့တာေၾကာင့္ မအိပ္နဲ႔ေတာ့လို႔!!!မအိပ္နဲ႔လိုု႔ ငါ
ေျပာေနတယ္ေလ။ ငါ့လိုမေကာင္းတဲ့ေကာင္နဲ႔
လာမပတ္သတ္နဲ႔.... မင္းတို႔ေကာင္ေတြ သိပ္ျဖဴစင္ၾကတယ္
မလား ။ ျဖဴစင္တဲ့လူအခ်င္းခ်င္းပဲ သြားပတ္သတ္ၾက
ငါ့ကို လႊတ္ေပးထားၾကစမ္းပါ။ ငါဆိုတဲ့ေကာင္က
ဘယ္သူ႕အခ်စ္နဲ႔မွ မထိုက္တန္တဲ့ေကာင္။ ဘယ္အမ်ိဳးက
ေပါက္လာမွန္းမသိ.. ဒီေလာက္ ေအာက္တန္းက်ၿပီး
ကလိန္ကက်စ္က်တဲ့ေကာင္ကို မင္းတို႔...မင္းတ္ု႔ိပဲ
ပစ္ထားလိုက္ၾကပါေတာ့.... လာမပတ္သတ္ၾကပါနဲ႔ေတာ့
ေတာင္းပန္ပါတယ္.... ငါ.. ငါက....မေကာင္းတဲ့ေကာင္။
မယူေတာ့ပါဘူး...တန္ရာတန္ေၾကးလည္း မေပးပါနဲ႔ေတာ့
အကူအညီေပးတယ္လို႔ပဲ သေဘာထား "

ေက်ာ္ခန္႔ပိုင္သည္ စကားမ်ားစြာ ေအာ္ဟစ္ၿပီး မ်က္ရည္ေတြကို ထိန္ခ်န္ေနကာ မိမိကိုယ္​ ကို အျပစ္တင္ေနသည့္
ရဲေဇာ္အား အံ့ျသတႀကီးပင္ မွင္သက္၍ၾကည့္ေနမိ၏။
ဒီကိုမလာခင္ ေက်ာင္းေနဘက္သူငယ္ခ်င္းတစ္ေယာက္၏
သတင္းေပးမူျဖင့္ ရဲေဇာ္အေၾကာင္း တစ္ခ်ိဳ႕ေတာ့
ၾကားခဲ့ရသည္။ အလုပ္လုပ္တဲ့ေနရာမွာ သူမ်ားေတြထက္
ပိုက္ဆံႏွစ္ဆေလာက္ယူတတ္သည္။ သို႔တိုင္မေက်နပ္ၾက
ေသာ္လည္း အလုပ္ကိုတိတိက်က်လုပ္တတ္သျဖင့္
သူ႔ဆီသာ သြားၾကရတာ ဟုဆ္ုိသည္။ ေယာက်ာ္းေတြကို
ႀကိဳက္သည့္သူျဖစ္ေၾကာင္း သိခဲ့ရၿပီး မေကာင္းသတင္း
ခပ္မ်ားမ်ားသာ ၾကားခဲ့ရသည္။

တကယ္တမ္း အျပင္မွာေတြ႔ေတာ့လည္း သူ အဲ့ဒီလိုသာ
ဆက္ထင္ေနမိေသးသည္။ သို႔ေပမယ့္ မ်က္စိေ႐ွ႕မွာ
ငိုေႂကြးခ်င္ပါရဲ႕ ထိန္းခ်ဳပ္ေနသည့္ နာက်င္ဖြယ္ဤလူသားကို
ေတြ႔ရသည္အခါ သူ႔စိတ္တ္ု႔ိေျပာင္းလဲလာခဲ့သည္။
ဒဏ္ရာေတြ သိပ္မ်ားေနေသာ္လည္း ေဖးမေပးမည့္သူ
ေပ်ာက္ဆံုးသြားသလို ႐ူးသြပ္ေနတဲ့ ဒီလူ။ အနားမွာ
တစ္စံုတစ္ေယာက္ကို ရိွေနေပးေစခ်င္သည့္ အသြင္
သ႑န္မ်ိဳး။

" ငါ့ မွာ ပိုက္ဆံကလြဲရင္ ဘာမွမရိွဘူး။ဂုဏ္သိကၡာဆိုတာ
လည္း မရိွဘူး။ အဲ့ဒါေၾကာင့္ မင္း ဒီေလာက္နဲ႔ပဲ
ေက်နပ္လိုက္ပါေတာ့။ ပိုက္ဆံလိုခ်င္ေနေသးရင္လည္း
ငါေပးပါမယ့္ ငါ့မ်က္စိေ႐ွ႕ကေန ထြက္သြားစမ္းပါ!"

မဟုတ္ေသးဘူး တစ္ခုခုေတာ့လြဲေနၿပီ။

ေက်ာ္ခန္႔ပိုင္သည္ ေျခလွမ္းက်ဲမ်ားျဖင့္ ေလ်ွာက္လွမ္းခဲ့ၿပီး
အေပၚထပ္အက်ီ ကို ခြၽတ္ကာ ရဲေဇာ္၏ ေခါင္းေပၚမွ
လႊမ္းျခံဳလိုက္ပါ၏။ ဘယ္သူက ခင္ဗ်ားကို ဒဏ္ရာေတြ
ေပးခဲ့လို႔လဲဆိုတာမသိေပမယ့္ က်ဳပ္ႏွလံုးသားနဲ႔
ခဏျဖစ္ျဖစ္ ၿငိမ္းခ်မ္းသြားရင္ ေကာင္လိမ့္မည္။

"ဘာလုပ္တာလဲ မင္း!!!"

ရဲေဇာ္က ႐ုန္းဖို႔ ႀကိဳးစားလ်ွင္ ခန္႕ပိုင္က လက္ေတြကို
ခ်ဳပ္ထား လ်က္...

"ဘယ္သူမွမျမင္ဘူး ငိုလိုက္.... "

"မငိုဘူး ဖယ္စမ္း!!"

"ငိုလိုက္စမ္းပါဗ်ာ"

ထိုအခါ လက္ေတြ အားေလ်ာ့သြားလ်က္ ၿငိမ္သက္သြားေသာ ကိုယ္ေလးဆီမွ အင့္ခနဲ ရိွဳက္သံ ထြက္လာသည္။ ခန္႔ပိုင္
သည္ ေက်ာေလးကို ခပ္ဖြဖြပုတ္ေပးလ်က္ ႏွစ္သိမ့္လွ်င္
ရဲေဇာ္က ရင္ခြင္ထဲပိုတိုး ႏွစ္ဝင္လို႔ ဖြင့္ဟငိုေႂကြးလာသျဖင့္
သူ႔မွာ အေယာင္ေယာင္အမွားမွားပင္ ျပန္ဖတ္ထားရေတာ့
မလိုလုိ....အင္ ...ဖတ္ပဲထားရေတာ့မလိုလို.....။

ကြၽန္ေတာ္ေတာ့ကြမ္းယာထဲ နွပ္ေဆးေတြအမ်ားႀကီး
ထည့္မိၿပီထင္သည္။

................

Love you all💚💚💚

Continue Reading

You'll Also Like

303K 36.8K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...
10.8K 944 30
ချစ်မေတ္တာဖြင့်အေးစေနွေးစေ ချစ်ခြင်းတို့ဖြင့်ရှင်သန်စေ မျှော်လင့်ကင်းကွာချစ်ခြင်းများ ငါ၏နှလုံးသား၌ တည်စေသား......
100K 6.5K 53
Unicode Version ကံကောင်းစွာပဲ ကျွန်တော့်အချစ်တွေ သူ့အတွက်ကြွေကျခွင့်ရခဲ့တယ်... ကံဆိုးစွာပဲ အားလုံးနင်းခြေခံလိုက်ရတယ်... Start date = 6.6.2022 (Mon) E...
710K 41.5K 38
#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလိ...