|| FLY AWAY : BEAUTIFUL ||《CO...
Von Sariomine
300K 40.1K 3.6K
CHANBAEK FAN FICTION [ UNICODE + ZAWGYI ] Mehr
FA:B [ 01 ]
FA:B [ 02 ]
FA:B [ 03 ]
FA:B [ 04 ]
FA:B [ 05 ]
FA:B [ 06 ]
FA:B [ 07 ]
FA:B [ 08 ]
FA:B [ 09 ]
FA:B [ 10 ]
FA:B [ 11 ]
FA:B [ 12 ]
FA:B [ 13 ]
FA:B [ 14 ]
FA:B [ 15 ]
FA:B [ 16 ]
FA:B [ 17 ]
FA:B [ 18 ]
FA:B [ 19 ]
FA:B [ 20 ]
FA:B [ 21 ]
FA:B [ 22 ]
FA:B [ 23 ]
FA:B [ 24 ]
FA:B [ 25 ]
FA:B [ 26 ]
FA:B [ 27 ]
FA:B [ 28 ]
FA:B [ 29 ]
FA:B [ 30 ]
FA:B [ 31 ]
FA:B [ 32 ]
FA:B [ 33 ]
FA:B [ 34 ]
FA:B [ 35 ]
FA:B [ 36 ]
FA:B [ 37 ]
FA:B [ 38 ]
FA:B [ 40 ]
FA:B [ 41 ]
FA:B [ 42 ]
FA:B [ 43 ]
FA:B [ 44 ] ( Final )
FA:B Season - 2 ?
FA:B S2 Here
FA:B [ 39 ]
6.4K 960 29
Von Sariomine
မချစ်မိအောင်ပြန်ရုတ်သိမ်းထားတဲ့ နှလုံးသားကမ်းပါး
မပြိုပြိုအောင် တိုက်စားလာတဲ့ ကြီးမားပြင်းထန်လွန်း
တဲ့ အချစ်တွေ ။ နစ်မြှုပ် ပျော်ဝင်ချင်မိသော်လည်း မ
ယုံရဲ ။
" ပါးပါး ပါးပါး "
" ဗျာ ဗျ "
ထုံးစံအတိုင်းကုတင်ပေါ်တွင်ဝမ်းလျားမှောက်ကာ
ကုမ္ပဏီအလုပ်နဲ့ ကျောင်းစာတွေကို တစ်ပြိုင်နက်
တည်း လုပ်နေသော ဘတ်ခ်ဟွန်း ကျောပေါ်တွင်
ပက်လက်လန်ကာ စာဖတ်နေသော ဟူးဟူးလေး ။
သူ့အတွက် သီးသန့်အခန်းတစ်ခန်းလုပ်ထားပေး
ပါရဲ့ ။ သီးသန့်အခန်းတွင်မနေလိုပဲ ။ ဘတ်ခ်ဟွန်း
အခန်း၌သာ သောင်တင်လို့နေပြီး ညတိုင်း ပါးပါး
ဘတ်ခ်ဟွန်းကိုပဲ ခွဖက်အိပ်ရမှ အိပ်ပျော်တတ်တဲ့
ကလေးဆိုးလေး ။
" ပါးပါး သိလား  ဖေဖေလေးကလေ ဟူးဟူးလေး
ကို ကျောင်းလိုက်ပို့တယ် ကျောင်းလိုက်ပို့တယ်လို့
နာမည်တပ်ပြီး ဟူးဟူးလေးတို့ ကျောင်းက ဆရာ
ယုန်လေးကိုလာလာဘူးထနေတယ် ပါးပါး "
ညနေတိုင်း ကျောင်းကပြန်တိုင်း ရေခဲမုန့်အမြဲဝယ်
ကျွေးရမယ်ဆိုသော ဝတ္တရားကို ဒီနေ့မှတိုက်တိုက်
ဆိုင်ဆိုင်ရီရှင်းတစ်ယောက်အလုပ်တွေရှုပ်ရင်း သ
တိမေ့ကာပထမဆုံးပျက်ကွက်စဖူး ပျက်ကွက်သွား
သည့်အတွက်ယခုကဲ့သို့ဘတ်ခ်ဟွန်းကိုဟူးဟူးလေး
အတို့အထောင်လုပ်နေရခြင်းပင်ဖြစ်သည် ။
သိဖို့ ။ ဗြောင်ဘတ်ခ်ဟွန်းရဲ့ ဗြောင်ဘတ်ခ်ဂဟူး
(ခေါ်)ဟူးဟူးလေးသည် အချဉ်မဟုတ်ပါ ။
ပါးပါးဖြစ်သူ ဘတ်ခ်ဟွန်းတို့ငယ်ငယ်တုန်းကလည်
ခဲ့တာကိုသနားတယ်လို့ပြန်ပြောရအောင်ဘတ်ခ်ဟွန်း
ထက်နှစ်ဆပိုလည်သောလူတတ်ပါ့လေးဖြစ်သည် ။
" ဟုတ်လား? "
" ဟုတ်တယ် ပါးပါး .. နေ့တိုင်းကျောင်းလွှတ်အချိန်
ထက် နာရီဝက်စောလာပြီး ဟူးဟူးလေးရဲ့ ချစ်စရာ
ကောင်းတဲ့ဆရာယုန်လေးကို လာလာချောင်းနေတာ
တစ်ခါတလေပါးစပ်က သရေတွေပါ ထွက်ကျလာ
တတ်တယ် သိလားပါးပါး ... ပါးပါး ဖေဖေလေးကို
ကြည့်ပြီး ဆူဦး .. တော်ကြာ ဟူးဟူးလေးက ဖေဖေ
လေး  နှာခေါင်းမီးတောက်မှုနဲ့ ဆရာယုန်လေးရဲ့အ
မြင်ကပ်တာကိုခံရရင်ဘိုလုပ်မလဲ ပါးပါး ဆူဦး "
" ဟုတ်ပြီ ပါးပါး ဆူလိုက်မယ်နော် အချိန်မနည်းတော့
ဘူး အိပ်တော့ သား လာ ပါးပါး သားကို ချော့သိပ်မယ် "
အလုပ်တွေကို   အပြီးသတ်ပြီးသည်နှင့်   ကျောပေါ်က
သားကို ရင်ခွင်ထဲသို့ ထည့်ကာ    ထွေးပိုက်ပြီး အလွတ်
ရသော ကလေးချော့ သီချင်းလေးကို နှုတ်မှ တိုးတိုးလေး
ဆိုမြည်းရင်း ဖင်လေးကို ပုတ်ကာ ချော့သိပ်လေသည် ။
အချိန်မှာ (၁၀)နာရီ ဝန်းကျင် ။ ညစာကို နည်းနည်းလေးသာ
စားထားမိလို့ ။ အချိန်မတော်ကြီး ဟာလာတဲ့ ဗိုက်ကြောင့် ။
ဗိုက်ဖြည့်ရန် ဘတ်ခ်ဟွန်း အောက်ထပ်သို့ ဆင်းလာခဲ့သည် ။
မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် သူ့ထက်အရင် ညလယ်စာ
အဖြစ် နွားနို့ဘူးကြီးကို မော့သောက်နေသော ရီရှင်းကို တွေ့
လိုက်ရတော့ ဘတ်ခ်ဟွန်းသူ့အတွေးနဲ့သူပြုံးမိသည် ။
ထို့နောက် လက်အစုံကိုပိုက်ကာ ပြုံးစိစိဖြစ်နေသော
မျက်နှာပိုးကို အမြန်သတ်ကာ ရီရှင်းဆီသို့ လျှောက်
သွားခဲ့သည် ။
" ရှင်း "
" ဟင် "
နွားနို့အသောက်မပျက်နဲ့ ပြန်ထူးပေးလိုက်သော ရီရှင်း ။
" သားပြောတယ် မင်း သူ့ ကျောင်းက ဆရာယုန်လေးကို
သွား သွား ကြောင်နေတယ်ဆို "
" ဖလူးးးးးးး အဟွတ် အဟွတ် "
အမေး စကားအဆုံး နွားနို့နဲ့ မျက်နှာသစ် လိုက်ရသော
ဘတ်ခ်ဟွန်း    ။   
နွားနို့ဘူးလေးကို ရင်ဝယ်ပိုက်လျက် လက်ချောင်းလေးတွေနဲ့  
ပါးစပ်ကို ပိတ်ကာ မကြာခင် ပေါက်ကွဲထွက်လာတော့မယ့်
မီးတောင်အား ရီရှင်း စိုးရိမ်တကြီးဖြင့် မဝံ့မရဲ စိုက်ကြည့်နေ
မိသည် ။
" ဆောတီး ဘတ်ခ်..  ငါ မ တော် တ ဆ  တစ် တစ် ရှူး
ဘယ်ရောက်နေပါလိမ့် "
" ရားးးး ! ကျန်း ရီ ရှင်း ! ! သေချင်လို့လား ! ! ! "
တိတ်ဆိတ်နေသော အိမ်အတွင်း ဟိန်းခနဲ ထွက်ပေါ်လာ
သော ပါပီ ခြင်္သေ့မင်း ဟိန်းဟောက်သံ ။
တော်သေးသည် ။ ဒီအိမ်က အိပ်ခန်းတွေက အကုန်လုံး
က အသံလုံအခန်းတွေ ဖြစ်နေလို့ ။
နို့မို့သာဆိုရင်ပါပီခြင်္သေ့မင်းဟိန်းဟောက်သံနဲ့ အိပ်
မောကျနေပြီဖြစ်တဲ့ဟူးဟူးရယ် ဂျွန်နဲ့ တီလေးနာရာ
တို့အကုန် နိုးသွားမှာကျိန်းသေသည် ။
အရိုင်းတုံးလေး ။ သူ့ထက်အသက်နှစ်နှစ်တောင်ကြီးတဲ့
ရီရှင်းကို ဘယ်တော့မှ ' အစ်ကို ' ဟု တစ်ခါမှ မခေါ်တဲ့
အပြင် ။ ရွယ်တူလိုပင် ။ မင်းနဲ့ ငါနဲ့သာ ချနေတဲ့ ပါပီ
ပေါက်စရဲ့ ဒေါသကို ရီရှင်း တကယ် ကြောက်သည် ။
ထိုကြောက်ရသည်မှာလည်းတစ်ခြားမဟုတ် ။ ပါပီ
ပေါက်စတို့ ဒေါသထွက်လာပြီဆို အတွင်းအားတွေ
သုံးကာ သူ့နားမခံနိုင်လောက်အောင် အော်တတ်တဲ့
အတွက်ပင် ။
ကျန်းရီရှင်းတို့ကကျောပူသာပဲခံနိုင်သည် ။ နားပူ
တာတော့ လုံးဝမခံနိုင်ပေါင် ။
" ဆောတီးပါကွာ ငါ တကယ်ကိုမတော်တဆထွေး
လိုက်မိတာပါ တမင် မရည်ရွယ်ပါဘူးကွာ မင်းက
လည်း အချိန်အခါ ကြည့်ပြီးမှ မမေးပဲ "
" ဟ ! မင်းကရော ငါ့သားတက်နေတဲ့ မူကြိုကျောင်းက
မူကြိုဆရာကိုသွားကြောင်နေတယ်ဆိုတာ တကယ်
ဟုတ်မဟုတ်သိရအောင်မေးမိတာနဲ့ပဲ အခုလိုမျိုး ထ
သီးရရောလား ! ဘာလဲ မင်းက တကယ်ပဲ သားပြော
သလိုဟုတ်နေလို့လား ! ! "
" အဖြေသိပြီးသား အမေးကို ဘာလို့အချိန်ကုန်ခံပြီး
လာမေးနေလဲဘတ်ခ်ရာ ငါကမင်းကိုတကယ်လို့ ပြန်
ပြောတော့ရော မင်းက ငါ့ကို ဂျွန်နဲ့ ပြန် အောင်သွယ်
ပေးမှာတဲ့လား ? "
" ဂျွန် ! မဟုတ်မှ .. ငါ့သားပြောတဲ့ ဆရာယုန်လေး
က မင်းအထက်တန်းတုန်းကကြိတ်ကြွေခဲ့တဲ့ မင်း
အချစ်ဦးကင်ဂျွန်မြောင် ? "
" အင်း ဟုတ်တယ် "
" သြော် .... သြော်   .... ဒါ့ကြောင့် မကြီးမငယ်နဲ့
နှာခေါင်းမီးတောက်နေတာကို "
" ဘာကို မကြီးမငယ်နဲ့လဲ ?  ငါ့အသက်ကအခုမှ
(၂၇)ပဲရှိသေးတာပါနော် မင်းရဲ့ကိုကိုလိုအဘိုးကြီး
မဟုတ်သေးဘူး "
စကားအဆုံးဒိုင်းခနဲပစ်ထိုးလာသောပါပီမျက်စောင်း ။
" ဘာကို ငါ့ကိုကိုကအဘိုးကြီးဖြစ်ရမှာလဲ လာလာ
ချည်ရဲ့ ဒီမှာ ငါ့ကိုကိုကမင်းထက်(၂)နှစ်ပဲ ကြီးတာ
ပြီးတော့ မင်းထက်လည်းအဆမတန်ပိုကြည့်ကောင်း
ပြီးသား  မယုံရင်ဘေးအိမ်မှာ သွားပြေးကြည့်လိုက်
(၂၉)နှစ် ပြည့်တော့မယ့် ငါ့ကိုကိုက (၁၉)နှစ်အလား
ခန့်ပြီးချောပြီးသန့်ပြီးကြည့်ကောင်းပြီးသား မင်းသာ
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေဖြူပြီးအဘိုးကြီး ရုပ်
ပေါက်နေတာ ဟွန့် "
အဖြူရောင်ဆိုးထားတဲ့ သူ့ဆံပင်တွေကို လက်ညှိုး
ထိုးပြီး နှုတ်ခမ်းတလန်ပန်းတလန်နဲ့ရန်တွေ့ပြီး အ
ပေါ်ထပ်သို့စိတ်တိုတိုနဲ့ ပြန်တက်သွားသော ဘတ်ခ်
ဟွန်းရဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း ရီရှင်းပြုံး
မိသည် ။
ဒီကောင်လေး ပါးစပ်ကတော့ မုန်းတယ် ။ မချစ်ဘူး ။
မချစ်ဘူးနဲ့ ။ သူ့ကိုကို့ကို စကားနဲ့တောင် အပြောမခံ ။
အထိမခံနိုင်တဲ့ ဟန်ဆောင်ကာမူပို အရူးလေး ။
စိတ်တိုတိုနဲ့ စိတ်ထဲရှိရာပြောချသွားလိုက်တာများ
အရင်ကတုန်းလိုလုပ်နေကျအတိုင်းနည်းနည်းပါးပါး
ဟန်ဆောင်ပြီးပြောရမယ်တောင်သတိထားမိပုံမရပုံ ။
တကယ့် မလွယ်ကြောလေး  ။ ပတ်ချန်းယောလ်တို့
တော်တော်လိုက်ယူရမယ့် ဟန်ဆောင်ကောင်းလွန်း
တဲ့ဂေါက်သီးလေး ။
------------------------------------------
" ဘတ်ခ်ဟွန်းရား "
တိတ်ဆိတ်နေသောကျောင်းစာကြည့်တိုက်အတွင်း
တိုးတိုးလေးကြားလိုက်ရတဲ့ စကားသံကြောင့် တစ်
ဖက်တည်းသာတပ်ထားသော နားကျပ်ကိုအသာဆွဲ
ဖြုတ်ကာအပေါ်သို့မြင်လွှာလေးကိုမော့ကြည့်လိုက်
တော့ တွေ့လိုက်ရတဲ့အပြုံးတွေဝေနေတဲ့မင်ယောင်း
မျက်နှာကြောင့် ဖြောင့်တန်းနေသော ဘတ်ခ်ဟွန်းရဲ့
မျက်ခုံးအစုံမှာအချင်းချင်းထိကပ်ကာတွန့်ချိုးသွား
ခဲ့သည် ။
" ငါနင်နဲ့စကားပြောလို့ရမလား  "
" ငါ့မှာနင်နဲ့ပြောစရာဘာစကားမှမရှိဘူး "
ခုံပေါ်တွင်ရှိသော ကျောင်းစာအုပ်တို့အားကောက်ယူ
ပြီးထထွက်လာခဲ့သောဘတ်ခ်ဟွန်း ။ ရောက်နေသော
ကျောင်းစာကြည့်တိုက် အဆောက်အအုံရဲ့အပြင်ဘက်
သို့ရောက်သည်နှင့် တွေ့လိုက်ရသော သူနဲ့ ခြေလှမ်း
ဆယ်လှမ်းအကွာတွင် ခြေစုံရပ်နေသော သူချစ်ရတဲ့
ကိုကို ။
နေ့တိုင်း တွေ့နေရသလို ဝတ်စုံအပြည့်အစုံနဲ့မဟုတ် ။
Hoodieအဝါလေးကိုဂျင်းပြာလေးနဲ့ တွဲဝတ်ထားပြီး
မညှပ်ရသေးလို့ရှည်နေတဲ့ဆံပင်လေးကိုနဖူးပြင်ထက်
သို့ အနည်းငယ်ဝဲချထားတဲ့ကိုကို ။
၂၉နှစ်လား ? ။ ၁၉နှစ်လားလို့တောင်မေးယူရမယ့်
အသက်နဲ့ မလိုက်အောင် နုပျိုလွန်းတဲ့ ရုပ်အသွင် ။
ဘယ်ချိန်ပဲဖြစ်ဖြစ်ကြည့်လိုက်ကြည့်လိုက် မလှုပ်ခါ
သွားအောင် အကြိမ်ပေါင်းထောင်သောင်းမက လေ့
ကျင့်ထားတဲ့ ရင်တစ်ဖိုကို တလှပ်လှပ်နဲ့လှုပ်ခါ ခုန်
ပေါက်လာနိုင်အောင် ပြုစားတတ်နိုင်လွန်းသည် ။
" ကိုကို "
ထပ်မံကြားရသော နောက်ကျောဘက်မှ ထွက်လာ
သောမင်ယောင်း ခေါ်သံကြောင့် တခဏလေး ငေး
မျောမိသော သူ့ကိုယ်သူ သတိပြန်ကပ်လာအောင်
ခေါင်းကိုဘယ်ညာခါရမ်းလျက် ကိုကိုနဲ့ ဆန့်ကျင့်
ဘက် အရပ်သို့ မျက်နှာလွဲကာထွက်သွားဖို့ဟန်အ
ပြင် ။
ရုတ်တရက်ခြေလှမ်းနှစ်လှမ်းသာလျှောက်လှမ်းရ
သေးသော သူ့လက်ကိုအနောက်ကနေလှမ်းဆွဲလာ
တဲ့ လက်တစ်ဖက်ကြောင့်အနောက်ဘက်သို့ အရှိန်
နဲ့ ချာခနဲလှည့်ထွက်သွားတဲ့ ခန္ဓာကိုယ်ငယ်လေး ။
မလဲကျအောင် ပခုံးတစ်ဖက်ကို ထိန်းကိုင်ပေးသော
လက်တစ်ဖက်နဲ့ သူ့လက်ကောက်ဝတ်ကို ခပ်တင်း
တင်းလေးဆုပ်ကိုင်ထားတဲ့ လက်တို့ရဲ့ပိုင်ရှင် ။
တစ်ချိန်က နှလုံးသားတစ်ခုလုံးပုံအပ်ပေးထားခဲ့တာ
တောင် သူ့ကို ကမ်းလက် ပြန်မပေးခဲ့ပဲ ။ အမြဲလိုလို
သူစိမ်းဆန်ဆန် ခါးခါးသီးသီး ဆက်ဆံခဲ့တဲ့ ။ သူ့ နှ
လုံးသားနဲ့ စိတ်အလုံးစုံတို့ကိုတစ်ပါးသူထံသို့ မျှဝေ
ချစ်နိုင်ခြင်းအလျဉ်းမရှိအောင်ယနေ့အချိန်အထိပြိုင်
ဘက်မလို အုပ်မိုးစိုးစံနိုင်သော သူသိပ်ချစ်ရပြီး သူ
သိပ်မုန်းရတဲ့ကိုကို ။
" အတူတူသွားရအောင် ဟွန်းငယ် "
" ဘာ ! "
" ကိုယ်တို့ သားဖနဲ့ အတူအဖော်လိုက်ပေး "
" ပါးပါး မြန်မြန် "
အပြုံးလေးနဲ့ ပြောလာသော  ချန်းယောလ်  စကားအဆုံး
အနောက်တွင် ကြားတွေ့လိုက်ရသော ချန်းယောလ် ကား
ထဲမှ ကားပြတင်းပေါက်ကနေ ခေါင်းလေး  ထိုးထွက်ကာ
လက်ယက်ခေါ်နေတဲ့  သားနှင့်  ဆုပ်ကိုင်ထားတဲ့ လက်
ကို မလွှတ်ပဲ ဆွဲခေါ်သွားသော ချန်းယောလ် အနောက်သို့
အယောင်ယောင်အမှားမှားနဲ့ သူ ပြေးလိုက်သွားခဲ့မိသည် ။
ထိန်းချုပ်ထားတာတောင် ဆန့်ကျင့်နေတဲ့ နှလုံးသား
အမှတ်မရှိတာလားမသိ ။ သူ့ကို လိုချင်တောင်းတမိ
တုန်း ။
ပါးချိုင့်လေးတွေ စီခြယ်ထားတဲ့ အပြုံးလေးတွေ မြင်ရတိုင်း
တဒိတ်ဒိတ်နဲ့ ခုန်လာတဲ့ ရင်ခုန်သံတွေ ။ နာကျင်ခဲ့ရတာတွေ
များလို့ပဲ မကြောက်တော့တာပဲလား  ။
တစ်ယောက်သောသူအတွက် စီခြယ်ထားတဲ့ အမုန်း
စကားလုံးတွေ   ။   လည်ချောင်းထဲကနေ အပြင်ကို
မထုတ်နိုင်ခဲ့ပဲ သူ့အရှေ့မှောက်တွင် ဆွံ့အနေခဲ့မိသည် ။
အကူညီဖြစ်မယ်ထင်ထားရမှ ။ အကူအညီမဖြစ်ပဲ အဖြစ်မှန်
တွေ အကုန်ပေါ်အောင် လုပ်လိုက်တဲ့ ရီရှင်း ကောင်းမှုကြောင့်
အရာအားလုံးကို  နားလည်တတ်ပြီ  ဖြစ်သော  သားမှာ မိမိ
ချစ်ရတဲ့ ဦးဦးချာနူးလ်မှာ မိမိ၏ ဒယ်ဒီအရင်း ဖြစ်တယ် ဆို
တာကို ရှင်းရှင်းလင်းလင်းကြီး သိသွားခဲ့သည် ။
အဖြစ်မှန်သိသွားတဲ့ အချိန်ကစပြီး    ပါးစပ်ထဲကနေ ဒယ်ဒီ
ဆိုတဲ့ စကားကို လုံးဝမချတော့ ။
မိုးလင်းလို့ မျက်လုံးနှစ်လုံး ပွင့်တာနဲ့  ဒယ်ဒီဆီ သွားမယ် ။ 
ဒယ်ဒီကို  ကျောင်းလိုက်ပို့ ခိုင်းမယ် ။   ဒယ်ဒီကို ထမင်းခွံ
ကျွေးခိုင်းမယ် ။  ဒယ်ဒီနဲ့ တူတူအိပ်မယ် ။
စသော ။ စသော ။ အရင်က  သူနဲ့ အတူ နှစ်ယောက်တည်း
လုပ်ခဲ့သော အရာမှန်သမျှကို ဒယ်ဒီနဲ့ အတူတူလုပ်နေသော
သူနဲ့ တူပြီး  သူ့လို တဇွတ်ထိုးဆန်တဲ့ သားကို ဘတ်ခ်ဟွန်း
ဘယ်လိုမှ တားဆီး ဟန့်တားမှု မပြုလုပ်နိုင် ။
" ဒယ်ဒီ ဒယ်ဒီ မြင်း မြင်း ဟူးဟူးလေး မြင်းစီးချင်တယ် "
ကစားကွင်းကိုရောက်သည်နှင့် စီးစရာ ရဟက်တွေကို
တစ်ခုပြီး တစ်ခု လက်ညှိုးထိုးပြနေတဲ့ သားနဲ့ လက်ချင်း
တွဲပြီး သား စီးချင်သမျှကို အကုန် လိုက်စီးပေးနေသော
ချန်းယောလ် ။
ပြုံးပျော်နေတဲ့ သားဖနှစ်ယောက်ကို ဘာဟန့်တားမှုမှ
မပြုပဲ   လက်ကလေး    စုံပိုက်ကာ   နှုတ်ဆိတ်လျက်
ဘတ်ခ်ဟွန်း အနောက်ကနေ တိတ်တိတ်လေး ရပ်ကြည့်
မိသည် ။
" မဟုတ်မှ ဒီမှာ အခုချိန်ထိ ရှိနေတုန်းပဲလား? "
တစ်ဆက်တည်းမှာတင် သားနဲ့ အတူ ရဟက်စီးရင်း
ပြုံးရယ်နေသော  ချန်းယောလ် အပြုံးတို့ကို  မြင်ရင်း
တဒိတ်ဒိတ်နဲ့ တားမရ ဆီးမရအောင် ခုန်နေသော
ဝဲဘက်ရင်ဖိုကို လက်ကလေး တစ်ဖက်နှင့် ဖိရင်း
ကိုယ့်ကိုယ်ကို အမေးပြန်ဆိုရင်း ဇဝေဇဝါ ဖြစ်နေသော
ဘတ်ခ်ဟွန်း ။
ရဟက်ပေါ်တွင် ပြုံးရယ်နေသော သားဖနှစ်ယောက်ကို
ငေးကြည့်ရင်း  သူကိုယ်တိုင်သူတောင် သတိမထားမိပဲ
ဟန်ဆောင်မှု ကင်းကင်းဖြင့် ပြုံးလိုက်မိသည် ။
နောက်တစ်ကြိမ် အချစ်မှာ မသိမသာလေး ကျဆုံးသွားတဲ့
အမုန်းဆေး မတိုးတော့တဲ့ နှလုံးသားလေး ။ သေချာတယ် ။
အချစ် မျက်ကန်း ဖြစ်နေပြီ ။
------------------------------------------
" ဒယ်ဒီ ဟူးဟူးလေး ဗိုက်ဆာတယ် "
အဖေ နှစ်ယောက်၏ လက်ကလေး တစ်ဖက်ဆီကို တွဲပြီး
အလယ်ကနေ ခြေတံတိုတိုလေးနဲ့ လှုပ်တုန့်လှုပ်တုန့်လေး
လျှောက်နေရာမှ ထပြောသော သား စကားအဆုံး ။
လမ်းလျှောက်နေသော သားကို ချန်းယောလ် ကောက်ပွေ့
ချီလိုက်ကာ ။
"   ဒယ်ဒီ သားလေးက ဘာစားချင်လဲ "
" ပီဇာ  . . . ပီဇာ ဒယ်ဒီ  "
သား စကားဆုံးသည်နှင့်   ကစားလို့ ဝလို့ အညောင်းပြေ
အညာပြေ   လမ်းလျှောက်နေမိသော    ကစားကွင်းထဲမှ
ထွက်ကာ အရသာရှိပြီး စားလို့ကောင်းသော သူ သိသော
ပီဇာဆိုင်သို့ သားဖသုံးယောက်စလုံး ထွက်လာခဲ့သည် ။
" စားလို့ကောင်းလား သားလေး "
" ကောင်းတယ် ဒယ်ဒီ "
ခေါင်းလေးတညိတ်ညိတ်နဲ့ပြန်ဖြေသော သားရဲ့ ပေကျံ
နေတဲ့ ပါးစပ်ကိုတစ်ရှူးလေးဖြင့် သုတ်ပေးရင်း ပြုံးနေ
သော ချန်းယောလ်ကို ဘတ်ခ်ဟွန်း ဖုန်းသုံးသလိုလိုနဲ့
မသိမသာလေး မျက်ခွံလှန်ပြီး ခိုးကြည့်မိသည် ။
မျက်စိရှေ့က မိမိကို ရှိတယ်လို့တောင် မထင်ပဲ သူတို့ဟာနဲ့
သူတို့ အပျော်ကြူးနေတဲ့ သားဖနှစ်ယောက်ကို ဘတ်ခ်ဟွန်း
စိတ်ထဲ လက်မြှောက်ထားမိသည် ။
တစ်ကြိမ်တည်းမှာတင် တစ်ခါမှ မတွေ့ဖူးခဲ့တဲ့ သားရဲ့
အပျော်တွေ ။ အပြုံးတွေကို မြင်ရတာကြောင့် သူ့ စိတ်
အတော် ကျေနပ်မိသည် ။
သားသည် သူ့လို အမြဲတမ်း အရယ်အပြုံးတွေနဲ့ နေတတ်တဲ့
ကလေးဖြစ်ပေမယ့် ဒီနေ့လိုမှာ တွေ့ရတဲ့ အရယ် ၊ အပြုံးတို့
အပျော်တို့သည် အရင်နေ့တွေက တွေ့ရတဲ့ အရယ် ၊ အပျော်
အပြုံးတွေနဲ့ လားလားမှ မသက်ဆိုင် ။
အမုန်းလည်းမဆို ။ အချစ်လည်းမဆိုသော ။
ရသတစ်ခု ။
အရောင်ဆိုးထားသော အတ္တတွေကြောင့် အငြင်းဝါကျသာ
လက်ကိုင်ထားမိသော သူ့ အတ္တတွေ ။
သူ့သားလေးအတွက် ဝေဒနာတစ်ရပ်အလား ရောင်ပြန်ဟပ်
စေသည်ကို တဖြေးဖြေး သူ သိလာခဲ့လေလေ ။
ပြန်သွားလို့မရတဲ့ နှလုံးသား စေခိုင်းမှုအတိုင်း လိုက်နာခဲ့တဲ့
နာကျင်ခဲ့ရတဲ့ အတိတ်ရာသီကာလလေးကို ပြန်ရယူချင်တာ
မဟုတ်ပေမယ့်  ဆွေးတသသဖြစ်မိသော  ထူးထူးခြားခြား
ပြောင်းလာတဲ့ ဒဏ်ရာတွေ ပြည့်နှက်နေသော နှလုံးသား ။
အနောက်ကို ခြေတစ်လှမ်း ဆုတ်မိလေလေ ။
အရှေ့ကို နက်နက်နဲနဲ ခြေငါးလှမ်း ထပ်တိုးလာချင်လေလေ ။
" အိမ်ပြန်ရောက်ပါပြီ "
ကြားလိုက်ရသော မပီတပီ စကားသံလေးကြောင့် ဧည့်ခန်း
ထဲတွင် TV ထိုင်ကြည့်နေကြသော ရီရှင်းနဲ့နာရာတို့ ဧည့်ခန်း
ဝသို့ အကြည့်ပို့မိလျက် ။
" ဟော . . ဒီသားဖတွေပြန်လာကြပြီလား "
"  ဟုတ်ကဲ့ တီလေး "
မေးလာသော  သူမ အမေးအား  သားကို ချီထားသော
ချန်းယောလ် တစ်ယောက်သာ ပြန်ဖြေပေးပြီး ။
ဘတ်ခ်ဟွန်းမှာတော့ ရီရှင်း ဘေးသို့ ဝင်ထိုင်ကာ ခုံပေါ်၌
ချထားသော ကြက်ကြော်ဘူးကို တစ်ချက်လှမ်း ရှိူးကာ ။
" ဘာလား ကုန်ပြီလား "
စားကြွင်းစားကျန် အရိုးတွေသာ  ကျန်ရှိသည့် ကြက်ကြော်
ဘူးကို ကြည့်ပြီး နှုတ်ခမ်းလေးကို ဆူထော်လျက် ပြောလိုက်
သော ဘတ်ခ်ဟွန်းအား ရီရှင်း ကြည့်ပြီး ပြုံးလျက် ။
" ကုန်ပြီပေါ့ ကြက်ကြော်တစ်ဘူးက ဘယ်လောက်ကြာကြာ
စားနိုင်မို့လဲ "
" မင်းကိုက ဝက်ကျတာပါကွာ "
" ဝက်ကျကျ ဘာကျကျ ဘာဖြစ်လဲ ငါ့ ကြက်ကြော်
ငါစားတာ မင်းဆီက ပါမစ်ယူနေရဦးမှာလား ဘာလဲ
မင်း အပြင်မှာ ညစာ မစားလာဘူးလား "
" စားလာတယ် ဒါပေမယ့် ဗိုက်ဆာတယ် "
" အစားပုတ် မင်းကမှ တကယ့်ဝက် "
" ဝက် ဝက်ကွာ သွား ရှင်း ငါ့ကို ကြက်ကြော် အချို
တစ်ဘူး ဝယ်ပေး "
" အမယ် အလားကြီးပါလား သားလေး ဟင် ဘာလို့
ဝယ်ပေးရမှာလဲ ညစာအဝစားပြီးလို့ အပြင်မသွားနိုင်
တော့ဘူး မင်း စားချင်ရင်  ဟိုမှာ မင်း ယောကျ်ားကြီး
တစ်ယောက်လုံးရှိတယ် သူ့ကို သွားဝယ်ခိုင်းလိုက်ပေါ့
လွယ်လွယ်လေးကို လုပ်ခက်နေတယ် "
သားကိုချီထားတဲ့ ချန်းယောလ်ကို  ရီရှင်းလက်ညှိုးထိုး
ပြကာဆိုတော့သူ့ကိုအူကြောင်ကြောင်မျက်လုံးဝိုင်းဝိုင်း
တို့ဖြင့် ပြူးကြည့်လာသော ချန်းယောလ်အား ဘတ်ခ်
ဟွန်းမျက်စောင်းထိုးကာ ရီရှင်းဘက်သို့ မျက်နှာပြန်မူ
လျက် ....
" ဂျွန်လေးရော "
" မင်း  ဗိုက်ဆာလွန်းလို့ အတိတ်များမေ့သွားတာလား
ဘတ်ခ် မင်းပဲမနက်ကသူ့ကိုဘူဆန်ကကုန်ကြမ်းစက်ရုံ
ကို သွားကြည့်ခိုင်းလို့ ဘူဆန်ကိုသွားတယ်လေ မနက်
ဖြန်မနက်မှ ပြန်ရောက်လိမ့်မယ် "
" . . . . . . . "
"  အဲ့လိုမလုပ်ပဲ မင်းယောကျ်ား ငါ့ယောက်ဖလောင်း
ကိုပဲသွားဝယ်ခိုင်းလိုက်စမ်းပါကွာ မင်းလည်းဗိုက်အ
တော် ဆာနေပြီပဲ မူမနေနဲ့ သွားဝယ်ခိုင်းလိုက် အစာခံ
မနေနဲ့ အစာအိမ်ထိမယ် သားလေး ကြားလား "
ပြေတီတီ မျက်နှာပေးဖြင့် ပြောနေသော ရီရှင်းအား
ဘတ်ခ်ဟွန်း မျက်ထောင့်ကြီးဖြင့် စိုက်ကြည့်လျက် ...
" မစားတော့ဘူး သွားအိပ်တော့မယ် ဟွန့် "
စိတ်ဆိုးဆိုးနဲ့အပေါ်ထပ်သို့ ခြေဆောင့်ကာတက်သွား
ခဲ့သော ဘတ်ခ်ဟွန်း ။ အနောက်တွင် ချစ်ရတဲ့သူရဲ့
ကျောပြင်လေးကို နှုတ်ဆိတ်ကာ ငေးကြည့်နေမိသော
ချန်းယောလ် ။ သူ့ ချီထားတဲ့ အိပ်ငိုက်နေပြီ ဖြစ်သော
သားကို သူ့လက်ထဲကနေ ရီရှင်းပြောင်းချီပြီး သူ့ ပခုံး
ကို လက်နဲ့တစ်ချက်လာပုတ်ကာ ...
" ကြက်ကြော်အချိုတစ်ပွဲ အမြန်သွားပြီး ပြေးဝယ်
လိုက်တော့ bro ... ကောက်စိန်လေးက ဗိုက်ဆာရင်
အိပ်လို့မပျော်တတ်ဘူး "
မိမိ စကားဆုံးသွားသော်လည်း ဘာစကားမှပြန်မဆို
ပဲ သူ့ကိုစိုက်ကြည့်နေသောချန်းယောလ်ကိုရီရှင်းပြုံး
ပြလျက် ...
" ဇွဲမရှိရင်အစကတည်းကပြန်မလိုက်တာအကောင်း
ဆုံးပဲbro  ဘတ်ခ်က broသိထားထက်ပိုပြီးနားလည်
ရခက်တဲ့ကောင်ဆိုးလေး "
" ကျေးဇူးပဲ ရီရှင်းရှီ "
အချိန်သည်ကား (၉)နာရီ ဝန်းကျင် ။ ကုတင်ထပ်တွင်
ဗိုက်ဆာလို့ အိပ်မရကာ တစ်ယောက်တည်း လူးလိမ့်
နေရာမှ အခန်းအပြင်ဘက်မှ ခြေသံကြားရတာကြောင့်
တုန်းခနဲ ကုတင်ပေါ်တွင်ခွေခွေလေးပစ်လဲကာ မျက်
လုံးကိုစုံမှိတ်ကာ အိပ်ချင်ယောင်ဆောင်သော ဘတ်ခ်
ဟွန်း ။ တံခါးဖွင့်သံနှင့်အတူကြားရသော တဖြေးဖြေးနီး
ကပ်လာသောခြေသံကြောင့် အသက်အောင့်ထားမိ
သည် ။
" အိပ်ပျော်သွားတာလား ? "
ကြားရတဲ့ ခပ်သြသြစကားသံလေးနှင့်အတူ ။ သူ့နဖူး
ပြင်ပေါ်သို့ နွေးခနဲရောက်လာခဲ့သော နှုတ်ခမ်းလေး
လွှာလေးတစ်စုံ  ။
အကြင်နာအနမ်းတစ်ပွင့်ခြွေချပြီးသည်နှင့် သူ့ ခေါင်း
လေးကို နှစ်ချက်ဆင့် သပ်ပေးကာ ' goodnight ' စ
ကားလေးဆိုလာသောချိုသာလွန်းတဲ့ကိုကို့စကားသံ ။
တစ်ဖန်လစ်ဟသွားတဲ့ သူ့ ကုတင်ဘေးနားလေး ။
အခန်းတံခါးပြန်ပိတ်သံကြားရသည်နှင့်စုံမှိတ်ထား
သောမျက်ဝန်းလေးကို ပြန်ဖွင့်လိုက်သည်နှင့် တွေ့ရ
သောမီးအိမ်ခုံလေးထက်က ကြက်ကြော်ဘူးလေး ။
"  အဟိ ဗိုက်ဆာနေတာနဲ့ အတော်ပဲ  .. အင်းးးး
မွှေးနေတာပဲ "
အပြုံးတွေဝေရင်း ကြက်ကြော်ဘူးထဲက ကြက်ကြော်
တို့ကိုလက်နှစ်ဖက်အပြည့်ဖြင့်ကိုင်စားရင်း ဗိုက်ဖြည့်
နေသောဘတ်ခ်ဟွန်းတစ်ယောက် မသိခဲ့ဘူး ။
စေ့ပိတ်ထားတဲ့သူ့အခန်းတံခါးလေးကိုသူမသိအောင်
ဖြေးဖြေးလေး ဟကာ ။  အခန်း အပြင်ဘက်မှ သူ့ကို
တိတ်တိတ်လေး ချောင်းကြည့်ပြီး ပြုံးနေသော ကိုကို
တစ်ယောက် ရှိနေခဲ့သည်ကို ။
------------------------------------------
ဆက်ရန် ...
27.3.2020
REN JO JO
------------------------------------------
ယုံရဲ ။
" ပါးပါး ပါးပါး "
" ဗျာ ဗျ "
ကလေးဆိုးလေး ။
" ဟုတ်လား? "
သွားခဲ့သည် ။
" ရှင်း "
" ဟင် "
ဘတ်ခ်ဟွန်း    ။   
မိသည် ။
ဘယ်ရောက်နေပါလိမ့် "
အတွက်ပင် ။
သလိုဟုတ်နေလို့လား ! ! "
ပေးမှာတဲ့လား ? "
" အင်း ဟုတ်တယ် "
မဟုတ်သေးဘူး "
ပေါက်နေတာ ဟွန့် "
မိသည် ။
တကယ့် မလွယ်ကြောလေး  ။ ပတ်ချန်းယောလ်တို့
တဲ့ဂေါက်သီးလေး ။
------------------------------------------
" ဘတ်ခ်ဟွန်းရား "
ခဲ့သည် ။
ကိုကို ။
" ကိုကို "
ပြင် ။
သိပ်မုန်းရတဲ့ကိုကို ။
" ဘာ ! "
" ပါးပါး မြန်မြန် "
တုန်း ။
ကျွေးခိုင်းမယ် ။  ဒယ်ဒီနဲ့ တူတူအိပ်မယ် ။
ချန်းယောလ် ။
မိသည် ။
ဘတ်ခ်ဟွန်း ။
------------------------------------------
ချီလိုက်ကာ ။
" ပီဇာ  . . . ပီဇာ ဒယ်ဒီ  "
" ကောင်းတယ် ဒယ်ဒီ "
အတော် ကျေနပ်မိသည် ။
အမုန်းလည်းမဆို ။ အချစ်လည်းမဆိုသော ။
ရသတစ်ခု ။
" အိမ်ပြန်ရောက်ပါပြီ "
"  ဟုတ်ကဲ့ တီလေး "
ချထားသော ကြက်ကြော်ဘူးကို တစ်ချက်လှမ်း ရှိုးကာ ။
" ဘာလား ကုန်ပြီလား "
စားနိုင်မို့လဲ "
တစ်ဘူး ဝယ်ပေး "
တော့ဘူး မင်း စားချင်ရင်  ဟိုမှာ မင်း ယောက်ျားကြီး
လျက် ....
" ဂျွန်လေးရော "
" . . . . . . . "
"  အဲ့လိုမလုပ်ပဲ မင်းယောက်ျား ငါ့ယောက်ဖလောင်း
ပြလျက် ...
ရခက်တဲ့ကောင်ဆိုးလေး "
" ကျေးဇူးပဲ ရီရှင်းရှီ "
သည် ။
" အိပ်ပျော်သွားတာလား ? "
လွှာလေးတစ်စုံ  ။
မွှေးနေတာပဲ "
------------------------------------------
ဆက်ရန် ...
27.3.2020
REN JO JO
Weiterlesen
Das wird dir gefallen
721K 65.5K 38
♡ChanBaek♡ I am not a princess...but I got married to a prince. {Zawgyi+Unicode}
275K 30.2K 41
ငယ်​ငယ်​​လေးတုန်းက..ပညာ​ရေးမှာပြိုင်​ခဲ့ကြတယ်​.....အရွယ်​​ရောက်​​တော့...နှလုံးသားချင်းပြိုင်​ကြည့်​ရ​အောင်​......?? Cover by @byunasunapark00
251K 24.4K 31
We are not married . But we have baby. Her name is AERI. {Marrige life but no marrige life} When the baby came between us ,we all changed. ChanBaek Y...
141K 18.5K 26