(Unicode)
*********
" ဟေး leon! မင်း အဆင်ပြေရဲ့လားဟ
မင်းကြည့်ရတာလည်း ဖြူဖတ်ဖြူရော့နဲ့ မျက်ကွင်းတွေလည်းညိုလို့
ညက တစ်ညလုံး မအိပ်ရသေးဘူးလား "
"အေးကွာ ညက အိပ်မက်ဆိုးတွေမက်နေတာနဲ့ ကောင်းကောင်းမအိပ်ရသေးဘူး
ဒါနဲ့လေ christoff မင်း ဝိညာဥ်လွှင့်ခြင်း ဆိုတာကို
ယုံလား ! "
" အမ် ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား ဘာလို့မေးတာတုန်းဟ "
" ဒီလိုပါပဲ သိချင်တာလေး ရှိလို့ "
" အင်း ယုံတာရယ်လို့လည်း မဟုတ်ပါဘူး
ဒါပေမဲ့ တစ်ချိူ့အရာတွေက ငါတို့ ဦးနှောက်နဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ ရှိနေတတ်တယ်လေ
ဥပမာအားဖြင့် သဘာဝလွန်ဖြစ်ရပ်တွေပေါ့
သုတေသနပညာရှင်တွေလည်း ကြိုးစားပြီး အမှန်တရားကို ရှာဖွေနေကြပေမယ့် ဒီလိုကိစွတွေကို
တကယ် လုံးဝကြီး ရှိနေပါတယ်လို့လည်း သက်သေမပြနိုင်သေးတော့ အခုထိ ဖြေရှင်းမရတဲ့
ပဟေဠိ တွေအဖြစ် ကျန်ရှိနေကြတာပေါ့
အဲ့ထဲမှာ မင်းပြောတဲ့ ဝိညာဥ်လွှင့်ခြင်းကလည်း တစ်ခုအပါအဝင်ပဲ "
" အော်........... ok ကျေးဇူးပါပဲ christoff "
"အချိန်မရွေးပါပဲကွာ! "
ကျောင်းခန်းထဲမှာလည်း ဆရာမစာသင်နေပေမယ့်
Leon ရဲ့ စိတ်ကတော့ တခြားနေရာသို့ရောက်နေလေသည်
သူမြင်ဖူးခဲ့သမျှ တခြားသူတွေနဲ့ လုံးဝမတူတဲ့ အဲ့ဒီ မှော်ဝင်တဲ့ အကြည့်တွေ
စကားပြောရင် တစ်ဖက်သူကို ရွဲ့သလိုလို စောင်းသလိုလိုနဲ့
မထီမဲ့မြင် ပြောတတ်တဲ့ သူ့ရဲ့ စကားသံလေးတွေ
ပိုးသားလေးအတိုင်းနီးပါး နူးညံ့သိမ်မွေ့လှတဲ့ သူ့ရဲ့ ပန်းနုရောင်သန်းနေတဲ့ လက်ကလေးတွေ
"အိပ်မက်တစ်ခုဆိုပေမယ့် မင်းနဲ့ တကယ်ကို ပြန်ဆုံတွေ့ချင်သေးတယ် ကောင်လေးရေ "
"Mr.Willkinson
Mr.Willkinsonnnn! !!!!"
ဆရာမရဲ့ အသံကြောင့် leon ၏ အတွေးစများပင် ရပ်တန့်သွားရသည်
" ဗျာ! ကျတော့်ကို ခေါ်လိုက်တာလား ဆရာမ "
"အေး စာသင်ချိန်မှာ ပြတင်းပေါက်ကို ငေးပြီး ဘာတွေ
တွေးနေတာတုန်း Mr.Willkinson "
"ဗျာ! !! အာ........ အဲ့တာက......."
"မင်း ပြီးရင် ငါ့ရုံးခန်းလာခဲ့ဦး ကြားလား "
" ဟုတ်.......ဟုတ်ကဲ့ ဆရာမ "
ကျောင်းဆင်းချိန်
**********
" hahah ဟေ့ကောင် leon မင်းကို ဆရာမ တော်တော်မှ ဆူလိုက်ရဲ့လားကွ "
"အေး ပြောတာကိုမှ မိုးမွှန်နေတာပဲ
ဘာမှလည်း လုပ်မိတာမဟုတ်ဘဲနဲ့........ "
"Hahah နေပါဦး မင်းကရော ဘာတွေအဲ့လောက်ထိတောင် တွေးနေတာတုန်း
ဒီနေ့တစ်နေ့လုံးလည်း မင်း စိတ်နဲ့လူနဲ့မကပ်သလိုပဲ
ဘာတွေဖြစ်နေတာလဲကွ "
"အားး...................
ငါလည်း မသိတော့ပါဘူးကွာ christoff ရာ
ဟိုမှာ ကားလာပြီ ငါသွားတော့မယ်နော် တာ့တာ "
______________________________________
ဘာလိုလိုနဲ့ အိမ်ပြန်ရောက်လာတော့လည်း သူ့အကြောင်းပဲ
တွေးနေမိသည်
ထမင်းစားလည်း စိတ်မပါ! စာလုပ်လည်း စိတ်မပါ!
TV ကြည့်လည်း စိတ်မပါနှင့် ဘာတွေဘယ်လိုဖြစ်နေမှန်းတောင် ကိုယ့်ကိုယ်ကို မသိတော့
" leon သား အိပ်တော့မလို့လား အစောကြီးပဲရှိသေးတယ်လေ
ပုံမှန်ဆို ဒီအချိန် သားမအိပ်သေးပါဘူး "
"ဟုတ် အမေ ဒီနေ့ ကျတော်နည်းနည်းပင်ပန်းနေလို့"
အိပ်ရာပေါ် ကိုယ်ကို ပစ်လှဲလိုက်ပြီး ရောက်တတ်ရာရာလျှောက်တွေးနေမိသည်
အိပ်မက်ဆိုတာကို သိနေပေမယ့်လည်း သူနဲ့ ပြန်တွေ့ချင်သော စိတ်က ဖျောက်မရ
မျက်လုံးအစုံကို မှိတ်ထားလိုက်ပြီး အိပ်မပျော်သေးသော်လည်း အိပ်ဆေးသောက်ကာ
အတင်းကျိတ်မှိတ်အိပ်နေလိုက်တော့သည်
______________________________________
7 AM
Morning
---------------
" အာ ! ချီးပဲ
ဒီည ဘာအိပ်မက်မှလည်း မမက်ပါလား
ငါတော့ လုံးဝ ရူးနေပြီထင်တယ် အဖိုးရဲ့ ပေါက်ကရ စာတွေကို လျှောက်ဖတ်ပြီးတော့
အမ် နေဦး အဲ့လိုဆိုမှ အဖိုးရဲ့ ဒိုင်ယာရီစာအုပ်ကိုတောင် အခု မတွေ့တော့သလိုပဲ
ငါ အဲ့နေ့ညက စာအုပ်ကို စာရေးစားပွဲပေါ်မှာပဲ တင်ခဲ့တာပါ
မနေ့ကလည်း ပင်ပန်းနေတာနဲ့ စာတောင်မလုပ်ဖြစ်ဘဲ
အိပ်သွားတာဆိုတော့ စားပွဲကိုတောင် မထိမိ
ဟူးးးး! !!(သက်ပြင်းချသံ)
မနေ့က ငါ စိတ်တွေ ကယောင်ကယက်ဖြစ်နေတာနဲ့
စာအုပ်ပေါ်တောင် အာရုံမစိုက်နိုင်ဖြစ်သွားတာပဲ ချီးပဲကွာ! "
ဒုန်း ဒုန်း ဒုန်း (လှေကားမှ ဆင်းသံ)
" Mom မနေ့က ကျတော့်အခန်းထဲ ဝင်ရှင်းသေးလား "
"မရှင်းပါဘူး သားရဲ့ ဘာဖြစ်လို့လဲ "
"အမ်.......ဘာမှ မဟုတ်ပါဘူး mom
ဒီတိုင်းပဲ မေးကြည့်တာ
ကဲ သားအခု ကျောင်းသွားဖို့ ရေသွားချိူးလိုက်ဦးမယ်နော် "
"အေး အေး သား !"
ကျောင်းသို့သွားရာလမ်း၌
" ဟေး christoff! "
"အေး ပြော! "
"ဘာမှ မဟုတ်တော့ပါဘူးကွာ "
"Leon မင်း ဘာဖြစ်နေတာတုန်းဟ
အရင်က မင်း ဒီလိုပုံစံမဟုတ်ပါဘူး
ဒီရက်ပိုင်းတွေ မင်းပုံစံတစ်မျိူးပဲ
အဆင်ရော ပြေရဲ့လား ငါ့ကို လျှိူထားတာတွေ
ဘာတွေရော ရှိလား "
" မင်းထင်နေသလိုတွေ မဟုတ်ပါဘူးကွာ
ငါ အဆင်ပြေပါတယ် နည်းနည်းလေး ပင်ပန်းနေလို့ပါကွာ "
ထိုစဥ်
Leon တို့လမ်းလျှောက်နေသည့်ဘေးမှ သူနှင့်ရွယ်တူ ယောကျာ်းလေးတစ်ယောက်ဖြတ်သွားသည်ကို leon လည်း အမှတ်မထင် ကြည့်လိုက်မိရာ
မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ပါးစပ်ကလည်း အသံတစ်ခုကိုသာ ရေရွတ်နေမိသည်
"ဟေး leon ဘာဖြစ်နေတာလဲကွ ဘာတွေ့လို့တုန်း "
Christoff ဖက်သို့ လှည့်ကြည့်လိုက်ပြီး အံသြထိတ်လန့်နေသော မျက်နှာဖြင့်
"Christoff ငါ တစ်နေရာ သွားလိုက်ဦးမယ်
ဆရာမကို ခွင့်တိုင်ထားပေးပါနော် ကျေးဇူးပြုပြီးတော့ "
ဟုပြောကာ ရုတ်တရက် ပြေးထွက်သွားလေတော့သည်
"ဟေ့ ဟေ့ leon! "
Leon ၏ စိတ်ထဲ၌
"နောက်ဆုံး တော့ မင်းကို ရှာတွေ့ပြီ Jake!
ငါမင်းနဲ့ဆုံတွေ့ခဲ့တာက အိပ်မက်တစ်ခုလား တကယ်လားဆိုတဲ့ အဖြေကို မင်း တစ်ယောက်တည်းပဲ
သိနိုင်လိမ့်မယ် "
______________________________________
(Zawgyi)
********
" ေဟး leon! မင္း အဆင္ေျပရဲ႕လားဟ
မင္းၾကည့္ရတာလည္း ျဖဴဖတ္ျဖဴေရာ့နဲ႕ မ်က္ကြင္းေတြလည္းညိုလို႔
ညက တစ္ညလုံး မအိပ္ရေသးဘူးလား "
"ေအးကြာ ညက အိပ္မက္ဆိုးေတြမက္ေနတာနဲ႕ ေကာင္းေကာင္းမအိပ္ရေသးဘူး
ဒါနဲ႕ေလ christoff မင္း ဝိညာဥ္လႊင့္ျခင္း ဆိုတာကို
ယုံလား ! "
" အမ္ ဆိုင္းမဆင့္ ဗုံမဆင့္ႀကီးပါလား ဘာလို႔ေမးတာတုန္းဟ "
" ဒီလိုပါပဲ သိခ်င္တာေလး ရွိလို႔ "
" အင္း ယုံတာရယ္လို႔လည္း မဟုတ္ပါဘူး
ဒါေပမဲ့ တစ္ခ်ိဴ႕အရာေတြက ငါတို႔ ဦးႏွောက္နဲ႕ လက္လွမ္းမမွီနိုင္တဲ့ ေနရာေတြမွာ ရွိေနတတ္တယ္ေလ
ဥပမာအားျဖင့္ သဘာဝလြန္ျဖစ္ရပ္ေတြေပါ့
သုေတသနပညာရွင္ေတြလည္း ႀကိဳးစားၿပီး အမွန္တရားကို ရွာေဖြေနၾကေပမယ့္ ဒီလိုကိစြေတြကို
တကယ္ လုံးဝႀကီး ရွိေနပါတယ္လို႔လည္း သက္ေသမျပနိုင္ေသးေတာ့ အခုထိ ေျဖရွင္းမရတဲ့
ပေဟဠိ ေတြအျဖစ္ က်န္ရွိေနၾကတာေပါ့
အဲ့ထဲမွာ မင္းေျပာတဲ့ ဝိညာဥ္လႊင့္ျခင္းကလည္း တစ္ခုအပါအဝင္ပဲ "
" ေအာ္........... ok ေက်းဇူးပါပဲ christoff "
"အခ်ိန္မေ႐ြးပါပဲကြာ! "
ေက်ာင္းခန္းထဲမွာလည္း ဆရာမစာသင္ေနေပမယ့္
Leon ရဲ႕ စိတ္ကေတာ့ တျခားေနရာသို႔ေရာက္ေနေလသည္
သူျမင္ဖူးခဲ့သမွ် တျခားသူေတြနဲ႕ လုံးဝမတူတဲ့ အဲ့ဒီ ေမွာ္ဝင္တဲ့ အၾကည့္ေတြ
စကားေျပာရင္ တစ္ဖက္သူကို ႐ြဲ႕သလိုလို ေစာင္းသလိုလိုနဲ႕
မထီမဲ့ျမင္ ေျပာတတ္တဲ့ သူ႕ရဲ႕ စကားသံေလးေတြ
ပိုးသားေလးအတိုင္းနီးပါး ႏူးညံ့သိမ္ေမြ႕လွတဲ့ သူ႕ရဲ႕ ပန္းႏုေရာင္သန္းေနတဲ့ လက္ကေလးေတြ
"အိပ္မက္တစ္ခုဆိုေပမယ့္ မင္းနဲ႕ တကယ္ကို ျပန္ဆုံေတြ႕ခ်င္ေသးတယ္ ေကာင္ေလးေရ "
"Mr.Willkinson
Mr.Willkinsonnnn! !!!!"
ဆရာမရဲ႕ အသံေၾကာင့္ leon ၏ အေတြးစမ်ားပင္ ရပ္တန့္သြားရသည္
" ဗ်ာ! က်ေတာ့္ကို ေခၚလိုက္တာလား ဆရာမ "
"ေအး စာသင္ခ်ိန္မွာ ျပတင္းေပါက္ကို ေငးၿပီး ဘာေတြ
ေတြးေနတာတုန္း Mr.Willkinson "
"ဗ်ာ! !! အာ........ အဲ့တာက......."
"မင္း ၿပီးရင္ ငါ့႐ုံးခန္းလာခဲ့ဦး ၾကားလား "
" ဟုတ္.......ဟုတ္ကဲ့ ဆရာမ "
ေက်ာင္းဆင္းခ်ိန္
**********
" hahah ေဟ့ေကာင္ leon မင္းကို ဆရာမ ေတာ္ေတာ္မွ ဆူလိုက္ရဲ႕လားကြ "
"ေအး ေျပာတာကိုမွ မိုးမႊန္ေနတာပဲ
ဘာမွလည္း လုပ္မိတာမဟုတ္ဘဲနဲ႕........ "
"Hahah ေနပါဦး မင္းကေရာ ဘာေတြအဲ့ေလာက္ထိေတာင္ ေတြးေနတာတုန္း
ဒီေန႕တစ္ေန႕လုံးလည္း မင္း စိတ္နဲ႕လူနဲ႕မကပ္သလိုပဲ
ဘာေတြျဖစ္ေနတာလဲကြ "
"အားး...................
ငါလည္း မသိေတာ့ပါဘူးကြာ christoff ရာ
ဟိုမွာ ကားလာၿပီ ငါသြားေတာ့မယ္ေနာ္ တာ့တာ "
______________________________________
ဘာလိုလိုနဲ႕ အိမ္ျပန္ေရာက္လာေတာ့လည္း သူ႕အေၾကာင္းပဲ
ေတြးေနမိသည္
ထမင္းစားလည္း စိတ္မပါ! စာလုပ္လည္း စိတ္မပါ!
TV ၾကည့္လည္း စိတ္မပါႏွင့္ ဘာေတြဘယ္လိုျဖစ္ေနမွန္းေတာင္ ကိုယ့္ကိုယ္ကို မသိေတာ့
" leon သား အိပ္ေတာ့မလို႔လား အေစာႀကီးပဲရွိေသးတယ္ေလ
ပုံမွန္ဆို ဒီအခ်ိန္ သားမအိပ္ေသးပါဘူး "
"ဟုတ္ အေမ ဒီေန႕ က်ေတာ္နည္းနည္းပင္ပန္းေနလို႔"
အိပ္ရာေပၚ ကိုယ္ကို ပစ္လွဲလိုက္ၿပီး ေရာက္တတ္ရာရာေလွ်ာက္ေတြးေနမိသည္
အိပ္မက္ဆိုတာကို သိေနေပမယ့္လည္း သူနဲ႕ ျပန္ေတြ႕ခ်င္ေသာ စိတ္က ေဖ်ာက္မရ
မ်က္လုံးအစုံကို မွိတ္ထားလိုက္ၿပီး အိပ္မေပ်ာ္ေသးေသာ္လည္း အိပ္ေဆးေသာက္ကာ
အတင္းက်ိတ္မွိတ္အိပ္ေနလိုက္ေတာ့သည္
______________________________________
7 AM
Morning
---------------
" အာ ! ခ်ီးပဲ
ဒီည ဘာအိပ္မက္မွလည္း မမက္ပါလား
ငါေတာ့ လုံးဝ ႐ူးေနၿပီထင္တယ္ အဖိုးရဲ႕ ေပါက္ကရ စာေတြကို ေလွ်ာက္ဖတ္ၿပီးေတာ့
အမ္ ေနဦး အဲ့လိုဆိုမွ အဖိုးရဲ႕ ဒိုင္ယာရီစာအုပ္ကိုေတာင္ အခု မေတြ႕ေတာ့သလိုပဲ
ငါ အဲ့ေန႕ညက စာအုပ္ကို စာေရးစားပြဲေပၚမွာပဲ တင္ခဲ့တာပါ
မေန႕ကလည္း ပင္ပန္းေနတာနဲ႕ စာေတာင္မလုပ္ျဖစ္ဘဲ
အိပ္သြားတာဆိုေတာ့ စားပြဲကိုေတာင္ မထိမိ
ဟူးးးး! !!(သက္ျပင္းခ်သံ)
မေန႕က ငါ စိတ္ေတြ ကေယာင္ကယက္ျဖစ္ေနတာနဲ႕
စာအုပ္ေပၚေတာင္ အာ႐ုံမစိုက္နိုင္ျဖစ္သြားတာပဲ ခ်ီးပဲကြာ! "
ဒုန္း ဒုန္း ဒုန္း (ေလွကားမွ ဆင္းသံ)
" Mom မေန႕က က်ေတာ့္အခန္းထဲ ဝင္ရွင္းေသးလား "
"မရွင္းပါဘူး သားရဲ႕ ဘာျဖစ္လို႔လဲ "
"အမ္.......ဘာမွ မဟုတ္ပါဘူး mom
ဒီတိုင္းပဲ ေမးၾကည့္တာ
ကဲ သားအခု ေက်ာင္းသြားဖို႔ ေရသြားခ်ိဴးလိုက္ဦးမယ္ေနာ္ "
"ေအး ေအး သား !"
ေက်ာင္းသို႔သြားရာလမ္း၌
" ေဟး christoff! "
"ေအး ေျပာ! "
"ဘာမွ မဟုတ္ေတာ့ပါဘူးကြာ "
"Leon မင္း ဘာျဖစ္ေနတာတုန္းဟ
အရင္က မင္း ဒီလိုပုံစံမဟုတ္ပါဘူး
ဒီရက္ပိုင္းေတြ မင္းပုံစံတစ္မ်ိဴးပဲ
အဆင္ေရာ ေျပရဲ႕လား ငါ့ကို လွ်ိူ႕ဝွက္ထားတာေတြ
ဘာေတြေရာ ရွိလား "
" မင္းထင္ေနသလိုေတြ မဟုတ္ပါဘူးကြာ
ငါ အဆင္ေျပပါတယ္ နည္းနည္းေလး ပင္ပန္းေနလို႔ပါကြာ "
ထိုစဥ္
Leon တို႔လမ္းေလွ်ာက္ေနသည့္ေဘးမွ သူႏွင့္႐ြယ္တူ ေယာက်ာ္းေလးတစ္ေယာက္ျဖတ္သြားသည္ကို leon လည္း အမွတ္မထင္ ၾကည့္လိုက္မိရာ
မ်က္လုံးမ်ား ႐ုတ္တရက္ ျပဴးက်ယ္သြားၿပီး ပါးစပ္ကလည္း အသံတစ္ခုကိုသာ ေရ႐ြတ္ေနမိသည္
"ေဟး leon ဘာျဖစ္ေနတာလဲကြ ဘာေတြ႕လို႔တုန္း "
Christoff ဖက္သို႔ လွည့္ၾကည့္လိုက္ၿပီး အံၾသထိတ္လန့္ေနေသာ မ်က္ႏွာျဖင့္
"Christoff ငါ တစ္ေနရာ သြားလိုက္ဦးမယ္
ဆရာမကို ခြင့္တိုင္ေပးထါးပါ ေက်းဇူးျပဳၿပီးေတာ့ "
ဟုေျပာကာ ႐ုတ္တရက္ ေျပးထြက္သြားေလေတာ့သည္
"ေဟ့ ေဟ့ leon! "
Leon ၏ စိတ္ထဲ၌
"ေနာက္ဆုံး ေတာ့ မင္းကို ရွာေတြ႕ၿပီ Jake!
ငါမင္းနဲ႕ဆုံေတြ႕ခဲ့တာက အိပ္မက္တစ္ခုလား တကယ္လားဆိုတဲ့ အေျဖကို မင္း တစ္ေယာက္တည္းပဲ
သိနိုင္လိမ့္မယ္ "
______________________________________