True Martial World (BOOK 15-1...

By MinNanDar

5.3K 668 13

Translator - Min Nan Dar More

C-211
C-212
C-213
C-214
C-215
C-216
C-217
C-218
C-219
C-221
C-222
C-223
C-224
C-225
C-226
C-227
C-228
C-229
C-230
C-231
232
C-233
C-234
C-235
C-236
C-237
C-238
C-239
C-240

C-220

145 24 0
By MinNanDar

အခန်း ၂၂၀

သူရဲကောင်းတစ်ယောက်၏ ဒဏ္ဍာရီ

“ အုတ်ခဲသည်လူ … လူသည် အုတ်ခဲ”

“ အစ်ကိုကြီး … အစ်ကိုကြီး”

ကျန်ရှိသော မြို့တော်သခင်လေးယောက်မှ နှစ်ယောက်က  ဝတုတ်လေးကို မယုံရဲတရဲလေသံဖြင့် မေးလိုက်ကြသည်။

“အစ်ကိုကြီး နောက်တစ်ယောက်က ကျွန်တော်ပဲလား … ဟိုဒါ .. ဖြစ် .. ဖြစ်ပါ့မလား”

ဂျပုလေး၏ အစွမ်းက စန့်ယွမ်ထက် အနည်းငယ်သာ သာလွန်သည်။ သို့သော် .. ဖန်ဟိုင်က ရီယွမ်ကို ပြိုင်ဘက်ကို အထင်သေးလျှော့တွက်မိသောကြောင့် ရှုံးနိမ့်ခဲ့ရသည်။ ဒါပေမယ့် စန့်ယွမ်အလှည့်ကျတော့ … သူအကောင်းဆုံး ကြိုးစားခဲ့သည်။ သူသည်လည်းပဲ ရီယွမ်၏ အုတ်ခဲဖြင့် ထုခြင်းကို ခံရခဲ့သည်။ ထိုအရာက သူတို့အကြား ခွန်အားများ ကွာခြားနေခြင်းက အသိသာပင်။

အဖြစ်မှန်ကို မည်ကဲ့သို့ပင် ဖြည့်စွက်တွေးတောပါစေဦး ၊ အမှန်တရားက အမှန်တရားပင် ဖြစ်သည်။

ရီယွမ်က သူတို့ထက်ပိုသန်မာသည်။

ဖက်တီးက ပါးစပ်ပိတ်နေလိုက်သည် ။ သူဘာမှ ဆက်ပြောစရာမလိုတော့ပေ။

ငါတို့အခု ဘာလုပ်ကြမလဲ။

သူတို့၏ ပိုင်ဆိုင်မှုများကို အကုန်လောင်းကြေးထပ်ထားခဲ့ကြသည်။ သူတို့သာ မတိုက်ခိုက်ဘဲ အရှုံးပေးလိုက်ပါက ပိုက်ဆံများကို အမှိုက်ပုံးထဲသို့လွှင့်ပစ်လိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

မြို့တော်သခင်လေးယောက်ပြီးသည့်နောက်တွင် ရီယွမ်နှင့် ယှဉ်ပြိုင်ရန် စာရင်းပေးထားကြသော ဟောင်ဒုန်အဖွဲ့အစည်းမှ လူများစွာ ကျန်ရှိနေသေးကြသည်။ သူတို့အားလုံးက သူတို့၏ လောင်းကြေးကိုယ်စီကို လက်ထဲတွင် ကိုင်ထားကြပြီး ဘာဆက်လုပ်ရမယ်မှန်းမသိ ဖြစ်နေကြသည်။

သူတို့အားလုံး၏ စိတ်ထဲတွင်တော့ ထည့်သွင်းလိုက်သော လောင်းကြေးများအတွက် နောင်တကိုယ်စီရရှိနေကြသည်။
သူတို့အားလုံး သိလိုက်ကြသည် တစ်ခုက ရီယွမ်က မကောင်းဆိုးဝါးလို ထူးဆန်းသော သတ္တဝါ တစ်ကောင် ပင် ဖြစ်သည်။  ရီယွမ်နှင့် အရင်ဆိုင်ရမည့်အစား သူတို့ သေသာ သေလိုက်ကြချင်သည်။

ရီယွမ်၏ ခွန်အားက သူတို့ထက်ပိုသာသည် ။ ဟုတ်တယ် … သူတို့လက်ခံပေးလို့ရတယ် .. ဒါပေမယ့် သူကိုင်တဲ့လက်နှက်ကိုလဲ ကြည့်လိုက်ပါဦး ၊ အုတ်ခဲတစ်လုံးတဲ့ …. သူ့နဲ့ယှဉ်ပြိုင်ရတာက အုတ်ခဲနဲ့ အထုခံရခြင်းနဲ့ အတူတူပဲ ဖြစ်သည်။

စစ်သည်တော်များအတွက် ပြိုင်ပွဲတစ်ခုတွင် အရှုံးနှင့် အနိုင်ဆိုတာ အမြဲဒွန်တွဲနေခြင်းမှာ မထူးဆန်းသည့်အတွက် သူတို့က အရှုံးကို လက်ခံပေးနိုင်သည် ။ သို့သော် … အရှက်ကွဲပြီးတော့ အရှုံးမခံလိုကြပေ။

အုတ်ခဲတစ်လုံးနဲ့ အထုခံလိုက်ရတာက သူတို့ကို အရှက်ခွဲလိုက်ခြင်းနှင့် အတူတူပဲ ဖြစ်သည်။

ရီယွမ်က ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်ကို စင်မြင့်ပေါ်မှ ယူချသွားလိုက်သည်။

သူ့အတွက် တစ်နေ့လျှင် ၁၂ ပွဲပြိုင်ရမည်။ ဆိုလိုသည်က တစ်နာရီ ခြား တစ်ပွဲ သူတိုက်ခိုက်ရမည် ဖြစ်၏ ။ တစ်နေကုန် မိုးလင်းမိုးချုပ် ၁၂ ပွဲပြည့်အောင် သူတိုက်ခိုက်ရမည်။

သူ၏ ဒုတိယမြောက်ပြိုင်ပွဲအပြီးတွင်တော့ ပွဲကြည့်ပရိတ်သတ်များက သူ့ကို အံ့သြတကြီး ကြည့်နေကြသည်ကို ရီယွမ်ကတွေ့လိုက်မိသည်။

ရီယွမ်က သူနောက်တစ်ပွဲမစခင် အေးအေးဆေးဆေးလေး တရားထိုင်လိုက်သေးသည်။

သူ၏ နောက်ထပ်ပြိုင်ဘက်က မြို့တော်သခင်လေးယောက်ထဲမှ ဂျပုလေးပင် ဖြစ်၏။ ရီယွမ်စင်ပေါ်သို့ တက်လာခဲ့သည်ကို မြင်လိုက်ရသောအခါ ဂျပုက ဆတ်ခနဲ တုန်သွားမိသည်။ ရီယွမ်၏ လက်ထဲတွင် ကိုင်ထားသည်က အုတ်ခဲ တစ်လုံးပင် မဟုတ်ပါလား ။

ပြိုင်ပွဲမစခင် ဂျပုလေးက ရီယွမ်ကို ခပ်သုတ်သုတ်လေး လှမ်းပြောလိုက်သည်။ “ခနနေဦး … ငါမင်းကို ပြောစရာရှိတယ်…”

“အင်း … ထားပါဦး .. ဘာပြောဖို့လဲ….”

ရီယွမ်က ဂျပုလေးကို အံ့သြသင့်စွာ လှမ်းကြည့်လိုက်မိသည်။

ထိုဂျပုလေးက ပါးစပ်အပြည့် တံတွေးတစ်လုပ်ကို မျိုချလိုက်ပြီးနောက် “အဲဒါက … အဲဒါက .. မင်း…မင်းရဲ့လက်နှက်ကို ပြောင်းပေးလို့ရမလား”

“လဲပေးရမယ် … ဟုတ်လား .. ဘာဖြစ်လို့လဲ”

ရီယွမ်က ဂျပုလေးကို နားမလည်သည့် မျက်ဝန်းများနှင့် ကြည့်လိုက်မိသည်။

ဂျပုလေးကတော့ တိတ်ဆိတ်နေဆဲပင် .. သူဆိုလိုချင်သည့် အဓိပ္ပါယ်ကတော့ ရှင်းရှင်းလေးပင် ။ သူ ရှုံးမည်မှန်းသိနေသော်လည်း အုတ်ခဲနဲ့ ထုခံထိပြီးတော့ မရှုံးချင်ပေ။

အုတ်ခဲဖြင့်သာ အထုခံပြီး ရှုံးနိမ့်သွားပါက သူ၏ နာမည်က သုံးစားရတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက ပြိုင်ပွဲမစခင် ညှိနှိုင်းသည့်အနေဖြင့် လက်နှက်ပြောင်းပေးပါဟု တောင်းဆိုခြင်း ဖြစ်သည်။

ထိုကဲ့သို့အိပ်မက်ဆိုးကြီးကို သူတစ်သက်လုံး သယ်ဆောင်မသွားချင်ပေ။

သို့သော် ရီယွမ်က ခေါင်းကိုခါယမ်းလိုက်သည်။

“ငါလက်နှက်ကိုပြောင်းမှာမဟုတ်ဘူး …. ကောင်းကင်ဆူပူခြင်း ချိတ်တံဆိပ်က အတော်လေး ကိုင်လို့ကောင်းတယ်… ငါဒီလက်နှက်ကို တခြားလက်နှက်နဲ့ လဲလိုက်မယ်ဆိုရင် တူဖြစ်ဖြစ် ဘာဖြစ်ဖြစ် အလေးချိန်စီးတာ တစ်ခုခုနဲ့ လဲရမှာပဲ … အဲဒါဆိုရင်လဲ အတူတူပဲလေ”

ရီယွမ်၏ စကားများကို ကြားလိုက်ရသောအခါ ဂျပုလေး၏ ရင်ထဲတွင် ကုလားဘုရား အဆူပေါင်း သိန်းသန်းမကလှည့်သလို တဒိန်းဒိန်း ခုန်သွားကြသည်။

“သေစမ်း … ဒင်းက လူတွေကို နှိပ်စက်ရတာကို သဘောကျနေတာလား”

ဂျပုလေးက ဒေါသအလွန်ထွက်ပြီး ပေါက်ကွဲလာခဲ့သည်။

“ငါမင်းနဲက အသေအကြေတိုက်မယ်”

ဂျပုလေးက သူ၏ ဓါးကောက်ကို ထုတ်ကာ ရီယွမ်ရှိရာသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။

ထိုဂျပုလေးက အရှေ့သို့ တိုးထွက်လာပြီး သူ၏ ပုံရိပ်များက ဝိုးတဝါးအသွင်သို့ ကူးပြောင်းသွားခဲ့သည်။  သူက သူ၏ သိုလှောင်လက်စွပ်ကို အသာပွတ်သပ်လိုက်ပြီး …

“နှစ်ကိုယ့်တစ်စိတ်ကျင့်စဉ်”

ထိုသို့ အော်လိုက်သည်နှင့် ဂျပုလေး၏ ခန္ဓာကိုယ်က နှစ်ခု ကွဲထွက်သွားလေတော့သည်။

“ ဘာကြီးလဲ”

လူအတော်များများ ထိုဖြစ်ရပ်ကြောင့် အံ့သြသင့်သွားကုန်ကြသည်။

“ခန္ဓာကိုယ် တစ်ခုထဲကနေ နှစ်ခုအဖြစ် ပြောင်းလဲသွားတာလား …”

ယခင်က နံပိန်လေးက နောက်ချန်ပုံရိပ်များကို အသုံးချပြီး ပုံရိပ်ယောင်များကို ထုတ်လွှတ်နိုင်ခဲ့သည် ဆိုခြင်းကတော့ လက်ခံပေးလို့ရသည်။ နောက်ချန်ပုံရိပ်များက တကယ်မတည်ရှိသော်လည်း လူတစ်ဦး၏ မျက်ဆံထဲတွင် ပုံရိပ်ယောင်များအဖြစ် ကျန်ရှိနေပြီး ထိုလူ၏ အမြင်အာရုံကို ရှုပ်ထွေးအောင် ပြုလုပ်နိုင်စွမ်းရှိ၏ ။

သို့သော် ယခု… ဂျပုလေး၏ နှစ်ကိုယ့်တစ်စိတ်ကျင့်စဉ်က လူတစ်ယောက်လုံးကို နှစ်ကိုယ်ကွဲထွက်သွားစေခြင်း ဖြစ်သည်။

“ဟမ်”

ရီယွမ်က အနည်းငယ် အံ့သြသင့်သွားသော်လည်း ချက်ချင်း သတိပြန်ဝင်သွားသည်။

ဂျပုလေး၏ ပုံရိပ်ယောင်နှင့် ပုံရိပ်အစစ်က ရီယွမ်က ဘယ်တစ်ဖက်ညာတစ်ဖက် ညှပ်၍ တိုက်ခိုက်လိုက်ကြသည်။

ဝိညာဉ်ထောင့်ဖြတ်ခုတ်ချက်!

မှိန်ဖျော့ဖျော့ ဓါးရောင်များ လင်းလက်သွားကြသည်။ သို့သော် ထိုအချိန်တွင် ရီယွမ်က သွက်လက်စွာ လှုပ်ရှားလိုက်ပြီး ဂျပုလေးနှင့် သူ၏ ပုံရိပ်ယောင်ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ရီယွမ်က အုတ်ခဲကို ကိုင်မြှောက်လိုက်ပြန်သည်။

ဒုတ် … ဒုတ် …

ထူးခြားဆန်းပြားသော ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး ရီယွမ်က အုတ်ခဲဖြင့် နှစ်ချက်ထုချလိုက်သည်။ ဂျပုအဖို့ ရှောင်တိမ်းရန် လမ်း မရှိတော့ပေ ။

ဓါးလှိုင်းနှစ်ချက်က ရီယွမ်ဆီသို့လွင့်ပျံ့လာသော်လည်း ဂျပုလေး၏ ပုံရိပ်ယောင်မှ ဓါးလှိုင်းများက ရီယွမ်အုတ်ခဲ၏ တားဆီးပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။

“ ဝုန်း “

ဂျပုလေးက မြေပေါ်သို့ ပြင်းထန်စွာလဲကျသွားပြီး သူ၏ ကိုယ်ပွားကလဲ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

လူအများက ထိုအရာက ပုံရိပ်ယောင်သက်သက် မဟုတ်ဘူးဆိုတာကို နားလည်သွားလိုက်သည်။

သိုင်းပညာ အဆင့်မြင့်သူများကတော့ ကိုယ်ပွားများကို ခွဲထုတ်နိုင်စွမ်းရှိသော်လည်း ဂျပုလေးက ထိုအဆင့်သို့ မရောက်ရှိသေးပေ ။

သူ ကိုယ်ပွားဟုခေါ်ဆိုသည့်အရာမှာ သူ၏ ရုပ်သေးတစ်ရုပ်သာ ဖြစ်သည်။ သူ၏ ကိုယ်ပွားကို ထုတ်လွှတ်စဉ်ကတည်းက သူ၏ ယွမ်ချီများကို အပြည့်အဝ ထည့်သွင်းထားခဲ့သည်။ သူ၏ အရှိန်နှင့် နောက်ချန်ပုံရိပ်များကို အသုံးပြုပြီး သူ၏ ကိုယ်ပွားပုံရိပ်ကို ဖန်တီးနိုင်ခဲ့သည်။

သို့သော် ထိုနည်းလမ်းက ကောင်းကင်မျက်လုံးပိုင်ဆိုင်ထားသော ရီယွမ်အတွက်တော့ အလုပ်မဖြစ်ပေ ။ ရီယွမ်က တစ်ချက်လှည့်ကြည့်လိုက်ရုံနှင့် အတုအစစ်ကို ခွဲခြားနိုင်နေပြီ ဖြစ်၏။

ဂျပုလေးသည်လည်း အခြားသူများကဲ့သို့ပင် ရီယွမ်လက်ချက်နှင့် အုတ်ခဲစာ မိသွားခဲ့ပြီ ဖြစ်၏။

ထိုအချက်ကို ကြည့်ခြင်းဖြင့် မည်သူမှ ရီယွမ်၏ အုတ်ခဲကျိန်စာဆိုးမှ မလွတ်မြောက်နိုင်ကြပေ၊ ရီယွမ်လက်ထဲတွင်ကိုင်ထားသော အုတ်ခဲက ဟောင်ဒုန်အဖွဲ့အစည်းမှ သိုင်းလူငယ်များအတွက်တော့ ခြောက်ခြားစရာ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်သည်။

အုတ်ခဲတစ်လုံး … ခေါင်းတွင်ဘုတစ်လုံး ထသွားလိမ့်မည် … အဘယ်သူက မကြောက်ရွံ့ပဲ နေနိုင်လိမ့်မည်နည်း ။

ဟောင်ဒုန်အဖွဲ့အစည်းမှ ရီယွမ်ကို တစ်လှည့် ၊ လက်ထဲက အုတ်ခဲကို တစ်လှည့်ငေးကြည့်ရင်း သူတို့အလှည့် ရောက်လာတော့မည်ကိုပင် စိုးရိမ်နေမိကြသည။်

သူတို့အားလုံး ပြိုင်ပွဲရလာဒ်များကို ကြိုသိနေပြီးသားပင်။ သူတို့၏ ခေါင်းကို ထိုးပေးပြီး သူတို့ကို ရိုက်လှည့်ပါဟု ဆိုနေရခြင်းလောက် အဘယ်အရာက ပိုပြီး နာကျင်စေနိုင်လိမ့်မည်နည်း။

ထိုအချိန်တွင် ဟောင်ဒုန်အဖွဲ့အစည်းမှ အဖွဲ့ဝင်များကတော့ မီးခဲဖင်ခုထိုင်ထားမိသလို ခံစားနေရသည်။

လူငယ်တစ်ယောက်က အံကြိတ်လိုက်ပြီး “ ကြည့်ရတာ အဲဒီကလေးက ထူးခြားတဲ့ ကျင့်စဉ်တစ်မျိုးကို လေ့ကျင့်ထားတာပဲ ဖြစ်ရမယ် .. ကျွန်တော်တို့ အရူးလုပ်ခံရတာ .. သူ့ကိုယ်သူ အားနည်းချင်ယောင်ဆောင်ပြီး ကျွန်တော်တို့ကို အုတ်ခဲလေးတစ်လုံးကိုင်ပြီးတော့ တိုက်ခိုက်တော့ …”

ထိုလူငယ်၏ စကားလုံးများက လူအများကို စိတ်အားတက်ကြွသွားစေသည်။

ထိုလူငယ်၏ စကားက သူတို့လို ရေထဲတွင် စုန်းစုန်းမြုပ်နေသော လူများအတွက်တော့ ကောက်ရိုးတစ်မျှင်ပမာပင် …

သို့သော် အချို့သူများက သံသယမကင်းသော လေသံဖြင့် … “ မဖြစ်နိုင်ဘူး … သူ့ရဲ့နဂိုမူလလက်နှက်က ဓါးမော့ပဲ …. သူအဲဒါကိုပဲ ရွေးရမယ်ပေါ့ … မဟုတ်လား …”

ထိုမေးခွန်းများကို ကြားလိုက်ရသောအခါ စောနက လူငယ်က အကြောက်အကန် ငြင်းဆန်လိုက်သည်။ “သူ့ကိုမယုံကြနဲ့ .. ရီယွမ် ဓါးမော့ကို ကိုင်ပြီးတိုက်တာ မင်းတို့ ဘယ်နှစ်ခါ မြင်ဖူးလို့လဲ .. ဒီမြို့တော်ကို စရောက်ကတည်းက သူတစ်ချိန်လုံး … တစ်ချိန်လုံး … ဆေးပင်ခူးနေတာပဲ မဟုတ်လား … ငါတို့နဲ့လည်း တစ်ခါမှ မတိုက်ခိုက်ဖူးဘူး … သူဘယ်သိုင်းတွေလေ့ကျင့်ထားတယ်ဆိုတာလဲ .. ငါတို့မှ မသိကြတာ”

“ ငါကတော့ ၇၀% သေချာတယ် … ရီယွမ်က လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းကျမ်းတစ်ခုခုကို ကောက်ရထားတာ ဖြစ်ရမယ် … ပြီးတော့ အဲဒီသိုင်းကျမ်းက အုတ်ခဲနဲ့ပဲ တွဲပြီးသုံးရမယ့် သိုင်းကျမ်းတစ်ခု ဖြစ်ရမယ်။ ငါတို့ ဒီကမ္ဘာကြီးထဲမှာ အုတ်ခဲ ကျင့်စဉ်ကို ဘယ်သူကများ ကြားဖူးလို့လဲ…အဲဒါကို ရယ်စရာလို့မထင်ကြနဲ့ ဦး .. သေသေချာချာ စဉ်းစားကျိ ၊ ကမ္ဘာပေါ်မှာ လက်နှက်အမျိုးမျိုးနဲ့ တွဲဖက်သုံးလို့ရတဲ့ ကျင့်စဉ်တွေအများကြီးပဲ .. အဲဒီထဲက တစ်ခုက အုတ်ခဲကို အဓိက လက်နှက်အဖြစ် အသုံးပြုလို့ရချင်ရနိုင်နေမှာ …”

လူငယ်အားလုံးက သူတို့၏ ထင်မြင်ယူဆချက်များကို အသီးသီး စတင်ဆွေးနွေးလိုက်ကြသည်။

လူအများက တစ်ခုခုကို တွေးတောမိလိုက်ကြသည် ။ “ ခနနေဦး … မင်းပြောတာ ဖြစ်နိုင်တယ် .. မနက်က ဒီကောင် သိုင်းပြိုင်ကွင်းကိုလာတုန်းက အေးအေးဆေးဆေးပဲ .. လူအများကြီး သူ့ကို သမချင်နေတာ သူသိသိကြီးနဲ့ အဲဒီလို အချိုးမျိုးချိုးနိုင်တာ ဒီကောင့်မှာ ဝှက်ဖဲ တစ်ခုခု ရှိကို ရှိရမယ်”

လူအများက ရီယွမ်၏ လျှို့ဝှက်ချက်ကို သူတို့မြင်နိုင်သည့်ပမာ တစ်ယောက်တစ်ပေါက် ဆွေးနွှေးပြောဆိုနေကြသည်။

နောက်ဆုံးတွင် ဟောင်ဒုန်အဖွဲ့အစည်းမှ သိုင်းသမားများသိလိုက်ရသည် တစ်ခုက သူတို့အားလုံး ရီယွမ်၏ လှည့်စားခြင်းကို ခံလိုက်ရပြီ ဟူ၍ပင်…

“အဲဒီ အမျိုးယုတ်လေး”

သို့သော် လက်ရှိ ပြသနာတစ်ရပ်က ရီယွမ်က လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းပညာတစ်ခုကိုသုံးပြီး သူတို့ကို အနိုင်ယူခဲ့သည် ဆိုလျှင်တောင် သူတို့အဘယ်သို့ တဖန်ပြန်လည် အနိုင်ယူနိုင်မည်နည်း ။

ခွန်အားခြင်းကွာဟချက်က သိသာလွန်းလှသည်။ သူတို့စင်ပေါ်သို့တက်လိုက်သည်နှင့် ကန်ချခံလိုက်ရမည်က မလွဲမသွေပင်။

“ အစ်ကို … သူ့လက်ထဲက အုတ်ခဲကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းနှစ်မျိုးပဲရှိတယ် … တစ်ခုက အဲဒီ အုတ်ခဲရဲ့လှည့်စားတာ မခံမိစေနဲ့ .. အဲဒီ အုတ်ခဲက သူ့ရဲ့လက်ထဲမှာဆိုရင် နတ်ဆိုးတစ်ကောင်လိုပဲ …”

အချို့ကလည်း သုံးသပ်ချက် အမျိုးမျိုးပေးနေကြသည်။

လူငယ်တစ်ယောက်လည်း “ ကောင်းပြီလေ ..အဲဒါဆိုရင် အဲဒီအုတ်ခဲကို ဓါးတစ်ချောင်းလို့သဘောထားကြတာပေါ့ … ဓါးသမားတစ်ယောက်ရဲ့ စကားအတိုင်းပြောရမယ်ဆိုရင် ဓါးနဲ့လူ တစ်သားတည်း ဖြစ်သွားတဲ့ ဓါးသမားတွေက ကြောက်စရာအကောင်းဆုံးပဲ…. သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဓါးတစ်ချောင်းလိုမျိုး အသုံးချနိုင်တယ် … ဓါးကလူ .. လူကဓါး … အဲဒီလိုမျိုး”

“အဲဒီရီယွမ်ဆိုတဲ့ကောင်က အုတ်ခဲနဲ့လူနဲ့ တစ်သားတည်း .. လူက အုတ်ခဲ … အုတ်ခဲကလူ .. အဲဒီလိုမျိုး အဆင့်ထိ ရောက်နေတာပဲ ဖြစ်ရမယ်”

“အိုး … လူနဲ့အုတ်ခဲ တစ်သားတည်း … တော်တော် အစွမ်းထက်မှာပဲ .. အဲဒါ ဖြစ်နိုင်တယ် …”

ရီယွမ်က  ထိုအဆင့်ထိ ရောက်နေမှန်း သူတို့ဘာသာ သူတို့ ကောက်ချက်ချလိုက်ပြီးသောအခါတွင်တော့ ဟောင်ဒုန်အဖွဲ့အစည်းမှ လူငယ်များ သေချင်စော်နံသွားကြသည်။

သူတို့အားလုံး ကိုယ်ပိုင်လက်နှက်ကိုယ်စီရှိကြသော်လည်း မည်သူမျှ လက်နှက်နှင့် တစ်သားတည်းဖြစ်သည့်အဆင့်သို့ မရောက်ရှိနိုင်ကြသေးပေ …

“ငါအလကား ပြောနေတာ မဟုတ်ဘူး … အဲဒီအဆင့်ရောက်နေတဲ့ ဓါးသမားတွေကို ငါတွေ့ဖူးတယ် … သူတို့ဓါးတစ်ချက်နဲ့တင် … ရန်သူကို အမြစ်ဖြတ်သုတ်သင်နိုင်တယ် … ဒါပေမယ့် အပေါ်ယံအကဲခတ်ကြည့်ရင်တော့ မင်းတို့ဘာမှ သိရမှာ မဟုတ်ဘူး …”

“ အခု ရီယွမ်လည်း အဲဒီအတိုင်းပဲ …သူ့ရဲ့ အုတ်ခဲရိုက်ချက်က ကြည့်ရတာ ရိုးရိုးလေးဆိုပေမယ့် … သူ့ရဲ့ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိတယ် … သူ့ရဲ့ သိုင်းအဆင့်က ..

“အုတ်ခဲသည်လူ .. လူသည် အုတ်ခဲ အဆင့်ထိ ရောက်နေပြီ မဟုတ်လား”

Continue Reading

You'll Also Like

136K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
247K 7.3K 59
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
250K 10.5K 26
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
281K 38.8K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း