C-219

139 21 0
                                    

အခန်း ၂၁၉

“စန့်ယွမ်၏ ယူကြုံးမရ ဖြစ်ခြင်း”

စန့်ယွမ်က နတ်ဘုရားဒေသ စင်ပေါ်မှ နေ၍ ရီယွမ်ကို ရည်ရွယ်ချက်ရှိရှိ စိန်ခေါ်လိုက်သည်။ ရီယွမ်က မတ်တပ်ထရပ်လိုက်က စားပွဲပေါ်မှ အုတ်ခဲကို ကောက်ကိုင်လိုက်သည်။

အနီးရှိ သိုင်းသမားများ၏ မျက်ဝန်းများ အထဲသို့ ကျုံ့ဝင်သွားကြသည်။

“ရီယွမ်က အုတ်ခဲကို စင်ပေါ်နောက်တစ်ခါ ယူသွားဦးမလို့လား”

ဖန်ဟိုင်ကို အုတ်ခဲနဲ့ထုသလိုမျိုး စန့်ယွမ်ကို ထပ်ထုဦးမလို့လား။ စန့်ယွမ်က ယခုတစ်ခါတွင် သေသေချာချာ ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ရာ ဖန်ဟိုင်လိုမျိုး ထပ်ဖြစ်တော့မည် မဟုတ်ပေ။

“အဲဒီ ရီယွမ်ဆိုတဲ့ကောင်က တော်တော် လူပါးဝလွန်းတယ်။ သူသန်မာတယ်ဆိုပေမယ့် ပြိုင်ဖက်ကိုတော့ အဲဒီလောက်ထိ အထင်မသေးသင့်ဘူး။ ဖန်ဟိုင်နဲ့တုန်းက ဟိုက ဘာမှ မပြင်ဆင်ထားခဲ့ရပဲ သူ့ကိုလျှော့တွက်ခဲ့လို့ သူအုတ်ခဲနဲ့ ထုနိုင်ပေမယ့် အခု စန့်ယွမ်ကတော့ အကုန်ပြင်ဆင်ထားတယ် … သူလွယ်လွယ်နဲ့ နိုင်မှာမှ မဟုတ်တာ”

အုတ်ခဲက မာကြောတဲ့ လက်နှက်တစ်ခုဖြစ်ပေမယ့် ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ လက်နှက်တစ်ခုမှ မဟုတ်တာ၊ သူ့ရဲ့ ဓါးမော့ကို ထုတ်သုံးသင့်တယ်”

လူအများက တစ်ယောက်တစ်ပေါက် ဝေဖန်ပြောဆိုနေကြဆဲပင် ၊ ရီယွမ်ကတော့ ထိုအချိန်တွင် အုတ်ခဲကို စွဲကာ စင်မြင့်ပေါ်သို့ တက်သွားလိုက်ပြီ ဖြစ်သည်။

စန့်ယွမ်က ရီယွမ်လက်ထဲရှိ အုတ်ခဲကို တွေ့လိုက်သောအခါ ခပ်သဲ့သဲ့လေး ရယ်မောလိုက်မိသည်။ “မင်းက ငါ့ကို အရင်အကွက်ဟောင်းနဲ့ပဲ ထပ်တိုက်ဦးမလို့လား … ဟားဟား … အိပ်မက် မက်မနေနဲ့”

စန့်ယွမ်က ထိုသို့ပြောနေစဉ်တွင် သူ၏ ခြေနှစ်ဖက်က အနည်းငယ်စီ လှုပ်ရှားသွားခဲ့သည်။

စန့်ယွမ်၏ ခြေလှမ်းများက ထူးဆန်းသည်။ အလွန်နှေးကွေးသည်ဟု ထင်ရသော်လည်း သူလှုပ်ရှားလိုက်သည်နှင့် သူ၏ ခြေထောက်များကိုပင် သဲကွဲစွာ မြင်နိုင်ရန် ခက်ခဲသွားခဲ့သည်။

True Martial World (BOOK 15-16) Wo Geschichten leben. Entdecke jetzt