C-213

158 23 0
                                    

အခန်း ၂၁၃

ရီယွမ်က ဆေးပင်ခူးသည့်စံချိန်ကို ချိုးလိုက်နိုင်ကတည်းက သူ့အတွက်သာယာသောဘဝတစ်ခုဖြင့် ငွေကြေးကိစ္စပူပင်စရာမလိုပဲ အေးအေးဆေးဆေး နေနိုင်သည် ။ သို့သော် အမှတ်၆၀ ဆေးပင်တောင်ရှိရာသို့ ဆေးပင်ခူးရန်နှင့် တိုင်အီဝိညာဉ်ကျင့်စဉ်ကို လေ့ကျင့်ရန် သူအမြဲသွားရောက်နေဆဲပင် ။

ရီယွမ်က သူ၏ ဆယ့်သုံးနှစ်မြောက်မွေးနေ့ကို ထိုအချိန်အတွင်း ကျော်ဖြတ်ခဲ့သည် ။ သူ၏ ကလေးဆန်ဆန်မျက်နှာလေးက ကျန်ရှိနေဆဲပင် ဖြစ်သော်လည်း အချိန်ကာလတစ်ခုအထိ သိုင်းပညာလေ့ကျင့်ခဲ့ခြင်းကြောင့် ရီယွမ်၏ ခန္ဓာကိုယ်က အနည်းငယ် ကြီးထွားဖွံ့ဖြိုး လာခဲ့သည် ။ ရီယွမ်က ယခုအခါဆိုလျှင် ခန့်ငြားတင့်တယ်သော လုလင်ပျိုလေးတစ်ဦး ဖြစ်နေချေပြီ ။

လူသစ်တန်း သင်တန်းယှဉ်ပြိုင်ရန်အတွက် ဆယ်ရက်ခန့်မျှ လိုသေးသည် ။ ရီယွမ်က သူ၏ နေရောင်ခြည် ယန်စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဖြစ်၏ ။ ထို့ပြင် တိုင်အီဝိညာဉ်ကျင့်စဉ် ပထမအဆင့်၏ အခြေခံကိုလည်း သူခိုင်မာအောင် အုတ်မြစ်ချနိုင်ခဲ့ပြီ ဖြစ်၏ ။

"ရီယွမ် လူသစ်တန်းသိုင်းပြိုင်ပွဲရဲ့ အမှတ်စဉ်တွေ ထွက်လာပြီးနော်"

ညစာစားချိန်တွင် စုန့်ဇီဂျွန်နှင့်ကျိုးခိုင်တို့ သူရှိရာသို့ လာခဲ့လိုက်ကြသည် ။

ရီယွမ် နှင့် သူတို့နှစ်ယောက်လုံးက တစ်နယ်စီထဲမှ လာခဲ့ကြသည့်အပြင် ချင်ထိပ်ပြောင်ကြီး၏ အုပ်ထိန်းမှုအောက်တွင် အတူရှိခဲ့ကြသည် ။ ကျိုးခိုင်နှင့် ရီယွမမ်တို့ ယခင်က ပြိုင်ဆိုင်မှုကိုယ်စီရှိခဲ့ကြသော်လည်း ထိုအရာများက အတိတ်တွင်ကျန်ရစ်ခဲ့ကြပြီ ဖြစ်၏ ။

ဟောင်ဒုန်အဖွဲ့အစည်းက ရီယွမ်အပေါ် ရန်ငြိုးထားနေသည့်ကိစ္စကို ကျိုးခိုင်က သူ့အပြစ်မကင်းသလို ခံစားနေရသည် ။ ထို့ပြင် လူသစ်တန်းပြိုင်ပွဲ အမှတ်စဉ်များပေါ်ထွက်လာခဲ့ပြီ ဖြစ်ရာ သူတို့အားလုံး တစ်သင်းထဲ ဖြစ်ကြသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ကူညီဖေးမရမည်ပင် ဖြစ်သည် ။

True Martial World (BOOK 15-16) Where stories live. Discover now