Drifting Into Silent Darkness...

sawfranklin द्वारा

4.7K 452 72

Synopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral... अधिक

Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
𝔸𝕟𝕟𝕠𝕦𝕟𝕔𝕖𝕞𝕖𝕟𝕥

Chapter 4

220 31 9
sawfranklin द्वारा

(Unicode)
*********

Leon လည်း ထိုကောင်လေးနား တဖြည်းဖြည်း ကပ်သွားလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်

"ဟေး! "

တစ်ဖက်က ဘာတစ်ခွန်းမှ ပြန်မပြောချေ

"ဟေး! ပထမဆုံးအနေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်
ဒါနဲ့​လေ အခု ငါ့စိတ်ထဲမှာ တစ်ခုခု မတင်မကျဖြစ်နေလို့ ဒီဟာက ငါ အိပ်မက်မက်နေတာမလား "

"အဟက် ဟုတ်ချင်လည်းဟုတ်မှာပေါ့ "

ဟု ဆိုကာ ထိုင်နေရာက ထသွားပြီး တစ်နေရာသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွားသည်

"အား !!! မဟုတ်သေးဘူး leon ဒါက အိပ်မက်မက်နေတာ အဖိုးရဲ့ ထူးဆန်းတဲ့စာတွေဖတ်ပြီး
စိတ်ထဲစွဲနေတာ! ငါ ဒီအိပ်မက်ကနေ နိုးမှ ဖြစ်မယ်
အာ ငါ့ကိုယ်ငါ ဘယ်လိုနှိုးရပါ့မလဲ !
ဟိုတစ်ကောင်ကလည်း မြန်လိုက်တာဆိုတာ! သူ့ကို ကူညီခိုင်းမှပဲ ဖြစ်တော့မယ်ထင်တယ် "

ပန်းပင်တွေဝေဝေဆါဆာစိုက်ပျိူးထားတဲ့ ရောင်စုံပန်းခင်းကြီးအလယ်၌ ကောင်လေးတစ်ယောက်
ပန်းပင်လေးများအား လက်ဖြင့်သပ်ကာ သီချင်းလေးညည်းနေလေသည်

ထိုစဥ်

"ဟောဟဲ ဟောဟဲ "

အဝေးကြီး ပြေးလာရသဖြင့် မောဟိုက်နေသော လီယွန်အား
မော့ကြည့်လိုက်ပြီး

"မင်း ဘာလို့ ငါ့နောက်လိုက်လာတာလဲ "

"ငါ့ကို သတ်ပေးပါ ! "

"ဟမ်! !!(နားမလည်နိုင်သော အကြည့်ဖြင့်) "

"​ပြောနေတာ မကြားဘူးလား ငါ့ကို သတ်ပေးလို့
ငါ ဒီအိပ်မက်က နိုးထလာဖို့လိုတယ် "

"Hkhk !! မင်းကို သတ်လိုက်တာနဲ့ အိပ်မက်က
နိုးလာမယ်လို့ ဘယ်သူပြောလို့တုန်း "

"သာမန်အားဖြင့် အိပ်မက်တွေမှာက အထိတ်တလန့်ဖြစ်တဲ့
အချိန်တွေဆို လန့်နိုးလာတတ်ကြတယ်လေ
အဲ့တာကြောင့် တကယ်လို့ မင်းသာ ငါ့ကို သတ်ဖို့ကြိုးစားမယ်ဆိုရင် ငါ့ရဲ့ကြောက်စိတ်ကြောင့်
အိပ်မက်က နိုးလာနိုင်မလားလို့ "

"Hkhk ! ! အဲ့တာဆိုရင်တော့ မင်း တခြားတစ်ယောက်ကို သွားရှာလိုက်တာ ပိုကောင်းလိမ့်မယ် "

ပန်းခင်းထဲမှ ရုတ်တရက် ထလိုက်ကာ တစ်နေရာရာသို့
သွားရန်ပြင်နေစဥ် leon မှ လက်ကို လှမ်းဆွဲလိုက်ပြီး

"ကဲ ပြောပါဦး! ဘယ်က တခြားတစ်ယောက်ကို ငါက
သွားရှာရမှာတုန်း ဒီလို ရူးချင်စရာကောင်းတဲ့နေရာကြီးမှာ
လူဆိုလို့ ငါနဲ့မင်းနဲ့ နှစ်ယောက်ထဲ ရှိတာကို "

"အဲ့တာကတော့ မင်းကိစွလေ ငါနဲ့ဆိုင်လို့လား "

" ဆိုင်ဆိုင် မဆိုင်ဆိုင်လေ မင်းလုပ်ပေးရမှာက ငါ့ကို
သတ်ပေးဖို့လေးပဲ အဲ့တာက ဘာ​တွေများခက်ခဲနေလို့လဲ
တကယ်လည်း အပြင်မှာ သေ သွားမှာမှမဟုတ်တာ အဲ့တာတွေအပြင်
မင်း ဆိုတာကလည်း ငါဖန်တီးထားတဲ့ ငါ့အိပ်မက်ထဲက စိတ်ကူးယဥ် ဇာတ်ကောင်တစ်ကောင်ပဲ အဲ့တာကြောင့်
မင်း ငါ့ အမိန့်ကို နာခံရမယ် "

" hahahaha !!! မင်းက ဒီနေရာအ​ကြောင်း ဘာမှမသိဘူးပဲ မသိရင်လည်း မသိသလိုပဲ နေလိုက်ပါလား
လူသစ်လေးရဲ့ နောက်ပြီး
ဘာ! ငါကပဲ မင်း အမိန့်ကို နာခံရဦးမယ် ဒီမှာ အဲ့လောက်ထိ
တောင် သေချင်နေရင်လည်း ကိုယ့်ကိုယ်ကိုသာ သတ်သေလိုက် နောက်ပြီး သိထားဖို့က ဒီ​နေရာက အိပ်မက်တစ်ခု လုံးဝမဟုတ်ဘူးကွ သဘောပေါက်လား "

သူ့ကို ဆွဲထားသော leon ၏ လက်များကို ရိုက်ချလိုက်ပြီး
ဟိုဖက်သို့ လှည့်လိုက်စဥ်မှာတင်

"ဟေ့ နေဦး "

Leon ၏ လက်က ဆွဲမိဆွဲရာ အကျိီစကို ဆွဲမိကာ
အောက်က ပန်းပင်တွေနှင့် ခလုတ်တိုက်ပြီး ထိုသူ၏ ခနွာကိုယ်​ပေါ်သို့ ချော်လဲမိတော့သည်

နှုတ်ခမ်းချင်းမှာလည်း ထိလုနီးပါးပင်ဖြစ်၍
အချိန်အတော်ကြာ တစ်ယောက်မျက်နှာ တစ်ယောက်စိုက်ကြည့်ကာ ပြောဖို့စကားလုံးများပင်
ဆွံ့အနေကြသည်

ထို့နောက် ထိုသူက သူ့ပေါ် ဖိထားသော leon ၏ ခနွာကိုယ်ကို တွန်းထုတ်လိုက်ပြီး ရှိုးတိုးရှန့်တန့်ဖြင့်
မတ်တပ် ထရပ်လိုက်သည်

" ကောင်းပြီလေ ငါ မင်းကို ကူညီပေးနိုင်လောက်မယ်ထင်ပါတယ် တခြားနည်းလမ်းနဲ့ပေါ့ "

"အာ အိုကေ ဒါနဲ့လေ ဟိုဟာ ငါ့နာမည်က leon ပါ "

" ငါက Jake ပါ !
မင်း အခု ချက်ချင်းထပြီး ငါ့နဲ့ တစ်နေရာ လိုက်ခဲ့ရလိမ့်မယ် "

France
Paris
-------------
အင်မတန်မှကို ခမ်းနားကြီးကျယ်လှပြီး ရွှေရောင် တလက်လက်တောက်ပနေတဲ့ ကမွာကျော် အီဖယ်မျှော်စင် ကြီး အောက်၌

"ဝါး! !!! မိုက်လိုက်တာ ဘယ်လိုတောင်လားပဲ ဟေး Jake !
မင်း ဘယ်လိုလုပ်လိုက်တာလဲ "

"ဟင် ဘာကို! !"

"ဒီ နေရာကို ရောက်လာအောင်လေ မင်း ဘယ်လိုများလုပ်လိုက်တာလဲလို့ "

"အဟက် မင်း မေးလိမ့်မယ်လို့တော့ ထင်သား! ပထမဆုံးအနေနဲ့
မင်းသိထားရမှာတစ်ခုက ဒါက လုံးဝ အိပ်မက်မဟုတ်ဘူး
စောစောက မင်းရောက်လာခဲ့တဲ့ မြက်ခင်းပြင်ကြီးကို စိတ်အာကာသဟင်းလင်းပြင် (astral plane) လို့ခေါ်တယ် အခု ဒီနေရာမှာ ရှိနေတဲ့ မင်းက မင်းရဲ့ စိတ်သက်သက်ပဲ မင်းခနွာကိုယ်အခွံ​ကြီးကတော့ အိမ်မှာ
ကျန်နေ ခဲ့ပြီ ရှင်းအောင်ပြောရရင်တော့ မင်းက
အခု ဝိညာဥ်လွှင့််ထားတာပဲ ဝိညာဥ်ခနွာကိုယ်သက်သက်ပဲ
ဖြစိနေတာကြောင့် ငါတို့ စိတ်တွေက သွားချင်တဲ့နေရာ
သွားလို့ရနေတာ "

"အမ် မင်းပြောနေတာတွေကို ငါ ဘာတစ်ခုမှ နားမလည်တော့ဘူး ငါ့အဖိုးလည်း သူ့စာအုပ်ထဲမှာ
မင်းပြောတဲ့ အဲ့ ဝိညာဥ်လွှင့်တာ ဆိုလား အဲ့ အကြောင်း
တွေ ရေးထားတာတော့ တွေ့တယ် "

" ok ထားပါတော့ အခု မျှော်စင်ပေါ်တက်ရအောင် "

" အင်း ဒါနဲ့လေ jake မင်းက ဘယ်သူလဲ ဘာလို့ ဒီအကြောင်းတွေ အများကြီး သိနေရတာလဲ "

" အား shit ! မင်းတကယ်ပဲ သိဖို့ လိုအပ်လို့လား တော်တော်စပ်စုတဲ့ကောင်ပဲ "

"အင်း ဘာမှမဟုတ်တော့ပါဘူးလေ ငါ မသိချင်တော့ပါဘူး
ဘာပဲပြောပြော ဒါက အိပ်မက်သက်သက်ပဲကို "

ဤသို့ဖြင့် စကားတပြောပြောနှင့် မျှော်စင်ထိပ်သို့ ရောက်သောအခါ

" ဘာ! !!!!!!!! ငါက ဒီပေါ်က ခုန်ချရမှာလား "

" အင်းလေ မင်းပဲ အထိတ်တလန့်ဖြစ်ပြီး အိပ်မက်က နိုးချင်တယ်ဆို :") "

" အင်း ဒါပေမဲ့ ငါက အမြင့်ကြောက်တယ်ဟ "

" အဲ့တော့လည်း ပိုတောင်ကောင်းသေးတာပေါ့
မင်းရဲ့ ပင်ကို အမြင့်​ကြောက်စိတ်က
အိပ်မက်က လန့်နိုးဖို့ တော်တော်အ​ထောက်အကူ ဖြစ်လောက်တယ်
မင်း ခုန်မချရဲရင်လည်း ငါကန်ချပေးရမလား :") "

" ရတယ် နေ နေ
ဒါနဲ့ ငါ သေတော့မသေလောက်ပါဘူးနော် "

"ဟင် ခုနကပဲပြောတော့ သတ်ပေးပါဆို :") "

" မဟုတ်ဘူးလေကွာ အဲ့တာက စကားအဖြစ် "

"Hahah ဘာမှကြောက်မနေနဲ့ ငါ ခုနကပြောခဲ့သလိုပဲ
ဒီကို ရောက်နေတာက မင်း စိတ်ပဲ ဖြစ်နေတာကြောင့်
ဘာမှ ဖြစ်မှာမဟုတ်ပါဘူးဟ အဆင်ပြေမှာပါ ငါ့ကို ယုံ "

" okay!"

Leon တစ်ယောက် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး
မျက်လုံးကို မှိတ်ထားလိုက်သည်

ထို့နောက်

" ဝုန်း! !!! "

"အားးးးးးးး! !!!!!!!"

" ဒေါက် ဒေါက် ဒေါက် (တံခါးခေါက်သံ)
Leon သား ဘာဖြစ်တာလဲ အဆင်ပြေရဲ့လား "

"ဟုတ် အဆင်ပြေတယ် အမေ သား အိပ်မက်ဆိုးတွေမက်နေတာပါ "

" အင်း သား ရေတစ်ခွက်လောက် သောက်ပြီး ဘာမှမတွေးဘဲ ပြန်အိပ်လိုက်တော့နော် ကြားလား "

"ဟုတ် အမေ! ! "

"Hahah ထင်တဲ့အတိုင်းပဲ အိပ်မက်ဖြစ်နေတာကိုး! !
ကဲ ကဲ ပြန်အိပ်ဦးမှပါပဲ အခုမှ မနက် ၂ နာရီခွဲပဲ ရှိသေးတယ်"

သို့သော်လည်း သူ့ခေါင်းထဲတွင် နေရာယူထားတဲ့ Jake ၏ ပုံရိပ်များကြောင့် leon တစ်ယောက် ထိုညက အိပ်မပျော်ခဲ့ပေ........

______________________________________

(Zawgyi)
*********

"ဟေး! "






ပန်းပင်တွေဝေဝေဆါဆာစိုက်ပျိုးထားတဲ့ ရောင်စုံပန်းခင်းကြီးအလယ်၌ ကောင်လေးတစ်ယောက်

ထိုစဉ်

"ဟောဟဲ ဟောဟဲ "

မော့ကြည့်လိုက်ပြီး


"ငါ့ကို သတ်ပေးပါ ! "












"ဟေ့ နေဦး "

Leon ၏ လက်က ဆွဲမိဆွဲရာ အကျီစကို ဆွဲမိကာ

ဆွံ့အနေကြသည်

မတ်တပ် ထရပ်လိုက်သည်



" ငါက Jake ပါ !

France
Paris
-------------


"ဟင် ဘာကို! !"


အခု ဝိညာဉ်လွှင့်ထားတာပဲ ဝိညာဉ်ခနွာကိုယ်သက်သက်ပဲ
သွားလို့ရနေတာ "











" ရတယ် နေ နေ




" okay!"


ထို့နောက်

" ဝုန်း! !!! "

"အားးးးးးးး! !!!!!!!"




"ဟုတ် အမေ! ! "



______________________________________

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

Burn Marks Icecold101 द्वारा

रहस्य / थ्रिलर

5K 234 7
My TikTok - E.writer🖤 (whteverwhnever) I've just started the Hierarchy Kdrama And I love it !! ( I will definitely be editing this story a lot se...
105K 3.5K 57
𝐒𝐂𝐇𝐎𝐎𝐋 𝐁𝐔𝐒 𝐆𝐑𝐀𝐕𝐄𝐘𝐀𝐑𝐃 "𝚝𝚑𝚎 𝚋𝚎𝚜𝚝 𝚠𝚊𝚢 𝚝𝚘 𝚐𝚘, 𝚒𝚜 𝚒𝚗 𝚜𝚝𝚢𝚕𝚎. 𝚆𝚑𝚊𝚝𝚜 𝚖𝚘𝚛𝚎 𝚜𝚝𝚢𝚕𝚒𝚜𝚑 𝚝𝚑𝚊𝚗 𝚊 𝚖𝚘𝚝...
615K 8K 32
Lost, Lose (Loose Trilogy #1) She's a girl of hope, Lisianthus Yvonne Vezina. A teen-year-old girl who focused on her goal... to strive. But everyth...
94.9K 3.4K 56
After his first year at the Advanced Nurturing High School, Fukazawa Yato is about to start his second year as a student. With a better understanding...