Drifting Into Silent Darkness...

By sawfranklin

4.7K 452 72

Synopsis - Leonardo "Leon" Willkinson,an overthinking and free spirited boy unexpectedly found out his astral... More

Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
𝔸𝕟𝕟𝕠𝕦𝕟𝕔𝕖𝕞𝕖𝕟𝕥

Chapter 3

224 32 1
By sawfranklin

(Unicode)

Uhh!!!!!

Leon တစ်ယောက် မယုံကြည်နိုင်သော မျက်လုံးများနဲ့
စာအုပ်ကို ကြည့်ပြီး အချိန်အတော်ကြာတွေးနေမိတယ်

"ဘာလို့ အဖိုးနာမည်က ငါ့နာမည်နဲ့ တထေရာထဲ လာတူနေတာပါလိမ့်!
First name တူတယ်ဆိုလည်း ထားပါတော့ အခုက
အလယ် နာမည်က အစ တူနေရတယ်လို့ "

ထို့နောက် ပျံ့လွင့်နေတဲ့ စိတ်အာရုံတွေကို ပြန်လည်စုစည်းလိုက်ပြီး စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို စလှန်ကြည့်လိုက်ရာ
______________________________________

23.4.1988

အဲ့နေ့က မိုးတွေ အရမ်းရွာနေခဲ့တယ်
အရင်နေ့တွေနဲ့မတူဘဲ ကောင်းကင်က မှောင်မိုက်ပြီး
မိုးသားတိမ်လိပ်တွေအပြည့်
မိုးခြိမ်းသံတွေကလည်း တစ်ဂျိန်းဂျိန်းနဲ့ကို မြည်ဟီးနေတော့တာ
အချိန်က ညနေ 3 နာရီလောက်ပဲ ရှိသေးပေမယ့် ညရောက်နေတဲ့အတိုင်း အမှောင်ထုက လောကတစ်ခွင်ကို
အုပ်မိုးထားတယ်
ကျတော်မှတ်မိရသလောက်တော့ အဲ့နေ့က ကျတော်အိမ်ကို
စောစောပြန်လာခဲ့တယ်ထင်တာပဲ
မိုးရေတွေစိုရွှဲပြီး အိမ်​ပြန်ရောက်လာတဲ့ချိန် အဖေနဲ့အမေက
မိုးလေဝသသတင်းတွေ ကြည့်နေကြတယ်
သတင်းတွေအရတော့ ဒီနေ့ မုန်တိုင်း ရှိမယ်ဆိုပဲ
အဲ့နောက်
ရေမိုးချိူးပြီး ရေစိုနေတဲ့ ဆံပင်တွေကို တဘက်နဲ့ သုတ်ပြီးတော့ အိပ်ရာပေါ်ပစ်လှဲလိုက်တယ်
မိုးမိလာလို့လားတော့မသိ တစ်ကိုယ်လုံး နုံးချိချိနဲ့
ဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိတော့!
အော် မဖြစ်​သေးပါဘူး ဆေးသောက်ထားဦးမှပါပဲ
ဆိုပြီး ဆေးဘူးကို လှမ်းယူဖို့ စင်ပေါ်ကြည့်လိုက်တော့
ဆေးဘူးက မရှိ!
အာ ချီးပဲ ! စိတ်ညစ်ညစ်နဲ့ပဲ ကုတင်ပေါ်ပြန်လှဲနေလိုက်တယ်
အဲ့နောက်မှာတော့ ကျတော့်ဘဝကို ပြောင်းလဲသွားစေ
နိုင်လောက်တဲ့ အရာနဲ့ ကြုံရတော့တာပါပဲ
ပင်ပန်းနွမ်းနယ်နေမှုကြောင့်လားမသိ ကုတင်ပေါ်လှဲချ
လိုက်တာနဲ့ မျက်ခွံတွေက တဖြေးဖြေးလေးလာခဲ့တယ်
အဲ့လိုနဲ့ပဲ ကျတော့်မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာတော့
တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိူးကို ရခဲ့တော့တာပဲ
ရုတ်တရက်ဆိုသလို ဘာနာကျင်မှု ဘာ ပင်ပန်းမှုကိုမှ
မခံစားရတော့ဘဲ တစ်ကိုယ်လုံးပေါ့ပြီး လေထဲမြောက်တက်နေသလိုမျိူးကို ဖြစ်နေတော့တာ
စိတ်ထဲမှာလည်း ထူးထူးဆန်းဆန်း အရမ်းပျော်နေသလိုကြီး
ကုတင်ပေါ်က ထလိုက်ပြီး စိတ်ထဲက မသက်ာတာနဲ့
အနောက်ကို လှည့်ကြည့်လိုက်တော့
..........!!!!! ကျတော် အော်ဖို့ အသံတွေပါ ဆွံ့အသွားလောက်တဲ့ထိကို အံသြသွားမိတယ် ကျတော်မြင်လိုက်ရတဲ့အရာက..........................

______________________________________

"Leonnnn ! !!!! သား အခုထိ ရှင်းတာ မပြီး​သေးဘူးလား
မပြီးသေးရင်လည်း ထားလိုက်တော့ နောက်မှပဲ အမေဘာသာ ကြည့်ကျပ်လုပ်လိုက်တော့မယ် မနက်ဖန် ကျောင်းတက်ရဦးမယ်မလား မြန်မြန် ဆင်းပြီး လာအိပ်တော့ "

"ဟုတ်ကဲ့ပါ mom ကျတော်ပြီးနေပါပြီ "

စာအုပ်ကို သူ့ဘောင်းဘီခါးကြားထဲ ထိုးထည့်လိုက်ပြီး
အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်

အောက်ရောက်တာနဲ့ သူ့အမေက ဆီးကြိုလို့

"Mom ကျတော် နည်းနည်းပါးပါးတော့ ရှင်းထားခဲ့တယ်
ကျန်တာကတော့ နောက်မှပဲ ထပ်လုပ်ပေးတော့မယ်နော် "

"အော် ရပါတယ် သားရယ် အမေ့ဘာသာပဲ လုပ်လိုက်ပါတော့မယ် ! အမေကိုက အလောကြီးသွားတာ. လပတ် စာမေးပွဲ နီးပြီဆို​တော့ ငါ့သား ကျောင်းစာတွေနဲ့ အလုပ်ရှူပ်နေမှာကို
ကဲ အခုသွားအိပ်တော့နော် ချစ်တယ် good night "

"ဟုတ် good night mom "

သူ့အိပ်ခန်း​ဆီသွားရန် ခြေလှမ်းပြင်နေစဥ် တစ်စုံတစ်ခုကို
သတိရသွားဟန်ဖြင့်

"ဒါနဲ့လေ mom! အဖိုးရဲ့ နာမည်က ဘာလဲ သိလား "

" အော် သားအဖိုးနာမည်က Richard Willkinson လေ ဘာဖြစ်လို့လဲ သား "

" အဲ့တာဆို ဟိုဟာလေ အဖိုးမှာ အိမ်ခေါ်နာမည်တွေ ဒါမှမဟုတ်........နာမည်အရင်းတွေ ဘာတွေများ ရှိသေးလား "

" ဟင် အဲ့လိုမျိူးတွေတော့ မရှိလောက်ပါဘူး ဘာလို့မေးတာလဲ "

" အာ ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ good night နော်
Mom "

လှေကားကနေတစ်ဆင့် သူ့အခန်းရှိရာကို ပြေးတက်သွားသည်

9:30 PM
-------------
အချိန်က 9 ခွဲနေပြီဖြစ်နေသော်လည်း အတွေးများစွာနှင့်
အိပ်ရာထက်တွင် leon တစ်ယောက် အိပ်မပျော်သေးပေ

သူ့ဘေးနားရှိ စားပွဲပေါ်မှ သူ့အဖိုး၏ ဒိုင်ယာရီစာအုပ်လေးကို
ဖျတ်ခနဲကြည့်လိုက်ပြီး စာအုပ်ကို ဆွဲယူလိုက်သည်

ထို့နောက်

10:30 PM
--------------
"ဝါးးးးးးး! !!!"

စာအုပ်ကို စိတ်ဝင်တစားနှင့်ဖတ်နေရင်းမှ ရုတ်တရက်သန်းလိုက်မိသည်

မျက်ခွံတွေလည်း တ​ဖြေးဖြေးလေးလာသောကြောင့်
မနည်းပင် မျက်စိကို ဖွင့်ထားရသည်

နာရီကို ကြည့်လိုက်တော့ ၁၀ နာရီခွဲ

မနက်ကျောင်းသွားဦးရမည်ဖြစ်သောကြောင့်
စာအုပ်ကို ဘေးက စားပွဲပေါ်ပစ်တင်လိုက်သည်

စာအုပ်ဖတ်ပြီး ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာ ရှိနေပေမယ့် ဘာကိုမှ ထပ်တွေးမနေတော့ဘဲ မျက်လုံးကို မှိတ်ကာ အိပ်ပျော်အောင် အိပ်လိုက်တော့သည်

ထိုစဥ်

"ရှူး! !!!!!"

"အားး! !!!!"

ထူးဆန်းပြီး ကြောက်စရာကောင်းလှသည့် လေတိုးသံ​ကြောင့်
အိပ်ရာက နိုးသွားမိသည်

ရေ ထသောက်လိုက်ပြီး ပြတင်းပေါက်ကို ဖြတ်ခနဲကြည့်လိုက်တော့ ကြယ်လေးတစ်စင်း ကမွာမြေပြင်
ပေါ်သို့ ကြွေဆင်းလာနေသည်ကို မြင်လိုက်ရသည်

ရှေးလူကြီးတွေရဲ့စကားအရတော့ ကြယ်ကြွေချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်သတဲ့!

Leon ကတော့ ဒါတွေအယုံအကြည်မရှိသည်မို့ သူ့အိပ်ရာ
သို့သူ ပြန်သွားလိုက်သည်

ထိုအချိန်
ရုတ်တရက် ခေါင်းထဲမှ မူးဝေလာပြီး မျက်လုံးထဲမှာလည်း
အမှောင်ထုကလွဲပြီး ဘာဆိုဘာမှ မမြင်ရတော့!

ကုတင်ခြေရင်းနားတွင် ထိုင်ချလိုက်မိပြီး နားထင်နားကို
ကိုင်ကာ ညည်းညူနေမိသည်

အသက်ရှူရတာလည်း တစ်စုံတစ်ယောက်က လည်ပင်းညှစ်ထားသလို မွန်းကျပ်နေကာ နှလုံးခုန်နှုန်းသည်လည်း ပုံမှန်ထက် အရမ်းမြန်နေလေသည်

ထို့နောက်တွင်တော့

ခံစားရသမျှ အရာအားလုံး ဖြေလျော့သွားပြီး မှိတ်ထားသော
မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာ

"ငါ ဘယ်ရောက်နေတာလဲ "

သူ့ကိုယ်သူပြန်ကြည့်လိုက်တော့ စိမ်းစိုနေသော အဆုံးမရှိသည့် မြက်ခင်းပြင်ကျယ်ကြီးထဲမှာ ရောက်နေလေသည်

စိတ်ထဲမှာလည်း မေးခွန်းပေါင်းသောင်းခြောက်ထောင်နှင့်
ဟိုဟိုဒီဒီလိုက်ကြည့်လိုက်တော့ သူနဲ့ မနီးမဝေးမှာ သူ့အရွယ် ကျောင်းဝတ်စုံနှင့် ကောင်လေးတစ်ယောက်ထိုင်နေတာကို တွေ့လိုက်ရတော့သည်

______________________________________

ဒီရက်ပိုင်းတွေ ကျတော် ခရီးသွား​နေရလို့ မတင်ဖြစ်တာအတွက် sorry ပါခင်ဗျ
ဒီနေ့ကစပြီး Drifting into silent Darkness လေးကို ပြန် run ပေးပါမယ်နော်
ဖတ်ရှူပေးကြတဲ့ သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ
လိုအပ်ချက်လေးတွေ ရှိနေရင်လည်း ခွင့်လွှတ်ပေးကြပါဦးလို့
😅😅

*

***********************************

(Zawgyi)

Uhh!!!!!

လီယြန္ တစ္ေယာက္ မယုံၾကည္နိုင္ေသာ မ်က္လုံးမ်ားနဲ႕
စာအုပ္ကို ၾကည့္ၿပီး အခ်ိန္အေတာ္ၾကာေတြးေနမိတယ္

"ဘာလို႔ အဖိုးနာမည္က ငါ့နာမည္နဲ႕ တေထရာထဲ လာတူေနတာပါလိမ့္!
First name တူတယ္ဆိုလည္း ထားပါေတာ့ အခုက
အလယ္ နာမည္က အစ တူေနရတယ္လို႔ "

ထို႔ေနာက္ ပ်ံ့လြင့္ေနတဲ့ စိတ္အာ႐ုံေတြကို ျပန္လည္စုစည္းလိုက္ၿပီး စာအုပ္ရဲ႕ ပထမဆုံး စာမ်က္ႏွာကို စလွန္ၾကည့္လိုက္ရာ
______________________________________

23.4.1988

အဲ့ေန႕က မိုးေတြ အရမ္း႐ြာေနခဲ့တယ္
အရင္ေန႕ေတြနဲ႕မတူဘဲ ေကာင္းကင္က ေမွာင္မိုက္ၿပီး
မိုးသားတိမ္လိပ္ေတြအျပည့္
မိုးၿခိမ္းသံေတြကလည္း တစ္ဂ်ိန္းဂ်ိန္းနဲ႕ကို ျမည္ဟီးေနေတာ့တာ
အခ်ိန္က ညေန 3 နာရီေလာက္ပဲ ရွိေသးေပမယ့္ ညေရာက္ေနတဲ့အတိုင္း အေမွာင္ထုက ေလာကတစ္ခြင္ကို
အုပ္မိုးထားတယ္
က်ေတာ္မွတ္မိရသေလာက္ေတာ့ အဲ့ေန႕က က်ေတာ္အိမ္ကို
ေစာေစာျပန္လာခဲ့တယ္ထင္တာပဲ
မိုးေရေတြစို႐ႊဲၿပီး အိမ္​ျပန္ေရာက္လာတဲ့ခ်ိန္ အေဖနဲ႕အေမက
မိုးေလဝသသတင္းေတြ ၾကည့္ေနၾကတယ္
သတင္းေတြအရေတာ့ ဒီေန႕ မုန္တိုင္း ရွိမယ္ဆိုပဲ
ေရမိုးခ်ိဴးၿပီး ေရစိုေနတဲ့ ဆံပင္ေတြကို တဘက္နဲ႕ သုတ္ၿပီးေတာ့ အိပ္ရာေပၚပစ္လွဲလိုက္တယ္
မိုးမိလာလို႔လားေတာ့မသိ တစ္ကိုယ္လုံး ႏုံးခ်ိခ်ိနဲ႕
ဘာကိုမွလည္း လုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေတာ့!
ေအာ္ မျဖစ္​ေသးပါဘူး ေဆးေသာက္ထားဦးမွပါပဲ
ဆိုၿပီး ေဆးဘူးကို လွမ္းယူဖို႔ စင္ေပၚၾကည့္လိုက္ေတာ့
ေဆးဘူးက မရွိ!
အာ ခ်ီးပဲ ! စိတ္ပ်က္အားေလ်ာ့စြာနဲ႕ပဲ ကုတင္ေပၚျပန္လွဲေနလိုက္တယ္
အဲ့ေနာက္မွာေတာ့ က်ေတာ့္ဘဝကို ေျပာင္းလဲသြားေစ
နိုင္ေလာက္တဲ့ အရာနဲ႕ ႀကဳံရေတာ့တာပါပဲ
ပင္ပန္းႏြမ္းနယ္ေနမႈေၾကာင့္လားမသိ ကုတင္ေပၚလွဲခ်
လိုက္တာနဲ႕ မ်က္ခြံေတြက တေျဖးေျဖးေလးလာခဲ့တယ္
အဲ့လိုနဲ႕ပဲ က်ေတာ့္မ်က္လုံးေတြကို ျပန္ဖြင့္လိုက္ခ်ိန္မွာေတာ့
တစ္ခါမွ မခံစားဖူးတဲ့ ခံစားခ်က္မ်ိဴးကို ရခဲ့ေတာ့တာပဲ
႐ုတ္တရက္ဆိုသလို ဘာနာက်င္မႈ ဘာ ပင္ပန္းမႈကိုမွ
မခံစားရေတာ့ဘဲ တစ္ကိုယ္လုံးေပါ့ၿပီး ေလထဲေျမာက္တက္ေနသလိုမ်ိဴးကို ျဖစ္ေနေတာ့တာ
စိတ္ထဲမွာလည္း ထူးထူးဆန္းဆန္း အရမ္းေပ်ာ္ေနသလိုႀကီး
ကုတင္ေပၚက ထလိုက္ၿပီး စိတ္ထဲက မသက္ာတာနဲ႕
အေနာက္ကို လွည့္ၾကည့္လိုက္ေတာ့
..........!!!!! ေအာ္ဖို႔ အသံေတြပါ ဆြံ႕အသြားေလာက္တဲ့ထိကို အံၾသသြားမိတယ္ က်ေတာ္ျပန္ျမင္လိုက္ရတဲ့အရာက..........................

______________________________________

"လီယြန္! !!!! သား အခုထိ ရွင္းတာ မၿပီး​ေသးဘူးလား
မၿပီးေသးရင္လည္း ထားလိုက္ေတာ့ ေနာက္မွပဲ အေမဘာသာ ၾကည့္က်ပ္လုပ္လိုက္ေတာ့မယ္ မနက္ဖန္ ေက်ာင္းတက္ရဦးမယ္မလား ျမန္ျမန္ ဆင္းၿပီး လာအိပ္ေတာ့ "

"ဟုတ္ကဲ့ပါ mom က်ေတာ္ၿပီးေနပါၿပီ "

စာအုပ္ကို သူ႕ေဘာင္းဘီခါးၾကားထဲ ထိုးထည့္လိုက္ၿပီး
ေအာက္ထပ္ကို ျပန္ဆင္းလာခဲ့တယ္

ေအာက္ေရာက္တာနဲ႕ သူ႕အေမက ဆီးႀကိဳလို႔

"Mom က်ေတာ္ နည္းနည္းပါးပါးေတာ့ ရွင္းထားခဲ့တယ္
က်န္တာကေတာ့ ေနာက္မွပဲ ထပ္လုပ္ေပးေတာ့မယ္ေနာ္ "

"ေအာ္ ရပါတယ္ သားရယ္ အေမ့ဘာသာပဲ လုပ္လိုက္ပါေတာ့မယ္ ! အေမကိုက အေလာႀကီးသြားတာ. လပတ္ စာေမးပြဲ နီးၿပီဆို​ေတာ့ ငါ့သား ေက်ာင္းစာေတြနဲ႕ အလုပ္ရႉပ္ေနမွာကို
ကဲ အခုသြားအိပ္ေတာ့ေနာ္ ခ်စ္တယ္ good night "

"ဟုတ္ good night mom "

သူ႕အိပ္ခန္း​ဆီသြားရန္ ေျခလွမ္းျပင္ေနစဥ္ တစ္စုံတစ္ခုကို
သတိရသြားဟန္ျဖင့္

"ဒါနဲ႕ေလ mom! အဖိုးရဲ႕ နာမည္က ဘာလဲ သိလား "

" ေအာ္ သားအဖိုးနာမည္က ရစ္ခ်က္ဒ္ ဝီလ္ကင္ဆန္ ေလ
ဘာျဖစ္လို႔လဲ သား "

" အဲ့တာဆို ဟိုဟာေလ အဖိုးမွာ အိမ္ေခၚနာမည္ေတြ ဒါမွမဟုတ္........နာမည္အရင္းေတြ ဘာေတြမ်ား ရွိေသးလား "

" ဟင္ အဲ့လိုမ်ိဴးေတြေတာ့ မရွိေလာက္ပါဘူး ဘာလို႔ေမးတာလဲ "

" အာ ဘာမွမဟုတ္ပါဘူး ဒီလိုပါပဲ good night ေနာ္
Mom "

ေလွကားကေနတစ္ဆင့္ သူ႕အခန္းရွိရာကို ေျပးတက္သြားသည္

9:30 PM
-------------
အခ်ိန္က 9 ခြဲေနၿပီျဖစ္ေနေသာ္လည္း အေတြးမ်ားစြာႏွင့္
အိပ္ရာထက္တြင္ လီယြန္တစ္ေယာက္ အိပ္မေပ်ာ္ေသးေပ

သူ႕ေဘးနားရွိ စားပြဲေပၚမွ သူ႕အဖိုး၏ ဒိုင္ယာရီစာအုပ္ေလးကို
ဖ်တ္ခနဲၾကည့္လိုက္ၿပီး စာအုပ္ကို ဆြဲယူလိုက္သည္

ထို႔ေနာက္

10:30 PM
--------------
"ဝါးးးးးးး! !!!"

စာအုပ္ကို စိတ္ဝင္တစားႏွင့္ဖတ္ေနရင္းမွ ႐ုတ္တရက္သန္းလိုက္မိသည္

မ်က္ခြံေတြလည္း တ​ေျဖးေျဖးေလးလာေသာေၾကာင့္
မနည္းပင္ မ်က္စိကို ဖြင့္ထားရသည္

နာရီကို ၾကည့္လိုက္ေတာ့ ၁၀ နာရီခြဲ

မနက္ေက်ာင္းသြားဦးရမည္ျဖစ္ေသာေၾကာင့္
စာအုပ္ကို ေဘးက စားပြဲေပၚပစ္တင္လိုက္သည္

စာအုပ္ဖတ္ၿပီး ေခါင္းထဲမွာ ေမးခြန္းေပါင္းမ်ားစြာ ရွိေနေပမယ့္ ဘာကိုမွ ထပ္ေတြးမေနေတာ့ဘဲ မ်က္လုံးကို မွိတ္ကာ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ေတာ့သည္

ထိုစဥ္

"ရႉး! !!!!!"

"အားး! !!!!"

ထူးဆန္းၿပီး ေၾကာက္စရာေကာင္းလွသည့္ ေလတိုးသံ​ေၾကာင့္
အိပ္ရာက နိုးသြားမိသည္

ေရ ထေသာက္လိုက္ၿပီး ျပတင္းေပါက္ကို ျဖတ္ခနဲၾကည့္လိုက္ေတာ့ ၾကယ္ေလးတစ္စင္း ကမြာေျမျပင္
ေပၚသို႔ ေႂကြဆင္းလာေနသည္ကို ျမင္လိုက္ရသည္

ေရွးလူႀကီးေတြရဲ႕စကားအရေတာ့ ၾကယ္ေႂကြခ်ိန္မွာ ဆုေတာင္းရင္ ဆုေတာင္းျပည့္သတဲ့!

လီယြန္ကေတာ့ ဒါေတြအယုံအၾကည္မရွိသည္မို႔ သူ႕အိပ္ရာ
သို႔သူ ျပန္သြားလိုက္သည္

ထိုအခ်ိန္
႐ုတ္တရက္ ေခါင္းထဲမွ မူးေဝလာၿပီး မ်က္လုံးထဲမွာလည္း
အေမွာင္ထုကလြဲၿပီး ဘာဆိုဘာမွ မျမင္ရေတာ့!

ကုတင္ေျခရင္းနားတြင္ ထိုင္ခ်လိဳက္မိၿပီး နားထင္နားကို
ကိုင္ကာ ညည္းၫူေနမိသည္

အသက္ရႉရတာလည္း တစ္စုံတစ္ေယာက္က လည္ပင္းညွစ္ထားသလို မြန္းက်ပ္ေနကာ ႏွလုံးခုန္ႏႈန္းသည္လည္း ပုံမွန္ထက္ အရမ္းျမန္ေနေလသည္

ထို႔ေနာက္တြင္ေတာ့

ခံစားရသမွ် အရာအားလုံး ေျဖေလ်ာ့သြားၿပီး မွိတ္ထားေသာ
မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္ရာ

"ငါ ဘယ္ေရာက္ေနတာလဲ "

သူ႕ကိုယ္သူျပန္ၾကည့္လိုက္ေတာ့ စိမ္းစိုေနေသာ အဆုံးမရွိသည့္ ျမက္ခင္းျပင္က်ယ္ႀကီးထဲမွာ ေရာက္ေနေလသည္

စိတ္ထဲမွာလည္း ေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ႏွင့္
ဟိုဟိုဒီဒီလိုက္ၾကည့္လိုက္ေတာ့ သူနဲ႕ မနီးမေဝးမွာ သူ႕အ႐ြယ္ ေက်ာင္းဝတ္စုံႏွင့္ ေကာင္ေလးတစ္ေယာက္ထိုင္ေနတာကို ေတြ႕လိုက္ရေတာ့သည္

______________________________________

ဒီရက္ပိုင္းေတြ က်ေတာ္ ခရီးသြား​ေနရလို႔ မတင္ျဖစ္တာအတြက္ sorry ပါခင္ဗ်
ဒီေန႕ကစၿပီး Drifting into silent Darkness ေလးကို ျပန္ run ေပးပါမယ္ေနာ္
ဖတ္ရႉေပးၾကတဲ့ သူတစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးတင္ပါတယ္ခင္ဗ်
လိုအပ္ခ်က္ေလးေတြ ရွိေနရင္လည္း ခြင့္လႊတ္ေပးၾကပါဦးလို႔
😅😅







Continue Reading

You'll Also Like

748K 37.4K 50
Azima Rousseau, a demon hunter destined to save her world from the denizens of the Underworld, has to venture through the Seven Levels of Hell in ord...
153K 963 8
تحذير:-القصة منحرفة +18 (القصة مكتملة)
82.8K 2.9K 80
BANG... BANG..... BANG I jumped up out my sleep to three gun shots. I creep up to my door, opening it up just a little, seeing my father go to my...
OBSESSED By BVRBIEN

Mystery / Thriller

113K 4.8K 28
obsessed