ချစ်ခြင်းအသင်္ချေ (ခဈြခွငျးအသခ...
Door WaiLwin016
322K 24.6K 1.4K
သမီးလေးနဲ့ အဖေနှစ်ယောက်တို့ရဲ့မိသားစုလေးတစ်ခုမှာ ဖြစ်တည်လာမဲ့ ချစ်ခြင်းမေတ္တာနဲ့အတူ ဖြေရှင်းရမဲ့ အခက်အခဲတွေကို... Meer
Intro (Z & U)
အပိုင်း ၁ (Z & U)
အပိုင်း ၂ (Z & U)
အပိုင်း ၃ (Z & U)
အပိုင်း ၄ (Z & U)
အပိုင်း ၅ (Z & U)
အပိုင်း ၆(Z & U)
အပိုင်း ၇ (Z & U)
အပိုင်း ၈(Z & U)
အပိုင်း ၉(Z & U)
အပိုင်း ၁၀ (Z & U)
အပိုင်း ၁၁ (Z & U)
အပိုင်း ၁၂ (Z & U)
အပိုင်း ၁၃ (Z & U)
အပိုင်း ၁၄ (Z & U)
အပိုင်း ၁၅ (Z & U)
အပိုင်း ၁၆ (Z & U)
အပိုင်း ၁၇(Z & U)
အပိုင်း ၁၈(Z & U)
အပိုင်း ၁၉(Z & U)
အပိုင်း ၂၀(Z & U)
အပိုင်း ၂၂ (Z & U)
အပိုင်း ၂၃(Z & U)
အပိုင်း ၂၄ (Z & U)
အပိုင်း ၂၅ (Z & U)
အပိုင်း ၂၆(Z & U)
အပိုင်း ၂၇ (Z & U)
အပိုင်း ၂၈(Z & U)
အပိုင်း ၂၉(Z & U)
အပိုင်း ၃၀(Z & U)
အပိုင်း ၃၁ (Z & U)
အပိုင်း ၃၂(Z & U)
အပိုင်း ၃၃ (Z & U)
အပိုင်း ၃၄ (Z & U)
အပိုင်း ၃၅ (Z & U)
အပိုင်း ၃၆ (Z & U)
အပိုင်း ၃၇(Z & U)
အပိုင်း ၃၈(Z & U)
💜💜💜
ကျေးဇူးတင်လွှာ(Z & U)
မေတ္တာရပ်ခံခြင်း(Z & U)
အပိုင်း ၂၁(Z & U)
5.8K 538 25
Door WaiLwin016
Zawgyi
"အ...."
"ဟာ...sorry...sorryပါ''
"ကိုကို...."
"ဟေ့ရောင်..."
"ဟာ..တည်တံ့။မင်းကွာ..မပြောမဆိုနဲ့''
"မင်း..ထွက်သွား ခုချက်ချင်း''
"ဘာလဲ ''
"ငါမတောင်းမိဘူး''
"မင်း.မိုးအရိပ်ကို ဒုက္ခမပေးပါနဲ့ကွာ''
"ဘာကွ..''
#
#
"တ...တကယ်ကြီးလား."
"ဟုတ်တယ်။တကယ်ပြန်လာတာ''
#
"ဖြစ်ပါ့မလား အငယ်ရ။မမ ယူသွားလိုက်မယ်လေ''
"ရတယ္မမ ။ကျွန်တော်အဆင်ပြေတယ်။သွားသွား''
"အား...ကျွတ်ကျွတ်"
#
"ဗျာ''
#
Unicode
သက္ကရာဇ်များစွာ ကျော်ဖြတ်ပြီးနောက်  မြန်မာပြည်ကို ပြန်လည်ခြေချခဲ့လေပြီ။ပြောင်းလဲသွားသည့် အေနအထား အချို့တို့က အမြင်အာရုံထဲ မယဉ်ပါးသေး။ပြန်လာမည်ဟု ကြိုတင်မပြောထားတာမို့ လာကြိုမည့်သူလည်း မရှိ။ဒီမြေဒီရေကို တည်တံ့အလိုသာဆို ပြန်မလာချင်။ပြောရင်ပြောသလိုလုပ်တတ်သည့်မမကြောင့်သာ မဖြစ်မနေပြန်လာရခြင်းဖြစ်သည်။တည်တံံ့အတ္တတစ်ခုအတွက်နဲ့ကတော့ မမနဲ့အာကာရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးသင့်ဘူးလေ။
"အ...."
"ဟာ...sorry...sorryပါ''
ဓာတ်လှေကား အဝင်အထွက်မှာ အလောတကြီး ထွက်လာသော လူတစ်ယောက်နှင့်ဝင်တိုက်မိခြင်းကြောင့် တည်တံံ့လည်း ဓာတ်လှေကားထဲမရောက်သလို ထိုသူ့လက်ထဲမှ စာရွက်စာတမ်းအချို့သည်လည်း ကြွေပြားကြမ်းပြင်ပေါ် ပြန့်ကြဲသွားတော့သည်။တစ်ယောက်တည်း ကုန်းရုန်းကောက်နေတာမို့ တည်တံ့ပါကူကောက်ရင်း မျက်နှာချင်းဆိုင်မိခိုက် လှုပ်ရှားလက်စ နှလုံးသားတစ်စုံက တချက်ချက်အသံပေးလာသည်။သူ့ကိုမေ့နိုင်ဖို့ တိုင်းတပါးမှာ နှစ်ရှည်နေခဲ့သော်လည်း အကြည့်တစ်ချက်နဲ့တင်အရာအားလုံးအချည်းနှီးဖြစ်သွားရတော့၏။
"ကိုကို...."
ဘယ်တော့မှ မမေ့နိုင်ခဲ့ပါသော သံချိုတေး။
"Sorry...မင်းကိုကိုယ် မသိဘူး။မိုးအရိပ်ရောင်''
သေစမ်း၊မသိဘူးဆိုပြီး နာမည်ပါသွားရွတ်ပြမိသည်အထိ တည်တံ့စိတ်တွေယောက်ယက်ခတ်နေရသလား။
ရှက်ယမ်းယမ်းတယ်ပဲပြောပြောပါ။အဆင်သင့်ပွင့်လာသည့် ဓာတ်လှေကားထဲ မပြေးရုံတမယ်လှမ်းဝင်လိုက်မိသည်။အရိပ်ကတော့ တံခါးပြင်ပမှာ မတ်တက်ကလေးရပ်လျက် တည်တံ့ဆီမျက်နှာမူထားဆဲ။တဖြည်းဖြည်းပိတ်သွားသည့်တံခါးချပ်နဲ့အတူ အရိပ်လည်းမြင်ကွင်းထဲမှပျောက်သွားလေပြီ။ဘယ်ဘက်ရင်ဘက်ကိုမသိမသာဖိထားရင်း ဆံပင်အုပ်အုပ်နဲ့အရိပ်မျက်နှာက အမြင်အာရုံထဲ တဝဲလည်လည်။ဆံပင်ရှည်တာကိုမကြိုက်ဘူးလို့ပြောခဲ့ဖူးတာက တည်တံ့အမှတ်မှားတာများလား။ပြီးတော့ ဒီလောက်အချိန်အတောအတွင်းက အရိပ်ရဲ့ညှက်သေးသေးခန္ဓာကိုယ်လေး ဖွ့ံဖြိုးထွားကျိုင်းလာဖို့ မလုံလောက်ခဲ့ဘူးလား။
အတွေးများစွာနှင့်အတူ အပေါ်တက်လာရင်း သိလိုစိတ်များအတွက် အာကာ့ရုံးခန်းကိုသာဦးစွာဝင်လိုက်သည်။အလုပ်စားပွဲမှာ မျက်မှန်ကြီးတကားကားနဲ့မိန့်မိန့်ကြီးထိုင်နေသူက အာကာသာဖြစ်သည်။မတွေ့ရသည့်နှစ်တွေအတွင်း အဖိုးအိုပေါက်စအဖြစ် ပုံစံပြောင်းသွားလေပြီ။
"ဟေ့ရောင်..."
"ဟာ..တည်တံ့။မင်းကွာ..မပြောမဆိုနဲ့''
အလုပ္စားပြဲကေန ချက်ချင်းကိုထကာ ပြေးဖက်လာသူကြောင့် တည်တံ့ခန္ဓာကိုယ်တောင် အနောက်ကိုယိုင်သွားရသည်။
"မင်းကို အံ့သြအောင်လို့။ဒါနဲ့ ဟိုတစ်ယောက်က ဘာလို့ဒီကိုရောက်နေတာလဲ''
"ဘယ်သူ...။အာ..မိုးအရိပ်နဲ့တွေ့လာတာထင်တယ်။သူက ဒီမှာအလုပ်လုပ်နေတာ။ဒါတွေထားပါ။နောက်မှ ငါရှင်းပြမယ်။လောဆယ် ငါအစည်းအဝေးရှိလို့ သွားရမယ်။မင်း ဒီကပဲစောင့်နေ၊ဟိုမှာမင်းနေရာ။အရင်အတိုင်းပဲ ငါထားထားတယ်''
အခန်းအပြင်ကို အလောတကြီးထွက်သွားတာများမြန်ချက်။တည်တံ့မရှိသည့်အခိုက် သူတစ်ယောက်တည်းမို့ ပုံမှန်ထက်ပင်ပန်းမှာအမှန်ပင်။သို့သော်လည်း တစ်ချက်လေးတောင် မညည်းပြခဲ့။လွန်ခဲ့သောနှစ်တွေကထိုင်ခဲ့သော စားပွဲမှာဝင်ထိုင်လိုက်ပြီး အပြင်ကိုမျက်နှာမူမိတော့ စာရွက်စာတမ်းတွေကို ဟိုပို့ဒီသယ်နဲ့အလုပ်ရှုပ်နေသည့်အရိပ်ကို မကြည့်ပါဘဲ မြင်နေရသည်။အရိပ်က ဒီလိုနေရာမှာရှိသင့်တဲ့လူမဟုတ်ဘူးလေ။ပြီးတော့ ဒီလိုဆံပင်မျိုးနဲ့လည်း အရိပ္က လိုက်ဖက်နေပါရောလား။
"Okလေ...မင်းဘဲကြီးက ရေဘယ်လောက်တတ်နိုင်လဲမေးလိုက်။ရေများလေ မိုးအရိပ်တို့က ချစ်တတ်လေပဲ။တစ်ည ဘယ်လောက်ပေးမလဲ ပြော''
အရိပ်ပြောခဲ့သောစကားများက တည်တံ့အတွက် ခုထိနာကျင်နေရဆဲ၊နှစ်တွေကြာခဲ့ပြီးလည်း ဒီဒဏ်ရာက မကျက်နိုင်ပေ။ကိုယ့်ကို ငွေအတွက်ကပ်ခဲ့ပါတယ်ဆိုတာကိုတောင် နားလည်ပေးနိုင်ပေမဲ့ တခြားယောကျာ်းနဲ့အိပ်ဖို့အထိပြောထွက်လာသည်ကိုတော့ ခွင့်မလွှတ်နိုင်။ခရီးစဉ်ကြောင့်ရော အတွေးများမှုကြောင့်ပါ ရောပြီးခေါင်းကကိုက်လာတာတာမို့ နားထင်နှစ်ဖက်ကို ခပ်ပြင်းပြင်းဖိထားလိုက်မိသည်။
"ဟို....ကျွန်တော်..ဘာလုပ်ပေးရမလဲ"
ဒီအသံချိုချိုကြားနေရတာကိုပဲ စိတ်ကပို၍ပို၍တိုလာမိသည်။အရိပ်ရဲ့ပုံစံက တမာရွက်ပေါ် သကြားအုံထားသလိုပင်။အချိုမက်ပြီးစားသုံးမိခဲ့ပေမဲ့ တကယ်တမ်းကျ ခါးသက်နေတာမှ အတိုင်းထက်အလွန်။ဒီမာယာတွေထဲ ဒုတိယအကြိမ် ထပ်ဝင်လို့ ဘယ်နည်းနဲ့မှမဖြစ်။
"မင်း..ထြက္သြား ခုချက်ချင်း''
"ဟို...ကျွန်တော်ကော်ဖီများဖျော်ပေးရမလားလို့ပါ။ကိုတည်တံ့ ခေါင်းကိုက်နေသလားလို့''
"မင်း နားကန်းနေတာလား။ထွက်သွား ငါ့မျက်စိရှေ့ကနေ''
ဒါတောင် မျက်နှာငယ်နဲ့ မျက်ရည်ချူသွားသေးသည်။ဒီလိုလူမျိုးက ဒီလို အတတ္ပညါမွါ ကျွမ်းကျင်ပြီးသား။ဟန်မဆောင်နိုင်အောင် ဖြစ်ပျက်နေတဲ့ ကိုယ္ကမွ အသုံးမကျတာလေ။စားပွဲပေါ်ကို လက်သီးဖြင့် ပြင်းပြင်းထုချလိုက်တာမို့ တံခါးဝက ဝင်လာသောဝန်ထမ်းမိန်းကလေးမှာ ကော်ဖီခွက်ကိုင်ရက်ဖြင့် တောင့်တောင့်ကြီးဖြစ်နေ၏။
"ဘာလဲ ''
"ဟို...ဟို..ကျွန်မ ကော်ဖီလာပို့ပေးတာပါ''
"ငါမတောင်းမိဘူး''
"ဟုတ်..ကိုအာကာပို့ခိုင်းလိုက်တာ..ကျွန်မ..ကျွန်မကိုခွင့်ပြုပါဦး''
ကောင်မလေးကတော့ တုန်တုန်ချိချိဖြင့် ပြန်ထွက်သွားလေပြီ။စစချင်း ဆောက်နဲ့ထွင်းသလို ဖြစ်သွားပေမဲ့ မတတ်နိုင်။ကိုယ်လည်း ကိုယ့်စိတ်အခြေအနေနဲ့ကိုယ်။မျက်စိရှေ့က ကော်ဖီခွက်ကို ယူကာတငုံငုံလိုက်တော့ အသားမကျသေးသောဒဏ်ရာက ပိုတိုးလို့နာလာသည်။ဘယ်အချိန်သောက်သောက်မှတ်မိနေသည့်အရသာ။အရိပ်..အရိပ်။မင်း ဘာတွေကြံနေပြန်တာလဲကွာ။
"စောင့်နေတာကြာသွားပြီလား။ရှယ်ယာဈေးအတက်အကျနဲ့ နည်းနည်းပြသနာရှိနေလို့ ကြာသွားတာ''
"အင်း ဒါတွေထားပါ။သူ့ကိစ္စပဲ ငါသိချင်တယ်''
"မင်း.မိုးအရိပ္ကို ဒုက္ခမပေးပါနဲ့ကွာ''
"ဘာကြ..''
ဘာလဲ။ဒီနေ့ပဲစရောက်တာကို ဒီနေ့ပဲအရူးထောင်ရောက်အောင်ပို့ဖို့ကြံနေကြတာလား။မိုးအရိပ်ဆို နာမည်တောင်မကြားချင်အောင်မုန်းပြခဲ့တာ အာကာလေ။ခုကျ ဒုက္ခမပေးဖို့တားနေပြန်ပြီ။ဒီကာလအတွင်း အာကာကိုပါ မျက်ရည်ခံထိုးပြီး ပေါင်းထားပုံပင်။
"မင်း နောက်တော့သိလာမှာပါ။သူ့ကိုမုန်းမယ်လို့ကြံတိုင်း မင်းအထင်လွဲနေတာဆိုတာကိုတော့ မွတ္ထားကြာ''
လုံးဝကို တခြားတစ်ယောက်လို ပြောင်းလဲသွားတာပါလား။အရိပ်က ခေတဲ့သူတော့မဟုတ်ဘူးပဲ။
"ငါ့ကိုသူ ဘာတွေလုပ်ခဲ့လဲ မင်းအသိဆုံး။ဒါကိုတောင် သူ့ဘက်ကပါနိုင်တယ်ဆိုတော့။မင်းကို သူဘာတွေလိမ်ညာထားလဲ။ပြော ငါ့ကိုပြော။ငါအခုသွားရှင်းမယ်''
"မင်း..အထင်လွဲတာပါလို့ငါပြောပြီးပြီ။ဒီထက်ပိုပြီးလည်း ငါမပြောနိုင်ဘူး။အေး။မင်းလုပ်ချင်တာဇွတ်လုပ်ပြီးမှတော့ နောင်တမရနဲ့။မင်း မချစ်တော့ဘူးဆိုလည်း သူ့ကိုဒီတိုင်းလေးသာလွှတ်ပေးထားလိုက်ပါ''
"ငါက လူတစ်ယောက်ကို အသားလွတ်ဒုက္ခပေးတတ်တဲ့သူလား အာကာ။သူက ဝန်ထမ်းနေရာမှာပဲနေရင် ငါကလည်း အထက်လူကြီးနေရာကပဲနေမယ်။အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ငါမေရာဘူး စိတ္ခ်''
#
နှစ်အကြာကြီး စောင့်ခဲ့ရတဲ့ရလဒ်က အမုန်းတရားပဲတဲ့လား။ခုချိန်ထိကိုကိုတစ်ယောက် အရိပ်ကိုမုန်းနေဆဲ။အရိပ်ကိုမြင်လိုက်တာနဲ့ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည့်ကိုကို့မျက်နှာထား၊ကိုကို့လေသံစသဖြင့်အရာခပ်သိမ်းက အရိပ်ရင်ကိိုနာကျင်စေသည်။အတိတ်တစ်နေရာမှာ အရိပ်လုပ်ခဲ့သည့်အမှားတစ်ခုကြောင့် ကိုကိုလည်းနာကျင်နေရှာမှာ။ဒါကြောင့်ပဲ အရိပ်ကိုမြင်တာနဲ့ ခါးခါးသီးသီးကိုအော်ဟစ်မောင်းထုတ်တော့တာပေါ့၊ဘယ်တတ်နိုင်ပါ့မလဲ။ကိုယ်ဖန်တီးမိခဲ့တဲ့ကံကြမ္မာပဲ။
ကုမ္မဏီမှာအလုပ်ဝင်ပါရစေဆိုကတည်းက မမနဲ့ကိုအာကာက အသည်းအသန်ကိုတားခဲ့ကြပြီး တည်တံံ့ကိုအဖြစ်မှန်ပြောပြဖို့သာ ဆော်သြနေကြသည်။အရိပ်ရဲ့စိတ်ကတော့လေ ကိုယ့်ကိုစိတ်ရင်းအတိုင်းချစ်နေတာလိုချင်ပြီး အကြောင်းတစ်စုံတရာကြောင့်ပြန်လှည့်လာရတာမျိုးမဖြစ်စေချင်ပေ။ခုဆို ကိုကိုလည်းပြန်ရောက်လာပြီမို့ အရိပ်ရဲ့စိတ်ရင်းအမှန်ကို တဖြည်းဖြည်းဖော်ပြခွင့်ရှိလာပြီလေ။
#
"ခါတိုင်းတော့ သေအောင်နိူးနေရတဲ့ ကောင်က ခုတော့ အရမ်းတွေ တက်ကြွနေပါလားကွ။ဟမ်..မင်းလင် ပြန်ရောက်လာလို့လား''
ပြောလည်းပြောချင်စရာပင်။မနက်တိုင်းက ငထက်မနိူးမချင်း အရိပ်မထ။ရုံးမီဖို့တောင်အနိုင်နိုင်သွားရသူက ဒီမနက်တော့ ကိုကိုရောက်နေပြီဆိုသောစိတ်ကြောင့် အစောကြီးနိုးနေသည်၊
"ဟုတ်တယ်။ဦးတည်တံ့ ပြန်ရောက်လာပြီ မနေ့က''
အရိပ်ပင် စကားမဆုံးသေး။လျှော်လက်စအဝတ်တွေကို ဖုတ်ခနဲပစ်ချလို့ရေချိုးခန်းအပြင်ပြေးထွက်လာလေသည်။မယုံကြည်သလိုလိုမျက်လုံးများကလည်း ငထက်မျက်နှာပေါ်အထင်းသား။
"တ...တကယ်ကြီးလား."
ကျောပေါ်ကို ဆွေ့ခနဲခုန်တက်လိုက်တော့ ပြုတ်မကျအောင် အလျင်အမြန်ထိန်းလိုက်ပေမဲ့  မေးခွန်းကတော့ဆက်ထုတ်နေဆဲ။ငထက်မပြောနဲ့၊၊အရိပ်တောင် မြင်မြင်ချင်း အိမ်မက်လားထင်မိခဲ့တာလေ။
"ဟုတ်တယ်။တကယ်ပြန်လာတာ''
"ဪ..ဒါကြောင့် ဒီလောက်ယွနေတာပေါ့။လာစမ်း။ဒီလောက်တောင်ဖြစ်နေတဲ့ကောင် အလုပ်မသွားနိုင်အောင် ကန်ထဲပစ်ချပစ်မယ်''
"ရားးးမလုပ်နဲ့။ဟေ့ကောင် ငထက်.. ငါ့ကိုအောက်ပြန်ချ''
အရိပ်ကိုကျောပေါ်တင်ထားရင်း ပစ်ချဟန်တရွယ်ရွယ်လုပ်နေသလို အရိပ်ကလည်း မရမကကိုကုပ်တွယ်ထားပြီးအော်ဟစ်နေလေတော့ ပထမထပ်တိုက်ခန်းငယ်လေးထဲ မနက်ခင်းစောစောမှာပင် ရယ်သံတွေဖုံးနေလေတော့၏။
#
မနက်စောစောထကာမှ ငထက်အမွှေကောင်း၍ ယခုမှကုမ္မဏီရောက်တော့သည်။အရိပ်တင်မဟုတ်။သူလည်းပဲအလုပ်နောက်ကျ၍ မနက်စာပင် မစားသွားရ။ကိုကိုမရောက်သေးရင် ကော်ဖီကြိုဖျော်ပြီး ထားပေးမည်ဆိုသောစိတ်ကူးက ပျက်သွားလေပြီ။ဓာတ်လှေကားအလာကိုစောင့်နေသည့်ကိုကို့ကျောဘက်အနေအထားက ယခင်အချိန်များထက်တောင် ပို၍ကြည့်ကောင်းလာသယောင်။ငွေမင်ရောင်ဆံသားမျှင်တို့်ကလည်း ကိုကိုနဲ့ လိုက်ဖက်လွန်းလှ၏။
"ဟိတ်...အငယ်။ဘာတွေငေးနေတာတုန်း။ကျုပ်ခေါ်တာတောင် မကြား''
ဟုတ်ပါရဲ့။ခပ်လှမ်းလှမ်းက ကိုကို့ကိုငေးကောင်းနေတာနဲ့ ဘေးကရောက်လာသည့် မမပိုးဝတီကိုမမြင်။မမလက်ထဲအထုတ်အပိုးကလည်းအပြည့်ဖြစ်နေလေတော့...
"ပေး....ကျွန်တော် ဝိုင်းသယ်ပေးမယ်"
"အမယ်လေး..အငယ်ရယ်။ကျုပ်က ရေသန့်ဘူးတောင် တစ်ယောက်တည်းသယ်တဲ့လူပါနော်၊ဖယ်ဖယ် ရတယ်''
"အတော်ပဲ..ဟိုတစ်ယောက် ဒီစာရွက်တွေ အာကာ့ဆီသွားပို့ပေး၊အာကာ့ ဟိုဘက်ရုံးမှာရှိတယ်၊အေး..အာကာရေ။ငါ ကလေးမတစ်ယောက်နဲ့ပေးခိုင်းလိုက်ပြီ။အေးအေး။ငါခု meetingဝင်မှာလေ''
ဖုန်းပြောနေရင်း မမပိုးဝတီဆီစာရွက်တွေကမ်းပေးလိုက်တာမို့ မမလက်ထဲမှ အထုပ်တွေကို အရိပ်မသယ်၍ မရတော့ပေ။
"ဖြစ်ပါ့မလား အငယ်ရ။မမ ယူသွားလိုက်မယ်လေ''
"ရတယ္မမ ။ကျွန်တော်အဆင်ပြေတယ်။သွားသွား''
အရိပ်ရဲ့အခြေအနေကိုသိထားသည့်မမပိုးဝတီက အထုပ်တွေသယ်ထားသည့်အရိပ်ကို သေချာကြည့်နေသေး၏။စိတ်မပူစေရန်ခေါင်းညိတ်ပြလိုက်ပြီး ဓာတ်လှေကားနေရာကိုသာခပ်သွက်သွက်လှမ်းလိုက်သည်။လက်နှစ်ဖက်လုံးအပြည့်မို့ ဘယ်လက်နဲ့နှိပ်ရမလဲစဉ်းစားနေခိုက်မှာပင် ပိတ်လုဆဲဆဲတံခါးကပြန်ပွင့်သွားပြီး အထဲရောက်လာသူက အရိပ်ရဲ့ကိုကို။အရိပ်ကို ခပ်စူးစူးတစ်ချက်ကြည့်ပြီး သွားမည့်ခလုတ်ကိုနှိပ်လိုက်ပေမဲ့ စကားတော့တစ်ခွန်းမှမပြော၊
ရုံးခန်းအထပ်ကိုရောက်တော့ အရိပ်ကိုပင်မစောင့်ဘဲ ရှေ့မှာထွက်သွားနှင့်သည်။အရိပ်ကတော့ လေးပင်သည့်အထုပ်အထည်တွေကြောင့် လက်နှစ်ဖက်စလုံး အတော်ပင်နာကျင်နေလေပြီ။ဒီနေ့မှပဲ ဓာတ်လှေကားနဲ့ရုံးခန်းက အတော်ဝေးနေ၏။
"အား...ကျွတ်ကျွတ်"
အရှေ့မှလှမ်းနေသည့်က်ိုကို့ခြေလှမ်းတွေ တုံ့ခနဲရပ်တန့်သွားပြီး အရိပ်ရှိရာ ပြန်လှည့်လာတာမို့ ရင်ထဲမှာထိတ်ခနဲ။အရိပ်ဘာများမှားသွားပြီလဲ။
"ဒီအထုပ်လေးတောင်မသယ်နိုင်ရအောင် မင်းယောကျာ်းမဟုတ်ဘူးလား။ဟက်..ဆံပင်ပုံကအစ မိန်းမဆန်နေလိုက်တာများ။ဘာလဲ မင်းဘဲကြီးက ဒီလိုမှကြိုက်သတဲ့လား''
လက်နှစ်ဖက်စလုံးက အထုပ်တွေကို အကုန်သယ္မ,ပေးသွားပေမဲ့ ခနဲ့သွားသည့်စကားကတော့ နားထဲသံရည်ပူလောင်းလိုက်သလိုပင်။ထားပါလေ။အရိပ်ကို အဖက်လုပ်နေသေးတယ်ဆိုတာနဲ့တင် ကျေးဇူးတင်သင့်နေပါပြီ။
#
ပခုံးပေါ် လာပုတ်လိုက်တဲ့အထိအတွေ့ကြောင့် နဂိုကမှမကြည်သည့်စိတ်က ထောင်းခနဲဖြစ်သွားပေမဲ့ လှည့်ကြည့်လိုက်မှ သူဌေးဖြစ်နေတာမို့ ဒေါသကိုမျိုချရင်း ပြုံးပြလိုက်ရသည်။ဘာလို့များအလိုလိုနေရင်း စိတ်တွေတိုချင်နေရပါလိမ့်။
"မှိုင်လှချည်လား...ကိုထက်ရ''
"ကျွန်တော် ခေါင်းနည်းနည်းကိုက်နေလို့ပါ''
တကယ်တော့ ထက်အောင်ကျော်စိတ်ထဲ အတော်ကိုရှုပ်ထွေးနေ၏။အမြဲလိုလိုတမှိုင်မှိုင်တတွေတွေဖြစ်နေသည့် မိုးအရိပ်တစ်ယောက် ကိုတည်တံ့ ပြန်လာတယ်ဆိုတာနဲ့တင် ပျော်ရွှင်မြူးတူးနေလေပြီ။ဒါက သဘောကျစရာကောင်းပေမဲ့ဟိုကသူ့ကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံလာရင် သူပဲစိတ်ဆင်းရဲဦးမှာ။အဖြစ်မှန်တွေကို ကိုတည်တံ့ဆီပဲ သွားပြောပြရမလား၊မိုးအရိပ် စိတ်ပင်ပန်းလာချိန်ကျ နှစ်သိမ့်ပေးနိုင်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ်ပြင်ထားသင့်သလား မဆုံးဖြတ်တတ်တော့။
"ခေါင်းကိုက်ရင်ပြန်နားလိုက်ပါလား''
"ရပါတယ်။ကျွန်တော် အအေးဝယ်သောက်ထားတယ်။ခဏနေသက်သာမှာပါ''
အလုပ်စဝင်ကတည်းက သူဌေးစိတ်ကျေနပ်အောင် အစစအရာရာ လုပ်ပေးခဲ့သူမို့ သူဌေးကလည်း သဘောကျသည်။ခုဆို ထက်အောင်ကျော်က သူဌေးရဲ့လက်ရုံး။လစာလည်းကောင်းကောင်းပေးသလို သူဌေးဘယ်သွားသွား၊ဘာခိုင်းခိုင်းအချိန်မရွေးအားနေပေးရ၏။ဒါကြောင့်ပဲ မိုးအရိပ်ကိုကောင်းကောင်းထားနိုင်တာပေါ့။ဆေးရုံကိစ္စအဝဝတွေ ကိုအာကာကကူညီပေးထားပြီး ခုလက်ရှိတိုက်ခန်းအထိစီစဉ်ပေးပေမဲ့ လစာကေတာ့ ထက်အောင်ကျော်ပဲပေးပါစေလို့တောင်းဆိုခဲ့ရ၏။
မိုးအရိပ်ကျောင်းတက်နိုင်တဲ့အချိန်ကျတော့လည်းကိုယ်ကဘွဲ့ရပြီးနေပြီမို့ ဘယ်သူ့ဆီကမှ အကူအညီမလိုအပ်တော့။ရတဲ့လစာနဲ့က အိမ်စားရိတ်အပြင်တခြားဗာဟီရအတွက်ပါအဆင်ပြေပြေသုံးနိုင်သည့်အခြေအနေ။မိုးအရိပ် အလုပ်ဝင်တော့လည်း ရတဲ့လစာကိုစာအိတ်ကလေးနဲ့ ကိုယ့်ဆီအပ်ရှာသား။ကိုယ်ကလည်း မသုံးရက်။သူ့နာမည်နဲ့ဘဏ်စာအုပ်လေးလုပ်ပေးပြီး လတိုင်းသွားထည့်ပေးဖြစ်ခဲ့သည်။
မပြောကောင်းမဆိုကောင်း ကိုယ်များတစ်ခုခုဖြစ်သွားလို့ ဒီကောင်လေးတစ်ယောက်တည်း လောကအလယ်မှာ ဒုက္ခရောက်ကျန်ခဲ့တာမျိုး မဖြစ်စေလို။တစ်ကောင်ကြွက်ဖြစ်နေဦးတော့..ငွေရှိနေရင် လူရာဝင်သေးသည်မဟုတ်လား။
"မင်း ..ငါနဲ့နိုင်ငံခြားလိုက်မလား''
ရုတ်တရက်မေးလာသည့်မေးခွန်းကြောင့် ကြောင်အနေဆဲ။
"ဗ်ာ''
"ငါ..ဟိုကိုအပြီးပြောင်းတော့မလားလို့။အဲ့ဒါမင်းကိုပါ ခေါ်သွားချင်တယ်၊အဆင်ပြေမလား''
မိုးအရိပ်အတွက်သာမဟုတ်ရင် ဒီမေးခွန်းက စဉ်းစားနေစရာမလို။ကိုတည်တံ့ပြန်လာပြီဆိုပေမဲ့ အခြေအနေကဘာမှန်း ခုထိသေချာမသိသေး။
"မင်းစဉ်းစားလေ။လိုက်မယ်ဆိုရင်တော့ ဟိုမှာနေရမှာနော်။ခဏတစ်ဖြုတ်သွားရမှာမျိုးမဟုတ်ဘူး''
"ဟုတ်...ကျွန်တော်စဉ်းစားပြီး ပြန်ပြောပါ့မယ်''
သူဌေးကတော့ သူ့ရုံးခန်းထဲသူပြန်ဝင်သွားလေပြီ၊ထက်အောင်ကျော်ကတော့ အတွေးပေါင်းများစွာဖြင့် ဝရံတာရှေ့မက်တပ်ရပ်မိနေဆဲ။
#
Ga verder met lezen
Dit interesseert je vast
7.4K 440 14
Zhanyi (Myanmar) You taught me how to love, but not how to stop. Ecstasy - A state of emotion so intense that a person is carried beyond rational con...
1K 113 13
An adoration of you.. ' ဗန်းတဲ့ 'ဆိုတဲ့ ရွာလေးမှာနေတဲ့ကောင်လေးနဲ့ နိုင်ငံခြားပြန်ကောင်လေးတို့ရဲ့ နှစ်ဦးကြား အချင်းချင်းဖေးမမှု ၊မြတ်နိုးမှုနဲ့ ဘဝရဲ့...
444K 23.2K 51
13.6K 514 55
ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့ ကောင်းကင်တံမံဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို .... အကြောင်းတစ်ခုကြောင့် အခြောက်တွေကို အလွန်အကျွံ ရွံမုန်းတဲ...