💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 28
Chapter. : 5 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဥ္ ၂၇၊ အခန္း ၅။ ေယာက်္ားစစ္ေၾကာင္း သက္ေသၿပျပီ
ထန္ရွင္းေဟ်ာ္စိတ္ထဲ မုိးၾကိဳးတုိ့ ဂ်ိန္းခနဲပစ္ခ်ခံလုိက္ရသလုိ ။“ေသာက္ က်ိဳး နဲ ။ ခ်ီးပဲ ခ်ီးပဲ ခ်ီးပဲ ။ ကုန္ရႊီ၊ ေခြးေကာင္ၾကီး ။ မင္း ရူးသြားၿပီလား ။ ငါ့ရဲ့လူပ်ိဳဘ၀ေလး ။ ကုန္ရႊီ၊ သြားေသ လုိက္”
ရူးရူးမိုက္မိုက္၊ ႏႈတ္ခမ္းတုိ့အား ပြတ္သပ္ပစ္ေနသည့္ ထန္ရွင္းေဟ်ာ္ ။
သို့ေသာ္လည္း၊ ကုန္ရႊီ၏တံု့ၿပန္မႈသည္က သူ့ထက္ ပုိဆုိးေန ေသးသည္။ သူ့အား အၾကမ္းပတမ္း တြန္းပစ္လုိက္သည္မွာ ပစ္လဲက်လုနီးနီးထိ ။ ဒီေနာက္၊ သူ့ရဲ့မ်က္နွာအား ေရတုိ့ၿဖင့္ တဗြမ္းဗြမ္းေဆးေၾကာပစ္ေန၏။ အလြန္အမင္း ရြံရွာသည့္ဟန္ ေပၚေနကာ ။“ေသာက္က်ိဳးနဲ ။ ရြံစရာေကာင္းလုိက္တာ….”
ဒါကုိ ၾကားလုိက္ရသည္နွင့္၊ ေဒါသတုိ့ပါ ေထာင္းခနဲ ထသြားရေတာ့သည့္ ထန္ရွင္းေဟ်ာ္ ။ “ငါလခြီးပဲ။ မင္းကမ်ား ရြံစရာေကာင္းတယ္တဲ့ ။ ငါကသာ ရြံရမယ့္ေကာင္ကြ ။ မင္းကပဲ ငါ့ကို အတင္းနမ္းၿပီး ငါ့ကို ရြံစရာၾကီးလုိ့ ေၿပာေနေသးတယ္ - မင္း င့ါကို ေနာက္ေနတာလား”
“ခ်ီး-ပဲ” ကုန္ရႊီ၊ ေရဘားအား အရွိန္ွၿပင္းၿပင္းဖြင့္ခ်ပစ္လုိက္ၿပီး သူ့ေခါင္းတစ္ခုလံုးကို ေရေအးေအးေအာက္ ထုိး၀င္ပစ္လုိက္ ္ေတာ့သည္ ။
ကုန္ရီႊ၏အၿပဳအမူကို ၿမင္လုိက္ရသည္နွင့္ ထန္ရွင္းေဟ်ာ္၊ တံေတြးတို့နင္သြားၿပီး တုိးတုိးေလး ေၿပာလာသည္။
“ကုန္ရႊီ၊ မင္း တကယ္ၾကီး ေဂးသြားၿပီလား”
ကုန္ရႊီ၊ တၿဖည္းၿဖည္းခ်င္း သူ့ရဲ့ေခါင္းကို ေမာ့လာ၏ ။
သူ့ရဲ့ဆံပင္တုိ့မွာ ရႊဲရႊဲစုိေနလ်က္ ။
ထန္ရွင္းေဟ်ာ္အား တင္းမာမာၿဖင့္ ၾကည့္လာၿပီး ေၿပာလုိက္၏ ။ “မင္း…မင္း ဘာေၿပာလုိက္တယ္။ ေဂး ဟုတ္လား”
“အမ္၊ ဟုတ္ဘူး၊ ငါ ဘာမွမေၿပာဘူး။ ငါ ဘာမွမေၿပာဘူး။
လံုး၀ကုိ မေၿပာဘူးေနာ္ ။ မင္း နားၾကားမွားတာ ။
ဒီအနမ္းေလးနဲ့ေတာင္ မင္း ဒီေလာက္ထိ ရြံေနမွေတာ့ ေဂးေနတာဘယ္ဟုတ္ပါ့မလဲ၊ ဟားဟားဟား…”
ထန္ရွင္းေဟ်ာ္၊ ထပ္ၿပီး လက္ေ၀ွ့ယမ္းလာရင္း။
“မင္းက ေယာက်္ားစစ္စစ္ၾကီးပဲ - မင္းရဲ့လိင္အၾကိဳက္ ကလည္း ေယာက်္ားအစစ္ဆံုးပဲ”
ေသာက္က်ိဳးနဲ၊ ငါေတာ့ ေသၿပီ။
ဘာလုိ့ လႊတ္ခနဲေၿပာထြက္မိရတာလဲ ။
ကုန္ရႊီရဲ့စိတ္အေၿခအေနနဲ့ဆုိ သူ ေဂးေနၿပီဆိုတာကို
ငါ သိသြားတာကို သူသိသြားလုိ့မၿဖစ္ဘူး ။
ေက်းဇူးတင္စရာေကာင္းစြာ ဒီစကားကိုၾကားလိုက္သည္နွင့္ ကုန္ရႊီ၏အမူအရာမွာ ပုိလုိ့အမ်ားၾကီး တည္ၿငိမ္လာသည္ တည့္။
ေက်းဇူးပါ ဘုရား…
တခနေလာက္ တိတ္ဆိတ္ၿပီးသည့္ေနာက္၊
ကုန္ရႊီ ေၿပာလာသည္။
“ဒါၿဖင့္ သူေရာ”
“အာ ။ သူ ။ ဘယ္သူလဲ”
ထန္ရွင္းေဟ်ာ္ ၊ သေဘာမေပါက္မိ။
ကုန္ရႊီ၊ ထန္ရွင္းေဟ်ာ္အား ေ၀့ၿကည့္လာေတာ့ၿပီး၊ စိတ္ရႈပ္လာစြာၿဖင့္။
“ရီ ပုိင္ - သူေကာ ေယာက်ာ္းေတြကို ၾကိဳက္တာလား၊ မိန္းမေတြကို ၾကိဳက္တာလား”
ထန္ရွင္းေဟ်ာ္၊ သူ့ေမးခြန္းကို သတိၾကီးၾကီးၿဖင့္ ၿပန္ေၿဖလိုက္သည္။
“အဲ…ငါ ဘယ္လုိလုပ္ သိမွာလဲ၊ အာ….”
ထန္ရွင္းေဟ်ာ္၊ တုိုးတုိးေလး အထြန့္တက္လာသည္။
“အခြင့္အေရးကို အသံုးခ်ၿပီး ရီပုိင္ကုိ ေမးၾကည့္ပါလုိ့ ငါ မင္းကို ေၿပာသားပဲ။ ငါ ေၿပာတာကို မင္းမွ နားမေထာင္တာ။ ငါ့ကုိပဲ အတင္းလုိက္မဲေနၿပီးေတာ့။ အဲ့ဒါတန္ရဲ့လား၊ ဟမ့္…”
ကုန္ရီႊ၊ ေဒါသအေငြ ့အသက္တု့ိၿဖင့္ သူ့အား ၾကည့္လုိက္ေလ ရာ ။
ထန္ရွင္းေဟ်ာ္၊ အေၾကာက္ၾကီးေၾကာက္လန့္သြားေတာ့ၿပီး ေလးေလးနက္နက္ ေၿဖလာေတာ့၏။
“ရီပုိင္မွာ ေကာင္မေလး ရွိတယ္မလား။ ဒါဆို…သူ မိန္းမေတြကို ၾကိဳက္တာေပါ့၊ ဟုတ္တယ္မလား”
“ဒါဆုိ သူနဲ့ဟန္ရွန္းယြီၾကားမွာေရာ”
အေစာနတုန္းက ရီ၀မ္၀မ္သည္ ဟန္ရွန္းယြီဟု ေၿဖလိုက္သည္ကုိ ၿပန္အမွတ္ရမိသြားေတာ့ၿပီး ကုန္ရႊီ၏အမူအရာမွာ တန့္ခဲသြားေတာ့၏ ။ သူ့မ်က္နွာထက္က ေရစက္တုိ့မွာ ေအးခဲသြားၾကေတာ့ၿပီး သူ့မ်က္၀န္းထဲတြင္မူ မီး၀င္း၀င္းေတာက္ေနသည္ ။
ဤအခ်ိန္တြင္မူ ထန္ရွင္းေဟ်ာ္၊ သူ့အား ရန္မစရဲေတာ့ ။
သူ တတ္သေလာက္မွတ္သေလာက္နွင့္ သူ့အား ေခ်ာ့ေမာ့ၿပီး ခုိင္ခုိင္မာမာၾကီး ေၿပာၿပလုိက္ရ၏။
“အဲ ၊ မင္းကလည္းကြာ ။ သူက စေနာက္ေနရံုပါကြ ။
ရီပုိင္ ဟန္ရွန္းယြီကို တမင္သက္သက္ ေရြးလုိက္တယ္ ဆိုတာ မင္း မသိတာက်လုိ့။ အတင္းစကားေတြကို ေရွာင္ဖုိ့ေလ။ ၿပီးေတာ့လည္း ဒီေန့ ရွိေနၾကတဲ့သူေတြက ဒက္ဇလင္းက၀န္ထမ္းေတြတင္မဟုတ္ဘူး၊ သူ့လက္ေအာက္က သရုပ္ေဆာင္ေတြလည္း ပါေနတယ္ေလ ကြာ - အရႈပ္သတင္းေတြ အၿပင္မွာၿပန့္သြားရင္ ရႈပ္ကုန္မွာေပါ့ ကြ”
ရီပုိင္၏ထန္ရွင္းေဟ်ာ္အား မၾကိဳက္နွစ္သက္ပါေၾကာင္း ထန္ရွင္းေဟ်ာ္၏ ေခ်ပခ်က္ကို ၾကားလုိက္တာနဲ့ ကုန္ရႊီ၏နွလံုးသားထဲက အစိုင္အခဲတုိ့မွာ ေၿပေလ်ာ္သြားရေတာ့သည္ ။ သို့ေသာ္၊ ရီပုိင္တြင္ ေကာင္မေလးရွိေနၿပီး မိန္းမေတြကို ၾကိဳက္တာပါဟု ထန္ရွင္းေဟ်ာ္ ေၿပာသြားခဲ့သည္အား စဥ္းစားလုိက္မိတာနဲ့ ထိုခံစားခ်က္တုိ့ ၿပန္လည္၀င္ေရာက္လာၿပန္သည္။
ေသာက္က်ိဳးနဲ…
ကုန္ရီႊက အခုခ်ိန္မွာ စိတ္ဆတ္ေနတဲ့ ၿခေသၤ့တစ္ေကာင္ အတုိင္းပဲ။
ထန္ရွင္းေဟ်ာ္၊ ကုန္ရႊီသည္ သူ့အေပၚသုိ့ ထပ္ခုန္အုပ္ကာ ေယာက်ာ္းစစ္ပါေၾကာင္း သက္ေသၿပလာဦးမွာကို စုိးေၾကာက္ေနမိလ်က္၊ အထင္တလြဲဆက္ဆံခံေနရပါသည့္ ေခ်ြးမေလးတစ္ေယာက္လုိ ေထာင့္နား သြားကုပ္ေနေတာ့ ့၏…
ငါလခြမ္း ။ ငါ့ရဲ့လူပ်ိဳစင္ဘ၀ေလး ။
က်ြန္ေတာ္ ဘယ္သူ့ကိုမ်ား ရန္စခဲ့မိလုိ့လဲဗ်ာ ။
💖💖💖💖💖💖💖
စာစဥ္ ၂၈၊ အခန္း ၆။ ေကာင္မေလးရွိတာ ေသခ်ာလား
စုေ၀းပြဲၿပီးသြားၿပီမု့ိ၊ လူတိုင္း အသီးသီး ႏႈတ္ဆက္စကားဆုိကာ ၿပန္သြားၾကေလၿပီ ။
ဟန္ရွန္းယြီ ။ “ရီပုိင္၊ မင္း ဘာနဲ့ၿပန္မွာလဲ”
“က်ြန္ေတာ့္သူငယ္ခ်င္း ဒီနားမွာရွိတယ္ -
သူ တစ္ခါတည္း က်ြန္ေတ္ာ့ကို ၀င္ၾကိဳလိမ့္မယ္”
ရီ၀မ္၀မ္၊ ၿပန္ေၿဖလုိက္၏။
လ်ိဳခ်န္း၊ ကုန္ရႊီ၊ ဟန္ရွန္းယြီနွင့္ ထန္ရွင္းေဟ်ာ္တုိ့အားလံုး သည္ သူတုိ့၏ကားအသီးသီးကို ေစာင့္ေနၾကၿခင္းပင္ ။
ဟန္ရွန္းယီြသည္ ေခါင္းေလးအနည္းငယ္ေစာင္းငဲ့ကာ ရီ၀မ္၀မ္အား စကားေၿပာလုိ့ေနသလုိ လ်ိဳခ်န္းသည္ သူ၏လက္ေထာက္နွင့္ ဖုန္းေၿပာေနသည္ ။ အၿမဲလုိလို ရီ၀မ္၀မ္နွင့္ ပူးပူးကပ္ကပ္ေနတတ္သည့္ ကုန္ရႊီသည္ကား အလွမ္းေတာ္ေတာ္ခြာၿပီး မတ္တပ္ရပ္ေနေလသည္ ။
ထန္ရွင္းေဟ်ာ္၏မ်က္လံုးတုိ့သည္ ရီပိုင္၊ လ်ိဳခ်န္း၊ ဟန္ရွန္းယြီနွင့္ ကုန္ရႊီတုိ့အား ေ၀့၀ဲၾကည့္လုိ့ေနရာမွ - သူ့ရင္ထဲတြင္ သိလုိစိတ္တုိ့ ရုန္းၾကြလာရၿပန္သည္ ။
သူ တစ္ခုခုၿဖစ္ေနတာကို ခံစားမိေန၏။
သိ့ုေသာ္၊ ဘာလဲဆုိသည္ကို အေၿဖရွာလုိ့မရ ။
ကုန္ရႊီ၊ ဟန္ရွန္းယြီဆီ ေလ်ွာက္သြားၿပီး ေဘးကို ဆြဲေခၚလုိက္ရင္း ။
“အစ္ကုိ ရွန္းယြီ၊ က်ြန္ေတာ္ အစ္ကုိ့ကုိ တစ္ခုေလာက္ ္ေမးၾကည့္ခ်င္ တယ္” ကုန္ရႊီ၊ သူ့ေရွ့မွေယာက်္ားအား စိတ္ပုိင္းၿဖတ္ထားဟန္ၿဖင့္ ၾကည့္လုိ့ေန၏ ။
“ဘာမ်ားလဲ” ဟန္ရွန္းယြီ၊ ေမးလုိက္သည္ႏွင့္ ။
ကုန္ရႊီ ။ “အစ္ကုိ ရီ ဆီမွာ ေကာင္မေလးရွိတယ္ဆုိ၊ ဟုတ္လား”
ဟန္ရွန္းယြီ၊ ေခါင္းညိတ္ၿပလာသည္ ။
“ဟုတ္တယ္ ။ ငါကိုယ္တုိင္မၿမင္ဖူးေပမယ့္လုိ့ ေတာ္ေတာ္ေလးလွတယ္လုိ့ေတာ့ ၾကားမိတယ္”
ကုန္ရႊီ၊ မ်က္ခံုးတုိ့တြန့္ၾကဳတ္သြားေတာ့ၿပီ ။
“သူက မိန္းမေတြကို ၾကိဳက္တယ္ဆုိတာ ေသခ်ာလား”
သူ့ရဲ့ေမးခြန္းကို ၾကားလုိက္သည့္အခ်ိန္၊
ဟန္ရွန္းယြီ က်ိတ္ရယ္ခ်လာၿပီး ကူကယ္ရာမဲ့စြာ ၿပန္ေၿဖလာသည္ ။
“ေသခ်ာတာေပါ့ကြ။ မင္း ဘာေတြေတြးေနတာလဲ ။
အခုနက စေနာက္ေနတာေၾကာင့္ေတာ့ မဟုတ္ပါဘူးေနာ္ ။
ငါ ဒီေနရာကိုေတာ့ ရွင္းရွင္းလင္းလငး္ေၿပာၿပထားရမယ္ -
မင္းရဲ့အစ္ကုိ ရီ နဲ့ ငါက ရုိးရုိးသားသားပဲ”
ဟန္ရွန္းယြီသည္ အလြန္တရာရုိးသားၿပီး ပြင့္ပြင့္လင္းလင္း ေၿပာလာရာ၊ ကုန္ရႊီ၊ တိတ္ဆိတ္သြားမိေတာ့၏ ။
တခနၾကာၿပီးသည့္ေနာက္၊ ကုန္ရႊီ၊ လ်ိဳခ်န္းဆီ ကူးသြားၿပန္ သည္ ။ “ဒီကုိလာဦး။ ငါ မင္းကို ေမးစရာရွိတယ္”
“ဘာမလုိ့လဲ”
လ်ိဳခ်န္း၊ အနည္းငယ္မ်က္ခံုးတု့ို တြန့္ၾကဳတ္လာ၏။
“ငါက လာဆုိ လာလုိက္ေပါ့။
မိန္းကေလးလုိမ်ိဳး ပစိပစပ္ေတြမ်ားေနတယ္”
ကုန္ရႊီ၊ ဓားၿပဗိုလ္တစ္ေယာက္လုိ သူ့အား အားပါပါနွင့္
ဆြဲေခၚသြားေတာ့သည္တည့္ ။
လ်ိဳခ်န္း ။ “ဘာၿဖစ္လုိ့လဲ”
“မင္းကို ေမးမလုိ့ - အစ္ကို ရီ ဆီမွာ ေကာင္မေလးရွိလား”
ကုန္ရႊီ၊ သူ့အား ေမးခြန္းတစ္ခုတည္းကို ေမးလုိက္ၿပန္ရာ ။
“ရွိတယ္ေလ၊ ဘာလုိ့လဲ” လ်ိဳခ်န္း ၊ စိတ္ရႈပ္ေထြးသြားမိ၏။
“အစ္ကုိ ရီ က မိန္းမေတြကို ၾကိဳက္တယ္ဆုိတာ ေသခ်ာလား”
ကုန္ရြႊီ၊ ေခါင္းမာမာနွင့္ ဆက္ကာေမးလုိက္ၿပန္သည္ ။
သူ ဘာလုိ့ ဒီေမးခြန္းကိုပဲ ထပ္တလဲလဲေမးေနမိသလဲ မသိပါေခ်။
သူ ဘယ္အေၿဖကို ၾကားခ်င္ေနမိသလဲဆုိသည္ကိုလည္း မသိေပ…
လ်ိဳခ်န္း၊ မ်က္ေမွာင္ၾကဳတ္သြားၿပီး စိတ္မရႊင္ပ်စြာၿဖင့္ ေၿပာဆုိလာသည္။
“မင္း ဘာေတြေလ်ွာက္ေၿပာေနတာလဲ။ အစ္ကို ရီ က ေသခ်ာေပါက္ မိန္းမေတြကိုပဲ ၾကိဳက္တာေပါ့”
ကုန္ရႊီ၊ ႏႈတ္ခမ္းတုိ့ ဖိကိုက္လုိက္ေတာ့ၿပီး ၊
ေနာက္ဆံုးတြင္မွ စကားေၿပာ ရပ္သြားေတာ့၏။
သူ အေတြးလြန္ေနပဲၿဖစ္မွာပါဟု ယူဆလုိက္ၿခင္းပင္ ။
ငါ မူးေနတာပဲ ၿဖစ္ရမယ္၊ ဒါေၾကာင့္မုိ့ ငါ ထူးထူးဆန္းဆန္း ေတြ ေလ်ွာက္လုပ္ေနမိတာပဲ…
ငါက ေယာက်္ားစစ္ၾကီးပါ။ ဒါဆို အစ္ကို ရီ လည္းပဲ…
ဟုတ္တယ္၊ အဲ့လုိပဲၿဖစ္ရမယ္….
“ကုန္ရႊီ” ဒီအခုိက္၊ ရီ၀မ္၀မ္သည္ ကုန္ရႊီဆီသို့ ေလ်ွာက္လာ ေနသည္ ။
သို့ေသာ္၊ သူ့ေရွ့တြင္ ထိုလူငယ္ရပ္လုိက္မိသည္နွင့္
ကုန္ရီႊ၏ရင္ခုန္သံတုိ့မွာ ေနာက္ထပ္တစ္ၾကိမ္
တဒုတ္ဒုတ္ခုန္လာရၿပန္ၿပီး
ေသြးတုိ့မွာ တပြက္ပြက္္ဆူလာရၿပန္သည္ ။
ကုန္ရႊီ၊ သူ့ရင္ဘတ္ကို အတင္းဖိအုပ္ကိုင္ထားလုိက္ေတာ့၏ ။
ေသာက္က်ိဳးနဲ ။ ငါ ဘာလုိ့မ်ား ေယာက်္ားတစ္ေယာက္ေရွ့မွာ အပ်ိဳၿဖန္းေလးလုိ ရင္ေတြခုန္ေနရၿပန္တာလဲ ။
“ဘာၿဖစ္လုိ့လဲ” ရီ၀မ္၀မ္၊ ေမးလာသည္ ။
“ဘဘ-ဘာမွ မၿဖစ္ဘူး ။ အစ္ကုိ ရီ က်ြန္ေတာ့္ကို ရွာေနတာလား”
ကုန္ရႊီ၊ ေနာက္ဆံုးတြင္ စိတ္တည္ၿငိမ္မႈရသြားခဲ့ပါ၏ ။ သုိ့ေသာ္၊ သူ၏မ်က္လံုးေတြသည္ကေတာ့ ရီပုိင္အား ေရွာင္ဖယ္လုိ့ေနဆဲ ။
“မင္းဆံပင္က ဘယ္လုိၿဖစ္တာလဲ”
ရီ၀မ္၀မ္၊ ေမးလုိက္သည္ ။
ကုန္ရႊီ၏ဆံပင္တုိ့သည္ ေရေတြစိုရႊဲလုိ့ေနၿပီး
သူ၏လည္ကုတ္တုိ့သည္ပင္ စိုရႊဲနစ္ေနၿခင္းပင္ ။
ထန္ရွင္းေဟ်ာ္၊ သူ့မ်က္နွာထက္တြင္ မ်က္ရည္အၿဖိဳင္ၿဖိဳင္ၿဖင့္ ေထာင့္တစ္ေထာင့္တြင္ ပုန္းလုိ့ေနရင္းမွ ။
သက္ေသေၾကာင့္ေလ၊ သက္ေသေၾကာင့္။
အဲ့ဒီသက္ေသေၾကာင့္ သူ က်ြန္ေတာ့္ကို အနုိင္က်င့္လုိက္တာ ။
“ဘာမွမၿဖစ္ပါဘူး။ က်ြန္ေတာ့္ဟာက်ြန္ေတာ္
တစ္ခုခုဖိတ္သြားလုိ့ ေရသြားေဆးထားတာပါ”
ကုန္ရႊီ၊ ၿပန္ေၿဖလာသည္ ။ သူသည္ စကားေၿပာခ်င္ေနဟန္ပင္ ။ သ့ုိေသာ္၊ အဆံုးသတ္တြင္ ဆက္ကာတိတ္ဆိတ္သြားေလ သည္ ။ သူ၏လြန္ဆြဲေနသည့္အမူအရာမွာ တြန့္လိမ္လို့လာ လုနီးနီးပင္ ။
အမ္ ။ ရင္ခုန္ေနတုန္းပဲလား၊ ဟမ္ ။
ခုန္တယ္ ခုန္တယ္ ခုန္တယ္။ ရင္ခုန္ေနတာ ရပ္ပါေတာ့ဟ ။
ငါ ဘာေတြၿဖစ္ေနတာလဲ ။
ငါ အစ္ကို ရီ ကို ၿမင္လုိက္တုိင္း၊ ဒါမွမဟုတ္ စကားေၿပာလိုက္ ္တိုင္း ဘာလုိ့ တစ္ခုခုၿဖစ္ေနသလုိ ခံစားေနမိတာလဲ - ငါ့ရင္ခုန္သံေတြက ၿမန္ၿမန္လာတယ္။ ငါ့ရဲ့ခႏၶာကုိယ္ကလည္း ရွိန္းဖိန္းဖိန္းၿဖစ္လာတယ္။ ၿပီးေတာ့ ငါ့ရဲ့အဂါၤၾကီး ၆ ခုပါ အလုပ္မလုပ္ေတာ့သလိုပဲ…။
💖💖💖💖💖💖💖
စာစဥ္ ၂၈၊ အခန္း ၇။ အခ်စ္ၿပိဳင္ဘက္အစစ္
ေအးစက္ေနၿပီးမုိးဖြဲဖြဲက်ေနသည့္ ညေလးသည္
ကုန္ရႊီ ခံစားေနရသလုိပင္…
သူသည္…နက္နက္ရိႈင္းရိႈင္းခ်စ္ေနမိၿပီဟု….
ဒီခံစားခ်က္ကို သူ နားလည္မိလုိက္ရာ။
ထုိအေတြးၿဖင့္၊ သူ့ရဲ့ေသြးတုိ့သည္ ေအးစက္သြားရၿပီး
သူ့ရဲ့ထိုအေတြးေၾကာင့္ မထိတ္လန့္ဘဲ မေနနုိင္ေတာ့ ။
ခ်ီးပဲ ၊ ခ်စ္ေနတယ္တဲ့လား ။
ေပါက္ပန္းေလးဆယ္ေတြ ။
ငါက ေယာက်ာ္းေလးတစ္ေယာက္ကို ခ်စ္စရာလား ။
ဒါေပမယ့္…ငါက ခ်စ္ဖူးတဲ့အေတြ ့အၾကံဳမရွိေသးတဲ့ လူငယ္ေလးတစ္ေယာက္ပဲ ။
ကုန္ရႊီ၊ သူသည္ ဘာေၾကာင့္မို့ ထိတ္လန့္ေနမိရသည္ကုိ
နားလည္နုိင္ၿခင္းမရွိ ၿဖစ္လုိ့ေနၿခင္းပင္ ။
မၿဖစ္ေတာ့ဘူး၊ ဒီတုိင္းဆက္သြားေနရင္ ငါ ရူးသြားလိမ့္မယ္ ။
ငါ…ငါ အစ္ကုိ ရီ ကို နမ္းၾကည့္လိုက္သင့္လား။
ထန္ရွင္းေဟ်ာ္ကို နမ္းတုန္းကလုိမ်ိဳး ရြံစရာေကာင္းတယ္ ဆုိရင္ ငါ့စိတ္ ေသခ်ာေပါက္ ရွင္းသြားမွာပဲ….
ကုန္ရႊီ၊ စိတ္ထဲ အေတြးေပါင္းေသာင္းေၿခာက္ေထာင္ၿဖင့္ ေယာင္ခ်ာလုိက္ေနခုိက္ ရီ၀မ္၀မ္၊ ေမးလာသည္ ။
“မင္း သၾကားလံုးေလးအေၾကာင္း ေမးခ်င္ေနတာမလား”
“အာ ။ ဘာကိုလဲ”
ဒီအခုိက္၊ ကုန္ရႊီသည္ သၾကားလံုးအေၾကာင္းကုိ ေမ့လုိ့ေနေလၿပီ ။
ရီ၀မ္၀မ္၊ ကုန္ရႊီသည္ ဒီညတစ္ခုခုၿဖစ္ေနသည္ကို ခံစားမိေန သည္မို့
သူမ၊ ကုန္ရႊီအား သံသယတုိ့ၿဖင့္ ၾကည့္လာေတာ့သည္ ။
ရီ၀မ္၀မ္ စိုက္ၾကည့္ေနသည္ကို အာရံုခံမိသည္နွင့္
ကုန္ရႊီ၊ စိုးရိမ္စိတ္တို့ တစ္စထက္တစ္စတုိးလာခ်ိန္ ။
ရုတ္တရက္၊ ရီ၀မ္၀မ္၊ သူမမ်က္လံုးေထာင့္စြန္းကေန အနက္ေရာင္ကားတစ္စီးလာေနၿပီး လမ္းေဘးတြင္ ၿဖည္းၿဖည္းခ်င္းရပ္လာသည္ကို ၿမင္လုိက္ေလရာ ။
စီရီဟန္ရဲ့ကားပဲ ။
ရီ၀မ္၀မ္၊ ကုန္ရႊီဆီကေန အၾကည့္လႊဲလုိက္ၿပီး
တၿခားတစ္ဖက္ကို လွည့္လုိက္ေတာ့၏။
ကားတံခါးဖြင့္လာၿပီး ရွည္လ်ားသည့္ေၿခတံတုိ့ တၿဖည္းၿဖည္းခ်င္း ေပၚထြက္လာကာ ဒီေနာက္ အရပ္ရွည္ေမာင္းၿပီး ေအးစက္သည့္ ပံုုသ႑ာန္တစ္ခု ေပၚထြက္လာသည္။ သူသည္ ေမွာင္မုိက္ၿပီး တိတ္ဆိတ္
ေနသည့္ ညဘက္တြင္ လင္းထိန္ေနသည့္ဘားရွိရာဆီ ေလ်ွာက္လာလုိ့ေန၏ ။
တစ္လွမ္းၿပီးတစ္လွမ္း…
သူသည္ ရီ၀မ္၀မ္ဘက္ ေလ်ွာက္လာၿပီး ရပ္တန့္လိုက္ေခ် သည္ ။
သူ့ကုိ ၿမင္လုိက္သည္နွင့္ ဟန္ရွန္းယြီ၏မ်က္လံုးတုိ့ ခ်က္ခ်ငး္ပင္ က်ဥ္းေၿမာင္းသြားရသည္ ။
အခုနက ရီပုိင္ေၿပာတဲ့ သူငယ္ခ်င္းဆုိတာက
တကယ္ၾကီး ၉ စီ ပဲ ။
“သခင္ေလး စီ၊ ေတြ ့ၾကၿပန္ၿပီ”
ဟန္ရွန္းယြီ၊ သူ့အား ႏႈန္းဆက္လုိက္ပါ၏။
စီရီဟန္သည္ကား ထူးမၿခားနားစြာပင္။
ဟန္ရွန္းယြီအား ၾကည့္လုိက္ၿပီး ေခါင္းအသာညိမ့္ ၿပန္ေၿဖလာသည္ ။
ဟန္ရွင္းယြီသည္ စီရီဟန္အား တစ္ခါသာဆံုဖူးေသာ္လည္း
သူ့အေပၚ အေတာ္ေလး အထင္ၾကီးမိသည္ပင္ ။
အရင္တုန္းက စီရီဟန္သည္ သူနွင့္ ဟန္ရွန္းယြီအေရွ့တြင္ ရီပုိင္အား နမ္းခဲ့၏။ ထုိအခ်ိန္က သူသည္ ေၾကာက္တာထက္ ္ပင္ ပိုမိခဲ့ေလ၏…
စီရီဟန္ ေရာက္လာသည္ကို ၿမင္လုိက္သည္နွင့္
ရီ၀မ္၀မ္၊ လက္ေ၀ွ့ယမ္းၿပလုိက္ရင္း ။
“ရွန္းယြီ၊ က်ြန္ေတာ့္သူငယ္ခ်င္း ေရာက္လာၿပီ။
က်ြန္ေတာ္ အရင္ၿပန္နွင့္မယ္ေနာ္”
“ရပါတယ္၊ ဂရုစိုက္ၿပန္ဦး”
“လ်ိဳခ်န္း၊ ေရွာင္ခ်င္း ေရာက္ေတာ့မွာလား”
ရီ၀မ္၀မ္၊ လ်ိဳခ်န္းအား ၾကည့္လာသည္ ။
လ်ိဳခ်န္း ။ “ငါးမိနစ္အတြင္း ေရာက္လာလိမ့္မယ္တဲ့”
“ဟုတ္ပါၿပီ”
ရီ၀မ္၀မ္၊ ေခါင္းတညိတ္ညိတ္ၿဖင့္ ။
ကုန္ရႊီဘက္ လွည့္လုိက္ၿပန္သည္။
“ကုန္ရႊီ၊ ဒရုိင္ဘာလာတာကို ေစာင့္ေန -
မင္း ေသာက္ထားတယ္၊ ကိုယ္တုိင္ကားမေမာင္းနဲ့”
“အာ…”
ကုန္ရီႊသည္ကား မ်က္ေမွာင္ၾကဳတ္လ်က္ ။
ရီ၀မ္၀မ္ေဘးက လူအား ၾကည့္လို့ေန၏ ။
ဒီလူက ဘယ္သူလဲ ။
သူ ဘာၿဖစ္ေနသလဲ မသိပါေခ် - ထိုလူသည္ သူစိမ္းတစ္ေယာက္မွ်သာ ၿဖစ္ရဲ့သားနဲ့ သူ့အား သေဘာမက်၊ ဆန့္က်င္လုိသည္အား ခံစားမိလိုက္၏…
သူ အလြန္တရာ ၿခိမ္းေၿခာက္ေနသည္ကိုပင္
သူ ခံစားေနရ၏…
သူ ရွိေနသည္ကို သတိမထားမိေအာင္ ၿငိမ္ကုပ္ေနပါသည့္ ထန္ရွင္းေဟ်ာ္သည္ပင္လ်ွင္ မေၿပာလာဘဲမေနနုိင္ေတာ့ ။
“အဲ့ဒီလူက ဘယ္သူလဲ၊ အဲ။ သူ့ဆီမွာ ကိုယ္ေရာင္ကိုယ္၀ါၾကီးက ၿပင္းထန္တယ္…”
ရီ၀မ္၀မ္၊ ဟန္ရွန္းယြီနွင့္တၿခားသူတုိ့ကို ႏႈတ္ဆက္ၿပီးသည္ နွင့္ စီရီဟန္နွင့္အတူ ကားရွိရာဘက္ ေလ်ွာက္သြားေတာ့သည္ ။
ညသည္ အေတာ္ေလးေအးစိမ့္လြန္းလွရကား၊
ကားဆီသြားရင္း ရီ၀မ္၀မ္၊ ၿပင္းၿပင္းထန္ထန္နွာေခ်မိ၏ ။သူမနံေဘးက စီရီဟန္၊ မ်က္ေမွာင္တုိ့ ၾကဳတ္လာၿပီး၊
တံု့ခနဲ ရပ္သြားေလသည္ ။
သူ ၀တ္ထားသည့္အနက္ေရာင္ကုတ္အက်ီၤအား ခ်ြတ္လုိက္ၿပီး ရီ၀မ္၀မ္၏ပုခံုးေပၚ ညင္ညင္သာသာေလး တင္ေပးလုိက္၏။
သူမကိုယ္ေပၚတြင္ ေႏြးေထြးလွသည့္ကုတ္တစ္ထည္ လႊမ္းၿခံဳလုိက္သည္နွင့္ခ်က္ခ်င္းပင္ ရီ၀မ္၀မ္၊ ေနလုိ့သက္သာ သြားရသည္ ။
ရီ၀မ္၀မ္၊ ေၾကာင္အမိသြားၿပီးေနာက္ စိုးရိမ္စြာ ေၿပာလာသည္ ။“အမ္ ။ က်ြန္မကုိ မေပးနဲ့ ။ ရွင္ အေအးမိသြားရင္ ဘယ္လို လုပ္မလဲ”
စီရီဟန္သာ အေအးမိသြားမည္ဆုိပါက ၿပသနာၾကီး ၿဖစ္လိမ့္မည္ပင္ ။ ၿပီးေတာ့လည္း အခုခ်ိန္တြင္ သူမသည္ ေယာက်္ားေလးပံုစံ ေၿပာင္းထားသည္ မဟုတ္လား ။
ရီ၀မ္၀မ္သည္ ကုတ္အက်ီၤကို သူ့အား ၿပန္ေပးခ်င္ေနသည္ကို ၿမင္လုိက္သည္နွင့္ သူမရဲ့လက္ကို ဆုပ္ကိုင္လုိက္သည့္ စီရီဟန္ ။သူမေလး၏လက္ေခ်ာင္းတု့ိသည္ ေရခဲအလား ေအးစက္ေနသည္ကို ခံစားလုိက္မိေလရာ၊ စီရီဟန္၊ ပိုလုိ့ပင္ မ်က္ေမွာင္ၾကဳတ္လာေတာ့ၿပီး သူမေလး၏လက္ဖ၀ါးကို သူ့ရင္ဘတ္ေႏြးေႏြးထဲ တစ္ခါတည္း ထုိးထည့္ပစ္လုိက္ ္ေတာ့၏….
💖💖💖💖💖💖💖
စာစဥ္ ၂၈၊ အခန္း ၈။ လူလိမ္ေတြ
ဤၿမင္ကြင္းကို ၿမင္လုိက္ရသည္နွင့္ မိုးၾကိဳးတို့ တဂ်ိန္းဂ်ိန္းဒလိန္းလိန္း ပစ္ခ်ခံလုိက္ရသလုိ
ကုန္ရႊီ၊ ခံစားလုိက္ရေတာ့သည္ ။
ကြန္ပလိန္းတက္လုိဟန္ၿဖင့္ ဟန္ရွန္းယြီနွင့္လ်ဳိခ်န္းအား ၾကည့္လုိက္သည္။
လူလိမ္ေတြ ။ မင္းတုိ့နွစ္ေယာက္ လူလိမ္အၾကီးစားေတြ ။
မင္းတုိ့ အဖြဲ ့ဖြဲ ့ၿပီးေတာ့ ငါ့ကို လိမ္တယ္ ။
အစ္ကုိ ရီ က မိန္းမေတြကို ၾကိဳက္တာလုိ့
မင္းတုိ့နွစ္ေယာက္ မေၿပာဘူးလား။
ဒါဆုိ ေၿပာစမ္းပါဦး ။ ဒီအေၿခအေနက ဘာလဲဆုိိတာ ေၿပာစမ္းပါဦး - အဲဒါ ဘာလဲကြ ။
လူရုိင္းၾကီးတစ္ေယာက္က ဘယ္ကေန ဘာလုိ့ထြက္လာ တာလဲ ။
ရီ၀မ္၀မ္သည္ သူတုိ့၏တံု့ၿပန္မႈတုိ့ကို သတိၿပဳမိပါ၏ ။ သို့ေသာ္၊ ဒါကို ေတြးမိၿပီးသည့္တခနမွာပင္ ပိုၿပီးဥာဏ္ရွိသည့္ဆံုးၿဖတ္ခ်က္ကို ခ်လုိက္ၿပီး ဆက္မသြားေတာ့ဘဲ သူမလက္ကို ရုတ္လိုက္ေတာ့၏။
ရီ၀မ္၀မ္၊ သူမ၏မ်က္စိေထာင့္စြန္းတုိ့ကေန လ်ိဳခ်န္း၊ ကုန္ရႊီ နွင့္ တၿခားသူေတြကို တစ္ခ်က္ၾကည့္လုိက္ၿပီး၊ ေနာက္ စီရီဟန္အား ေမာ့ၾကည့္လုိက္ကာ ကူကယ္ရာမဲ့စြာ ေၿပာလာ သည္ ။
“ကိုကို၊ ခ်စ္ရဲ့သရုပ္ေဆာင္ေတြေရွ့မွာ ခ်စ္ကို နည္းနည္းေလာက္ မ်က္နွာသာေပးပါလား”
မ်က္နွာသာေပးပါလား ။
စီရီဟန္၊ သံသယအၾကည့္တစ္ခ်က္ ထုတ္ေဖာ္လာသည္ ။
တခနေလာက္ေတြးၾကည့္ၿပီးသည့္ေနာက္၊
ရီ၀မ္၀မ္သည္ အထင္လြဲခံရမွာကို စိုးရိမ္ၿပီး သူမကုမၸဏီက လူေတြေရွ့တြင္ သူမနွင့္ အရမ္းရင္းရင္းနွီးနွီးၾကီး သူ့အား မၿပဳေစလိုၿခင္းဟု ယူဆလုိက္၏။ တစ္ၿပိဳင္နက္၊ သူ၏မ်က္လံုးတုိ့သည္ ေအးစက္သြားေတာ့ၿပီး၊ တစ္ခ်ိန္တည္းမွာပင္ သူမေလး၏လက္ကို လႊတ္ေပးလုိက္၏ ။
ရီ၀မ္၀မ္ကား ရွင္းၿပစကားမဆုိ၊ ၿပံဳးစစၿပဳလာသည္ ။
ေနာက္တစ္စကၠန့္၊ သူ့ရဲ့ကုတ္အက်ီၤကို ခ်ြတ္ပစ္လုိက္ၿပီး
စီရီဟန္ေပၚ အသာအယာတင္ေပးလုိက္၏။ ၿပီးသည့္ေနာက္ သူမလည္တုိင္တြင္ ပတ္ထားသည့္လည္စည္းပ၀ါကို ခ်ြတ္လုိက္ၿပီး စီရီဟန္၏လည္တုိင္တြင္ တင္းက်ပ္စြာ နွစ္ပတ္ပတ္ေပးလုိက္ရင္း ။
ရီ၀မ္၀မ္၊ ခစ္ခနဲ ရယ္ခ်လိုက္ကာ သူမတုိ့နွစ္ဦးသာလ်ွင္ ၾကားနုိင္ေလာက္သည့္အသံၿဖင့္ ေၿပာလာသည္ ။
“ခ်စ္ေၿပာတာက အထင္လြဲခံရတယ္ဆုိရင္ေတာင္ အနည္းဆံုးေတာ့ ခ်စ္က အေပၚကၿဖစ္ရမွာေပါ့၊ အဲ ။ ခ်စ္ရဲ့သရုပ္ေဆာင္ေတြက ခ်စ္ကို အၾကိဳက္ခံရတဲ့သူလုိ့ ထင္သြားရင္ ခ်စ္ မ်က္နွာမပ်က္ရဘူးလား”
စီရီဟန္ ။ “…”
ေယာက်္ားနွစ္ေယာက္တြင္တစ္ေယာက္သည္ ႏူးညံ့စြာ ၿပံဳးလုိ့ေနသည္။ သူသည္ ခ်မ္းသာကံုလံုၿပီး ဂုဏ္ယူအားက် ရစြာ ေနထုိင္လာခဲ့သည္ ခန့္ညား၀င့္ထည္သည့္မင္းသားေလး တစ္ပါးနွယ္ လံုး၀စြဲမက္စရာ ေကာင္းလွ၏ ။ တၿခားတစ္ေယာက္သည္ကား ေန့စဥ္ဘ၀၏ ဒုကၡသုခ
တုိ့ကို မခံစားရသည့္ ေတာင္ထိပ္ကိုဖံုးလႊမ္းေနေသာ ၿဖဴစင္သန့္ရွင္းသည့္ နွင္းတုိ့သဖြယ္ အလြန္အမင္း ေအးစက္လြန္းလွသည္ ။ သူတု့ိနွစ္ဦးသား အတူရပ္ေနခ်ိန္ တြင္ ပန္းခ်ီကားတစ္ခ်ပ္အလား လွပလြန္းလွေခ်သည္…
ဒါ့အၿပင္၊ သူတု့ိနွစ္ဦးၾကားတြင္ ခုိင္ၿမဲသည့္ဆက္ဆံေရး ရွိေနဟန္တူသည္…
မေ၀းသည့္ေနရာဆီမွ၊ လိ်ဳခ်န္း၊ ဟန္ရွန္းယြီ၊ ကုန္ရႊီနွင့္ ထန္ရွင္းေဟ်ာ္တုိ့ အားလံုး၏မ်က္နွာထက္တြင္ စိတ္ရႈပ္ေထြးေနသည့္အၾကည့္ကုိယ္စီၿဖင့္ ။
ေယာက်ာ္းေလးတစ္ေယာက္နွင့္မိန္းကေလးတစ္ေယာက္ရဲ့ၿမင္ကြင္းသာ ဆုိပါက သေရတၿမားၿမားက်ရမည့္ လွပၿပီးေႏြးေထြးသည့္ ပန္းခ်ီကားခ်ပ္ ေလးတစ္ခုပင္။ သုိ့ေသာ္ အခုေတာ့ ေယာက်ာ္းၾကီးနွစ္ေယာက္ ၿဖစ္ေန ေလသည္ ။
ဒါ…တစ္ခုခုမ်ား မွားမေနဘူးလား ။
ထန္ရွင္းေဟ်ာ္၊ တံေတြးတုိ့ ဂလုခနဲ ၿမိဳခ်လုိက္မိရင္း
ဂရုတစိုက္ ေရွ့တုိးလာၿပီး ။
“အာ၊ အခုနက အဲ့ဒီေယာက်ာ္းက ဘယ္သူလဲ။
သူက အစ္ကုိ ရီ နဲ့ ဘယ္လုိပတ္သက္ေနတာလဲ။
ဘာလုိ့ တစ္ခုခုမမွန္သလုိ… ငါ ခံစားေနမိပါလိမ့္ ။
ဒါ…ငါ မွားထင္ေနတာမ်ားလား…”
ကုန္ရႊီသည္ကေတာ့ ခ်က္ခ်င္းပင္ေဒါသတုိ့ေပါက္ကြဲသြားၿပီး ဟန္ရွန္းယြီနွင့္လ်ိဳခ်န္းတုိ့ဆီ အၿမန္ေရာက္သြားေတာ့၏ ။
“ဒီေတာ့ ဒါက မင္းတုိ့ေကာင္ေတြေၿပာတဲ့
အစ္ကို ရီ က မိန္းမေတြကို ၾကိဳက္တာဆုိတာလားကြ”
ဟန္ရွန္းယြီနွင့္လ်ိဳခ်န္းတုိ့ တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္လုိက္မိၾက၏ ။
ဒီေနာက္၊ လ်ိဳခ်န္း ေၿပာလာသည္ ။ “ၿပသနာရွိလုိ့လား”
ကုန္ရႊီ၏နဖူးေပၚက ေသြးေၾကာတုိ့မွာ ေပါက္ထြက္လုမတတ္။
“ၿပသနာရွိလုိ့လားလုိ့ မင္း ငါ့ကို ေမးေနတာလားကြ။
အခုနက မင္းကိုယ္တုိင္ မၿမင္လုိက္ဘူးလား”
လ်ိဳခ်န္း၊ ထူးမၿခားနားစြာၿဖင့္ ၿပန္ေၿပာလာသည္ ။
“ငါ ၿမင္တယ္ေလ၊ ဘာၿဖစ္လဲ။ သာမန္သူငယ္ခ်င္းနွစ္ေယာက္ လက္ပြန္းတတီးေနတတ္ရံုပါ”
လ်ိဳခ်န္းအတြက္သည္ကား၊ ရီပုိင္သည္ စီရီဟန္ေပၚသုိ့ ခုန္အုပ္ဖူး သည္ကို အရင္က ၿမင္ဖူးခဲ့ၿပီမုိ့ စီရီဟန္သည္ ရီပုိင္၏ပုခံုးေပၚ ကုတ္အက်ီၤ ၿခံဳေပးၿပီး သူ့ရဲ့လက္ကို နည္းနည္းေလာက္ကိုင္ၿခင္း ဆုိသည္မွာ လံုး၀သာမန္ဟုသာ ၿမင္မိၿခင္းပင္ ။
“လံုး၀ကို ပံုမွန္ဟုတ္လား။ မင္း ကန္းမ်ားေနတာလား”
ကုန္ရႊီ၊ ဖိေဟာက္ပစ္လုိက္ေတာ့ၿပီး၊ ေနာက္
ဟန္ရွန္းယြီဘက္သို့ လွည့္လုိက္ကာ ။
“အစ္ကို ရွန္းယြီ၊ အစ္ကိုေရာ ဒါကုိ ပံုမွန္လုိ့ထင္လား”
ဟန္ရွန္းယြီ၊ သူ့ႏႈတ္ေခါင္းကို ပြတ္သပ္လုိက္ရင္း။
“ဘာမွ…မဟုတ္ေလာက္ပါဘူး၊ ဟမ့္…”
ၿပီးေတာ့လည္း….
ဟန္ရွန္းယြီသည္ လ်ိဳခ်န္းထက္ ပုိၿမင္ထားဖူးသည္ပင္ - စီရီဟန္သည္ ရီပုိင္အား နမ္းေနၿခင္းကို ကိုယ္တုိင္ၿမင္ခဲ့ရၿခင္း ၿဖစ္၏…
အဆံုးသတ္တြင္၊
ကုန္ရႊီသည္သာ ဒီရူးေလာက္စရာအေၿခအေနထဲ စိတ္ရႈပ္ေထြးလုိ့က်န္ခဲ့ရေတာ့၏…
💖💖💖💖💖💖💖💖
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘😘😘
Paid group ၀င္လိုသူမ်ား စာစဥ္တစ္ခုကို ၅၀၀ နဲ႔ ၀င္လို႔ရပါၿပီ
........
Unicode
💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 28
Chapter. : 5 - 8
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••
စာစဉ် ၂၇၊ အခန်း ၅။ ယောကျ်ားစစ်ကြောင်း သက်သေပြပြီ
ထန်ရှင်းဟျော်စိတ်ထဲ မိုးကြိုးတို့ ဂျိန်းခနဲပစ်ချခံလိုက်ရသလို ။“သောက် ကျိုး နဲ ။ ချီးပဲ ချီးပဲ ချီးပဲ ။ ကုန်ရွှီ၊ ခွေးကောင်ကြီး ။ မင်း ရူးသွားပြီလား ။ ငါ့ရဲ့လူပျိုဘဝလေး ။ ကုန်ရွှီ၊ သွားသေ လိုက်”
ရူးရူးမိုက်မိုက်၊ နှုတ်ခမ်းတို့အား ပွတ်သပ်ပစ်နေသည့် ထန်ရှင်းဟျော် ။
သို့သော်လည်း၊ ကုန်ရွှီ၏တုံ့ပြန်မှုသည်က သူ့ထက် ပိုဆိုးနေ သေးသည်။ သူ့အား အကြမ်းပတမ်း တွန်းပစ်လိုက်သည်မှာ ပစ်လဲကျလုနီးနီးထိ ။ ဒီနောက်၊ သူ့ရဲ့မျက်နှာအား ရေတို့ဖြင့် တဗွမ်းဗွမ်းဆေးကြောပစ်နေ၏။ အလွန်အမင်း ရွံရှာသည့်ဟန် ပေါ်နေကာ ။“သောက်ကျိုးနဲ ။ ရွံစရာကောင်းလိုက်တာ….”
ဒါကို ကြားလိုက်ရသည်နှင့်၊ ဒေါသတို့ပါ ထောင်းခနဲ ထသွားရတော့သည့် ထန်ရှင်းဟျော် ။ “ငါလခွီးပဲ။ မင်းကများ ရွံစရာကောင်းတယ်တဲ့ ။ ငါကသာ ရွံရမယ့်ကောင်ကွ ။ မင်းကပဲ ငါ့ကို အတင်းနမ်းပြီး ငါ့ကို ရွံစရာကြီးလို့ ပြောနေသေးတယ် - မင်း င့ါကို နောက်နေတာလား”
“ချီး-ပဲ” ကုန်ရွှီ၊ ရေဘားအား အရှိန်ှပြင်းပြင်းဖွင့်ချပစ်လိုက်ပြီး သူ့ခေါင်းတစ်ခုလုံးကို ရေအေးအေးအောက် ထိုးဝင်ပစ်လိုက် ်တော့သည် ။
ကုန်ရွီှ၏အပြုအမူကို မြင်လိုက်ရသည်နှင့် ထန်ရှင်းဟျော်၊ တံတွေးတို့နင်သွားပြီး တိုးတိုးလေး ပြောလာသည်။
“ကုန်ရွှီ၊ မင်း တကယ်ကြီး ဂေးသွားပြီလား”
ကုန်ရွှီ၊ တဖြည်းဖြည်းချင်း သူ့ရဲ့ခေါင်းကို မော့လာ၏ ။
သူ့ရဲ့ဆံပင်တို့မှာ ရွှဲရွှဲစိုနေလျက် ။
ထန်ရှင်းဟျော်အား တင်းမာမာဖြင့် ကြည့်လာပြီး ပြောလိုက်၏ ။ “မင်း…မင်း ဘာပြောလိုက်တယ်။ ဂေး ဟုတ်လား”
“အမ်၊ ဟုတ်ဘူး၊ ငါ ဘာမှမပြောဘူး။ ငါ ဘာမှမပြောဘူး။
လုံးဝကို မပြောဘူးနော် ။ မင်း နားကြားမှားတာ ။
ဒီအနမ်းလေးနဲ့တောင် မင်း ဒီလောက်ထိ ရွံနေမှတော့ ဂေးနေတာဘယ်ဟုတ်ပါ့မလဲ၊ ဟားဟားဟား…”
ထန်ရှင်းဟျော်၊ ထပ်ပြီး လက်ဝှေ့ယမ်းလာရင်း။
“မင်းက ယောကျ်ားစစ်စစ်ကြီးပဲ - မင်းရဲ့လိင်အကြိုက် ကလည်း ယောကျ်ားအစစ်ဆုံးပဲ”
သောက်ကျိုးနဲ၊ ငါတော့ သေပြီ။
ဘာလို့ လွှတ်ခနဲပြောထွက်မိရတာလဲ ။
ကုန်ရွှီရဲ့စိတ်အခြေအနေနဲ့ဆို သူ ဂေးနေပြီဆိုတာကို
ငါ သိသွားတာကို သူသိသွားလို့မဖြစ်ဘူး ။
ကျေးဇူးတင်စရာကောင်းစွာ ဒီစကားကိုကြားလိုက်သည်နှင့် ကုန်ရွှီ၏အမူအရာမှာ ပိုလို့အများကြီး တည်ငြိမ်လာသည် တည့်။
ကျေးဇူးပါ ဘုရား…
တခနလောက် တိတ်ဆိတ်ပြီးသည့်နောက်၊
ကုန်ရွှီ ပြောလာသည်။
“ဒါဖြင့် သူရော”
“အာ ။ သူ ။ ဘယ်သူလဲ”
ထန်ရှင်းဟျော် ၊ သဘောမပေါက်မိ။
ကုန်ရွှီ၊ ထန်ရှင်းဟျော်အား ဝေ့ကြည့်လာတော့ပြီး၊ စိတ်ရှုပ်လာစွာဖြင့်။
“ရီ ပိုင် - သူကော ယောကျာ်းတွေကို ကြိုက်တာလား၊ မိန်းမတွေကို ကြိုက်တာလား”
ထန်ရှင်းဟျော်၊ သူ့မေးခွန်းကို သတိကြီးကြီးဖြင့် ပြန်ဖြေလိုက်သည်။
“အဲ…ငါ ဘယ်လိုလုပ် သိမှာလဲ၊ အာ….”
ထန်ရှင်းဟျော်၊ တိုးတိုးလေး အထွန့်တက်လာသည်။
“အခွင့်အရေးကို အသုံးချပြီး ရီပိုင်ကို မေးကြည့်ပါလို့ ငါ မင်းကို ပြောသားပဲ။ ငါ ပြောတာကို မင်းမှ နားမထောင်တာ။ ငါ့ကိုပဲ အတင်းလိုက်မဲနေပြီးတော့။ အဲ့ဒါတန်ရဲ့လား၊ ဟမ့်…”
ကုန်ရွီှ၊ ဒေါသအငွေ့အသက်တု့ိဖြင့် သူ့အား ကြည့်လိုက်လေ ရာ ။
ထန်ရှင်းဟျော်၊ အကြောက်ကြီးကြောက်လန့်သွားတော့ပြီး လေးလေးနက်နက် ဖြေလာတော့၏။
“ရီပိုင်မှာ ကောင်မလေး ရှိတယ်မလား။ ဒါဆို…သူ မိန်းမတွေကို ကြိုက်တာပေါ့၊ ဟုတ်တယ်မလား”
“ဒါဆို သူနဲ့ဟန်ရှန်းယွီကြားမှာရော”
အစောနတုန်းက ရီဝမ်ဝမ်သည် ဟန်ရှန်းယွီဟု ဖြေလိုက်သည်ကို ပြန်အမှတ်ရမိသွားတော့ပြီး ကုန်ရွှီ၏အမူအရာမှာ တန့်ခဲသွားတော့၏ ။ သူ့မျက်နှာထက်က ရေစက်တို့မှာ အေးခဲသွားကြတော့ပြီး သူ့မျက်ဝန်းထဲတွင်မူ မီးဝင်းဝင်းတောက်နေသည် ။
ဤအချိန်တွင်မူ ထန်ရှင်းဟျော်၊ သူ့အား ရန်မစရဲတော့ ။
သူ တတ်သလောက်မှတ်သလောက်နှင့် သူ့အား ချော့မော့ပြီး ခိုင်ခိုင်မာမာကြီး ပြောပြလိုက်ရ၏။
“အဲ ၊ မင်းကလည်းကွာ ။ သူက စနောက်နေရုံပါကွ ။
ရီပိုင် ဟန်ရှန်းယွီကို တမင်သက်သက် ရွေးလိုက်တယ် ဆိုတာ မင်း မသိတာကျလို့။ အတင်းစကားတွေကို ရှောင်ဖို့လေ။ ပြီးတော့လည်း ဒီနေ့ ရှိနေကြတဲ့သူတွေက ဒက်ဇလင်းကဝန်ထမ်းတွေတင်မဟုတ်ဘူး၊ သူ့လက်အောက်က သရုပ်ဆောင်တွေလည်း ပါနေတယ်လေ ကွာ - အရှုပ်သတင်းတွေ အပြင်မှာပြန့်သွားရင် ရှုပ်ကုန်မှာပေါ့ ကွ”
ရီပိုင်၏ထန်ရှင်းဟျော်အား မကြိုက်နှစ်သက်ပါကြောင်း ထန်ရှင်းဟျော်၏ ချေပချက်ကို ကြားလိုက်တာနဲ့ ကုန်ရွှီ၏နှလုံးသားထဲက အစိုင်အခဲတို့မှာ ပြေလျော်သွားရတော့သည် ။ သို့သော်၊ ရီပိုင်တွင် ကောင်မလေးရှိနေပြီး မိန်းမတွေကို ကြိုက်တာပါဟု ထန်ရှင်းဟျော် ပြောသွားခဲ့သည်အား စဉ်းစားလိုက်မိတာနဲ့ ထိုခံစားချက်တို့ ပြန်လည်ဝင်ရောက်လာပြန်သည်။
သောက်ကျိုးနဲ…
ကုန်ရွီှက အခုချိန်မှာ စိတ်ဆတ်နေတဲ့ ခြင်္သေ့တစ်ကောင် အတိုင်းပဲ။
ထန်ရှင်းဟျော်၊ ကုန်ရွှီသည် သူ့အပေါ်သို့ ထပ်ခုန်အုပ်ကာ ယောကျာ်းစစ်ပါကြောင်း သက်သေပြလာဦးမှာကို စိုးကြောက်နေမိလျက်၊ အထင်တလွဲဆက်ဆံခံနေရပါသည့် ချွေးမလေးတစ်ယောက်လို ထောင့်နား သွားကုပ်နေတော့၏…
ငါလခွမ်း ။ ငါ့ရဲ့လူပျိုစင်ဘဝလေး ။
ကျွန်တော် ဘယ်သူ့ကိုများ ရန်စခဲ့မိလို့လဲဗျာ ။
💖💖💖💖💖💖💖
စာစဉ် ၂၈၊ အခန်း ၆။ ကောင်မလေးရှိတာ သေချာလား
စုဝေးပွဲပြီးသွားပြီမု့ိ၊ လူတိုင်း အသီးသီး နှုတ်ဆက်စကားဆိုကာ ပြန်သွားကြလေပြီ ။
ဟန်ရှန်းယွီ ။ “ရီပိုင်၊ မင်း ဘာနဲ့ပြန်မှာလဲ”
“ကျွန်တော့်သူငယ်ချင်း ဒီနားမှာရှိတယ် -
သူ တစ်ခါတည်း ကျွန်တေ်ာ့ကို ဝင်ကြိုလိမ့်မယ်”
ရီဝမ်ဝမ်၊ ပြန်ဖြေလိုက်၏။
လျိုချန်း၊ ကုန်ရွှီ၊ ဟန်ရှန်းယွီနှင့် ထန်ရှင်းဟျော်တို့အားလုံး သည် သူတို့၏ကားအသီးသီးကို စောင့်နေကြခြင်းပင် ။
ဟန်ရှန်းယွီသည် ခေါင်းလေးအနည်းငယ်စောင်းငဲ့ကာ ရီဝမ်ဝမ်အား စကားပြောလို့နေသလို လျိုချန်းသည် သူ၏လက်ထောက်နှင့် ဖုန်းပြောနေသည် ။ အမြဲလိုလို ရီဝမ်ဝမ်နှင့် ပူးပူးကပ်ကပ်နေတတ်သည့် ကုန်ရွှီသည်ကား အလှမ်းတော်တော်ခွာပြီး မတ်တပ်ရပ်နေလေသည် ။
ထန်ရှင်းဟျော်၏မျက်လုံးတို့သည် ရီပိုင်၊ လျိုချန်း၊ ဟန်ရှန်းယွီနှင့် ကုန်ရွှီတို့အား ဝေ့၀ဲကြည့်လို့နေရာမှ - သူ့ရင်ထဲတွင် သိလိုစိတ်တို့ ရုန်းကြွလာရပြန်သည် ။
သူ တစ်ခုခုဖြစ်နေတာကို ခံစားမိနေ၏။
သိ့ုသော်၊ ဘာလဲဆိုသည်ကို အဖြေရှာလို့မရ ။
ကုန်ရွှီ၊ ဟန်ရှန်းယွီဆီ လျှောက်သွားပြီး ဘေးကို ဆွဲခေါ်လိုက်ရင်း ။
“အစ်ကို ရှန်းယွီ၊ ကျွန်တော် အစ်ကို့ကို တစ်ခုလောက် ်မေးကြည့်ချင် တယ်” ကုန်ရွှီ၊ သူ့ရှေ့မှယောကျ်ားအား စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ကြည့်လို့နေ၏ ။
“ဘာများလဲ” ဟန်ရှန်းယွီ၊ မေးလိုက်သည်နှင့် ။
ကုန်ရွှီ ။ “အစ်ကို ရီ ဆီမှာ ကောင်မလေးရှိတယ်ဆို၊ ဟုတ်လား”
ဟန်ရှန်းယွီ၊ ခေါင်းညိတ်ပြလာသည် ။
“ဟုတ်တယ် ။ ငါကိုယ်တိုင်မမြင်ဖူးပေမယ့်လို့ တော်တော်လေးလှတယ်လို့တော့ ကြားမိတယ်”
ကုန်ရွှီ၊ မျက်ခုံးတို့တွန့်ကြုတ်သွားတော့ပြီ ။
“သူက မိန်းမတွေကို ကြိုက်တယ်ဆိုတာ သေချာလား”
သူ့ရဲ့မေးခွန်းကို ကြားလိုက်သည့်အချိန်၊
ဟန်ရှန်းယွီ ကျိတ်ရယ်ချလာပြီး ကူကယ်ရာမဲ့စွာ ပြန်ဖြေလာသည် ။
“သေချာတာပေါ့ကွ။ မင်း ဘာတွေတွေးနေတာလဲ ။
အခုနက စနောက်နေတာကြောင့်တော့ မဟုတ်ပါဘူးနော် ။
ငါ ဒီနေရာကိုတော့ ရှင်းရှင်းလင်းလင်းပြောပြထားရမယ် -
မင်းရဲ့အစ်ကို ရီ နဲ့ ငါက ရိုးရိုးသားသားပဲ”
ဟန်ရှန်းယွီသည် အလွန်တရာရိုးသားပြီး ပွင့်ပွင့်လင်းလင်း ပြောလာရာ၊ ကုန်ရွှီ၊ တိတ်ဆိတ်သွားမိတော့၏ ။
တခနကြာပြီးသည့်နောက်၊ ကုန်ရွှီ၊ လျိုချန်းဆီ ကူးသွားပြန် သည် ။ “ဒီကိုလာဦး။ ငါ မင်းကို မေးစရာရှိတယ်”
“ဘာမလို့လဲ”
လျိုချန်း၊ အနည်းငယ်မျက်ခုံးတု့ို တွန့်ကြုတ်လာ၏။
“ငါက လာဆို လာလိုက်ပေါ့။
မိန်းကလေးလိုမျိုး ပစိပစပ်တွေများနေတယ်”
ကုန်ရွှီ၊ ဓားပြဗိုလ်တစ်ယောက်လို သူ့အား အားပါပါနှင့်
ဆွဲခေါ်သွားတော့သည်တည့် ။
လျိုချန်း ။ “ဘာဖြစ်လို့လဲ”
“မင်းကို မေးမလို့ - အစ်ကို ရီ ဆီမှာ ကောင်မလေးရှိလား”
ကုန်ရွှီ၊ သူ့အား မေးခွန်းတစ်ခုတည်းကို မေးလိုက်ပြန်ရာ ။
“ရှိတယ်လေ၊ ဘာလို့လဲ” လျိုချန်း ၊ စိတ်ရှုပ်ထွေးသွားမိ၏။
“အစ်ကို ရီ က မိန်းမတွေကို ကြိုက်တယ်ဆိုတာ သေချာလား”
ကုန်ရွှီ၊ ခေါင်းမာမာနှင့် ဆက်ကာမေးလိုက်ပြန်သည် ။
သူ ဘာလို့ ဒီမေးခွန်းကိုပဲ ထပ်တလဲလဲမေးနေမိသလဲ မသိပါချေ။
သူ ဘယ်အဖြေကို ကြားချင်နေမိသလဲဆိုသည်ကိုလည်း မသိပေ…
လျိုချန်း၊ မျက်မှောင်ကြုတ်သွားပြီး စိတ်မရွှင်ပျစွာဖြင့် ပြောဆိုလာသည်။
“မင်း ဘာတွေလျှောက်ပြောနေတာလဲ။ အစ်ကို ရီ က သေချာပေါက် မိန်းမတွေကိုပဲ ကြိုက်တာပေါ့”
ကုန်ရွှီ၊ နှုတ်ခမ်းတို့ ဖိကိုက်လိုက်တော့ပြီး ၊
နောက်ဆုံးတွင်မှ စကားပြော ရပ်သွားတော့၏။
သူ အတွေးလွန်နေပဲဖြစ်မှာပါဟု ယူဆလိုက်ခြင်းပင် ။
ငါ မူးနေတာပဲ ဖြစ်ရမယ်၊ ဒါကြောင့်မို့ ငါ ထူးထူးဆန်းဆန်း တွေ လျှောက်လုပ်နေမိတာပဲ…
ငါက ယောကျ်ားစစ်ကြီးပါ။ ဒါဆို အစ်ကို ရီ လည်းပဲ…
ဟုတ်တယ်၊ အဲ့လိုပဲဖြစ်ရမယ်….
“ကုန်ရွှီ” ဒီအခိုက်၊ ရီဝမ်ဝမ်သည် ကုန်ရွှီဆီသို့ လျှောက်လာ နေသည် ။
သို့သော်၊ သူ့ရှေ့တွင် ထိုလူငယ်ရပ်လိုက်မိသည်နှင့်
ကုန်ရွီှ၏ရင်ခုန်သံတို့မှာ နောက်ထပ်တစ်ကြိမ်
တဒုတ်ဒုတ်ခုန်လာရပြန်ပြီး
သွေးတို့မှာ တပွက်ပွက်ဆူလာရပြန်သည် ။
ကုန်ရွှီ၊ သူ့ရင်ဘတ်ကို အတင်းဖိအုပ်ကိုင်ထားလိုက်တော့၏ ။
သောက်ကျိုးနဲ ။ ငါ ဘာလို့များ ယောကျ်ားတစ်ယောက်ရှေ့မှာ အပျိုဖြန်းလေးလို ရင်တွေခုန်နေရပြန်တာလဲ ။
“ဘာဖြစ်လို့လဲ” ရီဝမ်ဝမ်၊ မေးလာသည် ။
“ဘဘ-ဘာမှ မဖြစ်ဘူး ။ အစ်ကို ရီ ကျွန်တော့်ကို ရှာနေတာလား”
ကုန်ရွှီ၊ နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုရသွားခဲ့ပါ၏ ။ သို့သော်၊ သူ၏မျက်လုံးတွေသည်ကတော့ ရီပိုင်အား ရှောင်ဖယ်လို့နေဆဲ ။
“မင်းဆံပင်က ဘယ်လိုဖြစ်တာလဲ”
ရီဝမ်ဝမ်၊ မေးလိုက်သည် ။
ကုန်ရွှီ၏ဆံပင်တို့သည် ရေတွေစိုရွှဲလို့နေပြီး
သူ၏လည်ကုတ်တို့သည်ပင် စိုရွှဲနစ်နေခြင်းပင် ။
ထန်ရှင်းဟျော်၊ သူ့မျက်နှာထက်တွင် မျက်ရည်အဖြိုင်ဖြိုင်ဖြင့် ထောင့်တစ်ထောင့်တွင် ပုန်းလို့နေရင်းမှ ။
သက်သေကြောင့်လေ၊ သက်သေကြောင့်။
အဲ့ဒီသက်သေကြောင့် သူ ကျွန်တော့်ကို အနိုင်ကျင့်လိုက်တာ ။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ဟာကျွန်တော်
တစ်ခုခုဖိတ်သွားလို့ ရေသွားဆေးထားတာပါ”
ကုန်ရွှီ၊ ပြန်ဖြေလာသည် ။ သူသည် စကားပြောချင်နေဟန်ပင် ။ သ့ိုသော်၊ အဆုံးသတ်တွင် ဆက်ကာတိတ်ဆိတ်သွားလေ သည် ။ သူ၏လွန်ဆွဲနေသည့်အမူအရာမှာ တွန့်လိမ်လို့လာ လုနီးနီးပင် ။
အမ် ။ ရင်ခုန်နေတုန်းပဲလား၊ ဟမ် ။
ခုန်တယ် ခုန်တယ် ခုန်တယ်။ ရင်ခုန်နေတာ ရပ်ပါတော့ဟ ။
ငါ ဘာတွေဖြစ်နေတာလဲ ။
ငါ အစ်ကို ရီ ကို မြင်လိုက်တိုင်း၊ ဒါမှမဟုတ် စကားပြောလိုက် ်တိုင်း ဘာလို့ တစ်ခုခုဖြစ်နေသလို ခံစားနေမိတာလဲ - ငါ့ရင်ခုန်သံတွေက မြန်မြန်လာတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကလည်း ရှိန်းဖိန်းဖိန်းဖြစ်လာတယ်။ ပြီးတော့ ငါ့ရဲ့အဂါၤကြီး ၆ ခုပါ အလုပ်မလုပ်တော့သလိုပဲ…။
💖💖💖💖💖💖💖
စာစဉ် ၂၈၊ အခန်း ၇။ အချစ်ပြိုင်ဘက်အစစ်
အေးစက်နေပြီးမိုးဖွဲဖွဲကျနေသည့် ညလေးသည်
ကုန်ရွှီ ခံစားနေရသလိုပင်…
သူသည်…နက်နက်ရှိုင်းရှိုင်းချစ်နေမိပြီဟု….
ဒီခံစားချက်ကို သူ နားလည်မိလိုက်ရာ။
ထိုအတွေးဖြင့်၊ သူ့ရဲ့သွေးတို့သည် အေးစက်သွားရပြီး
သူ့ရဲ့ထိုအတွေးကြောင့် မထိတ်လန့်ဘဲ မနေနိုင်တော့ ။
ချီးပဲ ၊ ချစ်နေတယ်တဲ့လား ။
ပေါက်ပန်းလေးဆယ်တွေ ။
ငါက ယောကျာ်းလေးတစ်ယောက်ကို ချစ်စရာလား ။
ဒါပေမယ့်…ငါက ချစ်ဖူးတဲ့အတွေ့အကြုံမရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပဲ ။
ကုန်ရွှီ၊ သူသည် ဘာကြောင့်မို့ ထိတ်လန့်နေမိရသည်ကို
နားလည်နိုင်ခြင်းမရှိ ဖြစ်လို့နေခြင်းပင် ။
မဖြစ်တော့ဘူး၊ ဒီတိုင်းဆက်သွားနေရင် ငါ ရူးသွားလိမ့်မယ် ။
ငါ…ငါ အစ်ကို ရီ ကို နမ်းကြည့်လိုက်သင့်လား။
ထန်ရှင်းဟျော်ကို နမ်းတုန်းကလိုမျိုး ရွံစရာကောင်းတယ် ဆိုရင် ငါ့စိတ် သေချာပေါက် ရှင်းသွားမှာပဲ….
ကုန်ရွှီ၊ စိတ်ထဲ အတွေးပေါင်းသောင်းခြောက်ထောင်ဖြင့် ယောင်ချာလိုက်နေခိုက် ရီဝမ်ဝမ်၊ မေးလာသည် ။
“မင်း သကြားလုံးလေးအကြောင်း မေးချင်နေတာမလား”
“အာ ။ ဘာကိုလဲ”
ဒီအခိုက်၊ ကုန်ရွှီသည် သကြားလုံးအကြောင်းကို မေ့လို့နေလေပြီ ။
ရီဝမ်ဝမ်၊ ကုန်ရွှီသည် ဒီညတစ်ခုခုဖြစ်နေသည်ကို ခံစားမိနေ သည်မို့
သူမ၊ ကုန်ရွှီအား သံသယတို့ဖြင့် ကြည့်လာတော့သည် ။
ရီဝမ်ဝမ် စိုက်ကြည့်နေသည်ကို အာရုံခံမိသည်နှင့်
ကုန်ရွှီ၊ စိုးရိမ်စိတ်တို့ တစ်စထက်တစ်စတိုးလာချိန် ။
ရုတ်တရက်၊ ရီဝမ်ဝမ်၊ သူမမျက်လုံးထောင့်စွန်းကနေ အနက်ရောင်ကားတစ်စီးလာနေပြီး လမ်းဘေးတွင် ဖြည်းဖြည်းချင်းရပ်လာသည်ကို မြင်လိုက်လေရာ ။
စီရီဟန်ရဲ့ကားပဲ ။
ရီဝမ်ဝမ်၊ ကုန်ရွှီဆီကနေ အကြည့်လွှဲလိုက်ပြီး
တခြားတစ်ဖက်ကို လှည့်လိုက်တော့၏။
ကားတံခါးဖွင့်လာပြီး ရှည်လျားသည့်ခြေတံတို့ တဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ ဒီနောက် အရပ်ရှည်မောင်းပြီး အေးစက်သည့် ပုံသဏ္ဍာန်တစ်ခု ပေါ်ထွက်လာသည်။ သူသည် မှောင်မိုက်ပြီး တိတ်ဆိတ်
နေသည့် ညဘက်တွင် လင်းထိန်နေသည့်ဘားရှိရာဆီ လျှောက်လာလို့နေ၏ ။
တစ်လှမ်းပြီးတစ်လှမ်း…
သူသည် ရီဝမ်ဝမ်ဘက် လျှောက်လာပြီး ရပ်တန့်လိုက်ချေ သည် ။
သူ့ကို မြင်လိုက်သည်နှင့် ဟန်ရှန်းယွီ၏မျက်လုံးတို့ ချက်ချင်းပင် ကျဉ်းမြောင်းသွားရသည် ။
အခုနက ရီပိုင်ပြောတဲ့ သူငယ်ချင်းဆိုတာက
တကယ်ကြီး ၉ စီ ပဲ ။
“သခင်လေး စီ၊ တွေ့ကြပြန်ပြီ”
ဟန်ရှန်းယွီ၊ သူ့အား နှုန်းဆက်လိုက်ပါ၏။
စီရီဟန်သည်ကား ထူးမခြားနားစွာပင်။
ဟန်ရှန်းယွီအား ကြည့်လိုက်ပြီး ခေါင်းအသာညိမ့် ပြန်ဖြေလာသည် ။
ဟန်ရှင်းယွီသည် စီရီဟန်အား တစ်ခါသာဆုံဖူးသော်လည်း
သူ့အပေါ် အတော်လေး အထင်ကြီးမိသည်ပင် ။
အရင်တုန်းက စီရီဟန်သည် သူနှင့် ဟန်ရှန်းယွီအရှေ့တွင် ရီပိုင်အား နမ်းခဲ့၏။ ထိုအချိန်က သူသည် ကြောက်တာထက် ်ပင် ပိုမိခဲ့လေ၏…
စီရီဟန် ရောက်လာသည်ကို မြင်လိုက်သည်နှင့်
ရီဝမ်ဝမ်၊ လက်ဝှေ့ယမ်းပြလိုက်ရင်း ။
“ရှန်းယွီ၊ ကျွန်တော့်သူငယ်ချင်း ရောက်လာပြီ။
ကျွန်တော် အရင်ပြန်နှင့်မယ်နော်”
“ရပါတယ်၊ ဂရုစိုက်ပြန်ဦး”
“လျိုချန်း၊ ရှောင်ချင်း ရောက်တော့မှာလား”
ရီဝမ်ဝမ်၊ လျိုချန်းအား ကြည့်လာသည် ။
လျိုချန်း ။ “ငါးမိနစ်အတွင်း ရောက်လာလိမ့်မယ်တဲ့”
“ဟုတ်ပါပြီ”
ရီဝမ်ဝမ်၊ ခေါင်းတညိတ်ညိတ်ဖြင့် ။
ကုန်ရွှီဘက် လှည့်လိုက်ပြန်သည်။
“ကုန်ရွှီ၊ ဒရိုင်ဘာလာတာကို စောင့်နေ -
မင်း သောက်ထားတယ်၊ ကိုယ်တိုင်ကားမမောင်းနဲ့”
“အာ…”
ကုန်ရွီှသည်ကား မျက်မှောင်ကြုတ်လျက် ။
ရီဝမ်ဝမ်ဘေးက လူအား ကြည့်လို့နေ၏ ။
ဒီလူက ဘယ်သူလဲ ။
သူ ဘာဖြစ်နေသလဲ မသိပါချေ - ထိုလူသည် သူစိမ်းတစ်ယောက်မျှသာ ဖြစ်ရဲ့သားနဲ့ သူ့အား သဘောမကျ၊ ဆန့်ကျင်လိုသည်အား ခံစားမိလိုက်၏…
သူ အလွန်တရာ ခြိမ်းခြောက်နေသည်ကိုပင်
သူ ခံစားနေရ၏…
သူ ရှိနေသည်ကို သတိမထားမိအောင် ငြိမ်ကုပ်နေပါသည့် ထန်ရှင်းဟျော်သည်ပင်လျှင် မပြောလာဘဲမနေနိုင်တော့ ။
“အဲ့ဒီလူက ဘယ်သူလဲ၊ အဲ။ သူ့ဆီမှာ ကိုယ်ရောင်ကိုယ်ဝါကြီးက ပြင်းထန်တယ်…”
ရီဝမ်ဝမ်၊ ဟန်ရှန်းယွီနှင့်တခြားသူတို့ကို နှုတ်ဆက်ပြီးသည် နှင့် စီရီဟန်နှင့်အတူ ကားရှိရာဘက် လျှောက်သွားတော့သည် ။
ညသည် အတော်လေးအေးစိမ့်လွန်းလှရကား၊
ကားဆီသွားရင်း ရီဝမ်ဝမ်၊ ပြင်းပြင်းထန်ထန်နှာချေမိ၏ ။သူမနံဘေးက စီရီဟန်၊ မျက်မှောင်တို့ ကြုတ်လာပြီး၊
တုံ့ခနဲ ရပ်သွားလေသည် ။
သူ ဝတ်ထားသည့်အနက်ရောင်ကုတ်အကျီၤအား ချွတ်လိုက်ပြီး ရီဝမ်ဝမ်၏ပုခုံးပေါ် ညင်ညင်သာသာလေး တင်ပေးလိုက်၏။
သူမကိုယ်ပေါ်တွင် နွေးထွေးလှသည့်ကုတ်တစ်ထည် လွှမ်းခြုံလိုက်သည်နှင့်ချက်ချင်းပင် ရီဝမ်ဝမ်၊ နေလို့သက်သာ သွားရသည် ။
ရီဝမ်ဝမ်၊ ကြောင်အမိသွားပြီးနောက် စိုးရိမ်စွာ ပြောလာသည် ။“အမ် ။ ကျွန်မကို မပေးနဲ့ ။ ရှင် အအေးမိသွားရင် ဘယ်လို လုပ်မလဲ”
စီရီဟန်သာ အအေးမိသွားမည်ဆိုပါက ပြသနာကြီး ဖြစ်လိမ့်မည်ပင် ။ ပြီးတော့လည်း အခုချိန်တွင် သူမသည် ယောကျ်ားလေးပုံစံ ပြောင်းထားသည် မဟုတ်လား ။
ရီဝမ်ဝမ်သည် ကုတ်အကျီၤကို သူ့အား ပြန်ပေးချင်နေသည်ကို မြင်လိုက်သည်နှင့် သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်သည့် စီရီဟန် ။သူမလေး၏လက်ချောင်းတု့ိသည် ရေခဲအလား အေးစက်နေသည်ကို ခံစားလိုက်မိလေရာ၊ စီရီဟန်၊ ပိုလို့ပင် မျက်မှောင်ကြုတ်လာတော့ပြီး သူမလေး၏လက်ဖဝါးကို သူ့ရင်ဘတ်နွေးနွေးထဲ တစ်ခါတည်း ထိုးထည့်ပစ်လိုက် ်တော့၏….
💖💖💖💖💖💖💖
စာစဉ် ၂၈၊ အခန်း ၈။ လူလိမ်တွေ
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် မိုးကြိုးတို့ တဂျိန်းဂျိန်းဒလိန်းလိန်း ပစ်ချခံလိုက်ရသလို
ကုန်ရွှီ၊ ခံစားလိုက်ရတော့သည် ။
ကွန်ပလိန်းတက်လိုဟန်ဖြင့် ဟန်ရှန်းယွီနှင့်လျိုချန်းအား ကြည့်လိုက်သည်။
လူလိမ်တွေ ။ မင်းတို့နှစ်ယောက် လူလိမ်အကြီးစားတွေ ။
မင်းတို့ အဖွဲ့ဖွဲ့ပြီးတော့ ငါ့ကို လိမ်တယ် ။
အစ်ကို ရီ က မိန်းမတွေကို ကြိုက်တာလို့
မင်းတို့နှစ်ယောက် မပြောဘူးလား။
ဒါဆို ပြောစမ်းပါဦး ။ ဒီအခြေအနေက ဘာလဲဆိုတာ ပြောစမ်းပါဦး - အဲဒါ ဘာလဲကွ ။
လူရိုင်းကြီးတစ်ယောက်က ဘယ်ကနေ ဘာလို့ထွက်လာ တာလဲ ။
ရီဝမ်ဝမ်သည် သူတို့၏တုံ့ပြန်မှုတို့ကို သတိပြုမိပါ၏ ။ သို့သော်၊ ဒါကို တွေးမိပြီးသည့်တခနမှာပင် ပိုပြီးဉာဏ်ရှိသည့်ဆုံးဖြတ်ချက်ကို ချလိုက်ပြီး ဆက်မသွားတော့ဘဲ သူမလက်ကို ရုတ်လိုက်တော့၏။
ရီဝမ်ဝမ်၊ သူမ၏မျက်စိထောင့်စွန်းတို့ကနေ လျိုချန်း၊ ကုန်ရွှီ နှင့် တခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး၊ နောက် စီရီဟန်အား မော့ကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာ ပြောလာ သည် ။
“ကိုကို၊ ချစ်ရဲ့သရုပ်ဆောင်တွေရှေ့မှာ ချစ်ကို နည်းနည်းလောက် မျက်နှာသာပေးပါလား”
မျက်နှာသာပေးပါလား ။
စီရီဟန်၊ သံသယအကြည့်တစ်ချက် ထုတ်ဖော်လာသည် ။
တခနလောက်တွေးကြည့်ပြီးသည့်နောက်၊
ရီဝမ်ဝမ်သည် အထင်လွဲခံရမှာကို စိုးရိမ်ပြီး သူမကုမ္ပဏီက လူတွေရှေ့တွင် သူမနှင့် အရမ်းရင်းရင်းနှီးနှီးကြီး သူ့အား မပြုစေလိုခြင်းဟု ယူဆလိုက်၏။ တစ်ပြိုင်နက်၊ သူ၏မျက်လုံးတို့သည် အေးစက်သွားတော့ပြီး၊ တစ်ချိန်တည်းမှာပင် သူမလေး၏လက်ကို လွှတ်ပေးလိုက်၏ ။
ရီဝမ်ဝမ်ကား ရှင်းပြစကားမဆို၊ ပြုံးစစပြုလာသည် ။
နောက်တစ်စက္ကန့်၊ သူ့ရဲ့ကုတ်အကျီၤကို ချွတ်ပစ်လိုက်ပြီး
စီရီဟန်ပေါ် အသာအယာတင်ပေးလိုက်၏။ ပြီးသည့်နောက် သူမလည်တိုင်တွင် ပတ်ထားသည့်လည်စည်းပဝါကို ချွတ်လိုက်ပြီး စီရီဟန်၏လည်တိုင်တွင် တင်းကျပ်စွာ နှစ်ပတ်ပတ်ပေးလိုက်ရင်း ။
ရီဝမ်ဝမ်၊ ခစ်ခနဲ ရယ်ချလိုက်ကာ သူမတို့နှစ်ဦးသာလျှင် ကြားနိုင်လောက်သည့်အသံဖြင့် ပြောလာသည် ။
“ချစ်ပြောတာက အထင်လွဲခံရတယ်ဆိုရင်တောင် အနည်းဆုံးတော့ ချစ်က အပေါ်ကဖြစ်ရမှာပေါ့၊ အဲ ။ ချစ်ရဲ့သရုပ်ဆောင်တွေက ချစ်ကို အကြိုက်ခံရတဲ့သူလို့ ထင်သွားရင် ချစ် မျက်နှာမပျက်ရဘူးလား”
စီရီဟန် ။ “…”
ယောကျ်ားနှစ်ယောက်တွင်တစ်ယောက်သည် နူးညံ့စွာ ပြုံးလို့နေသည်။ သူသည် ချမ်းသာကုံလုံပြီး ဂုဏ်ယူအားကျ ရစွာ နေထိုင်လာခဲ့သည် ခန့်ညားဝင့်ထည်သည့်မင်းသားလေး တစ်ပါးနှယ် လုံးဝစွဲမက်စရာ ကောင်းလှ၏ ။ တခြားတစ်ယောက်သည်ကား နေ့စဉ်ဘဝ၏ ဒုက္ခသုခ
တို့ကို မခံစားရသည့် တောင်ထိပ်ကိုဖုံးလွှမ်းနေသော ဖြူစင်သန့်ရှင်းသည့် နှင်းတို့သဖွယ် အလွန်အမင်း အေးစက်လွန်းလှသည် ။ သူတု့ိနှစ်ဦးသား အတူရပ်နေချိန် တွင် ပန်းချီကားတစ်ချပ်အလား လှပလွန်းလှချေသည်…
ဒါ့အပြင်၊ သူတု့ိနှစ်ဦးကြားတွင် ခိုင်မြဲသည့်ဆက်ဆံရေး ရှိနေဟန်တူသည်…
မဝေးသည့်နေရာဆီမှ၊ လျိုချန်း၊ ဟန်ရှန်းယွီ၊ ကုန်ရွှီနှင့် ထန်ရှင်းဟျော်တို့ အားလုံး၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့်အကြည့်ကိုယ်စီဖြင့် ။
ယောကျာ်းလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ရဲ့မြင်ကွင်းသာ ဆိုပါက သရေတမြားမြားကျရမည့် လှပပြီးနွေးထွေးသည့် ပန်းချီကားချပ် လေးတစ်ခုပင်။ သို့သော် အခုတော့ ယောကျာ်းကြီးနှစ်ယောက် ဖြစ်နေ လေသည် ။
ဒါ…တစ်ခုခုများ မှားမနေဘူးလား ။
ထန်ရှင်းဟျော်၊ တံတွေးတို့ ဂလုခနဲ မြိုချလိုက်မိရင်း
ဂရုတစိုက် ရှေ့တိုးလာပြီး ။
“အာ၊ အခုနက အဲ့ဒီယောကျာ်းက ဘယ်သူလဲ။
သူက အစ်ကို ရီ နဲ့ ဘယ်လိုပတ်သက်နေတာလဲ။
ဘာလို့ တစ်ခုခုမမှန်သလို… ငါ ခံစားနေမိပါလိမ့် ။
ဒါ…ငါ မှားထင်နေတာများလား…”
ကုန်ရွှီသည်ကတော့ ချက်ချင်းပင်ဒေါသတို့ပေါက်ကွဲသွားပြီး ဟန်ရှန်းယွီနှင့်လျိုချန်းတို့ဆီ အမြန်ရောက်သွားတော့၏ ။
“ဒီတော့ ဒါက မင်းတို့ကောင်တွေပြောတဲ့
အစ်ကို ရီ က မိန်းမတွေကို ကြိုက်တာဆိုတာလားကွ”
ဟန်ရှန်းယွီနှင့်လျိုချန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏ ။
ဒီနောက်၊ လျိုချန်း ပြောလာသည် ။ “ပြသနာရှိလို့လား”
ကုန်ရွှီ၏နဖူးပေါ်က သွေးကြောတို့မှာ ပေါက်ထွက်လုမတတ်။
“ပြသနာရှိလို့လားလို့ မင်း ငါ့ကို မေးနေတာလားကွ။
အခုနက မင်းကိုယ်တိုင် မမြင်လိုက်ဘူးလား”
လျိုချန်း၊ ထူးမခြားနားစွာဖြင့် ပြန်ပြောလာသည် ။
“ငါ မြင်တယ်လေ၊ ဘာဖြစ်လဲ။ သာမန်သူငယ်ချင်းနှစ်ယောက် လက်ပွန်းတတီးနေတတ်ရုံပါ”
လျိုချန်းအတွက်သည်ကား၊ ရီပိုင်သည် စီရီဟန်ပေါ်သို့ ခုန်အုပ်ဖူး သည်ကို အရင်က မြင်ဖူးခဲ့ပြီမို့ စီရီဟန်သည် ရီပိုင်၏ပုခုံးပေါ် ကုတ်အကျီၤ ခြုံပေးပြီး သူ့ရဲ့လက်ကို နည်းနည်းလောက်ကိုင်ခြင်း ဆိုသည်မှာ လုံးဝသာမန်ဟုသာ မြင်မိခြင်းပင် ။
“လုံးဝကို ပုံမှန်ဟုတ်လား။ မင်း ကန်းများနေတာလား”
ကုန်ရွှီ၊ ဖိဟောက်ပစ်လိုက်တော့ပြီး၊ နောက်
ဟန်ရှန်းယွီဘက်သို့ လှည့်လိုက်ကာ ။
“အစ်ကို ရှန်းယွီ၊ အစ်ကိုရော ဒါကို ပုံမှန်လို့ထင်လား”
ဟန်ရှန်းယွီ၊ သူ့နှုတ်ခေါင်းကို ပွတ်သပ်လိုက်ရင်း။
“ဘာမှ…မဟုတ်လောက်ပါဘူး၊ ဟမ့်…”
ပြီးတော့လည်း….
ဟန်ရှန်းယွီသည် လျိုချန်းထက် ပိုမြင်ထားဖူးသည်ပင် - စီရီဟန်သည် ရီပိုင်အား နမ်းနေခြင်းကို ကိုယ်တိုင်မြင်ခဲ့ရခြင်း ဖြစ်၏…
အဆုံးသတ်တွင်၊
ကုန်ရွှီသည်သာ ဒီရူးလောက်စရာအခြေအနေထဲ စိတ်ရှုပ်ထွေးလို့ကျန်ခဲ့ရတော့၏…
💖💖💖💖💖💖💖💖
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment ဖို့ မမေ့နဲ့နော် 😘😘😘😘😘😘😘
Paid group ဝင်လိုသူများ စာစဉ်တစ်ခုကို ၅၀၀ နဲ့ ဝင်လို့ရပါပြီ