လက္ေဆာင္ (S-2) [လက်ဆောင် (S-2...

By kyawgyikwa

141K 18.4K 1.2K

လက္ေဆာင္ရဲ႕ထံုးစံအတိုင္းၿငိမ့္ၿငိမ့္ေလးပါပဲ။ လက်ဆောင်ရဲ့ထုံးစံအတိုင်းငြိမ့်ငြိမ့်လေးပါပဲ။ More

Ch-2[Z+U]
Ch-3 [Z+U]
Ch-4 [Z+U]
Ch-5[Z+U]
Ch-6 [Z+U]
Ch-7 [Z+U]
Ch-8 [Z+U]
Ch-9 [Z+U]
Ch-10[Z+U]
Ch-11[Z+U]
Ch-12[Z+U]
Ch-13 [Z+U]
Ch-14 [Z+U]
Ch- 15 [Z+U]
Ch-16 [Z+U]
Ch- 17 [Z+U]
Ch- 18 [Z+U]
Ch- 19 [Z+U]
Ch- 20 [Z+U]
Ch- 21[Z+U]
Ch- 22[Z+U]
Ch- 23[Z+U]
Ch- 24 [Z+U]
Ch-25 [Z+U]
Final

Ch-1[Z+U]

18.5K 1K 65
By kyawgyikwa

Zawgyi
..............

ေဝ့ရင္းတစ္ေယာက္ သူဆြဲထားသည့္ပံုတူပန္းခ်ီကို
တစ္ဖက္သို႔ပို႔ေပးလိုက္ၿပီး ေက်နပ္ေနသည့္အျပံဳးႏွင့္
စာလံုးေလးေတြကိုခပ္သြက္သြက္႐ိုက္ထည့္လိုက္သည္။

'ဘယ္လိုလဲ မိန္႐ွန္း
ကိုယ္ဆြဲေပးတဲ့ပံု သေဘာက်လား..'

တစ္ဖက္က typing ေပၚေနတဲ့အခ်ိန္မွာ
ေဝ့ရင္းမ်က္ႏွာကေတာ့ ယံုၾကည္မႈအျပည့္။

'ဒါ တို႔ပံုတူလား...၊ သိပ္လွတာပဲ'

ဒါပါပဲ၊ ဒီစကားကလြဲလို႔ ဒီေကာင္မေလးေတြ
ဘာမ်ားထပ္ေျပာတတ္ၾကဦးမွာလဲ။
မိန္းကေလးေတြက သိပ္ႏူးညံ့ေပ်ာ္ဝင္တတ္တာ၊
ဒီလိုပံုလွလွေလးေတြေတြ႔ရင္
သူတို႔ႏွလံုးသားကခံႏိုင္ရည္သိပ္မ႐ွိဘူး။

'ဟုတ္လို႔လား...ကိုယ္ကေတာ့
ပံုထဲကထက္ အျပင္ကမိန္႐ွန္းက ပိုလွတယ္ထင္တာပဲ'

'ယူ​ေနာ္...အပိုေတြ၊..ဟြန္႔'

မေဝးေတာ့ဘူး၊...သိပ္မလိုေတာ့ဘူး ေဝ့ရင္းေရ။
မင္းနည္းနည္းစိတ္႐ွည္႐ွည္ေလးထားၿပီးရင္
ဒီအလွေလးကမင္းအတြက္ပဲ။

'တကယ္ေျပာတာ... ပံုထဲမွာ
ကိုယ့္အခ်စ္ေတြမျမင္ဘူးလား'

'ေတာ္ၿပီ... ညဥ့္နက္ေနၿပီ
တို႔အိပ္ေတာ့မယ္၊ မနက္ျဖန္မွေတြ႔မယ္ေနာ္'

'အိပ္မက္ထဲကိုယ့္ကိုထည့္မက္ေနာ္...Bye'

'Bye..'

မိန္ရွန္​းလိုင္းေပၚကဆင္းသြားေတာ့
ေဝ့ရင္း လိုင္းေပၚမွာဘာသတင္းထူးေတြမ်ား႐ွိေနမလဲလို႔
ဟိုၾကည့္၊ ဒီၾကည့္ ေလ်ွာက္ၾကည့္ေနမိတယ္​။
ထိုအခ်ိန္မွာပဲ ေဝ့ရင္းဆီသို႔
Fri Request တစ္​ခုဝင္​လာသည္​။

Acc name ၾကည့္လိုက္ေတာ့ YiZhan တဲ့။
Profile မွာ​ေတာ့ စ​ေတာ္​ဘယ္​ရီသီးပံုသာ
တင္​ထားသည္​။ ရီက်န္​႔ဆိုတဲ့နာမည္​နဲ႔
စ​ေတာ္​ဘယ္​ရီးသီးပံုဆို​ေတာ့
မိန္​း​ကေလးျဖစ္​ဖို႔မ်ားတယ္​လို႔ ​ေဝ့ရင္​း​ေတြးသည္​။ ​
ဒါနဲ႔သူလည္​း သိပ္​အမ်ားႀကီး
စဥ္​းစားမ​ေန​ေတာ့ဘဲ လက္​ခံလိုက္​တယ္​။
လက္​ခံၿပီးတာနဲ႔ခ်က္​ခ်င္​း တစ္​ဖက္​ကစာပို႔လာသည္​။

'Hi'

​ေဝ့ရင္​းလည္​း သိပ္​မအိပ္​ခ်င္​​ေသးတာနဲ႔
အပ်င္​း​ေျပစာျပန္​လိုက္​သည္​။

'Hi..'

Typing ​ေပၚ​ေနတဲ့တစ္​ဖက္​က
စာတစ္​​ေစာင္​ဝင္​လာသည္​။

'Bro ပံုတူဆြဲတတ္​လား?'

​​ေဝ့ရင္​း ​ေသာက္​ဂြပဲလို႔အသာညည္​းမိသည္​။
တကယ္​​ေတာ့ သူ႔ဘာသာ ​ေကာင္​မ​ေလး​ေတြပံုတူ
ဆြဲ​ေပးၿပီး အီစီကလီလုပ္​တတ္​တာနာမည္​ႀကီး​ေပမယ္​့
​ေတြ႔သမ်ွလူ အထီးမွန္​းမသိ၊ အမမွန္​းမသိ
ဖြန္​​ေၾကာင္​မယ္​လို႔ဆိုလိုတာမဟုတ္​ဘူး​ေလ။
မသကၤာစရာ​ေကာင္​းတဲ့ fake acc ကို
​ေစာ​ေစာကတည္​းက​ေ႐ွာင္​ဖို႔ ​ေဝ့ရင္​းဆံုးျဖတ္​ၿပီးစာျပန္​လိုက္​သည္​။

'No, မဆြဲတတ္​ဘူး'

ဒီ​ေလာက္​ဆိုတစ္​ဖက္​လူသ​ေဘာ​ေပါက္​သင္​့ၿပီလို႔ ​
ေဝ့ရင္​းထင္​တယ္​။ မထင္​မွတ္​ပဲ တစ္​ဖက္​လူက
တိုက္​စစ္​ထပ္​ဆင္​သည္​။

'ဒါဆို ​ေဗဒင္​​ေရာ​ေဟာတတ္​လား..'

​ေသစမ္​း၊ ဒီလူဒါ​ေတြအကုန္​သိတာလား။
​ေဝ့ရင္​း မတက္​တ​ေခါက္​​ေဗဒင္​​ေလး​​ေဟာေပးရင္း
​ေစာ္​​ေလး​ေတြကိုအီစီကလီ႐ိုက္​တာ​ေတာင္​သိတယ္​ဆို​ေတာ့ တစ္​ဖက္​ကမိန္​းမျဖစ္​ျဖစ္​၊ ​ေယာက္​်ားျဖစ္​ျဖစ္​
​ေက်ာင္​းကလူဆိုတာ​ေတာ့​ေသခ်ာတယ္​။

'ဟင္​့အင္​း...မ​ေဟာတတ္​ပါဘူး Bro'

​ေဝ့ရင္​း ဘူးခံျငင္​းရင္​း ​ေသြးတိုးစမ္​းတဲ့အ​ေနနဲ႔
​ေသခ်ာ​ေအာင္​ bro လို႔ထည္​့​ေခၚၾကည္​့လိုက္​သည္​။
ၿပီး​ေတာ့ ခပ္​ညစ္​ညစ္​​ေလးျပံဳး​ေန​ေပမယ္​့
​ခဏ​ေန​ေတာ့ ​ေဝ့ရင္​းအျပံဳး​ေတြ​ေအးခဲသြားတယ္​။

'Bro ​ေဗဒင္​မ​ေဟာတတ္​လည္​း ရတယ္​၊
ဘာ​ေျပာရမွန္​းမသိလို႔ ဒါ​ေလးအရင္​​ေျပာထားႏွင္​့တာ'

LOL Wtfffffff.........။ ကြၽမ္​းလွ​ေခ်လား.. .။
​ေဝ့ရင္​းရယ္​ရင္​း စာထပ္​႐ိုက္​လိုက္​သည္​။

'မဆိုးပါဘူး...အကြက္​​ေလး​ေတြလွတယ္​၊
ဒါ​ေပမယ္​့ bro.. ကြၽန္​​ေတာ္​က အ​ေျဖာင္​့စစ္​စစ္​ႀကီး၊
လံုးဝ​ေကြးမ​ေနဘူး။ bro နားလည္​မွာပါ၊
ကြၽန္​​ေတာ္​မိန္​းက​ေလး​ေတြပဲစိတ္​ဝင္​စားတယ္​'

တစ္​ဖက္​က typing လို႔ျပလိုက္​၊ ​ေပ်ာက္​သြားလိုက္​နဲ႔
ဘာစာမွထပ္​မပို႔လာ​ေတာ့ဘူး။
​ေဝ့ရင္​းနာရီၾကည္​့​ေတာ့ ​ေတာ္​​ေတာ္​ညဥ္​့နက္​​ေနၿပီ။
မနက္​လည္​းအတန္​းတက္​စရာ႐ွိ​ေသးသည္​။
ဒီ​ေလာက္​ဆိုလံု​ေလာက္​ၿပီလို႔​ေတြးၿပီး
​ေဝ့ရင္​းတစ္​ဖက္​ကိုႏႈတ္​ဆက္​လိုက္​တယ္​။

'bye bro'

တစ္​ဖက္​ကစာျပန္​မလာဘူး။
ကိစၥမ႐ွိဘူး၊ ​ေဝ့ရင္​းသီခ်င္​း​ေလးညည္​းရင္​းအိပ္​ယာဝင္​လိုက္​သည္​။

♪ Bro ႏွလံုးသား​ေလးနာက်င္​သြားမွာသိတယ္​
ဒါ​ေပမယ္​့ ကြၽန္​​ေတာ္​ဟာ အ​ေျဖာင္​့စစ္​စစ္​ပဲ ♪

.............................................

'​ေဝ့ရင္​း....ထ​ေတာ့'

က်န္​းခ်န္​က သူ႔ထံုးစံအတိုင္​း
ခပ္​တင္​းတင္​း​ေလသံနဲ႔ႏိႈး​ေပမယ္​့ ​
ေဝ့ရင္​းကလည္​းသူ႔ထံုးစံအတိုင္​းမႏိုးပါဘူး။
က်န္​းခ်န္​ ​ေဝ့ရင္​းပါးကိုခပ္​ဆတ္​ဆတ္​ပုတ္​ႏိႈးလိုက္​သည္​။

'​ေဝ့ရင္​း....ထ ထစမ္​း
အတန္​း​ေနာက္​က်မယ္​၊ ထ​ေတာ့'

အိပ္​မႈန္​စုန္​မႊားနဲ႔ထလာတဲ့​ေဝ့ရင္​းက
သူ႔​ေျခတံ႐ွည္​ႀကီး​ေတြနဲ႔ ဝ႐ုန္​းသုန္​းကားသိုင္​းကြက္​နင္​းရင္​း ကုန္​း႐ုန္​းထလာတယ္​။
​ေဝ့ရင္​းထတာျမင္​တာနဲ႔ က်န္​းခ်န္​ကသူ႔တစ္​ကိုယ္​ရည္​ပစၥည္​း​ေတြယူၿပီး ​ေရခ်ိဳး​ေဆာင္​ဘက္​ထြက္​သြားသည္​။

'က်န္​းခ်န္​...ငါ့ကို​ေစာင္​့ဦး'

​ေဝ့ရင္​းဘယ္​​ေလာက္​​ေအာ္​​ေအာ္​၊
က်န္​းခ်န္​က​ေသာက္​ဂ႐ုမစိုက္​ထြက္​သြားသည္​။
​ေရခ်ိဳး​ေဆာင္​ဘက္​သြားဖို႔ လိုအပ္​တဲ့ပစၥည္​း​ေတြယူရင္​း
​နံရံနားကပ္​​ေနတဲ့ ​ေခါင္​းအံုး​ေအာက္​ကဖုန္​းကိုအားသြင္​းလိုက္​တယ္​။

​ေဝ့ရင္​း အခန္​းထဲကထြက္​လာ​ေတာ့
သူ႕​ေဘးခန္​းထဲက​ေနထြက္​လာသည္​့
လန္​က်န္​႔နဲ႔တည္​့တည္​့တိုးသည္​။
လန္​က်န္​႔လက္​ထဲမွာလည္​း ​ေရခ်ိဳးခန္​းသံုးပစၥည္​း​ေတြ
ကိုင္​ထားတာ​ေတြ႔လိုက္​​ေတာ့ သူလည္​းအိပ္​ယာထ​ေနာက္​က်တာျဖစ္​မယ္​လို႔ ​ေဝ့ရင္​းခန္​႔မွန္​းလိုက္​သည္​။

'လန္​က်န္​႔...မင္​းလည္​းအခုမွႏိုးတာလား'

အိပ္​ယာထ​ေနာက္​က်တဲ့သူအခ်င္​းခ်င္​းဆိုၿပီး
​ေဝ့ရင္​းက ​ေဖာ္​​ေဖာ္​​ေရြ​ေရြႏႈတ္​ဆက္​လိုက္​​ေပမယ္​့
ဟိုက ႏႈတ္​ခမ္​းတင္​းတင္​း​ေစ့ၿပီး ျပန္​စိုက္​ၾကည္​့​တယ္​။
ၿပီးမွ ဘာမွမ​ေျပာဘဲ ​ေရခ်ိဳး​ေဆာင္​ဘက္​ ခ်ာခနဲထြက္​သြားသည္​။

'ဟြန္​႔...သူ႔ကိုယ္​သူ ​ေက်ာင္​းရဲ႕မင္​းသား​ေလးဆိုၿပီး
ဘဝင္​​ေလဟပ္​​ေနလိုက္​တာ...​ေန​ေပါ့၊
ဘယ္​သူက​ေရာ သူ႔​ေလာက္​မ​ေခ်ာလို႔လဲ...
ဒန္​ တန္​႔ တန္​ ၾကည္​့ထား...မိန္​႐ွန္​းနဲ႔ငါရည္​းစားျဖစ္​မွ လူတကာအားက်​ေအာင္​ ခ်စ္​ျပလိုက္​ဦးမယ္​'

​ေရခ်ိဳး​ေဆာင္​ကိုအ​ေျပးတစ္​ပိုင္​း​ေရာက္​သြား​ေတာ့
က်န္​းခ်န္​ကလွမ္​းဆဲတယ္​။

'​​ေရခ်ိဳးဖို႔အ​ေရး ရပ္​ကြက္​ကိုအကူအညီ​ေတာင္​း​ေနတာလား၊
ထ​ေတာ့လည္​း သူမ်ား​ေနာက္​က်မွ၊ ၿပီး​ေတာ့လည္​း
ျမန္​ျမန္​ဆန္​ဆန္​မလုပ္​ဘူး၊ အလကား
ဖြန္​​ေၾကာင္​တာကလြဲ ဘာမွမသြက္​လက္​တဲ့​ေကာင္​
'

'အိုက္​ယား...က်န္​းခ်န္​ရာ..​ေတာ္​ပါ​ေတာ့
လာပါၿပီ ျမန္​ျမန္​ခ်ိဳးပါ့မယ္​ဟ'

​ေဝ့ရင္​း က်န္​းခ်န္​​ေဘးနား​ေရသြားခ်ိဳးရင္​း
မသိမသာ​ေဝ့ၾကည္​့​ေတာ့ ဟိုဘက္​​ေထာင္​့အစြန္​မွာ ​ေရခ်ိဳး​ေနတဲ့လန္​က်န္​႔။ ​ေရပန္​း​ေအာက္​ထဲဝင္​ကာ
က်န္​းခ်န္​နားအသာကပ္​ရင္​း ​ေဝ့ရင္​းတီးတိုး​ေျပာလိုက္​သည္​။

'​..က်န္​းခ်န္​
ခုနက​ေလ ငါ​ထြက္​လာ​ေတာ့ အခန္​းအျပင္​မွာ
လန္​က်န္​႔နဲ႔ဆံုတယ္​'

က်န္​းခ်န္​က အဲ့ဒီ့​ေတာ့ ဆိုတဲ့မ်က္​ႏွာ​ေပးနဲ႔
သူ႔ကိုျပန္​ၾကည္​့သည္​။

'ကြၽတ္​....အဲ့​ေကာင္​က​ေလ
အိပ္​ယာထ​ေနာက္​က်တဲ့သူအခ်င္​းခ်င္​း
ငါကႏႈတ္​ဆက္​တာကို ျပန္​​ေတာင္​မ​ေျဖဘူး၊
ပက္​ခနဲလွည္​့ထြက္​သြားတယ္​
ဘယ္​​ေလာက္​ဆိုးလိုက္​တဲ့​ေကာင္​လဲ'

'အဲ့ဒါမင္​း​ေသာက္​ပူလား'

​'ဘာပဲ​ေျပာ​ေျပာ ငါကခင္​လို႔ႏႈတ္​ဆက္​တာကို'

'ခင္​ရ​ေအာင္​ မင္​းနဲ႔သူနဲ႔
စကားဘယ္​ႏွခြန္​း​ေျပာဖူးလို႔လဲ၊
ဟိုက သူ႔ဟာသူ​ေတာင္​ ဘယ္​သူနဲ႔မွစကား​ေျပာတာမဟုတ္​ဘူး
မင္​းလို​ေကာင္​ကို နားညည္​းလို႔ပို​ေတာင္​​ေျပာခ်င္​မွာမဟုတ္​ဘူး'

​ေဝ့ရင္​း က်န္​းခ်န္​​ေက်ာကို​ေျဖာင္​းခနဲတစ္​ခ်က္​​ေကြၽးလိုက္​တယ္​။

'ငါကဘာျဖစ္​​ေနလို႔လဲ.. .အက်င္​့မ​ေကာင္​းတဲ့​ေကာင္​'

က်န္​းခ်န္​က ႏႈတ္​ခမ္​းႀကီးတြန္​႔ၿပီး ​ေျပာ​ေတာ့သည္​။

'ဘာျဖစ္​​ေနလို႔လဲဟုတ္​လား၊
ဖြန္​​ေၾကာင္​တာကလြဲ မင္​းလုပ္​တတ္​တာဘာ႐ွိလဲ
ဟိုက​ေက်ာင္​း​ေဆာင္ဝင္တာ​​​ေနာက္​က်လို႔
မတက္​သာဘဲ ​
ေဘးအခန္​းမွာတစ္​​ေယာက္​တည္​း​ေန​ေနတာ၊
​ေစာ​ေစာကတည္​းက
မင္​းရဲ႕​ေဘးအခန္​း​ေနရမယ္​မွန္​းသိရင္​
​ေက်ာင္​း​ေတာင္​​ေျပာင္​းမလားမသိဘူး၊
ညစ္​ပတ္​ဆူညံၿပီး အလိုက္​ကန္​းဆိုးမသိတဲ့​ေကာင္​'

'မင္​းထက္​​ေတာ့သန္​႔တယ္​ကြာ'

က်န္​းခ်န္​က ႏွာ​ေခါင္​း႐ွံ႕ၿပီး
သူ႔ကိုစကားဆက္​မ​ေျပာ​ေတာ့ဘူး။

'ငါသြားႏွင္​့ၿပီ'

က်န္​းခ်န္​စကားကို ​ေဝ့ရင္​းက​ေခါင္​း​ေလ်ွာ္​​ေန​ေတာ့
ျပန္​မ​ေျဖအား။ ​ေခါင္​းသာညိတ္​ျပလိုက္​သည္​။

'အဟမ္​း...'

​ေဝ့ရင္​း ​ေခါင္​းကို​ေရျပန္​​ေဆးတဲ့အခ်ိန္​မွာ
​ေဘးက​ေန႐ုတ္​တရက္​အသံထြက္​လာ​ေတာ့
လန္​႔ၿပီးတြန္​႔ခနဲ​ေတာင္​ျဖစ္​သြားတယ္​။
ၾကည္​့လိုက္​​ေတာ့ လန္​႔က်န္​႔၊ ​ေရခ်ိဳးၿပီးသြားပံု​ေပၚသည္​။

'ဘာႀကီးလဲ'

​လန္​က်န္​႔ကသူ႔ကိုမၾကည္​့ဘဲ ​ေအာက္​​ေႂကြျပား​ေတြကို
ခပ္​​ေစာင္​း​ေစာင္​းၾကည္​့ၿပီး​ေျပာသည္​။

'မင္​း ပံုတူဆြဲတတ္​လား'

​ေဝ့ရင္​းတစ္​ခ်က္​​ေတာ့​ေၾကာင္​ခနဲျဖစ္​သြားတယ္​။
ၿပီးမွ ဒီဘဝင္​ကိုင္​​ေတာင္​ လာ​ေမးရတဲ့အထိ
ငါပန္​းခ်ီ​ေတာ္​တာ နာမည္​ႀကီး​ေနတာလားဆိုၿပီး
​ေျမာက္​ႂကြႂကြ​ေတာင္​ျဖစ္​ခ်င္​သြားသည္​။

'ဆြဲတတ္​တယ္​၊ ဘာျဖစ္​လို႔လဲ'

'ငါ ပံုတူအပ္​ခ်င္​လို႔'

​ေဝ့ရင္​းမ်က္​ႏွာက ခပ္​ညစ္​ညစ္​​ေလးျပံဳးသြားတယ္​။

'ရတယ္​...တစ္​ပံုယြမ္​တစ္​​ေထာင္​၊
ဒါ​ေတာင္​ လူတစ္​​ေယာက္​ပဲ​ေနာ္​၊
ပံုထဲမွာလူဦး​ေရမ်ားရင္​ ​ေစ်းထပ္​တိုးမွာ'

'ဘာ....'

'မၾကားဘူးလား...ငါ​ေျပာတာက
တစ္​ပံုယြမ္​တစ္​​ေထာင္​...'

'​ေတာ္​​ေတာ့၊ မဆြဲ​ေတာ့ဘူး'

​ေျပာၿပီး ​ေျခလွမ္​းက်ဲႀကီး​ေတြနဲ႔ထြက္​သြားတဲ့လန္​က်န္​႔ကို
​ေဝ့ရင္​း ဟက္​ခနဲရယ္​လိုက္​သည္​။

'ဟြန္​႔....မွတ္​ထား
ငါ့မ်ား ဘဝင္​ကိုင္​ျပခ်င္​​ေန​ေသးတယ္​၊
ငါပံုတူဆြဲ​ေပးတာလိုခ်င္​ရင္​ ​ေဖ​ေဖ့ကိုခ်စ္​ပါတယ္​
ဆိုၿပီး အာဘြားႏွစ္​ခ်က္​​ေလာက္​​ေပးဖို႔သာျပင္​ထား'

လက္​စား​ေခ်လိုက္​ႏိုင္​လို႔အူျမဴးသြားတဲ့​ေဝ့ရင္​းက
သီခ်င္​း​ေလးညည္​းရင္​း ​ေရခ်ိဳးတာကိုလက္​စသတ္​လိုက္​တယ္​။

'ကြၽန္​​ေတာ္​ဟာ လံုးဝအ​ေျဖာင္​့စစ္​စစ္​ပါပဲ broရယ္​'

.................................................


....................................

Unicode
...............

ဝေ့ရင်းတစ်ယောက် သူဆွဲထားသည့်ပုံတူပန်းချီကို
တစ်ဖက်သို့ပို့ပေးလိုက်ပြီး ကျေနပ်နေသည့်အပြုံးနှင့်
စာလုံးလေးတွေကိုခပ်သွက်သွက်ရိုက်ထည့်လိုက်သည်။

'ဘယ်လိုလဲ မိန်ရှန်း
ကိုယ်ဆွဲပေးတဲ့ပုံ သဘောကျလား..'

တစ်ဖက်က typing ပေါ်နေတဲ့အချိန်မှာ
ဝေ့ရင်းမျက်နှာကတော့ ယုံကြည်မှုအပြည့်။

'ဒါ တို့ပုံတူလား...၊ သိပ်လှတာပဲ'

ဒါပါပဲ၊ ဒီစကားကလွဲလို့ ဒီကောင်မလေးတွေ
ဘာများထပ်ပြောတတ်ကြဦးမှာလဲ။
မိန်းကလေးတွေက သိပ်နူးညံ့ပျော်ဝင်တတ်တာ၊
ဒီလိုပုံလှလှလေးတွေတွေ့ရင်
သူတို့နှလုံးသားကခံနိုင်ရည်သိပ်မရှိဘူး။

'ဟုတ်လို့လား...ကိုယ်ကတော့
ပုံထဲကထက် အပြင်ကမိန်ရှန်းက ပိုလှတယ်ထင်တာပဲ'

'ယူ​နော်...အပိုတွေ၊..ဟွန့်'

မဝေးတော့ဘူး၊...သိပ်မလိုတော့ဘူး ဝေ့ရင်းရေ။
မင်းနည်းနည်းစိတ်ရှည်ရှည်လေးထားပြီးရင်
ဒီအလှလေးကမင်းအတွက်ပဲ။

'တကယ်ပြောတာ... ပုံထဲမှာ
ကိုယ့်အချစ်တွေမမြင်ဘူးလား'

'တော်ပြီ... ညဉ့်နက်နေပြီ
တို့အိပ်တော့မယ်၊ မနက်ဖြန်မှတွေ့မယ်နော်'

'အိပ်မက်ထဲကိုယ့်ကိုထည့်မက်နော်...Bye'

'Bye..'

မိန်ရှန်​းလိုင်းပေါ်ကဆင်းသွားတော့
ဝေ့ရင်း လိုင်းပေါ်မှာဘာသတင်းထူးတွေများရှိနေမလဲလို့
ဟိုကြည့်၊ ဒီကြည့် လျှောက်ကြည့်နေမိတယ်​။
ထိုအချိန်မှာပဲ ဝေ့ရင်းဆီသို့
Fri Request တစ်​ခုဝင်​လာသည်​။

Acc name ကြည့်လိုက်တော့ YiZhan တဲ့။
Profile မှာ​တော့ စ​တော်​ဘယ်​ရီသီးပုံသာ
တင်​ထားသည်​။ ရီကျန်​့ဆိုတဲ့နာမည်​နဲ့
စ​တော်​ဘယ်​ရီးသီးပုံဆို​တော့
မိန်​း​ကလေးဖြစ်​ဖို့များတယ်​လို့ ​ဝေ့ရင်​း​တွေးသည်​။ ​
ဒါနဲ့သူလည်​း သိပ်​အများကြီး
စဉ်​းစားမ​နေ​တော့ဘဲ လက်​ခံလိုက်​တယ်​။
လက်​ခံပြီးတာနဲ့ချက်​ချင်​း တစ်​ဖက်​ကစာပို့လာသည်​။

'Hi'

​ဝေ့ရင်​းလည်​း သိပ်​မအိပ်​ချင်​​သေးတာနဲ့
အပျင်​း​ပြေစာပြန်​လိုက်​သည်​။

'Hi..'

Typing ​ပေါ်​နေတဲ့တစ်​ဖက်​က
စာတစ်​​စောင်​ဝင်​လာသည်​။

'Bro ပုံတူဆွဲတတ်​လား?'

​​ဝေ့ရင်​း ​သောက်​ဂွပဲလို့အသာညည်​းမိသည်​။
တကယ်​​တော့ သူ့ဘာသာ ​ကောင်​မ​လေး​တွေပုံတူ
ဆွဲ​ပေးပြီး အီစီကလီလုပ်​တတ်​တာနာမည်​ကြီး​ပေမယ်​့
​တွေ့သမျှလူ အထီးမှန်​းမသိ၊ အမမှန်​းမသိ
ဖွန်​​ကြောင်​မယ်​လို့ဆိုလိုတာမဟုတ်​ဘူး​လေ။
မသင်္ကာစရာ​ကောင်​းတဲ့ fake acc ကို
​စော​စောကတည်​းက​ရှောင်​ဖို့ ​ဝေ့ရင်​းဆုံးဖြတ်​ပြီးစာပြန်​လိုက်​သည်​။

'No, မဆွဲတတ်​ဘူး'

ဒီ​လောက်​ဆိုတစ်​ဖက်​လူသ​ဘော​ပေါက်​သင်​့ပြီလို့ ​
ဝေ့ရင်​းထင်​တယ်​။ မထင်​မှတ်​ပဲ တစ်​ဖက်​လူက
တိုက်​စစ်​ထပ်​ဆင်​သည်​။

'ဒါဆို ​ဗေဒင်​​ရော​ဟောတတ်​လား..'

​သေစမ်​း၊ ဒီလူဒါ​တွေအကုန်​သိတာလား။
​ဝေ့ရင်​း မတက်​တ​ခေါက်​​ဗေဒင်​​လေး​​ဟောပေးရင်း
​စော်​​လေး​တွေကိုအီစီကလီရိုက်​တာ​တောင်​သိတယ်​ဆို​တော့ တစ်​ဖက်​ကမိန်​းမဖြစ်​ဖြစ်​၊ ​ယောက်​ျားဖြစ်​ဖြစ်​
​ကျောင်​းကလူဆိုတာ​တော့​သေချာတယ်​။

'ဟင်​့အင်​း...မ​ဟောတတ်​ပါဘူး Bro'

​ဝေ့ရင်​း ဘူးခံငြင်​းရင်​း ​သွေးတိုးစမ်​းတဲ့အ​နေနဲ့
​သေချာ​အောင်​ bro လို့ထည်​့​ခေါ်ကြည်​့လိုက်​သည်​။
ပြီး​တော့ ခပ်​ညစ်​ညစ်​​လေးပြုံး​နေ​ပေမယ်​့
​ခဏ​နေ​တော့ ​ဝေ့ရင်​းအပြုံး​တွေ​အေးခဲသွားတယ်​။

'Bro ​ဗေဒင်​မ​ဟောတတ်​လည်​း ရတယ်​၊
ဘာ​ပြောရမှန်​းမသိလို့ ဒါ​လေးအရင်​​ပြောထားနှင်​့တာ'

LOL Wtfffffff.........။ ကျွမ်​းလှ​ချေလား.. .။
​ဝေ့ရင်​းရယ်​ရင်​း စာထပ်​ရိုက်​လိုက်​သည်​။

'မဆိုးပါဘူး...အကွက်​​လေး​တွေလှတယ်​၊
ဒါ​ပေမယ်​့ bro.. ကျွန်​​တော်​က အ​ဖြောင်​့စစ်​စစ်​ကြီး၊
လုံးဝ​ကွေးမ​နေဘူး။ bro နားလည်​မှာပါ၊
ကျွန်​​တော်​မိန်​းက​လေး​တွေပဲစိတ်​ဝင်​စားတယ်​'

တစ်​ဖက်​က typing လို့ပြလိုက်​၊ ​ပျောက်​သွားလိုက်​နဲ့
ဘာစာမှထပ်​မပို့လာ​တော့ဘူး။
​ဝေ့ရင်​းနာရီကြည်​့​တော့ ​တော်​​တော်​ညဉ်​့နက်​​နေပြီ။
မနက်​လည်​းအတန်​းတက်​စရာရှိ​သေးသည်​။
ဒီ​လောက်​ဆိုလုံ​လောက်​ပြီလို့​တွေးပြီး
​ဝေ့ရင်​းတစ်​ဖက်​ကိုနှုတ်​ဆက်​လိုက်​တယ်​။

'bye bro'

တစ်​ဖက်​ကစာပြန်​မလာဘူး။
ကိစ္စမရှိဘူး၊ ​ဝေ့ရင်​းသီချင်​း​လေးညည်​းရင်​းအိပ်​ယာဝင်​လိုက်​သည်​။

♪ Bro နှလုံးသား​လေးနာကျင်​သွားမှာသိတယ်​
ဒါ​ပေမယ်​့ ကျွန်​​တော်​ဟာ အ​ဖြောင်​့စစ်​စစ်​ပဲ ♪

.............................................

'​ဝေ့ရင်​း....ထ​တော့'

ကျန်​းချန်​က သူ့ထုံးစံအတိုင်​း
ခပ်​တင်​းတင်​း​လေသံနဲ့နှိုး​ပေမယ်​့ ​
ဝေ့ရင်​းကလည်​းသူ့ထုံးစံအတိုင်​းမနိုးပါဘူး။
ကျန်​းချန်​ ​ဝေ့ရင်​းပါးကိုခပ်​ဆတ်​ဆတ်​ပုတ်​နှိုးလိုက်​သည်​။

'​ဝေ့ရင်​း....ထ ထစမ်​း
အတန်​း​နောက်​ကျမယ်​၊ ထ​တော့'

အိပ်​မှုန်​စုန်​မွှားနဲ့ထလာတဲ့​ဝေ့ရင်​းက
သူ့​ခြေတံရှည်​ကြီး​တွေနဲ့ ဝရုန်​းသုန်​းကားသိုင်​းကွက်​နင်​းရင်​း ကုန်​းရုန်​းထလာတယ်​။
​ဝေ့ရင်​းထတာမြင်​တာနဲ့ ကျန်​းချန်​ကသူ့တစ်​ကိုယ်​ရည်​ပစ္စည်​း​တွေယူပြီး ​ရေချိုး​ဆောင်​ဘက်​ထွက်​သွားသည်​။

'ကျန်​းချန်​...ငါ့ကို​စောင်​့ဦး'

​ဝေ့ရင်​းဘယ်​​လောက်​​အော်​​အော်​၊
ကျန်​းချန်​က​သောက်​ဂရုမစိုက်​ထွက်​သွားသည်​။
​ရေချိုး​ဆောင်​ဘက်​သွားဖို့ လိုအပ်​တဲ့ပစ္စည်​း​တွေယူရင်​း
​နံရံနားကပ်​​နေတဲ့ ​ခေါင်​းအုံး​အောက်​ကဖုန်​းကိုအားသွင်​းလိုက်​တယ်​။

​ဝေ့ရင်​း အခန်​းထဲကထွက်​လာ​တော့
သူ့​ဘေးခန်​းထဲက​နေထွက်​လာသည်​့
လန်​ကျန်​့နဲ့တည်​့တည်​့တိုးသည်​။
လန်​ကျန်​့လက်​ထဲမှာလည်​း ​ရေချိုးခန်​းသုံးပစ္စည်​း​တွေ
ကိုင်​ထားတာ​တွေ့လိုက်​​တော့ သူလည်​းအိပ်​ယာထ​နောက်​ကျတာဖြစ်​မယ်​လို့ ​ဝေ့ရင်​းခန်​့မှန်​းလိုက်​သည်​။

'လန်​ကျန်​့...မင်​းလည်​းအခုမှနိုးတာလား'

အိပ်​ယာထ​နောက်​ကျတဲ့သူအချင်​းချင်​းဆိုပြီး
​ဝေ့ရင်​းက ​ဖော်​​ဖော်​​ရွေ​ရွေနှုတ်​ဆက်​လိုက်​​ပေမယ်​့
ဟိုက နှုတ်​ခမ်​းတင်​းတင်​း​စေ့ပြီး ပြန်​စိုက်​ကြည်​့​တယ်​။
ပြီးမှ ဘာမှမ​ပြောဘဲ ​ရေချိုး​ဆောင်​ဘက်​ ချာခနဲထွက်​သွားသည်​။

'ဟွန်​့...သူ့ကိုယ်​သူ ​ကျောင်​းရဲ့မင်​းသား​လေးဆိုပြီး
ဘဝင်​​လေဟပ်​​နေလိုက်​တာ...​နေ​ပေါ့၊
ဘယ်​သူက​ရော သူ့​လောက်​မ​ချောလို့လဲ...
ဒန်​ တန်​့ တန်​ ကြည်​့ထား...မိန်​ရှန်​းနဲ့ငါရည်​းစားဖြစ်​မှ လူတကာအားကျ​အောင်​ ချစ်​ပြလိုက်​ဦးမယ်​'

​ရေချိုး​ဆောင်​ကိုအ​ပြေးတစ်​ပိုင်​း​ရောက်​သွား​တော့
ကျန်​းချန်​ကလှမ်​းဆဲတယ်​။

'​​ရေချိုးဖို့အ​ရေး ရပ်​ကွက်​ကိုအကူအညီ​တောင်​း​နေတာလား၊
ထ​တော့လည်​း သူများ​နောက်​ကျမှ၊ ပြီး​တော့လည်​း
မြန်​မြန်​ဆန်​ဆန်​မလုပ်​ဘူး၊ အလကား
ဖွန်​​ကြောင်​တာကလွဲ ဘာမှမသွက်​လက်​တဲ့​ကောင်​
'

'အိုက်​ယား...ကျန်​းချန်​ရာ..​တော်​ပါ​တော့
လာပါပြီ မြန်​မြန်​ချိုးပါ့မယ်​ဟ'

​ဝေ့ရင်​း ကျန်​းချန်​​ဘေးနား​ရေသွားချိုးရင်​း
မသိမသာ​ဝေ့ကြည်​့​တော့ ဟိုဘက်​​ထောင်​့အစွန်​မှာ ​ရေချိုး​နေတဲ့လန်​ကျန်​့။ ​ရေပန်​း​အောက်​ထဲဝင်​ကာ
ကျန်​းချန်​နားအသာကပ်​ရင်​း ​ဝေ့ရင်​းတီးတိုး​ပြောလိုက်​သည်​။

'​..ကျန်​းချန်​
ခုနက​လေ ငါ​ထွက်​လာ​တော့ အခန်​းအပြင်​မှာ
လန်​ကျန်​့နဲ့ဆုံတယ်​'

ကျန်​းချန်​က အဲ့ဒီ့​တော့ ဆိုတဲ့မျက်​နှာ​ပေးနဲ့
သူ့ကိုပြန်​ကြည်​့သည်​။

'ကျွတ်​....အဲ့​ကောင်​က​လေ
အိပ်​ယာထ​နောက်​ကျတဲ့သူအချင်​းချင်​း
ငါကနှုတ်​ဆက်​တာကို ပြန်​​တောင်​မ​ဖြေဘူး၊
ပက်​ခနဲလှည်​့ထွက်​သွားတယ်​
ဘယ်​​လောက်​ဆိုးလိုက်​တဲ့​ကောင်​လဲ'

'အဲ့ဒါမင်​း​သောက်​ပူလား'

​'ဘာပဲ​ပြော​ပြော ငါကခင်​လို့နှုတ်​ဆက်​တာကို'

'ခင်​ရ​အောင်​ မင်​းနဲ့သူနဲ့
စကားဘယ်​နှခွန်​း​ပြောဖူးလို့လဲ၊
ဟိုက သူ့ဟာသူ​တောင်​ ဘယ်​သူနဲ့မှစကား​ပြောတာမဟုတ်​ဘူး
မင်​းလို​ကောင်​ကို နားညည်​းလို့ပို​တောင်​​ပြောချင်​မှာမဟုတ်​ဘူး'

​ဝေ့ရင်​း ကျန်​းချန်​​ကျောကို​ဖြောင်​းခနဲတစ်​ချက်​​ကျွေးလိုက်​တယ်​။

'ငါကဘာဖြစ်​​နေလို့လဲ.. .အကျင်​့မ​ကောင်​းတဲ့​ကောင်​'

ကျန်​းချန်​က နှုတ်​ခမ်​းကြီးတွန်​့ပြီး ​ပြော​တော့သည်​။

'ဘာဖြစ်​​နေလို့လဲဟုတ်​လား၊
ဖွန်​​ကြောင်​တာကလွဲ မင်​းလုပ်​တတ်​တာဘာရှိလဲ
ဟိုက​ကျောင်​း​ဆောင်ဝင်တာ​​​နောက်​ကျလို့
မတက်​သာဘဲ ​
ဘေးအခန်​းမှာတစ်​​ယောက်​တည်​း​နေ​နေတာ၊
​စော​စောကတည်​းက
မင်​းရဲ့​ဘေးအခန်​း​နေရမယ်​မှန်​းသိရင်​
​ကျောင်​း​တောင်​​ပြောင်​းမလားမသိဘူး၊
ညစ်​ပတ်​ဆူညံပြီး အလိုက်​ကန်​းဆိုးမသိတဲ့​ကောင်​'

'မင်​းထက်​​တော့သန်​့တယ်​ကွာ'

ကျန်​းချန်​က နှာ​ခေါင်​းရှံ့ပြီး
သူ့ကိုစကားဆက်​မ​ပြော​တော့ဘူး။

'ငါသွားနှင်​့ပြီ'

ကျန်​းချန်​စကားကို ​ဝေ့ရင်​းက​ခေါင်​း​လျှော်​​နေ​တော့
ပြန်​မ​ဖြေအား။ ​ခေါင်​းသာညိတ်​ပြလိုက်​သည်​။

'အဟမ်​း...'

​ဝေ့ရင်​း ​ခေါင်​းကို​ရေပြန်​​ဆေးတဲ့အချိန်​မှာ
​ဘေးက​နေရုတ်​တရက်​အသံထွက်​လာ​တော့
လန်​့ပြီးတွန်​့ခနဲ​တောင်​ဖြစ်​သွားတယ်​။
ကြည်​့လိုက်​​တော့ လန်​့ကျန်​့၊ ​ရေချိုးပြီးသွားပုံ​ပေါ်သည်​။

'ဘာကြီးလဲ'

​လန်​ကျန်​့ကသူ့ကိုမကြည်​့ဘဲ ​အောက်​​ကြွေပြား​တွေကို
ခပ်​​စောင်​း​စောင်​းကြည်​့ပြီး​ပြောသည်​။

'မင်​း ပုံတူဆွဲတတ်​လား'

​ဝေ့ရင်​းတစ်​ချက်​​တော့​ကြောင်​ခနဲဖြစ်​သွားတယ်​။
ပြီးမှ ဒီဘဝင်​ကိုင်​​တောင်​ လာ​မေးရတဲ့အထိ
ငါပန်​းချီ​တော်​တာ နာမည်​ကြီး​နေတာလားဆိုပြီး
​မြောက်​ကြွကြွ​တောင်​ဖြစ်​ချင်​သွားသည်​။

'ဆွဲတတ်​တယ်​၊ ဘာဖြစ်​လို့လဲ'

'ငါ ပုံတူအပ်​ချင်​လို့'

​ဝေ့ရင်​းမျက်​နှာက ခပ်​ညစ်​ညစ်​​လေးပြုံးသွားတယ်​။

'ရတယ်​...တစ်​ပုံယွမ်တစ်​​ထောင်​၊
ဒါ​တောင်​ လူတစ်​​ယောက်​ပဲ​နော်​၊
ပုံထဲမှာလူဦး​ရေများရင်​ ​စျေးထပ်​တိုးမှာ'

'ဘာ....'

'မကြားဘူးလား...ငါ​ပြောတာက
တစ်​ပုံယွမ်တစ်​​ထောင်​...'

'​တော်​​တော့၊ မဆွဲ​တော့ဘူး'

​ပြောပြီး ​ခြေလှမ်​းကျဲကြီး​တွေနဲ့ထွက်​သွားတဲ့လန်​ကျန်​့ကို
​ဝေ့ရင်​း ဟက်​ခနဲရယ်​လိုက်​သည်​။

'ဟွန်​့....မှတ်​ထား
ငါ့များ ဘဝင်​ကိုင်​ပြချင်​​နေ​သေးတယ်​၊
ငါပုံတူဆွဲ​ပေးတာလိုချင်​ရင်​ ​ဖေ​ဖေ့ကိုချစ်​ပါတယ်​
ဆိုပြီး အာဘွားနှစ်​ချက်​​လောက်​​ပေးဖို့သာပြင်​ထား'

လက်​စား​ချေလိုက်​နိုင်​လို့အူမြူးသွားတဲ့​ဝေ့ရင်​းက
သီချင်​း​လေးညည်​းရင်​း ​ရေချိုးတာကိုလက်​စသတ်​လိုက်​တယ်​။

'ကျွန်​​တော်​ဟာ လုံးဝအ​ဖြောင်​့စစ်​စစ်​ပါပဲ broရယ်​'

.................................................

Continue Reading

You'll Also Like

73.2K 18.6K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
4.1K 772 19
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
71.9K 3.9K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
20.7K 2.9K 22
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...